TYGW's Mr.Lucky (BL) [Myanmar...

By Comet222

175K 34K 546

This novel's not mine. I love to read this novel. So I translate for fun. Please support original author and... More

Chapter(61):ပိုအားျပင္းေသာ တြန္းအားေပးမႈ
Chapter(62):သံုးဖက္ျမင္ပံုရိပ္ ျမင္ကြင္းျပႆနာ
Chapter(63):စီမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-1
Chapter(63):စံမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-2
Chapter(64):မနာလို သဝန္တိုျဖစ္ျခင္း
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-1
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-2
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-1
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-2
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-1
Chapter(68):သူ႔အပိုင္-1 သူ့အပိုင်-1
Chapter(68):သူ႔အပိုင္-2 သူ့အပိုင်-2
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-1
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-2
Chapter(70):ငါ့သတို႔သားေလာင္း-1
Chapter(70):ငါ့သတို႔သားေလာင္း-2
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-3
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-4
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-1
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-2
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-1
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-2
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-1
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-2
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-1
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-2
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-1
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-2
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-1
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-2
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-1
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-2
Chapter(78):စြမ္းအင္ မ႐ွိဘူး။-1 စွမ်းအင် မရှိဘူး။-1
Chapter(78):စြမ္းအင္ မ႐ွိဘူး။-2 စွမ်းအင် မရှိဘူး။-2
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-1
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-2
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-1
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-2
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-1 ဝင်ခွင့်စာမေးပွဲ(I)-1
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-1
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-2
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-1
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-2
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-1
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-2
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-1
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-2
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-1
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-2
Chapter(89):သူငယ္ခ်င္း အသစ္မ်ားနဲ႔ မိတ္ဆက္ျခင္း
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-1
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-2
Chapter(91):ခက္ခဲေသာ ေလ့က်င့္ေရး-1

Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-2

3.5K 763 5
By Comet222

Zawgyi

"ဒါေတြအားလံုးက သစ္အယ္သီးေလးရဲ႕ သင္ျပေပးမႈေတြေၾကာင့္ပါ။" က်န္းေမာ့႐ွန္းက သူ႔ႏႈတ္ခမ္းကိုအေကြးေလးျဖစ္ေအာင္ အနည္းငယ္ပင့္တင္လိုက္ၿပီးေတာ့ အျပံဳးေလးနဲ႔ေျပာလိုက္တယ္။

ေမွ်ာ္လင့္ထားသလိုမ်ိဳးပဲ ယြီဂ်င္လီရဲ႕မ်က္ႏွာေပၚက ျပံဳးျဖဲျဖဲလုပ္ေနတဲ့အျပံဳးက ပိုမိုက်ယ္ျပန္႔လာျပီးေတာ့ သူ႔မ်က္လံုးေတြကလည္း ေတာက္ပလာတယ္။ သူ႔ရင္ဘတ္ထဲကေနေလေတြကို တိတ္တဆိတ္မႈတ္ထုတ္လိုက္မိတယ္။

အဲ့ဒီဂုဏ္ယူေနတဲ့ အၾကည့္ေသးေသးေလးက ႐ိုး႐ိုး႐ွင္း႐ွင္းကိုပဲ က်န္းေမာ့႐ွန္းကို သူ႔ရဲ႕ပါးေလးကို ဖ်စ္ညစ္ခ်င္ပစ္ခ်င္စိတ္ ​ေခါင္းေလးကို ခပ္ဖြဖြေလးပုတ္ေပးခ်င္စိတ္ ေပါက္လာေအာင္ ျပဳလုပ္ေနတယ္။

ဒီလိုမ်ိဳး ခ်စ္စရာအေကာင္ငယ္ေလးကို ထြက္သြားခြင့္ျပဳႏိုင္လိမ့္မယ္လို႔ သူမထင္ဘူး။

ကံ​ေကာင္းစြာနဲ႔ စစကတည္းက သူ႔အေမက ေကာင္ငယ္ေလးကို သူတို႔ရဲ႕မိသားစုဆီ ေခၚလာခဲ့တဲ့အခ်ိန္တုန္းက သူ႔ရဲ႕ထင္ျမင္ခ်က္ကို မေမးမိလို႔ေတာ္ေသးတယ္။ အခုခ်ိန္မွာ သူက ေကာင္ငယ္ေလးရဲ႕ အမည္ခံေစ့စပ္ထားတဲ့ သတို႔သားေလာင္း ျဖစ္ေနၿပီျဖစ္တယ္။ က်န္းေမာ့႐ွန္းတစ္ေယာက္ အရမ္းကံေကာင္းတာပဲလို႔ ဘယ္တုန္းကမွမခံစားခဲ့ရဖူးဘူး။

က်န္းေမာ့႐ွန္းရဲ႕ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈက သဘာဝက်က်ကိုပဲ အဓိကျဖစ္ရပ္တစ္ခုျဖစ္တယ္။ အထူးသျဖင့္ ေရြးေကာက္ပြဲက်င္းပေတာ့မဲ့ အခ်ိန္မွာဆိုရင္ေပါ့။

