"မင်းဘယ်သူလဲ"
"မင်းဘာကြံနေတယ်ဆိုတာ ငါသိတယ်"
ထိုအကျီအမဲနဲ့လူကသူ့လည်ပင်းကို ဓါးအိမ်ဖြင့်ထောက်ကာ ပြောတော့ ဒီလူဟာသူ့အကြောင်းသိသူဘဲဖြစ်မယ်။
"သိနေတော့လဲ မထူးတော့ပါဘူး"
ဆိုကာ လက်သည်းတွေထုတ်ပြီး အနက်ရောင်၀တ်ရုံနဲ့လူကိုဆွဲခြစ်လိုက်သည်။အရှောင်ကောင်းတဲ့ထိုလူကလဲ ပေါ့သေးသေးတော့မဟုတ် သူ့ရှေ့ရောက်လာတဲ့လက်ကိုဆွဲကာ နံရံဘက်ကိုစောင့်တွန်းလိုက်တာကြောင့်အရပ်၀တ်နဲ့ သွေးစုတ်ကောင်မှာကျောအောင့်သွားရသည်။လူခြေတိတ်သော လမ်းကြားလေးထဲတွင် တိုက်ခိုက်သံတွေတစ်စတစ်စကျယ်လောင်လာသည်နှင့်အမျှ လူတွေမှာလဲ ထိုအနီးအနားသို့ရောက်လာကြသည်။
တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်နေစဥ် အမဲရောင်၀တ်ရုံနဲ့လူရဲ့မျက်နှာမှ ပုဝါစသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဟက် ဘယ်သူများလဲလို့ အရင်ဘုရင်ရဲ့နောက်လိုက်ခွေးကို"
"နောက်ထယ်ယောင်းနားမကပ်နဲ့"
"အဲ့တော့"
"မင်းသားကို လက်နဲ့ထိမိတာနဲ့ မင်းကိုအသေသတ်မိလိမ့်မယ်"
"မိစ္ဆာကောင် ဟိုမှာမိစ္ဆာကောင်!!"
လူတွေကလက်သည်းရှည်တွေနဲ့ကောင်ကိုတွေ့တော့ ကလေးတွေကိုအိမ်ထဲ၀င်ပုန်းခိုင်းပြီး အရပ်သားတွေကတော့ ဓါးတစ်ချောင်းဖြင့် ပြေးလာကြသည်။
"ဒီလူတွေ ချီး"
သူပြန်ချရင် ချက်ချင်းသေသွားမှာသိပင်မဲ့ လူတွေကအများကြီးမှအများကြီးပြေးလာတာကြောင့် အိမ်တွေကြားမှ တစ်ဖက်ကမ်းတောအုပ်ထဲကို ပြေးသွားတဲ့ သွေးစုတ်ကောင်မြို့စားဟန်.....
"ဟိုမိစ္ဆာဘယ်ရောက်သွားတာလဲ"
"ဒီကကောင်လေးအဆင်ပြေရဲ့လား လက်မှာဒဏ်ရာရထားတယ်"
"ရပါတယ်"
"စောစောစီးစီးငါတို့ကိုအော်ခေါ်သင့်တယ်ကောင်လေး တစ်ယောက်ထဲဆို သေသွားမှာ ငါတို့အရောက်မြန်လို့ပေါ့"
ဒီနေရာမှာသူမဟုတ်ဘဲ လူသားတာဆို ဟိုကတစ်ချက်လောက်ကုတ်တာနဲ့ သေသွားနိုင်တယ်.......သူလဲမျက်နှာကိုပုဝါစပြန်ဖုံးကာ ထိုလူအုပ်နဲ့ဝေးရာဆီသို့လှည့်ထွက်ကာ ထယ်ယောင်းတို့နောက်အမြန်ပြေးလိုက်ကြည့်ရသေးသည်။အေးချမ်းသော ထိုကလေးငယ်ကို မင်းကြီးက အပူအပင်တွေမပေးချင်၍ သူ့ကိုစကားပါးခဲ့သည်မဟုတ်ပါလား......
