ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေ...
By Juliexin__
1.9M 332K 9.6K
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ... More
Synopsis
*1* ဝိညာဥ်ကူးပြောင်းလာခြင်း
*2* သေချင်နေတာလား
*3* ဘုရားမလို့ ပြားနေသေးတယ်
*4* ဒါကြီးကဘီယာဗိုက်ဘဲဖြစ်မယ်
*5* ငါ့ခြေထောက်တွေဘာဖြစ်နေတာလဲ
*6* မင်းရဲ့ဆေးကမကောင်းဘူး
*7* ပါးစပ်ပိတ်ထားစမ်း
*8* ကျွန်တော့်မျက်နှာလေးပြပြီးဒါကိုဝယ်လို့ရမလား
*9* ခင်ဗျားလား
*10* ဒါကလူလတ်ပိုင်းအရွယ်မှာဖြစ်တတ်တဲ့ဗိုက်ပူတာပါ
*11* ငါမင်းကိုအထင်ကြီးသွားပြီ
*12* ပါးစပ်ကိုပိတ်ထားလိုက်စမ်း
*13* သားဗိုက်ဆာတယ်
*14* သခင်လေးရုန် ဟုတ်တယ်မလား
*15* သူကလေးကိုမဟုတ်တာတွေသင်ပေးလိုက်မိလို့လား
*16* မင်းကဘာသိလို့လဲ
*17* ငါ့ကိုတောင်းဆိုလိုက်
*18* ချယ်ရီသီးလေး
*19* ခင်ဗျားသားကကျွန်တော့်ကိုကန်နေတယ်
*20* ကလေးတွေအဖေ
*21* ခင်ဗျားတို့နှစ်ယောက်လုံးကမျက်နှာသေကြီးတွေနဲ့လေ
*22* မင်းရဲ့ဆရာတူအစ်ကိုကြီးရောက်လာပြီ
*23* သူကခင်ဗျားရဲ့ဆရာတူအစ်ကိုကြီးဘဲလေ
*24* မပြေးနဲ့စမ်း
*25* ကြည့်လို့ဝပြီလား
*26* စိတ်ဝင်စားစရာဘဲ
*27* သူအထင်လွဲသွားတာဘဲ
*28* ရယ်စရာကောင်းလိုက်တာ
*30* ဒီကောင်လေးကတစ်ကယ်စိတ်အနှောင့်အယှက်ပေးတယ်
*31* အကောင်စုတ်
*32* ဒါကလျှို့ဝှက်ချက်
*33* ကလေးတွေအဖေကငါ့ကိုကာကွယ်ပေးလိမ့်မယ်
*34* ဖွီးးးး
*35* ဒီကလေးကိုပြန်လုပ်လို့ရလား
*36* ဘယ်လောက်ထက်ရှလိုက်တဲ့မေးခွန်းလဲ
*37* ငါရှက်လိုက်တာ
*38* မင်းသူတို့တွေရဲ့နောက်ကြောင်းတွေကိုစုံစမ်းပြီးသွားပြီမလား
*39* ဖြစ်ရမယ့်ဟာကဖြစ်လာမှာဘဲ
*40* လူတွေကပြောင်းလဲကြတယ်
*41* ဒီလိုရလဒ်က လူတိုင်းအတွက်ကောင်းပါတယ်
*42* အလိုလိုက်ခံရဖို့မွေးဖွားလာတာ
*43* တုံးအလိုက်တဲ့ကောင်လေး
*44* ကောင်းလိုက်တဲ့လှည့်ကွက်
*45* သုံးဘီး
*46* ရန်ငြိုးရန်စဖြစ်လာခြင်း
*47* ဒီကလေးတစ်ကယ့်ကိုစကားများတာဘဲ
