Amor is so Dumm

By MochiCookie95

171K 24.1K 4.4K

Amor {proper noun} god of love, son of Venus, Cupid. (Unicode... More

Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22 ⚠️
Ep-23
Ep-24
Ep-25
The End
Extra-1
Extra-2

Ep-16

4.9K 830 145
By MochiCookie95

Unicode;

"အငယ်လေး မနေ့က ထုတ်တဲ့ ပိုက်ဆံကို ဒီနေ့ပြန်သွင်းထားတယ် ဆရာ"

အတွင်းရေးမှူး ဦးလေးကြီးရဲ့ စကားကို Mr.Jeon က ခေါင်းတညိမ့်ညိမ့်ဖြင့်

"အင်း.. ဒီကောင်ဘာတွေ လုပ်နေမှန်းကို မသိတာ"
"ATM တင် မဟုတ်ပဲ ဘဏ်အထိ တကူးတက သွားထုတ်ထားတာကို သွားပြန်သွင်းတယ်ဆိုတော့.."
"ငါတို့ကို Location ရှောင်ချင်တဲ့သဘောလားတော့ မသိဘူး သူထုတ်ထားတဲ့ ဘဏ် အနီးတဝိုက်က မြို့နယ်တွေပါ ရှာလိုက်"
"ဟုတ်ကဲ့ ဆရာ"

နွေရာသီအား နှုတ်ဆက်ချိန် တန်နေပြီမို့ မိုးကလည်း အမြဲ တရိပ်ရိပ်နဲ့ လွမ်းဆွေးစဖွယ် ကောင်းလှသည်။ မိုးကျတာနဲ့ အမြဲ ဘီဘီ ဆံသဆိုင်လေးကလည်း လူသူကင်းမဲ့နေလေသည်။

"ဧည့်သည့်မရှိတော့ ပျင်းစရာကြီးနော်.. မိုးအေးအေးနဲ့ ခေါက်ဆွဲလေး ပြုတ်စားကြမလား"

Hobi စကားကြောင့် Jimin ထိုင်ခုံလေးပေါ် လှဲလှောင်း နေရာမှ ဆက်ကနဲ ထလိုက်သည်။

"ဆံပင်ဆိုင် သူဌေး ဝင်ငွေနဲ့ ထွက်ငွေရော လောက်ရဲ့လား.. ခုနာကမှ နေ့လည်စာ စားထားတာကို.. အဲ့လိုတွေ မလိုအပ်ပဲ သုံးဖြုန်းနေလို့ ဒီကြွက်တွင်းထဲက မထွက်နိုင်တာ.. ကျွတ် ကျွတ် ကျွတ်"

အခန်းကျဉ်းလေးထဲ ရှေးဟောင်းတီဗီ ပိုင်ရှင်အား ရွဲ့မေးလိုက်သည့် Jimin မေးခွန်းကို Hobi က သဘောကျသလို တခစ်ခစ်ရယ်ရင်း

"မပူပါနဲ့ကွာ.. ငါက လူချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့ကို ဦးစားပေးတဲ့လူပါကွ.. မင်းပြောတဲ့ ငါ့ကြွက်တွင်းလေးမှာ ငါပျော်တယ်"
"မင်းက ဘာလို့ Hobi Hyung ကို ဆရာကြီး လုပ်နေရတာလဲ.. မလိုအပ်ပဲ သုံးဖြုန်းနေတာ Hobi Hyung မဟုတ်ဘူး မင်းကွ.. ကိုယ်စီးထားတဲ့ ဖိနပ် ကိုယ် ငုံ့ကြည့်ဦး.. ဟွန်း"

အိုးကမပူပဲ စလောင်းက ပူနေတဲ့ Taehyung စကားကြောင့် Jimin စိတ်တိုသလိုကြည့်ရင်း

"အမြင်မတော်လို့ ပြောနေတာ.. ပြီးတော့ ငါကြိုက်တဲ့ ဖိနပ် ငါဝယ်စီးတာ.. ငွေထုတ်ပေးတဲ့ Jeon Jungkook တောင် ဘာမှမပြောတာ မင်းက ဘာဆရာကြီး ဝင်လုပ်နေတာလဲ"
"အေးလေ တူတူပဲပေါ့.. Hobi Hyung တောင် ဘာမှမဖြစ်တာ မင်းက ဘာတွေ ဖြစ်နေတာလဲ.. ခေါက်ဆွဲပြုတ်ပြီးရင် သူလည်း ဝင်စားတာပဲကို"
"Ya! ဆံပင်ဆိုင် သူဌေးတောင် ငါ့ကို ဘာမှ မပြောတာ မင်းက ဘာဖြစ်နေတာလဲ.."

ခပ်စူးစူး Jimin အော်သံကြောင့် Hobi တစ်ယောက် Cashier ထိုင်ခုံလေးနားကနေ ခေါင်းသာကုပ်လိုက်မိသည်။ ဘာမှမဟုတ်ပဲ ရန်ဖြစ်ကြပြန်ပြီ..။

"အမြင်မတော်လို့ ပြောနေတာလေ.. မင်းလိုပေါ့"
"မင်းလို ကြွက်စုတ်က ငါ့ကို ဘာမှ ဆရာလုပ်စရာ အကြောင်းမရှိဘူး"
"ကဲ နှစ်ယောက်လုံး တော်ကြပါတော့ကွာ.. မင်းတို့ ဆက်စကားများနေရင် ငါလည်း ခေါက်ဆွဲပြုတ် မစားတော့ဘူး"

ခေါက်ဆွဲပြုတ် ကြောင့်သာ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြတာ တစ်ယောက်ကိုယ် တစ်ယောက် မျက်လုံးနဲ့ ရန်ဖြစ်နေကြတုန်း..။ တခဏတာတော့ တိတ်ဆိတ်သွားပြီမို့ Hobi လည်း ဆိုင်အနောက်ထဲ ခေါက်ဆွဲသွားပြုတ်ရန် ထွက်သွားလေတော့သည်။ Hobi ထွက်သွားမှ Jimin က လက်ပိုက်လိုက်ရင်း ခေါင်းခါကာ

"ငါက ပုံမှန်လိုဆို သူများကိစ္စ ဝင်မပါတတ်ပေမယ့်.."

ထုံးစံအတိုင်း သူ့မူပိုင် စကားပုလ္လင်ခံလိုက်ကတည်း ဆရာကြီး လုပ်တော့မယ်ဆိုတာ Taehyung သိပြီးသားမို့ နှာခေါင်းခိုးရှုံ့လိုက်သည်။

"ဆံပင်ဆိုင် သူဌေးက မင်းအပေါ် ဘာစိတ်မှ မရှိဘူးထင်တယ်"
"မင်း က သူ့စိတ်ထဲ မြင်ရလို့လား.. အရိုင်းအစိုင်း"
"ကြွက်စုတ်ရာ.. မင်းကတော့လေ အရမ်းတုံးတာပဲ Jeon Jungkook နီးပါးပဲ.. အနည်းဆုံး Jeon Jungkook တုံးတာ ကမှ ချစ်စရာကောင်းသေးတယ်"

Jimin စကားကြောင့် Taehyung ဒီတခါတော့ ပေါ်တင် နှာခေါင်းရှုံ့လိုက်မိသည်။ ဘာမှမဆိုင်ပဲ သူ့ယောက်ျား အကြောင်း ကြေငြာလာဝင်နေသေး...။

"ဘာ နှာခေါင်းရှုံ့တာလဲ.. ငါ တကယ် ပြောမလို့ကို"
"ဘာလဲ"
"ကြားလူရဲ့ အကူအညီမပါပဲ ဆံပင်ဆိုင်သူဌေး နှလုံးသားကို မင်းမရနိုင်တော့ဘူး.. အဲ့တော့ ငါ့ကို ဝမ်သိန်းငါးဆယ် ပေးရင် ငါက အဆင်ပြေအောင် လုပ်ပေးမယ်"

အဲ့တာလား ပုံမှန်လိုဆို သူများကိစ္စဝင်မပါတတ်တာ..။ စီးပွါးရေး စျေးကွက် လာလုပ်နေသေး..။ ငွေရဖို့ ကိစ္စမို့ ရှားရှားပါးပါး ပြုံးပြနေတဲ့ Jimin အပြုံးက ကြက်သီးထစရာ ကောင်းလှသည်။

"နေပါစေ ငါ့မှာ ပိုက်ဆံမရှိဘူး"
"မင်းက သူဌေးသားလေ"
"သူဌေးရဲ့သားပါဆို သူဌေး မဟုတ်ဘူးလို့ ငါဘယ်နှခါ ပြောရမလဲ.. တော်ပါ ငါ ဒီအခြေအနေလေးလည်း ငါက အဆင်ပြေတယ်"

ဒီကြွက်စုတ်ကတော့... မြွေပွေးမဆီက မရတော့တဲ့ ပိုက်ဆံကို သူ့ဆီက ညစ်မလို့ပါဆို..။ Taehyung စကားကြောင့် Jimin ဘာမှပြန်မပြောတော့ပဲ အပြင်ကိုသာ ငေးနေလိုက်မိသည်။ ငါးစက္ကန့်မျှ တိတ်ဆိတ်သွားပြီးမှ Taehyung ရှိရာ ပြန်လှည့်လာပြီး

"ဒါဆိုလည်း ငါ့ကို ဟိုတခါ ဝမ်သိန်းငါးဆယ် အမြန်ပေးတော့"
"မင်းက ရှေ့ရက်တွေက အေးဆေးနေလို့ ငါလည်း မေ့တောင် မေ့နေတာ ဟဲ.. ငါစုထားတာ ပြည့်ရင် ပေးပါမယ်"

Jimin မအော်အောင်သာ ရွှီးလိုက်ရတာ Taehyung စိတ်ကူးထဲမှတော့ 'တပြားမှ မပေးနိုင်ဘူး' လို့ အကြိမ်ကြိမ် ရေရွတ်ပြီးသား။ Jimin က သက်ပြင်းတိုးတိုးလေး ချရင်း

"ရှေ့ရက်တွေတုန်းက ငွေ အများကြီးဝင်မယ့် အလုပ်တစ်ခု ရသွားလို့.. အခု ပျက်သွားပြီ အဲ့တာကြောင့် မင်းဆီက ပြန်တောင်းတာ"

Jimin စကားကို Taehyung က မယုံသလို မျက်မှောင်ကြုံ့ရင်း

"ဘာလို့လဲ.. ငွေအများကြီး ဝင်မှာဆို ဆက်လုပ်လေ"
"Ya.. မင်းကားကို ရောင်းခိုင်းရင် မင်းရောင်းမှာလား"
"ဖွက် ဖွက် ဖွက်.. လွှဲပါစေ ငါ့ရဲ့ အသည်းအသက်လေးကို ရောင်းစရာလား"

Taehyung စကားကြောင့် Jimin ပြုံးလိုက်မိသည်။ အတူတူပဲပေါ့... အသည်းအသက်အထိတော့ မဟုတ်ပေမယ့်.. အင်း.. ဘယ်လိုပြောရမလဲ.. အရသာရှိတာတွေ ချက်ပေးတဲ့ စာဖိုမှူး.. ဒါပေမယ့် စားချင်တာတိုင်းလည်း ရမှမရတာ.. အကြိုက်ကြီးမဟုတ်ပေမယ့် ဒီတိုင်း အရသာရှိတာတွေ ပြည့်နက်နေတဲ့ ရေခဲသေတ္တာ..။

"ငါလည်း အတူတူပဲလေ.. ငါစားချင်တာတွေတော့ မဟုတ်ပေမယ့် အရသာရှိတဲ့ အစားအသောက်တွေ ပြည့်နေတဲ့ ငါ့ရေခဲသေတ္တာကို လွယ်လွယ်ကူကူ ရောင်းစရာလား"
"မင်း ရေခဲသေတ္တာရောင်းဖို့ စဉ်းစားခဲ့တာလား... ဂေါက်သီးပဲ ဘယ်ရေခဲသေတ္တာက ဝမ်သိန်းငါးဆယ်တန်လို့လဲ"

Jimin နှစ်ခြိုက်စွာ ရယ်လိုက်မိသည်။ တောင်ကိုရီးယား လူမျိုးတွေက အဲ့လိုပဲ တုံးကြလား...။

"ဒါပေါ့.. ငါ့ရေခဲသေတ္တာက ဝမ်သိန်းတစ်ရာတောင် ပေးဝယ်မယ့်သူ ရှိတယ် ရှင်းလား"
"အဲ့လူက ကျပ်မပြည့်လို့နေမှာပေါ့"
"ငါလည်း အစက အဲ့လို ထင်ခဲ့ပေမယ့်.. ငါ့ရေခဲသေတ္တာက တန်ဖိုးကြီးတာ သူသိလို့ နေမှာပေါ့"

Jimin စကားကို Taehyung က နှာခေါင်းရှုံ့ကာ ခေါင်းခါလေသည်မို့ Jimin ရယ်လိုက်မိသည်။

"မင်းအတိတ်မေ့ပြီး နောက်ပိုင်း ဒီလိုပြုံးရွှင်နေတာ ဒါ ပထမဆုံးပဲ... အခုမှ ငါ့သူငယ်ချင်းလေးကို ပြန်မြင်ရသလိုပဲ"

Taehyung စကားကြောင့် ဆံသဆိုင်လေးရဲ့ Customer များ ထိုင်ရသည့် မှန်တင်ခုံထဲက တစ်ခုရဲ့ မှန်ထဲက ပုံရိပ်လေးကို Jimin လှမ်းကြည့်မိသည်။ ဟုတ်ပါရဲ့... အမြဲတမ်း အလုပ်တွေရှုပ်ပြီး မျက်မှောင်ကြုံ့နေတတ်တဲ့ Grazie မျက်နှာက မင်္ဂလာဆောင် ဓါတ်ပုံထဲက Park Jimin နဲ့တောင် တူနေသလို..။

"ခေါက်ဆွဲပြုတ်ရပါပြီ"
"ရေးးး"

ကလေးလို ပျော်မြူးကာ ခုန်ပေါက်သွားတဲ့ Taehyung အား Jimin မျက်စောင်းထိုးမိလိုက်သည်။ ပြိုင်ကားစီးတဲ့ သူဌေးသားက ဆံပင်ဆိုင်က ခေါက်ဆွဲပြုတ်ကို အဲ့လောက် တပ်မက်နေရသလား...။

"Ya.. မင်း ဝယ်မစားနိုင်တာလဲ မဟုတ်ပဲ ဘာလို့ အဲ့လောက်ပျော်နေရတာလဲ ကလေးကုလား"
"မင်းစကားက လူမျိုးရေးခွဲခြားတာတွေ ပါနေတယ် အရိုင်းအစိုင်း"
"နေ့တိုင်းရန်ဖြစ်နေကြတာ မမောကြဘူးလားဟင်.. ငါတော့ ကြားထဲကနေ မင်းတို့နှစ်ယောက်ကို ကြည့်ပြီး ဝင်ဝင်တားရတာလည်း မောနေပြီ"

Hobi စကားကြောင့် Jimin နှာခေါင်းရှုံ့ကာ မသိချင်ယောင်ဆောင်ရင်း Hobi ယူလာတဲ့ ခေါက်ဆွဲပြုတ်သာ ငုံ့သောက်နေလိုက်သည်။ Taehyung ကတော့ အားနာသလိုဟန် ချစ်စရာကောင်းအောင် ပြုံးပြရင်း သူ့နားရွက်နားလေး သူ ဖွဖွဘေးကုပ်ကာ

"ကျွန်တော်က လိမ္မာချင်ပါတယ် Hyung ရယ် သူက လာလာ ရိုင်းစိုင်းနေတာ"
"ငါမြင်ရသလောက်တော့ မင်းကလည်း သွားသွားစတာပါကွာ"

Hobi စကားကြောင့် Jimin ဂုဏ်ယူ ဝမ်းမြောက်စွာ Taehyung အား လျှာထုတ်ပြောင်ပြ လိုက်လေသည်။ တရွေ့ရွေ့ အချိန်ကုန်လာတာနဲ့ အမျှ မိုးက တိတ်သွားပြန်သည်။ တိတ်လိုက်ကျလိုက်နဲ့ တနေကုန် တစီစီ လုပ်နေသည့် မိုးကို ငေးရင်း Jimin က

"ဒီရက်ပိုင်း တောင်ကိုရီးယား နိုင်ငံက ဘာလို့ အဲ့လောက် မိုးရွာနေရတာလဲ"
"နွေရာသီကုန်တော့မှာ မို့လို့ပေါ့.. ဒီမိုးတွေနဲ့ အတူ နွေရာသီကြီး အဆုံးသတ်ပြီး ဆောင်းဦး ရောက်တော့မှာလေ"

Hobi က ချည်လေး ထိုးရင်း အေးချမ်းစွာ ဖြေလိုက်သည်။

"ဒီရက်ပိုင်းတော့ မိုးက ရွာနေဦးမှာပဲ.. အား.. မိုးအေးအေးနဲ့ ကော်ဖီလေး သောက်ချင်လိုက်တာ"

Hobi စကားကြောင့် Taehyung တစ်ယောက်မှာပြာယာတွေ ခတ်လို့..။

"ကျွန်တော်သွားဝယ်ပေးမယ်လေ"
"ငါ က နွားနို့"
"မင်း မမေးဘူး"

Taehyung ခါးထောက်ပြီး ရန်ထောင်လိုက်သည်မို့ Jimin လည်း ထိုင်နေရာမှ ဆက်ကနေထကာ ခါးပြန်ထောက်ရင်း

"မင်းအဲ့လို ခွဲခြား ဆက်ဆံလို့ရမလား.. သုံးယောက်အတူရှိနေတာလေ"
"ကဲ ဝယ်တိုက်လိုက်ပါကွာ.. ရာသီဥတုလေး ကောင်းနေတာကို ရန်မဖြစ်ကြပါနဲ့ဆို"

hobi ဝင်ပြောလိုက်သည်မို့ Taehyung နှုတ်ခမ်းလေး ခိုးစူလိုက်မိသည်။ Hobi စကားမှ အရာထင်သော Taehyung အား ကြည့်ရင်း Jimin ရယ်ချင်မိသည်။ လူငယ်တွေများ ခက်လိုက်တာ ကိုယ်ချစ်တဲ့သူပြောတဲ့ စကားမှ ဘဝ မှတ်ကြတာ သိပ်ဆိုးတာပဲ...။ အော်.. မေ့နေတာ သူက ငါနဲ့ ရွယ်တူပဲ...။

"ဟုတ်ကဲ့ပါ ဝယ်တိုက်လိုက်ပါ့မယ် Hobi Hyung တခြားရော ဘာစားချင်သေးလဲဟင် Waffle ဖြစ်ဖြစ် ပေါင်မုန့်ဖြစ်ဖြစ်"
"ငါ Waffle ကြိုက်တယ်"

Jimin က ဆုံလည်ခုံလေးပေါ် ခြေချိတ်ထိုင်ကာ လှည့်နေရင်း ဝင်ဖြေလိုက်မိကို Taehyung စိတ်မရှည်သလို အသက်ပြင်းပြင်း ရူလိုက်ရင်း

