?Daffodils[Complete]

By ScarletV496

353K 21.8K 549

တောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြ... More

အမှာစာမဟုတ်သောအမှာစာသို့မဟုတ်ဝန်ခံချက်
🍁Daffodilsအပိုင်း(၁)တံစက်မြိတ်အောက်က လူနှစ်ယောက်
🍁Daffofilsအပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်
🍁Daffofilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodils အပိုင်း(၄)ဒီခံစားချက်ကဘာလဲဆိုတာမသေချာဘူး
🍁Daffodils အပိုင္း(၄)ဒီခံစားခ်က္ကဘာလဲဆိုတာမေသခ်ာဘူး
🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရှိခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရြှိခင်း
🍁Daffodils အပိုင်း(၇)အသဲကွဲတယ်ဆိုတာ• • •
🍁Daffodils အပိုင္း(၇)အသဲကြဲတယ္ဆိုတာ• • •
🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ
🍁Daffodils အပိုင္း(၈)ခ်ယ္ရီရင္ခုန္သံ
🍁Daffodils အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ
🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ
🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဦးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၃)အစမ်းသပ်ခံကြွက်လေး
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၅)မတရားသဖြင့်ခုန်နေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဦးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဉီးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၇)ဖုံးကွယ်ထားတဲ့ အလွှာ
🍁Daffodils အပိုင္း(၁၇)ဖံုးကြယ္ထားတဲ့ အလႊာ
🍁Daffodils အပိုင်း(၁၈)MaMa Boy
🍁Daffodils အပိုင္း(၁၈)MaMa Boy
🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး
🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!
🍁Daffodils အပိုင်း(၂၁)ချစ်သူတွေဘာတွေလုပ်ကြလဲ!!
🍁Daffodils အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
🍁Daffodils အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်!!
🍁Daffodils အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၄)နွေဉီးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်
🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!
🍁Daffodils အပိုင်း(၂၇)ရှူး!! တိုးတိုး..
🍁Daffodils အပိုင္း(၂၇)ရႉး !!တိုးတိုး..
🍁Daffodils အပိုင်း(၂၈)ဗရုတ်သုက္ခနေ့ရက်များ
🍁Daffodils အပိုင္း(၂၈)ဗရုတ္သုကၡေန့ရက္မ်ား
🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား
🍁Daffodils အပိုငျး(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၂)မှားခဲ့တဲ့လူကကျွန်တော်မဟုတ်ဘူး
🍁Daffodils အပိုင်း(၃၃)အရေးတယူမိတ်ဆက်ပေးစရာမလိုဘူး
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းထူတဲ့ ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းတဲ့ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၅)နာကျင်မှုထက်ပိုတဲ့နာကျင်မှု• • •
🍁Daffodils အပိုင္း(၃၅)နာက်င္မႈထက္ပိုတဲ့နာက်င္မႈ• • •
🍁Daffodils အပိုင်း(၃၆)ဖုန်တွေအမှိုက်တွေပါတဲ့လေပွေတစ်ခုပဲ!
🍁Daffodils အပိုင်း(၃၇)နာကျင်ရမယ်ဆိုရင်တောင်အတူတူရှိချင်တယ်!
🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!
🍁Daffodils အပိုင်း(၃၉)မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်
🍁Daffodils အပိုင်း(၄၀)နယ်ရုပ်လောက်တောင်သူကအဆင့်မရှိဘူး• • •
🍁Daffodils အပိုင်း (၄၁)အလွမ်း၊စိုးရိမ်စိတ်၊သိမ်ငယ်မှု၊အသေးစားရန်ပွဲ!
🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!
🍁Daffodils အပိုင်း(၄၃)အတိတ်၊အမှန်တရား၊ကွဲကြေနေတဲ့နှလုံးသား
🍁Daffodils အပိုငျး(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၅)ပထမဆုံးနှစ်ယောက်အတူရှိတဲ့ခရစ်စမတ်
🍁Daffofils _Epilogue.1
🍁Dafodils_ Epilogue.1
🍁Daffodils_Epilogue.2
🍁Daffodils_Epilogue.2
🍁Daffodils_Extra.1
🍁Daffodils_Extra.2
🍁Daffodils_Extra.2
🍁Daffodils_Extra.3
🍁Daffodils_Extra.3
🍁Daffodils_Extra.4
🍁Daffodils_Extra.4
🍁Daffodils_Extra.Epilogue
🍁Daffodils_Extra.Epilogue
Announcement For Book

🍁Daffodils_Extra.1

4.4K 314 10
By ScarletV496

•Married life Story:အချစ်ခံရတာလဲပြဿနာပဲ

"ခင်ဗျား ဘာလို့ အဲ့လိုပြောရတာလဲ..."
နွေဦး အသံက ပြတ်တောင်းပြီး မာကျောနေမှာ သေချာတယ်။သူအသံကိုပျော့လိုက်ဖို့လဲစိတ်ကူးလဲမရှိဘူး။

"နွေဦးကကိုယ်နဲ့အမွှာလေးတွေကိုမှ ဂရုမစိုက်တာပဲလေ.."

