< unicode >
ခါးလည်လောက်သာရှိတဲ့ ခြံစည်းရိုးအဖြူလေးက တံခါးလေးကို ဆွဲဖွင့်လေတော့ တံခါးမှာချိတ်ထားတဲ့ ခေါင်းလောင်သံလေးက တချွင်ချွင် မြည်ဟီးလေလို့လာ၏။
ခြံဝင်းအတွင်း ခြေချမိလျှင်ပင် လတ်ဆတ်တဲ့ လေထုအေးက နှာခေါင်းထဲကို အလုအယက် ပြေးဝင်လာလေ၏။ လူသွားလမ်းလေးကို ကျောက်စရစ်ခဲလေးတွေနဲ့ လမ်းဖောက်ထားပြီး ဘေးဘီဝဲယာကနေ သီးပင်စားပင် အစုံအလင်နဲ့ သစ်ပင်ကြီးတွေ၊ မြက်ပင်စိမ်းတို့ဖြင့် ပြည့်နှက်နေလျှက်။
အိမ်ချင်းကလည်း နှစ်အိမ့်တစ်အိမ် ဖြစ်နေတာကြောင့် ဟိုဘက်အိမ် ဒီဘက် အိမ် တံခါးမရှိ၊ ဓားမရှိဝင်ထွက်နေကြဖြစ်သည်ကြောင့် ဂျောင်ဆူးသည်လည်း အိမ်တံခါးကို ဒီအတိုင်းတွန်းဖွင့်၍ ဝင်သွားလေတော့သည်။
" သားလေး အလည်လာတာလား? "
ဆူဟိုဟျောင်းရဲ့ အမေရော ဆူဟိူဟျောင်းရောက ဖော်ဖော်ရွေရွေပင်။ ဟျောင်းကနည်းနည်း မဆိုသလောက်လေး စကားများတာကလွဲရင် ပေါင်းရသင်းရ အဆင်ပြေပါတယ်။
" အမေက ဟင်းပေးခိုင်းလိုက်လို့ ''
" အားနာစရာတွေသားရယ်။ ဘာတွေလဲဟင်။ ပေးပေး...အန်တီလှယ်ယူလိုက်မယ်နော်။ သားအမေရဲ့ လက်ရာက အရမ်းကောင်းတာလေ ''
ဟင်းဗူးတွေထဲက ဟင်းလှယ်နေတဲ့အချိန် အပေါ်ထပ်က ဆူဟိုဟျောင်းဆီ တက်သွားလေ၏။ သူနဲ့ဟျောင်းက အဲ့လိုပဲ။ ကျောင်းပိတ်ရက်အားရင် တစ်ယောက်တစ်အိမ်ကူးပြီး ဂိမ်းအတူဆော့၊ ရပ်ကွက်ထဲပတ်ပြီး ဘောလုံးကန်နေကြ။
" ဟျောင်း...ကျတော်ဝင်လာပြီနော် ''
အခန်းတံခါးကို ဆွဲဖွင့်လိုက်ချိန်မှာတော့ ယခင်လို ဆူဟိုဟျောင်း တစ်ယောက်တည်း မဟုတ်ဘဲ သူမသိတဲ့ ကလေးလေးတစ်ယောက်ပါ ရှိလို့နေ၏။
" ဂျောင်ဆူးလာလေ။ ဝင်ခဲ့။ ဂျုံအင်းနီက သူစိမ်းမဟုတ်ပါဘူးကွ ''
ဆူဟိုဟျောင်းက အခုမှရေချိုးပြီးသားထင်။ ရေစက်လက်နဲ့ ဘောင်းဘီတိုတစ်ထည်သာ ဝတ်ထားကာဖြင့် ကုတင်ပေါ်က ကလေးလေးရဲ့ ရေစိုနေတဲ့ခေါင်းကို သုတ်ပေးနေ၏။
" ဂျောင်ဆူး ထိုင်အုံးနော်။ ဂျုံအင်းနီနဲ့အတူ ရေဝင်ချိုးလိုက်တာ ငါပါရွှဲသွားလို့ ''
" ရတယ်ဟျောင်း။ ဖြည်းဖြည်းသာလုပ်။ ကျတော်စာအုပ်ဖတ်ရင်း စောင့်နေမယ် ''
ဆူဟိုက စာဖတ်သူဖြစ်တာကြောင့် သူ့အခန်းထဲ စာအုပ်အမျိုးအစား အစုံအလင် ကလေးပုံပြင်စာအုပ်မှသည် လူကြီးဖတ် အရောင်အသွေးစုံလင် စာအုပ်တွေအထိ ရှိသည်။ အဲ့လိုစာအုပ်တွေဝယ်ပြီး တွေ့ကရာလျှောက်ပစ်ထားရင်များ အန်တီမြင်ရင် ဆူဟိုဟျောင်းတို့ ကျောပြင်ကို ဗျောတင်ခံရပြီသာမှတ်။ အော်သံများ အိမ်ရှေ့ကနေ ဖြတ်သွားရင်တောင် ကြားရတယ်။