အျပင္ဘက္ကမာၻမွာေတာ့ က်န္းေမာ့႐ွန္းရဲ႕ဒဏ္ရာအေၾကာင္း သတင္းေတြက ေစာ္ကားပုတ္ခတ္တဲ့မွတ္ခ်က္ေတြ ပို႔စ္ေတြအပါအဝင္ ေဝဖန္ခ်က္ေပါင္းစံုနဲ႔ အ႐ူးအမူးကိုပ်ံ႕ႏွံ႔ေနတယ္။ ကိစၥေတြက က်န္းမိသားစုအတြက္ မေကာင္းတဲ့အရာေတြဆီကို ဦးတည္ေနၾကတယ္။ တကယ္လို႔ ဘာတစ္ခုမွမလုပ္ဘူးဆိုရင္ က်န္းမိသားစုကို မသင့္ေလ်ာ္တဲ့ လူထုထင္ျမင္ခ်က္ေတြက လႊမ္းမိုးသြားလိမ့္မယ္။

"အားခ်န္ အား႐ွန္းရဲ႕ခႏၶာကိုယ္က တကယ္ျပန္ေကာင္းမြန္လာေနၿပီလား?" က်န္းဇန္ေထာင္တစ္ေယာက္ ဒီျဖစ္ရပ္က သူ႔ရဲ႕ေနာက္ေရႊ႕မဲ့အကြက္ေတြအတြက္ အေရးပါတာေၾကာင့္ အေလးအနက္ ျပန္လည္အတည္ျပဳခ်င္ေနတာျဖစ္တယ္။

႐ွန္ခ်န္ကလည္း သူ႔ရဲ႕ပံုမွန္သက္ေတာင့္သက္သာျဖစ္ေနတဲ့ အမူအရာကို ေဘးဖယ္ထားလိုက္ၿပီးေတာ့ အေလးအနက္ထားၿပီး ျပန္ေျဖလိုက္တယ္။ "ပစၥည္းကိရိယာေတြနဲ႔ စစ္ေဆးခ်က္အရဆိုရင္ ခႏၶာကိုယ္ေထာင့္စြန္းဘက္ကို ေမာင္းထုတ္ခံထားရတဲ့ အဆိပ္ကလြဲၿပီး တျခားေနရာေတြက အမွန္တကယ္ကို ျပန္လည္ေကာင္းမြန္လာေနပါၿပီ။"

"အဆိပ္က ဆက္ျဖစ္ေနႏိုင္ေသးလား? အဲ့ဒါကို လံုးဝဖယ္႐ွားပစ္လို႔မရဘူးလား?" က်န္းဇန္ေထာင္က မ်က္ေမွာင္အနည္းငယ္ၾကဳပ္လိုက္ၿပီးေတာ့ ေမးလိုက္တယ္။

ဒီအဆိပ္ေတြကို လံုးဝမဖယ္႐ွားပစ္ႏိုင္သေရြ႕ သူတို႔ေတြ တစ္ရက္ေလးေတာင္ စိတ္ေအးလက္ေအးေနႏိုင္မွာမဟုတ္ဘူး။ ဒီအဆိပ္ေတြက သူတို႔ရဲ႕ေခါင္းေတြကိုေထာက္ထားတဲ့ ဓားတစ္ေခ်ာင္းလိုမ်ိဳးျဖစ္ေနတယ္။ ဘယ္ေန႔က်ရင္ အဲ့ဓားကက်လာၿပီး သူတို႔ေတြကို သတ္ပစ္လိုက္မလဲဆိုတာကို သူတို႔ေတြမသိဘူး။

႐ွန္ခ်န္ကသူ႔ေခါင္းကို အကူအညီမဲ့စြာခါလိုက္ၿပီးေတာ့ ေျပာလိုက္တယ္။ "ဒီအဆိပ္ေတြက အရမ္းျပင္းတယ္။ ကြၽန္ေတာ္ဘာနည္းလမ္းကိုပဲသံုးသံုး ကြၽန္ေတာ္အဲ့ဒါကို မ႐ွင္းပစ္ထုတ္ႏိုင္ခဲ့ဘူး။ ဒါေပမဲ့ အန္ကယ္က်န္း အရမ္းႀကီးစိုးရိမ္ေနစရာမလိုပါဘူး။ ဒီအဆိပ္ေတြအားလံုးက တစ္ေနရာတည္းမွာပဲ တည္ျမဲေနၾကၿပီးေတာ့ စြမ္းအားတစ္ခုက လႊမ္းျခံဳထားတာေၾကာင့္ အခုေလာေလာဆယ္မွာေတာ့ ထြက္လာႏိုင္ေသးအံုးမွာမဟုတ္ဘူး။ အဲ့စြမ္းအားကဘာလဲဆိုတာကို ကြၽန္ေတာ္မသိေသးေပမဲ့လည္း အဲ့ဒါကတကယ္ကို အား႐ွန္းကိုကာကြယ္ေပးေနတာ။"

အမွန္တကယ္မွာေတာ့ ႐ွန္ခ်န္က အခုလက္႐ွိ႐ွိေနတဲ့စြမ္းအားကို ႐ွာေဖြမေတြ႔႐ွိေသးပါဘူး။ အဲ့ဒီအဆိပ္ေတြက အရမ္းႏိုးၾကားထႂကြေနတာကိုပဲ ႐ွာေဖြေတြ႔႐ွိေသးတာျဖစ္တယ္။

