A Boy Named JeonJungKook [Co...
By Yon_Di
310K 31K 3.5K
ကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜 More
!! Part 1 !!
!! Part 2 !!
!! Part 3 !!
!! Part 4 !!
!! Part 5 !!
!! Part 6 !!
!! Part 7 !!
!! Part 8 !!
!! Part 9 !!
!! Part 10 !!
!! Part 10 !!
!! Part 11 !!
!! Part 12 !!
!! Part 13 !!
!! Part 14 !!
!! Part 15 !!
!! Part 16 !!
!! Part 17 !!
!! Part 19 !!
!! Part 20 !!
!! Part 21 !! (Final)
ABNJJK Limited Gift
Comic
Book Cover
Order Announcement
Book [Second Edition]
!! Part 18 !!
7.5K 938 96
By Yon_Di
Unicode
ကျောင်းတွေပြန်တက်ရတော့ ထုံးစံအတိုင်းပဲ ကျောင်းအဝင်ဝမှာ သူ့ Baby Hyung လေးကိုထိုင်စောင့်နေတာဖြစ်သည်။
သိပ်မကြာလိုက်ပါဘူး စက်ဘီးလေးကိုအေးဆေးနင်းလာတဲ့ သူ့ရဲ့စွာတေးလေးကို တွေ့လိုက်ရသည်။ ပြန်စဉ်းစားကြည့်ရင် Baby Hyung အိမ်နဲ့ကျောင်းနဲ့ကဝေးတယ်လေ။ အခုလိုစက်ဘီးနဲ့လာတော့ ပင်ပန်းမှာကို သူတွေးမိသည်။ ဒီတိုင်းကြည့်နေလို့တော့မဖြစ်တော့။ တစ်ခုခုတော့ကြံဦးမှရမည်။
TaeHyung ဟိုဝဲစားလေး ကျောင်းအဝင်ဝမှာစောင့်နေသည်ကို အဝေးကတည်းကနေမြင်သည်။ ဒါကြောင့်လည်း စက်ဘီးကိုတတ်နိုင်သမျှအေးဆေးနင်းနေတာဖြစ်သည်။ ဟိုတစ်နေ့ညကလုပ်သွားတာကိုအခုထိကျေနပ်သေးတာမဟုတ်။
"Baby Hyung"
အနားရောက်တာနှင့် အသံကိုတစ်ခါတည်းပေးကာ စက်ဘီးကိုလှမ်းဆွဲသည်။
"ဟ ဟ ပြုတ်ကျပြီ မင်းဘိုးအေမလို့ သွားနေတဲ့စက်ဘီးကိုဆွဲရတာလား ဟမ်"
စက်ဘီးပေါ်ကနေယိုင်တိုင်တိုင်ပြုတ်ကျလာတဲ့ TaeHyung ကစောစောစီးစီးထောပနာတွေစပြုတော့သည်။ JungKook ကလည်းစပ်ဖြီးဖြီးနှင့်သာ စက်ဘီးကိုထိန်းပေးသလိုနှင့် ပြိုကျလာတဲ့ ခန္ဓာလေးကိုပွေ့ရင်းအသားယူသည်။
"လွှတ်စမ်း ငါ့ကို"
"လွှတ်လိုက်ပါပြီဗျာ"
JungKook လွှတ်ပေးလိုက်သည်နှင့် TaeHyung က စက်ဘီးပေါ်ပြန်တက်ဖို့လုပ်သည်။
"ခဏလေး Baby Hyung"
"ဘာတုန်း"
"တူတူသွားမယ်လေ"
"ဘာကိုလဲ"
"သံသရာတစ်ဆုံးချစ်ခရီးကို"
"လိ့ မင်းဘာသာသွား"