ပေါ့ပေါ့ပါးပါး ဖတ်လို့ကောင်းမယ့် စာအုပ်တစ်အုပ်ကို ဆွဲယူပြီး စာအုပ်စင်ဘေး ထိုင်ချကာဖြင့် ဆူဟိုကိုစောင့်ရင် စာဖတ်နေလိုက်သည်။
" ဂျုံအင်းနီ ငြိမ်ငြိမ်နေလေ။ ကိုကိုကခေါင်းသုတ်ပေးနေတာ ငြိမ်ငြိမ်နေမှပေါ့ ''
" ကိုကိုမဟုတ်ဘူး လေးလေး! လေးလေး! သားရဲ့ဉီးလေး! "
" အေးလေကွာ ကိုကိုကမင်းရဲ့ ဉီးလေးဆိုပေမယ့် ကိုကိုကအခုမှ အလယ်တန်းကျောင်းသားပဲ ရှိသေးတာကို ဉီးလေးဆိုတာကြီးက ဘယ်ခေါ်လို့ကောင်းပါ့မလဲ။ ကိုကိုလို့ခေါ်လေ...နော်။ ကိုကိုခေါ် ''
" လေးလေး ''
" ကိုကိုပါဆို ... ဂျုံအင်းနီကလည်း ... ကိုကိုခေါ် ''
" လေးလေး ''
" ကိုကိုလို့ ''
" လေးလေး ''
" ဟေ့ကောင် ဂင်မ်ဂျုံအင်! "
" ဘာလဲ? သားကိုရိုက်ရင် ဘွားဘွားနဲ့ တိုင်မှာနော်။ အဲ့ကြလေးလေးကို ဘွားဘွားက တံမြက်စည်းနဲ့ လိုက်ရိုက်မှာ ''
တူဝရီးနှစ်ယောက် သူတစ်ခွန်း ငါတစ်ခွန်း ရန်ဖြစ်နေတာကိုကြားပြီး ဂျောင်ဆူးပြုံးမိပါ၏။ နောက်ဆုံးတော့ ဆူဟိုဟျောင်းကို နိုင်မယ့်သူ ပေါ်လာပြီပဲ။
" မင်းနော် ငါ့ကို ကိုကိုလို့မခေါ်ရင် မင်းကိုခေါင်းမသုတ်ပေးတော့ဘူး။ အဝတ်အစားလည်း လဲမပေးတော့ဘူး ''
" ရတယ်လေ။ သည်းသည်းလေးကို လုပ်ခိုင်းမှာပေါ့ ''
ဆူဟိုဟျောင်းရဲ့ ဒေါသတကြီးနဲ့ သဘတ်ကို အိပ်ယာပေါ် ပစ်ချလိုက်တာကိုကြည့်ရင်း ဂျောင်းဆူးမှာ အော်ရယ်ချင်နေပြီ။
" အောင်မယ်။ လူကဖြင့် လက်တစ်ဆစ်လေးရှိသေး။ ရည်းစားက ထားချင်နေပြီ။ သည်းသည်းလေးက ဘယ်ကောင်မလဲ... ပြောစမ်း! ''
" ကောင်လေးလေ...ဟိုမှာထိုင်နေတဲ့ကောင်လေး။ သူ့ကိုပြောတာ ''
ဆူဟိုရဲ့မျက်လုံးက ပြူးအစ်လာပြီး ပါးစပ်ကလည်း အဟောင်းသား။ ဂျုံအင်းပြောတဲ့စကားကိုတော့ ရယ်ချင်စိတ်နဲ့ စာအုပ်ငုံ့ဖတ်နေသည့် ဂျောင်ဆူးဟာ မကြားလိုက်ပါ။
" လေးလေး မသုတ်ပေးလည်းရတယ်။ သားကသည်းသည်းလေးကို သွားသုတ်ခိုင်းမှာ ''
တဘတ်ကိုကောက်ယူပြီး ကုတင်ပေါ်က ဆင်းသွားသည့်တိုင် ဆူဟိုမှာမလှုပ်မယှက်နိုင်။ ကြက်သေသေနေဆဲ။
ဂျောင်ဆူးကို ၈နှစ်အရွယ် သူ့တူက သည်းသည်းလေးတဲ့ဗျား ! ! !
