?Daffodils[Complete]

By ScarletV496

339K 21.1K 547

တောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြ... More

အမှာစာမဟုတ်သောအမှာစာသို့မဟုတ်ဝန်ခံချက်
🍁Daffodilsအပိုင်း(၁)တံစက်မြိတ်အောက်က လူနှစ်ယောက်
🍁Daffofilsအပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်
🍁Daffofilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodils အပိုင်း(၄)ဒီခံစားချက်ကဘာလဲဆိုတာမသေချာဘူး
🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရှိခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရြှိခင်း
🍁Daffodils အပိုင်း(၇)အသဲကွဲတယ်ဆိုတာ• • •
🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ
🍁Daffodils အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ
🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ
🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဦးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၃)အစမ်းသပ်ခံကြွက်လေး
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၅)မတရားသဖြင့်ခုန်နေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဦးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဉီးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၇)ဖုံးကွယ်ထားတဲ့ အလွှာ
🍁Daffodils အပိုင်း(၁၈)MaMa Boy
🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး
🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!
🍁Daffodils အပိုင်း(၂၁)ချစ်သူတွေဘာတွေလုပ်ကြလဲ!!
🍁Daffodils အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
🍁Daffodils အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်!!
🍁Daffodils အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၄)နွေဉီးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်
🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!
🍁Daffodils အပိုင်း(၂၇)ရှူး!! တိုးတိုး..
🍁Daffodils အပိုင်း(၂၈)ဗရုတ်သုက္ခနေ့ရက်များ
🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား
🍁Daffodils အပိုင်း(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၂)မှားခဲ့တဲ့လူကကျွန်တော်မဟုတ်ဘူး
🍁Daffodils အပိုင်း(၃၃)အရေးတယူမိတ်ဆက်ပေးစရာမလိုဘူး
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းထူတဲ့ ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းတဲ့ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၅)နာကျင်မှုထက်ပိုတဲ့နာကျင်မှု• • •
🍁Daffodils အပိုင်း(၃၆)ဖုန်တွေအမှိုက်တွေပါတဲ့လေပွေတစ်ခုပဲ!
🍁Daffodils အပိုင်း(၃၇)နာကျင်ရမယ်ဆိုရင်တောင်အတူတူရှိချင်တယ်!
🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!
🍁Daffodils အပိုင်း(၃၉)မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်
🍁Daffodils အပိုင်း(၄၀)နယ်ရုပ်လောက်တောင်သူကအဆင့်မရှိဘူး• • •
🍁Daffodils အပိုင်း (၄၁)အလွမ်း၊စိုးရိမ်စိတ်၊သိမ်ငယ်မှု၊အသေးစားရန်ပွဲ!
🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!
🍁Daffodils အပိုင်း(၄၃)အတိတ်၊အမှန်တရား၊ကွဲကြေနေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၅)ပထမဆုံးနှစ်ယောက်အတူရှိတဲ့ခရစ်စမတ်
🍁Daffofils _Epilogue.1
🍁Daffodils_Epilogue.2
🍁Daffodils_Epilogue.2
🍁Daffodils_Extra.1
🍁Daffodils_Extra.1
🍁Daffodils_Extra.2
🍁Daffodils_Extra.2
🍁Daffodils_Extra.3
🍁Daffodils_Extra.3
🍁Daffodils_Extra.4
🍁Daffodils_Extra.4
🍁Daffodils_Extra.Epilogue
🍁Daffodils_Extra.Epilogue
Announcement For Book

🍁Dafodils_ Epilogue.1

2K 40 0
By ScarletV496

•အပိုင်း(၄၆)Yes or Yap!

ကိစ္စတြွေဖစ်ပြီး၎ရက်လောက်ကြာတော့ ရှယ်ယာဈေးတြွေပန်ငြိမ်သွားပြီး သူ့လက်ထဲမှာ ရှယ်ယာ ၂၅ရာနှုန်းလောက်ရလိုက်တယ်။၂၅ ရာနှုန်းက မနည်းပေမယ့်များတယ်လို့မပြောနိုင်ပြန်ဘူး။သူ့အမေရဲ့ရှယ်ယာပိုင်ဆိုင်မှုက ၃၅ရာနှုန်းရှိပြီး ကုမ္ပဏီတစ်ခုလုံးမှာတော့ ရှယ်ယာအများဆုံးပဲ။ဒါတောင်နဂို ၄၀ရာနှုန်းကနေ ၃၅ရာနှုန်းထိကျသွားတာ။

နောက်သုံးရက်ကြာရင် နှစ်ကုန်တိုင်းလုပ်လေ့ရှိတဲ့ရှယ်ယာရှင်အစည်းအဝေးရှိတယ်။အဲ့အစည်းအဝေးမှာ သူ့အမေထက် ၁ရာနှုန်းလေးပဲများတဲ့ရှယ်ယာပိုင်ဆိုင်မှုရှိရင်တောင် သူကုမ္ပဏီမှာ ရာထူးအကြီးဆုံးဖြစ်ပြီး သူ့အမေကသူ့ကိုဖယ်ပေးရလိမ့်မယ်။အဲ့လိုဖယ်ပေးရတဲ့အတွက်လဲ သူ့အမေကသေချာပေါက် စိတ်ပျော်ရွှင်မှာမဟုတ်ဘူး ဆိုတာသူသိတယ်။