"တူနှစ်ကိုယ်ပျော်ပျော်ပါးပါးသွားကြမယ်လေ....ဒီကျောင်းဝင်းကြီးရဲ့ပေတရာလမ်းကိုလည်း BabyHyung နဲ့ပဲအတူလျှောက်လှမ်းချင်သလို သံသရာတစ်လျှောက် တူနှစ်ကိုယ်ချစ်ခရီးလမ်းလေးကိုလည်း ဒီက Baby Hyung လေးနဲ့ပဲလျှောက်လှမ်းချင်လို့ပါဗျာ နော် နော်"
"အဲ့တာ ဘာဖြစ်နေတာလဲ"
နှုတ်ခမ်းကိုစူကာ  ခြေဆောင့်ပြီး‌ ချွဲပြနေတဲ့ဝဲစားလေးကို မတော်သေးဘူးလားဆိုသည့် အိုစာနေသည့်မျက်နှာကြီးနှင့် ကြည့်မိသည်။ သူ့အဲ့လိုကြီးလုပ်နေလို့ ဒီကလူကြွေမယ်ထင်နေတာလားမသိ။ စကားတွေတတ်ချက်က ဒီအရွယ်လေးနဲ့အဲ့လောက်တတ်ရသလားဆိုပြီး ခပ်စပ်စပ်လေးပိတ်တီးချင်နေတာ။
"စက်ဘီးပေး"
စကားအဖြစ်ပြောရုံပြောသွားတာပါ။ စက်ဘီးကသူ့လက်ထဲတောင်ရောက်သွားပြီ။ ထို့နောက် ပိုင်စိုးပိုင်နင်း TaeHyung ရဲ့လက်ကိုဆွဲယူပြီး စက်ဘီးလက်ကိုင်ကိုကိုင်ထားသည့် သူ့လက်တွေရဲ့ ကျစ်ကျစ်လစ်လစ်လက်မောင်းပေါ်တင်ပေးသည်။ သဘောက ဘေးကနေသူ့လက်မောင်းကိုဖက်ပြီးလိုက်လာပါဆိုသည့်သဘော။ အဲ့တော့ သူ့ဘက်ကလည်း ဘောပါပဲလေ။
"ပေါက်ကရတွေလုပ်မနေနဲ့"
TaeHyung ကလက်ကိုဖယ်ဖို့လုပ်တော့ လက်မောင်းကို ဆွဲစိပြစ်သည်။ အားနဲ့ညှစ်ထားတာမလို့ TaeHyung တော်ရုံရုန်းလို့မရ။
"JungKook လွှတ်လို့"
"ရကြေးလား"
"ဟာ လွှတ်ပါဆို"
သူ့စကားကိုနားထောင်ချက်က စက်ဘီးကိုတောင်ဆက်တွန်းသွားလေရဲ့။ သူ့မှာသာ ယက်ကန်ယက်ကန်နဲ့ပါလာရသည်။ရှက်လိုက်တာဆိုတာလေ။ ဝဲစားလေးမျက်နှာကတော့ တစ်လောကလုံးအပိုင်စားရထားသလို။ ရုန်းကန်ရင်းပါလာတဲ့သူ့ကို စကားဆိုလာသည်။
"ဘာဖြစ်နေတာတုန်း Baby Hyung လေးရဲ့"
"မင်းမရှက်ဘူးလား ဟမ်"
"ရှက်စရာလားဗျာ"
"မင်းမရှက်လည်း ငါရှက်တယ်ကွ"
"ဟောဗျာ ဒီကျောင်းလမ်းလေးကိုလျှောက်ရတာကို....နောက်ဆို သံသရာခရီးတစ်ဆုံး ဒီလက်ကိုပဲတွဲပြီးလျှောက်ရမှာ...ရဲရဲကြီးသာ အားကိုးတစ်ကြီးနဲ့ ဒီကောင်ကြီးလက်ကိုဆွဲထားစမ်းပါ...ကမ္ဘာတစ်ခုလုံးကိုတောင် ကျန်တဲ့လက်တစ်ဖက်နဲ့ Baby Hyung အတွက် တက်သိမ်းပစ်မှာ"
