ထယ်ယောင်းလေး အိပ်ရာကမထနိုင်ဖြစ်နေချိန် ရောက်ချလာသည့် ဂျီဂျီ.....
"ထယ်ထယ် ထတောင်မထနိုင်တော့ဘူးလား အားးယားး ငါကထယ်ထယ်နဲ့ နန်းပြင်ကိုသွားမို့လုပ်ထားတာကို ဒီအကိုတော်ကတောာ့လေ ဟွန့်"
နန်းအပြင်ထွက်မယ်ဆိုတာနဲ့ လှဲနေရာမှ ချက်ချင်းထထိုင်တဲ့ထယ်ပေါက်။
"သွားမယ်လေ ဒီထဲမှာဘဲနေရတာပျင်းစရာကြီး"
"သူကထပြီး လမ်းလျှောက်နိုင်တယ်ဆိုတော့လေ"
"ထနိုင်ပါတယ် ဂျီဂျီရဲ့"
ကိုယ်ပေါ်ကစောင်ကိုဖယ်က ခြေထောက်ကို အောက်ကြမ်းခင်းပေါ်ချလိုက်တော့ ချက်ချင်းကြိမ်းတက်လာတဲ့တင်ပါးလေး။အံ့ကြိတ်ကာ မတ်တပ်ရပ်ပြီး ဂျီဂျီရှေ့မှာ လမ်းလျှောက်ပြလိုက်သည်။ခြေလှမ်းတစ်လှမ်းချမိရင် ဘယ်လောက်ခံစားရသည်ဆိုတာကိုတော့ သူသာသိသည် ဒါပင်မဲ့လဲ သူကအပြင်သွားချင်တာကို သည်းခံရမှာပေါ့။
"တွေ့လား ထယ်ထယ်လမ်းလျှောက်လို့ရပါတယ်ဆို"
"လျှောက်လို့ရတယ်ဆိုလဲ ခုသွားကြမလား အကိုတော်လဲမရှိတော့ထွက်လို့အကောင်းဆုံးဘဲ"
"အွန်း"
ထယ်ယောင်း၀တ်ရုံအပြာလေးလဲကာ မျက်နှာကိုပုဝါစလေးတစ်၀က်ဖုံးကာ ဝါးပင်တွေနဲ့ရေတံခွန်ကရေကျပုံလေးဆွဲထားတဲ့ ယပ်တောင်လေးတစ်ခုကိုဆွဲကာ အပြင်ထွက်လာလိုက်သည်။
2ယောက်သား ကုတ်ချောင်းကုတ်ချောင်းနဲ့ အပြင်ထွက်ရန်ကြံပြီး အဆောင်တစ်ခုရှေ့ရောက်တော့ အဖိုးကြီးတစ်ယောက်က ရီပြသည်။သူတို့လဲ ပြန်ရီပြလိုက်ပြီး ရှေ့ဆက်သွားရန်လုပ်တော့ အဖိုးအိုကလှမ်းခေါ်သည်။
"ဟိုကောင်လေး"
ထယ်ယောင်းလှည့်ကြည့်ပြီး သူ့ကိုခေါ်တာလားဆိုပြီး လက်ညှိုးလေးနဲ့ကိုယ့်ကိုကိုယ် ပြန်ထိုးပြလိုက်သည်။အဖိုးအိုက ခေါင်းငြိမ့်ပြတာမို့ ဂျီဂျီလက်ကိုဆွဲကာ ထိုအဘိုးအိုနားသို့......
