The Protagonist is My Ex [Com...
By Mikoshi_Zerk
292K 30.4K 2.8K
"ဇာတ်လိုက်က ငါ့Ex" It's Zsww fanfiction. More
Teaser(intro)
0.1
0.2
0.3
0.4
0.5
0.6
0.7
0.8
0.9
1.0
1.1
1.2
1.3
1.4
1.5
1.6
1.7
1.8
1.9
2.0
2.1
2.2
2.3
2.4
2.5
2.6
2.7
2.8
2.9
3.0
3.2
Final
Heyo
3.1
7.9K 818 147
By Mikoshi_Zerk
ဝမ်ရီပေါ်က တံခါးကိုခေါက်လိုက်ဖို့ လက်တေ့လိုက်ပြီးမှ ပြန်ချပါတယ်။တံခါးရှေ့မှာ ဟိုလျှောက်ဒီလျှောက် နဲ့ သူက သိပ်ကို စိတ်လှုပ်ရှားနေရပါတယ်။
ဒီကနေ့မနက်မှာ သူက ကျူးရှီးလော့ဆီက သတင်းကောင်းကြားခဲ့ရတာကြောင့်ရယ်ပါ။
သူ့ရဲ့အချစ်ဦးကြီးက ပြန်သတိရလာပြီဆိုတဲ့အကြောင်းကိုပေါ့။
ထိတ်ခနဲဖြစ်သွားတာထက် ဝမ်းနည်းတာလိုလိုဝမ်းသာတာလိုလိုခံစားချက်ကြီးက ခံစားရအလွန်ခက်ပါတယ်။
သူ့မှာ ကြားကြားချင်း ဝရုန်းသုန်းကားနဲ့ လာခဲ့ရပေမယ့် ဒီတံခါးအရှေ့ရောက်မှ လာပြီးတစ်နေရတယ်။
ရှောင်ကျန့်နဲ့တွေ့ဖို့က စိတ်ထဲမှာတစ်မျိုးကြီးရယ်ပါ။
ကြောက်တာလိုလို အားနာတာလိုလို ဒေါသထွက်တာလိုလို ဗိုက်ဆာတာလိုလို နှင့်။
ဝမ်ရီပေါ် က 'လိုလို' ရောဂါကြီးခံစားနေရပြီး ဒီရောဂါက ဒေါက်တာစုန့်ကျိရန်လည်း ဆေးခါးတွေတိုက်ရုံနဲ့ ကုသနိုင်မယ်မထင်မိပါဘူး။
"ဟူး."
သူက သက်ပြင်းကိုချလို့ မျက်လုံးကို စုံမှိတ်ပါတယ်။စိတ်အခြေအနေကိုအဆင့်သင့်ပြီးတာနဲ့ တံခါးကို တွန်းဖွင့်ဖို့ ကြံလိုက်ပါတော့တယ်။
"ကျွီ .."
တံခါးက ပွင့်သွားခဲ့ပါတယ်။
ဒါပေမဲ့ သူတွန်းလိုက်တာမဟုတ်ပဲ အထဲကလူက ဆွဲဖွင့်လိုက်တာကြောင့်ရယ်ပါ။ဝမ်ရီပေါ်က မျက်စိမှိတ်လို့ အားကုန်တွန်းလိုက်ပေမယ့် သူတွန်းမိလိုက်တာက ဘာမှမရှိတဲ့လေဟာနယ်ကြီးကိုပါပဲ။
အရှိန်လွန်သွားတဲ့ဝမ်ရီပေါ်က ဖရိုဖရဲနဲ့ လေးဘက်ထောက်ရက်လေးပြုတ်ကျပါတယ်။ဝမ်ရီပေါ်က လက်းဖဝါးနာသွားတာထက် ရင်ထဲမှာပိုလို့နေရခတ်ပါတယ်။
Ex ရဲ့ရှေ့မှာဘယ်လိုတောင် အရှက်ကွဲမှုကြီးလဲ။
"အာ....ချာတိတ် sorry ပါကွာ။ကောလည်း ရုတ်တရက်ဆိုတော့ ဒီအတိုင်းဆွဲဖွင့်လိုက်မိတာ"
ကျူးရှီးလော့က ပြောလည်းပြောရင်း ဝမ်ရီပေါ်ဆီကို လက်ကမ်းပေးပါတယ်။ဝမ်ရီပေါ်က လော့ကော ရဲ့ လက်ကို ကိုင်ပြီး အားယူထလိုက်ပါတယ်။
ဒါပေမဲ့ သူမျက်နှာကတော့ ငုံ့ထားဆဲပါ။
"ကဲကဲ.. ရှေးဟောင်းနှောင်းဖြစ်လေးတွေအေးအေးဆေးဆေး ဆွေးနွေးနှင့်ကြပါဦး..ရှောင်ကျန့်ရေ.! ငါသွားပြီကွာ"
ကျူးရှီးလော့ စကားကို ဝမ်ရီပေါ်က နှာတစ်ချက်မှုတ်ပါတယ်။လမ်းခွဲပြီးတဲ့ Ex နဲ့ပြန်တွေ့တဲ့အခါ ဘယ်လို 'ရှေးဟောင်းနှောင်းဖြစ်' မျိုးက အဆင်ပြေတဲ့အနေအထားတစ်ခုကို ဖန်တီးပေးနိုင်မှာလဲ။
အခန်းထဲကလေထုကြီးကတော့တံခါးပိတ်သံနဲ့အတူ တဖြည်းဖြည်း အေးစက်လာပါတယ်။ဝမ်ရီပေါ်က လက်လေးတွေကို ဆုပ်ချေရင်း ကုတင်နားကို တိုးသွားမိပေမယ့် သူက ရှောင်ကျန့်ကို မကြည့်ရဲသေးပါဘူး။
"ဝမ်ကလေး.."
