ရုံးဆင်းချိန်ရောက်တော့မှာမို့ ၀န်ထမ်းတွေ ခေါင်းမဖော်အားပဲ အလုပ်ရှုပ်နေကြချိန် ရုံးထဲ နေကာမျက်မှန်တစ်လက် နဲ့ ပျာယိပျာယာလျှောက်လာသော CEO ကိုတွေ့လိုက်ရတာကြောင့် အမြင်များ မှားသလားဟု ဇဝေ ဇဝါ ဖြစ်ကုန်ကြတော့သည် ။
မနေ့က မနက်ပဲ flight နဲ့ထွက်သွားတာလေ...ဘယ်လို ဖြစ်လို့ ဒီနေ့ ရုံးကိုပြန်ရောက်လာတာလဲ?
ကြည့်လိုက်တော့လဲ ဘယ်သူ့ကိုမှ အဖတ်မလုပ်ပဲရုံးခန်း ထဲ ဆီ တန်းနေအောင် လျှောက်သွား
တော့တာပဲ...၀န်ထမ်းလေးတွေခမျာ ဘာမှလိုက်မမှီနိုင်အောင်ရှိပေမယ့် CEO အကြီးပြန်ရောက်လာတာမို့ ကြိတ်၀မ်းသာနေရတော့သည်။CEO ပိစိက ကြောက်ဖို့ကောင်းတယ်...
သူတို့ကို ဘာမှမလုပ်ဘဲနဲ့ဆိုပေမယ့် ဘာမှ မလုပ်ဘဲနဲ့ကို ကြောက်ဖို့ကောင်းနေတာ...
မိုးဖနား ကတော့ ရောက်တာနဲ့ ရုံးခန်းဆီ တန်းတန်းမတ်မတ် လျှောက်သွားပြီး တံခါးကို ဆွဲ ဖွင့်လိုက်တာနဲ့ သူ့ဘေဘီ ကိုအရင်ရှာမိသည်။
ကျွန်း သည် မှန်ပြင်ဖြင့်ကာရံထားသော ပြတင်းကျယ်ကြီးဘက်လှည့်ကာ ရပ်ကြည့်နေရင်း ခွင့်မတောင်းဘဲ တံခါးဖွင့်သံကြားလိုက်ရတာကြောင့် ဆတ်ခနဲ လှည့်ကြည့်လိုက်ပေမယ် မထင်ထားသော လူကို တွေ့လိုက်ရတာမို့ ပါးစပ်အဟောင်းသားဖြစ်သွားရတော့သည်။
နှုတ်ခမ်းကိုတင်းတင်းစေ့ပိတ်ထားကာ တည်ကြည်နေသော မျက်နှာဖြင့် မ်ိုးဖျသည် စကားတစ်ခွန်းမဆိုဘဲ သူ့ဆီ တန်းတန်းမတ်မတ် လျှောက်လာတော့သည်။
"ဘယ်..ဘယ်လို.."
စကားပင်မဆုံးလိုက် ခါးကိုဆွဲပွေ့ကာ ငုံ့နမ်းလာတော့တာမို့ မျက်လုံးတို့ပင် မှိတ်ခနဲ...
ရင်ဘတ်က အင်္ကျီစကိုဆုပ်ကိုင်ထားလိုက်ရင်းပြင်းပြင်းရှရှ အနမ်းတွေကို အမှီလိုက်ဖို့ကြိုးစားနေရသည်။
"ခဏ..အု..ခဏလေး.."
အတင်းကုန်းနမ်း နေတဲ့ ခန္ဓာကိုယ်ကြီးကို ကျွန်းအတင်းတွန်းဖယ်ရင်း အမြန်မေးခွန်းထုတ်ရသည်။
"ဘာလို့ ပြန်လာတာလဲ?မနက်ဖြန်မှ ပြန်လာရမှာ မဟုတ်ဘူးလား?"
မျက်လုံးလေးတပြူးပြူးနဲ့ မေးနေသော ကျွန်းကို ပွေ့ချီလိုက်ကာ ဆိုဖာပေါ်တင်လိုက်ရင်း
ခြေအိတ်စွပ်ထားသည်ကို ဆွဲယူကြည့်လိုက်သည်။ ပို့လာတဲ့ ပုံထဲက အတိုင်းပဲ သွေးခြေဥ အနီကွက်လေးကခြေသန်းထိပ်မှာ နေရာယူလို့...
မိုးဖျားကဘာမှလဲ မပြောဘဲ အလုပ်စားပွဲ အံဆွဲထဲမှာရှိနေတဲ့ ဆေးပုလင်းလေးကို သွားယူကာ ဖွဖွ လိမ်းပေးသည်။
ကျွန်းမှာသာ ဦးနှောက်ကို မြန်မြန် အလုပ်ပေးရင်း...
"နေ..နေပါဦး..အခု ဒီဟာ အတွက်နဲ့ ဂျပန်ကနေအလုပ်တွေပစ်ပြီး ပြန်လာခဲ့တာလား? မဟုတ်ဘူးမလား ?"
"ဘာအတွက်ရှိရဦးမှာလဲ?"
"ဟင် ခင်ဗျားရူးနေလား? ခြေထောက်ဖြတ်ပစ်ရတာလဲ မဟုတ်ဘဲနဲ့...အလုပ်က အရေးကြီးတာမဟုတ်ဘူးလား?"
တကယ်ပါပဲ...အံ့ဩရလွန်းလို့ ဘာပြောရမှန်းပင်မသိတော့ပေ...အဲ့လိုမှန်းသိ ဓာတ်ပုံရိုက်ပြီး မပို့လိုက်ပါဘူး...
ချက်ချင်းကို flight နဲ့ရောက်ချလာတယ်..
ဘဲကြီးက သောက်ကျိုးနည်းလောက်အောင်ပင် ကိုယ့်ကို ချစ်တာလား?
သေချာဆေးလိမ်းပေးပြီးတာနဲ့ ခြေအိတ်ပြန်၀တ်ပေးတာအထိဂရုတစိုက် လုပ်ပေးနေသော ဘဲကြီးက ကြည့်လေ ပစ်ကြွေ ချင်စရာကောင်းလေ ဖြစ်သည်။
ကိုယ့်ကို ဂရုစိုက်ပေးနေတာကို ယုန်ပေါက်လေးလို သဘောတကျခံယူနေတုန်း ရုံးခန်းတံခါးကိုဖွင့်ကာ ၀င်လာသော ဟိန်းမင်းသူကြောင့်ကြည်နူးနေတာလေးပင်ပျောက်ပျယ်သွားရတော့သည်။
"မင်း ဘယ်လို ဖြစ်လို့ နှစ်ရက်နဲ့ပြန်လာရတာလဲ?"
ရောက်တာနဲ့ အပြစ်တင်သံက စီ ခနဲ...မိုးဖျားသည် ကြမ်းပြင်ပေါ် ဒူးချထိုင်နေရင်းကနေ ခပ်မတ်မတ်ထလိုက်ကာ....
"ကလေး ချော်လဲ လို့ "
" သူ ချော်လဲတာ ဆေးရုံရောက်နေတာလဲ မဟုတ်ဘဲ ချက်ချင်း Flight နဲ့ပြန်လာရအောင်မင်းကိုမင်း မာဖီးယားများ မှတ်နေလား?"
ဟိန်းမင်းသူ ဆူပူနေတာကို ရုပ်တည်ကြီးနဲ့ ငြိမ်ခံနေတဲ့ မိုးဖျားပုံစံက အောင့်သက်သက်...
ကျွန်းသည်လဲ ဆိုဖာပေါ်ငုတ်တုတ်လေးထိုင်ကာ ငြိမ်နေရသည်။
"ငါက နှစ်ရက်နဲ့ ပြန်လာပါပြောတော့ အလုပ်က မင်းပထွေး မဟုတ်ပါဘူးဆို !! အလုပ်အကြောင်းနားမလည်ဘူးလားဆို "
မိုးဖျား မကြားသည့်နှယ် ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်နေပုံက အသဲယားစရာပင်...
"ဟို ပိစိလဲ ဘာထူးလဲ? လက်မှတ်လေးထိုးပေးပါဆိုတာကို နေ့ရွေ့ ညရွေ့ နဲ့ ! ရုံးလာပြီး ဂိမ်းဆော့မယ် စားမယ် အိပ်မယ် ...ကလေး မို့ မသိဘူးဆိုရင်တောင် လူကြီး ကထိန်းမယ်မရှိဘူး သူကပါ အလိုတူ အလိုပါ flight နဲ့ တောင် ချက်ချင်းဆင်းချလာတယ် !ဟူး.."
CEO မိုးဖျား ခမျာမန်နေဂျာထံမှဆူခံနေရသော်ငြား ကိုယ့်အပြစ်နဲ့ကိုမို့ ရုပ်တည်ကြီးနဲ့ငြိမ်နေရပေမယ့် နဂိုစွာတဲ့ CEO ပိစိကတော့ မျက်တောင်တခတ်ခတ်ဖြင့်...
