သူ့ဘေးနားမှာ တီး တီး တီး မြည်သံတွေကြားနေရသည်။ သူ့နောက်ကိုတော့ အရိပ်ဖြူဖြူကြီးက အတင်းလိုက်နေတာမလို့ ထွက်ပြေးနေရသည်လေ။ သူ... ဘယ်လောက်ပဲပြေးပြေး ထိုအရိပ်အဖြူကြီးက သူ့အနားနီးကပ်သထက် နီးကပ်လာနေတယ်။ ပြေးနေရတဲ့ ခြေထောက်တွေဟာ မသိပ်မရွေ့လျားတော့သလိုပဲ ခံစားနေရပြီး ထိုအရိပ်ဖြူကြီးက သူ့အနီးဆုံးကိုရောက်လာခဲ့ပြီ။ အနီးကပ်မှာ မြင်လိုက်ရသည်က လူပုံသဏ္ဍန် မျက်နှာတစ်ခု....
အား!!!!!!
ဝင်္ကတို့ ထိတ်လန့်လို့သာရယ် နိုးထလာခဲ့ရပြန်တယ်။ သူနိုးထလာချိန်တော့ သူက ဖြူဖြူပိန်းပိန်းအခန်းကြီးမှာ ရောက်နေခဲ့ရသည်လေ။ ဘေးမှာလည်း လူနာတွေအများနဲ့ ဆူညံနေခဲ့တယ်။ ဟုတ်ပါတယ် သူဆေးရုံကို ရောက်နေခဲ့တာပဲ။
"ဟော... သတိရလာပြီလား အမ"
နိုးနိုးလာခြင်း ကြိတိကြောင်တောင် ဖြစ်နေရတဲ့ သူ့အနားလေး လူတစ်ယောက်ကရောက်လာခဲ့သည်။ သူလူတွေ မတွေ့ရတာ သိပ်ကြာပြီလေ။ သူ လက်ရေးမူနဲ့ ရေးထားတဲ့စာတွေကို စာတိုက်ပုံထဲ သွားပို့တဲ့အချိန်မြင်ရတဲ့ လူအရေအတွက် ကလွဲလို့ ဒီလောက်များတဲ့လူတွေကလည်း ဒါပထမဆုံးဖြစ်သလို၊ သူ့အနားလေး လူတစ်ယောက်အနီးကပ်လာတာကလည်း တော်တော်လေးကိုကြာမှ အခုပထမဆုံးပဲ။
"အဆင်ပြေရဲ့လား"
သူက ကိုယ့်ကို ကြည့်ပြီးမေးနေတယ်။ ကိုယ်သူ့ကို ပြန်ကြည့်လိုက်တော့ သူက မိန်းကလေးတစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရတယ်လေ။ သူ့စိတ်ထဲ သူ့အရှေ့က ကောင်မလေးနဲ့ပထမဆုံးတွေ့ဖူးတာမှန်ပေမယ့် ထူးထူးဆန်းဆန်း ရင်းနှီးနေတယ်လို့ ခံစားလိုက်ရတော့သည်။
သူမက အရပ်ကမပုမရှည်နဲ့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်ရှိတယ်။ အသားရည်က မဖြူမလတ်၊ ဆံပင်ကခပ်ရှည်ရှည်နဲ့ မျက်နှာသဏ္ဍန်မှာခပ်ဝိုင်းဝိုင်းလေး။ နှာတံလေးက ချွန်သယောင်ယောင်နဲ့ ကော့နေပြီး နှုတ်ခမ်းရောင်က အနည်းငယ်ရင့်သန်းနေသည်။ သူရဲ့ အညိုရောင်သန်းနေတဲ့ မျက်ဝန်းတွေကတော့ ရင်းနှီးတယ်လို့ အခံစားရဆုံးအစိတ်အပိုင်းပဲလေ။
"နင် ဘယ်သူလဲ" သူ အဲ့ကောင်မလေးကို မေးလိုက်တယ်။ လူတွေနဲ့ စကားမပြောရတာလည်း သိပ်ကြာနေပြီဖြစ်တဲ့ သူ့အတွက်တော့ စကားကိုဘယ်လိုကောင်းအောင် ပြောရမှန်းမသိတော့ပေ။
"ကျွန်မနာမည်က လိပ်ပြာပါ။ အမကို ကျွန်မရဲ့ ကားနဲ့တိုက်မိသွားပြီး မေ့လဲသွားလို့ ဆေးရုံကိုခေါ်လာခဲ့တာ..."
သူရဲ့ နွေးထွေးတဲ့ အသံအေးအေးကို ကြားရပြန်တော့လည်း နားထဲမှာ ကြားဖူးနေသလိုပင်။ သူရဲ့လိပ်ပြာဆိုတဲ့ နာမည်ကိုရောပဲလေ။
"ဒါနဲ့အမ နာမည်ကရော..."
"ငါက ဝင်္က အား!!!!"
ဝင်္ကတို့ စကားပြောနေရင်း သူ့ခြေရင်းခုတင်အနောက်က မှန်ပြတင်းပေါက်တံခါးကို တွေ့သွားပြီး အော်လိုက်မိတော့သည်။ သူက အလင်းပြန်တတ်သည့် မှန်တွေကို မကြည့်ရဲပါဘူးလေ။
ရုတ်တရက် ဝင်္ကတို့က နားရွက်ကိုပိတ်ပြီး ခေါင်းကို အတင်းအုပ်ထားလိုက်တဲ့ပုံစံကြောင့်ပဲ လိပ်ပြာမှာလည်း လန့်သွားရတော့ပြီ။
"ဘာဖြစ်လို့လဲ အမဝင်္က။ ဘယ်နားလေးက နာသွားလို့လဲ" လိပ်ပြာက စိုးရိမ်တကြီးမေးရှာသည်။
"မှန်တွေ..."
"ရှင်"
"မှန်တွေကို ငါကြောက်တယ်။ ငါ့ကို အဲ့မှန်တွေ ဖယ်ပေးစမ်းပါ"
ဝင်္ကရဲ့တောင်းဆိုမှုကြောင့် လိပ်ပြာတစ်ယောက် အမြန်ပဲ သူ့နောက်ကျောမှာရှိနေတဲ့မှန်ပြတင်းပေါက်အပါအဝင် ဒီအခန်းထဲမှာ ရှိရှိသမျှ မှန်ပြတင်းပေါက်တွေကိုပါ အကုန်လိုက်ကာတွေသွားချပေးရချေသည်။
"လိုက်ကာတွေ ချပြီးသွားပြီနော် အမဝင်္က မကြောက်နဲ့တော့"
သူ့လက်ကို အုပ်ကိုင်ပြီး ပြောလာခဲ့ချိန် ရလိုက်တဲ့ နွေးထွေးမှုလေးက သူ့တစ်ကိုယ်လုံးကို နွေးထွေးသွားစေတော့သည်။ ဝင်္ကတို့ ခေါင်းမော့ကြည့်လိုက်မိပြီလေ။
သူမက ဘယ်သူလဲ။ ဘာဖြစ်လို့များ အဲ့လောက်ထိရင်းနှီးနေတဲ့ပုံပေါက်ပြီး သူ့ရဲ့နှလုံးသားလေးကပါ နွေးထွေးလုံခြုံသွားသလို ခံစားနေရတာလဲလေ။
"ငါတို့တွေ တွေ့ဖူးကြလား" သူ့ရဲ့ ကြောင်တောင်တောင်အမေးကို ကောင်မလေးက အံ့ဩသွားလောက်မည်လေ။ ဒါပေမယ့် သူမဘက်က ပြန်ပြောလာသည်က...
"မသိဘူးလေ... လူတွေက တစ်နေ့နဲ့တစ်နေ့ ဖြတ်သွားလာနေရတော့ တစ်ချိန်ချိန် တစ်နေနေရာမှာ အမှတ်မထင်ဘဲတွေ့မိပြီး ဦးနှောက်ကမမှတ်မမိဘဲ စိတ်ထဲကရင်းနှီးနေတယ်လို့ ခံစားရတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့တဲ့"
သူမက သူ့ကို မတွေ့ဖူးဘူးလို့တော့ မပြောခဲ့ပေ။ ပြီးတော့ သူပြောနေတဲ့ အကြောင်းအရာတွေကလည်း သူနဲ့ မကိုက်ညီနေပါဘူးလေ။ သူဟာ အိမ်အပြင်ကို သိပ်မထွက်ဖြစ်တော့တာ မေမေဆုံးပြီးကတည်းကပဲမလား။
*****
အားလုံးအကောင်းတိုင်းပဲ ခဏတာအလန့်လွန်ပြီး shock ဖြစ်သွားတာပါ။ ဆေးရုံက ဆင်းချင်ရင်ဆင်းလို့ရပါပြီဆိုတဲ့ မနက်ခင်း roundလှည့်တဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကြောင့် သူဆေးရုံက ဆင်းဖို့ပြင်ဆင်နေခဲ့ပြီ။ ဆေးရုံမှာ သူမနေ့တစ်ညတော့ အိပ်လိုက်ရသေးသည်လေ။
တကယ်တော့ ဆေးရုံဆိုတဲ့ အသိကလည်း သူ့ကိုခြောက်လန့်နေခဲ့ပြီး အိပ်မပျော်ဖြစ်စေခဲ့ပါသည်။ အားနာစရာကောင်းစွာ သူ့ကိုကားနဲ့တိုက်မိသွားတဲ့ ညီမလေးက သူ့ကိုတစ်ညလုံး အိပ်စောင့်ပေးခဲ့သည်လေ။ သူ့မှာ ထူးထူးဆန်းဆန်း မနေ့ညကအစောပိုင်း အိပ်မပျော်ရာက နောက်ပိုင်းမှာ စိတမချလက်ချအိပ်ပျော်သွားခဲ့ရသည်။
"အမကြောက်နေရင် ညီမလက်ကို ကိုင်အိပ်လို့ရတယ်နော်" လို့ ကမ်းပေးလာသည့် သူမ၏လက်နွေးနွေးလေးတွေကြောင့်ပဲဖြစ်ပါမည်လေ။
မနက်ခင်း ဆရာဝန် round လှည့်ချိန်မှာတော့ သူမက အခန်းအပြင်ဖက်က သန့်စင်ခန်းကိုသွားလို့ ကိုယ်လက်မျက်နှာ သွားဆေးကြောနေခဲ့သည်လေ။ ထို့ကြောင့်ပဲ သူတစ်ယောက်ထဲ ဆေးရုံက ဆင်းဖို့ကို ပြင်ဆင်နေလိုက်၏။
"ဟာ... အမဝင်္က အဲ့တာ ဘာတွေလုပ်နေတာလဲ"
ဘာအထုပ်မှမပါလာလို့ ဆေးရုံကလူနာအဝတ်အစားကိုသာ သူမနေ့ကဝတ်လာခဲ့သည့် အဝတ်အစားတွေနဲ့ လဲဝတ်နေရာ အခန်းထဲပြန်ဝင်လာခဲ့သည် သူမက မေးမြန်းလာခဲ့သည်။
"ဆရာဝန်က ဆေးရုံက ဆင်းလို့ရပြီတဲ့"
သူအင်္ကျီကြယ်သီး တပ်နေရင်းနဲ့ပဲ သူ့အနောက်က သူမကို ပြန်ဖြေလိုက်သည်။
"ဘယ်တုန်းက ပြောသွားတာလဲ"
"ခုနက..."