လေကြီးမိုးကြီးကောင်လေးကို TaeHyung မော့ကြည့်တော့ ပြုံးနေသည့် အပြုံးတွေက အသက်ဝင်လွန်းနေသည်။ အပိုတွေပြောနေမှန်းသိပေမယ့်လည်း ဘာကိုရင်ထဲကျေနပ်သွားလည်းမသိ။ နှလုံးခုန်သံတွေကလည်း သိသိသာသာလှုပ်ရှားလာသလိုပါပဲ။ ပါးစပ်ကသာ ပြစ်ပြစ်နှစ်နှစ်တွေပြောနေမိတာ ဘယ်သူ့မှမသိနိုင်တဲ့သူ့စိတ်ထဲမှာတော့ ပြောင်းလဲနေခဲ့ပြီပဲဖြစ်သည်။
"ဟီးဟီး ကြွေသွားပြီမလား ကျွန်တော့်ကို"
အသံတိတ်သွားတဲ့သူ့ကိုစပ်ဖြဲဖြဲကြည့်ရင်းပြောလာတဲ့လူဆိုးလေး။ သူ့ကို စနေရတာကိုပဲ ဒီကောင်လေးပျော်နေသလားမသိ။
"လူဆိုးကောင် မင်းကြောင့်ငါ့အရှက်တွေလည်းမရှိတော့သလောက်ပဲ"
လက်ကဂျိုင်းကြားမှာအညှပ်ခံထားရတဲ့ အတိုင်းဘေးကနေလိုက်နေရတော့ ကျောင်းသားတစ်ချို့ကကြည့်ကာရယ်သွားကြသည်။ သူကသာရှက်နေတာ ဟိုလူဆိုးလေးကတော့ အပြုံးတောင်မပျက်။ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးအခုလို ရယ်နေပြုံးနေတာကိုမြင်ရတာကိုပဲ သူပျော်နေခဲ့ပြီပဲလေ။ သေချာပါတယ် သူဒီကောင်လေးနဲ့ပတ်သက်တဲ့ခံစားချက်တွေက အရင်နဲ့မတူတော့ပဲ တဖြည်းဖြည်းပြောင်းလဲလာနေတယ်ဆိုတာ။
~A Boy Named Jeon Jung Kook~
"Hello မေမေ"
"အေး ပြောသားငယ် ဘာလိုချင်လို့လဲ ဖုန်းတွေမဆက်စဖူးဆက်လို့"
"ဟဲဟဲ ဟိုလေ  2020 BMW R 1250 RS လေးတစ်စီးလောက် အခုလိုချင်လို့"
"အမလေး ဘုရား လုပ်မလို့တုန်းသားရဲ့"
မစ္စဂျွန်မှာ သူမသားရဲ့စကားကြောင့် မျက်လုံးတောင်ပြူးကုန်ရသည်။ ဒီဆိုင်ကယ်ကြီးကို သူမသားကချက်ချင်းယူပြီးဘာလုပ်မလို့လဲ။
"နော်လို့ နော် မေမေ....သားကအခုလိုချင်တာ...ကျောင်းဆင်းချိန်အမှီပို့ပေးနော်...Show Room မှာသားနာမည်သာပြောလိုက်...သူတို့အကုန်ပြင်ပြီးလာပို့ပေးလိမ့်မယ်"
"အေးပါကွယ် ပို့ခိုင်းလိုက်ပါမယ်....သေချာလည်းစီးဦး ကြားလား သားငယ်"
"ဟုတ်မေမေ စိတ်ချပါ"
JungKook မှာသူလိုချင်တာရတော့မျက်နှာကပြုံးတုံ့တုံ့။ အဓိကကတော့ သူ့ Baby Hyung လေးမပင်ပန်းတော့တာမလို့ စိတ်ထဲကျေနပ်နေတာ။ ကျောင်းဆင်းရင် ပွစိပွစိ းနဲ့ပေါက်ပေါင်ဖောက်မယ့် အဘိုးအိုလေးရဲ့အသံကိုကြားယောင်ပြီး ပါးချိုင့်တွေပေါ်တဲ့အထိတစ်ယောက်တည်း သဘောတကျရယ်မိသေးသည်။ အဲ့တာလေးကိုပဲချစ်နေရတဲ့ သူ့ရဲ့ဒုက္ခလေးကလည်း တစ်ကယ်ကိုလှလှလေးဆိုမှ လှလှပပလေးပင်ဖြစ်သည်။
........................
