(Completed) Reborn as a good...

By Xiao_Yiii

1.9M 298K 9K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《96》

12.9K 1.9K 42
By Xiao_Yiii

Unicode

အခန်း(၉၆) - ခေါင်းမာတဲ့ မာနခဲလေး

အမေက ရွှယ်ချင်းစကားကို ခေါင်းညိတ်ထောက်ခံသည်။ အကျဉ်းချုံးသုံးသပ်ပြီးနောက်မှာတော့ သူမက ဝမ်းနည်းနေသည့် ပုံစံဖြင့် ပြောလာ၏။

"ဒီလိုဆိုမှတော့ ဟန်ဟန်ပြန်ကောင်းလာတဲ့ အခါကျရင် သူသိခဲ့ရတဲ့ ပြီးပြည့်စုံတဲ့ အချစ်ဆိုတာ အလိမ်အညာတစ်ခုပဲ ဆိုတာကို သိသွားပါလိမ့်မယ်, အရာအားလုံးက ဘာမှမဟုတ်ဘူး ဆိုတာကိုပေါ့, ဒါဆိုသူအရမ်း နာကျင်ရမှာ, ငါ့ကလေးလေး, ဘာလို့များ ငါသူ့နေရာမှာ အစားနာကျင်ပေးလို့မရပါလိမ့်?"

ရွှယ်ချင်း: "..."

ဒါဆိုဘာလုပ်ချင်တာလဲ?

စင်္ကြန်လမ်း၏ ထောင့်တစ်နေရာမှာ အန်တီယန်းက သူမရဲ့ မျက်လုံးထဲက မျက်ရည်များအား ပုတ်ထုတ်ဖယ်ရှားလိုက်သည်။

"ငါ့ရဲ့သနားစရာ သခင်ငယ်လေး, အမာစာတွေ စားလို့ရတာနဲ့ အန်တီက သားလေး မြန်မြန်ပြန်ကောင်းလာအောင် စားသောက်ပွဲကြီးတစ်ခု ချက်ပေးပါ့မယ်, Mr မုကလည်း သေချာပေါက် သဘောတူမှာပဲ, ဒီလိုချစ်စရာကောင်းတဲ့ သခင်ငယ်လေးကို ဘယ်သူကများ ဝမ်းနည်းပြီး နာကျင်စေရက်မှာလဲ? Mr မုက သခင်ငယ်လေးကို ဒီလောက်ချစ်တဲ့ဟာ သူ့ကိုကယ်တင်ပေးမှာပဲ ဟုတ်တယ်မှတ်လား?"

***

ရိဟန်နိုးလာတဲ့အချိန်မှာ ကျင်းယွမ်က သူ့ကိုငေးစိုက်ကြည့်ရင်း အာရုံလွင့်နေသည်။ ရိဟန်မျက်လုံးပွင့်လာတာကို နားလည်လိုက်သောအခါ ကျင်းယွမ်ရဲ့ ယခင်က ဗလာဖြစ်နေသော မျက်နှာပေါ်တွင် နွေးထွေးတဲ့အပြုံးတစ်ခု ချက်ချင်းဖြစ်ပေါ်လာပြီး သူ့နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်၏။

"နိုးလာပြီလား, ဘယ်လိုနေသေးလဲ?" ကျင်းယွမ်က နူးနူးညံ့ညံ့မေးသည်။
"ကောင်းကောင်းအိပ်ပျော်ရဲ့လား?"

"အရမ်းကောင်းတယ်, တစ်ခါမှ ဒီလောက်ထိ တည်ငြိမ်အေးချမ်းတာကို မခံစားခဲ့ရဘူး" ရိဟန်က ပြန်ဖြေသည်။

သူ့နှုတ်ခမ်းပေါ်က အပြုံးလေးက ပါးချိုင့်နှစ်ခုအား ခွက်နေအောင် ဖြစ်ပေါ်နေစေ၏။ သူက လက်မြှောက်လိုက်ပြီး ကျင်းယွမ်ရဲ့ ပါးပြင်အား လှမ်းကိုင်လိုက်သည်။ လေထုထဲက အသက်ရှုမှုတိုင်းက သူ့အဆုတ်အား ချိုမြိန်မှုများ ပြည့်နှက်နေစေသည်။

ကျင်းယွမ်ကတော့ ရိဟန်ကို ကယ်တင်ပြီးကတည်းက ထိုကောင်လေးသည် တစ်ခြားတစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုမျိုး ခံစားနေရသည်။ တုန်လှုပ်ခြောက်ခြားဖို့ကောင်းတဲ့ အဖြစ်အပျက်တွေက သူ့ရဲ့ အတွင်းပိုင်း စိတ်အခြေအနေကို ပြိုလဲကျအောင် မလုပ်နိုင်ယုံတင်မကပဲ ထိုအမျိုးသားလေးရဲ့ စိတ်အခြေအနေက ပိုကောင်းလာပုံပင် ပေါ်နေသည်လေ။ အခုဆိုရိဟန်က သူနဲ့ရှိတဲ့အချိန်တိုင်း ချစ်ခြင်းမေတ္တာအား သဘာဝကျကျ ဖော်ပြလာသည်။

အဲ့ဒါက ကျင်းယွမ်ရဲ့ နှလုံးသားအား ရွှင်လန်းစေသည်။ မျှော်လင့်ထားတဲ့အတိုင်းပဲ မိန်းမလှလေးကို အန္တာရယ်တွင်းက ကယ်တင်တဲ့ သူရဲကောင်းဆိုတဲ့ နည်းလမ်းက တစ်စုံတစ်ယောက်ရဲ နှလုံးသားကို အနိုင်ယူဖို့ အကောင်းဆုံးနည်းလမ်းပဲ!

ကံကောင်းလို့ သူ့ရဲ့ အလျင်စလို နိုင်မှုက ကယ်တင်တဲ့သူကြားထဲမှာ အရင်ဆုံး ရောက်သွားတဲ့သူ ဖြစ်သွားပေလို့သာပေါ့, အခင်းဖြစ်ပွားရာကို အရင်ဆုံးရောက်သွားနိုင်ခဲ့တယ်....အကယ်၍သူသာ ခြေတစ်လှမ်းလောက် နောက်ကျသွားပြီး အရင်ရောက်တဲ့သူကသာ ယန်ဖြစ်သွားရင် ဒီလိုဆက်ဆံပုံမျိုးလေးကို တွေ့ရမှာတောင် မဟုတ်ဘူး

ထိုသို့ဖြင့် ကျင်းယွမ်မှာ မနေနိုင်စွာပင် ခပ်သောသောလေး ရယ်မိတော့လေသည်။ သူ့မျက်လုံးများက နွေးထွေးလှတဲ့ အပြုံးများ ပြည့်နှက်နေတာကြောင့် စိုက်ကြည့်နေမိသည့် ရိဟန်မှာ ရီဝေဝေလေး ဖြစ်သွားရသည်။

အမျိုးသားလေးနှစ်ယောက်က တစ်ယောက်မျက်လုံး တစ်ယောက်စိုက်ကြည့်ပြီး အကြည်စိုက်နေတဲ့အချိန်မှာ တံခါးဝက ရွှယ်ချင်းကတော့ အေးခဲပြီးသာ ဆက်နေနေမိသည်။

သူမက အခန်းထဲဝင်တော့မည် ခြေလှမ်းများအား တိတ်တဆိတ် နောက်ပြန်ဆုတ်လိုက်၏။ စိတ်တိုတိုဖြင့် ဘေးကိုကြည့်မိတော့ သူမနဲ့အတူ တံခါးမှာ ရပ်နေပြီး ဝင်ရင်ကောင်းမလား မဝင်ရင်ကောင်းမလား စိတ်ရှုပ်ထွေးနေသည့် သူနာပြုလှလှလေးနဲ့ အကြည့်ချင်းဖလှယ်မိတော့သည်။ အကယ်၍သူတို့အခုဝင်သွားရင် မိုးကြိုးပစ်သွားမယ်ဆိုတဲ့ ခံစားချက်ရနေသည်လေ။

***

ခဏအကြာတွင် ရိဟန်၏ အခန်းအပြင်ဘက်ရှိ ဆေးရုံစင်္ကြံတွင် ရွှယ်ချင်းက မနေ့ညက မိသားစုစကားဝိုင်းအကြောင်းအား ကျင်းယွမ်ကို ပြောပြနေသည်။ ထိုအမျိုးသားက အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးမှ စကားစလာ၏၊

"နင်ကအရမ်း ရဲတင်းလွန်းတယ်, အဲ့ဒါက ငါတို့ပထမ စီစဉ်ထားတဲ့အတိုင်း မဟုတ်ဘူးလေ,အန္တရာယ်များလွန်းတယ်"

"ငါလည်း ပထမက အဲ့ဒါကို မစီစဉ်ထားမိပါဘူး" ရွှယ်ချင်းကပြန်ဖြေသည်။

"ဒါပေမဲ့ အရာအားလုံးက အရမ်းကို မြန်မြန်ဆန်ဆန်ကြီး ပြောင်းလဲကုန်လို့, နင့်အပေါ် ဆက်ဆံတဲ့ ဟန်ဟန်ရဲ့ အပြုအမူတွေကိုကြည့်ပြီး အကိုက ထူးဆန်းတာတစ်ခုခုကို သတိထားမိသွားတယ်, နင်က အမြဲတမ်း poker face လုပ်တတ်တဲ့ အကျင့်ရှိနေလို့ တော်သေးတာပေါ့, ဟန်ဟန်အပေါ်ထားတဲ့ နင့်ခံစားချက်တွေကို ဘယ်သူမှ သတိမပြုမိလိုက်ဘူး, အဲဒီအစား, သူတို့အကုန်လုံးက အဲဒါက နင့်အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မယ်လို့ပဲ ထင်နေကြတာ"

