𝚃𝚑𝚎 𝙷𝚊𝚛𝚍𝚎𝚜𝚝 𝙳𝚊𝚛�...
By L_amour_pour_toi
35.5K 3K 185
𝑾𝒉𝒂𝒕 𝒘𝒐𝒖𝒍𝒅 𝒚𝒐𝒖 𝒄𝒉𝒐𝒐𝒔𝒆 ❝ 𝑻𝒓𝒖𝒕𝒉 𝗼𝐫 𝑫𝒂𝒓𝒆 ! ❞ ? -𝙱𝙹𝚈𝚇-♡︎ ∆ 𝙵𝚞𝚕𝚕 𝚌𝚛𝚎𝚍𝚒𝚝... More
Prologue
Chapter 01
Chapter 02
Chapter 03
Chapter 04
Chapter 05
Chapter 06
Epilogue
Introduce New Fic
[Ting -Tong ] "
Chapter 07
3K 317 27
By L_amour_pour_toi
O.
"ကျွန်တော် ခင်ဗျားရဲ့ ရှင်းပြချက်ကို မလိုဘူး မစ္စတာ ရှောင်း ။ ဒါပေမဲ့.....ကျွန်တော့်ကို လုပ်ခဲ့တာတွေအတွက်တော့ ခင်ဗျားကိုယ်တိုင် ပြန်ပေးဆပ်ဖို့ လိုလိမ့်မယ် "
ရှောင်းကျန့်မျက်နှာက ရုတ်တရပ် သွေးရောင်မရှိတော့သလိုမျိုး ဖြူစုတ်သွားတယ် ။
"ဒါ..ဒါပေမဲ့ မစ္စတာဝမ် ရယ်။ကျွန်တော် အများကြီး အများကြီး တောင်းပန်ပါတယ် ။ကျွန်တော် တကယ် အဲ့လို မလုပ်ချင်ပါဘူး ။ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်းတွေက ကျွန်တော့်ကို နောက်ကနေ တွန်းအားပေးနေကြလို့သာ လုပ်ခဲ့ရတာပါ ။ ကျွန်တော် တကယ် တောင်းပန်ပါတယ် မစ္စတာဝမ် "
ရှောင်းကျန့် အတတ်နိုင်ဆုံး အမှန်တိုင်း ရှင်းပြနေပေမဲ့ ဝမ်ရိပေါ်ကြီးက သူ့ကို အကြည့်စူးစူးတွေနဲ့ ပစ်လွှတ်နေတုန်းပဲ ။
"ဟို မစ္စတာဝမ် ကျွန်တော့်ကို အလုပ်ထုတ်ချင်တယ်ဆိုလည်း ထုတ်လို့ရပါတယ်။ ကျွန်တော် လက်ခံပါ့မယ် "
ရှောင်းကျန့် က ဝမ်ရိပေါ်ရဲ့ သူ့ခါးကို တင်းတင်းဖြစ်ညှစ်ထားတာ ကနေ လွတ်မြောက်ဖို့ နောက်တစ်ကြိမ် ကြိုးစားရင်း ပြောလိုက်တယ် ။
"ကျွန်တော် ခင်ဗျားကို အလုပ်မထုတ်နိုင်ဘူး မစ္စတာရှောင်း ။ ဘာလို့ဆို ကျွန်တော် က ခုထိ CEO မှ မဟုတ်သေးပဲ "
ဝမ်ရိပေါ်က ဂျစ်တစ်တစ် အပြုံးကိုပြုံးရင်း ပြောလာတယ် ။
" ဒါပေမဲ့ မစ္စတာဝမ် ။ကျွန်တော့်မှာ ခင်ဗျားကို ဆပ်ဖို့ ပိုက်ဆံ အများကြီး မရှိဘူး နော်။ကျွန်တော်က လခစားရယ် ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပေးပါ ။ ကျွန်တော့်ကို လွှတ်ပေးရင် ကျွန်တော် ခင်ဗျားရဲ့ ကုမ္ပဏီ ကို သွားပြီး ထွက်စာတင် လက်မှတ်ထိုးပေးပါ့မယ် "
