?Daffodils[Complete]
By ScarletV496
340K 21.1K 547
တောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြ... More
အမှာစာမဟုတ်သောအမှာစာသို့မဟုတ်ဝန်ခံချက်
🍁Daffodilsအပိုင်း(၁)တံစက်မြိတ်အောက်က လူနှစ်ယောက်
🍁Daffofilsအပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်
🍁Daffofilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodils အပိုင်း(၄)ဒီခံစားချက်ကဘာလဲဆိုတာမသေချာဘူး
🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရှိခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရြှိခင်း
🍁Daffodils အပိုင်း(၇)အသဲကွဲတယ်ဆိုတာ• • •
🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ
🍁Daffodils အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ
🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ
🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဦးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၃)အစမ်းသပ်ခံကြွက်လေး
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၅)မတရားသဖြင့်ခုန်နေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဦးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဉီးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၇)ဖုံးကွယ်ထားတဲ့ အလွှာ
🍁Daffodils အပိုင်း(၁၈)MaMa Boy
🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး
🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!
🍁Daffodils အပိုင်း(၂၁)ချစ်သူတွေဘာတွေလုပ်ကြလဲ!!
🍁Daffodils အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
🍁Daffodils အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်!!
🍁Daffodils အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၄)နွေဉီးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်
🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!
🍁Daffodils အပိုင်း(၂၇)ရှူး!! တိုးတိုး..
🍁Daffodils အပိုင်း(၂၈)ဗရုတ်သုက္ခနေ့ရက်များ
🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား
🍁Daffodils အပိုင်း(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၂)မှားခဲ့တဲ့လူကကျွန်တော်မဟုတ်ဘူး
🍁Daffodils အပိုင်း(၃၃)အရေးတယူမိတ်ဆက်ပေးစရာမလိုဘူး
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းထူတဲ့ ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းတဲ့ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၅)နာကျင်မှုထက်ပိုတဲ့နာကျင်မှု• • •
🍁Daffodils အပိုင်း(၃၆)ဖုန်တွေအမှိုက်တွေပါတဲ့လေပွေတစ်ခုပဲ!
🍁Daffodils အပိုင်း(၃၇)နာကျင်ရမယ်ဆိုရင်တောင်အတူတူရှိချင်တယ်!
🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!
🍁Daffodils အပိုင်း(၃၉)မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်
🍁Daffodils အပိုင်း(၄၀)နယ်ရုပ်လောက်တောင်သူကအဆင့်မရှိဘူး• • •
🍁Daffodils အပိုင်း (၄၁)အလွမ်း၊စိုးရိမ်စိတ်၊သိမ်ငယ်မှု၊အသေးစားရန်ပွဲ!
🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!
🍁Daffodils အပိုင်း(၄၃)အတိတ်၊အမှန်တရား၊ကွဲကြေနေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၅)ပထမဆုံးနှစ်ယောက်အတူရှိတဲ့ခရစ်စမတ်
🍁Daffofils _Epilogue.1
🍁Dafodils_ Epilogue.1
🍁Daffodils_Epilogue.2
🍁Daffodils_Extra.1
🍁Daffodils_Extra.1
🍁Daffodils_Extra.2
🍁Daffodils_Extra.2
🍁Daffodils_Extra.3
🍁Daffodils_Extra.3
🍁Daffodils_Extra.4
🍁Daffodils_Extra.4
🍁Daffodils_Extra.Epilogue
🍁Daffodils_Extra.Epilogue
Announcement For Book
🍁Daffodils_Epilogue.2
2K 49 0
By ScarletV496
•Yes or Yap!
