Galanthus Nivalis

Por AuTuMn_EuNN

1K 207 32

The light shining into my life came from burning his life. Kim JongIn & Doh KyungSoo Más

Description
Chapter 1 : Hold On
Chapter 3 : Back to you
Chapter 4 : It's You
Chapter 5 : Think Back

Chapter 2 : I still need you

138 37 5
Por AuTuMn_EuNN

Unicode

"ကိိုယ့်ရဲ့ချစ်သက် ရုံးကအပြန်ဘာဝယ်လာခဲ့ရမလဲ"

ဂျုံအင် အင်္ကျီဝတ်နေရင်းနဲ့ သူ့အား မနက်စာစားဖို့ လာခေါ်နေတဲ့ ချစ်ရပါသော ကောင်လေးကိုကြည့်ပြီးမေးလိုက်သည်။

"ငါ လိမ္မော်သီးစားချင်တယ် "

"ဟုတ်ပြီဗျာ ဝယ်လာခဲ့မယ်"

ဂျုံအင် သူ့ရဲ့ဂျောင်ဆူးကို ပါးပြင်ပေါ်က လခြမ်းကွေးလိုမျိုး အချိုင့်လေးပေါ်သည်အထိ
ပြုံးပြကာ ပါးပြင်လေးကိုတစ်ချက်နမ်းရှိုက်လိုက်သည်။

သူတို့အောက်ထပ်ဆင်းလာတော့ ဟိုရှီလေးက ဆိုဖာပေါ်အိပ်လျက်သားလေးရှိနေ​၏။ ဟိုရှီက သူတို့နှစ်ယောက်ရဲ့ အဖြူရောင် Pom (ပိုမေးရေးနီးယန်း) ခွေးလေးပင်ဖြစ်သည်။

ဂျုံအင်က ဟိုရှီလေးကို ဖွဖွလေးပွတ်သက်ပြီးတော့ တစ်ချက်နမ်းလိုက်သည်။ ပြီးတော့ မနက်စာစားဖို့အတွက် ထိုင်ခုံမှာနေရာယူလိုက်တော့သည်။

ခဏအကြာ ဂျောင်ဆူးက ချိစ်ပြားလေးတင်ထားတဲ့ ပေါင်မုန်ု့ကင်လေးနှစ်ချပ်ရယ် ၊ ကြက်ဥကြော် မကျက်မတကျက်လေးရယ်ကို ထည့်ထားတဲ့ ကြွေပန်းကန်ဝိုင်းလေးနဲ့အတူ နို့များများရောထားတဲ့ လက်တေးပူပူလေးတစ်ခွက်ကို ရှေ့ချလာပေး​၏။

"ကောင်းကောင်းစားပါ့မယ် "

ဂျုံအင်က ရိုသေသဖွယ်လေးပြောလိုက်တော့ ဂျောင်ဆူးက သဘောတကျနဲ့ပြုံးရယ်လေ​၏။ ဂျောင်ဆူးဟာ သူ့အတွက် မနက်စာကို သေချာလေးပြင်ဆင်နေကြပင်။
အိမ်ထောင်သက်တမ်း ၃ နှစ်ရှိခဲ့ပေမယ့် သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်နားလည်ပေးရင်းနဲ့ တကယ်ကို ပျော်ရွှင်နေခဲ့တယ်။

"နေ့လယ်ကျ ဖုန်းဆက်လိုက်မယ်နော်"

မနက်စာစားပြီးပြီဖြစ်လို့ ရုံးသွားတော့မည့် ဂျုံအင်ကို ဂျောင်ဆူးက တံခါးပေါက်ဝနားထိလိုက်ပို့နေကြ။

"အင်း ကောင်းကောင်းသွားနော် ချစ်တယ် "

"ကိုယ်ရောပဲ ... အေးတာမို့လို့ မြန်မြန်အထဲဝင်
ကိုယ်သွားပြီနော် "

ဂျုံအင် ဂျောင်ဆူးကိုလက်ပြရင်းနဲ့ တိုက်ခန်းကနေထွက်လာခဲ့လိုက်သည်။ ဆောင်းရာသီဖြစ်သည့်အတွက် အအေးဓာတ်က ပိုလွန်းနေသည်။ အပြင်ကိုခြေလေးချရုံသာရှိသေး ဆောင်းလေအေး​က အသည်းထဲအထိ ဝင်ရောက်တိုက်ခတ်နေလေ​၏။

သူအလုပ်သွားတဲ့အခါ ဂျောင်ဆူးဟာ အိမ်ထဲမှာပဲ
ဟိုရှီလေးနဲ့အတူ လုပ်စရာရှိတာတွေလုပ်နေလိမ့်မည်။
အလုပ်မရှိတဲ့အခါ စာအုပ်ဖတ်နေလိမ့်မည်။ ညနေ သူပြန်လာတဲ့အခါ အပြုံးတွေဆင်မြန်းရင်းနဲ့ သူ့ရဲ့ လခြမ်းကွေးလိုမျိုးအချိုင့်လေးကို အနမ်းပေးမည်။ သူတို့နှစ်ယောက်ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုက အခြားသူတွေရဲ့အမြင်မှာ ပျင်းစရာကောင်းနိုင်လောက်ပေမယ့် ဂျုံအင်နဲ့ ဂျောင်ဆူးကတော့ စိတ်ညစ်စရာရယ်လို့မရှိပဲ အင်မတန်ပျော်ရွှင်နေခဲ့သည်။

အချိန်တစ်ခုမတိုင်ခင်အထိပေါ့ ~

💐

"ဆရာဝန် အရေးပေါ်လူနာရှိတယ် "

သွေးတစက်စက်နဲ့ ရောက်ချလာတဲ့ လူနာကြောင့် သူနာပြုတွေရော ဆရာဝန်တွေရော ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။​ ဆေးရုံကလူတွေကလည်း အင်မတန်မှကို မယုံနိုင်ဖွယ်မျက်ဝန်းတွေ ၊ ကြောက်ရွံ့နေတဲ့မျက်ဝန်းတွေဖြင့် သူတို့အားကြည့်လာကြ​၏။

​"လူနာက သွေးပေါင်ချိန်တွေအရမ်းကျနေတယ် ပြီးတော့ နှလုံးခုန်နှုန်းကလည်း တအားနှေးနေပြီ "