"မပင့်တဲ့ ဘုန်းကြီးက တအားကြွတာပဲနော်.. ငါမေးတဲ့ အထဲ Hobi Hyung လို့ပဲ ပါတယ် Park Jimin လို့ မပါဘူး"
"စကားနောက် နှာခေါင်းပါလိုက်တာ"
"နှစ်ယောက်အတူသွားဝယ်ပြီး Jimin စားချင်တာ ရွေးခဲ့လေ ငါ ရောစားမယ်"

Taehyung နဲ့ Jimin တစ်ယောက်ကို တစ်ယောက် မျက်စောင်းထိုးရင်း ကော်ဖီဆိုင်လေးဆီ အတူထွက်လာခဲ့လိုက်ရသည်။ မိုးကတိတ်နေပြီ ဆိုပေမယ့် အပြင်ရောက်မှ တစ်ပေါက်စ နှစ်ပေါက်စ ကျနေတုန်း

"မြန်မြန်သွားရအောင် မိုးသည်းကုန်လိမ့်မယ်"
"ငါလည်း သွားနေတာပဲလေ ရပ်နေလို့လား"

Jimin အဖြေကြောင့် Taehyung သက်ပြင်းတစ်ချက်ချပြီးတော့သာ ခေါင်းခါလိုက်မိသည်။ Jungkook တို့ရုံးနားက ကော်ဖီဆိုင်လေးထဲ ဝင်ကာ Hobi မှာတဲ့ Latte လေး တစ်ခွက်ရယ် Jimin အတွက် နွားနို့လေးရယ် မှာလိုက်ပြီး မုန့်ရွေးနေလိုက်သည်။

"ငါတော့ ပေါင်မုန့်တွေ မစားချင်ဘူး Waffle ပဲ စားမယ်"

Jimin စကားကြောင့် Taehyung လည်း Waffle နဲ့ သူ့အတွက်ပါ ကော်ဖီသွားမှာနေသည်မို့ Jimin အပြင်သာ ငေးနေလိုက်မိသည်။ တဖွဲဖွဲ ကျလာသည့် မိုးတို့ ကပြန်စိတ်လာပြန်သည်။

"ဒီလိုသာဆို ငါတို့ အပြန် မိုးမိတော့မှာပဲ.. ငါးနာရီ ထိုးတော့မှာကို"

အပြင်မှာရွာနေတဲ့ မိုးကိုငေးရင်း Jimin တိုးတိုးလေး ရေရွတ်လိုက်မိသည် နှင့်တပြိုင်နက် စိတ်ထဲ Jungkook အကြောင်းရောက်လာသည်။ မိုးကလည်း ဒီနေ့မှ မတိတ်နိုင်.. ဟိုငတုံး ကမှ နေမကောင်းပါဘူးဆို..။

"တောင်ကိုရီးယားနိုင်ငံက အအေးပိုင်းထဲ ပါတယ်လေ ဘာလို့ အပူပိုင်းနိုင်ငံတွေလို မိုးတစီစီရွာနေတာလဲ အာရုံနောက်လိုက်တာ"

ရန်ရှာစရာ လူ အနားမရှိတော့လည်း မိုးပျောက်တို့ကို ငေးရင်း ရန်ထောင်နေမိသည်။ ငေးကြည့်နေရာ မိုးပျောက်တို့ ကြားထဲ ပြေးဝင်လာတဲ့ ကောင်လေးကြောင့် Jimin မျက်လုံးတို့ ပြူးကျယ်သွားသည်။ ရင်နှီးနေသော ကျောပြင်ကျယ်ကြီးကြောင့် မျက်နှာ သေချာ မမြင်ရတောင် အိမ်က ငတုံးလေးမှန်း အလိုလို သိပြီးသား..။ ဒီကောင်.. ဒါ ဘာလုပ်နေတာလဲ..။

လမ်းတဖက်က ကားဆီကနေ စက္ကူပုံးကြီးတွေ ပြေးယူလိုက် ဒီဘက်လမ်းဆီ ပြန်လာလိုက် ပြေးလွှားနေတဲ့ Jungkook ကို ကြည့်ရင်း Jimin အလိုလို ဒေါသ ထွက်လာသည်။

"ဒီ သောက်ငတုံး နေမကောင်းတာကို မိုးရေထဲ ဘာလို့ ပြေးလွှားနေတာလဲ"
"ဘယ်သူနဲ့ ရန်ဖြစ်နေပြန်တာလဲ"

မှာထားသည့် စားစရာများ ရပြီမို့ Taehyung ငွေရှင်းပြီး Jimin အနားကပ်ကာ ပြောလိုက်လေခြင်း ဖြစ်သည်။ Jimin ကြားပေမယ့် မဖြေပဲ ဆိုင်ပြင်က အခြေအနေကိုသာ အာရုံစိုက်နေမိသည်။ ထီးမိုးထားသူ တစ်ယောက်က လက်ညှိုး တထိုးထိုးနဲ့ Jungkook အား ခိုင်းနေခြင်းပင်။

"တောက်စ်.. အဲ့ဒါကြောင့် လခစား ဝန်ထမ်းတွေကို ငါ ကြည့်မရတာ"
"Ya ya ya ဘယ်သွားမှာလဲ ငါ့ကို ထီးဖွင့်ပေးဦး"

Jimin တစ်ယောက်ထဲ ပါလာသည့် ထီးကိုပင် မယူပဲ ဆိုင်ထဲမှ ထွက်သွားခြင်းကြောင့် Taehyung တစ်ယောက် မုန့်ထုတ်တွေသယ်ရင်း ထီးဖွင်ကာ မနိုင်မနင်းဖြင့် နောက်က ပြေးလိုက်ခဲ့ရသည်။

"Jeon Jungkook အဲ့တာ ဘာလုပ်နေတာလဲ"

Jimin အသံကြောင့် Jungkook လမ်းတဖက် ကားဆီမှ ဒီဘက်လှမ်းထဲ ပြန်ပြေးကူးလာလေသည်။

"Hyung ရယ် မိုးတွေကျနေတာ ထီးမပါပဲ ဘယ်လိုဖြစ်ပြီး အပြင်ရောက်နေတာလဲ"
"မင်းကရော ဘာ.."
"အာ Taehyung Hyung ရော ပါတာလား"

Taehyung က ထီးဖွင့်ပြီး Jimin အနား ဆောင်းပေးရင်း ရပ်လိုက်သည်မို့ Jimin ပြောမယ့် စကားတို့မဆုံးခင် Jungkook ဖြတ်ပြောလိုက်ခြင်း ဖြစ်သည်။

"မင်္ဂလာပါ Hyung ကော်ဖီလာဝယ်တာ ထင်တယ်"
"ဟုတ်တယ်.. အလုပ်များနေတာလား"
"ဟုတ်.. ဟီး"
"ဟေ့ကောင် အချိန်မဖြုန်းနဲ့ မြန်မြန်သယ်ပြီး ရုံးဆင်းရအောင်.. မင်းဆွေမျိုးတွေနဲ့ နောက်မှ နှုတ်ဆက်တော့"

ထီးအောက်က ဖုန်းသုံးရင်း အော်နေတဲ့လူရဲ့ အသံကြောင့် Jimin လည Gumshin မှန်း တန်း မှတ်မိလိုက်သည်။ မြွေပွေးမ အိမ်တက်တုန်းက ရယ်စရာမကောင်းတဲ့ ဟာသတွေ ပြောတဲ့ ဘိုးတော်ပဲ...။ Jungkook ကတော့ ပြုံးလျက်ပဲ Jimin ဘက်လှည့်ကာ

"ပြီးမှ လာကြိုမယ်နော် Hyung.. ထီးဆောင်းရင် Taehyung Hyung နားကပ်ဦး ပခုံးတွေ မိုးရေစိုကုန်မယ်"
"အခု ငါက အရေးလား.."

Jimin မနီးမဝေးက ထီးနဲ့ ဘိုးတော်ကို အမြင်ကတ်ကတ်နဲ့ Jungkook အပေါ် အော်လိုက်ပေမယ့် Jungkook ကတော့ ထုံးစံအတိုင်း မဖြုံပါ။ ပြုံးလျက်ပါပဲ..။

"ဟီး အခုမှ မဟုတ်ဘူး.. အမြဲတမ်း Hyung က အရေးအကြီးဆုံးပဲ"

လေးလေးနက်နက် ပြောနေမှန်း သိသာနေအောင် မိုးရေကြားထဲတောင် မျက်လုံးဝိုင်းကြီးတွေက တောက်ပနေလေသည်။ ငါမင်း မျက်လုံးတွေကို သဘောကျလိုက်တာ Jeon Jungkook ရယ်...။ တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားကို ထိန်းရင်း ဘာမှမဖြစ်သလို ခပ်တည်တည်နဲ့သာ ငေါက်လိုက်မိသည်။

"ဒီ သောက်... မင်းကိုယ်မင်း ကြည့်ဦး တကိုယ်လုံး ရွဲစိုနေတာပဲ.. မင်း ဖျားနေတာမလား.. မင်းတို့ရုံးမှာ မင်း တစ်ယောက်ပဲ ရှိတာလား"
"ဟီး.. ကျွန်တော် တစ်ယောက်တည်းတော့ မဟုတ်ပေမယ့် တခြားလူတွေက မအားလို့ပါ"

Jimin မေးခွန်းကြောင့် Gumshin က လူကြီးတန်မဲ့ ပေစောင်းစောင်း ကြည့်လာသည်မို့ Jungkook တမင်လျောပြောလိုက်မှန်း Jimin ရိပ်မိလိုက်သည်။ ဒါသေချာပေါက် အနိုင်ကျင့်ခံနေရတဲ့ လက္ခဏာ..။ ငါမကူသရွေ့ ဒီငတုံးက ပြုံးပြုံးကြီး အနိုင်ကျင့် ခံနေမယ့် သဘောရှိတယ်...။

Jimin က သူ့ထံ မျှမိုးပေးထားတဲ့ Taehyung ရဲ့ ထီးကိုက်ထားသည့် လက်ကိုဆွဲယူကာ Jungkook ထံ မိုးပေးလိုက်ပြီး သူကတော့ Gumshin လက်ထဲက ထီးအား ဖက်ကနဲ ဆွဲလုလိုက်သည်။ Jimin လုပ်ရပ်ကြောင့် Gumshin ရော Taehyung ရော Jungkook ပါ ပါးစပ်အဟောင်းသား..။

"ဟိတ် ဒါဘာလုပ်တာလဲ.. အမလေး ငါ့ဖုန်းတွေ ရေစိုကုန်ပါပြီ.. အားးး မင်း ဒါ ဘာလုပ်လိုက်တာလဲ"

ဖုန်းရေထိသွားလို့ ဆတ်ဆတ်ခါကာ Jimin ထီးအောက် တိုးဝင်လာသည်မို့ Jimin က ထီးအောက် မရောက်အောင် ပြန်တွန်းလိုက်လေသည်။ ဆွေ့ဆွေ့ခုန်နေတဲ့ Gumshin က လမ်းအနားက အဆောက်အဦးဆီ ပြေးမိုးခိုလိုက်ပြီးမှ

"ဘယ်လိုကောင်လဲကွ.. ဒါ ဘာလုပ်လိုက်တာလဲ"
"အခုထိ မသိသေးဘူးလား.. မိုးရေထဲ ပို့လိုက်တာလေ ညစ်ပတ်နေတဲ့ စိတ်ဓါတ်တွေကို မိုးရေချိုးပြီး သန့်ရှင်းလို့ ရအောင်လို့"

ဘာအပြစ်မှ မလုပ်ထားလို့ ဘာမှမခံစားရသလို ထီးလေးကိုင်ရင်း ပခုံးတွန့်ပြတဲ့ Jimin ကြောင့် Gumshin ဒေါသပိုထွက်လာလေသည်။

"ဟိတ် ဘာစကားပြောတာလဲ"
"Hyung တော်ပြီ တော်ပြီ တော်ပြီ.. ကျွန်တော် ဘာမှ မဖြစ်ပါဘူးဗျာ"
"Ya.. ya ya Jimin ရေ ငါတို့ ပြန်ကြရအောင်.. မင်း လုပ်နေတာ အားနာစရာကြီး"

Taehyung နဲ့ Jungkook လည်း အခြေအနေကို နားလည်ပြီး Jimin အား ပြေးဆွဲရတော့သည်။ Jimin က Taehyung နဲ့ Jungkook လက်တို့ကို ပုတ်ချရင်း

"ဘာအားနာစရာပါလဲ ဒင်းတောင် သူများသားသမီးကို မိုးရေထဲ ပြေးလွှားခိုင်းနေတာကို အားမနာတတ်တာ ငါက အားနာစရာလား"
"Hyung ရယ် ကျွန်တော် ဘာမှမဖြစ်ပါဘူးဆို"
"မင်းအဲ့လို တုံးနေလို့ မင်းကို ရွေးခိုင်းနေတာ သိလား.. မင်း ဘာမှမဖြစ်လည်း ငါဖြစ်တယ်"

Jimin က Jungkook တို့ အနားကနေ Gumshin မိုးခိုနေရာ အဆောက်အဦးနား နှစ်လမ်းလောက် တိုးလိုက်ရင်း

"ဒီမှာ အဘိုးကြီး.. Jeon Jungkook ဖျားနေတာကို မသိဘူးလား"
"ဘယ်.. ဘယ် သိမလဲ ငါက.."
"ကျွန်တော်ကပဲ တောင်းပန်ပါတယ်.. ကျွန်တော့် ယောက်ျားက စိတ်ပူလွန်သွားလို့"

ကြားဖြတ်ကာ ဖြန်ဖြေဖို့ ကြိုးစားနေတဲ့ Jungkook အား ဘေးတွန်းလိုက်ရင်း

"ဖယ်စမ်း ငါပြောလို့ မပြီးသေးဘူး.. ဒီမှာ ဘိုးတော် အထက်လူကြီး တစ်ယောက်ဖြစ်ပြီး ကိုယ့်လက်အောက် ငယ်သား ဘာဖြစ်နေလဲ ဆိုတာကို အရင် မလေ့လာပဲ ခိုင်း.."
"Hyung တော်ပြီလို့.. ကျွန်တော် ဘာမှ မဖြစ်ပါဘူးဆို"

Jimin စကား မဆုံးခင် Jungkook ရှေ့က ပိတ်ရပ်ကာ Jimin အား အော်လိုက်လေသည်။ လေသံမမာပေမယ့် အော်လိုက်တာမို့ နှလုံးသားထဲ လေပြေအေးအေး ဖြတ်တိုက်သွားသလို ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်သွားသလိုလို။ တဖျောက်ဖျောက် မိုးသံနဲ့ အတူ ရင်ဘတ်ထဲ တဆစ်ဆစ်နဲ့ ခံရခက်လာသည်။ ဘုရားစူး ဒီငတုံးက ကိုယ့်ကို ပြန်အော်လိမ့်မယ်လို့ ယောင်လို့တောင် မတွေးဖူးဘူး...။ ဝမ်းနည်းသလိုလို ငိုချင်သလိုလို ခံစားချက်ကြောင့် Jimin အကြည့်တို့ကို Jungkook ထံမှ ချက်ခြင်း အဝေးပို့ပစ်လိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ် တာဝန်ခံကြီး"

သူခံနေရတာ မကြည့်နိုင်လို့ ဝင်ပြောပါတယ်ဆို ကိုယ့်ရှေ့တင် ခေါင်းငုံ့ခံနေတဲ့ Jungkook ကြောင့် Jimin သွေးတက်နေမိသည်။

"မင်း သောက်ရူးလား ဒီ အထက်ဖားအောက်ဖိ သေခါနီး ဘိုးတော်ကို ဘာကိစ္စ တောင်းပန်ရတာလဲ"
"Hyung တော်ပြီဆို"

Jungkook က ချော့ပြောသလို Jimin ပခုံး နှစ်ဖက်အား ကျစ်ကျစ်ဆုပ်ကိုင်၍ ဆိုလာသည်။ Jimin ချက်ခြင်း ထိုလက်တို့အား ပုတ်ချလိုက်မိသည်။ သူ့ဘက်ပါတာ ပါတာ သက်သက် လာအော်တာတော့ မခံနိုင်ပေါင်.. ငါကပဲ အမြဲ အော်မှာ..။

"စိတ်ပျက်စရာတွေ.. ယောက်ျားချင်း ယူထားရင်တောင် အနည်းဆုံးတော့ ကောင်းတဲ့သူ မယူဘူး.. ဘယ့်နှယ့် အော်ဟစ်ရိုင်းစိုင်းနေတဲ့ ဟာမျိုးကို ယူရတယ်လို့"
"ခင်ဗျား..."