"ဒီကအဖိုးကဘာဖြစ်လို့ခေါ်တာလဲ မသိဘူး"
ဂျီမင်းစကားကိုအဖတ်မလုပ်ကာ ထယ်ယောင်းလက်ကိုဆွဲပြီး သူ့ရင်ဘက်ထဲမှ ကြိုးအဖြူလေးကိုထုတ်ကာချည်ပေးလိုက်သည်။ပြီးနောက် ဂျီမင်းလက်တွင်လဲချည်ပေးသည်။
"ဒါကဘာလဲ"
"လိုရမယ်ရ နန်းပြင်ထွက်မယ်ဆို ဂရုစိုက်ကြလူလေးတို့"
"ကျွန်တော်တို့ အပြင်ထ်က်မှာကို သိနေတာလား ဘယ်လိုလုပ်"
"သွားစရာရှိတာ မြန်မြန်သွား မကြာစေကြနဲ့ ညနေမစောင်းခင်အမြန်ပြန်ရောက်အောင်လာကြ"
ထူးဆန်းစွာပြောလာတဲ့ အဖိုးအိုရဲ့စကားတွေကို အမှုမဲ့အမှတ်မဲ့သာ ခေါင်းငြိမ့်ပြပြီး လှည့်ထွက်လာခဲ့သည်။
သူတို့မသိသည်ကတော့ အဖိုးအိုဟာ ဂါထှာတစ်ခုရွတ်ကာ ကလေး၂ယောက်ရဲ့ ၀တ်ရုံထဲမှ လက်မောင်းပေါ်သို့ လပုံစံအမှတ်အသားကို ချိတ်ဆွဲပေးလိုက်တာပင်......
♡
♡
♡More Than Love🌸🍃
♡
♡
ညီလာခံအတွင်း အမတ်တွေနဲ့ နိုင်ငံကိုပိုပြီးစည်ပင်၀ဖြိုးအောင် ဆွေးနွေးနေသည့် မင်းကြီးဂျောင်ဂု.......
"သိုလှောင်ထားတဲ့ ဆန်တွေအကုန် ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကို မနက်ဖန်သွားလှူထမ်းပါ အမတ်ချွဲ"
"အမိန့်အတိုင်းပါမင်းကြီး"
"မင်းကြီး ဂွမ်ဂျူပြည်နယ်က သူတို့နယ်မြေကို သူတို့ဟာသူတို့ အုပ်ချုပ်ခွင့်မပေးလို့ ပုန်ကန်နေကြပါတယ်"
"အင်း ဂွမ်ဂျူကအကြီးအကဲနဲ့ တွေ့ဖို့စီစဥ်ထားပေး ညှိနှိုင်းကြည့်ရတာပေါ့ အဆင်မပြေရင် သူတို့ပြည်နယ်ကိုပို့နေတဲ့ အထည်ပစ္စယတွေအကုန်ဖြတ်တောက်လိုက်"
ဒါသူမလွန်ပေ အဲ့ပြည်နယ်ကလူတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်ပြီး ပုန်ကန်လိုက် အနီးအနားကပြည်နယ်တွေကို မီးရှို့လိုက်လုပ်နေတာ သူဒီကိစ္စကို ကိုယ်တိုင်တွေ့ပြီး ပြောမှရတော့မည်။
"မင်းကြီး ကျွန်တော်မျိုးတို့ စိုးထိတ်စွာနဲ့ဘဲလျှောက်တင်ပါ့မယ် ကြင်ယာတော်ထပ်ရွေးမြှောက်မို့ ကျွန်တော်မျိုးတို့ စိတ်အလျင်ရှိပါတယ် ကြင်ယာတော်ကင်ကယောကျ်ားလေးဖြစ်ပြီး နန်းသွေးဆက်ကိုမမွေးဖွားပေးနိုင်ပါဘူး မင်းကြီး ပြည်သူတွေလဲ နန်းသွေးဆက်အတွက် မျှော်လင့်နေပါတယ်"
"ကြင်ယာတော်အသစ်ကိုရွေးမို့ စိတ်အလျင်လိုနေရင် မောင်ရင်တို့ဘဲယူလိုက်ကြ ငါကိုယ်တော်မှာကြင်ယာတော်တစ်ယောက်ထဲရှိတယ် အဲ့တာကင်ထယ်ယောင်းဘဲ နန်းသွေးဆက်လဲရလာမှာမို့ မောင်မင်းတို့ဒီကိစ္စကိုစိုးရိမ်နေစရာမလိုဘူး"
"မင်းကြီး အကယ်၍ နန်းသွေးဆက်ရခဲ့ရင်တောင် မိစ္ဆာသွေးဆက်ကို ဘယ်သူမှလက်ခံလို့မရပါဘူး"
"သူ့ကိုခုချက်ချင်း ခေါင်းဖြတ်သတ်လိုက်!!!"