ဒါေပမဲ့ တကယ္လို႔ အဲ့ဒါက ႏိုးၾကားထႂကြေနတယ္ဆိုရင္ေတာင္မွ အဲ့ဒီေထာင့္စြန္းေသးေသးေလးမွာပဲ ျဖစ္ေနတာျဖစ္တယ္။ အဲ့ဒါက ျပင္းျပင္းထန္ထန္ကို ခႏၶာကိုယ္တစ္ခုလံုးကို ပ်ံ႕ႏွံ႔ခ်င္ေနေပမဲ့ အဲ့ဒီေထာင့္စြန္းေသးေသးေလးနားကေန ထြက္သြားလို႔မရဘူးျဖစ္ေနတယ္။ ထို႔ေၾကာင့္ အဲ့ေနရာမွာ အဲ့ဒီအဆိပ္ေတြကို ပိတ္ေလွာင္ထားၿပီးေတာ့ ခႏၶာကိုယ္တစ္ခုလံုးဆီကို အဆိပ္ေတြပ်ံႏွံ႔မသြားေအာင္ ကာကြယ္ေပးထားတဲ့ လ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အားတစ္ခု႐ွိေနတယ္လို႔ သူရဲရဲရင့္ရင့္ ထင္ေၾကးေပးလိုက္တာျဖစ္တယ္။

႐ွန္ခ်န္ရဲ႕စကားလံုးေတြကိုၾကားၿပီးေနာက္ က်န္းဇန္ေထာင္တစ္ေယာက္ ေနာက္ဆံုးမွာေတာ့ စိတ္သက္သာရာရသြားေတာ့တယ္။ အဲ့ဒီစြမ္းအားက ဘာလဲဆိုတာကို သူမသိေသာ္ျငားလည္းပဲ အဲ့ဒါက သူ႔ရဲ႕သားမက္ေလးယြီဂ်င္လီနဲ႔ ပတ္သက္ေနလိမ့္မယ္လို႔ သူထင္တယ္။ အဆံုးသတ္မွာေတာ့ သူ႔သားရဲ႕ဒဏ္ရာေတြက သူ႔သားမက္ေလး စတင္ဂ႐ုစိုက္ေပးၿပီးတဲ့ေနာက္မွာမွသာ စတင္ေကာင္းမြန္လာခဲ့တာျဖစ္တယ္။

ဒီကိစၥမွာ သူ႔သားမက္ေလး ပါဝင္ပတ္သက္ေနကတည္းက က်န္းဇန္ေထာင္ကဒီကိစၥကို အရမ္းအနက္ႀကီး မတူးဆြၾကည့္ေတာ့ပါဘူး။ ၿပီးေတာ့ ဒီကိစၥကို တျခားလူေတြ စံုစမ္းစစ္ေဆးေနမွာကိုလည္း သူမလိုခ်င္ဘူး။ အဆံုးသတ္မွာေတာ့ လူနည္းနည္းသိေလ ပိုေကာင္းေလျဖစ္တယ္။

"ေကာင္းၿပီ။ ငါသိၿပီ။ ဒီတစ္ႀကိမ္မွာ မင္းအလုပ္ႀကိဳးစားခဲ့တာပဲ။ အားခ်န္" က်န္းဇန္ေထာင္က သူ႔ကို႐ိုး႐ိုးသားသား ေက်းဇူးတင္လိုက္တယ္။

သူ႔သားရဲ႕ထူးျခားတဲ့ ခႏၶာကိုယ္အေျခအေနေၾကာင့္ ဒီအခ်ိန္အေတာအတြင္းမွာ ႐ွန္ခ်န္တစ္ေယာက္ အျမဲတမ္းဒီကိုလာၿပီး သူ႔ကိုကူညီေပးေနခဲ့ရတာျဖစ္တယ္။

"ဒါက လံုးဝအပန္းမႀကီးပါဘူး။ အား႐ွန္းျပန္လည္ေကာင္းမြန္လာတာကို ျမင္ရတာ ကြၽန္ေတာ္လည္း အရမ္းေပ်ာ္မိပါတယ္။" ႐ွန္ခ်န္က အျပံဳးေလးနဲ႔ေျပာလိုက္တယ္။ သူ႔သူငယ္ခ်င္းက အခုေလာေလာဆယ္မွာ အဆင္ေျပေနတာမို႔ သူေနာက္ဆံုးမွာေတာ့ စိတ္သက္သာရာရသြားမိတယ္။

က်န္းေမာ့႐ွန္းရဲ႕ခႏၶာကိုယ္ အေတာ္ေလး တိုးတက္ေကာင္းမြန္လာၿပီးကတည္းက က်န္းမိသားစုက သဘာဝက်က်ကိုပဲ ကိစၥကို ျပည္သူလူထုဆီကေန ဆက္လက္ဖံုးကြယ္ထားဖို႔ကို မရည္ရြယ္ထားေတာ့ပါဘူး။ အထူးသျဖင့္ တိတ္တဆိတ္နဲ႔ ေကာလဟာလေတြကို ဆက္လက္ျဖန္႔ခ်ီေနတဲ့ အဲ့ဒီလူေတြဆီကေနေပါ့။ အဲ့လိုမွမဟုတ္ရင္ တကယ္လို႔ သူတို႔​ေတြ လဝက္အခ်ိန္အေတာအတြင္းမွာ႐ွိတဲ့ ေရြးေကာက္ပြဲအခ်ိန္အထိ ေစာင့္ဆိုင္းေနမယ္ဆိုရင္ အဲ့ဒါကသူတို႔ေတြအတြက္ အရမ္းနစ္နာသြားလိမ့္မယ္။

