(Completed) Reborn as a good...

By Xiao_Yiii

1.9M 299K 9.1K

အသုံးမကျပဲဆိုးသွမ်းသည့်ကလေးတစ်ယောက်အနေဖြင့်နောက်ဆုံးတွင်ပိုင်ရိဟန်ကသူ့မိသားစုကိုအဆုံးသတ်စေခဲ့သည်။ ပြန်လည်မွေး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《92》

12.8K 2K 69
By Xiao_Yiii

Unicode

အခန်း(၉၂) - ဒီတစ်ခါတော့ နောင်တရစရာမရှိတော့ဘူး

စိုစွတ်တဲ့လျှာက သူ့နားရွက်အနှံ့ ပွတ်သပ်လာသောအခါ သူ့အတိတ်ဘဝက မှတ်ဉာဏ်များ ပြည့်လျှံလာသည်။ သူခံစားရသမျှက စိုစွတ်ပြီး ချောကျိနေတဲ့ ပိုးကောင်တစ်ကောင်က သူ့အရေပြားပေါ်မှာ တွားသွားနေသလိုမျိုး ပြင်းထန်လှတဲ့  စက်ဆုပ်ရွံရှာဖွယ်ကောင်းမှုပင်။ သူ့ဦးရေပြားက ထိတ်လန့်မှုကြောင့် တင်းကြပ်လာသည်။

"ထွက်သွားစမ်း!" သူက ဒေါသတကြီး အော်ဟစ်လိုက်မိသည်။

ရိဟန်ရဲ့ ခန္တာကိုယ်တစ်ခုလုံး နောက်ပြန်ဆုတ်သွားသည်။ သူက သူ့အင်အားကို အလွန်အကျွံ သုံးလိုက်မိတာကြောင့် ဟန်ချက်မညီပဲ နောက်ပြန်လဲကျသွားရ၏။ သူ့ခေါင်းက ကြမ်းပြင်ဖြင့် ကျယ်လောင်စွာ ရိုတ်ခတ်မိပြီး ဖုန်းချွင်ရဲ့ လက်သီးဆုပ်ထဲမှာ သွေးစွန်းနေသည့် ဆံပင်အနည်းငယ် ကျန်ရစ်ခဲ့သည်။

ခဏတာ အံ့အားသင့်မိသွားတာကြောင့် ဖုန်းချွင်က လဲကျသွားတဲ့ ရိဟန်အား စိုက်ကြည့်နေမိပြီးမှ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလာသည်။

"မင်းက အတော်လေး ရဲရင့်သားပဲ, ဘာလဲ? ငါထိတာကို မပျော်ဘူးလား? ငါက မနှစ်မြို့စရာ ကောင်းတယ်လို့ ထင်လို့လား? ငါဘယ်လောက်ထိ ရွံ့စရာကောင်းနိုင်မလဲ ဆိုတာ မင်းကို ကြိုးစားခွင့်ပေးမယ်လေ, စိတ်မပူပါနဲ့ ငါတို့မှာ အချိန်တွေ အများကြီး ရှိနေသေးတယ်, 'အဲ့ဒီလူတွေက' ငါနဲ့ ပတ်သတ်တာတွေကို ဖျတ်ဆီးပေးထားမှာဆိုတော့ မင်းရဲ့ 'အုပ်ထိန်းသူနတ်ဘုရား' တွေက ငါ့ကိုဘယ်လိုမှ လွယ်လွယ်ကူကူ ရှာတွေ့နိုင်မှာ မဟုတ်ဘူး, သူတို့တွေ ရောက်လာခဲ့ရင်လည်း ငါပျော်ပျော်ရွှင်ရွှင်နဲ့ ဖျတ်ဆီးထားတဲ့ အလောင်းကိုပဲ ရှာတွေ့လိမ့်မယ်, ငါက ဘယ်လိုပဲဖြစ်ဖြစ် သေမှာပဲဆိုတော့ သေချာပေါက် ငါ့ဆန္ဒတွေကို ဖြည့်ဆည်းပေးရမှာပေါ့, မဟုတ်ရင် အလဟသ ဖြစ်သွားလိမ့်မယ် မဟုတ်ဘူးလား? ငါက အရမ်းကျွမ်းကျင်ပါတယ်ကွ,မင်းမသေခင်မှာ မင်းခံစားဖူးသမျှထဲ အကောင်းဆုံး အတွေ့အကြုံကို သေချာပေါက် ပေးမယ်"

ရိဟန်ရဲ့ စိတ်က ကျယ်လောင်စွာ မည်ဟီးနေသည်။ သူ့မျက်လုံးထဲမှာ အနက်ရောင် အစက်အပြောက်များ မြင်လာရသည်။ သူ့နှလုံးခုန်သံက မြန်ဆန်လာပြီး ပြင်းထန်စွာ အသက်ရှုလာသည်။ သူက ခေါင်းကိုခါယမ်းရင်း အကောင်းဆုံးကြိုးစား၍ နောက်ကို တစ်လမချင်းဆီ ဖြည်းညှင်းစွာ ဆုတ်နေမိသည်။ သူ့ရဲ့ နီရဲနေတဲ့ မျက်လုံးများကတော့ အနားကို ဖြည်းညှင်းစွာ တိုးလာသော ဖုန်းချွင်ကိုသာ စိုက်ကြည့်နေလေသည်။