*48* ချယ်ရီသီးလေးကိုတိုက်ခိုက်ဖို့အတွက်စည်းမျဥ်းအသစ်
*49* ဘယ်သူရှေ့ဆက်တိုးရဲသေးလဲကြည့်ရအောင်
*50* မင်းဖင်ကိုဒီကိုရွှေ့ခဲ့စမ်း
*51* ငါတို့တော့သေပြီ
*52* ခင်ဗျားသားကိုနှစ်သိမ့်ပေးလိုက်ဦး
*53* ဖေဖေ့ကိုဂရုစိုက်သေးရဲ့လား
*54* ခင်ဗျားကိုသင်းကွပ်ပစ်မယ်
*55* နှစ်ကိုယ်တူကျင့်ကြံခြင်း
*56* ဆန္ဒမရှိဘဲတပည့်တွေလက်ခံလိုက်ရတယ်
*57* ကျေးဇူးတင်ပါတယ် ဆရာ
*58* မင်းကကံအရမ်းကောင်းတာဘဲ
*59* ဒါကမင်းတို့အတွက်အရမ်းများသွားပြီလား
*60* မင်းသူ့ကိုချစ်မိသွားပြီလား
*61* ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းကဒီလောက်နူးညံ့နိုင်လို့လား
*62* ကျွန်တော့်အတွက်တွင်းတူးပေးဖို့များလိုက်လာတာလား
*63* ပိုက်ဆံမရှိဘဲဘယ်သူမှမနေနိုင်ဘူး
*64* ဘာလို့အူတက်ပြီးမသေသွားသေးတာလဲ
*65* အရမ်းကြည်နူးစရာကောင်းတာဘဲ
*66* ကိုယ်ဝန်သွေးခုန်နှုန်း
*67* အထင်ကြီးစရာပဲ
*68* ဒီနေ့ကတစ်ကယ့်ကိုငါ့နေ့မဟုတ်ဘူးဘဲ
*69* မင်းကအရမ်းချစ်စရာကောင်းတာဘဲ
*70* မင်းအဖေကိုသွားအသနားခံနေရင်တောင်အသုံးမဝင်ဘူး
*71* ကျွန်တော့်ကျန်တဲ့ဘဝတစ်လျှောက်လုံးကခင်ဗျားအပိုင်ဘဲ
*72* ဘယ်လိုလုပ်မင်းကပါလှည့်စားခံလိုက်ရတာလဲ
*73* သေချာပေါက်လိုအပ်တာတော့မဟုတ်ပါဘူး
*74* သူတို့တွေက အရမ်းရက်စက်တယ်
*75* မကောင်းတာလုပ်ကြစို့
*76* သူ့ကိုမေးလည်းအသုံးမဝင်ဘူး
*77* မင်းတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုယ့်ကိုကိုယ်မသိကြဘူး
*78* ငါကမင်းရဲ့ဖေဖေ
*79* ငါဒီဘောလုံးကြီးနဲ့အတူထွက်ပြေးသွားမှာ
*80* သားပထွေးမလိုချင်ဘူး
*81* မင်းကငါ့ကိုရန်စရဲတဲ့ပထမဆုံးလူဘဲ
*82* သူတစ်ကယ်ဒီလိုစကားတွေပြောရဲတဲ့သတ္တိရှိတာဘဲ
*83* ခင်ဗျားတစ်ဘဝလုံးနောင်တရနေလိမ့်မယ်
*84* ဘောင်းဘီချွတ်ပြီးသေးပေါက်ဖို့
*85* ဖုတ်ကောင်လေး
*86* ပါးစပ်ပိတ်လိုက်တော့
*87* သူ့ကိုမေမေလို့ခေါ်လိုက်
*88* အသုံးမကျတဲ့အမှိုက်တွေ
*89* သူအခုပိုဝလာတာပါ
*90* ဒီသတင်းကရင်တုန်ပန်းတုန်ဖြစ်စရာကောင်းလိုက်တာ