ဒီတစ်ခါတော့ Jimin အော်ဖို့ ပါးစပ်ပြင်နေချိန်မှာ Jungkook က Gumshin ကော်လံဆွဲလိုက်သည်မို့ Jimin အံ့ဩသွားရသည်။

"မင်း ကိုယ့်အထက်လူကြီးကို ဒါ.. ဒါ ဘာအပြုအမူလဲ"

လန့်နေသလို ဟန်ဖြစ်နေသည့် Gumshin ပုံစံကြောင့် Jimin ဘေးကနေ နှာခေါင်းရှုံ့လိုက်မိသည်။ Jeon Jungkook ကို အဲ့လို ကြမ်းစေချင်နေတာကြာပြီ လို့ တိတ်တဆိတ် သတ်မှတ်ရင်း ရင်ထဲကနေ လုပ်သာလုပ် ဟု အားပေးနေမိသည်။ Jungkook မျက်နှာအား ကျေနပ်စွာ လှမ်းကြည့်ရင်း နှလုံးသားငယ်ဟာ တဒိတ်ဒိတ် ခုန်လာပြန်သည်။ ဒေါသထွက်တဲ့ အချိန်မှာ မင်းက သေလောက်အောင် ကြည့်ကောင်းနေတာ ကိုယ့်ဟာကိုယ် သိရဲ့လား ငတုံးလေးရေ...။ Jungkook ပုံစံက ဒေါသထွက်နေသလို ပါးစောင်အား လျှာထိုးလိုက်ရင်း

"Hyung ဘယ်နှနာရီ ရှိပြီလဲ"

ရုတ်တရပ်နာရီ လှမ်းမေးတာမို့ Jimin လည်း ငမ်းနေရာမှ ယောင်ယောင်အမ်းအမ်း ကော်ဖီဆိုင်လေးထဲက နာရီလှမ်းကြည့်ပြီး ဖြေလိုက်သည်။

"ငါးနာရီ ထိုးပြီးလို့ ငါးမိနစ်မပြည့် တပြည့်"
'ခွပ်'

Jimin စကားဆုံးတာနဲ့ Gumshin အား လက်သီးနဲ့ ထိုးလိုက်သည့် Jungkook ကြောင့် Jimin ထပ်အံ့ဩရပြန်သည်။ လဲကျသွားတဲ့ Gumshin ကို Jungkook က ပြန်ဆွဲထူရင်း ထပ် ကော်လံဆွဲကာ

"ကျွန်တော်က ခင်ဗျား လက်အောက်က ဝန်ထမ်းမို့ ကျွန်တော့်ကို ကြိုက်သလိုပြော ကြိုက်သလိုခိုင်းတာ ရတယ်.. ဒါပေမယ့် သူက ခင်ဗျား ဝန်ထမ်းမဟုတ်ဘူး"

Jimin ဘက်က မျက်စပစ်ပြရင်း ပြောလိုက်သည်မို့ အနည်းငယ်တော့ မာန်တက်ချင်သွားသည်။ ငါ့ငတုံးလေးက အတော်ဆုံးပဲ..။

"နှုတ်နဲ့ မပြောနဲ့ မျက်လုံးနဲ့တောင် ခင်ဗျား သူ့ကို စော်ကားခွင့် မရှိဘူးဆိုတာ မှတ်ထား.. ပြီးတော့ အခုက ရုံးချိန် ကျော်သွားပြီမို့ ဒီပုံးတွေ အကုန် အပေါ်ပို့ပြီးရင် ရုံးဆင်းပါပြီ"

ဆွဲထားသည့် ကော်လံအား တွန်းလွှတ်လိုက်သည်မို့ တာဝန်ခံ Gumshin တို့ ကြောက်လန့် ငြိမ်ကုတ်နေလေသည်။

"Hyung လည်း Hobi Hyung တို့ ဆိုင်ပြန်တော့နော် မိုးတွေ အရမ်းကျနေတာ Hyung ပါ ဖျားကုန်လိမ့်မယ်"

ခုနာက ဒေါသထွက်နေတဲ့ Jeon Jungkook နဲ့ ဒီငတုံးလေးနဲ့ တစ်ယောက်ထဲဆိုတာ ကိုယ်တိုင် မြင်နေတာသာ မဟုတ်ရင် မယုံမိလောက်မှာ သေချာတယ်..။ Jimin ကိုယ့်ဟာကို ကြိတ်တွေးရင်း လစ်ကနဲ ပြုံးလိုက်မိသည်။ ကိုယ့်မျက်နှာကိုယ်ပြန်ထိန်းကာ

"မင်းလည်း မိုးရေထဲ အကြာကြီး လုပ်မနေနဲ့ဦး"
"စိတ်ချပါ Hyung ယောက်ျားက Superman လေ ဒီလောက်ပုံးတွေတော့ သုံးမိနစ်နဲ့ တင်နိုင်တယ်"
"မင်းအဘ Superman"

မိုးရေကြောင့် အင်္ကျီ ကပ်နေတဲ့ ရင်ဘတ်နားကို Jimin ခပ်နာနာ လှမ်းရိုက်ရင်း ပြောလိုက်မိသည်။ Jungkook က သဘောကျစွာရယ်ရင်း Jimin ခေါင်းလေးအား သာသာသပ်ပေးကာ

"ပြန်တော့နော် အအေးပတ်လိမ့်မယ်"

တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားချက်ရဲ့ အဆုံးမှာ Jimin တစ်ယောက် Jungkook ကိုသာ စိတ်ထဲကနေ အပြစ်တင်လိုက်မိသည်။ ဒီအရူးကတော့ ငါ့ကိုပါ သူ့လို ရူးအောင် လုပ်ဖို့ စိတ်ကူးထားတာများလား..။ ခက်တာက ကိုယ်တိုင်က သဘောကျနေမိခြင်းပင်။ အငယ်တစ်ယောက်က ခေါင်းကိုင်တာကို သဘောကျနေမိတဲ့ Alex Armanto အိမ်တော်ရဲ့ Little cobra လေး Grazie ပါ..။ ..........။
ဘီဘီဆံသဆိုင်လေးဆီ ပြန်ရောက်တော့ Taehyung က Hobi အား ဇာတ်လမ်းရှည် တစ်ပုဒ်ကို ပြောပြနေသလို လက်ဟန် ခြေဟန်တွေနဲ့ပါ ပြောပြနေလေသည်။

"အား... Jungkook က မိုက်လိုက်တာ Drama ထဲက မင်းသားတွေလိုပဲ အဲ့ဒါကြောင့် Park Jimin က သဲသဲလှုပ်ချစ်နေတာ"
"ငါက ဘယ်မှာ သဲသဲလှုပ်ချစ်နေလို့လဲ.. ငါက သဲသဲလှုပ်ချစ်တတ်တဲ့ လူမျိုးမဟုတ်ဘူး သဲသဲလှုပ် အချစ်ခံရမယ့် လူမျိုး"

Hobi စကားကို Jimin က ရန်ထောင်သလို ငေါက်ပြောလိုက်တာမို့ Hobi လည်း ကိုယ့်ပါးစပ် ကိုယ်ပိတ်ပြီး ပြန်ငြိမ်နေလိုက်သည်။ သိပ်မကြာ Jungkook ရောက်လာတာမို့ Jimin နွားနို့ထိုင်သောက်နေရာမှ ချက်ခြင်းထကာ တံခါးပေါက်နား ပြေးကြိုလေသည်။

"မင်း အဆင်ပြေရဲ့လား.. အလုပ်ထုတ်ခံ လိုက်ရပြီလား"

စိုးရိမ်နေသလို ပြေးလာကြိုရှာတဲ့ ချစ်ခင်ပွန်းလေးကြောင့် Jungkook နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။ မိုးမိထားပေမယ့် နွေးထွေးနေတဲ့ ခံစားချက်က အချစ်ကြောင့်လို့ပြောရင် Jeon Jungkook က သိပ်ပိုတာပဲ ထင်ကြမလား...။

"မထုတ်ခံရသေးပါဘူး.. သူက တာဝန်ခံ အဆင့်ပဲ ရှိတာပါ Hyung ရဲ့ သူထုတ်ချင်တိုင်း ထုတ်မရဘူးရယ် စိတ်မပူပါနဲ့"
"ပြီးရော.. ငါ ပြန်ချမ်းသာသွားရင် မင်းကို ငါ့ကိုယ်ရံတော်အဖြစ် လစာအများကြီး ပေးပြီး ခန့်ထားမှာမို့ တကယ်လို့ အလုပ်ထုတ်ခံရလည်း ဘာမှ မစိုးရိမ်နဲ့"

Jimin စကားကြောင့် Jungkook သဘောကျစွာ ရယ်မိလေသည်။ Jimin က မျက်မှောင်ကြုံ့ ကြည့်ရင်း

"ဘာရယ်တာလဲ.. ငါပြောတာ ရယ်စရာ ထင်နေလား"
"မထင်ပါဘူးဗျာ.. မောင့်ယောက်ျားက ဒီလိုလေး ပြောပေးတာကို ကြိုက်လို့ပါ.. မောင့်ယောက်ျားသာ မောင့်အနားရှိနေရင် အလုပ်ထုတ်ခံရမှာလည်း မကြောက်တော့ဘူး.. မောင့်ယောက်ျားက မောင့်အတွက် မိုတီလေး"

Jimin ခန္ဓာကိုယ်ငယ်ဘေးအား ရင်ခွင်ထဲ မြုပ်မတတ် ဆွဲဖက်ထားလိုက်သည့် Jungkook ကြောင့် Jimin ခိုးပြုံးလိုက်မိသည်။ ရုန်းဖို့ အင်အားခြင်း မမျှဘူး ဆိုတာထက် စိတ်ကလည်း ရုန်းဖို့ သိပ်စိတ်မပါ..။ သိတယ်မလား Alex Armanto အိမ်တော်က သခင်လေးလေ.. စိတ်မပါရင် ဘာမှ မလုပ်ချင်ဘူး.. တခြားကြောင့် မဟုတ်ဘူး ဒီတိုင်း ပျင်းလို့ စိတ်မပါလို့ မတွန်းထုတ်တာ..။

"အမလေး ခုနာကကျ မချစ်ဘူးတဲ့ အခုကျ ငါ့ဆိုင်အပေါက်ဝကြီး ဖက်နေကြတာ.. သိပ်ကောင်းပဲ"

Hobi အသံကြားမှ ဆိုင်ထဲ Taehyung နဲ့ Hobi ရှိသေးမှန်း Jimin သတိရမိသည်။ ရှက်ရှက်နဲ့ Jungkook အား တဖြန်းဖြန်း ရိုက်ရင်း

"ဖယ်တော့.. မင်း မရှက်ဘူးလား လူကြားထဲ ယောက်ျားချင်း ဖက်စရာလား"
"ဘာရှက်စရာလိုလဲ.. ယောက်ျားချင်းလည်း တရားဝင် ယူထားတဲ့ မောင့်ယောက်ျားကို ဖက်တာလေ ဘာဖြစ်လဲ"

မျက်ခုံးပင့်ပြရင်း ပြောလိုက်တဲ့ Jungkook စကားကြောင့် Jimin မရည်ရွယ်ပဲ မျက်စောင်းထိုးလိုက်မိသည်။ Jungkook က Jimin မေးစေ့လေးအား သာသာလေး ကိုင်မော့ရင်း

"Hobi Hyung ပြောတဲ့ Hyung မချစ်ဘူးဆိုတာ ဘယ်သူ့ကို ပြောတာလဲ မောင့်ကိုလား"

တစိမ့်စိမ့်ကြည့်နေတဲ့ မျက်လုံးဝိုင်းကြီးတွေ လက်ထဲ လူက အရည်ပျော်ချင် သလိုလို..။ ခုနာမိုးမိထားတာမို့ ဆံနွယ်တို့မှ တဆင့် တစက်စက်ကျနေတဲ့ မိုးရေစက်တွေကလည်း တမျိုးကြည့်ကောင်းအောင် ကူညီပေးနေသလို။ ရင်ထဲက နှလုံးသားငယ်က အရုပ်ဆိုင်ရောက်နေတဲ့ ကလေးတစ်ယောက်လို ပြေးလွှာဆော့ကစားရင်း တစ်ခုခုကို တောင်းဆိုချင်နေသလို ခုန်ပေါက်သောင်းကျန်းနေလေသည်။ မင်းက ငါ့နှလုံးသားငယ်လေး တောင်းဆိုနေတဲ့ အရုပ်ကလေးလား...။

"ဖယ်စမ်း ငါ့ကို ဟိုကိုင်ဒီကိုင်မလုပ်စမ်းနဲ့"

Jungkook လက်ကို ရိုက်ပုတ်ချလိုက်ပေမယ့် ခပ်နွေးနွေး အထိအတွေ့ကြောင့် Jimin ရင်ထဲထိတ်ကနဲ လန့်သွားသည်။

"မင်း ကိုယ်တွေ ပူကျစ်နေတာပဲ"
"အဲ့လိုလား"

ကိုယ့်နဖူးပေါ် ကိုယ်ပြန်စမ်းနေတဲ့ Jungkook ကို ကြည့်ရင်း တီးချင်စိတ်က တဖွားဖွား။ စိတ်မထိန်းနိုင်ပဲ Jungkook ရင်ဘတ်အား ဘတ်ကနဲ ရိုက်ပြီး Jungkook လက်ကိုဆွဲကာ

"မင်း ငတုံးလား ကိုယ်ဖျားနေတာတောင် ကိုယ်မသိဘူးလား.. လာ.. ဆေးခန်းသွားကြရအောင်.. ဆံပင်ဆိုင်သူဌေး ငါ ပြန်ပြီ"

Jungkook လက်ကို ဆွဲကာ ဆိုင်ထဲက ထွက်သွားတဲ့ Jimin ကို ကြည့်ရင်း Hobi ပြုံးနေမိသည်။

"ပြောတော့ သဲသဲလှုပ်မချစ်ဘူးတဲ့.. ကြည့်ဦး အသဲအသန်တွေ ဖြစ်နေတာ"
"ဒါပေမယ့် အရင်က Jimin ဆို ချွဲပြီး Jungkook ကို ဆေးခန်းသွားခိုင်းမယ် ထင်တယ်.. အတိတ်မေ့တာနဲ့ မမေ့တာက အပြုအမူကွာပေမယ့် စိတ်ကတော့ အရင်လိုပဲနော်"
"ဒါပေါ့ တစ်ယောက်တည်းကို.. အတိတ်မေ့နေတဲ့ Jimin က ပိုအဆင်ပြေပါတယ် အပူအပင်ကင်းသလိုပဲ"
"ဒါတော့ ဟုတ်တယ်.. အဲ့ဒါကြောင့် Jungkook လည်း သူသောင်းကျန်းသမျှ ဘာမှမပြောတာနေမယ်"

Hobi နဲ့ Taehyung ရဲ့ စကားဝိုင်းလေးကို ကံယာကာရှင် Jimin ကတော့ မကြားနိုင်တော့ပါ။ တ​ဖြေးဖြေး ရပ်တန့်သွားတဲ့ မိုးစက်တွေက ညနေစာင်းရဲ့ အလှကို ပေါ်လွင်စေချင်နေသလား အောက်မေ့ရသည်။ မိုးတိတ်သွားမှ နေရောင်ပါးပါးလေးနဲ့ ပုဇွန်ဆီရောင် တောက်နေသည့် တိမ်စိုင်တွေက နောက်ခံ အပြာရောင် ကောင်းကင်ကြီးအား အားပြု၍ ပန်းချီကား တစ်ချပ်လို လှနေလေသည်။Jimin တို့ အိမ်အရင်ပြန်ကာ ရေစိုနေသည့် Jungkook အဝတ်များ လဲလိုက်ပြီး အနီးနားက ဆေးခန်းလေးထဲ Jungkook အား ဆေးတစ်လုံးလောက် သွားထိုးခဲ့ရသည်။

"မင်း အရမ်းကြီး တုံးမနေနဲ့.. အလကား သူများ အနိုင်ကျင့်စရာ ဖြစ်မယ်"

ဆေးခန်းမှ အိမ်ပြန်လမ်းလေးထက် ဘေးချင်းယှဉ် လျှောက်ရင်း Jimin ဘက်က အရင် စကားစလာသည်။ ညနေက ကိစ္စကို ရည်ညွှန်းမှန်း သိတာမို့ Jungkook ဘာမှမပြောပဲ Jimin မျက်နှာလေးသာ ပြုံးရင်း ငေးနေမိသည်။ Jimin က သတိထားမိပုံမပေါ် သူပြောချင်တာကိုသာ ပြောနေလေသည်။

"လူဆိုတာ ရိုးသားတာ ကောင်းတယ်ဆိုပေမယ့် အရမ်းကြီး ရိုးသားနေစရာ မလိုဘူးကွ.. မင်း ရိုးသားနေလို့ မင်းကို ဘယ်သူကမှ ဆုလာချမှာ မဟုတ်ဘူး အနိုင်ကျင့်ချင်စရာ လို့ပဲ မြင်ကြမှာ.. Ya~~ ငါပြောတာ နားထောင်နေရဲ့လား ဘာတွေ ကြောင်နေပြန်ပြီလဲ"

Jungkook ငေးနေတာကို သတိထားမိသွားတဲ့ Jimin က ငေါက်လိုက်သည်မို့ Jungkook နားရွက်နားလေးကို ကုပ်ကာ သူ့ယုန်သွားလေးတွေ ပေါ်တဲ့အထိ ရယ်ပြရင်း

"ဟီး.. Hyung က အရမ်းလှနေလို့ ငေးနေမိတာ"

ဒီ သောက်ရူးကတော့... ငါ့ကိုပါ သူ့လို ရူးစေချင်နေတာလား...။ နည်းနည်းတော့ ကျေနပ်မိပေမယ့် မပြုံးမိအောင် မျက်နှာကို ထိန်းထားရင်း ငေါက်လိုက်မိသည်။

"မင်းအဘပဲ လှ.. မင်းကလေ စကားကောင်းပြောလို့ မရဘူးပဲ"
"လက်ကိုင်ပေးပါဦး"

လက်လှမ်းကာ ပြောလာတဲ့ Jungkook စကားကြောင့် Jimin ဟန်မဆောင်နိုင်အောင် လစ်ကနဲ ပြုံးလိုက်မိသည်။ သေချာတယ် ငါပါရူးနေပြီ ဆိုတာ...။ Jungkook ကတော့ ထိုအပြုံးလှလှလေးကို အမြတ်တနိုး ငေးနေလေသည်။ လက်ဖောင်းဖောင်း သေးသေးလေးတွေက Jungkook ကမ်းထားတဲ့ လက်ဆီ ထိကပ်လာလေသည်။

"မင်းနေမကောင်းဖြစ်နေလို့ သနားလို့"
"ကျွန်တော့်ကို ချစ်နေပြီလားဟင်"

မထင်မှတ်တဲ့ မေးခွန်းကြောင့် Jimin ငြိမ်သက်သွားသည်။ ငါမသိဘူး Jungkook... ငါက ဘယ်သူ့ကိုမှလည်း မချစ်ဖူးသလို အချစ်လည်း မခံဖူးဘူး.. အချစ်က ဘာလဲဆိုတာကို ငါမသိသလို အချစ်ကို ဘယ်လိုပုံဖော်ရမလဲ ငါမသိဘူး.. ငါလာခဲ့တဲ့ ဘဝမှာ 'အချစ်' ဆိုတဲ့ ဝေါဟာရ မရှိဘူး.. Alex Armanto အိမ်တော်ကြီးရယ် ကမ္ဘာ့ အချမ်းသာဆုံးစာရင်ဝင်တဲ့ အဘိုးရယ် ခမ်းနားကြီးကျယ်တဲ့ အဖေရယ် အဖေတွန်းပို့တဲ့ လမ်းကို သွားချင်လား မသွားချင်လား ကိုယ့်ကိုကိုယ်တောင် မသိပဲ လျှောက်ခဲ့ရတဲ့ ငါရယ်ပဲ ရှိတယ်...။

"ကျွန်တော် မေးနေတယ်လေ Hyung ရဲ့"
"အဲ့လို ပေါက်တတ်ကရတွေ မေးမှာဆို ငါ့လက်ကို လွှတ်တော့"

Jimin ငေါက်လိုက်သည်မို့ Jungkook ဘာမှဆက်မပြောတော့ပဲ ရယ်သာ ရယ်နေလေသည်။ နေမကောင်းတဲ့ စာဖိုမှူးကြောင့် ဒီနေ့ညစာအတွက်တော့ အပြင်ဆိုင်သာ ဝင်စားလိုက်ရသည်။

"ဒီဆိုင်ကြီးက လူတွေ ပြည့်ကြပ်ပြီး ညစ်ပတ်လိုက်တာ ငါ ထိုင်မစားနိုင်ဘူး"

ဆရာကြီးပေါက်စရဲ့ ဂဂျီဂဂျောင်ကျမှုကြောင့် ပါဆယ်ဝယ်ကာ အိမ်ကို ပြန်ခဲ့ရသည်။ ဒါတောင် ဆရာကြီးက မာန်မလျော့သေး အိမ်ရောက်သည်အထိ ပွစိ ပွစိနဲ့လုပ်နေတုန်း။

"ဒီလို လမ်းကြိုလမ်းကြားက ဆိုင်အသေးလေးရဲ့ အရသာက ကောင်းပါ့မလား.. မင်း သိမလားတော့ မသိပေမယ့် ငါက five star အဆင့်မှီ စာဖိုမှူးတွေရဲ့ လက်ရာမှ သဘောကျတာ"
"ကောင်းပါတယ် Hyung ရဲ့.. လူတွေ ကြိတ်ကြိတ်တိုးနေတာ ကြည့်ပါ့လား အရသာ မကောင်းရင် ဘယ်သူက လာစားမှာလဲ.. ပြီးတော့ ရာသီဥတုက အေးတော့ ကင်ချီကျီဂဲ ပူပူစပ်စပ်လေး စားပေးရမှာပေါ့"