"ကျွန်တော်က ဆရာဝန်!ကျွန်တော့်ကိုလိုအပ်နေတဲ့လူနာတွေရှိတယ်"

"ကိုယ်ရော မေပါယ်နဲ့ပင်လယ်ရော မင်းကိုလိုအပ်တာပဲ..ကိုယ်တို့ကျတော့ရော!"

နွေဦးပြန်မဖြေပ​ဲ နှုတ်ခမ်းနှစ်လွှာကို တင်းတင်းဖိပိတ်ထားလိုက်တယ်။နံရံကပ်ပေပါ အဝါရောင်နဲ့ အပြာရောင်လေးကို အချိုးကျကျကပ်ထားတဲ့ အိမ်လေးထဲမှာ နွေးထွေးမှုက နည်းနည်းပျောက်ရှနေတယ်။အဖေနှစ်ယောက်ကြားက ကတောက်ကဆ ဖြစ်ရပ်က အမွှာလေးတွေကိုထိတ်လန့်စေတယ်ထင်တယ်။

နွေဦးပင်လယ်လေးက လန့်ပြီး ထငိုတော့ သူ့ထက် ဆယ့်ငါးမိနစ် စောမွေးတဲ့ နွေဦးမေပါယ်လေးက သူ့လက်တိုတိုသေးသေးလေးတွေနဲ့ သူ့မောင်လေးကို ပုတ်ပြီးနှစ်သိမ့်ပေးတယ်။ဒါပေမယ့်လို့မေပါယ့်ရဲ့မျက်လုံးဝိုင်းဝိုင်းလေးထဲမှာ လဲ မျက်ရည်လေးတွေရစ်ဝိုင်းနေပြီ။

နွေဦး ကလေးတွေကို ပွေ့ဖက် ချော့မြူရင်း...

"တော်ပြီ!ကျွန်တော်တို့ ပြီးမှဆက်ပြောမယ်"

မိုးပင်လယ်ခေါင်းညိတ်ပြလိုက်ရင်း အမွှာလေးတွေနားမှာ ဝင်ထိုင်လိုက်တယ်။ပြီးတော့ ဖောင်းနေတဲ့ ပါးအိအိလေးတွေကို သူ့နှာခေါင်းနစ်မြုပ်တဲ့အထိ မွှေးကြူလိုက်ရင်း တစ်ဆက်တည်း နွေဦးရဲ့ လျှော်ပြီးစဆံပင်တွေကိုပါ နမ်းရှိုက်လိုက်တယ်။

နွေဦးက ခပ်တည်တည်မော့ကြည့်တော့ သူရယ်ကျဲကျဲလုပ်ပြရင်း..

"ဘာဖြစ်လဲ ရန်ဖြစ်တာကဖြစ်တာပဲ...ကိုယ့်မိန်းမကို နမ်းတာကနမ်းတာပဲ!"

နွေဦး မျက်နှာကပိုတည်သွားပြီး..

"ကလေးတွေရှေ့မှာမနမ်းနဲ့..."

နွေဦးရဲ့အသံက ပြတ်ရှနေပြီး ခံစားချက်အချို့ကိုမြိုသိပ်ထားတဲ့ပုံပေါက်နေတာမို့ မိုးပင်လယ် မျက်မှောင်ကျုံ့သွားရတယ်။
အရာအားလုံးကို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးတွေးခေါ်တတ်တဲ့ နွေဦးက မေပါယ်၊ပင်လယ်နဲ့ပါတ်သတ်ရင် ပိုပြီးအထိမခံဖြစ်တတ်တယ်။သူလဲ တတ်နိုင်သမျှဆင်ခြင်ပါတယ်။ခုလဲခေါင်းလေးပဲနမ်းလိုက်တာကို...သူ့ကိုအဲ့လောက် အသံမာမာနဲ့ပြောစရာလိုလို့လား။