"ဪ...။ ဒါဆို အမဝင်္က ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး ဒီမှာ ခဏစောင့်နေပေးပါလား။ လိပ်ပြာ ဆေးရုံခသွားရှင်းပြီးရင် ပြန်တက်လာခဲ့မယ်လေ။ နော်... ခဏ"
ခဏ! ဆိုပြီး သူမက ခပ်သော့သော့နဲ့ အခန်းထဲမှ ပြန်ထွက်သွားလိုက်သည်။ သူ့မှာလည်း အဝတ်အစားလဲပြီးနောက် ကုတင်ပေါ်မှာသာ ဝင်ထိုင်ပြီး စောင့်နေလိုက်ပြီလေ။ မနက်ခင်းမလို့ ပြတင်းပေါက်များကို ဖွင့်ထားကြသည်။ ဆိုတော့ သူမှန်တွေကို မမြင်ရတော့ဘူးလေ။
ပြတင်းပေါက်မှတဆင့် မနက်ခင်းနေရောင်ခြည်က အခန်းထဲကို ဖြာကျနေခဲ့ပါသည်။ လှလိုက်တာ... သူစိတ်ထဲ သဘာဝရဲ့ အလှတရားကို မခံစားမိတော့တာတောင် ဘယ်လောက်ကြာနေခဲ့ပြီလဲ။
ထိုပြတင်းပေါက်လေးမှ အပြင်ဘက်မှာ လမ်းလျှောက်နေကြတဲ့လူတွေ၊ ဈေးသည်တွေ၊ ဆိုင်ကယ်တွေ ကားတွေ အစရှိသဖြင့် ကူးလူးသွားလာနေကြတာ မြင်နေရတော့ ဪ... လူ့ပတ်ဝန်းကျင်ဆိုတာ ဒီလိုပါလားပေါ့ သူတွေးမိသွားတယ်။ သူ့ရဲ့ ပတ်ဝန်းကျင်မှာတော့ အမြဲတမ်းကိုပဲ မှောင်မိုက်နေခဲ့တာမလားလေ။
"ပြီးပြီလား အမဝင်္က သွားကြရအောင်လေ"
အခန်းထဲပြန်ဝင်လာပြီး ဆော်ဩလိုက်တဲ့ သူမကြောင့် ဝင်္ကတို့ အတွေးပျက်ပျယ်ပြီး ထိုင်နေရာမှအမြန်ထလိုက်ပြီ။
"သွားကြရအောင်လေ အမဝင်္က။ လိပ်ပြာ အိမ်ထိလိုက်ပို့ပေးပါ့မယ်"
ထိုသို့နှင့် သူတို့နှစ်ယောက် ဆေးရုံထဲကနေ ထွက်လာခဲ့ကြပြီ။ လာလမ်းတစ်လျှောက်လုံးမှာတော့ ဝင်္ကတို့ ဆေးရုံထဲက အလင်းပြန်နိုင်တဲ့ ဘယ်မှန်ချပ်တွေကိုမှ မြင်ရလေအောင် ခေါင်းစေ့စေ့ မထောင်လာခဲ့ပါလေ။
"တက်လေ အမဝင်္က။ လိပ်ပြာ ကားနဲ့လိုက်ပို့ပေးမယ်"
"တော်... တော်ပါပြီ။ ငါကားမစီးရဲဘူး။ ငါ့ဘာသာတစ်ယောက်ထဲပဲ လမ်းလျှောက်ပြန်လိုက်တော့မယ်"
ဝင်္ကတို့ ငြင်းလိုက်တယ်။ မှန်တွေ လေးဖက်လေးလံ ပိတ်ထားတဲ့ နေကာကျဉ်းကျဉ်းလေးထဲမှာ သူ ဘာမှမဖြစ်သလို ထိုင်လိုက်စီးမသွားနိုင်တာကတော့ အမှန်တကယ်ပါလေ။ သူ မှန်တွေကို မကြိုက်လို့ ရှောင်ရမှာစိုးလို့ မှန်တစ်ချပ်မှမရှိသည့် အိမ်အပြင်ကနေ ဘယ်ကိုမှတောင်မသွားခဲ့တာ မဟုတ်လား။
အခုတော့ သူ့အိမ်ပြန်လမ်းကို ဘယ်ဘေးဘီမှ မငေးကြည့်တော့ တည့်တည့်မတ်မတ်သာ ဦးခေါင်းစိုက်လို့ သွားရဦးပါမည်လေ။ ဝင်္ကတို့ ခေါင်းကြီးငိုက်စိုက်လို့ ဆေးရုံကနေ ထွက်သွားဖို့ခြေချလိုက်သည်။ ထိုအချိန် ရုတ်တရက် သူ့ရဲ့ညာဘက်အခြမ်းက လက်ကလေးဟာ ဖတ်ခနဲ နွေးသွားခဲ့ပါတယ်။
"အမဝင်္ကက ကားမစီးရဲဘူးဆိုတော့လည်း ဒီလိုပဲလိုက်ပို့ရတော့မှာပေါ့တဲ့" သူမက သူ့ကိုမကြည့်ဘဲနဲ့ ရှေ့တည့်တည့်ကိုသာ မျက်နှာမူလို့ပြောလာခဲ့သည်။
သူ အဲ့ဒီလက်တွေကို မလွှတ်ချပစ်လိုက်နိုင်ပါလေ။ သူ့ရင်ထဲက ကြောက်စိတ်တွေကို ဖြေလျှော့ပေးနိုင်သည့် အနွေးဓာတ်ကလေးက အခုချိန်မှာ သူ့အတွက်တော့ အမှန်တကယ်ကို အားကိုးရာပဲ။
ဒါကိုတော့ ဝင်္ကတို့ မငြင်းတော့ဘဲ ကြည်ဖြူစွာ လိုက်လျောလို့ ပေးခဲ့သည်။ ဤသို့နှင့် နှစ်ယောက်သား ဆေးရုံကလေးထဲကနေပဲ လက်ကလေးတွဲလို့ အတူယှဉ်ထွက်လာခဲ့ကြတော့၏။
*****
အိမ်ပြန်လမ်းတစ်လျှောက်လုံးထိ လက်ကလေးက အတွဲမဖြုတ်ခဲ့ပါလေ။ အရှေ့တပြမှာ ရှိနေသည့် မှန်တွေနဲ့ ကာထားတဲ့ cafe ဆိုင်နားလေးကိုရောက်တော့ သူမက အလိုက်သတိပဲ သူ့ရဲ့ဘေးကနေ ကွယ်လာပေးခဲ့သည်။
"ကျေးဇူးပဲ..."
သူ ကျေးဇူးတင်စကားပြောလိုက်မိသည်။
"ရပါတယ် ကိစ္စမရှိပါဘူး။ ဒါနဲ့..."
သူမက သူ့မျက်နှာကို ကြည့်လာခဲ့သည်။
"အမဝင်္ကက မှန်တွေကို သိပ်ကြောက်တာပဲလား"တဲ့
ဝင်္ကတို့ မျက်နှာမှာ စိုးထိတ်လို့သွားခဲ့တယ်။
ကြောက်တာပေါ့... ကြောက်တာမှ မေမေရှိတုန်းကတည်းက အိမ်မှာရှိသမျှမှန်တွေအားလုံးကို ဖျက်စီးခိုင်းသည်ထိပဲလေ။ သူဘာလို့ ပုံရိပ်ထင်တဲ့ မှန်တွေကို သိပ်ကြောက်သွားရတာလဲ။ သေချာမသိတော့ပေမယ့် သူငယ်ငယ် ရှစ်နှစ်အရွယ်မှာတုန်းက မေမေ့သူ့ကို မြေအောက်ခန်းထဲပိတ်ထားပြီး အဲ့ထဲကပြန်ထွက်ရကတည်းပဲ ထိုသို့ဖြစ်သွားခဲ့သည်ပဲလေ။
သူက အိမ်မှာရှိရှိသမျှ မှန်တွေအကုန်လုံး မေမေ့ရဲ့လက်ကိုင်ဆောင်မှန်လေးကလွဲလို့ အားလုံးကို ဖျက်စီးပစ်ခဲ့သည်။ ဖုန်း၊ လပ်တော့ပ် အစရှိသည့် ပုံရိပ်ထင်နိုင်သည့် အရာမှန်သမျှ ဘာကိုလည်းမျှမကိုင်ပါလေ။ သူ့ရဲ့ အိပ်ခန်းထဲမှာရော၊ သန့်စင်ခန်းထဲက ဘေစင်ပေါ်မှာပါ မှန်တစ်ချပ်မျှမရှိနေခဲ့ပါ။ သူ မှန်ကိုကြောက်တတ်သွားတဲ့ အချိန်ကစပြီး သူ့ရဲ့မျက်နှာက ဘယ်လိုဘယ်ပုံစံရှိသည်ဆိုတာကိုလည်း မသိခဲ့တော့ပါလေ။
"မင်း ငါ့ကို အရူးလို့ ထင်နိုင်ပေမယ့် ငါ့နောက်ကို အမြဲလိုက်နေတဲ့ လူတစ်ယောက်ရှိတယ်။ ငါသူ့ကို မှန်ကနေတွေ့နိုင်တာမို့ ငါမှန်တွေကို မကြည်ရဲဘူး"
သူ့ရဲ့ ပြောစကားကို သူမဟာ နားစိုက်လို့ထောင်နေခဲ့သည်။ ကောင်းသည်ဆိုးသည် တစုံတရာမဝေဖန်ပဲ "ဪ... ဟုတ်လား"တဲ့ ဒါပဲပြောပြီး သူ့ရဲ့လက်ကို ပိုပြီးတင်းတင်းလေး ဆုပ်ကိုင်လာပေးခဲ့သည်လေ။
*****
အိမ်ပြန်လမ်းလေးဟာ သိပ်မနီးပေမယ့် ရောက်လို့လာခဲ့ပြီ။ သူ... သူမရဲ့ လက်ကလေးတွေကို လွှတ်ပေးရတော့မယ်လေ။ ကြောက်စရာ အိမ်ကြီးထဲကို ဝင်သွားရတော့မယ်။ အထဲမှာ မီးတွေပြန်လင်းနေပါ့မလား။ သူအခန်းထဲထိ ဒုန်းဆိုင်းပြီးပြေးဝင်သွားရဦးမလား။ သူ့ရဲ့ အိမ်ကြီးက သိပ်ကြောက်စရာကောင်းပေမယ့် ပိုပြီးစိတ်မကောင်းစရာကောင်းတာက သူ့မှာဒီအိမ်ကြီးကလွဲ ပြေးစရာမြေမရှိပေ။ သူဟာ နေရာမရွေးရောက်လာတတ်ပြီး ဘယ်နေရာမဆို သူ့ကိုခြောက်လှန့်တတ်တာမို့လေ။
သူဆယ့်ရှစ်နှစ်အရွယ်။ သူ့မေမေ အသက်ထင်ရှားရှိစဉ်ကာလတုန်းက အဲ့ချိန်သူက တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်လေ။ အဲ့နေ့က မှတ်မှတ်ရရ ကျောင်းက tripတိုလေး သွားရတာမလို့ သူ့မေမေဆီမှာ ခွင့်တောင်းပြီး လိုက်လာဖို့ ခွင့်ပြုခြင်းခံခဲ့ရသည်။
တစ်နေ့လုံးတော့ သူ့မှာ သူငယ်ချင်းတွေပျော်ပါးနေတာကြည့်ပြီး စိတ်တွေလည်း တက်ကြွနေခဲ့တာပေါ့။ ကားပေါ်မှာလည်း သူငယ်ချင်းတစ်ယောက်ကို မှန်ဘေးမှာထိုင်ခိုင်းပြီး မှန်တွေကိုလည်း လိုက်ကာချထားခိုင်းလို့ အဆင်ပြေခဲ့ပါသည်လေ။ ပြဿနာကား ညအချိန်၌ စခဲ့သည်။
Trip ထွက်လာတာမလို့ သူငယ်ချင်းတွေအားလုံးက ဟောကြီးထဲမှာ စုပြီးအိပ်ကြရတော့မည်လေ။ သူလည်း လူတွေအများကြီးနဲ့ အိပ်ရတော့မှာမလို့ မကြောက်ရတော့ဘူး ထင်ပြီး စိတ်ချလက်ချဖြစ်နေခဲ့မိသည်။
အဲ့နေ့ညက သူ့ဘေးမှာအိပ်ခဲ့တဲ့ သူငယ်ချင်းမလေးက မီးလင်းနေရင် မအ်ပ်တတ်ဘူးဆိုလို့ သူတို့နားက အခန်းမီးကိုသွားပိတ်လိုက်သည်လေ။ သူကလည်း သူ့ဘေးနားမှာ လူတွေရှိနေတာမလို့ ဘာမှထွေထွေထူးထူး မဖြစ်လောက်ပါဘူးဆိုပြီး အဲ့ဒီအတိုင်းအိပ်ခဲ့တာပါပဲ။
ဒီလိုနဲ့ ညလယ်လောက်ရောက်လာတော့ သူတရေးနိုးလာခဲ့တယ်။ သူ့မျက်လုံးတွေက အချိန်ကိုက်ပေးထားသလိုကို ပြူကျယ်လို့လာခဲ့တယ်။ သူ အာခေါင်တွေခြောက်နေခဲ့တယ်လေ။ ရေသောက်မယ်ဆိုပြီး သူ့အိပ်ယာဘေးနားမှာ ထားထားသည့် ရေသန့်ဘူးကို ယူဖို့အလှည့် သူဘေးနားမှာလည်း သူ့လိုပဲ မျက်လုံးကြီးဖွင့်နေတဲ့သူကို တွေ့လိုက်ရတော့တယ်။
သူလည်း တရေးနိုးတာ ဖြစ်မှာပါလေ တွေးပြီးရေဘူးကိုမော့သောက်နေတုန်း ဝင်္ကတို့ ရေများ ဗြန်းခနဲ သီးသွားရကုန်သည်။ သူ ခုနက ကြောင်စီစီပြူးနေတဲ့ မျက်လုံတွေကို တွေ့လိုက်ရတာမလား။ တကယ်ဆိုသူက ဘေးဆုံးမှာအိပ်နေခဲ့တာလေ။ သူ့ရဲ့ဘေးမှာ နံရံပဲရှိတော့တယ် ဘယ်ကလူကရောက်လာတာလဲ။
ဝင်္ကတို့ ထိတ်လန့်သွားတုန်း ထိုသူဟာသွားကြီးစိပြုံးပြီး သူ့မျက်နှာနားကပ်လာသည်ကို ခံစားလိုက်ရတော့၏။
"အား!!!!!!!!!!!"
ဝင်္ကတို့ ထိုနေရာမှာတင် ချူချူပါအောင် အော်လေတော့တာပဲ။ တစ်ခန်းထဲက သူငယ်ချင်းတွေအားလုံးလည်း နိုးလာကျပြီး မီးတွေဖွင့်ကြ၊ သူ့ကိုမေးမြန်းကြနဲ့ အလုပ်တွေရှုပ်သွားခဲ့ရကုန်သည်။ ထို့ညက သူသရဲတွေ့လို့ အော်ပါတယ်ဆိုတဲ့ သတင်းဟာ ယောက်ျားလေးတွေအိပ်တဲ့ အဆောင်ထိပြန့်သွားခဲ့ပြီး အကုန်လုံးကို အိပ်မရတော့အောင် ခြောက်လန့်ခဲ့မိတော့တာပဲ။ သူအဲ့နေ့ကစပြီး အမှောင်ခန်းထဲမှာ ဘယ်တော့မှ မအိပ်တော့ပါလေ။
*****
အိမ်နားလေးထိ ရောက်လာခဲ့ပြီးမှ ဝင်္ကရဲ့ ခြေလှမ်းတွေဟာ သူ့အိမ်ထဲပြန်ဝင်ဖို့ကို တွန့်ဆုတ်နေခဲ့သည်။ ရှားရှားပါးပါး ရတောင့်ရခဲ လုံခြုံမှုလေးက နောက်ထပ်ကြောက်လန့်လာရမည့်အရာတွေအတွက် နှမြောတတ်သဖြစ်စရာ ဖြစ်နေခဲ့တယ်လေ။
"ငါသွားတော့မယ်"
မရမယ့် အတူတူတော့လည်း စိတ်ပျက်ပျက်နဲ့သာ ရင်ဆိုင်ဖို့ ဆိုင်းပြင်ရသည်လေ။
"ခဏနေပါဦး အမဝင်္က!"