ဆရာဝန် ၊ သူနာပြုတွေရဲ့ စကားကို ဂျုံအင် ကြားတစ်ချက် မကြားတစ်ချက်ပင်။ သူ့ရဲ့အာရုံတွေအကုန်လုံးက သွေးတွေဖြင့် လှဲလျောင်းနေလျက်ရှိသည့် ဂျောင်ဆူးဆီမှာပဲရောက်နေသည်ပင်။

တီ တီ တီ

"နှလုံးခုန်ရပ်သွားပြီ ... မြန်မြန် စက်ကိုယူလာခဲ့ "

နှလုံးခုန်နှုန်းဟာ မျဉ်းဖြောင့်သဏ္ဍန်သို့ကူးပြောင်းသွားတာကို ဂျုံအင်မြင်လိုက်ရတော့ သူ့ရဲ့ခေါင်းတွေသည် ချာချာလည်သွားရသည်။ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာပြီးတော့ ရင်တွေပါတုန်လာသည်။

ဆရာဝန်တွေက သူ့ရဲ့ချစ်သက် နှလုံးပြန်ခုန်လာအောင်လို့
ကြိုးစားပေးနေကြတာကို ဂျုံအင် မမှိတ်မသုန်ကြည့်နေမိသည်။

"ချစ်သက် ... ကိုယ့်ကို ထားမသွားပါနဲ့ "

ခပ်တိုးတိုးရေရွတ်နေရင်း ဘယ်ဘက်နှလုံးသားရဲ့ဆို့နစ်နာကျင်မှုနဲ့အတူ ဂျုံအင် မျက်ရည်တွေကျနေမိသည်။

"ကိုယ်မှားသွားပါတယ် "

တဖြည်းဖြည်းနဲ့ဖြူလျော့လာနေတဲ့ နှုတ်ခမ်းတွေကို မြင်ရတော့ ဂျုံအင် အရူးတစ်ယောက်လို စကားတွေပြောနေမိသည်။

"အိမ်ပြန်ရအောင်လေနော်"

ဆရာဝန်တွေလက်လျှော့သွားခဲ့ကြပြီပင်။ သူ့ရဲ့နားထဲမှာတော့ ထိုစကားတစ်ခွန်းကိုသာ ထပ်တလဲလဲကြားနေရ​၏။

"လူနာနာမည် - ဒိုဂျောင်ဆူး ...
သေဆုံးချိန် - ၂၀၁၉ ဒီဇင်ဘာလ ၂၀ ၊
မနက် ၁၂ နာရီ ၂၀ မိနစ် "

💐

"ကိုယ် ချစ်သက်ကို လက်ထပ်ခွင့်တောင်းတဲ့နေ့ကို မှတ်မိလား ... အဲ့နေ့က နှင်းတွေအရမ်းကျတယ်လေ။ ချစ်သက်တောင် အအေးမိသွားလို့ ကိုယ့်ကိုစိတ်ဆိုးနေခဲ့တာမလား "

"ပြီးတော့ လက်ထပ်ပြီးလို့ ပထမဆုံးအတူတူရှိခဲ့တဲ့ ခရစ်စမတ်ကိုရောမှတ်မိသေးလား ... အဲ့နေ့က ချစ်သက်အတွက် ကိုယ် ဝက်ဝံကွက်ကီးလုပ်ပေးမလို့ကို တူးသွားလို့ ချစ်သက်က ကိုယ့်ကို ဆူခဲ့တာလေ "

"ကိုယ် ဟိုရှီလေးကို လက်ဆောင်ပေးခဲ့တဲ့နေ့ကဆို ချစ်သက် တအားပျော်ခဲ့တာ"

ဂျုံအင် သွေးမရှိပဲဖြူလျော့နေတဲ့ လက်ကလေးကို ခပ်ဖွဖွလေးဆုပ်ကိုင်ရင်းနဲ့ အရင်ကအကြောင်းလေးတွေပြန်ပြောနေမိသည်။

"အများကြီး နာနေခဲ့မှာပဲ "

လက်ကောက်ဝတ်က မရေတွက်နိုင်တဲ့ ပြတ်ရှရာတွေကိုကြည့်ပြီး သူတိုးတိုးလေးရွတ်ဆိုလိုက်မိတယ်။

"ကိုယ်မှားပါတယ် ပြန်လာခဲ့ပါ"

"ကိုယ်တို့ အိမ်ပြန်ရအောင်လေနော် "

"ချစ်သက်မရှိရင် ကိုယ်မနေနိုင်ဘူးဆိုတာ သိရဲ့သားနဲ့ "

ဂျုံအင်ရဲ့အသံတွေက အင်မတန်မှကို ကွဲအက်နေပြီးတော့ တိုးလျလွန်းသည်။ သူနာပြုတွေက သူ့အား သနားသောမျက်ဝန်းတွေဖြင့် သက်ပြင်းချကာကြည့်နေကြ​၏။

"ကိုယ် ဒီ ခရစ်စမတ်မှာ ချစ်သက် အတွက် ခွေးလေးထပ်ဝယ်ပေးမလို့လုပ်ထားတာ။ ဒီမှာကြည့် သူက ရှီဘာအီနူး လေးလေ။ ဟိုရှီ မရှိတော့ကတည်းက ချစ်သက် မပျော်တော့လို့ ကိုယ်က ဒါလေးကိုလက်ဆောင်ပေးဖို့ပြင်ဆင်ထားတာ"

ဂျုံအင်က ဖုန်းလေးထုတ်ပြီးတော့ သူရိုက်ထားခဲ့တဲ့ ရှီဘာအီနူး ခွေးပုံလေးကိုထုတ်ပြနေလေ​၏။

"ရာသီဥတုက အရမ်းအေးနေပြီချစ်သက်ရ ... အအေးမိမှာစိုးလို့ ကိုယ် ချစ်သက်ကိုတစ်ယောက်တည်း အရင်မသွားခိုင်းရက်ဘူး "

ဂျုံအင် မျက်ဝန်းတွေမှိတ်ပြီးတော့ လေကိုခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။ တုံ့ပြန်မှုမရှိတော့တဲ့ ဂျောင်ဆူးရဲ့မျက်နှာလေးကိုကြည့်ပြီး သူတစ်ချက်ပြုံးလိုက်တယ်။

"ကိုယ့်ကိုစောင့်နေနော် ... ချစ်တယ် "