"ဘာလို့ ဘာလို့ ကျွန်တော့် ဘဲကြီးကို ဆူနေရတာလဲ?ကိုဟိန်းမင်းသူ က ရည်းစားမရှိလို့ နားမလည်တာလေ..ဘဲကြီးက စိတ်ပူလို့ ပြေးလာတာကို
မဆူပါနဲ့ !"
"စိတ်ပူလို့ အလုပ်တွေပစ်ပြီးပြေးလာရအောင်
မင်းက တအားအသဲအသန် ဖြစ်နေလို့လား?တော်ပြီ တော်ပြီ !ငါ အခုပဲ အလုပ်ဆင်းတော့မယ်..ကျန်တဲ့ အလုပ်တွေကို ဒီည အပြီးလုပ်ထားကြ..မနက်ဖြန် မနက်အလုပ်လာတာနဲ့ အကုန်ပြီးတာကို မြင်ချင်တယ် ! ကြားလား မိုးဖျားထက်ဘုံ.."
"မဟုတ်..မဟုတ်သေးဘူးလေ..နေပါဦး.."
ဒေါနဲ့မောနဲ့ ထွက်သွားသော ဟိန်းမင်းသူကို မျက်လုံးတပြူးပြူးနဲ့ကြည့်နေရုံမှအပ တားခွင့်မရှိလိုက်..
အခုမန်နေဂျာက CEO ကို အလုပ်တွေ ခိုင်းခဲ့ပြီး သူက အိမ်ပြန်နားမယ် ဆိုလိုတာလား?
မဟုတ်သေးဘူးလေ..ဒီမှာ ဘေဘီလေးနဲ့ ဒီည
ချစ်ကြည်နူး တစ်တီတူးမို့လေ..
အဲ့လို ပြစ်ဒဏ်ပေးလို့ရရိုးလား?
မိုးဖျားနဲ့ ကျွန်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဟီး ခနဲ ပြိုင်တူရယ်မိလိုက်ကြတော့သည်။နှစ်ယောက်အတူတူ တစ်စုံတစ်ယောက်ဆီမှာ ဆူခံလိုက်ရတာ ဒါပထမဦးဆုံးပဲ..
...........🌼
မပြီးပြတ်သေးသော အလုပ်ကိစ္စတွေကို ဒီည အပြီးလုပ်ရန် ဟိန်းမင်းသူကတာ၀န်ပေးသွားသဖြင့် ည ခုနှစ်နာရီ ထိုးနေသည့်တိုင် အိမ်မပြန်ရဘဲ ခေါင်းမဖော်တမ်းလုပ်နေရသည်။
သို့သော်..
ထိုသို့ ခေါင်းမဖော်တမ်းလုပ်နေသူက အိုဗာဒိုင်ကြေးပေးခံထားရသော ၀န်ထမ်းလေးတွေ ပင်ဖြစ်သည်။ CEO မိုးဖျားက သူတို့ကိုအိုဗာဒိုင်ကြေးပေး၍ မန်နေဂျာ ထံမှ အဆူမခံရအောင် အလုပ်တွေအပြီး လုပ်ခိုင်းထားသည်။
ထိုသို့ ညဆိုင်းထိ ပိုဆင်းရတာအကြောင်းမဟုတ်...အကြောင်းမှာ CEO ပိစိ၏ သူ့ဘဲကြီးအပေါ် ချွဲအီနေမူမှာ အကြောင်း ဖြစ်နေသည်။ ရုံးခန်းထဲလဲ မဟုတ်ဘဲ ၀န်ထမ်းတွေအလုပ်လုပ်နေသော Room ထဲမှာ အတူတူလာထိုင်နေကြတော့ ၀န်ထမ်းလေးတွေခမျာ အသက်ဖြောင့်ဖြောင့်မရှုရဲ...
"ကျွန်တော်က အလုပ်မလုပ်တာမှမဟုတ်တာ..
ခဏလေးပဲစောင့် လို့ပြောတာကို ကိုဟိန်းမင်းသူက ဒေါသတွေ ထွက်သွားတာသိလား?"
"အင်း.."
"အလုပ်ကမပြီးသေးဘူးလား? အိပ်ချင်နေပြီ"
ခပ်အီအီထွက် ပေါ်လာတဲ့အသံလေးကြောင့် ၀န်ထမ်းတွေ၏ လက်တွေက စက်တပ်ပေးလိုက်သည့်နှယ် အရင်ကထက် နှစ်ဆလောက် အရှိန်မြန်သွားကြသည်။ သူတို့ CEO ပိစိလေးအိပ်ချင်နေပြီ ဆိုတော့ အမြန် ပြီးမှ ဖြစ်တော့မည်။
အချိန်အားဖြင့်အရမ်းနောက်မကျသော်လည်း အီလေးလေး ဖြင့် မှေးစင်းနေပြီ ဖြစ်တာကြောင့် မိုးဖျားပေါင်ပေါ် ခေါင်းတင်စေ
လိုက်ပြီး အိပ်ခိုင်းလိုက်သည်။ ၀န်ထမ်းလေးတစ်ယောက်ကို စောင်ပါး တစ်ထည် ယူခိုင်းလိုက်ပြီး ကိုယ် ပေါ်လွှားခြုံပေးပြီး နောက်မကြာမှီမှာပင် တရှူးရှူးနှင့် အိပ်မောကျသွားတော့သည်။
ည ကိုးနာရီ ထိုးကာနီးမှ အားလုံးလက်စသတ်ပြီးတာကြောင့် အသီးသီးအိမ်ပြန်ရန်ပြင်လိုက်ကြစဉ်...မိုးဖျားလဲ ကျွန်းကိုယ်လုံးလေးကို ပွေ့ချီလိုက်သည်။ ခြုံထားသော စောင်နဲ့အတူ ပွေ့လိုက်တာကြောင့် စောင်ထုပ်လေးကိုပွေ့ချီထားသည့်နှယ် ကျွန်းကို မမြင်ရပေ....
၀န်ထမ်းမလေးတစ်ယောက်သည် CEO ၏ Laptop နှင့် အိတ်တို့ကိုကူသယ်ပေးရင်း အစ်ကိုလေး၏ တစ်စွန်းတစ်စထွက်ပေါ်နေသော မျက်နှာလေးကိုလှမ်းကြည့်မိသည်။
CEO လက်ထဲမှာကျ အစ်ကိုလေးက အပြစ်ကင်းတဲ့ယုန်ဖြူလေးလိုပဲ..နူးနူးညံ့ညံ့ကို၀ပ်ဆင်းနေတော့တာ...နှင်းဥလေးလို ဖြူဖြူအုအု ကလေးဖြစ်သည် ။
ကားထဲသေချာ၀င်ထိုင်ပြီးမောင်းထွက်သွားတဲ့အထိအစ်ကိုလေးက မနိူးပေ....
.............🌼
ဒီနေ့က ကျွန်း၏ မွေးနေ့ဖြစ်သည်။
မွေးနေ့ဟူသည် သာမန်ရက်များကဲ့သို့ပင် ပြီးဆုံးသွားတတ်သော ကျွန်းအဖို့ ဒီကနေ့ အတွက်လဲထူးထူးခြားခြားရင်ခုန်မနေပါပေ....
မနက်အိပ်ယာထလာသည်နှင့် မိုးဖျား နှင့် ကလူကျီစယ်ကြပြီး မ်ိုးဖျားက နဖူးမို့မို့အား ခပ်ဖွဖွ နမ်းရင်း Happy Birthday ဟု ဆုတောင်းပေးသည်။
ထိုမျှ နှင့် လုံလောက်သွားပြီ ဖြစ်တာမို့ ကျွန်းအနေနှင့် ဘာမှ ထွေထွေထူးထူး တောင်းဆိုထားခြင်းမရှိပါပေ....
ယခု လဲ မိုးဖျားက ရုံးသွားပြီ ဖြစ်ပြီး ကျွန်းက အိမ်မှာကျန်နေခဲ့တာ ဖြစ်သည်။ အိမ်မှာတစ်ယောက်ထဲ ရှိနေရင်း ကျွန်းအ၀တ်လျှော်ရန်တွေး ထား၏။
အိမ်မူကိစ္စ ဘာမှ မလုပ်သော ကျွန်းအ၀တ်လျှော်မည် ဆိုလျှင် အံ့ဩ သွားလောက်ကြပေမယ့် တကယ်လဲ စက်နဲ့လျှော်ရုံပင် ဖြစ်သည်။
မွေး နေ့မတိုင်ခင် မိုးဖျား ဘက်က ဘာလုပ်ချင်လဲ ဘညာ မေးလာသော်လည်း ဒီလို နေ့မှာတော့
သူ့အလုက်နဲ့သူသာ နစ်မွန်းနေသည်။ သို့ပေမယ့်
ကျွန်းဘက်က အထူးတလည် အပူမတိုက်ချင်ပါပေ....
နေ့လည်ပိုင်းရောက်တော့ မိုးဖျားထံမှ ဖုန်း၀င်လာတာမို့ ကျွန်းနေ့လည်စာစားရင်း ပြေးကိုင် ရတော့သည်။
"ငယ်ရေ....အခုဘာလုပ် နေတာလဲ ?"
"ကျွန်တော် နေ့လည်စာစားနေတာလေ..ဘာလို့လဲ?"