*91* ကလေးတွေအမေ
*92* သိရင်ဘာလို့မေးနေသေးလဲ
*93* ဒီကိုအဆူခံဖို့သွားရမှာလား
*94* နောက်ကွယ်မှာမကောင်းတဲ့အကြံအစည်ရှိရမယ်
*95* ဖေဖေဘယ်မှာလဲ
*96* ဒီလူကအရမ်းပါးနပ်တာဘဲ
*97* မင်းဘာလို့ကိုယ့်စကားကိုမတည်တာလဲ
*98* ငါကအလှဆုံး
*99* ကလေးမွေးဖွားခြင်း
*100* ကြောက်စရာကောင်းတဲ့မြင်ကွင်း
*101* တစ်ကယ်မသိတတ်တာဘဲ
*102* ရူးချင်ယောင်ဆောင်မနေစမ်းပါနဲ့
*103* ဝိညာဥ်သွေးကြော
*104* ပြဿနာရှာခြင်း
*105* သူ့ကိုအထင်အမြင်သေးနေတဲ့အကြည့်တစ်ချက်အရင်ပေးလိုက်
*106* ဂိုဏ်းချုပ်ကို ပုချီနဲ့မှားယွင်းခြင်း
*107* အဲ့လူကကျွန်တော်ဘဲ
*108* ကောင်းတယ်
*109* နတ်ဘုရားများကိုပင့်ဖိတ်ခြင်း
*110* ဘယ်သူကဘယ်သူနဲ့အိပ်ချင်နေရတာလဲ
*111* ခင်ဗျားသဘောကျလား
*112* အကြမ်းဖက်လာရင်ပြန်အကြမ်းဖက်တဲ့နည်းလမ်း
*113* နောက်ထပ်ခွေး*တစ်ကောင်ရောက်လာပြန်ပြီ
*114* ဂုဏ်ပြုလက်ဆောင်
*115* မင်းကငါတို့ကိုသေအောင်ဖိအားပေးနေတာဘဲ
*116* ရုန်ချီနဲ့နောက်တစ်ကြိမ်ပြန်တွေ့ခြင်း
*117* သူကအစ်ကို့ရဲ့ယောက်ဖ
*118* ဒါငါမဟုတ်ဘူးလား
*119* ကလေးတွေကသူနဲ့မသက်ဆိုင်ဘူး
*120* ဆရာသခင်ကွေ့ရိ
*121* ကျွန်တော်ကကိုယ်ဝန်ရနိုင်သေးတာလား
*122* ဒါနင်ငါတို့အပေါ်တင်နေတဲ့အကြွေးဘဲ
*123* ငါမင်းကိုလက်ထပ်မယ်
*124* ယောက်ျားတစ်ယောက်ဖြစ်ရတာခက်ခဲလိုက်တာ
*125* မိုးကြိုးစမ်းသပ်မှုခံယူခြင်း
*126* ကျွန်တော်ခင်ဗျားအတွက်မီးပင်လယ်ကိုဖြတ်ပေးမယ်
*127* မသေမရှင်လောက်ဆိုရပြီ
*128* ကျွန်တော်သူ့ကိုအရမ်းသဘောကျတယ်
*129* ကျွန်တော်တို့သားကပါရမီရှင်လေးဘဲ
*130* ချီလန်ဆီအလည်သွားခြင်း
*131* ဘယ်တော့မှတစ်ခုတည်းမတွေ့ရတဲ့အသီးကဘာလဲ
*132* သူဒါကိုမှတ်ထားတယ်
*133* အချစ်ဆိုတာဘာလဲ
*133* အချစ်ဆိုတာဘာလဲ
*134* ကိုယ်ချင်းစာကြည့်
*135* ရုန်ယိနှင့်သူ့ခန္ဓာကိုယ်
*136* သူကတစ်ကယ်ရယ်ရတယ်
*137* ဖမ်းဆီးခံရခြင်း
*138* နောက်ဆုံးအသက်တစ်ရှိုက်
