မိုးသောက် ရောင်ခြည်သည်ကား
ဖြာလင်းလျက်ရှိနေသော်လည်း
အအေးဓာတ်သည်ကား လျော့မသွားသေးချေ။
နှင်းမကျသေးသော်လည်း ချမ်းစိမ့်စိမ့်ဖြင့်
ဆောင်းရာသီကြီးသည် နေလို့ထိုင်လို့သိပ်မကောင်း။
အချိန်အားဖြင့် နာရီပြန်တစ်ချက်ထိုးနေပြီဖြစ်သည်။ အဖိုးကတော့ ဆေးပေါ့လိပ်တစ်လိပ်နှင့် သတင်းစာတ်စောင်ကို ဧည့်ခန်းထဲ၌ ထိုင်ဖတ်နေသည်။ ဂျောင်ဂုကလည်း ဆောင်းတွင်းအတွက် ထင်းတွေလုံလောက်စွာ ခွဲထားပြီးပြီမို့ ၊ အေးစိမ့်စိမ့်ဖြစ်နေသည့် ရာသီဥတုကိုမမှုပဲ ချွေးစတို့ ကျဆင်းနေသည်။ ဂျောင်ဂုလည်း အဖိုးနှင့် မလှမ်းမကမ်းဝင်ထိုင်ကာ ၊ ရေဒီယိုဟောင်းကြီး၏ ရစ်ဘီးလုံးအား ဟိုဒီဆော့ကစားနေမိသည်။
အိမ်၌ ယွန်းဂီမရှိပုံရသည်။
ဘယ်ရောက်လို့ ဘယ်ပျောက်နေမှန်းမသိ၊
အရင်ကဆို ယွန်းဂီ၏ အသံခပ်စာစာနှင့်
အိမ်လေး အနည်းငယ်ဆူညံလို့နေတတ်သည်။
ယွန်းဂီက တကယ်ပင် ခိုဝင်စားတဲ့ ကောင်လေးတစ်ယောက်ဖြစ်ရမည် ။ ဘာလုပ်လုပ် ညည်းညူနေတတ်သော်လည်း အလုပ်ကို စနစ်တကျပြီးမြောက်အောင် လုပ်တတ်သည်။
" အဖိုး ယွန်းဂီကော.. မတွေ့ပါလား "
အဖိုးက ဖတ်လက်စ သတင်းစာကိုခေါက်ကာ ၊ ဘေးနားမှ အသင့်ငှဲ့ထားသည့် ရေနွေးကြမ်းအား မော့သောက်လိုက်သည်။ ထို့နောက် ဂျောင်ဂုဘက်သို့လှည့်ကာ...
" ဘုရားကျောင်းသွားတယ်လေ... မင်းကို ပြောမသွားဘူးလား "
ဂျောင်ဂုက ဖြေးညှင်းစွာ ခေါင်းခါပြသည်။
" ဘယ်နှယ့်တုန်း ယွန်းဂီမရှိလို့ ပျင်းနေပြီလား ၊
အတော်လေး ခင်တွယ်နေကြပြီကို ..."
" အာ... မဟုတ်ပါဘူးဗျာ ၊ မတွေ့မိလို့ မေးကြည့်တာပါ အဖိုးရာ "
ဂျောင်ဂုက လည်ပင်းကိုပွတ်ကာ ၊ ရှက်ရဲရဲဖြင့်
ဖြေသည်။
" လိုက်သွားချင် လိုက်သွားလေ.. လယ်ကွင်းကြီးကိုဖြတ်လိုက် ၊ အဲ့တာကျော်ရင် ဘုရားကျောင်းပျက်ကြီးရှိတယ် .. ယွန်းဂီ အမြဲသွားနေကျ "
" မသွားတော့ပါဘူး .. အဖိုးတစ်ယောက်တည်း "
အမှန်တကယ်ဆို ဂျောင်ဂုလိုက်သွားချင်ပါသည်။
သူနှင့် စကားနိုင်လုနေကြ ယွန်းဂီကို မျက်စိအောက်ကပင် တစ်စက္ကန့်လောက်ပျောက်သွားလျှင်ပင် တစ်ခုခု လစ်ဟာနေသလိုခံစားရသည့် ခံစားချက်အား သိပ်သဘောမကျပေ။
" ဒါဆိုလည်း ဟုတ်ပြီ ၊ သူက ညနေမှပြန်လာမှာ "
အဖိုးက မင်းစောင့်နိုင်ရင်စောင့်ပေါ့ဆိုတာကို
တည့်မပြောပဲ ပါးနပ်စွာပြောလေသည်။
ထို့နောက် အဖိုးက ၊ ဘေးနားချထားသည့် ကြိမ်ခေါင်းအုံးအား ဆွဲယူကာ နေ့ခင်းနေ့လည်အိပ်ရန် ၊ အေးမြနေသည့် ကြမ်းခင်းပေါ်လှဲချလိုက်လေသည်။
ဂျောင်ဂုလည်း အဖိုး အအေးပက်မည်ဆိုးတာကြောင့် အိပ်ခန်းထဲမှ စောင်ပါးလေးတစ်ထည်ယူကာ အဖိုး၏ ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။
ဂျောင်ဂုလည်း တစ်ယောက်တည်းဖြစ်နေသည့်မို့