"ဟင် "
ဝမ်ရီပေါ်က တစ်ကိုယ်လုံးတုန်တက်သွားတဲ့အထိ စိတ်လှုပ်ရှားမိသွားတယ်။အချစ်ဦးကြီးရဲ့ 'ဝမ်ကလေး' လို့ခေါ်သံခပ်ရှရှမှာသူကကျဆုံးပါတယ်။
ဒီနာမ်စားကို မကြားခဲ့ရတာ အတော်ကြာနေခဲ့ပါပြီ။
သူAccident မဖြစ်ခင်..
အချစ်ဦးကြီးနဲ့ ပထမဆုံးပြန်တွေ့တဲ့အချိန်က 'ရီပေါ်' လို့အံအားတကြီး ရေရွတ်နေခဲ့သေးတဲ့ ရှောင်းကျန့်ကို တွေးမိတော့ ဝမ်ရီပေါ်ဟာ စိတ်တိုရပါတယ်။
Lucy Yuan နဲ့ rumor ထွက်ခဲ့တဲ့ ရှောင်ကျန့်ကို နည်းနည်းမှတောင် မကျေနပ်ပါဘူး။
"ကိုယ့်ဆီကို လာတာလား ..."
"မင်းဆီကို မလာလို့ ငါက ဒီအခန်းထဲမှာ ဘယ်သူ့ကိုလာတွေ့ရမှာလဲ"
ဗက်ခနဲ ပြန်ပြောလိုက်တဲ့ ဝမ်ရီပေါ်က အချစ်ဦးကြီးဆီက ခပ်လွင်လွင် ရယ်သံလေးတွေကို ကြားလိုက်ရပါတယ်။သူက မအောင့်အီးနိုင်စွာ မော့ကြည့်လိုက်တော့ ပြုံးပြုံးကြီး ကြည့်နေတဲ့ ရှောင်ကျန့်ရယ်ပါ။
မနေနိုင်တဲ့အဆုံး မျက်စောင်းတစ်ချက်သာ ထိုးမိပါတော့တယ်။
"မရယ်နဲ့.."
"ဝမ်ကလေးရယ်..ကိုယ်မင်းကို တွေ့ချင်နေခဲ့တာ"
"မင်းက ငါနဲ့ဘယ်တုန်းကရင်းနှီးလို့ ဒီလိုတွေလာပြောနေတာလဲ။မင်းရဲ့ မင်းသမီးတွေ ကိုသာ သွားပြော"
"အဟင်း..မင်းရဲ့လက်ကလေးကို ပြပါဦးကွာ.."
ရှောင်ကျန့်က လက်တံရှည်ကြီးအားကိုးနဲ့ သူ့လက်တွေကို ဆွဲယူပြီး ဖွဖွကလေးအုပ်မိုးလို့ ကိုင်ပါတယ်။
သူ့ရဲ့လက်တွေကို စိုးရိမ်းတကြီး ကြည့်နေတဲ့ ရှောင်ကျန့်ကို ကြည့်ပြီး ဝမ်ရီပေါ်က မျက်ရည်လည်လာမိတယ်။
"တော်သေးတာပေါ့ . ..အများကြီးပွန်းမသွားလို့ ..ဒီနားမှာတော့ သွေးခြေတောင်ဥသွားတာပဲ..
အရမ်းနာနေလား ..ဝမ်ကလေး.."
"ဟွင့်အင်း..."