က်န္းဇန္ေထာင္က သူ႔ရဲ႕အနာဂတ္အစီအစဥ္ေတြအေၾကာင္း က်န္းေမာ့႐ွန္းနဲ႔ ေ႐ွာင္မုလန္တို႔ကို အသိေပးလိုက္ၿပီးေတာ့ သူတို႔ရဲ႕သေဘာထားေတြကို ေမးလိုက္တယ္။

က်န္းေမာ့႐ွန္းတစ္ေယာက္ လူထုျမင္ကြင္းဆီကို ျပန္သြားရမွာက ေသခ်ာေပါက္ ျဖစ္ပ်က္မဲ့ကိစၥျဖစ္ၿပီးေတာ့ ေ႐ွာင္မုလန္ကလည္း ဒီအေၾကာင္းကိုသိပါတယ္။ ဒါေပမဲ့ အေမတစ္ေယာက္ရဲ႕႐ွဳေထာင့္ကေန ၾကည့္မယ္ဆိုရင္ သူမရဲ႕သား လူထုျမင္ကြင္းဆီကို ဒီေလာက္အေစာႀကီး ထြက္ေပၚရမွာကို သူမအမွန္တကယ္ကို မလိုခ်င္မိဘူး။

ေနာက္ဆံုးမွာေတာ့ သူမရဲ႕သားခႏၶာကိုယ္ထဲမွာ မ႐ွင္းလင္းရေသးတဲ့ အဆိပ္ေတြ႐ွိေနဆဲျဖစ္ၿပီးေတာ့ သူ႔ရဲ႕စြမ္းရည္ေတြကိုလည္း ျပန္မရေသးဘူး။ စစ္ဌာနခ်ဳပ္ရဲ႕ သူရဲေကာင္းကိုယ္စားျပဳတစ္ေယာက္အေနနဲ႔ ဆက္သြားေနမဲ့အစား သူမရဲ႕သားက ပံုမွန္လူသားတစ္ေယာက္လိုမ်ိဳး ေနထိုင္ႏိုင္ပါေစလို႔ သူမေမွ်ာ္လင့္မိတယ္။

ဒီေခတ္မွာ တကယ္လို႔လူတစ္ေယာက္က ခိုင္ခိုင္မာမာ ေျခကုပ္ရပ္ေနႏိုင္ဖို႔ဆိုရင္ အဲ့လူမွာ​ေထာက္ပံ့ေပးမဲ့လူေတြ ႐ွိေနမွျဖစ္မွာျဖစ္တယ္။ စစ္ဌာနခ်ဳပ္​ေတာင္မွ လူေတြရဲ႕ႏွလံုးသားကို အႏိုင္ရဖို႔လိုအပ္ၿပီးေတာ့ လူေတြနဲ႔ ရင္းရင္းႏွီးႏွီး႐ွိေနရမွာျဖစ္တယ္။ ျပည္သူလူထုနဲ႔ နီးကပ္ဖို႔အတြက္ နည္းလမ္းတစ္ခုကေတာ့ စစ္တပ္ရဲ႕ကိုယ္စားျပဳတစ္ေယာက္ကို မိတ္ဆက္ေပးလိုက္ဖို႔ပဲျဖစ္တယ္။ အဲ့ဒါမွ ျပည္သူလူထုက စစ္တပ္နဲ႔ပတ္သက္ၿပီး နားလည္သေဘာေပါက္လာမွာျဖစ္ၿပီးေတာ့ စစ္တပ္ကို ေထာက္ပံ့ေပးလာမွာျဖစ္တယ္။ ေရြးခ်ယ္ခံလိုက္ရတဲ့လူကေတာ့ က်န္းေမာ့႐ွန္းျဖစ္တယ္။

က်န္းေမာ့႐ွန္းက ငယ္ရြယ္ၿပီးေတာ့ ကတိတည္တတ္သူျဖစ္တယ္။ ထူးခြၽန္တဲ့ စစ္တပ္စြမ္းရည္အရည္အခ်င္းေတြ ႐ွိၿပီးေတာ့ ပထမတန္းစား မိသားစုဝင္တစ္ေယာက္လည္း ျဖစ္တယ္။ သူရဲ႕႐ုပ္ရည္သြင္ျပင္က ပိုၿပီးေတာ့ေတာင္ အျပစ္မ႐ွိ ၿပိဳင္ဘက္ကင္းျဖစ္ေနေသးတယ္။ ဘာပဲျဖစ္ျဖစ္ သူက စစ္တပ္ရဲ႕ ေျပာေရးဆိုခြင့္႐ွိသူတစ္ေယာက္အျဖစ္ အသင့္ေတာ္ဆံုးလူတစ္ေယာက္ ျဖစ္တယ္။