ဘုရား! ဘုရား! ဒီကောင်လေး သူ့သူငယ်ချင်းကို အတည်ကြီး ကြံနေတာလား။
ကလေးသာပြောတာ ကလေးအ,မဟုတ်တဲ့ ကလေးလည်လေး။
အသက်သာကြီးရင် ဆူဟိုကိုတောင် လာချိန်ခွင်ပေါ်တက်။ ရောင်းစားမလို့ဆိုပြီး ရောင်းစားသွားမယ့်ကောင်လေး။
" သည်းသည်းလေး သားကိုခေါင်းသုတ်ပေး ''
ဂျောင်းဆူးရှေ့လာရပ်တဲ့ ကလေးလေး။ လက်ထဲမှာလည်း တဘတ်လေးကိုင်လျှက်သား။ သူ့ကိုပြုံးစစနဲ့ ကြည့်နေပုံက တကယ့်ချစ်မွှေးလေး။ ရယ်နေတာလေးကိုက ဝက်ဝံညိုလေးအလားပဲ။ ပါးချိုင့်တုလေးတွေကပါသေး။ ကြီးလာရင်တော့ ဒီကလေးလေးက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ပေလိမ့်မယ်။
ဂျောင်းဆူးက ဂျုံအင်းလက်ထဲက သဘတ်ကို ယူလိုက်တော့ အနှီကလေးလေးက သူ့ပေါင်ပေါ် တက်ထိုင်လာလေ၏။
ဂျုံအင်းထိုင်တယ်ဆိုတာ သူ့မျက်နှာကို ဂျောင်ဆူးရင်ဘတ်နဲ့ ကပ်ထားပြီး ခြေထောက်ကလည်း ဂျောင်ဆူးခါးကို ချိတ်ထားသေးသည်။ ဒါတင်မက လက်ကလေးတွေကလည်း ဂျောင်ဆူးကျောကို မမှီမကမ်း ဖက်ထားပြန်သေး၏။
သူ့ပေါင်ပေါ်ထိုင်ပြီး ဇိမ်ယူနေတဲ့ ကလေးလေးကိုကြည့်ပြီး ဂျောင်းဆူးက ခပ်ဖွဖွရယ်၏။
" အတတ်ကလေးပဲမင်းက။ အရမ်းဇိမ်ယူတတ်တာပဲနော်။ ငါ့ပေါင်ပေါ်ကိုတောင် တက်ထိုင်တယ်ဆိုတော့ ''
" သားကြီးလာရင် သည်းသည်းလေးက သားပေါင်ပေါ်တက်ထိုင်လေ ''
" ဟားဟား! အတတ်ကလေး! ဟျောင်းရေ ဟျောင်းတူလေးက အတက်ကလေးပဲ။ ချစ်စရာလေးသိလား။ ကလေးက ဝက်ဝံညိုလေးနဲ့တူတယ် ''
ဆူဟိုက ကျောပေးထားတာမို့ မဲ့ရွဲ့စောင်းနေတဲ့ ဆူဟိုမျက်နှာကိုတော့ ဂျောင်ဆူးမမြင်ပါလေ။
ချစ်စရာလေးတဲ့!
ဝက်ဝံညိုလေးနဲ့တူတယ်တဲ့!