*139* သူ့ခန္ဓာကိုယ်ကို ဘယ်သူကမှ စိတ်မဝင်စားဘူး
*140* ငါသူ့ကိုသတ်ပစ်မယ်
*141* ကလေးသုံးယောက်ရဲ့စွန့်စားခန်းလေး
*142* ကျွန်တော်ရှက်တာပေါ့
*143* ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေနဲ့
*144* စာတစ်စောင်ရေးသားခြင်း
*145* ကမ္ဘာကြီးကိုမီးတင်ရှို့ခြင်း
*146* ကျွန်တော်ကိုယ့်ဘာသာမထိန်းနိုင်တော့ဘဲ ခင်ဗျားကိုစားလိုက်မိမှာစိုးရတယ်
*147* ကြီးပြင်းလာချင်လား
*148* မင်းသိပါတယ်
*149* ယင်အကြီးအကဲတွေဆီကစာတစ်စောင်
*150* ခင်ဗျားကျွန်တော့်ကို ချီးကျူးနေတာလား
*151* ရုန်ယိခန္ဓာကိုယ်က ကိုယ်တိုင်ရောက်လာခြင်း
*152* ဘဝရဲ့သာယာပျော်ရွှင်မှုတွေ
*153* မင်းကတစ်ကယ်အန္တရာယ်များတာဘဲ
*154* ရှောင်ယိယိကဆိုးလိုက်တာ
*155* ငါတို့ကိုအရူးလာလုပ်နေတာလား
*156* ထောင်လွှားရန်
*157* မှန်မှန်ပြောစမ်းပါ
*158* သေစမ်း
*159* သူလျှို့ဝှက်နယ်မြေထဲမှာသေသွားရင် ပိုကောင်းတယ်
*160* အဲ့တာသူဘဲ
*161* ပုံရိပ်ယောင်
*162* ဝတ်ရုံလက်ထဲကဝှက်ဖဲ
*163* အေးတိအေးစက်လှည့်ကွက်
*164* နောက်တစ်ခုထပ်တူးရဲတူးကြည့်စမ်း
*165* ငါကိုယ်တိုင်နဲ့ကစားရတာပျင်းဖို့ကောင်းလိုက်တာ
*166* ငါတို့ယောက္ခထီးကြီးကိုသွားတွေ့ရအောင်
*167* အတွင်းစိတ်မိစ္ဆာ
*168* ချီလန်အပေါ်လှည့်စားမှု
*169* မိစ္ဆာကလေးလေး
*170* ပျော်စရာကောင်းတယ်
*171* အထဲမှာပိတ်ခံရခြင်း
*172* လျှို့ဝှက်နယ်မြေမှထွက်လာခြင်း
*173* အရမ်းကံကောင်းတာဘဲ
*174* ယင်မိသားစုထဲခြေချပြီးတာနဲ့နောက်ပြန်ဆုတ်လို့မရတော့ဘူး
*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း
*176* ခင်ဗျားဒီညအရမ်းတက်ကြွနေတာဘဲ
*177* ပထမဆုံးအနမ်း
*178* မင်းမျက်လုံးပိတ်ရဲပိတ်ကြည့် ငါမင်းကိုသတ်ပစ်မယ်
*179* နောင်တမရှိဘဲသေနိုင်ပြီ
*180* အထောက်အထားတစ်ခု
*181* မင်းရဲ့ဆရာတူအစ်ကိုကြီးနဲ့တွေ့ဖို့ခေါ်သွားပေးမယ်
*182* သူဟန်ဆောင်နေတာ
*183* သူဟန်ဆောင်နေတာနဲ့မတူဘူး
*184* ကျွန်တော်အစ်ကို့ကိုအရမ်းသတိရတာဘဲ