ရိဟန်သည် တစ်ဖက်လူက သူ့ကို ဒီလိုမျိုး စဉ်းစားနေမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။ တစ်ဖက်လူကသူ့ကို ညှင်းပန်းနှိပ်စက်ဖို့အတွက် ဒီနည်းလမ်းကို အသုံးပြုခဲ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ဒါက ရိဟန်ရဲ့ အရင်ဘဝနဲ့စာရင် မတူညီတဲ့ ကမ္ဘာတစ်ခုဖြစ်သည်။ အခုဆိုရင် သူက ကျင်းယွမ်နဲ့ အတူတူဖြစ်နေလေပြီ။ သေဆုံးရင်ပဲဖြစ်ဖြစ် ရှင်သန်နေရင်ပဲဖြစ်ဖြစ် သူ့ဝိညာဉ်မှသည် သူ့ခန္တာကိုယ်ထိ သူ့လက်တွဲဖော်တစ်ယောက်တည်းကိုသာ ထာဝရ သစ္စာရှိနေမှာပင်။

ရွံရှာဖွယ် အတိတ်ကို ဘယ်လိုမှ ထပ်ခါထပ်ခါ မဖြစ်စေရတော့ဘူး။ အကယ်၍ ခုခံဖို့ နည်းလမ်း မရှိဘူးဆိုရင် ဒီသားရဲကောင်ကြီးကိုပါ သူနဲ့အတူ ဖျတ်ဆီးပစ်မည်။ ဒါက သူ့အတိတ်ဘဝနဲ့အတူ နောက်ဆုံးအကြိမ် ဖြေရှင်းခြင်းလို့ မှတ်ယူနိုင်သည်လေ။

ဖုန်းချွင်သည် ရိဟန်နှင့် ပိုမိုပြီး နီးကပ်လာသည်။ 

သူ့ရင်ထဲမှာပဲ နက်နက်ရှိုင်းရှိုင်းနဲ့ လိုချင်တက်မက်နေခဲ့တဲ့ တစ်စုံတစ်ယောက်က သူလှမ်းလာတဲ့ ခြေလှမ်းတိုင်းမှာ ကြောက်ရွံ့ထိတ်လန့်ပြီး သတိထား၍ နောက်ပြန်ဆုတ်နေသော မြင်ကွင်းက သူ့နှလုံးသားကို ပီတိတွေနဲ့ ပြည့်နှက်စေသည်။

ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က အခန်းအပြင်ဘက်ကနေ တံခါးကို တွန်းဖွင့်လာ၏။

"မြန်မြန်လေးလုပ်လေ, အကယ်၍ ပိုင်မိသားစုတွေသာ ငါတို့ကို ရှာတွေ့သွားရင်, ငါတို့တော့ သွားပြီပဲ" ထိုလူက ပြောလာသည်။

ဖုန်းချွင်က ရပ်တန့်သွားသည်။

"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ?" သူက အော်ဟစ်သည်။
"ငါ့ကိုများ ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုပြောရဲနေရတာလဲ! သတိထားနေလိုက်, မင်းကို ပိုက်ဆံလုံးဝ မရအောင် လုပ်ပစ်လိုက်မယ်! ထွက်သွားပြီး တံခါးကို စောင့်နေစမ်း!"

ထိုလူက သူ့နောက်က တံခါးကို ပိတ်လိုက်သည်။

"ငါက ထူးထူးခြားခြား မဟုတ်တာ မှန်ပါတယ်" သူက လှောင်ပြောသည်။

"ဒါပေမဲ့ မင်းကရော ဘာမို့လို့လဲ? မင်းလည်း အိမ်ခြေရာမဲ့ဖြစ်နေပြီလေ, မင်းရဲ့ သခင်လေးဆိုတဲ့ ပုံစံတွေကို ဘေးဖယ်ထားလိုက်စမ်းပါ! ပြီးတော့ မင်းကဘာကို ငါ့ပေးမှာလဲ? မင်းကို အထင်သေးတာတော့ မဟုတ်ပေမယ့် မင်းမှာက ထမင်းတစ်နပ်စာတောင် ပိုက်ဆံလုံလုံ လောက်လောက် ရှိလို့လား?"

ဖုန်းချွင်ရဲ့ မျက်နှာက အစိမ်းရောင် သန်းလာပြိးနောက် ဖြူဖျော့သွားသည်။ သို့သော်လည်း အပြင်ဘက်ကလူတွေကို သူလိုအပ်နေသေးတယ်ဆိုတာတော့ သိနေသေးသည်။ အခုချိန်က သူတို့ကို သူ့ရန်သူအဖြစ် ပြောင်းလဲလိုက်ဖို့အတွက် အချိန်ကောင်း မဟုတ်လေဘူး။ ဒေါသက သူ့ကို စက္ကန့်ပိုင်းလောက် လွှမ်းခြုံသွားတာကြောင့်သာ မဟုတ်ဘူးဆိုရင် သူဒီလိုမျိုး ဒေါသတကြီး ပြောမှာ မဟုတ်ပေ။ 

သူအခုချိန်မှာ အလျင်စလို လုပ်လို့ မဖြစ်ဘူး, တစ်နေ့, တစ်နေ့တော့ သူနဲ့ ရန်သူဖြစ်နေတဲ့သူတိုင်း တန်ဖိုးပြန်ပေးဆပ်စေရမယ်!