က်န္းေမာ့႐ွန္းက လူျမင္ကြင္းမွာ ထြက္ေပၚရတာကို အမွန္တကယ္ မႀကိဳက္ဘူးဆိုရင္ေတာင္မွ ဒါမွမဟုတ္ ဆယ္လီတစ္ေယာက္လိုမ်ိဳး လူထုပရိသတ္အေျမာက္အျမား႐ွိတာကို မႀကိဳက္ဘူးဆိုရင္ေတာင္မွ သူက သူ႔ရဲ႕ခြန္အား၊ စြမ္းအားႀကီးတဲ့လုပ္ရည္ကိုင္ရည္၊ အားေကာင္းတဲ့ေနာက္ခံနဲ႔ လူေရာ နတ္ဘုရားေတြကပါ မနာလိုျဖစ္ေလာက္ေအာင္ အရမ္းဆြဲေဆာင္မႈ႐ွိၿပီး ခန္႔ညားတဲ့မ်က္ႏွာကိုေတာ့ ဖံုးကြယ္ထားလို႔မရႏိုင္ပါဘူး။ ဒါေတြနဲ႔ ျပည္သူလူထုရဲ႕ခ်စ္ခင္ႏွစ္သက္မႈကို အစကတည္းကကို သိမ္းပိုက္ႏိုင္သြားခဲ့ၿပီးသားျဖစ္တယ္။

စစ္ဌာနခ်ဳပ္ကေန လူသိမ်ားေအာင္ ေၾကညာစရာလံုးဝကို မလိုသေလာက္နီးပါးျဖစ္ေနခဲ့တာ ျဖစ္တယ္။ က်န္းေမာ့႐ွန္းရဲ႕ စစ္တပ္စြမ္းရည္အရည္အခ်င္းေတြကို ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီးတာနဲ႔ခ်က္ခ်င္း ျပည္သူလူထုကသူ႔ကို ႏိုင္ငံသားသူရဲေကာင္းအျဖစ္ အလိုအေလ်ာက္ တင္ေျမႇာက္လိုက္ၾကတာပဲျဖစ္တယ္။











Unicode

Chapter(67):ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာမှု-2

"ဒါတွေအားလုံးက သစ်အယ်သီးလေးရဲ့ သင်ပြပေးမှုတွေကြောင့်ပါ။" ကျန်းမော့ရှန်းက သူ့နှုတ်ခမ်းကိုအကွေးလေးဖြစ်အောင် အနည်းငယ်ပင့်တင်လိုက်ပြီးတော့ အပြုံးလေးနဲ့ပြောလိုက်တယ်။

မျှော်လင့်ထားသလိုမျိုးပဲ ယွီဂျင်လီရဲ့မျက်နှာပေါ်က ပြုံးဖြဲဖြဲလုပ်နေတဲ့အပြုံးက ပိုမိုကျယ်ပြန့်လာပြီးတော့ သူ့မျက်လုံးတွေကလည်း တောက်ပလာတယ်။ သူ့ရင်ဘတ်ထဲကနေလေတွေကို တိတ်တဆိတ်မှုတ်ထုတ်လိုက်မိတယ်။

အဲ့ဒီဂုဏ်ယူနေတဲ့ အကြည့်သေးသေးလေးက ရိုးရိုးရှင်းရှင်းကိုပဲ ကျန်းမော့ရှန်းကို သူ့ရဲ့ပါးလေးကို ဖျစ်ညစ်ချင်ပစ်ချင်စိတ် ​ခေါင်းလေးကို ခပ်ဖွဖွလေးပုတ်ပေးချင်စိတ် ပေါက်လာအောင် ပြုလုပ်နေတယ်။

ဒီလိုမျိုး ချစ်စရာအကောင်ငယ်လေးကို ထွက်သွားခွင့်ပြုနိုင်လိမ့်မယ်လို့ သူမထင်ဘူး။

ကံ​ကောင်းစွာနဲ့ စစကတည်းက သူ့အမေက ကောင်ငယ်လေးကို သူတို့ရဲ့မိသားစုဆီ ခေါ်လာခဲ့တဲ့အချိန်တုန်းက သူ့ရဲ့ထင်မြင်ချက်ကို မမေးမိလို့တော်သေးတယ်။ အခုချိန်မှာ သူက ကောင်ငယ်လေးရဲ့ အမည်ခံစေ့စပ်ထားတဲ့ သတို့သားလောင်း ဖြစ်နေပြီဖြစ်တယ်။ ကျန်းမော့ရှန်းတစ်ယောက် အရမ်းကံကောင်းတာပဲလို့ ဘယ်တုန်းကမှမခံစားခဲ့ရဖူးဘူး။

ကျန်းမော့ရှန်းရဲ့ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာမှုက သဘာဝကျကျကိုပဲ အဓိကဖြစ်ရပ်တစ်ခုဖြစ်တယ်။ အထူးသဖြင့် ရွေးကောက်ပွဲကျင်းပတော့မဲ့ အချိန်မှာဆိုရင်ပေါ့။

