Love of an idoit အရူးတစ်ယောက...

By Bai_lianhua

641K 41.7K 3.5K

Title - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင... More

မိတ်ဆက်
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အသိပေးချက်
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
Hi မဂ်လာပါ
အပိုင်း ၄၁
Second intro
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
Psychologist Thet Wim

အပိုင်း ၄၆

21.5K 818 226
By Bai_lianhua

Unicode

ကျိုးထျန်း ကြုံတွေ့သိရှိခဲ့ရသည့် အတိတ်နေ့ရက်ဆိုးကြီး၏ အကြောင်းအရာ တစ်စွန်းတစ

ကျိုးပင်မစံအိမ်တော်ကြီး၏ သီးသန့်စာကြည့်ခန်းထဲ၌တွင်ဖြစ်သည်။
စာကြည့်ခန်းအတွင်းရှိ ကျွန်းသားစာပွဲရှည်ကြီးအပေါ်တွင် အိမ်ဒီဇိုင်းပုံတစ်မျိုးတည်း၏ ရှု့ဒေါင့်နေရာအမျိုးမျိုးမှ ရိုက်ယူထားသည့် ဓာတ်ပုံများအပြင် မူရင်းရေးဆွဲထားသည့် ထိုစံအိမ်ကြီး၏
အတွင်းအပြင် ဒီဇိုင်းပုံကြမ်းများသည်လည်း စားပွဲ၏ နေရာအနှံ့တွင် ကျဲပြန့် ဖြန့်ကျဲထားလျက်။

ထို ကျွန်းသားစာပွဲရှည်ကြီး၏ ရှေ့အလယ်တည့်တည့်၌တွင် စားပွဲကို လက်တစ််ဖက်ထောက်ကာ ဟန်ပါပါရပ်ပြီး ဖြန့်ကျဲထားသည့် ဒီဇိုင်းဓာတ်ပုံများကို ရူ့ဒေါင့်အမျိုးမျိုးမှ အကဲခတ်ယူကာ ဓာတ်ပုံများကို
နေရာတကျ ပြန်စီရီနေသည့် သူတစ်ယောက်ရှိနေလေသည်။
ထိုလူ၏ ဘေးဘက်၌တွင်လည်း ထိုင်ခုံတစ်လုံးဖြင့်
ခြေချိတ်ထိုင်လျက်ရှိကာ ရူ့ထောင့်မျိုးစုံမှ ရိုက်ယူထားသည့် စံအိမ်ကြီးပုံ၏ နေရာအထားအသို
ပုံစံအမျိုးမျိုးမှ ကောင်းရာကောင်းနိုး ဓာတ်ပုံများကို စိတ်အားထက်သန်စွာဖြင့် တစ်ခုပြီးတစ်ခု ရွေးယူကြည့်ရှု့ပြီး အကဲဖြတ်ကူပေးသည့် လူတစ်ယောက်လည်း ရှိပေသည်။

လက်ထောက်၍ ရပ်ကာ ပုံတစ်ခုစီကို အစဉ်တိုင်း နေရာချ စီရီနေသည့် သူသည်ကား လန်ဟွားယွမ်ပါပင်။ သူ၏ ဘေးဘက်တွင်ထိုင်ကာ သူစီရီထားသည့် ဓာတ်ပုံများကို တစ်ခုချင်းစီ လှမ်းယူကာ အကဲဖြတ်ပေးနေသည့်သူသည်ကလည်း အခြားသူ မဟုတ်ပါပေ။ ထိုသူသည်ကား ကျိုးထျန်းပင်။

ကျိုးထျန်းက စံအိမ်ကြီး၏ အဓိကအဝင်ပေါက်
မျက်နှာစာမှ ရိုက်ယူထားသည့် စံအိမ်၏
အတွင်းဘက် အပြင်အဆင်တည်ဆောက်ပုံဓာတ်ပုံကို သေသေချာချာ ကြည့်ရှု့အကဲခတ်ကာ မျက်ခုံးနှစ်ဖက်ကို စိတ်လိုလက်ရပင့်တင်လိုက်လေသည်။

ယခု ကျိုးထျန်း၏ ပုံစံသည်က ထင်မှတ်မထားလေသည့် အရာကို တွေ့ရှိလိုက်ရသလို အံသြမင်တက်သွားသည့် အချင်းအရာလည်း တစ်စွန်းတစပါရှိနေပေသည်။ ကျိုးထျန်းက သူယူကြည့်လိုက်သည့်
၎င်းဓာတ်ပုံတွင် မြင်တွေ့နေရလေသည့် စံအိမ်၏ အတွင်းအပြင်အဆင် အဆောင်အယောင်
များပါမကျန် ...တင့်တယ်လှသည့် လှေကား တည်ဆောက်ပုံနှင့် ပန်းကနုတ်များနဲ့ စိန်ကျောက်များရောစပ်ထွင်းထုကာ အလှဆင်ထားလေသည့် လှေကားလက်ရန်း များကို ကြည့်ပြီး ယခုလို မျက်ခုံးများကို စိတ်လိုလက်ရ ပင့်မြှောက်လိုက်မိတာဖြစ်သည်။

ကျိုးထျန်းက လက်ထဲရှိ ဓာတ်ပုံကို စာပွဲပေါ်ပြန်တင်လိုက်ပြီး ထိုဓာတ်ပုံကို လန်ဟွားယွမ် ရှိရာဆီသို့ တိုးရွေ့လိုက်သည်။
ကျိုးထျန်းသည့် အကြောင်းအရာတစ်စုံတစ်ခုကို
သိချင်စိတ်ဖြင့် နှုတ်မှလည်း မေးမြန်းလိုက်သည်။

"ဟေ့ကောင်...လန်ဟွား ဟိုတစ်လက စံအိမ်ကြီးကို မင်းနဲ့ အတူတူလိုက်ပြီး ကြည့်တုန်းက လှေကားရဲ့
လက်ရန်းတိုင်တွေက စိန်ကျောက်ပန်းကနုတ်တွေ မရှိဘူးမဟုတ်လား... မင်းဘာလို့..."

ကျိုးထျန်းက လန်ဟွားကို အားနာ၍ ထပ်မံဆက်မပြောတော့ဘဲ သူ၏ စိတ်ထဲမှသာပြောလိုက်မိသည်။

မင်းဘာလို့ ဒီလိုအပိုတွေလုပ်နေရတာလည်း...လန်ဟွားရာ... မင်းကောမှ မြင်ရမှာမှ မဟုတ်ဘဲ...

လန်ဟွားယွမ်က ကျိုးထျန်းမည့်သည့် စကားကို ဆိုချင်နေမှန်းရိပ်မိတာကြောင့် နှုတ်ခမ်းကိုသာ အသက်မပါစွာ တစ်ဖက်တွန့်ကွေးလိုက်မိပြီး တုန့်ပြန်စကားသာပြန်ဆိုလိုက်သည်။

"အဲ့ဒီ ပန်းကနုတ်တွေက အရမ်းလှတယ်... ရှောင်ဟန်
ကောသေချာ မမြင်နိုင်ရင်တောင်မှ လက်နဲ့ စမ်းရမ်းကြည့်လို့ ရတယ်လေ... ဒါက အပိုဖြစ်သွားမှာ မဟုတ်ဘူး..."

ကျိုးထျန်းက လန်ဟွားယွမ်ဆီမှ ဤကဲ့သို့သော အဖြေစကားကို လုံးဝမျှော်မှန်းမထားပေ။
သူငယ်ချင်းဖြစ်သူက သူ့ဆိုလိုရင်းကို ယခုလိုသိမြင်ပြီး ပြောလာခဲ့တာကြောင့် သူက အယောင်ယောင်အနနနှင့်ပင် ဆွဲမိဆွဲရာ ဓာတ်ပုံတစ်ခုကို ဆွဲကိုင်လိုက်မိတော့သည်။

ကျိုးထျန်းက သူ့လက်ထဲကို ပါလာခဲ့သည့် ဓာတ်ပုံမှ ရုပ်ပုံကို တစ်ချက်ကြည့်လိုက်မိပြီး သိလိုစိတ်နဲ့ ထပ်မံမေးမြန်းလိုက်မိသည်။
သူက ထပ်မံ၍ပင် လန်ဟွားရှေ့ကို ဓာတ်ပုံတစ်ပုံတိုးရွေ့ပေးလိုက်ပြီး အလိုက်ကန်းဆိုးမသိစွာ မေးမြန်းမိပြန်ပါသည်။

"ဒါက ဘာလုပ်ဖို့လဲ... ဒီအဝင်ပေါက်လျှောက်လမ်းတွေက အခုလို ဓာတ်ပုံရိုက်ယူပြီး ...ဘယ်နေရာအတွက် ဘာလုပ်ဖို့တုန်း..."

လန်ဟွားယွမ်က သူ့ရှေ့မှောက်ရောက်ရှိလာခဲ့သည့် ဓာတ်ပုံမှ ရုပ်ပုံအသွင်ကို တစ်ချက်ကြည့်လိုက်ပြီး
သူငယ်ချင်းဖြစ်သူ၏ အမေးစကားကို စိတ်ပါလက်ပါစွာဖြင့် ဖြေကြားလာခဲ့သည်။

"မင်း မေ့နေတာလား... ငါမင်းဆီလာပြီး ဒီပုံတွေရိုက်ယူပြီး ဘာလို့ လာတိုင်ပင်မှန်းကို..."

ထိုအခါမှ ကျိုးထျန်းက ပြန်လည်အမှတ်ရသွားဟန်ဖြင့် မျက်မှောင်တစ်ချက်ကျုံ့လိုက်လေပြီး ဓာတ်ပုံကို တစ်ဖန်ပြန်ဆွဲယူလိုက်ပြီး ကြည့်ရှု့ပြန်လေသည်။
နှုတ်မှလည်း အမှတ်ရသွားဟန်ဖြင့် ရေရွတ်လာခဲ့သည်။

"မဟုတ်မှ မင်းပြောတဲ့ ပန်းအလှဆင်ဖို့ဆိုတာ စံအိမ်ကြီးရဲ့ ဝင်ပေါက်လျောက်လမ်းကို ရည်ညွှန်းပြီးပြောလိုက်တာလား...ဒါပေမဲ့ အရင်အပတ်က မင်းပြောတော့ မင်းကောရဲ့ အမြင်အာရုံက လုံးဝ မသဲကွဲတော့ဘူးဆို... "

ကျိုးထျန်းက စည်းလွတ်ဝါးလွတ် ထွက်ဟမိသွားတဲ့ သူ့စကားလုံးတွေကြောင့် စိတ်ထဲမှသာ ကိုယ့်ကိုယ်ဆဲရေးလိုက်မိပြီး

"အာ...ဆောရီး...ငါဆိုလိုတာက... "

လန်ဟွားယွမ်က ကျိုးထျန်း၏ စကားအမှားကို ဗွေမယူဘဲ ခေါင်းတစ်ချက်နှစ်ချက်သာ ခါရမ်းလိုက်မိလေပြီး ပြန်ဆိုလာခဲ့သည်။

"ရတယ်... မင်းမမှားဘူး...ဒါပေမဲ့ ငါလုပ်ထားတာလည်း မမှားဘူး...ဘာလို့ဆို ကောက ပုံသဏ္ဍာန် အတိအကျကို လုံးဝမမြင်ရတော့ဘူးဆိုပေမဲ့ အာရုံတစ်ပါးကို လက်လွတ်ဆုံးရှုံးထားရတာဆိုတော့ ကောရဲ့ တခြားအာရုံခံစွမ်းအားတွေက ပိုပြီးတော့တောင်ကောင်းမွန်နေနိုင်သေးတယ်လေ...
...ငါအခု ပန်းအလှဆင်မဲ့ အဝင်လမ်းကို ကောဖြတ်လျှောက်လာခဲ့မယ်ဆိုရင်... ကော ရလာမဲ့ ပန်းရနံ့ကြောင့် ကောပိုပြီး စိတ်အေးချမ်းသွားစေမှာ အမှန်ပဲ..."

"အွန်း အရမ်းကောင်းတယ်..."

ဤစကားသံသည်က ကျိုးထျန်းဆီမှ ထွက်ဟလာခဲ့သည့် စကားသံပင်။ သူလည်း ယခုမှ လန်ဟွားယွမ်၏ အတွေးအခေါ် အစီအစဉ်ကို နားလည်သွားရပေတော့သည်။

ကျိုးထျန်းက သူသိချင်သည့် အရာကို ထပ်မံ၍ မေးမြန်းလိုက်မိသည်။

"ဒါနဲ့... မင်း အဲ့အလုပ်တွေကို စွန့်လွှတ်လိုက်တော့မယ်ဆိုတာ...တကယ်သေချာသွားပြီလား...တခြား အစီအစဉ်..မရှိ..."

"သေချာတယ်... တခြားအစီအစဉ်လဲ မရှိဘူး..."

ထိုစကားသည်က ကျိုးထျန်း၏ စကားမဆုံးခင် လန်ဟွားယွမ် နှုတ်မှ ထွက်ဆိုလာခဲ့သည့် စကားပင်ဖြစ်သည်။

ထိုအခါမှ ကျိုးထျန်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် မပွင့်တစ်ပွင့်ပြုံးလိုက်မိပြီး လည်ချောင်းကို တစ်ချက်ရှင်းကာ ပြန်ပြောလိုက်မိသည်။

"အာ...သေချာသွားပြီပဲ... ဒါလည်း ကောင်းတာပါပဲ... ဖြစ်သင့်ပါတယ်..."

ကျိုးထျန်း၏ အပြောစကားကြောင့် လန်ဟွားယွမ်က ကျိုးထျန်း၏ မျက်လုံးများဆီသို့ အကြည့်ရောက်ရှိလာခဲ့သည်။ ကျိုးထျန်းလည်း လန်ဟွားယွမ်၏ အကြည့်တွေကို ဖယ်ခွာသည့် အနေဖြင့် ကျွန်းသားစာပွဲရှည်ပေါ်က ဓာတ်ပုံများဆီသို့ အကြည့်ဝေ့ဝဲလိုက်ရသည်။

မကြာခင်မှာပဲ လန်ဟွားယွမ်ဆီမှ မေးမြန်းလိုက်သည့်အသံက သူ့၏ နားဆီသို့ ဝေဝဲရောက်ရှိလာခဲ့သည်။

"မဟုတ်မှ...မင်း"

လန်ဟွားယွမ်က ဆက်မဆိုခဲ့ပါပေ။
ကျိုးထျန်းက ချက်ချင်းဆိုသလိုပင် လန်ဟွားယွမ်၏ အမေးစကားကို ဆက်ပေးလာခဲ့သည်။

"မဟုတ်မှ... မင်း အဲ့ဒါ ဘာဖြစ်တာလဲ...ဆက်ပြောလေ..."

လန်ဟွားယွမ်က ပန်းအလှဆင်မည့် နေရာအဖြစ်မှတ်ယူလိုက်သည့် စံအိမ်ကြီး၏ အဝင်လျောက်လမ်းနှင့် အဝင်ပေါက်မျက်နှာစာမှ စီးမိုးပြီးရိုက်ယူထားသည့် အတွင်းအပြင်အဆင်အဆောင်အယောင်များနှင့် တင့်တယ်လှပလှသည့် ဒုတိယထပ်သို့ တက်လမ်းဖြစ်သည့် လှေကားကြီးပါဝင်သည့် ဓာတ်ပုံများကို ရွေးခြယ်ကာ ထပ်ယူလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ပြောလာခဲ့လေသည်။

"ဟူး... ဘာမှ မဖြစ်ဘူး...ငါမေးချင်တာက မင်းရော..
ဒီအလုပ်တွေကို ဘယ်အချိန်ထိ ဆက်လုပ်ဖို့ ရည်ရွယ်ထားလည်းဆိုတာကိုပဲ..."

ကျိုးထျန်းက လန်ဟွားယွမ်၏ စကားကြောင့် မပွင့်တပွင့်ပြုံးရယ်လိုက်မိလေပြီး ရယ်သံစွက်ကာ ပြန်ဖြေလိုက်မိသည်။

"အဟက်!... အချိန်တစ်ခုအထိပေါ့...တစ်သက်လုံးလဲ...ဖြစ်သွားနိုင်တယ်...ဒါပေမဲ့ မင်းမပါတော့ ပျင်းစရာ ကောင်းနေတော့မှာပဲ..."

လန်ဟွားယွမ်က ကျိုးထျန်း၏ အ​ပြောစကားကြောင့် ခေါင်းတချက်ခါးရမ်းလိုက်လေပြီး အသုံးမလိုတော့သည့် ဓာတ်ပုံများကို ပြန်လည် သိမ်းဆည်းရင်း စကားဆိုလေသည်။

"တစ်သက်လုံးတော့ မလုပ်နဲ့... အရွယ်ကောင်းတဲ့ အချိန်တစ်ခုအထိတော့ လုပ်ချင်လုပ်ပေါ့... မင်းလည်း ဒီအလုပ်တွေကို မင်းအဖေရဲ့ ဆန္ဒအရ လုပ်ပေးနေတာပဲမဟုတ်လား...ဉပမာ- အသက် ၄၀ ကျော်...၄၅ လောက်ဆိုရင်တော်ရောပေါ့ မဟုတ်ဘူးလား...ဒါပေမဲ့ ဒါက မင်းသဘောပါ.. "

ကျိုးထျန်းက လန်ဟွားယွမ်၏ စကားအဆုံးမှာပဲ တိုးဖွဖွအသံအနေအထားဖြင့် ပြန်ဖြေလိုက်မိသည်။

"အွန်း..."

ကျိုးထျန်းက လန်ဟွားယွမ် ထပ်မံသိမ်းယူတော့မည့် စံအိမ်ကြီး၏ မူရင်းရေးဆွဲထားသည့် အတွင်းအပြင် ပုံကြမ်း စာရွက်များဆီကို မျက်လုံးအကြည့်ရောက်သွားပြီး ခပ်သွပ်သွပ်ဖြင့် ထပ်မံနှုတ်ဟလာခဲ့သည်။

"မင်း ...အဲ့ဒီ့ ဆွဲထားတဲ့ ပုံကြမ်းတွေ မလိုတော့ဘူး မဟုတ်လား...စံအိမ်ကြီးကလည်း အပြီးအ​စီး
ဆောက်ပြီးသွားပြီလေ... မင်းရဲ့ လက်ရာက အရမ်းမိုက်တယ်...ငါသိမ်းထားချင်တယ် ရလား... "

လန်ဟွားယွမ်က သူကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားသည့် ဒီဇိုင်းစာရွက်အထပ်လိုက်ကို သံယောဇဉ် မပြတ်နိုင်သေးသည့် အကြည့်များဖြင့် ကြည့်ကာ စဉ်းစဉ်းစားစားပြုမှုပြီး စကားဆိုလာခဲ့သည်။

"ဒီမူရင်း ပုံကြမ်းတွေလား... ဒါတွေက မလိုအပ်တော့ ဘူးဆိုပေမဲ့ ငါ့ရဲ့ စိတ်ပါလက်ပါလုပ်ဆောင်ခဲ့ဖူးတဲ့
အမှတ်တရတွေထဲကတစ်ခုပဲ... ဒါပေမဲ့ ဒီမူရင်းပုံကြမ်းတွေကို အာရုံစိုက်ပြီး ဆွဲနေမိလို့လည်း
ကော မျက်လုံး အခြေအနေ ဆိုးဝါးလာခဲ့တာကို သတိမထားမိခဲ့တာ...ဒါ.."

လန်ဟွားယွမ်၏ စကားမဆုံးခင်မှာပင် ကျိုးထျန်းက ဖြတ်ပြောလာခဲ့သည်။

"ဒါက မင်းအမှားမှ မဟုတ်ပဲ... လျို့ရှောင်ကောရဲ့ အမှားပဲ...သူက ဘာမှ မဖြစ်သလို တစ်ချိန်လုံး ဟန်ဆောင်လုပ်ယူနေခဲ့တာလေ...သူက ပိပိရိရိ မင်းမရိပ်မိအောင် လှည့်စားသွားခဲ့တာမဟုတ်လား... သူက မင်းစိတ်မကောင်းဖြစ်မှာဆိုးလို့ ဒီလို ရည်ရွယ်ပြီးလုပ်ခဲ့တာကို ငါ သိပေမဲ့... ရလဒ်ကတော့ ထင်ထားတာထက် ပိုဆိုးသွားခဲ့ရတာ မဟုတ်လား... "

လန်ဟွားယွမ်က ရှောင်ဟန် သူ့ကို မရိပ်မိအောင် အမျိုးမျိုးလှည့်ပတ် လိမ်ညာခဲ့သည့် အခိုက်အတန့်တွေကို ပြန်တွေးလိုက်မိပြီး အပြစ်မမြင်သလိုတစ်ချက်ပြုံးလိုက်မိလေကာ ပုံကြမ်းစာရွက်အထပ်လိုက်ကို ကျိုးထျန်းရှိရာဘက်သို့ တိုးရွေ့ပေးလာခဲ့သည်။

လန်ဟွားယွမ်က ပုံကြမ်းစာရွက်အထပ်လိုက်ကို ကျိုးထျန်းရှိရာသို့ တိုးပေးရင်း စကားဆို၏။

"ဘာပြောပြော အခုအခြေအနေကလည်း အဆိုးကြီးရယ်လို့လည်း မဟုတ်ပါဘူး... အနည်းဆုံးတော့ ကော ငါ့ဘေးနားမှာ စက္ကန့်မလပ်ရှိနေနိုင်ပြီလေ... ငါလည်း ကောအနားမှာ...စက္ကန့်မလပ် အချိန်ပေးလို့ ရသွားတာပေါ့...နောက်ပြီး...ကောကလည်း သူအခုလိုဖြစ်နေတာကို စိတ်ဓာတ်ထိုးမကျသွားတာမျိုးမှမရှိတာ...သူ့ဘဝသူ ရောင့်ရဲ တင်းတိမ်ကျေနပ်နေသေးတယ်လေ...ကောပြောသလို ဒါတွေအားလုံးက ဖြေ (နေ)တတ်ရင် ကျေနပ်စရာကြီးပါ...ဒီပုံကြမ်းတွေကို... မင်းရချင်တယ်ဆိုတော့ ယူလိုက်တော့... ဒီပုံကြမ်းတွေကို မြင်မိရင် ငါလည်း အဲ့အချိန်က ကောကို လစ်လျှူရှု့မိလိုက်တဲ့ အချိန်တွေကို ပြန်တွေးတွေးမိသွားတော့ ခံစားချက်ကသိပ်မကောင်းဘူး... ဘာပဲဖြစ်ဖြစ် မင်းဆီမှာ ယာယီသိမ်းထားရင်လည်း အဆင်ပြေပါတယ်..."

မင်းဆီမှာ ယာယီသိမ်းထားရင်လည်း ဆိုသည့် စကားကြောင့် ကျိုးထျန်းမျက်နှာက မသိမသာတစ်ချက်ပျက်သွားရပေမဲ့ ထိုအပြောစကားကိုပဲ ကျေနပ်လိုက်မိသည့် အလျောက် ပုံကြမ်းစာရွက်ထပ်များပေါ်သို့ လက်ဖဝါးချ၍ ပုတ်ကာ အလိုက်သင့်သာ ပြန်ပြောလာခဲ့သည်။

"အင်း... ငါ သိမ်းထားလိုက်မယ်...မင်းလိုအပ်တဲ့ အချန်ကျရင် ပြန်ယူလို့..."