"ဆရာမ နှစ်ကုန် assignment အတွက်ပါ"
သချောလုပ်လာသည့် Assignment လေးကို Tae Hyung ကဆရာမဆီကို လက်နှစ်ဖက်ဖြင့် တရိုတသေနဲ့ပေးသည်။
"Jimin မင်းရော တင်ပြီးပြီလား"
"မနေ့ကတင်ထားတယ်ဆရာမ"
"အော် အေးအေး စာမေးပွဲလည်းနီးပြီဆိုတော့ စာလည်းလုပ်ကြဦး....နောက်ဆုံးနှစ်တွေဆိုတော့ သေသေချာချာကြိုးစားကြ"
"ဟုတ်ကဲ့ ဆရာမ"
TaeHyung နဲ့ JiMin မှာ ဆရာကိုအရိုအသေပေးပြီးနေရာကနေထွက်လိုက်ကြသည်။ အတန်းချိန်တွေကုန်ပြီး အိမ်ပြန်လို့ရပြီမလို့ နှစ်ယောက်စလုံးအိမ်ပြန်ကြတော့မှာဖြစ်သည်။
"Jimin na ~~"
အဝေးကခေါ်သံတစ်ခုက လေးတွဲတွဲနဲ့ထွက်ပေါ်လာသည်။ နှစ်ယောက်စလုံးပြိုင်တူကြည့်မိတော့ YoonGi ဖြစ်နေသည်။
ဘာရယ်မဟုတ် JiMin မျက်နှာကို ကြည့်လိုက်တော့လည်း အိုးတို့အမ်းတမ်းနှင့် ခပ်ရဲရဲလေးဖြစ်နေသည်။
"ဘာလို့လာတာလဲမသိဘူး"
"အင်း ငါ ငါလည်းမသိဘူး"
TaeHyung ကသူ့ဘာသာပြောတာပေမယ့် Jimin ကပါယောင်နနနဲ့လိုက်ပြောသည်။
"အတူတူပြန်ကြမလို့လား"
အနားရောက်လာတဲ့ YoonGi ကမေးတော့ Jimin ကခေါင်းညိတ်ပြပေမယ့် TaeHyung ကတော့ခေါင်းခါပြသည်။
"လိုက်သွားလေ သူနဲ့"
"ဟမ် ငါ သွား သွားစရာရှိသေးလို့"
"ကိုယ်နဲ့အတူသွားမယ်လေ"
ကိုယ်ဆိုတဲ့အသုံးအနှုန်းမှာရင်ထဲလိပ်ပြာတွေထပျံသွားသလိုပဲ။ အမှန်ကတော့ Hyung နဲ့အတူမပြန်ရဲလို့ ပြောချင်ရာတွေပြောနေမိတာဖြစ်သည်။
"မဟုတ်ဘူး Hyung"
"ကဲပါ လိုက်သွား...ငါလည်းပြန်ပြီ"
TaeHyung ကပြောပြောဆိုဆိုနဲ့ သူ့ကိုလက်ပြပြီးထွက်သွားပြီဖြစ်သည်။
"သွားမယ်လေ ဘယ်သွားမှာလည်း"
"အိမ်ပဲပြန်တော့မယ် Hyung"
"အင်း လိုက်ပို့ပေးမယ်"
အေးစက်စက်စကားသံပေမယ့် အနွေးဓာတ်လေးပါဝင်နေတာကိုသူခံစားမိသည်။ ရင်တုန်ပန်းတုန်တွေဖြစ်နေတာ သူ့နာမည်ကို Hyung ခေါ်လိုက်ကတည်းက။ အနောက်ကနေပဲ လွယ်အိတ်ကိုကျစ်ကျစ်ပါအောင်ဖက်ရင်းလိုက်လာလိုက်သည်။
"ကိုယ့်ဘေးနားကပ်လာရင် မင်းကို ကိုက်စားမှာမလို့လား ဘေးကနေလျှောက်လေ"
"ဟုတ် Hyung"