ပါဆယ်ဝယ်လာသည်တို့ကို မီးဖိုပေါ်တင်ကာ ပြန်နွေးရင်း Jungkook က သူ့ရိုးရာမပျက် ပြုံးလျက် ဖြေပေးလေသည်။ ညစာအတွက် စောင့်ရင်း Jimin ဝါရံတာသို့ လှမ်းကြည့်မိသည်။ တနေကုန်ရွာနေတဲ့ မိုးကြောင့် အဝတ်တွေကလည်း မခြောက်သလို နေမကောင်းတဲ့ Jungkook ကြောင့် အဝတ်လျှော်မယ့်သူ မရှိတာမို့ ခြင်းလေးထဲ တပုံတပင်။ ငေးနေရင် သက်ပြင်းတိုးတိုးချရင်းသာ ခန္ဓာကိုယ်လေး တွန့်လိုက်ရင်း

"ငါတို့အိမ်ကြီးကလည်း ညစ်ပတ်နေတာပဲ အဝတ်တွေ ဟိုတွဲလောင်း ဒီတွဲလောင်းနဲ့.. So widerlich ပဲ"
"အဲ့တာ ဘာပြောတာလဲဟင်"

စားပွဲလေးထက် ပြန်နွေးထားသော ပွက်ပွက်ဆူနေသည့် ကင်ချီဟင်းရည် ချပေးရင်း Jungkook က မေးလိုက်သည်မို့ Jimin သက်ပြင်းရှည်ကြီး ဆွဲချလေသည်။

"မသိချင်စမ်းပါနဲ့ ဂျာမန်စကားတွေ သိလည်း မင်းအတွက် ဘာအကျိုးရှိမှာလဲ"
"Hyung ကလည်း ဗဟုသုတပေါ့.. ဘာပြောတာလဲဟင် ရွံ့စရာကောင်းတယ်လို့ ပြောတာလား"
"ဘယ်လိုလုပ် သိတာလဲ"

Jimin တအံ့တဩ မေးလိုက်သည်မို့ Jungkook က တိုးတိုးလေးသာ ရယ်လေသည်။ ထမင်းလေးတော့ ချက်ထားသည်မို့ ပေါင်းအိုးလေးထဲမှ ခူးခပ်နေရင်း

"ရမ်းဖြေတာပါဗျာ... ညစ်ပတ်နေတာပဲ ဆိုတော့ ရွံ့စရာကောင်းတယ်များ ပြောတာလားဆိုပြီး.. ဟီး ကျွန်တော် ပြီးကျရင် လျှော်စရာ ရှိတာတွေလျှော်လိုက်မှာမို့ စိတ်မပူပါနဲ့"
"မလျှော်ရဘူး"

Jimin အမိန့်ကြောင့် Jungkook ထမင်းပန်းကန်လေးတွေ စားပွဲပေါ်တင်ရင်း အံ့ဩသလို ကြည့်လာလေသည်။ Jimin ကေ ပြောရခက်နေသလိုလို တွန့်ဆုပ်နေဟန်ဖြင့်

"မင်း ဖျားနေတယ်မလား အပြင်ကလည်း မိုးအေးတယ်လေ ရေတွေထိနေရင် တော်ကြာ ပိုဆိုးကုန်မယ်"
"မပူပါနဲ့.. Hyung ယောက်ျားက Superman ပါဆို"
"မင်းအဘ ငါ့ယောက်ျား.. အပိုတွေ မပြောပဲ ထမင်းပဲ စားတော့ ပြီးရင် ဆေးသောက်ပြီး စောစောနားလိုက်တော့.. အဝတ်တွေ လျှော်မနေနဲ့ဦး"
"Yes sir"

ဖြေပြီး ထမင်းသာ ငုံ့စားနေတဲ့ Jungkook ကို ခိုးကြည့်ရင်း Jimin ပြုံးလိုက်မိသည်။ နေမကောင်းတဲ့ ကြားက ထမင်းစားဝင်တာကို ကျေးဇူးတင်နေပါပြီ ငတုံးလေးရယ်...။

ထမင်းစားပြီး ထုံးစံအတိုင်း Jungkook က ပန်းကန်တွေ ဆေးနေသည်မို့ Jimin ဝါရံတာနားက မလျှော်ရသေးသည့် အဝတ်ပုံကို ငေးနေမိသည်။ ဒီအဝတ်တွေ အတိုင်းရှိနေရင် ဟိုကလေးက ငါအခန်းထဲ ဝင်သွားတဲ့ အချိန် လျှော်နေရင် အလကား ထပ်ဖျားနေဦးမယ်... ဟူး... ကျစ် ဂရုမစိုက်စမ်းပါနဲ့ Grazie ရယ်.. ငါတောင်းပန်ပါတယ် မင်းပုံစံအတိုင်း ဘာကိုမှ ဂရုမစိုက်ပဲ နေစမ်းပါကွာ...။ ကိုယ့်ကိုကိုယ်သာ ဆူပူကြိမ်းမောင်းရင်း Jimin တောက်တစ်ချက် ခေါက်လိုက်မိသည်။ မီးဖိုလေးနား ပန်းကန်ဆေးနေရင်း TV ရှေ့က တောက်ခေါက်သံကြောင့် Jungkook ပြေးရောက်လာလေသည်။

"Hyung ဘာလို့လဲ"
"ဒီခန္ဓာကိုယ်ကြီးက အဝတ်လျှော်ချင်နေလို့ဟေ့.. ငါ့ကို အာရုံမစိုက်ပဲ လုပ်စရာရှိတာသာ သွားလုပ်"

ထိုင်နေရာမှ ထကာ ဝါရံတာရှိ အဝတ်ခြင်းလေး ယူပြီး အော်ငေါက်ရင်း ရေချိုးခန်းလေးဆီ ဦးတည်သွားတဲ့ Jimin ကြောင့် Jungkook လည်း နောက်မှ ပြေးလိုက်ရသည်။

"Hyung ရယ် ကျွန်တော် လျှော်လိုက်ပါ့မယ်ဆို"
"သောက်ပိုတွေ မပြောပဲ ပန်းကန်သွားဆေး.. ပြီးရင် ဆေးသောက်ပြီး နားတော့.. သွား အခု ငါ့ရှေ့က ထွက်သွား"

Jimin ထပ်ငေါက် လိုက်သည်မို့ Jungkook ရေချိုးခန်းလေးနားမှ ထွက်လာခဲ့သည်။ Jungkook ထွက်သွားမှ Jimin သက်ပြင်းချလိုက်မိသည်။

"အဝတ်လျှော်စက်လေးတောင် မဝယ်နိုင်တဲ့ ကောင်ကို ငါက ဘာလို့ ယူထားတာလဲကွာ.. တောက်"

ရေချိုးခန်းကျဉ်းလေးထဲ ဆောင့်ဆောင့်ထိုင်ကာ အဝတ်လျှော်ရင်း ဘာကို စိတ်ဆိုးလို့ ဘာကို စိတ်တိုနေမိမှန်း မသိ။ စိတ်ထားကောင်းလွန်းတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမလား.. နေမကောင်းတဲ့အပြင် အဝတ်လျှော်စက်ပါ မဝယ်နိုင်တဲ့ Jeon Jungkook ပဲ  အပြစ်တင်ရမလား..။

"Alex Armanto အိမ်တော်မှာ အဝတ်လျှော်စက် လေး,ငါး လုံးရှိတာတောင် ကိုယ့်အဝတ် ကိုယ်မလျှော်တဲ့ ငါက နှာခေါင်းပေါက်လောက်ပဲ ရှိတဲ့ $ရေချိုးခန်းထဲ ကိုယ့်အဝတ်အပြင် သူများအဝတ်တွေကိုပါ လက်နဲ့လျှော်ပေးနေရသလား.. ငါက ဒီလို လူမျိုး မဟုတ်ဘူးလို့... ဘယ်သူ့အပေါ် သနားဖူးလို့လဲ.. သူ့ဟာသူ သေသေကြေကြေ ပစ်ထားလိုက်စမ်းပါ"

အဝတ်လျှော်ရင်း တတွက်တွက်ပြောနေခြင်းက အချိန်ကုန်တာ မြန်သွားသလို..။ မလျှော်တတ်ပဲ လျှော်ထားသည်မို့ ဂုတ်နေရာတွေက သိပ်မပြောင်ပေမယ့် အနည်းဆုံးတော့ မွှေးသွားတာပေါ့..။ အဝတ်လှမ်းရန် ထွက်လာတော့ TV ရှေ့က ဆိုဖာပေါ် ငြိမ်သက်စွာ အိပ်ပျော်နေတဲ့ Jungkook အား မြင်လိုက်ရသည်မို့ စိတ်ထဲ ဒေါသက ထောင်းကနဲ။ ငါ့မှာတော့ ပင်ပင်ပန်းပန်း အဝတ်တွေ လျှော်နေရတယ် မင်းကတော့ သေနေလိုက်...။ စိတ်ထဲ ကျိန်ဆဲလို့ ဝသွားမှ ဝါရံတာလေးရှေ့ ထွက်လာခဲ့လိုက်သည်။

​မိုးပျောက် သေးသေးစစလေးများနဲ့အတူ လေနုအေးလေးတွေက အပြင်ဘက်မှာ ဖြတ်ပြေးတိုက်နေလေသည်။ အမြန်အဝတ်လှမ်းပြီး အထဲပြန်ဝင်လာတော့မှ အိပ်ပျော်နေတဲ့ Jungkook ကိုငေးရင်း သက်ပြင်းချမိပြန်သည်။

"ဒီနားက နေမကောင်းတဲ့ လူအတွက် မအေးလွန်းဘူးလား.. ကျစ် ဒီကောင်ကလေ တအား အာရုံစိုက်ခံရအောင် နေတာပဲ.. တမင် လုပ်နေတာနေမှာ လစ်လျူရူလိုက်စမ်းပါ Grazie ရာ"

လက်ထဲက ပုံးလေးကို သူ့နေရာသူ အရင်ပြန်ထားပြီးမှ Jimin အခန်းလေးထဲ ဝင်ပြီး အိပ်ဖို့ ကြိုးစားလိုက်သည်။ စောင်ပုံလေးထဲ ဝင်ကွေးပြီး နွေးထွေးတဲ့ အရသာလေး ခံစားပြီးမှ ဆိုဖာခုံပေါ်က ကောင်လေးကို သတိရမိသွားသည်။ သက်ပြင်းတိုးတိုးလေး ချပြီး လှဲအိပ်နေသည်မှ ထကာ Jungkook ရှိရာသို့ ပြန်ထွက်လာခဲ့သည်။ အိပ်ပျော်နေတဲ့ Jungkook အား ခြေထောက်ဖြင့် လှုပ်နိူးရင်း

"ဟိတ်... ငတုံးကောင် ထစမ်း"
"ဟင်.. ဘာလို့လဲ Hyung"
"ခေါင်းအုံးယူပြီး အခန်းထဲ လာခဲ့"

ပြောပြီး အခန်းထဲ ဝင်သွားတဲ့ Jimin ကို Jungkook နားမလည်နိုင်စွာ ငေးပြီး အိပ်ချင်မူးတူးဖြင့် ခေါင်းအုံးဆွဲကာ လိုက်လာခဲ့သည်။ အခန်းထဲရောက်မှ Jimin က စိတ်ဆိုးနေသလို နှုတ်ခမ်းစူကာ မျက်မှောင်ကြုံ့ရင်း ထိုင်နေလေသည်မို့ Jungkook အိပ်ချင်စိတ်တို့တောင် ပျောက်ကုန်သည်။

"ဘာဖြစ်တာလဲ Hyung ရဲ့.. ဘာဖြစ်လို့လဲဟင်"
"ဟိုဘက်မှာအိပ် ဒီဖက်လုံးကို ကျော်မလာနဲ့.. ကျော်လာတဲ့ အစိတ်အပိုင်း အကုန် ဖြတ်ပစ်မှာ"

ပြောပြီး လှဲကာ အိပ်သလို မျက်စိမှိတ်သွားတဲ့ Jimin ကြောင့် Jungkook ပြုံးလိုက်မိသည်။ Jimin ချပေးတဲ့ နေရာလေးမှာ ဝင်လှဲလိုက်ပြီး စောင်လေးခြုံကွေးရင်း ဘေးနားက ခင်ပွန်းလေးကို ငေးနေမိသည်။

"Hyung... ကျွန်တော့်ကို ချစ်လားဟင်"
"ရူးလောက်အောင် မုန်းတာ ဟုတ်ပြီလား.. သောက်ပိုတွေ မမေးပဲ အိပ်တော့"

Jimin အဖြေကို Jungkook က သဘောကျစွာ ရယ်ရင်း အိပ်ဖို့ မျက်စိမှိတ်လိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည့် အချိန်မှ Jungkook ဆီမှ အသံတိုးတိုးလေး ထွက်လာခဲ့သည်။

"အရမ်းချစ်တယ် Hyung"

Jimin မျက်စိမှိတ်ထားပါလျက် နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။ ဒီငတုံးကတော့....။ ခဏအကြာမှာ Jimin မှိတ်ထားသည့် မျက်လုံးတို့ကို ပြန်ဖွင့်ပြီး ခေါင်းလေးစောင်းကာ Jungkook အား ခိုးကြည့်လိုက်မိသည်။ နှစ်ခြိုက်စွာအိပ်ပျော်နေပြီမို့ Jimin ခန္ဓာကိုယ်လေးဘာ Jungkook ဘက် လှည့်လိုက်သည်။ အိပ်နေတဲ့ အချိန်ကျတော့လည်း ဒီလူထွားကြီးက ကလေးလေးကျလို့..။

"မင်းမေးတဲ့ မေးခွန်းရဲ့ အဖြေကို ငါလည်း သိချင်လိုက်တာ.."

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီရက်ပိုင်း ဒီထဲ စိတ်သိပ်မပါလို့ နောက်ကျသွားတယ်။ မက အရင်က တပိုင်းကို စာလုံးရေ ၃၀၀၀ ၄၀၀၀ ပဲ ရေးတဲ့သူပါ Cupid ဘေးကျမှ ရေးရင်းနဲ့ များများသွားတာ အမြဲတမ်း စာလုံးရေ 5000 က အနည်းဆုံးပဲ.. အကြာကြီး စောင့်ရပြီး နည်းတယ်လို့ ထင်နေမှာ စိုးလို့ပါ စာလုံးရေ ၆၀၀၀ ကျော် ၇၀၀၀ လောက်မို့ တနေကုန်ဖုန်းကြီး ထိုင်သုံးနေလို့လည်း မဖြစ်ဘူးလေ အဲ့တော့ ၃ ရက်လောက် ခွဲ type ရပါတယ် ဒါတောင် တခါတလေ ရေးနေရင်း မကြိုက်လို့ ဖျက်ပြီး ပြန်ပြင်လိုက်ရတာတွေလည်း ရှိပါတယ်.. တမင်အချိန်ဆွဲလိုစိတ် နည်းနည်းမှ မရှိပါဘူး စာစရေး ကတည်းက ပြီးတာနဲ့ အမြဲ up ပေးခဲ့တာပါ 🙇‍♀️ စာလုံးပေါင်းအမှားပါရင် ခွင့်လွှတ်ပါ 💕

Zawgyi;

"အငယ္ေလး မေန႔က ထုတ္တဲ့ ပိုက္ဆံကို ဒီေန႔ျပန္သြင္းထားတယ္ ဆရာ"

အတြင္းေရးမႉး ဦးေလးႀကီးရဲ႕ စကားကို Mr.Jeon က ေခါင္းတညိမ့္ညိမ့္ျဖင့္

"အင္း.. ဒီေကာင္ဘာေတြ လုပ္ေနမွန္းကို မသိတာ"
"ATM တင္ မဟုတ္ပဲ ဘဏ္အထိ တကူးတက သြားထုတ္ထားတာကို သြားျပန္သြင္းတယ္ဆိုေတာ့.."
"ငါတို႔ကို Location ေရွာင္ခ်င္တဲ့သေဘာလားေတာ့ မသိဘူး သူထုတ္ထားတဲ့ ဘဏ္ အနီးတဝိုက္က ၿမိဳ႕နယ္ေတြပါ ရွာလိုက္"
"ဟုတ္ကဲ့ ဆရာ"

ေႏြရာသီအား ႏႈတ္ဆက္ခ်ိန္ တန္ေနၿပီမို႔ မိုးကလည္း အၿမဲ တရိပ္ရိပ္နဲ႔ လြမ္းေဆြးစဖြယ္ ေကာင္းလွသည္။ မိုးက်တာနဲ႔ အၿမဲ ဘီဘီ ဆံသဆိုင္ေလးကလည္း လူသူကင္းမဲ့ေနေလသည္။

"ဧည့္သည့္မရွိေတာ့ ပ်င္းစရာႀကီးေနာ္.. မိုးေအးေအးနဲ႔ ေခါက္ဆြဲေလး ျပဳတ္စားၾကမလား"

Hobi စကားေၾကာင့္ Jimin ထိုင္ခုံေလးေပၚ လွဲေလွာင္း ေနရာမွ ဆက္ကနဲ ထလိုက္သည္။

"ဆံပင္ဆိုင္ သူေဌး ဝင္ေငြနဲ႔ ထြက္ေငြေရာ ေလာက္ရဲ႕လား.. ခုနာကမွ ေန႔လည္စာ စားထားတာကို.. အဲ့လိုေတြ မလိုအပ္ပဲ သုံးျဖဳန္းေနလို႔ ဒီႂကြက္တြင္းထဲက မထြက္ႏိုင္တာ.. ကြၽတ္ ကြၽတ္ ကြၽတ္"

အခန္းက်ဥ္းေလးထဲ ေရွးေဟာင္းတီဗီ ပိုင္ရွင္အား ႐ြဲ႕ေမးလိုက္သည့္ Jimin ေမးခြန္းကို Hobi က သေဘာက်သလို တခစ္ခစ္ရယ္ရင္း

"မပူပါနဲ႔ကြာ.. ငါက လူခ်မ္းသာဖို႔ထက္ စိတ္ခ်မ္းသာဖို႔ကို ဦးစားေပးတဲ့လူပါကြ.. မင္းေျပာတဲ့ ငါ့ႂကြက္တြင္းေလးမွာ ငါေပ်ာ္တယ္"
"မင္းက ဘာလို႔ Hobi Hyung ကို ဆရာႀကီး လုပ္ေနရတာလဲ.. မလိုအပ္ပဲ သုံးျဖဳန္းေနတာ Hobi Hyung မဟုတ္ဘူး မင္းကြ.. ကိုယ္စီးထားတဲ့ ဖိနပ္ ကိုယ္ ငုံ႔ၾကည့္ဦး.. ဟြန္း"

အိုးကမပူပဲ စေလာင္းက ပူေနတဲ့ Taehyung စကားေၾကာင့္ Jimin စိတ္တိုသလိုၾကည့္ရင္း

"အျမင္မေတာ္လို႔ ေျပာေနတာ.. ၿပီးေတာ့ ငါႀကိဳက္တဲ့ ဖိနပ္ ငါဝယ္စီးတာ.. ေငြထုတ္ေပးတဲ့ Jeon Jungkook ေတာင္ ဘာမွမေျပာတာ မင္းက ဘာဆရာႀကီး ဝင္လုပ္ေနတာလဲ"
"ေအးေလ တူတူပဲေပါ့.. Hobi Hyung ေတာင္ ဘာမွမျဖစ္တာ မင္းက ဘာေတြ ျဖစ္ေနတာလဲ.. ေခါက္ဆြဲျပဳတ္ၿပီးရင္ သူလည္း ဝင္စားတာပဲကို"
"Ya! ဆံပင္ဆိုင္ သူေဌးေတာင္ ငါ့ကို ဘာမွ မေျပာတာ မင္းက ဘာျဖစ္ေနတာလဲ.."