'တွီ..တွီ...တွီ... တီ....' 'တီ တီ တီ တီ...'

၎င်းအသံသည်က လန်ဟွားယွမ်၏ ဖုန်းမှ ဖုန်းခေါ်ဆိုသံ ထွက်ပေါ်လာခဲ့သည့် အသံပင်ဖြစ်သည်။

ဖုန်း မျက်နှာပြင်ပေါ်တွင် မြင်တွေ့နေရသည့် Contact နာမည်သည်က ge ဆိုပြီး တစ်လုံးထဲပင်။
လန်ဟွားယွမ်၏ ကောဆီမှသာ...

"ခဏ..."

လန်ဟွားယွမ်က ဖုန်းမျက်နှာပြင်ကို လက်နဲ့ ပွတ်ဆွဲကာ တစ်ဖက်မှ အဝင်call ကို ချက်ချင်းလက်ငင်း ကိုင်လိုက်လေပြီး အခန်းအပြင်ဘက်သို့ လျှောက်လှမ်းသွားလေတော့သည်။

သီးသန့်စာကြည့်ခန်းတွင် ကျန်ရှိခဲ့သည့်သူက ကျိုးထျန်းပင်။

ကျိုးထျန်းက လန်ဟွားယွမ် အသုံးပြုဖို့ ရွေးချယ်ထားသည့် ဓာတ်ပုံထပ်များဆီသို့ အကြည့်တစ်ချက်ဝေ့ဝဲလိုက်မိပြီး ထိုင်ခုံနောက်ကို ကျောမှီချလိုက်ကာ
မျက်ဝန်းများကို ခတ္တမှိတ်ချလိုက်တော့သည်။

ကျိုးထျန်း၏ နှုတ်များသည်က အပြုံးဟုမဆိုသာသည့် အပြုံးတစ်ပွင့် ခတ္တဖြစ်တည်လာခဲ့သည်။

သူ၏ နှုတ်မှလည်း တိုးဖွဖွရေရွတ်လိုက်မိသည်။

"လျို့ရှောင်ကော...အစ်ကိုက တကယ်ကို ကံကောင်းတာပဲ... သူ ခင်ဗျားအတွက် အရမ်းငဲ့ပေးလွန်းတယ်... တစ်ချို့အရာတွေဆို မသိမြင်တဲ့ လန်ဟွားက ခင်ဗျားနဲ့ ပတ်သတ်လာရင် အဲ့လို ဟုတ်မနေတော့ဘူး..."

ကျိုးထျန်းက သူ့မျက်ဝန်းများကို ခတ္တမှိတ်ဆို့ အနားပေးလိုက်ပြီး လန်ဟွား ဖုန်းပြောပြီး ပြန်အလာကို ထိုင်စောင့်နေလိုက်သည်။
လျို့ရှောင်ကောအတွက် မွေးနေ့အစီအစဉ်က နောက်နေ့ ညနေ စောင်းမှပင်။
လန်ဟွားယွမ်က စံအိမ်ရဲ့ သတ်မှတ် ရွေးယူထားတဲ့
အဓိက နေရာတွေကို ပန်းအလှဆင်ဖို့ကို မနက်ဖြန်မှ စတင် လုပ်ဆောင်မည်ဖြစ်သည်။
ပန်းအလှဆင်ရာတွင် ပန်းခြောက် (အတု)မသုံးဘဲ အစစ်များကိုသာ အသုံးပြုမှာ ဖြစ်သည့်အတွက်ကြောင့် ထိုနေ့၏ မနက်ပိုင်းမှ အလှဆင်ဖို့ စီစဉ်သတ်မှတ်ထားတာဖြစ်လောက်သည်။
အချိန်နီးကပ်မှ ပန်းအလှဆင်ရသည့် လန်ဟွား၏ ရည်ရွယ်ချက်သည်ကား အလှဆင်ထားသည့်
ပန်းတို့ လတ်ဆတ်ပြီး ရနှံ့ပို၍ သင်းပျံ့လတ်ဆတ်နေစေဖို့ပင်။ လန်ဟွား ယခုလို အချိန်နီးကပ်မှ
လုပ်ရသည့် နောက်ထပ်ရည်ရွယ်ချက်သည်က
အလှဆင်ထားသည့် ပန်းများကို ရက်မကူးသွားစေလိုသည့် အတွက်ကြောင့်ဖြစ်သည်။

လန်ဟွားယွမ် အခန်းအပြင်ထွက်သွားပြီး
အချိန်တစ်ခုအရောက်တွင် မှေးစင်းထားသည့် ကျိုးထျန်း၏ မျက်ဝန်းများသည်က တစ်ဖန်ပွင့်ဟလာခဲ့သည်။

ကျိုးထျန်း ဘေးဘက်ကို ကြည့်လိုက်ပေမဲ့ လန်ဟွားယွမ်က ရှိမနေ။

အချိန်အတော်ကြာသည်အထိ သူ လန်ဟွားကို စောင့်နေခဲ့ပေမဲ့ လန်ဟွားက သီးသန့်စာကြည့်အခန်းထဲကို ပြန်ဝင်မလာခဲ့သေးပေ။လန်ဟွားက ဒီအတိုင်းမပြောမဆို မနှုတ်ဆက်ဘဲ ထွက်သွားမည်တော့မဟုတ်။ ဘာ့ကြောင့်ဆို ပန်းအလှဆင်မည့် ဝန်ဆောင်မှု့ဌာနကို ဖုန်းမဆက်ရသေးသလို အသုံးပြုမည့် ပန်းကိုလည်း မ​ရွေးချယ်ရသေးပေ။

စောင့်နေရသည့် အချိန်က အတော်ကြာလာပြီဖြစ်တာကြောင့် သူ အခန်းအပြင်ကို ထွက်လာခဲ့လိုက်ပြီး ခြံထဲဆင်းကြည့်ဖို့ ရည်ရွယ်လိုက်ရသည်။လန်ဟွား
လျို့ရှောင်ကောနဲ့ ဖုန်းဆက်စပြောရင် ကြာတတ်တာကို သူသိပေမဲ့ ယခုက သတ်မှတ်ထားသည့် ကြာချိန်ထက်ပင် ကျော်လွန်သွားပြီဖြစ်သည်။
သူတောင် ထိုင်စောင့်နေရင်း မှေးခနဲ အိပ်ပျော်သွားမိလား သိပ်မသည်းကွဲပေ။
စံအိမ်တော်ထဲမှာက မီးထိန်လင်းအောင် အမြဲ ဖွင့်ထားတာကြောင့် အချိန်တော်တော် ကုန်ဆုံးကြာမြှင့်သွားသည်ကို သတိမထားမိလိုက်ပေ။ ခြံထဲဆင်းမှသာ အပြင်ဘက်က တော်တော်မှောင်နေပြီမှန်း သူသိလိုက်ရသည်။

သူ့လက်က နာရီကို တစ်ချက်ကြည့်မိလိုက်တော့ အချိန်က ၆နာရီပင်။ အချိန်က ၃နာရီမှ ၆နာရီသို့ ကူးပြောင်းရောက်ရှိသွားပြီဖြစ်သည်။ ထိုမှသာ ကျိုးထျန်းက သူမှေးခနဲ အိပ်ပျော်သွားမိတာကို လက်ခံလိုက်ရတော့သည်။

ကျိုးထျန်း ကားပါကင်ဘက်ကို တစ်ချက်ကြည့်လိုက်တော့ လန်ဟွားကားက ရှိမနေတော့။
လန်ဟွားထွက်သွားတာ အတော်ပင် ကြာသွားလောက်ပြီ ဖြစ်လောက်မည်။

ကျိုးထျန်းသည် စံအိမ်တော်ထဲကို ပြန်ဝင်ခဲ့လိုက်ပြီး
သီးသန့်စာကြည့်ခန်းရှိရာကို လျောက်လာခဲ့လိုက်သည်။ သူ ဖုန်းက သီးသန့်စာကြည့်ခန်းထဲမှာ ကျန်ခဲ့တာပင်...
သူ လောလော လောလောနဲ့ ထွက်လာခဲ့မိလိုက်၍ ဖုန်းကို တစ်ပါးထဲ ယူခဲ့ဖို့ မေ့သွားရတာဖြစ်သည်။

ကျိုးထျန်း သီးသန့်စာကြည့်ခန်းထဲကို ရောက်သည်နှင့် စာပွဲရှည်ပေါ်မှ တင်ချထားသည့် ဖုန်းကို ယူကာဖွင့်လိုက်ပြီး contact တစ်ခု နှိပ်လိုက်သည်။

သူဆက်သွယ်နေမိတာက လန်ဟွားဆီသို့သာ။

ဖုန်းမှ auto အသံပေးစနစ်ဖြင့် ဖုန်းစက်ပိတ်ထားသည့် အသိပေးချက်အသံက ထွက်ဟလာခဲ့သည်။

လန်ဟွားယွမ်၏ ဖုန်းက စက်ပိတ်ထားသည့် အတွက်ကြောင့် သူ ထပ်မခေါ်မိတော့။
လန်ဟွားက ပန်းဒီဇိုင်းအလှဆင်ဌာနကို ကိုယ်တိုင်ကိုယ်ကျပဲ ဖုန်းဆက်ပြောပြီးသွားလောက်ပြီ ဖြစ်လောက်သည်။ ရွေးချယ်မည့် ပန်းကိုလည်း ချစ်ရသူအတွက် သူကိုယ်တိုင်ကိုယ်ကျပဲ
စိတ်ကြိုက် ရွေးချယ်ဖို့ ကြံရွယ်လိုက်တာဖြစ်နိုင်သည်။

ကျိုးထျန်းက စာပွဲပေါ်က ရွေးချယ်စီရီထားသည့် အသုံးမလိုတော့သည့် ဓာတ်ပုံအထပ်လိုက်နှင့် သူ့ကိုယာယီသာ သိမ်းဆည်းထားစေချင်သည့်
ပုံကြမ်းစာရွက် အထပ်လိုက်ကို ယူမ လိုက်ပြီး
သူ့ကိုယ်ပိုင်လျို့ဝှက်ခန်းထဲတွင်သာ သိမ်းဆည်းဖို့ ပြင်လိုက်ရတော့သည်။

လန်ဟွားက နောက်တစ်နေ့မနက်မှ သူ့ဆီကို ပန်းအလှဆင် ကူညီခိုင်းဖို့ ရောက်လာပါလိမ့်မည်။
မပြောမဆိုထွက်သွားသည့် အကြောင်းအရင်းက တခြားလိုအပ်တာတွေ စီစဉ်ဖို့အတွက် ထွက်သွားတာပင်ဖြစ်လောက်မည်။

လန်ဟွားက လက်ထပ်ခွင့်တောင်းမည့် လက်ထပ်လက်စွပ်ကိုလည်း သူ့ကို လာမကြွားဝါသေးပေ။
မဝယ်ရသေးလို့ပဲ ဖြစ်လောက်သည်။ ဝယ်ထားပြီးပါက သူငယ်ချင်းဖြစ်တဲ့ သူ့ကိုတော့ ပြလောက်မည်မဟုတ်လား။ အခု ဖုန်းစက်ပိတ်ထားသည့် အကြောင်းအရင်းကလည်း ထိုကဲ့သို့ အရေးကြီးသည့် ကိစ္စရပ်များကြောင့်သာ ဖြစ်နိုင်သည်။

ကျိုးထျန်းက ထိုသို့သာ သတ်မှတ်တွေးတောလိုက်လေပြီး သူလုပ်စရာရှိသည့် သာမညကိစ္စရပ်များကို လုပ်နေကျအတိုင်းပဲ ဆက်လက် လုပ်ဆောင်နေလိုက်
တော့သည်။

ယနေ့ကုန်လွန်သွားရသည့် ကြာချိန်သည်က ခါတိုင်းနေ့များကဲ့သို့ပင်။
ကျိုးထျန်းသည် ခါတိုင်း နေ့ရက်များထက် စောစီးစွာပင် အိပ်ရာဝင်လိုက်သည်။
နောက်တစ်နေ့ဆို လန်ဟွားက စံအိမ်ကြီးကို ပန်းအလှဆင်ဖို့ရာ သူ့ကိုလာပြီးအကူအညီတောင်းမည် မဟုတ်လား။ ဒါ့ကြောင့်ပင် သူစောစီးစွာ အိပ်ရာဝင်ဖို့ဆုံးဖြတ်လိုက်သည်။

သိပ်မကြာခင် အချိန်အတောအတွင်းမှာပင် ကျိုးထျန်းသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပေတော့သည်။

ကျိုးထျန်း အိပ်ပျော်သွားလေသည့် အချိန်သည်ကား
ည၁၁ နာရီ ခွဲလောက်ပင်။

ကျိုးထျန်းအိပ်မောကျနေသည့် ကုတင်၏ ဘေးစာပွဲပေါ်မှ တင်ထားသည့် နာရီ၏ မြည်သံတချက်ချက်သည်က ပုံမှန်နှုန်းဖြင့် လည်ပတ်သွားလာနေပေသည်။

နာရီသံ တချက်ချက်နှင့် မိနစ် စက္ကန့် လက်တံများသည်က အချိန်၏ ကုန်ဆုံးမှုအလျောက် တရွေ့ရွေ့လည်ပတ်သွားလာနေခဲ့သည်။

​နောက်တစ်နေ့ နံနက်၏အချိန် ၅နာရီခွဲ လုနီးပါးလောက်တွင်တော့ ဖုန်းခေါ်ဆိုသံ တတွီတွီနှင့်အတူ ဖုန်း၏ မျက်နှာပြင်သည်က ပွင့်ဟလာခဲ့သည်။

ကျိုးထျန်း၏ မျက်လုံးများသည်လည်း ထိုဖုန်းခေါ်ဆိုသံကြောင့် ပွင့်ဟလာခဲ့ပြီး မျက်မှောင်တစ်ချက်ကျုံ့ကာ ဖုန်းရှိရာသို့ လက်လှမ်းယူလိုက်လေသည်။
ကျိုးထျန်းက အိပ်ထားသည့် အရှိန်ကြောင့် ချက်ချင်းမထနိုင်သေးဘဲ အိပ်ရာထက်တွင် လှဲလျောင်းနေလျက်ပင် ဖုန်းခေါ်ဆိုသည့် တစ်ဖက်မှလူကို စိတ်အလိုမကျစွာမေးမြန်းလိုက်မိသည်။

ကျိုးထျန်းက ခေါ်ဆိုလာသည့် ဖုန်းနံပါတ်ကိုလည်း မကြည့်မိပေ။
ကျိုးထျန်း၏ နားထဲတွင် ဖုန်းသံတစ်ဖက်မှ အမျိုးသမီးတစ်ဉီး၏ တအင့်အင့်ဖြင့်
ငိုရှိုက်နေသည့် အသံကို ကြားလိုက်ရပေသည်။

ကျိုးထျန်းက အိပ်ချင်မူးတူးမျက်ဝန်းများဖြင့် မျက်မှောင်ကို ထပ်မံ၍ပင် တစ်ချက်ပြန်ကျုံ့လိုက်မိပြီး contact နာမည်ကို တစ်ချက်ကြည့်လိုက်မိသည်။
နာမည် မှတ်မထားပေ။ယခု ခေါ်ဆိုလာသည့် ဖုန်းသည်က သူမသိသည့် နံပါတ်စိမ်းပင်။ သို့ပေမဲ့ သူလည်း သိလိုစိတ်ဖြင့် တစ်ဖက်မှ အမျိုးသမီးကို တစ်ချက်မေးလိုက်မိသည်။

"ဘယ်သူလဲ... ဖုန်းမှားနေတာလား..."

"အဟင့်...အဟင့်... ကျွန်မ ကျွန်မပါ..."

ကျိုးထျန်းက ငိုသံကြီးဖြင့် မသဲမကွဲကြားနေရသည့် မိန်းမတစ်ယောက်၏ အသံကြီးကြောင့် ခေါင်းတချက်ကုပ်လိုက်မိပြီး ဆက်မေးလိုက်မိသည်။

"မင်း ဘယ်သူလဲ...ဘာလို့ ငိုပဲ ငိုနေရတာလဲ.."

ဖုန်းသံတစ်ဖက်မှ မိန်းမပျိုထံမှ ငိုသံကို အတတ်နိုင်ဆုံးထိန်းထားသည့် ဟန်ဖြင့် ပြန်လည် ဖြေဆိုသံထွက်ဟလာခဲ့သည်။

"ကျွန်မ ကျွန်မ ပါ... လန်... ယွဲ့... မူပါ...ယွမ်....
ယွမ်လေးရဲ့ အမပါ..."

ထိုအခါမှ ကျိုးထျန်းက လှဲအိပ်ပြီး ပြောနေရာမှ ငေါက်ခနဲ ထထိုင်လိုက်မိသည်။ တစ်စုံတစ်ရာ၏ စေစားချက်အရ သူ့စိတ်ခံစားချက်များသည်လည်း မကောင်းဖြစ်လာရသည်။ သူစိတ်ထင်မိ၍ဘဲ ဖြစ်လောက်သည်။
ကျိုးထျန်းသည် သူ၏ စိတ်ကို အတတ်နိုင်ဆုံး လျော့ချလိုက်လေပြီး လန်ယွဲ့မူထံ မေးမြန်းမိသည်။

"ဘာဖြစ်လို့ ဒီလောက်ငိုနေရတာလဲ... အကြောင်းအရင်းကို စုံအောင်ပြော...လန်ဟွားနဲ့ သက်ဆိုင်နေလို့လား...အခု ဖုန်းဆက်လိုက်တာက...သူ ဘာဖြစ်လို့လဲ.."

ကျိုးထျန်းက သူ့ဖုန်းနံပါတ်ကို ဘယ်လို ရထားလည်း မမေးမိတော့ပေ။ သူ့စိတ်ထဲတွင် မနေ့က အသိမပေး နှုတ်မဆက်ပဲ လန်ဟွား ဒီတိုင်းပြန်သွားတာကို တွေးတောမိလိုက်မိပြီး စိတ်ပူပန်နေမိတာကြောင့်ဖြစ်သည်။

လန်ယွဲ့မူ၏ ငိုယိုပြီး ပြန်လည် ဖြေကြားသည့် အသံက ဖုန်းသံတစ်ဖက်မှ ထွက်ဟလာခဲ့သည်။

"အဟင့်..ယွမ်လေး...ယွမ်လေး...နဲ့ သူ့ချစ်သူ...စံအိမ်ကြီးထဲမှာ...အဟင့်..."

လိုရင်းကို ရောက်မလာသေးသည့် လန်ဟွားအမကြောင့် ကျိုးထျန်းက သူသိချင်သည့် အရာကိုသာ သေချာမေးမြန်းလိုက်မိသည်။

"စံအိမ်...စံအိမ်ဆိုတာ...လန်ဟွား သူ့ချစ်သူနဲ့ အတူနေဖို့ ဆောက်ထားတဲ့ စံအိမ်လား...ဘာဖြစ်တာလဲ...ခင်ဗျားက အဲ့ကိုရောက်နေတာလား...ဘာလို့ရောက်...."

ကျိုးထျန်း၏ စကားသည်ပင် ဆက်မဆိုမိဘဲ ရပ်တန့်သွားရပေတော့သည်။

ကျိုးထျန်းသည် ဖုန်းသံတစ်ဖက်မှ တဝီ ဝီ မြည်နေသည့် မီးသတ်ကားသံ နှင့် ခပ်ဆင်ဆင် တူသည့်
အချက်ပေးသံကို တစွင်းနားဖျား ကြားလိုက်ရ၍ဖြစ်သည်။ အလားတူ ရဲကားများ၏ တတွီ တွီ အချက်ပြ အသံများသည်လည်း သူ၏နားအတွင်းသို့ တချက်တစ်ချက် ရောက်ရှိလာခဲ့သည်။

ကျိုးထျန်း လန်ယွဲ့မူကို မည်သည့် စကားမှ ဆက်ပြီး မေးမြန်းမနေတော့ဘဲ ဖုန်းကို အမြန်
ပိတ်လိုက်ပြီး ဘောင်းဘီအိပ်ကပ်ထည့်ကာ...
ကားသော့ဆွဲယူပြီး ခြံထဲရှိ ကားပါကင်ရှိရာဆီသို့ အ
လျင်စလိုပြေးဆင်းလာခဲ့လိုက်သည်။
သူ့စိတ်ထဲမှလည်း တသသ ဆုတောင်းနေမိသည်။ မဖြစ်သင့် မဖြစ်ထိုက်တာတွေ ဖြစ်မလာပါစေနဲ့ ဟုဆိုပြီး။
ကျိုးထျန်း ဖိနပ်ကိုပင် မည်သို့ လျိုဝတ် (စီး)လိုက်သည်လည်း သတိမထားမိ။ သူသတိထားမိသည့် အချိန်တွင် သူ၏ ကားသည်က ရှန်ဟိုင်းမြို့စပ်ဆီသို့ ဉီးတည်မောင်းနှောင်နေပြီဖြစ်သည်။

ကျိုးထျန်းသည် ကားကို အလျင်စလို မောင်းနှင်လာခဲ့မိသည်။
ယခုတွင် သူသည် တခြားမည်သည့် အရာများကိုမှလည်း ဂရုမစိုက်နိုင်သလို တွေးလည်း မတွေးတောမိပါချေ။ သူ၏ စိတ်သည်က ဉီးတည်မောင်းနှင်နေသည့် စံအိမ်ကြီးရှိရာ အရပ်စီသို့ အမြန်ရောက်စေရန်သာ ဇောကပ်နေမိသည်။ ကားမောင်းနေစဉ်အတောအတွင်းမှာလည်း 'ဘာမှ မဖြစ်ကြပါစေနဲ့'မှ လွဲ၍ ကျန်သည့် မည်သည့် အရာကိုမှ ဆုမတောင်းမိသလို တွေးလည်းမတွေးဆမိ။
သူ၏ တစ်ကိုယ်လုံး ထူပူကြိမ်းစပ်နေရတာကိုတော့ သူသတိထားမိသည်။

လန်ဟွားတို့ အတူနေကြမည့် စံအိမ်ကြီးနဲ့ သိပ်အလှမ်းမဝေးတော့သည့် နေရာနားသို့ ကားအရောက်တွင်တော့ မီးသတ်ကား၏ အချက်ပေးသံ နှင့် ရဲကား၏ အချက်ပေးသံ တဝီ ဝီကို သူ စကြားရပြီဖြစ်သည်။
ကျိုးထျန်း၏ ရင်ဘတ်တစ်ခုလုံး ရုတ်ချည်းဆိုသလို ချက်ချင်း ဆို့နစ်လာရတော့သည်။
သို့ပေမဲ့ သူ၏ နှုတ်ကတော့ ယခုထိ ဘာမှမဖြစ်ကြပါစေရန် ဆုတောင်းနေမိဆဲ။