ရှောင်းကျန့် အခု ရင်တုန်တာလား ဖင်တုန်တာလား ကို ခွဲခြားပြီး မသိတော့ဘူး ။ အထူး သဖြင့် မကြာခင်မှာ သူတို့ရဲ့ CEO ဖြစ်လာတော့မဲ့ ဝမ်ရိပေါ် ။ အဲ့ ဒီ ဝမ်ရိပေါ်က သူထွက်ပြေးလို့ မရအောင် သူ့ရဲ့ ခါးကို လက်ကြီးကြီးတွေနဲ့ ခပ်တင်းတင်း ဖိပြီး ဆုပ်ကိုင်ထားတယ် ။
သူ့ခါးကို လွှတ်ပေးပြီး ပြေရာပြေကြောင်း ညှိနှိုင်းလည်း ရတဲ့ဟာကို ခုတော့ လူကို သူ့ချစ်သူ များမှတ်နေလား မသိဘူး ဖက်ထားတာများ လွှတ်ကို မလွှတ်တော့ ။ ဗလကလည်း အားကြီး ။ ရှောင်းကျန့် က သူ့လက်တစ်ပွေ့စာလောက်ပဲ ရှိတယ် ။
ရာထူးခြင်း ယှဥ်မလား ။ အား ခြင်း ယှဥ်မလား ။ တစ်ခုမှ မသာတဲ့ ရှောင်းကျန့်လေးက အရိပ်အကဲတော့ သိတယ်ရယ် ။ ကြိမ်ဆဲနေတာတွေကို ပါးစပ်က ထုတ်ပြောစရာလား စိတ်ထဲက ပဲ ကြိုက်သလိုပြောမှာပေါ့ ။ သူ့စိတ်ထဲက စကားတွေကို ဝမ်ရိပေါ်က ကြားနိုင်တာမှ မဟုတ်ပဲ ။
" ကျွန်တော့်ကို ခနလောက် စဥ်းစား ခွင့်ပြု "
ဝမ်ရိပေါ်က  ရှောင်းကျန့် အပြောကြောင့် ရှောင်းကျန့် ဆပ်နိုင်လောက်မဲ့ နည်းလမ်းကို  အပြင်းအထန် စဥ်းစားပေးနေတဲ့ ပုံရိပ်ကို ဖမ်းလိုက်တယ် ။ ရှောင်းကျန့်ကိုတော့ သူ့လက်ထဲကနေ ခုထိ သွားခွင့်မပေးသေးဘဲနဲ့ပေါ့ ။ 
သူတို့ ရှ်ိနေတာ ကော်ဖီဆိုင်တစ်ခုလို့ပြောပေမဲ့ ဒီဆိုင်က သူတို့ ကုမ္ပဏီနဲ့ အနီးဆုံးမှာ ရှိတယ် ။ဒါကြောင့် တခြား စျေးဝယ်သူတွေထက် သူတို့ ရုံးက ဝန်ထမ်းတွေ က ဆိုင်ထဲမှာ ပိုများတယ် ။
ကုမ္ပဏီက အခြားဝန်ထမ်း တွေက သူတို့ဘေး ပတ်ပတ်လည်ကို မသိမသာ စုဝေးလာကြပြီး ကို့ရိုကားယားဖြစ်နေတဲ့ ရှောင်ကျန့်ကို ရယ်ချင်နေတဲ့ အပြုံးမျိုးနဲ့ ကြည့်နေကြတယ် ။ ပေါ်တင်တော့ မရယ်ရဲကြပါဘူး ။ကိုရို့ကားယားဖြစ်အောင် လုပ်တဲ့ တစ်ယောက်က  မကြာခင် သူတို့ CEO ဖြစ်မဲ့သူလေ ။ သူတို့ အလုပ်မပြုတ်ချင်ဘူး ။