အိမ်ထဲပြေးဝင်သွားဖို့ ကြံရွယ်နေတဲ့ သူ့ခြေလှမ်းတွေဟာ သူမရဲ့ ဟန့်တားလိုက်မှုမှာ ရပ်တန့်သွားခဲ့သည်။
"ခဏလောက် လိပ်ပြာနဲ့ လျှောက်လည် အာ... မဟုတ် အတူရှိမနေချင်ဘူးလားလို့"
"ရှိနေချင်တယ်!"
"ဟင်...."
သူမက ရုတ်ချည်း သဘောတူလိုက်တဲ့ သူ့ကို ကြောင်သွားတဲ့ပုံပဲ။ လျှောက်တယ်ဆိုတာကိုတော့ သူ့အဘိဓာန်မှာ မသိမ်းထားခဲ့ဖူးပေမယ့် ဒီအချိန်မှာ သူ... သူမနဲ့တော့ ထပ်ပြီး အတူရှိနေချင်ပါသေးသည်လေ။ ထို့ကြောင့်ပဲ မတုံ့မဆိုင်းပြန်ပြောလိုက်မိတယ်။
ဒီလိုနဲ့ ဝင်္ကတို့ အိမ်ထဲပြန်မဝင်ဖြစ်တော့ဘဲ သူမနှင့်အတူသာ ပြန်လို့ထွက်သွားဖြစ်ခဲ့ပြန်သည်လေ။
*****
လမ်းချည်းပဲ လျှောက်နေရတော့ ညောင်းလာတယ်။ သို့ပေမယ့် ဝင်္ကကတော့ ညောင်းဟန်မတူပေ။
"အမမနက်စာ မစားရသေးဘူးမလား"
သူက ဘယ်တော့မှ မနက်စာမစားတတ်ပါဘူး။
"အင်း... မစားရသေးဘူးလေ"
"ဒါဆို လိပ်ပြာကြိုက်တတ်တဲ့မုန့်တွေရှိတဲ့ ဆိုင်မှာ မနက်စာသွားစားကြမလား"
"အင်း... ကောင်းသားပဲ"
သူမက ကြိုက်တယ်ဆိုပြီး ခေါ်လာခဲ့တဲ့ဆိုင်ဟာ သူငယ်ငယ်တုန်းက သူမေမေနဲ့လား တစ်ခါရောက်လာခဲ့ဖူးသည့် ကိတ်မုန့်ဆိုင်လေးဖြစ်နေခဲ့သည်။ သူငယ်ငယ်တုန်းကတော့ ဒီဆိုင်က ချိစ်ကိတ်လေးနဲ့ ချောကလက်နို့ပူပူလေးကို သိပ်ကြိုက်ခဲ့တာလေ။
"ချိစ်ကိတ်နှစ်ခုနဲ့ ချောကလက်နို့ နှစ်ခွက်"
သူမရဲ့ ဝိတ်တာကို မှာလိုက်သည့်အမှာကြောင့် ဝင်္ကတို့ သိပ်အံ့ဩသွားသည်။ သူက မျက်လုံးလေးပြူးကြည့်နေတာတွေ့တော့မှ...
"ဟီး... အမဝင်္က ဘာကြိုက်လဲတော့မသိဘူး။ လိပ်ပြာကတော့ လိပ်ပြာကြိုက်တာကို မှာလိုက်မိပြီ။ အမဝင်္ကရော ကြိုက်ရဲ့လား"တဲ့။
မမှာခင်မမေးဘဲ မှာပြီးမှမေးလာတဲ့ ထူဆန်းတဲ့သူမပဲ။
"အင်း... ကြိုက်ပါတယ်"
"ဟီး... တော်သေးတာပေါ့"
ထို့နောက် မုန့်နဲ့ ချောကလက်နို့ကို လာချခဲ့သည်။ သူကိတ်မုန့်လေးကို ဇွန်းနဲ့သေးသေးလေးဖဲ့ပြီး စားလိုက်တယ်။ ခွက်ကလေးကို နှုတ်ခမ်းတေ့ရုံနား သောက်ပြီးနောက်တော့ သူဆက်စားလို့မရတော့ပေ။ သူ့ရဲ့ အစာအိမ်က သိပ်လက်မခံတော့ဘူးလေ။ အမြဲလိုလို ကော်ဖီတွေပဲသောက်ပြီး အစားကိုတော့ မှာပြီးလာပို့တဲ့ အစားတွေကိုသာ စားတလှည့်မစားတလှည့်နဲ့ ပစ်ထားမိခဲ့တော့ သူ့ရဲ့အစာအိမ်ဟာ အစားကောင်းကောင်းတောင် လက်မခံချင်တော့ပေ။
"တော်ပြီလား အမဝင်္က။ ကြိုက်တယ်ဆို"
"အင်း... တော်ပြီ ဝပြီ"
"အစားကို အဲ့လိုကောင်းကောင်းမစားလို့ ဖြစ်တာလေ!"
ရုတ်တရက်ကြီး သူမက အော်ပြောလာခဲ့သည်။ ဝင်္ကတို့ကြောင်သွားရတော့၏။ အဘယ်ကြောင့် သူမက ဒေါသထွက်နေရပါသနည်း။
နောက်မှ "sorry ပါ ယောင်သွားလို့" ဆိုပြီး ချောချလာပေမယ့်လည်း သူ့အတွက်တော့ အထူးဆန်းတကြီးဖြစ်သွားခဲ့သည်လေ။
နောက်တစ်ခု ထူးဆန်းတာ ထပ်ဖြစ်သွားခဲ့သေးသည်။ သူမဟာ ရုတ်တရက်ကြီး သူ့ရဲ့ ဆံပင်တွေကို လာထိခဲ့တယ်လေ။
"အမဝင်္ကရဲ့ ဆံပင်တွေက သိပ်ရှည်နေပြီ မညှပ်သေးဘူးလား"တဲ့။
*****
သူတို့နှစ်ယောက် အဲ့ကိတ်မုန့်ဆိုင်လေးက ထွက်လာပြီးနောက်တော့ beauty solon တစ်ခုကို ရောက်သွားဖြစ်ခဲ့သည်။ သူအနေနဲ့တော့ အဲ့လိုမှန်တွေပေါ်များတဲ့ နေရာမျိုးကို အထူးရှောင်တာပေါ့။ ဒါကြောင့်မလို့လဲ မေမေမသေခင် သူ့ကိုနောက်ဆုံးတစ်ခေါက် ညှပ်ပေးသွားခဲ့တာကလွဲလို့ သူ့ဆံပင်တွေကို တစ်ခါမှထပ်မညှပ်ဖြစ်တော့ပါလေ။
သူမက သူကို ဆိုသည်။ "အမဝင်္ကရဲ့ ဆံပင်တွေက ညှင်းသိုးသိုးနဲ့ လန်းလန်းဆန်းဆန်းလေး ဖြစ်သွားအောင် ဆံပင်ညှပ်လိုက်ပါလား"တဲ့။ သူဘယ်လိုပုံစံဘယ်ဝါရှိလဲ သူ့ကိုယ်သူမသိမှတော့ တခြားလူအမြင်ထဲ မသင့်တော်လွန်းလို့ ပြောထွက်လာတာ ဖြစ်မှာပါလေဟု တွေးပြီးပဲ လက်ခံဖြစ်ခဲ့တယ်။
အဲ့တော့လည်း သူမက "အမဝင်္ကက သိပ်လိမ္မာတာပဲ။ စိတ်ချပါ သူပါအတူ ဆံပင်လိုက်ညှပ်ပေးမယ်"တဲ့လေ။ တဆိတ် သူမရဲ့ တခြားသူစိမ်းတစ်ယောက်ပေါ် ဂရုစိုက်မှုတွေက သိပ်များပိုလွန်းနေလားလို့။
"အမဝင်္က မကြောက်နဲ့နော်။ လိပ်ပြာ ဆိုင်က ဝန်ထမ်းကောင်မလေးကို အကူအညီတောင်းထားပြီးပြီ။ သူတို့တွေက အမရယ် လိပ်ပြာရယ်ရဲ အရှေ့က မှန်တွေကို အုပ်ထားပေးလိမ့်မယ်"
"အင်း..."
ဝင်္ကတို့ ဆိုင်ထဲကို သူမရဲ့လက်ကလေးဆုပ်ကိုင်ကာ မျက်စိမှိတ်လို့ ဝင်သွားခဲ့လိုက်ပြီ။ သူထိုင်ရာမယ့်နေရာထိ သူမက ခေါ်သွားပေးခဲ့သည်လေ။ သူမကလည်း သူရဲ့ဘေးမှာ ဝင်ထိုင်လိုက်သည်။
ဆံပင်ညှပ်ပေးသည်က သိပ်တော့မကြာလိုက်ပေ။ တအောင့်လောက်ကြာတော့ ပြီးသွားခဲ့သည်။ သူမကတော့ တခြားမှန်တစ်ခုခုကနေ သူမရဲ့ပုံစံကိုသူမသွားကြည့်နေခဲ့သည်။ သူကတော့ မကြည့်ရဲပါပေ။
"ပြီးသွားပြီးမလား အမဝင်္က"
"အင်း ဘယ်လိုလဲ"
ဘယ်လိုလဲဆိုတာ သူ့ရဲ့ ပုံပန်းသွင်ပြင်က ဘယ်လိုဖြစ်သွားပြီလဲလို့ မေးလိုက်ခြင်းသာ။
"လိပ်ပြာကို ကြည့်လိုက် အမဝင်္က။ လိပ်ပြာရဲ့ ပုံစံက အမဝင်္ကရဲ့ ပုံစံပဲ" ရှည်လျားသည့်ဆံပင်တွေကို လည်ပင်းဂုတ်ထောက်လောက်ထိ ညှပ်ချလိုက်တဲ့သူမဟာ သူမရဲ့ ဆံပင်လေးကို လက်ညိုးထိုးပြရင်း ပြန်ဖြေလာခဲ့သည်။
*****
သူမပြောသလိုပဲ ဆံပင်ညှပ်လိုက်တော့ ခေါင်းကနည်းနည်းပေါ့သွားသားလေ။ ထပ်ပြီး သူမက တောင်းဆိုလာခဲ့ပြန်လေ၏။
"အမဝင်္ကရဲ့ အိမ်ကို လိုက်လည်လို့ရမလား"
"ဟမ်.... ဘာလို့လဲ"
"ဒီအတိုင်းပဲ လိုက်လည်ချင်လို့လေ။ ရမလား"
"ရ... ရပါတယ်" ဝင်္ကတို့ ယောင်တောင်တောင်နဲ့သာ လိုက်လျောလိုက်ရသည်။
သူတို့တွေ ဟင်းချက်စရာတွေ ဝယ်လာပြီး သူ့ရဲ့အိမ်သို့ ရောက်လာခဲ့ကြပြီ။ တော်သေးသည် အိမ်ထဲမှာ မီးတွေပြန်လင်းထိန်နေခဲ့လို့လေ။
သူမကတော့ သူ့အိမ်မှာ ထမင်းချက်မစားဖြစ်တာကို သိများသိနေသလား ဟင်းချက်ပြီးစားဖို့ ပစ္စည်းအစုံကို ဝယ်ချလာသည်လေ။ တစ်ခါသုံး တူ၊ ပန်းကန်တွေကအစပေါ့။ သူကတော့ မီးဖိုချောင်ထဲကို ကော်ဖီဖျော်ဖို့ကလွဲ ဘယ်တော့မှမဝင်ခဲ့ပေ။
"အမဝင်္ကက အပြင်မှာ စောင့်ရင်စောင့်နေလေ။ လိပ်ပြာ ချက်လို့ပြီးရင် အမဝင်္ကကို ခေါ်လိုက်မယ်"
"မင်းက ဘယ်လိုချက်ပြုတ်ရမလဲ သိလို့လား"
"သိတာပေါ့ အမဝင်္ကရဲ့"
တော်တော်ထူးဆန်းတဲ့ ကောင်မလေးပဲ။ သူတောင် ဒီမီးဖိုခန်းထဲက ပစ္စည်းတွေ ဘယ်လိုရှိမှန်းတောင် မသိတော့တာ သူကတော့အကျွမ်းတဝင်ပဲ ရှိနေခဲ့သည်လေ။
ထမင်းစားပွဲပေါ် သူက ဝယ်လာတဲ့ တစ်ခါသုံးထမင်းပန်းကန်တွေကို ချလိုက်သည်။ ချက်ထားတဲ့ ထမင်းလေးကို အိုးလိုက်ချပြီး ထိုပန်းကန်လေးတွေထဲ ခူးထည့်နေပြီလေ။
"ဘာတွေလုပ်နေတာလဲ ဝင်္က"
"ဒီမှာ ထမင်းတွေခူး... ဟင်!"
