(Completed) Reborn as a good...

By Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《97》

13K 2K 52
By Xiao_Yiii

Unicode

အခန်း(၉၇) - Sound the Alarm!

ရိဟန်က တစ်ခစ်ခစ်ရယ်သည်။

"တကယ်ပဲ" သူကသက်ပြင်းချပြီး စကားဆက်သည်။
"မမက အိမ်က ထွက်မလာခင်မှာ စားဖို့မေ့သွားတယ်ဆိုတာကို ယုံတောင် မယုံနိုင်ဘူး"

ထျန်းယောင်ရဲ့ မျက်လုံးက နူးညံ့သွားလေသည်။ သူ့အသံက အလွန်နွေးထွေးတာကြောင့် မြေပြင်ပူနွေးလာတဲ့အချိန်မှာ လိုက်ပါနွေးထွေးတဲ့ နွေဦးရာသီရဲ့ ရေကန်လေးလိုမျိုးပင်။ သူကပြောလိုက်သည်။

"သူမက မင်းကိုစိတ်ပူနေတာလေ, တစ်စုံတစ်ယောက်အတွက် စိုးရိမ်ပူပန်တယ်ဆိုတာက ဘာလဲဆိုတာ မင်းလည်းသိတာပဲ, ကိုယ်က သူမ ဗိုက်အဆာခံနေမှာပဲ စိုးရိမ်တာ"

ရိဟန်က ထိုတုန့်ပြန်မှုကြောင့် အလွန်ကျေနပ်သွားသည်။

"မမက အသေးစိတ်လုပ်တတ်ပေမယ့် တစ်ခါတစ်လေဆို သူ့ကျန်းမာရေးကို လုံးဝဂရုမစိုက်တဲ့ပုံပေါ်တယ်, အနာဂတ်မှာ မမကို အမှန်တကယ် ချစ်ခင်နှစ်သက်ပြီး ပြုစုစောင့်ရှောက်ပေးမယ့်သူတစ်ယောက်ကို ရှာပေးမှဖြစ်မှာ"

ထျန်းယောင်ရဲ့ ချောမွေ့တဲ့ မျက်နှာပြင်ပေါ်မှာ အနီရောင်တစ်လွှာ ထွက်ပေါ်လာရသည်။

"မင်းသူ့ကိုရှာတွေ့မှာပါ" သူကထစ်အအဖြင့် ဆက်ပြော၏။
"သူမက အရမ်းကို ဂရုစိုက်ခံရမှာ"

သူမသာငါ့ကို အခွင့်အရေးပေးရင်ပေါ့

ရိဟန်၏ နှလုံးသားသည် ရွှင်မြူးစွာ ခုန်နေသည်။

"ဒါပေမဲ့ မမကခံစားချက်ကို ထုတ်ဖော်ပြတဲ့နေရာမှာ အရမ်းကို နှေးကွေးတဲ့ မိန်းကလေးတစ်ယောက်လေ" သူက အတွေးများကို တွန်းအားပေးနေရင်း ဆက်ပြောသည်။

"ယောကျာ်းလေးဘက်က လုံလုံလောက်လောက် တက်ကြွနေရမယ်, ထျန်းယောင်, ကျွန်တော်ထင်တာတော့လေ လူတစ်ယောက်က တစ်စုံတစ်ယောက်ကို သဘောကျရင် သတ္တိရှိရှိနဲ့ မေးရဲရမယ်။ အဲဒါမှ နောင်တရတာကို ရှောင်နိုင်လိမ့်မယ် မဟုတ်လား?"

ထျန်းယောင်ရဲ့ နှလုံးသားကတော့ ခုန်ပေါက်ပြီး ကခုန်နေလေပြီ။

ဘုရားရေ, သူ့ယောက်ဖလေးက သူ့ကို အားပေးနေတာလား? ရိဟန်က သူ့ကို ဝန်ခံဖို့ ပြောနေတာလား? ဆိုလိုတာ ရိဟန်က သူ့ကိုလက်ခံတာပေါ့? Oh, yeah!

သူအခု သူ့နတ်ဘုရားမလေးရဲ့ အချစ်ဆုံး မောင်ငယ်လေး ဖြစ်ပြီး ချစ်စရာအရမ်းကောင်းတဲ့ ယောက်ဖသေးသေးလေး ပိုင်ကို အနိုင်ရသွားခဲ့ပြီပေါ့..... ဆိုလိုတာသူအခု အောင်အောင်မြင်မြင်နဲ့ ဝန်ခံနိုင်ဖို့အတွက် နီးကပ်နေပြီ ဆိုတဲ့သဘောပဲ....ချစ်ရတဲ့ အမျိုးသမီးလေးနဲ့ လက်ထပ်ခွင့်ရပြီး သူ့ဘဝရဲ့ အမြင့်ဆုံးနေ့ရက်တွေက အခုနီးစပ်နေပြီ! \(^▽^)/

ထျန်းယောင်ရဲ့ စိတ်ထဲမှာ မီးရှူးမီးပန်းတွေ ပွင့်နေသော်လည်း သူ့မျက်နှာပေါ်ကတစ်ခုတည်းသော အမူအယာကတော့ ရှက်ရွံ့သည့် အပြုံးလေးတစ်ခုတည်းသာ။

"မင်းပြောတာအရမ်းကိုမှန်တယ် ရိဟန်, ကိုယ်လည်း အဲ့ဒီလိုပဲထင်တယ်"

ရိဟန်က သူ့ကို အားပေးသည့်အပြုံးလေး ပြုံးပြသည်။ စိတ်ထဲမှာတော့ မကျေမနပ်ပြောနေလေပြီ။

ခင်ဗျားလည်း အဲ့ဒီလိုထင်တယ်ပေါ့လေ? တကယ်ကြီးလား? နောက်ဆုံးတစ်ခေါက်တုန်းကတော့ ဘယ်လောက်တောင် ဝန်ခံဖို့ သတ္တိ မရှိလဲဆိုရင် သေတဲ့အထိပဲလေ! သူက ငါ့ထက်တောင် သတ္တိနည်းပြီး သူရဲဘောကြောင်သေးတယ်... ငါဝန်ခံတုန်းက အကောင်းဆုံးမဟုတ်ခဲ့ပဲ ရှုံးနိမ့်တာတောင် ဖြစ်သွားခဲ့ပေမယ့် အနည်းဆုံးတော့ ငါ့ခံစားချက်တွေကို ထုတ်ပြောဖြစ်ခဲ့သေးတယ်!

ထိုအတွေးကြောင့် ရိဟန်သည် သူ့ကိုယ်သူ ပိုပြီ သာလွန်တယ်ဟုပင် ခံစားလိုက်ရသည်။ 

ခဏအကြာတွင်....

တံခါးနောက်မှာ ခြေသံများ ပေါ်လာသည်။ ရိဟန်က ကျင်းယွမ်နဲ့ရွှယ်ချင်းတို့ ထမင်းစားပြီး ပြန်လာတယ်ဟု ထင်လိုက်သောကြောင့် ပျော်ပျော်ရွှင်ရွှင် လှမ်းကြည့်လိုက်သော်လည်း အရပ်ရှည်ရှည်နဲ့ ရဲသားတစ်ယောက် လမ်းလျှောက်ဝင်လာသည်ကိုသာ မြင်လိုက်ရ၏။

ထျန်းယောင်က ရှေ့ကိုခြေလှမ်းတိုးလိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ ထို့နောက်သူက ရိဟန်ဘက်လှည့်လိုက်ပြီး မိတ်ဆက်ပေးသည်။

"ဒါကSpecial Ops Team(SOP) က ခေါင်းဆောင်ချန်ကျင်း, သူကမရေမတွက်နိုင်တဲ့ ကိစ္စကြီးတွေကို ဖြေရှင်းပြီးသွားပြီ, ခေါင်းဆောင်ချန်က မင်းရဲ့ကိစ္စမှာလည်း တာဝန်ခံတစ်ယောက်ပဲ, သူပါဝင်ပေးတဲ့အတွက် မင်းခံစားထားရတာတွေက ဘာမှမဟုတ်ဘူးဆိုတာ ဖြစ်မှာမဟုတ်တော့ဘူး "

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ချန်" ရိဟန်က နှုတ်ဆက်လိုက်သည်။

ချန်ကျင်းရဲ့ မျက်နှာကတော့ အေးစက်ပြီး တင်းမာနေဆဲပင်။ သူက အရမ်းကို တင်းမာပုံပေါ်တာကြောင့် အလွယ်တကူ ချဉ်းကပ်လို့ရနိုင်တဲ့ သူတစ်ယောက်မဟုတ်လေဘူး။ ကြည့်ရတာသူက ခံရသူကြောက်လန့်သွားမှာကို စိုးရွံ့နေပုံပေါ်ပြီး အတော်လေး အနေခက်သည့် အပြုံးတစ်ခု ပြုံးပြလာပြီး ပြောလာ၏။

"ပိုင်သခင်ငယ်လေး, အရမ်းကြီးယဉ်ကျေးနေစရာ မလိုပါဘူး ဒါက ကျုပ်ရဲ့တာဝန်ပါပဲ"

သူ့အသံကပင် လူတစ်ယောက်ကို အေးစိမ့်မှု ခံစားရစေနိုင်သည်။

" ကျေးဇူးပြုပြီး ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာကိုရှင်းပြပေးလို့ရမလား?"

သူက တစ်ဖက်ကို တိုးပေးလိုက်၍ သူ့နောက်ကလူကို ဖော်ပြလာသည်။ တကယ်တော့ သူနဲ့အတူ ရဲနှစ်ယောက်ပါ ခေါ်လာတာဖြစ်သော်လည်း သူ့ခန္တာကိုယ်က အလွန်ကြီးမားနေတာကြောင့် လူနှစ်ယောက်လုံးအား မြင်ကွင်းကနေ ဖုံးကွယ်ထားခြင်းပင်။

ရိဟန်က စကားပြောဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ခေါင်းဆောင်ချန်ရဲ့နောက်က ရဲသားတစ်ယောက်ကို ရုတ်တရက် အာရုံစိုက်မိသွားသည်။ သူ့တစ်ကိုယ်လုံးက အေးခဲသွားတော့၏ သူ့မျက်လုံးများကပြုးကျယ်နေပြီး သူ့အကြည့်ကတော့ ထိုလူဆီသာ တည့်တည့်ကျရောက်နေသည်။

"ဒါက ဖန်းရီ" ထျန်းယောင်က အလျင်စလို ပြောသည်။

"အရာရှိဖန်းက ခေါင်းဆောင်ချန်ရဲ့ လက်ထောက်ပါ, အဲ့ဒီလိုပြောမှ သူက မင်းရဲ့ ကယ်တင်ရှင်လေ, တာယာပေါ်မှာ ပုန်းကွယ်နေတဲ့ သဲလွန်စကို သူရှာတွေ့သွားတဲ့အတွက် ကျေးဇူးတင်ရမှာ, အဲ့ဒါကြောင့်သာ ကိုယ်တို့မင်းကို ဒီလောက်မြန်မြန်ရှာနိုင်ခဲ့တာ, အကယ်၍ ကိုယ်တို့သာ နည်းနည်းလောက် နောက်ကျသွားခဲ့ရင်...."