"၀န်ဟီး မင်းတွေ့တယ်မို့လားငါ့ကိုသတ်တဲ့သူကို သားငယ်လေးကိုသေချာစောင့်ရှောက်ပေး အဲ့ကောင်လက်ထဲလုံး၀မရောက်စေနဲ့ မင်းအသက်ရှင်မှဖြစ်မယ် မြန်မြန်ပြေးတော့ သူတို့တွေ့ရင်မင်းကိုသတ်လိမ့်မယ် ပြေးတော့"
အတွေးတို့ရပ်တန့်သွားချိန် ထယ်ယောင်းတို့လဲ နန်းတော်ထဲပြန်ရောက်သွားပြီမို့ စိတ်ချကာသူလှည့်ပြန်ထွက်ခဲ့သည်။ဘယ်လိုဘဲဖြစ်ဖြစ် ဟိုအကောင်ကထယ်ယောင်းတို့ကိုအလွတ်ပေးမည်တော့မဟုတ်.....သူတစ်ခုခုလုပ်မှရတော့မည်။
♡
♡
♡More Than Love🌸🍃
♡
♡
"တန်တန်လေးရေ"
ခွေးပေါက်လေးကိုရင်ခွင်ထဲပိုက်ကာ နန်းတော်ထဲပြန်လာတဲ့ထယ်ယောင်းနဲ့ ဂျီမင်းလေး။
"ငါ့လက်ပေါ်မှာအိပ်ပျော်သွားပြီ ကြည့်ပါအုံး"
"ဟုတ်ပါ့ အိပ်နေတာများ တစ်ချက်တောင်မနိုးဘူး"
သူတို့ တိတ်တိတ်လေးအဆောင်တွေကြားကပြန်လာတော့ နန်းတွင်းသူတစ်ချို့နဲ့တွေ့သည်။လက်ထဲမှာလဲ အ၀တ်တောင်းတွေနဲ့ အ၀တ်တွေလျော်ဖွတ်ပြီးပြန်လာတာဖြစ်မည်။ထယ်ယောင်းကို မကြည်ကြည့် ကြည့်ကာတိုးတိုးတိုးတိုးနဲ့ပြောနေသော အသံများကိုထယ်ယောင်းကောဂျီမင်းပါအရှင်းသား ကြားနေကြရသည်။
"သူကခွေးကိုနန်းတော်ထဲခေါ်လာတာလား"
ထယ်ယောင်းသူ့လက်ပေါ်ကခွေးပေါက်လေးကိုတင်းကျပ်စွာဖက်ထားလိုက်ပြီး ရှေ့ဆက်လမ်းလျှောက်တော့ဆက်ပြောလာတဲ့စကားကြောင့် သည်းမခံနိုင်တော့
"မိစ္ဆာတွေအချင်းချင်းဆိုတော့ တိရစ္ဆာန်တွေနဲ့ အဖော်လုပ်နိုင်တာမဆန်းပါဘူး"
ရှေ့ဆက်မြည့်ခြေလှမ်းတို့မှာ ထိုမိန်းကလေးတွေရှိသည့်နားသို့......
"ဒီကမိန်းကလေးတွေအားနေကြတယ်ထင်တယ် ဒီအဝတ်တွေလှမ်းပြီးရင် ငါ့ရဲ့နန်းဆောင်ကိုအမြန်အရောက်လာခဲ့ကြ ငါ့ရဲ့ချစ်စရာတန်နီးလေးအတွက် ၀တ်စုံလေးချုပ်ခိုင်းမို့"
မဲ့ပြုံးလေးတစ်ချက်ပြုံးပြကာ ဆံပင်တွေကိုခါရမ်းပြပြီး ဂျီမင်းလက်ကိုဆွဲကာ လှည့်ထွက်လာလိုက်သည်။သူကဘယ်သူလဲ ဘုရင့်ရဲ့ချစ်လှစွာသောကြင်သူလေးလေ....
"ခစ်ခစ်"
"ဘာတွေသဘောကျနေတာလဲထယ်ထယ်ရဲ့"
"ခုဏကကောင်မလေးတွေလေ သူတို့ရုပ်တွေကိုမြင်လိုက်လား ချက်ချင်းကြောင်ချီးရုပ်တွေဖြစ်သွားတာ"
"ဟုတ်ပ့ဟုတ်ပ့ မျက်နှာတွေကချက်ချင်းပြိုကျတော့မဲ့ မိုးလိုဘဲ"
"ထယ်ထယ့်နန်းဆောင်ရောက်ပြီမို့ ဂျီဂျီအထဲထိလိုက်မပို့နဲ့တော့နော် ကိုကိုမိသွားလိမ့်မယ် မနက်ကျလာခဲ့တန်တန်နဲ့ဆော့ကြမယ်"
"အွန်း"
ဂျီမင်းလေးလှည့်ထွက်သွားမှ သူလဲနန်းဆောင်ထဲ သူခိုးလိုလိုဟိုချောင်းဒီချောင်းဖြင့်၀င်လာခဲ့သည်။
"ဒါကဘယ်ကနေများကြွမြန်းလာတာလဲ"
"ဟင်"
ကုတင်ပေါ်မှာ ထိုင်နေတဲ့သူ့ရဲ့အရှင်ကိုကို ဒူးတစ်ဖက်တစ်ချက်စီပေါ်လက်နှစ်ဖက်ကိုချကာ သက်ပြင်းတောင်ချလိုက်သေးသည်။သူအပြင်ခိုးထွက်တာကိုကို သိသွားပြီပေါ့......