သူ သူ့ကို ဝင်္ကလို့ခေါ်လိုက်တာကြောင့် အလန့်တကြား လှည့်ကြည့်လိုက်မိတယ်။ သူမက မီးဖိုချောင်ထဲမှာ ကျက်ပြီးသားဟင်းတွေခူးနေတုန်းလေ။ ဒါဆို ခုနက ဘယ်သူ...
"ဟိတ်! ဝင်္က"
"အမလေး!!!"
ဝင်္ကတို့ အနီးကပ်မျက်နှာတစ်စုံကို မြင်လိုက်ရပြီး ကြောက်ရွံ့ကာ နိုးလာရတော့သည်။ တကယ်က သူက ဆိုဖာပေါ်မှာ အိပ်ပျော်နေခဲ့တာလေ။
"ဟော... နိုးပြီလား အမဝင်္က...လိပ်ပြာလည်း အခုပဲ အမဝင်္ကကို လာနိုးတော့မလို့"
အခုမှ မီးဖိုချောင်ထဲက ထွက်လာသည့်သူမ စားပွဲပေါ်မှာ ထမင်းတွေကတော့ ခူးပြီးသွားခဲ့ပြီ။
သူ... အိပ်မက်မက်နေခဲ့တာလား။ ဒါပေမယ့် တကယ့်လက်တွေ့လိုပဲ သိပ်ကြောက်ဖို့ ကောင်းလွန်းနေတယ်လေ။
*****
သူတို့တွေ ထမင်းစားဝိုင်းမှာ အပြန်အလှန်မျက်နှာချင်းဆိုင်ပြီး ထိုင်စားဖြစ်ခဲ့ကြသည်။ သူမ ချက်ထားသည်များက သူငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ ဟင်းတွေချည်းပဲလေ။ ထူးဆန်းစွာနဲ့ကို တိုက်ဆိုင်လွန်းနေခဲ့ပြန်သည်။
"ကြက်သားကြော်လေး ထည့်စားလေ အမဝင်္ကက ကြက်သားကြော်ကြိုက်တယ်မလား"
သူမထည့်ပေးလာသည့် ဟင်းကို ကြည့်ရင်း ဝင်္ကတို့ ကြောင်သွားရတော့သည်။ ဘယ်လိုလုပ် သူမက သူကြက်သားကြော်ကြိုက်တာကိုလည်း သိနေရပြန်တာလဲ။
"ဟက်... တော်တော်များများက ကြက်သားကြော်ကြိုက်တတ်ကျလို့လေ"
တကယ်ပဲ မရွယ်ဘဲ တိုက်ဆိုင်နေတာလား သံသရ တောင် ဝင်ချင်လာကတော့သည်။
ဝင်္ကတို့ စားနေရင်း သူမဘက်ကို ငဲ့ကြည့်လိုက်မိသည်။ ကြောင်စီစီ မျက်လုံးတွေနဲ့ကြည့်တတ်တဲ့ မျက်နှာစိမ်းကို ဖြုတ်ခနဲ သတိရသွားပြီး ဝင်္ကတို့ အနောက်သို့လန်ကျသွားကုန်ပြီလေ။
"ဟာ...ဘာဖြစ်တာလဲ အမဝင်္က အဆင်ပြေရဲ့လား"
သူမရဲ့ အသံလေးကြားလိုက်ရမှပဲ အသိစိတ်တွေရောထွေးနေရာက ပျောက်သွားရသည်။ ကြည့်ရတာ ခုနက အိပ်မက်က သူ့ကို အရမ်းခြောက်လန့်သွားခဲ့တယ် ထင်ပါရဲ့လေ။
*****
သူမဟာ ညနေနေဝင်သွားသည်အထိကို အိမ်မှာပဲရှိလို့နေခဲ့ပါသည်။
"မင်း အိမ်ပြန်တော့မှာလား"
"အင်း ပြန်တော့မယ်လေ"
"မပြန်ပါနဲ့လား"
"ရှင်!!!"
ခုနကကြောက်ရှိန်က မပြယ်သေးတော့ သူ့ဘက်က လောဘကြီးမိသွားတယ်ထင်တယ်။
"အာ... ဘာမှမဟုတ်ပါဘူး။ မင်းပြန်ချင် ပြန်ပါ။ ငါက ဒီအတိုင်း..."
"ရတယ်လေ။ ဒါဆိုလည်း လိပ်ပြာ ဒီညဒီမှာပဲ အိပ်လိုက်တော့မယ်"
သူမဟာ တွေဝေချင်းမရှိ အလျင်းလက်ခံခဲ့ပါသည်။ သူမက သိပ်ထူးဆန်းသည်လေ။
*****
သူတို့တွေ အိပ်ခန်းတစ်ခန်းထဲမှာ အတူအိပ်ကြရတော့မည်။
"good night နော် အမဝင်္က"
"အင်း..."
သူတို့နှစ်ယောက်လုံး မျက်လုံးများမမှိတ်သေးဘဲ တစ်ယောက်ကို မျက်နှာချင်းဆိုင်လို့ တစ်ယောက်မမှိတ်မသုန်ကြည့်နေခဲ့ကြသည်။ ထိုစဉ် သူမဖက်က စကားသံစထွက်လာခဲ့သည်လေ။
"လိပ်ပြာကို တကယ်မမှတ်မိဘူးလား အမဝင်္က"
ဟမ်... ဒါဆို သူမ သူနဲ့အရင်က တွေ့ဖူးတာ မှန်နေတာပေါ့လေ။
"တကယ်ကြီး မမှတ်မိဘူးလား"
ဟင့်အင်း သူဘက်က သေချာကြည့်နေတာပဲ။ လုံးဝပုံဖော်မရပါလေ။ ခဏတော့ သူမကိုပဲ သေချာကြည့်နေရင်းကြည့်ရင်းက ပုံရိပ်တစ်ခုက မျက်လုံးထဲပေါ်လာခဲ့သည်။
"ငါ့ကို တကယ်မမှတ်မိဘူးလား ဝင်္က!"
ဖန်း!!!
ရုတ်တရက်ကြီး ဖန်းခနဲ ကွဲကျသွားသံနဲ့အတူ ဝင်္ကတို့ လန့်ဖြန့်သွားခဲ့ပြီလေ။ သူအိပ်ရာက ထကြည့်လိုက်တော့ ခေါင်းအုံးအောက်မှာ ထည့်သိမ်းထားသည့် မေမေ့ရဲ့အိတ်ဆောင်မှန်လေးက ကျကွဲသွားတာကို တွေ့လိုက်ရသည်။
သူ့မှာ နှမြောတသကြီးစွာနဲ့ပဲ ထိုမှန်ကလေးကို သွားလို့ကောက်ကြည့်လိုက်မိတယ်။ ဖြတ်ခနဲ မှန်ကွဲထဲက သူ့ပုံရိပ်သူ ပြန်မြင်လိုက်ရတယ်။ ဝင်္ကတို့ ချက်ချင်းကိုပဲ ဆွံ့အလို့သွားတော့ပြီလေ။
မယုံကြည်နိုင်စွာ မှန်ကိုနောက်တစ်ကြိမ်ပြန်ကြည့်လိုက်ချိန် မှန်ထဲမှာ ပေါ်လာတဲ့ သူ့ရဲ့ပုံရိပ်၊ ထို့အတူ သူ့နောက်မှာရှိနေခဲ့သည့် သူမရဲ့ပုံရိပ်။ သူမရဲ့မျက်နှာဟာ သူ့ရဲ့မျက်နှာဘေးနားကို ရုတ်ချည်းရောက်လာခဲ့တော့သည်။
အခန်းထဲ ဘယ်အချိန်ထဲက ထည့်ထားမှန်းမသိသည့် မှန်ရှည်ကြီးတစ်ချပ်မှာ ဖုံးအုပ်ထားသည့် ပဝါဟာ ချောခနဲ့ကျသွားခဲ့သည်လေ။ ဝင်္ကတို့ ကြောက်လွန်းလို့တုန်ပြီး ဘာအသံမှထွက်မလာနိုင်တော့ပေ။ မှန်ထဲ၌ ပုံရိပ် ထင်နေသည့် ပုံရိပ်နှစ်ခုဟာ တူညီစွာသဏ္ဍန်ရှိနေခဲ့လို့ဖြစ်၏။
"မင်း ငါ့ကို မှတ်မိသွားပြီလား ဝင်္က"
သူမက အနားနားကပ်ပြောလိုက်သည့် စကားမှာတော့ ဝင်္ကတို့ အတိတ်ကဖြစ်ရပ်တွေကို အကုန်မှတ်မိသွားရကုန်သည်။ သူ့မေမေ့ရိုက်လို့ထွက်ပြေးရင်း ချောင်ထဲမှာ၊ ပိတ်ထားခံခဲ့ရတဲ့ မြေအောက်ခန်းထဲမှာ၊ ငယ်ငယ်က မျက်နှာသစ်ရင်း ဘေးစင်မှန်ထဲမှာ၊ သူ့ကို အမြဲခြောက်လှန့်နေတဲ့ အိပ်မက်ထဲမှာ အကြိမ်ကြိမ်တွေ့ခဲ့ရသူကား...
"ငါက မင်းပဲလေ ဝင်္ကလိပ်ပြာ"တဲ့။
ဆိတ်တိတ်နေတဲ့ အိမ်ကြီးထဲ ကျယ်လောင်တဲ့ အော်သံတစ်ချက် ထွက်လာပြီး ပြန်လည်လို့တိတ်ဆိတ်သွားခဲ့တယ်။
ထိုနေ့ကစ အဲ့အိမ်ကြီးထဲက ခပ်ကြောက်ကြောက်မိန်းကလေး ဝင်္ကတဖြစ်လည်း ဝင်္ကလိပ်ပြာကို ဘယ်သူမှ ထပ်ပြီးမတွေ့ရတော့ပါလေ။ ထူးထူးဆန်းဆန်း အဲ့နေ့က တစ်ယောက်တည်း အပြင်တွေထွက်၊ တစ်ယောက်တည်း စကားပြောရင်း၊ တယောက်တည်းလျှောက်လည်နေခဲ့တဲ့ အဲ့မိန်းကလေးကို နောက်ဆုံး တွေ့ခဲ့ရတာပဲတဲ့လေ။
ဘယ်သူမှမရှိတော့တဲ့ အိမ်အိုကြီးမှာ ညတိုင်းပဲ မီးတွေ လင်းနေခဲ့တော့တယ်။
.
.
.
.
.
.
#The End
______________________________________
(Zawgyi)
သူ႕ေဘးနားမွာ တီး တီး တီး ျမည္သံေတြၾကားေနရသည္။ သူ႕ေနာက္ကိုေတာ့ အရိပ္ျဖဴျဖဴႀကီးက အတင္းလိုက္ေနတာမလို႔ ထြက္ေျပးေနရသည္ေလ။ သူ... ဘယ္ေလာက္ပဲေျပးေျပး ထိုအရိပ္အျဖဴႀကီးက သူ႕အနားနီးကပ္သထက္ နီးကပ္လာေနတယ္။ ေျပးေနရတဲ့ ေျခေထာက္ေတြဟာ မသိပ္မေ႐ြ႕လ်ားေတာ့သလိုပဲ ခံစားေနရၿပီး ထိုအရိပ္ျဖဴႀကီးက သူ႕အနီးဆုံးကိုေရာက္လာခဲ့ၿပီ။ အနီးကပ္မွာ ျမင္လိုက္ရသည္က လူပုံသ႑န္ မ်က္ႏွာတစ္ခု....
အား!!!!!!