*185* ပိုင်ယွမ်ချန်ကသခင်ရှန်ကျဲ့များလား
*186* အရှုပ်ထုပ်လေးလေးကောင်
*187* မင်းသဘောအတိုင်းပါဘဲ
*188* ငါကအပျက်ဖြစ်နေလို့လား
*189* ထင်ယောင်ထင်မှားကြားယောင်ခြင်း
*190* ရုန်ယိ အိမ်သာထဲမှာ ပျောက်သွားခြင်း
*191* ဘယ်ဘက်ကကြည့်ရင်ငတုံးနဲ့တူတယ်
*192* ယင်ကျင်းရဲ့ အချိန်ကိုက်ရောက်ရှိလာမှု
*193* ရုန်ယိပျောက်ဆုံးသွားမှု
*194* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၁
*195* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၂
*196* သုံးနှစ်ကြာပြီးနောက်
*197* သူပြန်လာပြီ
*198* ငဖားကောင်လေး
*29* ကောင်လေးမင်းကအလားအလာရှိတာဘဲ
10.8K 1.9K 5
By Juliexin__
ရုန်ယိက ကျန်းစွန်းကျစ်ချန်ကို လက်နက်ပုံကြမ်းရဲ့ အသေးစိတ်ကို ပြောပြလိုက်သည်။ ကျန်းစွန်းကျစ်ချန်က ပုံကြမ်းကို တစ်ကယ်နားလည်ပြီဆိုတာသေချာမှ ကျန်တာကိုစလုပ်ခွင့်ပေးလိုက်သည်။
ကျန်းစွန်းကျစ်ချန် တင်ပလ္လင်ခွေထိုင်ချလိုက်သည်။ ပထမဆုံး ပါဝင်ပစ္စည်းအချို့ကို အရည်ပျော်အောင်လုပ်ဖို့ မီးဖိုထဲကိုပစ်ထည့်လိုက်၏။ အချိန်ခဏကြာတဲ့အခါ နောက်ထပ်ပါဝင်ပစ္စည်းတစ်ချို့ကို သန့်စင်ဖို့အတွက် မီးဖိုထဲ ထပ်ထည့်လိုက်၏။ ပြီးနောက် သူ့ရဲ့ ဝိညာဥ်စွမ်းအင်ကို သုံးပြီး မီးတောက်ကိုထိန်းချုပ်ကာ သူ့စိတ်ထဲမှာရှိနေပြီးသားဖြစ်တဲ့ လက်နက်ရဲ့ ပုံသဏ္ဍာန်အတိုင်းရအောင် ပုံသွင်းတော့၏။
ရုန်ယိသူ့မျက်လုံးအကြည့်တွေကို မီးဖိုပေါ်မှာသာထားထား၏။
" မင်းထုတ်ဖော်ထားတဲ့ မီးတောက်က ပျော့ပြီး အရည်ပျော်အောင်လုပ်တဲ့နေရာမှာ မသင့်တော်ဘူးလို့ထင်ရပေမဲ့ တစ်ကယ်တော့ အဲ့တာက တစ်ခြားမီးတောက်တွေထက် ပိုကောင်းပြီးပြည့်စုံတဲ့ လက်နက်တစ်ခုကို လုပ်ပေးနိုင်တယ်..။ ဖြေးဖြေးလေးလုပ်မှသာ ကောင်းမွန်တဲ့ပစ္စည်းကထွက်လာနိုင်တယ် လို့ပြောကြတယ်မလား..။ မင်းမှာက အဲ့လိုစွမ်းရည်မျိုးရှိနေတယ်..။ မင်းသာ ဆက်လေ့ကျင့်သွားမယ်ဆိုရင် မင်းက တစ်ကယ့်ကိုအလားအလာရှိတယ်..."