မိုးပင်လယ် ဟိုတယ်မှာတစ်ညပဲအိပ်ပြီး မဲဘာန်းကိုပြန်ဆင်းလာခဲ့ချင်ပေမယ့် ကုမ္ပဏီကြီးတစ်ခုရဲ့ဥက္ကဌတာဝန်က သူ့ကိုနေမထွက်ခင်ကတည်းက အလုပ်များစေတယ်။သူလိုက်မမီသေးတဲ့အလုပ်ကိစ္စတွေလဲအများကြီးရှိတာမို့ မရပ်မနားဆက်တိုက်လုပ်တာတောင် ၃ပါတ်လောက်ကြာသွားတယ်။နွေဉီးဘေးမှာမရှိတဲ့ ၃ပါတ်က ၃ကမ္ဘာလောက်ကြာတာမို့ သူအရမ်းလွမ်းနေပြီ။
သူဖုန်းဆက်ဖို့ဖုန်းကိုဖွင့်ကြည့်လိုက်တော့ နွေဉီးဆီကစာတစ်စောင်ဝင်ထားတယ်။ခွဲခန်းဝင်မှာမို့ သူမအားတဲ့အကြောင်း စာပို့ထားတာ။နှစ်ယောက်လုံး အလုပ်မအားကြတဲ့လူတွေမို့ စကားပြောရတာလဲ ပြတ်တောင်းပြတ်တောင်းရယ်။သူဒီအခြေအနေတွေကိုအဆုံးသတ်လိုက်ချင်ပြီ။
လည်ပင်းကနက်ကတိုင်ကို လက်နဲ့ဆွဲကာဖြေလျော့ရင်း ဟိန်းထက်ဆီကိုဖုန်းခေါ်လိုက်တယ်။
"ဟိန်းထက်...အပ်ထားတဲ့ပစ္စည်းရပြီလား"
"ရပြီဘော့စ်...ကျွန်တော်ကုမ္ပဏီကိုပဲယူလာပေးရမလား"
"အင်း...ဒီကိုပဲယူလာလိုက်..."
ခဏကြာတော့ တံခါးခေါက်သံကြားရပြီး ဟိန်းထက်ကအခန်းထဲဝင်လာတယ်။ပြီးတော့ ကတ္တီပါဘူးသေးသေးလေးကိုသူ့ဆီလှမ်းပေးတယ်။
"ဒီမှာပါဘော့စ်..စစ်ကြည့်လိုက်ပါဉီး"
"အင်းထားခဲ့လိုက်...ခုတလောကုမ္ပဏီမှာမင်းခဏနေလိုက်...ငါမဲဘာန်းကို သွားမလို့"
"တစ်ယောက်ထဲအဆင်ပြေပါ့မလား"
"ပြေတယ်!"
ဟိန်းထက်က ခပ်ပြုံးပြုံးနဲ့ခေါင်းညိတ်ပြပြီး အခန်းထဲကထွက်သွားတယ်။မိုးပင်လယ် သူ့စားပွဲပေါ်က ကတ္တီပါဘူးလေးကို ယူပြီးဖွင့်ကြည့်လိုက်တော့ တစ်လက်လက်တောက်ပနေတဲ့ အမျိုးသားဝတ်လက်စွပ်၂ကွင်းရှိတယ်။စိန်အပြာလေးနဲ့က နွေဉီးအတွက်ဖြစ်ပြီး စိန်အဝါလေးနဲ့က သူ့အတွက်ဖြစ်တယ်။
ရှားပါးတဲ့ကျောက်မျက်အရည်အသွေးနဲ့ဒီဇိုင်းတွေအတွက် အဲ့ဒီ့ရတနာဆိုင်ကိုတော့ သူReviewကောင်းကောင်းပေးရမယ်။
လက်စွပ်လေး၂ကွင်းအတူယှဉ်လျက်ရှိနေတာတောင်တော်တော်လေး သဘောကျစရာကောင်းလို့ သူချက်ချင်းပဲနွေဉီးလက်သူကြွယ်လေးမှာစွတ်ချပေးလိုက်ချင်ပြီ။နွေဉီးရဲ့လက်သွယ်သွယ်လေးတွေနဲ့သာဆို ဘယ်လောက်လှလိုက်မလဲ...သူတွေးနေရုံနဲ့တင် အားမရတော့တာမို့ဘူးလေးကိုအဖုံးပြန်ပိတ်ပြီး ကုတ်အင်္ကျီအိတ်ထဲထည့်ကာ မတ်တပ်ရပ်လိုက်တယ်။
သူ မဲဘာန်းကိုခုပဲသွားတော့မယ်။သူစက္ကန့်ဝက်လေးလောက်တောင်အချိန်မဆွဲချင်တော့ဘူး။
မိုးပင်လယ် လမ်းမှာ ဆီဖြည့်ရုံကလွဲလို့ နည်းနည်းလေးမှမနားဘဲမောင်းလာခဲ့လိုက်တာ မဲဘာန်းကသူ့ဗီလာကိုရောက်တော့ လက်ချောင်းလေးတစ်ချောင်းတောင်မလှုပ်ချင်တော့ဘူး။ဒါပေမယ့် သူနားလို့မရသေးဘူး...ဟိုပုံးက Resort managerကိုဆက်သွယ်ပြီး သူလိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေလာပို့ခိုင်းလိုက်တယ်။
ပစ္စည်းတွေရောက်မလာခင် ၁နာရီကျော်ကျော်လောက်တော့ သူခဏနားလို့ရမယ်။
ညနေစောင်းလောက်ရောက်တော့မှ တံခါးကဘဲလ်သံကြောင့်နိုးလာတယ်။သူတစ်ချက်သန်းဝေရင်းအိမ်တံခါးကိုဖွင့်လိုက်ပြီး..