"မင်းကြီးကျွန်တော်မျိုး စကားအပြောအဆိုမတက်လို့ မှားပါတယ် ခွင့်လွှတ်ပေးတော်မူပါမင်းကြီး"
ဘယ်လောက်အော်အော်နားထဲမ၀င်တော့သည့် မင်းကြီး......ထိုအမတ်ကို ရဲမတ်တွေကဆွဲထုတ်သွားကြသည်။ဘယ်လောက်တောင်ဒေါသထွက်နေသလဲဆို လည်ပင်းကြောတွေပါထောင်သည်အထိပင်......သူတောင်ချစ်ရသူကို လက်ခံနိုင်တာ ဒီလူတွေကဘာတွေ၀င်ဖြစ်နေရတာလဲ မိစ္ဆာဖြစ်လဲဘာဖြစ်လဲ သေချာပျိုးထောင်ရင် ယောင်းလိုနူးညံ့ပြီးမိစ္ဆာစိတ်တောင်ရှိမည်မဟုတ်။
ညီလာခံအဆောင်ထဲမှ ကျန်ခဲ့သောအမတ်တွေမှာတော့ နောက်ကြင်ယာတော်အကြောင်းပါးစပ်ကနေမဟမိစေမို့ ကိုယ့်ကိုကိုယ် သတိတွေအထပ်ထပ်ပေးနေကြသည်။ပထမဆုံးစပြီး ဘုရင်ဖြစ်တဲ့နေ့မှာတင် ကြင်ယာတော်ကိစ္စနဲ့ အမတ်တစ်ယောက်သေရသည်ဆိုထဲက မင်းကြီးဘယ်လောက်တောင်ထိုကြင်ယာတော်ကို ချစ်သလဲ သိလိုက်ပါပြီ။
"နောက်ထပ် ကြင်ယာတော်ကိစ္စမကျေနပ်တဲ့သူရှိသေးလား"
တစ်ယောက်မှအသံမထွက်ရဲ။တိတ်ဆိတ်သွားတာများ အပ်ကျသံတောင် ကြားရလောက်သည်အထိပင်။ပထမဆုံးညီလာခံနေ့တွင် အမတ်တွေကြောက်ဒူးတုန်ခဲ့ရလေသည်။
♡
♡
♡More Than Love🌸🍃
♡
♡
"ဂျောင်ဂု ငါဂွမ်ဂျူကကိစ္စကို ဖြေရှင်းပေးမယ်"
"ရပါတယ် ငါဘဲသွားလိုက်မယ် မင်းတို့ကိုအခက်မဖြစ်စေချင်ဘူး"
ဘုရင့် စာကြည့်ဆောင်တွင် စုဝေးနေကြသော လူ၃ယောက်။
"နမ်ဂျွန်း ငါဘဲသွားလိုက်မှာမို့ မင်းကယောင်းနဲ့ဂျီဂျီကိုစောင့်ရှောက်ပေး ယွန်းဂီကတော့ ငါနဲ့အဖော်လိုက်ခဲ့"
"အမိန့်တိုင်းပါမင်းကြီး"
"ငါတို့ဘဲရှိရင် အဲ့လိုမခေါ်မို့ပြောထားတယ်လေ"
"သိပါတယ်"
"ငါ့နှလုံးသားလေးဆီသွားလိုက်အုံးမယ် သူလေးထနိုင်သေးတာမဟုတ်ဘူး ငါ့ကိုမျှော်နေတော့မှာ"
"အေး သွားသွား ညကအသေသောင်းကြမ်းထားကြပြီးတော့"
"ဒါကတော့ မင်းတို့၂ယောက်မသိတဲ့ ကိစ္စပါ"
သူ့ကြင်ယာတော်လေးကို တွေ့ဖို့မစောင့်နိုင်တော့တဲ့ဂျောင်ဂုမှာ လမ်းလျှောက်သလား ပြေးနေသလားတောင်မသဲကွဲ တန်းနေတာဘဲပျောက်သွားတာ.......