သူ့မျက်နှာက အကြိမ်အနည်းငယ် ပြောင်းလဲသွားပြီးမှ နောက်ဆုံးမှာ စကားပြန်စလာပြီး သူ့လေသံထဲမှာ ဒေါသအရိပ်အငွေ့ ပါနေသေးပေမယ့်လည်း ဖိနှိပ်ထားသည်။

"ငါတောင်းပန်ပါတယ်, ဒေါသထွက်သွားမိလို့ စကားပြောတာ ကမူးရှူးထိုးဖြစ်သွားတယ်, ကျေးဇူးပြုပြီး အခန်းထဲက ထွက်သွားပေးပါ, မကြာခင် ပြီးမှာပါ"

ထိုလူက ဟက်ဟက်ပက်ပက် ရယ်သည်။ တစ်ဖက်လူက ခြေတစ်လှမ်းနောက်ပြန်ဆုတ်လိုက်တာကြောင့် သူသည်လည်း သူတို့ရဲ့ လက်တွဲမှုအား ပြန်ပြင်မရတဲ့ ပျက်ဆီးမှုမျိး မဖြစ်စေချင်ပေ။ သူက ရိဟန်အား သနားတဲ့ အကြည့်တစ်ချက်နဲ့ ကြည့်လိုက်ပြီးနောက် တစ်ဖက်လှည့်ပြီး အခန်းထဲက ပြန်ထွက်သွားတော့သည်။

ဖုန်းချွင်က ရိဟန်ဘက်ကို ပြန်လှည့်လာ၏။ သူဆက်ပြီး အချိန်မဆွဲနိုင်တော့ပေ။ သူက ရိဟန်ဆီကို သွားလိုက်ပြီး ကြိးချည်ထားတဲ့ ရိဟန်လက်အား ဆွဲယူကာ တစ်ဖက်လူအား အခန်းထောင့် စားပွဲပေါ် ဆွဲတင်လိုက်သည်။ လက်တစ်ဖက်က ရိဟန်ရဲ့ အင်္ကျီကို ဆုတ်ဖြဲလိုက်ရင်း ရိဟန်ရဲ့ လည်ပင်းအား စုပ်လိုက်ကိုက်လိုက်လုပ်၍ တစ်ခြားလက်တစ်ဖက်ကတော့ သူ့ခါးပတ်ကို ဖြုတ်၍ ဘောင်းဘီကြားထဲ ရောက်သွားသည်။

ရိဟန်လုပ်နိုင်သမျှက စူးစူးဝါးဝါး အော်ဟစ်ခြင်းတစ်ခုသာ။ သူ့လက်ကောက်ဝတ်က ကြမ်းတမ်းလှတဲ့ကြိုးနဲ့ ပွတ်တိုက်မိတာကြောင့် အရေပြားများ စုတ်ပြဲလာပြီး ကြိုးတွင် သွေးများဖြင့် နီရဲနေသည်။ သို့သော်လည်း ၎င်းတို့ကို မဖယ်ရှားနိုင်ရှာပေ။

ဖုန်းချွင်က ရိဟန်ရဲ့ အောက်မေးရိုးအား ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

"ငါမင်းမျက်လုံးတွေကို အကြိုက်ဆုံးပဲ" သူက ဆိုးရွားလှတဲ့ ထီမထင်ဟန်အပြုံးဖြင့် ပြောလာသည်။
"သူတို့တွေက အရမ်းကို ကြည်လင်နေပြီး ငါတို့လို နိမ့်ကျတဲ့သူတွေကို ရွံ့ရှာစပ်ဆုပ်မှု အပြည့်ပဲ, သူတို့က အရမ်းစွဲလမ်းစရာ ကောင်းလွန်းတယ်, မထင်မှတ်ပဲ မာလာမှာကို ကြောက်လို့ မင်းမျက်လုံးကို ငါတည့်တည့် ကြည့်တာရှားတယ်....အခုတော့, နောက်ဆုံးတော့ ငါဆန္ဒရှိသလောက် အရသာခံလို့ရပြီ, ဟုတ်တယ် အဲ့ဒီအကြည့်, ငါ့ကို ဒီလိုပဲ ဆက်ကြည့်နေ....."

သူ့အသက်ရှုသံက အက်ရှလာသည်။ သူက သူ့ပါးစပ်ကို နှိမ့်ချလိုက်ပြီး ရိဟန်၏ မျက်ခွံများနဲ့ မျက်တောင်လေးများအား လျှာနဲ့လျှက်ပြန်သည်။ ချည်နှောင်ခံထားရတဲ့ ရိဟန်ရဲ့ မေးရိုးကတော့ ဖုန်းချွင်ရဲ့ ဆုပ်ကိုင်မှုထဲမှာသာ ရှိနေသေးသည်။ တစ်ဖက်လူမှာ လွတ်မြောက်နိုင်မယ့် နည်းလမ်းမရှိရှာ။

ဒေါသတကြီး အော်ဟစ်သံဖြင့်သာ ရိဟန်ရဲ့ တစ်ကိုယ်လုံးက ရှေ့ကို တစ်ဆတ်ဆတ် တုန်လာသည်။ သူက ဖုန်းချွင်ရဲ့ လည်ပင်းအား အမိအရ ကိုက်ထည့်လိုက်ပြီး အသားစထွက်လာသည်အထိ ခဲထားသည်။ ဖုန်းချွင်က နာကျင်မှုဖြင့် အော်ဟစ်၏။ 