ခပ္စူးစူး Jimin ေအာ္သံေၾကာင့္ Hobi တစ္ေယာက္ Cashier ထိုင္ခုံေလးနားကေန ေခါင္းသာကုပ္လိုက္မိသည္။ ဘာမွမဟုတ္ပဲ ရန္ျဖစ္ၾကျပန္ၿပီ..။

"အျမင္မေတာ္လို႔ ေျပာေနတာေလ.. မင္းလိုေပါ့"
"မင္းလို ႂကြက္စုတ္က ငါ့ကို ဘာမွ ဆရာလုပ္စရာ အေၾကာင္းမရွိဘူး"
"ကဲ ႏွစ္ေယာက္လုံး ေတာ္ၾကပါေတာ့ကြာ.. မင္းတို႔ ဆက္စကားမ်ားေနရင္ ငါလည္း ေခါက္ဆြဲျပဳတ္ မစားေတာ့ဘူး"

ေခါက္ဆြဲျပဳတ္ ေၾကာင့္သာ ႏွစ္ေယာက္လုံး တိတ္ဆိတ္သြားၾကတာ တစ္ေယာက္ကိုယ္ တစ္ေယာက္ မ်က္လုံးနဲ႔ ရန္ျဖစ္ေနၾကတုန္း..။ တခဏတာေတာ့ တိတ္ဆိတ္သြားၿပီမို႔ Hobi လည္း ဆိုင္အေနာက္ထဲ ေခါက္ဆြဲသြားျပဳတ္ရန္ ထြက္သြားေလေတာ့သည္။ Hobi ထြက္သြားမွ Jimin က လက္ပိုက္လိုက္ရင္း ေခါင္းခါကာ

"ငါက ပုံမွန္လိုဆို သူမ်ားကိစၥ ဝင္မပါတတ္ေပမယ့္.."

ထုံးစံအတိုင္း သူ႔မူပိုင္ စကားပုလႅင္ခံလိုက္ကတည္း ဆရာႀကီး လုပ္ေတာ့မယ္ဆိုတာ Taehyung သိၿပီးသားမို႔ ႏွာေခါင္းခိုးရႈံ႕လိုက္သည္။

"ဆံပင္ဆိုင္ သူေဌးက မင္းအေပၚ ဘာစိတ္မွ မရွိဘူးထင္တယ္"
"မင္း က သူ႔စိတ္ထဲ ျမင္ရလို႔လား.. အ႐ိုင္းအစိုင္း"
"ႂကြက္စုတ္ရာ.. မင္းကေတာ့ေလ အရမ္းတုံးတာပဲ Jeon Jungkook နီးပါးပဲ.. အနည္းဆုံး Jeon Jungkook တုံးတာ ကမွ ခ်စ္စရာေကာင္းေသးတယ္"

Jimin စကားေၾကာင့္ Taehyung ဒီတခါေတာ့ ေပၚတင္ ႏွာေခါင္းရႈံ႕လိုက္မိသည္။ ဘာမွမဆိုင္ပဲ သူ႔ေယာက္်ား အေၾကာင္း ေၾကျငာလာဝင္ေနေသး...။

"ဘာ ႏွာေခါင္းရႈံ႕တာလဲ.. ငါ တကယ္ ေျပာမလို႔ကို"
"ဘာလဲ"
"ၾကားလူရဲ႕ အကူအညီမပါပဲ ဆံပင္ဆိုင္သူေဌး ႏွလုံးသားကို မင္းမရႏိုင္ေတာ့ဘူး.. အဲ့ေတာ့ ငါ့ကို ဝမ္သိန္းငါးဆယ္ ေပးရင္ ငါက အဆင္ေျပေအာင္ လုပ္ေပးမယ္"

အဲ့တာလား ပုံမွန္လိုဆို သူမ်ားကိစၥဝင္မပါတတ္တာ..။ စီးပြါးေရး ေစ်းကြက္ လာလုပ္ေနေသး..။ ေငြရဖို႔ ကိစၥမို႔ ရွားရွားပါးပါး ၿပဳံးျပေနတဲ့ Jimin အၿပဳံးက ၾကက္သီးထစရာ ေကာင္းလွသည္။

"ေနပါေစ ငါ့မွာ ပိုက္ဆံမရွိဘူး"
"မင္းက သူေဌးသားေလ"
"သူေဌးရဲ႕သားပါဆို သူေဌး မဟုတ္ဘူးလို႔ ငါဘယ္ႏွခါ ေျပာရမလဲ.. ေတာ္ပါ ငါ ဒီအေျခအေနေလးလည္း ငါက အဆင္ေျပတယ္"

ဒီႂကြက္စုတ္ကေတာ့... ေႁမြေပြးမဆီက မရေတာ့တဲ့ ပိုက္ဆံကို သူ႔ဆီက ညစ္မလို႔ပါဆို..။ Taehyung စကားေၾကာင့္ Jimin ဘာမွျပန္မေျပာေတာ့ပဲ အျပင္ကိုသာ ေငးေနလိုက္မိသည္။ ငါးစကၠန္႔မွ် တိတ္ဆိတ္သြားၿပီးမွ Taehyung ရွိရာ ျပန္လွည့္လာၿပီး

"ဒါဆိုလည္း ငါ့ကို ဟိုတခါ ဝမ္သိန္းငါးဆယ္ အျမန္ေပးေတာ့"
"မင္းက ေရွ႕ရက္ေတြက ေအးေဆးေနလို႔ ငါလည္း ေမ့ေတာင္ ေမ့ေနတာ ဟဲ.. ငါစုထားတာ ျပည့္ရင္ ေပးပါမယ္"

Jimin မေအာ္ေအာင္သာ ႐ႊီးလိုက္ရတာ Taehyung စိတ္ကူးထဲမွေတာ့ 'တျပားမွ မေပးႏိုင္ဘူး' လို႔ အႀကိမ္ႀကိမ္ ေရ႐ြတ္ၿပီးသား။ Jimin က သက္ျပင္းတိုးတိုးေလး ခ်ရင္း

"ေရွ႕ရက္ေတြတုန္းက ေငြ အမ်ားႀကီးဝင္မယ့္ အလုပ္တစ္ခု ရသြားလို႔.. အခု ပ်က္သြားၿပီ အဲ့တာေၾကာင့္ မင္းဆီက ျပန္ေတာင္းတာ"

Jimin စကားကို Taehyung က မယုံသလို မ်က္ေမွာင္ႀကဳံ႔ရင္း

"ဘာလို႔လဲ.. ေငြအမ်ားႀကီး ဝင္မွာဆို ဆက္လုပ္ေလ"
"Ya.. မင္းကားကို ေရာင္းခိုင္းရင္ မင္းေရာင္းမွာလား"
"ဖြက္ ဖြက္ ဖြက္.. လႊဲပါေစ ငါ့ရဲ႕ အသည္းအသက္ေလးကို ေရာင္းစရာလား"

Taehyung စကားေၾကာင့္ Jimin ၿပဳံးလိုက္မိသည္။ အတူတူပဲေပါ့... အသည္းအသက္အထိေတာ့ မဟုတ္ေပမယ့္.. အင္း.. ဘယ္လိုေျပာရမလဲ.. အရသာရွိတာေတြ ခ်က္ေပးတဲ့ စာဖိုမႉး.. ဒါေပမယ့္ စားခ်င္တာတိုင္းလည္း ရမွမရတာ.. အႀကိဳက္ႀကီးမဟုတ္ေပမယ့္ ဒီတိုင္း အရသာရွိတာေတြ ျပည့္နက္ေနတဲ့ ေရခဲေသတၱာ..။

"ငါလည္း အတူတူပဲေလ.. ငါစားခ်င္တာေတြေတာ့ မဟုတ္ေပမယ့္ အရသာရွိတဲ့ အစားအေသာက္ေတြ ျပည့္ေနတဲ့ ငါ့ေရခဲေသတၱာကို လြယ္လြယ္ကူကူ ေရာင္းစရာလား"
"မင္း ေရခဲေသတၱာေရာင္းဖို႔ စဥ္းစားခဲ့တာလား... ေဂါက္သီးပဲ ဘယ္ေရခဲေသတၱာက ဝမ္သိန္းငါးဆယ္တန္လို႔လဲ"

Jimin ႏွစ္ၿခိဳက္စြာ ရယ္လိုက္မိသည္။ ေတာင္ကိုရီးယား လူမ်ိဳးေတြက အဲ့လိုပဲ တုံးၾကလား...။

"ဒါေပါ့.. ငါ့ေရခဲေသတၱာက ဝမ္သိန္းတစ္ရာေတာင္ ေပးဝယ္မယ့္သူ ရွိတယ္ ရွင္းလား"
"အဲ့လူက က်ပ္မျပည့္လို႔ေနမွာေပါ့"
"ငါလည္း အစက အဲ့လို ထင္ခဲ့ေပမယ့္.. ငါ့ေရခဲေသတၱာက တန္ဖိုးႀကီးတာ သူသိလို႔ ေနမွာေပါ့"

Jimin စကားကို Taehyung က ႏွာေခါင္းရႈံ႕ကာ ေခါင္းခါေလသည္မို႔ Jimin ရယ္လိုက္မိသည္။

"မင္းအတိတ္ေမ့ၿပီး ေနာက္ပိုင္း ဒီလိုၿပဳံး႐ႊင္ေနတာ ဒါ ပထမဆုံးပဲ... အခုမွ ငါ့သူငယ္ခ်င္းေလးကို ျပန္ျမင္ရသလိုပဲ"

Taehyung စကားေၾကာင့္ ဆံသဆိုင္ေလးရဲ႕ Customer မ်ား ထိုင္ရသည့္ မွန္တင္ခုံထဲက တစ္ခုရဲ႕ မွန္ထဲက ပုံရိပ္ေလးကို Jimin လွမ္းၾကည့္မိသည္။ ဟုတ္ပါရဲ႕... အၿမဲတမ္း အလုပ္ေတြရႈပ္ၿပီး မ်က္ေမွာင္ႀကဳံ႔ေနတတ္တဲ့ Grazie မ်က္ႏွာက မဂၤလာေဆာင္ ဓါတ္ပုံထဲက Park Jimin နဲ႔ေတာင္ တူေနသလို..။

"ေခါက္ဆြဲျပဳတ္ရပါၿပီ"
"ေရးးး"

ကေလးလို ေပ်ာ္ျမဴးကာ ခုန္ေပါက္သြားတဲ့ Taehyung အား Jimin မ်က္ေစာင္းထိုးမိလိုက္သည္။ ၿပိဳင္ကားစီးတဲ့ သူေဌးသားက ဆံပင္ဆိုင္က ေခါက္ဆြဲျပဳတ္ကို အဲ့ေလာက္ တပ္မက္ေနရသလား...။

"Ya.. မင္း ဝယ္မစားႏိုင္တာလဲ မဟုတ္ပဲ ဘာလို႔ အဲ့ေလာက္ေပ်ာ္ေနရတာလဲ ကေလးကုလား"
"မင္းစကားက လူမ်ိဳးေရးခြဲျခားတာေတြ ပါေနတယ္ အ႐ိုင္းအစိုင္း"
"ေန႔တိုင္းရန္ျဖစ္ေနၾကတာ မေမာၾကဘူးလားဟင္.. ငါေတာ့ ၾကားထဲကေန မင္းတို႔ႏွစ္ေယာက္ကို ၾကည့္ၿပီး ဝင္ဝင္တားရတာလည္း ေမာေနၿပီ"

Hobi စကားေၾကာင့္ Jimin ႏွာေခါင္းရႈံ႕ကာ မသိခ်င္ေယာင္ေဆာင္ရင္း Hobi ယူလာတဲ့ ေခါက္ဆြဲျပဳတ္သာ ငုံ႔ေသာက္ေနလိုက္သည္။ Taehyung ကေတာ့ အားနာသလိုဟန္ ခ်စ္စရာေကာင္းေအာင္ ၿပဳံးျပရင္း သူ႔နား႐ြက္နားေလး သူ ဖြဖြေဘးကုပ္ကာ

"ကြၽန္ေတာ္က လိမၼာခ်င္ပါတယ္ Hyung ရယ္ သူက လာလာ ႐ိုင္းစိုင္းေနတာ"
"ငါျမင္ရသေလာက္ေတာ့ မင္းကလည္း သြားသြားစတာပါကြာ"

Hobi စကားေၾကာင့္ Jimin ဂုဏ္ယူ ဝမ္းေျမာက္စြာ Taehyung အား လွ်ာထုတ္ေျပာင္ျပ လိုက္ေလသည္။ တေ႐ြ႕ေ႐ြ႕ အခ်ိန္ကုန္လာတာနဲ႔ အမွ် မိုးက တိတ္သြားျပန္သည္။ တိတ္လိုက္က်လိုက္နဲ႔ တေနကုန္ တစီစီ လုပ္ေနသည့္ မိုးကို ေငးရင္း Jimin က

"ဒီရက္ပိုင္း ေတာင္ကိုရီးယား ႏိုင္ငံက ဘာလို႔ အဲ့ေလာက္ မိုး႐ြာေနရတာလဲ"
"ေႏြရာသီကုန္ေတာ့မွာ မို႔လို႔ေပါ့.. ဒီမိုးေတြနဲ႔ အတူ ေႏြရာသီႀကီး အဆုံးသတ္ၿပီး ေဆာင္းဦး ေရာက္ေတာ့မွာေလ"

Hobi က ခ်ည္ေလး ထိုးရင္း ေအးခ်မ္းစြာ ေျဖလိုက္သည္။

"ဒီရက္ပိုင္းေတာ့ မိုးက ႐ြာေနဦးမွာပဲ.. အား.. မိုးေအးေအးနဲ႔ ေကာ္ဖီေလး ေသာက္ခ်င္လိုက္တာ"

Hobi စကားေၾကာင့္ Taehyung တစ္ေယာက္မွာျပာယာေတြ ခတ္လို႔..။

"ကြၽန္ေတာ္သြားဝယ္ေပးမယ္ေလ"
"ငါ က ႏြားႏို႔"
"မင္း မေမးဘူး"

Taehyung ခါးေထာက္ၿပီး ရန္ေထာင္လိုက္သည္မို႔ Jimin လည္း ထိုင္ေနရာမွ ဆက္ကေနထကာ ခါးျပန္ေထာက္ရင္း

"မင္းအဲ့လို ခြဲျခား ဆက္ဆံလို႔ရမလား.. သုံးေယာက္အတူရွိေနတာေလ"
"ကဲ ဝယ္တိုက္လိုက္ပါကြာ.. ရာသီဥတုေလး ေကာင္းေနတာကို ရန္မျဖစ္ၾကပါနဲ႔ဆို"

hobi ဝင္ေျပာလိုက္သည္မို႔ Taehyung ႏႈတ္ခမ္းေလး ခိုးစူလိုက္မိသည္။ Hobi စကားမွ အရာထင္ေသာ Taehyung အား ၾကည့္ရင္း Jimin ရယ္ခ်င္မိသည္။ လူငယ္ေတြမ်ား ခက္လိုက္တာ ကိုယ္ခ်စ္တဲ့သူေျပာတဲ့ စကားမွ ဘဝ မွတ္ၾကတာ သိပ္ဆိုးတာပဲ...။ ေအာ္.. ေမ့ေနတာ သူက ငါနဲ႔ ႐ြယ္တူပဲ...။

"ဟုတ္ကဲ့ပါ ဝယ္တိုက္လိုက္ပါ့မယ္ Hobi Hyung တျခားေရာ ဘာစားခ်င္ေသးလဲဟင္ Waffle ျဖစ္ျဖစ္ ေပါင္မုန္႔ျဖစ္ျဖစ္"
"ငါ Waffle ႀကိဳက္တယ္"

Jimin က ဆုံလည္ခုံေလးေပၚ ေျခခ်ိတ္ထိုင္ကာ လွည့္ေနရင္း ဝင္ေျဖလိုက္မိကို Taehyung စိတ္မရွည္သလို အသက္ျပင္းျပင္း ႐ူလိုက္ရင္း

"မပင့္တဲ့ ဘုန္းႀကီးက တအားႂကြတာပဲေနာ္.. ငါေမးတဲ့ အထဲ Hobi Hyung လို႔ပဲ ပါတယ္ Park Jimin လို႔ မပါဘူး"
"စကားေနာက္ ႏွာေခါင္းပါလိုက္တာ"
"ႏွစ္ေယာက္အတူသြားဝယ္ၿပီး Jimin စားခ်င္တာ ေ႐ြးခဲ့ေလ ငါ ေရာစားမယ္"

Taehyung နဲ႔ Jimin တစ္ေယာက္ကို တစ္ေယာက္ မ်က္ေစာင္းထိုးရင္း ေကာ္ဖီဆိုင္ေလးဆီ အတူထြက္လာခဲ့လိုက္ရသည္။ မိုးကတိတ္ေနၿပီ ဆိုေပမယ့္ အျပင္ေရာက္မွ တစ္ေပါက္စ ႏွစ္ေပါက္စ က်ေနတုန္း

"ျမန္ျမန္သြားရေအာင္ မိုးသည္းကုန္လိမ့္မယ္"
"ငါလည္း သြားေနတာပဲေလ ရပ္ေနလို႔လား"

Jimin အေျဖေၾကာင့္ Taehyung သက္ျပင္းတစ္ခ်က္ခ်ၿပီးေတာ့သာ ေခါင္းခါလိုက္မိသည္။ Jungkook တို႔႐ုံးနားက ေကာ္ဖီဆိုင္ေလးထဲ ဝင္ကာ Hobi မွာတဲ့ Latte ေလး တစ္ခြက္ရယ္ Jimin အတြက္ ႏြားႏို႔ေလးရယ္ မွာလိုက္ၿပီး မုန္႔ေ႐ြးေနလိုက္သည္။

"ငါေတာ့ ေပါင္မုန္႔ေတြ မစားခ်င္ဘူး Waffle ပဲ စားမယ္"

Jimin စကားေၾကာင့္ Taehyung လည္း Waffle နဲ႔ သူ႔အတြက္ပါ ေကာ္ဖီသြားမွာေနသည္မို႔ Jimin အျပင္သာ ေငးေနလိုက္မိသည္။ တဖြဲဖြဲ က်လာသည့္ မိုးတို႔ ကျပန္စိတ္လာျပန္သည္။

"ဒီလိုသာဆို ငါတို႔ အျပန္ မိုးမိေတာ့မွာပဲ.. ငါးနာရီ ထိုးေတာ့မွာကို"