အေးပါ အဲ့ဒီဝက်ဝံညိုလေးက ကြီးလာရင်မင်းကို ခုန်အုပ်တော့မှာတော့ မြင်ယောင်ပြီးသား။
" သည်းသည်းလေး...နာမည်ဘယ်လိုခေါ်လဲဟင် ''
" ဒိုဂျောင်ဆူး! ''
ဤအဖြေကား ဂျောင်ဆူးဖြေသည်မဟုတ်။ ဆူဟိုဆီမှ ဖြေသံဖြစ်သည်။
" သည်းသည်းလေး နာမည်ဘယ်လိုခေါ်လဲလို့ ''
" ဂျောင်ဆူး...ဒိုဂျောင်ဆူး ''
ဂျောင်းဆူးဖြေမှ အဖက်လုပ်သည့်ဟန်ဖြင့် ဂျုံအင်းနီလေးဆီမှ အသံပိစိကလေး ထွက်လာလေ၏။
" သားနာမည်က ဂင်မ်ဂျုံအင်းတဲ့။ သည်းသည်းလေး မှတ်ထားနော် ''
" အေးပါ...အေးပါ ''
~ဆက်ရန်~
Hey! Yo! I'm back
Short storyလေးပါပဲ။ စုစုပေါင်း၆ပိုင်း ရှိပါတယ်။
တစ်ရက်တစ်ပိုင်း updateလာတင်မှာပါ။
🔶🔶🔶🔶🔶
< zawgyi>
ခါးလည္ေလာက္သာရွိတဲ့ ၿခံစည္းရိုးအျဖဴေလးက တံခါးေလးကို ဆြဲဖြင့္ေလေတာ့ တံခါးမွာခ်ိတ္ထားတဲ့ ေခါင္းေလာင္သံေလးက တခြၽင္ခြၽင္ ျမည္ဟီးေလလို႔လာ၏။
ၿခံဝင္းအတြင္း ေျခခ်မိလွ်င္ပင္ လတ္ဆတ္တဲ့ ေလထုေအးက ႏွာေခါင္းထဲကို အလုအယက္ ေျပးဝင္လာေလ၏။ လူသြားလမ္းေလးကို ေက်ာက္စရစ္ခဲေလးေတြနဲ႕ လမ္းေဖာက္ထားၿပီး ေဘးဘီဝဲယာကေန သီးပင္စားပင္ အစုံအလင္နဲ႕ သစ္ပင္ႀကီးေတြ၊ ျမက္ပင္စိမ္းတို႔ျဖင့္ ျပည့္ႏွက္ေနလွ်က္။
အိမ္ခ်င္းကလည္း ႏွစ္အိမ့္တစ္အိမ္ ျဖစ္ေနတာေၾကာင့္ ဟိုဘက္အိမ္ ဒီဘက္ အိမ္ တံခါးမရွိ၊ ဓားမရွိဝင္ထြက္ေနၾကျဖစ္သည္ေၾကာင့္ ေဂ်ာင္ဆူးသည္လည္း အိမ္တံခါးကို ဒီအတိုင္းတြန္းဖြင့္၍ ဝင္သြားေလေတာ့သည္။
" သားေလး အလည္လာတာလား? "
ဆူဟိုေဟ်ာင္းရဲ႕ အေမေရာ ဆူဟိူေဟ်ာင္းေရာက ေဖာ္ေဖာ္ေ႐ြေ႐ြပင္။ ေဟ်ာင္းကနည္းနည္း မဆိုသေလာက္ေလး စကားမ်ားတာကလြဲရင္ ေပါင္းရသင္းရ အဆင္ေျပပါတယ္။
" အေမက ဟင္းေပးခိုင္းလိုက္လို႔ ''