သူ့လက်များက ရိဟန်ရဲ့ ပါးစပ်အား ဆွဲဖွင့်ရန် အားစိုက်ထုတ်လိုက်ပြီး သူ့လည်ပင်းက ဒဏ်ရာဆီ လက်မြှောက်လိုက်သည်။ သူ့လက်ထဲမှာ လတ်ဆတ်တဲ့ သွေးများ တစ်စက်စက် ပါလာလေသည်။ ဒေါသက ပေါက်ကွဲထွက်လာတာကြောင့် ရိဟန်ရဲ့ မျက်နှာအား ဖြတ်ရိုက်လိုက်သည်။ သူက အဲ့ဒါနဲ့တင် မကျေနပ်နိုင်သေးပဲ ရိဟန်အား အကြိမ်အနည်းငယ် ထပ်ရိုက်နေတာကြောင့် ရိဟန်ရဲ့ ပါးစပ်ကနေ သွေးများစီးကျလာပြီး အမြင်အာရုံများ မှောင်မိုက်သွားသည်။ ထိုအချိန်မှသာ ဖုန်းချွင်က ရိဟန်ရဲ့ လည်ပင်းအား တင်းတင်းညှစ်လေသည်။

"မင်းကခွေးလား? ဒီလိုအချိန်မျိုးမှာ တစ်စုံတစ်ယောက်ကို နာကျင်အောင် လုပ်နိုင်တယ်ပေါ့လေ" ဖုန်းချွင်က မာဆတ်ဆတ် ထပ်ပြောသည်။

"မင်းအပေါက်ကရော ငါ့ dick ကို ကိုက်နိုင်ဖို့ သွားပေါက်ပြီလား ကြည့်ကြတာပေါ့!"

အရူးအမူးဖြစ်နေသည့် လှုပ်ရှားမှုဖြင့် ဖုန်းချွင်က ရိဟန်ရဲ့ ခြေထောက်က ကြိုးများအား ဖြည်လိုက်ပြီး သူ့ဘောင်းဘီကို ဆွဲဖြဲသည်။ ရိဟန်က ဖြည်းညှင်းစွာ အသက်ရှုသွင်းလိုက်၏။ သူက မတိုက်ခိုက်ပဲ တိတ်တဆိတ်သာ အင်အားကို စုဆောင်းနေသည်။ ထို့နောက် ဖုန်းချွင်က သူ့ဘောင်းဘီကို ဆွဲချွတ်ဖို့ ငုံ့လိုက်တဲ့အချိန်မှာ ရိဟန်က သူ့ခြေထောက်ကို မြှောက်လိုက်ပြီး ဖုန်းချွင်ရဲ့ စိတ်လှုပ်ရှားပြီး ထကြွနေသော သွေးချောင်းကြီးကို ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်သည်။

ရိဟန်က ထိုကန်ချက်တစ်ချက်ထဲမှာ သူ့အင်အားအကုန် ထည့်သုံးလိုက်ရခြင်းပင်။ ဖုန်းချွင်က နာကျင်စွာ အော်ဟစ်ရင်း တစ်ဖက်ကို လဲကျသွားသည်။ သူ့လက်က သူ့ပေါင်ခြံကို အုပ်ကိုင်ရင်း ကြမ်းပြင်ပေါ်မှာ နာကျင်စွာ လူးလှိမ့်နေသည်။

အပြင်ဘက်ကလူများသည် အထဲက တစ်စုံတစ်ရာ မှားယွင်းနေသော အသံကို ကြားလိုက်ရတာကြောင့် တံခါးအား အလျင်စလို ဖွင့်၍ ဝင်လာပြီး စစ်ဆေးသော်လည်း အဝတ်တွေ စုတ်ပြတ်သတ်နေသည့် ရိဟန်ကိုသာ မြင်လိုက်ရသည်။

ချည်နှောင်ခံထားရသည့် သူ့လက်ကောက်ဝတ်က သွေးများဖြင့် ဖုံးလွမ်းနေသည်။ သူ့ရင်ဘက်မှာလည်း ကိုက်ရာများ ရှိနေသည်။ သူ့ရဲ့ ပုလဲရောင် ပါးပြင်လေးပေါ်မှာလည်း အနီရင့်ရောင်ဖြစ်နေသည့် လက်ရာများ ကျန်ရစ်နေသည်။ သူ့နှုတ်ခမ်းမှာလည်း ခြောက်သွေ့နေသည့် သွေးစလေးများ ရှိနေပြန်သည်။ သူ့ရဲ့ သွေးနီရောင် မျက်လုံးများကတော့ တံခါးပေါက်က လူကို စိုက်ကြည့်နေသည်။ ၎င်းတို့က ချောင်ပိတ်မိနေတဲ့ ဝံပုလွေမျက်လုံးများလိုပင်။

ထို့နောက် ကြမ်းပြင်ပေါ်မှာတော့ သူ့အောက်ပိုင်းကို ကိုင်ပြီး လူးလှိမ့်အော်ဟစ်နေသည့် ဖုန်းချွင်ရှိနေသည်။ အပြင်ကလူများ ဝင်လာတာကို မြင်သောအခါ သူ့ရဲ့ ချွေးများ ရွှဲနေသော မျက်နှာအားမလိုက်ပြီး ထိုလူအား အော်ပြောလိုက်သည်။

"သူ့ကိုဖမ်းထား! သေအောင် -ိုးပစ်လိုက်! သူသေတဲ့အထိ ရိုက်ပစ်!"