"အကယ်၍ ခြေတစ်လှမ်းလောက် နောက်ကျသွားတာနဲ့ ကျွန်တော့လည်ပင်းလည်း ပြတ်သွားလောက်ပြီ" ရိဟန်က ဗလာဖြစ်စွာဖြင့် ပြောလာပြီး သူ့မျက်လုံးများကတော့ ဖန်းရီကိုသာ စိုက်ကြည့်နေဆဲပင်။

"အဲ့ဒီတော့ ခင်ဗျားနာမည်က ဖန်းရီပေါ့" သူကတိုးတိုးလေး ရေရွတ်လာ၏။

ထျန်းယောင်နဲ့ ခေါင်းဆောင်ချန်တို့ အကြည့်ချင်းဖလှယ်မိကြသည်။

 ရိဟန်တစ်ယောက် တစ်ခုခုဖြစ်နေတယ်

"ခေါင်းဆောင်ချန်တို့ ရောက်နေပြီလား? တောင်းပန်ပါတယ်ဗျာ" ကျင်းယွမ်ရဲ့ အသံက တံခါးဝကနေ ထွက်ပေါ်လာသည်။ သူနဲ့ရွှယ်ချင်းတို့က ရဲသားများ ရောက်လာပြီးတာနဲ့ ပြန်ရောက်လာခြင်းပင်။

ကျင်းယွမ်က အခန်ထဲကို လျှောက်ဝင်လာပြီး ရဲသားများအား ခေါင်းညိတ်နှုတ်ဆက်ပြီးနောက် ရိဟန်ရဲ့ ကုတင်ရှိရာသို့သာ တည့်တည့်လျှောက်သွားလိုက်သည်။ ထို့နောက်သူ့လက်က လူငယ်လေးရဲ့ ပုခုံးပေါ်ကို ညင်သာစွာ ကျရောက်သွားသည်။

"ဘာဖြစ်လို့လဲ?" သူကမေးလိုက်သည်။

ရိဟန်က ကြောင်ငေးငေးဖြစ်နေရာမှာ သတိပြန်ဝင်လာပြီ ကျင်းယွမ်အာ လှည့်ကြည့်လာသည်။ ထို့နောက် ခေါင်းကိုခါယမ်းကာ သူ့ပုခုံးပေါ်က လက်အား တိတ်တဆိတ် ဆုပ်ကိုင်ထားလိုက်၏။ ထိုစဉ်တုန်းကသူ့ သေခါနီးဆန္ဒကို ကြားခဲ့တဲ့ ရဲသားလေးအား ပြန်တွေ့ရမယ်လို့ သူဘယ်တော့မှ မထင်ထားခဲ့မိဘူး။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါလား

သူအဲ့ဒါကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်, ဖုန်းချွင်နဲ့ တစ်ခြားလူနှစ်ယောက်ကို သူသတ်ပြီးတဲ့အချိန်မှာ ရဲတွေကို ခေါ်လိုက်ပြီး အဖမ်းခံခဲ့သည်။ သူတို့က မြန်ဆန်စွာ လှုပ်ရှားကြပြီး ဂိုဒေါင်ထဲကို အရင်ဆုံးဝင်လာတဲ့သူက ဖန်းရီဖြစ်ကာ ထိုစဉ်ကတော့ ရိဟန်သည် သူ့နာမည်ကို မသိခဲ့ပေ။

ဖန်းရီက အဲ့ဒီတုန်းက ဒီအတိုင်း ရဲသားလေးတစ်ယောက် မဟုတ်ဘူး.... တစ်ခြားအရာရှိတွေကသူ့ကို ခေါင်းဆောင်ဖန်းလို့ ခေါ်တာကို ကြားခဲ့ရသည်လေ။

အဲ့ဒီလူက သူဖြစ်နေတဲ့ အခြေအနေကို မြင်တဲ့အချိန်မှာ တစ်ခြားသူတွေ ဝင်လာမှာကို တားဆီးခဲ့တယ် အဲ့ဒီလူက သူ့ဆီကို သနားတဲ့ မျက်လုံးတွေနဲ့သာ တည့်တည့်လျှောက်လာခဲ့တာ.... အဲ့ဒီတောက်ပတဲ့ မျက်လုံးတွေထဲမှာ အထင်အမြင်သေးမှု နည်းနည်းလေးတောင် ရှိမနေခဲ့ဘူး...

အဲ့ဒီလူက သူစကားတွေကို စိတ်ရှည်လက်ရှည်နဲ့ နားထောင်ပေးခဲ့တယ် ပြီးတော့ သေဒဏ်ပေးမခံရအောင် ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှုနဲ့ အယူခံဝင်ပေးပါ့မယ်ဆိုပြီးလည်း ပြောခဲ့တယ်, ကံမကောင်းတာက သူကိုယ်တိုင်က အဲ့ဒီလိုမျိုး ရဲသားကြီးကို အဆုံးစွန်ထိ စွန့်လွှတ်ပစ်ခဲ့တာ

အရာရှိက စိုးရိမ်သောက အထွတ်အထိပ် ရောက်နေတာကိုမြင်တာကြောင့် အဲ့ဒီလူကို သူတိုက်ခိုက်ချင်ယောင်ဆောင်လိုက်တယ်...အဲ့ဒီအတွက် အရာရှိကသူ့ကို သေအောင် ပစ်သတ်လိုက်ရတာ

အဲ့ဒီတုန်းက ဖန်းရီရဲ့ မျက်နှာပေါ်က ခံစားချက်အပြောင်းအလဲတွေကို သူအခုထိ မှတ်မိနေသေးတယ်

ထိတ်လန့်မှု၊ ဒေါသ၊ သနားမှုတွေ...

ဒီလူက လူကောင်တစ်ယောက်ပဲ.... ဒီလူက သူ့မိသားစုဆီကို သူပြောခိုင်းတဲ့ တောင်းပန်မှုတွေကို တစ်ဆင့်ပြောပေးမယ် ဆိုတာ ရိဟန် ယုံကြည်တယ်

အဲ့ဒီလူက သူ့စကားအတိုင်းလုပ်ပေးပြီး သူ့မိသားစုအရှက်မရစေဖို့အတွက် သူ့အကြောင်းကို အများပြည်သူဆီ ထုတ်မပြခဲ့ဘူး...သူ့အရင်ဘဝတုန်းက သူကျေးဇူးတင်မိကြောင်း ခံစားမိတဲ့ နောက်ဆုံးလူက ဖန်းရီပဲ

"ကျေးဇူးတင်ပါတယ် အရာရှိဖန်း" ရိဟန်က ထိုလူအား စိတ်ရင်းမှန်လှစွာဖြင့် နူးနူးညံ့ညံ့ပြောလိုက်သည်။

ထိုလေးနက်လှတဲ့ ကျေးဇူးတင်စကားကြောင့် ဖန်းရီမှာ ထိတ်လန့်သွားမိပြီး အလျင်စလို လက်ဝှေ့ယမ်းပြရင်း ပြောလာသည်။

"ပိုင်သခင်လေး အရမ်းကြီး ယဉ်ကျေးနေစရာ မလိုပါဘူး, ကျွန်တော်က နည်းနည်းပဲ ကူညီပေးခဲ့တာပါ ပြီးတော့ဒါက ကျွန်တော့တာဝန်ပဲလေ, အဲ့ဒီ 'ကယ်တင်ရှင်' ဆိုတဲ့ ခေါင်းစဉ်ကြီးကို တကယ်ပဲ လက်မခံနိုင်ပါဘူးဗျာ"

ဒါက ဒဏ္ဍာရီလာ မာနထောင်လွှားလွန်းတဲ့ ကလေး ပိုင်သခင်လေးမှ ဟုတ်ရဲ့လား? ကောလဟာလတွေက တကယ့်ကို မယုံရဘူးပဲ, ဒီလူငယ်လေးက မယုံနိုင်လောက်အောင် ချစ်ဖို့ကောင်းတဲ့ လိမ်မာတဲ့ ကလေးလေးဆိုတာ အသိသာကြီးဟာကို! ပိုင်သခင်လေးအနေနဲ့ သူ့ကိုချစ်ခင်မယ့်လူထောင်ပေါင်းများစွာ ရှိနေတာတောင် သူ့ကိုယ်သူ သာလွန်တယ်ဆိုပြီး အထင်ကြီးမနေဘူး... သူလိုမျိုး သာမာန်ရဲသားလေး တစ်ယောက်ကို စကားပြောတဲ့ အချိန်မှာတောင် ဒီကလေးက အရမ်းယဉ်ကျေးတယ်.... သူ့ကိုအတ္တကြီးတဲ့ လူဆိုးလေးတစ်ယောက်လို့ စွပ်စွဲကြတဲ့သူတွေ အကုန်လုံးက ကန်းနေတာများလား? မဟုတ်ဘူး, အဲ့ဒါက မနာလိုတာဖြစ်လိမ့်မယ်! ဒါပဲလေ! ဟား....ဒီခေတ်လူတွေက အရမ်းကို စက်ဆုပ်ဖို့ကောင်းတာပဲ

ကျင်းယွမ်သည် သူဒီအခိုက်အတန့်မှာ အလွန့်အလွန် မနာလိုဖြစ်နေမိသည်အား ဘယ်တော့မှ ဝန်ခံမှာမဟုတ်ပေ။ 

သူ့ချစ်သူက ဒီရဲအရာရှိအပေါ်မှာ အရမ်းကောင်းလွန်းနေတယ်! အဲ့ဒီမျက်လုံးတွေကို ကြည့်စမ်းပါဦး! အရမ်းကိုညင်သာပြီး နွေးထွေးနေလိုက်တာ! သူ့အသံကို နားထောင်ကြည့်ပါဦး! စကားတွေက အရမ်းကို စိတ်ရင်းမှန်နေလိုက်တာ! တကယ့်ကိုပဲ ဒီရဲသားကလည်း အရမ်းချောမောလွန်းနေတယ်! အချက်ပေးသံပဲ! သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အသိမိတ်ဆွေအဖြစ်ကနေ ထပ်တိုးခွင့်ပေးလို့ မဖြစ်ဘူး!