ကျင်းယွမ်ရဲ့ နှုတ်ခမ်းက စိတ်ရှုပ်ဟန် ကွေးညွှတ်သွားပြီး သူ့လက်က သူ့ရဲ့ ကျုံ့နေသည့် နှဖူးအား နှိပ်နယ်နေမိသည်။

"လက်ရှိဖြစ်သွားတဲ့ တိုးတက်မှုက အရမ်းကို မမျှော်လင့်ထားသလိုပဲ" သူက ပြော၏။

"အဲ့ဒါ အန္တာရယ်များပေမယ့် အနည်းဆုံးတော့ နင့်မိဘတွေက ဟန်ဟန်ကို အရမ်းချစ်ကြလို့သာပေါ့, မဟုတ်လို့ကတော့ ဒီလောက် ချောချောမွေ့မွေ့ ဖြစ်သွားမှာမဟုတ်ဘူး, ဒီယူဆချက်ကြောင့် သူတို့ကို အပြစ်ရှိသလို ခံစားရစေပြိး ဝမ်းနည်းမိစေတာ အကုန်ငါ့အမှားပါ"

"အဲ့ဒါ နင့်အမှား မဟုတ်ပါဘူး" ရွှယ်ချင်းက မှုန်ကုပ်ကုပ်ဖြင့်ပြောသည်။

"ငါအရမ်းအလျင်လိုနေမိလို့, ကိစ္စတွေက ဟန်ဟန်ဆီမှာ တစ်ခုပြီးတစ်ခု ဖြစ်နေတာ 'အဲ့ဒီလူ' ကလည်း ဟန်ဟန်ကို ဆက်တိုက် ဒုက္ခပေးနေတော့, ငါသူ့စိတ်ကျန်းမာရေးကို အရမ်းစိုးရိမ်နေမိတယ်, သူ့ကိုလုံလောက်အောင် လုံခြုံတယ်လို့ ခံစားရစေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက နင်သူ့ဘေးမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ နေစရာ မလိုအပ်တာပဲလို့ ငါ့စဉ်းစားမိသွားတာ, အဲ့ဒါက ငါ့မောင်လေးကို ငါကာကွယ်တဲ့ နည်းလမ်းပဲ"

သူမက အဝေးတစ်နေရာကို မျှော်ကြည့်သလို ဖြစ်နေရင်း သူမရဲ့ မျက်လုံးများက အနည်းငယ် အာရုံလွင့်နေသည်။ ထို့နောက် သူမကိုယ်သူမ ပြောနေသလိုမျိုး ရေရွတ်လေသည်။

"ဟန်ဟန်ကလေးဘဝတုန်းက မှတ်မိသေးတယ်, သူကအရမ်းသေးတယ်၊ အရမ်းလည်းနူးညံ့တာ, မီးဖိုထဲက အခုလေးတင် ထုတ်လာတဲ့ မုန့်ထုပ်သေးသေးလေးလိုပဲ, သူက ငါ့နောက်ကနေ ဆက်တိုက်လိုက်ပြီး နူးညံ့တဲ့အသံလေးနဲ့ 'မမ' ဆိုပြီးလိုက်ခေါ်ခဲ့တာ.... ငါပြန်လှည့်ကြည့်လိုက်တော့ သူက အရမ်းကို ငါ့ဆီမြန်မြန်ပြေးလာတာမို့လို့ ငါသူ့ကို မြန်မြန်လေး ပြေးဖမ်းလိုက်ရတယ်, သူကငါ့ကိုမော့ကြည့်ပြီး ရယ်ပြတယ်လေ, သူ့ရဲ့ ပါးဖောင်းဖောင်းလေးပေါ်က ပါးချိုင့်လေးနှစ်ဖက်က အရမ်း ချစ်ဖို့ကောင်းတာပဲ, အဲ့ဒီကတည်းက ငါတွေးလိုက်တယ် 'အာ, ဒါက ငါ့မောင်လေးပဲ, ငါသူ့ကို ထာဝရချစ်ခင်ပြီး ကာကွယ်ပေးရမယ် ဒီနေ့လိုမျိုးပေါ့, ငါသူ့ကိုလုံးဝ မထိခိုက်စေရဘူး' ဆိုပြီးတော့လေ"

"နောက်တော့ သူအရွယ်ရောက်လာတယ်, သူကငါ့ကို အရင်လို မကပ်တော့ဘူး, ငါပြောတာလည်း နားမထောင်တော့ဘူး, အဲ့ဒါက အရမ်းဝမ်းနည်းဖို့ကောင်းတာ"

"ဒီတစ်ခေါက်သူက စိတ်ဒဏ်ရာ ပြင်းပြင်းခံစားလိုက်ရလို့ လိမ်မာတဲ့ ကလေးလေးတစ်ယောက် ပြန်ဖြစ်လာခဲ့တယ်, ဒီအဖြစ်အပျက်က ငါ့ကို ငယ်ငယ်တုန်းက သူ့ရဲ့စိတ်ထဲက နူးညံ့ညင်သာတဲ့ ပုံရိပ်လေးကို ပြန်မြင်ခွင့်ရလိုက်တယ်, ငါ့ကို ဘေးကင်းကင်းနဲ့ ဂရုစိုက်ပြီး ကားမောင်းပါလို့ ပြောတုန်းက သူ့ရဲ့ မျက်လုံးပြုးလေးတွေက ငါ့ကိုစူးစူးရဲရဲ ကြည့်နေခဲ့တာ, အဟင်း, တကယ်တော့ သူလုံးဝ မပြောင်းလဲခဲ့ပါဘူး"

"သူက ငါ့ခံစားချက်တွေကို ထည့်သွင်းစဉ်းစားပြီး သူ့ကိုယ်ပိုင် ခံစားချက်တွေကို မထုတ်ဖော်ရဲခဲ့တာတစ်ခုပဲ, အဲ့ဒါက ငါ့ကိုကာကွယ်ဖို့ ကြိုးစားတာ မဟုတ်ဘူးလား? ငါသိတာပေါ့ သူ့အပေါ်မှာ ထားတဲ ငါ့အချစ်တွေက တစ်ဖက်သတ် မဟုတ်ဘူးဆိုတာ, သူလည်းငါ့ကိုချစ်တယ်, ငယ်ငယ်ကတည်းက ကျိန်ဆိုခဲ့တဲ့အတိုင်းပဲ ငါသူ့ကို ထာဝရချစ်မယ်၊ ကာကွယ်ပေးမယ် ပြီးတော့ နာကျင်မှု မခံစားစေရဘူး"

ကျင်းယွမ်ရဲ့ မျက်လုံးများ နူးညံ့သွားသည်။

"သူကနင့်ကို အရမ်းချစ်တာပါ" သူကနွေးထွေးစွာ စကားဆက်သည်။
"အဲ့ဒါက သံသယဝင်စရာတောင် မလိုဘူး, ဟန်ဟန်နဲ့ငါက နင့်ကိုကျေးဇူးတင်ပါတယ်, နင်သာမရှိရင် လူတိုင်းရဲ့ နားလည်ပေးမှုကို ငါတို့ဒီလောက် မြန်မြန် ရမယ်မထင်ဘူး, ဒါပေမဲ့ ချန်ထျန်းယောင်ရော ဘယ်လိုလုပ်မလဲ? ငါတို့အခု အစီအစဉ်အရဆိုရင် သူက ဘယ်တော့မှ ပေါ်လာမှာ မဟုတ်ဘူး, နင်ပြောသလိုပဲ ကိစ္စတွေက ငါတို့စီစဉ်ထားတာထက်ပိုပြီး မြန်မြန်လေး ပြောင်းလဲနေတယ်, သူ့ရဲ့ ပေါ်ပေါက်လာမှုက နည်းနည်းတော့ အလျင်စလို ဖြစ်တယ်ဆိုပေမယ့် အရမ်းကြီးတော့ မဆိုးပါဘူး, မနေ့ညက ဖြစ်ခဲ့တာနဲ့ဆိုရင် သူက အခု အသုံးမဝင်တော့ဘူး ဟုတ်တယ်မှတ်လား?"

ရွှယ်ချင်းက ရိဟန်ရဲ့ အခန်းတံခါးကို တစ်ချက်ကြည့်လိုက်သည်။

"အမှန်ပဲ" သူမက အပြစ်ရှိစိတ်ဖြင့် ဝန်ခံလာသည်။
"ငါသူ့ကို တောင်းပန်သင့်တယ်, ဒါတွေအားလုံးကို ဘာမှမဟုတ်ပဲနဲ့ လုပ်ခိုင်းခဲ့မိတယ်"

ကျင်းယွမ်က ရပ်တန့်လိုက်ပြီးမှ ပြန်ပြောသည်။

"အဲ့ဒါက သိပ်တော့ မသေချာဘူး, သူက ငါတို့အတွက် အသုံးဝင်သေးတယ်, နင်က ချန်ထျန်းယောင်ကို ကြိုက်နေတာလို့ ငါတို့ဟန်ဟန်ကို ပြောပြီးနေပြီလေ, အကယ်၍ အခုချိန်မှာ အစီအစဉ်ကို နောက်ဆုတ်လိုက်ရင် ဟန်ဟန်က သံသယဝင်သွားလိမ့်မယ် ပြီးတော့ အခုဆို ငါ့တို့စေ့စပ်ပွဲကလည်း ပျက်သွားပြီဆိုတော့ နင့်မိဘတွေက နင်ရဲ့ အနာဂတ် လက်ထပ်ပွဲအတွက် စိတ်ပူကြလိမ့်မယ်, နင့်ဘေးမှာ ချန်ထျန်းယောင်လိုမျိုး မိသားစုနောက်ခံ အားကောင်းတာလည်းတူ နင့်ကိုလည်း ချစ်ကြောင်းသိသာနေတဲ့ သူရှိနေတော့ အဲ့ဒါနဲ့ပတ်သတ်ပြီး သူတို့တွေ နည်းနည်း စိတ်သက်သာရာရလိမ့်မယ် မဟုတ်ဘူးလား?"