"ဒါနဲ့ ထယ်ယောင်းအကိုကော သူ့ကိုသေချာစောင့်ကြည့်အုံးနော်"
"ငါသိပါတယ် မင်းသာဂျီဂျီနားသေချာကပ်နေ"
"ယား ကပ်နေတာမဟုတ်ဘူး ဂျောင်ဂုကစောင့်ရှောက်ဖို့ ပြောထားလို့"
"စောင့်ရှောက်ဖို့ပြောထားလို့လား ကိုယ်တိုင်စောင့်ရှောက်ချင်တာမဟုတ်ဘူးလား"
မျက်နှာကြီးနီသွားတဲ့ ယွန်းဂီက ချက်ချင်းပေါက်ထွက်တော့မဲ့ ဗုံးတစ်ခုလို......
"မင်းလဲဘာထူးလဲ ဆော့ဂျင်ရဲ့ ယပ်တောင်ကို ကိုယ်ကနေမခွာတာ မူကောမှန်သေးရဲ့လား"
"ငါကသူ့ကိုပြန်ပေးမို့ မေ့မေ့နေလို့ပါကွ"
"အဲ့သက်မဲ့ယပ်တောင်ကို ခိုးခိုးနမ်းနေတာကိုငါမမြင်ဘူးဆိုတော့"
"အဟမ်း အမြင်မှားတာနေမှာပါကွ"
ရှက်ပြီး လှည့်ထွက်သွားတဲ့နမ်ဂျွန်းက အပေါက်တွေမှားထွက်လို့ထွက်နဲ့.....တကယ်ပါဘဲ ချစ်ရင်ချစ်တယ်ပေါ့
♡
♡
♡More Than Love🌸🍃
♡
♡
နန်းပြင်ကိုရောက်လာတဲ့ ကောင်ချောလေး၂ယောက်
နန်းတော်ထဲကဘယ်လိုထွက်ခဲ့လဲဆိုတာသိချင်လား ဂျီမင်းလေအကိုတော်ရဲ့တံဆိပ်ကိုခိုးလာပြီး ပြလိုက်တော့ ဘာမှမပြောဘဲ အလွယ်တကူထွက်လာနိုင်တယ်လေ.....
နန်းပြင်ကနေအတော်ဝေးဝေးရောက်လာတာကတော့ အိမ်တော်တစ်ခုရှေ့.....ဒီနေရာက ကိုကိုသူ့ကိုငယ်ငယ်ကခေါ်လာတဲ့နေရာ။
"ဦးရီးတော်ရေ"
အိမ်တော်တံခါးကိုတွန်းဖွင့်ကာ သူ့လက်ကိုဆွဲပြီး အထဲခေါ်သွားတဲ့ ဂျီဂျီ။
"ဂျီဂျီလေး ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
"ဟီး ဂျီဂျီတို့ ခိုးထွက်လာတာ"
"အန္တရာယ်များကများနဲ့ ဘယ်သူမှမပါဘဲ ဘာလို့ထွက်လာရတာလဲ"
"ထယ်ထယ်ပါပါတယ် ဦးရီးတော်ရဲ့"
ထိုအခါမှ ဂျီမင်းဘေးမတ်တပ်ရပ်နေတဲ့ ထယ်ယောင်းကိုခေါင်းအစခြေအဆုံးကြည့်သည်။
"အော် အင်းကြင်ယာတော်ကင်ဘဲ လာထိုင်ပါဒီမှာ"
"ဟုတ်ကဲ့ပါ ဦးရီတော်"
ကိုကို့ရဲ့ဦးရီတော်က သူ့ရဲ့ဦးရီးတော်ဘဲမှတ်လား
"ကဲဘာစားခဲ့ကြလဲ"
"ဂျီဂျီတို့ ခနနေ မြို့ထဲပတ်ကြည့်အုံးမှာလေ အဲ့မှာဘဲ ၀ယ်စားမှာ ဒီမှာတွေ့လား ငွေစအလုံအလောက်ပါတယ် အကိုတော်ဆီကနေခိုးလားတာလေ ခစ်ခစ်"