ကျိုးထျန်းသူ့ကားကို ကနဉီးမောင်းနှင်းလာခဲ့သည့် နှုန်းထက် ပို၍ အရှိန်မြှင့်တင်မိလိုက်သည်။
စံအိမ်ကြီးရှိရာကို ရောက်ရှိဖို့ ကားကို ကားလမ်းထောင့်ချိုးကွေ့ပြီး မောင်းနှင်ရပေအူးမည်။
ကျိုးထျန်းက မောင်းနှင်လာခဲ့သည့် ကားကို စံအိမ်ရှိရာဘက်သို့ ချိုးကွေ့လိုက်သည်။
ကျိုးထျန်း၏ မြင်လွှာအရှေ့ စတင်
မြင်တွေ့လိုက်ရသည်က အုပ်ဆိုင်းနေသည့်သစ်ပင်ကြီးများ၏ အထက်တွင် ကောင်ကင် တိမ်တိုက်များဆီသို့ တညွှန့်ညွှန့် ပျံတက်နေသော မီးခိုးငွေ့များ ။ မီးခိုးငွေ့များသည်က အလုံးလိုက်အခဲလိုက်ပင်။
ထို သစ်ပင်ကြီးများ၏ အနောက်ဘက်တွင် လန်ဟွားတို့ရဲ့ စံအိမ်အသစ်ကြီးရှိပေသည်။ လန်ဟွားအမရဲ့ အပြောက တကယ်ကြီးပဲ မှန်ကန်နေခဲ့သည်လား...။
မည့်သည့် အတိုင်းအဆထိများ ဖြစ်ပျက်သွားရလို့ မီးခိုးငွေ့များသည်က ဤမျှလောက်များနေရသည်နည်း။
သူလည်း ဘာမှ ဆက်ပြီး မတွေးဆရဲပါတော့ချေ။

ကျိုးထျန်း မည်သည်ကိုမှ ဆက်၍ မတွေးဆရဲ့တော့သည့် အခိုက်မှာပင် ကျိုးထျန်းမျက်ဝန်း၏ မြင်လွှာရှေ့တွင် စံအိမ်ကြီး၏ အသွင်အပြင်သည်က
ထင်ဟပ်လာခဲ့ ပြီဖြစ်သည်။
ကျိုးထျန်း၏ မြင်လွှာထဲတွင် ထင်ဟပ်နေသည့်
စံအိမ်ကြီး၏ အသွင်အပြင်သည်ကား
လေးပုံမှာ သုံးပုံလောက်က မီးကျွမ်းပြီးသားဖြစ်နေလေပြီး ကျန်သည့် တစ်ပုံသည်က ဆက်လက်လောင်မြိုက်လို့နေဆဲ...။

ကျိုးထျန်းသည် ကားကို မီးလောင်နေသည့် စံအိမ်ကြီး၏ ဆီးတားထားသည့် အပြင်ဘက်ဘေးမှာပဲ အလျင်စလိုထိုးရပ်လိုက်မိသည်။

ကျိုးထျန်းက သူ့ရဲ့ လေးပင်လာရတဲ့ ခြေထောက်တွေကို အနိုင်မ ရင်း ကားထဲမှ ထွက်ကာ
စံအိမ်ကြီး၏ အရှေ့ကိုက်အကွာမှ ကြိုးနီ ကြိုးဝါတို့​ဖြင့်​သွယ်တန်းထားသည့် နေရာဆီသို့
အနိုင်နိုင် လျောက်လှမ်းလာခဲ့မိသည်။
သူ ယခု မြင်တွေ့နေရသည်က မီးငြိမ်းသတ်ပြီးလုနီးပါးဖြစ်နေသည့် စံအိမ်တော်ကြီးပင်။
စံအိမ်ကြီးက မီးအပြင်းအထန် လောင်ကျွမ်းပြီးသားဖြစ်တာကြောင့် ရစရာတစ်ခုမှ မရှိတော့ပေ။ ကောင်းမွန်သည့်မည်သည့်အရာတစ်ခုမှ ကျန်ရှိမနေတော့။
ကျိုးထျန်းက ယုတ်ချည်းဆိုသလို တစ်စုံတစ်ရာကို သတိရမိလိုက်သည်။

ကျိုးထျန်း၏ အကြည့်များသည် မီးလောင်နေသည့် စံအိမ်ကြီးဆီမှ ဖယ်ခွာသွားပြီး အရေးပေါ်လူနာတင်ယာဉ်ဆီသို့ အကြည့်ရောက်သွားတော့ငည်။
သူသည် မျှော်လင့်ချက်အပြည့်ဖြင့် အရေးပေါ်လူနာယာဉ်ကားဆီသို့ အပြေး သွားမိသည်။

မီးအပြင်းအထန်လောင်မြိုက်ပြီးသွားပေမဲ့ အားလုံးနီးပါးကို ငြိမ်သတ်ပြီးသွားပုံထောက်ရင် လန်ဟွားတို့သည်က ဆေးကုသမှု့ခံယူဖို့ ထိုကားပေါ်တွင်ရှိနေပေလိမ့်မည်။
ဒီလောက်အထိ အပြင်းအထန် လောင်မြိုက်ထားတာကိုတောင် ရဲတွေ မီးသတ်တွေ ငြိမ်နေပုံထောက်ရင် လန်ဟွားတို့ ဘေးကင်းလို့ဖြစ်ပါလိမ့်မည်။

ဒါက အလျင်စလို လှုပ်ရှားသွားလာမှု့တွေမရှိတော့သည့် မီးသတ်တွေ နဲ့ ရဲတစ်ချို့ကို မြင်မိပြီး ထင်မြင်မိလိုက်သည့် ကျိုးထျန်း၏ မှန်းဆချက်ပင်။

ကျိုးထျန်း လူနာတင်ကားဆီသို့ရောက်တော့ သူထင်
မှတ်ထားသလို လန်ဟွားတို့က ရှိမနေ။
ကျိုးထျန်း အယောင်အယောင်နနနဲ့ ပျာပျာသလဲလဲ
ဖြင့်ပင် ယောက်ယက်ခတ်စွာ လန်ဟွားအမကိုသာ ဝေ့ဝဲ ရှာကြည့်မိတော့သည်။

ရောက်ရှိနေကြသည့် လူတစ်ယောက်မကျန် ၊ တစ်ယောက်ချင်းစီကို ဆွဲယူကာ လန်ဟွားတို့ ဟုတ်မဟုတ်။ လန်ဟွားအမ ရှိမရှိ ရှာကြည့်နေမိသည်။

သူ၏ နှုတ်မှလည်း လူတစ်ယောက် မျက်နှာကို ဆွဲလှည့်ကြည့်လိုက်တိုင်း လန်ဟွားလား...လျို့ရှောင်ကောလား...လန်ဟွားအမလား...ဆိုပြီးတစ်ယောက်ချင်းစီတိုင်းကို နာမည် တစ်ခုစီဖြင့် ရေရွတ်နှုတ်ဟနေမိသည်။ သူ၏ စိတ်ထဲတွင် ထိုလူတွေက လန်ဟွားတို့ဟုတ်မနေရင်တောင် လန်ဟွားအမ ဖြစ်နေပါလျှင် လန်ဟွားတို့ဘယ်မှာ ရှိမှန်းမေးမြန်းကြည့်လို့ရနိုင်သည်ဟု ယူဆထားမိတာကြောင့်ဖြစ်သည်။

ဒီအချိန်မှာ သူ တခြားမည်သည့်တစ်ဉီးတစ်ယောက်ကိုမှ လန်ဟွားတို့ ဘာဖြစ်သွားသေးလဲဟု မမေးမြန်းမိပါ။ အဖြေမှန်ကိုသာ ပေးနိုင်မည်ဟု လတ်တလောသူတွေးထင်နေမိသည့် လူသုံးယောက်ကိုသာ ရှာနေမိသည်။ဒါက ယခုအခြေအနေဖြစ်အပျက်ကြောင့်
တစ်ကိုယ်လုံး ထူပူနေမိ၍ ဘာမှ မတွေးခေါ်မစဉ်းစားနိုင်တော့သည့် ကျိုးထျန်း၏ လက်ရှိအခြေအနေပင်ဖြစ်သည်။ သူ၏ ပုံစံက ချစ်ခင်ရသည့် သူများကို အရူးတစ်ပိုင်းလိုက်ရနေရသည့် လူတစ်ယောက်နဲ့လည်း အသွင်တူညီသလို... သားတို့ပျောက်သည့် မိခင်နဲ့လည်း ဆင်တူနေပေသည်။

သိပ်မကြာခင်မှာပင် ကျိုးထျန်၏ မြင်လွှာထဲတွင် အပြိုပြိုအလဲလဲ ပုံပန်းသဏ္ဍာန်ဖြင့် ဘေးက အဖော်အမျိုးသမီးတစ်ယောက်ကို အားပြု၍ရပ်ကာ ငိုယိုနေလေသည့် လန်ဟွားအမ၏ ပုံရိပ်သည်က ထင်ဟပ်လာခဲ့သည်။

ကျိုးထျန်းသည် လန်ဟွားအမကို တွေ့တွေ့ချင်းမှာပင် ချက်ချင်းဆိုသလိုပဲ လန်ဟွားအမအနားသို့ ရောက်ရှိ သွားတော့သည်။ ကျိုးထျန်း သူ့ကိုယ်၌ပင် အပြေးသွားလိုက်မိမှန်းသတိမမူ မိပါချေ။
အမှန်သည်က သူ ပုံပျက်ပန်းပျက်ကို ပြေးသွားလ်ုက်တာပင်ဖြစ်သည်။ သူ၏ နှဖူးအထက်တွင်လည်း ချွေးစက်များက စိုရွဲနေလေပြီး ရင်အုံနှစ်ထက်လုံးသည်လည်း မောဟိုက်ဆို့နစ်မှု့ကြောင့် နိမ့်ချေမြင့်ချေဖြင့်ပင်ဖြစ်နေရသည်။

ကျိုးထျန်းက ဆို့နစ်ဝမ်းနည်းနေရတာကြောင့်
သူ့လည်ပင်းကို အသံထွက်လာအောင်ဖျစ်ညစ်ကိုင်လိုက်ပြီး သိချင်တာကို အတင်းဇွက်ရောမေးမြန်းလိုက်မိသည်။

"လန်ဟွား...လန်ဟွား...ရော...ဘယ်မှာလဲ...သူဘာမှမဖြစ်ဘူးမဟုတ်လား...ဆေးရုံပို့လိုက်ပြီလား...လူနာယာဉ်ကားထဲမှာ မတွေ့မိဘူး...သူတို့ ဘာမှ ဆိုးဆိုးဝါးဝါးကြီး ဖြစ်မသွားကြဘူး မဟုတ်လားး..."

လန်ဟွားအမက ငိုယိုနေဆဲပင်။ သူမက ကျိုးထျန်း၏ စကားကို ပြန်၍ဖြေမလာခဲ့ပေ။

ကျိုးထျန်းက စိတ်မရှည်စွာဖြစ်လာရပြီး လန်ဟွားအမ၏ ပုခုံးနှစ်ဖက်ကို ခပ်နာနာ ဆုပ်ကိုင် လှုပ်ယမ်းပြီး မရမက အတင်းဇွက်ရော မေးမြန်းမိသည်။

"ဘာလို့ မဖြေတာလဲ...သူတို့ရော...သူတို့ဘယ်မှာလဲ...သူတို့က ဘယ်လိုလုပ်ပြီး ...ဘာလို့ ...ဘာလို့ ဒီမှာ...ဘယ်အချိန်က...ဘယ်လိုလုပ်...ဘာလို့ ဒီကို...
ကျစ်..."

ကျိုးထျန်း၏ အမေးများသည်က အဆီးအငေါ့မတည့်တော့။ သူ မေးချင်မိပါသည့် မေးခွန်းများသည်က အရမ်းများလွန်းသည်။

အခု သူမေးရမှာက...

လန်ဟွားက ဒီနေ့ရဲ့ ညနေရောက်မှ သူ့ချစ်သူကို စံအိမ်ကြီးကို စပြီးမိတ်ဆက်​ အသိပေးပြသမှာ မဟုတ်ဘူးလား...လို့ဆိုပြီးတော့လား...

ဒါမှမဟုတ်...

သူတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး မွေးနေ့
အစီအစဉ်ထက်စောပြီး ဒီအိမ်ကြီးကို ရောက်လာခဲ့ကြတာလဲ ဆိုပြီးမှလား...အဲ့လိုမှ မဟုတ်ရင်...

သူတို့က မနေ့ညကတည်းက ဒီစံအိမ်ကြီးဆီကို ကြိုလာခဲ့ကြတာလားးး ဆိုပြီးတော့ မေးရမှာလား...

ဒါက မည်သူသိနိုင်မည်နည်း။ ဒီမေးခွန်းကို လန်ဟွားအမကရော မည်သို့ဖြေနိုင်မည်နည်း။

ဒီကိစ္စကို ကာယကံရှင်တွေထက် မည်သူက သိမြင်နိုင်မည်နည်း။

သို့ပေမဲ့ ယခုအချိန်တွင် သူမေးချင်သည့် ယခုမေးခွန်းများထက် ပိုအရေးကြီးသည့် သူသိချင်မိသည့် မေးခွန်းတစ်ခုရှိပေသည်။

ဒါက လန်ဟွားတို့ နှစ်ဉီး ဘေးကင်းရဲ့လား ဆိုတာပင်။

လန်ယွဲ့မူ၏ နှုတ်မှ ထွက်အံလာခဲ့သည့်
တုန်တုန်ယင်ယင်ဖြစ်နေသည့် စကားလုံးများက ကျိုးထျန်း၏ နားစည်အတွင်းသို့ ဝင်ရောက် ရိုက်ခတ်လာခဲ့သည်။

"မ မရှိတော့...ဘူး... မရှိ တော့ ဘူး...သူ...တို့..."

"ဘာ! ....ဘာပြောလိုက်တယ်..."

ကျိုးထျန်းက ထိုကဲ့သို့သော အာမေဋိတ် အသံကို ပြုလိုက်မိပြီး သူ၏ ခြေလှမ်းများကိုပင် သတိမမူမိစွာဖြင့် နောက်သို့ နှစ်လှမ်းဆုတ်လှမ်းလိုက်မိတော့သည်။

လန်ဟွားအမက သူ ဆက်မကြားချင် မသိချင်မိတော့သည့် စကားလုံးများကို ထပ်မံ၍ နှုတ်ဟပြောကြားလာခဲ့သည်။

"ယွမ်လေးး ယွမ်လေးလည်းး မရှိတော့ဘူး....အားလုံးနောက်ကျ သွားးပြီ... အဟင့်...အလောင်းကိုတောင် ကောင်းကောင်းမွန်မွန် ပြန်ရဖို့ မဖြစ်နိုင်တော့ဘူး..."

"...!..."

"သူ..သူတို့ပြော..တာတော့...မီးစွဲလောင်ခံထားရတဲ့ အရိုးစုတွေကိုတော့.. တစ်စုတစ်စည်းထဲ...ရှာတွေ့ပြီလို့တော့ပြောတယ်...ဒါပေမဲ့ မီးကအရမ်းပြင်းလွန်းလို့ အ...အခုထိ မထုတ်နိုင်ကြသေးဘူးတဲ့...ပြီးတော့... အထဲက လူတွေက သေပြီးသားတွေဖြစ်နေပြီဆိုတာသေချာနေတော့ သူတို့က အခုလို...လက်လျော့လိုက်ကြတော့ တာ...အ..ဟင့်.."

ကျိုးထျန်းက မယုံကြည်နိုင်သလိုဖြင့် ခေါင်းအသွင်သွင်ခါရမ်းနေမိရင်း တတွက်တွက် ရေရွက်
ပြောဆိုနေမိသည်။

"မဖြစ်နိုင်ဘူး...ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ...အဲ့လို ဖြစ်လို့မရဘူး...မဖြစ်သင့်ဘူး... မယုံဘူး...ဘာလို့ သူတို့က မီးထဲပါရမှာလဲ..."

ကျိုးထျန်းသည် တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် သူ့ဘောင်းဘီ အိတ်ကပ်အတွင်းသို့ လက်နှိုက်လိုက်သည်။ သူ ဖုန်းကို အလျင်စလို ဖွင့်ပြီး လန်ဟွားဆီကို ဖုန်းဆက်ကြည့်လိုက်သည်။

ဖုန်းမှ ထွက်ဆိုလာခဲ့သည့် ဆက်သွယ်၍ မရနိုင်ပါ ဆိုသည့် အသိပေးချက်စကားကြောင့် ကျိုးထျန်း မြေပြင်ထက်တွင် ရုပ်ကြိုးပြတ်စွာနဲ့ ဖြစ်သလို ထိုင်ချမိလိုက်တော့သည်။

ဆက်သွယ်၍ မရနိုင်သည့် လန်ဟွားဆီကိုလည်း ထပ်မံ၍ ဆက်ကြည့်မနေတော့။ မနေ့က သူ ဆက်ကြည့်တုန်းကပင် စက်ပိတ်ထားသည်ဟု ဖြေဆိုလာပါသေးသည်။ ဒီတစ်ခါတွင်တော့ ဆက်သွယ်၍မနိုင်ပါဟု အလိုအလျောက် အသိပေးစနစ်က သူ့ကို ပြောကြားနေလေသည်။မျှော်လင့်ချက်က လုံးဝပျောက်ရှသွားရပေတော့သည်။

ဒီပုံစံအတိုင်းသာဆိုရင်... လန်ဟွားတို့ဖြစ်ဖို့ဆိုတာ...ရာခိုင်းနှုန်း အတော်များနေပြီပင်။
သူ့အနေနဲ့ စံအိမ်ကြီးထဲ ပြေးဝင်ရှာရအောင်လည်း ဘယ်လိုမှ မဖြစ်နိုင်ပါပေ။ ရဲတွေကလည်း လက်ခံမှာ မဟုတ်သလို... မီးသတ်များကလည်း တားဆီးပေလိမ့်မည်။

စံအိမ်ကြီးတစ်ဝက်ကျော်လောက်ကို ယခုလို ပြာကျသွားရလောက်အထိ မီးက မည်ကဲ့သို့များ တောက်လောင်သွားလေသနည်း။ အရာအားလုံးက သူတို့တွေပြောသလို တကယ်ကို နောက်ကျသွားရပြီဖြစ်သည်။
ကျိုးထျန်းသည် တမြေ့မြေ့နဲ့ တောက်လောင်နေသေးဆဲပင်ဖြစ်သည့် စံအိမ်ကြီးကို အသက်မပါစွာ ငေးကြည့်နေမိတော့သည်။
အခုအချိန်မှာ သူတို့ ထုတ်ယူလာကြမည့် အလောင်းနှစ်လောင်းကိုသာ လန်ဟွားတို့ ဟုတ်မဟုတ် စစ်ဆေးကြည့်ရှု့ဖို့သာ တတ်နိုင်ပေတော့သည်။

ကျိုးထျန်း လက်မိုင်ကျသွားရသည့် အခိုက်အတန့်မှာပင် လန်ဟွားအမ ဘေးမှ အဖော်အဖြစ်ပါလာသည့် လက်​အောက်အပါးအစေ အမျိုးသမီးထံမှ စကားသံထွက်ဟလာခဲ့သည်။

"ဟို...လေ...သခင်မလေးက အရမ်းဝမ်းနည်းပြီး မဖြေမဆည်နိုင်ဖြစ်နေရတာဆိုတော့...ဒီအကြောင်းအပြည့်အစုံကို ရှင်းပြနိုင်မယ် မထင်ပါဘူး...
ကျွန်မကပဲ သခင်မလေးအစား...
ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေကို သိထားသလောက် ပြန်ပြောပြပေးပါ့မယ်..."

"......"

ကျိုးထျန်းက မည်သည့်စကားမှ မဆိုမိတော့ ထိုအမျိုးသမီးက လက်ခံသည်ဟု မှတ်ယူကာ သိထားသလောက် ရှင်းပြလာခဲ့သည်။

"ဟို...မနေ့ညနေပိုင်းလောက်က သခင်လေးယွမ်က သခင်မလေးဆီကို ဖုန်းဆက်ခေါ်လာပါသေးတယ်...အဲ့ဒီ့အချိန်က ဘေးမှာ ကျွန်မလည်း ရှိပါတယ်... သခင်မလေးက ဖုန်းပြောရင် စပီကာ ပိတ်မထားတတ်တော့ ကျွန်မပါ သခင်လေးဘက်က ပြောဆိုနေတာအကုန်လုံးကို ကြားလိုက်ရပါတယ်...
သခင်လေးယွမ်က သူ့အမကို ဖုန်းခေါ်ပြီး နောက်နေ့ရက်ရဲ့ လန်အိမ်တော်ရဲ့အရေးကြီးတဲ့ တွေ့ဆုံပွဲကို မလာနိုင်တော့ဘူးလို့ပြောပါတယ်...ပြီးတော့ ဖုန်းသံထဲကနေကျွန်မကြားနေရတာက သခင်လေးက ကောင်လေးတစ်ယောက်ကို လှမ်းလှမ်းပြီး ဆဲရေးနေတဲ့ အသံပါပဲ...စကားပြောဆိုပုံတွေက သခင်လေးရဲ့ ချစ်သူပဲ ဖြစ်နိုင်လောက်ပါတယ်...သူတို့ အချင်းချင်း ရန်ဖြစ်နေကြတာလားဆိုတာတော့ ကျွန်မလည်း သိပ်မသဲကွဲပါဘူး..."

ပြောဆိုရှင်းပြနေသည့် အမျိုးသမီးက ကျိုးထျန်းကို တစ်ချက်ကြည့်လာခဲ့သည်။
ကျိုးထျန်းက မည်သည့်အမူအရာကိုမှ ပြသမလာခဲ့သေးပေ။ လန်ယွဲ့မူသည်က အစပြန်ဖော်သလိုဖြစ်နေသည့် ထိုရှင်းပြချက်တွေကြောင့်ပင် ကနဉီးကထက် ပို၍ ရှိိုက်ငိုလာခဲ့သည်။

လက်ပါးစေ အမျိုးသမီးက စကားကို ပြန်၍ ဆက်လေသည်။

"သခင်လေးက နောက်ထပ်ဘာမှ ဆက်မဆိုတော့ဘဲ နဲ့ ဖုန်းချသွားပါတယ်...သခင်မလေး ဖုန်းထပ်ဆက်ကြည့်တော့ မကိုင်တော့ပါဘူး...စက်ပိတ်ထားလိုက်တယ်လို့တော့ ကျွန်မ ထင်တာပါပဲ... ဒါက ချစ်သူတွေ သဘာဝအရ ရန်ဖြစ်နေကြတာဆိုတော့ သခင်မလေးကလည်း သူလုပ်စရာရှိတာတွေကိုပဲ ဆက်လုပ်နေတော့တာပါ... မနက် ၄နာရီအစောပိုင်းလောက်ကျမှ ရဲစခန်းကနေ စံအိမ်ကြီးမီးလောင်နေကြောင်းကို ဖုန်းဆက်အသိပေးလာခဲ့တာပါ...သူတို့စခန်းဆီကို
စံအိမ်ကြီး မီးလောင်နေတဲ့အကြောင်းကို အသိပေးလာတဲ့သူကလည်း အဲ့အနီးနားကို ဖြတ်သွားရင်း မြင်မိတာလို့ပြောပါတယ်...သူ့တို့လည်းစစ်တမ်းကောက်ကြည့်မှ မီးလောင်နေတဲ့ စံအိမ်က လန်မျိုးနွယ်ပိုင်တဲ့ မြေကွက်မှာ ဆောက်ထားတဲ့စံအိမ်ဆိုတာကို သိလိုက်ရတာပါတဲ့ ... သခင်မလေးက သေချာရဲ့လား ပြန်မေးပေမဲ့ ရဲတွေဘက်က
ပြန်ပြောလာတာက...ရှန်ဟိုင်းမြို့စပ်မှာရှိတဲ့ မြေကွက်တွေ အကုန်လုံးက
လန်မျိုးနွယ်ပိုင်တဲ့ မြေကွက်တွေပဲဆိုတာရယ်...လန်မျိုးရိုးကလွဲဲပီး တခြားဘယ်မျိုးရိုးကမှ မဟုတ်နိုင်ဘူးဆိုတာရယ်ကို သခင်မလေးကို ပြန်ထောက်ပြလာပါတယ်...သူတို့ဘက်က တကယ်သေချာတယ်လို့ ဆိုမှ သခင်မလေးက ဘယ်သူ့ကိုမှတောင် အသိမပေးသေးဘဲ ကျွန်မကို အဖော်ခေါ်ပြီး ဒီကို ရောက်လာခဲ့ကြတာပါ...ဒီလို အသိမပေးတာကလဲ...
တကယ်မဟုတ်ခဲ့ရင် လန်အိမ်တော်ကလူတွေ စိတ်အနောက်အယှက်ဖြစ်မှာကို သခင်မလေးက ဆိုးရိမ်လို့ပါ..."