ဒီလိုဆိုတော့လဲ ပြာပြာသလဲနှင့်သူ့ဘေးနားရောက်ချလာတဲ့အသေးလေး။ လမ်းလျှောက်ရင်းနဲ့ပဲ ဘေးကိုအနည်းငယ်စောင်းကြည့်လိုက်တော့ ဘေးတိုက်မြင်နေရတဲ့ ပါးဖောင်းဖောင်းနဲ့ စူထွက်နေတဲ့နှုတ်ခမ်းလေးတွေက ဖိကပ်နမ်းချင်စရာကောင်းသည်။
ဘတ်စ်ကားမှတ်တိုင်ရောက်ဖို့ ကားလမ်းကူးရဦးမှာဖြစ်သည်။ဒီအထိကို နှစ်ယောက်သားစကားမပြောဖြစ်ပဲလမ်းလျှောက်လာကြရင်း သူ့ရဲ့လက်သေးသေးလေးတွေကို နွေးထွေးတဲ့လက်ဖဝါးနှင့်အပြည့် ရုတ်တရက်ဆွဲကိုင်လိုက်သည်မလို့ Jimin ရဲ့မျက်ဝန်းလေးတွေပြူးကျယ်လာတော့သည်။
"သေချာကိုင်ထား လမ်းကူးမယ်"
ကလေးလေးတစ်ယောက်ကို လမ်းကူးခါနီးမိဘဖြစ်သူက လက်ကိုသေချာဆုပ်ကိုင်ထားသလိုလေး။ Jimin ရင်ခုန်သံတွေပရမ်းပတာဖြစ်လာကာ စကားတွေလည်း တောင်ရောက်မြောက်ရောက်။
"Hyung ကအဖေတစ်ယောက်လိုပဲ"
"ဟမ် အော် အင်း အဲ့လိုပဲပေါ့"
အင်တင်တင်ဖြစ်သွားတဲ့ YoonGi Hyung ပုံစံ။ အမှန်ဆိုသူလည်း ရင်တွေတအားခုန်နေခဲ့ပြီး ထူးထူးဆန်းဆန်းအခြေအနေကြီးကို တစ်မျိုးမဖြစ်အောင်ပြောလိုက်မိတာဖြစ်သည်။ ထိုနေ့ကဘာလို့ရယ်မသိ အိမ်ရောက်တဲ့အထိ YoonGi Hyung ကသူ့လက်တွေကိုတစ်ချက်မလွှတ်ပဲ ဆုပ်ကိုင်ထားခဲ့သည်။
ရုတ်တရက်ကြီး ထပြောတဲ့ပေါက်စလေးရဲ့စကားမှာ အဆင့်ကျော်ချင်တဲ့သူဟာ အဖေဇုန်ထဲမှာတဝဲလည်လည်။ သူက အဖေဇုန်ထဲမှာမဟုတ်ပဲ ထိုထပ်ပိုတယ်ဆိုတာကိုသိအောင် တစ်လမ်းလုံးလက်သေးသေးလေးတွေကို မလွှတ်တမ်းဆုပ်ကိုင်ထားခဲ့တာ။ သူချစ်ရတဲ့ကလေးလေးသိပါစေ။
.....................
Jimin ကိုထားပြီး စက်ဘီးတွေထားတဲ့နေရာဘက်ကို TaeHyung ထွက်လာခဲ့လိုက်သည်။ ထူးဆန်းတာက စက်ဘီးထားတဲ့နေရာကိုရောက်ကတည်းကနေ ရှာနေတာ အခုထိသူ့စက်ဘီးကိုမတွေ့သေးပေ။ သော့လည်းသေချာခတ်ခဲ့တာကို။ ခိုးရအောင်လည်း အစောင့်တွေရှိနေပဲ။
အခုထိမတွေ့သေးတာမလို့ ပျောက်သွားပြီထင်ပြီး TaeHyung စိတ်တွေထူပူနေသလို စိတ်လည်းတိုနေပြီဖြစ်သည်။
"ဘယ်က mother beside လာခိုးသွားတာလဲ ချီးဘဲကွာ"
ဘယ်ကမှန်းမသိတဲ့ ဆိုင်ကယ်တစ်စီးကသူ့အရှေ့ကိုထိုးရပ်လာသေးသည်။ သစ်လွင်ပြောင်လက်နေတဲ့ အနက်ရောင်ဆိုင်ကယ်ကြီးကနေရောင်အောက်မှာ တလဲ့လဲ့။ Helmet ကြီးဆောင်းထားတာမလို့ မျက်နှာကိုမမြင်ရသေး။ သို့ပေမယ့် ဒီလူကိုသူရင်းနှီးနေသည်။ ရင်းနှီးတာမှ တော်တော်ကြီးရင်းနှီးနေတာ။
