𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || V...
By Amethyst_jei
7.7K 1.3K 244
INTRO
🤎1🤎
🤎2🤎
🤎3🤎
🤎4🤎[P-1]
🤎4🤎[P-2]
🤎5🤎
🤎6🤎
🤎7🤎
🤎8🤎(💔)
🤎9🤎 [P-1]
🤎9🤎[P-2]
🤎10🤎
🤎11🤎[P-1]
🤎11🤎[P-2]
🤎12🤎
🤎13🤎
🤎14🤎
🤎15🤎[P-2]
🤎16🤎
🤎17🤎
BROWN TAE
🤎15🤎[P-1]
225 50 8
By Amethyst_jei
- ချစ်ခြင်းတရားဆိုတာ ကိုယ်ပေးချင်တဲ့ပုံစံအတိုင်းတစ်ဖက်သူအပေါ်မဖော်ပြတတ်ခဲ့ရင်၊ ဖော်ပြပုံမှားသွားခဲ့ရင် လွဲမှားတဲ့ဘဝတွေကြား ထပ်ကာထပ်ကာအလွဲတွေနဲ့ ကျောခိုင်းရတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားတတ်တယ် -
^^^^^^^^^^^^^^^^^Brown Tae
နိုးလာမိသည်။ ဘယ်အခန်းဆီရောက်နေခဲ့မှန်းမသိ။ မမြင်ဖူးတဲ့မျက်နှာကျက်၊မမြင်ဖူးတဲ့အခန်း၊ပြတင်းပေါက်နားပြေးကာကြည့်လိုက်တော့ နေဝင်နေတဲ့ဆည်းဆာနဲ့အတူ တောင်တန်းတွေလောက်သာမြင်ရတော့သည်။
မဟုတ်ဘူး အခုကဘယ်ရောက်နေတာလဲ?
ဦးနှောက်ကိုအမြန်အလုပ်ပေးလိုက်ရသည်။နောက်ဆုံး shopping ထွက်အပြီးနောက်ပိုင်းကိုဘာမှမမှတ်မိတော့။ပြန်ပေးဆွဲခံရသည်လား။ ဒုက္ခပါပဲကွာ!
အတွေးလွန်နေတာနောက်ကသစ်သားတံခါးလေးတွန်းဖွင့်ကာလူတစ်ယောက်ဝင်လာခဲ့တာတောင်မသိ။ ရုတ်တရက်ခြေသံကြားလို့လှည့်ကြည့်မယ်ဆိုတော့မှ ထိုလူကသူ့ကိုဖက်ကာ ပြတင်းပေါက်တွေဆီမျက်နှာမူလိုက်တော့သည်။
ရနေကြရနံ့ ဒါက....... အညိုရောင်လေးများလား။
"ကျွန်တော်ကမနှိုးလောက်သေးဘူးထင်နေတာ။ နှိုးနေပြီပဲ စားဖို့လုပ်ပေးထားတာမို့ရေချိုးပြီးရင်သွားစားကြရအောင်"
တကယ်ကိုခပ်သြသြအသံနဲ့ အညိုရောင်လေးပဲ
"ဖယ်စမ်း မင်းဖယ်"
ဖက်ထားသည်ကိုအတင်းခါထုတ်လိုက်သည်။ရမ်းလိုက်တဲ့ကိုယ့်လက်တွေကြောင့် အညိုရောင်ရဲ့ဘယ်နေရာကိုထိထိ။
"ငါ့ကိုမတရားခေါ်လာတာကို ငါကငြိမ်နေစရာလား။ မင်းကဘာမို့လို့လဲ ဘာလို့ခေါ်လာရတာလဲ!!!"