သူမက သူ့ကို ပေစောင်းစောင်း ကြည့်လာသည်။

"နင်ပြောတာ မမှားပါဘူး ဒါပေမဲ့, ဘာလို့ နင့်အသံက ထျန်းယောင်ဘက်ကို ပါနေပုံပေါ်နေတာလဲ?နင်တို့နှစ်ယောက်ကြားမှာ တိတ်တိတ်လေး သဘောတူထားတဲ့ လျှို့ဝှက်ချက်တော့ မရှိပါဘူးနော်?"

"နင့်စိတ်တွေ ဘယ်ရောက် သွားရပြန်တာလဲ?" ကျင်းယွမ်က သက်ပြင်းချသည်။

"ငါဒီလိုပြောတယ်ဆိုတာ တကယ်တော့ နင့်ကို တမ်းတနေတဲ့သူ့ကို မြင်တဲ့အချိန်တိုင်း ငါ့ကိုယ်ငါ ပြန်သတိရမိလို့ပါ, ငါအဲ့ဒီခံစားချက်ကို ကောင်းကောင်းကြီး နားလည်တယ် အဲ့ဒါကြောင့် သူ့ကို စာနာမိတဲ့အတွက် အလိုလို ကူညီဖို့ ကြိုးစားမိတာ, ပိုအရေးကြီးတာက ငါကနင့်ကို မိသားစုလို တွေးထားတယ်လေ, သေချာပေါက် နင်လည်းပျော်ရွှင်မှု ရှာတွေ့ဖို့ မျှော်လင့်မိတာပေါ့, အကယ်၍ ငါတို့သူ့မိသားစု နောက်ခံကို ဘေးဖယ်ထားမယ် ဆိုရင်တောင် သူက ငါသိတဲ့သူတွေထဲမှာ အချောဆုံးနဲ့ စွမ်းရည်အရှိဆုံး ယောက်ကျားတွေထဲက တစ်ယောက်ပဲ, ပိုရှားပါးတာက သူကနင့်ကို ဘယ်လောက်တောင် ချစ်လိုက်လဲ, သူက နင့်အတွက်တော့ အရမ်းလိုက်ဖက်တယ်, အကယ်၍နင်သာ သူ့ကိုချစ်နိုင်ရင် နင့်ဘဝက သေချာပေါက် ပျော်ရွှင်ရလိမ့်မယ် ဆိုတာ ငါယုံကြည်တယ်, ထုံစံအတိုင်းပဲ အရာအားလုံးကတော့ နင့်အပေါ်မှာပဲ မူတည်တာပါ, အကယ်၍နင်က သူ့နဲ့ အဆင်မပြေဘူးထင်ရင် နောက်ထပ် ရွေးချယ်စရာတွေတော့ အများကြီး ရှိပါတယ်, ကြီးမားလှတဲ့ ပိုင်မိသားစုရဲ့ သမီးတစ်ယောက်အနေနဲ့ နင့်ကိုလိုက်နေတဲ့သူတွေကတော့ ဘယ်တော့မှ ရှားပါးမှာ မဟုတ်ဘူး, နင့်ဆုံးဖြတ်ချက်က ဘာပဲဖြစ်ပါစေ ငါနင့်ကို ထောက်ခံပေးမယ်"

ရင်ထဲထိသွားတာကြောင့် ရွှယ်ချင်းကသူ့လက်မောင်းအား ပုတ်ပေးလိုက်သည်။

"ငါနင့်ရဲ့ ကြိုးစားအားထုတ်ပေးမှုတွေကို ကျေးဇူးတင်ပါတယ်" သူမက ပြောလိုက်သည်။
"ကောင်းပြီ, ငါ့ကိုဒီလောက်ချစ်တဲ့သူမျိုးကို ရှာဖို့က အရမ်းရှားပါးတဲ့ဟာ ငါသူ့ကိုလက်ခံဖို့ ကြိုးစားကြည့်ပါမယ်, အကယ်၍ ငါတို့တွေ သင့်တော်တယ်လို့ ငါခံစားရရင် ငါသူ့ကို သေချာပေါက် စဉ်းစားပေးမယ်, ငါကချစ်တဲ့သူထက်စာရင် ငါ့ကိုချစ်တဲ့သူနဲ့ လက်ထပ်တာက ပိုပြီးပျော်ရွှင်ရလိမ့်မယ်"

ကျင်းယွမ်က ခေါင်းညိတ်သည်။ သူက ရှေ့ကိုခြေလှမ်းတိုးလိုက်ပြီးမှ နောက်ပြန်လှည့်ကြည့်သည်။

"ကိုယ့်ကိုကိုယ် ဖိအားမပေးနဲ့, တစ်ခြားသူအတွက် စဉ်းစားစရာ မလိုအပ်ဘူး, နင်အကောင်းဆုံးလို့ ခံစားရတဲ့အတိုင်းသာလုပ်"

ရွှယ်ချင်းရဲ့ မျက်လုံးများ စူးတက်လာပြီး ရှေ့ကို လျှောက်သွားလိုက်ကာ ထိုအမျိုးသားရဲ့ နောက်ကျောကို ပုတ်ပေးလိုက်သည်။

"ကောင်းပြီ, နင်ဘယ်တုန်းက ဒီလောက်ထိ ပွစိပွစိ ပြောတတ်လာတာလဲ? ပြန်သွားတော့ မဟုတ်ရင် ဟန်ဟန် စိတ်ပူနေဦးမယ်"

ထိုအချိန်မှသာ ကျင်းယွမ်က အပြည့်အဝ ပြန်လှည့်သွားပြီး ရိဟန်ရဲ့ အခန်းဆီ လျှောက်သွားလိုက်လေသည်။ သွားနေတဲ့လမ်းမှာ ပြောသွားသေးသည်။

"နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ ဆိုတာအတွက် ငါတို့ အစီအစဉ်ကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်နော်, ဟန်ဟန်ကို ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး တစ်ခုခုသိသွားတာမျိုး ခွင့်မပြုနိုင်ဘူး မဟုတ်ရင် ငါသူ့ကိုတကယ် မချစ်ဘူးလို့ ထင်သွားလိမ့်မယ်, ငါကသူ့ကိုသနားလို့ သူ့ကိုကယ်တင်ချင်တာ တစ်ခုပဲလို့ ထင်သွားမှာ, အကယ်၍သူသာ အဲ့ဒီလိုမျိုး ထင်သွားခဲ့ရင် ငါတို့တော့သေပြီပဲ"

ရွှယ်ချင်းက သဘောတူဟန် အသံပြုသည်။

"ငါတို့ မနေ့ညက ကိစ္စကို ဟန်ဟန့်ကို ပြောပြလိုက်ရင်ရော" သူမက ရုတ်တရက် ထပြောသည်။

"ငါကတော့ အဲ့ဒါက ပိုပြီး လုံခြုံမယ်ထင်တယ်, မိသားစုထဲမှာသူက အဲ့ဒီယူဆချက်အတွင်း ပြင်ဆင်နိုင်သွားလိမ့်မယ်, ဒါဆို အဲ့ဒါနဲ့ပတ်သတ်ပြီး မလိုအပ်တဲ့ ကွဲပြားမှုတွေ မဖြစ်တော့ဘူးပေါ့"

ကျင်းယွမ်က ရပ်တန့်သွားပြီး မျက်မှောင်ကျုံ့မိသည်။ ရွှယ်ချင်းကတော့ ပိုပြီးတွေးမိလေလေ သူမပြောတာ မှန်တယ်လို့ ခံစားရလေလေပင်။

"သေချာပေါက် ငါတို့တွေ အစီအစဉ်ထဲ ထျန်းယောင်ကိုပါ ဆွဲသွင်းထားတဲ့ အကြောင်းပြချက်ကိုတော့ ပြောင်းလဲလို့မရဘူးပေါ့" သူမက စကားဆက်သည်။

"အမှန်တစ်ဝက်က လူတွေကို လှည့်ဖြားနိုင်ဖို့ အလွယ်ကူဆုံးပဲ, နောက်ပိုင်း ထျန်းယောင်ကို ပြောဖို့ အခွင့်အရေးရှာကြတာပေါ့, ဇာတ်ကြောင်းကို ဆက်လုပ်မှဖြစ်မယ်"

ကောင်းကျိုးဆိုးကျိုးများကို အချိန်ကြာမြင့်စွာ ချိန်ဆပြီးနောက် ကျင်းယွမ်က နောက်ဆုံးမှာ ခေါင်းညိတ်လိုက်သည်။

"နင်မှန်တယ် ဒါပေမဲ့ မှတ်ထားနော်, ဟန်ဟန်ရဲ့ စိတ်ထဲမှာတော့ ထျန်းယောင်က ငါတို့စေ့စပ်ပွဲ ကိစ္စကို မသိသေးဘူး ဆိုတာ, ချော်ပြီး ပြောမထွက်သွားစေနဲ့"

"ဒါဆို ငါတို့ ထျန်းယောင် ရှေ့မှာ ဒီအကြောင်းကို မပြောတော့ဘူး, သူ့ကိုစကားအပြောအဆို ကြားထဲမှာ အရင်ဆုံး ခဏဖယ်ထားလိုက်ပြီးမှ ငါတို့လုပ်ရပ်ကို အပြည့်အဝ လုပ်မယ်, ဟန်ဟန်က ယုံလွယ်ပေမယ့် ငါတို့တွေ သတိထားတာတော့ အကောင်းဆုံးပဲ"

ကျင်းယွမ်က သူမကို စိတ်မကောင်းဖြစ်ဟန် တစ်ချက်လှမ်းကြည့်ပြီး တိုးတိုးလေးပြောသည်။

"သူကနင့်မောင်လေးနော်, ဘယ်လိုဖြစ်လို့ သူ့ကို ယုံလွယ်တယ်လို့ ပြောရတာလဲ?"