Helmet ကိုဆွဲချွတ်လိုက်တော့ ဖွာလန်ကျဲသွားတဲ့ဆံပင်တွေကို ခါထုတ်ရင်း သူ့ကို ခပ်ဆဆပြုံးရင်းပြန်ကြည့်လာတဲ့သူ။
ရင်းနှီးပါတယ်မှတ်နေတာ ဟိုဝဲစားလေးဖြစ်နေသည်။
"တက် Baby Hyung လေး"
"ဘာလို့တက်ရမှာလည်း....ခဏ မဟုတ်မှ မင်း"
သူ့စကားတောင်မဆုံးသေး တဟဲဟဲနဲ့သွားဖြဲကာရယ်ပြလာတဲ့ဟာလေး။ ဒါဆို သူ့လက်ချက်ပေါ့။
"ဘယ်မှာလဲ ငါ့စက်ဘီး"
"အရည်ကြိုဆိုင်ရောက်သွားပြီ"
"ဟ မင်း အဲ့တာငါမုန့်ဖိုးတွေစုဝယ်ထားတာကွသိလား...ပြန်ပေး ငါ့စက်ဘီးကို"
"စတာကို ဒေါသအိုးလေးကလည်း"
ဆိုင်ကယ်ကို ပေါင်တံကျစ်ကျစ်သွယ်သွယ်တွေနဲ့ထောက်ကာရပ်နေရင်း ရယ်နေသေးသည်။ သုံးလုံးလောက်ဖွင့်ထားသည့် ကြယ်သီးတွေကြောင့် ရင်အုပ်ဖြူဖြူဖွေးဖွေးက ပွင့်ဟနေသည့်အင်္ကျီဖလတ်ဖလတ်ကြားထဲမှာ ထင်းခနဲ။ ခေါက်တင်ထားတဲ့ အင်္ကျီလက်ကလည်း တံတောင်ဆစ်နားအထိ။ သွေးကြောစိမ်းတွေယှက်ဖြာနေသည့် လက်ဖွေးဖွေးကလည်း ကြည့်ကောင်းနေပြန်သည်။
"တက်"
"ဘာကိုလဲ"
"အနောက်မှာတက်ထိုင်လို့ အိမ်လိုက်ပို့ပေးမယ်"
"မလိုက်ပါဘူး"
"ဘာလို့လဲ ကြောက်လို့လား...မကြောက်ပါနဲ့ ကျွန်တော်ကကျွမ်းပါတယ်"
"မင်းမို့လို့ကိုကြောက်တာ"
"ဟဟ တစ်ကယ်ပြောနေတာ အိပ်ပြီးမောင်းရင်တောင် ဒီက Baby Hyung လေးဘာမှမဖြစ်စေရဘူးသိလား"
အမှန်တစ်ကယ်ကို TaeHyung ကိုကြောက်တာဖြစ်သည်။ အဲ့ဆိုင်ကယ်ကြီးတွေကို ဘာလို့မစီးရဲမှန်းလည်းမသိ။
"လာ ကျွန်တော့်အနား"
TaeHyung ကခြေတစ်လှမ်းတောင်မရွေ့တာမလို့ လက်ကောက် ဝတ်လေးကို လှမ်းဆွဲကာသူ့အနားရောက်အောင်ခေါ်သည်။
ပြီးနောက် သူဆောင်းထားတာနဲ့ဆင်တူပုံစံ Helmet လေးကို သေချာဆောင်းပေးသည်။
နဂိုထဲကသေးသေးလေးပဲရှိတဲ့မျက်နှာလေးက Helmet ဆောင်းပေးလိုက်တော့ Helmet ထဲမြှုပ်နေပြီး ပါးလေးကပါ ညှစ်ထားသလိုဖြစ်ကာ အနည်းငယ်မို့တက်နေသေးသည်။သေချာလေးဆောင်းပေးလိုက်ပြီး မေးသိုင်းကြိုးလေးကိုပါ သေချာလေးတပ်ပေးလိုက်သည်။ စူပုတ်ပုတ်မျက်နှာလေးက သူမလိုက်ချင်တာကိုအတင်းခေါ်နေလို့ဖြစ်နေတဲ့ရုပ်လေး။