"အိမ်ထဲကိုပဲယူလာခဲ့ပေးပါ"
သူ့အလုပ်သမားက ရိုကျိုးစွာရပ်ပြီး...
"ကျွန်တော်ဘာများကူညီပေးရဉီးမလဲခင်ဗျ"
"ရပြီ..ကားကိုဖြေးဖြေးမောင်းပြန်ဉီး..ကျေးဇူးတင်ပါတယ်"
"မဟုတ်တာဗျာ"
အလုပ်သမားပြန်သွားပြီး သူလုပ်ရမှာက သူ့ကိုယ်သူရွှိုင်းတီးဂွိုင်းတီးလုပ်ရမှာပဲ...ရေကိုမြန်မြန်ချိုးပြီး သူ နွေဉီးဆီစာလှမ်းပို့လိုက်တယ်။
/နွေဉီး...အလုပ်ရှုပ်နေလား/  ပြန်စာဝင်မလာတာမို့ သူကိုထွဋ်ဆီလှမ်းဆက်သွယ်တော့လဲ မရဘူး။ခွဲခန်းထဲအတူတူဝင်နေကြတာများလား။
မိုးပင်လယ်ကြာကြာတွေးမနေနိုင်ဘူး။ ပစ္စည်းတွေ ကားပေါ်ကောက်တင်ပြီး နွေဉီးအိမ်ကိုမောင်းသွားလိုက်တယ်။ကားကိုထုံးစံအတိုင်းခပ်ဝေးဝေးမှာရပ်ခဲ့ပြီး အလှဆင်မယ့်ပစ္စည်းတွေကို တစ်ခုချင်းသယ်ယူရတယ်။လိုအပ်တာအကုန်သယ်ပြီးတဲ့နောက်မှာတော့ သူတော်တော်မောနေပြီ။ပစ္စည်းသယ်ရလို့မောတာကနည်းနည်း သူပြင်လို့ဆင်လို့မပြီးသေးခင် နွေဉီး ကဗြုန်းဆိုပြီး ရောက်လာမှာစိုးလို့ ပို မောတယ်။
အမောခဏဖြေပြီး မီးတွဲတွေကို တက်နိုင်သမျှလိုက်ချိတ်ဆွဲပြီး ပန်းပွင့်ချပ်လေးတွေကို ခြံရှေ့အနှံ့လိုက်ဖြူးထားလိုက်တော့ ပန်းကောဇောလိုမျိုး လှပသွားတယ်။ပုဝါအဖြူလေးတွေနဲ့ အလှဆင်မိုးထားတဲ့ တဲလေးအောက်ကိုအိမ်ထဲက ၂ယောက်ထိုင် ထိုင်ခုံကို မရမကမရွှေ့ထားလိုက်ပြီး အဲ့ထိုင်ခုံပေါ်မှာလဲ ပန်းပွင့်ချပ်လေးတွေ အပြည့်ဖြူးထားလိုက်တယ်။
ဒီလောက်ဆိုတော်ပါပြီ..တအားများသွားရင် နွေဉီး ပြောတာနဲ့တင် သူ အသက်ထွက်သွားလောက်တယ်။ရိုးရိုးရှင်းရှင်းကြိုက်တဲ့နွေဉီးကို သွားရှုပ်လို့မရဘူး။
မိုးပင်လယ် အကုန်လုံးကိုခြုံငုံကြည့်လိုက်ပြီး တစ်ယောက်ထဲသဘောတကျရယ်လိုက်မိတယ်။မီးအဖွင့်အပိတ်ကိုစစ်ကြည့်ပြီး သူနွေဉီးကိုဖုန်းထပ်ဆက်လိုက်တယ်။ခုလောက်ဆိုအားလောက်ပါရဲ့...သူ့ရင်တွေကတော့ တဒုန်းဒုန်းခုန်နေနှင့်နေပြီ။
"ဟဲလို...နွေဉီး..အားပြီလား"
"အင်း အားပြီ ခုပဲသီရေတာထဲကထွက်လာတာ...ခင်ဗျားဘာတွေမော​နေတာလဲ"
"ဟင်!မမောပါဘူး...နွေဉီး ကိုယ့်ကိုတစ်ခုလောက်ကူညီပါ့လား"
"ဘာလဲ..."