နွေဦးက ကလေးတွေကို အိပ်ခန်းထဲမချီသွားပြီး သိပ်ပြီးမှပြန်ထွက်တယ်။မိုးပင်လယ် ပြေရာပြေကြောင်း လုပ်ဖို့ သူ့ဘေးကနေရာကိုလက်နဲ့ပုတ်ပြီးခေါ်ပေမယ့် နွေဦးက မျက်နှာချင်းဆိုင်မှာပဲဝင်ထိုင်တာမို့ သူအမှန်တကယ်ကို စိတ်တိုသွားရတယ်။

"နွေဦး!ဘာဖြစ်တာလဲ...ကိုယ်နောက်တစ်ခါ ကလေးတွေရှေ့မှာ မင်းကိုဘာမှမလုပ်တော့ဘူး အိုခေလား"

"ခုနကကိစ္စဆက်ပြောရအောင်!"

"ဆေးရုံဆောက်ပေးမယ့်ကိစ္စလား...နွေဦးသဘောမတူဘူးမလား"

"ဟုတ်တယ်...ဒါပေမယ့်ခင်ဗျားဘာလို့ အဲ့လိုပြောရတာလဲ"

"ရှင်းရှင်းလေးလေကွာ...မင်းကို အိမ်မှာဒီ့ထက်ပိုရှိစေချင်လို့ပေါ့.."

မိုးပင်လယ် စကားကသူ့ကိုပိုစိတ်ပျက်သွားစေတယ်။
"ခင်ဗျားယူထားတာ ဆရာဝန်နော်...အဲ့တစ်ခုတော့သတိရဦး!"

"ကိုယ်သတိရတယ်လေ...ခုလဲအချစ်ကိုကိုယ်အလုပ်ထွက်ခိုင်းလို့လား...ကိုယ်ပိုင်ဆေးရုံဆို နွေဦးလဲနားချိန်ပိုရတာပေါ့..ခုကျကိုယ်အိမ်မှာနားရင် နွေဦးကမရှိ..ရှိလဲခဏပဲ!အဲ့ဒါကြောင့်..ကိုယ်ဆေးရုံဆောက်ပေးရမလားလို့ ဟင်!"

"အရမ်းချမ်းသာတာပဲနော်...ရှယ်အမ်းတာ"

"နွေဦး!"

"အရင်တုန်းကတည်းကပြောပြီးသားဆိုပေမယ့် ခင်ဗျားလဲယောကျ်ား ကျွန်တော်လဲယောကျ်ားပဲ...ခင်ဗျားမှာအလုပ်ရှိသလို ကျွန်တော့်မှာလဲ လူတကာအလယ်မှာ မျက်နှာမငယ်လောက်တဲ့ အလုပ်ရှိတယ်။ကျွန်တော်က ခင်ဗျားကိုချစ်လို့လက်ထက်ခဲ့တာ ခင်ဗျားရှယ်ယာတွေ ပိုက်ဆံတွေ ဟိုတယ်တွေ Resortတွေကိုလက်ထပ်ခဲ့တာမဟုတ်ဘူး...ကျွန်တော့်ကို နောက်တစ်ခါ အဲ့လိုမဆက်ဆံနဲ့...မှီခိုနေရတဲ့ ပုံမျိုးမဆက်ဆံနဲ့"

"ကိုယ်ကအဲ့လိုသဘောမျိုးမဟုတ်ပါဘူး..နွေဦးချစ်တာထက် ကိုယ်ကပိုတောင်ချစ်သေးတယ် ခုလဲ အိမ်ပြန်လာရင်ပင်ပန်းနေရောမလား အဲ့ဒါကြောင့်ပါ"

"ချစ်ရင် ကျွန်တော့်သဘောထားဘယ်လိုရှိလဲ သိရမှာပေါ့..ခုဟာကအလုပ်မဟုတ်လိုက်တာ"

မိုးပင်လယ် ဆွံအပြီး  ဘာမှပြန်မပြောနိုင်ခင်မှာပဲ နွေဦးက ဆက်ပြောတယ်။

"ပြီးတော့ ကျွန်တော်က ခင်ဗျားမိန်းမမဟုတ်ဘူး...ခင်ဗျားယူထားတာယောကျ်ား...ကျွန်တော်က ခင်ဗျားယောကျ်ား..ခင်ဗျားကလဲ ကျွန်တော့်ယောကျ်ားပဲ အိုခေလား!"