ထမင်းသုတ်ကို ပလုတ်ပလောင်းစားရင်း ကျွန်းမေးခွန်း ပြန်ထုတ်လိုက်မိသည်။ မိုးဖျားက အလုပ်ရှုပ်နေပုံရယုံမက ကျွန်းကိုပါ အလုပ်ခိုင်းလာသည်။ မိုးဖျားနှင့် မိတ်ဆွေ Company
သို့ စာချုပ်တစ်ခု သွားယူပေးရန်ဆိုလာ၏။
"ခင်ဗျားရုံးကလူတွေကိုခိုင်းလေ"
"အရေးကြီးတဲ့ အရာမို့ မင်းလုပ်မှ ဖြစ်မှာမို့လို့ပေါ့ကွ "
ကျွန်း တအင်းအင်းလုပ်ကာ ဖုန်းချလိုက်သည်။အင်းလေ သူ့မှာလဲ ဘာမှ လုပ်စရာမှ မရှိတာပဲ...စားပြီးတာနဲ့ အ၀တ်အစားလဲကာ ကျွန်းကားသော့ယူ၍ ထွက်ခဲ့လိုက်သည်။မိုးဖျားပို့ပေးလိုက်သော လိပ်စာကိုကြည့်ကာ မောင်းလာခဲ့
လိုက်ရင်း ကားထဲက သီချင်းလေးကိုပါ ဖွင့်ထားလိုက်၏။
နေရာမှာမြို့၏ တောင်နဲ့ မြောက်ဆိုသလိုဝေးကွာလွန်းတာကြောင့် တမင်သက်သက်များ ကျွန်းကို ခိုင်းလိုက်သလားဟုတောင်ထင်မိ၏။
ကားပါကင်မှာကားရပ်ပြီး အပေါ်သို့တက်လာခဲ့ပြီး Company ရှိရာသို့ ရောက်လာကာ မိုးဖျားပြောလိုက်သော သူနဲ့ တွေ့ချင်ကြောင်း ပြောလိုက်တော့ ခဏ ထိုင်စောင့်ဟုဆိုကာ ကျွန်းနာရီ၀က်မျှ ထိုင်စောင့်နေရသည်။
နာရီ၀က်လောက်ထိက စိတ်ရှည်ရှည်ထားပြီး စောင့်နေသော်လည်း အချိန်တွေပိုလာသော အခါ
ကျွန်းသည်းခံနိုင်စွမ်းက ကုန်ချေပြီ...
ဘဲကြီးကို ဖုန်းဆက်ကာ သူ ထိုင်စောင့်နေရကြောင်း ကော ပစ်တော့ ဘဲကြီးက ရယ်သံခပ်ကျဲကျဲနှင့်သူလောပေးပါ့မယ် ဟုဆိုလာတာမို့ ဖုန်းပြန်ချလိုက်ရသည်။ ကျွန်းမျက်နှာကတော့ဖြင့် မှောင်မိုက်နေပြီ ဖြစ်သည်။
သိပ်ပြီး ထပ်မစောင့်ရတော့ဘဲ သူတို့ CEOနှင့်တွေ့ခွင့်ရပြီဟုဆိုလာတာကြောင့် ကျွန်း သွားတွေ့ကာ လိုအပ်သည့်စာရွက်စာတန်းများယူကာ
ပြန်ရန် တွေးလိုက်သော်လည်း ထို CEO က ဘယ်စာရွက်က ဘယ်လို ဖြစ်ကြောင်း ဘယ်စာချုပ်က ဘယ်အတွက်ဖြစ်ကြောင်း မှာတမ်းခြွေနေသည်မှာ မပြီးပြတ်နိုင်ဖြစ်နေပြန်သည်။
ဘာမှမဟုတ်ဘဲနဲ့ ဒီတစ်နေရာထဲမှာတင် အချိန်
နှစ်နာရီလောက်ပေးခဲ့ရပြီး ကျွန်း ပြန်လာတော့
ရုံးဆင်းချိန်ပင်ရောက်နေပြီ ဖြစ်တာကြောင့် ကျွနအိမ်သို့ပြန်ရန်သာ တွေးထားလိုက်ပေမယ့် ဘဲကြီးက နောက်တစ်နေရာထပ်သွားခိုင်းနေပြန်သည်။
"မပြီးသေးဘူးလား ခင်ဗျားအလုပ်တွေက တစ်နေရာ တစ်နေရာ သွားလိုက်ရရင်လဲ အကြာကြီး ထိုင်စောင့်နေရတာဗျ "
"ငယ်ကလဲ? ဒါလေးလုပ်ရတာကို ..အရေးကြီးလို့ မင်းကိုခိုင်းတာပါဆို "
ကျွန်း ကျစ် ခနဲစုပ်သက်ပြီး အိမ်ပြန်လမ်းကို ဆန့်ကျင်ကာ ပြန်ကွေ့ရတော့သည်။ဒီဟာကတော့ အလုပ်ကိစ္စ မဟုတ်ဘဲ မှာထားတဲ့ပစ္စည်းကိုသွားယူရုံလေးဖြစ်သည်။ ထိုသို့သွားယူရုံလေးက လမ်းမှာ တင် အတော်လေးမောင်းရသည့်ခရီးဖြစ်သည်။
မွေးနေ့မှာ စိတ်ရှုပ်အောင် လာလုပ်နေတာပဲ...
ကျွန်း ထိုပစ္စည်းထုတ်ကို ယူပြီးတာနဲ့ အိမ်ကိုပဲ ဒုန်းစိုင်းမောင်းလာခဲ့လိုက်သည်။ဘဲကြီးကို ရန်တွေ့ပစ်ရမှ ဖြစ်မည် ။ တကယ်ပါပဲ လူကို စိတ်ရှုပ်အောင် လာလုပ်နေတယ်...
ကျွန်းကားကို ခြံထဲသို့ မောင်း၀င်လာခဲ့လိုက်သည်။ ဘာလဲ ပြန်မရောက်သေးတာလား?
ကားတော့ တွေ့ပေမယ့် ဘာလို့ အိမ်တံခါးကပိတ်ထားပြီးအထဲမှာ မှောင်နေတာလဲ?
ကျွန်းစာချုပ်စာတန်းတွေနဲ့ ပစ္စည်းထုတ်ကိုယူကာ အိမ်တံခါးကို တွန်းဖွင့်လိုက်ပြီး..
" ခင်ဗျားကျ အိမ်မှာအေးဆေးနေပြီး ကျွန်တော့်ကို ဟိုခိုင်း ဒီခိုင်း.."
"ဖောင်း !"
ရန် တွေ့ပြီး အိမ်ထဲ ၀င်၀င်လိုက်ချင်းမှာပဲ ဖောင်းခနဲ တစိခုခု ပေါက်သွားတဲ့ အသံကိုကြားလိုက်တာကြောင့် ကျွန်းလန့်သွားပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့်ဘာမှ ဆက်မပြောနိုင်ဘဲ ဖြစ်သွားရတော့သည်။
"မိုးဖျား ခင်ဗျား.."
"Happy birthday to you"
အလင်းရောင်ဟူ၍ မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်မီးသာရှိနေပေမယ့် မီးအ ရောင်နဲ့
ထင်ဟပ်နေတဲ့ မိုးဖျား မျက်နှာပေါ်က အပြုံးနုနုကို သေချာမြင်ရသည်။ မွေးနေ့ဆုတောင်းသီချင်းကိုပြီးအောင် ဆိုပြီးမှ နဖူးထပ်အနမ်းဖွဖွ
ခြွေလာသော အနမ်းတစ်ခုသည် မြတ်နိုးခြင်းအပြည့်နှင့်ဖြစ်သည်။
"Happy birthday ကိုယ့် အသဲလေး.."
ကျွနပြုံးချင်စိတ်ဖြစ်ပေါ်လာတာ ထိန်းမရတာမို့ အောက်နှုတ်ခမ်းကို ဖိကိုက်ပစ်လိုက်ရသည်။
အနာပေးပြီးရင်ခုန်အောင် လုပ်နေလိုက်တာ..
"မီးမှုတ်ဦးလေ "
မိုးဖနား သတိပေးမှ မီးမှုတ်ဖို့ သတိရလိုက်ကာအမြန်မှုတ်လိုက်ရသည်။ ကျွန်းမီးမှုတ်လိုက်တာနဲ့ဧည့်ခန်းတစ်ခုလုံး မီး လင်းကာ မထင်ထားသောမိုးဖျားရဲ့ ဝန်ထမ်းတွေကိုပါ တွေ့လိုက်ရတော့သည်။
ကျွန်း မဟုတ်သလို ပဲ ချက်ချင်း ရှက်တဲ့စိတ်နဲ့
ခေါင်းငုံ့သွားမိသည်။ အခုနကပဲ ၀န်ထမ်းတွေရှိမှန်းမသိဘဲ အနမ်းတောင်ခံခဲ့ရတာလေ...