အိမ်ရှေ့ လှေကားခုံ၌သာ ထိုင်နေလိုက်တော့သည်။ ဂျောင်ဂု ထိုမျှလောက်ထိ အဖော်မက်တတ်သူမဟုတ်ပေ ။ ငယ်ငယ်တည်းက တစ်ဦးတည်းသော သားဆိုပေမယ့် ၊ မိဘက လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတာမို့
သူငယ်ချင်းဆိုတာမျိုးက သိပ်မရှိခဲ့ချေ။ အတန်းတွေကြီးတော့လည်း လိုချင်သည့် တက္ကသိုလ်တက်ခွင့်ရဖို့ စာတွေကြိုးစားခဲ့သည်မို့ သူငယ်ချင်းမပြောနဲ့ ရည်းစားဆိုပိုဝေးစွာ ထားဖို့အစီစဥ်လည်း မရှိသလို ၊ ထားလည်းမထားချင်ခဲ့ ။
သို့သော် တက္ကသိုလ်ဒုတိယနှစ်မှာတော့
အနည်းငယ် ရင်ခုန်တတ်လာပြီမို့ ကောင်မလေးတစ်ယောက်နှင့်တွဲခဲ့သော်လည်း တကယ်ချစ်လားဆိုရင်တော့ သူဟင့်အင်းပဲဖြေပါအုံးမည် ။ အဘယ်ကြောင့် မချစ်ပဲနဲ့တွဲလဲဟုမေးလျှင်တော့ တက္ကသိုလ်သဘာဝအရ တက္ကသိုလ်ကျောင်းသားတိုင်းရည်းစားရှိရမည်ဆိုသည့်အတိုင်း မထားဖူးလို့သာ ထားခဲ့ခြင်းပင် ။ ထိုကောင်မလေးနဲ့လည်း သိပ်မကြာ လေးလကျော်လောက်နှင့်ပင် ပြတ်သွားခဲ့သည်။ အကြောင်းအရင်းမှာ အချိန်မပေးနိုင်လို့ချေ ။
ဘွဲ့ယူပြီး နှစ်လအကြာမှာ ဒုတိယကမ္ဘာစစ်စခဲ့လေသည်။ အရင်ဆုံး ကျောင်းတွေပိတ်ပစ်ရသည် ။
ယိုယွင်းပြိုပျက်နေသည့် ကိုရီးယားနိုင်ငံအား ၊ အင်အားကြီးနိုင်ငံများက အာဏာ ချုပ်ကိုင်ချင်ခဲ့ကြသည်။ နိုင်ငံ့အာဏာသည်လည်း ပြည်သူများအပေါ် အလုပ်မလုပ်တော့ချေ။ ခိုးဆိုးလုယက်မှုများပေါ်ပေါက်လာသောအခါ ၊ နိုင်ငံ့အာဏာအား
ဂျပန်တို့မှ ဝင်ရောက်ထိန်းသိမ်းကာ တစ်နိုင်ငံလုံးအား ပြုချင်သလိုပြု ၊ လုပ်ချင်သလိုလုပ် နှိပ်စက်ကြတော့သည်။
ဂျောင်ဂုသည် စိတ်ဓာတ်ခိုင်မာသည် ၊ ငယ်စဥ်ကတည်းက အဖိုးပြောပြဖူးသော ပုံပြင်များကြောင့်သာမက သင်ခဲ့ရသည့်စာများကြောင့် မျိုးချစ်စိတ်ရှိသည်။ ထို့ကြောင့် ပြောက်ကျားတော်လှန်ရေးအဖွဲ့ထဲ ဝင်ဖို့ရာကြိုးပမ်းခဲ့သည်။
သို့သော် ဂျောင်ဂု၏ မိဘနှစ်ပါးကား အပြင်းအထန် ကန့်ကွက်ခဲ့သည်။ ဂျောင်ဂုလည်း မိဘစကားကို ခြေစုံကန်ကာ ၊ တော်လှန်ရေးအဖွဲ့ထဲဝင်သွားခဲ့သည်။ တော်လှန်ရေးအဖွဲ့ထဲ ဝင်ပြီးတစ်ပါတ်အကြာ နေ့စဥ်ထုတ်သတင်းစာခေါင်းစီး၌ Mr. Jeon နှင့် Mrs. Jeon တို့၏ သားဖြစ်သူ Jeon Jungkook အား သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်သည့် အကြောင်းပါလာလေသည်။
ထိုမှစ၍ ဂျောင်ဂု၌ နှောင်ကြိုးမရှိတော့ချေ။
သူ အိမ်ပြန်လာချိန်ကို မျှော်နေမယ့်သူမရှိတော့ချေ။
သူနိုင်ငံတော်အတွက် ပေးဆပ်ရင်း ၊ သေဆုံးသွားလျှင်လည်း ဘယ်သူမှ ငိုနေကြမည်မဟုတ်တော့။
သူနောက်ဆံတင်းမနေတော့ချေ ၊ လှည့်ကြည့်နေစရာ မလိုတော့ချေ။
ဂျောင်ဂုသည် နောက်ဆုံး အမေပေးခဲ့သည့် အမွေဖြစ်သည့် ကြေးဆွဲပြားလေးပါသည့် ဆွဲကြိုးလေးအား လက်ဖြင့် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်သည်။
" လိုက်သွားချင် လိုက်သွားစမ်းပါ ၊ ငါတစ်ယောက်တည်း အဆင်ပြေတယ်..