"ကိုယ့်တယောလေးကိုယူပြီး ကိုယ့်အလုပ်သမားကိုပေးပေးပါလား.."
"ခုချက်ချင်းလား"
"အင်းပေါ့..သူကနွေဉီးအိမ်ကိုတောင်ရောက်နေပြီ"
"ကျစ်!လုပ်လာပြီ..အဲ့ဒါကြောင့်အစကတည်းက ကိုယ့်ပစ္စည်းတွေကိုယ်ပြန်မသိမ်းသွားဘူး"
"သြော်...နွေဉီးကလဲလုပ်ပါ"
"သွားနေပြီ သွားနေပြီ..ခုမှထမလောနဲ့"
"အဲ့ဒါဆို ကိုယ်ဖုန်းချလိုက်ပြီနော်"
"အင်း"
နွေဉီး မကျေမချမ်းပွစိပွစိရေရွတ်ရင်း ခြံထဲဝင်လာခဲ့တယ်။ဝင်ဝင်ခြင်းမှာပဲ မွှေးပျံ့ပျံ့ရနံ့လေးက သူ့နှာခေါင်းထဲကိုတိုးဝင်လာပြီး အဲ့ရနံ့လေးကလဲ သူခြေလှမ်းလှမ်းလိုက်တိုင်းမှာ ပိုပိုမွှေးပျံ့လာတာ။တစ်ခုခုတော့ မဟုတ်တော့ဘူးဆိုတာကို နွေဉီးရိပ်မိလာပြီး စိတ်လှုပ်ရှားလာတယ်။
လရောင်ပျပျလေးအားကိုးနဲ့ သူငုံ့ကြည့်လိုက်တော့ သူနင်းထားတာ ရိုးရိုးသစ်ရွက်တွေမဟုတ်ဘဲ ပန်းပွင့်ချပ်လေးတြွေဖစ်နေပြန်တယ်။သူ ခေါင်းမော့ပြီးအခြားနေရာတွေကိုကြည့်လိုက်တော့လဲ သူ့အိမ်ရှေ့တစ်လုံး ပန်းပွင့်ချပ်လေးတွေပဲ ဖုံးလွှမ်းနေတယ်။
သူတစ်လှမ်းချင်းလျှောက်ဝင် လာတုန်း မီးရောင်စုံလေးတွေ တစ်ဖြည်းဖြည်းလင်းလာပြီး နောက်ဆုံးမှာတော့ အဝါရောင်ဖျော့ဖျော့ အလင်းရောင်နဲ့အတူသူ့ရှေ့ခပ်လှမ်းလှမ်းမှာ မိုးပင်လယ်က ဂစ်တာကိုင်ပြီး ပေါ်လာတယ်။သူ့ကို သွားတွေပေါ်တဲ့ထိရယ်ပြနေပြီး ဂစ်တာကိုလွယ်ကာ ...သူ့ရဲ့Fav song ဖြစ်တဲ့ 'Can't help falling in love'ကို တိုးတိုးလေးတီးနေတယ်။
ခြံထဲမှာ ၂ယောက်ထဲရှိနေပေမယ် နွေဉီး ရှက်တာမို့ မိုးပင်လယ်ဆီပြေးသွားလိုက်ပြီး...
"ရပ်တော့...ခင်ဗျားဘာတွေလုပ်နေတာလဲ"
"ကိုယ် နွေဉီးကို ဂစ်တာတီးပြနေတာလေ"
"ဘာဖြစ်လို့အပြင်မှာလဲ...အိမ်ထဲမှာတီးလဲရရဲ့သားနဲ့..."