"မဟုတ်လို့လား? သူ့ရဲ့ ရယ်စရာကောင်းတဲ့ ပုံစံလေးက အရမ်းကို ချစ်ဖို့ကောင်းတယ်လို့ မထင်ဘူးလား?" သူမက ပြုံးသည်။

မရည်ရွယ်ပါပဲ ကျင်းယွမ်ရဲ့ မျက်နှာပေါ်မှာပါ အပြုံးတစ်ခု ဖြစ်ပေါ်လာရသည်။ သူ့နှုတ်ခမ်းတွေ အပေါ် ကွေးတက်နေမိသည်အား သတိထားမိသွားသောအခါမှာတော့ ပြန်ချဖို့အတွက် အကောင်းဆုံးကြိုးစားပြီး သူမကို စိုက်ကြည့်လိုက်တော့၏။ ထို့နောက် လျင်မြန်စွာ လှည့်ကာသူ့ပန်းတိုင်ဆီ လျှောက်ထွက်သွားတော့လေသည်။

ရွှယ်ချင်းက သူမရဲ့ နှုတ်ခမ်းကို တစ်ခြမ်းစောင်းပြီး ရှုံ့မဲ့လိုက်တော့သည်။

"ခေါင်းမာတဲ့ မာနခဲလေး"

***

ဆေးရုံအခန်းထဲတွင် ; 

"Mr ချန်, ခင်ဗျားက အလုပ်အရမ်းများတဲ့ဟာကို ဘာဖြစ်လို့ ကျွန်တော့ဆီ အချိန်ယူပြီး လာလည်ပေးနေရသေးတာလဲ? ကျွန်တော်အခု အဆင်ပြေနေပါပြီ" ရိဟန်က နွေးထွေးစွာ နှုတ်ဆက်သည်။

"ကိုယ်တို့က အခုသူငယ်ချင်းတွေလေ, မဟုတ်ဘူးလား?" ထျန်းယောင်က အပြုံးဖြင့် ပြန်ဖြေသည်။

"သူငယ်ချင်းတစ်ယောက် ဒုက္ခရောက်နေတဲ့အချိန်မှာ ကိုယ်တို့က ကူညီပေးရမှာပေါ့, မင်းကအခု ကိုယ့်အကူအညီကိုမလိုတော့ဘူး ဆိုပေမယ့်လည်း မင်းဘယ်လိုနေလဲ ဆိုတာကိုတော့ လာကြည့်ရဦးမှာပဲ"

ရိဟန်က ရယ်မောလိုက်တာကြောင့် ခပ်နက်နက် ပါးချိုင့်လေးများ ပေါ်လာသည်။ သူ့ကိုကြည့်ရတာ အထူးတလှယ် စိတ်ခံစားချက်ကောင်းနေပုံပင်။

"အခုဘယ်လိုနေသေးလဲ?" ထျန်းယောင်က မေးလိုက်သည်။
"ပျို့နေတာတို့ မူးနေတာတို့ ဖြစ်နေသေးလား?"

"မနေ့ကတော့ နည်းနည်းပျို့အန်ချင်သလို ဖြစ်တယ်" ရိဟန်က ပြန်ဖြေသည်။
"ဒါပေမဲ့ ကောင်းကောင်းလေး အိပ်လိုက်တော့ အခုအများကြီး သက်သာသွားပြီ"

"နောက်တစ်ခေါက် အိမ်ကထွက်ရင် သက်တော်စောင့်များများလေး ပိုခေါ်သွားဖို့ မမေ့နဲ့" ထျန်းယောင်က အကြံပေး၏။

"အထူးသဖြင့် လူများတဲ့နေရာမျိုးကို ပိုပြီးဂရုစိုက်ရမယ်, မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် မင်းကို ရည်ရွယ်ထားတဲ့သူက အများကြီးပဲ, မနေ့က ဖြစ်ရပ်ကို စဉ်းစားမိတာနဲ့တင် အရမ်းကြောက်ရွံ့မိတယ်"

"ကျွန်တော်သိပါပြီ" ရိဟန်က ခေါင်းညိတ်ပြီး ပြန်ပြောသည်။
"ဟုတ်သားပဲ, မနေ့က ခင်ဗျား ကျွန်တော့ကို ကယ်ဖို့ အပြေးအလွှား ရောက်လာပေးတာ ဒါပေမဲ့ ကျွန်တော့ခေါင်းက ရှုပ်ထွေးနေလို့ လုံးဝစကားမပြောလိုက်ရဘူး, ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့နော်"

တစ်ဖက်လူက ပြုံးသည်။

"မင်းအခုလို ယဉ်ယဉ်ကျေးကျေးနဲ့ ပြောနေတာကမှ ကိုယ့်ကိုစိတ်ဆိုးစေတာ, မင်းပျောက်နေတယ်လို့ ကိုယ်သိလိုက်တုန်းကဆိုရင် ကြောက်လွန်းလို့ သေတော့မလိုပဲ, အဲ့ဒီလူတွေက အရမ်းရဲတင်းတယ်, စိတ်မပူနဲ့, ကိုယ်သေချာပေါက် သူတို့နဲ့ ထိုက်တန်တာကို ပေးဆပ်စေရမယ်"

ရိဟန်က ပြုံးပြီး ခေါင်းညိတ်လိုက်ကာ ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။

"ဘာလို့ မမနဲ့ကျင်းယွမ်တို့က ဒီလောက်အကြာကြီး စကားပြောနေကြတာလဲ?"

ထျန်းယောင်က မျက်မှောင်ကျုံ့သည်။

"စိတ်မပူနဲ့" သူက နှစ်သိမ့်ပေး၏။
"သူတို့မကြာခင် ပြန်လာလိမ့်မယ်, ကိုယ့်အမှားပါ, မင်းကအခု အမာတွေ စားလို့မရသေးတာကိုပဲ သတိရပြီး ဘာစားစရာမှ မယူလာခဲ့မိဘူး, မင်းကိုစောင့်နေတဲ့သူတွေက စားဖို့လိုအပ်တယ်ဆိုတာကို မေ့သွားတာ"

3.12.2021

=============
Zawgyi

အခန္း(၉၆) - ေခါင္းမာတဲ့ မာနခဲေလး

အေမက ရႊယ္ခ်င္းစကားကို ေခါင္းညိတ္ေထာက္ခံသည္။ အက်ဥ္းခ်ံဳးသံုးသပ္ၿပီးေနာက္မွာေတာ့ သူမက ဝမ္းနည္းေနသည့္ ပံုစံျဖင့္ ေျပာလာ၏။

"ဒီလိုဆိုမွေတာ့ ဟန္ဟန္ျပန္ေကာင္းလာတဲ့ အခါက်ရင္ သူသိခဲ့ရတဲ့ ၿပီးျပည့္စံုတဲ့ အခ်စ္ဆိုတာ အလိမ္အညာတစ္ခုပဲ ဆိုတာကို သိသြားပါလိမ့္မယ္, အရာအားလံုးက ဘာမွမဟုတ္ဘူး ဆိုတာကိုေပါ့, ဒါဆိုသူအရမ္း နာက်င္ရမွာ, ငါ့ကေလးေလး, ဘာလို႔မ်ား ငါသူ႔ေနရာမွာ အစားနာက်င္ေပးလို႔မရပါလိမ့္?"

ရႊယ္ခ်င္း: "..."

ဒါဆိုဘာလုပ္ခ်င္တာလဲ?

စၾကၤန္လမ္း၏ ေထာင့္တစ္ေနရာမွာ အန္တီယန္းက သူမရဲ႔ မ်က္လံုးထဲက မ်က္ရည္မ်ားအား ပုတ္ထုတ္ဖယ္ရွားလိုက္သည္။

"ငါ့ရဲ႔သနားစရာ သခင္ငယ္ေလး, အမာစာေတြ စားလို႔ရတာနဲ႔ အန္တီက သားေလး ျမန္ျမန္ျပန္ေကာင္းလာေအာင္ စားေသာက္ပြဲႀကီးတစ္ခု ခ်က္ေပးပါ့မယ္, Mr မုကလည္း ေသခ်ာေပါက္ သေဘာတူမွာပဲ, ဒီလိုခ်စ္စရာေကာင္းတဲ့ သခင္ငယ္ေလးကို ဘယ္သူကမ်ား ဝမ္းနည္းၿပီး နာက်င္ေစရက္မွာလဲ? Mr မုက သခင္ငယ္ေလးကို ဒီေလာက္ခ်စ္တဲ့ဟာ သူ႔ကိုကယ္တင္ေပးမွာပဲ ဟုတ္တယ္မွတ္လား?"