"ကဲ Safe ဖြစ်သွားပြီ...ကျွန်တော်မောင်းမှာဆိုတော့ပိုလို့တောင် safe ဖြစ်လို့သွားပြီ"
"ငါမစီးရဲဘူးဆို"
"ကျွန်တော်ရှိတယ်လေ"
နွေးခနဲပဲ။ နောက်ပိုင်းတစ်ခုခုဖြစ်တိုင်း သူရှိနေတယ်ဆိုတဲ့အသိနဲ့တင် လုံခြုံနွေးထွေးသလိုဖြစ်နေခဲ့တာ။
"ကဲပါ ကျွန်တော်ဖြည်းဖြည်းပဲမောင်းမှာပါ တက်"
TaeHyung မရဲတရဲနဲ့ပဲ JungKook ရဲ့ပခုံးကိုကိုင်ပြီး ခွတက်လိုက်သည်။
"ဖြည်းဖြည်းမောင်းနော်...မဟုတ်ရင် ငါဆွဲထိုးမှာ"
"ဟားဟား ဟုတ်ပါပြီဗျာ"
ဆိုင်ကယ်ပေါ်ရောက်သွားပြီမလို့ JungKook ကိုယ်တိုင်လည်း Helmet ကိုပြန်ဆောင်းကာ ဆိုင်ကယ်ကိုစတင်စက်နှိုးတော့သည်။ ဆိုင်ကယ်ပေါ်မတက်ခင် သေချာကြားအောင်ပြောလိုက်သေးသည် သူ့ခါးကိုသေချာဖက်ထားပါတဲ့လေ။ TaeHyung မဖက်ပဲထိုင်နေတော့ လက်တွေကိုသေချာဆွဲယူကာ သူ့ခါးမှာယှက်သွယ်ပြီး ဖက်တွယ်စေသည်။ ဒီကောင်လေး ဒီအကွက်တွေမြင်လို့ ဒီလိုတွေလုပ်လာတာ သိသားပဲ။
စတင်ထွက်ခွာပြီဖြစ်တဲ့ဆိုင်ကယ်အရှိန်က မနည်းမနော။ ပြောတော့ဖြည်းဖြည်းလေးပဲမောင်းမှာပါဆိုပြီ။ လူဆိုးကောင်လေး အဲ့တာကြောင့်ပြောသမျှတစ်စက်မှကိုမယုံချင်တာ။
လက်လွှတ်ပြီး ကျောပြင်ကြီးကိုထိုထုဖို့ရာလည်း ပြုတ်ကျမှာကြောက်ပြီး မြဲနေအောင်ဖက်ထားရတော့ မထုအား။
"JungKook အရှိန်လျော့လို့"
ဆိုင်ကယ်လေသံက တဝူးဝူး Helmet ကလည်းနားပိတ်ဖြစ်လို့ သူအော်ပြောတောင်တိုးတိုးလေးပဲကြားရမှာ။ အခုတောင်ကြားမကြားမသိ။ သေချာတာကတော့ဘာမှပြန်မထူး။
"JungKook ကြားလားလို့"
"JungKook"
TaeHyung ဘယ်လောက်အော်အော် စကားတောင်ပြန်မပြောပါ။ အရှေ့မှာပြုံးစိစိဖြစ်နေတဲ့မျက်နှာကိုလည်း TaeHyung မတွေ့။
"လူဆိုးကောင် ကတိလည်းမတည်ဘူး"
"ပြောတော့ဖြည်းဖြည်းမောင်းမှာတဲ့"
"အား အကျင့်ကိုမကောင်းဘူး လိ့လိ့"
"သောက်ကျင့်ယုတ်လေး ငါ့ကိုတမင်လုပ်တာ"
အနောက်ကနေပွစိပွစိတွတ်ထိုးနေတဲ့အဘိုးအိုပေါက်စလေးကို JungKook ရယ်ချင်လွန်းလို့ မနည်းအောင့်ထားရသည်။ ဘယ်လောက်ပဲ လေတွေတိုးတိုး ဘာတွေပဲဖြစ်နေဖြစ်နေ ထိုအသံလေးကိုတော့ သူအမြဲသဲကွဲစွာကြားနေရသည်။