မိုးပင်လယ် မျက်မှောက်ကုတ်နဲ့ပဲခေါင်းညိတ်ပြလိုက်တယ်။ဆင်ပြောနေရင် အရှည်အရှည်တွေနဲ့စကားများလို့ဆုံးမှာမဟုတ်ဘူး။သူ့မိန်းမ မဟုတ်ပါဘူး! သူ့ယောကျ်ားပင်ပန်းမှာစိုးလို့ ကိုယ်ပိုင်ဆေးရုံဖွင့်ပေးချင်တာ သူအဲ့လောက်မှားသွားလား။နွေဦးမာနကို သူလျော့တွက်ထားခဲ့မိတယ်ထင်တယ်။ဘာပ​ဲဖြစ်ဖြစ် ဘယ်လိုပဲစဥ်းစားစဥ်းစား သူမမှားဘူးလို့ထင်တယ်။
______________
ထမင်းစားပွဲကို လက်ထိပ်လေးတွေနဲ့ တစ်တောက်တောက်ခေါက်နေရင်း နွေဦးဆင်းအလာကို မိုးပင်လယ်စောင့်နေမိတယ်။စိတ်ထဲမှာလဲ ကလိကလိနဲ့ အသဲယားနေပြီ...စိတ်မရှည်အလိုမကျတဲ့စိတ်ကိုထိန်းချုပ်တော့ မျက်မှောင်ကအလိုလိုကျုံ့တယ်။လက်ကနာရီကိုကြည့်လိုက်တော့ အချိန်ကမရှိတော့ဘူး။ဥက္ကဌကိုယ်တိုင်ကမှ ရုံးတက်ချိန်မမှန်ရင် သူ့အောက်ကလူတွေကို သူဘယ်လိုအုပ်ချုပ်မလဲ။

တကယ်တော့သူတစ်ယောက်ထဲ မနက်စာစားသွားလဲရပါတယ်။ဒါပေမယ့် သူကနွေဦးမျက်နှာလေးကြည့်ပြီး မနက်စာစားမှ အိမ်ကသွားခါနီးမွမွ မပေးဖြစ်ဘူးဆိုရင်တောင် မျက်နှာလေးကြည့်ပြီးသွားရမှ နေသာတာ။

ခုအခြေအနေက သူ့ကိုနွေဦးက မခေါ်ဘူး...အဲ မခေါ်ဘူးရယ်လဲမဟုတ်ပြန်ဘူး။စကားပြောတာတော့ ပြောပေမယ့် သူ့စိတ်ထဲမှာသိနေတယ်...ပုံမှန်လိုမဟုတ်ဘူး။နွေဦးကသူ့ကိုစိတ်ကောက်နေတယ်။သူကလဲနွေဦးကိုစိတ်ကောက်နေတယ်။သောက်ကျိုးနည်းတဲ့ ကိစ္စပဲ!

ခါတိုင်းလိုဆို သူဘေးကနေအတင်းကပ်ပြီးခေါ်နေမှာဆိုပေမယ့် ခုကတော့...
ဟင့်အင်း!သွားမခေါ်ဘူး...ဒီကိစ္စမှာသူလဲမမှားပါဘူး။ဒါပေမယ့် မှန်လဲမနေဘူး...အဲ့ဒါကြောင့်သွားမခေါ်ရဲတာ။စိတ်ညစ်လိုက်တာ!သူနဲ့နွေဦးနဲ့က အိမ်ထောင်သက် ၃နှစ်မှာဒီလောက်အကြာကြီး စိတ်အခန့်မသင့်မဖြစ်ဖူးဘူး။ကလေးတွေတောင် ၂နှစ်သားတွေနေပြီ..ခုခါကျမှ သူတို့၂ယောက်က စိတ်ထကောက်နေကြတာ လူကြားလို့မှကောင်းသေးရဲ့လား..ပြောကြပါဦး!

ခုကျတစ်အိမ်လုံးမှာ သူရယ်နွေဦးရယ်ပဲကျန်ခဲ့တယ်..မေပယ်လ်နဲ့ပင်လယ်က ဖိုးဖိုး ဖွားဖွားနဲ့အတူတူ အပြင်ကိုမနက်စာသွားစားကြတယ်လေ။သူသိသားပဲ ဖေဖေတို့က သူတို့ပြန်ပြေလည်အောင်လာကြိုးစားပေးနေကြတာ...ဒါပေမယ့်လို့ ကလေးတွေရှိနေတာကမှ နည်းနည်းတော်သေးတယ်။ခုကျအလယ်တန်းမှာ တစ်ခုံတည်းထိုင်ပြီး စိတ်ထိုင်ကောက်နေတဲ့ သူငယ်ချင်း၂ယောက်လိုဖြစ်နေတယ်။

စိတ်ညစ်တယ်!စိတ်ညစ်တယ်!မသိတော့ဘူး...ဒီနေ့ပြီးလို့မှ နွေဦး သူ့ဟာသူစိတ်ကောက်မပြေရင် သူပဲ ဘယ်လိုပဲချော့ရချော့ရ ချော့တော့မယ်။

မိုးပင်လယ် အိမ်ပေါ်ထပ်ကို လည်ပင်းရှည်ကြည့်လိုက်ပြီး..