ကျင်းယွမ်ရဲ့ စိတ်ထဲမှာငြူစူမှုနဲ့ ဒေါသတရားများ ပြည့်နှက်လာသော်လည်း အပြင်ဘက်မှာတော့ သူ့ပုံစံက တည်ငြိမ်ပြီး လေးနက်နေဆဲပင်။

"ခင်ဗျားက အရမ်းကြင်နာလွန်းနေပါပြီ အရာရှိဖန်း, ဟန်ဟန်ပြောတာမှန်တယ်, အကယ်၍ ခင်ဗျားသာ ဦးဆောင်ပြီး ရှာမတွေ့ခဲ့ရင် ကျုပ်တို့ ခြေတစ်လှမ်း နောက်ကျနေခဲ့မှာ, အဲ့ဒီအခါ ဘာဖြစ်သွားမလဲ ဆိုတာ ကျုပ်တို့တွေ စဉ်စားကြည့်ဖို့တောင် လိုမှာမဟုတ်ဘူး, ခင်ဗျားက ကိုယ့်အလုပ်ကိုယ်လုပ်ခဲ့တယ် ဆိုရင်တောင် ခင်ဗျားကြောင့် ကျုပ်တို့ အဲ့ဒီကံကြမ္မာကြီးကနေ ကယ်တင် ခံလိုက်ရတာကို မမေ့နိုင်ပါဘူး, ခင်ဗျားက ဟန်ဟန်ကို ကယ်တင်ခဲ့တာပဲ, ကျုပ်, မုကျင်းယွမ်က အဲ့ဒီအတွက် ခင်ဗျားအပေါ်မှာ ကြီးမားတဲ့ အကြွေးတစ်ခု တင်နေပါပြီဗျာ, အနာဂတ်မှာ တစ်ခုခုလိုအပ်တာနဲ့ ကျူပ်ဆီလာပြီး အကူအညီတောင်းနိုင်ပါတယ်"

ဖန်းရီရဲ့လက်ကတော့ ထိတ်လန့်တကြား ငြင်းပယ်ခြင်း၏ လက္ခဏာအဖြစ် သူ့ရှေ့မှာ လျင်မြန်စွာ လှုပ်ရမ်းလာရသည်။

ချန်ကျင်းက ဖန်းရီအား တစ်ချက်လှည့်ကြည့်လိုက်သည်။ 

ပိုင်သခင်လေးရဲ့ ကယ်တင်ရှင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကောင်စုတ်လေးက လှုပ်ရှားမှု တစ်ချက်လေးနဲ့တင် ထိပ်ဆုံးရောက်သွားခဲ့တာပဲ.... ဒီအနေအထားမှာ ရှိနေတဲ့ တစ်စုံတစ်ယောက်က ဒီလိုမျိုး တည်ငြိမ်ပြီး နှိမ့်ချနေတာကို မြင်ရတာ ဘယ်လောက်တောင် ရှားပါးလိုက်လဲ... ဒီလူငယ်လေးရဲ့ ကိုယ်ကိုကိုယ် တန်ဖိုးထားမှု မာနက နိမ့်မကျသွားဘူး....သူက အလျင်စလိုတွေ ဖြစ်မနေသလို ထောင်လွှားမှုလည်း ရှိမလာဘူး, ဒီလူက တကယ့်ကို အလားအလာကောင်းတွေ ရှိတာပဲ!

နတ်ဘုရားများက လူသားများ(ကျင်းယွမ်)ရဲ့ဆန္ဒကို ဘယ်တော့မှ နားမထောင်ပေ။ အေးစက်လှတဲ့ စိတ်ထားနဲ့ မွေးဖွားလာသူ ချန်ကျင်းနဲ့ယှဉ်ပါက ရိဟန်သည် ရှင်းရှင်းလင်းလင်းကို ဖန်းရီအား ပိုပြီးနီးစပ်လှသည်။ 

သူလုပ်နိုင်တဲ့အရာ ဘာမှမရှိဘူး

သူ့အနေနဲ့ မေးခွန်းများ မေးမြန်းစေနိုင်ရန် ဖန်းရီအား နေရာဖယ်ပေးလိုက်ပြီး ရိဟန်ဘေးမှာ ထိုင်ခွင့်ပြုလိုက်ရသည်။ သူထင်ထားသလိုပင် ရိဟန်က ရဲအရာရှိငယ်လေး မေးမြန်းတဲ့အချိန်မှာ ပိုပြီးသက်တောင့်သက်သာရှိနေသည်။ ထိုပြန်ပေးဆွဲခံရမှုအား ပြန်တွေးပြီးပြောပြနေတဲ့အချိန်မှာ ထိတ်လန့်တာတို့ စိတ်ဓာတ်ကျဆင်းမှုတို့ပင် ရှိမနေ။

ဒါက သတင်းကောင်းဆိုပေမယ့် ကျင်းယွမ်ကတော့ သဝန်တိုစိတ်များ ကြီးထွားလာရသည်။ သူ့မျက်နှာပေါ်က အသွင်အပြင်ကို 'မနှစ်မြို့ခြင်း' လို့ဖော်ပြဖို့ရန်ပင် နှောင့်နှေးစရာ မလိုအပ်တော့ပေ။

ထိုတစ်ချိန်လုံးမှာ ချန်ကျင်းကဘေးမှာသာ ထိုင်နေသည်။ ပိုင်မိသားစုနဲ့ မုမိသားစုက သွေးချင်းမိသားစုများလို ရင်းနှီးတယ်ဟု လူတိုင်းပြောကြသည်။ သူကတော့ အဲ့ဒါမှန်တယ်လို့ တွေးမိသည်။ ပိုင်ရိဟန်ဆီမှာ တစ်စုံတစ်ရာ ဖြစ်လာတဲ့အချိန် မုကျင်းယွမ်က ရိဟန်ရဲ့ အကိုအရင်းထက်ပင် မြန်ဆန်စွာနဲ့ အပြေးအလွှားသွားသည်။ ထိုလူက တစ်ခြားသူများအားလုံးထက်လည်း ရဲရင့်သည်။ သူက သူ့လုံခြုံရေးကိုပင် ဂရုမစိုက်ပဲ ပိုင်ရိဟန်ကို သွားကယ်တဲ့ ပထမဆုံးလူပင်။

အခုတော့ ထိုလူငယ်လေး ကြုံတွေ့ရတဲ့ အကြောင်းများကို ကြားရုံနဲ့ အမြဲတမ်း တည်ကြည်လှတယ်လို့ ခေါ်ကြသော Mr မုက သူ့ခံစားချက်တွေကိုထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလေ။ အဲ့ဒီ မကြည်မသာ ဖြစ်နေတဲ့ အမူအယာကိုကြည့်စမ်းပါဦး... သူက ပိုင်မိသားစုကို ဘယ်လောက်တောင် သစ္စာရှိလဲ ဆိုတာက နေ့တစ်ခုလိုပဲ ရှင်းလင်းလှတယ်....အဲ့ဒီလိုအရာမျိုးက ခွေးကခွေးကိုစားတဲ့ ချမ်းသာတဲ့ ကမ္ဘာမျိုးမှာမပြောနဲ့ သာမာန်အိမ် တစ်ခုမှာတောင် တွေ့မြင်ဖို့ ရှားပါးလှတယ်

ရိဟန်ရဲ့ ရှင်းပြချက်ပြီးနောက်မှာ ဖန်းရီက စိတ်ရှုပ်ထွေးစွာဖြင့် မေးလာသည်။

"ဘာလို့ဖုန်းချွင်က ခင်ဗျားကို အချက်အလက်တွေ အများကြီးပြောပြရတာလဲ?"

"ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော့ကို အသက်ရှင်ရက် လွှတ်ပေးဖို့အတွက် ဘယ်တုန်းကမှ မစီစဉ်ထားလို့လေ" ရိဟန်က ခါးသက်သက်အပြုံးဖြင့် ပြန်ဖြေသည်။

"သူတို့ရဲ့ ပန်းတိုင်က ကျွန်တော့ကို သတ်ဖို့ပဲ ဖြစ်နေခဲ့တာ, လူသေတစ်ယောက်က ဘယ်လောက်ပဲ များများသိနေပါစေ ဘယ်သူ့ကိုမှ ပြောနိုင်မှာမဟုတ်ဘူး"

"အဲ့ဒါက အဓိပ္ပာယ်မရှိဘူး" ချန်ကျင်းက ထအော်သည်။

"သူတို့ရဲ့ ရည်ရွယ်ချက်က မင်းကိုသတ်ဖို့ဆိုရင် ဘာလို့စောစော မသတ်ခဲ့တာလဲ, မင်းကို အရှေ့ဘက် မြို့စွန်ထိ ခေါ်သွားဖို့အတွက် ဘာဖြစ်လို့ ကြိုးပမ်းခဲ့တာလဲ? ဘာလို့ မင်းကိုကယ်ဖို့အတွက် ငါတို့ကို အချိန်အများကြီး ပေးခဲ့တာလဲ?အဲဒါက ယုတ္တိမတန်ဘူ"

ရိဟန်က သူ့အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး သူ့လက်ကတော့ ကျင်းယွမ်အား ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

"သူတို့က ကျွန်တော့ကို ကားပေါ်မှာပဲ သတ်ဖို့ စီစဉ်ထားခဲ့တာ" သူက ဖြည်းညှင်းစွာဖြင့် စကားစလာသည်။

"ဖုန်းချွင်က သူတို့ကိုတားခဲ့တယ်, သူက.... ကျွန်တော်တို့ကြားမှာ ကိစ္စတစ်ချို့ ရှိခဲ့တယ်, သူက ကျွန်တော့ကို နာကျင်မှုမရှိပဲ မသေစေချင်ဘူး, အဲ့ဒါကြောင့် ကျွန်တော့ကို နည်းနည်းလောက်ပိုပြီး နှိပ်စက်ဖို့အတွက် အဲ့ဒီကိုခေါ်သွားခဲ့တာ"