အျပင္မွာ႐ြာေနတဲ့ မိုးကိုေငးရင္း Jimin တိုးတိုးေလး ေရ႐ြတ္လိုက္မိသည္ ႏွင့္တၿပိဳင္နက္ စိတ္ထဲ Jungkook အေၾကာင္းေရာက္လာသည္။ မိုးကလည္း ဒီေန႔မွ မတိတ္ႏိုင္.. ဟိုငတုံး ကမွ ေနမေကာင္းပါဘူးဆို..။

"ေတာင္ကိုရီးယားႏိုင္ငံက အေအးပိုင္းထဲ ပါတယ္ေလ ဘာလို႔ အပူပိုင္းႏိုင္ငံေတြလို မိုးတစီစီ႐ြာေနတာလဲ အာ႐ုံေနာက္လိုက္တာ"

ရန္ရွာစရာ လူ အနားမရွိေတာ့လည္း မိုးေပ်ာက္တို႔ကို ေငးရင္း ရန္ေထာင္ေနမိသည္။ ေငးၾကည့္ေနရာ မိုးေပ်ာက္တို႔ ၾကားထဲ ေျပးဝင္လာတဲ့ ေကာင္ေလးေၾကာင့္ Jimin မ်က္လုံးတို႔ ျပဴးက်ယ္သြားသည္။ ရင္ႏွီးေနေသာ ေက်ာျပင္က်ယ္ႀကီးေၾကာင့္ မ်က္ႏွာ ေသခ်ာ မျမင္ရေတာင္ အိမ္က ငတုံးေလးမွန္း အလိုလို သိၿပီးသား..။ ဒီေကာင္.. ဒါ ဘာလုပ္ေနတာလဲ..။

လမ္းတဖက္က ကားဆီကေန စကၠဴပုံးႀကီးေတြ ေျပးယူလိုက္ ဒီဘက္လမ္းဆီ ျပန္လာလိုက္ ေျပးလႊားေနတဲ့ Jungkook ကို ၾကည့္ရင္း Jimin အလိုလို ေဒါသ ထြက္လာသည္။

"ဒီ ေသာက္ငတုံး ေနမေကာင္းတာကို မိုးေရထဲ ဘာလို႔ ေျပးလႊားေနတာလဲ"
"ဘယ္သူနဲ႔ ရန္ျဖစ္ေနျပန္တာလဲ"

မွာထားသည့္ စားစရာမ်ား ရၿပီမို႔ Taehyung ေငြရွင္းၿပီး Jimin အနားကပ္ကာ ေျပာလိုက္ေလျခင္း ျဖစ္သည္။ Jimin ၾကားေပမယ့္ မေျဖပဲ ဆိုင္ျပင္က အေျခအေနကိုသာ အာ႐ုံစိုက္ေနမိသည္။ ထီးမိုးထားသူ တစ္ေယာက္က လက္ညႇိဳး တထိုးထိုးနဲ႔ Jungkook အား ခိုင္းေနျခင္းပင္။

"ေတာက္စ္.. အဲ့ဒါေၾကာင့္ လခစား ဝန္ထမ္းေတြကို ငါ ၾကည့္မရတာ"
"Ya ya ya ဘယ္သြားမွာလဲ ငါ့ကို ထီးဖြင့္ေပးဦး"

Jimin တစ္ေယာက္ထဲ ပါလာသည့္ ထီးကိုပင္ မယူပဲ ဆိုင္ထဲမွ ထြက္သြားျခင္းေၾကာင့္ Taehyung တစ္ေယာက္ မုန္႔ထုတ္ေတြသယ္ရင္း ထီးဖြင္ကာ မႏိုင္မနင္းျဖင့္ ေနာက္က ေျပးလိုက္ခဲ့ရသည္။

"Jeon Jungkook အဲ့တာ ဘာလုပ္ေနတာလဲ"

Jimin အသံေၾကာင့္ Jungkook လမ္းတဖက္ ကားဆီမွ ဒီဘက္လွမ္းထဲ ျပန္ေျပးကူးလာေလသည္။

"Hyung ရယ္ မိုးေတြက်ေနတာ ထီးမပါပဲ ဘယ္လိုျဖစ္ၿပီး အျပင္ေရာက္ေနတာလဲ"
"မင္းကေရာ ဘာ.."
"အာ Taehyung Hyung ေရာ ပါတာလား"

Taehyung က ထီးဖြင့္ၿပီး Jimin အနား ေဆာင္းေပးရင္း ရပ္လိုက္သည္မို႔ Jimin ေျပာမယ့္ စကားတို႔မဆုံးခင္ Jungkook ျဖတ္ေျပာလိုက္ျခင္း ျဖစ္သည္။

"မဂၤလာပါ Hyung ေကာ္ဖီလာဝယ္တာ ထင္တယ္"
"ဟုတ္တယ္.. အလုပ္မ်ားေနတာလား"
"ဟုတ္.. ဟီး"
"ေဟ့ေကာင္ အခ်ိန္မျဖဳန္းနဲ႔ ျမန္ျမန္သယ္ၿပီး ႐ုံးဆင္းရေအာင္.. မင္းေဆြမ်ိဳးေတြနဲ႔ ေနာက္မွ ႏႈတ္ဆက္ေတာ့"

ထီးေအာက္က ဖုန္းသုံးရင္း ေအာ္ေနတဲ့လူရဲ႕ အသံေၾကာင့္ Jimin လည Gumshin မွန္း တန္း မွတ္မိလိုက္သည္။ ေႁမြေပြးမ အိမ္တက္တုန္းက ရယ္စရာမေကာင္းတဲ့ ဟာသေတြ ေျပာတဲ့ ဘိုးေတာ္ပဲ...။ Jungkook ကေတာ့ ၿပဳံးလ်က္ပဲ Jimin ဘက္လွည့္ကာ

"ၿပီးမွ လာႀကိဳမယ္ေနာ္ Hyung.. ထီးေဆာင္းရင္ Taehyung Hyung နားကပ္ဦး ပခုံးေတြ မိုးေရစိုကုန္မယ္"
"အခု ငါက အေရးလား.."

Jimin မနီးမေဝးက ထီးနဲ႔ ဘိုးေတာ္ကို အျမင္ကတ္ကတ္နဲ႔ Jungkook အေပၚ ေအာ္လိုက္ေပမယ့္ Jungkook ကေတာ့ ထုံးစံအတိုင္း မၿဖဳံပါ။ ၿပဳံးလ်က္ပါပဲ..။

"ဟီး အခုမွ မဟုတ္ဘူး.. အၿမဲတမ္း Hyung က အေရးအႀကီးဆုံးပဲ"

ေလးေလးနက္နက္ ေျပာေနမွန္း သိသာေနေအာင္ မိုးေရၾကားထဲေတာင္ မ်က္လုံးဝိုင္းႀကီးေတြက ေတာက္ပေနေလသည္။ ငါမင္း မ်က္လုံးေတြကို သေဘာက်လိုက္တာ Jeon Jungkook ရယ္...။ တဒိတ္ဒိတ္ခုန္ေနတဲ့ ႏွလုံးသားကို ထိန္းရင္း ဘာမွမျဖစ္သလို ခပ္တည္တည္နဲ႔သာ ေငါက္လိုက္မိသည္။

"ဒီ $... မင္းကိုယ္မင္း ၾကည့္ဦး တကိုယ္လုံး ႐ြဲစိုေနတာပဲ.. မင္း ဖ်ားေနတာမလား.. မင္းတို႔႐ုံးမွာ မင္း တစ္ေယာက္ပဲ ရွိတာလား"
"ဟီး.. ကြၽန္ေတာ္ တစ္ေယာက္တည္းေတာ့ မဟုတ္ေပမယ့္ တျခားလူေတြက မအားလို႔ပါ"

Jimin ေမးခြန္းေၾကာင့္ Gumshin က လူႀကီးတန္မဲ့ ေပေစာင္းေစာင္း ၾကည့္လာသည္မို႔ Jungkook တမင္ေလ်ာေျပာလိုက္မွန္း Jimin ရိပ္မိလိုက္သည္။ ဒါေသခ်ာေပါက္ အႏိုင္က်င့္ခံေနရတဲ့ လကၡဏာ..။ ငါမကူသေ႐ြ႕ ဒီငတုံးက ၿပဳံးၿပဳံးႀကီး အႏိုင္က်င့္ ခံေနမယ့္ သေဘာရွိတယ္...။

Jimin က သူ႔ထံ မွ်မိုးေပးထားတဲ့ Taehyung ရဲ႕ ထီးကိုက္ထားသည့္ လက္ကိုဆြဲယူကာ Jungkook ထံ မိုးေပးလိုက္ၿပီး သူကေတာ့ Gumshin လက္ထဲက ထီးအား ဖက္ကနဲ ဆြဲလုလိုက္သည္။ Jimin လုပ္ရပ္ေၾကာင့္ Gumshin ေရာ Taehyung ေရာ Jungkook ပါ ပါးစပ္အေဟာင္းသား..။

"ဟိတ္ ဒါဘာလုပ္တာလဲ.. အမေလး ငါ့ဖုန္းေတြ ေရစိုကုန္ပါၿပီ.. အားးး မင္း ဒါ ဘာလုပ္လိုက္တာလဲ"

ဖုန္းေရထိသြားလို႔ ဆတ္ဆတ္ခါကာ Jimin ထီးေအာက္ တိုးဝင္လာသည္မို႔ Jimin က ထီးေအာက္ မေရာက္ေအာင္ ျပန္တြန္းလိုက္ေလသည္။ ေဆြ႕ေဆြ႕ခုန္ေနတဲ့ Gumshin က လမ္းအနားက အေဆာက္အဦးဆီ ေျပးမိုးခိုလိုက္ၿပီးမွ

"ဘယ္လိုေကာင္လဲကြ.. ဒါ ဘာလုပ္လိုက္တာလဲ"
"အခုထိ မသိေသးဘူးလား.. မိုးေရထဲ ပို႔လိုက္တာေလ ညစ္ပတ္ေနတဲ့ စိတ္ဓါတ္ေတြကို မိုးေရခ်ိဳးၿပီး သန္႔ရွင္းလို႔ ရေအာင္လို႔"

ဘာအျပစ္မွ မလုပ္ထားလို႔ ဘာမွမခံစားရသလို ထီးေလးကိုင္ရင္း ပခုံးတြန္႔ျပတဲ့ Jimin ေၾကာင့္ Gumshin ေဒါသပိုထြက္လာေလသည္။

"ဟိတ္ ဘာစကားေျပာတာလဲ"
"Hyung ေတာ္ၿပီ ေတာ္ၿပီ ေတာ္ၿပီ.. ကြၽန္ေတာ္ ဘာမွ မျဖစ္ပါဘူးဗ်ာ"
"Ya.. ya ya Jimin ေရ ငါတို႔ ျပန္ၾကရေအာင္.. မင္း လုပ္ေနတာ အားနာစရာႀကီး"

Taehyung နဲ႔ Jungkook လည္း အေျခအေနကို နားလည္ၿပီး Jimin အား ေျပးဆြဲရေတာ့သည္။ Jimin က Taehyung နဲ႔ Jungkook လက္တို႔ကို ပုတ္ခ်ရင္း

"ဘာအားနာစရာပါလဲ ဒင္းေတာင္ သူမ်ားသားသမီးကို မိုးေရထဲ ေျပးလႊားခိုင္းေနတာကို အားမနာတတ္တာ ငါက အားနာစရာလား"
"Hyung ရယ္ ကြၽန္ေတာ္ ဘာမွမျဖစ္ပါဘူးဆို"
"မင္းအဲ့လို တုံးေနလို႔ မင္းကို ေ႐ြးခိုင္းေနတာ သိလား.. မင္း ဘာမွမျဖစ္လည္း ငါျဖစ္တယ္"

Jimin က Jungkook တို႔ အနားကေန Gumshin မိုးခိုေနရာ အေဆာက္အဦးနား ႏွစ္လမ္းေလာက္ တိုးလိုက္ရင္း

"ဒီမွာ အဘိုးႀကီး.. Jeon Jungkook ဖ်ားေနတာကို မသိဘူးလား"
"ဘယ္.. ဘယ္ သိမလဲ ငါက.."
"ကြၽန္ေတာ္ကပဲ ေတာင္းပန္ပါတယ္.. ကြၽန္ေတာ့္ ေယာက္်ားက စိတ္ပူလြန္သြားလို႔"

ၾကားျဖတ္ကာ ျဖန္ေျဖဖို႔ ႀကိဳးစားေနတဲ့ Jungkook အား ေဘးတြန္းလိုက္ရင္း

"ဖယ္စမ္း ငါေျပာလို႔ မၿပီးေသးဘူး.. ဒီမွာ ဘိုးေတာ္ အထက္လူႀကီး တစ္ေယာက္ျဖစ္ၿပီး ကိုယ့္လက္ေအာက္ ငယ္သား ဘာျဖစ္ေနလဲ ဆိုတာကို အရင္ မေလ့လာပဲ ခိုင္း.."
"Hyung ေတာ္ၿပီလို႔.. ကြၽန္ေတာ္ ဘာမွ မျဖစ္ပါဘူးဆို"

Jimin စကား မဆုံးခင္ Jungkook ေရွ႕က ပိတ္ရပ္ကာ Jimin အား ေအာ္လိုက္ေလသည္။ ေလသံမမာေပမယ့္ ေအာ္လိုက္တာမို႔ ႏွလုံးသားထဲ ေလေျပေအးေအး ျဖတ္တိုက္သြားသလို ပတ္ဝန္းက်င္တစ္ခုလုံးလည္း တိတ္ဆိတ္သြားသလိုလို။ တေဖ်ာက္ေဖ်ာက္ မိုးသံနဲ႔ အတူ ရင္ဘတ္ထဲ တဆစ္ဆစ္နဲ႔ ခံရခက္လာသည္။ ဘုရားစူး ဒီငတုံးက ကိုယ့္ကို ျပန္ေအာ္လိမ့္မယ္လို႔ ေယာင္လို႔ေတာင္ မေတြးဖူးဘူး...။ ဝမ္းနည္းသလိုလို ငိုခ်င္သလိုလို ခံစားခ်က္ေၾကာင့္ Jimin အၾကည့္တို႔ကို Jungkook ထံမွ ခ်က္ျခင္း အေဝးပို႔ပစ္လိုက္သည္။

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ တာဝန္ခံႀကီး"

သူခံေနရတာ မၾကည့္ႏိုင္လို႔ ဝင္ေျပာပါတယ္ဆို ကိုယ့္ေရွ႕တင္ ေခါင္းငုံ႔ခံေနတဲ့ Jungkook ေၾကာင့္ Jimin ေသြးတက္ေနမိသည္။

"မင္း ေသာက္႐ူးလား ဒီ အထက္ဖားေအာက္ဖိ ေသခါနီး ဘိုးေတာ္ကို ဘာကိစၥ ေတာင္းပန္ရတာလဲ"
"Hyung ေတာ္ၿပီဆို"

Jungkook က ေခ်ာ့ေျပာသလို Jimin ပခုံး ႏွစ္ဖက္အား က်စ္က်စ္ဆုပ္ကိုင္၍ ဆိုလာသည္။ Jimin ခ်က္ျခင္း ထိုလက္တို႔အား ပုတ္ခ်လိုက္မိသည္။ သူ႔ဘက္ပါတာ ပါတာ သက္သက္ လာေအာ္တာေတာ့ မခံႏိုင္ေပါင္.. ငါကပဲ အၿမဲ ေအာ္မွာ..။

"စိတ္ပ်က္စရာေတြ.. ေယာက္်ားခ်င္း ယူထားရင္ေတာင္ အနည္းဆုံးေတာ့ ေကာင္းတဲ့သူ မယူဘူး.. ဘယ့္ႏွယ့္ ေအာ္ဟစ္႐ိုင္းစိုင္းေနတဲ့ ဟာမ်ိဳးကို ယူရတယ္လို႔"
"ခင္ဗ်ား..."

ဒီတစ္ခါေတာ့ Jimin ေအာ္ဖို႔ ပါးစပ္ျပင္ေနခ်ိန္မွာ Jungkook က Gumshin ေကာ္လံဆြဲလိုက္သည္မို႔ Jimin အံ့ဩသြားရသည္။

"မင္း ကိုယ့္အထက္လူႀကီးကို ဒါ.. ဒါ ဘာအျပဳအမူလဲ"

လန္႔ေနသလို ဟန္ျဖစ္ေနသည့္ Gumshin ပုံစံေၾကာင့္ Jimin ေဘးကေန ႏွာေခါင္းရႈံ႕လိုက္မိသည္။ Jeon Jungkook ကို အဲ့လို ၾကမ္းေစခ်င္ေနတာၾကာၿပီ လို႔ တိတ္တဆိတ္ သတ္မွတ္ရင္း ရင္ထဲကေန လုပ္သာလုပ္ ဟု အားေပးေနမိသည္။ Jungkook မ်က္ႏွာအား ေက်နပ္စြာ လွမ္းၾကည့္ရင္း ႏွလုံးသားငယ္ဟာ တဒိတ္ဒိတ္ ခုန္လာျပန္သည္။ ေဒါသထြက္တဲ့ အခ်ိန္မွာ မင္းက ေသေလာက္ေအာင္ ၾကည့္ေကာင္းေနတာ ကိုယ့္ဟာကိုယ္ သိရဲ႕လား ငတုံးေလးေရ...။ Jungkook ပုံစံက ေဒါသထြက္ေနသလို ပါးေစာင္အား လွ်ာထိုးလိုက္ရင္း

"Hyung ဘယ္ႏွနာရီ ရွိၿပီလဲ"

႐ုတ္တရပ္နာရီ လွမ္းေမးတာမို႔ Jimin လည္း ငမ္းေနရာမွ ေယာင္ေယာင္အမ္းအမ္း ေကာ္ဖီဆိုင္ေလးထဲက နာရီလွမ္းၾကည့္ၿပီး ေျဖလိုက္သည္။

"ငါးနာရီ ထိုးၿပီးလို႔ ငါးမိနစ္မျပည့္ တျပည့္"
'ခြပ္'

Jimin စကားဆုံးတာနဲ႔ Gumshin အား လက္သီးနဲ႔ ထိုးလိုက္သည့္ Jungkook ေၾကာင့္ Jimin ထပ္အံ့ဩရျပန္သည္။ လဲက်သြားတဲ့ Gumshin ကို Jungkook က ျပန္ဆြဲထူရင္း ထပ္ ေကာ္လံဆြဲကာ

"ကြၽန္ေတာ္က ခင္ဗ်ား လက္ေအာက္က ဝန္ထမ္းမို႔ ကြၽန္ေတာ့္ကို ႀကိဳက္သလိုေျပာ ႀကိဳက္သလိုခိုင္းတာ ရတယ္.. ဒါေပမယ့္ သူက ခင္ဗ်ား ဝန္ထမ္းမဟုတ္ဘူး"

Jimin ဘက္က မ်က္စပစ္ျပရင္း ေျပာလိုက္သည္မို႔ အနည္းငယ္ေတာ့ မာန္တက္ခ်င္သြားသည္။ ငါ့ငတုံးေလးက အေတာ္ဆုံးပဲ..။