​အနွေးဓာတ်ငွေ့ငွေ့လေးရှိနေသေးတဲ့ ဂျောင်ဆူးရဲ့မျက်နှာလေးကို ဂျုံအင် ငုံ့၍နမ်းလိုက်သည်။ သူတစ်ချိန်က အမြတ်တနိုးနမ်းရှိုက်ခဲ့တဲ့ မျက်နှာလေးကို ပဲ့ကြွေသွားနိုင်သည့်အလား နှုတ်ခမ်းလေးဖြင့် ခပ်ဖွဖွလေးသာ ဖိကပ်နေလိုက်တယ်။

ဈာပနပွဲအတွက် ကိစ္စအကုန်လုံးကို ဂျုံအင် သူကိုယ်တိုင်ပဲ ပြင်ဆင်ခဲ့သည်။ ထိုတစ်လျှောက်လုံး သူ မျက်ရည်တစ်စက်လေးတောင်မကျခဲ့။ သူ့ချစ်သက်ရဲ့ နောက်ဆုံးခရီးကို မျက်ရည်တွေနဲ့သူမလွှတ်ချင်ခဲ့။

အရိုးပြာအိုးကို ဂျုံအင် မြစ်ထဲမမျှောတော့ပဲ အရိုးပြာအိုးထားတဲ့နေရာလေးမှာသာ သူထားခဲ့သည်။ ဒါမှ သူ ဂျောင်ဆူးကိုလွမ်းတဲ့အခါ တွေ့နိုင်မည်မလား။

အရိုးပြာအိုးလေးဘေးနားမှာ ဂျုံအင် သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဓာတ်ပုံလေးကိုထားထားလိုက်ပြီးတော့ အချိန်အကြာကြီး မတ်တပ်ရပ်ကာကြည့်နေခဲ့သည်။

💐

တီ

တံခါးဖွင့်လိုက်တော့ မရင်းနှီးသည့် အမှောင်ထုက သူ့အားစီးကြိုနေလေ​၏။ အရင်က သူအိမ်ပြန်လာတိုင်း တစ်အိမ်လုံးက လင်းထိန်နေခဲ့တာမလား။

ဂျုံအင် မီးတွေဖွင့်ပြီးတာနဲ့ သူတို့အခန်းထဲကိုပဲ အရုပ်ကြိုးပျက်သလိုမျိုး ဝင်ခဲ့လိုက်သည်။ အင်္ကျီတွေတောင်
မလဲနိုင်တော့ပဲ ချက်ချင်းအိပ်ရာပေါ်ကို ပစ်လှဲလိုက်ပြီးတော့ ဂျောင်ဆူးရဲ့ ခေါင်းအုံးလေးကို သူ့ရဲ့ရင်ခွင်ထဲကို ဆွဲသွင်းကာ ခန္ဓာကိုယ်ကိုကွေး၍ထားလိုက်​၏။

ခဏအကြာ ဂျုံအင်ရဲ့ ရှိုက်သံလေးက တစ်ခန်းလုံးကို ဖုံးလွှမ်းသွားတော့သည်။ သူ​၏ နှလုံးသားဟာ အင်မတန်မှ နာကျင်နေခဲ့သည်။ သူ့မှာ ရပ်တည်နိုင်စွမ်းအားရယ်လို့မရှိတော့ဘူး။ ဂျောင်ဆူး သူ့အနားမှာမရှိတော့ရင် ဆိုတဲ့ အတွေးကို ဂျုံအင် စိတ်ကူးလေးနဲ့တောင်မတွေးခဲ့ဖူးဘူး။
ဒါပေမယ့် သူစိတ်ကူးနဲ့တောင် မတွေးထားတဲ့အရာဟာ လက်တွေ့ဖြစ်လာခဲ့တော့ ဆောက်တည်၍မရနိုင်ခဲ့။