လက်ပါးစေအမျိုးသမီးက စကားကို တစ်ချက်ရပ်နားလိုက်ပြီး သခင်မဖြစ်သူကို သနားဂရုနာသက်စွာ တစ်ချက်ကြည့်လာခဲ့သည်။
ပြီးမှ သူမက စကားကို ထပ်မံ၍ တဖန်ပြန်ဆက်ဆိုသည်။

"ကျွန်မတို့ဒီကိုရောက်လာခဲ့ကြတော့ မီးတွေက အတော်ကို စွဲပြီးနေပါပြီ...မီးသတ်တွေလည်း တော်တော်ကိုယောက်ယက်ခတ်နေကြတယ်...စံအိမ်ရဲ့ နေရာတစ်နေရာကမှတောင် အကောင်းတိုင်းရှိမနေတော့ပါဘူး...ပြီးတော့ စောစောက သခင်မလေးပြောသလိုပါပဲ... ရဲနဲ့ မီးသတ်တွေကတောင်... လက်လျော့လိုက်ကြရပါတယ်....ကျွန်မရဲ့အမြင်အရတော့... သူတို့ချစ်သူနှစ်ဉီး စကားများရန်ဖြစ်ရင်းကနေ အခုလို မီးလောင်တဲ့အထိ အခြေအနေဆိုးဝါးကုန်တယ်လို့ ထင်တာပါပဲ..."

ကျိုးထျန်းက ထိုအမျိုးသမီး၏ စကားအဆုံးတွင်တော့ လန်ယွဲ့မူထံ တစ်ပြန်လှည်ံကြည့်လာခဲ့သည်။

သူ၏ စိတ်ထဲတွင် တွေးစရာ မေးခွန်းတစ်ခုက ရောက်ရှိလာခဲ့သည်။

သူ လန်ဟွားအမကို မည်သည့်အချိန်တုန်းကမှ မယုံကြည်ခဲ့ပေ။ ဒါက စတွေ့ကတည်းကပင်။ သူ
လန်ဟွားအမကို အမ ကောင်းတစ်ယောက် လို့လည်း မမြင်မိပေ။
အခုတော့ လန်ဟွားအမရဲ့ ဘေးက အဖော်မိန်းမတစ်ယောက်၏ အပြောစကားတွေကြောင့် ပိုပြီး မိန်းမကောင်းတစ်ယောက်လို့ မမြင်မိတော့ပေ။
ယခုလို ကြိုတင်ပြီး ဇာတ်တိုက်ထားသလို စကားလုံးတွေနဲ့ ရှင်းပြလာကတည်းက ယခုကိစ္စအားလုံးသည်က သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုတာ သူရိပ်စားမိလိုက်သည်။
ဒါတွေကလုပ်ကြံလီဆယ် ဇာတ်လမ်းထွင်ထားတာတွေသာဖြစ်နိုင်သည်။
ဒါတွေအားလုံးက လန်ဟွားအမ၏ စနစ်ကြောင့်သာဖြစ်လိမ့်မည်။
သူ အခုလို တထစ်ချပြောနိုင်ရသည့် အကြောင်းအရင်းသည်က ...
လန်ဟွားက သူ့ချစ်သူကို ဘယ်တုန်းခါကမှ လေသံကျယ်ကျယ်ဖြင့် မပြောဆိုခဲ့ဘူးတာကြောင့်ဖြစ်သည်။
သူ့ကိုယ်ရာမှာဆိုလည်း ဒါကလုံးဝမဖြစ်နိုင်ပါပေ။ လန်ဟွားက သူ့ချစ်သူ မျက်စိတိမ်ကွယ်သည့် ကိစ္စကို ဟန်ဆောင်ဖုံးကွယ်ထားခဲ့တာကို သိလိုက်ရတာတောင် အပြစ်တစ်စက်မှ မမြင်ရက်ခဲ့ပေ။ သူ၏ သူငယ်ချင်းသည်က ချစ်ရတဲ့ သူ့ချစ်သူကို ဤမျှလောက်တောင် အလျော့ပေးတတ်ပြီး အပြစ်မမြင်ရက်သည့် သူပင်။
ဒါ့ကြောင့်ပင် လန်ဟွားတို့ ချစ်သူနှစ်ဉီး ရန်ဖြစ်အချင်းများကြတယ်ဆိုတဲ့ ထိုမိန်းမ၏
စကားအချင်းအရာသည်က လုံးဝကို မဖြစ်နိုင်။
စံအိမ်ကြီးတစ်ခုလုံး မီးစွဲလောင်သွားခဲ့ရသည့် အဓိကတရားခံသည်က လန်ဟွားအမ ကြောင့်ဆိုတာ..ဖြစ်နိုင်ခြေရာခိုင်နှုန်းများပေသည်။

လန်ဟွားတို့ကို ဒီလိုဖြစ်အောင်လုပ်သွားသည့်သူကို သူဒီအတိုင်း အေးအေးဆေးဆေးနေခွင့်မပေးနိုင်ပေ။
သူ့မှာ လုပ်ကြံတဲ့သူက လန်ဟွားအမဆိုတာ ပြသဖို့သက်သေမရှိပေမဲ့... လန်ဟွားအမကြောင့် ဒီလိုအခြေအနေတွေ ဖြစ်ပျက်သွားရတာလို့တော့
တထစ်ချယုံကြည်မိသည်။ အဓိက ကြိုးကိုင်လုပ်ကြံခဲ့သည့်သူက လန်ဟွားအမ မဟုတ်ခဲ့ရင်တောင် လန်ဟွားအမကတော့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပူးပေါင်းလောက်မည်ဆိုတာတော့ သူအတတ်ပြောနိုင်သည်။

ကျိုးထျန်းသည် သူ၏ စိတ်ထဲတွင် ခပ်ကျယ်ကျယ်
အော်ပြောလိုက်မိသည်။

လန်ယွဲ့မူ...မင်းရဲ့ဘဝလည်း...မင်းရဲ့ ဒီလုပ်ရပ်အမှားကြောင့် မအေးချမ်းစေရဘူးးးး

အတွေးတွေထဲ အော်ဟစ်နေမိတုန်းမှာပင်...
အလောင်းကောက်လာခဲ့သည့် သက်ဆိုင်ရာလူတစ်စု၏ အသိပေးသံကျယ်လောင်လောင်က ထွက်ပေါ်လာခဲ့သည်။

"အလောင်းနှစ်လောင်း...ထုတ်လို့ရသွားပြီ... လူရုပ်တွေတော့ မပေါ်တော့ဘူး...သက်ဆိုင်တဲ့သူတွေ ကြည့်ချင်ရင် လာကြည့်လို့ရပြီ..."

ကျိုးထျန်းသည် အသံကြားရာဘက်ဆီသို့ အကြည့်ရောက်သွားမိတော့သည်။

ကျိုးထျန်းသည် ခဲခက်စွာဖြင့်ပင် ထိုင်ရာမှ ထပြီး
အလောင်းတွေ သယ်ထုတ်လာခဲ့ကြသည့် နေရာဆီသို့ လက်သီးကို ကျစ်ကျစ်ဆုပ်ကိုင်ထားမိပြီး စိတ်ကို တင်းထားကာ လျောက်လှမ်းသွားမိသည်။

ကျိုးထျန်း၏ အနောက်တွင်တော့ လန်ယွဲ့မူက ကပ်ပါလျက်။

ကျိုးထျန်းသည် အလောင်းတင်ထားသည့် လူနာတွန်းလှဲ ကုတင်ဆီသို့ အရောက်တွင် ခြေလှမ်းတို့ကို ရပ်တန့်မိလိုက်သည်။
သေဆုံးသူ၏ ရုပ်အလောင်းအထက်တွင် ပိတ်စ
အဖြူဖြင့် အုပ်မိုးလွှမ်းခြုံပေးထားပေသည်။
မြင်တွေ့နေရသည်က ပိတ်စအဖြူဖြင့် အုပ်မိုးထားသည့် ရုပ်အလောင်းတစ်ခုတည်းပင်။
လူတစ်ယောက်စာသာ တင်နိုင်သည့် ကုတင်ကို နှစ်ခု ပူးကပ်ထားပြီး လှဲတင်ထားတာဖြစ်သည်။
ဒါဆို သေဆုံးသွားသည့် သူသည်က တစ်ဉီးတစ်ယောက်ထဲပင်လား...။
ကနဉီး သူကြားသိလိုက်ရတာက အလောင်းနှစ်လောင်းဟု ဆိုပြီးတော့ပင်။

ကျိုးထျန်း၏ အတွေးတွေကို ကြိုသိနေဟန်ဖြင့် သယ်ထုတ်လာခဲ့သည့် သူများထဲမှ တစ်ဉီးက ပြောကြားလာခဲ့သည်။

"သေသွားတာကနှစ်ယောက်ပါ...အတူတူ မကွဲမခွာဘဲ တစ်ချိန်လုံး ဖက်ပြီး သေဆုံးသွားကြတာဆိုတော့ အလောင်းနှစ်လောင်းက ခွဲ သယ်လို့ မရလို့ပါ..."

ကျိုးထျန်းက ထိုလူ၏ အပြောကို မယုံကြည်နိုင်ပေ။
ထိုသူတွေပြောပုံအရ နှစ်ယောက်ဖက်တွယ်ပြီးသေသွားခဲ့တယ်ဆိုရင်တောင် အုပ်မိုးထားသည့် ပိတ်ဖြူစ၏ ပမာဏထုထည်က လူနှစ်ယောက်စာ ကြီးမားနေရမည်မဟုတ်။ယခုက လူတစ်ယောက်စာလောက်သာ ထုထည်ကြီးမားပေသည်။

ကျိုးထျန်းက သိချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ လူနှစ်ဉီးအလောင်းဟုတ်မဟုတ်ကို လှန်လျောကြည့်ဖို့ ပိတ်စကို အလုံးစုံမြင်ရသည်အထိ လုံးလုံးပင် ဖယ်ခွာပစ်လိုက်တော့သည်။

"...!..."

မြင်တွေ့လိုက်ရသည့် အရာကြောင့် ကျိုးထျန်း၏ ခြေလှမ်းများသည်ပင် အလိုအလျောက် နောက်ကို နှစ်လမ်းဆုပ်လှမ်းလိုက်မိတော့သည်။
လန်ယွဲ့မူသည်က မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် စူးစူးဝါးဝါးအော်ဟစ်လိုက်လေပြီး ပုံလဲကျသွားကာ သတိလစ်မေ့မျောသွားပေတော့သည်။

မလှုပ်မရှက် ရပ်ကြည့်နေမိသည့် သူက ကျိုးထျန်း​ပါပင်။ ကျိုးထျန်၏ မျက်ဝန်းများသည်က အံသြတုန်လှုပ်ကာ ပြူးကျယ်ဝိုင်းစက်နေပြီး နှုတ်ခမ်းများသည်ပင် မယုံကြည်ခြင်းများစွာဖြင့် အဟောင်းသား။

အလောင်းသည်က သယ်ထုတ်လာသူတို့ပြောသလို
လူနှစ်ယောက်၏ မကွဲမကွာပူးကပ်နေသည့် ရုပ်အလောင်းနှစ်ခုပင်။ ရုပ်အလောင်းတစ်ခုက ကျန်ရုပ်အလောင်းတစ်ခုကို မထိခိုက်မပွန်းပဲ့စေဟန်ဖြင့် တင်းကြပ်ကြပ် ဖက်တွယ်ထားသည့် အသွင်သဏ္ဍာန်ပင်။
အဖက်ခံထားရသည့် ရုပ်အလောင်းသည်က အုပ်မိုးဖက်တွယ်ထားသည့် ရုပ်အလောင်းထက် သိပ်ပြီး မပျက်စီးသေးပါပေ။ သို့ပေမဲ့ ရုပ်အသွင်အပြင်က လုံးဝကို ရုပ်လုံးမပေါ်တော့။
ဖက်တွယ်ထားသည့် ရုပ်အလောင်း၏ ကျောပြင်တစ်လျောက်တွင်လည်း မည်သည့် အသားစမှ ကျန်ရှိမနေတော့ပေ။ အသွေးအသားတို့သည်က မီးစွဲလောင်သွားပုံရသည်။ ဖက်တွယ်ထားသည့် ရုပ်အလောင်း၏ ဉီးခေါင်းခွံသည်ပင် မီးကျွမ်းနေသည့်
အမဲရောင် အစိုင်အခဲတုံးတစ်ခုကဲ့သို့ ဖြစ်တည်နေလေပြီး တစ်ချို့နေရာများတွင်တော့ မပျက်စီးသေသည့် အသားအစ တစ်ပိုင်းတစ်စတို့ တင်ကျန်နေသေးပေသည်။

ထိုဖက်တွယ်ထားသူ၏ လက်ဟု မဆိုသာတော့သည့်
အရိုးအဆက်လက်တံများသည်က
မပျက်ဆီးမလောင်ကျွမ်း သေးသည့် အကြောများ၏ ကုပ်ကပ်မှု့များကြောင့် တောင့်တင်း မာတောင့် နေလေပြီး အခြားတစ်ယောက်ကို လွတ်ထွက်သွား၍မရအောင် ကုပ်ကပ်တွယ်ကုပ်ထားပေသည်။
ခန္ဓာကိုယ် အောက်ပိုင်းတို့သည်လည်း ထိုနည်းတူပင်။ အသွေးအသားပင် ကျန်ရှိမနေတော့ဘဲ အရိုးစုများအလား...။
ဖက်တွယ်ခံထားရသူ၏ ရုပ်အလောင်းသည်ကလည်း အပြန်အလှန်အားဖြင့် ဖက်တွယ်အုပ်မိုးပေးထားသည့် ရုပ်အလောင်း၏ ခါးတစ်လျောက်ကို တင်းကြပ်အောင် တွယ်ဖက်ကုပ်ကပ်ကာထားသည်။
မလောင်ကျွမ်းသေးသည့် အကြောတို့၏ ကုပ်ကပ်မှု့ကြောင့် ဖက်တွယ်ထားသည့် လက်တံတို့ကို ဖယ်ခွာ၍ ရမည်မထင်။

ရုပ်အလောင်းနှစ်ခုလုံးက မည်သူမည်ဝါဖြစ်မှန်း ခွဲခြားရခက်ခဲသော်လည်း သူ၏ အမြင်တွင်တော့ ဖက်တွယ်ပေးထားသည့် ရုပ်အလောင်းသည်က လန်ဟွားဖြစ်မည်မှန်း တတ်အပ်မှန်းဆနိုင်ပါသေးသည်။

လန်ဟွားက သူချစ်ရသူကို နောက်ဆုံးအချိန်အထိ ကာကွယ်စောင့်ရှောက်ပေးသွားချင်ဟန်ရှိသည်။

ကျိုးထျန်း၏ အတွေးတို့သည်က ချက်ချင်းရပ်တန့်သွားရသည်။
အကြောင်းအရင်းသည်က ပိတ်စဖြူကို ရုပ်အလောင်းထက်တွင် ပြန်လည် ဖုံးအုပ်လွမ်းခြုံပေးလာခဲ့တာကြောင့်ဖြစ်သည်။

ရုပ်အလောင်းသယ်ဆောင်သူတို့သည် အလောင်းကို ဆက်လက်ကြည့်ခွင့်မပေးပါတော့ချေ။
သူ့ကို အနောက်ကို မသိမသာ တွန်းထုတ်ပြီး သွားလို့ရပြီဖြစ်ကြောင်း အမူအရာပြလာခဲ့သည်။

ထိုသူတွေကတော့ လုပ်စရာရှိသည့် လုပ်ဆောင်ချက်များကို ဆက်လုပ်လုပ်ဆောင်ကြပြီး တစ်စုတစ်စည်းထဲဖြစ်နေသည့် ရုပ်အလောင်းနှစ်ခုကို အရေးပေါ်ယာဉ်ကားဆီသို့ လွဲပြောင်းသယ်ဆောင်ကြသည်။

ကျိုးထျန်းသည်က ယခုအထိ မည့်သည့်စကားတစ်ခွန်းကိုမှ မဆိုမိသေးဘဲ မလှုပ်မရှက် ရပ်နေဆဲပင်။
သူ၏ ကမ္ဘာသည်လည်း ယခုအခိုက်အတန့်တွင် မည်သည့် အကြောင်းအရာအသံကို မှ မကြားသိသလို တိတ်ဆိတ်လျက်။

အရေးပေါ်ယာဉ်ကား ထွက်ခွာပြီးသွားတာတောင် ကျိုးထျန်းသည်က လုံးဝကို မလှုပ်ရှားမိသေးပေ။

အရာအားလုံးက... လုံးဝကို အပျက်ပျက်အယွင်းယွင်း ပျက်ဆီးပြောင်းလဲ သွားရပြီဖြစ်သည်။

သူ ကနဉီးက ဆုတောင်းနေမိသည့် ဆုတောင်းစကားများကိုပင် ဆက်၍ ဆုမတောင်းမိတော့။

ဆုတောင်းလျှင်တောင်...
ဖြစ်လာနိုင်တော့မှာမှ.... မဟုတ်ဘဲ...

-------------------
Completed ဖြစ်သည်အထိ တင်ပေးသွားမှာပါ။ စိတ်ရှည်ပေးကြပါအူးနော်။

------------
Zawgyi

က်ိဳးထ်န္း ႀကဳံေတြ႕သိရွိခဲ့ရသည့္ အတိတ္ေန႕ရက္ဆိုးႀကီး၏ အေၾကာင္းအရာ တစ္စြန္းတစ

က်ိဳးပင္မစံအိမ္ေတာ္ႀကီး၏ သီးသန့္စာၾကည့္ခန္းထဲ၌တြင္ျဖစ္သည္။
စာၾကည့္ခန္းအတြင္းရွိ ကြၽန္းသားစာပြဲရွည္ႀကီးအေပၚတြင္ အိမ္ဒီဇိုင္းပုံတစ္မ်ိဳးတည္း၏ ရႈ႕ေဒါင့္ေနရာအမ်ိဳးမ်ိဳးမွ ရိုက္ယူထားသည့္ ဓာတ္ပုံမ်ားအျပင္ မူရင္းေရးဆြဲထားသည့္ ထိုစံအိမ္ႀကီး၏
အတြင္းအျပင္ ဒီဇိုင္းပုံၾကမ္းမ်ားသည္လည္း စားပြဲ၏ ေနရာအႏွံ႕တြင္ က်ဲျပန့္ ျဖန့္က်ဲထားလ်က္။

ထို ကြၽန္းသားစာပြဲရွည္ႀကီး၏ ေရွ႕အလယ္တည့္တည့္၌တြင္ စားပြဲကို လက္တစ္္ဖက္ေထာက္ကာ ဟန္ပါပါရပ္ၿပီး ျဖန့္က်ဲထားသည့္ ဒီဇိုင္းဓာတ္ပုံမ်ားကို ႐ူ႕ေဒါင့္အမ်ိဳးမ်ိဳးမွ အကဲခတ္ယူကာ ဓာတ္ပုံမ်ားကို
ေနရာတက် ျပန္စီရီေနသည့္ သူတစ္ေယာက္ရွိေနေလသည္။
ထိုလူ၏ ေဘးဘက္၌တြင္လည္း ထိုင္ခုံတစ္လုံးျဖင့္
ေျခခ်ိတ္ထိုင္လ်က္ရွိကာ ႐ူ႕ေထာင့္မ်ိဳးစုံမွ ရိုက္ယူထားသည့္ စံအိမ္ႀကီးပုံ၏ ေနရာအထားအသို
ပုံစံအမ်ိဳးမ်ိဳးမွ ေကာင္းရာေကာင္းနိုး ဓာတ္ပုံမ်ားကို စိတ္အားထက္သန္စြာျဖင့္ တစ္ခုၿပီးတစ္ခု ေ႐ြးယူၾကည့္ရႈ႕ၿပီး အကဲျဖတ္ကူေပးသည့္ လူတစ္ေယာက္လည္း ရွိေပသည္။

လက္ေထာက္၍ ရပ္ကာ ပုံတစ္ခုစီကို အစဥ္တိုင္း ေနရာခ် စီရီေနသည့္ သူသည္ကား လန္ဟြားယြမ္ပါပင္။ သူ၏ ေဘးဘက္တြင္ထိုင္ကာ သူစီရီထားသည့္ ဓာတ္ပုံမ်ားကို တစ္ခုခ်င္းစီ လွမ္းယူကာ အကဲျဖတ္ေပးေနသည့္သူသည္ကလည္း အျခားသူ မဟုတ္ပါေပ။ ထိုသူသည္ကား က်ိဳးထ်န္းပင္။

က်ိဳးထ်န္းက စံအိမ္ႀကီး၏ အဓိကအဝင္ေပါက္
မ်က္ႏွာစာမွ ရိုက္ယူထားသည့္ စံအိမ္၏
အတြင္းဘက္ အျပင္အဆင္တည္ေဆာက္ပုံဓာတ္ပုံကို ေသေသခ်ာခ်ာ ၾကည့္ရႈ႕အကဲခတ္ကာ မ်က္ခုံးႏွစ္ဖက္ကို စိတ္လိုလက္ရပင့္တင္လိုက္ေလသည္။

ယခု က်ိဳးထ်န္း၏ ပုံစံသည္က ထင္မွတ္မထားေလသည့္ အရာကို ေတြ႕ရွိလိုက္ရသလို အံၾသမင္တက္သြားသည့္ အခ်င္းအရာလည္း တစ္စြန္းတစပါရွိေနေပသည္။ က်ိဳးထ်န္းက သူယူၾကည့္လိုက္သည့္
၎ဓာတ္ပုံတြင္ ျမင္ေတြ႕ေနရေလသည့္ စံအိမ္၏ အတြင္းအျပင္အဆင္ အေဆာင္အေယာင္
မ်ားပါမက်န္ ...တင့္တယ္လွသည့္ ေလွကား တည္ေဆာက္ပုံႏွင့္ ပန္းကႏုတ္မ်ားနဲ႕ စိန္ေက်ာက္မ်ားေရာစပ္ထြင္းထုကာ အလွဆင္ထားေလသည့္ ေလွကားလက္ရန္း မ်ားကို ၾကည့္ၿပီး ယခုလို မ်က္ခုံးမ်ားကို စိတ္လိုလက္ရ ပင့္ျမႇောက္လိုက္မိတာျဖစ္သည္။

က်ိဳးထ်န္းက လက္ထဲရွိ ဓာတ္ပုံကို စာပြဲေပၚျပန္တင္လိုက္ၿပီး ထိုဓာတ္ပုံကို လန္ဟြားယြမ္ ရွိရာဆီသို႔ တိုးေ႐ြ႕လိုက္သည္။
က်ိဳးထ်န္းသည့္ အေၾကာင္းအရာတစ္စုံတစ္ခုကို
သိခ်င္စိတ္ျဖင့္ ႏႈတ္မွလည္း ေမးျမန္းလိုက္သည္။

"ေဟ့ေကာင္...လန္ဟြား ဟိုတစ္လက စံအိမ္ႀကီးကို မင္းနဲ႕ အတူတူလိုက္ၿပီး ၾကည့္တုန္းက ေလွကားရဲ႕
လက္ရန္းတိုင္ေတြက စိန္ေက်ာက္ပန္းကႏုတ္ေတြ မရွိဘူးမဟုတ္လား... မင္းဘာလို႔..."