ပြီးတော့ သူတို့ သူတို့ရှေ့က မြင်ကွင်းကို မယုံနိုင်သေးဘူး ။ မကြာခင် သူတို့ CEO ဖြစ်လာမဲ့ သူတစ်ယောက်က  သေးသေးသွယ်သွယ်ကောင်လေးရဲ့ ခါးကို တင်းတင်း ဖြစ်ညှစ်ထားပြီး အဲ့ဒီကောင်လေးကတော့ သူ့ကို ဖက်ထားတဲ့ လူကို ခြေတကာကာ လက်တကာကာနဲ့ ရှင်းပြနေတယ် ။ ဘာတွေ ရှင်းပြနေလည်းတော့ သူတို့လည်း သိပ်မနီးတော့ သေချာ မကြားရဘူး ။
ဝမ်ရိပေါ်ရဲ့ သူငယ်ချင်းတွေကလည်း ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ သိချင်စိတ်နဲ့ ဝန်ထမ်းတွေနဲ့ အတူ စုဝေးလာတယ် ။ ဒါပေမဲ့ အဲ့ဒီ စုဝေးနေတဲ့ လူတွေ ထဲမှာတော့ ရှောင်းကျန့်ရဲ့ သူငယ်ချင်းတွေကို  မတွေ့ရဘူး ။
သူတို့က သူတို့အသက်ကလေးရှင်ချင်သေးတာကြောင့် ရှောင်းကျန့်ကို တစ်ယောက်တည်း ထားပြီး ထွက်ပြေးသွားကြတယ်လေ ။ ဟက် ဟောင်ဖုန်းယို ( သူငယ်ချင်းကောင်း ) တွေ ။
"အား!!! အကြံရပြီ "
ဝမ်ရိပေါ်က နောက်တစ်ခေါက် ခပ်ညစ်ညစ်အပြုံး ပြုံးပြီးပြောလာတယ် ။ အဲ့ဒါကပဲ ရှောင်းကျန့် ကို ခုနကထက် ပိုပြီး ရင်တုန်သွားစေတယ် ။ ဝမ်ရိပေါ်က စိတ်လှုပ်ရှားမှုကြောင့် တလက်လက် ဖြစ်နေတဲ့ ရှောင်းကျန့်ရဲ့ မျက်ဝန်းတွေ ကို ကြည့်ရင်း...
" ကျွန်တော်နဲ့ One night Stan လုပ်ပေးရမယ် "
လူအုပ်ကြီး က အသက်ရှုရပ်သွားသလိုမျိုး အကုန် ငြိမ်သက်သွားကြတယ် ။
ဝမ်ရိပေါ်ရဲ့ အဲ့ဒီစကားကို ရှောင်းကျန့်  ကြားပြီးတဲ့နောက် သူ့ရဲ့ ခြေထောက်တွေက ဂျယ်လီတုံးတွေလို ပျော့ခွေပြီး ညွှတ်ကျမလိုတောင် ဖြစ်သွားတယ် ။ သူ ဒါကို လက်မခံကြောင်း ကန့်ကွက်ကြောင်း ပြောဖို့ ပါးစပ်ဟလိုက်ပေမဲ့ သူ့အသံကထွက်မလာဘူး ။ ရုတ်တရပ် သူ့ လည်ချောင်းတစ်ခုလုံး ခြောက်သွေ့သွားသလို ခံစားလိုက်ရတယ် ။
ငါရေသောက်ဖို့လိုနေပြီ ။
"ဒါ....ဒါပေမဲ့ မစ္စတာဝမ် ......"
ကျွန်တော်က ခုထိ virgin ပဲ ရှိသေးတယ်လေ !!!!