" အားနာစရာေတြသားရယ္။ ဘာေတြလဲဟင္။ ေပးေပး...အန္တီလွယ္ယူလိုက္မယ္ေနာ္။ သားအေမရဲ႕ လက္ရာက အရမ္းေကာင္းတာေလ ''
ဟင္းဗူးေတြထဲက ဟင္းလွယ္ေနတဲ့အခ်ိန္ အေပၚထပ္က ဆူဟိုေဟ်ာင္းဆီ တက္သြားေလ၏။ သူနဲ႕ေဟ်ာင္းက အဲ့လိုပဲ။ ေက်ာင္းပိတ္ရက္အားရင္ တစ္ေယာက္တစ္အိမ္ကူးၿပီး ဂိမ္းအတူေဆာ့၊ ရပ္ကြက္ထဲပတ္ၿပီး ေဘာလုံးကန္ေနၾက။
" ေဟ်ာင္း...က်ေတာ္ဝင္လာၿပီေနာ္ ''
အခန္းတံခါးကို ဆြဲဖြင့္လိုက္ခ်ိန္မွာေတာ့ ယခင္လို ဆူဟိုေဟ်ာင္း တစ္ေယာက္တည္း မဟုတ္ဘဲ သူမသိတဲ့ ကေလးေလးတစ္ေယာက္ပါ ရွိလို႔ေန၏။
" ေဂ်ာင္ဆူးလာေလ။ ဝင္ခဲ့။ ဂ်ဳံအင္းနီက သူစိမ္းမဟုတ္ပါဘူးကြ ''
ဆူဟိုေဟ်ာင္းက အခုမွေရခ်ိဳးၿပီးသားထင္။ ေရစက္လက္နဲ႕ ေဘာင္းဘီတိုတစ္ထည္သာ ဝတ္ထားကာျဖင့္ ကုတင္ေပၚက ကေလးေလးရဲ႕ ေရစိုေနတဲ့ေခါင္းကို သုတ္ေပးေန၏။
" ေဂ်ာင္ဆူး ထိုင္အုံးေနာ္။ ဂ်ဳံအင္းနီနဲ႕အတူ ေရဝင္ခ်ိဳးလိုက္တာ ငါပါ႐ႊဲသြားလို႔ ''
" ရတယ္ေဟ်ာင္း။ ျဖည္းျဖည္းသာလုပ္။ က်ေတာ္စာအုပ္ဖတ္ရင္း ေစာင့္ေနမယ္ ''
ဆူဟိုက စာဖတ္သူျဖစ္တာေၾကာင့္ သူ႕အခန္းထဲ စာအုပ္အမ်ိဳးအစား အစုံအလင္ ကေလးပုံျပင္စာအုပ္မွသည္ လူႀကီးဖတ္ အေရာင္အေသြးစုံလင္ စာအုပ္ေတြအထိ ရွိသည္။ အဲ့လိုစာအုပ္ေတြဝယ္ၿပီး ေတြ႕ကရာေလွ်ာက္ပစ္ထားရင္မ်ား အန္တီျမင္ရင္ ဆူဟိုေဟ်ာင္းတို႔ ေက်ာျပင္ကို ေဗ်ာတင္ခံရၿပီသာမွတ္။ ေအာ္သံမ်ား အိမ္ေရွ႕ကေန ျဖတ္သြားရင္ေတာင္ ၾကားရတယ္။
ေပါ့ေပါ့ပါးပါး ဖတ္လို႔ေကာင္းမယ့္ စာအုပ္တစ္အုပ္ကို ဆြဲယူၿပီး စာအုပ္စင္ေဘး ထိုင္ခ်ကာျဖင့္ ဆူဟိုကိုေစာင့္ရင္ စာဖတ္ေနလိုက္သည္။
" ဂ်ဳံအင္းနီ ၿငိမ္ၿငိမ္ေနေလ။ ကိုကိုကေခါင္းသုတ္ေပးေနတာ ၿငိမ္ၿငိမ္ေနမွေပါ့ ''
" ကိုကိုမဟုတ္ဘူး ေလးေလး! ေလးေလး! သားရဲ႕ဉီးေလး! "