ထိုလူများက တစ်ယောက်နဲ့တစ်ယောက် ကြည့်မိကြပြီး မည်သူမျှ မလှုပ်ရှားကြ။ သူတို့က အစောကတည်းက ဖုန်းချွင်အား ရွံရှာနေကြတာဖြစ်သည်။ မတိုင်ခင်က လူက စကားစလာသည်။

"ဖုန်းချွင်, လူတစ်ယောက်က အလွန်အကျွံ မဖြစ်သင့်ဘူး, ခုနက မင်းတို့ စကားပြောနေတာတွေ ငါတို့ကြားပြီးသွားပြီ, ဒီလူက မင်းအပေါ် ဘာမှ အကြွေးမတင်ဘူးလေ, မင်းက သူမင်းထက် ပိုပြီး မြင့်မားတဲ့ လူ့အဖွဲ့အစည်းထဲမှာ မွေးဖွားလာရတဲ့အပေါ် မနာလိုဖြစ်နေတာ သက်သက်ပဲ, အခုသူက မင်းလက်ထဲ ရောက်နေပြီပဲ, အကယ်၍ ငါတို့သူ့ကို သတ်ရမယ် ဆိုရင်တောင် ဒီအတိုင်း သတ်လိုက်ပေါ့ ဘာဖြစ်လို့ အရှက်ခွဲချင်နေရတာလဲ?"

ထိုအချိန်မှာ ဖုန်းချွင်က အနည်းငယ် သက်သာလာသည်။ သူက ကြမ်းပြင်ပေါ်မှာ လှဲနေရဆဲဖြစ်ပြီး သူ့အသက်ရှုသံများသည်လည်း တိုပြတ်နေဆဲပင်။

"အိုး? အခုရောဘာလဲ? မင်းရင်တွေ နာနေတာလား?" ဖုန်းချွင်ကမေးသည်။

"မင်းသူ့ကို ကြိုက်လို့လား? ဒုက္ခရောက်နေတဲ့ မမလေးကို ကယ်တင်တဲ့ သူရဲကောင်းကြီးလို ကစားချင်လို့လား? မင်းကိုယ်မင်း မှန်ထဲ အရင်ကြည့်လိုက်ဦး! မင်းကိုသူက တစ်ချက်တောင် မကြည့်ဘူး, မင်းကိုကြိုက်ဖို့ကတော့ ပြောမနေနဲ့တော့! အကယ်၍ မင်းသူ့ကို မလုပ်ချင်ဘူးဆိုရင် ငါလုပ်မယ်!"

ပထမပြောတဲ့လူနောက်က နောက်တစ်ယောက်က သူ့နှုတ်ခမ်းအား ရံှု့မဲ့ရင်း ပြောလာသည်။

"မင်းကသူ့ကိုလုပ်မယ်?" သူကမေးခွန်းထုတ်လာ၏။
"အခုလေးတင် အဲ့ဒီ ဝံပုလွေကောင်လေးဆီကနေ ပန်းသေအောင် အကန်ခံလိုက်ရတာ မဟုတ်ဘူးလား? မင်းက ထနိုင်သေးလို့လား? မင်းဘက်ကနေ ဖင်ခံပြီး -ိုးအောင်စောင့်မှာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်နော်, ဟုတ်လား?"

ဖုန်းချွင်ရဲ့ မျက်နှာက နောက်တစ်ဖန် သေလောက်အောင် ဖြူဖျော့သွားသည်။ သူဘယ်လောက်ပဲ သရုပ်ဆောင်နေပါစေ တကယ်တော့ သူကတစ်ခါမှ အလုပ်မလုပ်ဘူးသော ချမ်းသာတဲ့ ကလေးတစ်ယောက်သာဖြစ်သည်။ ရိဟန်ရဲ့ ကန်ချက်က ဟာသမဟုတ်ပေ။

သူ့ပေါင်ခြံက အလွန်နာကျင်နေတာကြောင့် သူ့တစ်ကိုယ်လုံးပင် ချွေးအေးများ ထွက်လာသည်။ လောလောဆယ်မှာ သူ့ခြေထောက်ကို ပြန်မတ်ဖို့တောင် အင်အားမရှိနေ။ ဒီလူတွေက သူ့အမိန့်ကို နာခံမယ်ဆိုတဲ့ မျှော်လင့်ချက် မရှိဘူးဆိုတာကို သူသိသည်။ သူက သူ့ကို အေးစက်စက် စိုက်ကြည့်နေဆဲဖြစ်သည့် ရိဟန်အား တစ်ချက်ကြည့်လိုက်သည်။ 

ထို့နောက် အံကိုတင်းတင်းကြိတ်၍ အေးစက်စက် ရယ်မောလိုက်ပြီး တံခါးဝမှာ ရပ်နေဆဲဖြစ်သော လူများအား ကြည့်ုလိုက်လေသည်။

"မင်းတို့သူ့ကိုမလုပ်ချင်ကြဘူး" ဖုန်းချွင်က စကားဆက်သည်။

"ဒါပေမဲ့ ငါတို့သူ့ကို ဘာကြောင့် ဒီခေါ်လာလဲ ဆိုတာကိုတော့ မမေ့နဲ့, မင်းတို့ ခုနက အရမ်းအလျင်လိုနေတာ မဟုတ်ဘူးလား? ဘာလို့မသတ်သေးတာလဲ? ပိုင်မိသားစု ရောက်လာပြီး ငါတို့တွေကို ဖမ်းတာစောင့်နေတာလား?"