သူ့ခါးနားက အ၀တ်စထဲ အပြည့်ဖြည့်ထားတာကို လန်ပြတဲ့ ဂျီမင်းလေး။
"ဒီကလေးတွေ တစ်ခါထဲစားသွားပါဦးရီးတော်ရဲ့ အချစ်တုံးလေးရဲ့ "
ပါးလေးကိုဆွဲကာပြောတော့ မျက်လုံးလေးတွေမှိတ်ကျသည်အထိ ရီပြနေတဲ့ဂျီဂျီ......ထယ်ယောင်း သူတို့ကိုကြည့်ပြီး မယ်မယ့်ကိုတောင် သတိရမိသေးသည်။
မယ်မယ်ဆို သူ့ပါးလေးတွေကိုအမြဲမွှေးကြူပြီး ခေါင်းလေးကိုပွတ်ပေးနေကျ......ဘယ်လောက်တောင်ရက်စက်လိုက်သလဲ သူ့ကိုအိပ်ခန်းထဲပိတ်ထားတာ ၁၃နှစ်တောင် ၁၃နှစ်လုံးမယ်မယ်နဲ့မတွေ့ရ ပြန်တွေ့တော့လဲ ခဏလေး။
"လွမ်းလိုက်တာ"
"အပြင်ထွက်လာတာ ခဏလေးရှိသေးတယ် အကိုတော်ကိုလွမ်းနေပြီလား"
"ဟင် အင်း မလွမ်းပါဘူး"
"လွမ်းပါတယ်"
"ကဲကဲ တစ်ခုခုစားပြီးမှပြန်ကြ"
ဦးရီးတော်ကိုယ်တိုင် မီးဖိုချောင်၀င်ကာ သူတို့အတွက် ခေါက်ဆွဲလုပ်ပေးနေလေရဲ့။
"ဝါးးး မွှေးနေတာဘဲ"
စားပွဲဝိုင်းပေါ်က အငွေ့တစ်ထောင်းထောင်းထနေတဲ့ အရာကို ထယ်ယောင်းခုမှတွေ့ဘူးချင်းပင်။
"ဒါကဘာလဲဟင်"
"အဲ့တာခေါက်ဆွဲလို့ခေါ်တယ် စားကြည့် ဦးရီတော်လက်ရာကအကောင်းဆုံးဘဲ"
"အွန်း"
ခေါက်ဆွဲဆိုတဲ့အဖတ်တွေအပေါ်မှာ အသားဖတ်လေးတွေလဲပါသည့်အပြင် အစိမ်းရောင်အရွက်တွေလဲပါတာကြောင့် တူဖြင့်ယူစားမိသည်။တကယ်စားကောင်းတယ် သူငယ်ငယ်ထဲကခုထိ ဒီလိုမျိုးမစားဘူးတာမို့ အရမ်းသဘောကျသည်။
"ဟို နောက်ထပ်ရသေးလားဟင်"
သူစိမ်းအိမ်မှာ အစားကိုတောင်ကုန်အောင်မစားသင့်ဘူးလို့ ရှေးလူကြီးတွေကပြောထားတာလဲ သူ့ခေါင်းထဲမရောက် သူအခုခေါက်ဆွဲဘဲစားချင်နေတာသိသည်။
"ရသေးတယ် ပန်ကန်ပေး ထည့်ခဲ့မယ် ခဏစောင့်"
"ဟုတ်"
ပန်ကန်လေးကိုပေးကာ ဂျီဂျီကို သွားလေးတွေပေါ်သည်အထိပြုံးပြလိုက်သည်။ထယ်ယောင်း ကိုကို့ဦးရီးတော်အိမ်တွင် ခေါက်ဆွဲ၄ပွဲလောက် စားခဲ့ပြီး ဗိုက်လေးနေသည်။မြို့ထဲလဲ ဖြေးဖြေးချင်းစီဘဲ လမ်းလျှောက်ဖြစ်သည်။ဘာမှလဲ၀င်မစားနိုင်တော့ပေ......