ဒါပေမယ့် စီးပွားရေးလောကရဲ့ဥပဒေက တောနက်ကြီးတစ်ခုရဲ့ဥပဒေနဲ့အတူတူပဲ။ဉီးတဲ့လူစားမယ်..နောက်ကျတဲ့ကောင်ခံပဲ။သူနဲ့သူ့အမေနဲ့ ဒီလိုမျိုး သားရဲဆန်ဆန်ယှဉ်ပြိုင်လာရမယ့်နေ့ရောက်လာလိမ့်မယ်လို့ သူတွေးတောင်တွေးမထားခဲ့ဖူးဘူး။

သူ့အမေက မာနကြီးပြီးထိန်းချုပ်တတ်တဲ့ လူမျိုးဖြစ်တာမို့ သူကသာအသာတကြည်ပေးရင်ပေးမယ် သူများက သူ့ကိုကျောပြီး ယူသွားတာမျိုးဆိုသေချာပေါက် စိတ်ထဲမှာမကျေမနပ်ဖြစ်မှာပဲ။ယူသွားတဲ့လူက သူ့နေရာကိုတစ်နေ့ဆက်ခံရမယ်လို့ပြောတဲ့သူ့သားဖြစ်နေရင်တောင်မှပေါ့...

မိုးပင်လယ်အနေနဲ့က သူသာ ကုမ္ပဏီမှာနေရာရသွားရင် ကုမ္ပဏီ ရဲ့ဥက္ကဌတွေဘာတွေအသာထားလို့ ရလာမဲ့အကြီးမားဆုံးအကျိုးအမြတ်က သူ့အမေရဲ့ထိန်းချုပ်မှုအောက်ကနေ ထာဝရလွတ်မြောက်သွားတာပဲ။သူ့အမေ အတ္တရဲ့အကျဉ်းသားဖြစ်ရတာ နှစ်၃၀ကျော်ကျော်ဆိုလုံလောက်ပြီ။

ခုတော့ လိုနေတဲ့၁၀ရာနှုန်းကျော်ကိုဘယ်လိုလုပ်ရလဲသူအကြံအိုက်နေရတယ်။ဟိန်းထက်လျို့ဝှက်ယူလာပေးတဲ့
ရှယ်ယာရှင်စာရင်းကိုကြည့်လိုက်ရင် သူနဲ့သူ့အမေနီးပါး ရှယ်ယာပိုင်ဆိုင်မှုရှိတဲ့လူတစ်ယောက်ရှိတယ်။ဒါပေမယ့် ဘယ်သူမှန်းလဲမသိရဘူး။သူ့ကိုသူ့ဘက်ပါအောင် လုပ်နိုင်ရင် အဆင်ပြေမှာဆိုပေမယ့် ဘယ်လိုမှတောင်အစဆွဲထုတ်လို့မရဘူးဖြစ်နေတယ်။

လောလောဆယ်တော့အကြီးအကဲအချို့ကို ညစာဖိတ်ကျွေးပြီး အကူအညီတောင်းဖို့စိတ်ကူးထားတာမို့ သူ သူ့မြို့ကိုခဏပြန်ရမယ်။အဝေးကနေအလုပ်လုပ်နေတာကြာပြီမို့ သူ့ကိုယုံကြည်မှုတိုးစေဖို့ ကိုယ်ယောင်သွားပြဖို့စိတ်ကူးနဲ့အတူ မဲဘာန်းကနေထပ်ထွက်သွားရဉီးမှာမို့တစ်ဆက်ထဲ နွေဉီးကိုလွမ်းသွားတယ်။
___________
"အစ်ကို...သားအိမ်ထုတ်ထားတဲ့လူနာရဲ့ဆေးစစ်ချက်ထွက်လာပြီ"

"အင်း...ပြပါဉီး ဘယ်လိုလဲ တေဇ!အစ်ကိုတို့ မှန်းထားသလိုပဲလား"

တေဇက ခေါင်းညိတ်ပြီး စာရွက်အချို့ကို သူ့ဆီပေးတယ်။နွေဉီးဆေးစစ်ချက်တွေကိုကြည့်လိုက်တော့ ထင်တဲ့အတိုင်း ဆီးပိုးဝင်နေတယ်။အဲ့ဒါကြောင့် အဖျားက၉၀/၁၀၀ပတ်ဝန်းကျင်မှာပဲငွေ့ငွေ့ ငွေ့ငွေ့နဲ့ ကြာနေတာ။

ခုလူနာက သားအိမ်ထုတ်ရင်း အနာကျက်သွားတာတောင် အဖျားမကျလို့ ဆေးရုံမဆင်းရတာ ခုဆို ၃ပါတ်ရှိနေပြီ။ပထမတစ်ပါတ်အဖျားမကျကတည်းက နွေဉီးရိုးရိုးဆီးစစ်ပြီးပိုးတွေ့လို့ ပိုးသတ်ဆေးပေးထားပေမယ့် အလုပ်မဖြစ်လို့ ဆီးပိုးမွေးပြီးစစ်ထားတာ။

"လာ..တေဇ အစ်ကိုတို့resultသွားပြောပြရအောင်"

လူနာဆီရောက်တော့ နွေဉီး ဘေးကထိုင်ခုံမှာ သေသေချာချာဝင်ထိုင်ပြီး ဆေးစစ်ချက်တွေတစ်ခုပြီးတစ်ခုကိုထုတ်ပြပြီးရှင်းပြရတယ်။ဆီးပိုးစစ်ထားတဲ့ အဖြေစာရွက်ကို သေချာ ပြရင်း...

"အဒေါ်ခင်ဗျ...ခုကျွန်တော်တို့ ဆေးစစ်ချက်တွေရပြီဗျ...အဒေါ့်အဖျားက ဆီးပိုးဝင်လို့ဖြစ်နေတာ...လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကကျွန်တော်တို့ သွေးရော ဆီးရောပိုးမွေးထားတာလေ ခုအဖြေထွက်လာပြီနော်..."