ဝမ်ရီပေါ်က ခေါင်းကို ခါရမ်းလိုက်တဲ့အခါ မျက်ရည်တစ်စက်က လွှင့်စင်သွားခဲ့တယ်။ရှောင်ကျန့်ကတော့ လက်လေးကို အသာဆွဲပြီး ကုတင်ပေါ်မှာထိုင်ခိုင်းရှာပါတယ်။မျက်ဝန်းညိုတွေက အရည်လဲ့လာခဲ့တဲ့အထိ ဝမ်ရီပေါ်က ရှိုက်သံမထွက်အောင် နှုတ်ခမ်းကိုဖိကိုက်ထားပါတယ်။
"မငိုပါနဲ့ကွယ်..အရမ်းနာသွားရတာပဲလား"
သူ့ရဲ့ပါးလေးနှစ်ဖက်ကို အုပ်ကိုင်လို့ လက်မနဲ့ ခပ်ဖွဖွလေးမျက်ရည်သုတ်ပေးရှာတဲ့ ရှောင်ကျန့်ရယ်ပါလေ
ရှောင်ကျန့်ရဲ့ပါးပြင်မှာလည်း သူ့လိုပဲမျက်ရည်တွေနဲ့ရယ်ပါ။
"နာတယ်..အရမ်း.နာတယ်..သိလား အဲ့တာမင်းကြောင့်... မင်းကြောင့် ကိုကိုရဲ့"
ဝမ်ရီပေါ်က အချစ်ဥွီးကြီးရဲ့ ရင်ဘတ်ကို တဘုန်းဘုန်းမြည်အောင် ထုပါတယ်။ဒါက အားမပါတာကြောင့် ရှောင်ကျန့်ကို နာကျင်စေမှာတော့ မဟုတ်ရပါဘူး။
ရှောင်ကျန့်က မျက်ရည်တွေကြားက ပြုံးပြုံးကြီးနဲ့ သူထုသမျှ ကို ငြိမ်ခံခဲ့ပါတယ်။အဆုံးသတ်မှာ ဝမ်ရိပေါ်က အချစ်ဦးရဲ့ ရင်ခွင်ကြီးထဲကို ပစ်ဝင်လိုက်ပြီး အသံထွက်အောင် အော်ငိုလိုက်ပါတော့တယ်။
"ငါ.. .ငါလေ...မင်းကိုပြောစရာတွေအများကြီးရှိတယ်..ဟင့်. .ဒါပေမဲ့.. ငါ.ဘယ်ကနေတောင် စပြောရမှန်းမသိတော့ဘူး"
ရှောင်ကျန့်က ရင်ခွင်ထဲကသူ့ကို ငုံကြည့်ပါတယ်။
ဝမ်ရီပေါ်ကတော့ အကြည့်လွှဲလိုက်ပြီး ရင်ခွင်ကျယ်ကြီးထဲမှာ မျက်နှာအပ်ထားလိုက်ပါတော့တယ်။
"ငါ့ကို မကြည့်..နဲ့.. ငါမနေတတ်တော့ဘူး အင့်"
.
.
.
"စေတနာပါလို့ ခွံ့ကျွေးနေတာမဟုတ်ဘူး...ကောင်းကောင်းကျွေးနေတုန်း စားထားလိုက်တာ ကောင်းမယ်ထင်တယ်"
"အင်း. "
ဝမ်ရီပေါ်က သူဘာပြောပြော ပြုံးပြုံးကြီးကြည့်နေတဲ့ ရှောင်ကျန့်ကြောင့် ရူးချင်လှပါပြီ။
အကြည့်လွှဲပြီး ဆန်ပြုတ်ဇွန်းကို ရှောင်ကျန့် ပါးစပ်ဆီ တေ့ပေးလိုက်တဲ့အခါ လက်တွေကတောင် မသိမသာ တုန်ရီချင်နေပါသေးတယ်။
"ကုန်တော့မှာပါ . တခြား ဘာစားချင်တာရှိသေးလဲ ရှောင်ကျန့်.."
"ဝမ်အချစ်ကလေး...သဘောပါ"
ဝမ်ရီပေါ်က ဆန်ပြုတ်တွေကို ဇွန်းနဲ့ ထိုးဖွရင်း ရှောင်ကျန့်ကို ပေစောင်းစောင်းကြည့်လိုက်ပါတယ်။
ရှောင်ကျန်ဆိုတာက မျက်နှာနှစ်မျိုးနဲ့လူပါ
'အပြစ်သား' ဆိုပြီး ခိုင်းစားနေတတ်တဲ့ 'အရှင့်သား' ကိုလည်း အမြင်ကတ်သလို 'သဘောပါ' ဆိုပြီး အချိုသတ်ခိုင်းတတ်တဲ့ ရှောင်ကျန့်ကိုလည်း ကြည့်မရချင်ပါဘူး။
ဘယ်ရှောင်ကျန့်ပဲနေနေ ဝမ်ရီပေါ်ကို ခိုင်းစားဖို့ပဲ တွေးနေကြတာရယ်ပါ။
ဝမ်ရီပေါ်က အကြံတစ်ခုရသွားပြီး လူယုတ်မာအပြုံးလေးပြုံးလိုက်ပါတယ်။
"ငါ..မင်းကို ကြက်ဥ ချက်ကျွေးမယ်လေ...အဲ့တာမှ အားဖြစ်မှာ"
ဘာပြောပြော အပြုံးမပျက်တဲ့ ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့ 'ကြက်ဥ' တစ်ခွန်းမှာ ငြိမ်သက်သွားခဲ့ပါတယ်။
ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့ menu ကို အလွတ်ရနေတာကြောင့် ကြက်ဥဆိုတာနဲ့ ပြေးမြင်လိုက်မိပါတဲ့အရာတစ်ခုပဲ ရှိပါတယ်။
Mission ထဲမှာတုန်းက ဝတ်ရုံရှင်ရဲ့
'အရှင့်သားမသိတဲ့တိုင်းပြည်ကဟင်းလျာအသစ်' အစချီတဲ့ ဂျင်းအကြီးကြီး နဲ့သူက ခံခဲ့ရပြီးပါပြီ။
ဒီတစ်ခါတော့ သူကအတိတ်မေ့နေတဲ့သူမဟုတ်တာကြောင့် ဝမ်ကလေးရဲ့ 'အီး ဂျီ ဂျီ' ဟင်းလျာနဲ့ဂျင်းမိခံမှာ မဟုတ်တော့ပါဘူး။
"ကြက်ဥ က cholesterol များတယ် ဝမ်ကလေးရဲ့
ဒေါက်တာက ကိုယ့်ကို လျော့စားဖို့ပြောထားတယ်"
"ဟွင့်.."