ခြံတံခါးသာ သေချာပိတ်ထားခဲ့...
မင်းကြည့်ရတာ မျောက်ကြီးမှိုင်နေသလိုပဲ "
အဖိုး၏ ခပ်အက်အက်စကားကြောင့်
ဂျောင်ဂု၏ အတွေးအိမ်သည် လှုပ်ခတ်သွားကာ ၊ စိတ်ကူးယဥ်ကမ္ဘာမှ လက်တွေ့ကမ္ဘာသို့ ပြန်ရောက်ခဲ့သည်။
မသိလိုက်ခင်မှာပဲ ဂျောင်ဂု မျက်ရည်တွေကျနေသည်။ ဂျောင်ဂု အဖိုးမရိပ်မိအောင် ကျောပေးထားရက်ပင် ခပ်ဟဟရီကာ ၊ မျက်ရည်တို့အား
လက်ခုံဖြင့် ခပ်ကြမ်းကြမ်း ဖိဆွဲသုတ်လိုက်သည်။
" ငိုနေတာလား ဂျောင်ဂု ..
ဟားဟား မင်း ငါ့မြေးကို သိပ်လွမ်းနေတာကို
လိုက်သွား.. လိုက်သွား "
အကြောင်းအရင်း ဂဂဏဏကို သေချာမသိသည့်
အဖိုးက ရီရင်းပြောသည်။ ဂျောင်ဂုမှာ ထိုစကားကြားမှ ပြာပြာသလဲနှင့် ရှင်းပြရသည်။
" မဟုတ်.. မဟုတ်ပါဘူးဗျာ .. ကျွန်တော့် မိဘတွေကို လွမ်းလို့ပါ "
ဒီတစ်ခါတော့ ဂျောင်ဂုအမှန်တိုင်းပြောလိုက်တော့သည်။ အဖိုးလည်း ဂျောင်ဂုပြောသည့် စကားကိုကြားမှ မျက်နှာထားသည် ပြန်လည်တည်တင်းသွားကာ ၊ လှဲအိပ်နေရာမှ ထထိုင်သည်။
" မင်းတောင် ခနလေး ခွဲရတာကို လွမ်းတယ်ဆို ၊
ယွန်းဂီလေးဆို ပိုလွမ်းနေမှာပဲ "
" ဗျာ "
ဂျောင်ဂုက အဖိုးပြောသည့် စကားကို
သေချာ နားမလည်တာမို့ ၊ သိချင်သဖြင့် ရှေ့တိုးလာခဲ့သည်။
" ယွန်းဂီက သူ့မိဘတွေကို မမြင်ဖူးဘူး
ယွန်းဂီ လသားအရွယ်မှာပဲ
ယွန်းဂီအဖေနဲ့အမေက မိုင်းထိပြီးသေသွားတာလေ... ယွန်းဂီကတော့ ကံကောင်းလို့ထင်ပါတယ်
ခြေထောက်ပဲ နည်းနည်းထိသွားတယ် .. ဒါမယ့် တော်တော်လေး ကုသမှုခံလိုက်ရတယ် .. ကလေးအရွယ်နဲ့မလိုက်အောင် ဒုက္ခတွေခံခဲ့ရတာ ...
ပြီးတော့ ယွန်းဂီက အဖိုးမြေးအရင်းမဟုတ်ဘူး ၊ အဖိုးက ယွန်းဂီတို့ ဘေးအိမ်မှာနေတာ.. ကလေးလေးခမျာ မသေရုံတမယ် ခံစားနေရတာကို မကြည့်ရက်လို့ ခေါ်ပြီး မွေးစားခဲ့တာလေ... "
ဒါကြောင့်မို့ ဂျောင်ဂု သတိထားမိနေတာကြာပြီဖြစ်သည် ၊ ယွန်းဂီ လမ်းလျှောက်သည့်အခါ ညာဘက်ခြေထောက်လေးက အနည်းငယ် ယိုင်ယိုင်သွားတတ်သည်။ သို့သော် စိတ်ထင်တာဖြစ်မှာပါလို့ တွေးခဲ့သည်မို့ မေ့မေ့ပျောက်ပျောက်နေလိုက်သည်။
အဖိုးက မောသွားလို့ထင်သည် ၊
ရေနွေးတစ်ကျိုက်မော့ကာ ဆက်ပြောသည်။
ဂျောင်ဂုကလည်း ငြိမ်သက်စွာ နားထောင်နေသည်။
" ယွန်းဂီလေးက တကယ်တော့ အများကြီးရင့်ကျတယ် ၊ တစ်ခြားကလေးတွေနဲ့မတူအောင် ချစ်ဖို့ကောင်းပြီး စိတ်ထားလည်းကောင်းတယ် ...