***

ရိဟန္ႏိုးလာတဲ့အခ်ိန္မွာ က်င္းယြမ္က သူ႔ကိုေငးစိုက္ၾကည့္ရင္း အာရံုလြင့္ေနသည္။ ရိဟန္မ်က္လံုးပြင့္လာတာကို နားလည္လိုက္ေသာအခါ က်င္းယြမ္ရဲ႔ ယခင္က ဗလာျဖစ္ေနေသာ မ်က္ႏွာေပၚတြင္ ေႏြးေထြးတဲ့အျပံဳးတစ္ခု ခ်က္ခ်င္းျဖစ္ေပၚလာၿပီး သူ႔ႏႈတ္ခမ္းေလးကို ငံု႔နမ္းလိုက္၏။

"ႏိုးလာၿပီလား, ဘယ္လိုေနေသးလဲ?" က်င္းယြမ္က ႏူးႏူးညံ့ညံ့ေမးသည္။
"ေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႔လား?"

"အရမ္းေကာင္းတယ္, တစ္ခါမွ ဒီေလာက္ထိ တည္ၿငိမ္ေအးခ်မ္းတာကို မခံစားခဲ့ရဘူး" ရိဟန္က ျပန္ေျဖသည္။

သူ႔ႏႈတ္ခမ္းေပၚက အျပံဳးေလးက ပါးခ်ိဳင့္ႏွစ္ခုအား ခြက္ေနေအာင္ ျဖစ္ေပၚေနေစ၏။ သူက လက္ေႁမွာက္လိုက္ၿပီး က်င္းယြမ္ရဲ႔ ပါးျပင္အား လွမ္းကိုင္လိုက္သည္။ ေလထုထဲက အသက္ရွဳမႈတိုင္းက သူ႔အဆုတ္အား ခ်ိဳၿမိန္မႈမ်ား ျပည့္ႏွက္ေနေစသည္။

က်င္းယြမ္ကေတာ့ ရိဟန္ကို ကယ္တင္ၿပီးကတည္းက ထိုေကာင္ေလးသည္ တစ္ျခားတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားသလိုမ်ိဳး ခံစားေနရသည္။ တုန္လႈပ္ေျခာက္ျခားဖို႔ေကာင္းတဲ့ အျဖစ္အပ်က္ေတြက သူ႔ရဲ႔ အတြင္းပိုင္း စိတ္အေျခအေနကို ၿပိဳလဲက်ေအာင္ မလုပ္ႏိုင္ယံုတင္မကပဲ ထိုအမ်ိဳးသားေလးရဲ႔ စိတ္အေျခအေနက ပိုေကာင္းလာပံုပင္ ေပၚေနသည္ေလ။ အခုဆိုရိဟန္က သူနဲ႔ရွိတဲ့အခ်ိန္တိုင္း ခ်စ္ျခင္းေမတၱာအား သဘာဝက်က် ေဖာ္ျပလာသည္။

အဲ့ဒါက က်င္းယြမ္ရဲ႔ ႏွလံုးသားအား ရႊင္လန္းေစသည္။ ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ မိန္းမလွေလးကို အႏာၱရယ္တြင္းက ကယ္တင္တဲ့ သူရဲေကာင္းဆိုတဲ့ နည္းလမ္းက တစ္စံုတစ္ေယာက္ရဲ ႏွလံုးသားကို အႏိုင္ယူဖို႔ အေကာင္းဆံုးနည္းလမ္းပဲ!

ကံေကာင္းလို႔ သူ႔ရဲ႔ အလ်င္စလို ႏိုင္မႈက ကယ္တင္တဲ့သူၾကားထဲမွာ အရင္ဆံုး ေရာက္သြားတဲ့သူ ျဖစ္သြားေပလို႔သာေပါ့, အခင္းျဖစ္ပြားရာကို အရင္ဆံုးေရာက္သြားႏိုင္ခဲ့တယ္....အကယ္၍သူသာ ေျခတစ္လွမ္းေလာက္ ေနာက္က်သြားၿပီး အရင္ေရာက္တဲ့သူကသာ ယန္ျဖစ္သြားရင္ ဒီလိုဆက္ဆံပံုမ်ိဳးေလးကို ေတြ႕ရမွာေတာင္ မဟုတ္ဘူး

ထိုသို႔ျဖင့္ က်င္းယြမ္မွာ မေနႏိုင္စြာပင္ ခပ္ေသာေသာေလး ရယ္မိေတာ့ေလသည္။ သူ႔မ်က္လံုးမ်ားက ေႏြးေထြးလွတဲ့ အျပံဳးမ်ား ျပည့္ႏွက္ေနတာေၾကာင့္ စိုက္ၾကည့္ေနမိသည့္ ရိဟန္မွာ ရီေဝေဝေလး ျဖစ္သြားရသည္။

အမ်ိဳးသားေလးႏွစ္ေယာက္က တစ္ေယာက္မ်က္လံုး တစ္ေယာက္စိုက္ၾကည့္ၿပီး အၾကည္စိုက္ေနတဲ့အခ်ိန္မွာ တံခါးဝက ရႊယ္ခ်င္းကေတာ့ ေအးခဲၿပီးသာ ဆက္ေနေနမိသည္။

သူမက အခန္းထဲဝင္ေတာ့မည္ ေျခလွမ္းမ်ားအား တိတ္တဆိတ္ ေနာက္ျပန္ဆုတ္လိုက္၏။ စိတ္တိုတိုျဖင့္ ေဘးကိုၾကည့္မိေတာ့ သူမနဲ႔အတူ တံခါးမွာ ရပ္ေနၿပီး ဝင္ရင္ေကာင္းမလား မဝင္ရင္ေကာင္းမလား စိတ္ရႈပ္ေထြးေနသည့္ သူနာျပဳလွလွေလးနဲ႔ အၾကည့္ခ်င္းဖလွယ္မိေတာ့သည္။ အကယ္၍သူတို႔အခုဝင္သြားရင္ မိုးႀကိဳးပစ္သြားမယ္ဆိုတဲ့ ခံစားခ်က္ရေနသည္ေလ။

***

ခဏအၾကာတြင္ ရိဟန္၏ အခန္းအျပင္ဘက္ရွိ ေဆး႐ုံစႀကႍတြင္ ရႊယ္ခ်င္းက မေန႔ညက မိသားစုစကားဝိုင္းအေၾကာင္းအား က်င္းယြမ္ကို ေျပာျပေနသည္။ ထိုအမ်ိဳးသားက အခ်ိန္ၾကာျမင့္စြာ တိတ္ဆိတ္သြားၿပီးမွ စကားစလာ၏၊

"နင္ကအရမ္း ရဲတင္းလြန္းတယ္, အဲ့ဒါက ငါတို႔ပထမ စီစဥ္ထားတဲ့အတိုင္း မဟုတ္ဘူးေလ,အႏၲရာယ္မ်ားလြန္းတယ္"

"ငါလည္း ပထမက အဲ့ဒါကို မစီစဥ္ထားမိပါဘူး" ရႊယ္ခ်င္းကျပန္ေျဖသည္။

"ဒါေပမဲ့ အရာအားလံုးက အရမ္းကို ျမန္ျမန္ဆန္ဆန္ႀကီး ေျပာင္းလဲကုန္လို႔, နင့္အေပၚ ဆက္ဆံတဲ့ ဟန္ဟန္ရဲ႔ အျပဳအမူေတြကိုၾကည့္ၿပီး အကိုက ထူးဆန္းတာတစ္ခုခုကို သတိထားမိသြားတယ္, နင္က အၿမဲတမ္း poker face လုပ္တတ္တဲ့ အက်င့္ရွိေနလို႔ ေတာ္ေသးတာေပါ့, ဟန္ဟန္အေပၚထားတဲ့ နင့္ခံစားခ်က္ေတြကို ဘယ္သူမွ သတိမျပဳမိလိုက္ဘူး, အဲဒီအစား, သူတို႔အကုန္လံုးက အဲဒါက နင့္အေပၚ ဝန္ထုပ္ဝန္ပိုး ျဖစ္ေစလိမ့္မယ္လို႔ပဲ ထင္ေနၾကတာ"

က်င္းယြမ္ရဲ႔ ႏႈတ္ခမ္းက စိတ္ရွဳပ္ဟန္ ေကြးၫႊတ္သြားၿပီး သူ႔လက္က သူ႔ရဲ႔ က်ံဳ႔ေနသည့္ ႏွဖူးအား ႏွိပ္နယ္ေနမိသည္။

"လက္ရွိျဖစ္သြားတဲ့ တိုးတက္မွဳက အရမ္းကို မေမွွ်ာ္လင့္ထားသလိုပဲ" သူက ေျပာ၏။

"အဲ့ဒါ အႏာၱရယ္မ်ားေပမယ့္ အနည္းဆံုးေတာ့ နင့္မိဘေတြက ဟန္ဟန္ကို အရမ္းခ်စ္ၾကလို႔သာေပါ့, မဟုတ္လို႔ကေတာ့ ဒီေလာက္ ေခ်ာေခ်ာေမြ႕ေမြ႕ ျဖစ္သြားမွာမဟုတ္ဘူး, ဒီယူဆခ်က္ေၾကာင့္ သူတို႔ကို အျပစ္ရွိသလို ခံစားရေစၿပိး ဝမ္းနည္းမိေစတာ အကုန္ငါ့အမွားပါ"