ထိုသို့ ရှက်နေဆဲမှာပဲ မိုးဖျားက ကျွန်းလက်ကိုဆွဲကာ ဧည့်ခန်းထဲက စားပွဲ ပေါ် ကိတ်ကို ချ၍ ခွဲရန်ပြင်ပေးလာသည်။ ကျွန်း လူအများကြီးနှင့်
မွေးနေ့ကိတ်မခွဲဖူးခဲ့ပါ။ဤအခြေအနေကြီးက ကျွန်းကို အိုးတို့ အန်းတန်းဖြစ်စေသည်။
မိုးဖျားကတော့ ခပ်ပြုံးပြုံးနဲ့ပဲ ကျွန်းရဲ့ ခေါင်းလုံးလုံးလေးပေါ်သို့ ကတ်ထူပြားနှင့် အလှဆင် ထားသော သရဖူလိုအရာကို ဆောင်းပေးလာပြီး အခုထိ ယောင်နနနဲ့ကိုင်ထားသော စာရွက်စာတန်းတို့ကို ဆွဲယူကာ လက်ထဲသို့ ကော်ဓါးလေးထည့်ပေးလာ၏
ကျွန်းမော့ကြည့်လိုက်တော့ ပါးချိုင့်တစ်ဖက်ထင်းနေသည်အထိ ပြုံးကာ ကျွန်းကို ပြန်လည်ငုံ့ကြည့်လာခဲ့သည်။ ကျွန်း၏ အနောက်စွန်းစွန်းမှာ နီးကပ်စွာ ရပ်နေသည်က ကျွန်း၏ ဒီအခြေအနေပေါ် မနေထိုင်တတ်ဖြစ်နေခြင်းကို စိတ်သက်သာရာရစေ သည်။ခါးပေါ်ကို ခပ်ဖွဖွ ပွေ့ဖက်လာပေးသောအခါ ကျွန်းလဲ ကိတ်မုန့်ကိုအဆင်ပြေသလိုပင် လှီးဖြတ်လိုက်တော့သည်။
ပထမဦးစွာ မိုးဖျားကို ခွံ့ကျွေးလိုက်ပြီး ၀န်ထမ်းတွေကိုကျွေးရန် ပြင်လိုက်တော့ အားလုံးက တောင့်တောင့်ကြီး ဖြစ်နေကြလျက် ခွံ့ကျွေးသမျှကို ငြိမ်ငြိမ်လေးစားကြသည်။ ကျွန်း အရှိန်အဝါက အဲ့လောက်တောင်ပဲလား?
ဒါပေမယ့် အစ်ကိုလေး ပြုံးနေတာမြင်တော့ အားလုံးက စိတ်ချမ်းသာရပါသည်။ CEO က အစ်ကိုလေးကို အပြင်သို့ ပထုတ်ပြီး အိမ်မှာ အစ်ကိုလေးမွေးနေ့အတွက် လာပြင်ဆင်ခိုင်းသည်။ပြင်ဆင်သည်ဆိုတာထက် CEO ၏ အသေးအဖွဲလေးက အစ အစ်ကိုလေးအပေါ်စိတ်ရှည်လက်ရှည် ပြင်ဆင်ပေးမူများအပေါ် ဘေးမှ ကူလုပ်ရသည်ဆို ပိုမှန်သည်။
ယခုဆိုလျှင်လဲ CEO က သူ့ ပိစိလေးအား အနောက်မှ နေ ကိတ်ခွဲသည်က အစ မသိမသာလေး ကူညီပေးနေသည်။
မြင်သည့်အတိုင်းပဲ မိုးဖျား၏အပြုံးသည် နူးညံ့ကာ ကျွန်းအပေါ် အရိပ်တကြည့်ကြည့်နဲ့ဖြစ်သည်။တစ်ခါမှ မွေးနေ့ မလုပ်ဘူးဆိုသော ကောင်ကလေးသည် နဂို အရယ်အပြုံးမဲ့သော မျက်နှာကလေးမှကွဲထွက်၍ ချစ်စဖွယ် အပြစ်ကင်း စင်သော မျက်နှာကလေးနဲ့ ဖြစ်သည်။
ပြင်ဆင်ထားသော မွေးနေ့လက်ဆောင်ကို နှစ်ယောက်ထဲ အတူရှိချိန်မှ ပေးဖြစ်ပေမယ့် ကျွန်းသည် သူပေးသော အရာကို နားမလည်ဘဲအူကြောင်ကြောင်ကလေးဖြင့်ပြန်လည်မော့ကြည့်နေရှာသည်။
"သော့လေ.."
"ဘာသော့လဲ?"
"ဆိုင်ကယ်သော့"
"တကယ် !"
နောက်ဆုံးမော်ဒန် ဆိုင်ကယ်တစ်စီး ရလိုက်၍ ပျော်သွားကာ ခြေဖျားထောက်၍ မေးဖျားကိုလှမ်းနမ်းလာသော ကျွန်း၏ ခါးသိမ်သိမ်လေးမှစကာ ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်သည်။
"အရမ်းချစ်တယ်..."
"အင်း.."
ကျွန်းပြုံးနေသည်။ ပါးနှစ်ဖက်မို့တက်သည်အထိ.... ခေါင်းလုံးလုံးထက်မှ ဆံပင်တွေကြား မွတ်သိပ်စွာ နမ်းရှိုက်လိုက်ရင်း ထွေးပွေ့လို့မ၀တဲ့ ကိုယ်လုံးလေးကို နွေးထွေးစွာ ပွေ့ဖက်ထားလိုက်သည်။
ဒီကနေ့ မိုးဖျားပိုင်ဆိုင်ထားမူ တစ်၀က်တိတိကို ကျွန်းနာမည်နဲ့ လွှဲထားပြီး ဖြစ်ပေမယ့် ထုတ်မပြောဖြစ်ပေ...
မိုးဖျားလက်မလေးနဲ့ ကျွန်း၏ နှုတ်ခမ်းထောင့်စွန်းမှ မှဲ့သေးသေးလေးကို ထိတွေ့မိသည်။
ကျွန်းက သိပ်လှသည်။ သို့သော် သိပ်ဆိုးသည်။ထိုအရာသည် ကျွန်း၏ ဆွဲဆောင်မူ တစ်ရပ်သာ ဖြစ်သည်။
မိုးဖျား အတွက် တော့ ချစ်မြတ်နိုး၍ မ၀သော လူသားငယ်ငယ်လေးပင်... ကျွန်းဟာ သူ့တစ်ယောက်ထဲအတွက် မွေးဖွာလာသည့်နှယ် ဘုရားသခင်က ဖန်ဆင်းပေးလိုက်ပုံပေါ်သည်။
နွံတောထဲ နစ်နေခဲ့သော ပန်းငယ်ငယ်သည် လှပစွာ ပွင့်လန်း လာခဲ့သည်မှာ ဥယျဉ် မှူး၏ ပျိုးထောင်မူကြောင့် ဖြစ်ရမည်ဆိုလျှင် ထိုပန်းငယ်ငယ်သည် 'ဖယောင်းပန်း' နှင့်ဆင်တူသည်။
ကိုယ့် 'ဖယောင်းပန်းလေး'..
သူ ပုံဖော်စိုက်ပျိုးခဲ့လို့ ပွင့်လန်းလာသော ပန်းကလေး အား မြတ်နိုးလွန်းရပါသည်။
...........🌼
ခရု
THE END
12:23 PM
28.11.2021
ရုံ႐ုံးဆင္းခ်ိန္ေရာက္ေတာ့မွာမို႔ ၀န္ထမ္းေတြ ေခါင္းမေဖာ္အားပဲ အလုပ္ရႈပ္ေနၾကခ်ိန္ ႐ုံးထဲ ေနကာမ်က္မွန္တစ္လက္ နဲ႕ ပ်ာယိပ်ာယာေလွ်ာက္လာေသာ CEO ကိုေတြ႕လိုက္ရတာေၾကာင့္ အျမင္မ်ား မွားသလားဟု ဇေဝ ဇဝါ ျဖစ္ကုန္ၾကေတာ့သည္ ။
မေန႕က မနက္ပဲ flight နဲ႕ထြက္သြားတာေလ...ဘယ္လို ျဖစ္လို႔ ဒီေန႕ ႐ုံးကိုျပန္ေရာက္လာတာလဲ?
ၾကည့္လိုက္ေတာ့လဲ ဘယ္သူ႕ကိုမွ အဖတ္မလုပ္ပဲ႐ုံးခန္း ထဲ ဆီ တန္းေနေအာင္ ေလွ်ာက္သြား
ေတာ့တာပဲ...၀န္ထမ္းေလးေတြခမ်ာ ဘာမွလိုက္မမွီနိုင္ေအာင္ရွိေပမယ့္ CEO အႀကီးျပန္ေရာက္လာတာမို႔ ႀကိတ္၀မ္းသာေနရေတာ့သည္။CEO ပိစိက ေၾကာက္ဖို႔ေကာင္းတယ္...
သူတို႔ကို ဘာမွမလုပ္ဘဲနဲ႕ဆိုေပမယ့္ ဘာမွ မလုပ္ဘဲနဲ႕ကို ေၾကာက္ဖို႔ေကာင္းေနတာ...