နွေဉီး အဖြေစာရွက်က စာလုံးတစ်ခုကိုထောက်ပြပြီး...

"ဒီမှာတွေ့လားအဒေါ်..ဒီE.Coliဆိုတဲ့ဘက်တီးရီးယားလေးက အဒေါ့်ကိုဖျားအောင်လုပ်နေတာ...ခုတော့ကျွန်တော်တို့ဖြစ်တဲ့ပြဿနာကိုသေသေချာချာသိပြီဆိုတော့ ဆေးကုရတာလဲပိုလွယ်သွားပြီပေါ့"

လူနာ အဒေါ်ကခေါင်းကိုညိတ်ပြီး သက်ပြင်းချတယ်။သူလဲ ဆေးရုံမှာ တစ်လကိုးသီတင်းနေပြီးတော့ အိမ်မှာနေချင်ရောပေါ့...

"အဲ့ဒါဆို အဒေါ်ဆေးရုံဆက်တက်ရဉီးမှာပေါ့နော်"

"ဟုတ်ကဲ့ခင်ဗျ..ခုကဆေးသောက်ရုံနဲ့မရဘဲ အကြောထဲဆေးသွင်းရမှာမို့လို့ ခုနှစ်ရက်လောက်တော့ တက်ရဉီးမယ်ခင်ဗျ...စိတ်မပူပါနဲ့  ဒီ၇ရက်ဆို ဆေးရုံဆင်းရပြီ"

"ဟုတ်ပါပြီ...ဒေါက်တာလေးရယ်..အဒေါ်လဲဆင်းချင်လှပြီ...ငါ့မလဲ ရောဂါတွေထူပြောလိုက်တာ"

"စိတ်မပျက်ပါနဲ့ ဒီတစ်ပါတ်ဆင်းရပြီ...ဒါပေမယ့် ဒီကြားထဲမှာ ထွေကုဘက်ကိုပြောင်းရမယ်ခင်ဗျ"

နွေဉီး လူနာရဲ့လက်ကိုခပ်ဖွဖွကိုင်ပြီးနှစ်သိမ့်ရင်းတေဇကိုပါတစ်ခါထဲညွှန်ကြားလိုက်တယ်။

"တေဇ...ကိုထက်ကိုဆက်သွယ်ပြီး ဝါ့ဒ်ပြောင်းပေးလိုက်ပါဉီး"

"ဟုတ်ကဲ့"

နွေဉီး ဘာမှထပ်ပြီးလုပ်စရာမရှိတော့တာမို့ရုံးခန်းကိုပဲတန်းပြန်လာခဲ့ပြီး ရုံးခန်းထဲမှာ မိုးပင်လယ်ကိုတွေ့တော့ အံ့သြပျော်ရွှင်သွားရတယ်။ မိုးပင်လယ် ဆေးရုံဆင်းကတည်းကသူတို့ ကိစ္စမျိုးစုံတွေကြောင့်မတွေ့ဖြစ်ခဲ့ကြဘူး။

မိုးပင်လယ်ကိုပြုံးပြပြီးဘေးမှဝင်ထိုင်ရင်း...
"ဘယ်တုန်းကရောက်နေတာလဲ"

"ခုနလေးကပဲ"နွေဉီးမေးခွန်းကိုမိုးပင်လယ်က သူ့ကိုအကြည့်မလွှဲပဲစူးစိုက်ကြည့်ရင်းပြုံးပြုံးလေးပြန်ဖြေတယ်။

"သတင်းထောက်တွေကိုဘယ်လိုရှောင်လာလဲ"

"မရှောင်လာဘူး...ဒီတိုင်းပဲဝင်ချလာတာ"

"ကောင်းတာပဲ!"

"အင်း...ဟုတ်တယ်!" ​မိုးပင်လယ်က နွေဉီးပုခုံးပေါ်ခေါင်းကိုမှီချလိုက်ရင်း..."နွေဉီးနဲ့ခုလိုအတူတူထိုင်နေရတာကောင်းလိုက်တာ.."

"အဲ့လူတွေကမပြန်ကြတော့ဘူးလား"မိုးပင်လယ်ရဲ့ချိုမြိန်မှုတွေကိုမခံစားနိုင်သေးခင် နွေဉီးမကျေမနပ်မေးလိုက်တယ်။

"ကိုယ်တို့၂ယောက်တွဲပုံ မရမချင်းပြန်ကြမှာမဟုတ်ဘူး"

"ဟ!"

နွေဉီး မကျေမချမ်းရေရွတ်လိုက်ပြီး မှီနေတဲ့ မိုးပင်လယ်ကိုတွန်းထုတ်လိုက်တယ်။အဲ့တော့မိုးပင်လယ်က ဟက်ဟက်ပက်ပက်ရယ်ပြီး သူ့ကိုပြန်ဆွဲရင်း..."ကိုယ် စတာပါ သတင်းထောက်တွေကိုကိုယ်ရှင်းလိုက်ပြီးပြီ...သူတို့ဆေးရုံမှာမရှိတာဖြင့်ရက်ပိုင်းလောက်ရှိနေပြီကို သတိမထားမိဘူးလား"

"သေချာလား"

"အင်းပေါ့လို့...ပြီးတော့ခေမီ့ အင်တာဗျုးနဲ့ပတ်သတ်ပြီး ကိုယ်ပြန်ရှင်းပေးရမလား"

"ရပါတယ်...ထားလိုက်အဲ့လိုသတင်းတွေကတစ်ခုပေါ်လာရင် တစ်ခုကအလိုလိုပျောက်သွားတာပဲ...အလွန်ဆုံးတစ်ပါတ်ပေါ့"

"အင်းအဲ့ဒါဆိုလဲ ထားလိုက်မယ်နော်"

"အင်း..."