"မင်းဘယ်လိုများ ဒီစကားကို အရှက်မရှိ ပြောရဲရတာလဲ?" ဖုန်းချွင်အား မေးခွန်းထုတ်လိုက်သည့်လူက မပျော်ရွှင်သည့် အသံဖြင့် ပြောလာသည်။

"အကယ်၍ မင်းသာ ငါတို့ကို အတင်းအကြပ်နဲ့ သူ့ကို အရှက်ခွဲပြီး လက်စားချေချင်လို့ပါဆိုပြီး မပြောခဲ့ရင် သူ့ကို ငါတို့ van ကားထဲမှာတည်းက ချက်ချင်းသတ်ပစ်ပြီးနေပြီ, အခုငါတို့က အရပ်လေးမျက်နှာမှာ ပြန့်ကျဲတော့မယ်, ဘာလို့ငါတို့က ဒီမှာနေပြီး မင်းနဲ့အတူ အသက်ရင်းရမှာလဲ?"

"ဒါဆို မင်းအခု လုပ်မှာလား မလုပ်ဘူးလား?" ဖုန်းချွင်က အော်သည်။
"သူ့ကိုသတ်ပစ်!"

ထိုလူက ဖုန်းချွင်အား ဘေးတစ်စောင်း ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ကောက်ဝတ်နဲ့ လက်ချောင်းများအားထုတ်လိုက်ပြီး လက်ဆစ်များကို ချိုးလိုက်ကာ ရိဟန်ဆီ သွားရင်းဖြင့် ပြောသည်။

"ဟေး, bor, ငါတို့ကို ရက်စက်တယ်လို့ မထင်နဲ့, ငါတို့မင်းအပေါ်မှာ အာဃာတတော့ မရှိပေမယ့် ငါတို့အားလုံးက ဥပဒေကို ချိုးဖောက်ထားတဲ့အပြင် ပိုက်ဆံလည်း မရှိဘူး, ဒီလိုလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး, ဟိုဘက်ကို ရောက်သွားခဲ့ရင် ငါတို့ကို အပြစ်မတင်ပါနဲ့, မင်းကို တကယ် သေစေချင်တဲ့သူနဲ့ အဲ့ဒီနှာဘူးကောင် ဖုန်းချွင်ကိုသာ အပြစ်တင်လိုက်တော့"

ရိဟန်ရဲ့ မျက်နှာကတော့ အမူအယာ ကင်းမဲ့နေသည်။ သူ့မျက်လုံးများက အနားကို လျှောက်လာသည့်လူကိုသာ စိုက်ကြည့်နေသည်။ ထိုလူက သူ့ရှေ့မှာ ဒူးထောက်ချလိုက်၏။

"မကြောက်နဲ့" သူကနူးနူးညံ့ညံပြောပြီး သူ့လက်က ရိဟန်ရဲ့ ခေါင်းအား ထောက်လိုက်သည်။

"မကြာခင်ပြီးသွားလိမ့်မယ်, မနာပါဘူး"

"ရှောင်, မြန်မြန်လေးလုပ်" အရင်ဆုံး စကားပြောခဲ့သည့် အုပ်စုထဲကလူက စိတ်မရှည်လက်မရှည် ပြောလာသည်။

ရှောင်သည်လည်း လူသတ်သမားဖြစ်သည်။ အဲ့ဒီလိုဆိုရင်တောင် အတွင်းထဲမှာတော့ သူ့မှာလည်း ကန့်သတ်ချက်ရှိသည်။ သူက ရိဟန်ရဲ့ လည်ပင်းအား ချိုးဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ သူ့ခေါင်းအထက်ကနေ ကျယ်လောင်လှတဲ့ ကွဲသံတစ်ခုကို ကြားလိုက်ရသည်

အရိပ်တစ်ခုက ပွင့်သွားတဲ့နေရာကနေ တစ်ဆင့် အခန်းထဲ ခုန်ဝင်လာပြီး အံ့အားသင့်နေသည့် ရှောင်အား ရိဟန်ရဲ့ အဝေးကို ကန်ထုတ်လိုက်သည်။

တစ်ခြားသူများအားလုံးက ရိဟန်နဲ့ အဝေးကို ရောက်နေတာပင်။ သူတို့က ဓားစာခံကို ဆွဲခေါ်ဖို့ အချိန်မရှိသလို ဝင်လာသူကလည်း သူတို့ကို မတိုက်ခိုက်ပေ။ သူလုပ်တာက ရိဟန်ရဲ့ ခန္တာကိုယ်ရှေ့မှာ အကာအရံသဖွယ် မားမားမတ်မတ် ရပ်လိုက်ခြင်းသာ၊။