မိုးဖနား ကေတာ့ ေရာက္တာနဲ႕ ႐ုံးခန္းဆီ တန္းတန္းမတ္မတ္ ေလွ်ာက္သြားၿပီး တံခါးကို ဆြဲ ဖြင့္လိုက္တာနဲ႕ သူ႕ေဘဘီ ကိုအရင္ရွာမိသည္။
ကြၽန္း သည္ မွန္ျပင္ျဖင့္ကာရံထားေသာ ျပတင္းက်ယ္ႀကီးဘက္လွည့္ကာ ရပ္ၾကည့္ေနရင္း ခြင့္မေတာင္းဘဲ တံခါးဖြင့္သံၾကားလိုက္ရတာေၾကာင့္ ဆတ္ခနဲ လွည့္ၾကည့္လိုက္ေပမယ္ မထင္ထားေသာ လူကို ေတြ႕လိုက္ရတာမို႔ ပါးစပ္အေဟာင္းသားျဖစ္သြားရေတာ့သည္။
ႏႈတ္ခမ္းကိုတင္းတင္းေစ့ပိတ္ထားကာ တည္ၾကည္ေနေသာ မ်က္ႏွာျဖင့္ မ္ိုးဖ်သည္ စကားတစ္ခြန္းမဆိုဘဲ သူ႕ဆီ တန္းတန္းမတ္မတ္ ေလွ်ာက္လာေတာ့သည္။
"ဘယ္..ဘယ္လို.."
စကားပင္မဆုံးလိုက္ ခါးကိုဆြဲေပြ႕ကာ ငုံ႕နမ္းလာေတာ့တာမို႔ မ်က္လုံးတို႔ပင္ မွိတ္ခနဲ...
ရင္ဘတ္က အကၤ်ီစကိုဆုပ္ကိုင္ထားလိုက္ရင္းျပင္းျပင္းရွရွ အနမ္းေတြကို အမွီလိုက္ဖို႔ႀကိဳးစားေနရသည္။
"ခဏ..အု..ခဏေလး.."
အတင္းကုန္းနမ္း ေနတဲ့ ခႏၶာကိုယ္ႀကီးကို ကြၽန္းအတင္းတြန္းဖယ္ရင္း အျမန္ေမးခြန္းထုတ္ရသည္။
"ဘာလို႔ ျပန္လာတာလဲ?မနက္ျဖန္မွ ျပန္လာရမွာ မဟုတ္ဘူးလား?"
မ်က္လုံးေလးတျပဴးျပဴးနဲ႕ ေမးေနေသာ ကြၽန္းကို ေပြ႕ခ်ီလိုက္ကာ ဆိုဖာေပၚတင္လိုက္ရင္း
ေျခအိတ္စြပ္ထားသည္ကို ဆြဲယူၾကည့္လိုက္သည္။ ပို႔လာတဲ့ ပုံထဲက အတိုင္းပဲ ေသြးေျခဥ အနီကြက္ေလးကေျခသန္းထိပ္မွာ ေနရာယူလို႔...
မိုးဖ်ားကဘာမွလဲ မေျပာဘဲ အလုပ္စားပြဲ အံဆြဲထဲမွာရွိေနတဲ့ ေဆးပုလင္းေလးကို သြားယူကာ ဖြဖြ လိမ္းေပးသည္။
ကြၽန္းမွာသာ ဦးႏွောက္ကို ျမန္ျမန္ အလုပ္ေပးရင္း...
"ေန..ေနပါဦး..အခု ဒီဟာ အတြက္နဲ႕ ဂ်ပန္ကေနအလုပ္ေတြပစ္ၿပီး ျပန္လာခဲ့တာလား? မဟုတ္ဘူးမလား ?"
"ဘာအတြက္ရွိရဦးမွာလဲ?"
"ဟင္ ခင္ဗ်ား႐ူးေနလား? ေျခေထာက္ျဖတ္ပစ္ရတာလဲ မဟုတ္ဘဲနဲ႕...အလုပ္က အေရးႀကီးတာမဟုတ္ဘူးလား?"
တကယ္ပါပဲ...အံ့ဩရလြန္းလို႔ ဘာေျပာရမွန္းပင္မသိေတာ့ေပ...အဲ့လိုမွန္းသိ ဓာတ္ပုံရိုက္ၿပီး မပို႔လိုက္ပါဘူး...
ခ်က္ခ်င္းကို flight နဲ႕ေရာက္ခ်လာတယ္..
ဘဲႀကီးက ေသာက္က်ိဳးနည္းေလာက္ေအာင္ပင္ ကိုယ့္ကို ခ်စ္တာလား?
ေသခ်ာေဆးလိမ္းေပးၿပီးတာနဲ႕ ေျခအိတ္ျပန္၀တ္ေပးတာအထိဂ႐ုတစိုက္ လုပ္ေပးေနေသာ ဘဲႀကီးက ၾကည့္ေလ ပစ္ေႂကြ ခ်င္စရာေကာင္းေလ ျဖစ္သည္။
ကိုယ့္ကို ဂ႐ုစိုက္ေပးေနတာကို ယုန္ေပါက္ေလးလို သေဘာတက်ခံယူေနတုန္း ႐ုံးခန္းတံခါးကိုဖြင့္ကာ ၀င္လာေသာ ဟိန္းမင္းသူေၾကာင့္ၾကည္ႏူးေနတာေလးပင္ေပ်ာက္ပ်ယ္သြားရေတာ့သည္။
"မင္း ဘယ္လို ျဖစ္လို႔ ႏွစ္ရက္နဲ႕ျပန္လာရတာလဲ?"
ေရာက္တာနဲ႕ အျပစ္တင္သံက စီ ခနဲ...မိုးဖ်ားသည္ ၾကမ္းျပင္ေပၚ ဒူးခ်ထိဳင္ေနရင္းကေန ခပ္မတ္မတ္ထလိုက္ကာ....
"ကေလး ေခ်ာ္လဲ လို႔ "
" သူ ေခ်ာ္လဲတာ ေဆး႐ုံေရာက္ေနတာလဲ မဟုတ္ဘဲ ခ်က္ခ်င္း Flight နဲ႕ျပန္လာရေအာင္မင္းကိုမင္း မာဖီးယားမ်ား မွတ္ေနလား?"
ဟိန္းမင္းသူ ဆူပူေနတာကို ႐ုပ္တည္ႀကီးနဲ႕ ၿငိမ္ခံေနတဲ့ မိုးဖ်ားပုံစံက ေအာင့္သက္သက္...
ကြၽန္းသည္လဲ ဆိုဖာေပၚငုတ္တုတ္ေလးထိုင္ကာ ၿငိမ္ေနရသည္။
"ငါက ႏွစ္ရက္နဲ႕ ျပန္လာပါေျပာေတာ့ အလုပ္က မင္းပေထြး မဟုတ္ပါဘူးဆို !! အလုပ္အေၾကာင္းနားမလည္ဘူးလားဆို "
မိုးဖ်ား မၾကားသည့္ႏွယ္ ဟိုဟိုဒီဒီ ေလွ်ာက္ပတ္ၾကည့္ေနပုံက အသဲယားစရာပင္...
"ဟို ပိစိလဲ ဘာထူးလဲ? လက္မွတ္ေလးထိုးေပးပါဆိုတာကို ေန႕ေ႐ြ႕ ညေ႐ြ႕ နဲ႕ ! ႐ုံးလာၿပီး ဂိမ္းေဆာ့မယ္ စားမယ္ အိပ္မယ္ ...ကေလး မို႔ မသိဘူးဆိုရင္ေတာင္ လူႀကီး ကထိန္းမယ္မရွိဘူး သူကပါ အလိုတူ အလိုပါ flight နဲ႕ ေတာင္ ခ်က္ခ်င္းဆင္းခ်လာတယ္ !ဟူး.."
CEO မိုးဖ်ား ခမ်ာမန္ေနဂ်ာထံမွဆူခံေနရေသာ္ျငား ကိုယ့္အျပစ္နဲ႕ကိုမို႔ ႐ုပ္တည္ႀကီးနဲ႕ၿငိမ္ေနရေပမယ့္ နဂိုစြာတဲ့ CEO ပိစိကေတာ့ မ်က္ေတာင္တခတ္ခတ္ျဖင့္...
"ဘာလို႔ ဘာလို႔ ကြၽန္ေတာ့္ ဘဲႀကီးကို ဆူေနရတာလဲ?ကိုဟိန္းမင္းသူ က ရည္းစားမရွိလို႔ နားမလည္တာေလ..ဘဲႀကီးက စိတ္ပူလို႔ ေျပးလာတာကို
မဆူပါနဲ႕ !"
"စိတ္ပူလို႔ အလုပ္ေတြပစ္ၿပီးေျပးလာရေအာင္
မင္းက တအားအသဲအသန္ ျဖစ္ေနလို႔လား?ေတာ္ၿပီ ေတာ္ၿပီ !ငါ အခုပဲ အလုပ္ဆင္းေတာ့မယ္..က်န္တဲ့ အလုပ္ေတြကို ဒီည အၿပီးလုပ္ထားၾက..မနက္ျဖန္ မနက္အလုပ္လာတာနဲ႕ အကုန္ၿပီးတာကို ျမင္ခ်င္တယ္ ! ၾကားလား မိုးဖ်ားထက္ဘုံ.."