ရှောင်းကျန့်စကားတွေက ထစ်ထစ်ငေါ့ငေါ့နဲ့ ရှေ့ဆက် မထွက်တော့ဘူး ။
" ဘာဖြစ်လဲ ဆက်ပြောလေ မစ္စတာရှောင်း "
"ကျ...ကျ...ခင်ဗျား  တကယ်ပြောနေတာလား ?  "
ရှောင်းကျန့်  ပြတ်တောင်း ပြတ်တောင်း နဲ့ အမေးစကားပြုလိုက်ပြီး သူ့ရဲ့တံတွေးကို  မသိမသာ မျိုချ လိုက်တယ် ။
ငါ ငါ့ရဲ့ သိက္ခာတွေလဲ ဆုံရှုံးပြီးသွားပြီ ။ ဒါပေမဲ့ အခုချိန်မှာတော့ ငါရဲ့ လူပျို ဘဝလေးကို ထပ်ပြီး အဆုံးရှုံးမခံနိုင်ဘူး ။လုံးဝ မဖြစ်စေရဘူး ။ No!!!!!!
" ကျွန်တော်က နောက်နေတာကို မစ္စတာရှောင်းက အတည်မှတ်နေတာလား"
ဝမ် ရိပေါ်  က သူ့ ဒူးသူ လက်နဲ့အားရပါးရရိုက်ရင်း အသံကျယ်ကျယ်နဲ့ အော်ကာ ရယ်မောနေတယ်။
"ကြည့်ပါဦး မစ္စတာရှောင်းမျက်နှာက အီးမှန်ထားသလို ရုပ်ကြီး ဖြစ်နေပြီ !ဟား ဟား ဟား "
ရှောင်းကျန့်က သူ့ကို စိုက်ပဲ စိုက်ကြည့်နေလိုက်တယ် ။ မျပ်နှာကလည်း ဘာခံစားချက် တစ်စုံတစ်ခုမှ မရှိတဲ့ မျက်နှာ နဲ့ ။
ဝမ်ရိပေါ်က ရယ်နေရင်း သူ့တံတွေးနဲ့သူ သီးသွားတယ် ။ ဒါကြောင့် အရယ် ရပ်ကာ ချောင်းတွေ ဆိုးလာတော့တယ် ။ နောက် ရှောင်းကျန့်ရဲ့ ခါးကိုလည်း လွှတ်ပေးလိုက်ပြီး  ချောင်းဆိုးတာ နေရ အဆင်ပြေအောင် ကိုယ့်ရင်ဘတ်ကို လက်နဲ့ အပေါ်ကနေအောက်ကို သပ်ချလိုက်တယ် ။
[သူများကို စချင်စော လွန်ပြီး တံတွေးသီးသွားတဲ့ အမောင်ရိပေါ်ရယ်ပါ 😂]
"Oh my god !!! ကျွန်တော် ကျွန်တော် အသက်ရှု လို့ မရတော့ဘူး "
ရိပေါ်က ချောင်းဆိုနေတဲ့ ကြားကနေ ပြောလိုက်တယ် ။ ဒါပေမဲ့ အခုထိ သဘောတကျ ရယ်မောနေတုန်း ပဲ ။
သေသွား အေးတာပဲ !!!