"ညနေစောင်းတော့မယ် ပြန်ရအောင်လေဂျီဂျီ"
"အင်း ခဏလေး ဒါလေးသွားကြည့်ပြီးပြန်ရအောင်"
လူအများတိုးကြိတ်နေသည့် ကြားသို့ တိုးဝေ့ပြီး ခုန်ဆွခုန်ဆွလုပ်ကာကြည့်တော့ လူအုံ့ရဲ့အလယ်မှာ တုတ်တစ်ချောင်းကိုင်ပြီး စကားပြောနေတဲ့လူတစ်ယောက်။
"ငါတို့ရဲ့ဘုရင်က အဲ့မိစ္ဆာရဲ့ အောက်လမ်းတွေများမိထားလားမသိဘူး လုံး၀ကိုအထိမခံတာ ဒီမနက်လဲ အမတ်ကြီးတစ်ယောက်က ကြင်ယာတော်ထပ်မြှောက်မို့ ပြောတာကိုခေါင်းဖြတ်လိုက်တယ်လေ"
"ဟယ် တကယ်လား"
"အဲ့တာဟိုမိစ္ဆာက သူ့အစွမ်းတွေနဲ့လုပ်ထားလို့ဖြစ်မယ်"
"မိစ္ဆာတွေက အောက်လမ်းတတ်ကြတာကို ငါ့တို့ဘုရင်နဲ့တော့ ရင်လေးတယ်"
တစ်ယောက်တစ်ပေါက်ပြောနေတဲ့ကောင်မလေးတွေက အဲ့မိစ္ဆာသူ့တို့နားရောက်နေတာကို မသိကြပေ.....ထယ်ယောင်းမျက်၀န်းတွင် မျက်ရည်စတို့ရစ်သိလာတာကြောင့် ဘယ်သူမှမမြင်အောင်မျက်တောင်ဖြင့် ပုတ်ခက်ပုတ်ခက်လုပ်လိုက်သည်။
"သူကမိစ္ဆာဖြစ်လဲဘာဖြစ်လဲ မင်းကြီးကသူ့ကြင်ယာတော်ကို သဲသဲလှုပ်ချစ်လို့အထိမခံတာလေ နားမလည်ကြဘူးလား"
ဂျီဂျီကထပြောတော့ လူတွေရဲ့အာရုံက ကောင်ချောလေးတွေဖြစ်တဲ့ သူတို့ဆီရောက်လာသည်။
"သူကဘာလဲ"
"ကျပ်မပြည့်တာလား"
"ရုပ်လေးကချောပြီး အသိဉာဏ်မရှိတာ"
"မင်းကဘာလို့အဲ့လိုပြောနိုင်ရတာလဲ"
ထိုလူအုပ်အလယ်ကလူက မေးခွန်းထုတ်တော့ ဂျီမင်းလက်ကိုပိုက်ကာ တစ်ဖက်ကာသူ့မေးစေ့ကို ပွတ်စွဲပြီး
"အင်းးး မိစ္ဆာကလဲလူနဲ့ချစ်လို့ရတာဘဲ အချစ်ဆိုတဲ့အရာက မျိုးနွယ်စုတွေ အဆင့်အတန်းတွေမခွဲခြားသင့်ဘူးလေ ပြီးတော့ကြင်ယာတော်က မိစ္ဆာဖြစ်ရင်တောင် ကောင်းမွန်တဲ့မျိုးရိုးကပေါက်ဖွားလာတာဘဲ မင်းတို့ပြောသလိုအောက်လမ်းကိုတောင်မသိဘူး"