"ချစ်လို့လေ အစ်ကို့စာအုပ်ထဲကအတိုင်းတောစပ်မှာ အိမ်ဆောက်ပေးထားခဲ့တာကျွန်တော်တို့နေကြမယ်လေ။ ဘေးမှာ တောင်တွေဝိုင်းနေတာ အစ်ကိုသဘောကျတယ်မလား။ ဒီတိုင်းဆိုအစ်ကိုလက်မခံမှာဆိုးလို့ခေါ်လာခဲ့ရတာပါ ခုချစ်လို့ရပြီပဲစိတ်မဆိုးပါနဲ့နော်"
"မင်းကိုဘယ်သူကချစ်နေသေးလို့လဲ မင်းဆိုတဲ့ငါ့ရဲ့အညိုရောင်ကစာအုပ်ထဲမှာပဲကျန်ခဲ့ပြီ နှလုံးသားရဲ့ချောက်နက်ထဲမှာမင်းဆိုတာကိုပစ်ချလိုက်ပြီးတော့ မင်းကိုချစ်ခဲ့ဖူးရုံအသိဉာဏ်နဲ့ပဲထားလိုက်ပြီ ဘာကြောင့်ထပ်ချစ်စေချင်ရသေးတာလဲ ငါ့ဘဝမှာငါ့ကံနဲ့ငါမို့ချစ်ဖို့မတွေးတော့တာကြာပြီ ကင်ထယ်ယောင်း "
"ဒါဆိုကျွန်တော်ကအတင်းအကျပ်လုပ်ရလိမ့်မယ် လက်ထပ်စာချုပ်မှာအစ်ကို့လက်ဗွေပါပြီးပြီမို့ ကျွန်တော်တို့ကလင်မယားပဲ။ လက်ထပ်စာချုပ်တစ်ခုကိုလည်းအစ်ကို့အိမ်ကိုပို့ပြီးပြီမို့ နောက်ရက်သတင်းစာထဲသတင်းတစ်ခုကြားရမှာပါ"
"မင်း....မင်းကအညိုရောင်လေးမဟုတ်တော့ဘူးပဲ ပုံပြောင်းသွားတဲ့ကောင်! လိုချင်တာပဲသိပြီးတစ်ဇွတ်ထိုးဆန်တတ်တာ ငါ့အညိုရောင်မဟုတ်ဘူး! ဒါကြောင့်လည်းငါမင်းကိုမချစ်နိုင်တော့တာ အဖြေကရှင်းနေတာပဲ အတိတ်ကလူကိုချစ်ခဲ့ရုံနဲ့အနာဂတ်ကပုံစံမတူတဲ့လူကိုချစ်စရာမှမလိုတော့တာ"
ကျွန်တော်တကယ်မချစ်တော့ဘူး။ မုန်းသွားတာလည်းမဟုတ်ဘူး နာကျည်းသွားတာလည်းမဟုတ်ဘူး။ ကိုယ်တိုင်ခံစားရမှသိမယ့်အရာကိုဘယ်လိုနားလည်အောင်ရှင်းပြရမလဲကျွန်တော်မသိတော့ဘူး။
အညိုရောင်တွေဟာအေးချမ်းခဲ့တယ်။တပ်မက်မှုမရှိခဲ့ဘူး။ချစ်ရတာလည်းပျော်ရသလိုငေးမာရတာလည်းအပန်းပြေခဲ့တယ်။ရယူလိုစိတ်ပဲရှိနေတဲ့အခုကင်ထယ်ယောင်းကိုကျ......
အဖြေကရှင်းနေပြီ ဇာတ်လမ်းထဲကလိုသာဆို ဇာတ်ကောင်နှစ်ခုမှာတစ်ခုကလုံးဝမချစ်နိုင်တော့ဘူး ဇာတ်လမ်းကဒီလိုပဲပြီးသွားမှာ။ဘာကြောင့်များမဖြစ်တာကိုဖြစ်အောင်လုပ်ပြီး မင်းကိုမချစ်တော့တဲ့ငါ့ကိုပိုင်ဆိုင်ချင်ရတာလဲကင်မ်ထယ်ယောင်းရယ်....