ရိဟန်သည် သူ့ကို ကယ်တင်တာအား မြင်လိုက်သောအခါ သူ့ဆီမှာ ရှိနေသည့် ပြင်းထန်သော ပုန်ကန်မှုလေးက လေကဲ့သို့ ပျောက်ကွယ်သွားရသည်။ သူ့ဆီမှာ ကျန်ရစ်သမျှက ဝမ်းနည်းပူဆွေးမှုတွေ ုပြည့်နှက်နေသော နှလုံးသား တစ်ခုတည်းသာ။ သူ့မျက်လုံးများက စူးရှနာကျင်နေသည်။ သူ့ရှေ့ကလူက အရပ်ရှည်ပြီး သန်မာသည်။ ကျယ်ပြန့်တဲ့ ပုခုံးများ၊ သေးသွယ်တဲ့ခါးနဲ့ ခြေထောက်နှစ်ချောင်းကို အနည်းငယ်ခွာရပ်နေပြီး သူ့လက်သီးနှစ်ဖက်က တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။ ထိုလူရဲ့ ခန္တာကိုယ်တစ်ခုလုံးက ပေါက်ကွဲထွက်ဖို့ စောင့်ဆိုင်းနေသည့် တင်းမာလှသည့် ကြွက်သားများနှင့် ဖုံးအုပ်ထားသည်။

ထိုလူက ပိုင်မိသားစု အိမ်ကနေ ထွက်သွားတဲ့အချိန်မှာ ဝတ်ထားတဲ့ အဝတ်အစားများကို ဝတ်ဆင်ထားဆဲပင်။ အနက်ရောင် ကော်လာဖွင့်ရှပ်နှင့် အနက်ရောင် ဘောင်းဘီရှည်။၎င်းသည် နက်မှောင်သော ဝတ်စုံဖြစ်ပေမယ့် ထိုအနက်ဝတ်ထားသည့်လူကတော့ နေမင်းကဲ့သို့ တောက်ပနေသည်။ ထိုလူက ကမ္ဘာပေါ်မှာ အခိုင်မာဆုံး အတားအဆီး တစ်ခုလိုမျိုး သူ့ကို ခိုင်မြဲစွာ ကာကွယ်ပေးထားသည်လေ။

ရိဟန်၏ နှလုံးသားထဲတွင် ရှုပ်ထွေးနေသော ခံစားချက်များ ပြည့်နှက်ပြီး လွှမ်းမိုးနေသည်။ ကျေးဇူးတင်မှု၊ နာကြည်းမှု၊ ဝမ်းနည်းမှုတို့က သူ့ပါးပြင်ပေါ်သို့ တိတ်တဆိတ် မျက်ရည်ကျလာစေသည်။

ဖုန်းချွင်နဲ့ သူ့နောက်လိုက်တွေ သူ့ကိုခေါ်သွားတဲ့ 'လျှို့ဝှက်နေရာ'လေးမှာ ကျင်းယွမ်က သူ့ကိုလာခေါ်တယ်လို့ သူဘယ်လောက်တောင် စိတ်ကူးယဉ်ခဲ့ရလဲ? ကျင်းယွမ်က အချိန်မှီရောက်လာပြီး အဲ့ဒီလူတွေကို မောင်းထုတ်လို့ သူ့ကိုကယ်တင်ပေးဖို့အတွက် ဘယ်လောက်တောင် ဆန္ဒရှိခဲ့လဲ? အဲ့ဒါတွေအားလုံးက ထာဝရပြောင်းလဲလို့ မရတဲ့ အတိတ်ဖြစ်နေသည်။ နောင်တဆိုတာ အဆုံးမှာ နောင်တတွေချည်းပါပဲ။ သူတို့နှစ်ယောက် ဒီဘဝမှာ ချစ်သူတွေ ဖြစ်နေခဲ့ရင်တောင် သူ့အတိတ်က သူ့နှလုံးသားထဲမှာ စူးနစ်နေတဲ့ ဆူးပင်ဖြစ်နေဆဲဖြစ်ပြီး သူ့အတိတ်ဘဝအကြောင်း တွေးမိတိုင်း ဓားနဲ့ထိုးနေသလိုပင်။ ၎င်းသည် သူ့အား ကျင်းယွမ်ရဲ့ ချစ်ခင်မှုများကို သဘာဝအတိုင်း ရင်ဆိုင်လက်ခံနိုင်ခြင်း မရှိအောင် လုပ်နေခဲ့သည်။

ဒါပေမဲ့ ဒီနေ့ဖြစ်သမျှကတော့ အတိတ်က အကြောင်းအရာများအား တစ်ကြော့ပြန်ဖြစ်သွားပုံရသည်။ ဒီတစ်ခေါက်တော့ နောင်တရစရာ မရှိတော့ဘူး, ကျင်းယွမ်ရောက်လာပြီ။