"မဟုတ္..မဟုတ္ေသးဘူးေလ..ေနပါဦး.."
ေဒါနဲ႕ေမာနဲ႕ ထြက္သြားေသာ ဟိန္းမင္းသူကို မ်က္လုံးတျပဴးျပဴးနဲ႕ၾကည့္ေန႐ုံမွအပ တားခြင့္မရွိလိုက္..
အခုမန္ေနဂ်ာက CEO ကို အလုပ္ေတြ ခိုင္းခဲ့ၿပီး သူက အိမ္ျပန္နားမယ္ ဆိုလိုတာလား?
မဟုတ္ေသးဘူးေလ..ဒီမွာ ေဘဘီေလးနဲ႕ ဒီည
ခ်စ္ၾကည္ႏူး တစ္တီတူးမို႔ေလ..
အဲ့လို ျပစ္ဒဏ္ေပးလို႔ရရိုးလား?
မိုးဖ်ားနဲ႕ ကြၽန္းတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ဟီး ခနဲ ၿပိဳင္တူရယ္မိလိုက္ၾကေတာ့သည္။ႏွစ္ေယာက္အတူတူ တစ္စုံတစ္ေယာက္ဆီမွာ ဆူခံလိုက္ရတာ ဒါပထမဦးဆုံးပဲ..
...........🌼
မၿပီးျပတ္ေသးေသာ အလုပ္ကိစၥေတြကို ဒီည အၿပီးလုပ္ရန္ ဟိန္းမင္းသူကတာ၀န္ေပးသြားသျဖင့္ ည ခုႏွစ္နာရီ ထိုးေနသည့္တိုင္ အိမ္မျပန္ရဘဲ ေခါင္းမေဖာ္တမ္းလုပ္ေနရသည္။
သို႔ေသာ္..
ထိုသို႔ ေခါင္းမေဖာ္တမ္းလုပ္ေနသူက အိုဗာဒိုင္ေၾကးေပးခံထားရေသာ ၀န္ထမ္းေလးေတြ ပင္ျဖစ္သည္။ CEO မိုးဖ်ားက သူတို႔ကိုအိုဗာဒိုင္ေၾကးေပး၍ မန္ေနဂ်ာ ထံမွ အဆူမခံရေအာင္ အလုပ္ေတြအၿပီး လုပ္ခိုင္းထားသည္။
ထိုသို႔ ညဆိုင္းထိ ပိုဆင္းရတာအေၾကာင္းမဟုတ္...အေၾကာင္းမွာ CEO ပိစိ၏ သူ႕ဘဲႀကီးအေပၚ ခြၽဲအီေနမူမွာ အေၾကာင္း ျဖစ္ေနသည္။ ႐ုံးခန္းထဲလဲ မဟုတ္ဘဲ ၀န္ထမ္းေတြအလုပ္လုပ္ေနေသာ Room ထဲမွာ အတူတူလာထိုင္ေနၾကေတာ့ ၀န္ထမ္းေလးေတြခမ်ာ အသက္ေျဖာင့္ေျဖာင့္မရႈရဲ...
"ကြၽန္ေတာ္က အလုပ္မလုပ္တာမွမဟုတ္တာ..
ခဏေလးပဲေစာင့္ လို႔ေျပာတာကို ကိုဟိန္းမင္းသူက ေဒါသေတြ ထြက္သြားတာသိလား?"
"အင္း.."
"အလုပ္ကမၿပီးေသးဘူးလား? အိပ္ခ်င္ေနၿပီ"
ခပ္အီအီထြက္ ေပၚလာတဲ့အသံေလးေၾကာင့္ ၀န္ထမ္းေတြ၏ လက္ေတြက စက္တပ္ေပးလိုက္သည့္ႏွယ္ အရင္ကထက္ ႏွစ္ဆေလာက္ အရွိန္ျမန္သြားၾကသည္။ သူတို႔ CEO ပိစိေလးအိပ္ခ်င္ေနၿပီ ဆိုေတာ့ အျမန္ ၿပီးမွ ျဖစ္ေတာ့မည္။
အခ်ိန္အားျဖင့္အရမ္းေနာက္မက်ေသာ္လည္း အီေလးေလး ျဖင့္ ေမွးစင္းေနၿပီ ျဖစ္တာေၾကာင့္ မိုးဖ်ားေပါင္ေပၚ ေခါင္းတင္ေစ
လိုက္ၿပီး အိပ္ခိုင္းလိုက္သည္။ ၀န္ထမ္းေလးတစ္ေယာက္ကို ေစာင္ပါး တစ္ထည္ ယူခိုင္းလိုက္ၿပီး ကိုယ္ ေပၚလႊားၿခဳံေပးၿပီး ေနာက္မၾကာမွီမွာပင္ တရႉးရႉးႏွင့္ အိပ္ေမာက်သြားေတာ့သည္။
ည ကိုးနာရီ ထိုးကာနီးမွ အားလုံးလက္စသတ္ၿပီးတာေၾကာင့္ အသီးသီးအိမ္ျပန္ရန္ျပင္လိုက္ၾကစဥ္...မိုးဖ်ားလဲ ကြၽန္းကိုယ္လုံးေလးကို ေပြ႕ခ်ီလိုက္သည္။ ၿခဳံထားေသာ ေစာင္နဲ႕အတူ ေပြ႕လိုက္တာေၾကာင့္ ေစာင္ထုပ္ေလးကိုေပြ႕ခ်ီထားသည့္ႏွယ္ ကြၽန္းကို မျမင္ရေပ....
၀န္ထမ္းမေလးတစ္ေယာက္သည္ CEO ၏ Laptop ႏွင့္ အိတ္တို႔ကိုကူသယ္ေပးရင္း အစ္ကိုေလး၏ တစ္စြန္းတစ္စထြက္ေပၚေနေသာ မ်က္ႏွာေလးကိုလွမ္းၾကည့္မိသည္။
CEO လက္ထဲမွာက် အစ္ကိုေလးက အျပစ္ကင္းတဲ့ယုန္ျဖဴေလးလိုပဲ..ႏူးႏူးညံ့ညံ့ကို၀ပ္ဆင္းေနေတာ့တာ...ႏွင္းဥေလးလို ျဖဴျဖဴအုအု ကေလးျဖစ္သည္ ။
ကားထဲေသခ်ာ၀င္ထိုင္ၿပီးေမာင္းထြက္သြားတဲ့အထိအစ္ကိုေလးက မနိူးေပ....
.............🌼
ဒီေန႕က ကြၽန္း၏ ေမြးေန႕ျဖစ္သည္။
ေမြးေန႕ဟူသည္ သာမန္ရက္မ်ားကဲ့သို႔ပင္ ၿပီးဆုံးသြားတတ္ေသာ ကြၽန္းအဖို႔ ဒီကေန႕ အတြက္လဲထူးထူးျခားျခားရင္ခုန္မေနပါေပ....
မနက္အိပ္ယာထလာသည္ႏွင့္ မိုးဖ်ား ႏွင့္ ကလူက်ီစယ္ၾကၿပီး မ္ိုးဖ်ားက နဖူးမို႔မို႔အား ခပ္ဖြဖြ နမ္းရင္း Happy Birthday ဟု ဆုေတာင္းေပးသည္။
ထိုမွ် ႏွင့္ လုံေလာက္သြားၿပီ ျဖစ္တာမို႔ ကြၽန္းအေနႏွင့္ ဘာမွ ေထြေထြထူးထူး ေတာင္းဆိုထားျခင္းမရွိပါေပ....
ယခု လဲ မိုးဖ်ားက ႐ုံးသြားၿပီ ျဖစ္ၿပီး ကြၽန္းက အိမ္မွာက်န္ေနခဲ့တာ ျဖစ္သည္။ အိမ္မွာတစ္ေယာက္ထဲ ရွိေနရင္း ကြၽန္းအ၀တ္ေလွ်ာ္ရန္ေတြး ထား၏။
အိမ္မူကိစၥ ဘာမွ မလုပ္ေသာ ကြၽန္းအ၀တ္ေလွ်ာ္မည္ ဆိုလွ်င္ အံ့ဩ သြားေလာက္ၾကေပမယ့္ တကယ္လဲ စက္နဲ႕ေလွ်ာ္႐ုံပင္ ျဖစ္သည္။
ေမြး ေန႕မတိုင္ခင္ မိုးဖ်ား ဘက္က ဘာလုပ္ခ်င္လဲ ဘညာ ေမးလာေသာ္လည္း ဒီလို ေန႕မွာေတာ့
သူ႕အလုက္နဲ႕သူသာ နစ္မြန္းေနသည္။ သို႔ေပမယ့္
ကြၽန္းဘက္က အထူးတလည္ အပူမတိုက္ခ်င္ပါေပ....
ေန႕လည္ပိုင္းေရာက္ေတာ့ မိုးဖ်ားထံမွ ဖုန္း၀င္လာတာမို႔ ကြၽန္းေန႕လည္စာစားရင္း ေျပးကိုင္ ရေတာ့သည္။
"ငယ္ေရ....အခုဘာလုပ္ ေနတာလဲ ?"