ဝကၤတို႔ ထိတ္လန္႔လို႔သာရယ္ ႏိုးထလာခဲ့ရျပန္တယ္။ သူႏိုးထလာခ်ိန္ေတာ့ သူက ျဖဴျဖဴပိန္းပိန္းအခန္းႀကီးမွာ ေရာက္ေနခဲ့ရသည္ေလ။ ေဘးမွာလည္း လူနာေတြအမ်ားနဲ႔ ဆူညံေနခဲ့တယ္။ ဟုတ္ပါတယ္ သူေဆး႐ုံကို ေရာက္ေနခဲ့တာပဲ။
"ေဟာ... သတိရလာၿပီလား အမ"
ႏိုးႏိုးလာျခင္း ႀကိတိေၾကာင္ေတာင္ ျဖစ္ေနရတဲ့ သူ႕အနားေလး လူတစ္ေယာက္ကေရာက္လာခဲ့သည္။ သူလူေတြ မေတြ႕ရတာ သိပ္ၾကာၿပီေလ။ သူ လက္ေရးမူနဲ႔ ေရးထားတဲ့စာေတြကို စာတိုက္ပုံထဲ သြားပို႔တဲ့အခ်ိန္ျမင္ရတဲ့ လူအေရအတြက္ ကလြဲလို႔ ဒီေလာက္မ်ားတဲ့လူေတြကလည္း ဒါပထမဆုံးျဖစ္သလို၊ သူ႕အနားေလး လူတစ္ေယာက္အနီးကပ္လာတာကလည္း ေတာ္ေတာ္ေလးကိုၾကာမွ အခုပထမဆုံးပဲ။
"အဆင္ေျပရဲ႕လား"
သူက ကိုယ့္ကို ၾကည့္ၿပီးေမးေနတယ္။ ကိုယ္သူ႕ကို ျပန္ၾကည့္လိုက္ေတာ့ သူက မိန္းကေလးတစ္ေယာက္ျဖစ္ေနတာကို ေတြ႕လိုက္ရတယ္ေလ။ သူ႕စိတ္ထဲ သူ႕အေ႐ွ႕က ေကာင္မေလးနဲ႔ပထမဆုံးေတြ႕ဖူးတာမွန္ေပမယ့္ ထူးထူးဆန္းဆန္း ရင္းႏွီးေနတယ္လို႔ ခံစားလိုက္ရေတာ့သည္။
သူမက အရပ္ကမပုမ႐ွည္နဲ႔ ပိန္ပိန္ပါးပါးခႏၶာကိုယ္႐ွိတယ္။ အသားရည္က မျဖဴမလတ္၊ ဆံပင္ကခပ္႐ွည္႐ွည္နဲ႔ မ်က္ႏွာသ႑န္မွာခပ္ဝိုင္းဝိုင္းေလး။ ႏွာတံေလးက ခြၽန္သေယာင္ေယာင္နဲ႔ ေကာ့ေနၿပီး ႏႈတ္ခမ္းေရာင္က အနည္းငယ္ရင့္သန္းေနသည္။ သူရဲ႕ အညိဳေရာင္သန္းေနတဲ့ မ်က္ဝန္းေတြကေတာ့ ရင္းႏွီးတယ္လို႔ အခံစားရဆုံးအစိတ္အပိုင္းပဲေလ။
"နင္ ဘယ္သူလဲ" သူ အဲ့ေကာင္မေလးကို ေမးလိုက္တယ္။ လူေတြနဲ႔ စကားမေျပာရတာလည္း သိပ္ၾကာေနၿပီျဖစ္တဲ့ သူ႕အတြက္ေတာ့ စကားကိုဘယ္လိုေကာင္းေအာင္ ေျပာရမွန္းမသိေတာ့ေပ။
"ကြၽန္မနာမည္က လိပ္ျပာပါ။ အမကို ကြၽန္မရဲ႕ ကားနဲ႔တိုက္မိသြားၿပီး ေမ့လဲသြားလို႔ ေဆး႐ုံကိုေခၚလာခဲ့တာ..."
သူရဲ႕ ေႏြးေထြးတဲ့ အသံေအးေအးကို ၾကားရျပန္ေတာ့လည္း နားထဲမွာ ၾကားဖူးေနသလိုပင္။ သူရဲ႕လိပ္ျပာဆိုတဲ့ နာမည္ကိုေရာပဲေလ။
"ဒါနဲ႔အမ နာမည္ကေရာ..."
"ငါက ဝကၤ အား!!!!"
ဝကၤတို႔ စကားေျပာေနရင္း သူ႕ေျခရင္းခုတင္အေနာက္က မွန္ျပတင္းေပါက္တံခါးကို ေတြ႕သြားၿပီး ေအာ္လိုက္မိေတာ့သည္။ သူက အလင္းျပန္တတ္သည့္ မွန္ေတြကို မၾကည့္ရဲပါဘူးေလ။
႐ုတ္တရက္ ဝကၤတို႔က နား႐ြက္ကိုပိတ္ၿပီး ေခါင္းကို အတင္းအုပ္ထားလိုက္တဲ့ပုံစံေၾကာင့္ပဲ လိပ္ျပာမွာလည္း လန္႔သြားရေတာ့ၿပီ။
"ဘာျဖစ္လို႔လဲ အမဝကၤ။ ဘယ္နားေလးက နာသြားလို႔လဲ" လိပ္ျပာက စိုးရိမ္တႀကီးေမး႐ွာသည္။
"မွန္ေတြ..."
"႐ွင္"
"မွန္ေတြကို ငါေၾကာက္တယ္။ ငါ့ကို အဲ့မွန္ေတြ ဖယ္ေပးစမ္းပါ"
ဝကၤရဲ႕ေတာင္းဆိုမႈေၾကာင့္ လိပ္ျပာတစ္ေယာက္ အျမန္ပဲ သူ႕ေနာက္ေက်ာမွာ႐ွိေနတဲ့မွန္ျပတင္းေပါက္အပါအဝင္ ဒီအခန္းထဲမွာ ႐ွိ႐ွိသမွ် မွန္ျပတင္းေပါက္ေတြကိုပါ အကုန္လိုက္ကာေတြသြားခ်ေပးရေခ်သည္။
"လိုက္ကာေတြ ခ်ၿပီးသြားၿပီေနာ္ အမဝကၤ မေၾကာက္နဲ႔ေတာ့"
သူ႕လက္ကို အုပ္ကိုင္ၿပီး ေျပာလာခဲ့ခ်ိန္ ရလိုက္တဲ့ ေႏြးေထြးမႈေလးက သူ႕တစ္ကိုယ္လုံးကို ေႏြးေထြးသြားေစေတာ့သည္။ ဝကၤတို႔ ေခါင္းေမာ့ၾကည့္လိုက္မိၿပီေလ။
သူမက ဘယ္သူလဲ။ ဘာျဖစ္လို႔မ်ား အဲ့ေလာက္ထိရင္းႏွီးေနတဲ့ပုံေပါက္ၿပီး သူ႕ရဲ႕ႏွလုံးသားေလးကပါ ေႏြးေထြးလုံျခဳံသြားသလို ခံစားေနရတာလဲေလ။
"ငါတို႔ေတြ ေတြ႕ဖူးၾကလား" သူ႕ရဲ႕ ေၾကာင္ေတာင္ေတာင္အေမးကို ေကာင္မေလးက အံ့ဩသြားေလာက္မည္ေလ။ ဒါေပမယ့္ သူမဘက္က ျပန္ေျပာလာသည္က...
"မသိဘူးေလ... လူေတြက တစ္ေန႔နဲ႔တစ္ေန႔ ျဖတ္သြားလာေနရေတာ့ တစ္ခ်ိန္ခ်ိန္ တစ္ေနေနရာမွာ အမွတ္မထင္ဘဲေတြ႕မိၿပီး ဦးေႏွာက္ကမမွတ္မမိဘဲ စိတ္ထဲကရင္းႏွီးေနတယ္လို႔ ခံစားရတာလည္း ျဖစ္ရင္ျဖစ္မွာေပါ့တဲ့"
သူမက သူ႕ကို မေတြ႕ဖူးဘူးလို႔ေတာ့ မေျပာခဲ့ေပ။ ၿပီးေတာ့ သူေျပာေနတဲ့ အေၾကာင္းအရာေတြကလည္း သူနဲ႔ မကိုက္ညီေနပါဘူးေလ။ သူဟာ အိမ္အျပင္ကို သိပ္မထြက္ျဖစ္ေတာ့တာ ေမေမဆုံးၿပီးကတည္းကပဲမလား။
*****
အားလုံးအေကာင္းတိုင္းပဲ ခဏတာအလန္႔လြန္ၿပီး shock ျဖစ္သြားတာပါ။ ေဆး႐ုံက ဆင္းခ်င္ရင္ဆင္းလို႔ရပါၿပီဆိုတဲ့ မနက္ခင္း roundလွည့္တဲ့ ဆရာဝန္ရဲ႕ ၫႊန္ၾကားခ်က္ေၾကာင့္ သူေဆး႐ုံက ဆင္းဖို႔ျပင္ဆင္ေနခဲ့ၿပီ။ ေဆး႐ုံမွာ သူမေန႔တစ္ညေတာ့ အိပ္လိုက္ရေသးသည္ေလ။
တကယ္ေတာ့ ေဆး႐ုံဆိုတဲ့ အသိကလည္း သူ႕ကိုေျခာက္လန္႔ေနခဲ့ၿပီး အိပ္မေပ်ာ္ျဖစ္ေစခဲ့ပါသည္။ အားနာစရာေကာင္းစြာ သူ႕ကိုကားနဲ႔တိုက္မိသြားတဲ့ ညီမေလးက သူ႕ကိုတစ္ညလုံး အိပ္ေစာင့္ေပးခဲ့သည္ေလ။ သူ႕မွာ ထူးထူးဆန္းဆန္း မေန႔ညကအေစာပိုင္း အိပ္မေပ်ာ္ရာက ေနာက္ပိုင္းမွာ စိတမခ်လက္ခ်အိပ္ေပ်ာ္သြားခဲ့ရသည္။
"အမေၾကာက္ေနရင္ ညီမလက္ကို ကိုင္အိပ္လို႔ရတယ္ေနာ္" လို႔ ကမ္းေပးလာသည့္ သူမ၏လက္ေႏြးေႏြးေလးေတြေၾကာင့္ပဲျဖစ္ပါမည္ေလ။
မနက္ခင္း ဆရာဝန္ round လွည့္ခ်ိန္မွာေတာ့ သူမက အခန္းအျပင္ဖက္က သန္႔စင္ခန္းကိုသြားလို႔ ကိုယ္လက္မ်က္ႏွာ သြားေဆးေၾကာေနခဲ့သည္ေလ။ ထို႔ေၾကာင့္ပဲ သူတစ္ေယာက္ထဲ ေဆး႐ုံက ဆင္းဖို႔ကို ျပင္ဆင္ေနလိုက္၏။
"ဟာ... အမဝကၤ အဲ့တာ ဘာေတြလုပ္ေနတာလဲ"
ဘာအထုပ္မွမပါလာလို႔ ေဆး႐ုံကလူနာအဝတ္အစားကိုသာ သူမေန႔ကဝတ္လာခဲ့သည့္ အဝတ္အစားေတြနဲ႔ လဲဝတ္ေနရာ အခန္းထဲျပန္ဝင္လာခဲ့သည္ သူမက ေမးျမန္းလာခဲ့သည္။
"ဆရာဝန္က ေဆး႐ုံက ဆင္းလို႔ရၿပီတဲ့"
သူအက်ႌၾကယ္သီး တပ္ေနရင္းနဲ႔ပဲ သူ႕အေနာက္က သူမကို ျပန္ေျဖလိုက္သည္။
"ဘယ္တုန္းက ေျပာသြားတာလဲ"
"ခုနက..."