ဂျုံအင် တစ်လျှောက်လုံးထိန်းထားခဲ့ရတဲ့ ဝမ်းနည်းမှုတွေကို ကလေးတစ်ယောက်လိုဖွင့်ချလိုက်မိသည်။ အခု သူ့ရဲ့ဘေးမှာ ဘယ်သူမှမရှိတော့ဘူး။

~~~

၂၀၁၉ ခုနှစ်ရဲ့ ခရစ်စမတ်ဟာ အင်မတန်မှကို အေးလွန်း​၏။ ဂျုံအင် ဂျောင်ဆူးဆီရောက်သွားတော့ မှန်ဘောင်လေးတွေက ဆောင်းလေအေးရဲ့တိုက်ခတ်မှုကြောင့်လားမသိ အေးစက်နေ​၏။ သူ ဂျောင်ဆူးရဲ့ အရိုးပြာအိုးလေးကို ထုတ်ပြီးတော့ သူရင်ခွင်ထဲပိုက်ထားကာ အနွေးဓာတ်ပေးလိုက်သည်။ ပြီးတော့ သူ့ရဲ့ မျက်နှာလေးကို အပ်လိုက်သည်။

"မယ်ရီခရစ်စမတ်ပါ ချစ်သက် "

ဂျုံအင် ဂျောင်ဆူးကို မယ်ရီခရစ်စမတ်ပြောပြီးတာနဲ့ ထိုနေရာထိုင်ကာ တစ်နေကုန်နေခဲ့လိုက်သည်။

အပူပေးစက်မဖွင့်ထားတဲ့ တိုက်ခန်းကိုပြန်ရောက်တော့ ခံစားချက်က အေးစိမ့်လွန်းနေသည်။ ဂျောင်ဆူးမရှိတဲ့ ခရစ်စမတ်ဟာ ဘာအဓိပ္ပာယ်မှမရှိတာကြောင့် သူအိပ်ရာထဲမှာပဲနေလိုက်သည်။

ဂျုံအင်ဘာမှမစားပဲနေတာ ၃ ရက်မျှပင်ရှိနေခဲ့ပြီ။ စားချင်စိတ်လည်းမရှိတာကြောင့် ရေသောက်လိုက် ၊ အိပ်ရာထဲမှာခွေလိုက်နဲ့ သူနေနေခဲ့တာ။

ဂွီ

ဗိုက်​၏ အချက်ပြသံကို သူလျစ်လျူရှုလိုက်သည်။ အိပ်မရတာဟာလည်း ၅ ရက်မျှပင်ရှိနေခဲ့တာဖြစ်လို့ ခန္ဓာကိုယ်လည်းအားမရှိလှသလို ခေါင်းတွေလည်းမထောင်နိုင်တော့။

တီ တီ

နှိုးစက်ရဲ့ အချက်ပြသံကြောင့် ဂျုံအင် မျက်လုံးတွေကို အားယူပြီးဖွင့်လိုက်တော့ ည ၁၁ နာရီ ၅၉ မိနစ်ရှိပြီပင်ဖြစ်သည်။ နောက်တစ်မိနစ်ဆိုရင် ခရစ်စမတ်ဟာ ပြီးဆုံးသွားတော့မှာပဲ။

ဂျုံအင် ထိုနှိုးစက်ကိုကြည့်ရင်းနဲ့ နှုတ်ဖျားကနေ ခပ်တိုးတိုးလေးပြောလိုက်​၏။

"ဆောင်းတွင်းက အေးလွန်းလို့ ချစ်သက် အအေးမိမှာစိုးတယ် ... အဲ့တာကြောင့် မင်းနဲ့တွေ့ခဲ့တဲ့ နွေရာသီကို ပြန်သွားချင်တယ် "

💐

🎶When I find myself in times of trouble , mother mary comes to me , speaking words of wisdom Let it be 🎶

The Beatles ရဲ့ Let it be သီချင်းက ဂျုံအင်ရဲ့ နားထဲကို ကျယ်လောင်စွာဝင်ရောက်လာတာကြောင့် ဂျုံအင်ရဲ့ မျက်ဝန်းတွေဟာ ဖျက်ကနဲပွင့်လာ​၏။

သူမျက်လုံးပွင့်ပွင့်ချင်း ဦးဆုံးမြင်လိုက်ရတာက လမ်းမတစ်ခုကိုပင်။ အလန့်တကြားနဲ့ထပ်ကြည့်မိလိုက်တော့ သူက ဟိုင်းဝေးလမ်းမပေါ်မှာရောက်နေတာပဲ။

မယုံနိုင်စွာဖြင့် သူ့ရဲ့ဘေးကိုကြည့်လိုက်တော့ သူ့ရဲ့ အရင်းနှီးဆုံးလူနှစ်ယောက်ကို သူတွေ့လိုက်ရသည်။

"သား နိုးလာပြီလား အမေတို့ ဆိုလ်းတောင်ရောက်ခါနီးပြီ "

ဂျုံအင် သူ့ရဲ့ခေါင်းကို မိုးကြိုးပစ်ခံရသလိုမျိုး ကြောက်လန့်တကြားနဲ့ သူ့ကိုစကားပြောလာတဲ့အမျိုးသမီးကို သေချာကြည့်နေမိသည်။

"အမေ ... "

ဂျုံအင် ဘာစကားမှပြောမထွက်တော့ပဲ တံတွေးကိုသာမျိုချလိုက်ပြီးတော့ နာရီကိုကြည့်လိုက်သည်။

နေ့လယ် ၁၂ နာရီ ၁၀ မိနစ်။

သူအိပ်မက်မက်နေတယ်လို့ထင်နေပေမယ့် ခံစားချက်က တကယ်ကို အစစ်လိုမျိုးခံစားနေရသည်။ အသက်ရှူသံတွေမြန်လာပြီးတော့ ဘာလုပ်ရမှန်းမသိတာကြောင့် အတတ်နိုင်ဆုံး စိတ်ကိုအေးအေးထားပြီးတော့ သူနဲ့ အင်မတန်မှ အကျွမ်းတဝင်ရှိလှတဲ့ ဒီမြင်ကွင်းကို အတည်ပြုဖို့ တစ်ခုခုကိုစဉ်းစားလိုက်တယ်။

"အမေ ... ဒီနေ့ ဘယ်နှစ်ရက်နေ့လဲ "

"၂၅ ရက်နေ့လေ "

"ဘယ်လလဲ "

"မေလလေ"

သူ့အမေရဲ့အဖြေကြောင့် ဂျုံအင်ချွေးစေးတွေပါပြန်လာရသည်။

"ဒါ ... ဒါဆ်ို နှစ်ကရော ... ဘယ်နှစ်ခုနှစ်လဲ "

သူမေးလိုက်တော့ သူ့ရဲ့အမေဟာ ထူးဆန်းသလိုကြည့်လာလေ​၏။

"ဂျုံအင် မင်း ဘာဖြစ်နေတာလဲ "

"ဘာမှ ဘာမှမဖြစ်ဘူး ... ကျွန်တော်မေးတာလေးကို ဖြေပေး "

"ဘယ်နှစ်ဖြစ်ရမလဲသားရယ် ၂၀၀၆ ခုနှစ်ပေါ့ "

💐

TBC ~

Zawgyi

"ကိိုယ့္ရဲ႕ခ်စ္သက္ ႐ုံးကအျပန္ဘာဝယ္လာခဲ့ရမလဲ"

ဂ်ဳံအင္ အက်ႌဝတ္ေနရင္းနဲ႔ သူ႔အား မနက္စာစားဖို႔ လာေခၚေနတဲ့ ခ်စ္ရပါေသာ ေကာင္ေလးကိုၾကည့္ၿပီးေမးလိုက္သည္။

"ငါ လိေမၼာ္သီးစားခ်င္တယ္ "

"ဟုတ္ၿပီဗ်ာ ဝယ္လာခဲ့မယ္"