က်ိဳးထ်န္းက လန္ဟြားကို အားနာ၍ ထပ္မံဆက္မေျပာေတာ့ဘဲ သူ၏ စိတ္ထဲမွသာေျပာလိုက္မိသည္။

မင္းဘာလို႔ ဒီလိုအပိုေတြလုပ္ေနရတာလည္း...လန္ဟြားရာ... မင္းေကာမွ ျမင္ရမွာမွ မဟုတ္ဘဲ...

လန္ဟြားယြမ္က က်ိဳးထ်န္းမည့္သည့္ စကားကို ဆိုခ်င္ေနမွန္းရိပ္မိတာေၾကာင့္ ႏႈတ္ခမ္းကိုသာ အသက္မပါစြာ တစ္ဖက္တြန့္ေကြးလိုက္မိၿပီး တုန့္ျပန္စကားသာျပန္ဆိုလိုက္သည္။

"အဲ့ဒီ ပန္းကႏုတ္ေတြက အရမ္းလွတယ္... ေရွာင္ဟန္
ေကာေသခ်ာ မျမင္နိုင္ရင္ေတာင္မွ လက္နဲ႕ စမ္းရမ္းၾကည့္လို႔ ရတယ္ေလ... ဒါက အပိုျဖစ္သြားမွာ မဟုတ္ဘူး..."

က်ိဳးထ်န္းက လန္ဟြားယြမ္ဆီမွ ဤကဲ့သို႔ေသာ အေျဖစကားကို လုံးဝေမွ်ာ္မွန္းမထားေပ။
သူငယ္ခ်င္းျဖစ္သူက သူ႕ဆိုလိုရင္းကို ယခုလိုသိျမင္ၿပီး ေျပာလာခဲ့တာေၾကာင့္ သူက အေယာင္ေယာင္အနနႏွင့္ပင္ ဆြဲမိဆြဲရာ ဓာတ္ပုံတစ္ခုကို ဆြဲကိုင္လိုက္မိေတာ့သည္။

က်ိဳးထ်န္းက သူ႕လက္ထဲကို ပါလာခဲ့သည့္ ဓာတ္ပုံမွ ႐ုပ္ပုံကို တစ္ခ်က္ၾကည့္လိုက္မိၿပီး သိလိုစိတ္နဲ႕ ထပ္မံေမးျမန္းလိုက္မိသည္။
သူက ထပ္မံ၍ပင္ လန္ဟြားေရွ႕ကို ဓာတ္ပုံတစ္ပုံတိုးေ႐ြ႕ေပးလိုက္ၿပီး အလိုက္ကန္းဆိုးမသိစြာ ေမးျမန္းမိျပန္ပါသည္။

"ဒါက ဘာလုပ္ဖို႔လဲ... ဒီအဝင္ေပါက္ေလွ်ာက္လမ္းေတြက အခုလို ဓာတ္ပုံရိုက္ယူၿပီး ...ဘယ္ေနရာအတြက္ ဘာလုပ္ဖို႔တုန္း..."

လန္ဟြားယြမ္က သူ႕ေရွ႕ေမွာက္ေရာက္ရွိလာခဲ့သည့္ ဓာတ္ပုံမွ ႐ုပ္ပုံအသြင္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး
သူငယ္ခ်င္းျဖစ္သူ၏ အေမးစကားကို စိတ္ပါလက္ပါစြာျဖင့္ ေျဖၾကားလာခဲ့သည္။

"မင္း ေမ့ေနတာလား... ငါမင္းဆီလာၿပီး ဒီပုံေတြရိုက္ယူၿပီး ဘာလို႔ လာတိုင္ပင္မွန္းကို..."

ထိုအခါမွ က်ိဳးထ်န္းက ျပန္လည္အမွတ္ရသြားဟန္ျဖင့္ မ်က္ေမွာင္တစ္ခ်က္က်ဳံ႕လိုက္ေလၿပီး ဓာတ္ပုံကို တစ္ဖန္ျပန္ဆြဲယူလိုက္ၿပီး ၾကည့္ရႈ႕ျပန္ေလသည္။
ႏႈတ္မွလည္း အမွတ္ရသြားဟန္ျဖင့္ ေရ႐ြတ္လာခဲ့သည္။

"မဟုတ္မွ မင္းေျပာတဲ့ ပန္းအလွဆင္ဖို႔ဆိုတာ စံအိမ္ႀကီးရဲ႕ ဝင္ေပါက္ေလ်ာက္လမ္းကို ရည္ၫႊန္းၿပီးေျပာလိုက္တာလား...ဒါေပမဲ့ အရင္အပတ္က မင္းေျပာေတာ့ မင္းေကာရဲ႕ အျမင္အာ႐ုံက လုံးဝ မသဲကြဲေတာ့ဘူးဆို... "

က်ိဳးထ်န္းက စည္းလြတ္ဝါးလြတ္ ထြက္ဟမိသြားတဲ့ သူ႕စကားလုံးေတြေၾကာင့္ စိတ္ထဲမွသာ ကိုယ့္ကိုယ္ဆဲေရးလိုက္မိၿပီး

"အာ...ေဆာရီး...ငါဆိုလိုတာက... "

လန္ဟြားယြမ္က က်ိဳးထ်န္း၏ စကားအမွားကို ေဗြမယူဘဲ ေခါင္းတစ္ခ်က္ႏွစ္ခ်က္သာ ခါရမ္းလိုက္မိေလၿပီး ျပန္ဆိုလာခဲ့သည္။

"ရတယ္... မင္းမမွားဘူး...ဒါေပမဲ့ ငါလုပ္ထားတာလည္း မမွားဘူး...ဘာလို႔ဆို ေကာက ပုံသ႑ာန္ အတိအက်ကိဳ လုံးဝမျမင္ရေတာ့ဘူးဆိုေပမဲ့ အာ႐ုံတစ္ပါးကို လက္လြတ္ဆုံးရႈံးထားရတာဆိုေတာ့ ေကာရဲ႕ တျခားအာ႐ုံခံစြမ္းအားေတြက ပိုၿပီးေတာ့ေတာင္ေကာင္းမြန္ေနနိုင္ေသးတယ္ေလ...
...ငါအခု ပန္းအလွဆင္မဲ့ အဝင္လမ္းကို ေကာျဖတ္ေလွ်ာက္လာခဲ့မယ္ဆိုရင္... ေကာ ရလာမဲ့ ပန္းရနံ႕ေၾကာင့္ ေကာပိုၿပီး စိတ္ေအးခ်မ္းသြားေစမွာ အမွန္ပဲ..."

"အြန္း အရမ္းေကာင္းတယ္..."

ဤစကားသံသည္က က်ိဳးထ်န္းဆီမွ ထြက္ဟလာခဲ့သည့္ စကားသံပင္။ သူလည္း ယခုမွ လန္ဟြားယြမ္၏ အေတြးအေခၚ အစီအစဥ္ကို နားလည္သြားရေပေတာ့သည္။

က်ိဳးထ်န္းက သူသိခ်င္သည့္ အရာကို ထပ္မံ၍ ေမးျမန္းလိုက္မိသည္။

"ဒါနဲ႕... မင္း အဲ့အလုပ္ေတြကို စြန့္လႊတ္လိုက္ေတာ့မယ္ဆိုတာ...တကယ္ေသခ်ာသြားၿပီလား...တျခား အစီအစဥ္..မရွိ..."

"ေသခ်ာတယ္... တျခားအစီအစဥ္လဲ မရွိဘူး..."

ထိုစကားသည္က က်ိဳးထ်န္း၏ စကားမဆုံးခင္ လန္ဟြားယြမ္ ႏႈတ္မွ ထြက္ဆိုလာခဲ့သည့္ စကားပင္ျဖစ္သည္။

ထိုအခါမွ က်ိဳးထ်န္းက ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ မပြင့္တစ္ပြင့္ၿပဳံးလိုက္မိၿပီး လည္ေခ်ာင္းကို တစ္ခ်က္ရွင္းကာ ျပန္ေျပာလိုက္မိသည္။

"အာ...ေသခ်ာသြားၿပီပဲ... ဒါလည္း ေကာင္းတာပါပဲ... ျဖစ္သင့္ပါတယ္..."

က်ိဳးထ်န္း၏ အေျပာစကားေၾကာင့္ လန္ဟြားယြမ္က က်ိဳးထ်န္း၏ မ်က္လုံးမ်ားဆီသို႔ အၾကည့္ေရာက္ရွိလာခဲ့သည္။ က်ိဳးထ်န္းလည္း လန္ဟြားယြမ္၏ အၾကည့္ေတြကို ဖယ္ခြာသည့္ အေနျဖင့္ ကြၽန္းသားစာပြဲရွည္ေပၚက ဓာတ္ပုံမ်ားဆီသို႔ အၾကည့္ေဝ့ဝဲလိုက္ရသည္။

မၾကာခင္မွာပဲ လန္ဟြားယြမ္ဆီမွ ေမးျမန္းလိုက္သည့္အသံက သူ႕၏ နားဆီသို႔ ေဝဝဲေရာက္ရွိလာခဲ့သည္။

"မဟုတ္မွ...မင္း"

လန္ဟြားယြမ္က ဆက္မဆိုခဲ့ပါေပ။
က်ိဳးထ်န္းက ခ်က္ခ်င္းဆိုသလိုပင္ လန္ဟြားယြမ္၏ အေမးစကားကို ဆက္ေပးလာခဲ့သည္။

"မဟုတ္မွ... မင္း အဲ့ဒါ ဘာျဖစ္တာလဲ...ဆက္ေျပာေလ..."

လန္ဟြားယြမ္က ပန္းအလွဆင္မည့္ ေနရာအျဖစ္မွတ္ယူလိုက္သည့္ စံအိမ္ႀကီး၏ အဝင္ေလ်ာက္လမ္းႏွင့္ အဝင္ေပါက္မ်က္ႏွာစာမွ စီးမိုးၿပီးရိုက္ယူထားသည့္ အတြင္းအျပင္အဆင္အေဆာင္အေယာင္မ်ားႏွင့္ တင့္တယ္လွပလွသည့္ ဒုတိယထပ္သို႔ တက္လမ္းျဖစ္သည့္ ေလွကားႀကီးပါဝင္သည့္ ဓာတ္ပုံမ်ားကို ေ႐ြးျခယ္ကာ ထပ္ယူလိုက္ၿပီး သက္ျပင္းတစ္ခ်က္ခ်ကာ ေျပာလာခဲ့ေလသည္။

"ဟူး... ဘာမွ မျဖစ္ဘူး...ငါေမးခ်င္တာက မင္းေရာ..
ဒီအလုပ္ေတြကို ဘယ္အခ်ိန္ထိ ဆက္လုပ္ဖို႔ ရည္႐ြယ္ထားလည္းဆိုတာကိုပဲ..."

က်ိဳးထ်န္းက လန္ဟြားယြမ္၏ စကားေၾကာင့္ မပြင့္တပြင့္ၿပဳံးရယ္လိုက္မိေလၿပီး ရယ္သံစြက္ကာ ျပန္ေျဖလိုက္မိသည္။

"အဟက္!... အခ်ိန္တစ္ခုအထိေပါ့...တစ္သက္လုံးလဲ...ျဖစ္သြားနိုင္တယ္...ဒါေပမဲ့ မင္းမပါေတာ့ ပ်င္းစရာ ေကာင္းေနေတာ့မွာပဲ..."

လန္ဟြားယြမ္က က်ိဳးထ်န္း၏ အေျပာစကားေၾကာင့္ ေခါင္းတခ်က္ခါးရမ္းလိုက္ေလၿပီး အသုံးမလိုေတာ့သည့္ ဓာတ္ပုံမ်ားကို ျပန္လည္ သိမ္းဆည္းရင္း စကားဆိုေလသည္။

"တစ္သက္လုံးေတာ့ မလုပ္နဲ႕... အ႐ြယ္ေကာင္းတဲ့ အခ်ိန္တစ္ခုအထိေတာ့ လုပ္ခ်င္လုပ္ေပါ့... မင္းလည္း ဒီအလုပ္ေတြကို မင္းအေဖရဲ႕ ဆႏၵအရ လုပ္ေပးေနတာပဲမဟုတ္လား...ဉပမာ- အသက္ ၄၀ ေက်ာ္...၄၅ ေလာက္ဆိုရင္ေတာ္ေရာေပါ့ မဟုတ္ဘူးလား...ဒါေပမဲ့ ဒါက မင္းသေဘာပါ.. "

က်ိဳးထ်န္းက လန္ဟြားယြမ္၏ စကားအဆုံးမွာပဲ တိုးဖြဖြအသံအေနအထားျဖင့္ ျပန္ေျဖလိုက္မိသည္။

"အြန္း..."

က်ိဳးထ်န္းက လန္ဟြားယြမ္ ထပ္မံသိမ္းယူေတာ့မည့္ စံအိမ္ႀကီး၏ မူရင္းေရးဆြဲထားသည့္ အတြင္းအျပင္ ပုံၾကမ္း စာ႐ြက္မ်ားဆီကို မ်က္လုံးအၾကည့္ေရာက္သြားၿပီး ခပ္သြပ္သြပ္ျဖင့္ ထပ္မံႏႈတ္ဟလာခဲ့သည္။

"မင္း ...အဲ့ဒီ့ ဆြဲထားတဲ့ ပုံၾကမ္းေတြ မလိုေတာ့ဘူး မဟုတ္လား...စံအိမ္ႀကီးကလည္း အၿပီးအစီး
ေဆာက္ၿပီးသြားၿပီေလ... မင္းရဲ႕ လက္ရာက အရမ္းမိုက္တယ္...ငါသိမ္းထားခ်င္တယ္ ရလား... "

လန္ဟြားယြမ္က သူကိုယ္တိုင္ ဒီဇိုင္းေရးဆြဲထားသည့္ ဒီဇိုင္းစာ႐ြက္အထပ္လိုက္ကို သံေယာဇဥ္ မျပတ္နိုင္ေသးသည့္ အၾကည့္မ်ားျဖင့္ ၾကည့္ကာ စဥ္းစဥ္းစားစားျပဳမႈၿပီး စကားဆိုလာခဲ့သည္။

"ဒီမူရင္း ပုံၾကမ္းေတြလား... ဒါေတြက မလိုအပ္ေတာ့ ဘူးဆိုေပမဲ့ ငါ့ရဲ႕ စိတ္ပါလက္ပါလုပ္ေဆာင္ခဲ့ဖူးတဲ့
အမွတ္တရေတြထဲကတစ္ခုပဲ... ဒါေပမဲ့ ဒီမူရင္းပုံၾကမ္းေတြကို အာ႐ုံစိုက္ၿပီး ဆြဲေနမိလို႔လည္း
ေကာ မ်က္လုံး အေျခအေန ဆိုးဝါးလာခဲ့တာကို သတိမထားမိခဲ့တာ...ဒါ.."

လန္ဟြားယြမ္၏ စကားမဆုံးခင္မွာပင္ က်ိဳးထ်န္းက ျဖတ္ေျပာလာခဲ့သည္။

"ဒါက မင္းအမွားမွ မဟုတ္ပဲ... လ်ိဳ႕ေရွာင္ေကာရဲ႕ အမွားပဲ...သူက ဘာမွ မျဖစ္သလို တစ္ခ်ိန္လုံး ဟန္ေဆာင္လုပ္ယူေနခဲ့တာေလ...သူက ပိပိရိရိ မင္းမရိပ္မိေအာင္ လွည့္စားသြားခဲ့တာမဟုတ္လား... သူက မင္းစိတ္မေကာင္းျဖစ္မွာဆိုးလို႔ ဒီလို ရည္႐ြယ္ၿပီးလုပ္ခဲ့တာကို ငါ သိေပမဲ့... ရလဒ္ကေတာ့ ထင္ထားတာထက္ ပိုဆိုးသြားခဲ့ရတာ မဟုတ္လား... "

လန္ဟြားယြမ္က ေရွာင္ဟန္ သူ႕ကို မရိပ္မိေအာင္ အမ်ိဳးမ်ိဳးလွည့္ပတ္ လိမ္ညာခဲ့သည့္ အခိုက္အတန့္ေတြကို ျပန္ေတြးလိုက္မိၿပီး အျပစ္မျမင္သလိုတစ္ခ်က္ၿပဳံးလိုက္မိေလကာ ပုံၾကမ္းစာ႐ြက္အထပ္လိုက္ကို က်ိဳးထ်န္းရွိရာဘက္သို႔ တိုးေ႐ြ႕ေပးလာခဲ့သည္။

လန္ဟြားယြမ္က ပုံၾကမ္းစာ႐ြက္အထပ္လိုက္ကို က်ိဳးထ်န္းရွိရာသို႔ တိုးေပးရင္း စကားဆို၏။

"ဘာေျပာေျပာ အခုအေျခအေနကလည္း အဆိုးႀကီးရယ္လို႔လည္း မဟုတ္ပါဘူး... အနည္းဆုံးေတာ့ ေကာ ငါ့ေဘးနားမွာ စကၠန့္မလပ္ရွိေနနိုင္ၿပီေလ... ငါလည္း ေကာအနားမွာ...စကၠန့္မလပ္ အခ်ိန္ေပးလို႔ ရသြားတာေပါ့...ေနာက္ၿပီး...ေကာကလည္း သူအခုလိုျဖစ္ေနတာကို စိတ္ဓာတ္ထိုးမက်သြားတာမ်ိဳးမွမရွိတာ...သူ႕ဘဝသူ ေရာင့္ရဲ တင္းတိမ္ေက်နပ္ေနေသးတယ္ေလ...ေကာေျပာသလို ဒါေတြအားလုံးက ေျဖ (ေန)တတ္ရင္ ေက်နပ္စရာႀကီးပါ...ဒီပုံၾကမ္းေတြကို... မင္းရခ်င္တယ္ဆိုေတာ့ ယူလိုက္ေတာ့... ဒီပုံၾကမ္းေတြကို ျမင္မိရင္ ငါလည္း အဲ့အခ်ိန္က ေကာကို လစ္လ်ႉရႈ႕မိလိုက္တဲ့ အခ်ိန္ေတြကို ျပန္ေတြးေတြးမိသြားေတာ့ ခံစားခ်က္ကသိပ္မေကာင္းဘူး... ဘာပဲျဖစ္ျဖစ္ မင္းဆီမွာ ယာယီသိမ္းထားရင္လည္း အဆင္ေျပပါတယ္..."

မင္းဆီမွာ ယာယီသိမ္းထားရင္လည္း ဆိုသည့္ စကားေၾကာင့္ က်ိဳးထ်န္းမ်က္ႏွာက မသိမသာတစ္ခ်က္ပ်က္သြားရေပမဲ့ ထိုအေျပာစကားကိုပဲ ေက်နပ္လိုက္မိသည့္ အေလ်ာက္ ပုံၾကမ္းစာ႐ြက္ထပ္မ်ားေပၚသို႔ လက္ဖဝါးခ်၍ ပုတ္ကာ အလိုက္သင့္သာ ျပန္ေျပာလာခဲ့သည္။

"အင္း... ငါ သိမ္းထားလိုက္မယ္...မင္းလိုအပ္တဲ့ အခ်န္က်ရင္ ျပန္ယူလို႔..."

'တြီ..တြီ...တြီ... တီ....' 'တီ တီ တီ တီ...'

၎အသံသည္က လန္ဟြားယြမ္၏ ဖုန္းမွ ဖုန္းေခၚဆိုသံ ထြက္ေပၚလာခဲ့သည့္ အသံပင္ျဖစ္သည္။

ဖုန္း မ်က္ႏွာျပင္ေပၚတြင္ ျမင္ေတြ႕ေနရသည့္ Contact နာမည္သည္က ge ဆိုၿပီး တစ္လုံးထဲပင္။
လန္ဟြားယြမ္၏ ေကာဆီမွသာ...

"ခဏ..."

လန္ဟြားယြမ္က ဖုန္းမ်က္ႏွာျပင္ကို လက္နဲ႕ ပြတ္ဆြဲကာ တစ္ဖက္မွ အဝင္call ကို ခ်က္ခ်င္းလက္ငင္း ကိုင္လိုက္ေလၿပီး အခန္းအျပင္ဘက္သို႔ ေလွ်ာက္လွမ္းသြားေလေတာ့သည္။

သီးသန့္စာၾကည့္ခန္းတြင္ က်န္ရွိခဲ့သည့္သူက က်ိဳးထ်န္းပင္။

က်ိဳးထ်န္းက လန္ဟြားယြမ္ အသုံးျပဳဖို႔ ေ႐ြးခ်ယ္ထားသည့္ ဓာတ္ပုံထပ္မ်ားဆီသို႔ အၾကည့္တစ္ခ်က္ေဝ့ဝဲလိုက္မိၿပီး ထိုင္ခုံေနာက္ကို ေက်ာမွီခ်လိဳက္ကာ
မ်က္ဝန္းမ်ားကို ခတၱမွိတ္ခ်လိဳက္ေတာ့သည္။

က်ိဳးထ်န္း၏ ႏႈတ္မ်ားသည္က အၿပဳံးဟုမဆိုသာသည့္ အၿပဳံးတစ္ပြင့္ ခတၱျဖစ္တည္လာခဲ့သည္။

သူ၏ ႏႈတ္မွလည္း တိုးဖြဖြေရ႐ြတ္လိုက္မိသည္။

"လ်ိဳ႕ေရွာင္ေကာ...အစ္ကိုက တကယ္ကို ကံေကာင္းတာပဲ... သူ ခင္ဗ်ားအတြက္ အရမ္းငဲ့ေပးလြန္းတယ္... တစ္ခ်ိဳ႕အရာေတြဆို မသိျမင္တဲ့ လန္ဟြားက ခင္ဗ်ားနဲ႕ ပတ္သတ္လာရင္ အဲ့လို ဟုတ္မေနေတာ့ဘူး..."