ဖန်းရီသည် ရိဟန်အား တွေ့တုန်းက ဒဏ်ရာများနဲ့ အခန်း အခြေအနေအား ပြန်စဉ်းစားမိသွားသည်။ သနားကြင်နာမှုများ သူ့ဆီယိုဖိတ်လာတော့၏။

ဒါပေမဲ့....ရုတ်တရက်, သူ့တစ်ကိုယ်လုံး တုန်ယင်လာရသည်။ သူက အေးစက်မှုရဲ့ မြစ်ဖျားခံရာအား လှည့်ပတ်ကြည့်လိုက်သောအခါ ကျင်းယွမ်ရဲ့ မျက်လုံးများနဲ့ တည့်တည့်တိုးလေသည်။ ထိုအခိုက်အတန့်လေးက သူ့အား ကြောက်လန့်သွားစေသည်။

တစ်ဖက်လူက သူ့ကို အခုပဲ နေရာမှာတင် ဖောက်ခွဲပစ်တော့မလို ကြည့်နေသည်လေ။ ထိုလူရဲ့ ခန္တာကိုယ်က ဒေါသတိမ်တိုက်မည်းတွေကို ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး။ သူ့မေးကြောက တင်းမာနေပြီး သူ့မျက်လုံးတွေက မိုးသီးမိုးခဲတစ်ခုလို အေးစက်ပြီး စူးရှလွန်းနေတယ်.... သူ့မျက်နှာကလည်း အဆုံးစွန်ထိ အေးခဲနေခဲ့ပြီ....ကြည့်ရတာ သူ့ပုံစံက ဒဏ်ရာရ နတ်ဆိုးက လက်တုန့်ပြန်ဖို့ ပြင်နေသလိုမျိုး ရေခဲအလွှာနဲ့ ဖုံးလွှမ်းနေပုံပေါ်နေတယ်။

ဖန်းရီက ခြောက်ကပ်ကပ် ရပ်လိုက်ပြီး အနေခက်စွာ မှတ်ချက်ချသည်။

"အဲ့ဒီဖုန်းချွင်ရဲ့စိတ်က သေချာပေါက် လိမ်ကောက်နေတာ သေချာတယ်, ဆိုလိုတာ ဒီနောက်ကွယ်မှာ ချုပ်ကိုင်ထားသူ နောက်တစ်ယောက် ရှိနေတယ်ဆိုတဲ့ သဘောပေါ့, ဖုန်းချွင်က ဒီအတိုင်း အောက်ဆွဲတစ်ယောက်ပဲ"

"သူက စွန့်ပစ်ခံထားရတဲ့ သားတစ်ယောက်လည်း ဖြစ်နေတယ်" ချန်ကျင်းက ပြောလာသည်။

"ကြည့်ရတာ 'အဲ့ဒီလူ'က သူတို့စကားကို တည်ဖို့အတွက် ရည်ရွယ်ထားပုံမပေါ်ဘူး, ပိုင်သခင်လေးဆီမှာ တစ်ခုခုဖြစ်သွားတဲ့ အချိန်မှာပဲ သက်သေတွေအားလုံးက ဖုန်းချွင်တစ်ယောက်တည်းကို ညွှန်ပြနေတာ, သူကဒီအတိုင်း ခုတုံးလုပ်ခံလိုက်ရတာ"

"ဒါပေမဲ့အဲ့ဒါက သူ့ရဲ့ ကောက်ကျစ်မှုကြောင့်ပဲလေ" ဖန်းရီက စကားဆက်သည်။
"အဲဒါက ပိုင်သခင်လေးကို လွတ်မြောက်စေနိုင်ခဲ့တယ်, အဲ့ဒါကြောင့်ပဲ နောက်ကွယ်ကလူရဲ့တည်ရှိမှုက ကျွန်တော်တို့ဆီမှာ ပေါ်ပေါက်လာခဲ့တာ"

"အဲ့ဒီပြန်ပေးဆွဲတဲ့သူတွေကို စုံစမ်းစစ်ဆေးတာကရော ဘယ်လိုနေလဲ?" ကျင်းယွမ်က မေးလာပြီး သူ့အသံကတော့ အေးစက်နေဆဲပင်။

"အဲ့ဒါက သိပ်အဆင်မပြေသေးဘူး, ဖုန်းချွင်က ဒဏ်ရာတွေကြောင့် မေ့မြောနေတုန်းပဲ, တစ်ခြားလေးယောက်ကလည်း နောက်ကွယ်မှာ ဖုန်းချွင်တစ်ယောက်တည်း ရှိတာပါဆိုပြီး ဆက်တိုက်ပြောနေတယ်, သူတို့တွေကဒီအတိုင်း ငွေပေးထားတဲ့ကြေးစားတွေ သက်သက်ပဲ, ပြန်ပေးဆွဲမှု တစ်ခုလုံးက ဖုန်းချွင်နဲ့ ပိုင်သခင်လေးတို့ကြားက ရန်ငြှိုးကြောင့်ပါတဲ့"

"သူတို့ဆီမှာ ရာဇဝတ်မှု မှတ်တမ်းတွေလည်း ရှိနေပုံရတယ်" ရိဟန်က ကြားဖြတ်ပြောလိုက်သည်။

"အမှန်ပဲ" ခေါင်းဆောင်ချန်က ပြန်ဖြေသည်။

"မင်းဘယ်လိုသိတာလဲ?"

"ဖုန်းချွင်က ကျွန်တော့ကန်ချက်ကြောင့် လဲသွားတဲ့အချိန်မှာ အရှက်ခွဲခံရမှုကနေ ဒေါသပေါက်ကွဲသွားခဲ့တယ်, သူက ရှောင်းဆိုတဲ့လူကို ကျွန်တော့ကိုသတ်ဖို့ အမိန့်ပေးခဲ့တာ,အဲ့ဒီလူရဲ့ စိတ်က တစ်ခုခုတော့ ပြောင်းလဲနေပုံရတယ် သူပြောတာက 'ဟေး, ညီလေး ငါတို့ကို ရက်စက်တယ်လို့ မထင်နဲ့, ငါတို့က မင်းအပေါ်မှာ အာဃာတတော့ မရှိပေမယ့် ငါတို့အားလုံးက ဥပဒေကို ချိုးဖောက်ထားပြီး ပိုက်ဆံလည်း မရှိကြဘူး, ဒါကို လုပ်ရုံကလွဲလို့ငါတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး, မင်းတစ်ဖက်ကို ရောက်သွားရင် ငါတို့ကို အပြစ်မတင်ပါနဲ့, မင်းကိုတကယ်သေစေချင်နေတဲ့ အဲ့ဒီလူနဲ့ ဒီနှာဘူးကောင် ဖုန်းချွင်ကိုပဲ အပြစ်တင်လိုက်တော့' တဲ့" ရိဟန်က ရယ်လိုက်ပြီး စကားဆက်သည်။

"သူက ကျွန်တော့ကို မကြောက်ပါနဲ့လို့တောင် ပြောသေးတယ်, အဲ့ဒါက မကြာခင်ပြီးသွားပြီး သိပ်နာမှာ မဟုတ်ပါဘူးတဲ့"

ထျန်းယောင်ရဲ့ အမြဲတမ်း နူးညံ့သိမ်မွေ့သည့် အပေါ်ယံက အက်ကွဲသွားရသည်။ သူက ချက်ချင်းပင် တစ်ဖက်လှည့်သွားပြီး နံရံအား ဒေါသတကြီးဖြင့် နှစ်ချက်ထိုးလိုက်လေသည်။

4.12.2021

=========
Zawgyi

အခန္း(၉၇) - Sound the Alarm!

ရိဟန္က တစ္ခစ္ခစ္ရယ္သည္။

"တကယ္ပဲ" သူကသက္ျပင္းခ်ၿပီး စကားဆက္သည္။
"မမက အိမ္က ထြက္မလာခင္မွာ စားဖို႔ေမ့သြားတယ္ဆိုတာကို ယံုေတာင္ မယံုႏိုင္ဘူး"

ထ်န္းေယာင္ရဲ႔ မ်က္လံုးက ႏူးညံ့သြားေလသည္။ သူ႔အသံက အလြန္ေႏြးေထြးတာေၾကာင့္ ေျမျပင္ပူေႏြးလာတဲ့အခ်ိန္မွာ လိုက္ပါေႏြးေထြးတဲ့ ေႏြဦးရာသီရဲ႔ ေရကန္ေလးလိုမ်ိဳးပင္။ သူကေျပာလိုက္သည္။

"သူမက မင္းကိုစိတ္ပူေနတာေလ, တစ္စံုတစ္ေယာက္အတြက္ စိုုးရိမ္ပူပန္တယ္ဆိုတာက ဘာလဲဆိုတာ မင္းလည္းသိတာပဲ, ကိုယ္က သူမ ဗိုက္အဆာခံေနမွာပဲ စိုးရိမ္တာ"

ရိဟန္က ထိုတုန္႔ျပန္မႈေၾကာင့္ အလြန္ေက်နပ္သြားသည္။

"မမက အေသးစိတ္လုပ္တတ္ေပမယ့္ တစ္ခါတစ္ေလဆို သူ႔က်န္းမာေရးကို လံုးဝဂ႐ုမစိုက္တဲ့ပံုေပၚတယ္, အနာဂတ္မွာ မမကို အမွန္တကယ္ ခ်စ္ခင္ႏွစ္သက္ၿပီး ျပဳစုေစာင့္ေရွာက္ေပးမယ့္သူတစ္ေယာက္ကို ရွာေပးမွျဖစ္မွာ"

ထ်န္းေယာင္ရဲ႔ ေခ်ာေမြ႕တဲ့ မ်က္ႏွာျပင္ေပၚမွာ အနီေရာင္တစ္လႊာ ထြက္ေပၚလာရသည္။

"မင္းသူ႔ကိုရွာေတြ႕မွာပါ" သူကထစ္အအျဖင့္ ဆက္ေျပာ၏။
"သူမက အရမ္းကို ဂ႐ုစိုက္ခံရမွာ"

သူမသာငါ့ကို အခြင့္အေရးေပးရင္ေပါ့

ရိဟန္၏ ႏွလုံးသားသည္ ႐ႊင္ျမဴးစြာ ခုန္ေနသည္။

"ဒါေပမဲ့ မမကခံစားခ်က္ကို ထုတ္ေဖာ္ျပတဲ့ေနရာမွာ အရမ္းကို ေႏွးေကြးတဲ့ မိန္းကေလးတစ္ေယာက္ေလ" သူက အေတြးမ်ားကို တြန္းအားေပးေနရင္း ဆက္ေျပာသည္။

"ေယာက်ာ္းေလးဘက္က လံုလံုေလာက္ေလာက္ တက္ႂကြေနရမယ္, ထ်န္းေယာင္, ကၽြန္ေတာ္ထင္တာေတာ့ေလ လူတစ္ေယာက္က တစ္စံုတစ္ေယာက္ကို သေဘာက်ရင္ သတၱိရွိရွိနဲ႔ ေမးရဲရမယ္။ အဲဒါမွ ေနာင္တရတာကို ေရွာင္ႏိုင္လိမ့္မယ္ မဟုတ္လား?"