"ချစ်တတ်အောင်ဘာလို့သင်ပေးခဲ့လဲ!! ပြောလေ ခင်ဗျားရဲ့အကြင်နာမျက်လုံးတွေ ခင်ဗျားရဲ့အချစ်စာတွေ အစ်ကိုဗျာ .....အစထဲကနာကျင်ရမယ်မှန်းသိရင်ကျွန်တော်တို့ကမဆုံခဲ့ရတဲ့လူသားတွေပဲဖြစ်ခဲ့သင့်တာ"
ပခုံးကိုကြမ်းကြမ်းတမ်းတမ်းဆွဲခါပြီးကို ထယ်ယောင်းတစ်ယောက်ပြောနေမိခဲ့တာ။ ချစ်တာပေါ့ ကိုယ်ချစ်ကိုမရှာပဲသူချစ်ကိုရှာလို့ပြောကြပေမယ့် သူကချစ်ပေးနေရင်းကိုယ်ကပိုချစ်သွားတဲ့အခါကျ နာကျင်ရကြေးဆိုဘယ်သူကပိုနာကျင်ရမလဲ။
အက်ကြောင်းထပ်ရမယ့်စကားဆိုရင်တော့ အစ်ကိုစတာကို သူပဲဆုံးပေးရမှာ။ မချစ်ဘူးမလားရပါတယ်။ A to Z ပြီးရင် A ကပြန်စနေကြမှာပဲ။ အစ်ကိုကချစ်ပြီးလို့မချစ်တော့ဘူးဆိုရင် ပြန်ချစ်အောင်ထယ်ယောင်းလုပ်ရမှာပဲ။ အညိုရောင်ကိုပဲချစ်ခဲ့တာဆိုရင် ကင်မ်ထယ်ယောင်းကိုလည်းချစ်တတ်အောင်အစ်ကို့ကိုလုပ်ပေးရမှာပဲ။
အညိုရောင်ကအစ်ကို့ကိုမချစ်ခဲ့ပေမယ့် ကင်မ်ထယ်ယောင်းကတော့အစ်ကို့ကိုရူးမူးနေခဲ့ပြီ။
အတ္တကြီးတဲ့ကင်မ်ထယ်ယောင်းအနေနဲ့အစ်ကို့အချစ်ကိုရယူပါ့မယ်။
"ခင်ဗျားမချစ်လည်းကျွန်တော်နဲ့ယူပြီးပြီမို့ ဒီမှာပဲနေရမယ် အပြင်ထွက်ကြည့်လိုက် ခြေတစ်ဖက်ခြံစည်းရိုးကိုကျော်တာနဲ့ရိုက်ချိုးပစ်မယ်!"
ဟိုဆော့သွေးပျက်နေခဲ့တာ။ ပခုံးတွေကိုကြမ်းကြမ်းရမ်းရမ်းဆွဲလာထဲက ခင်ဗျားလို့အကျယ်ကြီးအော်ဟစ်လိုက်ထဲက ဒါကအညိုရောင်အသွင်အပြင်လေးမဟုတ်ဘူးဆိုတာရယ် ကင်မ်ထယ်ယောင်းရဲ့ဒေါသတွေကိုမြင်တာရယ် ငြိမ်ကုတ်သွားတာ။ပခုံးကိုဆွဲခါပြီးဆောင့်တွန်းလိုက်လို့ ကုတင်ပေါ်ပြုတ်ကျတာတောင်ထိုင်ရက်ငိုင်နေတုန်း။
ဘာတွေဖြစ်ကုန်တာလဲ...ဒီလိုတွေဖြစ်လာမယ့်လမ်းကိုမလျှောက်ချင်ဘူးလို့တွေးနေတုန်းကင်မ်ထယ်ယောင်းရဲ့ခြိမ်းခြောက်စကား။ မင်းကအညိုရောင်မဟုတ်တဲ့ မကောင်းဆိုးဝါးကင်မ် ပဲ။
ဒါကတော့ Recommend ပေးတာ ငြိမ့်ငြိမ့်တွေဆွေးဆွေးတွေရေးမယ်ဆိုနားထောင်ပြီးရေးနေကြ။
Brown Tae
I think this is sad story. But, don't worry. It will be happy ending.[အာမတော့မခံ]>_<
အချစ်စိတ်ကုန်သွားတယ်ဆိုတာလေ....အဲ့တာတကယ်ရှိပါတယ် ဘယ်သူ့ကြောင့်ပဲနာကျင်ရတာဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ကြောင့်ပဲဖြစ်ဖြစ် ခဏခဏ ဆိုတဲ့အရာကြီးမှာ ဆက်မချစ်ရဲလောက်တဲ့ထရူးမားက အချစ်ဦးကိုတောင် ချစ်ခဲ့ဖူးရုံလောက်ပဲရှိစေပါတယ်။ Knowledge sharing ဘာညာပေါ့") တော်ကြာဒါလေးကိုများ မချစ်တော့တာလားတွေတွေးနေမှာဆိုးလို့။
Thanks for reading
Amethyst_Jei
^^^^^^^^^^^^^^^^^Brown Tae
"ဖယ်စမ်း မင်းဖယ်"
Brown Tae
Thanks for reading
Amethyst_Jei
Continue Reading
You'll Also Like
624K 59.4K 36
Taekook 💜 ( Own Creation )
33.4K 3.2K 25
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
128K 13.2K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...
8.8K 1.1K 24
Jungkook Atlas Francis - Taehyung Rowan Elliot