ရိဟန်အတွက်ကတော့ ကျင်းယွမ်က နတ်သားတစ်ပါး၊ နတ်ဘုရားတစ်ပါး

အခန်းထဲက ဖုန်းချွင်နဲ့ တစ်ခြားသူတွေအတွက်ကတော့ ကျင်းယွမ်က နတ်ဆိုးပဲ

ကျင်းယွမ်ရဲ့ မျက်လုံးနှစ်လုံးက သွေးများနဲ့ နီရဲနေသည်။ သူ့သွားများက တစ်ဖက်နဲ့တစ်ဖက် ကျယ်လောင်စွာ ကြိတ်မိနေကာ သူ့မျက်နှာက ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်နှက်နေသည်။ ထိုချောမောခန့်ညားတဲ့ မျက်နှာက ဒေါသစိတ်နဲ့ ရှုံ့မဲ့နေ၏။ အကယ်၍သူသာ ရိဟန်ကို ကာကွယ်ဖို့ မလိုအပ်ဘူးဆိုရင် သူ့ဒေါသအတားအဆီးကို ကျော်လွန်သွားတဲ့  ဖုန်းချွင်က အခုချက်ချင်း အပိုင်းပိုင်းဖြစ်အောင် အရိုက်ခံရမှာ အသေအချာပဲ။ 

ငါတော့သေပြီပဲ! ဖုန်းချွင်က တွေးလိုက်သည်။

ထိုအချိန်မှာပဲ တစ်ခြားသူတစ်ယောက်ကပါ ဖွင့်ထားသည့် ပြတင်းပေါက်ကတစ်ဆင့် ဝင်လာသည်။ ကယ်တင်သူ အသစ်က အခန်းကို လှည်ပတ် စစ်ဆေးလိုက်သည်။ ထို့နောက် ဖုန်းချွင်ဆီကို အမြန်အဆန် သွားလိုက်ပြီး ကြမ်းပြင်ပေါ်က ထိုလူကို နင်း၍ လက်သီးနဲ့ထိုးသည်။

ထိုသူက ပိုင်ယန်ပဲ!

သူ့ကိုယ်ပေါ်မှာ business suit ကိုဝတ်ဆင်ထားဆဲဖြစ်သည်။ သူ့ဆံပင်များက သေချာစွာ ဖီးသင်ထားပြီး ဆံပင်မွေးတစ်ပင်တောင် ထွက်မနေပေ။ ရုံးဝတ်စုံကို ဝတ်ဆင်ထားတဲ့ ထိုလူက ဘာစကားမှမပြောပဲ ဖုန်းချွင်ရဲ့ မျက်နှာကိုသာ အဆက်မပြတ်ထိုးနေသည်။ အကြိမ်အနည်းငယ် ထိုးနှက်ပြိးနောက်မှာတော့ ဖုန်းချွင်ရဲ့ သွားများ ကျွတ်ထွက်ကုန်လေပြီ။ သူ့ပါးစပ်ထဲမှာ သွေးများပြည့်နှက်လာပြီး လည်ချောင်းမှ အဆုံးမဲ့ နာကျင်မှု အော်ဟစ်သံများ ထွက်ပေါ်လာသည်။

15.11.2021

================

Translator' Note

Hello

ညီမကို ယုံကြည်ပြီး လှူပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်။ မနက်ဖြန်ကစပြီး update ခဏ နားပါမယ်နော် ပြန်လာရင် ပြန်တွေ့ကြတာပေါ့။ 

Reader လေးတွေရဲ့ စုစုပေါင်းအလှူက - 346,000 တိတိရပါတယ်။ အားလုံးကိုယ်စား ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

နောက်ပိုင်းမှာ တစ်ခါတင် နှစ်ပိုင်း မဖြစ်နိုင်တော့ပါဘူး။ နောက်ပိုင်း အပိုင်းတွေက တစ်ပိုင်းကို ညီမပြန်ပေးနေကြ သုံးပိုင်းစာရှိပါတယ်။ ဆန့်ငင်ကြီး ထားခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။ အကယ်၍ လမ်းမှာအချိန်ရရင် နောက်တစ်ပိုင်းကို ပြန်ပေးပါ့မယ်။ ဒါပေမဲ့ ဖုန်းနဲ့ပြန်ရမှာဖြစ်တဲ့အတွက် ကြာတော့ကြာပါလိမ့်မယ်။ ညီမက Desktop ကိုပိုကျွမ်းတာမို့လို့ပါ။ အားလုံး ပျော်ရွှင်စရာ ပိတ်ရက်လေးဖြစ်ပါစေရှင်။

================
Zawgyi












































ပထမပြောတဲ့လူနောက်က နောက်တစ်ယောက်က သူ့နှုတ်ခမ်းအား ရှုံ့မဲ့ရင်း ပြောလာသည်။









"သူ့ကိုသတ်ပစ်!"




















ထိုသူက ပိုင်ယန်ပဲ!


15.11.2021

================

Translator' Note

Hello




================

Continue Reading

You'll Also Like

601K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
572K 56.8K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
58.9K 8.3K 12
𝕋𝕚𝕥𝕝𝕖 - 𝕋𝕙𝕖 ℂ𝕦𝕥𝕖𝕤𝕥 ℍ𝕚𝕘𝕙𝕥 𝔻𝕚𝕗𝕗𝕖𝕣𝕖𝕟𝕔𝕖, 最萌身高差 𝔸𝕦𝕥𝕙𝕠𝕣 - 碳酸, ℂ𝕒𝕣𝕓𝕠𝕟𝕚𝕔 𝔸𝕔𝕚𝕕, 𝕋𝕒𝕟 𝕊𝕦𝕒𝕟 𝔼𝕟𝕘 𝕋𝕣𝕒𝕟𝕤�...