"နွေဉီး!...ကိုယ်ဒီညအိမ်မှာလိုက်အိပ်မယ်နော်"မိုးပင်လယ်က နွေဉီးလက်ကို ဆွဲယူသွယ်ယှက်ပြီးပြောတယ်။သူတို့လက်နှစ်ဖက်အချင်းချင်းသွယ်ယှက်နေတာမျိုးဆို ဘယ်တော့မှလက်တွဲမဖြုတ်ဘူးဆိုတဲ့ခံစားချက်မျိုးရလို့ နွေဉီးအရမ်းသဘောကျတယ်။

"ဘာဖြစ်လို့!"

"ကိုယ် အလုပ်ခရီးသွားဖို့ရှိလို့ နွေဉီးနဲ့ခွဲနေရဉီးမှာ...အဲ့ဒါကြောင့် ဒီညလိုက်အိပ်မယ်နော်"

"ကျွန်တော်က ဒီညဂျုတီရှိတယ်"

"ရတယ်!အဲ့ဒါဆိုလဲ ကိုယ်ဆေးရုံမှာပဲနေမယ်...ဘယ်မှာဖြစ်ဖြစ်နွေဉီးနဲ့ကပ်နေရရင်ပြီးရော...နော်...နော်"မိုးပင်လယ်ကပြောရင်း သူ့ခေါင်းကိုပါနွေဉီးရဲ့ပုခုံးကြားထဲကို တိုးဝှေ့နေသေးတယ်။

ကျစ်!မိုးပင်လယ်ရဲ့ကောက်ကျစ်စဉ်းလဲမှုက တစ်ဖြေးဖြေးမြင့်တက်လာနေပြီပဲ။နွေဉီးကအဲ့လိုအသံနဲ့အဲ့လိုကပ်ပြောရင် အမြဲတမ်းလိုက်လျောမိတတ်တာကို သိလို့ တမင်လုပ်နေတာ။
ဘေးကနေကလေးတစ်ယောက်လို ကပ်ချွဲနေတဲ့ ကလေးကြီးကို
နွေဉီး ဘယ်လိုဖယ်ချရမလဲမသိတာကြောင့်ဒီတိုင်းပဲငြိမ်ထိုင်နေလိုက်တယ်။

မိုးပင်လယ်က နွေဉီးလက်မောင်းကိုပါးအပ်လိုက် နမ်းလိုက်လုပ်နေပြီး အတန်ကြာတဲ့ထိလွှတ်မပေးမိဘူး။နွေဉီးကလဲ သူ့ကိုတွန်းမထုတ်တော့ဘဲနဲ့ သူ့ရဲ့ဆံပင်လေးတွေကိုသပ်တင်ပေးနေတယ်။သူအမြဲတမ်း နွေဉီးနဲ့ဒီလိုလေး နေလို့ရရင်သိပ်ကောင်းမှာလို့လဲ တွေးနေမိတယ်။သူတို့ တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်ကြဘဲ တစ်ယောက်ရဲ့အသက်ရှုသံကိုတစ်ယောက်နားထောင်ရင်း တစ်ယောက်ရဲ့အနွေးဓာတ်ကိုတစ်ယောက်ကလက်ခံရင်း ငြိမ်ငြိမ်လေးထိုင်နေလိုက်ကြတယ်။
ဒီရက်သတ္တပတ်အတွင်းရှိခဲ့တဲ့အချိန်တွေထဲကဒီအချိန်လေးကအရမ်းကိုပြီးပြည့်စုံတဲ့ အချိန်လေးပဲ...

ခဏနေတော့ မိုးပင်လယ်ရဲ့ဖုန်းကမြည်လာပြီး ခေါ်တဲ့လူနာမည်တော့မပါဘူး။သူ နွေဉီး လက်မောင်းကိုမှီထားရာကနေပျင်းရိပျင်းတွဲနဲ့တည့်တည့်ထိုင်လိုက်ပြီး ဖုန်းကိုကိုင်လိုက်တယ်။

"ဟဲလို..."

"ဉီးမိုးပင်လယ်ပြာလား ခင်ဗျ"

"ဟုတ်ပါတယ်"

"ကျွန်တော်ကခင်ဗျား အဖေခန့်ထားတဲ့ခင်ဗျားရဲ့ပိုင်ဆိုင်မှုရှေ့နေပါ...ဉီးမိုးသစ်လွင်လွှဲအပ်ထားတဲ့ ရှယ်ယာတွေလွှဲပြောင်းဖို့ အဆင်ပြေမလားဆိုတာသိချင်လို့ပါ"

မိုးပင်လယ် အံ့သြပျော်ရွှင်မှုကြောင့် ခန္ဓာကိုယ်ပါတောင့်ခနဲဖြစ်သွားပြီး သူကိုင်ထားတဲ့နွေဉီးရဲ့လက်ဖဝါးကိုပါ အားနဲ့ဆုပ်ကိုင်လိုက်မိတော့ နွေဉီးက သူ့ကိုစာဖတ်နေရင်းလှည့်ကြည့်လာပြီး 'ဘယ်သူလဲ' ဆိုပြီး အသံတိတ်မေးဆတ်ပြီးမေးလာတယ်။
မိုးပင်လယ်စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း..