ရှောင်းကျန့်က သူတို့ CEO ရဲ့သား ပြန်ပြီး သက်သာလာတဲ့အထိ စောင့်ပြီး ရပ်ကြည့်နေလိုက်တယ် ။
"မစ္စတာ ရှောင်း ။ ဟီးဟီး ခင်ဗျား ကျွန်တော့်ကို လုပ်ခဲ့တဲ့ ခင်ဗျားရဲ့ အပြုအမူတွေအတွက် ကျွန်တော့်ကို ခင်ဗျားကိုယ်တ်ိုင် ပြန်ဆပ်ဖို့ အကြွေးရှိသေးတယ်နော် ခွီးးး "
ဝမ်ရိပေါ် ကနောက်တစ်ကြိမ် ရယ်သံထပ်မထွက်အောင် သူ့ရဲ့နှုတ်ခမ်းတွေကို ကိုက်လို့ ပြောတယ် ။  သူ ဒီလူ့ကို စရတာ အရမ်းကို ပျော်နေတယ် ။
ရှောင်းကျန့်က  ခေါင်းညိတ်ရုံသာ ညိတ်ပြတယ် ။ ဘာရယ်စရာပါလို့ သူက တအားရယ်နေရတာလဲ ။ တကယ်ပဲ ရုပ်ကိုက ဂျိုကာ ရုပ်နဲ့ ကြည့်လို့ကိုမရဘူး ။
"ကျွန်တော့်ကို ခင်ဗျားရဲ့ ကောင်လေးဖြစ်ခွင့်ပေး "
ရိပေါ်က သူ့ရဲ့ အသံသြသြနဲ့အတူ စနောက်ခြင်း အလျဥ်းမပါ လေးနက်တဲ့ မျက်ဝန်းတွေနဲ့ ရှောင်းကျန့်ကို ကြည့်လို့ ပြောလာတယ် ။
အဲဒီအချိန်မှာ ရှောင်းကျန့်ကတော့ သူ့ရဲ့ တံတွေးသူ လည်ချောင်းထဲ မျိုကျဖို့  မနည်းကြိုးစားနေရတယ်။
"ဘ...ဘာ..ဘာဖြစ်တယ်? "
"ကျွန်တော့်ကို ခင်ဗျားရဲ့ ချစ်သူကောင်လေး ဖြစ်ခွင့် ပေး "
ရိပေါ် က ရှောင်းကျန့်ကို စူးစူးရဲရဲ စိုက်ကြည့် င်း ထပ်ပြောလာတယ် ။
"ဒါ...ဒါပေမဲ့ အရင်ဆုံး ချစ်စကား တီတီတာတာလေးတွေ ပြောပြီး မင်းဆီကို ငါ နစ်ဝင်လာအောင် ယိမ်းယိုင်လာအောင် လုပ်ရဦးမှာလေ "
အဲ့ဒီစကား ပြောနေတဲ့ ရှောင်းကျန့်ရဲ့ မျက်နှာက ရှက်ရွံမှုကြောင့် နီမြန်းနေသည် ။
"ဟားဟားဟား ခင်ဗျားက ကျွန်တော့်ဆီက ချစ်စကားတွေ ကြားချင်နေတယ်ပေါ့ အဲ့လိုလား "
ဝမ်ရိပေါ်က ရှောင်းကျန့်စကား ကြောင့် သဘောတကျ ရယ်မောလိုက်ပြီး မျက်နာနီနေတဲ့ ကောင်လေးကို ထပ်စပြန်တယ် ။
ရှောင်းကျန့်ကတော့ မျပ်နှာတင်မက တစ်ကိုယ်လုံးပါ နီတာရဲလေး ဖြစ်နေပြီ ။ 
" အဲ့ဒါဆို ခင်ဗျားကို အဲ့လိုလုပ်ခဲ့လို့ ကျွန်တော့်ကို တရားကောစွဲ ဦးမှာလား "
ရှောင်းကျန့်ရဲ့ အသံညူညူ မျက်နှာရဲရဲနဲ့ မေးနေတဲ့ပုံစံက အရမ်းအရမ်းကို ချစ်ဖို့ကောင်းလွန်းလို့ ဝမ်ရိပေါ်ရင်ထဲ ယုန်သေးသေးလေးတစ်ကောင်က သူ့အသည်းကို လက်သည်းသေးသေးလေးတွေနဲ့ လာကုတ်နေသလို ခံစားနေရတယ် ။အား... ကြာရင် အသည်းတွေ ခြွေချ ခံရတော့မယ် ။
"ကျွန်တော် ကျန့်ကော ကို တရားစွဲစရာ မလိုပါဘူး ။ ကျန့်ကောသာ ကျွန်တော့်ကောင်လေးအဖြစ် ရှိနေပေးမယ်ဆိုရင်ပေါ့ "
ဝမ်ရိပေါ်က ပြောရင်း သူ့ကို မျက်စပစ်ပြနေသည် ။