ပါးစပ်ကသာပွစိပွစိရွတ်နေတာ မျက်နှာကို သူ့ကျောပြင်ကိုမှီပြီးလက်ကတော့ခါးကိုဖက်ထားတာမှ ကျစ်လို့။ လက်ချောင်းလေးတွေကိုတောင်တစ်ဖက်နဲ့တစ်ဖက်ယှက်ထားသေးတာ။ အသည်းယားလွန်းလို့ ဖြစ်လာတဲ့အပြုံးတွေကလည်း ပြောပြလို့မရအောင်ပါပဲ။
အိမ်ပြန်ချိန်တွေအထိလည်း ချစ်ရသူနဲ့အတူရှိချင်တယ်။
ဒီလိုပဲ နေဝင်ချိန်တွေအထိလည်း အတူရှိချင်တယ် ချစ်ရတဲ့ Kim Tae Hyung လေးရေ။
~ A Boy Name JeonJungKook ~
JJK ရဲ့ဆိုင်ကယ်ကြီး။ စီးချင်နေကြပြီဟုတ်။ KTH မဟုတ်ဘူးဆိုတာသတိချပ်ပါ 😆
Luv U နော် 😁💜
Zawgyi
"Baby Hyung"
"လွှတ်စမ်း ငါ့ကို"
"လွှတ်လိုက်ပါပြီဗျာ"
"ခဏလေး Baby Hyung"
"ဘာတုန်း"
"တူတူသွားမယ်လေ"
"ဘာကိုလဲ"
"လိ့ မင်းဘာသာသွား"
"အဲ့တာ ဘာဖြစ်နေတာလဲ"
"စက်ဘီးပေး"
"JungKook လွှတ်လို့"
"ရကြေးလား"
"ဟာ လွှတ်ပါဆို"
"မင်းမရှက်ဘူးလား ဟမ်"
"ရှက်စရာလားဗျာ"
"Hello မေမေ"
"ဟုတ်မေမေ စိတ်ချပါ"
........................
"မနေ့ကတင်ထားတယ်ဆရာမ"
"ဟုတ်ကဲ့ ဆရာမ"
"Jimin na ~~"
"ဘာလို့လာတာလဲမသိဘူး"
"အင်း ငါ ငါလည်းမသိဘူး"
"အတူတူပြန်ကြမလို့လား"
"လိုက်သွားလေ သူနဲ့"
"မဟုတ်ဘူး Hyung"
"အင်း လိုက်ပို့ပေးမယ်"
"ဟုတ် Hyung"
.....................
"တက် Baby Hyung လေး"
"ဘယ်မှာလဲ ငါ့စက်ဘီး"
"တက်"
"ဘာကိုလဲ"
"မလိုက်ပါဘူး"
"လာ ကျွန်တော့်အနား"
"ငါမစီးရဲဘူးဆို"
"ကျွန်တော်ရှိတယ်လေ"
"ဟားဟား ဟုတ်ပါပြီဗျာ"
"JungKook ကြားလားလို့"
"JungKook"
Luv U နော် 😁💜
Continue Reading
You'll Also Like
349K 11.8K 8
21+++ If you don't like it,so don't read it... But if you read it,don't blame on me!...
22.1K 1.3K 24
အချစ်တစ်ခုအတွက်နဲ့ ပိုင်ဆိုင်မှုတွေအကုန်လုံးကို စွန့်ပစ်ခဲ့သည့် ဂျွန်ဂျောင်ဂုဆိုသည့် ကောင်လေးဟာ ဆင်းရဲပါတယ်ဆိုသည့် ကင်မ်ထယ်ယောင်းဆိုသည့် ကောင်လေးကို...
666K 57.2K 27
Jeon Jungkook + Kim Taehyung (Zawgyi + Unicode)
39.3K 2.8K 72
ဖတ်ကြည့်နော်😉😉