"ဟုတ်ကဲ့ ကျွန်တော်အဆင်ပြေပါတယ်"

"သြော်...ဟုတ်ကဲ့ခင်ဗျ..အဲ့ဒါဆို ကျွန်တော်တို့ မနက်ဖြန်နေ့လည်လောက်တွေ့ဖို့အဆင်ပြေလောက်မလားခင်ဗျာ"

အာ...ပြဿနာပဲ...
"နေ့လည်?ကျွန်တော်က အခု ရှမ်းပြည်ဘက်ရောက်နေတယ်ခင်ဗျ..."

"ရပါတယ် အဲ့ဒါဆိုလဲ မနက်ဖြန်ညနေလောက်တွေ့လို့ရမလားခင်ဗျ"

"ဟုတ်ကဲ့ "

"အဲ့ဒါဆို မနက်ဖြန်ညနေလောက်ကို အချိန်မှန်းပြီးကျွန်တော်ဆက်သွယ်လိုက်ပါမယ်...ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျ"

မိုးပင်လယ် ဖုန်းကိုပစ်ချလိုက်ပြီး ဘေးကနွေဉီးကို အားနဲ့ဆွဲဖက်လိုက်ရင်းနွေဉီး မျက်နှာကိုပါတစ်နေရာမှမကျန်အောက်နမ်းလိုက်တယ်။နွေဉီးကတော့ ဘုမသိဘမသိနဲ့ ရယ်ရင်း...

"နေဉီး!နေဉီး! ဘာဖြစ်လို့လဲ ဘယ်သူဆက်တာလဲ"

"ရှေ့နေ..."

"ရှေ့နေ့?"

"အင်း...ကိုယ့်အတွက်ဖေဖေလွှဲပေးထားတဲ့ရှယ်ယာတြွေပန်လွှဲပေးဖို့ ဆက်သွယ်တာ"

နွေဉီးကခပ်ဟဟရယ်ရင်း...
"သြော်...အဲ့ဒါနဲ့ပဲ တအားပျော်သွားတယ်ပြောပါတော့"

"အင်းပေါ့လို့..."

မိုးပင်လယ်အဖြေကိုကြားတော့ လဲနွေဉီးက ခေါင်းကိုတစ်ဆတ်ဆတ်ညိတ်ရင်း "ဟုတ်ပါပြီ ဟုတ်ပါပြီ...ခင်ဗျားပျော်တော့ ကျွန်တော်လဲပျော်ပါတယ်" လို့ပြောရင်း အေးအေးသက်သာပဲစာဆက်ဖတ်နေတယ်။သူ နွေဉီးကို အရမ်းသဘောကျတဲ့အချက်တွေထဲမှာ လောဘနည်းပြီး အေးအေးဆေးဆေးနေတာတာလေးကြောင့်လဲပါတယ်။

သူ့ရဲ့ရှယ်ယာပိုင်ဆိုင်မှုထက် သူ့ရဲ့ပျော်ခြင်းမပျော်ခြင်းကနွေဉီးအတွက်ပိုအရေးပါတယ်။နွေဉီးကိုမစွန့်လွှတ်နိုင်ခဲ့တဲ့ သူ့ကိုယ်သူ တောင်အရမ်းချီးကျူးမိတော့တယ်။နွေဉီးလိုလူကိုမှတစ်ဘဝလုံးလက်မတွဲရင် သူကအမိုက်မဲဆုံးလူသားအဖြစ် ထိပ်ဆုံးစာရင်းဝင်တော့မှာ။

ရုတ်တရတ်ကြီး သူ နွေဉီးကို သူ့အပိုင်ဖြစ်အောင်မြန်မြန်လုပ်ထားမြှဖစ်မယ်ဆိုပြီးတွေးလိုက်မိတယ်။ဘယ်အရာမှမတည်မြဲတဲ့ ဘဒ္ဒကမ္ဘာမှာ သူနဲ့နွဉေီးရဲ့အချစ်တွေကိုတော့ တည်မြဲစေချင်တယ်။သူ ဒီလူတစ်ယောက်ထဲနဲ့ပဲ နေ့နေ့ညညဖြတ်သန်းချင်ပြီးနောက်ဆုံး ခေါင်းချရမယ်ဆိုရင်တောင် သူကနွေဉီးနောက်မှခေါင်းချချင်တယ်။နွေဉီးကိုသူမရှိဘဲ အထီးမကျန်စေချင်ဘူး။အထီးကျန်ချင်းကျန်သူဘဲ ကျန်ချင်တယ်...ပြီးတော့ အချိန်ကျလာရင် နွေဉီးဘေးနားမှာဘဲ ထာဝရလဲလျောင်းသွားမယ်။

သူ့အတွေးတွေခိုင်မာသွားတော့ ဆုံးဖြတ်ချက်အဖြစ်ပြောင်းသွားပြီး သူနွေဉီးကိုမေးလိုက်တယ်။

"နွေဉီး!ကိုယ်တို့လက်ထပ်ကြမလား"

စာဖတ်နေတဲ့နွေဉီးက သူ့ကို ဘာတွေလာပြောနေတာလဲ ဆိုတဲ့ရုပ်နဲ့လှည့်ကြည့်ပြီး ပြန်လှည့်သွားတယ်။သူနောက်နေတယ်ထင်နေပြန်ပြီလား မသိဘူး။

ရပါတယ်...သူကကြိုးစားချင်စိတ်အပြည့်ရှိတဲ့ လူငယ်လေးပါ။ပြီးတော့ သူကကိုက်မိပြီဆို ပြန်မလွှတ်တတ်တဲ့ခွေးရူးလိုလူမလို့...အချစ်ရေ...မင်းစောင့်သာနေလိုက်ပါ။သူကတော့ သူလက်ထပ်ခွင့်တောင်းတဲ့အချိန် တစ်ဖြေးဖြေးရဲတက်လာမယ့် နွေဉီး နားရွက်လေးတွေကို မြင်ယောင်နေမိပြီ။

နွေဉီးရဲ့ ပါးလေးကို ဖိကပ်နမ်းလိုက်ရင်း ထရပ်လိုက်ပြီး...