"ဪ...။ ဒါဆို အမဝကၤ ျပင္ဆင္စရာ႐ွိတာေတြ ျပင္ဆင္ၿပီး ဒီမွာ ခဏေစာင့္ေနေပးပါလား။ လိပ္ျပာ ေဆး႐ုံခသြား႐ွင္းၿပီးရင္ ျပန္တက္လာခဲ့မယ္ေလ။ ေနာ္... ခဏ"
ခဏ! ဆိုၿပီး သူမက ခပ္ေသာ့ေသာ့နဲ႔ အခန္းထဲမွ ျပန္ထြက္သြားလိုက္သည္။ သူ႕မွာလည္း အဝတ္အစားလဲၿပီးေနာက္ ကုတင္ေပၚမွာသာ ဝင္ထိုင္ၿပီး ေစာင့္ေနလိုက္ၿပီေလ။ မနက္ခင္းမလို႔ ျပတင္းေပါက္မ်ားကို ဖြင့္ထားၾကသည္။ ဆိုေတာ့ သူမွန္ေတြကို မျမင္ရေတာ့ဘူးေလ။
ျပတင္းေပါက္မွတဆင့္ မနက္ခင္းေနေရာင္ျခည္က အခန္းထဲကို ျဖာက်ေနခဲ့ပါသည္။ လွလိုက္တာ... သူစိတ္ထဲ သဘာဝရဲ႕ အလွတရားကို မခံစားမိေတာ့တာေတာင္ ဘယ္ေလာက္ၾကာေနခဲ့ၿပီလဲ။
ထိုျပတင္းေပါက္ေလးမွ အျပင္ဘက္မွာ လမ္းေလွ်ာက္ေနၾကတဲ့လူေတြ၊ ေဈးသည္ေတြ၊ ဆိုင္ကယ္ေတြ ကားေတြ အစ႐ွိသျဖင့္ ကူးလူးသြားလာေနၾကတာ ျမင္ေနရေတာ့ ဪ... လူ႕ပတ္ဝန္းက်င္ဆိုတာ ဒီလိုပါလားေပါ့ သူေတြးမိသြားတယ္။ သူ႕ရဲ႕ ပတ္ဝန္းက်င္မွာေတာ့ အၿမဲတမ္းကိုပဲ ေမွာင္မိုက္ေနခဲ့တာမလားေလ။
"ၿပီးၿပီလား အမဝကၤ သြားၾကရေအာင္ေလ"
အခန္းထဲျပန္ဝင္လာၿပီး ေဆာ္ဩလိုက္တဲ့ သူမေၾကာင့္ ဝကၤတို႔ အေတြးပ်က္ပ်ယ္ၿပီး ထိုင္ေနရာမွအျမန္ထလိုက္ၿပီ။
"သြားၾကရေအာင္ေလ အမဝကၤ။ လိပ္ျပာ အိမ္ထိလိုက္ပို႔ေပးပါ့မယ္"
ထိုသို႔ႏွင့္ သူတို႔ႏွစ္ေယာက္ ေဆး႐ုံထဲကေန ထြက္လာခဲ့ၾကၿပီ။ လာလမ္းတစ္ေလွ်ာက္လုံးမွာေတာ့ ဝကၤတို႔ ေဆး႐ုံထဲက အလင္းျပန္ႏိုင္တဲ့ ဘယ္မွန္ခ်ပ္ေတြကိုမွ ျမင္ရေလေအာင္ ေခါင္းေစ့ေစ့ မေထာင္လာခဲ့ပါေလ။
"တက္ေလ အမဝကၤ။ လိပ္ျပာ ကားနဲ႔လိုက္ပို႔ေပးမယ္"
"ေတာ္... ေတာ္ပါၿပီ။ ငါကားမစီးရဲဘူး။ ငါ့ဘာသာတစ္ေယာက္ထဲပဲ လမ္းေလွ်ာက္ျပန္လိုက္ေတာ့မယ္"
ဝကၤတို႔ ျငင္းလိုက္တယ္။ မွန္ေတြ ေလးဖက္ေလးလံ ပိတ္ထားတဲ့ ေနကာက်ဥ္းက်ဥ္းေလးထဲမွာ သူ ဘာမွမျဖစ္သလို ထိုင္လိုက္စီးမသြားႏိုင္တာကေတာ့ အမွန္တကယ္ပါေလ။ သူ မွန္ေတြကို မႀကိဳက္လို႔ ေ႐ွာင္ရမွာစိုးလို႔ မွန္တစ္ခ်ပ္မွမ႐ွိသည့္ အိမ္အျပင္ကေန ဘယ္ကိုမွေတာင္မသြားခဲ့တာ မဟုတ္လား။
အခုေတာ့ သူ႕အိမ္ျပန္လမ္းကို ဘယ္ေဘးဘီမွ မေငးၾကည့္ေတာ့ တည့္တည့္မတ္မတ္သာ ဦးေခါင္းစိုက္လို႔ သြားရဦးပါမည္ေလ။ ဝကၤတို႔ ေခါင္းႀကီးငိုက္စိုက္လို႔ ေဆး႐ုံကေန ထြက္သြားဖို႔ေျခခ်လိုက္သည္။ ထိုအခ်ိန္ ႐ုတ္တရက္ သူ႕ရဲ႕ညာဘက္အျခမ္းက လက္ကေလးဟာ ဖတ္ခနဲ ေႏြးသြားခဲ့ပါတယ္။
"အမဝကၤက ကားမစီးရဲဘူးဆိုေတာ့လည္း ဒီလိုပဲလိုက္ပို႔ရေတာ့မွာေပါ့တဲ့" သူမက သူ႕ကိုမၾကည့္ဘဲနဲ႔ ေ႐ွ႕တည့္တည့္ကိုသာ မ်က္ႏွာမူလို႔ေျပာလာခဲ့သည္။
သူ အဲ့ဒီလက္ေတြကို မလႊတ္ခ်ပစ္လိုက္ႏိုင္ပါေလ။ သူ႕ရင္ထဲက ေၾကာက္စိတ္ေတြကို ေျဖေလွ်ာ့ေပးႏိုင္သည့္ အေႏြးဓာတ္ကေလးက အခုခ်ိန္မွာ သူ႕အတြက္ေတာ့ အမွန္တကယ္ကို အားကိုးရာပဲ။
ဒါကိုေတာ့ ဝကၤတို႔ မျငင္းေတာ့ဘဲ ၾကည္ျဖဴစြာ လိုက္ေလ်ာလို႔ ေပးခဲ့သည္။ ဤသို႔ႏွင့္ ႏွစ္ေယာက္သား ေဆး႐ုံကေလးထဲကေနပဲ လက္ကေလးတြဲလို႔ အတူယွဥ္ထြက္လာခဲ့ၾကေတာ့၏။
*****
အိမ္ျပန္လမ္းတစ္ေလွ်ာက္လုံးထိ လက္ကေလးက အတြဲမျဖဳတ္ခဲ့ပါေလ။ အေ႐ွ႕တျပမွာ ႐ွိေနသည့္ မွန္ေတြနဲ႔ ကာထားတဲ့ cafe ဆိုင္နားေလးကိုေရာက္ေတာ့ သူမက အလိုက္သတိပဲ သူ႕ရဲ႕ေဘးကေန ကြယ္လာေပးခဲ့သည္။
"ေက်းဇူးပဲ..."
သူ ေက်းဇူးတင္စကားေျပာလိုက္မိသည္။
"ရပါတယ္ ကိစၥမ႐ွိပါဘူး။ ဒါနဲ႔..."
သူမက သူ႕မ်က္ႏွာကို ၾကည့္လာခဲ့သည္။
"အမဝကၤက မွန္ေတြကို သိပ္ေၾကာက္တာပဲလား"တဲ့
ဝကၤတို႔ မ်က္ႏွာမွာ စိုးထိတ္လို႔သြားခဲ့တယ္။
ေၾကာက္တာေပါ့... ေၾကာက္တာမွ ေမေမ႐ွိတုန္းကတည္းက အိမ္မွာ႐ွိသမွ်မွန္ေတြအားလုံးကို ဖ်က္စီးခိုင္းသည္ထိပဲေလ။ သူဘာလို႔ ပုံရိပ္ထင္တဲ့ မွန္ေတြကို သိပ္ေၾကာက္သြားရတာလဲ။ ေသခ်ာမသိေတာ့ေပမယ့္ သူငယ္ငယ္ ႐ွစ္ႏွစ္အ႐ြယ္မွာတုန္းက ေမေမ့သူ႕ကို ေျမေအာက္ခန္းထဲပိတ္ထားၿပီး အဲ့ထဲကျပန္ထြက္ရကတည္းပဲ ထိုသို႔ျဖစ္သြားခဲ့သည္ပဲေလ။
သူက အိမ္မွာ႐ွိ႐ွိသမွ် မွန္ေတြအကုန္လုံး ေမေမ့ရဲ႕လက္ကိုင္ေဆာင္မွန္ေလးကလြဲလို႔ အားလုံးကို ဖ်က္စီးပစ္ခဲ့သည္။ ဖုန္း၊ လပ္ေတာ့ပ္ အစ႐ွိသည့္ ပုံရိပ္ထင္ႏိုင္သည့္ အရာမွန္သမွ် ဘာကိုလည္းမွ်မကိုင္ပါေလ။ သူ႕ရဲ႕ အိပ္ခန္းထဲမွာေရာ၊ သန္႔စင္ခန္းထဲက ေဘစင္ေပၚမွာပါ မွန္တစ္ခ်ပ္မွ်မ႐ွိေနခဲ့ပါ။ သူ မွန္ကိုေၾကာက္တတ္သြားတဲ့ အခ်ိန္ကစၿပီး သူ႕ရဲ႕မ်က္ႏွာက ဘယ္လိုဘယ္ပုံစံ႐ွိသည္ဆိုတာကိုလည္း မသိခဲ့ေတာ့ပါေလ။
"မင္း ငါ့ကို အ႐ူးလို႔ ထင္ႏိုင္ေပမယ့္ ငါ့ေနာက္ကို အၿမဲလိုက္ေနတဲ့ လူတစ္ေယာက္႐ွိတယ္။ ငါသူ႕ကို မွန္ကေနေတြ႕ႏိုင္တာမို႔ ငါမွန္ေတြကို မၾကည္ရဲဘူး"
သူ႕ရဲ႕ ေျပာစကားကို သူမဟာ နားစိုက္လို႔ေထာင္ေနခဲ့သည္။ ေကာင္းသည္ဆိုးသည္ တစုံတရာမေဝဖန္ပဲ "ဪ... ဟုတ္လား"တဲ့ ဒါပဲေျပာၿပီး သူ႕ရဲ႕လက္ကို ပိုၿပီးတင္းတင္းေလး ဆုပ္ကိုင္လာေပးခဲ့သည္ေလ။
*****
အိမ္ျပန္လမ္းေလးဟာ သိပ္မနီးေပမယ့္ ေရာက္လို႔လာခဲ့ၿပီ။ သူ... သူမရဲ႕ လက္ကေလးေတြကို လႊတ္ေပးရေတာ့မယ္ေလ။ ေၾကာက္စရာ အိမ္ႀကီးထဲကို ဝင္သြားရေတာ့မယ္။ အထဲမွာ မီးေတြျပန္လင္းေနပါ့မလား။ သူအခန္းထဲထိ ဒုန္းဆိုင္းၿပီးေျပးဝင္သြားရဦးမလား။ သူ႕ရဲ႕ အိမ္ႀကီးက သိပ္ေၾကာက္စရာေကာင္းေပမယ့္ ပိုၿပီးစိတ္မေကာင္းစရာေကာင္းတာက သူ႕မွာဒီအိမ္ႀကီးကလြဲ ေျပးစရာေျမမ႐ွိေပ။ သူဟာ ေနရာမေ႐ြးေရာက္လာတတ္ၿပီး ဘယ္ေနရာမဆို သူ႕ကိုေျခာက္လွန္႔တတ္တာမို႔ေလ။
သူဆယ့္႐ွစ္ႏွစ္အ႐ြယ္။ သူ႕ေမေမ အသက္ထင္႐ွား႐ွိစဥ္ကာလတုန္းက အဲ့ခ်ိန္သူက တကၠသိုလ္ေက်ာင္းသူေလးတစ္ေယာက္ေလ။ အဲ့ေန႔က မွတ္မွတ္ရရ ေက်ာင္းက tripတိုေလး သြားရတာမလို႔ သူ႕ေမေမဆီမွာ ခြင့္ေတာင္းၿပီး လိုက္လာဖို႔ ခြင့္ျပဳျခင္းခံခဲ့ရသည္။
တစ္ေန႔လုံးေတာ့ သူ႕မွာ သူငယ္ခ်င္းေတြေပ်ာ္ပါးေနတာၾကည့္ၿပီး စိတ္ေတြလည္း တက္ႂကြေနခဲ့တာေပါ့။ ကားေပၚမွာလည္း သူငယ္ခ်င္းတစ္ေယာက္ကို မွန္ေဘးမွာထိုင္ခိုင္းၿပီး မွန္ေတြကိုလည္း လိုက္ကာခ်ထားခိုင္းလို႔ အဆင္ေျပခဲ့ပါသည္ေလ။ ျပႆနာကား ညအခ်ိန္၌ စခဲ့သည္။
Trip ထြက္လာတာမလို႔ သူငယ္ခ်င္းေတြအားလုံးက ေဟာႀကီးထဲမွာ စုၿပီးအိပ္ၾကရေတာ့မည္ေလ။ သူလည္း လူေတြအမ်ားႀကီးနဲ႔ အိပ္ရေတာ့မွာမလို႔ မေၾကာက္ရေတာ့ဘူး ထင္ၿပီး စိတ္ခ်လက္ခ်ျဖစ္ေနခဲ့မိသည္။
အဲ့ေန႔ညက သူ႕ေဘးမွာအိပ္ခဲ့တဲ့ သူငယ္ခ်င္းမေလးက မီးလင္းေနရင္ မအ္ပ္တတ္ဘူးဆိုလို႔ သူတို႔နားက အခန္းမီးကိုသြားပိတ္လိုက္သည္ေလ။ သူကလည္း သူ႕ေဘးနားမွာ လူေတြ႐ွိေနတာမလို႔ ဘာမွေထြေထြထူးထူး မျဖစ္ေလာက္ပါဘူးဆိုၿပီး အဲ့ဒီအတိုင္းအိပ္ခဲ့တာပါပဲ။
ဒီလိုနဲ႔ ညလယ္ေလာက္ေရာက္လာေတာ့ သူတေရးႏိုးလာခဲ့တယ္။ သူ႕မ်က္လုံးေတြက အခ်ိန္ကိုက္ေပးထားသလိုကို ျပဴက်ယ္လို႔လာခဲ့တယ္။ သူ အာေခါင္ေတြေျခာက္ေနခဲ့တယ္ေလ။ ေရေသာက္မယ္ဆိုၿပီး သူ႕အိပ္ယာေဘးနားမွာ ထားထားသည့္ ေရသန္႔ဘူးကို ယူဖို႔အလွည့္ သူေဘးနားမွာလည္း သူ႕လိုပဲ မ်က္လုံးႀကီးဖြင့္ေနတဲ့သူကို ေတြ႕လိုက္ရေတာ့တယ္။
သူလည္း တေရးႏိုးတာ ျဖစ္မွာပါေလ ေတြးၿပီးေရဘူးကိုေမာ့ေသာက္ေနတုန္း ဝကၤတို႔ ေရမ်ား ျဗန္းခနဲ သီးသြားရကုန္သည္။ သူ ခုနက ေၾကာင္စီစီျပဴးေနတဲ့ မ်က္လုံေတြကို ေတြ႕လိုက္ရတာမလား။ တကယ္ဆိုသူက ေဘးဆုံးမွာအိပ္ေနခဲ့တာေလ။ သူ႕ရဲ႕ေဘးမွာ နံရံပဲ႐ွိေတာ့တယ္ ဘယ္ကလူကေရာက္လာတာလဲ။
ဝကၤတို႔ ထိတ္လန္႔သြားတုန္း ထိုသူဟာသြားႀကီးစိျပဳံးၿပီး သူ႕မ်က္ႏွာနားကပ္လာသည္ကို ခံစားလိုက္ရေတာ့၏။
"အား!!!!!!!!!!!"