မိုးပင်လယ်က ဂစ်တာကိုလွယ်ထားရာကနေချွတ်လိုက်ပြီး သူ့လက်ကိုဆွဲလိုက်တယ်။
"ဂစ်တာကအိမ်ထဲမှာ တီးလို့ရတာဟုတ်တယ်...ဒါပေမယ့် ကိုယ် ခုကြယ်တွေစုံနေတဲ့ ကောင်းကင်အောက်မှာလုပ်ချင်တာလေးရှိလို့"
နွေဉီး တစ်ဖြည်းဖြည်းနဲ့ရိပ်မိလာသလို သူ့မျက်နှာကြီးလဲ မီးထတောက်တော့မလိုပူလာနေပြီ။မိုးပင်လယ် သူ့ရှေ့မှာ ကိုရီးယားဆန်ဆန်ဒူးထောက်မချဖို့ပဲမျှော်လင့်မိတယ်။ဒါပေမယ့်လို့ မျှော်လင့်ချက်တွေက အချည်းနှီးပါပဲ...မိုးပင်လယ်က သူ့လက်ကိုဆုပ်ကိုင်ထားရင်းနဲ့ကို ဒူးတစ်ဖက်ထောက်ချလိုက်ပြီး သူ့ကိုမော့ကြည့်ကာ...
"နွေဉီး...ကိုယ့် မေးခွန်းကိုစဉ်းစားပြီးပြီလား"
မေးခွန်း?သူရုတ်တရက်ကြောင်သွားတယ်။ဘာမေးခွန်းလဲ...နွေဉီးအရမ်းကို ဟုန် နေပြီမလို့ သူ့ဉီးနှောက်ကကောင်းကောင်းအလုပ်မလုပ်တော့ဘူး။သူတက်နိုင်သမျြှပန်စဉ်းစားကြည့်တာတောင် အဖြေသေးသေးလေးတစ်ခုတောင်ထွက်မလာဘူး။
"မမှတ်မိတော့ဘူးလား...ရပါတယ် ကိုယ်အစကနေပြန်မေးမယ်နော်"
ရုတ်တရက် နွေဉီးရဲ့လက်သူကြွယ်မှာအေးစက်စက်အထိအတွေ့ကိုခံစားလိုက်ရပြီး တောက်ပတဲ့အပြာရောင်​သေးသေးလေးမြုတ်နှံထားတဲ့ လက်စွပ်လေးကသူ့လက်သူကြွယ်မှာနေရာယူသွားတယ်။
"နွေဉီး...ကိုယ့်ကိုလက်ထပ်နိုင်မလား...ကိုယ့်ကိုလက်ထပ်ပါနော်"
မိုးပင်လယ်ရဲ့ အသံက နွေဉီးလေပြေလေးလို တည်ငြိမ်အေးချမ်းနေပြီး ချယ်ရီပန်းလေးလိုနူးညံ့သိမ်မွေ့နေတယ်။အဲ့အသံလေးကပဲနွေဉီးကို ပိုရှက်အောင် ပိုပြီးရင်ခုန်အောင်လုပ်နေတာ...
"ခင်ဗျား ထတော့!..ကျွန်တော်..."
"ကိုယ်ထလို့မရဘူး နွေဉီးအဖြေပြန်ပေးမှထလို့ရမှာ"
"ကျွန်တော့်မှာရွေးစရာအဖြေရှိလား"
"ရှိတယ်.. ရက်စ်နဲ့ခုချက်ချင်းလက်ထပ်မယ် အဲ့၂ခု"
အာ....လုပ်ပြီ...
နွေဉီး ရယ်ချင်ချင်ဖြစ်သွားရတယ်။
"အဲ့ဒါဆို...ကျွန်တော် တတိယတစ်ခုကိုရွေးမယ်"
သူ့စကားကြောင့် မိုးပင်လယ်ကြောင်သွားပြီး "တတိယတစ်ခု?"
"အင်း..တတိယတစ်ခု..ကျွန်တော့်ကိုလက်စွပ်ပေးဉီး..ခင်ဗျားထ"
နွေဉီး အတင်းဆွဲထူတော့မိုးပင်လယ်ကြောင်တိကြောင်တောင်နဲ့ ထလာတယ်။သူကတစ်ဖန် မိုးပင်လယ်ရှေ့မှာ ဒူးထောက်ချလိုက်ပြီး..သွယ်လျတဲ့လက်မှာလက်စွပ်ကိုစွပ်ပေးရင်း မော့ကြည့်ကာ..
"ကိုမိုးပင်လယ်...သေသေချာချာနားထောင်နော်..."
"အင်း..နွေဉီးဘာလုပ်နေတာလဲ"
"ကျွန်တော် ၂ခါပြန်မပြောဘူး"
"လက်ထပ်ခွင့်တောင်းနေတာကိုယ်လေ"
"ကျွန်တော် ၂ခါပြန်မပြောဘူးလို့"
"ဟုတ်ပြီ ဟုတ်ပြီ..ကိုယ်နားထောင်နေတယ်"
"ကျွန်တော် ခင်ဗျားပေးတဲ့ အဖြေ၂ခုလုံးကိုမရွေးဘူး"
"ဟင်!..ဘာဖြစ်လို့..."