ဝမ်ရီပေါ်က 'တကယ်လား'ဆိုတဲ့ အကြည့်နဲ့ကြည့်လာတာကြောင့် ရှောင်ကျန့်က အစွမ်းကုန်ပြုံးပြလိုက်ပါတယ်။
"တကယ်ပါ..ကိုယ်မညာရပါဘူး"
"ပြီးရောလေ.."
ဝမ်ရီပေါ်က လက်စကျန်နေတဲ့ ပန်းကန်တွေကို သိမ်းလိုက်တဲ့အထိရှောင်ကျန့်ကတော့ သေသေချာချာလိုက်ကြည့်နေခဲ့ပါတယ်။
"ဝမ်ကလေး...ဒီဘေးကိုခဏလာ.."
ရှောင်ကျန့်က သူ့ရဲ့ ဘယ်ဘက်ခြမ်းက နေရာလွတ်ကို ပုတ်ပြလို့ ဆိုတယ်။ဝမ်ရီပေါ်က နည်းနည်းလောက် အချိန်ယူစဥ်းစားလိုက်ရပါတယ်။
နောက်ဆုံးတော့ မျက်စောင်းတကဲကဲနဲ့ ရှောင်ကျန့်ဘေးနားကို ဝင်ထိုင်ရတာပါပဲ။
"ဝမ်လေး ..ကိုယ့်ကို မကျေနပ်တာများရှိလို့လား"
"ရှိတယ်..သိပ်ကိုရှိတာပေါ့.."
ဝမ်ရီပေါ်က စူပုတ်ပုတ်ပြန်ပြောတော့ ရှောင်ကျန့်က ခပ်ဟဟလိုက်ရယ်ပါတယ်။
"မင်းကိုငါ မေးစရာ ရှိတယ်"
"အင်း.."
"မင်းက ငါမရှိတဲ့ အချိန်တွေမှာ တခြားသူတွေနဲ့ လျှောက် Date နေရောပဲလား။
ငါ့ကိုလည်း လက်ထပ်ချင်သေးတယ်။
မင်းက ဟိုမင်းသမီးနဲ့ လည်း တွဲသေးတယ်။
အဲ့တာကို ဘယ်လိုဖြေရှင်းချက်မျိုးပေးချင်တာလဲ"
"ဝမ်ပေါက်ရယ်..ကိုယ်က မင်းတစ်ယောက်တည်းကိုပဲချစ်လာတာပါကွယ်"
"ဒီစကားကို လာယုံခိုင်းနေတာလား..အဲ့တာဆိုလည်း မင်းကcondo မှာ Yuan Lucy နဲ့ ဘာတွေများလုပ်နေကြတာလဲ"
"သူမ က အကူအညီ တစ်ခုတောင်းခဲ့လို့ပါကွယ်"
"ဘာလဲ...အိပ်ခိုင်းဖို့ကိုလား"
ဝမ်ရီပေါ်က ဘောက်ဆက်ဆက်နဲ့ပြောတော့ ရှောင်ကျန့်က အားရပါးရ ရယ်ပါတယ်။
"ကိုယ်က Dating new တွေကို သိပ်ပြီးအရေးစိုက်တတ်တဲ့လူမျိုးမဟုတ်ဘူး။coffee date ပြီး စကားစမြည်ပြောရုံနဲ့ အကုန်ကိုချဲ့ကားရေးတော့တာပဲ"
ရှောင်ကျန့်ကနှစ်တော်တော်များများမှာ ဝမ်ရီပေါ်အကြောင်းစုံစမ်းရင်းနဲ့ ကုန်ဆုံးခဲ့ပါတယ်။
လွန်ခဲ့တဲ့၂ နှစ်လောက်ကတည်းကတော့မင်းသမီးအချို့နဲ့ coffee date ပြီးရေလိုက်ငါးလိုက်လေးနေခဲ့မိတာကို ဝန်ခံပါတယ်။
ထူးခြားချက်ကတော့Coffee date ခဲ့တဲ့ မင်းသမီးတိုင်းဆီမှာ ဝမ်ရီပေါ်ရဲ့အငွေ့အသက်အချို့ ရှိနေခဲ့တာပါပဲ။
နောက်ဆုံးDateခဲ့တဲ့Lucy Yuanကလည်း ထိုနည်းတူစွာပဲဖြစ်တယ်။
Lucy Yuan က ပါးဖောင်းဖောင်းနဲ့ မျက်ပေတုံးလေးရယ်ပါ။
"Coffee date ပြီး စကားစမြည်ပြောတာ !!!"