က်ိဳးထ်န္းက သူ႕မ်က္ဝန္းမ်ားကို ခတၱမွိတ္ဆို႔ အနားေပးလိုက္ၿပီး လန္ဟြား ဖုန္းေျပာၿပီး ျပန္အလာကို ထိုင္ေစာင့္ေနလိုက္သည္။
လ်ိဳ႕ေရွာင္ေကာအတြက္ ေမြးေန႕အစီအစဥ္က ေနာက္ေန႕ ညေန ေစာင္းမွပင္။
လန္ဟြားယြမ္က စံအိမ္ရဲ႕ သတ္မွတ္ ေ႐ြးယူထားတဲ့
အဓိက ေနရာေတြကို ပန္းအလွဆင္ဖို႔ကို မနက္ျဖန္မွ စတင္ လုပ္ေဆာင္မည္ျဖစ္သည္။
ပန္းအလွဆင္ရာတြင္ ပန္းေျခာက္ (အတု)မသုံးဘဲ အစစ္မ်ားကိုသာ အသုံးျပဳမွာ ျဖစ္သည့္အတြက္ေၾကာင့္ ထိုေန႕၏ မနက္ပိုင္းမွ အလွဆင္ဖို႔ စီစဥ္သတ္မွတ္ထားတာျဖစ္ေလာက္သည္။
အခ်ိန္နီးကပ္မွ ပန္းအလွဆင္ရသည့္ လန္ဟြား၏ ရည္႐ြယ္ခ်က္သည္ကား အလွဆင္ထားသည့္
ပန္းတို႔ လတ္ဆတ္ၿပီး ရႏွံ႕ပို၍ သင္းပ်ံ့လတ္ဆတ္ေနေစဖို႔ပင္။ လန္ဟြား ယခုလို အခ်ိန္နီးကပ္မွ
လုပ္ရသည့္ ေနာက္ထပ္ရည္႐ြယ္ခ်က္သည္က
အလွဆင္ထားသည့္ ပန္းမ်ားကို ရက္မကူးသြားေစလိုသည့္ အတြက္ေၾကာင့္ျဖစ္သည္။

လန္ဟြားယြမ္ အခန္းအျပင္ထြက္သြားၿပီး
အခ်ိန္တစ္ခုအေရာက္တြင္ ေမွးစင္းထားသည့္ က်ိဳးထ်န္း၏ မ်က္ဝန္းမ်ားသည္က တစ္ဖန္ပြင့္ဟလာခဲ့သည္။

က်ိဳးထ်န္း ေဘးဘက္ကို ၾကည့္လိုက္ေပမဲ့ လန္ဟြားယြမ္က ရွိမေန။

အခ်ိန္အေတာ္ၾကာသည္အထိ သူ လန္ဟြားကို ေစာင့္ေနခဲ့ေပမဲ့ လန္ဟြားက သီးသန့္စာၾကည့္အခန္းထဲကို ျပန္ဝင္မလာခဲ့ေသးေပ။လန္ဟြားက ဒီအတိုင္းမေျပာမဆို မႏႈတ္ဆက္ဘဲ ထြက္သြားမည္ေတာ့မဟုတ္။ ဘာ့ေၾကာင့္ဆို ပန္းအလွဆင္မည့္ ဝန္ေဆာင္မႈ႕ဌာနကို ဖုန္းမဆက္ရေသးသလို အသုံးျပဳမည့္ ပန္းကိုလည္း မေ႐ြးခ်ယ္ရေသးေပ။

ေစာင့္ေနရသည့္ အခ်ိန္က အေတာ္ၾကာလာၿပီျဖစ္တာေၾကာင့္ သူ အခန္းအျပင္ကို ထြက္လာခဲ့လိုက္ၿပီး ၿခံထဲဆင္းၾကည့္ဖို႔ ရည္႐ြယ္လိုက္ရသည္။လန္ဟြား
လ်ိဳ႕ေရွာင္ေကာနဲ႕ ဖုန္းဆက္စေျပာရင္ ၾကာတတ္တာကို သူသိေပမဲ့ ယခုက သတ္မွတ္ထားသည့္ ၾကာခ်ိန္ထက္ပင္ ေက်ာ္လြန္သြားၿပီျဖစ္သည္။
သူေတာင္ ထိုင္ေစာင့္ေနရင္း ေမွးခနဲ အိပ္ေပ်ာ္သြားမိလား သိပ္မသည္းကြဲေပ။
စံအိမ္ေတာ္ထဲမွာက မီးထိန္လင္းေအာင္ အၿမဲ ဖြင့္ထားတာေၾကာင့္ အခ်ိန္ေတာ္ေတာ္ ကုန္ဆုံးၾကာျမႇင့္သြားသည္ကို သတိမထားမိလိုက္ေပ။ ၿခံထဲဆင္းမွသာ အျပင္ဘက္က ေတာ္ေတာ္ေမွာင္ေနၿပီမွန္း သူသိလိုက္ရသည္။

သူ႕လက္က နာရီကို တစ္ခ်က္ၾကည့္မိလိုက္ေတာ့ အခ်ိန္က ၆နာရီပင္။ အခ်ိန္က ၃နာရီမွ ၆နာရီသို႔ ကူးေျပာင္းေရာက္ရွိသြားၿပီျဖစ္သည္။ ထိုမွသာ က်ိဳးထ်န္းက သူေမွးခနဲ အိပ္ေပ်ာ္သြားမိတာကို လက္ခံလိုက္ရေတာ့သည္။

က်ိဳးထ်န္း ကားပါကင္ဘက္ကို တစ္ခ်က္ၾကည့္လိုက္ေတာ့ လန္ဟြားကားက ရွိမေနေတာ့။
လန္ဟြားထြက္သြားတာ အေတာ္ပင္ ၾကာသြားေလာက္ၿပီ ျဖစ္ေလာက္မည္။

က်ိဳးထ်န္းသည္ စံအိမ္ေတာ္ထဲကို ျပန္ဝင္ခဲ့လိုက္ၿပီး
သီးသန့္စာၾကည့္ခန္းရွိရာကို ေလ်ာက္လာခဲ့လိုက္သည္။ သူ ဖုန္းက သီးသန့္စာၾကည့္ခန္းထဲမွာ က်န္ခဲ့တာပင္...
သူ ေလာေလာ ေလာေလာနဲ႕ ထြက္လာခဲ့မိလိုက္၍ ဖုန္းကို တစ္ပါးထဲ ယူခဲ့ဖို႔ ေမ့သြားရတာျဖစ္သည္။

က်ိဳးထ်န္း သီးသန့္စာၾကည့္ခန္းထဲကို ေရာက္သည္ႏွင့္ စာပြဲရွည္ေပၚမွ တင္ခ်ထားသည့္ ဖုန္းကို ယူကာဖြင့္လိုက္ၿပီး contact တစ္ခု ႏွိပ္လိုက္သည္။

သူဆက္သြယ္ေနမိတာက လန္ဟြားဆီသို႔သာ။

ဖုန္းမွ auto အသံေပးစနစ္ျဖင့္ ဖုန္းစက္ပိတ္ထားသည့္ အသိေပးခ်က္အသံက ထြက္ဟလာခဲ့သည္။

လန္ဟြားယြမ္၏ ဖုန္းက စက္ပိတ္ထားသည့္ အတြက္ေၾကာင့္ သူ ထပ္မေခၚမိေတာ့။
လန္ဟြားက ပန္းဒီဇိုင္းအလွဆင္ဌာနကို ကိုယ္တိုင္ကိုယ္က်ပဲ ဖုန္းဆက္ေျပာၿပီးသြားေလာက္ၿပီ ျဖစ္ေလာက္သည္။ ေ႐ြးခ်ယ္မည့္ ပန္းကိုလည္း ခ်စ္ရသူအတြက္ သူကိုယ္တိုင္ကိုယ္က်ပဲ
စိတ္ႀကိဳက္ ေ႐ြးခ်ယ္ဖို႔ ႀကံ႐ြယ္လိုက္တာျဖစ္နိုင္သည္။

က်ိဳးထ်န္းက စာပြဲေပၚက ေ႐ြးခ်ယ္စီရီထားသည့္ အသုံးမလိုေတာ့သည့္ ဓာတ္ပုံအထပ္လိုက္ႏွင့္ သူ႕ကိုယာယီသာ သိမ္းဆည္းထားေစခ်င္သည့္
ပုံၾကမ္းစာ႐ြက္ အထပ္လိုက္ကို ယူမ လိုက္ၿပီး
သူ႕ကိုယ္ပိုင္လ်ိဳ႕ဝွက္ခန္းထဲတြင္သာ သိမ္းဆည္းဖို႔ ျပင္လိုက္ရေတာ့သည္။

လန္ဟြားက ေနာက္တစ္ေန႕မနက္မွ သူ႕ဆီကို ပန္းအလွဆင္ ကူညီခိုင္းဖို႔ ေရာက္လာပါလိမ့္မည္။
မေျပာမဆိုထြက္သြားသည့္ အေၾကာင္းအရင္းက တျခားလိုအပ္တာေတြ စီစဥ္ဖို႔အတြက္ ထြက္သြားတာပင္ျဖစ္ေလာက္မည္။

လန္ဟြားက လက္ထပ္ခြင့္ေတာင္းမည့္ လက္ထပ္လက္စြပ္ကိုလည္း သူ႕ကို လာမႂကြားဝါေသးေပ။
မဝယ္ရေသးလို႔ပဲ ျဖစ္ေလာက္သည္။ ဝယ္ထားၿပီးပါက သူငယ္ခ်င္းျဖစ္တဲ့ သူ႕ကိုေတာ့ ျပေလာက္မည္မဟုတ္လား။ အခု ဖုန္းစက္ပိတ္ထားသည့္ အေၾကာင္းအရင္းကလည္း ထိုကဲ့သို႔ အေရးႀကီးသည့္ ကိစၥရပ္မ်ားေၾကာင့္သာ ျဖစ္နိုင္သည္။

က်ိဳးထ်န္းက ထိုသို႔သာ သတ္မွတ္ေတြးေတာလိုက္ေလၿပီး သူလုပ္စရာရွိသည့္ သာမညကိစၥရပ္မ်ားကို လုပ္ေနက်အတိုင္းပဲ ဆက္လက္ လုပ္ေဆာင္ေနလိုက္
ေတာ့သည္။

ယေန႕ကုန္လြန္သြားရသည့္ ၾကာခ်ိန္သည္က ခါတိုင္းေန႕မ်ားကဲ့သို႔ပင္။
က်ိဳးထ်န္းသည္ ခါတိုင္း ေန႕ရက္မ်ားထက္ ေစာစီးစြာပင္ အိပ္ရာဝင္လိုက္သည္။
ေနာက္တစ္ေန႕ဆို လန္ဟြားက စံအိမ္ႀကီးကို ပန္းအလွဆင္ဖို႔ရာ သူ႕ကိုလာၿပီးအကူအညီေတာင္းမည္ မဟုတ္လား။ ဒါ့ေၾကာင့္ပင္ သူေစာစီးစြာ အိပ္ရာဝင္ဖို႔ဆုံးျဖတ္လိုက္သည္။

သိပ္မၾကာခင္ အခ်ိန္အေတာအတြင္းမွာပင္ က်ိဳးထ်န္းသည္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေပေတာ့သည္။

က်ိဳးထ်န္း အိပ္ေပ်ာ္သြားေလသည့္ အခ်ိန္သည္ကား
ည၁၁ နာရီ ခြဲေလာက္ပင္။

က်ိဳးထ်န္းအိပ္ေမာက်ေနသည့္ ကုတင္၏ ေဘးစာပြဲေပၚမွ တင္ထားသည့္ နာရီ၏ ျမည္သံတခ်က္ခ်က္သည္က ပုံမွန္ႏႈန္းျဖင့္ လည္ပတ္သြားလာေနေပသည္။

နာရီသံ တခ်က္ခ်က္ႏွင့္ မိနစ္ စကၠန့္ လက္တံမ်ားသည္က အခ်ိန္၏ ကုန္ဆုံးမႈအေလ်ာက္ တေ႐ြ႕ေ႐ြ႕လည္ပတ္သြားလာေနခဲ့သည္။

ေနာက္တစ္ေန႕ နံနက္၏အခ်ိန္ ၅နာရီခြဲ လုနီးပါးေလာက္တြင္ေတာ့ ဖုန္းေခၚဆိုသံ တတြီတြီႏွင့္အတူ ဖုန္း၏ မ်က္ႏွာျပင္သည္က ပြင့္ဟလာခဲ့သည္။

က်ိဳးထ်န္း၏ မ်က္လုံးမ်ားသည္လည္း ထိုဖုန္းေခၚဆိုသံေၾကာင့္ ပြင့္ဟလာခဲ့ၿပီး မ်က္ေမွာင္တစ္ခ်က္က်ဳံ႕ကာ ဖုန္းရွိရာသို႔ လက္လွမ္းယူလိုက္ေလသည္။
က်ိဳးထ်န္းက အိပ္ထားသည့္ အရွိန္ေၾကာင့္ ခ်က္ခ်င္းမထနိုင္ေသးဘဲ အိပ္ရာထက္တြင္ လွဲေလ်ာင္းေနလ်က္ပင္ ဖုန္းေခၚဆိုသည့္ တစ္ဖက္မွလူကို စိတ္အလိုမက်စြာေမးျမန္းလိုက္မိသည္။

က်ိဳးထ်န္းက ေခၚဆိုလာသည့္ ဖုန္းနံပါတ္ကိုလည္း မၾကည့္မိေပ။
က်ိဳးထ်န္း၏ နားထဲတြင္ ဖုန္းသံတစ္ဖက္မွ အမ်ိဳးသမီးတစ္ဉီး၏ တအင့္အင့္ျဖင့္
ငိုရွိုက္ေနသည့္ အသံကို ၾကားလိုက္ရေပသည္။

က်ိဳးထ်န္းက အိပ္ခ်င္မူးတူးမ်က္ဝန္းမ်ားျဖင့္ မ်က္ေမွာင္ကို ထပ္မံ၍ပင္ တစ္ခ်က္ျပန္က်ဳံ႕လိုက္မိၿပီး contact နာမည္ကို တစ္ခ်က္ၾကည့္လိုက္မိသည္။
နာမည္ မွတ္မထားေပ။ယခု ေခၚဆိုလာသည့္ ဖုန္းသည္က သူမသိသည့္ နံပါတ္စိမ္းပင္။ သို႔ေပမဲ့ သူလည္း သိလိုစိတ္ျဖင့္ တစ္ဖက္မွ အမ်ိဳးသမီးကို တစ္ခ်က္ေမးလိုက္မိသည္။

"ဘယ္သူလဲ... ဖုန္းမွားေနတာလား..."

"အဟင့္...အဟင့္... ကြၽန္မ ကြၽန္မပါ..."

က်ိဳးထ်န္းက ငိုသံႀကီးျဖင့္ မသဲမကြဲၾကားေနရသည့္ မိန္းမတစ္ေယာက္၏ အသံႀကီးေၾကာင့္ ေခါင္းတခ်က္ကုပ္လိုက္မိၿပီး ဆက္ေမးလိုက္မိသည္။

"မင္း ဘယ္သူလဲ...ဘာလို႔ ငိုပဲ ငိုေနရတာလဲ.."

ဖုန္းသံတစ္ဖက္မွ မိန္းမပ်ိဳထံမွ ငိုသံကို အတတ္နိုင္ဆုံးထိန္းထားသည့္ ဟန္ျဖင့္ ျပန္လည္ ေျဖဆိုသံထြက္ဟလာခဲ့သည္။

"ကြၽန္မ ကြၽန္မ ပါ... လန္... ယြဲ႕... မူပါ...ယြမ္....
ယြမ္ေလးရဲ႕ အမပါ..."

ထိုအခါမွ က်ိဳးထ်န္းက လွဲအိပ္ၿပီး ေျပာေနရာမွ ေငါက္ခနဲ ထထိုင္လိုက္မိသည္။ တစ္စုံတစ္ရာ၏ ေစစားခ်က္အရ သူ႕စိတ္ခံစားခ်က္မ်ားသည္လည္း မေကာင္းျဖစ္လာရသည္။ သူစိတ္ထင္မိ၍ဘဲ ျဖစ္ေလာက္သည္။
က်ိဳးထ်န္းသည္ သူ၏ စိတ္ကို အတတ္နိုင္ဆုံး ေလ်ာ့ခ်လိဳက္ေလၿပီး လန္ယြဲ႕မူထံ ေမးျမန္းမိသည္။

"ဘာျဖစ္လို႔ ဒီေလာက္ငိုေနရတာလဲ... အေၾကာင္းအရင္းကို စုံေအာင္ေျပာ...လန္ဟြားနဲ႕ သက္ဆိုင္ေနလို႔လား...အခု ဖုန္းဆက္လိုက္တာက...သူ ဘာျဖစ္လို႔လဲ.."

က်ိဳးထ်န္းက သူ႕ဖုန္းနံပါတ္ကို ဘယ္လို ရထားလည္း မေမးမိေတာ့ေပ။ သူ႕စိတ္ထဲတြင္ မေန႕က အသိမေပး ႏႈတ္မဆက္ပဲ လန္ဟြား ဒီတိုင္းျပန္သြားတာကို ေတြးေတာမိလိုက္မိၿပီး စိတ္ပူပန္ေနမိတာေၾကာင့္ျဖစ္သည္။

လန္ယြဲ႕မူ၏ ငိုယိုၿပီး ျပန္လည္ ေျဖၾကားသည့္ အသံက ဖုန္းသံတစ္ဖက္မွ ထြက္ဟလာခဲ့သည္။

"အဟင့္..ယြမ္ေလး...ယြမ္ေလး...နဲ႕ သူ႕ခ်စ္သူ...စံအိမ္ႀကီးထဲမွာ...အဟင့္..."

လိုရင္းကို ေရာက္မလာေသးသည့္ လန္ဟြားအမေၾကာင့္ က်ိဳးထ်န္းက သူသိခ်င္သည့္ အရာကိုသာ ေသခ်ာေမးျမန္းလိုက္မိသည္။

"စံအိမ္...စံအိမ္ဆိုတာ...လန္ဟြား သူ႕ခ်စ္သူနဲ႕ အတူေနဖို႔ ေဆာက္ထားတဲ့ စံအိမ္လား...ဘာျဖစ္တာလဲ...ခင္ဗ်ားက အဲ့ကိုေရာက္ေနတာလား...ဘာလို႔ေရာက္...."

က်ိဳးထ်န္း၏ စကားသည္ပင္ ဆက္မဆိုမိဘဲ ရပ္တန့္သြားရေပေတာ့သည္။

က်ိဳးထ်န္းသည္ ဖုန္းသံတစ္ဖက္မွ တဝီ ဝီ ျမည္ေနသည့္ မီးသတ္ကားသံ ႏွင့္ ခပ္ဆင္ဆင္ တူသည့္
အခ်က္ေပးသံကို တစြင္းနားဖ်ား ၾကားလိုက္ရ၍ျဖစ္သည္။ အလားတူ ရဲကားမ်ား၏ တတြီ တြီ အခ်က္ျပ အသံမ်ားသည္လည္း သူ၏နားအတြင္းသို႔ တခ်က္တစ္ခ်က္ ေရာက္ရွိလာခဲ့သည္။

က်ိဳးထ်န္း လန္ယြဲ႕မူကို မည္သည့္ စကားမွ ဆက္ၿပီး ေမးျမန္းမေနေတာ့ဘဲ ဖုန္းကို အျမန္
ပိတ္လိုက္ၿပီး ေဘာင္းဘီအိပ္ကပ္ထည့္ကာ...
ကားေသာ့ဆြဲယူၿပီး ၿခံထဲရွိ ကားပါကင္ရွိရာဆီသို႔ အ
လ်င္စလိုေျပးဆင္းလာခဲ့လိုက္သည္။
သူ႕စိတ္ထဲမွလည္း တသသ ဆုေတာင္းေနမိသည္။ မျဖစ္သင့္ မျဖစ္ထိုက္တာေတြ ျဖစ္မလာပါေစနဲ႕ ဟုဆိုၿပီး။
က်ိဳးထ်န္း ဖိနပ္ကိုပင္ မည္သို႔ လ်ိဳဝတ္ (စီး)လိုက္သည္လည္း သတိမထားမိ။ သူသတိထားမိသည့္ အခ်ိန္တြင္ သူ၏ ကားသည္က ရွန္ဟိုင္းၿမိဳ႕စပ္ဆီသို႔ ဉီးတည္ေမာင္းႏွောင္ေနၿပီျဖစ္သည္။

က်ိဳးထ်န္းသည္ ကားကို အလ်င္စလို ေမာင္းႏွင္လာခဲ့မိသည္။
ယခုတြင္ သူသည္ တျခားမည္သည့္ အရာမ်ားကိုမွလည္း ဂ႐ုမစိုက္နိုင္သလို ေတြးလည္း မေတြးေတာမိပါေခ်။ သူ၏ စိတ္သည္က ဉီးတည္ေမာင္းႏွင္ေနသည့္ စံအိမ္ႀကီးရွိရာ အရပ္စီသို႔ အျမန္ေရာက္ေစရန္သာ ေဇာကပ္ေနမိသည္။ ကားေမာင္းေနစဥ္အေတာအတြင္းမွာလည္း 'ဘာမွ မျဖစ္ၾကပါေစနဲ႕'မွ လြဲ၍ က်န္သည့္ မည္သည့္ အရာကိုမွ ဆုမေတာင္းမိသလို ေတြးလည္းမေတြးဆမိ။
သူ၏ တစ္ကိုယ္လုံး ထူပူႀကိမ္းစပ္ေနရတာကိုေတာ့ သူသတိထားမိသည္။

လန္ဟြားတို႔ အတူေနၾကမည့္ စံအိမ္ႀကီးနဲ႕ သိပ္အလွမ္းမေဝးေတာ့သည့္ ေနရာနားသို႔ ကားအေရာက္တြင္ေတာ့ မီးသတ္ကား၏ အခ်က္ေပးသံ ႏွင့္ ရဲကား၏ အခ်က္ေပးသံ တဝီ ဝီကို သူ စၾကားရၿပီျဖစ္သည္။
က်ိဳးထ်န္း၏ ရင္ဘတ္တစ္ခုလုံး ႐ုတ္ခ်ည္းဆိုသလို ခ်က္ခ်င္း ဆို႔နစ္လာရေတာ့သည္။
သို႔ေပမဲ့ သူ၏ ႏႈတ္ကေတာ့ ယခုထိ ဘာမွမျဖစ္ၾကပါေစရန္ ဆုေတာင္းေနမိဆဲ။