" ေအးေလကြာ ကိုကိုကမင္းရဲ႕ ဉီးေလးဆိုေပမယ့္ ကိုကိုကအခုမွ အလယ္တန္းေက်ာင္းသားပဲ ရွိေသးတာကို ဉီးေလးဆိုတာႀကီးက ဘယ္ေခၚလို႔ေကာင္းပါ့မလဲ။ ကိုကိုလို႔ေခၚေလ...ေနာ္။ ကိုကိုေခၚ ''
" ေလးေလး ''
" ကိုကိုပါဆို ... ဂ်ဳံအင္းနီကလည္း ... ကိုကိုေခၚ ''
" ေလးေလး ''
" ကိုကိုလို႔ ''
" ေလးေလး ''
" ေဟ့ေကာင္ ဂင္မ္ဂ်ဳံအင္! "
" ဘာလဲ? သားကိုရိုက္ရင္ ဘြားဘြားနဲ႕ တိုင္မွာေနာ္။ အဲ့ၾကေလးေလးကို ဘြားဘြားက တံျမက္စည္းနဲ႕ လိုက္ရိုက္မွာ ''
တူဝရီးႏွစ္ေယာက္ သူတစ္ခြန္း ငါတစ္ခြန္း ရန္ျဖစ္ေနတာကိုၾကားၿပီး ေဂ်ာင္ဆူးၿပဳံးမိပါ၏။ ေနာက္ဆုံးေတာ့ ဆူဟိုေဟ်ာင္းကို နိုင္မယ့္သူ ေပၚလာၿပီပဲ။
" မင္းေနာ္ ငါ့ကို ကိုကိုလို႔မေခၚရင္ မင္းကိုေခါင္းမသုတ္ေပးေတာ့ဘူး။ အဝတ္အစားလည္း လဲမေပးေတာ့ဘူး ''
" ရတယ္ေလ။ သည္းသည္းေလးကို လုပ္ခိုင္းမွာေပါ့ ''
ဆူဟိုေဟ်ာင္းရဲ႕ ေဒါသတႀကီးနဲ႕ သဘတ္ကို အိပ္ယာေပၚ ပစ္ခ်လိဳက္တာကိုၾကည့္ရင္း ေဂ်ာင္းဆူးမွာ ေအာ္ရယ္ခ်င္ေနၿပီ။
" ေအာင္မယ္။ လူကျဖင့္ လက္တစ္ဆစ္ေလးရွိေသး။ ရည္းစားက ထားခ်င္ေနၿပီ။ သည္းသည္းေလးက ဘယ္ေကာင္မလဲ... ေျပာစမ္း! ''
" ေကာင္ေလးေလ...ဟိုမွာထိုင္ေနတဲ့ေကာင္ေလး။ သူ႕ကိုေျပာတာ ''
ဆူဟိုရဲ႕မ်က္လုံးက ျပဴးအစ္လာၿပီး ပါးစပ္ကလည္း အေဟာင္းသား။ ဂ်ဳံအင္းေျပာတဲ့စကားကိုေတာ့ ရယ္ခ်င္စိတ္နဲ႕ စာအုပ္ငုံ႕ဖတ္ေနသည့္ ေဂ်ာင္ဆူးဟာ မၾကားလိုက္ပါ။
" ေလးေလး မသုတ္ေပးလည္းရတယ္။ သားကသည္းသည္းေလးကို သြားသုတ္ခိုင္းမွာ ''
တဘတ္ကိုေကာက္ယူၿပီး ကုတင္ေပၚက ဆင္းသြားသည့္တိုင္ ဆူဟိုမွာမလႈပ္မယွက္နိုင္။ ၾကက္ေသေသေနဆဲ။
ေဂ်ာင္ဆူးကို ၈ႏွစ္အ႐ြယ္ သူ႕တူက သည္းသည္းေလးတဲ့ဗ်ား ! ! !