စူးစူးဝါးဝါးအော်တဲ့ ဝမ်ရီပေါ်က ပြုံးထားပေမယ့် အပြုံးအမျိုးအစားကို ခွဲခြားစိတ်ဖြာရရင် 'လူသတ်အပြုံး' နဲ့ ခပ်ဆင်ဆင်တူပါတယ်။
ရှောင်ကျန့်က တစ်ကိုယ်လုံးရဲတက်လာတဲ့ ကောင်လေးကို ကြည့်ပြီး ပြောစရာစကားပျောက်ရှပါတယ်။
ဝမ်ရီပေါ် က ထင်ထားတာပိုပြီး ဒေါသတွေကြီးနေတာဟာ တစ်မျိုးလေးတော့ ချစ်စရာကောင်းပါတယ်။
"ဝမ်လေး."
"မခေါ်နဲ့ ငါ့ကို.."
"ဝမ်ကလေး ."
ဝမ်ရီပေါ်က ထိုင်နေရာက ထပြီး အလုပ်များချင်ယောင်ဆောင်ပါတယ်။
Hoodie over size ကြီးထဲမှာမြုပ်နေတဲ့ ဝမ်ရီပေါ်က စူပုတ်ပုတ်ရယ်ပါ။
Mini Table လေးကို ဟိုရွေ့လိုက် ဒီကပ်လိုက်လုပ်ရင်း တစ်ခါခါ ပစ္စည်းတွေကို ဆောင့်ဆောင့်ချတယ်။
ဒါက သူ့ဒေါသဖြစ်နေကြောင်းကို ရှောင်ကျန့် သိစေရန်ရည်ရွယ်ပါတယ်။
ရှောင်ကျန့်က မျက်နှာအကြောလိုက်သည်အထိ ပြုံးပြုးကြီး ကြည့်နေတာကို ဝမ်ရီပေါ်က မျက်လုံးထောင့်က လှမ်းလှမ်းပြီး အကဲခတ်ပါတယ်။
ရှောင်ကျန့်က ပြေရာပြေကြောင်း ဘာမှထပ်မဆိုတာကြောင့် ဝမ်ရီပေါ်ရဲ ဒေါသ က တော်တော်လေးအမြင့်ရောက်နေပြီဖြစ်တယ်။
"ဝမ်အချစ်ကလေး .."
"Shut ur ass ! "
"ဟင်းဟင်းဟင်း..."
ရှောင်ကျန့်က သဘောတကျရယ်တဲ့အခါ ဝမ်ရီပေါ်က လုပ်လက်စတွေခဏချထားပြီး မှုတ်ကုတ်ကုတ်လှည့်ကြည့်ပါတယ်။
"မင်းရဲ့ ass ယားနေရင်လည်း အသံမထွက်အောင် ရယ်စမ်းပါ . "
"ဝမ်အရိုင်းတုံးလေး.က ကုတ်မပေးချင်ဘူးလား.."
"ရှောင်ကျန့်!!!!!"
မျက်နှာတွေရဲတက်လာတဲ့ ဝမ်ရီပေါ်က အနီးဆုံးနေရာမှာရှိတဲ့ ပန်းသီး နဲ့ ကောက်ပေါက်ပါတယ်။
ဝမ်ရီပေါ်က လက်ထဲကနေ ပန်းသီးကို ပစ်ပြီးတော့မှ ရှောင်ကျန့်က ဆေးရုံတက်နေရတဲ့လူဆိုတာ သတိရသွားတယ်။
"အ . .!"
ပန်းသီးကရှောင်ကျန့်ရဲ့ မေးစိ ကို ခွက်ခနဲ အသံမြည်အောင်အထိ ထိမှန်သွားပါတယ်။
မေးစိကိုလက်တစ်ဖက်နဲ့ အုပ်ပြီး ခပ်တိုးတိုးညည်းတဲ့ ရှောင်ကျန့်ကြောင့် ဝမ်ရီပေါ်က ခြေမကိုင်မိလက်မကိုင်မိရယ်ပါ။
သူက ရှောင်ကျန့်ဆီကို အိပဲ့အိပဲ့ တိုးသွားတဲ့အထိ ရှောင်ကျန့်က နာကျင်တဲ့ပုံပေါ်နေတုန်းပါပဲ။
"နာ.သွားတာလား"
"အင်း..."
"မင်းက ငါ့ကို လိုက်ပြီး အခွက်ပြောင်နေတာကိုး .."