အပြင်ဘက်ကမ္ဘာမှာတော့ ကျန်းမော့ရှန်းရဲ့ဒဏ်ရာအကြောင်း သတင်းတွေက စော်ကားပုတ်ခတ်တဲ့မှတ်ချက်တွေ ပို့စ်တွေအပါအဝင် ဝေဖန်ချက်ပေါင်းစုံနဲ့ အရူးအမူးကိုပျံ့နှံ့နေတယ်။ ကိစ္စတွေက ကျန်းမိသားစုအတွက် မကောင်းတဲ့အရာတွေဆီကို ဦးတည်နေကြတယ်။ တကယ်လို့ ဘာတစ်ခုမှမလုပ်ဘူးဆိုရင် ကျန်းမိသားစုကို မသင့်လျော်တဲ့ လူထုထင်မြင်ချက်တွေက လွှမ်းမိုးသွားလိမ့်မယ်။

"အားချန် အားရှန်းရဲ့ခန္ဓာကိုယ်က တကယ်ပြန်ကောင်းမွန်လာနေပြီလား?" ကျန်းဇန်ထောင်တစ်ယောက် ဒီဖြစ်ရပ်က သူ့ရဲ့နောက်ရွှေ့မဲ့အကွက်တွေအတွက် အရေးပါတာကြောင့် အလေးအနက် ပြန်လည်အတည်ပြုချင်နေတာဖြစ်တယ်။

ရှန်ချန်ကလည်း သူ့ရဲ့ပုံမှန်သက်တောင့်သက်သာဖြစ်နေတဲ့ အမူအရာကို ဘေးဖယ်ထားလိုက်ပြီးတော့ အလေးအနက်ထားပြီး ပြန်ဖြေလိုက်တယ်။ "ပစ္စည်းကိရိယာတွေနဲ့ စစ်ဆေးချက်အရဆိုရင် ခန္ဓာကိုယ်ထောင့်စွန်းဘက်ကို မောင်းထုတ်ခံထားရတဲ့ အဆိပ်ကလွဲပြီး တခြားနေရာတွေက အမှန်တကယ်ကို ပြန်လည်ကောင်းမွန်လာနေပါပြီ။"

"အဆိပ်က ဆက်ဖြစ်နေနိုင်သေးလား? အဲ့ဒါကို လုံးဝဖယ်ရှားပစ်လို့မရဘူးလား?" ကျန်းဇန်ထောင်က မျက်မှောင်အနည်းငယ်ကြုပ်လိုက်ပြီးတော့ မေးလိုက်တယ်။

ဒီအဆိပ်တွေကို လုံးဝမဖယ်ရှားပစ်နိုင်သရွေ့ သူတို့တွေ တစ်ရက်လေးတောင် စိတ်အေးလက်အေးနေနိုင်မှာမဟုတ်ဘူး။ ဒီအဆိပ်တွေက သူတို့ရဲ့ခေါင်းတွေကိုထောက်ထားတဲ့ ဓားတစ်ချောင်းလိုမျိုးဖြစ်နေတယ်။ ဘယ်နေ့ကျရင် အဲ့ဓားကကျလာပြီး သူတို့တွေကို သတ်ပစ်လိုက်မလဲဆိုတာကို သူတို့တွေမသိဘူး။

ရှန်ချန်ကသူ့ခေါင်းကို အကူအညီမဲ့စွာခါလိုက်ပြီးတော့ ပြောလိုက်တယ်။ "ဒီအဆိပ်တွေက အရမ်းပြင်းတယ်။ ကျွန်တော်ဘာနည်းလမ်းကိုပဲသုံးသုံး ကျွန်တော်အဲ့ဒါကို မရှင်းပစ်ထုတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အန်ကယ်ကျန်း အရမ်းကြီးစိုးရိမ်နေစရာမလိုပါဘူး။ ဒီအဆိပ်တွေအားလုံးက တစ်နေရာတည်းမှာပဲ တည်မြဲနေကြပြီးတော့ စွမ်းအားတစ်ခုက လွှမ်းခြုံထားတာကြောင့် အခုလောလောဆယ်မှာတော့ ထွက်လာနိုင်သေးအုံးမှာမဟုတ်ဘူး။ အဲ့စွမ်းအားကဘာလဲဆိုတာကို ကျွန်တော်မသိသေးပေမဲ့လည်း အဲ့ဒါကတကယ်ကို အားရှန်းကိုကာကွယ်ပေးနေတာ။"

အမှန်တကယ်မှာတော့ ရှန်ချန်က အခုလက်ရှိရှိနေတဲ့စွမ်းအားကို ရှာဖွေမတွေ့ရှိသေးပါဘူး။ အဲ့ဒီအဆိပ်တွေက အရမ်းနိုးကြားထကြွနေတာကိုပဲ ရှာဖွေတွေ့ရှိသေးတာဖြစ်တယ်။

ဒါပေမဲ့ တကယ်လို့ အဲ့ဒါက နိုးကြားထကြွနေတယ်ဆိုရင်တောင်မှ အဲ့ဒီထောင့်စွန်းသေးသေးလေးမှာပဲ ဖြစ်နေတာဖြစ်တယ်။ အဲ့ဒါက ပြင်းပြင်းထန်ထန်ကို ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့ချင်နေပေမဲ့ အဲ့ဒီထောင့်စွန်းသေးသေးလေးနားကနေ ထွက်သွားလို့မရဘူးဖြစ်နေတယ်။ ထို့ကြောင့် အဲ့နေရာမှာ အဲ့ဒီအဆိပ်တွေကို ပိတ်လှောင်ထားပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးဆီကို အဆိပ်တွေပျံနှံ့မသွားအောင် ကာကွယ်ပေးထားတဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ အားတစ်ခုရှိနေတယ်လို့ သူရဲရဲရင့်ရင့် ထင်ကြေးပေးလိုက်တာဖြစ်တယ်။