"နွေဉီး...ကိုယ် ခရီးသွားရမယ်...ပြန်လာရင်ခုနကမေးခွန်းကိုပြန်ဖြေရမယ်နော်...ခုဒီကြားထဲမှာ သေသေချာချာစဉ်းစားထားဟုတ်ပြီလား..ကိုယ် ရက်စ်နဲ့လက်ထပ်မယ် နှစ်ခုထဲကတစ်ခုရွေးခိုင်းခဲ့မယ်...နော်အချစ်"

သူ့စကားဆုံးတော့ နွေဉီးက မျက်ခုံးပင့်ရယ်ပြီး...

"အသက်ကဖြင့် မငယ်တော့ဘူး ပေါက်ကရတွေပြောမနေပါနဲ့လား"

မိုးပင်လယ် သူ့စကားကို အရေးလုပ်မခံရပေမယ့် သူ့စိတ်ထဲမှာတော့ ယုံကြည်ချက်အပြည့်ရှိနေတယ်။ခုလောလောဆယ်တော့သူကမျက်လုံးတောင်လှန်ကြည့်မခံရပေမယ့်လို့ပေါ့...

သူ နွေဉီးပုခုံးကိုလှုပ်ပြီး..
"အင်းပါ မပြောတော့ဘူး ...နွေဉီးရေ...ကိုယ့်ကို နမ်းပါဉီး...ကိုယ်ခရီးသွားရမှာလေ"

မိုးပင်လယ်က အနမ်းတောင်းနေတော့ နွေဉီး ရှက်တက်တက်လေးဖြစ်သွားရတယ်။မိုးပင်လယ်ရဲ့ မျက်လုံးတွေကတော့ မျှော်လင့်ချက်ကြောင့် ကြယ်တွေတောင်ဖြစ်နေပြီ။နွေဉီး ရှက်ဝဲဝဲနဲ့ လည်ပင်းကိုပွတ်လိုက်ပြီး...

"ခု?ဆေးရုံကြီးမှာလေ.."

"အင်း ကိုယ်ကခုပဲသွားတော့မှာလေ...လုပ်ပါ...နော်"

လုပ်ပြန်ပြီ!အဲ့လိုလုပ်တာကိုရပ်လိုက်တော့လို့။
နွေဉီး အသက်ကိုဝအောင်ရှုလိုက်ပြီး အားတင်းလိုက်တော့ အဲ့ပုံကိုပဲ မိုးပင်လယ်က ကြည့်ပြီးရယ်ပြန်တယ်။

"နွေဉီး...ဖျတ်ခနဲလေးနမ်းတာကို အဲ့လောက်ထိအရှိန်ယူစရာလိုလို့လား"

လိုတာပေါ့..ကျွန်တော်ကခင်ဗျားလို ရှက်ကြောပြတ်မနေဘူး။
ပြီးတော့ လူမြင်ကွင်းမှာ နမ်းတယ်ဆိုတာက အင်း...နည်းနည်း...

"နွေဉီး မနမ်းချင်လဲကိုယ်ပဲနမ်းလိုက်ပါမယ်နော်..."
မိုးပင်လယ်က ပြော​ရင်းနဲ့ကို သူ့နှုတ်ခမ်းကိုဖိကပ်ထားပြီးသားဖြသားဖြစ်နေပြီ။နွေဉီးရှက်လို့ မျက်လုံးကို ဖိပိတ်ထားလိုက်မိပြီး သူ့နှလုံးခုန်သံကလဲ Rockသီချင်းထဲက ဒရမ်သံလိုမျိုး ဆူညံပေါက်ကွဲနေတော့တယ်။တစ်ကိုယ်လုံးလဲ ပူရှိန်းတက်လာပြီး ခြေထောက်ကမြေကြီးနဲ့လွတ်ချင်ချင်တောင်ဖြစ်နေတယ်လို့ခံစားနေရတယ်။

မိုးပင်လယ်က သူ့နှုတ်ခမ်းကို လျှာဖျားလေးနဲ့သပ်လိုက်ပြီး..

"ကိုယ့်ကိုကျေးဇူးမတင်နဲ့နော်..ရတယ် ဒီတိုင်းနွေဉီးမို့ကူညီပေးတာ"

မိုးပင်လယ်စကားကြောင့် နွေဉီးမရယ်ဘဲမနေနိုင်တော့ဘူး။

ရယ်နေတဲ့ နွေဉီးကိုမိုးပင်လယ်ကသူ့ရင်ခွင်ထဲဆွဲသွင်းပြီးခေါင်းလုံးလုံးလေးကိုနမ်းလိုက်ရင်း...
"ကိုယ်သွားတော့မယ်နော်"

"အင်း...အဲ့ဒါပြောနေတာ ခင်ဗျားအကြိမ်တစ်ရာလောက်ရှိနေပြီ"

"ဟားဟား...ဒီတစ်ခါတော့တကယ်သွားပြီ။ဟိန်းထက်လဲရောက်နေပြီ"

"ကျွန်တော်လိုက်မပို့တော့ဘူး.."