ဒါပေမယ့် ယွန်းဂီကအခုထိ
သူ့အဖေနဲ့အမေက ခရီးထွက်သွားလို့ အဖိုးဖြစ်တဲ့ ငါ့ဆီ အပ်ထားတယ်လို့ပဲ သူထင်နေခဲ့တာ ....
ငါ ဖွင့်မပြောနိုင်ဘူး ၊ ငါကိုယ်ငါလည်း လိပ်ပြာမလုံဘူး.. ငါသာ အမှန်တရားကို ပြောလိုက်ရင် သူစိတ်ထိခိုက်သွားမှာ "
အဖိုးက စိတ်မကောင်းဖြစ်လွန်းလို့ ဝမ်းခေါင်းသံကြီးနဲ့ပါ ရှိုက်ငိုလာသည်။ ဂျောင်ဂုလည်း အဖိုး၏ အားအင်လျော့နည်းနေသော လက်ချောင်းတို့အား ဆုပ်ကိုင်ထားလိုက်သည်။
" အဖိုးက အများကြီးကိုကောင်းတဲ့ အဖိုးပါ..
ယွန်းဂီတွက် မိဘအရင်းထက်ပိုအောင် စောင့်ရှောက်ပြီး ချစ်ပေးနိုင်တဲ့ အဖိုး ... အဖိုး အပြစ်မဟုတ်ပါဘူး... အဖိုးက သူကောင်းဖို့တွက် လုပ်ခဲ့တာပါ "
ဂျောင်ဂုက နှစ်သိမ့်ပေးတော့မှ
အဖိုးလည်း အနည်းငယ် အငိုရပ်သွားသည်။
ဒီတော့မှ အဖိုးက
" ယွန်းဂီက အေးစက်စက်နိုင်ပေမယ့်
အများကြီး နွေးထွေးတဲ့ကောင်လေးပါ..
သူက လူ့လောကကြီးအကြောင်းကို သေချာမသိသေးဘူး "
အဖိုးက ရှေ့ဖြစ်မည့်အရာတွေကို ကြိုတွေးရင်
ရှိုက်ငိုနေသေးသည်။
" စိတ်မပူပါနဲ့ ကျွန်တော် ယွန်းငယ်ကို ဂရုစိုက်ပါ့မယ် ၊ ကာကွယ်ပေးပါ့မယ် ...
ယွန်းငယ် မှဲ့တစ်ပေါက်မစွန်းစေရအောင်
ကျွန်တော့်အသက်နဲ့လဲပြီး ကာကွယ်ပါ့မယ် "
ဂျောင်ဂု အဖိုးစိတ်ကျေနပ်အောင် ပြောပြီးတော့မှ
ကိုယ့်ကိုကိုယ် ပြန်ရှက်မိသည်။ ဘာစိတ်ကူးနဲ့များ ယွန်းငယ်ဟု သုံးခဲ့မိမှန်းမသိ ။ အဖိုးကတော့ သတိထားခဲ့မိပုံ မပေါ်ချေ။
" ကဲ ... ဂျောင်ဂု လိုက်သွားတော့..
နေရာသိတယ်မလား "
အဖိုးပြောတော့မှ အသိဝင်လာသည်မို့
ဂျောင်ဂုလည်း ခေါင်းညိတ်ပြကာ ၊ အဖိုးအား နှုတ်ဆက်လို့ သစ်သားတံခါးလေးကို စေ့ပိတ်ကာ
ယွန်းဂီရှိရာ ဘုရားကျောင်းပျက်ကြီးဆီ ထွက်လာမိသည်။
ယွန်းဂီက အဖိုးပြောသလို
တကယ်ပဲ နွေးထွေးတဲ့ ကောင်လေးပါ ။
ဂျောင်ဂုက နွေးထွေးပြီး ကြင်နာတတ်တာမျိုးကို သဘောကျတယ် ။
__________________
ယွန်းဂီ မပါလိုက်ဘူးရယ်
သူ စန္ဒယားတီးကောင်းနေတာ^^
Zawgyi
မိုးေသာက္ ေရာင္ျခည္သည္ကား
ျဖာလင္းလ်က္ရွိေနေသာ္လည္း
အေအးဓာတ္သည္ကား ေလ်ာ့မသြားေသးေခ်။
ႏွင္းမက်ေသးေသာ္လည္း ခ်မ္းစိမ့္စိမ့္ျဖင့္
ေဆာင္းရာသီႀကီးသည္ ေနလို႔ထိုင္လို႔သိပ္မေကာင္း။
အခ်ိန္အားျဖင့္ နာရီျပန္တစ္ခ်က္ထိုးေနၿပီျဖစ္သည္။ အဖိုးကေတာ့ ေဆးေပါ့လိပ္တစ္လိပ္ႏွင့္ သတင္းစာတ္ေစာင္ကို ဧည့္ခန္းထဲ၌ ထိုင္ဖတ္ေနသည္။ ေဂ်ာင္ဂုကလည္း ေဆာင္းတြင္းအတြက္ ထင္းေတြလုံေလာက္စြာ ခြဲထားၿပီးၿပီမို႔ ၊ ေအးစိမ့္စိမ့္ျဖစ္ေနသည့္ ရာသီဥတုကိုမမႈပဲ ေခြၽးစတို႔ က်ဆင္းေနသည္။ ေဂ်ာင္ဂုလည္း အဖိုးႏွင့္ မလွမ္းမကမ္းဝင္ထိုင္ကာ ၊ ေရဒီယိုေဟာင္းႀကီး၏ ရစ္ဘီးလုံးအား ဟိုဒီေဆာ့ကစားေနမိသည္။