"ကြၽန္ေတာ္ ေန႕လည္စာစားေနတာေလ..ဘာလို႔လဲ?"
ထမင္းသုတ္ကို ပလုတ္ပေလာင္းစားရင္း ကြၽန္းေမးခြန္း ျပန္ထုတ္လိုက္မိသည္။ မိုးဖ်ားက အလုပ္ရႈပ္ေနပုံရယုံမက ကြၽန္းကိုပါ အလုပ္ခိုင္းလာသည္။ မိုးဖ်ားႏွင့္ မိတ္ေဆြ Company
သို႔ စာခ်ဳပ္တစ္ခု သြားယူေပးရန္ဆိုလာ၏။
"ခင္ဗ်ား႐ုံးကလူေတြကိုခိုင္းေလ"
"အေရးႀကီးတဲ့ အရာမို႔ မင္းလုပ္မွ ျဖစ္မွာမို႔လို႔ေပါ့ကြ "
ကြၽန္း တအင္းအင္းလုပ္ကာ ဖုန္းခ်လိဳက္သည္။အင္းေလ သူ႕မွာလဲ ဘာမွ လုပ္စရာမွ မရွိတာပဲ...စားၿပီးတာနဲ႕ အ၀တ္အစားလဲကာ ကြၽန္းကားေသာ့ယူ၍ ထြက္ခဲ့လိုက္သည္။မိုးဖ်ားပို႔ေပးလိုက္ေသာ လိပ္စာကိုၾကည့္ကာ ေမာင္းလာခဲ့
လိုက္ရင္း ကားထဲက သီခ်င္းေလးကိုပါ ဖြင့္ထားလိုက္၏။
ေနရာမွာၿမိဳ႕၏ ေတာင္နဲ႕ ေျမာက္ဆိုသလိုေဝးကြာလြန္းတာေၾကာင့္ တမင္သက္သက္မ်ား ကြၽန္းကို ခိုင္းလိုက္သလားဟုေတာင္ထင္မိ၏။
ကားပါကင္မွာကားရပ္ၿပီး အေပၚသို႔တက္လာခဲ့ၿပီး Company ရွိရာသို႔ ေရာက္လာကာ မိုးဖ်ားေျပာလိုက္ေသာ သူနဲ႕ ေတြ႕ခ်င္ေၾကာင္း ေျပာလိုက္ေတာ့ ခဏ ထိုင္ေစာင့္ဟုဆိုကာ ကြၽန္းနာရီ၀က္မွ် ထိုင္ေစာင့္ေနရသည္။
နာရီ၀က္ေလာက္ထိက စိတ္ရွည္ရွည္ထားၿပီး ေစာင့္ေနေသာ္လည္း အခ်ိန္ေတြပိုလာေသာ အခါ
ကြၽန္းသည္းခံနိုင္စြမ္းက ကုန္ေခ်ၿပီ...
ဘဲႀကီးကို ဖုန္းဆက္ကာ သူ ထိုင္ေစာင့္ေနရေၾကာင္း ေကာ ပစ္ေတာ့ ဘဲႀကီးက ရယ္သံခပ္က်ဲက်ဲႏွင့္သူေလာေပးပါ့မယ္ ဟုဆိုလာတာမို႔ ဖုန္းျပန္ခ်လိဳက္ရသည္။ ကြၽန္းမ်က္ႏွာကေတာ့ျဖင့္ ေမွာင္မိုက္ေနၿပီ ျဖစ္သည္။
သိပ္ၿပီး ထပ္မေစာင့္ရေတာ့ဘဲ သူတို႔ CEOႏွင့္ေတြ႕ခြင့္ရၿပီဟုဆိုလာတာေၾကာင့္ ကြၽန္း သြားေတြ႕ကာ လိုအပ္သည့္စာ႐ြက္စာတန္းမ်ားယူကာ
ျပန္ရန္ ေတြးလိုက္ေသာ္လည္း ထို CEO က ဘယ္စာ႐ြက္က ဘယ္လို ျဖစ္ေၾကာင္း ဘယ္စာခ်ဳပ္က ဘယ္အတြက္ျဖစ္ေၾကာင္း မွာတမ္းေႁခြေနသည္မွာ မၿပီးျပတ္နိုင္ျဖစ္ေနျပန္သည္။
ဘာမွမဟုတ္ဘဲနဲ႕ ဒီတစ္ေနရာထဲမွာတင္ အခ်ိန္
ႏွစ္နာရီေလာက္ေပးခဲ့ရၿပီး ကြၽန္း ျပန္လာေတာ့
႐ုံးဆင္းခ်ိန္ပင္ေရာက္ေနၿပီ ျဖစ္တာေၾကာင့္ ကြၽနအိမ္သို႔ျပန္ရန္သာ ေတြးထားလိုက္ေပမယ့္ ဘဲႀကီးက ေနာက္တစ္ေနရာထပ္သြားခိုင္းေနျပန္သည္။
"မၿပီးေသးဘူးလား ခင္ဗ်ားအလုပ္ေတြက တစ္ေနရာ တစ္ေနရာ သြားလိုက္ရရင္လဲ အၾကာႀကီး ထိုင္ေစာင့္ေနရတာဗ် "
"ငယ္ကလဲ? ဒါေလးလုပ္ရတာကို ..အေရးႀကီးလို႔ မင္းကိုခိုင္းတာပါဆို "
ကြၽန္း က်စ္ ခနဲစုပ္သက္ၿပီး အိမ္ျပန္လမ္းကို ဆန႔္က်င္ကာ ျပန္ေကြ႕ရေတာ့သည္။ဒီဟာကေတာ့ အလုပ္ကိစၥ မဟုတ္ဘဲ မွာထားတဲ့ပစၥည္းကိုသြားယူ႐ုံေလးျဖစ္သည္။ ထိုသို႔သြားယူ႐ုံေလးက လမ္းမွာ တင္ အေတာ္ေလးေမာင္းရသည့္ခရီးျဖစ္သည္။
ေမြးေန႕မွာ စိတ္ရႈပ္ေအာင္ လာလုပ္ေနတာပဲ...
ကြၽန္း ထိုပစၥည္းထုတ္ကို ယူၿပီးတာနဲ႕ အိမ္ကိုပဲ ဒုန္းစိုင္းေမာင္းလာခဲ့လိုက္သည္။ဘဲႀကီးကို ရန္ေတြ႕ပစ္ရမွ ျဖစ္မည္ ။ တကယ္ပါပဲ လူကို စိတ္ရႈပ္ေအာင္ လာလုပ္ေနတယ္...
ကြၽန္းကားကို ၿခံထဲသို႔ ေမာင္း၀င္လာခဲ့လိုက္သည္။ ဘာလဲ ျပန္မေရာက္ေသးတာလား?
ကားေတာ့ ေတြ႕ေပမယ့္ ဘာလို႔ အိမ္တံခါးကပိတ္ထားၿပီးအထဲမွာ ေမွာင္ေနတာလဲ?
ကြၽန္းစာခ်ဳပ္စာတန္းေတြနဲ႕ ပစၥည္းထုတ္ကိုယူကာ အိမ္တံခါးကို တြန္းဖြင့္လိုက္ၿပီး..
" ခင္ဗ်ားက် အိမ္မွာေအးေဆးေနၿပီး ကြၽန္ေတာ့္ကို ဟိုခိုင္း ဒီခိုင္း.."
"ေဖာင္း !"
ရန္ ေတြ႕ၿပီး အိမ္ထဲ ၀င္၀င္လိုက္ခ်င္းမွာပဲ ေဖာင္းခနဲ တစိခုခု ေပါက္သြားတဲ့ အသံကိုၾကားလိုက္တာေၾကာင့္ ကြၽန္းလန႔္သြားေပမယ့္ ျမင္လိုက္ရတဲ့ ျမင္ကြင္းတစ္ခုေၾကာင့္ဘာမွ ဆက္မေျပာနိုင္ဘဲ ျဖစ္သြားရေတာ့သည္။
"မိုးဖ်ား ခင္ဗ်ား.."
"Happy birthday to you"
အလင္းေရာင္ဟူ၍ ေမြးေန႕ကိတ္ေပၚက ဖေယာင္းတိုင္မီးသာရွိေနေပမယ့္ မီးအ ေရာင္နဲ႕
ထင္ဟပ္ေနတဲ့ မိုးဖ်ား မ်က္ႏွာေပၚက အၿပဳံးႏုႏုကို ေသခ်ာျမင္ရသည္။ ေမြးေန႕ဆုေတာင္းသီခ်င္းကိုၿပီးေအာင္ ဆိုၿပီးမွ နဖူးထပ္အနမ္းဖြဖြ
ေႁခြလာေသာ အနမ္းတစ္ခုသည္ ျမတ္နိုးျခင္းအျပည့္ႏွင့္ျဖစ္သည္။
"Happy birthday ကိုယ့္ အသဲေလး.."
ကြၽနၿပဳံးခ်င္စိတ္ျဖစ္ေပၚလာတာ ထိန္းမရတာမို႔ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ပစ္လိုက္ရသည္။
အနာေပးၿပီးရင္ခုန္ေအာင္ လုပ္ေနလိုက္တာ..