"ဒါပေမယ့် ကျွန်တော် ခင်ဗျားနဲ့အတူ ပျော်ပျော်ရွှင်ရွှင် အိုမင်းသွားချင်တယ်။ခင်ဗျားရော ကျွန်တော်နဲ့အတူတူအိုမင်းသွားချင်လား...ခင်ဗျားလက်ခံနိုင်လား"
လူလည်လေး!ဘာများလဲလို့ လန့်သွားတာပဲ။
မိုးပင်လယ်ရဲ့ နှလုံးသားကြီးက ခုန်ထွက်တော့မလိုဖြစ်နေတာမို့ နွေဉီးကိုမတ်တပ်ရပ်စေပြီး တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်ရတယ်။
"လက်ခံတယ်...ကိုယ်တို့အတူတူအိုမင်းသွားကြမယ်...ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့"
နွေဉီးက သူ့ပုခုံးပေါ်ခေါင်းတင်ပြီး ညိတ်လိုက်ရင်း..
"ကျွန်တော် ခင်ဗျားကိုချစ်တယ်!"
"ကိုယ်ကပိုချစ်ပေးမယ်..."
စကားအဆုံးမှာတော့ ကြယ်တွေစုံတဲ့ကောင်းကင်အောက်မှာနူးညံ့တဲ့အနမ်းလေးတွေပွင့်ဖူးလာကြတယ်။တစ်ယောက်နဲ့တစ်ယောက် တင်းတင်းကျပ်ကျပ်ပွေ့ဖက်ရင်း တစ်ယောက်ရဲ့အငွေ့အသက်ကိုတစ်ယောက်ခံစားသက်ယူရင်း....လှပတဲ့ညလေးတစ်ညကိုဖန်တီးရင်း...
ပြီးပါပြီ....
              ကျေးဇူးတင်ပါတယ်ရှင်❤️
____________
နောက်ဆုံးတော့ မေမေချစ်သားလေးပင်လယ်နဲ့သူ့ကိုဘာနေနေချစ်နေတဲ့ဘဲမျက်နှာတစ်ခုပဲသိတဲ့ နွေဉီးတို့ဇာတ်လမ်းလေးcompletedသွားပါပြီရှင့် ပျော်ပေမယ့်ဝမ်းလဲနည်းသလိုပါပဲ..T-T
Semeကို Strongဖြစ်မှကြိုက်တဲ့လူတွေအတွက် ပင်လယ်ကြီးက စိတ်ပျော့လို့ကြိုက်ချင်မှကြိုက်မှာပေမယ့်  Semeဆိုတိုင်းလဲ စထရောင်းမနေဘူးဆိုတဲ့ ဇာတ်ကောင်လေးဖန်တီးခဲ့တာပါ။နွေဉီးကတော့ အချစ်တုံးလေးပေါ့...
ကဲ မရှည်တော့ပါဘူး
Daffodilsကို April-19မှ အပိုင်း(၁)စupdateခဲ့တာခု Nov-11မှာ ပြီးတာဆိုတော့ ၇လနီးပါးကြာခဲ့ပါတယ်။
ongoingလိုက်ဖတ်ပေးတဲ့ ပေါင်ပေ့တို့ကို အရမ်းကျေးဇူးတင်တာပါပဲ...ယူတို့ကြောင့် ကိုယ်အားရှိခဲ့တာ..Commentရေးတဲ့လူတွေ Review ပေးတဲ့ Bididibandidibooကိုလဲကျေးဇူးပါနော်😘
ဘာမှမပေးဘဲဒီတိုင်းဖတ်တဲ့လူတွေကိုလဲ ရှဲရှဲ့နီပါပဲ..
အကုန်လုံးကိုအများကြီးကျေးဇူးတင်ပြီး အရမ်းအားဖြစ်ခဲ့ရတာမို့အရမ်းချစ်ပါတယ်။
နောက်Ficမှာပြန်တွေ့မယ်နော် မမေ့သွားရဘူး...
Extraရှိပါမယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့်❤️
Continue Reading
You'll Also Like
339K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
320K 34.3K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
1.2M 63.7K 50
458K 11K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."