"နွေဦးကလဲ ဆင်းမလာသေးဘူးလား မသိဘူး ကြာလိုက်တာ!"

သူတွေးနေတုန်း နွေဦးကြီးက ဆင်းချလာလို့ ထိုင်စောင့်နေတဲ့ပုံမဖြစ်အောင် တွေ့တဲ့မုန့်ကိုပါးစပ်ထဲထိုးထည့်လိုက်တာ..အားရိုး!လေးထောင့်ဘီစကစ်ဆိုတော့ ကန့်လန့်ကြီးဝင်သွားတယ်။နာတယ်...တကယ်နာတာ..ဟန်ကိုယ်ဖို့ နဲ့ မျက်နှာမပျက်အောင်ထိန်းနေရတော့ပိုခံရခက်တယ်။

နွေဦးရဲ့ရှုတည်တည်မျက်နှာထားက သူတို့မဲဘာန်းမှစတွေ့စတုန်းကလိုပဲ...စကားသွားမပြောရဲလောက်တဲ့ အရှိန်အဝါတစ်ခုတိုးထွက်နေပြီး သူ့ရဲ့သတ္တိတွေက အဲ့အရှိန်အဝါအောက်မှာ ပြားပြားဝပ်ဖြစ်ကုန်တယ်။သူထိုင်နေတာကို မျက်လုံးလေးတစ်ချက်ပဲဝင့်ကြည့်ပြီးအသာလေး ဖြတ်သွားတော့ သူမနေနိုင်တော့ဘူး။

"နွေဦး...မနက်စာ!"

"မစားတော့ဘူး..ကျွန်တော်အရေးကြီးနေပြီ"

အဖြေပေးပြီးပြီးချင်း နွေဦးကသူ့ရှေ့ကထွက်သွားတော့လဲ သူဘာမှမတတ်နိုင်ပဲ ရပ်ကြည့်နေလိုက်ရတာပဲ။စိတ်ထဲက အပူတွေကို ပါးစပ်ကနေမှုတ်ထုတ်ပြီး အပြစ်မရှိတဲ့ ဆံပင်တွေကိုပဲ ထိုးခွဲပြီးဖွပစ်လိုက်တယ်။နေလို့မကောင်းလိုက်တာ...ကျစ်!

______________

"အင့်!ရော့" နေနုက ကော်ဖီတစ်ခွက်နဲ့ Sendwishကမ်းပေးလို့ နွေဦးယူလိုက်ရင်း...
[နာမည်အသစ်တွေ့လို့ စိတ်ညစ်မသွားနဲ့နော်..သူက နွေဦးရဲ့ ခီမိုဌာနကသူငယ်ချင်းဆိုတဲ့တစ်ယောက်ပါ😁]

"ကျေးဇူး!"

သူ့ရဲ့ အားပျက်ပြီးစိတ်ပျံ့လွင့်နေတဲ့ အသံကိုကြားတော့ နေနုက သူ့ဘေးကခုံမှာဝင်ထိုင်ပြီး...

"နင့်အသံကလဲ တိမ်လိုက်တာ!ဘာတွေဖြစ်နေတာလဲ"

"ဒီလိုပါပဲဟာ..."

"ဟန့်!ငါသိပြီ!ယောက်ျားနဲ့စိတ်ကောက်နေတာ..ဟုတ်တယ်ဟုတ်!"