ရှန်ချန်ရဲ့စကားလုံးတွေကိုကြားပြီးနောက် ကျန်းဇန်ထောင်တစ်ယောက် နောက်ဆုံးမှာတော့ စိတ်သက်သာရာရသွားတော့တယ်။ အဲ့ဒီစွမ်းအားက ဘာလဲဆိုတာကို သူမသိသော်ငြားလည်းပဲ အဲ့ဒါက သူ့ရဲ့သားမက်လေးယွီဂျင်လီနဲ့ ပတ်သက်နေလိမ့်မယ်လို့ သူထင်တယ်။ အဆုံးသတ်မှာတော့ သူ့သားရဲ့ဒဏ်ရာတွေက သူ့သားမက်လေး စတင်ဂရုစိုက်ပေးပြီးတဲ့နောက်မှာမှသာ စတင်ကောင်းမွန်လာခဲ့တာဖြစ်တယ်။

ဒီကိစ္စမှာ သူ့သားမက်လေး ပါဝင်ပတ်သက်နေကတည်းက ကျန်းဇန်ထောင်ကဒီကိစ္စကို အရမ်းအနက်ကြီး မတူးဆွကြည့်တော့ပါဘူး။ ပြီးတော့ ဒီကိစ္စကို တခြားလူတွေ စုံစမ်းစစ်ဆေးနေမှာကိုလည်း သူမလိုချင်ဘူး။ အဆုံးသတ်မှာတော့ လူနည်းနည်းသိလေ ပိုကောင်းလေဖြစ်တယ်။

"ကောင်းပြီ။ ငါသိပြီ။ ဒီတစ်ကြိမ်မှာ မင်းအလုပ်ကြိုးစားခဲ့တာပဲ။ အားချန်" ကျန်းဇန်ထောင်က သူ့ကိုရိုးရိုးသားသား ကျေးဇူးတင်လိုက်တယ်။

သူ့သားရဲ့ထူးခြားတဲ့ ခန္ဓာကိုယ်အခြေအနေကြောင့် ဒီအချိန်အတောအတွင်းမှာ ရှန်ချန်တစ်ယောက် အမြဲတမ်းဒီကိုလာပြီး သူ့ကိုကူညီပေးနေခဲ့ရတာဖြစ်တယ်။

"ဒါက လုံးဝအပန်းမကြီးပါဘူး။ အားရှန်းပြန်လည်ကောင်းမွန်လာတာကို မြင်ရတာ ကျွန်တော်လည်း အရမ်းပျော်မိပါတယ်။" ရှန်ချန်က အပြုံးလေးနဲ့ပြောလိုက်တယ်။ သူ့သူငယ်ချင်းက အခုလောလောဆယ်မှာ အဆင်ပြေနေတာမို့ သူနောက်ဆုံးမှာတော့ စိတ်သက်သာရာရသွားမိတယ်။

ကျန်းမော့ရှန်းရဲ့ခန္ဓာကိုယ် အတော်လေး တိုးတက်ကောင်းမွန်လာပြီးကတည်းက ကျန်းမိသားစုက သဘာဝကျကျကိုပဲ ကိစ္စကို ပြည်သူလူထုဆီကနေ ဆက်လက်ဖုံးကွယ်ထားဖို့ကို မရည်ရွယ်ထားတော့ပါဘူး။ အထူးသဖြင့် တိတ်တဆိတ်နဲ့ ကောလဟာလတွေကို ဆက်လက်ဖြန့်ချီနေတဲ့ အဲ့ဒီလူတွေဆီကနေပေါ့။ အဲ့လိုမှမဟုတ်ရင် တကယ်လို့ သူတို့​တွေ လဝက်အချိန်အတောအတွင်းမှာရှိတဲ့ ရွေးကောက်ပွဲအချိန်အထိ စောင့်ဆိုင်းနေမယ်ဆိုရင် အဲ့ဒါကသူတို့တွေအတွက် အရမ်းနစ်နာသွားလိမ့်မယ်။

ကျန်းဇန်ထောင်က သူ့ရဲ့အနာဂတ်အစီအစဉ်တွေအကြောင်း ကျန်းမော့ရှန်းနဲ့ ရှောင်မုလန်တို့ကို အသိပေးလိုက်ပြီးတော့ သူတို့ရဲ့သဘောထားတွေကို မေးလိုက်တယ်။

ကျန်းမော့ရှန်းတစ်ယောက် လူထုမြင်ကွင်းဆီကို ပြန်သွားရမှာက သေချာပေါက် ဖြစ်ပျက်မဲ့ကိစ္စဖြစ်ပြီးတော့ ရှောင်မုလန်ကလည်း ဒီအကြောင်းကိုသိပါတယ်။ ဒါပေမဲ့ အမေတစ်ယောက်ရဲ့ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သူမရဲ့သား လူထုမြင်ကွင်းဆီကို ဒီလောက်အစောကြီး ထွက်ပေါ်ရမှာကို သူမအမှန်တကယ်ကို မလိုချင်မိဘူး။