ဂ်ဳံအင္ သူ႔ရဲ႕ေဂ်ာင္ဆူးကို ပါးျပင္ေပၚက လျခမ္းေကြးလိုမ်ိဳး အခ်ိဳင့္ေလးေပၚသည္အထိ
ၿပဳံးျပကာ ပါးျပင္ေလးကိုတစ္ခ်က္နမ္းရႈိက္လိုက္သည္။

သူတို႔ေအာက္ထပ္ဆင္းလာေတာ့ ဟိုရွီေလးက ဆိုဖာေပၚအိပ္လ်က္သားေလးရွိေန​၏။ ဟိုရွီက သူတို႔ႏွစ္ေယာက္ရဲ႕ အျဖဴေရာင္ Pom (ပိုေမးေရးနီးယန္း) ေခြးေလးပင္ျဖစ္သည္။

ဂ်ဳံအင္က ဟိုရွီေလးကို ဖြဖြေလးပြတ္သက္ၿပီးေတာ့ တစ္ခ်က္နမ္းလိုက္သည္။ ၿပီးေတာ့ မနက္စာစားဖို႔အတြက္ ထိုင္ခုံမွာေနရာယူလိုက္ေတာ့သည္။

ခဏအၾကာ ေဂ်ာင္ဆူးက ခ်ိစ္ျပားေလးတင္ထားတဲ့ ေပါင္မုႏ္ု႔ကင္ေလးႏွစ္ခ်ပ္ရယ္ ၊ ၾကက္ဥေၾကာ္ မက်က္မတက်က္ေလးရယ္ကို ထည့္ထားတဲ့ ေႂကြပန္းကန္ဝိုင္းေလးနဲ႔အတူ ႏို႔မ်ားမ်ားေရာထားတဲ့ လက္ေတးပူပူေလးတစ္ခြက္ကို ေရွ႕ခ်လာေပး​၏။

"ေကာင္းေကာင္းစားပါ့မယ္ "

ဂ်ဳံအင္က ႐ိုေသသဖြယ္ေလးေျပာလိုက္ေတာ့ ေဂ်ာင္ဆူးက သေဘာတက်နဲ႔ၿပဳံးရယ္ေလ​၏။ ေဂ်ာင္ဆူးဟာ သူ႔အတြက္ မနက္စာကို ေသခ်ာေလးျပင္ဆင္ေနၾကပင္။
အိမ္ေထာင္သက္တမ္း ၃ ႏွစ္ရွိခဲ့ေပမယ့္ သူတို႔ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္နားလည္ေပးရင္းနဲ႔ တကယ္ကို ေပ်ာ္႐ႊင္ေနခဲ့တယ္။

"ေန႔လယ္က် ဖုန္းဆက္လိုက္မယ္ေနာ္"

မနက္စာစားၿပီးၿပီျဖစ္လို႔ ႐ုံးသြားေတာ့မည့္ ဂ်ဳံအင္ကို ေဂ်ာင္ဆူးက တံခါးေပါက္ဝနားထိလိုက္ပို႔ေနၾက။

"အင္း ေကာင္းေကာင္းသြားေနာ္ ခ်စ္တယ္ "

"ကိုယ္ေရာပဲ ... ေအးတာမို႔လို႔ ျမန္ျမန္အထဲဝင္
ကိုယ္သြားၿပီေနာ္ "

ဂ်ဳံအင္ ေဂ်ာင္ဆူးကိုလက္ျပရင္းနဲ႔ တိုက္ခန္းကေနထြက္လာခဲ့လိုက္သည္။ ေဆာင္းရာသီျဖစ္သည့္အတြက္ အေအးဓာတ္က ပိုလြန္းေနသည္။ အျပင္ကိုေျခေလးခ်႐ုံသာရွိေသး ေဆာင္းေလေအး​က အသည္းထဲအထိ ဝင္ေရာက္တိုက္ခတ္ေနေလ​၏။

သူအလုပ္သြားတဲ့အခါ ေဂ်ာင္ဆူးဟာ အိမ္ထဲမွာပဲ
ဟိုရွီေလးနဲ႔အတူ လုပ္စရာရွိတာေတြလုပ္ေနလိမ့္မည္။
အလုပ္မရွိတဲ့အခါ စာအုပ္ဖတ္ေနလိမ့္မည္။ ညေန သူျပန္လာတဲ့အခါ အၿပဳံးေတြဆင္ျမန္းရင္းနဲ႔ သူ႔ရဲ႕ လျခမ္းေကြးလိုမ်ိဳးအခ်ိဳင့္ေလးကို အနမ္းေပးမည္။ သူတို႔ႏွစ္ေယာက္ရဲ႕ တစ္ေန႔တာ ျဖတ္သန္းမႈက အျခားသူေတြရဲ႕အျမင္မွာ ပ်င္းစရာေကာင္းႏိုင္ေလာက္ေပမယ့္ ဂ်ဳံအင္နဲ႔ ေဂ်ာင္ဆူးကေတာ့ စိတ္ညစ္စရာရယ္လို႔မရွိပဲ အင္မတန္ေပ်ာ္႐ႊင္ေနခဲ့သည္။

အခ်ိန္တစ္ခုမတိုင္ခင္အထိေပါ့ ~

💐

"ဆရာဝန္ အေရးေပၚလူနာရွိတယ္ "

ေသြးတစက္စက္နဲ႔ ေရာက္ခ်လာတဲ့ လူနာေၾကာင့္ သူနာျပဳေတြေရာ ဆရာဝန္ေတြေရာ ႐ုတ္႐ုတ္သဲသဲျဖစ္သြားၾကသည္။​ ေဆး႐ုံကလူေတြကလည္း အင္မတန္မွကို မယုံႏိုင္ဖြယ္မ်က္ဝန္းေတြ ၊ ေၾကာက္႐ြံ႕ေနတဲ့မ်က္ဝန္းေတြျဖင့္ သူတို႔အားၾကည့္လာၾက​၏။

​"လူနာက ေသြးေပါင္ခ်ိန္ေတြအရမ္းက်ေနတယ္ ၿပီးေတာ့ ႏွလုံးခုန္ႏႈန္းကလည္း တအားေႏွးေနၿပီ "

ဆရာဝန္ ၊ သူနာျပဳေတြရဲ႕ စကားကို ဂ်ဳံအင္ ၾကားတစ္ခ်က္ မၾကားတစ္ခ်က္ပင္။ သူ႔ရဲ႕အာ႐ုံေတြအကုန္လုံးက ေသြးေတြျဖင့္ လွဲေလ်ာင္းေနလ်က္ရွိသည့္ ေဂ်ာင္ဆူးဆီမွာပဲေရာက္ေနသည္ပင္။

တီ တီ တီ

"ႏွလုံးခုန္ရပ္သြားၿပီ ... ျမန္ျမန္ စက္ကိုယူလာခဲ့ "

ႏွလုံးခုန္ႏႈန္းဟာ မ်ဥ္းေျဖာင့္သ႑န္သို႔ကူးေျပာင္းသြားတာကို ဂ်ဳံအင္ျမင္လိုက္ရေတာ့ သူ႔ရဲ႕ေခါင္းေတြသည္ ခ်ာခ်ာလည္သြားရသည္။ ခႏၶာကိုယ္တစ္ခုလုံး ေအးစက္လာၿပီးေတာ့ ရင္ေတြပါတုန္လာသည္။

ဆရာဝန္ေတြက သူ႔ရဲ႕ခ်စ္သက္ ႏွလုံးျပန္ခုန္လာေအာင္လို႔
ႀကိဳးစားေပးေနၾကတာကို ဂ်ဳံအင္ မမွိတ္မသုန္ၾကည့္ေနမိသည္။

"ခ်စ္သက္ ... ကိုယ့္ကို ထားမသြားပါနဲ႔ "

ခပ္တိုးတိုးေရ႐ြတ္ေနရင္း ဘယ္ဘက္ႏွလုံးသားရဲ႕ဆို႔နစ္နာက်င္မႈနဲ႔အတူ ဂ်ဳံအင္ မ်က္ရည္ေတြက်ေနမိသည္။

"ကိုယ္မွားသြားပါတယ္ "

တျဖည္းျဖည္းနဲ႔ျဖဴေလ်ာ့လာေနတဲ့ ႏႈတ္ခမ္းေတြကို ျမင္ရေတာ့ ဂ်ဳံအင္ အ႐ူးတစ္ေယာက္လို စကားေတြေျပာေနမိသည္။

"အိမ္ျပန္ရေအာင္ေလေနာ္"

ဆရာဝန္ေတြလက္ေလွ်ာ့သြားခဲ့ၾကၿပီပင္။ သူ႔ရဲ႕နားထဲမွာေတာ့ ထိုစကားတစ္ခြန္းကိုသာ ထပ္တလဲလဲၾကားေနရ​၏။

"လူနာနာမည္ - ဒိုေဂ်ာင္ဆူး ...
ေသဆုံးခ်ိန္ - ၂၀၁၉ ဒီဇင္ဘာလ ၂၀ ၊