ထ်န္းေယာင္ရဲ႔ ႏွလံုးသားကေတာ့ ခုန္ေပါက္ၿပီး ကခုန္ေနေလၿပီ။

ဘုရားေရ, သူ႔ေယာက္ဖေလးက သူ႔ကို အားေပးေနတာလား? ရိဟန္က သူ႔ကို ဝန္ခံဖို႔ ေျပာေနတာလား? ဆိုလိုတာ ရိဟန္က သူ႔ကိုလက္ခံတာေပါ့? Oh, yeah!

သူအခု သူ႔နတ္ဘုရားမေလးရဲ႔ အခ်စ္ဆံုး ေမာင္ငယ္ေလး ျဖစ္ၿပီး ခ်စ္စရာအရမ္းေကာင္းတဲ့ ေယာက္ဖေသးေသးေလး ပိုင္ကို အႏိုင္ရသြားခဲ့ၿပီေပါ့..... ဆိုလိုတာသူအခု ေအာင္ေအာင္ျမင္ျမင္နဲ႔ ဝန္ခံႏိုင္ဖို႔အတြက္ နီးကပ္ေနၿပီ ဆိုတဲ့သေဘာပဲ....ခ်စ္ရတဲ့ အမ်ိဳးသမီးေလးနဲ႔ လက္ထပ္ခြင့္ရၿပီး သူ႔ဘဝရဲ႔ အျမင့္ဆံုးေန႔ရက္ေတြက အခုနီးစပ္ေနၿပီ! \(^▽^)/

ထ်န္းေယာင္ရဲ႔ စိတ္ထဲမွာ မီးရႉးမီးပန္းေတြ ပြင့္ေနေသာ္လည္း သူ႔မ်က္ႏွာေပၚကတစ္ခုတည္းေသာ အမူအယာကေတာ့ ရွက္ရြံ႔သည့္ အျပံဳးေလးတစ္ခုတည္းသာ။

"မင္းေျပာတာအရမ္းကိုမွန္တယ္ ရိဟန္, ကိုယ္လည္း အဲ့ဒီလိုပဲထင္တယ္"

ရိဟန္က သူ႔ကို အားေပးသည့္အျပံဳးေလး ျပံဳးျပသည္။ စိတ္ထဲမွာေတာ့ မေက်မနပ္ေျပာေနေလၿပီ။

ခင္ဗ်ားလည္း အဲ့ဒီလိုထင္တယ္ေပါ့ေလ? တကယ္ႀကီးလား? ေနာက္ဆံုးတစ္ေခါက္တုန္းကေတာ့ ဘယ္ေလာက္ေတာင္ ဝန္ခံဖို႔ သတၱိ မရွိလဲဆိုရင္ ေသတဲ့အထိပဲေလ! သူက ငါ့ထက္ေတာင္ သတၱိနည္းၿပီး သူရဲေဘာေၾကာင္ေသးတယ္... ငါဝန္ခံတုန္းက အေကာင္းဆံုးမဟုတ္ခဲ့ပဲ ရွံုးနိမ့္တာေတာင္ ျဖစ္သြားခဲ့ေပမယ့္ အနည္းဆံုးေတာ့ ငါ့ခံစားခ်က္ေတြကို ထုတ္ေျပာျဖစ္ခဲ့ေသးတယ္!

ထိုအေတြးေၾကာင့္ ရိဟန္သည္ သူ႔ကိုယ္သူ ပိုၿပီ သာလြန္တယ္ဟုပင္ ခံစားလိုက္ရသည္။ 

ခဏအၾကာတြင္....

တံခါးေနာက္မွာ ေျခသံမ်ား ေပၚလာသည္။ ရိဟန္က က်င္းယြမ္နဲ႔ရႊယ္ခ်င္းတို႔ ထမင္းစားၿပီး ျပန္လာတယ္ဟု ထင္လိုက္ေသာေၾကာင့္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လွမ္းၾကည့္လိုက္ေသာ္လည္း အရပ္ရွည္ရွည္နဲ႔ ရဲသားတစ္ေယာက္ လမ္းေလွ်ာက္ဝင္လာသည္ကိုသာ ျမင္လိုက္ရ၏။

ထ်န္းေယာင္က ေရွ႕ကိုေျခလွမ္းတိုးလိုက္ၿပီး လက္ဆြဲႏႈတ္ဆက္လိုက္ၾကသည္။ ထို႔ေနာက္သူက ရိဟန္ဘက္လွည့္လိုက္ၿပီး မိတ္ဆက္ေပးသည္။

"ဒါကSpecial Ops Team(SOP) က ေခါင္းေဆာင္ခ်န္က်င္း, သူကမေရမတြက္ႏိုင္တဲ့ ကိစၥႀကီးေတြကို ေျဖရွင္းၿပီးသြားၿပီ, ေခါင္းေဆာင္ခ်န္က မင္းရဲ႔ကိစၥမွာလည္း တာဝန္ခံတစ္ေယာက္ပဲ, သူပါဝင္ေပးတဲ့အတြက္ မင္းခံစားထားရတာေတြက ဘာမွမဟုတ္ဘူးဆိုတာ ျဖစ္မွာမဟုတ္ေတာ့ဘူး "

"ေက်းဇူးတင္ပါတယ္ ေခါင္းေဆာင္ခ်န္" ရိဟန္က ႏႈတ္ဆက္လိုက္သည္။

ခ်န္က်င္းရဲ႔ မ်က္ႏွာကေတာ့ ေအးစက္ၿပီး တင္းမာေနဆဲပင္။ သူက အရမ္းကို တင္းမာပံုေပၚတာေၾကာင့္ အလြယ္တကူ ခ်ဥ္းကပ္လို႔ရႏိုင္တဲ့ သူတစ္ေယာက္မဟုတ္ေလဘူး။ ၾကည့္ရတာသူက ခံရသူေၾကာက္လန္႔သြားမွာကို စိုးရြံ႔ေနပံုေပၚၿပီး အေတာ္ေလး အေနခက္သည့္ အျပံဳးတစ္ခု ျပံဳးျပလာၿပီး ေျပာလာ၏။

"ပိုင္သခင္ငယ္ေလး, အရမ္းႀကီးယဥ္ေက်းေနစရာ မလိုပါဘူး ဒါက က်ဳပ္ရဲ႔တာဝန္ပါပဲ"

သူ႔အသံကပင္ လူတစ္ေယာက္ကို ေအးစိမ့္မႈ ခံစားရေစႏိုင္သည္။

" ေက်းဇူးျပဳၿပီး ဘာေတြျဖစ္ခဲ့တာလဲ ဆိုတာကိုရွင္းျပေပးလို႔ရမလား?"

သူက တစ္ဖက္ကို တိုးေပးလိုက္၍ သူ႔ေနာက္ကလူကို ေဖာ္ျပလာသည္။ တကယ္ေတာ့ သူနဲ႔အတူ ရဲႏွစ္ေယာက္ပါ ေခၚလာတာျဖစ္ေသာ္လည္း သူ႔ခႏာၱကိုယ္က အလြန္ႀကီးမားေနတာေၾကာင့္ လူႏွစ္ေယာက္လံုးအား ျမင္ကြင္းကေန ဖံုးကြယ္ထားျခင္းပင္။

ရိဟန္က စကားေျပာဖို႔ ျပင္လိုက္တဲ့အခ်ိန္မွာပဲ ေခါင္းေဆာင္ခ်န္ရဲ႔ေနာက္က ရဲသားတစ္ေယာက္ကို ႐ုတ္တရက္ အာရံုစိုက္မိသြားသည္။ သူ႔တစ္ကိုယ္လံုးက ေအးခဲသြားေတာ့၏ သူ႔မ်က္လံုးမ်ားကျပဳးက်ယ္ေနၿပီး သူ႔အၾကည့္ကေတာ့ ထိုလူဆီသာ တည့္တည့္က်ေရာက္ေနသည္။

"ဒါက ဖန္းရီ" ထ်န္းေယာင္က အလ်င္စလို ေျပာသည္။

"အရာရွိဖန္းက ေခါင္းေဆာင္ခ်န္ရဲ႔ လက္ေထာက္ပါ, အဲ့ဒီလိုေျပာမွ သူက မင္းရဲ႔ ကယ္တင္ရွင္ေလ, တာယာေပၚမွာ ပုန္းကြယ္ေနတဲ့ သဲလြန္စကို သူရွာေတြ႕သြားတဲ့အတြက္ ေက်းဇူးတင္ရမွာ, အဲ့ဒါေၾကာင့္သာ ကိုယ္တို႔မင္းကို ဒီေလာက္ျမန္ျမန္ရွာႏိုင္ခဲ့တာ, အကယ္၍ ကိုယ္တို႔သာ နည္းနည္းေလာက္ ေနာက္က်သြားခဲ့ရင္...."