"ဟို...နည်းနည်းတော့ တောင်းပန်ပါတယ်"
"နည်းနည်းပဲလား"
မျက်နှာငယ်လေးနဲ့ ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့ မေးစိ ဆီကိုပဲ အာရုံရောက်ပါတယ်။
လက်နဲ့အုပ်ထားတာမို့ မမြင်ရတာကြောင့် ဝမ်ရီပေါ်က စိတ်မရှည်စွာ ရှောင်ကျန့်ရဲလက်ကို ခွာချပါတယ်။
နည်းနည်းလေးပွန်းသွားတာကိုမြင်တော့ ဝမ်ရီပေါ်က စိတ်တော့မကောင်းရှာပါဘူး။
"ပွန်းသွားတာပဲ ငါဆေးထည့်ပေးဖို့ သွားပြောလိုက်ဦးမယ်"
အခန်းပြင်ကို ထွက်ချင်နေတဲ့ ဝမ်ရီပေါ်ကို ရှောင်ကျန့်က လက်ကနေဆွဲချပြီး ထိုင်စေပါတယ်
အရှိန်နဲ့မို့ နီးကပ်သွားတဲ့ မျက်နှာနှစ်ခုအနေအထားမှာ ဝမ်ရီပေါ်က ခပ်ကြောင်ကြောင်လေးကြည့်တယ်
အသိဝင်လာတဲ့ ဝမ်ရီပေါ်က နောက်ကို ဖြေးဖြေးချင်းဆုတ်တော့ ရှောင်ကျန့်က လက်သင့်မခံပါဘူး
Drip မချိတ်ထားတဲ့ လက်တစ်ဖက်နဲ့ အားပါပါ သိုင်းဖက်လိုက်တာကြောင့် ဝမ်ရီပေါ်က အင့်ခနဲ အသံလေးတစ်ချက်ညည်းမိတဲ့အပြင် မျက်နှာလေးက ရှုံမဲ့မဲ့ရယ်..
"ဆေးက မလိုပါဘူး...ဝမ်ကလေး ရှိနေတာပဲ"
ရှောင်ကျန့်ရဲ့ ရီဝေဝေမျက်လုံးတွေမှာ ဝမ်ရီပေါ်က မျက်နှာအပူချိန်တွေတိုးလာရပါတယ်
ကိုယ်လေးကို လှည့်လှည့်ပြီး မသိမသာရုန်းတော့ ခါးဆီက လက်တွေက ပိုပြီးတင်းကြပ်လာပြန်ပါတယ်
"ငြိမ်ငြိမ်နေပါ ဝမ်ကလေး..မဟုတ်ရင် ...."
မျက်ခုံးတစ်ချက်ပင့်ပြတဲ့ သူ့အချစ်ဦးကြီးက ဘာဖြစ်နေတာလဲဆိုတာ ဝမ်ရီပေါ် မတွေးတတ်တော့ပါဘူး
ရှောင်ကျန့်မျက်နှာထက်က အပြုံးက သိပ်အန္တရာယ်များတယ်လို့ ခံစားမိတာကြောင့် သူက ဆက်တော့ မရုန်းဖြစ်တော့ပါဘူး
"ဖယ် .ဖယ်ဦး. . .မင်း..ညှစ်တာနဲ့ ငါ..ငါ..အီး..အီးထွက်တော့...မှာဘဲ"
ရှောင်ကျန့်က ပုခုံးတွေလှုပ်တဲ့အထိ သဘောတကျရယ်ပါတယ်
ဝမ်ကလေးက သူ့ကို ရူးသေသွားစေဖို့များ ရည်ရွယ်ထားသလားလို့ တွေးမိတဲ့အထိပါပဲ
"ကိုယ်ရူးသွားရင် ဝမ်ကလေး တစ်သက်လုံး ရှာကျွေးထားရမှာနော်"
"ဖင်ကုန်းပြီး ဆုတောင်းကြည့်ပေါ့.."
ခပ်ရွဲ့ရွဲ့လေးပြောတတ်တဲ့ ဝမ်ကလေးက ချစ်မဝလေးဖြစ်တယ်
ရှောင်ကျန့်ကတော့ ဒီကောင်လေးကို ဖျစ်ညှစ်ပြီးတော့ သူ့ရင်ခွင်ထဲမှာပဲ သိမ်းထားချင်လိုက်မိပါတယ်
"ကိုယ်ရဲ့ မေးစိက အရမ်းနာတယ်. "
"အွင်း..အဲ့တာကြောင့်. ငါ Nurse ကို သွားခေါ်ပေးမယ်လို့"
"ဟင့်အင်း . . .ဒီနားကို...အာဘွားကြီးကြီး ပေးရင် ပျောက်သွားမှာ.."
"ဇာတ်ကားရိုက်တာများပြိး ကြောင်သွားတာလား"
"ဝမ်ကလေးက ကွာ.....အာဘွားလေးပေးဆို ."