"ဘာဖြစ်လို့လဲ"

"ဒီတိုင်း...ခင်ဗျားထွက်သွားတာကိုမြင်ရတာ ပိုလွမ်းလို့"

မိုးပင်လယ်ကတော့ သူ့အဖြေကိုကြားတော့ ပြုံးကျသွားပြီး ထုံးစံအတိုင်းလှည့်ကြည့်လှည့်ကြည့်နဲ့ထွက်သွားရင်း တစ်ဖြေးဖြေးသူ့မြင်ကွင်းထဲကပျောက်သွားတယ်။နွေဉီး စားပွဲခုံမှာပြန်ထိုင်ပြီး ဖတ်လက်စ စာကိုပြန်ဖတ်တော့ စာထဲကိုလုံးဝအာရုံစိုက်လို့မရတော့ဘူး။

သူခုကတည်းက မိုးပင်လယ်ကိုလွမ်းနေမိပြီ။ဆိုးလိုက်တာ....
လက်ထပ်မယ်ဆိုတာကရော တကယ်ပြောနေတာလား...တွေးရုံနဲ့တင်နွေဉီးနားရွက်ဖျားတွေပူတက်လာပြီးမျက်နှာတွေပါထူအမ်းလာတော့တယ်။

ကိုမိုးပင်လယ်...ခင်ဗျားအဲ့လိုမစသင့်ဘူး!
_______________
မိုးပင်လယ်ဆီရှယ်ယာတွေလွှဲပြီး နောက်တစ်နေ့မှာပဲ ရှယ်ယာရှင်အစည်းအဝေးစတယ်။သူတို့ဘယ်လိုမှအစရှာလို့မရတဲ့ရှယ်ယာရှင်ဟာ သူ့အဖေဖြစ်နေပြီး အဲ့ရှယ်ယာတွေက သူ့ဆီကိုလွှဲလိုက်တော့ သူက ရှယ်ယာ ၃၇ရာနှုန်းနဲ့ ရှယ်ယာအများဆုံးဖြစ်သွားတယ်။

သိသိသာသာပျက်ယွင်းနေတဲ့ မျက်နှာထားနဲ့သူ့အမေကို မိုးပင်လယ် သဘောတကျပြုံးပြီးကြည့်နေလိုက်တယ်။ကုမ္ပဏီမှာကတော့ သူတို့သားအမိနှစ်ယောက်ပေါင်း ၇၂ ရာနှုန်းရှိတာကြောင့် အများပိုင်ကုမ္ပဏီနဲ့တောင်သိပ်မတူတော့ဘူး။ဒါပေမယ့် သူ့အမေရဲ့စိတ်ထဲမှာဘယ်လောက်ထိ မကျေမချမ်းဖြစ်နေလိမ့်မလဲဆိုတာ သူ ခန့်မှန်းကြည့်လို့ရတယ်။

ခုတော့ ဥက္ကဌကြီး ဒေါ်မြရတနာကနေ ဥက္ကဌကြီးမိုးပင်လယ်ပြာ ဖြစ်သွားပြီမို့ သူ့ကိုထီးနန်းပလ္လင်လွှဲပေးရတော့မှာပါ။
ရှယ်ယာရှင်တွေကလဲ သူ့ကို အားရဝမ်းသာလက်ခံကြပြီး အချို့က သူ့အဖေအုပ်ချုပ်စဉ်ကတည်းကလက်တွဲခဲ့ကြသူတြွေဖစ်တယ်။လူငယ်တစ်ယောက်က အုပ်ချုပ်တာပိုကောင်းမယ်လို့စိတ်ကူးမိကြတာကြောင့်လဲ ပါမှာပေါ့။

ညရောက်တော့ သူအိမ်ကိုသွားလိုက်ပြီး သူ့အမေနဲ့သွားတွေ့လိုက်တယ်။သူအိမ်ထဲရောက်တော့ ဒေါ်မြရတနာက မျက်လုံးလေးပဲလှန်ကြည့်ပြီး သာမာန်အတိုင်းလေးပဲ ဖတ်လက်စစာအုပ်ကိုဆက်ဖတ်နေတယ်။သူ့ကိုမတောင်းပန်ဘူးဆိုရင်တောင် အားနာစိတ်လေးနည်းနည်းရှိသင့်တယ်လို့ မိုးပင်လယ်ထင်တာကြောင့် စိတ်ထဲမှာ တင်းမာမှုတြွေပန်အစပြုလာတယ်။

ဒေါ်မြရတနာနဲ့ မျက်နှာချင်းဆိုင်ခုံမှာမိုးပင်လယ်ဝင်ထိုင်လိုက်
ပြီး...
"ကျွန်တော့်ကို ဂုဏ်ပြုစကားတောင်မပြောတော့ဘူးလားမေမေ"

သူ့ရဲ့ခပ်ထေ့ထေ့စကားဆုံးတော့ သူ့အမေကဖွဖွပြုံးပြီး ဖက်လက်စစာမျက်နှာကစာရွက်ကိုသေးသေးလေးခေါက်ပြီး ပိတ်လိုက်တယ်။ပြီးတော့ သူ့ကိုတည့်တည့်ကြည့်ပြီး...

"ဂုဏ်ယူပါတယ်...နောက်ဆုံးတော့ မင်း မေမေ့ခြေရာနင်းနိုင်ပြီပဲ...မေမေလဲအသက်ကြီးတော့ အနားယူရမယ့်အချိန်ရောက်နေပါပြီ"

မိုးပင်လယ်ခေါင်းတဆတ်ဆတ်ညိတ်ရင်း.."တောင်းရော မတောင်းပန်တော့ဘူးလား"

ဒေါ်မြရတနာက နားမလည်သလိုမျက်မှောင်ကြုံ့ပြီး..