ဝကၤတို႔ ထိုေနရာမွာတင္ ခ်ဴခ်ဴပါေအာင္ ေအာ္ေလေတာ့တာပဲ။ တစ္ခန္းထဲက သူငယ္ခ်င္းေတြအားလုံးလည္း ႏိုးလာက်ၿပီး မီးေတြဖြင့္ၾက၊ သူ႕ကိုေမးျမန္းၾကနဲ႔ အလုပ္ေတြ႐ႈပ္သြားခဲ့ရကုန္သည္။ ထို႔ညက သူသရဲေတြ႕လို႔ ေအာ္ပါတယ္ဆိုတဲ့ သတင္းဟာ ေယာက်္ားေလးေတြအိပ္တဲ့ အေဆာင္ထိျပန္႔သြားခဲ့ၿပီး အကုန္လုံးကို အိပ္မရေတာ့ေအာင္ ေျခာက္လန္႔ခဲ့မိေတာ့တာပဲ။ သူအဲ့ေန႔ကစၿပီး အေမွာင္ခန္းထဲမွာ ဘယ္ေတာ့မွ မအိပ္ေတာ့ပါေလ။
*****
အိမ္နားေလးထိ ေရာက္လာခဲ့ၿပီးမွ ဝကၤရဲ႕ ေျခလွမ္းေတြဟာ သူ႕အိမ္ထဲျပန္ဝင္ဖို႔ကို တြန္႔ဆုတ္ေနခဲ့သည္။ ႐ွား႐ွားပါးပါး ရေတာင့္ရခဲ လုံျခဳံမႈေလးက ေနာက္ထပ္ေၾကာက္လန္႔လာရမည့္အရာေတြအတြက္ ႏွေျမာတတ္သျဖစ္စရာ ျဖစ္ေနခဲ့တယ္ေလ။
"ငါသြားေတာ့မယ္"
မရမယ့္ အတူတူေတာ့လည္း စိတ္ပ်က္ပ်က္နဲ႔သာ ရင္ဆိုင္ဖို႔ ဆိုင္းျပင္ရသည္ေလ။
"ခဏေနပါဦး အမဝကၤ!"
အိမ္ထဲေျပးဝင္သြားဖို႔ ၾကံ႐ြယ္ေနတဲ့ သူ႕ေျခလွမ္းေတြဟာ သူမရဲ႕ ဟန္႔တားလိုက္မႈမွာ ရပ္တန္႔သြားခဲ့သည္။
"ခဏေလာက္ လိပ္ျပာနဲ႔ ေလွ်ာက္လည္ အာ... မဟုတ္ အတူ႐ွိမေနခ်င္ဘူးလားလို႔"
"႐ွိေနခ်င္တယ္!"
"ဟင္...."
သူမက ႐ုတ္ခ်ည္း သေဘာတူလိုက္တဲ့ သူ႕ကို ေၾကာင္သြားတဲ့ပုံပဲ။ ေလွ်ာက္တယ္ဆိုတာကိုေတာ့ သူ႕အဘိဓာန္မွာ မသိမ္းထားခဲ့ဖူးေပမယ့္ ဒီအခ်ိန္မွာ သူ... သူမနဲ႔ေတာ့ ထပ္ၿပီး အတူ႐ွိေနခ်င္ပါေသးသည္ေလ။ ထို႔ေၾကာင့္ပဲ မတုံ႔မဆိုင္းျပန္ေျပာလိုက္မိတယ္။
ဒီလိုနဲ႔ ဝကၤတို႔ အိမ္ထဲျပန္မဝင္ျဖစ္ေတာ့ဘဲ သူမႏွင့္အတူသာ ျပန္လို႔ထြက္သြားျဖစ္ခဲ့ျပန္သည္ေလ။
*****
လမ္းခ်ည္းပဲ ေလွ်ာက္ေနရေတာ့ ေညာင္းလာတယ္။ သို႔ေပမယ့္ ဝကၤကေတာ့ ေညာင္းဟန္မတူေပ။
"အမမနက္စာ မစားရေသးဘူးမလား"
သူက ဘယ္ေတာ့မွ မနက္စာမစားတတ္ပါဘူး။
"အင္း... မစားရေသးဘူးေလ"
"ဒါဆို လိပ္ျပာႀကိဳက္တတ္တဲ့မုန္႔ေတြ႐ွိတဲ့ ဆိုင္မွာ မနက္စာသြားစားၾကမလား"
"အင္း... ေကာင္းသားပဲ"
သူမက ႀကိဳက္တယ္ဆိုၿပီး ေခၚလာခဲ့တဲ့ဆိုင္ဟာ သူငယ္ငယ္တုန္းက သူေမေမနဲ႔လား တစ္ခါေရာက္လာခဲ့ဖူးသည့္ ကိတ္မုန္႔ဆိုင္ေလးျဖစ္ေနခဲ့သည္။ သူငယ္ငယ္တုန္းကေတာ့ ဒီဆိုင္က ခ်ိစ္ကိတ္ေလးနဲ႔ ေခ်ာကလက္ႏို႔ပူပူေလးကို သိပ္ႀကိဳက္ခဲ့တာေလ။
"ခ်ိစ္ကိတ္ႏွစ္ခုနဲ႔ ေခ်ာကလက္ႏို႔ ႏွစ္ခြက္"
သူမရဲ႕ ဝိတ္တာကို မွာလိုက္သည့္အမွာေၾကာင့္ ဝကၤတို႔ သိပ္အံ့ဩသြားသည္။ သူက မ်က္လုံးေလးျပဴးၾကည့္ေနတာေတြ႕ေတာ့မွ...
"ဟီး... အမဝကၤ ဘာႀကိဳက္လဲေတာ့မသိဘူး။ လိပ္ျပာကေတာ့ လိပ္ျပာႀကိဳက္တာကို မွာလိုက္မိၿပီ။ အမဝကၤေရာ ႀကိဳက္ရဲ႕လား"တဲ့။
မမွာခင္မေမးဘဲ မွာၿပီးမွေမးလာတဲ့ ထူဆန္းတဲ့သူမပဲ။
"အင္း... ႀကိဳက္ပါတယ္"
"ဟီး... ေတာ္ေသးတာေပါ့"
ထို႔ေနာက္ မုန္႔နဲ႔ ေခ်ာကလက္ႏို႔ကို လာခ်ခဲ့သည္။ သူကိတ္မုန္႔ေလးကို ဇြန္းနဲ႔ေသးေသးေလးဖဲ့ၿပီး စားလိုက္တယ္။ ခြက္ကေလးကို ႏႈတ္ခမ္းေတ့႐ုံနား ေသာက္ၿပီးေနာက္ေတာ့ သူဆက္စားလို႔မရေတာ့ေပ။ သူ႕ရဲ႕ အစာအိမ္က သိပ္လက္မခံေတာ့ဘူးေလ။ အၿမဲလိုလို ေကာ္ဖီေတြပဲေသာက္ၿပီး အစားကိုေတာ့ မွာၿပီးလာပို႔တဲ့ အစားေတြကိုသာ စားတလွည့္မစားတလွည့္နဲ႔ ပစ္ထားမိခဲ့ေတာ့ သူ႕ရဲ႕အစာအိမ္ဟာ အစားေကာင္းေကာင္းေတာင္ လက္မခံခ်င္ေတာ့ေပ။
"ေတာ္ၿပီလား အမဝကၤ။ ႀကိဳက္တယ္ဆို"
"အင္း... ေတာ္ၿပီ ဝၿပီ"
"အစားကို အဲ့လိုေကာင္းေကာင္းမစားလို႔ ျဖစ္တာေလ!"
႐ုတ္တရက္ႀကီး သူမက ေအာ္ေျပာလာခဲ့သည္။ ဝကၤတို႔ေၾကာင္သြားရေတာ့၏။ အဘယ္ေၾကာင့္ သူမက ေဒါသထြက္ေနရပါသနည္း။
ေနာက္မွ "sorry ပါ ေယာင္သြားလို႔" ဆိုၿပီး ေခ်ာခ်လာေပမယ့္လည္း သူ႕အတြက္ေတာ့ အထူးဆန္းတႀကီးျဖစ္သြားခဲ့သည္ေလ။
ေနာက္တစ္ခု ထူးဆန္းတာ ထပ္ျဖစ္သြားခဲ့ေသးသည္။ သူမဟာ ႐ုတ္တရက္ႀကီး သူ႕ရဲ႕ ဆံပင္ေတြကို လာထိခဲ့တယ္ေလ။
"အမဝကၤရဲ႕ ဆံပင္ေတြက သိပ္႐ွည္ေနၿပီ မညႇပ္ေသးဘူးလား"တဲ့။
*****
သူတို႔ႏွစ္ေယာက္ အဲ့ကိတ္မုန္႔ဆိုင္ေလးက ထြက္လာၿပီးေနာက္ေတာ့ beauty solon တစ္ခုကို ေရာက္သြားျဖစ္ခဲ့သည္။ သူအေနနဲ႔ေတာ့ အဲ့လိုမွန္ေတြေပၚမ်ားတဲ့ ေနရာမ်ိဳးကို အထူးေ႐ွာင္တာေပါ့။ ဒါေၾကာင့္မလို႔လဲ ေမေမမေသခင္ သူ႕ကိုေနာက္ဆုံးတစ္ေခါက္ ညႇပ္ေပးသြားခဲ့တာကလြဲလို႔ သူ႕ဆံပင္ေတြကို တစ္ခါမွထပ္မညႇပ္ျဖစ္ေတာ့ပါေလ။
သူမက သူကို ဆိုသည္။ "အမဝကၤရဲ႕ ဆံပင္ေတြက ညႇင္းသိုးသိုးနဲ႔ လန္းလန္းဆန္းဆန္းေလး ျဖစ္သြားေအာင္ ဆံပင္ညႇပ္လိုက္ပါလား"တဲ့။ သူဘယ္လိုပုံစံဘယ္ဝါ႐ွိလဲ သူ႕ကိုယ္သူမသိမွေတာ့ တျခားလူအျမင္ထဲ မသင့္ေတာ္လြန္းလို႔ ေျပာထြက္လာတာ ျဖစ္မွာပါေလဟု ေတြးၿပီးပဲ လက္ခံျဖစ္ခဲ့တယ္။
အဲ့ေတာ့လည္း သူမက "အမဝကၤက သိပ္လိမၼာတာပဲ။ စိတ္ခ်ပါ သူပါအတူ ဆံပင္လိုက္ညႇပ္ေပးမယ္"တဲ့ေလ။ တဆိတ္ သူမရဲ႕ တျခားသူစိမ္းတစ္ေယာက္ေပၚ ဂ႐ုစိုက္မႈေတြက သိပ္မ်ားပိုလြန္းေနလားလို႔။
"အမဝကၤ မေၾကာက္နဲ႔ေနာ္။ လိပ္ျပာ ဆိုင္က ဝန္ထမ္းေကာင္မေလးကို အကူအညီေတာင္းထားၿပီးၿပီ။ သူတို႔ေတြက အမရယ္ လိပ္ျပာရယ္ရဲ အေ႐ွ႕က မွန္ေတြကို အုပ္ထားေပးလိမ့္မယ္"
"အင္း..."
ဝကၤတို႔ ဆိုင္ထဲကို သူမရဲ႕လက္ကေလးဆုပ္ကိုင္ကာ မ်က္စိမွိတ္လို႔ ဝင္သြားခဲ့လိုက္ၿပီ။ သူထိုင္ရာမယ့္ေနရာထိ သူမက ေခၚသြားေပးခဲ့သည္ေလ။ သူမကလည္း သူရဲ႕ေဘးမွာ ဝင္ထိုင္လိုက္သည္။
ဆံပင္ညႇပ္ေပးသည္က သိပ္ေတာ့မၾကာလိုက္ေပ။ တေအာင့္ေလာက္ၾကာေတာ့ ၿပီးသြားခဲ့သည္။ သူမကေတာ့ တျခားမွန္တစ္ခုခုကေန သူမရဲ႕ပုံစံကိုသူမသြားၾကည့္ေနခဲ့သည္။ သူကေတာ့ မၾကည့္ရဲပါေပ။
"ၿပီးသြားၿပီးမလား အမဝကၤ"
"အင္း ဘယ္လိုလဲ"
ဘယ္လိုလဲဆိုတာ သူ႕ရဲ႕ ပုံပန္းသြင္ျပင္က ဘယ္လိုျဖစ္သြားၿပီလဲလို႔ ေမးလိုက္ျခင္းသာ။
"လိပ္ျပာကို ၾကည့္လိုက္ အမဝကၤ။ လိပ္ျပာရဲ႕ ပုံစံက အမဝကၤရဲ႕ ပုံစံပဲ" ႐ွည္လ်ားသည့္ဆံပင္ေတြကို လည္ပင္းဂုတ္ေထာက္ေလာက္ထိ ညႇပ္ခ်လိုက္တဲ့သူမဟာ သူမရဲ႕ ဆံပင္ေလးကို လက္ညိဳးထိုးျပရင္း ျပန္ေျဖလာခဲ့သည္။
*****
သူမေျပာသလိုပဲ ဆံပင္ညႇပ္လိုက္ေတာ့ ေခါင္းကနည္းနည္းေပါ့သြားသားေလ။ ထပ္ၿပီး သူမက ေတာင္းဆိုလာခဲ့ျပန္ေလ၏။
"အမဝကၤရဲ႕ အိမ္ကို လိုက္လည္လို႔ရမလား"
"ဟမ္.... ဘာလို႔လဲ"
"ဒီအတိုင္းပဲ လိုက္လည္ခ်င္လို႔ေလ။ ရမလား"
"ရ... ရပါတယ္" ဝကၤတို႔ ေယာင္ေတာင္ေတာင္နဲ႔သာ လိုက္ေလ်ာလိုက္ရသည္။
သူတို႔ေတြ ဟင္းခ်က္စရာေတြ ဝယ္လာၿပီး သူ႕ရဲ႕အိမ္သို႔ ေရာက္လာခဲ့ၾကၿပီ။ ေတာ္ေသးသည္ အိမ္ထဲမွာ မီးေတြျပန္လင္းထိန္ေနခဲ့လို႔ေလ။
သူမကေတာ့ သူ႕အိမ္မွာ ထမင္းခ်က္မစားျဖစ္တာကို သိမ်ားသိေနသလား ဟင္းခ်က္ၿပီးစားဖို႔ ပစၥည္းအစုံကို ဝယ္ခ်လာသည္ေလ။ တစ္ခါသုံး တူ၊ ပန္းကန္ေတြကအစေပါ့။ သူကေတာ့ မီးဖိုေခ်ာင္ထဲကို ေကာ္ဖီေဖ်ာ္ဖို႔ကလြဲ ဘယ္ေတာ့မွမဝင္ခဲ့ေပ။
"အမဝကၤက အျပင္မွာ ေစာင့္ရင္ေစာင့္ေနေလ။ လိပ္ျပာ ခ်က္လို႔ၿပီးရင္ အမဝကၤကို ေခၚလိုက္မယ္"
"မင္းက ဘယ္လိုခ်က္ျပဳတ္ရမလဲ သိလို႔လား"
"သိတာေပါ့ အမဝကၤရဲ႕"
ေတာ္ေတာ္ထူးဆန္းတဲ့ ေကာင္မေလးပဲ။ သူေတာင္ ဒီမီးဖိုခန္းထဲက ပစၥည္းေတြ ဘယ္လို႐ွိမွန္းေတာင္ မသိေတာ့တာ သူကေတာ့အကြၽမ္းတဝင္ပဲ ႐ွိေနခဲ့သည္ေလ။
ထမင္းစားပြဲေပၚ သူက ဝယ္လာတဲ့ တစ္ခါသုံးထမင္းပန္းကန္ေတြကို ခ်လိုက္သည္။ ခ်က္ထားတဲ့ ထမင္းေလးကို အိုးလိုက္ခ်ၿပီး ထိုပန္းကန္ေလးေတြထဲ ခူးထည့္ေနၿပီေလ။
"ဘာေတြလုပ္ေနတာလဲ ဝကၤ"
"ဒီမွာ ထမင္းေတြခူး... ဟင္!"