"အဲ့ဒါ နင့္အမွား မဟုတ္ပါဘူး" ရႊယ္ခ်င္းက မႈန္ကုပ္ကုပ္ျဖင့္ေျပာသည္။

"ငါအရမ္းအလ်င္လိုေနမိလို႔, ကိစၥေတြက ဟန္ဟန္ဆီမွာ တစ္ခုၿပီးတစ္ခု ျဖစ္ေနတာ 'အဲ့ဒီလူ' ကလည္း ဟန္ဟန္ကို ဆက္တိုက္ ဒုကၡေပးေနေတာ့, ငါသူ႔စိတ္က်န္းမာေရးကို အရမ္းစိုးရိမ္ေနမိတယ္, သူ႔ကိုလံုေလာက္ေအာင္ လံုျခံဳတယ္လို႔ ခံစားရေစႏိုင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းက နင္သူ႔ေဘးမွာ ပုန္းလွ်ိဳးကြယ္လွ်ိဳးနဲ႔ ေနစရာ မလိုအပ္တာပဲလို႔ ငါ့စဥ္းစားမိသြားတာ, အဲ့ဒါက ငါ့ေမာင္ေလးကို ငါကာကြယ္တဲ့ နည္းလမ္းပဲ"

သူမက အေဝးတစ္ေနရာကို ေမွ်ာ္ၾကည့္သလို ျဖစ္ေနရင္း သူမရဲ႔ မ်က္လံုးမ်ားက အနည္းငယ္ အာရံုလြင့္ေနသည္။ ထို႔ေနာက္ သူမကိုယ္သူမ ေျပာေနသလိုမ်ိဳး ေရရြတ္ေလသည္။

"ဟန္ဟန္ကေလးဘဝတုန္းက မွတ္မိေသးတယ္, သူကအရမ္းေသးတယ္၊ အရမ္းလည္းႏူးညံ့တာ, မီးဖိုထဲက အခုေလးတင္ ထုတ္လာတဲ့ မုန္႔ထုပ္ေသးေသးေလးလိုပဲ, သူက ငါ့ေနာက္ကေန ဆက္တိုက္လိုက္ၿပီး ႏူးညံ့တဲ့အသံေလးနဲ႔ 'မမ' ဆိုၿပီးလိုက္ေခၚခဲ့တာ.... ငါျပန္လွည့္ၾကည့္လိုက္ေတာ့ သူက အရမ္းကို ငါ့ဆီျမန္ျမန္ေျပးလာတာမို႔လို႔ ငါသူ႔ကို ျမန္ျမန္ေလး ေျပးဖမ္းလိုက္ရတယ္, သူကငါ့ကိုေမာ့ၾကည့္ၿပီး ရယ္ျပတယ္ေလ, သူ႔ရဲ႔ ပါးေဖာင္းေဖာင္းေလးေပၚက ပါးခ်ိဳင့္ေလးႏွစ္ဖက္က အရမ္း ခ်စ္ဖို႔ေကာင္းတာပဲ, အဲ့ဒီကတည္းက ငါေတြးလိုက္တယ္ 'အာ, ဒါက ငါ့ေမာင္ေလးပဲ, ငါသူ႔ကို ထာဝရခ်စ္ခင္ၿပီး ကာကြယ္ေပးရမယ္ ဒီေန႔လိုမ်ိဳးေပါ့, ငါသူ႔ကိုလံုးဝ မထိခိုက္ေစရဘူး' ဆိုၿပီးေတာ့ေလ"

"ေနာက္ေတာ့ သူအရြယ္ေရာက္လာတယ္, သူကငါ့ကို အရင္လို မကပ္ေတာ့ဘူး, ငါေျပာတာလည္း နားမေထာင္ေတာ့ဘူး, အဲ့ဒါက အရမ္းဝမ္းနည္းဖို႔ေကာင္းတာ"

"ဒီတစ္ေခါက္သူက စိတ္ဒဏ္ရာ ျပင္းျပင္းခံစားလိုက္ရလို႔ လိမ္မာတဲ့ ကေလးေလးတစ္ေယာက္ ျပန္ျဖစ္လာခဲ့တယ္, ဒီအျဖစ္အပ်က္က ငါ့ကို ငယ္ငယ္တုန္းက သူ႔ရဲ႔စိတ္ထဲက ႏူးညံ့ညင္သာတဲ့ ပံုရိပ္ေလးကို ျပန္ျမင္ခြင့္ရလိုက္တယ္, ငါ့ကို ေဘးကင္းကင္းနဲ႔ ဂ႐ုစိုက္ၿပီး ကားေမာင္းပါလို႔ ေျပာတုန္းက သူ႔ရဲ႔ မ်က္လံုးျပဳးေလးေတြက ငါ့ကိုစူးစူးရဲရဲ ၾကည့္ေနခဲ့တာ, အဟင္း, တကယ္ေတာ့ သူလံုးဝ မေျပာင္းလဲခဲ့ပါဘူး"

"သူက ငါ့ခံစားခ်က္ေတြကို ထည့္သြင္းစဥ္းစားၿပီး သူ႔ကိုယ္ပိုင္ ခံစားခ်က္ေတြကို မထုတ္ေဖာ္ရဲခဲ့တာတစ္ခုပဲ, အဲ့ဒါက ငါ့ကိုကာကြယ္ဖို႔ ႀကိဳးစားတာ မဟုတ္ဘူးလား? ငါသိတာေပါ့ သူ႔အေပၚမွာ ထားတဲ ငါ့အခ်စ္ေတြက တစ္ဖက္သတ္ မဟုတ္ဘူးဆိုတာ, သူလည္းငါ့ကိုခ်စ္တယ္, ငယ္ငယ္ကတည္းက က်ိန္ဆိုခဲ့တဲ့အတိုင္းပဲ ငါသူ႔ကို ထာဝရခ်စ္မယ္၊ ကာကြယ္ေပးမယ္ ၿပီးေတာ့ နာက်င္မႈ မခံစားေစရဘူး"

က်င္းယြမ္ရဲ႔ မ်က္လံုးမ်ား ႏူးညံ့သြားသည္။

"သူကနင့္ကို အရမ္းခ်စ္တာပါ" သူကေႏြးေထြးစြာ စကားဆက္သည္။
"အဲ့ဒါက သံသယဝင္စရာေတာင္ မလိုဘူး, ဟန္ဟန္နဲ႔ငါက နင့္ကိုေက်းဇူးတင္ပါတယ္, နင္သာမရွိရင္ လူတိုင္းရဲ႔ နားလည္ေပးမႈကို ငါတို႔ဒီေလာက္ ျမန္ျမန္ ရမယ္မထင္ဘူး, ဒါေပမဲ့ ခ်န္ထ်န္းေယာင္ေရာ ဘယ္လိုလုပ္မလဲ? ငါတို႔အခု အစီအစဥ္အရဆိုရင္ သူက ဘယ္ေတာ့မွ ေပၚလာမွာ မဟုတ္ဘူး, နင္ေျပာသလိုပဲ ကိစၥေတြက ငါတို႔စီစဥ္ထားတာထက္ပိုၿပီး ျမန္ျမန္ေလး ေျပာင္းလဲေနတယ္, သူ႔ရဲ႔ ေပၚေပါက္လာမႈက နည္းနည္းေတာ့ အလ်င္စလို ျဖစ္တယ္ဆိုေပမယ့္ အရမ္းႀကီးေတာ့ မဆိုးပါဘူး, မေန႔ညက ျဖစ္ခဲ့တာနဲ႔ဆိုရင္ သူက အခု အသံုးမဝင္ေတာ့ဘူး ဟုတ္တယ္မွတ္လား?"

ရႊယ္ခ်င္းက ရိဟန္ရဲ႔ အခန္းတံခါးကို တစ္ခ်က္ၾကည့္လိုက္သည္။

"အမွန္ပဲ" သူမက အျပစ္ရွိစိတ္ျဖင့္ ဝန္ခံလာသည္။
"ငါသူ႔ကို ေတာင္းပန္သင့္တယ္, ဒါေတြအားလံုးကို ဘာမွမဟုတ္ပဲနဲ႔ လုပ္ခိုင္းခဲ့မိတယ္"

က်င္းယြမ္က ရပ္တန္႔လိုက္ၿပီးမွ ျပန္ေျပာသည္။

"အဲ့ဒါက သိပ္ေတာ့ မေသခ်ာဘူး, သူက ငါတို႔အတြက္ အသံုးဝင္ေသးတယ္, နင္က ခ်န္ထ်န္းေယာင္ကို ႀကိဳက္ေနတာလို႔ ငါတို႔ဟန္ဟန္ကို ေျပာၿပီးေနၿပီေလ, အကယ္၍ အခုခ်ိန္မွာ အစီအစဥ္ကို ေနာက္ဆုတ္လိုက္ရင္ ဟန္ဟန္က သံသယဝင္သြားလိမ့္မယ္ ၿပီးေတာ့ အခုဆို ငါ့တို႔ေစ့စပ္ပြဲကလည္း ပ်က္သြားၿပီဆိုေတာ့ နင့္မိဘေတြက နင္ရဲ႔ အနာဂတ္ လက္ထပ္ပြဲအတြက္ စိတ္ပူၾကလိမ့္မယ္, နင့္ေဘးမွာ ခ်န္ထ်န္းေယာင္လိုမ်ိဳး မိသားစုေနာက္ခံ အားေကာင္းတာလည္းတူ နင့္ကိုလည္း ခ်စ္ေၾကာင္းသိသာေနတဲ့ သူရွိေနေတာ့ အဲ့ဒါနဲ႔ပတ္သတ္ၿပီး သူတို႔ေတြ နည္းနည္း စိတ္သက္သာရာရလိမ့္မယ္ မဟုတ္ဘူးလား?"