အိမ္၌ ယြန္းဂီမရွိပုံရသည္။
ဘယ္ေရာက္လို႔ ဘယ္ေပ်ာက္ေနမွန္းမသိ၊
အရင္ကဆို ယြန္းဂီ၏ အသံခပ္စာစာႏွင့္
အိမ္ေလး အနည္းငယ္ဆူညံလို႔ေနတတ္သည္။
ယြန္းဂီက တကယ္ပင္ ခိုဝင္စားတဲ့ ေကာင္ေလးတစ္ေယာက္ျဖစ္ရမည္ ။ ဘာလုပ္လုပ္ ညည္းၫူေနတတ္ေသာ္လည္း အလုပ္ကို စနစ္တက်ၿပီးေျမာက္ေအာင္ လုပ္တတ္သည္။
" အဖိုး ယြန္းဂီေကာ.. မေတြ႕ပါလား "
အဖိုးက ဖတ္လက္စ သတင္းစာကိုေခါက္ကာ ၊ ေဘးနားမွ အသင့္ငွဲ႕ထားသည့္ ေရေႏြးၾကမ္းအား ေမာ့ေသာက္လိုက္သည္။ ထို႔ေနာက္ ေဂ်ာင္ဂုဘက္သို႔လွည့္ကာ...
" ဘုရားေက်ာင္းသြားတယ္ေလ... မင္းကို ေျပာမသြားဘူးလား "
ေဂ်ာင္ဂုက ေျဖးညွင္းစြာ ေခါင္းခါျပသည္။
" ဘယ္ႏွယ့္တုန္း ယြန္းဂီမရွိလို႔ ပ်င္းေနၿပီလား ၊
အေတာ္ေလး ခင္တြယ္ေနၾကၿပီကို ..."
" အာ... မဟုတ္ပါဘူးဗ်ာ ၊ မေတြ႕မိလို႔ ေမးၾကည့္တာပါ အဖိုးရာ "
ေဂ်ာင္ဂုက လည္ပင္းကိုပြတ္ကာ ၊ ရွက္ရဲရဲျဖင့္
ေျဖသည္။
" လိုက္သြားခ်င္ လိုက္သြားေလ.. လယ္ကြင္းႀကီးကိုျဖတ္လိုက္ ၊ အဲ့တာေက်ာ္ရင္ ဘုရားေက်ာင္းပ်က္ႀကီးရွိတယ္ .. ယြန္းဂီ အၿမဲသြားေနက် "
" မသြားေတာ့ပါဘူး .. အဖိုးတစ္ေယာက္တည္း "
အမွန္တကယ္ဆို ေဂ်ာင္ဂုလိုက္သြားခ်င္ပါသည္။
သူႏွင့္ စကားနိုင္လုေနၾက ယြန္းဂီကို မ်က္စိေအာက္ကပင္ တစ္စကၠန့္ေလာက္ေပ်ာက္သြားလွ်င္ပင္ တစ္ခုခု လစ္ဟာေနသလိုခံစားရသည့္ ခံစားခ်က္အား သိပ္သေဘာမက်ေပ။
" ဒါဆိုလည္း ဟုတ္ၿပီ ၊ သူက ညေနမွျပန္လာမွာ "
အဖိုးက မင္းေစာင့္နိုင္ရင္ေစာင့္ေပါ့ဆိုတာကို
တည့္မေျပာပဲ ပါးနပ္စြာေျပာေလသည္။
ထို႔ေနာက္ အဖိုးက ၊ ေဘးနားခ်ထားသည့္ ႀကိမ္ေခါင္းအုံးအား ဆြဲယူကာ ေန႕ခင္းေန႕လည္အိပ္ရန္ ၊ ေအးျမေနသည့္ ၾကမ္းခင္းေပၚလွဲခ်လိဳက္ေလသည္။
ေဂ်ာင္ဂုလည္း အဖိုး အေအးပက္မည္ဆိုးတာေၾကာင့္ အိပ္ခန္းထဲမွ ေစာင္ပါးေလးတစ္ထည္ယူကာ အဖိုး၏ ကိုယ္ေပၚသို႔ လႊမ္းၿခဳံေပးလိုက္သည္။
ေဂ်ာင္ဂုလည္း တစ္ေယာက္တည္းျဖစ္ေနသည့္မို႔
အိမ္ေရွ႕ ေလွကားခုံ၌သာ ထိုင္ေနလိုက္ေတာ့သည္။ ေဂ်ာင္ဂု ထိုမွ်ေလာက္ထိ အေဖာ္မက္တတ္သူမဟုတ္ေပ ။ ငယ္ငယ္တည္းက တစ္ဦးတည္းေသာ သားဆိုေပမယ့္ ၊ မိဘက လိုေလေသးမရွိေအာင္ ျဖည့္ဆည္းေပးတာမို႔
သူငယ္ခ်င္းဆိုတာမ်ိဳးက သိပ္မရွိခဲ့ေခ်။ အတန္းေတြႀကီးေတာ့လည္း လိုခ်င္သည့္ တကၠသိုလ္တက္ခြင့္ရဖို႔ စာေတြႀကိဳးစားခဲ့သည္မို႔ သူငယ္ခ်င္းမေျပာနဲ႕ ရည္းစားဆိုပိုေဝးစြာ ထားဖို႔အစီစဥ္လည္း မရွိသလို ၊ ထားလည္းမထားခ်င္ခဲ့ ။
သို႔ေသာ္ တကၠသိုလ္ဒုတိယႏွစ္မွာေတာ့
အနည္းငယ္ ရင္ခုန္တတ္လာၿပီမို႔ ေကာင္မေလးတစ္ေယာက္ႏွင့္တြဲခဲ့ေသာ္လည္း တကယ္ခ်စ္လားဆိုရင္ေတာ့ သူဟင့္အင္းပဲေျဖပါအုံးမည္ ။ အဘယ္ေၾကာင့္ မခ်စ္ပဲနဲ႕တြဲလဲဟုေမးလွ်င္ေတာ့ တကၠသိုလ္သဘာဝအရ တကၠသိုလ္ေက်ာင္းသားတိုင္းရည္းစားရွိရမည္ဆိုသည့္အတိုင္း မထားဖူးလို႔သာ ထားခဲ့ျခင္းပင္ ။ ထိုေကာင္မေလးနဲ႕လည္း သိပ္မၾကာ ေလးလေက်ာ္ေလာက္ႏွင့္ပင္ ျပတ္သြားခဲ့သည္။ အေၾကာင္းအရင္းမွာ အခ်ိန္မေပးနိုင္လို႔ေခ် ။
ဘြဲ႕ယူၿပီး ႏွစ္လအၾကာမွာ ဒုတိယကမာၻစစ္စခဲ့ေလသည္။ အရင္ဆုံး ေက်ာင္းေတြပိတ္ပစ္ရသည္ ။
ယိုယြင္းၿပိဳပ်က္ေနသည့္ ကိုရီးယားနိုင္ငံအား ၊ အင္အားႀကီးနိုင္ငံမ်ားက အာဏာ ခ်ဳပ္ကိုင္ခ်င္ခဲ့ၾကသည္။ နိုင္ငံ့အာဏာသည္လည္း ျပည္သူမ်ားအေပၚ အလုပ္မလုပ္ေတာ့ေခ်။ ခိုးဆိုးလုယက္မႈမ်ားေပၚေပါက္လာေသာအခါ ၊ နိုင္ငံ့အာဏာအား
ဂ်ပန္တို႔မွ ဝင္ေရာက္ထိန္းသိမ္းကာ တစ္နိုင္ငံလုံးအား ျပဳခ်င္သလိုျပဳ ၊ လုပ္ခ်င္သလိုလုပ္ ႏွိပ္စက္ၾကေတာ့သည္။
ေဂ်ာင္ဂုသည္ စိတ္ဓာတ္ခိုင္မာသည္ ၊ ငယ္စဥ္ကတည္းက အဖိုးေျပာျပဖူးေသာ ပုံျပင္မ်ားေၾကာင့္သာမက သင္ခဲ့ရသည့္စာမ်ားေၾကာင့္ မ်ိဳးခ်စ္စိတ္ရွိသည္။ ထို႔ေၾကာင့္ ေျပာက္က်ားေတာ္လွန္ေရးအဖြဲ႕ထဲ ဝင္ဖို႔ရာႀကိဳးပမ္းခဲ့သည္။
သို႔ေသာ္ ေဂ်ာင္ဂု၏ မိဘႏွစ္ပါးကား အျပင္းအထန္ ကန့္ကြက္ခဲ့သည္။ ေဂ်ာင္ဂုလည္း မိဘစကားကို ေျခစုံကန္ကာ ၊ ေတာ္လွန္ေရးအဖြဲ႕ထဲဝင္သြားခဲ့သည္။ ေတာ္လွန္ေရးအဖြဲ႕ထဲ ဝင္ၿပီးတစ္ပါတ္အၾကာ ေန႕စဥ္ထုတ္သတင္းစာေခါင္းစီး၌ Mr. Jeon ႏွင့္ Mrs. Jeon တို႔၏ သားျဖစ္သူ Jeon Jungkook အား သားအျဖစ္မွ အေမြျပတ္စြန့္လႊတ္သည့္ အေၾကာင္းပါလာေလသည္။
ထိုမွစ၍ ေဂ်ာင္ဂု၌ ေႏွာင္ႀကိဳးမရွိေတာ့ေခ်။
သူ အိမ္ျပန္လာခ်ိန္ကို ေမွ်ာ္ေနမယ့္သူမရွိေတာ့ေခ်။
သူနိုင္ငံေတာ္အတြက္ ေပးဆပ္ရင္း ၊ ေသဆုံးသြားလွ်င္လည္း ဘယ္သူမွ ငိုေနၾကမည္မဟုတ္ေတာ့။
သူေနာက္ဆံတင္းမေနေတာ့ေခ် ၊ လွည့္ၾကည့္ေနစရာ မလိုေတာ့ေခ်။
ေဂ်ာင္ဂုသည္ ေနာက္ဆုံး အေမေပးခဲ့သည့္ အေမြျဖစ္သည့္ ေၾကးဆြဲျပားေလးပါသည့္ ဆြဲႀကိဳးေလးအား လက္ျဖင့္ က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားလိုက္သည္။
" လိုက္သြားခ်င္ လိုက္သြားစမ္းပါ ၊ ငါတစ္ေယာက္တည္း အဆင္ေျပတယ္..
ၿခံတံခါးသာ ေသခ်ာပိတ္ထားခဲ့...
မင္းၾကည့္ရတာ ေမ်ာက္ႀကီးမွိုင္ေနသလိုပဲ "
အဖိုး၏ ခပ္အက္အက္စကားေၾကာင့္
ေဂ်ာင္ဂု၏ အေတြးအိမ္သည္ လႈပ္ခတ္သြားကာ ၊ စိတ္ကူးယဥ္ကမာၻမွ လက္ေတြ႕ကမာၻသို႔ ျပန္ေရာက္ခဲ့သည္။
မသိလိုက္ခင္မွာပဲ ေဂ်ာင္ဂု မ်က္ရည္ေတြက်ေနသည္။ ေဂ်ာင္ဂု အဖိုးမရိပ္မိေအာင္ ေက်ာေပးထားရက္ပင္ ခပ္ဟဟရီကာ ၊ မ်က္ရည္တို႔အား
လက္ခုံျဖင့္ ခပ္ၾကမ္းၾကမ္း ဖိဆြဲသုတ္လိုက္သည္။
" ငိုေနတာလား ေဂ်ာင္ဂု ..
ဟားဟား မင္း ငါ့ေျမးကို သိပ္လြမ္းေနတာကို
လိုက္သြား.. လိုက္သြား "
အေၾကာင္းအရင္း ဂဂဏဏကို ေသခ်ာမသိသည့္
အဖိုးက ရီရင္းေျပာသည္။ ေဂ်ာင္ဂုမွာ ထိုစကားၾကားမွ ျပာျပာသလဲႏွင့္ ရွင္းျပရသည္။
" မဟုတ္.. မဟုတ္ပါဘူးဗ်ာ .. ကြၽန္ေတာ့္ မိဘေတြကို လြမ္းလို႔ပါ "
ဒီတစ္ခါေတာ့ ေဂ်ာင္ဂုအမွန္တိုင္းေျပာလိုက္ေတာ့သည္။ အဖိုးလည္း ေဂ်ာင္ဂုေျပာသည့္ စကားကိုၾကားမွ မ်က္ႏွာထားသည္ ျပန္လည္တည္တင္းသြားကာ ၊ လွဲအိပ္ေနရာမွ ထထိုင္သည္။
" မင္းေတာင္ ခနေလး ခြဲရတာကို လြမ္းတယ္ဆို ၊
ယြန္းဂီေလးဆို ပိုလြမ္းေနမွာပဲ "
" ဗ်ာ "
ေဂ်ာင္ဂုက အဖိုးေျပာသည့္ စကားကို
ေသခ်ာ နားမလည္တာမို႔ ၊ သိခ်င္သျဖင့္ ေရွ႕တိုးလာခဲ့သည္။
" ယြန္းဂီက သူ႕မိဘေတြကို မျမင္ဖူးဘူး
ယြန္းဂီ လသားအ႐ြယ္မွာပဲ
ယြန္းဂီအေဖနဲ႕အေမက မိုင္းထိၿပီးေသသြားတာေလ... ယြန္းဂီကေတာ့ ကံေကာင္းလို႔ထင္ပါတယ္
ေျခေထာက္ပဲ နည္းနည္းထိသြားတယ္ .. ဒါမယ့္ ေတာ္ေတာ္ေလး ကုသမႈခံလိုက္ရတယ္ .. ကေလးအ႐ြယ္နဲ႕မလိုက္ေအာင္ ဒုကၡေတြခံခဲ့ရတာ ...
ၿပီးေတာ့ ယြန္းဂီက အဖိုးေျမးအရင္းမဟုတ္ဘူး ၊ အဖိုးက ယြန္းဂီတို႔ ေဘးအိမ္မွာေနတာ.. ကေလးေလးခမ်ာ မေသ႐ုံတမယ္ ခံစားေနရတာကို မၾကည့္ရက္လို႔ ေခၚၿပီး ေမြးစားခဲ့တာေလ... "
ဒါေၾကာင့္မို႔ ေဂ်ာင္ဂု သတိထားမိေနတာၾကာၿပီျဖစ္သည္ ၊ ယြန္းဂီ လမ္းေလွ်ာက္သည့္အခါ ညာဘက္ေျခေထာက္ေလးက အနည္းငယ္ ယိုင္ယိုင္သြားတတ္သည္။ သို႔ေသာ္ စိတ္ထင္တာျဖစ္မွာပါလို႔ ေတြးခဲ့သည္မို႔ ေမ့ေမ့ေပ်ာက္ေပ်ာက္ေနလိုက္သည္။
အဖိုးက ေမာသြားလို႔ထင္သည္ ၊
ေရေႏြးတစ္က်ိဳက္ေမာ့ကာ ဆက္ေျပာသည္။
ေဂ်ာင္ဂုကလည္း ၿငိမ္သက္စြာ နားေထာင္ေနသည္။
" ယြန္းဂီေလးက တကယ္ေတာ့ အမ်ားႀကီးရင့္က်တယ္ ၊ တစ္ျခားကေလးေတြနဲ႕မတူေအာင္ ခ်စ္ဖို႔ေကာင္းၿပီး စိတ္ထားလည္းေကာင္းတယ္ ...
ဒါေပမယ့္ ယြန္းဂီကအခုထိ
သူ႕အေဖနဲ႕အေမက ခရီးထြက္သြားလို႔ အဖိုးျဖစ္တဲ့ ငါ့ဆီ အပ္ထားတယ္လို႔ပဲ သူထင္ေနခဲ့တာ ....
ငါ ဖြင့္မေျပာနိုင္ဘူး ၊ ငါကိုယ္ငါလည္း လိပ္ျပာမလုံဘူး.. ငါသာ အမွန္တရားကို ေျပာလိုက္ရင္ သူစိတ္ထိခိုက္သြားမွာ "
အဖိုးက စိတ္မေကာင္းျဖစ္လြန္းလို႔ ဝမ္းေခါင္းသံႀကီးနဲ႕ပါ ရွိုက္ငိုလာသည္။ ေဂ်ာင္ဂုလည္း အဖိုး၏ အားအင္ေလ်ာ့နည္းေနေသာ လက္ေခ်ာင္းတို႔အား ဆုပ္ကိုင္ထားလိုက္သည္။
" အဖိုးက အမ်ားႀကီးကိုေကာင္းတဲ့ အဖိုးပါ..
ယြန္းဂီတြက္ မိဘအရင္းထက္ပိုေအာင္ ေစာင့္ေရွာက္ၿပီး ခ်စ္ေပးနိုင္တဲ့ အဖိုး ... အဖိုး အျပစ္မဟုတ္ပါဘူး... အဖိုးက သူေကာင္းဖို႔တြက္ လုပ္ခဲ့တာပါ "
ေဂ်ာင္ဂုက ႏွစ္သိမ့္ေပးေတာ့မွ
အဖိုးလည္း အနည္းငယ္ အငိုရပ္သြားသည္။
ဒီေတာ့မွ အဖိုးက
" ယြန္းဂီက ေအးစက္စက္နိုင္ေပမယ့္
အမ်ားႀကီး ေႏြးေထြးတဲ့ေကာင္ေလးပါ..
သူက လူ႕ေလာကႀကီးအေၾကာင္းကို ေသခ်ာမသိေသးဘူး "
အဖိုးက ေရွ႕ျဖစ္မည့္အရာေတြကို ႀကိဳေတြးရင္
ရွိုက္ငိုေနေသးသည္။
" စိတ္မပူပါနဲ႕ ကြၽန္ေတာ္ ယြန္းငယ္ကို ဂ႐ုစိုက္ပါ့မယ္ ၊ ကာကြယ္ေပးပါ့မယ္ ...
ယြန္းငယ္ မွဲ႕တစ္ေပါက္မစြန္းေစရေအာင္
ကြၽန္ေတာ့္အသက္နဲ႕လဲၿပီး ကာကြယ္ပါ့မယ္ "
ေဂ်ာင္ဂု အဖိုးစိတ္ေက်နပ္ေအာင္ ေျပာၿပီးေတာ့မွ
ကိုယ့္ကိုကိုယ္ ျပန္ရွက္မိသည္။ ဘာစိတ္ကူးနဲ႕မ်ား ယြန္းငယ္ဟု သုံးခဲ့မိမွန္းမသိ ။ အဖိုးကေတာ့ သတိထားခဲ့မိပုံ မေပၚေခ်။
" ကဲ ... ေဂ်ာင္ဂု လိုက္သြားေတာ့..
ေနရာသိတယ္မလား "
အဖိုးေျပာေတာ့မွ အသိဝင္လာသည္မို႔
ေဂ်ာင္ဂုလည္း ေခါင္းညိတ္ျပကာ ၊ အဖိုးအား ႏႈတ္ဆက္လို႔ သစ္သားတံခါးေလးကို ေစ့ပိတ္ကာ
ယြန္းဂီရွိရာ ဘုရားေက်ာင္းပ်က္ႀကီးဆီ ထြက္လာမိသည္။
ယြန္းဂီက အဖိုးေျပာသလို
တကယ္ပဲ ေႏြးေထြးတဲ့ ေကာင္ေလးပါ ။
ေဂ်ာင္ဂုက ေႏြးေထြးၿပီး ၾကင္နာတတ္တာမ်ိဳးကို သေဘာက်တယ္ ။
__________________
ယြန္းဂီ မပါလိုက္ဘူးရယ္
သူ စႏၵယားတီးေကာင္းေနတာ^^