သူ သူ႕ကို ဝကၤလို႔ေခၚလိုက္တာေၾကာင့္ အလန္႔တၾကား လွည့္ၾကည့္လိုက္မိတယ္။ သူမက မီးဖိုေခ်ာင္ထဲမွာ က်က္ၿပီးသားဟင္းေတြခူးေနတုန္းေလ။ ဒါဆို ခုနက ဘယ္သူ...
"ဟိတ္! ဝကၤ"
"အမေလး!!!"
ဝကၤတို႔ အနီးကပ္မ်က္ႏွာတစ္စုံကို ျမင္လိုက္ရၿပီး ေၾကာက္႐ြံ႕ကာ ႏိုးလာရေတာ့သည္။ တကယ္က သူက ဆိုဖာေပၚမွာ အိပ္ေပ်ာ္ေနခဲ့တာေလ။
"ေဟာ... ႏိုးၿပီလား အမဝကၤ...လိပ္ျပာလည္း အခုပဲ အမဝကၤကို လာႏိုးေတာ့မလို႔"
အခုမွ မီးဖိုေခ်ာင္ထဲက ထြက္လာသည့္သူမ စားပြဲေပၚမွာ ထမင္းေတြကေတာ့ ခူးၿပီးသြားခဲ့ၿပီ။
သူ... အိပ္မက္မက္ေနခဲ့တာလား။ ဒါေပမယ့္ တကယ့္လက္ေတြ႕လိုပဲ သိပ္ေၾကာက္ဖို႔ ေကာင္းလြန္းေနတယ္ေလ။
*****
သူတို႔ေတြ ထမင္းစားဝိုင္းမွာ အျပန္အလွန္မ်က္ႏွာခ်င္းဆိုင္ၿပီး ထိုင္စားျဖစ္ခဲ့ၾကသည္။ သူမ ခ်က္ထားသည္မ်ားက သူငယ္ငယ္တုန္းက ႀကိဳက္ခဲ့တဲ့ ဟင္းေတြခ်ည္းပဲေလ။ ထူးဆန္းစြာနဲ႔ကို တိုက္ဆိုင္လြန္းေနခဲ့ျပန္သည္။
"ၾကက္သားေၾကာ္ေလး ထည့္စားေလ အမဝကၤက ၾကက္သားေၾကာ္ႀကိဳက္တယ္မလား"
သူမထည့္ေပးလာသည့္ ဟင္းကို ၾကည့္ရင္း ဝကၤတို႔ ေၾကာင္သြားရေတာ့သည္။ ဘယ္လိုလုပ္ သူမက သူၾကက္သားေၾကာ္ႀကိဳက္တာကိုလည္း သိေနရျပန္တာလဲ။
"ဟက္... ေတာ္ေတာ္မ်ားမ်ားက ၾကက္သားေၾကာ္ႀကိဳက္တတ္က်လို႔ေလ"
တကယ္ပဲ မ႐ြယ္ဘဲ တိုက္ဆိုင္ေနတာလား သံသရ ေတာင္ ဝင္ခ်င္လာကေတာ့သည္။
ဝကၤတို႔ စားေနရင္း သူမဘက္ကို ငဲ့ၾကည့္လိုက္မိသည္။ ေၾကာင္စီစီ မ်က္လုံးေတြနဲ႔ၾကည့္တတ္တဲ့ မ်က္ႏွာစိမ္းကို ျဖဳတ္ခနဲ သတိရသြားၿပီး ဝကၤတို႔ အေနာက္သို႔လန္က်သြားကုန္ၿပီေလ။
"ဟာ...ဘာျဖစ္တာလဲ အမဝကၤ အဆင္ေျပရဲ႕လား"
သူမရဲ႕ အသံေလးၾကားလိုက္ရမွပဲ အသိစိတ္ေတြေရာေထြးေနရာက ေပ်ာက္သြားရသည္။ ၾကည့္ရတာ ခုနက အိပ္မက္က သူ႕ကို အရမ္းေျခာက္လန္႔သြားခဲ့တယ္ ထင္ပါရဲ႕ေလ။
*****
သူမဟာ ညေနေနဝင္သြားသည္အထိကို အိမ္မွာပဲ႐ွိလို႔ေနခဲ့ပါသည္။
"မင္း အိမ္ျပန္ေတာ့မွာလား"
"အင္း ျပန္ေတာ့မယ္ေလ"
"မျပန္ပါနဲ႔လား"
"႐ွင္!!!"
ခုနကေၾကာက္႐ွိန္က မျပယ္ေသးေတာ့ သူ႕ဘက္က ေလာဘႀကီးမိသြားတယ္ထင္တယ္။
"အာ... ဘာမွမဟုတ္ပါဘူး။ မင္းျပန္ခ်င္ ျပန္ပါ။ ငါက ဒီအတိုင္း..."
"ရတယ္ေလ။ ဒါဆိုလည္း လိပ္ျပာ ဒီညဒီမွာပဲ အိပ္လိုက္ေတာ့မယ္"
သူမဟာ ေတြေဝခ်င္းမ႐ွိ အလ်င္းလက္ခံခဲ့ပါသည္။ သူမက သိပ္ထူးဆန္းသည္ေလ။
*****
သူတို႔ေတြ အိပ္ခန္းတစ္ခန္းထဲမွာ အတူအိပ္ၾကရေတာ့မည္။
"good night ေနာ္ အမဝကၤ"
"အင္း..."
သူတို႔ႏွစ္ေယာက္လုံး မ်က္လုံးမ်ားမမွိတ္ေသးဘဲ တစ္ေယာက္ကို မ်က္ႏွာခ်င္းဆိုင္လို႔ တစ္ေယာက္မမွိတ္မသုန္ၾကည့္ေနခဲ့ၾကသည္။ ထိုစဥ္ သူမဖက္က စကားသံစထြက္လာခဲ့သည္ေလ။
"လိပ္ျပာကို တကယ္မမွတ္မိဘူးလား အမဝကၤ"
ဟမ္... ဒါဆို သူမ သူနဲ႔အရင္က ေတြ႕ဖူးတာ မွန္ေနတာေပါ့ေလ။
"တကယ္ႀကီး မမွတ္မိဘူးလား"
ဟင့္အင္း သူဘက္က ေသခ်ာၾကည့္ေနတာပဲ။ လုံးဝပုံေဖာ္မရပါေလ။ ခဏေတာ့ သူမကိုပဲ ေသခ်ာၾကည့္ေနရင္းၾကည့္ရင္းက ပုံရိပ္တစ္ခုက မ်က္လုံးထဲေပၚလာခဲ့သည္။
"ငါ့ကို တကယ္မမွတ္မိဘူးလား ဝကၤ!"
ဖန္း!!!
႐ုတ္တရက္ႀကီး ဖန္းခနဲ ကြဲက်သြားသံနဲ႔အတူ ဝကၤတို႔ လန္႔ျဖန္႔သြားခဲ့ၿပီေလ။ သူအိပ္ရာက ထၾကည့္လိုက္ေတာ့ ေခါင္းအုံးေအာက္မွာ ထည့္သိမ္းထားသည့္ ေမေမ့ရဲ႕အိတ္ေဆာင္မွန္ေလးက က်ကြဲသြားတာကို ေတြ႕လိုက္ရသည္။
သူ႕မွာ ႏွေျမာတသႀကီးစြာနဲ႔ပဲ ထိုမွန္ကေလးကို သြားလို႔ေကာက္ၾကည့္လိုက္မိတယ္။ ျဖတ္ခနဲ မွန္ကြဲထဲက သူ႕ပုံရိပ္သူ ျပန္ျမင္လိုက္ရတယ္။ ဝကၤတို႔ ခ်က္ခ်င္းကိုပဲ ဆြံ႕အလို႔သြားေတာ့ၿပီေလ။
မယုံၾကည္ႏိုင္စြာ မွန္ကိုေနာက္တစ္ႀကိမ္ျပန္ၾကည့္လိုက္ခ်ိန္ မွန္ထဲမွာ ေပၚလာတဲ့ သူ႕ရဲ႕ပုံရိပ္၊ ထို႔အတူ သူ႕ေနာက္မွာ႐ွိေနခဲ့သည့္ သူမရဲ႕ပုံရိပ္။ သူမရဲ႕မ်က္ႏွာဟာ သူ႕ရဲ႕မ်က္ႏွာေဘးနားကို ႐ုတ္ခ်ည္းေရာက္လာခဲ့ေတာ့သည္။
အခန္းထဲ ဘယ္အခ်ိန္ထဲက ထည့္ထားမွန္းမသိသည့္ မွန္႐ွည္ႀကီးတစ္ခ်ပ္မွာ ဖုံးအုပ္ထားသည့္ ပဝါဟာ ေခ်ာခနဲ႔က်သြားခဲ့သည္ေလ။ ဝကၤတို႔ ေၾကာက္လြန္းလို႔တုန္ၿပီး ဘာအသံမွထြက္မလာႏိုင္ေတာ့ေပ။ မွန္ထဲ၌ ပုံရိပ္ ထင္ေနသည့္ ပုံရိပ္ႏွစ္ခုဟာ တူညီစြာသ႑န္႐ွိေနခဲ့လို႔ျဖစ္၏။
"မင္း ငါ့ကို မွတ္မိသြားၿပီလား ဝကၤ"
သူမက အနားနားကပ္ေျပာလိုက္သည့္ စကားမွာေတာ့ ဝကၤတို႔ အတိတ္ကျဖစ္ရပ္ေတြကို အကုန္မွတ္မိသြားရကုန္သည္။ သူ႕ေမေမ့႐ိုက္လို႔ထြက္ေျပးရင္း ေခ်ာင္ထဲမွာ၊ ပိတ္ထားခံခဲ့ရတဲ့ ေျမေအာက္ခန္းထဲမွာ၊ ငယ္ငယ္က မ်က္ႏွာသစ္ရင္း ေဘးစင္မွန္ထဲမွာ၊ သူ႕ကို အၿမဲေျခာက္လွန္႔ေနတဲ့ အိပ္မက္ထဲမွာ အႀကိမ္ႀကိမ္ေတြ႕ခဲ့ရသူကား...
"ငါက မင္းပဲေလ ဝကၤလိပ္ျပာ"တဲ့။
ဆိတ္တိတ္ေနတဲ့ အိမ္ႀကီးထဲ က်ယ္ေလာင္တဲ့ ေအာ္သံတစ္ခ်က္ ထြက္လာၿပီး ျပန္လည္လို႔တိတ္ဆိတ္သြားခဲ့တယ္။
ထိုေန႔ကစ အဲ့အိမ္ႀကီးထဲက ခပ္ေၾကာက္ေၾကာက္မိန္းကေလး ဝကၤတျဖစ္လည္း ဝကၤလိပ္ျပာကို ဘယ္သူမွ ထပ္ၿပီးမေတြ႕ရေတာ့ပါေလ။ ထူးထူးဆန္းဆန္း အဲ့ေန႔က တစ္ေယာက္တည္း အျပင္ေတြထြက္၊ တစ္ေယာက္တည္း စကားေျပာရင္း၊ တေယာက္တည္းေလွ်ာက္လည္ေနခဲ့တဲ့ အဲ့မိန္းကေလးကို ေနာက္ဆုံး ေတြ႕ခဲ့ရတာပဲတဲ့ေလ။
ဘယ္သူမွမ႐ွိေတာ့တဲ့ အိမ္အိုႀကီးမွာ ညတိုင္းပဲ မီးေတြ လင္းေနခဲ့ေတာ့တယ္။
.
.
.
.
.
.
#The End