"သူကဘာမို့လို့ တပ်အက်ပြောနိုင်နေရတာလဲ"
"ဟုတ့်ပ့အပိုင်ကိုပြောနေတာ"
"ဘာလို့တပိအက်ပြောနိုင်ရတာလဲ"
"ငါ-"
"တောင်းပန်ပါတယ် ကျွန်တော့သူငယ်ချင်းကဒီတိုင်းဝင်ပြောတာပါ တောင်းပန်ပါတယ်"
ထယ်ယောင်းမှာ ဂျီမင်းကိုဆွဲထားရသည်။စကားတွေလွန်သွားရင် သူတို့အတွက် အန္တရာယ်ရှိသည်လေ။
"ငါသူ့ကိုမြင်ဘူးသလိုဘဲ"
"မျက်နှာတစ်၀က်ပုဝါနဲ့အုပ်ထားတာတောင် ချောလိုက်တာ"
"ဘယ်အိမ်တော်ကသခင်လေးလဲမသိဘူး"
"တောက် လာထယ်ထယ် ပြန်မယ်"
ထိုလူတွေကြားထဲကနေ အမြန်ထွက်လာမှ သူတို့အသက်ရှုချောင်တော့သည်။
"ထယ်ထယ်ရာဘာလို့ဆွဲထားတာလဲ တစ်ခါထဲအဲ့လူတွေကိုငါဘယ်သူလဲပြောပြီး အပြစ်ပေးပစ်မို့ကို ဒီလိုမကောင်းပြောတဲ့အပေါက်တွေအကုန်ပိတ်ပြစ်မို့ကို"
"စိတ်မဆိုးပါနဲ့ ဂျီဂျီရာ ညနေစောင်းနေပြီ ပြန်ကြမယ်နော် ကိုကိုကမတွေ့ရင်စိတ်ဆိုးနေလိမ့်မယ်"
"အွန်းအွန်း"
သူတို့နန်းတော်ဆီပြန်တဲ့လမ်းဘေးမှာ ခြေထောက်ဒဏ်ရာရပြီး သူတို့ကိုမျက်နှာငယ်လေးနဲ့ကြည့်နေတဲ့ခွေးသေးသေးလေ........ထယ်ယောင်း တစ်ခါမှမမြင်ဘူးတာကြောင့် ကြောင်တောင်တောင်ဖြစ်နေမိသည်။
"ဒါ ဒါဘာကောင်ကြီးလဲ"
"အော် အဲ့တာခွေးလေ"
"သူ့ခြေထောက်သွေးထွက်နေတယ် သူကကိုက်တတ်လား"
"သူတို့ကရန်သူတွေကိုဘဲကိုက်တာ"
"ငါ့လို သူ့မှာအမြှီးရှိတာ ကြည့်ရမ်း"
တစ်ခါမှမမြင်ဘူးသလို ထူးထူးဆန်းဆန်းဖြစ်နေတဲ့ ထယ်ယောင်းကိုကြည့်ပြီး ဂျီမင်းမှာ အသဲတစ်ယားယား။ထိုခွေးပေါက်လေးနားသွားကာ သူ့၀တ်ရုံအောက်ကအစကိုဖြဲကာ ခွေးခြေထောက်ပေါ်ချည်ပေးသည့်ထယ်ယောင်း......