က်ိဳးထ်န္းသူ႕ကားကို ကနဉီးေမာင္းႏွင္းလာခဲ့သည့္ ႏႈန္းထက္ ပို၍ အရွိန္ျမႇင့္တင္မိလိုက္သည္။
စံအိမ္ႀကီးရွိရာကို ေရာက္ရွိဖို႔ ကားကို ကားလမ္းေထာင့္ခ်ိဳးေကြ႕ၿပီး ေမာင္းႏွင္ရေပအူးမည္။
က်ိဳးထ်န္းက ေမာင္းႏွင္လာခဲ့သည့္ ကားကို စံအိမ္ရွိရာဘက္သို႔ ခ်ိဳးေကြ႕လိုက္သည္။
က်ိဳးထ်န္း၏ ျမင္လႊာအေရွ႕ စတင္
ျမင္ေတြ႕လိုက္ရသည္က အုပ္ဆိုင္းေနသည့္သစ္ပင္ႀကီးမ်ား၏ အထက္တြင္ ေကာင္ကင္ တိမ္တိုက္မ်ားဆီသို႔ တၫႊန့္ၫႊန့္ ပ်ံတက္ေနေသာ မီးခိုးေငြ႕မ်ား ။ မီးခိုးေငြ႕မ်ားသည္က အလုံးလိုက္အခဲလိုက္ပင္။
ထို သစ္ပင္ႀကီးမ်ား၏ အေနာက္ဘက္တြင္ လန္ဟြားတို႔ရဲ႕ စံအိမ္အသစ္ႀကီးရွိေပသည္။ လန္ဟြားအမရဲ႕ အေျပာက တကယ္ႀကီးပဲ မွန္ကန္ေနခဲ့သည္လား...။
မည့္သည့္ အတိုင္းအဆထိမ်ား ျဖစ္ပ်က္သြားရလို႔ မီးခိုးေငြ႕မ်ားသည္က ဤမွ်ေလာက္မ်ားေနရသည္နည္း။
သူလည္း ဘာမွ ဆက္ၿပီး မေတြးဆရဲပါေတာ့ေခ်။

က်ိဳးထ်န္း မည္သည္ကိုမွ ဆက္၍ မေတြးဆရဲ႕ေတာ့သည့္ အခိုက္မွာပင္ က်ိဳးထ်န္းမ်က္ဝန္း၏ ျမင္လႊာေရွ႕တြင္ စံအိမ္ႀကီး၏ အသြင္အျပင္သည္က
ထင္ဟပ္လာခဲ့ ၿပီျဖစ္သည္။
က်ိဳးထ်န္း၏ ျမင္လႊာထဲတြင္ ထင္ဟပ္ေနသည့္
စံအိမ္ႀကီး၏ အသြင္အျပင္သည္ကား
ေလးပုံမွာ သုံးပုံေလာက္က မီးကြၽမ္းၿပီးသားျဖစ္ေနေလၿပီး က်န္သည့္ တစ္ပုံသည္က ဆက္လက္ေလာင္ၿမိဳက္လို႔ေနဆဲ...။

က်ိဳးထ်န္းသည္ ကားကို မီးေလာင္ေနသည့္ စံအိမ္ႀကီး၏ ဆီးတားထားသည့္ အျပင္ဘက္ေဘးမွာပဲ အလ်င္စလိုထိုးရပ္လိုက္မိသည္။

က်ိဳးထ်န္းက သူ႕ရဲ႕ ေလးပင္လာရတဲ့ ေျခေထာက္ေတြကို အနိုင္မ ရင္း ကားထဲမွ ထြက္ကာ
စံအိမ္ႀကီး၏ အေရွ႕ကိုက္အကြာမွ ႀကိဳးနီ ႀကိဳးဝါတို႔ျဖင့္သြယ္တန္းထားသည့္ ေနရာဆီသို႔
အနိုင္နိုင္ ေလ်ာက္လွမ္းလာခဲ့မိသည္။
သူ ယခု ျမင္ေတြ႕ေနရသည္က မီးၿငိမ္းသတ္ၿပီးလုနီးပါးျဖစ္ေနသည့္ စံအိမ္ေတာ္ႀကီးပင္။
စံအိမ္ႀကီးက မီးအျပင္းအထန္ ေလာင္ကြၽမ္းၿပီးသားျဖစ္တာေၾကာင့္ ရစရာတစ္ခုမွ မရွိေတာ့ေပ။ ေကာင္းမြန္သည့္မည္သည့္အရာတစ္ခုမွ က်န္ရွိမေနေတာ့။
က်ိဳးထ်န္းက ယုတ္ခ်ည္းဆိုသလို တစ္စုံတစ္ရာကို သတိရမိလိုက္သည္။

က်ိဳးထ်န္း၏ အၾကည့္မ်ားသည္ မီးေလာင္ေနသည့္ စံအိမ္ႀကီးဆီမွ ဖယ္ခြာသြားၿပီး အေရးေပၚလူနာတင္ယာဥ္ဆီသို႔ အၾကည့္ေရာက္သြားေတာ့ငည္။
သူသည္ ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ အေရးေပၚလူနာယာဥ္ကားဆီသို႔ အေျပး သြားမိသည္။

မီးအျပင္းအထန္ေလာင္ၿမိဳက္ၿပီးသြားေပမဲ့ အားလုံးနီးပါးကို ၿငိမ္သတ္ၿပီးသြားပုံေထာက္ရင္ လန္ဟြားတို႔သည္က ေဆးကုသမႈ႕ခံယူဖို႔ ထိုကားေပၚတြင္ရွိေနေပလိမ့္မည္။
ဒီေလာက္အထိ အျပင္းအထန္ ေလာင္ၿမိဳက္ထားတာကိုေတာင္ ရဲေတြ မီးသတ္ေတြ ၿငိမ္ေနပုံေထာက္ရင္ လန္ဟြားတို႔ ေဘးကင္းလို႔ျဖစ္ပါလိမ့္မည္။

ဒါက အလ်င္စလို လႈပ္ရွားသြားလာမႈ႕ေတြမရွိေတာ့သည့္ မီးသတ္ေတြ နဲ႕ ရဲတစ္ခ်ိဳ႕ကို ျမင္မိၿပီး ထင္ျမင္မိလိုက္သည့္ က်ိဳးထ်န္း၏ မွန္းဆခ်က္ပင္။

က်ိဳးထ်န္း လူနာတင္ကားဆီသို႔ေရာက္ေတာ့ သူထင္
မွတ္ထားသလို လန္ဟြားတို႔က ရွိမေန။
က်ိဳးထ်န္း အေယာင္အေယာင္နနနဲ႕ ပ်ာပ်ာသလဲလဲ
ျဖင့္ပင္ ေယာက္ယက္ခတ္စြာ လန္ဟြားအမကိုသာ ေဝ့ဝဲ ရွာၾကည့္မိေတာ့သည္။

ေရာက္ရွိေနၾကသည့္ လူတစ္ေယာက္မက်န္ ၊ တစ္ေယာက္ခ်င္းစီကို ဆြဲယူကာ လန္ဟြားတို႔ ဟုတ္မဟုတ္။ လန္ဟြားအမ ရွိမရွိ ရွာၾကည့္ေနမိသည္။

သူ၏ ႏႈတ္မွလည္း လူတစ္ေယာက္ မ်က္ႏွာကို ဆြဲလွည့္ၾကည့္လိုက္တိုင္း လန္ဟြားလား...လ်ိဳ႕ေရွာင္ေကာလား...လန္ဟြားအမလား...ဆိုၿပီးတစ္ေယာက္ခ်င္းစီတိုင္းကို နာမည္ တစ္ခုစီျဖင့္ ေရ႐ြတ္ႏႈတ္ဟေနမိသည္။ သူ၏ စိတ္ထဲတြင္ ထိုလူေတြက လန္ဟြားတို႔ဟုတ္မေနရင္ေတာင္ လန္ဟြားအမ ျဖစ္ေနပါလွ်င္ လန္ဟြားတို႔ဘယ္မွာ ရွိမွန္းေမးျမန္းၾကည့္လို႔ရနိုင္သည္ဟု ယူဆထားမိတာေၾကာင့္ျဖစ္သည္။

ဒီအခ်ိန္မွာ သူ တျခားမည္သည့္တစ္ဉီးတစ္ေယာက္ကိုမွ လန္ဟြားတို႔ ဘာျဖစ္သြားေသးလဲဟု မေမးျမန္းမိပါ။ အေျဖမွန္ကိုသာ ေပးနိုင္မည္ဟု လတ္တေလာသူေတြးထင္ေနမိသည့္ လူသုံးေယာက္ကိုသာ ရွာေနမိသည္။ဒါက ယခုအေျခအေနျဖစ္အပ်က္ေၾကာင့္
တစ္ကိုယ္လုံး ထူပူေနမိ၍ ဘာမွ မေတြးေခၚမစဥ္းစားနိုင္ေတာ့သည့္ က်ိဳးထ်န္း၏ လက္ရွိအေျခအေနပင္ျဖစ္သည္။ သူ၏ ပုံစံက ခ်စ္ခင္ရသည့္ သူမ်ားကို အ႐ူးတစ္ပိုင္းလိုက္ရေနရသည့္ လူတစ္ေယာက္နဲ႕လည္း အသြင္တူညီသလို... သားတို႔ေပ်ာက္သည့္ မိခင္နဲ႕လည္း ဆင္တူေနေပသည္။

သိပ္မၾကာခင္မွာပင္ က်ိဳးထ်န္၏ ျမင္လႊာထဲတြင္ အၿပိဳၿပိဳအလဲလဲ ပုံပန္းသ႑ာန္ျဖင့္ ေဘးက အေဖာ္အမ်ိဳးသမီးတစ္ေယာက္ကို အားျပဳ၍ရပ္ကာ ငိုယိုေနေလသည့္ လန္ဟြားအမ၏ ပုံရိပ္သည္က ထင္ဟပ္လာခဲ့သည္။

က်ိဳးထ်န္းသည္ လန္ဟြားအမကို ေတြ႕ေတြ႕ခ်င္းမွာပင္ ခ်က္ခ်င္းဆိုသလိုပဲ လန္ဟြားအမအနားသို႔ ေရာက္ရွိ သြားေတာ့သည္။ က်ိဳးထ်န္း သူ႕ကိုယ္၌ပင္ အေျပးသြားလိုက္မိမွန္းသတိမမူ မိပါေခ်။
အမွန္သည္က သူ ပုံပ်က္ပန္းပ်က္ကို ေပြးသွားလ်ဳက်တာပင်ဖြဈသည်။ သူ၏ ႏွဖူးအထက္တြင္လည္း ေခြၽးစက္မ်ားက စို႐ြဲေနေလၿပီး ရင္အုံႏွစ္ထက္လုံးသည္လည္း ေမာဟိုက္ဆို႔နစ္မႈ႕ေၾကာင့္ နိမ့္ေခ်ျမင့္ေခ်ျဖင့္ပင္ျဖစ္ေနရသည္။

က်ိဳးထ်န္းက ဆို႔နစ္ဝမ္းနည္းေနရတာေၾကာင့္
သူ႕လည္ပင္းကို အသံထြက္လာေအာင္ဖ်စ္ညစ္ကိုင္လိုက္ၿပီး သိခ်င္တာကို အတင္းဇြက္ေရာေမးျမန္းလိုက္မိသည္။

"လန္ဟြား...လန္ဟြား...ေရာ...ဘယ္မွာလဲ...သူဘာမွမျဖစ္ဘူးမဟုတ္လား...ေဆး႐ုံပို႔လိုက္ၿပီလား...လူနာယာဥ္ကားထဲမွာ မေတြ႕မိဘူး...သူတို႔ ဘာမွ ဆိုးဆိုးဝါးဝါးႀကီး ျဖစ္မသြားၾကဘူး မဟုတ္လားး..."

လန္ဟြားအမက ငိုယိုေနဆဲပင္။ သူမက က်ိဳးထ်န္း၏ စကားကို ျပန္၍ေျဖမလာခဲ့ေပ။

က်ိဳးထ်န္းက စိတ္မရွည္စြာျဖစ္လာရၿပီး လန္ဟြားအမ၏ ပုခုံးႏွစ္ဖက္ကို ခပ္နာနာ ဆုပ္ကိုင္ လႈပ္ယမ္းၿပီး မရမက အတင္းဇြက္ေရာ ေမးျမန္းမိသည္။

"ဘာလို႔ မေျဖတာလဲ...သူတို႔ေရာ...သူတို႔ဘယ္မွာလဲ...သူတို႔က ဘယ္လိုလုပ္ၿပီး ...ဘာလို႔ ...ဘာလို႔ ဒီမွာ...ဘယ္အခ်ိန္က...ဘယ္လိုလုပ္...ဘာလို႔ ဒီကို...
က်စ္..."

က်ိဳးထ်န္း၏ အေမးမ်ားသည္က အဆီးအေငါ့မတည့္ေတာ့။ သူ ေမးခ်င္မိပါသည့္ ေမးခြန္းမ်ားသည္က အရမ္းမ်ားလြန္းသည္။

အခု သူေမးရမွာက...

လန္ဟြားက ဒီေန႕ရဲ႕ ညေနေရာက္မွ သူ႕ခ်စ္သူကို စံအိမ္ႀကီးကို စၿပီးမိတ္ဆက္ အသိေပးျပသမွာ မဟုတ္ဘူးလား...လို႔ဆိုၿပီးေတာ့လား...

ဒါမွမဟုတ္...

သူတို႔ႏွစ္ေယာက္က ဘယ္လိုလုပ္ၿပီး ေမြးေန႕
အစီအစဥ္ထက္ေစာၿပီး ဒီအိမ္ႀကီးကို ေရာက္လာခဲ့ၾကတာလဲ ဆိုၿပီးမွလား...အဲ့လိုမွ မဟုတ္ရင္...

သူတို႔က မေန႕ညကတည္းက ဒီစံအိမ္ႀကီးဆီကို ႀကိဳလာခဲ့ၾကတာလားးး ဆိုၿပီးေတာ့ ေမးရမွာလား...

ဒါက မည္သူသိနိုင္မည္နည္း။ ဒီေမးခြန္းကို လန္ဟြားအမကေရာ မည္သို႔ေျဖနိုင္မည္နည္း။

ဒီကိစၥကို ကာယကံရွင္ေတြထက္ မည္သူက သိျမင္နိုင္မည္နည္း။

သို႔ေပမဲ့ ယခုအခ်ိန္တြင္ သူေမးခ်င္သည့္ ယခုေမးခြန္းမ်ားထက္ ပိုအေရးႀကီးသည့္ သူသိခ်င္မိသည့္ ေမးခြန္းတစ္ခုရွိေပသည္။

ဒါက လန္ဟြားတို႔ ႏွစ္ဉီး ေဘးကင္းရဲ႕လား ဆိုတာပင္။

လန္ယြဲ႕မူ၏ ႏႈတ္မွ ထြက္အံလာခဲ့သည့္
တုန္တုန္ယင္ယင္ျဖစ္ေနသည့္ စကားလုံးမ်ားက က်ိဳးထ်န္း၏ နားစည္အတြင္းသို႔ ဝင္ေရာက္ ရိုက္ခတ္လာခဲ့သည္။

"မ မရွိေတာ့...ဘူး... မရွိ ေတာ့ ဘူး...သူ...တို႔..."

"ဘာ! ....ဘာေျပာလိုက္တယ္..."

က်ိဳးထ်န္းက ထိုကဲ့သို႔ေသာ အာေမဋိတ္ အသံကို ျပဳလိုက္မိၿပီး သူ၏ ေျခလွမ္းမ်ားကိုပင္ သတိမမူမိစြာျဖင့္ ေနာက္သို႔ ႏွစ္လွမ္းဆုတ္လွမ္းလိုက္မိေတာ့သည္။

လန္ဟြားအမက သူ ဆက္မၾကားခ်င္ မသိခ်င္မိေတာ့သည့္ စကားလုံးမ်ားကို ထပ္မံ၍ ႏႈတ္ဟေျပာၾကားလာခဲ့သည္။

"ယြမ္ေလးး ယြမ္ေလးလည္းး မရွိေတာ့ဘူး....အားလုံးေနာက္က် သြားးၿပီ... အဟင့္...အေလာင္းကိုေတာင္ ေကာင္းေကာင္းမြန္မြန္ ျပန္ရဖို႔ မျဖစ္နိုင္ေတာ့ဘူး..."

"...!..."

"သူ..သူတို႔ေျပာ..တာေတာ့...မီးစြဲေလာင္ခံထားရတဲ့ အရိုးစုေတြကိုေတာ့.. တစ္စုတစ္စည္းထဲ...ရွာေတြ႕ၿပီလို႔ေတာ့ေျပာတယ္...ဒါေပမဲ့ မီးကအရမ္းျပင္းလြန္းလို႔ အ...အခုထိ မထုတ္နိုင္ၾကေသးဘူးတဲ့...ၿပီးေတာ့... အထဲက လူေတြက ေသၿပီးသားေတြျဖစ္ေနၿပီဆိုတာေသခ်ာေနေတာ့ သူတို႔က အခုလို...လက္ေလ်ာ့လိုက္ၾကေတာ့ တာ...အ..ဟင့္.."

က်ိဳးထ်န္းက မယုံၾကည္နိုင္သလိုျဖင့္ ေခါင္းအသြင္သြင္ခါရမ္းေနမိရင္း တတြက္တြက္ ေရ႐ြက္
ေျပာဆိုေနမိသည္။

"မျဖစ္နိုင္ဘူး...ဘယ္လို လုပ္ ျဖစ္နိုင္မွာလဲ...အဲ့လို ျဖစ္လို႔မရဘူး...မျဖစ္သင့္ဘူး... မယုံဘူး...ဘာလို႔ သူတို႔က မီးထဲပါရမွာလဲ..."

က်ိဳးထ်န္းသည္ တစ္စုံတစ္ရာကို သတိရသြားဟန္ျဖင့္ သူ႕ေဘာင္းဘီ အိတ္ကပ္အတြင္းသို႔ လက္ႏွိုက္လိုက္သည္။ သူ ဖုန္းကို အလ်င္စလို ဖြင့္ၿပီး လန္ဟြားဆီကို ဖုန္းဆက္ၾကည့္လိုက္သည္။

ဖုန္းမွ ထြက္ဆိုလာခဲ့သည့္ ဆက္သြယ္၍ မရနိုင္ပါ ဆိုသည့္ အသိေပးခ်က္စကားေၾကာင့္ က်ိဳးထ်န္း ေျမျပင္ထက္တြင္ ႐ုပ္ႀကိဳးျပတ္စြာနဲ႕ ျဖစ္သလို ထိုင္ခ်မိလိုက္ေတာ့သည္။

ဆက္သြယ္၍ မရနိုင္သည့္ လန္ဟြားဆီကိုလည္း ထပ္မံ၍ ဆက္ၾကည့္မေနေတာ့။ မေန႕က သူ ဆက္ၾကည့္တုန္းကပင္ စက္ပိတ္ထားသည္ဟု ေျဖဆိုလာပါေသးသည္။ ဒီတစ္ခါတြင္ေတာ့ ဆက္သြယ္၍မနိုင္ပါဟု အလိုအေလ်ာက္ အသိေပးစနစ္က သူ႕ကို ေျပာၾကားေနေလသည္။ေမွ်ာ္လင့္ခ်က္က လုံးဝေပ်ာက္ရွသြားရေပေတာ့သည္။

ဒီပုံစံအတိုင္းသာဆိုရင္... လန္ဟြားတို႔ျဖစ္ဖို႔ဆိုတာ...ရာခိုင္းႏႈန္း အေတာ္မ်ားေနၿပီပင္။
သူ႕အေနနဲ႕ စံအိမ္ႀကီးထဲ ေျပးဝင္ရွာရေအာင္လည္း ဘယ္လိုမွ မျဖစ္နိုင္ပါေပ။ ရဲေတြကလည္း လက္ခံမွာ မဟုတ္သလို... မီးသတ္မ်ားကလည္း တားဆီးေပလိမ့္မည္။

စံအိမ္ႀကီးတစ္ဝက္ေက်ာ္ေလာက္ကို ယခုလို ျပာက်သြားရေလာက္အထိ မီးက မည္ကဲ့သို႔မ်ား ေတာက္ေလာင္သြားေလသနည္း။ အရာအားလုံးက သူတို႔ေတြေျပာသလို တကယ္ကို ေနာက္က်သြားရၿပီျဖစ္သည္။
က်ိဳးထ်န္းသည္ တေျမ့ေျမ့နဲ႕ ေတာက္ေလာင္ေနေသးဆဲပင္ျဖစ္သည့္ စံအိမ္ႀကီးကို အသက္မပါစြာ ေငးၾကည့္ေနမိေတာ့သည္။
အခုအခ်ိန္မွာ သူတို႔ ထုတ္ယူလာၾကမည့္ အေလာင္းႏွစ္ေလာင္းကိုသာ လန္ဟြားတို႔ ဟုတ္မဟုတ္ စစ္ေဆးၾကည့္ရႈ႕ဖို႔သာ တတ္နိုင္ေပေတာ့သည္။

က်ိဳးထ်န္း လက္မိုင္က်သြားရသည့္ အခိုက္အတန့္မွာပင္ လန္ဟြားအမ ေဘးမွ အေဖာ္အျဖစ္ပါလာသည့္ လက္ေအာက္အပါးအေစ အမ်ိဳးသမီးထံမွ စကားသံထြက္ဟလာခဲ့သည္။

"ဟို...ေလ...သခင္မေလးက အရမ္းဝမ္းနည္းၿပီး မေျဖမဆည္နိုင္ျဖစ္ေနရတာဆိုေတာ့...ဒီအေၾကာင္းအျပည့္အစုံကို ရွင္းျပနိုင္မယ္ မထင္ပါဘူး...
ကြၽန္မကပဲ သခင္မေလးအစား...
ျဖစ္ပ်က္သြားတဲ့ အျဖစ္အပ်က္ေတြကို သိထားသေလာက္ ျပန္ေျပာျပေပးပါ့မယ္..."

"......"

က်ိဳးထ်န္းက မည္သည့္စကားမွ မဆိုမိေတာ့ ထိုအမ်ိဳးသမီးက လက္ခံသည္ဟု မွတ္ယူကာ သိထားသေလာက္ ရွင္းျပလာခဲ့သည္။

"ဟို...မေန႕ညေနပိုင္းေလာက္က သခင္ေလးယြမ္က သခင္မေလးဆီကို ဖုန္းဆက္ေခၚလာပါေသးတယ္...အဲ့ဒီ့အခ်ိန္က ေဘးမွာ ကြၽန္မလည္း ရွိပါတယ္... သခင္မေလးက ဖုန္းေျပာရင္ စပီကာ ပိတ္မထားတတ္ေတာ့ ကြၽန္မပါ သခင္ေလးဘက္က ေျပာဆိုေနတာအကုန္လုံးကို ၾကားလိုက္ရပါတယ္...
သခင္ေလးယြမ္က သူ႕အမကို ဖုန္းေခၚၿပီး ေနာက္ေန႕ရက္ရဲ႕ လန္အိမ္ေတာ္ရဲ႕အေရးႀကီးတဲ့ ေတြ႕ဆုံပြဲကို မလာနိုင္ေတာ့ဘူးလို႔ေျပာပါတယ္...ၿပီးေတာ့ ဖုန္းသံထဲကေနကြၽန္မၾကားေနရတာက သခင္ေလးက ေကာင္ေလးတစ္ေယာက္ကို လွမ္းလွမ္းၿပီး ဆဲေရးေနတဲ့ အသံပါပဲ...စကားေျပာဆိုပုံေတြက သခင္ေလးရဲ႕ ခ်စ္သူပဲ ျဖစ္နိုင္ေလာက္ပါတယ္...သူတို႔ အခ်င္းခ်င္း ရန္ျဖစ္ေနၾကတာလားဆိုတာေတာ့ ကြၽန္မလည္း သိပ္မသဲကြဲပါဘူး..."