မနက္ ၁၂ နာရီ ၂၀ မိနစ္ "

💐

"ကိုယ္ ခ်စ္သက္ကို လက္ထပ္ခြင့္ေတာင္းတဲ့ေန႔ကို မွတ္မိလား ... အဲ့ေန႔က ႏွင္းေတြအရမ္းက်တယ္ေလ။ ခ်စ္သက္ေတာင္ အေအးမိသြားလို႔ ကိုယ့္ကိုစိတ္ဆိုးေနခဲ့တာမလား "

"ၿပီးေတာ့ လက္ထပ္ၿပီးလို႔ ပထမဆုံးအတူတူရွိခဲ့တဲ့ ခရစ္စမတ္ကိုေရာမွတ္မိေသးလား ... အဲ့ေန႔က ခ်စ္သက္အတြက္ ကိုယ္ ဝက္ဝံကြက္ကီးလုပ္ေပးမလို႔ကို တူးသြားလို႔ ခ်စ္သက္က ကိုယ့္ကို ဆူခဲ့တာေလ "

"ကိုယ္ ဟိုရွီေလးကို လက္ေဆာင္ေပးခဲ့တဲ့ေန႔ကဆို ခ်စ္သက္ တအားေပ်ာ္ခဲ့တာ"

ဂ်ဳံအင္ ေသြးမရွိပဲျဖဴေလ်ာ့ေနတဲ့ လက္ကေလးကို ခပ္ဖြဖြေလးဆုပ္ကိုင္ရင္းနဲ႔ အရင္ကအေၾကာင္းေလးေတြျပန္ေျပာေနမိသည္။

"အမ်ားႀကီး နာေနခဲ့မွာပဲ "

လက္ေကာက္ဝတ္က မေရတြက္ႏိုင္တဲ့ ျပတ္ရွရာေတြကိုၾကည့္ၿပီး သူတိုးတိုးေလး႐ြတ္ဆိုလိုက္မိတယ္။

"ကိုယ္မွားပါတယ္ ျပန္လာခဲ့ပါ"

"ကိုယ္တို႔ အိမ္ျပန္ရေအာင္ေလေနာ္ "

"ခ်စ္သက္မရွိရင္ ကိုယ္မေနႏိုင္ဘူးဆိုတာ သိရဲ႕သားနဲ႔ "

ဂ်ဳံအင္ရဲ႕အသံေတြက အင္မတန္မွကို ကြဲအက္ေနၿပီးေတာ့ တိုးလ်လြန္းသည္။ သူနာျပဳေတြက သူ႔အား သနားေသာမ်က္ဝန္းေတြျဖင့္ သက္ျပင္းခ်ကာၾကည့္ေနၾက​၏။

"ကိုယ္ ဒီ ခရစ္စမတ္မွာ ခ်စ္သက္ အတြက္ ေခြးေလးထပ္ဝယ္ေပးမလို႔လုပ္ထားတာ။ ဒီမွာၾကည့္ သူက ရွီဘာအီႏူး ေလးေလ။ ဟိုရွီ မရွိေတာ့ကတည္းက ခ်စ္သက္ မေပ်ာ္ေတာ့လို႔ ကိုယ္က ဒါေလးကိုလက္ေဆာင္ေပးဖို႔ျပင္ဆင္ထားတာ"

ဂ်ဳံအင္က ဖုန္းေလးထုတ္ၿပီးေတာ့ သူ႐ိုက္ထားခဲ့တဲ့ ရွီဘာအီႏူး ေခြးပုံေလးကိုထုတ္ျပေနေလ​၏။

"ရာသီဥတုက အရမ္းေအးေနၿပီခ်စ္သက္ရ ... အေအးမိမွာစိုးလို႔ ကိုယ္ ခ်စ္သက္ကိုတစ္ေယာက္တည္း အရင္မသြားခိုင္းရက္ဘူး "

ဂ်ဳံအင္ မ်က္ဝန္းေတြမွိတ္ၿပီးေတာ့ ေလကိုခပ္ျပင္းျပင္းရႉရႈိက္လိုက္သည္။ တုံ႔ျပန္မႈမရွိေတာ့တဲ့ ေဂ်ာင္ဆူးရဲ႕မ်က္ႏွာေလးကိုၾကည့္ၿပီး သူတစ္ခ်က္ၿပဳံးလိုက္တယ္။

"ကိုယ့္ကိုေစာင့္ေနေနာ္ ... ခ်စ္တယ္ "

​အေႏြးဓာတ္ေငြ႕ေငြ႕ေလးရွိေနေသးတဲ့ ေဂ်ာင္ဆူးရဲ႕မ်က္ႏွာေလးကို ဂ်ဳံအင္ ငုံ႔၍နမ္းလိုက္သည္။ သူတစ္ခ်ိန္က အျမတ္တႏိုးနမ္းရႈိက္ခဲ့တဲ့ မ်က္ႏွာေလးကို ပဲ့ေႂကြသြားႏိုင္သည့္အလား ႏႈတ္ခမ္းေလးျဖင့္ ခပ္ဖြဖြေလးသာ ဖိကပ္ေနလိုက္တယ္။

ဈာပနပြဲအတြက္ ကိစၥအကုန္လုံးကို ဂ်ဳံအင္ သူကိုယ္တိုင္ပဲ ျပင္ဆင္ခဲ့သည္။ ထိုတစ္ေလွ်ာက္လုံး သူ မ်က္ရည္တစ္စက္ေလးေတာင္မက်ခဲ့။ သူ႔ခ်စ္သက္ရဲ႕ ေနာက္ဆုံးခရီးကို မ်က္ရည္ေတြနဲ႔သူမလႊတ္ခ်င္ခဲ့။

အ႐ိုးျပာအိုးကို ဂ်ဳံအင္ ျမစ္ထဲမေမွ်ာေတာ့ပဲ အ႐ိုးျပာအိုးထားတဲ့ေနရာေလးမွာသာ သူထားခဲ့သည္။ ဒါမွ သူ ေဂ်ာင္ဆူးကိုလြမ္းတဲ့အခါ ေတြ႕ႏိုင္မည္မလား။

အ႐ိုးျပာအိုးေလးေဘးနားမွာ ဂ်ဳံအင္ သူတို႔ႏွစ္ေယာက္ရဲ႕ မဂၤလာဓာတ္ပုံေလးကိုထားထားလိုက္ၿပီးေတာ့ အခ်ိန္အၾကာႀကီး မတ္တပ္ရပ္ကာၾကည့္ေနခဲ့သည္။

💐

တီ

တံခါးဖြင့္လိုက္ေတာ့ မရင္းႏွီးသည့္ အေမွာင္ထုက သူ႔အားစီးႀကိဳေနေလ​၏။ အရင္က သူအိမ္ျပန္လာတိုင္း တစ္အိမ္လုံးက လင္းထိန္ေနခဲ့တာမလား။

ဂ်ဳံအင္ မီးေတြဖြင့္ၿပီးတာနဲ႔ သူတို႔အခန္းထဲကိုပဲ အ႐ုပ္ႀကိဳးပ်က္သလိုမ်ိဳး ဝင္ခဲ့လိုက္သည္။ အက်ႌေတြေတာင္
မလဲႏိုင္ေတာ့ပဲ ခ်က္ခ်င္းအိပ္ရာေပၚကို ပစ္လွဲလိုက္ၿပီးေတာ့ ေဂ်ာင္ဆူးရဲ႕ ေခါင္းအုံးေလးကို သူ႔ရဲ႕ရင္ခြင္ထဲကို ဆြဲသြင္းကာ ခႏၶာကိုယ္ကိုေကြး၍ထားလိုက္​၏။

ခဏအၾကာ ဂ်ဳံအင္ရဲ႕ ရႈိက္သံေလးက တစ္ခန္းလုံးကို ဖုံးလႊမ္းသြားေတာ့သည္။ သူ​၏ ႏွလုံးသားဟာ အင္မတန္မွ နာက်င္ေနခဲ့သည္။ သူ႔မွာ ရပ္တည္ႏိုင္စြမ္းအားရယ္လို႔မရွိေတာ့ဘူး။ ေဂ်ာင္ဆူး သူ႔အနားမွာမရွိေတာ့ရင္ ဆိုတဲ့ အေတြးကို ဂ်ဳံအင္ စိတ္ကူးေလးနဲ႔ေတာင္မေတြးခဲ့ဖူးဘူး။
ဒါေပမယ့္ သူစိတ္ကူးနဲ႔ေတာင္ မေတြးထားတဲ့အရာဟာ လက္ေတြ႕ျဖစ္လာခဲ့ေတာ့ ေဆာက္တည္၍မရႏိုင္ခဲ့။

ဂ်ဳံအင္ တစ္ေလွ်ာက္လုံးထိန္းထားခဲ့ရတဲ့ ဝမ္းနည္းမႈေတြကို ကေလးတစ္ေယာက္လိုဖြင့္ခ်လိုက္မိသည္။ အခု သူ႔ရဲ႕ေဘးမွာ ဘယ္သူမွမရွိေတာ့ဘူး။