နေနုက ခေမီပြီးရင် နောက်ထပ်သူခင်ရတဲ့ရှားရှားပါးပါးမိန်းကလေးပဲ...ကံတရားကသူ့ကို မျက်နှာသာပေးတဲ့အနေနဲ့ မဲဘာန်းကနေ ရန်ကုန်ကိုပြောင်းလာတဲ့သူ့ကို အထီးမကျန်အောင် တစ်ယောက်ထဲငေါင်းစင်းစင်းဖြစ်မနေအောင် ဖန်တီးပေးထားတာက နေနုအေးပဲ...သူ့ဦးလေးဆေးရုံရဲ့ ခီမိုဌာနမှာ အလုပ်ဆင်းနေတာမို့ အမြဲတမ်းလဲတွေ့ဖြစ်ပြီး ငယ်ပေါင်းကြီးဖော်တွေလိုတောင်ရင်းနှီးနေပြီ။သူ့စိတ်ထင် နေနု ကခေမီ့ထက် ပိုပေါင်းလို့သင်းလို့ကောင်းတယ်...စိတ်ထဲမှာဖွက်ထားတာမရှိတဲ့ လူမျိုးမို့ နွေဦးနဲ့ အဆင်ပြေတာမျိုးဖြစ်မယ်။

"• • •"

"ဆိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းပဲတဲ့...ဟုတ်တယ်လို့ပဲငါယူဆလိုက်ပြီနော်"

"အင်း...ယူဆလိုက်တော့ ငါတို့နှစ်ယောက်စကားမပြောဘူး"

"အနည်းဆုံး ၂ပါတ်ကျော် ၃ပါတ်ရှိပြီဟုတ်!"

"အင်း!"

နေနုက သူ့ဗိုက်ထဲက ဘက်တီးရီးယားလား...အကုန်သိနေပါ့လား!

"ဘယ်လိုဖြစ်ကြတာလဲ..ကိုပင်လယ်ကြီးက နင့်ကိုချစ်ပါတယ်ဟ!"

"ငါသိတယ်!..အဲ့ဒါကိုက ပြဿနာ"

"ဟေ!"
နေနုကမျက်လုံးရော မျက်ဆံပါပြူးပြီး သူ့ကိုကြည့်လာတယ်။
သူတကယ်ကိုသိပါတယ်..မိုးပင်လယ် သူ့ကိုဘယ်လောက်ထိချစ်လဲဆိုတာကို...မျက်လုံးနဲ့မြင်ရတယ်...စိတ်နဲ့ခံစားလို့ရတယ်။ဒါပေမယ့် ခုပြဿနာကလဲ သူ့ကိုချစ်ရာကနေအခြေပြုတဲ့ ပြဿနာပဲ။

"ဟုတ်တယ်!..ခုဖြစ်နေတာက အဲ့ချစ်တာကနေစတာပဲ"

"ဟင်း....ယောကျ်ားရှိတဲ့ လူတန်းစားကလဲ  အချစ်ခံရတာကိုကပြဿနာနော်"

"အင်း...အဲ့လိုပဲပြောရမှာပေါ့..နင့်လို အပျိုကြီး ဖော်အဲဗားအလုံးက သိလာမဲ့ပြဿနာတွေမဟုတ်ပါဘူး"

"ကောင်စုတ်!..ငါကယောကျ်ားမယူဘူး"

နေနုက သူ့ကိုမျက်စောင်းလှလှလေးထိုးပြီး ကော်ဖီကိုငုံ့သောက်တယ်။သူ့ရဲ့စိတ်သဘောထားပြည့်ဝပြီးလှလဲလှတဲ့ သူငယ်ချင်းမ ကချစ်သူရည်းစားမရှိသေးတာတော့ သူအံ့သြမိတာအမှန်ပဲ...ခါတိုင်းလိုဆိုရင်တော့ယောကျ်ားမယူဘူးဆိုတော့ မိန်းမယူမလို့လားလို့ နောက်ဖြစ်ဦးမှာ ဆိုပေမယ့် သူ့စိတ်က စ ချင်နောက်ချင်စိတ်က ရှိမနေတာမို့ ခပ်ဖွဖွလေးပဲပြုံးပြီး အပြင်ကိုလှမ်းကြည့်လိုက်တယ်။

"ကားတွေကလဲအမြဲရှုပ်နေတာပဲနော်..."သူ မှန်တံခါးကနေတစ်ဆင့် ကြည့်နေရင်းတောင် စိတ်တွေရှုပ်လာတယ်။လူငွေ့တွေ...ဓာတ်ငွေ့တွေ...ပြီးတော့ ရုန်းကန်လှုပ်ရှားနေရတဲ့ အငွေ့တွေ...အဝေးက အငွေ့ရောင်စုံတွေရဲ့ အပူကြောင့် ကြည့်နေရင်းနဲ့တောင် သူအသက်ရှူကြပ်တယ်။

"နင်ခုထိအသားမကျသေးဘူးလား"

သူခေါင်းပဲခါပြလိုက်မိတယ်။သူအသားကျဖို့ကတော့ အချိန်ကဒါ့ထက်လိုဦးမှာပေါ့...သူ မဲဘာန်းကို အမြဲတမ်းလွမ်းနေတာဆိုတော့...