ေျပာဆိုရွင္းျပေနသည့္ အမ်ိဳးသမီးက က်ိဳးထ်န္းကို တစ္ခ်က္ၾကည့္လာခဲ့သည္။
က်ိဳးထ်န္းက မည္သည့္အမူအရာကိုမွ ျပသမလာခဲ့ေသးေပ။ လန္ယြဲ႕မူသည္က အစျပန္ေဖာ္သလိုျဖစ္ေနသည့္ ထိုရွင္းျပခ်က္ေတြေၾကာင့္ပင္ ကနဉီးကထက္ ပို၍ ရွိိုက္ငိုလာခဲ့သည္။

လက္ပါးေစ အမ်ိဳးသမီးက စကားကို ျပန္၍ ဆက္ေလသည္။

"သခင္ေလးက ေနာက္ထပ္ဘာမွ ဆက္မဆိုေတာ့ဘဲ နဲ႕ ဖုန္းခ်သြားပါတယ္...သခင္မေလး ဖုန္းထပ္ဆက္ၾကည့္ေတာ့ မကိုင္ေတာ့ပါဘူး...စက္ပိတ္ထားလိုက္တယ္လို႔ေတာ့ ကြၽန္မ ထင္တာပါပဲ... ဒါက ခ်စ္သူေတြ သဘာဝအရ ရန္ျဖစ္ေနၾကတာဆိုေတာ့ သခင္မေလးကလည္း သူလုပ္စရာရွိတာေတြကိုပဲ ဆက္လုပ္ေနေတာ့တာပါ... မနက္ ၄နာရီအေစာပိုင္းေလာက္က်မွ ရဲစခန္းကေန စံအိမ္ႀကီးမီးေလာင္ေနေၾကာင္းကို ဖုန္းဆက္အသိေပးလာခဲ့တာပါ...သူတို႔စခန္းဆီကို
စံအိမ္ႀကီး မီးေလာင္ေနတဲ့အေၾကာင္းကို အသိေပးလာတဲ့သူကလည္း အဲ့အနီးနားကို ျဖတ္သြားရင္း ျမင္မိတာလို႔ေျပာပါတယ္...သူ႕တို႔လည္းစစ္တမ္းေကာက္ၾကည့္မွ မီးေလာင္ေနတဲ့ စံအိမ္က လန္မ်ိဳးႏြယ္ပိုင္တဲ့ ေျမကြက္မွာ ေဆာက္ထားတဲ့စံအိမ္ဆိုတာကို သိလိုက္ရတာပါတဲ့ ... သခင္မေလးက ေသခ်ာရဲ႕လား ျပန္ေမးေပမဲ့ ရဲေတြဘက္က
ျပန္ေျပာလာတာက...ရွန္ဟိုင္းၿမိဳ႕စပ္မွာရွိတဲ့ ေျမကြက္ေတြ အကုန္လုံးက
လန္မ်ိဳးႏြယ္ပိုင္တဲ့ ေျမကြက္ေတြပဲဆိုတာရယ္...လန္မ်ိဳးရိုးကလြဲဲပီး တျခားဘယ္မ်ိဳးရိုးကမွ မဟုတ္နိုင္ဘူးဆိုတာရယ္ကို သခင္မေလးကို ျပန္ေထာက္ျပလာပါတယ္...သူတို႔ဘက္က တကယ္ေသခ်ာတယ္လို႔ ဆိုမွ သခင္မေလးက ဘယ္သူ႕ကိုမွေတာင္ အသိမေပးေသးဘဲ ကြၽန္မကို အေဖာ္ေခၚၿပီး ဒီကို ေရာက္လာခဲ့ၾကတာပါ...ဒီလို အသိမေပးတာကလဲ...
တကယ္မဟုတ္ခဲ့ရင္ လန္အိမ္ေတာ္ကလူေတြ စိတ္အေနာက္အယွက္ျဖစ္မွာကို သခင္မေလးက ဆိုးရိမ္လို႔ပါ..."

လက္ပါးေစအမ်ိဳးသမီးက စကားကို တစ္ခ်က္ရပ္နားလိုက္ၿပီး သခင္မျဖစ္သူကို သနားဂ႐ုနာသက္စြာ တစ္ခ်က္ၾကည့္လာခဲ့သည္။
ၿပီးမွ သူမက စကားကို ထပ္မံ၍ တဖန္ျပန္ဆက္ဆိုသည္။

"ကြၽန္မတို႔ဒီကိုေရာက္လာခဲ့ၾကေတာ့ မီးေတြက အေတာ္ကို စြဲၿပီးေနပါၿပီ...မီးသတ္ေတြလည္း ေတာ္ေတာ္ကိုေယာက္ယက္ခတ္ေနၾကတယ္...စံအိမ္ရဲ႕ ေနရာတစ္ေနရာကမွေတာင္ အေကာင္းတိုင္းရွိမေနေတာ့ပါဘူး...ၿပီးေတာ့ ေစာေစာက သခင္မေလးေျပာသလိုပါပဲ... ရဲနဲ႕ မီးသတ္ေတြကေတာင္... လက္ေလ်ာ့လိုက္ၾကရပါတယ္....ကြၽန္မရဲ႕အျမင္အရေတာ့... သူတို႔ခ်စ္သူႏွစ္ဉီး စကားမ်ားရန္ျဖစ္ရင္းကေန အခုလို မီးေလာင္တဲ့အထိ အေျခအေနဆိုးဝါးကုန္တယ္လို႔ ထင္တာပါပဲ..."

က်ိဳးထ်န္းက ထိုအမ်ိဳးသမီး၏ စကားအဆုံးတြင္ေတာ့ လန္ယြဲ႕မူထံ တစ္ျပန္လွည္ံၾကည့္လာခဲ့သည္။

သူ၏ စိတ္ထဲတြင္ ေတြးစရာ ေမးခြန္းတစ္ခုက ေရာက္ရွိလာခဲ့သည္။

သူ လန္ဟြားအမကို မည္သည့္အခ်ိန္တုန္းကမွ မယုံၾကည္ခဲ့ေပ။ ဒါက စေတြ႕ကတည္းကပင္။ သူ
လန္ဟြားအမကို အမ ေကာင္းတစ္ေယာက္ လို႔လည္း မျမင္မိေပ။
အခုေတာ့ လန္ဟြားအမရဲ႕ ေဘးက အေဖာ္မိန္းမတစ္ေယာက္၏ အေျပာစကားေတြေၾကာင့္ ပိုၿပီး မိန္းမေကာင္းတစ္ေယာက္လို႔ မျမင္မိေတာ့ေပ။
ယခုလို ႀကိဳတင္ၿပီး ဇာတ္တိုက္ထားသလို စကားလုံးေတြနဲ႕ ရွင္းျပလာကတည္းက ယခုကိစၥအားလုံးသည္က ေသြးရိုးသားရိုးမျဖစ္နိုင္ဘူးဆိုတာ သူရိပ္စားမိလိုက္သည္။
ဒါေတြကလုပ္ႀကံလီဆယ္ ဇာတ္လမ္းထြင္ထားတာေတြသာျဖစ္နိုင္သည္။
ဒါေတြအားလုံးက လန္ဟြားအမ၏ စနစ္ေၾကာင့္သာျဖစ္လိမ့္မည္။
သူ အခုလို တထစ္ခ်ေျပာနိုင္ရသည့္ အေၾကာင္းအရင္းသည္က ...
လန္ဟြားက သူ႕ခ်စ္သူကို ဘယ္တုန္းခါကမွ ေလသံက်ယ္က်ယ္ျဖင့္ မေျပာဆိုခဲ့ဘူးတာေၾကာင့္ျဖစ္သည္။
သူ႕ကိုယ္ရာမွာဆိုလည္း ဒါကလုံးဝမျဖစ္နိုင္ပါေပ။ လန္ဟြားက သူ႕ခ်စ္သူ မ်က္စိတိမ္ကြယ္သည့္ ကိစၥကို ဟန္ေဆာင္ဖုံးကြယ္ထားခဲ့တာကို သိလိုက္ရတာေတာင္ အျပစ္တစ္စက္မွ မျမင္ရက္ခဲ့ေပ။ သူ၏ သူငယ္ခ်င္းသည္က ခ်စ္ရတဲ့ သူ႕ခ်စ္သူကို ဤမွ်ေလာက္ေတာင္ အေလ်ာ့ေပးတတ္ၿပီး အျပစ္မျမင္ရက္သည့္ သူပင္။
ဒါ့ေၾကာင့္ပင္ လန္ဟြားတို႔ ခ်စ္သူႏွစ္ဉီး ရန္ျဖစ္အခ်င္းမ်ားၾကတယ္ဆိုတဲ့ ထိုမိန္းမ၏
စကားအခ်င္းအရာသည္က လုံးဝကို မျဖစ္နိုင္။
စံအိမ္ႀကီးတစ္ခုလုံး မီးစြဲေလာင္သြားခဲ့ရသည့္ အဓိကတရားခံသည္က လန္ဟြားအမ ေၾကာင့္ဆိုတာ..ျဖစ္နိုင္ေျခရာခိုင္ႏႈန္းမ်ားေပသည္။

လန္ဟြားတို႔ကို ဒီလိုျဖစ္ေအာင္လုပ္သြားသည့္သူကို သူဒီအတိုင္း ေအးေအးေဆးေဆးေနခြင့္မေပးနိုင္ေပ။
သူ႕မွာ လုပ္ႀကံတဲ့သူက လန္ဟြားအမဆိုတာ ျပသဖို႔သက္ေသမရွိေပမဲ့... လန္ဟြားအမေၾကာင့္ ဒီလိုအေျခအေနေတြ ျဖစ္ပ်က္သြားရတာလို႔ေတာ့
တထစ္ခ်ယဳံၾကည္မိသည္။ အဓိက ႀကိဳးကိုင္လုပ္ႀကံခဲ့သည့္သူက လန္ဟြားအမ မဟုတ္ခဲ့ရင္ေတာင္ လန္ဟြားအမကေတာ့ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ပူးေပါင္းေလာက္မည္ဆိုတာေတာ့ သူအတတ္ေျပာနိုင္သည္။

က်ိဳးထ်န္းသည္ သူ၏ စိတ္ထဲတြင္ ခပ္က်ယ္က်ယ္
ေအာ္ေျပာလိုက္မိသည္။

လန္ယြဲ႕မူ...မင္းရဲ႕ဘဝလည္း...မင္းရဲ႕ ဒီလုပ္ရပ္အမွားေၾကာင့္ မေအးခ်မ္းေစရဘူးးးး

အေတြးေတြထဲ ေအာ္ဟစ္ေနမိတုန္းမွာပင္...
အေလာင္းေကာက္လာခဲ့သည့္ သက္ဆိုင္ရာလူတစ္စု၏ အသိေပးသံက်ယ္ေလာင္ေလာင္က ထြက္ေပၚလာခဲ့သည္။

"အေလာင္းႏွစ္ေလာင္း...ထုတ္လို႔ရသြားၿပီ... လူ႐ုပ္ေတြေတာ့ မေပၚေတာ့ဘူး...သက္ဆိုင္တဲ့သူေတြ ၾကည့္ခ်င္ရင္ လာၾကည့္လို႔ရၿပီ..."

က်ိဳးထ်န္းသည္ အသံၾကားရာဘက္ဆီသို႔ အၾကည့္ေရာက္သြားမိေတာ့သည္။

က်ိဳးထ်န္းသည္ ခဲခက္စြာျဖင့္ပင္ ထိုင္ရာမွ ထၿပီး
အေလာင္းေတြ သယ္ထုတ္လာခဲ့ၾကသည့္ ေနရာဆီသို႔ လက္သီးကို က်စ္က်စ္ဆုပ္ကိုင္ထားမိၿပီး စိတ္ကို တင္းထားကာ ေလ်ာက္လွမ္းသြားမိသည္။

က်ိဳးထ်န္း၏ အေနာက္တြင္ေတာ့ လန္ယြဲ႕မူက ကပ္ပါလ်က္။

က်ိဳးထ်န္းသည္ အေလာင္းတင္ထားသည့္ လူနာတြန္းလွဲ ကုတင္ဆီသို႔ အေရာက္တြင္ ေျခလွမ္းတို႔ကို ရပ္တန့္မိလိုက္သည္။
ေသဆုံးသူ၏ ႐ုပ္အေလာင္းအထက္တြင္ ပိတ္စ
အျဖဴျဖင့္ အုပ္မိုးလႊမ္းၿခဳံေပးထားေပသည္။
ျမင္ေတြ႕ေနရသည္က ပိတ္စအျဖဴျဖင့္ အုပ္မိုးထားသည့္ ႐ုပ္အေလာင္းတစ္ခုတည္းပင္။
လူတစ္ေယာက္စာသာ တင္နိုင္သည့္ ကုတင္ကို ႏွစ္ခု ပူးကပ္ထားၿပီး လွဲတင္ထားတာျဖစ္သည္။
ဒါဆို ေသဆုံးသြားသည့္ သူသည္က တစ္ဉီးတစ္ေယာက္ထဲပင္လား...။
ကနဉီး သူၾကားသိလိုက္ရတာက အေလာင္းႏွစ္ေလာင္းဟု ဆိုၿပီးေတာ့ပင္။

က်ိဳးထ်န္း၏ အေတြးေတြကို ႀကိဳသိေနဟန္ျဖင့္ သယ္ထုတ္လာခဲ့သည့္ သူမ်ားထဲမွ တစ္ဉီးက ေျပာၾကားလာခဲ့သည္။

"ေသသြားတာကႏွစ္ေယာက္ပါ...အတူတူ မကြဲမခြာဘဲ တစ္ခ်ိန္လုံး ဖက္ၿပီး ေသဆုံးသြားၾကတာဆိုေတာ့ အေလာင္းႏွစ္ေလာင္းက ခြဲ သယ္လို႔ မရလို႔ပါ..."

က်ိဳးထ်န္းက ထိုလူ၏ အေျပာကို မယုံၾကည္နိုင္ေပ။
ထိုသူေတြေျပာပုံအရ ႏွစ္ေယာက္ဖက္တြယ္ၿပီးေသသြားခဲ့တယ္ဆိုရင္ေတာင္ အုပ္မိုးထားသည့္ ပိတ္ျဖဴစ၏ ပမာဏထုထည္က လူႏွစ္ေယာက္စာ ႀကီးမားေနရမည္မဟုတ္။ယခုက လူတစ္ေယာက္စာေလာက္သာ ထုထည္ႀကီးမားေပသည္။

က်ိဳးထ်န္းက သိခ်င္စိတ္ကို ထိန္းမထားနိုင္ေတာ့ဘဲ လူႏွစ္ဉီးအေလာင္းဟုတ္မဟုတ္ကို လွန္ေလ်ာၾကည့္ဖို႔ ပိတ္စကို အလုံးစုံျမင္ရသည္အထိ လုံးလုံးပင္ ဖယ္ခြာပစ္လိုက္ေတာ့သည္။

"...!..."

ျမင္ေတြ႕လိုက္ရသည့္ အရာေၾကာင့္ က်ိဳးထ်န္း၏ ေျခလွမ္းမ်ားသည္ပင္ အလိုအေလ်ာက္ ေနာက္ကို ႏွစ္လမ္းဆုပ္လွမ္းလိုက္မိေတာ့သည္။
လန္ယြဲ႕မူသည္က ျမင္ေတြ႕လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ စူးစူးဝါးဝါးေအာ္ဟစ္လိုက္ေလၿပီး ပုံလဲက်သြားကာ သတိလစ္ေမ့ေမ်ာသြားေပေတာ့သည္။

မလႈပ္မရွက္ ရပ္ၾကည့္ေနမိသည့္ သူက က်ိဳးထ်န္းပါပင္။ က်ိဳးထ်န္၏ မ်က္ဝန္းမ်ားသည္က အံၾသတုန္လႈပ္ကာ ျပဴးက်ယ္ဝိုင္းစက္ေနၿပီး ႏႈတ္ခမ္းမ်ားသည္ပင္ မယုံၾကည္ျခင္းမ်ားစြာျဖင့္ အေဟာင္းသား။

အေလာင္းသည္က သယ္ထုတ္လာသူတို႔ေျပာသလို
လူႏွစ္ေယာက္၏ မကြဲမကြာပူးကပ္ေနသည့္ ႐ုပ္အေလာင္းႏွစ္ခုပင္။ ႐ုပ္အေလာင္းတစ္ခုက က်န္႐ုပ္အေလာင္းတစ္ခုကို မထိခိုက္မပြန္းပဲ့ေစဟန္ျဖင့္ တင္းၾကပ္ၾကပ္ ဖက္တြယ္ထားသည့္ အသြင္သ႑ာန္ပင္။
အဖက္ခံထားရသည့္ ႐ုပ္အေလာင္းသည္က အုပ္မိုးဖက္တြယ္ထားသည့္ ႐ုပ္အေလာင္းထက္ သိပ္ၿပီး မပ်က္စီးေသးပါေပ။ သို႔ေပမဲ့ ႐ုပ္အသြင္အျပင္က လုံးဝကို ႐ုပ္လုံးမေပၚေတာ့။
ဖက္တြယ္ထားသည့္ ႐ုပ္အေလာင္း၏ ေက်ာျပင္တစ္ေလ်ာက္တြင္လည္း မည္သည့္ အသားစမွ က်န္ရွိမေနေတာ့ေပ။ အေသြးအသားတို႔သည္က မီးစြဲေလာင္သြားပုံရသည္။ ဖက္တြယ္ထားသည့္ ႐ုပ္အေလာင္း၏ ဉီးေခါင္းခြံသည္ပင္ မီးကြၽမ္းေနသည့္
အမဲေရာင္ အစိုင္အခဲတုံးတစ္ခုကဲ့သို႔ ျဖစ္တည္ေနေလၿပီး တစ္ခ်ိဳ႕ေနရာမ်ားတြင္ေတာ့ မပ်က္စီးေသသည့္ အသားအစ တစ္ပိုင္းတစ္စတို႔ တင္က်န္ေနေသးေပသည္။

ထိုဖက္တြယ္ထားသူ၏ လက္ဟု မဆိုသာေတာ့သည့္
အရိုးအဆက္လက္တံမ်ားသည္က
မပ်က္ဆီးမေလာင္ကြၽမ္း ေသးသည့္ အေၾကာမ်ား၏ ကုပ္ကပ္မႈ႕မ်ားေၾကာင့္ ေတာင့္တင္း မာေတာင့္ ေနေလၿပီး အျခားတစ္ေယာက္ကို လြတ္ထြက္သြား၍မရေအာင္ ကုပ္ကပ္တြယ္ကုပ္ထားေပသည္။
ခႏၶာကိုယ္ ေအာက္ပိုင္းတို႔သည္လည္း ထိုနည္းတူပင္။ အေသြးအသားပင္ က်န္ရွိမေနေတာ့ဘဲ အရိုးစုမ်ားအလား...။
ဖက္တြယ္ခံထားရသူ၏ ႐ုပ္အေလာင္းသည္ကလည္း အျပန္အလွန္အားျဖင့္ ဖက္တြယ္အုပ္မိုးေပးထားသည့္ ႐ုပ္အေလာင္း၏ ခါးတစ္ေလ်ာက္ကို တင္းၾကပ္ေအာင္ တြယ္ဖက္ကုပ္ကပ္ကာထားသည္။
မေလာင္ကြၽမ္းေသးသည့္ အေၾကာတို႔၏ ကုပ္ကပ္မႈ႕ေၾကာင့္ ဖက္တြယ္ထားသည့္ လက္တံတို႔ကို ဖယ္ခြာ၍ ရမည္မထင္။

႐ုပ္အေလာင္းႏွစ္ခုလုံးက မည္သူမည္ဝါျဖစ္မွန္း ခြဲျခားရခက္ခဲေသာ္လည္း သူ၏ အျမင္တြင္ေတာ့ ဖက္တြယ္ေပးထားသည့္ ႐ုပ္အေလာင္းသည္က လန္ဟြားျဖစ္မည္မွန္း တတ္အပ္မွန္းဆနိုင္ပါေသးသည္။

လန္ဟြားက သူခ်စ္ရသူကို ေနာက္ဆုံးအခ်ိန္အထိ ကာကြယ္ေစာင့္ေရွာက္ေပးသြားခ်င္ဟန္ရွိသည္။

က်ိဳးထ်န္း၏ အေတြးတို႔သည္က ခ်က္ခ်င္းရပ္တန့္သြားရသည္။
အေၾကာင္းအရင္းသည္က ပိတ္စျဖဴကို ႐ုပ္အေလာင္းထက္တြင္ ျပန္လည္ ဖုံးအုပ္လြမ္းၿခဳံေပးလာခဲ့တာေၾကာင့္ျဖစ္သည္။

႐ုပ္အေလာင္းသယ္ေဆာင္သူတို႔သည္ အေလာင္းကို ဆက္လက္ၾကည့္ခြင့္မေပးပါေတာ့ေခ်။
သူ႕ကို အေနာက္ကို မသိမသာ တြန္းထုတ္ၿပီး သြားလို႔ရၿပီျဖစ္ေၾကာင္း အမူအရာျပလာခဲ့သည္။

ထိုသူေတြကေတာ့ လုပ္စရာရွိသည့္ လုပ္ေဆာင္ခ်က္မ်ားကို ဆက္လုပ္လုပ္ေဆာင္ၾကၿပီး တစ္စုတစ္စည္းထဲျဖစ္ေနသည့္ ႐ုပ္အေလာင္းႏွစ္ခုကို အေရးေပၚယာဥ္ကားဆီသို႔ လြဲေျပာင္းသယ္ေဆာင္ၾကသည္။

က်ိဳးထ်န္းသည္က ယခုအထိ မည့္သည့္စကားတစ္ခြန္းကိုမွ မဆိုမိေသးဘဲ မလႈပ္မရွက္ ရပ္ေနဆဲပင္။
သူ၏ ကမၻာသည္လည္း ယခုအခိုက္အတန့္တြင္ မည္သည့္ အေၾကာင္းအရာအသံကို မွ မၾကားသိသလို တိတ္ဆိတ္လ်က္။

အေရးေပၚယာဥ္ကား ထြက္ခြာၿပီးသြားတာေတာင္ က်ိဳးထ်န္းသည္က လုံးဝကို မလႈပ္ရွားမိေသးေပ။

အရာအားလုံးက... လုံးဝကို အပ်က္ပ်က္အယြင္းယြင္း ပ်က္ဆီးေျပာင္းလဲ သြားရၿပီျဖစ္သည္။

သူ ကနဉီးက ဆုေတာင္းေနမိသည့္ ဆုေတာင္းစကားမ်ားကိုပင္ ဆက္၍ ဆုမေတာင္းမိေတာ့။

ဆုေတာင္းလွ်င္ေတာင္...
ျဖစ္လာနိုင္ေတာ့မွာမွ.... မဟုတ္ဘဲ...

------------

Completed ျဖစ္သည္အထိ တင္ေပးသြားမွာပါ။ စိတ္ရွည္ေပးၾကပါအူးေနာ္။

Continue Reading

You'll Also Like

326K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...