ကျန်းစွန်းကျစ်ချန် စိတ်ထဲဗလာဖြစ်သွားရသည်။ သူက တစ်ချိန်ထဲမှာ မီးဝိညာဥ်သွေးကြောနဲ့ ရေဝိညာဥ်သွေးကြောကို ပိုင်ဆိုင်ထားပြီး ဒါတွေက လုံးဝကိုဆန့်ကျင်ဘက် တည်ရှိမှုတွေဖြစ်နေ၏။ တစ်ခုက အခြားတစ်ခုရဲ့ ထိန်းချုပ်ဟန့်တားမှုကို မကြာခဏခံရလေ့ရှိတာကြောင့် သူထုတ်ဖော်လိုက်တဲ့ မီးတောက်က သူများမီးတောက်တွေထက် အပူချိန်လျော့နည်းလေ့ရှိသည်။ ဒါကြောင့် လူတွေက သူ့မီးတောက်က သတ္တုတွေကိုအချိန်တိုအတွင်းအရည်ပျော်စေဖို့မလုံလောက်ဘူးဟု ပြောကြပြီး သူက ပန်းပဲဆရာတစ်ယောက်မဖြစ်နိုင်ဘူးဟုလည်း ပြောကြသည်။ သူ့မိသားစုကတောင်မှ သူ့ကို လက်နက်သန့်စင်နေတာကိုစွန့်လွှတ်လိုက်ဖို့ အကြိမ်များစွာ ဖျောင်းဖျခဲ့ကြသည်။ ဒါကြောင့် သူ့ကိုဒီအလုပ်နဲ့သင့်တော်တယ်လို့ပြောတာက ရုန်ယိက ပထမဆုံးဘဲဖြစ်သည်။
လက်နက်က တစ်ဖြည်းဖြည်းပုံပေါ်လာနေတာကိုတွေ့လိုက်တာကြောင့် ရုန်ယိ အရိုးပျော့ဆေးပင်ကိုယူပြီး ကျန်းစွန်းကျစ်ချန်ကို ပေးလိုက်သည်။
"မင်းသန့်စင်တာကို ရပ်လိုက်လို့ရပြီ..။ ပထမဆုံးအရိုးပျော့ဆေးပင်ကို ဆေးရည်ဖြစ်အောင် လုပ်ပြီး လက်နက်ကို အဲ့ထဲမှာစိမ်ထားလိုက်...။ လက်နက်တစ်ခုလုံးဆေးရည်စိမ်ပြီးသွားပြီဆိုရင် မင်းရဲ့မီးတောက်ကြောင့် ဆေးရည်တွေခြောက်မသွားအောင်လို့ လက်နက်ရဲ့အပြင်ဘက်အလွှာကို ငွေ့ရည်ဖွဲ့ကျောက်တုံးနဲ့ လိုက်သုတ်ထားလိုက်.."
သန့်စင်ပြီးတဲ့အခါမှာ ငွေ့ရည်ဖွဲ့ကျောက်တုံးက ဆေးရည်တွေခြောက်သွားမှာကို ကာကွယ်ဖို့အတွက် လက်နက်အပေါ်မှာ နူးညံ့တဲ့ဖန်သားအလွှာလေးလိုမျိုး ချိတ်ဆက်သွားသည်။ ပြီးတော့ ကျောက်တုံးက ကျုံ့နိုင်ဆန့်နိုင်တာကြောင့် တစ်ခြားမှော်လက်နက်တွေကတိုက်ခိုက်လာတဲ့အခါမှာ ပြန်ကန်ထွက်စေနိုင်သည်။
ရှန်းလွီ့ သူ့စကားတွေကြားပြီး သီးမလိုတောင်ဖြစ်သွားရသည်။ သူထင်ခဲ့တာက လက်နက်ကို တစ်ခါတည်းနဲ့အပြီးလုပ်သွားမယ်လို့....။ မှော်လက်နက်ပြုလုပ်နေတုန်း တစ်ခြားတစ်ခုလုပ်ဖို့အတွက် ခဏရပ်ထားတယ်ဆိုတာကို သူတစ်ခါမှမကြားဖူးခဲ့ပေ။ ရုန်ယိက သိသာစွာဘဲ သူ့ဒုက္ခသူရှာနေတာဖြစ်ပြီး မှော်လက်နက်သန့်စင်တဲ့အကြောင်း နကန်းတစ်လုံးတောင်သိမှာ မဟုတ်ပေ။ ကံကောင်းစွာနဲ့ဘဲ သူတို့သုံးနေတဲ့ ပါဝင်ပစ္စည်းအချို့ကတန်ဖိုးသိပ်မရှိတာကြောင့် ဖြုန်းတီးပစ်လိုက်လည်းအဆင်ပြေသေးသည်။ မဟုတ်ရင်တော့ သူစိတ်မထိန်းနိုင်တော့ဘဲ ရုန်ယိကို သေအောင်ရိုက်သတ်ပစ်လိုက်မိမှာ ကြောက်ရသည်။
ကျန်းစွန်းကျစ်ချန်က ခေါင်းငြိမ့်ပြလိုက်ပြီး  ရုန်ယိပြောတဲ့အတိုင်း လုပ်လိုက်သည်။ သူက ဆေးဆရာမဟုတ်ပေမဲ့လည်း ဆေးရည်ဖြစ်အောင်တော့ သန့်စင်နိုင်သေးသည်။ တစ်ကယ်တော့ ဆေးရည်သန့်စင်ရတာက အရမ်းရိုးရှင်းသောကြောင့် ဝိညာဥ်စွမ်းအင်ရှိသူတိုင်း လုပ်နိုင်လေသည်။
ရှန်းလွီ့ရော ရုန်ယိရော လက်နက်သန့်စင်နေတဲ့ မီးဖိုထဲက ပြောင်းလဲမှုတွေကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြ၏။
ကျန်းစွန်းကျစ်ချန်က အဆင့်တွေအကုန်ပြီးဆုံးတော့မယ့်အချိန်မှာ ရုန်ယိကသူ့ကို ပြန်လည်ကုသရေးဆေးပင်နဲ့ တစ်ခြားအရိုးပျော့ဆေးပင်တို့ကို အနှစ်ပျစ်ခဲခဲ တွေရအောင် ဘယ်လိုသန့်စင်ရမလဲဆိုတာသင်ပြပေးလိုက်ပြီးနောက် စိမ်းပြာရောင် အနှစ်ပျစ်ခဲခဲတွေကို လက်နက်ရဲ့မြောင်းလေးထဲထည့်ခိုင်းပြီး မြောင်းအောက်ခြေက အပေါက်သေးသေးလေးကို ပိတ်ခိုင်းလိုက်သည်။
ကျန်တဲ့ လုပ်ငန်းစဥ်တွေကတော့ ကျန်းစွန်းကျစ်ချန်  သူ့ဘာသာလုပ်သွားတော့သည်။
ရှန်းလွီ့ နဲ့ရုန်စု တဖြည်းဖြည်းပုံပေါ်လာတဲ့ မှော်လက်နက်ကို ကြည့်နေကြပြီး သူတို့မျက်လုံးထဲက အထင်သေးမှု နဲ့ သံသယတွေက အံ့အားသင့်မှုတွေအဖြစ် ပြောင်းလဲသွားတော့သည်။ သူတို့မျက်လုံးတွေ ပြူးကျယ်နေလျက်နဲ့ ဆေးပင်တွေသုံးပြီး လက်နက်လုပ်လို့ရတယ်ဆိုတာကို ခက်ခက်ခဲခဲနှင့် ယုံလိုက်ကြရသည်။ ဒါက သူတို့အသိအမြင်တွေထက်ကို ကျော်လွန်နေတဲ့ ကိစ္စဖြစ်သည်။
ကျန်းစွန်းကျစ်ချန်က လုပ်ငန်းစဥ်တစ်ခုလုံးကို အဆုံးသတ်တော့မဲ့အချိန်မှာဘဲ မှော်လက်နက်ထဲကနေ ကြီးမားတဲ့အရှိန်အဝါက ထက်ရှတဲ့မြှားတွေလိုမျိုး အပြင်ဘက်ကိုထွက်ပေါ်လာခဲ့ပြီး ချက်ချင်းဘဲလေပွေတစ်ခုလိုမျိုး မွှေ့ရမ်းသွားတော့သည်။
ဟိုင်လုရွာက ကျင့်ကြံသူတွေက လေထုထဲက ဝိညာဥ်စွမ်းအင် အတက်အကျကိုခံစားလိုက်မိကြပြီး အိမ်တွေထဲကထွက်လာကာ ဘာဖြစ်သလဲဆိုတာ ထွက်ကြည့်ကြသည်။
"ဒီဝိညာဥ်စွမ်းအင်တှေက ဘယ်ကထွက်လာတာလဲဟ.."