"အကယ္၍ ေျခတစ္လွမ္းေလာက္ ေနာက္က်သြားတာနဲ႔ ကၽြန္ေတာ့လည္ပင္းလည္း ျပတ္သြားေလာက္ၿပီ" ရိဟန္က ဗလာျဖစ္စြာျဖင့္ ေျပာလာၿပီး သူ႔မ်က္လံုးမ်ားကေတာ့ ဖန္းရီကိုသာ စိုက္ၾကည့္ေနဆဲပင္။

"အဲ့ဒီေတာ့ ခင္ဗ်ားနာမည္က ဖန္းရီေပါ့" သူကတိုးတိုးေလး ေရရြတ္လာ၏။

ထ်န္းေယာင္နဲ႔ ေခါင္းေဆာင္ခ်န္တို႔ အၾကည့္ခ်င္းဖလွယ္မိၾကသည္။

 ရိဟန္တစ္ေယာက္ တစ္ခုခုျဖစ္ေနတယ္

"ေခါင္းေဆာင္ခ်န္တို႔ ေရာက္ေနၿပီလား? ေတာင္းပန္ပါတယ္ဗ်ာ" က်င္းယြမ္ရဲ႔ အသံက တံခါးဝကေန ထြက္ေပၚလာသည္။ သူနဲ႔ရႊယ္ခ်င္းတို႔က ရဲသားမ်ား ေရာက္လာၿပီးတာနဲ႔ ျပန္ေရာက္လာျခင္းပင္။

က်င္းယြမ္က အခန္ထဲကို ေလွ်ာက္ဝင္လာၿပီး ရဲသားမ်ားအား ေခါင္းညိတ္ႏႈတ္ဆက္ၿပီးေနာက္ ရိဟန္ရဲ႔ ကုတင္ရွိရာသို႔သာ တည့္တည့္ေလွ်ာက္သြားလိုက္သည္။ ထို႔ေနာက္သူ႔လက္က လူငယ္ေလးရဲ႔ ပုခံုးေပၚကို ညင္သာစြာ က်ေရာက္သြားသည္။

"ဘာျဖစ္လို႔လဲ?" သူကေမးလိုက္သည္။

ရိဟန္က ေၾကာင္ေငးေငးျဖစ္ေနရာမွာ သတိျပန္ဝင္လာၿပီ က်င္းယြမ္အာ လွည့္ၾကည့္လာသည္။ ထို႔ေနာက္ ေခါင္းကိုခါယမ္းကာ သူ႔ပုခံုးေပၚက လက္အား တိတ္တဆိတ္ ဆုပ္ကိုင္ထားလိုက္၏။ ထိုစဥ္တုန္းကသူ႔ ေသခါနီးဆႏၵကို ၾကားခဲ့တဲ့ ရဲသားေလးအား ျပန္ေတြ႕ရမယ္လို႔ သူဘယ္ေတာ့မွ မထင္ထားခဲ့မိဘူး။ ကမာၻႀကီးက က်ဥ္းက်ဥ္းေလးပါလား

သူအဲ့ဒါကို ရွင္းရွင္းလင္းလင္း မွတ္မိေနေသးတယ္, ဖုန္းခၽြင္နဲ႔ တစ္ျခားလူႏွစ္ေယာက္ကို သူသတ္ၿပီးတဲ့အခ်ိန္မွာ ရဲေတြကို ေခၚလိုက္ၿပီး အဖမ္းခံခဲ့သည္။ သူတို႔က ျမန္ဆန္စြာ လႈပ္ရွားၾကၿပီး ဂိုေဒါင္ထဲကို အရင္ဆံုးဝင္လာတဲ့သူက ဖန္းရီျဖစ္ကာ ထိုစဥ္ကေတာ့ ရိဟန္သည္ သူ႔နာမည္ကို မသိခဲ့ေပ။

ဖန္းရီက အဲ့ဒီတုန္းက ဒီအတိုင္း ရဲသားေလးတစ္ေယာက္ မဟုတ္ဘူး.... တစ္ျခားအရာရွိေတြကသူ႔ကို ေခါင္းေဆာင္ဖန္းလို႔ ေခၚတာကို ၾကားခဲ့ရသည္ေလ။

အဲ့ဒီလူက သူျဖစ္ေနတဲ့ အေျခအေနကို ျမင္တဲ့အခ်ိန္မွာ တစ္ျခားသူေတြ ဝင္လာမွာကို တားဆီးခဲ့တယ္ အဲ့ဒီလူက သူ႔ဆီကို သနားတဲ့ မ်က္လံုးေတြနဲ႔သာ တည့္တည့္ေလွ်ာက္လာခဲ့တာ.... အဲ့ဒီေတာက္ပတဲ့ မ်က္လံုးေတြထဲမွာ အထင္အျမင္ေသးမႈ နည္းနည္းေလးေတာင္ ရွိမေနခဲ့ဘူး...

အဲ့ဒီလူက သူစကားေတြကို စိတ္ရွည္လက္ရွည္နဲ႔ နားေထာင္ေပးခဲ့တယ္ ၿပီးေတာ့ ေသဒဏ္ေပးမခံရေအာင္ ကိုယ့္ကိုကိုယ္ ခုခံကာကြယ္မႈနဲ႔ အယူခံဝင္ေပးပါ့မယ္ဆိုၿပီးလည္း ေျပာခဲ့တယ္, ကံမေကာင္းတာက သူကိုယ္တိုင္က အဲ့ဒီလိုမ်ိဳး ရဲသားႀကီးကို အဆံုးစြန္ထိ စြန္႔လႊတ္ပစ္ခဲ့တာ

အရာရွိက စိုးရိမ္ေသာက အထြတ္အထိပ္ ေရာက္ေနတာကိုျမင္တာေၾကာင့္ အဲ့ဒီလူကို သူတိုက္ခိုက္ခ်င္ေယာင္ေဆာင္လိုက္တယ္...အဲ့ဒီအတြက္ အရာရွိကသူ႔ကို ေသေအာင္ ပစ္သတ္လိုက္ရတာ

အဲ့ဒီတုန္းက ဖန္းရီရဲ႔ မ်က္ႏွာေပၚက ခံစားခ်က္အေျပာင္းအလဲေတြကို သူအခုထိ မွတ္မိေနေသးတယ္

ထိတ္လန္႔မႈ၊ ေဒါသ၊ သနားမႈေတြ...

ဒီလူက လူေကာင္တစ္ေယာက္ပဲ.... ဒီလူက သူ႔မိသားစုဆီကို သူေျပာခိုင္းတဲ့ ေတာင္းပန္မႈေတြကို တစ္ဆင့္ေျပာေပးမယ္ ဆိုတာ ရိဟန္ ယံုၾကည္တယ္

အဲ့ဒီလူက သူ႔စကားအတိုင္းလုပ္ေပးၿပီး သူ႔မိသားစုအရွက္မရေစဖို႔အတြက္ သူ႔အေၾကာင္းကို အမ်ားျပည္သူဆီ ထုတ္မျပခဲ့ဘူး...သူ႔အရင္ဘဝတုန္းက သူေက်းဇူးတင္မိေၾကာင္း ခံစားမိတဲ့ ေနာက္ဆံုးလူက ဖန္းရီပဲ

"ေက်းဇူးတင္ပါတယ္ အရာရွိဖန္း" ရိဟန္က ထိုလူအား စိတ္ရင္းမွန္လွစြာျဖင့္ ႏူးႏူးညံ့ညံ့ေျပာလိုက္သည္။

ထိုေလးနက္လွတဲ့ ေက်းဇူးတင္စကားေၾကာင့္ ဖန္းရီမွာ ထိတ္လန္႔သြားမိၿပီး အလ်င္စလို လက္ေဝွ႕ယမ္းျပရင္း ေျပာလာသည္။

"ပိုင္သခင္ေလး အရမ္းႀကီး ယဥ္ေက်းေနစရာ မလိုပါဘူး, ကၽြန္ေတာ္က နည္းနည္းပဲ ကူညီေပးခဲ့တာပါ ၿပီးေတာ့ဒါက ကၽြန္ေတာ့တာဝန္ပဲေလ, အဲ့ဒီ 'ကယ္တင္ရွင္' ဆိုတဲ့ ေခါင္းစဥ္ႀကီးကို တကယ္ပဲ လက္မခံႏိုင္ပါဘူးဗ်ာ"

ဒါက ဒ႑ာရီလာ မာနေထာင္လႊားလြန္းတဲ့ ကေလး ပိုင္သခင္ေလးမွ ဟုတ္ရဲ႔လား? ေကာလဟာလေတြက တကယ့္ကို မယံုရဘူးပဲ, ဒီလူငယ္ေလးက မယံုႏိုင္ေလာက္ေအာင္ ခ်စ္ဖို႔ေကာင္းတဲ့ လိမ္မာတဲ့ ကေလးေလးဆိုတာ အသိသာႀကီးဟာကို! ပိုင္သခင္ေလးအေနနဲ႔ သူ႔ကိုခ်စ္ခင္မယ့္လူေထာင္ေပါင္းမ်ားစြာ ရွိေနတာေတာင္ သူ႔ကိုယ္သူ သာလြန္တယ္ဆိုၿပီး အထင္ႀကီးမေနဘူး... သူလိုမ်ိဳး သာမာန္ရဲသားေလး တစ္ေယာက္ကို စကားေျပာတဲ့ အခ်ိန္မွာေတာင္ ဒီကေလးက အရမ္းယဥ္ေက်းတယ္.... သူ႔ကိုအတၱႀကီးတဲ့ လူဆိုးေလးတစ္ေယာက္လို႔ စြပ္စြဲၾကတဲ့သူေတြ အကုန္လံုးက ကန္းေနတာမ်ားလား? မဟုတ္ဘူး, အဲ့ဒါက မနာလိုတာျဖစ္လိမ့္မယ္! ဒါပဲေလ! ဟား....ဒီေခတ္လူေတြက အရမ္းကို စက္ဆုပ္ဖို႔ေကာင္းတာပဲ

က်င္းယြမ္သည္ သူဒီအခိုက္အတန္႔မွာ အလြန္႔အလြန္ မနာလိုျဖစ္ေနမိသည္အား ဘယ္ေတာ့မွ ဝန္ခံမွာမဟုတ္ေပ။ 

သူ႔ခ်စ္သူက ဒီရဲအရာရွိအေပၚမွာ အရမ္းေကာင္းလြန္းေနတယ္! အဲ့ဒီမ်က္လံုးေတြကို ၾကည့္စမ္းပါဦး! အရမ္းကိုညင္သာၿပီး ေႏြးေထြးေနလိုက္တာ! သူ႔အသံကို နားေထာင္ၾကည့္ပါဦး! စကားေတြက အရမ္းကို စိတ္ရင္းမွန္ေနလိုက္တာ! တကယ့္ကိုပဲ ဒီရဲသားကလည္း အရမ္းေခ်ာေမာလြန္းေနတယ္! အခ်က္ေပးသံပဲ! သူတို႔ႏွစ္ေယာက္ရဲ႔ ဆက္ဆံေရးကို အသိမိတ္ေဆြအျဖစ္ကေန ထပ္တိုးခြင့္ေပးလို႔ မျဖစ္ဘူး!