~~~

၂၀၁၉ ခုႏွစ္ရဲ႕ ခရစ္စမတ္ဟာ အင္မတန္မွကို ေအးလြန္း​၏။ ဂ်ဳံအင္ ေဂ်ာင္ဆူးဆီေရာက္သြားေတာ့ မွန္ေဘာင္ေလးေတြက ေဆာင္းေလေအးရဲ႕တိုက္ခတ္မႈေၾကာင့္လားမသိ ေအးစက္ေန​၏။ သူ ေဂ်ာင္ဆူးရဲ႕ အ႐ိုးျပာအိုးေလးကို ထုတ္ၿပီးေတာ့ သူရင္ခြင္ထဲပိုက္ထားကာ အေႏြးဓာတ္ေပးလိုက္သည္။ ၿပီးေတာ့ သူ႔ရဲ႕ မ်က္ႏွာေလးကို အပ္လိုက္သည္။

"မယ္ရီခရစ္စမတ္ပါ ခ်စ္သက္ "

ဂ်ဳံအင္ ေဂ်ာင္ဆူးကို မယ္ရီခရစ္စမတ္ေျပာၿပီးတာနဲ႔ ထိုေနရာထိုင္ကာ တစ္ေနကုန္ေနခဲ့လိုက္သည္။

အပူေပးစက္မဖြင့္ထားတဲ့ တိုက္ခန္းကိုျပန္ေရာက္ေတာ့ ခံစားခ်က္က ေအးစိမ့္လြန္းေနသည္။ ေဂ်ာင္ဆူးမရွိတဲ့ ခရစ္စမတ္ဟာ ဘာအဓိပၸာယ္မွမရွိတာေၾကာင့္ သူအိပ္ရာထဲမွာပဲေနလိုက္သည္။