ရှောင်းကျန့်ကနည်းနည်း စဥ်းစားနေဟန်ပြုပြီးမှ
"အိုခေ !ကောင်းပြီလေ ! ကျွန်တော် မင်းကောင်လေး လုပ်မယ် "
One night stand ထက် စာရင်တော့ အခုဟာက တော်သာပါသေးတယ်လေ။  ။
••••••••••••••••••••••••••••••••••••••••••
စကားတွေက"ခင်ဗျား "တို့ " မင်း "တို့ ခနခန ပြောင်းနေတာ မဟုတ်ပါဘူး ဒီတိုင်း ကျွန်တော့်ရဲ့ plot အတိုင်း သွားတာမို့ပါ
ဒီတိုင်း " ဘိမရှဲ " တဲ့ စာဖတ်သူလေးတွေ အတွက် အတွဲရဲ့ အီစီကလီ ဖတ်ရအောင် upပေးတာပါ 😚
ဒီတစ်ခေါက် အရင်က အပိုင်းတွေထပ် နည်းနည်းလေး ရှည်တယ်တော့လုပ်လိုက်
အပိုင်းက ပြီးဖို့ မလိုတော့ပါဘူး ရှန်
By the way ,THD လေးကို စောင့်ပေးတဲ့ သူတိုင်း ကျေးဇူးတင်ပါတယ်လို့ 🥺💕
[ Zawgyi ]
O.
သူတို့ ရှိနေတာ ကော်ဖီဆိုင်တစ်ခုလို့ပြောပေမဲ့ ဒီဆိုင်က သူတို့ ကုမ္ပဏီနဲ့ အနီးဆုံးမှာ ရှိတယ် ။ဒါကြောင့် တခြား ဈေးဝယ်သူတွေထက် သူတို့ ရုံးက ဝန်ထမ်းတွေ က ဆိုင်ထဲမှာ ပိုများတယ် ။
"အား!!! အကြံရပြီ "
"ဒါ....ဒါပေမဲ့ မစ္စတာဝမ် ......"
"ကြည့်ပါဉီး မစ္စတာရှောင်းမျက်နှာက အီးမှန်ထားသလို ရုပ်ကြီး ဖြစ်နေပြီ !ဟား ဟား ဟား "
သေသွား အေးတာပဲ !!!
"မစ္စတာ ရှောင်း ။ ဟီးဟီး ခင်ဗျား ကျွန်တော့်ကို လုပ်ခဲ့တဲ့ ခင်ဗျားရဲ့ အပြုအမူတွေအတွက် ကျွန်တော့်ကို ခင်ဗျားကိုယ်တိုင် ပြန်ဆပ်ဖို့ အကြွေးရှိသေးတယ်နော် ခွီးးး "
"ဘ...ဘာ..ဘာဖြစ်တယ်? "
"ဒါ...ဒါပေမဲ့ အရင်ဆုံး ချစ်စကား တီတီတာတာလေးတွေ ပြောပြီး မင်းဆီကို ငါ နစ်ဝင်လာအောင် ယိမ်းယိုင်လာအောင် လုပ်ရဉီးမှာလေ "
" အဲ့ဒါဆို ခင်ဗျားကို အဲ့လိုလုပ်ခဲ့လို့ ကျွန်တော့်ကို တရားကောစွဲ ဉီးမှာလား "
••••••••••••••••••••••••••••••••••••••••••
Continue Reading
You'll Also Like
466K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
67.9K 4.1K 5
Wang Yibo × Xiao Zhan
31.9K 1.1K 14
~NON SEXUAL Age regression story ~ Natasha Romanov has always struggled with the idea of being a little can a little love from Wanda help her finally...
11.7M 519K 74
Mia Collins just wanted to get through her senior year of high school with as minimal awkward situations as possible. However, that's kind of hard to...