သူမက သူ႔ကို ေပေစာင္းေစာင္း ၾကည့္လာသည္။

"နင္ေျပာတာ မမွားပါဘူး ဒါေပမဲ့, ဘာလို႔ နင့္အသံက ထ်န္းေယာင္ဘက္ကို ပါေနပံုေပၚေနတာလဲ?နင္တို႔ႏွစ္ေယာက္ၾကားမွာ တိတ္တိတ္ေလး သေဘာတူထားတဲ့ လွ်ိဳ႔ဝွက္ခ်က္ေတာ့ မရွိပါဘူးေနာ္?"

"နင့္စိတ္ေတြ ဘယ္ေရာက္ သြားရျပန္တာလဲ?" က်င္းယြမ္က သက္ျပင္းခ်သည္။

"ငါဒီလိုေျပာတယ္ဆိုတာ တကယ္ေတာ့ နင့္ကို တမ္းတေနတဲ့သူ႔ကို ျမင္တဲ့အခ်ိန္တိုင္း ငါ့ကိုယ္ငါ ျပန္သတိရမိလို႔ပါ, ငါအဲ့ဒီခံစားခ်က္ကို ေကာင္းေကာင္းႀကီး နားလည္တယ္ အဲ့ဒါေၾကာင့္ သူ႔ကို စာနာမိတဲ့အတြက္ အလိုလို ကူညီဖို႔ ႀကိဳးစားမိတာ, ပိုအေရးႀကီးတာက ငါကနင့္ကို မိသားစုလို ေတြးထားတယ္ေလ, ေသခ်ာေပါက္ နင္လည္းေပ်ာ္ရႊင္မႈ ရွာေတြ႕ဖို႔ ေမွ်ာ္လင့္မိတာေပါ့, အကယ္၍ ငါတို႔သူ႔မိသားစု ေနာက္ခံကို ေဘးဖယ္ထားမယ္ ဆိုရင္ေတာင္ သူက ငါသိတဲ့သူေတြထဲမွာ အေခ်ာဆံုးနဲ႔ စြမ္းရည္အရွိဆံုး ေယာက္က်ားေတြထဲက တစ္ေယာက္ပဲ, ပိုရွားပါးတာက သူကနင့္ကို ဘယ္ေလာက္ေတာင္ ခ်စ္လိုက္လဲ, သူက နင့္အတြက္ေတာ့ အရမ္းလိုက္ဖက္တယ္, အကယ္၍နင္သာ သူ႔ကိုခ်စ္ႏိုင္ရင္ နင့္ဘဝက ေသခ်ာေပါက္ ေပ်ာ္ရႊင္ရလိမ့္မယ္ ဆိုတာ ငါယံုၾကည္တယ္, ထံုစံအတိုင္းပဲ အရာအားလံုးကေတာ့ နင့္အေပၚမွာပဲ မူတည္တာပါ, အကယ္၍နင္က သူ႔နဲ႔ အဆင္မေျပဘူးထင္ရင္ ေနာက္ထပ္ ေရြးခ်ယ္စရာေတြေတာ့ အမ်ားႀကီး ရွိပါတယ္, ႀကီးမားလွတဲ့ ပိုင္မိသားစုရဲ႔ သမီးတစ္ေယာက္အေနနဲ႔ နင့္ကိုလိုက္ေနတဲ့သူေတြကေတာ့ ဘယ္ေတာ့မွ ရွားပါးမွာ မဟုတ္ဘူး, နင့္ဆံုးျဖတ္ခ်က္က ဘာပဲျဖစ္ပါေစ ငါနင့္ကို ေထာက္ခံေပးမယ္"

ရင္ထဲထိသြားတာေၾကာင့္ ရႊယ္ခ်င္းကသူ႔လက္ေမာင္းအား ပုတ္ေပးလိုက္သည္။

"ငါနင့္ရဲ႔ ႀကိဳးစားအားထုတ္ေပးမႈေတြကို ေက်းဇူးတင္ပါတယ္" သူမက ေျပာလိုက္သည္။
"ေကာင္းၿပီ, ငါ့ကိုဒီေလာက္ခ်စ္တဲ့သူမ်ိဳးကို ရွာဖို႔က အရမ္းရွားပါးတဲ့ဟာ ငါသူ႔ကိုလက္ခံဖို႔ ႀကိဳးစားၾကည့္ပါမယ္, အကယ္၍ ငါတို႔ေတြ သင့္ေတာ္တယ္လို႔ ငါခံစားရရင္ ငါသူ႔ကို ေသခ်ာေပါက္ စဥ္းစားေပးမယ္, ငါကခ်စ္တဲ့သူထက္စာရင္ ငါ့ကိုခ်စ္တဲ့သူနဲ႔ လက္ထပ္တာက ပိုၿပီးေပ်ာ္ရႊင္ရလိမ့္မယ္"

က်င္းယြမ္က ေခါင္းညိတ္သည္။ သူက ေရွ႕ကိုေျခလွမ္းတိုးလိုက္ၿပီးမွ ေနာက္ျပန္လွည့္ၾကည့္သည္။

"ကိုယ့္ကိုကိုယ္ ဖိအားမေပးနဲ႔, တစ္ျခားသူအတြက္ စဥ္းစားစရာ မလိုအပ္ဘူး, နင္အေကာင္းဆံုးလို႔ ခံစားရတဲ့အတိုင္းသာလုပ္"

ရႊယ္ခ်င္းရဲ႔ မ်က္လံုးမ်ား စူးတက္လာၿပီး ေရွ႕ကို ေလွ်ာက္သြားလိုက္ကာ ထိုအမ်ိဳးသားရဲ႔ ေနာက္ေက်ာကို ပုတ္ေပးလိုက္သည္။

"ေကာင္းၿပီ, နင္ဘယ္တုန္းက ဒီေလာက္ထိ ပြစိပြစိ ေျပာတတ္လာတာလဲ? ျပန္သြားေတာ့ မဟုတ္ရင္ ဟန္ဟန္ စိတ္ပူေနဦးမယ္"

ထိုအခ်ိန္မွသာ က်င္းယြမ္က အျပည့္အဝ ျပန္လွည့္သြားၿပီး ရိဟန္ရဲ႔ အခန္းဆီ ေလွ်ာက္သြားလိုက္ေလသည္။ သြားေနတဲ့လမ္းမွာ ေျပာသြားေသးသည္။

"ေနာက္ဆက္တြဲ ဘာေတြျဖစ္လာမလဲ ဆိုတာအတြက္ ငါတို႔ အစီအစဥ္ကို ျပန္လည္သုံးသပ္ဖို႔ လိုအပ္တယ္ေနာ္, ဟန္ဟန္ကို ဒီကိစၥေတြနဲ႔ ပတ္သတ္ၿပီး တစ္ခုခုသိသြားတာမ်ိဳး ခြင့္မျပဳႏိုင္ဘူး မဟုတ္ရင္ ငါသူ႔ကိုတကယ္ မခ်စ္ဘူးလို႔ ထင္သြားလိမ့္မယ္, ငါကသူ႔ကိုသနားလို႔ သူ႔ကိုကယ္တင္ခ်င္တာ တစ္ခုပဲလို႔ ထင္သြားမွာ, အကယ္၍သူသာ အဲ့ဒီလိုမ်ိဳး ထင္သြားခဲ့ရင္ ငါတို႔ေတာ့ေသၿပီပဲ"

ရႊယ္ခ်င္းက သေဘာတူဟန္ အသံျပဳသည္။

"ငါတို႔ မေန႔ညက ကိစၥကို ဟန္ဟန္႔ကို ေျပာျပလိုက္ရင္ေရာ" သူမက ႐ုတ္တရက္ ထေျပာသည္။

"ငါကေတာ့ အဲ့ဒါက ပိုၿပီး လံုျခံဳမယ္ထင္တယ္, မိသားစုထဲမွာသူက အဲ့ဒီယူဆခ်က္အတြင္း ျပင္ဆင္ႏိုင္သြားလိမ့္မယ္, ဒါဆို အဲ့ဒါနဲ႔ပတ္သတ္ၿပီး မလိုအပ္တဲ့ ကြဲျပားမႈေတြ မျဖစ္ေတာ့ဘူးေပါ့"

က်င္းယြမ္က ရပ္တန္႔သြားၿပီး မ်က္ေမွာင္က်ံဳ႔မိသည္။ ရႊယ္ခ်င္းကေတာ့ ပိုၿပီးေတြးမိေလေလ သူမေျပာတာ မွန္တယ္လို႔ ခံစားရေလေလပင္။

"ေသခ်ာေပါက္ ငါတို႔ေတြ အစီအစဥ္ထဲ ထ်န္းေယာင္ကိုပါ ဆြဲသြင္းထားတဲ့ အေၾကာင္းျပခ်က္ကိုေတာ့ ေျပာင္းလဲလို႔မရဘူးေပါ့" သူမက စကားဆက္သည္။

"အမွန္တစ္ဝက္က လူေတြကို လွည့္ျဖားႏိုင္ဖို႔ အလြယ္ကူဆံုးပဲ, ေနာက္ပိုင္း ထ်န္းေယာင္ကို ေျပာဖို႔ အခြင့္အေရးရွာၾကတာေပါ့, ဇာတ္ေၾကာင္းကို ဆက္လုပ္မွျဖစ္မယ္"