ဂ်ဳံအင္ဘာမွမစားပဲေနတာ ၃ ရက္မွ်ပင္ရွိေနခဲ့ၿပီ။ စားခ်င္စိတ္လည္းမရွိတာေၾကာင့္ ေရေသာက္လိုက္ ၊ အိပ္ရာထဲမွာေခြလိုက္နဲ႔ သူေနေနခဲ့တာ။

ဂြီ

ဗိုက္​၏ အခ်က္ျပသံကို သူလ်စ္လ်ဴရႈလိုက္သည္။ အိပ္မရတာဟာလည္း ၅ ရက္မွ်ပင္ရွိေနခဲ့တာျဖစ္လို႔ ခႏၶာကိုယ္လည္းအားမရွိလွသလို ေခါင္းေတြလည္းမေထာင္ႏိုင္ေတာ့။

တီ တီ

ႏႈိးစက္ရဲ႕ အခ်က္ျပသံေၾကာင့္ ဂ်ဳံအင္ မ်က္လုံးေတြကို အားယူၿပီးဖြင့္လိုက္ေတာ့ ည ၁၁ နာရီ ၅၉ မိနစ္ရွိၿပီပင္ျဖစ္သည္။ ေနာက္တစ္မိနစ္ဆိုရင္ ခရစ္စမတ္ဟာ ၿပီးဆုံးသြားေတာ့မွာပဲ။

ဂ်ဳံအင္ ထိုႏႈိးစက္ကိုၾကည့္ရင္းနဲ႔ ႏႈတ္ဖ်ားကေန ခပ္တိုးတိုးေလးေျပာလိုက္​၏။

"ေဆာင္းတြင္းက ေအးလြန္းလို႔ ခ်စ္သက္ အေအးမိမွာစိုးတယ္ ... အဲ့တာေၾကာင့္ မင္းနဲ႔ေတြ႕ခဲ့တဲ့ ေႏြရာသီကို ျပန္သြားခ်င္တယ္ "

💐

🎶When I find myself in times of trouble , mother mary comes to me , speaking words of wisdom Let it be 🎶

The Beatles ရဲ႕ Let it be သီခ်င္းက ဂ်ဳံအင္ရဲ႕ နားထဲကို က်ယ္ေလာင္စြာဝင္ေရာက္လာတာေၾကာင့္ ဂ်ဳံအင္ရဲ႕ မ်က္ဝန္းေတြဟာ ဖ်က္ကနဲပြင့္လာ​၏။

သူမ်က္လုံးပြင့္ပြင့္ခ်င္း ဦးဆုံးျမင္လိုက္ရတာက လမ္းမတစ္ခုကိုပင္။ အလန႔္တၾကားနဲ႔ထပ္ၾကည့္မိလိုက္ေတာ့ သူက ဟိုင္းေဝးလမ္းမေပၚမွာေရာက္ေနတာပဲ။

မယုံႏိုင္စြာျဖင့္ သူ႔ရဲ႕ေဘးကိုၾကည့္လိုက္ေတာ့ သူ႔ရဲ႕ အရင္းႏွီးဆုံးလူႏွစ္ေယာက္ကို သူေတြ႕လိုက္ရသည္။

"သား ႏိုးလာၿပီလား အေမတို႔ ဆိုလ္းေတာင္ေရာက္ခါနီးၿပီ "

ဂ်ဳံအင္ သူ႔ရဲ႕ေခါင္းကို မိုးႀကိဳးပစ္ခံရသလိုမ်ိဳး ေၾကာက္လန႔္တၾကားနဲ႔ သူ႔ကိုစကားေျပာလာတဲ့အမ်ိဳးသမီးကို ေသခ်ာၾကည့္ေနမိသည္။

"အေမ ... "

ဂ်ဳံအင္ ဘာစကားမွေျပာမထြက္ေတာ့ပဲ တံေတြးကိုသာမ်ိဳခ်လိုက္ၿပီးေတာ့ နာရီကိုၾကည့္လိုက္သည္။

ေန႔လယ္ ၁၂ နာရီ ၁၀ မိနစ္။

သူအိပ္မက္မက္ေနတယ္လို႔ထင္ေနေပမယ့္ ခံစားခ်က္က တကယ္ကို အစစ္လိုမ်ိဳးခံစားေနရသည္။ အသက္ရႉသံေတြျမန္လာၿပီးေတာ့ ဘာလုပ္ရမွန္းမသိတာေၾကာင့္ အတတ္ႏိုင္ဆုံး စိတ္ကိုေအးေအးထားၿပီးေတာ့ သူနဲ႔ အင္မတန္မွ အကြၽမ္းတဝင္ရွိလွတဲ့ ဒီျမင္ကြင္းကို အတည္ျပဳဖို႔ တစ္ခုခုကိုစဥ္းစားလိုက္တယ္။

"အေမ ... ဒီေန႔ ဘယ္ႏွစ္ရက္ေန႔လဲ "

"၂၅ ရက္ေန႔ေလ "

"ဘယ္လလဲ "

"ေမလေလ"

သူ႔အေမရဲ႕အေျဖေၾကာင့္ ဂ်ဳံအင္ေခြၽးေစးေတြပါျပန္လာရသည္။

"ဒါ ... ဒါဆ္ို ႏွစ္ကေရာ ... ဘယ္ႏွစ္ခုႏွစ္လဲ "

သူေမးလိုက္ေတာ့ သူ႔ရဲ႕အေမဟာ ထူးဆန္းသလိုၾကည့္လာေလ​၏။

"ဂ်ဳံအင္ မင္း ဘာျဖစ္ေနတာလဲ "

"ဘာမွ ဘာမွမျဖစ္ဘူး ... ကြၽန္ေတာ္ေမးတာေလးကို ေျဖေပး "

"ဘယ္ႏွစ္ျဖစ္ရမလဲသားရယ္ ၂၀၀၆ ခုႏွစ္ေပါ့ "

💐

TBC ~

Seguir leyendo

También te gustarán

571K 8.7K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
156K 17.2K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
417K 25K 84
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...
413K 19.7K 81
Kang y/n was always been the black sheep of the family. Overshadow by her extremely talented, gorgeous sister Roseanne . Who has the world revolve a...