"နင်မဲဘာန်းကနေပြောင်းလာတာပဲ ၂နှစ်ကျော်နေပြီ...အမွှာလေးတွေအသက်လေဟာ..ခုထိအသားမကျသေးဘူးလား"

"အသားကျဖို့မကျဖို့က အချိန်နဲ့မှမဆိုင်တာဟာ..."

နေနုကသူ့ကိုကြည့်ပြီး ခေါင်းခါရင်းသက်ပြင်းချတယ်။

"နင်ကလဲ အကောင်းဘက်ကတွေးစမ်းပါ...ခုဆေးရုံက နင့်ဦးလေးဆေးရုံနော်..မျက်နှာကြီးကို အသေကြီးလုပ်ပြီးနေမနေနဲ့...ဒီမှာဆို ဆရာဝန်တွေများတော့ နင်လဲ နေ့နေ့ညည ဂျုတီ on ထားစရာမလိုတော့ဘူးလေ...မိသားစုကိုအချိန်ပေးလို့ရတယ်မဟုတ်ဘူးလား..."

"ဟုတ်ပါတယ်..ငါလဲ သူတို့ကြောင့်ပဲ ဒီမှာနေနေတာပဲလေ"

"ငါသိပြီ..ကိုပင်လယ် ကောက်နေတာ သူ့ကိုအချိန်မပေးလို့ပဲနေမှာ ဟုတ်တယ်မလား"

သူ့စကားကြောင့် နွေဦးနင်သွားတော့ နေနုက ဟက်ဟက်ပက်ပက်ရယ်တယ်။ဘက်တီးရီးယားမ!သူ မိန်းကလေးတွေလိုသာ မျက်စောင်းတွေချည်းလှိမ့်ထိုးပစ်လိုက်ချင်တယ်။

"ကဲပြောပြ!ပြဿနာကို ဆရာမကြီးနေနုအေးက အကြံပေးပေးမယ်"

"ဆရာမကြီးက ရည်းစားပဲအရင်ထားပါဦး!ဟုတ်ပြီလား"

ဆေးရုံအောက်ထပ် Canteenမှာမို့ အကျယ်ကြီးဆဲမရတာ​တောင် နေနုကသူ့ကို မမေ့မလျော့ လက်ခလယ်လေးတော့ ထောင်ပြလိုက်သေးတယ်။သူရယ်လိုက်ရင်းပြောပြောထထနဲ့ နေနုနဖူးကို လက်ညိုးနဲ့ထိုးရင်းအနိုင်ပိုင်းပြီးထထွက်လာခဲ့ရင်းကော်ဖီနဲ့Sendwishကိုတော့ မမေ့မလျော့ မ' လာခဲ့တာပေါ့...သူများစေတနာဆိုတာြငင်းကောင်းတာမှ မဟုတ်တာ..ဒါပေမယ့်သေချာပါတယ် မိုးပင်လယ်ဖျော်ပေးတဲ့ကော်ဖီလောက် သူ့လျှာကျောထဲမှာဆိမ့်မှာမဟုတ်သလို...Sendwishကိုလဲ သူသိပ်ကြိုက်မှာမဟုတ်ဘူး။

သူ့လျှာနဲ့အစာအိမ်အတွက်ပဲဖြစ်ဖြစ် မိုးပင်လယ်ကိုသူကပဲပြန်ချော့လိုက်တာကောင်းမယ်ထင်တယ်။

သူသီရေတာထဲကနေ ထွက်လာပြီး အဝတ်အစားလဲနေတုန်းမှာပဲ ရည်းစားမထားဘူးတဲ့ အချစ်ဆရာမကြီး နေနုအေးက ထပ်ပေါက်ချလာတယ်။လက်ထဲမှာလဲ မုန့်တွေကိုင်ထားသေးတယ်...နေနု သူတို့ပြဿနာအကြောင်းကို ရိုးတွင်းခြင်ဆီထဲကနေအထိ သိချင်နေပြီလေ။သူသိတာပေါ့...အဲ့ဒါကြောင့် ဖားတဲ့အနေနဲ့ မုန့်တွေပါ ယူချလာတာ။ကလေး ကျလို့!

နေနုက သူ့ကို နွေဦးကပြုံးစစ စိုက်ကြည့်နေတော့ အနေရခက်သွားသလို သွားဖြဲပြရင်း...