"ပြောပါအုံး ဘယ်ကိုရွာလည်ပြီးဘယ်အပေါက်ကပြန်လာတာတုန်း"
"ဒီနန်းဆောင်ရှေ့ကနေ တည့်တည့်သွားပြီး ဘယ်ချိုးလိုက် ပြီးရင်တည့်တည့်သွားပြီး ညာထက်ချိုး ရှေ့နဲနဲထက်လျှောက်သွားရင် အပေါက်အကြီးကြီးရှိတယ်လေ အဲ့အပေါက်ကနေပြန်လာတာ"
"တိတ်! ဘယ်သူကနန်းပြင်ထွက်ခိုင်းလို့လဲ အလိုလိုက်လွန်းလို့ ယောင်းကဆိုးချင်နေပြီလား"
"မအော်နဲ့ တန်လေးနိုးတော့မှာဘဲ"
ထိုအခါမှ သူ့လက်ထဲကအကောင်ပေါက်လေးကို မြင်တဲ့ကိုကို.....
"နန်းတော်ထဲ အကောင်မမွေးရဘူး ဘုရင့်နန်းဆောင်မှာဆို ပိုလို့တောင်မမွေးသင့်ဘူး"
"မရပါဘူး မွေးမှာဘဲ"
"နန်းတော်စည်းကမ်းတွေကို မချိုးဖောက်နဲ့ယောင်း ခုချက်ချင်းပြန်ပို့ အထိန်းတော်ကြီး အမြန်၀င်လာခဲ့"
"ဘာများအမိန့်ရှိလို့ပါလဲမင်းကြီး"
"ယောင်းလက်ထဲကခွေးကို နန်းပြင်ပြန်ထုတ်လိုက်"
"အီးးးး မရဘူးနော် ယောင်းသူ့ကိုမွေးဖို့ခေါ်လာတာ ပြန်မပို့နိုင်ဘူး"
"ယောင်း မဆိုးနဲ့ ခုချက်ချင်းပြန်ပို့ ခွေးဆိုတာကိုက်တတ်တယ် ယောင်းကိုကိုက်ရင်ဘယ်လိုလုပ်မလဲ"
"မကိုက်ပါဘူး ကိုကိုကလဲ ဒီမှာကြည့်ပါအုံး အိပ်နေတာများ ချစ်စရာလေးကို ယောင်းကိုချစ်တယ်ဆိုပြန်မပို့ပါနဲ့နော်"
သူ့အနားလာကာလက်ထဲကခွေးပေါက်ကိုပြပြီး ချွဲနွဲ့နေတဲ့ ယောင်းပေါက်.....နှုတ်ခမ်းလေးဆူပြီး ပြောနေတာများ စတော်ဘယ်ရီသီးလေးလိုဘဲ နီရဲနေတာများ......
"နော် နော်လို့ နော်"
"အင်း"
"တကယ်နော် တန်တန်ကိုနှင်မထုတ်ရဘူးနော် ကတိကတိ"
"အထိန်းတော်ကြီး ပြန်ထွက်လို့ရပြီ"
"ကတိနော်လို့"
"ကတိ ကတိ ဒါပင်မဲ့ အလျော်အစားတော့ရှိတယ်နော်"
"ဟင် ကိုကိုကဘာလိုချင်လို့လဲ"
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကြည့်ပြီးမေးနေတဲ့ကလေးပေါက်လေးကို သူဝါးစားချင်လာသည်။ဂျောင်ဂုသူ့နှုတ်ခမ်းကို နမ်းပါဆိုတဲ့ အပြုအမူလေးလုပ်ပြလိုက်တော့ ချက်ချင်းထိကပ်လာတဲ့စတော်ဘယ်ရီနှုတ်ခမ်းရဲရဲလေး.......ခဏလေးထိကပ်ရုံလေးနမ်းပြီး ပြန်ခွာသွားတော့ သူအလိုမကျကာနှုတ်ခမ်းဆူမိသည်။
"နှုတ်ခမ်းကြီးကလဲဆူပုတ်နေတာဘဲ ဒါလားဘုရင်"
"ယောင်းက ခဏလေးနမ်းတာကို"
*ပြတ် ပြွတ် ပြွတ် ခစ်ခစ် *
"ရပြီလား"
"မရဘူးကွာ"ဆိုကာ လက်ထဲကခွေးပေါက်ကို အောက်ကိုပစ်ချတဲ့ကိုကို....