"မီးမႈတ္ဦးေလ "
မိုးဖနား သတိေပးမွ မီးမႈတ္ဖို႔ သတိရလိုက္ကာအျမန္မႈတ္လိုက္ရသည္။ ကြၽန္းမီးမႈတ္လိုက္တာနဲ႕ဧည့္ခန္းတစ္ခုလုံး မီး လင္းကာ မထင္ထားေသာမိုးဖ်ားရဲ႕ ဝန္ထမ္းေတြကိုပါ ေတြ႕လိုက္ရေတာ့သည္။
ကြၽန္း မဟုတ္သလို ပဲ ခ်က္ခ်င္း ရွက္တဲ့စိတ္နဲ႕
ေခါင္းငုံ႕သြားမိသည္။ အခုနကပဲ ၀န္ထမ္းေတြရွိမွန္းမသိဘဲ အနမ္းေတာင္ခံခဲ့ရတာေလ...
ထိုသို႔ ရွက္ေနဆဲမွာပဲ မိုးဖ်ားက ကြၽန္းလက္ကိုဆြဲကာ ဧည့္ခန္းထဲက စားပြဲ ေပၚ ကိတ္ကို ခ်၍ ခြဲရန္ျပင္ေပးလာသည္။ ကြၽန္း လူအမ်ားႀကီးႏွင့္
ေမြးေန႕ကိတ္မခြဲဖူးခဲ့ပါ။ဤအေျခအေနႀကီးက ကြၽန္းကို အိုးတို႔ အန္းတန္းျဖစ္ေစသည္။
မိုးဖ်ားကေတာ့ ခပ္ၿပဳံးၿပဳံးနဲ႕ပဲ ကြၽန္းရဲ႕ ေခါင္းလုံးလုံးေလးေပၚသို႔ ကတ္ထူျပားႏွင့္ အလွဆင္ ထားေသာ သရဖူလိုအရာကို ေဆာင္းေပးလာၿပီး အခုထိ ေယာင္နနနဲ႕ကိုင္ထားေသာ စာ႐ြက္စာတန္းတို႔ကို ဆြဲယူကာ လက္ထဲသို႔ ေကာ္ဓါးေလးထည့္ေပးလာ၏
ကြၽန္းေမာ့ၾကည့္လိုက္ေတာ့ ပါးခ်ိဳင့္တစ္ဖက္ထင္းေနသည္အထိ ၿပဳံးကာ ကြၽန္းကို ျပန္လည္ငုံ႕ၾကည့္လာခဲ့သည္။ ကြၽန္း၏ အေနာက္စြန္းစြန္းမွာ နီးကပ္စြာ ရပ္ေနသည္က ကြၽန္း၏ ဒီအေျခအေနေပၚ မေနထိုင္တတ္ျဖစ္ေနျခင္းကို စိတ္သက္သာရာရေစ သည္။ခါးေပၚကို ခပ္ဖြဖြ ေပြ႕ဖက္လာေပးေသာအခါ ကြၽန္းလဲ ကိတ္မုန႔္ကိုအဆင္ေျပသလိုပင္ လွီးျဖတ္လိုက္ေတာ့သည္။
ပထမဦးစြာ မိုးဖ်ားကို ခြံ႕ေကြၽးလိုက္ၿပီး ၀န္ထမ္းေတြကိုေကြၽးရန္ ျပင္လိုက္ေတာ့ အားလုံးက ေတာင့္ေတာင့္ႀကီး ျဖစ္ေနၾကလ်က္ ခြံ႕ေကြၽးသမွ်ကို ၿငိမ္ၿငိမ္ေလးစားၾကသည္။ ကြၽန္း အရွိန္အဝါက အဲ့ေလာက္ေတာင္ပဲလား?
ဒါေပမယ့္ အစ္ကိုေလး ၿပဳံးေနတာျမင္ေတာ့ အားလုံးက စိတ္ခ်မ္းသာရပါသည္။ CEO က အစ္ကိုေလးကို အျပင္သို႔ ပထုတ္ၿပီး အိမ္မွာ အစ္ကိုေလးေမြးေန႕အတြက္ လာျပင္ဆင္ခိုင္းသည္။ျပင္ဆင္သည္ဆိုတာထက္ CEO ၏ အေသးအဖြဲေလးက အစ အစ္ကိုေလးအေပၚစိတ္ရွည္လက္ရွည္ ျပင္ဆင္ေပးမူမ်ားအေပၚ ေဘးမွ ကူလုပ္ရသည္ဆို ပိုမွန္သည္။
ယခုဆိုလွ်င္လဲ CEO က သူ႕ ပိစိေလးအား အေနာက္မွ ေန ကိတ္ခြဲသည္က အစ မသိမသာေလး ကူညီေပးေနသည္။
ျမင္သည့္အတိုင္းပဲ မိုးဖ်ား၏အၿပဳံးသည္ ႏူးညံ့ကာ ကြၽန္းအေပၚ အရိပ္တၾကည့္ၾကည့္နဲ႕ျဖစ္သည္။တစ္ခါမွ ေမြးေန႕ မလုပ္ဘူးဆိုေသာ ေကာင္ကေလးသည္ နဂို အရယ္အၿပဳံးမဲ့ေသာ မ်က္ႏွာကေလးမွကြဲထြက္၍ ခ်စ္စဖြယ္ အျပစ္ကင္း စင္ေသာ မ်က္ႏွာကေလးနဲ႕ ျဖစ္သည္။
ျပင္ဆင္ထားေသာ ေမြးေန႕လက္ေဆာင္ကို ႏွစ္ေယာက္ထဲ အတူရွိခ်ိန္မွ ေပးျဖစ္ေပမယ့္ ကြၽန္းသည္ သူေပးေသာ အရာကို နားမလည္ဘဲအူေၾကာင္ေၾကာင္ကေလးျဖင့္ျပန္လည္ေမာ့ၾကည့္ေနရွာသည္။
"ေသာ့ေလ.."
"ဘာေသာ့လဲ?"
"ဆိုင္ကယ္ေသာ့"
"တကယ္ !"
ေနာက္ဆုံးေမာ္ဒန္ ဆိုင္ကယ္တစ္စီး ရလိုက္၍ ေပ်ာ္သြားကာ ေျခဖ်ားေထာက္၍ ေမးဖ်ားကိုလွမ္းနမ္းလာေသာ ကြၽန္း၏ ခါးသိမ္သိမ္ေလးမွစကာ ရင္ခြင္ထဲ ဆြဲဖက္ထားလိုက္သည္။
"အရမ္းခ်စ္တယ္..."
"အင္း.."
ကြၽန္းၿပဳံးေနသည္။ ပါးႏွစ္ဖက္မို႔တက္သည္အထိ.... ေခါင္းလုံးလုံးထက္မွ ဆံပင္ေတြၾကား မြတ္သိပ္စြာ နမ္းရွိုက္လိုက္ရင္း ေထြးေပြ႕လို႔မ၀တဲ့ ကိုယ္လုံးေလးကို ႏြေးေထြးစြာ ေပြ႕ဖက္ထားလိုက္သည္။
ဒီကေန႕ မိုးဖ်ားပိုင္ဆိုင္ထားမူ တစ္၀က္တိတိကို ကြၽန္းနာမည္နဲ႕ လႊဲထားၿပီး ျဖစ္ေပမယ့္ ထုတ္မေျပာျဖစ္ေပ...
မိုးဖ်ားလက္မေလးနဲ႕ ကြၽန္း၏ ႏႈတ္ခမ္းေထာင့္စြန္းမွ မွဲ႕ေသးေသးေလးကို ထိေတြ႕မိသည္။
ကြၽန္းက သိပ္လွသည္။ သို႔ေသာ္ သိပ္ဆိုးသည္။ထိုအရာသည္ ကြၽန္း၏ ဆြဲေဆာင္မူ တစ္ရပ္သာ ျဖစ္သည္။
မိုးဖ်ား အတြက္ ေတာ့ ခ်စ္ျမတ္နိုး၍ မ၀ေသာ လူသားငယ္ငယ္ေလးပင္... ကြၽန္းဟာ သူ႕တစ္ေယာက္ထဲအတြက္ ေမြးဖြာလာသည့္ႏွယ္ ဘုရားသခင္က ဖန္ဆင္းေပးလိုက္ပုံေပၚသည္။
ႏြံေတာထဲ နစ္ေနခဲ့ေသာ ပန္းငယ္ငယ္သည္ လွပစြာ ပြင့္လန္း လာခဲ့သည္မွာ ဥယ်ဥ္ မႉး၏ ပ်ိဳးေထာင္မူေၾကာင့္ ျဖစ္ရမည္ဆိုလွ်င္ ထိုပန္းငယ္ငယ္သည္ 'ဖေယာင္းပန္း' ႏွင့္ဆင္တူသည္။
ကိုယ့္ 'ဖေယာင္းပန္းေလး'..
သူ ပုံေဖာ္စိုက္ပ်ိဳးခဲ့လို႔ ပြင့္လန္းလာေသာ ပန္းကေလး အား ျမတ္နိုးလြန္းရပါသည္။
...........🌼
ခ႐ု
THE END
12:23 PM
28.11.2021