"ႏႈတ္နဲ႔ မေျပာနဲ႔ မ်က္လုံးနဲ႔ေတာင္ ခင္ဗ်ား သူ႔ကို ေစာ္ကားခြင့္ မရွိဘူးဆိုတာ မွတ္ထား.. ၿပီးေတာ့ အခုက ႐ုံးခ်ိန္ ေက်ာ္သြားၿပီမို႔ ဒီပုံးေတြ အကုန္ အေပၚပို႔ၿပီးရင္ ႐ုံးဆင္းပါၿပီ"

ဆြဲထားသည့္ ေကာ္လံအား တြန္းလႊတ္လိုက္သည္မို႔ တာဝန္ခံ Gumshin တို႔ ေၾကာက္လန္႔ ၿငိမ္ကုတ္ေနေလသည္။

"Hyung လည္း Hobi Hyung တို႔ ဆိုင္ျပန္ေတာ့ေနာ္ မိုးေတြ အရမ္းက်ေနတာ Hyung ပါ ဖ်ားကုန္လိမ့္မယ္"

ခုနာက ေဒါသထြက္ေနတဲ့ Jeon Jungkook နဲ႔ ဒီငတုံးေလးနဲ႔ တစ္ေယာက္ထဲဆိုတာ ကိုယ္တိုင္ ျမင္ေနတာသာ မဟုတ္ရင္ မယုံမိေလာက္မွာ ေသခ်ာတယ္..။ Jimin ကိုယ့္ဟာကို ႀကိတ္ေတြးရင္း လစ္ကနဲ ၿပဳံးလိုက္မိသည္။ ကိုယ့္မ်က္ႏွာကိုယ္ျပန္ထိန္းကာ

"မင္းလည္း မိုးေရထဲ အၾကာႀကီး လုပ္မေနနဲ႔ဦး"
"စိတ္ခ်ပါ Hyung ေယာက္်ားက Superman ေလ ဒီေလာက္ပုံးေတြေတာ့ သုံးမိနစ္နဲ႔ တင္ႏိုင္တယ္"
"မင္းအဘ Superman"

မိုးေရေၾကာင့္ အက်ႌ ကပ္ေနတဲ့ ရင္ဘတ္နားကို Jimin ခပ္နာနာ လွမ္း႐ိုက္ရင္း ေျပာလိုက္မိသည္။ Jungkook က သေဘာက်စြာရယ္ရင္း Jimin ေခါင္းေလးအား သာသာသပ္ေပးကာ

"ျပန္ေတာ့ေနာ္ အေအးပတ္လိမ့္မယ္"

တစ္ကိုယ္လုံး ေႏြးေထြးသြားသလို ခံစားခ်က္ရဲ႕ အဆုံးမွာ Jimin တစ္ေယာက္ Jungkook ကိုသာ စိတ္ထဲကေန အျပစ္တင္လိုက္မိသည္။ ဒီအ႐ူးကေတာ့ ငါ့ကိုပါ သူ႔လို ႐ူးေအာင္ လုပ္ဖို႔ စိတ္ကူးထားတာမ်ားလား..။ ခက္တာက ကိုယ္တိုင္က သေဘာက်ေနမိျခင္းပင္။ အငယ္တစ္ေယာက္က ေခါင္းကိုင္တာကို သေဘာက်ေနမိတဲ့ Alex Armanto အိမ္ေတာ္ရဲ႕ Little cobra ေလး Grazie ပါ..။ ..........။
ဘီဘီဆံသဆိုင္ေလးဆီ ျပန္ေရာက္ေတာ့ Taehyung က Hobi အား ဇာတ္လမ္းရွည္ တစ္ပုဒ္ကို ေျပာျပေနသလို လက္ဟန္ ေျခဟန္ေတြနဲ႔ပါ ေျပာျပေနေလသည္။

"အား... Jungkook က မိုက္လိုက္တာ Drama ထဲက မင္းသားေတြလိုပဲ အဲ့ဒါေၾကာင့္ Park Jimin က သဲသဲလႈပ္ခ်စ္ေနတာ"
"ငါက ဘယ္မွာ သဲသဲလႈပ္ခ်စ္ေနလို႔လဲ.. ငါက သဲသဲလႈပ္ခ်စ္တတ္တဲ့ လူမ်ိဳးမဟုတ္ဘူး သဲသဲလႈပ္ အခ်စ္ခံရမယ့္ လူမ်ိဳး"

Hobi စကားကို Jimin က ရန္ေထာင္သလို ေငါက္ေျပာလိုက္တာမို႔ Hobi လည္း ကိုယ့္ပါးစပ္ ကိုယ္ပိတ္ၿပီး ျပန္ၿငိမ္ေနလိုက္သည္။ သိပ္မၾကာ Jungkook ေရာက္လာတာမို႔ Jimin ႏြားႏို႔ထိုင္ေသာက္ေနရာမွ ခ်က္ျခင္းထကာ တံခါးေပါက္နား ေျပးႀကိဳေလသည္။

"မင္း အဆင္ေျပရဲ႕လား.. အလုပ္ထုတ္ခံ လိုက္ရၿပီလား"

စိုးရိမ္ေနသလို ေျပးလာႀကိဳရွာတဲ့ ခ်စ္ခင္ပြန္းေလးေၾကာင့္ Jungkook ႏွစ္ၿခိဳက္စြာ ၿပဳံးလိုက္မိသည္။ မိုးမိထားေပမယ့္ ေႏြးေထြးေနတဲ့ ခံစားခ်က္က အခ်စ္ေၾကာင့္လို႔ေျပာရင္ Jeon Jungkook က သိပ္ပိုတာပဲ ထင္ၾကမလား...။

"မထုတ္ခံရေသးပါဘူး.. သူက တာဝန္ခံ အဆင့္ပဲ ရွိတာပါ Hyung ရဲ႕ သူထုတ္ခ်င္တိုင္း ထုတ္မရဘူးရယ္ စိတ္မပူပါနဲ႔"
"ၿပီးေရာ.. ငါ ျပန္ခ်မ္းသာသြားရင္ မင္းကို ငါ့ကိုယ္ရံေတာ္အျဖစ္ လစာအမ်ားႀကီး ေပးၿပီး ခန္႔ထားမွာမို႔ တကယ္လို႔ အလုပ္ထုတ္ခံရလည္း ဘာမွ မစိုးရိမ္နဲ႔"

Jimin စကားေၾကာင့္ Jungkook သေဘာက်စြာ ရယ္မိေလသည္။ Jimin က မ်က္ေမွာင္ႀကဳံ႔ ၾကည့္ရင္း

"ဘာရယ္တာလဲ.. ငါေျပာတာ ရယ္စရာ ထင္ေနလား"
"မထင္ပါဘူးဗ်ာ.. ေမာင့္ေယာက္်ားက ဒီလိုေလး ေျပာေပးတာကို ႀကိဳက္လို႔ပါ.. ေမာင့္ေယာက္်ားသာ ေမာင့္အနားရွိေနရင္ အလုပ္ထုတ္ခံရမွာလည္း မေၾကာက္ေတာ့ဘူး.. ေမာင့္ေယာက္်ားက ေမာင့္အတြက္ မိုတီေလး"

Jimin ခႏၶာကိုယ္ငယ္ေဘးအား ရင္ခြင္ထဲ ျမဳပ္မတတ္ ဆြဲဖက္ထားလိုက္သည့္ Jungkook ေၾကာင့္ Jimin ခိုးၿပဳံးလိုက္မိသည္။ ႐ုန္းဖို႔ အင္အားျခင္း မမွ်ဘူး ဆိုတာထက္ စိတ္ကလည္း ႐ုန္းဖို႔ သိပ္စိတ္မပါ..။ သိတယ္မလား Alex Armanto အိမ္ေတာ္က သခင္ေလးေလ.. စိတ္မပါရင္ ဘာမွ မလုပ္ခ်င္ဘူး.. တျခားေၾကာင့္ မဟုတ္ဘူး ဒီတိုင္း ပ်င္းလို႔ စိတ္မပါလို႔ မတြန္းထုတ္တာ..။

"အမေလး ခုနာကက် မခ်စ္ဘူးတဲ့ အခုက် ငါ့ဆိုင္အေပါက္ဝႀကီး ဖက္ေနၾကတာ.. သိပ္ေကာင္းပဲ"

Hobi အသံၾကားမွ ဆိုင္ထဲ Taehyung နဲ႔ Hobi ရွိေသးမွန္း Jimin သတိရမိသည္။ ရွက္ရွက္နဲ႔ Jungkook အား တျဖန္းျဖန္း ႐ိုက္ရင္း

"ဖယ္ေတာ့.. မင္း မရွက္ဘူးလား လူၾကားထဲ ေယာက္်ားခ်င္း ဖက္စရာလား"
"ဘာရွက္စရာလိုလဲ.. ေယာက္်ားခ်င္းလည္း တရားဝင္ ယူထားတဲ့ ေမာင့္ေယာက္်ားကို ဖက္တာေလ ဘာျဖစ္လဲ"

မ်က္ခုံးပင့္ျပရင္း ေျပာလိုက္တဲ့ Jungkook စကားေၾကာင့္ Jimin မရည္႐ြယ္ပဲ မ်က္ေစာင္းထိုးလိုက္မိသည္။ Jungkook က Jimin ေမးေစ့ေလးအား သာသာေလး ကိုင္ေမာ့ရင္း

"Hobi Hyung ေျပာတဲ့ Hyung မခ်စ္ဘူးဆိုတာ ဘယ္သူ႔ကို ေျပာတာလဲ ေမာင့္ကိုလား"

တစိမ့္စိမ့္ၾကည့္ေနတဲ့ မ်က္လုံးဝိုင္းႀကီးေတြ လက္ထဲ လူက အရည္ေပ်ာ္ခ်င္ သလိုလို..။ ခုနာမိုးမိထားတာမို႔ ဆံႏြယ္တို႔မွ တဆင့္ တစက္စက္က်ေနတဲ့ မိုးေရစက္ေတြကလည္း တမ်ိဳးၾကည့္ေကာင္းေအာင္ ကူညီေပးေနသလို။ ရင္ထဲက ႏွလုံးသားငယ္က အ႐ုပ္ဆိုင္ေရာက္ေနတဲ့ ကေလးတစ္ေယာက္လို ေျပးလႊာေဆာ့ကစားရင္း တစ္ခုခုကို ေတာင္းဆိုခ်င္ေနသလို ခုန္ေပါက္ေသာင္းက်န္းေနေလသည္။ မင္းက ငါ့ႏွလုံးသားငယ္ေလး ေတာင္းဆိုေနတဲ့ အ႐ုပ္ကေလးလား...။

"ဖယ္စမ္း ငါ့ကို ဟိုကိုင္ဒီကိုင္မလုပ္စမ္းနဲ႔"

Jungkook လက္ကို ႐ိုက္ပုတ္ခ်လိုက္ေပမယ့္ ခပ္ေႏြးေႏြး အထိအေတြ႕ေၾကာင့္ Jimin ရင္ထဲထိတ္ကနဲ လန႔္သြားသည္။

"မင္း ကိုယ္ေတြ ပူက်စ္ေနတာပဲ"
"အဲ့လိုလား"

ကိုယ့္နဖူးေပၚ ကိုယ္ျပန္စမ္းေနတဲ့ Jungkook ကို ၾကည့္ရင္း တီးခ်င္စိတ္က တဖြားဖြား။ စိတ္မထိန္းႏိုင္ပဲ Jungkook ရင္ဘတ္အား ဘတ္ကနဲ ႐ိုက္ၿပီး Jungkook လက္ကိုဆြဲကာ

"မင္း ငတုံးလား ကိုယ္ဖ်ားေနတာေတာင္ ကိုယ္မသိဘူးလား.. လာ.. ေဆးခန္းသြားၾကရေအာင္.. ဆံပင္ဆိုင္သူေဌး ငါ ျပန္ၿပီ"

Jungkook လက္ကို ဆြဲကာ ဆိုင္ထဲက ထြက္သြားတဲ့ Jimin ကို ၾကည့္ရင္း Hobi ၿပဳံးေနမိသည္။

"ေျပာေတာ့ သဲသဲလႈပ္မခ်စ္ဘူးတဲ့.. ၾကည့္ဦး အသဲအသန္ေတြ ျဖစ္ေနတာ"
"ဒါေပမယ့္ အရင္က Jimin ဆို ခြၽဲၿပီး Jungkook ကို ေဆးခန္းသြားခိုင္းမယ္ ထင္တယ္.. အတိတ္ေမ့တာနဲ႔ မေမ့တာက အျပဳအမူကြာေပမယ့္ စိတ္ကေတာ့ အရင္လိုပဲေနာ္"
"ဒါေပါ့ တစ္ေယာက္တည္းကို.. အတိတ္ေမ့ေနတဲ့ Jimin က ပိုအဆင္ေျပပါတယ္ အပူအပင္ကင္းသလိုပဲ"
"ဒါေတာ့ ဟုတ္တယ္.. အဲ့ဒါေၾကာင့္ Jungkook လည္း သူေသာင္းက်န္းသမွ် ဘာမွမေျပာတာေနမယ္"

Hobi နဲ႔ Taehyung ရဲ႕ စကားဝိုင္းေလးကို ကံယာကာရွင္ Jimin ကေတာ့ မၾကားႏိုင္ေတာ့ပါ။ တ​ေျဖးေျဖး ရပ္တန႔္သြားတဲ့ မိုးစက္ေတြက ညေနစာင္းရဲ႕ အလွကို ေပၚလြင္ေစခ်င္ေနသလား ေအာက္ေမ့ရသည္။ မိုးတိတ္သြားမွ ေနေရာင္ပါးပါးေလးနဲ႔ ပုဇြန္ဆီေရာင္ ေတာက္ေနသည့္ တိမ္စိုင္ေတြက ေနာက္ခံ အျပာေရာင္ ေကာင္းကင္ႀကီးအား အားျပဳ၍ ပန္းခ်ီကား တစ္ခ်ပ္လို လွေနေလသည္။Jimin တို႔ အိမ္အရင္ျပန္ကာ ေရစိုေနသည့္ Jungkook အဝတ္မ်ား လဲလိုက္ၿပီး အနီးနားက ေဆးခန္းေလးထဲ Jungkook အား ေဆးတစ္လုံးေလာက္ သြားထိုးခဲ့ရသည္။

"မင္း အရမ္းႀကီး တုံးမေနနဲ႔.. အလကား သူမ်ား အႏိုင္က်င့္စရာ ျဖစ္မယ္"

ေဆးခန္းမွ အိမ္ျပန္လမ္းေလးထက္ ေဘးခ်င္းယွဥ္ ေလွ်ာက္ရင္း Jimin ဘက္က အရင္ စကားစလာသည္။ ညေနက ကိစၥကို ရည္ၫႊန္းမွန္း သိတာမို႔ Jungkook ဘာမွမေျပာပဲ Jimin မ်က္ႏွာေလးသာ ၿပဳံးရင္း ေငးေနမိသည္။ Jimin က သတိထားမိပုံမေပၚ သူေျပာခ်င္တာကိုသာ ေျပာေနေလသည္။

"လူဆိုတာ ႐ိုးသားတာ ေကာင္းတယ္ဆိုေပမယ့္ အရမ္းႀကီး ႐ိုးသားေနစရာ မလိုဘူးကြ.. မင္း ႐ိုးသားေနလို႔ မင္းကို ဘယ္သူကမွ ဆုလာခ်မွာ မဟုတ္ဘူး အႏိုင္က်င့္ခ်င္စရာ လို႔ပဲ ျမင္ၾကမွာ.. Ya~~ ငါေျပာတာ နားေထာင္ေနရဲ႕လား ဘာေတြ ေၾကာင္ေနျပန္ၿပီလဲ"

Jungkook ေငးေနတာကို သတိထားမိသြားတဲ့ Jimin က ေငါက္လိုက္သည္မို႔ Jungkook နား႐ြက္နားေလးကို ကုပ္ကာ သူ႔ယုန္သြားေလးေတြ ေပၚတဲ့အထိ ရယ္ျပရင္း

"ဟီး.. Hyung က အရမ္းလွေနလို႔ ေငးေနမိတာ"

ဒီ $ ႐ူးကေတာ့... ငါ့ကိုပါ သူ႔လို ႐ူးေစခ်င္ေနတာလား...။ နည္းနည္းေတာ့ ေက်နပ္မိေပမယ့္ မၿပဳံးမိေအာင္ မ်က္ႏွာကို ထိန္းထားရင္း ေငါက္လိုက္မိသည္။

"မင္းအဘပဲ လွ.. မင္းကေလ စကားေကာင္းေျပာလို႔ မရဘူးပဲ"
"လက္ကိုင္ေပးပါဦး"

လက္လွမ္းကာ ေျပာလာတဲ့ Jungkook စကားေၾကာင့္ Jimin ဟန္မေဆာင္ႏိုင္ေအာင္ လစ္ကနဲ ၿပဳံးလိုက္မိသည္။ ေသခ်ာတယ္ ငါပါ႐ူးေနၿပီ ဆိုတာ...။ Jungkook ကေတာ့ ထိုအၿပဳံးလွလွေလးကို အျမတ္တႏိုး ေငးေနေလသည္။ လက္ေဖာင္းေဖာင္း ေသးေသးေလးေတြက Jungkook ကမ္းထားတဲ့ လက္ဆီ ထိကပ္လာေလသည္။

"မင္းေနမေကာင္းျဖစ္ေနလို႔ သနားလို႔"
"ကြၽန္ေတာ့္ကို ခ်စ္ေနၿပီလားဟင္"

မထင္မွတ္တဲ့ ေမးခြန္းေၾကာင့္ Jimin ၿငိမ္သက္သြားသည္။ ငါမသိဘူး Jungkook... ငါက ဘယ္သူ႔ကိုမွလည္း မခ်စ္ဖူးသလို အခ်စ္လည္း မခံဖူးဘူး.. အခ်စ္က ဘာလဲဆိုတာကို ငါမသိသလို အခ်စ္ကို ဘယ္လိုပုံေဖာ္ရမလဲ ငါမသိဘူး.. ငါလာခဲ့တဲ့ ဘဝမွာ 'အခ်စ္' ဆိုတဲ့ ေဝါဟာရ မရွိဘူး.. Alex Armanto အိမ္ေတာ္ႀကီးရယ္ ကမာၻ႔ အခ်မ္းသာဆုံးစာရင္ဝင္တဲ့ အဘိုးရယ္ ခမ္းနားႀကီးက်ယ္တဲ့ အေဖရယ္ အေဖတြန္းပို႔တဲ့ လမ္းကို သြားခ်င္လား မသြားခ်င္လား ကိုယ့္ကိုကိုယ္ေတာင္ မသိပဲ ေလွ်ာက္ခဲ့ရတဲ့ ငါရယ္ပဲ ရွိတယ္...။

"ကြၽန္ေတာ္ ေမးေနတယ္ေလ Hyung ရဲ႕"
"အဲ့လို ေပါက္တတ္ကရေတြ ေမးမွာဆို ငါ့လက္ကို လႊတ္ေတာ့"

Jimin ေငါက္လိုက္သည္မို႔ Jungkook ဘာမွဆက္မေျပာေတာ့ပဲ ရယ္သာ ရယ္ေနေလသည္။ ေနမေကာင္းတဲ့ စာဖိုမႉးေၾကာင့္ ဒီေန႔ညစာအတြက္ေတာ့ အျပင္ဆိုင္သာ ဝင္စားလိုက္ရသည္။