"ကိုကိုတန်တန်လေး နိုးသွားပြီ ဘာလို့ပစ်ချရတာလဲ"
"အရမ်းရှုပ်နေလို့ လာကိုကိုကလေးကိုဒီနေ့အပြစ်ပေးရမယ် နန်းပြင်ခိုးထွက်တဲ့ကိစ္စပါပေါင်းပြီး"
"ဟာ မရဘူးနော် အ့ ကိုကိုရေ မကိုက်နဲ့လို့ ခွေးပေါက်ကြီးလား"
"ဟုတ်တယ် ယောင်းကိုစားမယ်ခွေးပေါက်ကြီးလေ"
"မလုပ်ပါနဲ့ ကိုကိုလို့ အင့် နားတယ်မစို့ပါနဲ့တော့လို့"
ထို့နောက် အောက်ကြမ်းပြင်ကတ္တီပါနုနုပေါ် တစ်လွှာချင်းပြုတ်ကျလာတဲ့ ၀တ်ရုံစများ......ကုတင်အောက်မှ တန်တန်မှာတော့ ထိုအရှင်နှစ်ယောက်ကိုကြည့်နေတုန်း သူ့အပေါ်ရောက်လာတဲ့ ၀တ်ရုံတွေကို ခါချနေရသည်။တအင်းအင်းတအားအားနဲ့ ကုတင်ပေါ်ကအရှင်ကိုသူ့မှာစပ်စုစွာ ခေါင်းလေးတစ်ထောင်ထောင်နဲ့လိုက်ကြည့်နေတော့သည်။
"ဟ့ ကိုကိုအကျင့်မကောင်းဘူး ညကလဲသူများကို တစ်ညလုံးစားထားပြီးအင့်"
"ကိုကိုစားတာမကြိုက်လို့လား ယောင်းက ပြောပါအုံး"
"အ့ အားးအားးတော်ပါတော့ နာတယ်"
ကုတင်ပေါ်ကမကျေပွဲနွှဲနေကြတဲ့ အရှင်နှစ်ပါးရှိပြီးအခန်းပြင်မှာတန်တန်အတွက်၀တ်ရုံချုပ်ပေးဖို့ရောက်နေတဲ့ ကောင်မလေးတစ်စုမှာလဲမျက်နှာတွေနီရဲလျက်။
♡
♡
♡More Than Love🌸🍃
♡
♡
လရောင်အောက် ဖျာကျနေတဲ့ သစ်ပင်ရိပ်အောက်ထိုင်နေတဲ့ ဆော့ဂျင်။
"အဟမ်း"
အသံကြားလို့ မော့ကြည့်လိုက်တော့ မျက်နှာပြောင်တဲ့နမ်ဂျွန်းဆိုသူ။သူချက်ချင်းအကြည့်လွှဲကာ ခြေထောက်နားကသစ်ရွက်ကို ကောက်ကိုင်ပြီး ခြေမွနေလိုက်သည်။
"ရော့"
သူ့မျက်နှာရှေ့ရောက်လာတဲ့ ယက်တောင်လေး.....ဒါသူပျောက်နေတာကြာပြီ ဘယ်လိုလုပ်ဒီလူဆီရောက်နေတာပါလိမ့်။
"ကျေးဇူးဘဲ"
"ဟ့ ငါကသေချာသိမ်းပေးထားတာနော်"
"ကျေးဇူး"
"မင်းငါ့ကိုစကားကောင်းပြောဖို့ အစီအစဥ်မရှိဘူးလား"
"ပြောနေတာဘဲလေ"
ကြည့် သူပြောနေတာက လူကိုစကားဆက်မပြောရဲအောင် အစိမ်းလိုက်ကိုက်စားတော့မဲ့ပုံနဲ့။
"ငါပြောတာကအဲ့လိုမဟုတ်ဘူးလေ"
"ဒီမှာ ပြောစရာရှိတာမြန်မြန်ပြောပြီး မြန်မြန်သွား"
"ဟို ငါမင်နဲ့ခင်ချင်တယ် ဘယ်လိုပြောရမလဲ သူငယ်ချင်းတွေလိုမျိုး"
"ငါတော့မခင်ချင်ဘူး"
ဓါးသွားလိုပြတ်ရှတဲ့ စကားကြောင့် နမ်ဂျွန်းစိတ်မကောင်းဖြစ်မိသည်။သူငယ်ချင်းအဆင့်ကိုတောင်လက်မခံရင် သဘောကျတယ် ချစ်တယ်တို့ကိုသူဘယ်လိုပြောနိုင်ပါ့မလဲ။
"ငါ့ကိုသဘောကျနေရင်ကျနေတယ်ပေါ့ စကားပုလ္လင်ခံပြီး သူငယ်ချင်းလုပ်ချင်တာတွေဘာတွေဆိုပြီးရှည်မနေနဲ့"
"ဟမ်"
ကြောင်အအဖြစ်နေတုန်း ထသွားတဲ့ ဆော့ဂျင်ရယ် အူကြောင်ကြောင်နဲ့ကျန်နေခဲ့တဲ့နမ်ဂျွန်းရယ်.....
*သူ့ကိုသဘောကျနေတာကိုသိတာလား*
"ခဏစောင့်ပါအုံး ဆော့ဂျင်ရှီး"
ရှေ့ကကောင်လေးဟာ ပြုံးရယ်ကာ နောက်လှည့်မကြည့်ဘဲ အမြန်သူ့နန်းဆောင်ကိုသုတ်ခြေတင်ပြေးတော့သည်။နောက်ကနမ်ဂျွန်းမှာလဲ အမြန်လိုက်ကာ ခရုလေးလိုလိုက်ကပ်နေတော့သည်။
"ဟင် ဟင် ငါ့ကိုကော ပြန်ပြီးသဘောကျလား"
"သဘောကျရအောင် မင်းကငါ့အောက်ကနေနိုင်လို့လား"
"ဟမ်"
ထက်ပြီးကြောင်အမိပြန်ပြီ။
"နေနိုင်ရင် ငါ့ကိုပြန်ပြီးသဘောကျမယ်ပေါ့"
"မသိဘူး"
"ဟာ ပြောပါ တိကျတဲ့အဖြေလေးတစ်ခုလောက်"
"မင်းလိုရူးကြောင်ကြောင်ကို သဘောကျရင်ငါကရူးသွားမှာပေါ့"
"အရူးလင်လင်လုပ်လို့ရတာဘဲလေ"
"တကယ့်အရူးကောင် ဖယ်"
ကင်နမ်ဂျွန်းမှာတော့ သူ့ကိုပြန်သဘောကျဖို့အရေး အောက်မှာနေဖို့သဘောတူပေးလိုက်အုံးမည် ပြီးမှအဟွင်း.......
♡
♡
♡More Than Love🌸🍃
♡
♡
မနက်ခင်းအလင်းရောင်ဟာ ကမ္ဘာကြီးကိုနိုးကြားစေပြီး သူဟာလဲ ကိုကို့ရဲ့ရင်ခွင်ထဲမှ နွေးထွေးစွာ နိုးထလာခဲ့သည်။ကိုကိုလူဆိုးကောင်ကြီးရဲ့ ပါးပြင်ပေါ်မှတွေ့နေရတဲ့ အမာရွတ်သေးသေးလေးကို အနမ်းတစ်ပွင့်ပေးပါ လုံး၀န်းပြီး အနည်းငယ်ပွယောင်ဖြစ်နေတဲ့ နှာခေါင်းလေးကိုကိုက်ချလိုက်သည်။
"အ့ နာတယ် လွှတ် လွှတ်ပါအုံးယောင်း"
"နာလားဟမ် နာတယ်ပေါ့ဟုတ်လား ခုခင်ဗျားကြီးကြောင့် မထနိုင်တော့ဘူး"
"ဟဟ ဘယ်လိုလေးတုန်းကွာ စောင်ထဲမှာ ဘာမှမ၀တ်ထားတာ ဖက်ထုတ်လေးကျလို့"
ပိုတင်းကြပ်ကာဖက်ပြီး မျက်နှားအနှံ့နမ်းလိုက်ပြီး နှုတ်ခမ်းပါးလှလှလေးကိုဆွဲစုတ်လိုက်သည်။ဒီနေ့တော့ ကိုကိုတက်ကြွနေတော့မှာဘဲ ကလေးလေးရယ်.....
"ညစ်ပတ်ကြီး ကိုယ်လက်မသန့်စင်ရသေးဘဲ ယောင်းနားမလာနဲ့သွား"
"၀ုတ်"
"ဟင်"
ခုမှသတိရသည်။သူ့တန်တန်လေးကိုပစ်ထားတာတစ်ညလုံး....
"တန်တန်လေးရေ တစ်ညလုံးပစ်ထားမိလို့ တောင်းပန်ပါတယ်နော်"
စောင်ကိုပတ်ကာကုတင်အောက်က ခွေးပေါက်ကိုပွေ့ပြီး အနမ်းတွေပေးနေတာများ ရက်ရောလိုက်တာ......
ကြည်လင်နေတဲ့ စိတ်တွေတောင် ပျောက်ကုန်ပြီ။
"ကိုကို"
"ဘာလဲ"
"မြန်မြန်သန့်စင်ပြီး ၀တ်ရုံ၀တ်တော့ မရှက်ဘူးလား"
ကိုယ်တုံးလုံးနဲ့ ကိုကိုကသူ့ကြင်သူလေးအရှေ့မှာတော့အရှက်ကိုမရှိ။
"အဲ့ခွေးကိုချထားတော့ ခုရေသန့်စင်ဖို့အချိန်ရောက်နေပြီ လာ"
လက်ထဲကခွေးကို ကုတင်ပေါ်ထားခဲ့ကာ ထယ်ယောင်းကိုသူကပွေ့ချီပြီး ရေစည်ရှိသည့်နေရာသို့။ယောင်းပေါ်ကစောင်ကိုဖယ်ကာ ရေထဲနှစ်ယောက်လုံး၀င်စိမ်နေကြသည်။ယောင်းရဲ့လက်နုနုလေးတွေကို စတော်ဘယ်ရီအနံ့ရှိသည့် အမွှေးဆီဖြင့် သေချာလိမ်းပေးလိုက်ကာ တစ်ကိုယ်လုံးအနှံ့ဖြေးငြင်းစွာပွတ်သက်ပေးနေသည်။
"မြန်မြန်လုပ်လို့မရဘူးလား အအေးပတ်တော့မယ်"
"ကိုယ်တို့ဒီထဲမှာ တစ်ခါလောက်"
လည်ပင်းကို နမ်းရှိုက်ကာ ပြောလာတဲ့ကိုကို့စကားက ဘယ်ကိုဦးတည်နေလဲသူသိသည်။
"တော် ကိုကို ယောင်းကိုဘာလို့အဲ့လောက်တောင်နှိပ်စက်နေရတာလဲ ခုလမ်းတောင်မလျှောက်နိုင်ဘူး"
"ချစ်တာကို ချစ်လွန်းလို့လေ"
"ဟွန့် လူဆိုးကြီး သွားမချစ်ပါဘူး"
"အာ ဒီကလေးလေးကတော့ကွာ"
စနောက်ကျည်စယ်တာများသွားတဲ့နောက်မှာတော့ ထယ်ယောင်းလေးရက်အတော်ကြာ အိပ်ရာထဲကမထနိုင်တော့။
♡
♡
♡More Than Love🌸🍃
♡
♡
"လွတ်မြှောက်သွားတဲ့ သွေးစုတ်ကောင်တွေက လူတွေကြားရောနှောနေကြတယ်"
"သူတို့ကိုဖမ်းမို့ခက်ခဲတယ်မို့လား"
"သူတို့ပုံစံကလဲ လူပုံစံဘဲလေ ခန့်မှန်းဖို့ တော်တော်ခက်တယ်"
ဂျောင်ဂု နမ်ဂျွန်းနဲ့ ယွန်းဂီတို့ ညီလာခံခန်းမဆောင်တွင် စကားပြောနေကြခြင်းပင်။
"အင်ဝန်းဆန်းတောင်ဘက်သွားပြီး ဆေးမြစ်ရှာတဲ့ သူတွေလဲ သွေးစုတ်ရာအမှတ်အသားတွေနဲ့သေသွားတဲ့ သူတွေရှိတယ်"
"သူတို့အဲ့တောင်ထဲမှာ အခြေချနေကြတာဘဲ အဲ့တောင်ဘက်မသွားဖို့ အမိန့်ထုတ်ပြန်ထားလိုက် ပြီးတော့ ၀န်ဟီးဆိုတဲ့ လူကိုရှာပေး သူ့ကိုယောင်းအဖေသေတဲ့အချိန်ကတွေ့ခဲ့တယ် အလောင်းတွေကောက်တုန်းက သူ့ကိုမတွေ့ခဲ့ဘူး သေချာပေါက်သူနဲ့တွေ့မှဖြစ်မယ်"
"ငါတို့အမြန်လိုက်ရှာလိုက်မှာမို့ နန်းတွင်းရေးရာကိစ္စတွေကိုဘဲ စဥ်းစားပါ"
"တိုင်းသူပြည်သားတွေကို လွတ်ထားလို့မဖြစ်ဘူး အကုန်သေသွားလိမ့်မယ်"
*ဒေါက် ဒေါက်*
"ကိုကို ယောင်း၀င်လာမယ်နော်"
ညီလာခံအဆောင်ရဲ့တံခါးကိုပိတ်ထားတာကြောင့် ဖွင့်ပြီး အပြေး၀င်လာတဲ့ယောင်း အနောက်ကတန်တန်လား ထန်ထန်လားမသိတဲ့ခွေးပေါက်ကပါ အပြေးလိုက်လာသည်။ယောင်းက သူရှိရာ ပလ္လင်ပေါ်ပြေးတက်ကာ သူ့ဘေး၀င်ထိုင်ပြီး ဆံပင်ကိုသက်တင်ကာ သူ့ကိုသူသြဇာအပြည့်နဲ့ မိဖုရားခေါင်လို လုပ်နေတာများ အသဲယားဖို့ကောင်းသည်။မိဖုရားခေါင်နဲ့မတူဘဲ ကလေးပေါက်စလေးနဲ့တူသည်။ယောင်းကအမတ်တွေရှိရင် တစ်ခါမှသူနဲ့ညီလာခံကိုမလိုက်ခုလို လူမရှိမှ လာပြီးသူ့ကိုဟိုဟာလုပ်ဒီဟာလုပ်နဲ့ခိုင်းတတ်သေးတာ။
"အဟမ်း အောက်ကမောင်မင်းယွန်းဂီ ဟိုးအရှေ့ဇီးပင်အောက်မှာ ဂျီဂျီကစောင့်နေတယ် သွားလိုက်အုံး"
"ပြီးတော့ မောင်မင်းနမ်ဂျွန်း အကိုတော်ကစိတ်ကောက်နေတယ် သွားချော့လိုက် ငါမိဖုရားဘေးကဘုရင်ကငါ့ကိုရင်ခွင်ထဲထည့်ထားလေ ဘာလုပ်နေတာလဲ"
မျက်နှာတည်ကြီးနဲ့ ပြောနေတဲ့ယောင်းက ရီချင်တာကိုအောင့်ထားမှန်းသိသာသည်။
"အမိန့်တော်အတိုင်းပါ မိဖုရားကြီး"
"စီစဥ်စရာတွေစီးစဥ်ပြီးရင်ပြန်တွေ့ကြမယ်"
ပြေးထွက်သွားတဲ့၂ယောက်ကို အော်ပြောလိုက်ရသေးသည့် ဘုရင်ဧကရာဇ်.....