ေကာင္းက်ိဳးဆိုးက်ိဳးမ်ားကို အခ်ိန္ၾကာျမင့္စြာ ခ်ိန္ဆၿပီးေနာက္ က်င္းယြမ္က ေနာက္ဆံုးမွာ ေခါင္းညိတ္လိုက္သည္။

"နင္မွန္တယ္ ဒါေပမဲ့ မွတ္ထားေနာ္, ဟန္ဟန္ရဲ႔ စိတ္ထဲမွာေတာ့ ထ်န္းေယာင္က ငါတို႔ေစ့စပ္ပြဲ ကိစၥကို မသိေသးဘူး ဆိုတာ, ေခ်ာ္ၿပီး ေျပာမထြက္သြားေစနဲ႔"

"ဒါဆို ငါတို႔ ထ်န္းေယာင္ ေရွ႕မွာ ဒီအေၾကာင္းကို မေျပာေတာ့ဘူး, သူ႔ကိုစကားအေျပာအဆို ၾကားထဲမွာ အရင္ဆံုး ခဏဖယ္ထားလိုက္ၿပီးမွ ငါတို႔လုပ္ရပ္ကို အျပည့္အဝ လုပ္မယ္, ဟန္ဟန္က ယံုလြယ္ေပမယ့္ ငါတို႔ေတြ သတိထားတာေတာ့ အေကာင္းဆံုးပဲ"

က်င္းယြမ္က သူမကို စိတ္မေကာင္းျဖစ္ဟန္ တစ္ခ်က္လွမ္းၾကည့္ၿပီး တိုးတိုးေလးေျပာသည္။

"သူကနင့္ေမာင္ေလးေနာ္, ဘယ္လိုျဖစ္လို႔ သူ႔ကို ယံုလြယ္တယ္လို႔ ေျပာရတာလဲ?"

"မဟုတ္လို႔လား? သူ႔ရဲ႔ ရယ္စရာေကာင္းတဲ့ ပံုစံေလးက အရမ္းကို ခ်စ္ဖို႔ေကာင္းတယ္လို႔ မထင္ဘူးလား?" သူမက ျပံဳးသည္။

မရည္ရြယ္ပါပဲ က်င္းယြမ္ရဲ႔ မ်က္ႏွာေပၚမွာပါ အျပံဳးတစ္ခု ျဖစ္ေပၚလာရသည္။ သူ႔ႏႈတ္ခမ္းေတြ အေပၚ ေကြးတက္ေနမိသည္အား သတိထားမိသြားေသာအခါမွာေတာ့ ျပန္ခ်ဖို႔အတြက္ အေကာင္းဆံုးႀကိဳးစားၿပီး သူမကို စိုက္ၾကည့္လိုက္ေတာ့၏။ ထို႔ေနာက္ လ်င္ျမန္စြာ လွည့္ကာသူ႔ပန္းတိုင္ဆီ ေလွ်ာက္ထြက္သြားေတာ့ေလသည္။

ရႊယ္ခ်င္းက သူမရဲ႔ ႏႈတ္ခမ္းကို တစ္ျခမ္းေစာင္းၿပီး ရွဳံ႔မဲ့လိုက္ေတာ့သည္။

"ေခါင္းမာတဲ့ မာနခဲေလး"

***

ေဆးရံုအခန္းထဲတြင္ ; 

"Mr ခ်န္, ခင္ဗ်ားက အလုပ္အရမ္းမ်ားတဲ့ဟာကို ဘာျဖစ္လို႔ ကၽြန္ေတာ့ဆီ အခ်ိန္ယူၿပီး လာလည္ေပးေနရေသးတာလဲ? ကၽြန္ေတာ္အခု အဆင္ေျပေနပါၿပီ" ရိဟန္က ေႏြးေထြးစြာ ႏႈတ္ဆက္သည္။

"ကိုယ္တို႔က အခုသူငယ္ခ်င္းေတြေလ, မဟုတ္ဘူးလား?" ထ်န္းေယာင္က အျပံဳးျဖင့္ ျပန္ေျဖသည္။

"သူငယ္ခ်င္းတစ္ေယာက္ ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ ကိုယ္တို႔က ကူညီေပးရမွာေပါ့, မင္းကအခု ကိုယ့္အကူအညီကိုမလိုေတာ့ဘူး ဆိုေပမယ့္လည္း မင္းဘယ္လိုေနလဲ ဆိုတာကိုေတာ့ လာၾကည့္ရဦးမွာပဲ"

ရိဟန္က ရယ္ေမာလိုက္တာေၾကာင့္ ခပ္နက္နက္ ပါးခ်ိဳင့္ေလးမ်ား ေပၚလာသည္။ သူ႔ကိုၾကည့္ရတာ အထူးတလွယ္ စိတ္ခံစားခ်က္ေကာင္းေနပံုပင္။

"အခုဘယ္လိုေနေသးလဲ?" ထ်န္းေယာင္က ေမးလိုက္သည္။
"ပ်ိဳ႔ေနတာတို႔ မူးေနတာတို႔ ျဖစ္ေနေသးလား?"

"မေန႔ကေတာ့ နည္းနည္းပ်ိဳ႔အန္ခ်င္သလို ျဖစ္တယ္" ရိဟန္က ျပန္ေျဖသည္။
"ဒါေပမဲ့ ေကာင္းေကာင္းေလး အိပ္လိုက္ေတာ့ အခုအမ်ားႀကီး သက္သာသြားၿပီ"

"ေနာက္တစ္ေခါက္ အိမ္ကထြက္ရင္ သက္ေတာ္ေစာင့္မ်ားမ်ားေလး ပိုေခၚသြားဖို႔ မေမ့နဲ႔" ထ်န္းေယာင္က အၾကံေပး၏။

"အထူးသျဖင့္ လူမ်ားတဲ့ေနရာမ်ိဳးကို ပိုၿပီးဂ႐ုစိုက္ရမယ္, မင္းရဲ႔ အဆင့္အတန္းနဲ႔ဆိုရင္ မင္းကို ရည္ရြယ္ထားတဲ့သူက အမ်ားႀကီးပဲ, မေန႔က ျဖစ္ရပ္ကို စဥ္းစားမိတာနဲ႔တင္ အရမ္းေၾကာက္ရြံ႔မိတယ္"

"ကၽြန္ေတာ္သိပါၿပီ" ရိဟန္က ေခါင္းညိတ္ၿပီး ျပန္ေျပာသည္။
"ဟုတ္သားပဲ, မေန႔က ခင္ဗ်ား ကၽြန္ေတာ့ကို ကယ္ဖို႔ အေျပးအလႊား ေရာက္လာေပးတာ ဒါေပမဲ့ ကၽြန္ေတာ့ေခါင္းက ရႈပ္ေထြးေနလို႔ လံုးဝစကားမေျပာလိုက္ရဘူး, ေက်းဇူးျပဳၿပီး စိတ္မဆိုးပါနဲ႔ေနာ္"

တစ္ဖက္လူက ျပံဳးသည္။

"မင္းအခုလို ယဥ္ယဥ္ေက်းေက်းနဲ႔ ေျပာေနတာကမွ ကိုယ့္ကိုစိတ္ဆိုးေစတာ, မင္းေပ်ာက္ေနတယ္လို႔ ကိုယ္သိလိုက္တုန္းကဆိုရင္ ေၾကာက္လြန္းလို႔ ေသေတာ့မလိုပဲ, အဲ့ဒီလူေတြက အရမ္းရဲတင္းတယ္, စိတ္မပူနဲ႔, ကိုယ္ေသခ်ာေပါက္ သူတို႔နဲ႔ ထိုက္တန္တာကို ေပးဆပ္ေစရမယ္"

ရိဟန္က ျပံဳးၿပီး ေခါင္းညိတ္လိုက္ကာ ျပတင္းေပါက္ အျပင္ဘက္ကို လွမ္းၾကည့္လိုက္သည္။

"ဘာလို႔ မမနဲ႔က်င္းယြမ္တို႔က ဒီေလာက္အၾကာႀကီး စကားေျပာေနၾကတာလဲ?"

ထ်န္းေယာင္က မ်က္ေမွာင္က်ံဳ႔သည္။

"စိတ္မပူနဲ႔" သူက ႏွစ္သိမ့္ေပး၏။
"သူတို႔မၾကာခင္ ျပန္လာလိမ့္မယ္, ကိုယ့္အမွားပါ, မင္းကအခု အမာေတြ စားလို႔မရေသးတာကိုပဲ သတိရၿပီး ဘာစားစရာမွ မယူလာခဲ့မိဘူး, မင္းကိုေစာင့္ေနတဲ့သူေတြက စားဖို႔လိုအပ္တယ္ဆိုတာကို ေမ့သြားတာ"

3.12.2021

=============

Continue Reading

You'll Also Like

1.3M 195K 144
မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တုိက္ခိုက္ျခင္းအားခံရသည္။ ML ရဲ႔ညီငယ္ေလးပဲ...
978K 51.3K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
60.7K 8.2K 8
အခုတေလာ ငါ့ရဲ႕ငယ္သူငယ္ခ်င္းက အရမ္းကိုဒြိဟျဖစ္ေစတဲ့ လကၡဏာေတြျပေနတယ္။ သူ ငါ့ကိုေဂးသြားေအာင္ႀကိဳးစားေနတာလား..? အခုတလော ငါ့ရဲ့ငယ်သူငယ်ချင်းက အရမ်းကိုဒွိ...
2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...