"မပေးချင်ပါဘူး ..."
"ပေးလိုက်ပါ ."
"မပေးဘူး"
"ပေးမှာလား မပေးဘူးလား"
"မ. .ပေး..ဘူး"
"ဝမ်ကလေး ပေးမလား ..ကိုယ်ပေးရမှာလား .."
"ဝမ်ကလေး သိပါတယ် .ကိုကို ပေးရင် အာဘွားနဲ့တင် အဆုံးသတ်ဖူးလို့လား.. "
ဝမ်ရီပေါ်က သက်ပြင်းအကြီးကြီး ချပါတယ်။
စိတ်တိုတိုနဲ့ ရှောင်ကျန့်ရဲ့ ပါးနှစ်ဖက်ကိုလည်း အားကြီးကြီး နဲ့ဆွဲလိမ် လိုက်ပါသေးတယ်။
"အာဘွား စာရင်းထဲမှာ ဒီပါးနှစ်ဖက်ရောထည့်ပေါင်းရမယ်..ဝမ်ကလေးက လူကိုအားကြီးနဲ့နှိပ်စက်တာပဲ"
ဝမ်ရီပေါ်က မျက်လုံးစုံမှိတ်ပြီး ရှောင်ကျန့်ရဲ့ ဘယ်ဘက်နှုတ်ခမ်းအောက်က မှဲ့နက်ကလေးကို ငုံ့နမ်းပါတယ်။
လျှပ်တပြတ်မို့ ရှောင်ကျန့်က တိမ်တွေပေါ်လွှင့်သွားရသလိုပါပဲ။ရှောင်ကျန့်က ဒီကောင်လေးကြောင့် အရူးရင့်နေရပါပြီ။
"နေရာမှားနေတယ်..ပန်းသီးမှန်သွားတာ ဒီနားလေး"
"လျှာမရှည်နဲ့ ငါပေးရင် ငြိမ်ခံနေ"
မျက်လုံးလေးပြူးပြီး အံကြိတ်ပြတဲ့ ဝမ်ရိပေါ် ကို ရှောင်ကျန့် က ပြုံးပြုံးကြီး ကြည့်ပါတယ်။
"ဝမ်ကလေး..ကိုချစ်လိုက်တာ.."
ရှောင်ကျန့်က အားမရစွာ တိုးလို့ဖက်တော့ ဝမ်ကလေးက မျက်နှာလေးမဲ့ခနဲပါပဲ။
"အဟမ်း...
ချစ်တာကကောင်းပေမယ့် နောက်မှ အေးအေးဆေးဆေးဆက်ချစ်ကြပါလား..ငါနဲ့ CEO ဒီမှာရပ်နေရတာ အတော်ကြာပြီ"
ဝမ်ရီပေါ်အပါအဝင် သူ့အချစ်ဦးကြီးက အသံကြားရာတံခါးပေါက်နေရာကို အလန့်တကြားလှမ်းကြည့်လိုက်ပါတယ်။
မျက်နှာကြီးနီရဲနေတဲ့ CEO ရယ် ဟိုကုတ်ဒီကုတ်နဲ့ အလုပ်ရှုပ်တဲ့ ကျူုးရှီးလော့ တို့က တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်မျက်နှာလွှဲပြီးရပ်နေကြပါတယ်။
ရှက်နေကြတာလား မျက်နှာပူနေကြတာလား မသဲကွဲ တဲ့ နှစ်ယောက်ကို ကြည့်မိတော့မှ ဝမ်ရီပေါ်က ရှက်ရမယ်မှန်း သတိရသွားပါတယ်။
ရှောင်ကျန့်ရဲ့ လက်ထဲကနေ အမြန် ဝုန်းဒိုင်းကြဲရုန်းထွက်လိုက်ပြီး ချောင်းတွေအကျယ်ကြီး အော်ဆိုးမိတော့တာပါပဲ။
"လော့...လော့ကောတို့ ..ကဘယ်အချိန်က. .အဟွတ်.! ရောက်နေတာလဲ"
"အတိအကျပြောရရင် မင်းတို့ အာဘွားအပေးအယူ လုပ်နေတဲ့အချိန်ကတည်းကပဲ"
ဝမ်ရီပေါ်က မျက်နှာကိုဘယ်နေရာသွားထားရင်ကောင်းမလဲဆိုတာ အသည်းအသန်စဥ်းစားနေရပါတယ်။
ရှောင်ကျန့်ကတော့ နီရဲနေပြီဖြစ်တဲ့သူ့ကိုပဲ ပြုံးပြုံးကြီး ကြည့်နေတုန်းပါပဲ။
ဝမ်ရီပေါ်က ဒီနေရာမှာ အငွေ့ပျံပြီး ပျောက်သွားရရင် ကောင်းမယ်လို့ တွေးမိလိုက်တယ်။
"လော့ကောတို့က ဝင်..ဝင်လာတာကို တံခါးလေး ဘာလေး ခေါက်ပြီး အသိပေးမှပေါ့."