"ကဲ ဒီကလေးပေါက်လေးက ကိုကို့ရင်ခွင်ထဲမှာနေချင်တယ်ပေါ့"
"ဘယ်ကကိုကိုလဲ အော်မင်းကြီးကမိဖုရားရဲ့ချစ်ခင်ပွန်းဘဲ ယုယနုယွပေးရမှာမင်းကြီးတာ၀န်လေ"
"အာ ဘာလေးလဲကွာ"
"ခစ်ခစ် ကိုကိုယောင်းသရုပ်ဆောင်တာ တော်လားဟင်"
"ကို့ယောင်းက ဘယ်လိုလုပ်လုပ်တော်တယ် ခုလိုသရုပ်ဆောင်ပြနေစရာကိုမလိုဘူး ကိုယ့်ရဲ့မိဖုရားခေါင်ကြီး ကို့ရဲ့ကြင်သူ ကိုယ့်ရဲ့ဧကရီကယောင်းတစ်ယောက်ထဲဘဲလေ ဒါတွေကယောင်းရဲ့အစစ်အမှန်နေရာတွေမို့ ယောင်းကဘယ်သူ့ကိုမှမကြောက်ဘဲ ရဲရဲဝံ့ဝံ့ထွက်လာခဲ့ ကိုယ်ကအမြဲလက်ကမ်းပြီး ကြိုဆိုပြီးသား"
"အွန်း ချစ်တယ်ကိုကို"
"ပြွတ် ဒီကလေးလမ်းလျှောက်လို့ရသွားပြီဘဲ"
"ဟင် ကိုကိုနော်"
"ဟားဟား ဒီညကို့ကိုနဲနဲမြည်းစမ်းခွင့်ပြုပါအုံး"
"သွားသွား တန်တန်ကိုဘဲချစ်တော့မယ် ကိုကို့ကို မချစ်တော့ဘူး"
မျက်နှာလေးစူပုတ်နေတဲ့ယောင်းကဘယ်လောက်ဘဲငြင်းဆန်ငြင်းဆန် ပြီးရင် သူ့အလိုကိုလိုက်တာပါဘဲ။
♡
♡
♡More Than Love🌸🍃
♡
♡
"ဟောဟူး"
ဇီးပင်အောက် အပြေးရောက်လာတဲ့ ယွန်းဂီကိုကြည့်ပြီး ဂျီဂျီလေးမှာ သူ့လက်လေးနဲ့ လေရအောင်ယပ်ခက်ပေးနေရသည်။
"အကိုတော်ယွန်းဂီ ဘယ်လိုဖြစ်လို့ ပြေးလာရတာလဲ ချွေးတွေကြီးဘဲ"
"ဂျီဂျီကစောင့်နေတယ်ဆိုလို့လေ"
ထိုအခါမှ အို့တို့အန်းတန်းဖြစ်နေတဲ့ ဂျီဂျီလေး သူဘယ်လိုများဒီကျောက်တုံးကြီးကို ချစ်တယ်လို့ပြောရပါ့မလဲ
"ထယ်ထယ့်အကိုတော်နဲ့ အကိုတော်နမ်ဂျွန်းတို့တောင် ချစ်သူတွေဖြစ်သွားပြီနော်"
"အင်း သူကမပြောရဲတာ ဟိုကအရင်ပြောသွားတယ်ဆိုလား"
ဂျီဂျီလေး ပျော်သွားတာတော့ အမှန် သူ့ဘက်ကဖွင့်ပြောရမှာဆိုတော့ ရင်တုန်နေပင်မဲ့ ထယ်ထယ့်အကိုဘက်ကလဲစပြောတယ်ကြားတော့ အဖော်ရှိလို့အားရှိသွားသယောင်။
"ဟို အကိုတော်ယွန်းဂီတစ်ယောက်ယောက်ကို ချစ်ဘူးလား"
"ချစ်ဘူးပါတယ် ဂျီဂျီရဲ့ ဘာဖြစ်လို့လဲ ဂျီဂျီဘယ်သူ့ကိုချစ်နေတာလဲ ဘယ်ကလဲ နန်းတွင်းထဲကလား နန်းပြင်ကလား အရပ်သားလား ဘယ်အိမ်တော်ကလဲ"
မျက်လုံးပြူးမျက်စံပြူးမေးနေတဲ့ အကိုတော်ယွန်းဂီရဲ့ခေါင်းကို လက်သီးစုတ်လေးနဲ့ထုလိုက်တဲ့ဂျီဂျီ.....သူအရမ်းစိတ်ဆိုးကာ မျက်နှာမှာနီရဲလို့ အဲ့လောက်မြောင်းဖောက်ပေးနေတာတောင် ရေကမစီးလာတဲ့အပြင် တစ်စက်လေးတောင် မျက်စိလည်လမ်းမှားပြီးရောက်မလာ။
"အားး ဂျီဂျီအကြီးကို အဲ့လိုထုရလား"
"ခင်ဗျားကိုသဘောကျနေတာ မသိဘူးလား တော်တော်တုံးတဲ့လူကြီး သွားလာမခေါ်နဲ့ တစ်သက်လုံး"
စောင့်အောင့်ကာ ထွက်သွားတဲ့ ဂျီဂျီကို ယွန်းဂီ အသေအလဲလိုက်ချော့ရတော့သည်။ဇီးပင်အောက် ရန်ဖြစ်နေတဲ့၂ယောက်ကို စာကလေးသိုက်ကစာကလေးပေါက်လေးတွေမှာ အသံတိတ်ကြည့်ပြီး သူတို့ထွက်သွားတော့ အတင်းတုပ်နေကြလေရဲ့.......
"ကျွီကျွီ ကျိကျွီ"
"ကျိကျိကျွီကွီး"
"ကွိကွိကျွီကျိ"
TBC
#More Than Love🌸🍃
#Yung(김영챌)
ကျိကျိကွီကျီ ကွကျိကွကျိ
More Than Loveလေးကိုဘယ်လိုအဆုံးသတ်ချင်ကြလဲ🥺
ကျွန်မReplyပြန်တာနောက်ကျမိလို့ မီယန်း💃🏻အလုပ်လေးရှုပ်နေလို့ပါ ဒါတောင်၂ရက်လောက်ခွဲရေးနေရတယ်ရှင်😞
ဖတ်ရှုပေးတဲ့သူတွေကောVoteပေးတဲ့သူတွေကိုပါ ချစ်ခင်လေးစားလျက်ကျေးဇူးတင်ပါတယ်🙆🏻♀️💜💜
♡Zawgyi♡
"မင်းဘယ်သူလဲ"
"အဲ့တော့"
"ဒီလူတွေ ချီး"
"ရပါတယ်"
♡
♡
♡More Than Love🌸🍃
♡
♡
"တန်တန်လေးရေ"
"ခစ်ခစ်"
"အွန်း"
"ဟင်"
"မရပါဘူး မွေးမှာဘဲ"
"နော် နော်လို့ နော်"
"အင်း"
"ကတိနော်လို့"
"ရပြီလား"
♡
♡
♡More Than Love🌸🍃
♡
♡
"အဟမ်း"
"ရော့"
"ကျေးဇူးဘဲ"
"ကျေးဇူး"
"ပြောနေတာဘဲလေ"
"ငါတော့မခင်ချင်ဘူး"
"ဟမ်"
"ဟမ်"
"မသိဘူး"
"တကယ့်အရူးကောင် ဖယ်"
♡
♡
♡More Than Love🌸🍃
♡
♡
"ဝုတ်"
"ဟင်"
"ကိုကို"
"ဘာလဲ"
"အာ ဒီကလေးလေးကတော့ကွာ"
♡
♡
♡More Than Love🌸🍃
♡
♡
*ဒေါက် ဒေါက်*
"အာ ဘာလေးလဲကွာ"
"ကို့ယောင်းက ဘယ်လိုလုပ်လုပ်တော်တယ် ခုလိုသရုပ်ဆောင်ပြနေစရာကိုမလိုဘူး ကိုယ့်ရဲ့မိဖုရားခေါင်ကြီး ကို့ရဲ့ကြင်သူ ကိုယ့်ရဲ့ဧကရီကယောင်းတစ်ယောက်ထဲဘဲလေ ဒါတွေကယောင်းရဲ့အစစ်အမှန်နေရာတွေမို့ ယောင်းကဘယ်သူ့ကိုမှမကြောက်ဘဲ ရဲရဲဝံ့ဝံ့ထွက်လာခဲ့ ကိုယ်ကအမြဲလမ်းကမ်းပြီး ကြိုဆိုပြီးသား"
"အွန်း ချစ်တယ်ကိုကို"
"ဟင် ကိုကိုနော်"
♡
♡
♡More Than Love🌸🍃
♡
♡
"ဟောဟူး"
"ကျွီကျွီ ကျိကျွီ"
"က်ိက်ိကြၽီကြီး"
"ကြိကြိကြၽီက်ိ"
TBC
#More Than Love🌸🍃
#Yung(김영챌)
က်ိက်ိကြီက်ီ ကြက်ိကြက်ိ