"ငါသူ့ကိုခေါ်သွားလို့ရလား"
"နန်းတော်ထဲမှာ တိရစ္ဆာန်တွေမွေးလို့မရဘူးလေ ထယ်ထယ်"
"ဖွက်သွားမယ်လေ"
ခွေးကော ထယ်ယောင်းကပါ မျက်နှာငယ်လေးနဲ့လာကြည့်နေလို့ ခေါ်လာခဲ့ရတော့သည်။ထားခဲ့မယ်ဆိုရင် ထယ်ထယ်ကအော်ငိုအုံးမယ်။
"သူ့ကိုဘယ်လိုနာမည်ပေးရမလဲ"
"ထယ်ဂု"
"ထယ်ဂုကငါတို့ကလေးမွေးရင်ပေးမှာ ဟီး"
"ခုထဲကစဥ်းစားထားကြတာဘဲ"
"သူ့အမြှီးနဲ့နှာခေါင်းလေး ဖြောင့်ပြီးတန်းနေတာဘဲ တန်တန်ဆိုရင်ကော"
"သဘော"
သူတို့မသိလိုက်တာကတော့ သူတို့ နန်းတော်ထဲရောက်ခါနီးချိန်သည် နေ၀င်သွားပြီဖြစ်သည်။
"ခုလိုတွေ့ရမယ်လို့မထင်ထားခဲ့ဘူး"
အနောက်ကအရပ်သား၀တ်စုံနဲ့ လူဟာ ထယ်ယောင်းလေးနားချဥ်းကပ်ဖို့ပြင်နေစဥ် ဘယ်ကဘယ်လိုထွက်လာမှန်းမသိတဲ့ လူကပြေးပြီးသူ့လည်ပင်းမှဆွဲခေါ်သွားတာကြောင့် ထယ်ယောင်းတို့နဲ့ဝေးကွာရာနေရာသို့ ရောက်ရှိသွားသည်။
အနက်ရောင်တစ်ကိုယ်လုံး၀တ်ဆင်ထားပြီး မျက်နှာမဖော်ထားတဲ့လူ.....
"မင်းဘယ်သူလဲ"
"မင်းဘာကြံနေတယ်ဆိုတာ ငါသိတယ်"
#TBC
#MoreThanLove🌸🍃
#Yung(김영챌)
MoreThanLoveလေးကအပိုင်း19လောက်မှာဘဲvote 1 kပြည့်သွားတာမို့ ဖတ်ပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်😚😚ဒီမကောင်းမကန်းficကိုကြိုက်ပေးကြလို့ အာဘွားနော်🤸🏻♀️
Jeonလေးကိုလဲလာဖတ်ပေးကြပါအုံးနော်🙋🏻♀️
♡Zawgyi♡
"အွန်း"
"ဟိုကောင်လေး"
"ဒါကဘာလဲ"
♡
♡
♡More Than Love🌸🍃
♡
♡
"မင်းကြီး ကျွန်တော်မျိုးတို့ စိုးထိတ်စွာနဲ့ဘဲလျှောက်တင်ပါ့မယ် ကြင်ယာတော်ထပ်ရွေးမြှောက်မို့ ကျွန်တော်မျိုးတို့ စိတ်အလျင်ရှိပါတယ် ကြင်ယာတော်ကင်ကယောက်ျားလေးဖြစ်ပြီး နန်းသွေးဆက်ကိုမမွေးဖွားပေးနိုင်ပါဘူး မင်းကြီး ပြည်သူတွေလဲ နန်းသွေးဆက်အတွက် မျှော်လင့်နေပါတယ်"
♡
♡
♡More Than Love🌸🍃
♡
♡
"သိပါတယ်"
♡
♡
♡More Than Love🌸🍃
♡
♡
"ဦးရီးတော်ရေ"
"ဟုတ်ကဲ့ပါ ဦးရီတော်"
"ကဲဘာစားခဲ့ကြလဲ"
"လွမ်းလိုက်တာ"
"ဟင် အင်း မလွမ်းပါဘူး"
"လွမ်းပါတယ်"
"ဝါးးး မွှေးနေတာဘဲ"
"ဒါကဘာလဲဟင်"
"အွန်း"
"ဟုတ်"
"ဟယ် တကယ်လား"
"သူကဘာလဲ"
"ကျပ်မပြည့်တာလား"
"ငါ-"
"အွန်းအွန်း"
"ဒါ ဒါဘာကောင်ကြီးလဲ"
"အော် အဲ့တာခွေးလေ"
"ဖွက်သွားမယ်လေ"
"ထယ်ဂု"
"သဘော"
"မင်းဘယ်သူလဲ"
#TBC
#MoreThanLove🌸🍃
#Yung(김영챌)