"ဒီဆိုင္ႀကီးက လူေတြ ျပည့္ၾကပ္ၿပီး ညစ္ပတ္လိုက္တာ ငါ ထိုင္မစားႏိုင္ဘူး"

ဆရာႀကီးေပါက္စရဲ႕ ဂဂ်ီဂေဂ်ာင္က်မႈေၾကာင့္ ပါဆယ္ဝယ္ကာ အိမ္ကို ျပန္ခဲ့ရသည္။ ဒါေတာင္ ဆရာႀကီးက မာန္မေလ်ာ့ေသး အိမ္ေရာက္သည္အထိ ပြစိ ပြစိနဲ႔လုပ္ေနတုန္း။

"ဒီလို လမ္းႀကိဳလမ္းၾကားက ဆိုင္အေသးေလးရဲ႕ အရသာက ေကာင္းပါ့မလား.. မင္း သိမလားေတာ့ မသိေပမယ့္ ငါက five star အဆင့္မွီ စာဖိုမႉးေတြရဲ႕ လက္ရာမွ သေဘာက်တာ"
"ေကာင္းပါတယ္ Hyung ရဲ႕.. လူေတြ ႀကိတ္ႀကိတ္တိုးေနတာ ၾကည့္ပါ့လား အရသာ မေကာင္းရင္ ဘယ္သူက လာစားမွာလဲ.. ၿပီးေတာ့ ရာသီဥတုက ေအးေတာ့ ကင္ခ်ီက်ီဂဲ ပူပူစပ္စပ္ေလး စားေပးရမွာေပါ့"

ပါဆယ္ဝယ္လာသည္တို႔ကို မီးဖိုေပၚတင္ကာ ျပန္ေႏြးရင္း Jungkook က သူ႔႐ိုးရာမပ်က္ ၿပဳံးလ်က္ ေျဖေပးေလသည္။ ညစာအတြက္ ေစာင့္ရင္း Jimin ဝါရံတာသို႔ လွမ္းၾကည့္မိသည္။ တေနကုန္႐ြာေနတဲ့ မိုးေၾကာင့္ အဝတ္ေတြကလည္း မေျခာက္သလို ေနမေကာင္းတဲ့ Jungkook ေၾကာင့္ အဝတ္ေလွ်ာ္မယ့္သူ မရွိတာမို႔ ျခင္းေလးထဲ တပုံတပင္။ ေငးေနရင္ သက္ျပင္းတိုးတိုးခ်ရင္းသာ ခႏၶာကိုယ္ေလး တြန႔္လိုက္ရင္း

"ငါတို႔အိမ္ႀကီးကလည္း ညစ္ပတ္ေနတာပဲ အဝတ္ေတြ ဟိုတြဲေလာင္း ဒီတြဲေလာင္းနဲ႔.. So widerlich ပဲ"
"အဲ့တာ ဘာေျပာတာလဲဟင္"

စားပြဲေလးထက္ ျပန္ေႏြးထားေသာ ပြက္ပြက္ဆူေနသည့္ ကင္ခ်ီဟင္းရည္ ခ်ေပးရင္း Jungkook က ေမးလိုက္သည္မို႔ Jimin သက္ျပင္းရွည္ႀကီး ဆြဲခ်ေလသည္။

"မသိခ်င္စမ္းပါနဲ႔ ဂ်ာမန္စကားေတြ သိလည္း မင္းအတြက္ ဘာအက်ိဳးရွိမွာလဲ"
"Hyung ကလည္း ဗဟုသုတေပါ့.. ဘာေျပာတာလဲဟင္ ႐ြံ႕စရာေကာင္းတယ္လို႔ ေျပာတာလား"
"ဘယ္လိုလုပ္ သိတာလဲ"

Jimin တအံ့တဩ ေမးလိုက္သည္မို႔ Jungkook က တိုးတိုးေလးသာ ရယ္ေလသည္။ ထမင္းေလးေတာ့ ခ်က္ထားသည္မို႔ ေပါင္းအိုးေလးထဲမွ ခူးခပ္ေနရင္း

"ရမ္းေျဖတာပါဗ်ာ... ညစ္ပတ္ေနတာပဲ ဆိုေတာ့ ႐ြံ႕စရာေကာင္းတယ္မ်ား ေျပာတာလားဆိုၿပီး.. ဟီး ကြၽန္ေတာ္ ၿပီးက်ရင္ ေလွ်ာ္စရာ ရွိတာေတြေလွ်ာ္လိုက္မွာမို႔ စိတ္မပူပါနဲ႔"
"မေလွ်ာ္ရဘူး"

Jimin အမိန႔္ေၾကာင့္ Jungkook ထမင္းပန္းကန္ေလးေတြ စားပြဲေပၚတင္ရင္း အံ့ဩသလို ၾကည့္လာေလသည္။ Jimin ေက ေျပာရခက္ေနသလိုလို တြန႔္ဆုပ္ေနဟန္ျဖင့္

"မင္း ဖ်ားေနတယ္မလား အျပင္ကလည္း မိုးေအးတယ္ေလ ေရေတြထိေနရင္ ေတာ္ၾကာ ပိုဆိုးကုန္မယ္"
"မပူပါနဲ႔.. Hyung ေယာက္်ားက Superman ပါဆို"
"မင္းအဘ ငါ့ေယာက္်ား.. အပိုေတြ မေျပာပဲ ထမင္းပဲ စားေတာ့ ၿပီးရင္ ေဆးေသာက္ၿပီး ေစာေစာနားလိုက္ေတာ့.. အဝတ္ေတြ ေလွ်ာ္မေနနဲ႔ဦး"
"Yes sir"

ေျဖၿပီး ထမင္းသာ ငုံ႔စားေနတဲ့ Jungkook ကို ခိုးၾကည့္ရင္း Jimin ၿပဳံးလိုက္မိသည္။ ေနမေကာင္းတဲ့ ၾကားက ထမင္းစားဝင္တာကို ေက်းဇူးတင္ေနပါၿပီ ငတုံးေလးရယ္...။

ထမင္းစားၿပီး ထုံးစံအတိုင္း Jungkook က ပန္းကန္ေတြ ေဆးေနသည္မို႔ Jimin ဝါရံတာနားက မေလွ်ာ္ရေသးသည့္ အဝတ္ပုံကို ေငးေနမိသည္။ ဒီအဝတ္ေတြ အတိုင္းရွိေနရင္ ဟိုကေလးက ငါအခန္းထဲ ဝင္သြားတဲ့ အခ်ိန္ ေလွ်ာ္ေနရင္ အလကား ထပ္ဖ်ားေနဦးမယ္... ဟူး... က်စ္ ဂ႐ုမစိုက္စမ္းပါနဲ႔ Grazie ရယ္.. ငါေတာင္းပန္ပါတယ္ မင္းပုံစံအတိုင္း ဘာကိုမွ ဂ႐ုမစိုက္ပဲ ေနစမ္းပါကြာ...။ ကိုယ့္ကိုကိုယ္သာ ဆူပူႀကိမ္းေမာင္းရင္း Jimin ေတာက္တစ္ခ်က္ ေခါက္လိုက္မိသည္။ မီးဖိုေလးနား ပန္းကန္ေဆးေနရင္း TV ေရွ႕က ေတာက္ေခါက္သံေၾကာင့္ Jungkook ေျပးေရာက္လာေလသည္။

"Hyung ဘာလို႔လဲ"
"ဒီခႏၶာကိုယ္ႀကီးက အဝတ္ေလွ်ာ္ခ်င္ေနလို႔ေဟ့.. ငါ့ကို အာ႐ုံမစိုက္ပဲ လုပ္စရာရွိတာသာ သြားလုပ္"

ထိုင္ေနရာမွ ထကာ ဝါရံတာရွိ အဝတ္ျခင္းေလး ယူၿပီး ေအာ္ေငါက္ရင္း ေရခ်ိဳးခန္းေလးဆီ ဦးတည္သြားတဲ့ Jimin ေၾကာင့္ Jungkook လည္း ေနာက္မွ ေျပးလိုက္ရသည္။

"Hyung ရယ္ ကြၽန္ေတာ္ ေလွ်ာ္လိုက္ပါ့မယ္ဆို"
" ေသာက္ပိုေတြ မေျပာပဲ ပန္းကန္သြားေဆး.. ၿပီးရင္ ေဆးေသာက္ၿပီး နားေတာ့.. သြား အခု ငါ့ေရွ႕က ထြက္သြား"

Jimin ထပ္ေငါက္ လိုက္သည္မို႔ Jungkook ေရခ်ိဳးခန္းေလးနားမွ ထြက္လာခဲ့သည္။ Jungkook ထြက္သြားမွ Jimin သက္ျပင္းခ်လိုက္မိသည္။

"အဝတ္ေလွ်ာ္စက္ေလးေတာင္ မဝယ္ႏိုင္တဲ့ ေကာင္ကို ငါက ဘာလို႔ ယူထားတာလဲကြာ.. ေတာက္"

ေရခ်ိဳးခန္းက်ဥ္းေလးထဲ ေဆာင့္ေဆာင့္ထိုင္ကာ အဝတ္ေလွ်ာ္ရင္း ဘာကို စိတ္ဆိုးလို႔ ဘာကို စိတ္တိုေနမိမွန္း မသိ။ စိတ္ထားေကာင္းလြန္းတဲ့ ကိုယ့္ကိုကိုယ္ပဲ အျပစ္တင္ရမလား.. ေနမေကာင္းတဲ့အျပင္ အဝတ္ေလွ်ာ္စက္ပါ မဝယ္ႏိုင္တဲ့ Jeon Jungkook ပဲ  အျပစ္တင္ရမလား..။

"Alex Armanto အိမ္ေတာ္မွာ အဝတ္ေလွ်ာ္စက္ ေလး,ငါး လုံးရွိတာေတာင္ ကိုယ့္အဝတ္ ကိုယ္မေလွ်ာ္တဲ့ ငါက ႏွာေခါင္းေပါက္ေလာက္ပဲ ရွိတဲ့ $ေရခ်ိဳးခန္းထဲ ကိုယ့္အဝတ္အျပင္ သူမ်ားအဝတ္ေတြကိုပါ လက္နဲ႔ေလွ်ာ္ေပးေနရသလား.. ငါက ဒီလို လူမ်ိဳး မဟုတ္ဘူးလို႔... ဘယ္သူ႔အေပၚ သနားဖူးလို႔လဲ.. သူ႔ဟာသူ ေသေသေၾကေၾက ပစ္ထားလိုက္စမ္းပါ"

အဝတ္ေလွ်ာ္ရင္း တတြက္တြက္ေျပာေနျခင္းက အခ်ိန္ကုန္တာ ျမန္သြားသလို..။ မေလွ်ာ္တတ္ပဲ ေလွ်ာ္ထားသည္မို႔ ဂုတ္ေနရာေတြက သိပ္မေျပာင္ေပမယ့္ အနည္းဆုံးေတာ့ ေမႊးသြားတာေပါ့..။ အဝတ္လွမ္းရန္ ထြက္လာေတာ့ TV ေရွ႕က ဆိုဖာေပၚ ၿငိမ္သက္စြာ အိပ္ေပ်ာ္ေနတဲ့ Jungkook အား ျမင္လိုက္ရသည္မို႔ စိတ္ထဲ ေဒါသက ေထာင္းကနဲ။ ငါ့မွာေတာ့ ပင္ပင္ပန္းပန္း အဝတ္ေတြ ေလွ်ာ္ေနရတယ္ မင္းကေတာ့ ေသေနလိုက္...။ စိတ္ထဲ က်ိန္ဆဲလို႔ ဝသြားမွ ဝါရံတာေလးေရွ႕ ထြက္လာခဲ့လိုက္သည္။

​မိုးေပ်ာက္ ေသးေသးစစေလးမ်ားနဲ႔အတူ ေလႏုေအးေလးေတြက အျပင္ဘက္မွာ ျဖတ္ေျပးတိုက္ေနေလသည္။ အျမန္အဝတ္လွမ္းၿပီး အထဲျပန္ဝင္လာေတာ့မွ အိပ္ေပ်ာ္ေနတဲ့ Jungkook ကိုေငးရင္း သက္ျပင္းခ်မိျပန္သည္။

"ဒီနားက ေနမေကာင္းတဲ့ လူအတြက္ မေအးလြန္းဘူးလား.. က်စ္ ဒီေကာင္ကေလ တအား အာ႐ုံစိုက္ခံရေအာင္ ေနတာပဲ.. တမင္ လုပ္ေနတာေနမွာ လစ္လ်ဴ႐ူလိုက္စမ္းပါ Grazie ရာ"

လက္ထဲက ပုံးေလးကို သူ႔ေနရာသူ အရင္ျပန္ထားၿပီးမွ Jimin အခန္းေလးထဲ ဝင္ၿပီး အိပ္ဖို႔ ႀကိဳးစားလိုက္သည္။ ေစာင္ပုံေလးထဲ ဝင္ေကြးၿပီး ေႏြးေထြးတဲ့ အရသာေလး ခံစားၿပီးမွ ဆိုဖာခုံေပၚက ေကာင္ေလးကို သတိရမိသြားသည္။ သက္ျပင္းတိုးတိုးေလး ခ်ၿပီး လွဲအိပ္ေနသည္မွ ထကာ Jungkook ရွိရာသို႔ ျပန္ထြက္လာခဲ့သည္။ အိပ္ေပ်ာ္ေနတဲ့ Jungkook အား ေျခေထာက္ျဖင့္ လႈပ္ႏိူးရင္း

"ဟိတ္... ငတုံးေကာင္ ထစမ္း"
"ဟင္.. ဘာလို႔လဲ Hyung"
"ေခါင္းအုံးယူၿပီး အခန္းထဲ လာခဲ့"

ေျပာၿပီး အခန္းထဲ ဝင္သြားတဲ့ Jimin ကို Jungkook နားမလည္ႏိုင္စြာ ေငးၿပီး အိပ္ခ်င္မူးတူးျဖင့္ ေခါင္းအုံးဆြဲကာ လိုက္လာခဲ့သည္။ အခန္းထဲေရာက္မွ Jimin က စိတ္ဆိုးေနသလို ႏႈတ္ခမ္းစူကာ မ်က္ေမွာင္ႀကဳံ႔ရင္း ထိုင္ေနေလသည္မို႔ Jungkook အိပ္ခ်င္စိတ္တို႔ေတာင္ ေပ်ာက္ကုန္သည္။

"ဘာျဖစ္တာလဲ Hyung ရဲ႕.. ဘာျဖစ္လို႔လဲဟင္"
"ဟိုဘက္မွာအိပ္ ဒီဖက္လုံးကို ေက်ာ္မလာနဲ႔.. ေက်ာ္လာတဲ့ အစိတ္အပိုင္း အကုန္ ျဖတ္ပစ္မွာ"

ေျပာၿပီး လွဲကာ အိပ္သလို မ်က္စိမွိတ္သြားတဲ့ Jimin ေၾကာင့္ Jungkook ၿပဳံးလိုက္မိသည္။ Jimin ခ်ေပးတဲ့ ေနရာေလးမွာ ဝင္လွဲလိုက္ၿပီး ေစာင္ေလးၿခဳံေကြးရင္း ေဘးနားက ခင္ပြန္းေလးကို ေငးေနမိသည္။

"Hyung... ကြၽန္ေတာ့္ကို ခ်စ္လားဟင္"
"႐ူးေလာက္ေအာင္ မုန္းတာ ဟုတ္ၿပီလား.. ေသာက္ပိုေတြ မေမးပဲ အိပ္ေတာ့"

Jimin အေျဖကို Jungkook က သေဘာက်စြာ ရယ္ရင္း အိပ္ဖို႔ မ်က္စိမွိတ္လိုက္သည္။ ပတ္ဝန္းက်င္ တစ္ခုလုံး တိတ္ဆိတ္သြားသည့္ အခ်ိန္မွ Jungkook ဆီမွ အသံတိုးတိုးေလး ထြက္လာခဲ့သည္။

"အရမ္းခ်စ္တယ္ Hyung"

Jimin မ်က္စိမွိတ္ထားပါလ်က္ ႏွစ္ၿခိဳက္စြာ ၿပဳံးလိုက္မိသည္။ ဒီငတုံးကေတာ့....။ ခဏအၾကာမွာ Jimin မွိတ္ထားသည့္ မ်က္လုံးတို႔ကို ျပန္ဖြင့္ၿပီး ေခါင္းေလးေစာင္းကာ Jungkook အား ခိုးၾကည့္လိုက္မိသည္။ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနၿပီမို႔ Jimin ခႏၶာကိုယ္ေလးဘာ Jungkook ဘက္ လွည့္လိုက္သည္။ အိပ္ေနတဲ့ အခ်ိန္က်ေတာ့လည္း ဒီလူထြားႀကီးက ကေလးေလးက်လို႔..။

"မင္းေမးတဲ့ ေမးခြန္းရဲ႕ အေျဖကို ငါလည္း သိခ်င္လိုက္တာ.."

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီရက္ပိုင္း ဒီထဲ စိတ္သိပ္မပါလို႔ ေနာက္က်သြားတယ္။ မက အရင္က တပိုင္းကို စာလုံးေရ ၃၀၀၀ ၄၀၀၀ ပဲ ေရးတဲ့သူပါ Cupid ေဘးက်မွ ေရးရင္းနဲ႔ မ်ားမ်ားသြားတာ အၿမဲတမ္း စာလုံးေရ 5000 က အနည္းဆုံးပဲ.. အၾကာႀကီး ေစာင့္ရၿပီး နည္းတယ္လို႔ ထင္ေနမွာ စိုးလို႔ပါ စာလုံးေရ ၆၀၀၀ ေက်ာ္ ၇၀၀၀ ေလာက္မို႔ တေနကုန္ဖုန္းႀကီး ထိုင္သုံးေနလို႔လည္း မျဖစ္ဘူးေလ အဲ့ေတာ့ ၃ ရက္ေလာက္ ခြဲ type ရပါတယ္ ဒါေတာင္ တခါတေလ ေရးေနရင္း မႀကိဳက္လို႔ ဖ်က္ၿပီး ျပန္ျပင္လိုက္ရတာေတြလည္း ရွိပါတယ္.. တမင္အခ်ိန္ဆြဲလိုစိတ္ နည္းနည္းမွ မရွိပါဘူး စာစေရး ကတည္းက ၿပီးတာနဲ႔ အၿမဲ up ေပးခဲ့တာပါ 🙇‍♀️ စာလုံးေပါင္းအမွားပါရင္ ခြင့္လႊတ္ပါ 💕

Continue Reading

You'll Also Like

133K 15.7K 22
[Unicode+Zawgyi] ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ေဆာင္က်န္ကြမ္ေက်ာင္းေတာ္ကို ဗဟ...
147K 11.4K 36
ချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။
217K 14.6K 43
Min Yoongiမင်းသိထားဖို့ကငါကြွေးတာစားငါပေးတာယူဖို့ပဲ Jeon Jung Kook ကျနော့်ပေါ်မှာတင်...
65.5K 7.7K 15
complete💛 -ရွာကကာလသား ကိုလူပျိုဂျွန်‌ဂျောင်ဂုများ‌ကျောင်းဆရာလေးနားကကိုမခွာဘူးဟေ။ cover CRD!