နောက်ဆုံးမှာတော့ သူမရဲ့သားခန္ဓာကိုယ်ထဲမှာ မရှင်းလင်းရသေးတဲ့ အဆိပ်တွေရှိနေဆဲဖြစ်ပြီးတော့ သူ့ရဲ့စွမ်းရည်တွေကိုလည်း ပြန်မရသေးဘူး။ စစ်ဌာနချုပ်ရဲ့ သူရဲကောင်းကိုယ်စားပြုတစ်ယောက်အနေနဲ့ ဆက်သွားနေမဲ့အစား သူမရဲ့သားက ပုံမှန်လူသားတစ်ယောက်လိုမျိုး နေထိုင်နိုင်ပါစေလို့ သူမမျှော်လင့်မိတယ်။

ဒီခေတ်မှာ တကယ်လို့လူတစ်ယောက်က ခိုင်ခိုင်မာမာ ခြေကုပ်ရပ်နေနိုင်ဖို့ဆိုရင် အဲ့လူမှာ​ထောက်ပံ့ပေးမဲ့လူတွေ ရှိနေမှဖြစ်မှာဖြစ်တယ်။ စစ်ဌာနချုပ်​တောင်မှ လူတွေရဲ့နှလုံးသားကို အနိုင်ရဖို့လိုအပ်ပြီးတော့ လူတွေနဲ့ ရင်းရင်းနှီးနှီးရှိနေရမှာဖြစ်တယ်။ ပြည်သူလူထုနဲ့ နီးကပ်ဖို့အတွက် နည်းလမ်းတစ်ခုကတော့ စစ်တပ်ရဲ့ကိုယ်စားပြုတစ်ယောက်ကို မိတ်ဆက်ပေးလိုက်ဖို့ပဲဖြစ်တယ်။ အဲ့ဒါမှ ပြည်သူလူထုက စစ်တပ်နဲ့ပတ်သက်ပြီး နားလည်သဘောပေါက်လာမှာဖြစ်ပြီးတော့ စစ်တပ်ကို ထောက်ပံ့ပေးလာမှာဖြစ်တယ်။ ရွေးချယ်ခံလိုက်ရတဲ့လူကတော့ ကျန်းမော့ရှန်းဖြစ်တယ်။

ကျန်းမော့ရှန်းက ငယ်ရွယ်ပြီးတော့ ကတိတည်တတ်သူဖြစ်တယ်။ ထူးချွန်တဲ့ စစ်တပ်စွမ်းရည်အရည်အချင်းတွေ ရှိပြီးတော့ ပထမတန်းစား မိသားစုဝင်တစ်ယောက်လည်း ဖြစ်တယ်။ သူရဲ့ရုပ်ရည်သွင်ပြင်က ပိုပြီးတော့တောင် အပြစ်မရှိ ပြိုင်ဘက်ကင်းဖြစ်နေသေးတယ်။ ဘာပဲဖြစ်ဖြစ် သူက စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အဖြစ် အသင့်တော်ဆုံးလူတစ်ယောက် ဖြစ်တယ်။

ကျန်းမော့ရှန်းက လူမြင်ကွင်းမှာ ထွက်ပေါ်ရတာကို အမှန်တကယ် မကြိုက်ဘူးဆိုရင်တောင်မှ ဒါမှမဟုတ် ဆယ်လီတစ်ယောက်လိုမျိုး လူထုပရိသတ်အမြောက်အမြားရှိတာကို မကြိုက်ဘူးဆိုရင်တောင်မှ သူက သူ့ရဲ့ခွန်အား၊ စွမ်းအားကြီးတဲ့လုပ်ရည်ကိုင်ရည်၊ အားကောင်းတဲ့နောက်ခံနဲ့ လူရော နတ်ဘုရားတွေကပါ မနာလိုဖြစ်လောက်အောင် အရမ်းဆွဲဆောင်မှုရှိပြီး ခန့်ညားတဲ့မျက်နှာကိုတော့ ဖုံးကွယ်ထားလို့မရနိုင်ပါဘူး။ ဒါတွေနဲ့ ပြည်သူလူထုရဲ့ချစ်ခင်နှစ်သက်မှုကို အစကတည်းကကို သိမ်းပိုက်နိုင်သွားခဲ့ပြီးသားဖြစ်တယ်။

စစ်ဌာနချုပ်ကနေ လူသိများအောင် ကြေညာစရာလုံးဝကို မလိုသလောက်နီးပါးဖြစ်နေခဲ့တာ ဖြစ်တယ်။ ကျန်းမော့ရှန်းရဲ့ စစ်တပ်စွမ်းရည်အရည်အချင်းတွေကို ထုတ်ဖော်ပြောကြားလိုက်ပြီးတာနဲ့ချက်ချင်း ပြည်သူလူထုကသူ့ကို နိုင်ငံသားသူရဲကောင်းအဖြစ် အလိုအလျောက် တင်မြှောက်လိုက်ကြတာပဲဖြစ်တယ်။







Continue Reading

You'll Also Like

187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း
374K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
325K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
518K 34.1K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary