πŸ“//π‘Ίπ’•π’“π’‚π’˜π’ƒπ’†π’“π’“π’Šπ’†π’”...

By Lovelli_Hsu

20.8K 1.7K 199

β™‘οΈŽI have placed you in my heart for the rest of my lifeβ™‘οΈŽ 'π–²π—π—‹π–Ίπ—π–»π–Ύπ—‹π—‹π—‚π–Ύπ—Œ 𝖺𝗇𝖽 𝖒𝗂𝗀𝖺𝗋𝖾𝗍𝗍𝖾... More

πŸ“Intro🚬
πŸ“Part 1 🚬
πŸ“Part 2🚬
πŸ“Part 3🚬
πŸ“Part 5🚬
πŸ“Part 6🚬
πŸ“Part 7🚬
πŸ“Part 8🚬
πŸ“Part 9🚬
πŸ“Part 10🚬
πŸ“Part 11🚬
πŸ“Part 12🚬
πŸ“Part 13🚬
πŸ“Part - 14🚬
πŸ“βŒPart 15❌🚬
πŸ“ Final 🚬

πŸ“βŒPart 4❌🚬

1.3K 115 4
By Lovelli_Hsu

Unicode//

"တကယ်လို့ပြန်တွေ့ခဲ့ကြသည်ရှိသော် ကျွန်တော့်မှာချစ်သူတွေဘာ‌တွေရှိနေရင်ရော"

"မတတ်နိုင်ဘူးလေ အရာရာတိုင်းကိုတရားသေတွက်ထားလို့မှမရပဲ"

"ကျွန်တော်ခင်များကိုစောင့်နေမယ်ဆိုရင် ခင်များကစောင့်ဖို့ထိုက်တန်ရဲ့လား"

Jiminမေးခွန်းတွေအများကြီးမေးမိနေသည် ဒါတွေကသူအရမ်းသိချင်နေတာမို့လို့...

"တချို့အရာတွေကစောင့်နိုင်ရင်စောင့်ဖို့ထိုက်တန်ပါတယ်"

Yoongiပြောတဲ့အတိုင်း သူစောင့်နေမယ်ဆိုရင်ပြန်ဆုံဖို့အကြောင်းဖန်လာမှာပါနော်
နှလုံးသားတစ်နေရာမှာနေရာယူထားတဲ့Yoongiနဲ့သူမခွဲခွာချင်ဘူး....

"ဘေဘီဘာဖြစ်ချင်လဲ"

"ဟင်!"

"ဘေဘီ့မှာရည်မှန်းချက်အိပ်မက်ရှိလား"

"ရှိတာပေါ့ ကျွန်တော်လည်းရည်မှန်းချက်ရှိတဲ့လူတစ်ယောက်ပါ ဒါမဲ့ဖြစ်မှာ‌မဟုတ်ဘူး"

"ဘာလို့လဲ??"

"ကျွန်တော်ကမိဘတွေဖြစ်စေချင်တဲ့အတိုင်းလုပ်ပေးရမှာ ကျွန်တော့်ရည်မှန်းချက်ကိုစွန့်လွှတ်ပြီးတော့ပေါ့"

"မင်းရည်မှန်းချက်ကဘာလဲ"

Yoongiကစီးကရက်ကိုအောက်ပစ်ချကာခြေထောက်နှင့်ဖိချေရင်းပြောလိုက်သည်

"ဖြစ်မှာမဟုတ်ပေမဲ့ပြောပြပါ့မယ် ကျွန်တော်ကအောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ချင်တာ ကမ္ဘာအနှံ့ပတ်ပြီးသီချင်းတွေဆိုချင်တယ် အဲ့လိုမဟုတ်ရင်တောင်ဘဝကိုလွတ်လွတ်လပ်လပ်ဖြတ်သန်းခွင့်ရရင်တော်ပါပြီ ခင်များလိုလေ"

"Wow!!မင်းကရည်မှန်းချက်ကြီးတာပဲ"

"အဟက် ရည်မှန်းချက်ကြီးတော့ရောဘာလုပ်လို့ရမှာလဲ ကျွန်တော့်ဘဝကကျွန်တော်ပိုင်တာမှမဟုတ်တာ"

"မင်းတစ်ခါလောက်မရူးမိုက်ချင်ဘူးလား"

Jiminလက်ကိုတစ်ဖက်ကကိုင်ထားရင်းတစ်ဖက်ကJiminရဲ့ပါးလေးကိုလက်ညိုးလေးဖြင့်အသာပွတ်ရင်းမေးလာသည်

Yoongiစကားကြောင့်Jimin Yoongiကိုကြည့်လိုက်မိသည် ပြန်တော့မဖြေမိ...

"မနက်ဖြန်ကျောင်းပိတ်တယ်မလား"

"ပိတ်တယ်လေ"

"မနက်ဖြန်ညနေကိုယ်မင်းကိုတစ်နေရာခေါ်သွားမယ်"

"အင်း ကျွန်တော်အိမ်ကိုပြောကြည့်မယ်"

ပြောကြည့်မယ် သေချာပေါက်လိမ်ရမှာပေါ့ ဟိုတခေါက်ခြံကျော်ပြီးကတည်းက Park Jiminတို့လိမ်ဖို့ကိစ္စကိုခေါင်းထဲထည့်မနေတော့ပေ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ရောက်နေတာကြာပြီလား"

"မကြာသေးပါဘူး အဆင်ပြေရဲ့လား"

"ပြေလို့ ခင်များရှေ့ရောက်နေတာပေါ့"

Jimin အိမ်ကို သူငယ်ချင်းနှင့်စာလုပ်ရမည် သူငယ်ချင်းအိမ်မှာပဲညအိပ်ဖြစ်မည်ဟူ၍လိမ်ခဲ့ရသည်..ဒါတောင်သိပ်မလွှတ်ချင် စာမေးပွဲနီးပြီဟုပြောထားလို့သာလွှတ်ပေးခြင်း...သူဒီနေ့ညတော့Yoongiနှင့်အချိန်ကုန်ချင်မိသည်

Yoongiခေါ်ရာနောက်သို့လိုက်လာရင်း အဆောက်အဦတစ်ခုရှေ့ရောက်တော့ကားရပ်သွားသည်...
Yoongiကကားပေါ်မှဆင်းတော့Jiminလည်းလိုက်ဆင်းလိုက်သည်....

ထိုအဆောက်အဦရဲ့လေးထပ်မြောက်အထိတက်သွားကြပြီး တိုက်ခန်းတစ်ခုဆီသို့ခေါ်လာသည်...

Yoongiမှတိုက်ခန်းတံခါးအားသော့ဖြင့်ဖွင့်လိုက်ပြီး Jiminလက်ကိုဆွဲကာထိုအခန်းထဲသို့ဝင်သည်...

"Yoongi ဒါဘယ်နေရာလဲ"

"ကိုယ့်ရဲ့Studioလေ"

"Studio?? ဒါခင်များရဲ့ကိုယ်ပိုင် Studio လား"

"အင်း ကိုယ်ဒီတိုက်ခန်းတစ်ခန်းကို‌ဝယ်ပြီးStudioအဖြစ်ဖန်တီးလိုက်တာ"

"........."

"ကိုယ့်အလုပ်တွေကအတည်တကျမရှိပေမဲ့ ဒီStudioကတော့ အမြဲအတည်တကျရှိတယ် ကိုယ့်ဝါသနာကိုအကောင်အထည်ဖော်ထားတဲ့နေရာလေးမို့လို့ပါ ကိုယ်ပျင်းရင်ဒီကိုခနခနလာဖြစ်တယ်လေ"

"ဒါဆို ခင်များက"

"အင်း ကိုယ်ကသီချင်းတွေဖန်တီးရတာဝါသနာပါတယ် ဘေဘီပြောတာကိုနားထောင်ပြီးဘေဘီ့ကိုဒီခေါ်လာပြဖို့ဆုံးဖြတ်လိုက်တာ"

YoongiပြောတာကိုကြားပြီးJiminပျော်မိသည်...သူသဘောကျတဲ့Yoongiကလည်းသူ့လိုပဲဆိုတော့ဝမ်းသာမိသည်

Yoongiရဲ့Studioဆိုတဲ့ထိုနေရာလေးကိုJiminလိုက်ကြည့်မိတော့ နံရံကိုခဲရောင်သုတ်ထားပြီး စားပွဲခပ်ကြီးကြီးပေါ်မှာကွန်ပျူတာနှစ်လုံး ဘေးမှာအမျိုးအစားမတူတဲ့ Guitar သုံးလုံးနှင့် အနက်ရောင်Pianoကြီးတစ်ခုလည်းရှိသည် တိုက်ခန်းကလည်းကျယ်တာကြောင့်ထိုပစ္စည်းတွေရှိတာတောင်နေရာလွတ်တွေကျန်နေသည် အိပ်ခန်းလည်းပါတော့ နားချင်ရင်အေးဆေးနားလို့ရသည်

"တကယ်ပဲ ခင်များဒီလိုတွေလုပ်တတ်မှန်းကျွန်တော်မထင်ထားခဲ့ဘူး"

"အခုတော့သိသွားပြီမှတ်လား"

"အွန်း"

Jiminရယ်ပြလိုက်တော့Yoongiကလည်းပြန်ရယ်ပြသည်....

"လာခဲ့ ကိုယ်မင်းကိုသံစဥ်တစ်ပုဒ်တီးပြမယ် မင်းအတွက်ကိုယ်ပေးတဲ့လက်ဆောင်လို့သဘောထားလိုက်ပေါ့"

Yoongi Jiminရဲ့လက်ကိုဆွဲကာ Pianoနားသွားလိုက်သည်....Yoongi Pianoရှေ့မှာထိုင်လိုက်ပြီးနေရာယူလိုက်သည်
Jiminကတော့မတ်တတ်ရပ်ရင်းသာကြည့်နေသည်....

ခနကြာတော့သွေးကြောစိမ်းစိမ်းလေးတွေပေါ်နေတဲ့လက်ဖြူဖြူလေး‌ကPianoပေါ်၌ပြေးလွှားရင်း သာယာတဲ့သံစဉ်လေးတွေထွက်လာသည်...

Pianoကိုကျွမ်းကျင်စွာတီးခတ်နေတဲ့Yoongiရဲ့ပုံစံကိုJiminမေ့နိုင်တော့မှာမဟုတ်...ထိုသံစဉ်ကိုနှလုံးသားထဲစွဲနေအောင်မှတ်ထားရင်းစီးမြောခံစားမိတော့ စိတ်ထဲမှာကြည်နူးမှုနဲ့အတူဝမ်းနည်းမှုကြီးကိုပါခံစားနေမိသည်....ခွဲခွာဖို့နှုတ်ဆက်နေသလိုဖြစ်နေတော့ Jimin Yoongiကိုကြည့်နေရင်းပင်မျက်ရည်များကျလာသည်...ကျဆင်းနေသည့်မျက်ရည်များကိုလည်းပြန်မသုတ်မိ.

နောက်ဆုံးYoongiလက်များရပ်တန့်သွားပြီး သံစဉ်ပြီးဆုံးသွားသည်....Jiminကိုကြည့်လိုက်တော့ သူ့ကိုကြည့်နေရင်းငိုနေတာကြောင့်ကြောင်သွားပေမဲ့ လက်ဖျားလေးကိုဆွဲယူရင်း ပေါင်ပေါ်၌ထိုင်ခိုင်းလိုက်ပြီးခါးလေးကိုဖက်ထားလိုက်သည်

Jimin Yoongiပေါင်ပေါ်၌ခွထိုင်လိုက်ပြီး မျက်ဝန်းအပြာတွေကိုစူးစိုက်ကာကြည့်နေတုန်းမှာပဲ Yoongiကမျက်ရည်တွေကိုသုတ်ပေးသည်

"ကျွန်တော်တို့ထပ်တွေ့ဦးမှာပါနော်"

Yoongiပြန်မဖြေပဲ Jiminကိုသာကြည့်နေသည်

"ကျွန်တော်တို့တွေ့ဆုံတာဘယ်လောက်မှမရှိသေးပေမဲ့ ကျွန်တော်ခင်များအပေါ်သံယောဇဉ်ဖြစ်နေပြီ"

"........."

"ထပ်ပြီးတွေ့မတွေ့တော့မသိပေမဲ့ ခင်များသိအောင်‌တော့ပြောလိုက်ပါရစေ ကျွန်တော်ခင်များကိုချစ်တယ် ခင်များကိုအရမ်းချစ်တယ်"

Jiminမျက်ရည်‌တွေကျရင်းပြောပေမဲ့Yoongiကတော့ Jiminဆံပင်လေးတွေကိုသာသပ်ပေးနေပြီးပြုံးပြုံးလေးနားထောင်နေသည်...

"ကျွန်တော်ခင်များပြန်လာတဲ့အထိစောင့်မယ် ခင်များပြန်မလာဘူးဆိုရင်တောင်ကျွန်တော်ကိုယ်တိုင်ခင်များနောက်လိုက်လာခဲ့မယ်"

"ကျွန်တော်ခင်များကိုမေ့သွားဖို့ဆိုတာမဖြစ်နိုင်သလိုမေ့လည်းမေ့နိုင်မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ခင်များကကျွန်တော့်နှလုံးသားထဲမှာနေရာယူထားပြီးပြီ ခင်များကိုအရမ်းချစ်တာမို့ ကျွန်တော်တို့ကျိန်း‌သေပြန်တွေ့ကြမယ်"

"ကံနဲ့လည်းဆိုင်တယ် ဘေဘီ"

Yoongi Jiminနှင့်နဖူးချင်းထိကပ်ကာနှာခေါင်းထိပ်လေးတွေကိုအချင်းချင်းပွတ်ဆွဲရင်းပြောလိုက်သည်

"အဲ့ဒီ့ကံကြောင့်ပြန်မတွေ့ရဘူးဆိုရင်တောင် အဲ့ကံ‌တရားကိုလွန်ဆန်ပြီးကျွန်တော်ကိုယ်တိုင်ခင်များနဲ့တွေ့အောင်ကြိုးစားမှာ"

Jiminကနီးကပ်နေတဲ့မျက်နှာနှစ်ခုကိုပိုမိုနီးကပ်စေကာပြောလိုက်တာကြောင့် Jiminနှုတ်ခမ်းကYoongiနှုတ်ခမ်းအားမထိတထိသွားစသလိုဖြစ်နေသည်

နှစ်ယောက်လုံးအသက်ရှူသံ‌တွေမြန်ဆန်ကာ ဝင်သက်ထွက်သက်လေတွေမှာလည်းတစ်ယောက်မျက်နှာတစ်ယောက်ရိုက်ခတ်နေကြရင်းရင်ဘတ်တစ်နေရာကလည်းလျင်မြန်စွာခုန်ပေါက်လှုပ်ရှားနေကြသည်...

ခင်များမေးဖူးတယ်နော် *တစ်ခါလောက်မရူးမိုက်ချင်ဘူးလား*တဲ့ အဲ့စကားကိုအခုဖြေမယ် ဒီလိုလုပ်လိုက်မိတာကအမှားတစ်ခုဆိုရင်လက်ခံလိုက်မယ် အပြစ်ဆိုလည်းကျွန်တော်ဒီအပြစ်အတွက်နောင်တရမှာမဟုတ်ဘူး ဘာလို့ဆို ခင်များကိုအရမ်းချစ်တာမို့ ခင်များကြောင့်ရူးမိုက်ပါရစေ.........

ထိုစဉ်Jiminဘက်မှစတင်ကာYoongiနှုတ်ခမ်းအားနမ်းလိုက်သည်..
Yoongiလည်းပြန်တုံ့ပြန်ပေးလိုက်‌တော့အနမ်းတွေဟာပိုမိုနက်ရှိုင်းလာသည်

စနမ်းတာJiminဆိုပေမဲ့ Yoongiရဲ့ကျွမ်းကျင်တဲ့အနမ်းတွေနဲ့ပြန်ဦး‌ဆောင်သွားတာကြောင့်အခုအမီလိုက်နေရသည့်သူမှာJiminဖြစ်သွားသည်..

ရုတ်တရက် Jiminကအနမ်းတွေကြားမှအတင်းရုန်းထွက်ကာ Yoongi၏လည်တိုင်ဖြူဖြူဆီဦးတည်လိုက်သည် လက်ကလည်းYoongiဝတ်ထားသည့်အစိမ်းပုပ်ရောင်Sportshirtကိုပုခုံးထိဆွဲချလိုက်ပြီး ပုခုံးဖြူဖြူလေးကိုပါနမ်းရှိုက်နေသည်

"အ့ ဘေဘီ..မင်းအဆင်ပြေလို့လား"

Jiminဆီကပြန်ရုန်းထွက်ကာ ခေါင်းကိုဆွဲယူလိုက်ပြီးပါးလေးနှစ်ဖက်အားအုပ်ကာမေးလိုက်သည်

"ကျွန်တော်အဆင်ပြေပါတယ် ကျွန်တော်ခင်များပေးတဲ့နာကျင်မှုသာယာမှုတွေကိုလိုချင်တယ် ကျွန်တော့်ကိုယူပါ ကျေးဇူးပြုပြီး"

Jiminကပြောပြီးချက်ချင်းYoongiနှုတ်ခမ်းတွေကိုနမ်းလာတာကြောင့် ခေါင်းကိုလွှဲကာရှောင်လိုက်သည်...

"ဘာလို့လဲ ဘာလို့ရှောင်တာလဲ"

"ဒီနေရာမှာအဆင်မပြေဘူး"

Yoongi ပေါင်ပေါ်ကJiminကိုပွေ့ချီလိုက်ကာ သူနားနေကျအခန်းထဲသို့ခေါ်သွားလိုက်ပြီး
အခန်းတံခါးကိုလော့ချလိုက်သည် Jiminကိုမွေ့ယာပေါ်သို့တင်ပေးလိုက်ရင်းအပေါ်မှအုပ်မိုးကာ Jiminမျက်လုံးတွေကိုစိုက်ကြည့်‌သည်

"သေချာပြီလား မင်းတကယ်လုပ်ချင်တာရောဟုတ်ရဲ့လား"

"အွန်း အဆင်သင့်ပါပဲ ကျွန်တော့်ကိုယူပါ Yoongi"

Yoongiပြုံးလိုက်ပြီးJiminနှုတ်ခမ်းကိုစတင်နမ်းလိုက်သည်...မကြာသေးခင်ကမှသောက်ထားတဲ့စီးကရက်ဆီကအနံ့အရသာကိုJiminရရှိလိုက်သည်..

စီးကရက်အမြဲသောက်နေပေမဲ့ပြာနှမ်းခြင်းမရှိပဲပုံမှန်လိုအနီရောင်သန်းနေတဲ့Yoongiနှုတ်ခမ်းတွေ ထိုအနီ‌ရောင်နှုတ်ခမ်းတွေဆီကရရှိတဲ့ခါးသက်သက်စီးကရက်အရသာအပြင်တခါတခါစတော်ဘယ်ရီအရသာပါတွဲပါလာတတ်တာကိုသူအရမ်းသဘောကျသလိုမေ့သွားမှာလည်းမဟုတ်ဘူး

ဒီလိုနဲ့နှစ်ဖက်အပေးအယူမျှနေသည့်အနမ်းတွေဟာတဖြည်းဖြည်းကြမ်းတမ်းလာပြီးအလိုရမ္မက်တွေနဲ့ပြည့်နှက်လာသည်
YoongiလျှာဟာJiminအောက်နှုတ်ခမ်းကိုသပ်လာတာကြောင့်ပါးစပ်ဟပေးလိုက်တော့ ခံတွင်းထဲဝင်ကာJiminလျှာနှင့်ရစ်ပတ်ရင်းစုပ်ယူနေသည်....

မွတ်သိပ်လာတဲ့အနမ်းတွေကိုခနတာရပ်တန့်ကာJiminရဲ့အင်္ကျီကိုခပ်မြန်မြန်ဆွဲချွတ်လိုက်သည် ပေါ်လာတဲ့ရင်ဘတ်ဖွေးဖွေးလေးကြောင့်မှင်သက်နေကာ Jimin၏လည်ပင်းသားတွေကိုတစ်ဖန်ပြန်စုပ်ယူလိုက်သည်...

နီရဲရဲအမှတ်များပေါ်လာသည်အထိ စုပ်ယူကိုက်ခဲနေတာကြောင့်Jiminခေါင်းမော့ကာငြီးနေမိသည် Yoongiရဲ့နှုတ်ခမ်းကJiminရင်ဘတ်ရှိပွင့်ချက်လွှာလေးတွေဆီရောက်ရှိသွားတော့ခံစားလို့ကောင်းတာမို့ Jiminကျောကော့ကာအော်ငြီးလိုက်ပြန်သည်

Yoongiရပ်ကာသူ့အင်္ကျီကိုချွတ်လိုက်သည် Jimin ရှေ့ကအပေါ်ပိုင်းဗလာဖြစ်သွားတဲ့Yoongiကိုကြည့်လိုက်သည်...အသားဖြူဖြူပေါ်မှာအဆီပိုမရှိပဲSix packsအ‌မြောင်းလိုက်နေရာယူထားသည့်Yoongiရဲ့ကျစ်လျစ်နေတဲ့ဗိုက်သားတွေအပေါ် Jiminလက်ကအလိုလိုရောက်သွားသည်...

နောက်တော့Yoongiကပြန်အုပ်မိုးကာ နှစ်ယောက်လုံးမှာကျန်ရှိနေသေးတဲ့အဝတ်တွေကိုအကုန်ချွတ်ချပစ်လိုက်ကြသည်..

နာကျင်မှုကိုအနည်းငယ်ပျောက်စေမဲ့ဆီနှင့်အတူအကာအကွယ်ကိုသုံးကာ သွေးသားနှီးနှောခြင်းအမှုကိုစတင်လိုက်ကြသည်....

Jiminရဲ့လက်ချောင်းများကြားတိုးဝင်ဆုပ်ကိုင်လာသောYoongi၏လက်ချောင်းသွယ်သွယ်များနှင့်အတူနှစ်သိမ့်အနမ်းများကိုပါတဖွဖွပေးအပ်လာသည်

ကိုယ်အတွင်းသို့တစ်ရစ်ချင်းဝင်ရောက်လာသည့်အရာကိုအံကြိတ်ကာခံယူရင်း နာကျင်လှတဲ့ဆောင့်ချက်တွေကြားသာယာမှုကိုလိုက်ရှာနေမိသည်

ခနကြာတော့ဆောင့်ချက်တွေကြား နေသားကျကာသာယာလာပြီးငြီးရင်းတောင်းဆိုနေမိသည်...

ခနနှင့်မတင်းတိမ်နိုင်တဲ့တစ်ယောက်သောသူကြောင့်သူ့အလိုကျလိုက်လျောပေးနေရင်း အချိန်တော်တော်ကြာနှစ်ယောက်သားအတူနေလိုက်ကြပြီး နောက်ဆုံးတော့ပြီးဆုံးသွားကြသည်....

Jiminလည်းပင်ပန်းကာအိပ်ပျော်သွားတာ‌ကြောင့် Yoongiကပဲသန့်ရှင်းပေးလိုက်ကာ နောက်တော့Jiminကိုစောင်သေချာခြုံပေးကာYoongiလည်းဘေး၌ဝင်အိပ်လိုက်တော့သည်.................။

🍓 🚬 🍓 🚬 🍓 🚬 🍓 🚬 🍓 🚬 🍓 🚬

ဒီficလေးကplusမပါရင်အဆင်မပြေတာမို့နည်းနည်းထည့်လိုက်တယ်နော် idol imageကိုထိခိုက်စေချင်တဲ့စိတ်လုံးဝမရှိပါဘူး အတတ်နိုင်ဆုံးမရိုင်းအောင်စကား‌ပြောခန်းတွေမထည့်ပဲရေးထားပါတယ် တကယ်လို့ရိုင်းတာများပါခဲ့ရင်လည်းတောင်းပန်ပါတယ်😊😊ဒါဒါလေးတို့ကိုချစ်တယ်😘😘

Zawgyi//







"ဘေဘီဘာဖြစ်ချင်လဲ"

"ဟင်!"



"ဘာလို့လဲ??"











"ပိတ်တယ်လေ"



~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ရောက်နေတာကြာပြီလား"







"Yoongi ဒါဘယ်နေရာလဲ"

"ကိုယ့်ရဲ့Studioလေ"



"........."


"ဒါဆို ခင်များက"






"အွန်း"











"........."




































🍓 🚬 🍓 🚬 🍓 🚬 🍓 🚬 🍓 🚬 🍓 🚬


Continue Reading

You'll Also Like

17K 924 5
love story between two men Present for @Paing7πŸ’— One shotπŸ’—
414K 6.5K 80
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
180K 16.1K 20
Min Yoongi X Park Jimin
7.8K 821 9
α€€α€­α€―α€€α€­α€― ငါတို့ α€•α€Όα€±α€¬α€„α€Ία€Έα€œα€²α€žα€½α€¬α€Έα€α€¬α€œα€¬α€Έ.......