"ကြည့်ရတာတော့ ကျန်းစွန်းကျစ်ချန်ရဲ့အိမ်ကနေထွက်လာတဲ့ပုံဘဲ"
"သူကပန်းပဲဆရာမလား....သူအဆင့်အမြင့်ဆုံးလက်နက်ကို ထုလုပ်လိုက်တာလား.."
အဆင့်မြင့်မှော်လက်နက် ဒါမှမဟုတ် အဆင့်မြင့်ဆေးလုံးတွေသာ မီးဖိုကိုပိတ်လိုက်တဲ့အခါမှာ ဒီလိုမျိုး ကြီးမားတဲ့ အရှိန်အဝါ ထုတ်လွှတ်နိုင်၏။
"မဖြစ်နိုင်ဘူး....မကြာသေးခင်ကမှ သူ့ဆရာပေးတဲ့တာဝန်အတွက် သူကတစ်ခြားသူရဲ့မှော်လက်နက်ကို သူလုပ်တာပါဆိုပြီး ခိုးယူခဲ့တယ်လို့ တစ်ယောက်ယောက်ကပြောတယ်...။ သူ့ဆရာက သူ့ကိုတော်တော်မကျေမနပ်ဖြစ်သွားပြီး သူ့ကို ဟိုင်ရှန်းကျောင်းတော်ကနေ ထုတ်ပစ်လိုက်တယ်တဲ့..."
"ဘာတွေဖြစ်နေတာလဲဆိုတာ သွားကြည့်ကြရအောင်.."
လူတိုင်းက ဝိညာဥ်စွမ်းအားတွေ ထွက်ပေါ်လာတဲ့ ကျန်းစွန်းကျစ်ချန်ရဲ့ ခြံဝန်းအပြင်မှာ စုစည်းလာကြသည်။ အရှိန်အဝါတွေက ရှန်းလွီ့ရဲ့အခန်းက ထွက်လာတာတွေ့လိုက်ကြတဲ့အခါ တစ်ယောက်က သရော်လိုက်၏။
"ငါမင်းကိုမပြောခဲ့ဘူးလား....လက်နက်ကို သန့်စင်ထုလုပ်တာက ကျန်းစွန်းကျစ်ချန် မဖြစ်နိုင်ပါဘူးလို့.."
ရှန်းလွီ့က ဟိုင်လုရွာမှာတော့ ဝါကြီးတဲ့သူတစ်ယောက်ဖြစ်သည်။ လူတွေက သူ့ခွင့်ပြုချက်မရဘဲ အထဲဝင်ပြီး အခြေအနေတွေသွားမကြည့်ရဲကြပေ။ ဒါပေမဲ့ ရှန်းလွီ့ရဲ့ ထိတ်လန့်အံ့အားသင့်နေတဲ့အသံက အခန်းထဲကနေထွက်လာခဲ့သည်။
" အကောင်းဆုံးဘဲ...ကျစ်ချန် မင်းအကောင်းဆုံးလက်နက်ကို သန့်စင်ထုလုပ်ခဲ့တာဘဲ..."
*****************
Zawgyi
****************
17.11.2021
Continue Reading
You'll Also Like
91.8K 9.9K 35
ပရလောကကိုစိတ်ဝင်စားတဲ့သန့်မင်းသွင်ဆိုတဲ့ချာတိတ်လေးကိုမိဘတေကမွှေလွန်းလို့ဦးလေးရှိတဲ့ရိုးမတောင်ခြေကိုပြည်နှင်ဒဏ်ပေးရာကနေ...တစ်ကိုယ်တော်ရွက်လွှင့်ပြီးပေ...
368K 46.3K 36
Raising Children in Ancient County Town Chinese Title - 在古代县城养儿_欲来迟 Original Author - 欲来迟 English Translator - Erishi An Status -35chapters (complete...
540K 63K 183
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
23.6K 3K 14