ဘုရား! ဘုရား! ဒီေကာင္ေလး သူ႕သူငယ္ခ်င္းကို အတည္ႀကီး ႀကံေနတာလား။
ကေလးသာေျပာတာ ကေလးအ,မဟုတ္တဲ့ ကေလးလည္ေလး။
အသက္သာႀကီးရင္ ဆူဟိုကိုေတာင္ လာခ်ိန္ခြင္ေပၚတက္။ ေရာင္းစားမလို႔ဆိုၿပီး ေရာင္းစားသြားမယ့္ေကာင္ေလး။
" သည္းသည္းေလး သားကိုေခါင္းသုတ္ေပး ''
ေဂ်ာင္းဆူးေရွ႕လာရပ္တဲ့ ကေလးေလး။ လက္ထဲမွာလည္း တဘတ္ေလးကိုင္လွ်က္သား။ သူ႕ကိုၿပဳံးစစနဲ႕ ၾကည့္ေနပုံက တကယ့္ခ်စ္ေမႊးေလး။ ရယ္ေနတာေလးကိုက ဝက္ဝံညိုေလးအလားပဲ။ ပါးခ်ိဳင့္တုေလးေတြကပါေသး။ ႀကီးလာရင္ေတာ့ ဒီကေလးေလးက ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ ျဖစ္ေပလိမ့္မယ္။
ေဂ်ာင္းဆူးက ဂ်ဳံအင္းလက္ထဲက သဘတ္ကို ယူလိုက္ေတာ့ အႏွီကေလးေလးက သူ႕ေပါင္ေပၚ တက္ထိုင္လာေလ၏။
ဂ်ဳံအင္းထိုင္တယ္ဆိုတာ သူ႕မ်က္ႏွာကို ေဂ်ာင္ဆူးရင္ဘတ္နဲ႕ ကပ္ထားၿပီး ေျခေထာက္ကလည္း ေဂ်ာင္ဆူးခါးကို ခ်ိတ္ထားေသးသည္။ ဒါတင္မက လက္ကေလးေတြကလည္း ေဂ်ာင္ဆူးေက်ာကို မမွီမကမ္း ဖက္ထားျပန္ေသး၏။
သူ႕ေပါင္ေပၚထိုင္ၿပီး ဇိမ္ယူေနတဲ့ ကေလးေလးကိုၾကည့္ၿပီး ေဂ်ာင္းဆူးက ခပ္ဖြဖြရယ္၏။
" အတတ္ကေလးပဲမင္းက။ အရမ္းဇိမ္ယူတတ္တာပဲေနာ္။ ငါ့ေပါင္ေပၚကိုေတာင္ တက္ထိုင္တယ္ဆိုေတာ့ ''
" သားႀကီးလာရင္ သည္းသည္းေလးက သားေပါင္ေပၚတက္ထိုင္ေလ ''
" ဟားဟား! အတတ္ကေလး! ေဟ်ာင္းေရ ေဟ်ာင္းတူေလးက အတက္ကေလးပဲ။ ခ်စ္စရာေလးသိလား။ ကေလးက ဝက္ဝံညိုေလးနဲ႕တူတယ္ ''
ဆူဟိုက ေက်ာေပးထားတာမို႔ မဲ့႐ြဲ႕ေစာင္းေနတဲ့ ဆူဟိုမ်က္ႏွာကိုေတာ့ ေဂ်ာင္ဆူးမျမင္ပါေလ။
ခ်စ္စရာေလးတဲ့!
ဝက္ဝံညိုေလးနဲ႕တူတယ္တဲ့!
ေအးပါ အဲ့ဒီဝက္ဝံညိုေလးက ႀကီးလာရင္မင္းကို ခုန္အုပ္ေတာ့မွာေတာ့ ျမင္ေယာင္ၿပီးသား။
" သည္းသည္းေလး...နာမည္ဘယ္လိုေခၚလဲဟင္ ''
" ဒိုေဂ်ာင္ဆူး! ''
ဤအေျဖကား ေဂ်ာင္ဆူးေျဖသည္မဟုတ္။ ဆူဟိုဆီမွ ေျဖသံျဖစ္သည္။
" သည္းသည္းေလး နာမည္ဘယ္လိုေခၚလဲလို႔ ''
" ေဂ်ာင္ဆူး...ဒိုေဂ်ာင္ဆူး ''
ေဂ်ာင္းဆူးေျဖမွ အဖက္လုပ္သည့္ဟန္ျဖင့္ ဂ်ဳံအင္းနီေလးဆီမွ အသံပိစိကေလး ထြက္လာေလ၏။
" သားနာမည္က ဂင္မ္ဂ်ဳံအင္းတဲ့။ သည္းသည္းေလး မွတ္ထားေနာ္ ''
" ေအးပါ...ေအးပါ ''
~ဆက္ရန္~
Hey! Yo! I'm back
Short storyေလးပါပဲ။ စုစုေပါင္း၆ပိုင္း ရွိပါတယ္။
တစ္ရက္တစ္ပိုင္း updateလာတင္မွာပါ။