"ဟုတ်တယ်ဟာ!ငါသိချင်လို့...ရော့!"

"ဘာတွေလဲ !ငါကကလေးလား မုန့်နဲ့မြူဆွယ်လို့ရရအောင်"

နေနုက မုန်းစရာကောင်းအောင် မျက်ဆံလည်ပြရင်း နှုတ်ခမ်းကိုပါမဲ့လိုက်သေးတယ်။

"နင်က ကလေးမဟုတ်မှန်း..မုန့်နဲ့မြူဆွယ်လို့မရမှန်း...နင့်ကိုမြူဆွယ်လို့ရတာ ကိုပင်လယ်ကြီး တစ်ယောက်ထဲရှိမှန်း ငါသိပါတယ်...ဒီမုန့်တွေက မေပါယ်နဲ့ ပင်လယ်အတွက်..ဟွန့်!"

"သြော်..အဲ့လိုလား!"

"အေး!အဲ့လို!ငါ့ကိုပြောပြလို့ရပြီလား"

"လာ canteenသွားရအောင်!"

"အိုခေ!"

Canteenသွားတဲ့တစ်တောက်လျှောက်လုံးမှာလဲ နေနုအေး ကဘေးကတတွတ်တွတ်!

Canteenရောက်တော့ ဖြစ်တဲ့အကြောင်းစုံကို ပြောပြလိုက်တော့ နေနုဆီက မှတ်ချက်တစ်ခုချက်ချင်းထွက်လာတယ်။

"နွေဦး!နင်စိတ်သာကောက်နေရတာ စိတ်ထဲမှာတော့ ပြန်ခေါ်ချင်နေတာ တစ်ပိုင်းသေနေပြီမလား"

"အင်း!"

"အဲ့ဒါပဲ ပြန်ခေါ်လိုက်ပေါ့ဟာ...ဘာခက်လို့လဲ"

"အင်း...ငါလဲအဲ့လိုပဲတွေးထားပါတယ်"

နေနုကိုအဖြေပေးပြီးလုပ်စရာမရှိတဲ့မျက်လုံးတွေက မှန်တံခါးအပြင်ကိုပဲရောက်သွားတယ်။ခဏနေတော့ သူ့မြင်ကွင်းထဲကို BMW တစ်စီးက ဝင်လာတယ်။မိုးပင်လယ်ရဲ့ကား...ခဏနေတော့ သူ့ဖုန်းထဲကို စာရောက်လာတယ်။

"နွေဦး..ကိုယ် ပါကင်မှာစောင့်နေတယ်..အလုပ်ပြီးရင် အတူတူပြန်ရအောင်လာခေါ်တာ"

စာကိုဖွင့်ကြည့်ပြီး သူ့နှုတ်ခမ်းအစွန်းလေးနှစ်ဘက်ကော့တက်သွားရတယ်။ဒီအိမ်ပြန်လမ်းက သူတို့အချင်းချင်း ပြန်ပြေလည်ကြဖို့အတွက် ပထမခြေလှမ်းပဲ...မိုးပင်လယ်က ပထမခြေလှမ်းကိုလှမ်းလိုက်ပြီဆိုတော့ သူလဲ ထပ်ကြပ်မကွာလိုက်ရမှာပေါ့။သူတို့က အိမ်ထောင်ဖက်တွေ ချစ်သူတွေပဲလေ...

"အင်း..ကျွန်တော်လာခဲ့မယ်.."

နွေဦးစာကိုပြန်ပို့ပြီး ချက်ချင်းထရပ်လိုက်ပြီး ခြေလှမ်းတွေကိုပါတစ်ခါတည်း အရှိန်တင်ထားလိုက်တယ်။သူ့ခြေလှမ်းတွေ ပေါ့ပါးနေတာသတိထားမိတော့ ထပ်မပြုံးပဲမနေနိုင်တော့ဘူး။

Continue Reading

You'll Also Like

399K 17.6K 127
Cover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူ...
227K 11.9K 23
7th creation Start : 11.5.2022 End : 29.5.2022 Credit : Original Pinterest artist
12.4K 627 51
ပိုးဖလံတွေဟာ ပျော်စရာမှတ်လို့ မီးပုံထဲတိုးတယ်တဲ့။ ငါကလဲ မင်းဆီပဲတိုးမိပါတယ်။ ရူးရူးမိုက်မိုက် ပြီးတော့.....နာနာကျင်ကျင် 🔥🔥🔥🔥🔥🔥🔥 ပိုးဖလံေတြဟာ...
562K 15.2K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...