"ဘာကိုတောင်းပန်ရမှာလဲ...ဘယ်သူ့ကိုလဲ"

"ကျွန်တော့်ကိုလေ...ပြီးတော့ ဖေဖေတို့ကိုရောပဲ"

"ဘာဖြစ်လို့!"

"ထားလိုက်တော့ မေမေ့လိုလူဆီက ကျွန်တော်ကဘာတွေမျှော်လင့်နေမိတာလဲ...မေမေကမေမေ့အတွက်ကလွဲပြီး ဘယ်သူ့အတွက်ကိုမှ ထည့်မတွက်ခဲ့ဖူးဘူးမလား...

မေမေ့ကိုသားတစ်ယောက်အနေနဲ့အကြံပေးမယ်နော်...တောင်းပန်စရာအကြောင်းရှိရင်တောင်းပန်လိုက်တာအကောင်းဆုံးပဲ...နို့မို့ဆိုတစ်ယောက်ထဲဘေးရောက်ပြီး အထီးကျန်လာလိမ့်မယ်။ကျွန်တော်ကတော့ မေမေ့သားဆိုတော့ တက်နိုင်သမျှတော့ ဂရုစိုက်မှာပါ။"

ဒေါ်မြရတနာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်။သူလဲ သူမှားမှန်းသိပေမယ့် မှန်တယ်လို့လဲထင်နေတုန်းပဲ...သူလုပ်ခဲ့တာ သူ့သားကိုသူ့ဘေးကထွက်မသွားအောင် လှည့်ကွက်လေးသုံးခဲ့ရုံပဲရှိတာ...အမေတစ်ယောက်အနေနဲ့ သူ့မှာအဲ့လောက်တော့ လုပ်ပိုင်ခွင့်ရှိတယ်လို့သူထင်တယ်။

"ကျွန်တော် လက်ထပ်တော့မယ် မေမေ...နွေဉီးနဲ့ပဲ...အဲ့ဒါမေမေ့ကိုအသိပေးတာ"

"နွေဉီးဧရာနဲ့ဆို ခွင့်မပြုဘူးလို့ပြောခဲ့ပြီးသားပဲ"

"ရတယ်!ခွင့်မပြုလဲရတယ်...မေမေခွင့်ပြုတာမပြုတာကျွန့်တော့်အတွက်မလိုဘူး မေမေသိအောင်ပဲပြောပြတာ...ကျွန်တော့်လိုလူကိုနွေဉီးလက်ခံပေးတာတောင် ကျွန်တော်ကံကောင်းနေပြီ"

"နေစမ်းပါဉီး!ဘာတွေများအဲ့လောက်တောင်တော်နေကောင်းနေလို့လဲ နွေဉီးဧရာက...မင်းထက်ချမ်းသာနေလို့လား"

"နွေဉီးကချမ်းသာစရာမလိုပါဘူး ကျွန်တော်ချမ်းသာနေရင်ရပြီပဲ...အဓိကအချက်က နွေဉီးကြောင့်ကျွန်တော်ပျော်ရတယ် ဘေးမှာဒီတိုင်းလေးရှိနေရုံ သူ့ရဲ့ဖြစ်တည်နေမှု လေးကတောင်ကျွန်တော့်ကိုပျော်ရွှင်စေပြီး စိတ်လုံခြုံမှုပေးတယ်...ကျွန်တော် အဲ့လောက်လေးပဲလိုတယ်...ကျွန်တော်သွားပြီ ဟိုတယ်မှာပဲအိပ်လိုက်မယ်"

မိုးပင်လယ်ကပြောပြီးတာနဲ့ချက်ချင်းထပြန်သွားတယ်။တစ်ဖြေးဖြေးဝေးဝေးသွားတဲ့ မိုးပင်လယ်ရဲ့နောက်ကျောကိုလှမ်းကြည့်နေရင်းဒေါ်မြရတနာရဲ့ရင်ထဲမှာတော့ခံစားချက်တွေစုံလင်ပြီး တစ်ဆို့ဆို့ကြီးခံစားနေရတယ်။သူ့အမှားကိုတောင်းပန်ချင်ရင်တောင် တစ်သက်လုံးဘယ်သူ့ကိုမှဉီးမညွှတ်ခဲ့တဲ့ သူ့မာနက လက်မခံဘူးဖြစ်နေတယ်။

အရင်အချိန်တုန်းကတော့ သူ့ရဲ့မာနဟာ သူ့အတွက် အကာအကွယ်၊ခွန်အား၊လက်နက်၊မိတ်ဆွေ တြွေဖစ်ခဲ့ပေမယ့် ခုချိန်မှာတော့ သူ့ရဲ့မာနကသူ့ကိုအထီးကျန်အောင်ဖန်တီးပေးတဲ့အရာပဲ။မာနကြောင့်ပဲ သူအထီးကျန်နေခဲ့တာ...သူသိပေမယ့်သူအဲ့မာနကိုပဲဆက်ဖက်တွယ်နေမိတုန်းပဲ။

Continue Reading

You'll Also Like

327K 8.1K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
179K 21.4K 48
အို....ဤအချစ်များရယ် ဘာကြောင့် ဆုံဖို့ခက်ရတယ်(Zaw and Uni)
416K 15.9K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
6.1K 184 24
[Unicode] ဝိုင်ဟာ ပြင်းရှရှ ဝီစကီအရသာတွေထက် တဖြည်းဖြည်းနှင့် ခပ်ရေးရေးကလေး ယစ်မူးဖွယ်ရာအတိ။ [Zawgyi] ဝိုင်ဟာ ပြင်းရှရှ ဝီစကီအရသာတွေထက် တဖြည်းဖြည်းနှင...