က်င္းယြမ္ရဲ႔ စိတ္ထဲမွာျငဴစူမႈနဲ႔ ေဒါသတရားမ်ား ျပည့္ႏွက္လာေသာ္လည္း အျပင္ဘက္မွာေတာ့ သူ႔ပံုစံက တည္ၿငိမ္ၿပီး ေလးနက္ေနဆဲပင္။

"ခင္ဗ်ားက အရမ္းၾကင္နာလြန္းေနပါၿပီ အရာရွိဖန္း, ဟန္ဟန္ေျပာတာမွန္တယ္, အကယ္၍ ခင္ဗ်ားသာ ဦးေဆာင္ၿပီး ရွာမေတြ႕ခဲ့ရင္ က်ဳပ္တို႔ ေျခတစ္လွမ္း ေနာက္က်ေနခဲ့မွာ, အဲ့ဒီအခါ ဘာျဖစ္သြားမလဲ ဆိုတာ က်ဳပ္တို႔ေတြ စဥ္စားၾကည့္ဖို႔ေတာင္ လိုမွာမဟုတ္ဘူး, ခင္ဗ်ားက ကိုယ့္အလုပ္ကိုယ္လုပ္ခဲ့တယ္ ဆိုရင္ေတာင္ ခင္ဗ်ားေၾကာင့္ က်ဳပ္တို႔ အဲ့ဒီကံၾကမၼာႀကီးကေန ကယ္တင္ ခံလိုက္ရတာကို မေမ့ႏိုင္ပါဘူး, ခင္ဗ်ားက ဟန္ဟန္ကို ကယ္တင္ခဲ့တာပဲ, က်ဳပ္, မုက်င္းယြမ္က အဲ့ဒီအတြက္ ခင္ဗ်ားအေပၚမွာ ႀကီးမားတဲ့ အေႂကြးတစ္ခု တင္ေနပါၿပီဗ်ာ, အနာဂတ္မွာ တစ္ခုခုလိုအပ္တာနဲ႔ က်ဴပ္ဆီလာၿပီး အကူအညီေတာင္းႏိုင္ပါတယ္"

ဖန္းရီရဲ႔လက္ကေတာ့ ထိတ္လန္႔တၾကား ျငင္းပယ္ျခင္း၏ လကၡဏာအျဖစ္ သူ႔ေရွ႕မွာ လ်င္ျမန္စြာ လႈပ္ရမ္းလာရသည္။

ခ်န္က်င္းက ဖန္းရီအား တစ္ခ်က္လွည့္ၾကည့္လိုက္သည္။ 

ပိုင္သခင္ေလးရဲ႔ ကယ္တင္ရွင္ဆိုတဲ့ ေခါင္းစဥ္နဲ႔ ဒီေကာင္စုတ္ေလးက လွဳပ္ရွားမႈ တစ္ခ်က္ေလးနဲ႔တင္ ထိပ္ဆံုးေရာက္သြားခဲ့တာပဲ.... ဒီအေနအထားမွာ ရွိေနတဲ့ တစ္စံုတစ္ေယာက္က ဒီလိုမ်ိဳး တည္ၿငိမ္ၿပီး ႏွိမ့္ခ်ေနတာကို ျမင္ရတာ ဘယ္ေလာက္ေတာင္ ရွားပါးလိုက္လဲ... ဒီလူငယ္ေလးရဲ႔ ကိုယ္ကိုကိုယ္ တန္ဖိုးထားမွဳ မာနက နိမ့္မက်သြားဘူး....သူက အလ်င္စလိုေတြ ျဖစ္မေနသလို ေထာင္လႊားမႈလည္း ရွိမလာဘူး, ဒီလူက တကယ့္ကို အလားအလာေကာင္းေတြ ရွိတာပဲ!

နတ္ဘုရားမ်ားက လူသားမ်ား(က်င္းယြမ္)ရဲ႔ဆႏၵကို ဘယ္ေတာ့မွ နားမေထာင္ေပ။ ေအးစက္လွတဲ့ စိတ္ထားနဲ႔ ေမြးဖြားလာသူ ခ်န္က်င္းနဲ႔ယွဥ္ပါက ရိဟန္သည္ ရွင္းရွင္းလင္းလင္းကို ဖန္းရီအား ပိုၿပီးနီးစပ္လွသည္။ 

သူလုပ္ႏိုင္တဲ့အရာ ဘာမွမရွိဘူး

သူ႔အေနနဲ႔ ေမးခြန္းမ်ား ေမးျမန္းေစႏိုင္ရန္ ဖန္းရီအား ေနရာဖယ္ေပးလိုက္ၿပီး ရိဟန္ေဘးမွာ ထိုင္ခြင့္ျပဳလိုက္ရသည္။ သူထင္ထားသလိုပင္ ရိဟန္က ရဲအရာရွိငယ္ေလး ေမးျမန္းတဲ့အခ်ိန္မွာ ပိုၿပီးသက္ေတာင့္သက္သာရွိေနသည္။ ထိုျပန္ေပးဆြဲခံရမႈအား ျပန္ေတြးၿပီးေျပာျပေနတဲ့အခ်ိန္မွာ ထိတ္လန္႔တာတို႔ စိတ္ဓာတ္က်ဆင္းမႈတို႔ပင္ ရွိမေန။

ဒါက သတင္းေကာင္းဆိုေပမယ့္ က်င္းယြမ္ကေတာ့ သဝန္တိုစိတ္မ်ား ႀကီးထြားလာရသည္။ သူ႔မ်က္ႏွာေပၚက အသြင္အျပင္ကို 'မႏွစ္ၿမိဳ႔ျခင္း' လို႔ေဖာ္ျပဖို႔ရန္ပင္ ေႏွာင့္ေႏွးစရာ မလိုအပ္ေတာ့ေပ။

ထိုတစ္ခ်ိန္လံုးမွာ ခ်န္က်င္းကေဘးမွာသာ ထိုင္ေနသည္။ ပိုင္မိသားစုနဲ႔ မုမိသားစုက ေသြးခ်င္းမိသားစုမ်ားလို ရင္းႏွီးတယ္ဟု လူတိုင္းေျပာၾကသည္။ သူကေတာ့ အဲ့ဒါမွန္တယ္လို႔ ေတြးမိသည္။ ပိုင္ရိဟန္ဆီမွာ တစ္စံုတစ္ရာ ျဖစ္လာတဲ့အခ်ိန္ မုက်င္းယြမ္က ရိဟန္ရဲ႔ အကိုအရင္းထက္ပင္ ျမန္ဆန္စြာနဲ႔ အေျပးအလႊားသြားသည္။ ထိုလူက တစ္ျခားသူမ်ားအားလံုးထက္လည္း ရဲရင့္သည္။ သူက သူ႔လံုျခံဳေရးကိုပင္ ဂ႐ုမစိုက္ပဲ ပိုင္ရိဟန္ကို သြားကယ္တဲ့ ပထမဆံုးလူပင္။

အခုေတာ့ ထိုလူငယ္ေလး ၾကံဳေတြ႕ရတဲ့ အေၾကာင္းမ်ားကို ၾကားရံုနဲ႔ အၿမဲတမ္း တည္ၾကည္လွတယ္လို႔ ေခၚၾကေသာ Mr မုက သူ႔ခံစားခ်က္ေတြကိုထိန္းခ်ဳပ္ႏိုင္စြမ္း မရွိေတာ့ဘူးေလ။ အဲ့ဒီ မၾကည္မသာ ျဖစ္ေနတဲ့ အမူအယာကိုၾကည့္စမ္းပါဦး... သူက ပိုင္မိသားစုကို ဘယ္ေလာက္ေတာင္ သစၥာရွိလဲ ဆိုတာက ေန႔တစ္ခုလိုပဲ ရွင္းလင္းလွတယ္....အဲ့ဒီလိုအရာမ်ဳိးက ေခြးကေခြးကိုစားတဲ့ ခ်မ္းသာတဲ့ ကမာၻမ်ိဳးမွာမေျပာနဲ႔ သာမာန္အိမ္ တစ္ခုမွာေတာင္ ေတြ႕ျမင္ဖို႔ ရွားပါးလွတယ္

ရိဟန္ရဲ႔ ရွင္းျပခ်က္ၿပီးေနာက္မွာ ဖန္းရီက စိတ္ရႈပ္ေထြးစြာျဖင့္ ေမးလာသည္။

"ဘာလို႔ဖုန္းခၽြင္က ခင္ဗ်ားကို အခ်က္အလက္ေတြ အမ်ားႀကီးေျပာျပရတာလဲ?"

"ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔က ကၽြန္ေတာ့ကို အသက္ရွင္ရက္ လႊတ္ေပးဖို႔အတြက္ ဘယ္တုန္းကမွ မစီစဥ္ထားလို႔ေလ" ရိဟန္က ခါးသက္သက္အျပံဳးျဖင့္ ျပန္ေျဖသည္။

"သူတို႔ရဲ႔ ပန္းတိုင္က ကၽြန္ေတာ့ကို သတ္ဖို႔ပဲ ျဖစ္ေနခဲ့တာ, လူေသတစ္ေယာက္က ဘယ္ေလာက္ပဲ မ်ားမ်ားသိေနပါေစ ဘယ္သူ႔ကိုမွ ေျပာႏိုင္မွာမဟုတ္ဘူး"

"အဲ့ဒါက အဓိပၸာယ္မရွိဘူး" ခ်န္က်င္းက ထေအာ္သည္။

"သူတို႔ရဲ႔ ရည္ရြယ္ခ်က္က မင္းကိုသတ္ဖို႔ဆိုရင္ ဘာလို႔ေစာေစာ မသတ္ခဲ့တာလဲ, မင္းကို အေရွ႕ဘက္ ၿမိဳ႔စြန္ထိ ေခၚသြားဖို႔အတြက္ ဘာျဖစ္လို႔ ႀကိဳးပမ္းခဲ့တာလဲ? ဘာလို႔ မင္းကိုကယ္ဖို႔အတြက္ ငါတို႔ကို အခ်ိန္အမ်ားႀကီး ေပးခဲ့တာလဲ?အဲဒါက ယုတၱိမတန္ဘူ"

ရိဟန္က သူ႔ေအာက္ႏွဳတ္ခမ္းေလးကို ကိုက္လိုက္ၿပီး သူ႔လက္ကေတာ့ က်င္းယြမ္အား ပိုမိုတင္းၾကပ္စြာ ဆုပ္ကိုင္လိုက္သည္။

"သူတို႔က ကၽြန္ေတာ့ကို ကားေပၚမွာပဲ သတ္ဖို႔ စီစဥ္ထားခဲ့တာ" သူက ျဖည္းၫွင္းစြာျဖင့္ စကားစလာသည္။

"ဖုန္းခၽြင္က သူတို႔ကိုတားခဲ့တယ္, သူက.... ကၽြန္ေတာ္တို႔ၾကားမွာ ကိစၥတစ္ခ်ိဳ႔ ရွိခဲ့တယ္, သူက ကၽြန္ေတာ့ကို နာက်င္မႈမရွိပဲ မေသေစခ်င္ဘူး, အဲ့ဒါေၾကာင့္ ကၽြန္ေတာ့ကို နည္းနည္းေလာက္ပိုၿပီး ႏွိပ္စက္ဖို႔အတြက္ အဲ့ဒီကိုေခၚသြားခဲ့တာ"

ဖန္းရီသည္ ရိဟန္အား ေတြ႕တုန္းက ဒဏ္ရာမ်ားနဲ႔ အခန္း အေျခအေနအား ျပန္စဥ္းစားမိသြားသည္။ သနားၾကင္နာမႈမ်ား သူ႔ဆီယိုဖိတ္လာေတာ့၏။

ဒါေပမဲ့....႐ုတ္တရက္, သူ႔တစ္ကိုယ္လံုး တုန္ယင္လာရသည္။ သူက ေအးစက္မႈရဲ႔ ျမစ္ဖ်ားခံရာအား လွည့္ပတ္ၾကည့္လိုက္ေသာအခါ က်င္းယြမ္ရဲ႔ မ်က္လံုးမ်ားနဲ႔ တည့္တည့္တိုးေလသည္။ ထိုအခိုက္အတန္႔ေလးက သူ႔အား ေၾကာက္လန္႔သြားေစသည္။

တစ္ဖက္လူက သူ႔ကို အခုပဲ ေနရာမွာတင္ ေဖာက္ခြဲပစ္ေတာ့မလို ၾကည့္ေနသည္ေလ။ ထိုလူရဲ႔ ခႏာၱကိုယ္က ေဒါသတိမ္တိုက္မည္းေတြကို ဆက္ၿပီး ထိန္းမထားႏိ္ုင္ေတာ့ဘူး။ သူ႔ေမးေၾကာက တင္းမာေနၿပီး သူ႔မ်က္လံုးေတြက မိုးသီးမိုးခဲတစ္ခုလို ေအးစက္ၿပီး စူးရွလြန္းေနတယ္.... သူ႔မ်က္ႏွာကလည္း အဆံုးစြန္ထိ ေအးခဲေနခဲ့ၿပီ....ၾကည့္ရတာ သူ႔ပုံစံက ဒဏ္ရာရ နတ္ဆိုးက လက္တုန္႔ျပန္ဖို႔ ျပင္ေနသလိုမ်ိဳး ေရခဲအလႊာနဲ႔ ဖံုးလႊမ္းေနပံုေပၚေနတယ္။

ဖန္းရီက ေျခာက္ကပ္ကပ္ ရပ္လိုက္ၿပီး အေနခက္စြာ မွတ္ခ်က္ခ်သည္။

"အဲ့ဒီဖုန္းခၽြင္ရဲ႔စိတ္က ေသခ်ာေပါက္ လိမ္ေကာက္ေနတာ ေသခ်ာတယ္, ဆိုလိုတာ ဒီေနာက္ကြယ္မွာ ခ်ဳပ္ကိုင္ထားသူ ေနာက္တစ္ေယာက္ ရွိေနတယ္ဆိုတဲ့ သေဘာေပါ့, ဖုန္းခၽြင္က ဒီအတိုင္း ေအာက္ဆြဲတစ္ေယာက္ပဲ"

"သူက စြန္႔ပစ္ခံထားရတဲ့ သားတစ္ေယာက္လည္း ျဖစ္ေနတယ္" ခ်န္က်င္းက ေျပာလာသည္။

"ၾကည့္ရတာ 'အဲ့ဒီလူ'က သူတို႔စကားကို တည္ဖို႔အတြက္ ရည္ရြယ္ထားပံုမေပၚဘူး, ပိုင္သခင္ေလးဆီမွာ တစ္ခုခုျဖစ္သြားတဲ့ အခ်ိန္မွာပဲ သက္ေသေတြအားလံုးက ဖုန္းခၽြင္တစ္ေယာက္တည္းကို ၫႊန္ျပေနတာ, သူကဒီအတိုင္း ခုတံုးလုပ္ခံလိုက္ရတာ"

"ဒါေပမဲ့အဲ့ဒါက သူ႔ရဲ႔ ေကာက္က်စ္မႈေၾကာင့္ပဲေလ" ဖန္းရီက စကားဆက္သည္။
"အဲဒါက ပိုင္သခင္ေလးကို လြတ္ေျမာက္ေစႏိုင္ခဲ့တယ္, အဲ့ဒါေၾကာင့္ပဲ ေနာက္ကြယ္ကလူရဲ႔တည္ရွိမႈက ကၽြန္ေတာ္တို႔ဆီမွာ ေပၚေပါက္လာခဲ့တာ"

"အဲ့ဒီျပန္ေပးဆြဲတဲ့သူေတြကို စံုစမ္းစစ္ေဆးတာကေရာ ဘယ္လိုေနလဲ?" က်င္းယြမ္က ေမးလာၿပီး သူ႔အသံကေတာ့ ေအးစက္ေနဆဲပင္။

"အဲ့ဒါက သိပ္အဆင္မေျပေသးဘူး, ဖုန္းခၽြင္က ဒဏ္ရာေတြေၾကာင့္ ေမ့ေျမာေနတုန္းပဲ, တစ္ျခားေလးေယာက္ကလည္း ေနာက္ကြယ္မွာ ဖုန္းခၽြင္တစ္ေယာက္တည္း ရွိတာပါဆိုၿပီး ဆက္တိုက္ေျပာေနတယ္, သူတို႔ေတြကဒီအတိုင္း ေငြေပးထားတဲ့ေၾကးစားေတြ သက္သက္ပဲ, ျပန္ေပးဆြဲမႈ တစ္ခုလံုးက ဖုန္းခၽြင္နဲ႔ ပိုင္သခင္ေလးတို႔ၾကားက ရန္ႃငွိဳးေၾကာင့္ပါတဲ့"

"သူတို႔ဆီမွာ ရာဇဝတ္မႈ မွတ္တမ္းေတြလည္း ရွိေနပံုရတယ္" ရိဟန္က ၾကားျဖတ္ေျပာလိုက္သည္။

"အမွန္ပဲ" ေခါင္းေဆာင္ခ်န္က ျပန္ေျဖသည္။

"မင္းဘယ္လိုသိတာလဲ?"

"ဖုန္းခၽြင္က ကၽြန္ေတာ့ကန္ခ်က္ေၾကာင့္ လဲသြားတဲ့အခ်ိန္မွာ အရွက္ခြဲခံရမႈကေန ေဒါသေပါက္ကြဲသြားခဲ့တယ္, သူက ေရွာင္းဆိုတဲ့လူကို ကၽြန္ေတာ့ကိုသတ္ဖို႔ အမိန္႔ေပးခဲ့တာ,အဲ့ဒီလူရဲ႔ စိတ္က တစ္ခုုခုေတာ့ ေျပာင္းလဲေနပံုရတယ္ သူေျပာတာက 'ေဟး, ညီေလး ငါတို႔ကို ရက္စက္တယ္လို႔ မထင္နဲ႔, ငါတို႔က မင္းအေပၚမွာ အာဃာတေတာ့ မရွိေပမယ့္ ငါတို႔အားလံုးက ဥပေဒကို ခ်ိဳးေဖာက္ထားၿပီး ပိုက္ဆံလည္း မရွိၾကဘူး, ဒါကို လုပ္ရံုကလြဲလို႔ငါတို႔မွာ ေရြးခ်ယ္စရာ မရွိေတာ့ဘူး, မင္းတစ္ဖက္ကို ေရာက္သြားရင္ ငါတို႔ကို အျပစ္မတင္ပါနဲ႔, မင္းကိုတကယ္ေသေစခ်င္ေနတဲ့ အဲ့ဒီလူနဲ႔ ဒီႏွာဘူးေကာင္ ဖုန္းခၽြင္ကိုပဲ အျပစ္တင္လိုက္ေတာ့' တဲ့" ရိဟန္က ရယ္လိုက္ၿပီး စကားဆက္သည္။

"သူက ကၽြန္ေတာ့ကို မေၾကာက္ပါနဲ႔လို႔ေတာင္ ေျပာေသးတယ္, အဲ့ဒါက မၾကာခင္ၿပီးသြားၿပီး သိပ္နာမွာ မဟုတ္ပါဘူးတဲ့"

ထ်န္းေယာင္ရဲ႔ အၿမဲတမ္း ႏူးညံ့သိမ္ေမြ႕သည့္ အေပၚယံက အက္ကြဲသြားရသည္။ သူက ခ်က္ခ်င္းပင္ တစ္ဖက္လွည့္သြားျပီး နံရံအား ေဒါသတႀကီးျဖင့္ ႏွစ္ခ်က္ထိုးလိုက္ေလသည္။

4.12.2021

=========

Continue Reading

You'll Also Like

60.8K 8.2K 8
အခုတေလာ ငါ့ရဲ႕ငယ္သူငယ္ခ်င္းက အရမ္းကိုဒြိဟျဖစ္ေစတဲ့ လကၡဏာေတြျပေနတယ္။ သူ ငါ့ကိုေဂးသြားေအာင္ႀကိဳးစားေနတာလား..? အခုတလော ငါ့ရဲ့ငယ်သူငယ်ချင်းက အရမ်းကိုဒွိ...
601K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
1.3M 195K 144
မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တုိက္ခိုက္ျခင္းအားခံရသည္။ ML ရဲ႔ညီငယ္ေလးပဲ...
217K 5.3K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်