"ကော...တို့တံခါးခေါက်ပါတယ်..ချာတိတ်တို့ဘာသာ..အလုပ်ရှုပ်နေကြတာ"
ကျူးရှီးလော့က ဝမ်ရီပေါ်မျက်နှာ တစ် စကြ၀ဠာထင်နေတဲ့ ရှောင်ကျန့်ကို ခေါင်းတခါခါ ကြည့်ပါတယ်။
အခုချိန်ထိ အသံတစ်စက်မှ မထွက်သေးတဲ့ သူ့ဘေးနားက CEO ကြီးကတော့ မတ်တတ်ကြီး အသက်မရှုတော့ဘူးတောင်ထင်ပါရဲ့။
Romatic live show ကို CEO ကြီးနဲ့ အတူတူကြည့်လိုက်ရတာကို နေရခတ်တာအမှန်ပေမယ့် CEO က သူ့ထက်ပိုပြီး အရှက်သည်းနေပုံရတယ်။
ဒီက ကျူးရှီးလော့ကပဲ အရှက်မရှိတဲ့လူ လို့ခံယူလိုက်ပါတော့တယ်။
"CEO..CEO...ကျနော်တို့ သွားသင့်ပြီထင်တယ်"
"ဟင် . အင်းအင်း.."
"ငါ့ကောင်ကြီးရှောင်ကျန့်ရေ...ချာတိတ်ကိုညင်ညင်သာသာလေးတော့ လုပ်! ပါကွာ..
ငါတို့ ရှောင်ပေးပါ့မယ်"
"လော့ကော!!!!"
ပေါက်ကွဲထွက်တော့မယ့် ဝမ်ရီပေါ်မျက်နှာကို တဆိမ့်ဆိမ့်ကြည့်နေတဲ့ လူတစ်ယောက်ရှိနေခဲ့ပါတယ်။
ကျူးရှီးလော့က ဘဝကြီးကို တကယ်ပဲ မနေပျော်တော့ပါဘူး။
"ကျူးရှီးလော့.. .မင်းတို့သွားကြတော့ ငါနဲ့ ဝမ်ကလေး လုပ်စရာတွေရှိသေးတယ်"
"ဟုတ်ကဲ့ ခဗျ"
ကျူးရှီးလော့က ဆေးတိုက်ရင်တောင်မမှီတော့တဲ့ နှစ်ချို့အရုးကို စိတ်လေလေနဲ့ ကြည့်ပါတယ်။
ခေါင်းခါပြီးသက်ပြင်းချလိုက်ပါသေးရဲ့။
ကြက်သေသေနေတဲ့ CEO ကြီးကို လက်ကနေဆွဲပြီးသာ အခန်းထဲက ထွက်လာလိုက်ပါတော့တယ်။
ကျူးရှီးလော့သာမကယ်ရင် CEO ကြီး နှာခေါင်းသွေးလျှံပြီးအနိစ္စရောက်သွားဖို့ သေချာနေတဲ့ အနေအထားရယ်ပါ။
ရှက်တတ်တဲ့ CEO ကြီးကို 23+ gay porn link တွေshareပေးရမယ်လို့ တွေးပြီး ကျူးရှီးလော့က ညဥ်ဆိုးလေးနဲ့ကြိတ်ပြုံးပါတယ်။
ကျူးရှီးလော့မသိလိုက်တာကCEOကသူ့ကိုစိုက်ကြည့်နေတယ်ဆိုတာပါပဲ။
Zg
"ဟူး."
"ကျွီ .."
"ဝမ်ကလေး.."
"ဟင် "
သူAccident မဖြစ်ခင်..
"ကိုယ့်ဆီကို လာတာလား ..."
"မရယ်နဲ့.."
အရမ်းနာနေလား ..ဝမ်ကလေး.."
"ဟွင့်အင်း..."
.
.
.
"အင်း. "
"ဝမ်အချစ်ကလေး...သဘောပါ"
"ဟွင့်.."
"ပြီးရောလေ.."
"ဝမ်ကလေး...ဒီဘေးကိုခဏလာ.."
"အင်း.."
"ဝမ်လေး."
"မခေါ်နဲ့ ငါ့ကို.."
"ဝမ်ကလေး ."
"ဝမ်အချစ်ကလေး .."
"Shut ur ass ! "
"ဟင်းဟင်းဟင်း..."
"ရှောင်ကျန့်!!!!!"
"အ . .!"
"နာ.သွားတာလား"
"အင်း..."
"နည်းနည်းပဲလား"
"မပေးချင်ပါဘူး ..."
"ပေးလိုက်ပါ ."
"မပေးဘူး"
"ပေးမှာလား မပေးဘူးလား"
"မ. .ပေး..ဘူး"
"အဟမ်း...
"ဟင် . အင်းအင်း.."
"လော့ကော!!!!"
"ဟုတ်ကဲ့ ခဗျ"
Continue Reading
You'll Also Like
106K 18.2K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
286K 49.4K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
87.5K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]