သောကမီးလျှံ

By Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း More

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၄၉)

1.1K 264 15
By Ling____

သဘောတရားကျကျပြောရပါလျှင် ပြန်လည်ပြုပြင်ရေးဌာနသည်ကား DCO အပြင် အခြားသောဌာနအဖွဲ့အစည်းများ ဥပမာ ရဲဌာနများမှမျှဝေလာသောသတင်းအချက်အလက်များကို စီမံဆောင်ရွက်‌ပေးရသောဌာနဖြစ်သည်။ သို့ဖြစ်ရာ ရွှမ်းကျီးသည်ကား သူ၏အလုပ်အကောင့်ဖြင့် ဝေဟင်စောင့်ကြည့်ရေး network အတွင်းသို့ ဝင်ရောက်ခွင့်ရှိလေသည်။ မည်သို့ပင်ဖြစ်စေ အိပ်လို့လည်းမရတော့သည့်အတွက် ၎င်းမှာ လေယာဉ်၏ဝိုင်ဖိုင်ကိုချိတ်ဆက်လိုက်ပြီး မှောင်ခိုဈေးအား ရှင်းလင်းစဉ်မှတ်တမ်းများနှင့် သုံးချွမ်းသားငါးဈေးတဝိုက်ရှိ ကင်မရာမှတ်တမ်းများကိုရှာဖွေကြည့်ရှုစစ်ဆေးလိုက်သည်။

သို့သော် ထိုအရာမှာ ရွှမ်းကျီးအထူးကျွမ်းကျင်သောအရာမဟုတ်တာဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းမှာ ကြည့်နေရင်း မျက်လုံးများပင်ဝေဝါးလာသော်ငြား သုံးချွမ်းသားငါးဈေးအတွင်းရှိ ရှုပ်ယှက်ခတ်နေသောလူပင်လယ်ကြီးမှလွဲ၍ အနှီအုတ်အော်သောင်းတင်းဖြစ်နေသောဖန်သားပြင်ပေါ်တွင် မည်သည့်အရာကိုမှရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပါ‌ချေ။

ရုတ်တရက် ရွှမ်းကျီးမှာ စိတ်ထဲ၌ထင့်ခနဲဖြစ်သွား၏__အိပ်မက်ထဲတွင် ခြေတစ်လှမ်းမှားကာ ချော်လဲကျသွားပြီးနောက် လန့်နိုးလာစဉ်တွင်ဖြစ်ပေါ်လာလေ့ရှိသောခံစားချက်မျိုးပင်ဖြစ်သည်။ နှလုံးခုန်သံများမှာလည်း ပို၍မြန်ဆန်လာတော့သည်။

သူ၏ဝမ်းတွင်းသိစိတ်တစ်မျိုးမျိုးအရ ရွှမ်းကျီးမှာ ခုနတုန်းက သူသာမန်ကာလျှံကာကြည့်ရှုခဲ့သောဗီဒီယိုအချို့ကို ပြန်လည်ဆွဲထုတ်ယူလိုက်ပြီးသော် ၎င်းတို့အနက် ကင်မရာမှတ်တမ်းတစ်ခုသည်ကား သူ့အား ထိုကဲ့သို့ထူးဆန်းသောခံစားချက်များကိုပေးစွမ်းနေတာဖြစ်ကြောင်းတွေ့ရှိလိုက်ရလေသည်။

အဲဒီနေရာမှာဘာရှိနေတာလဲ?

သူက ကိုယ်ကိုအနည်းငယ်မတ်မတ်ပြင်ထိုင်လိုက်ပြီး မျက်လုံးများကိုမှေးကျဉ်းလျက် ထိုမှတ်တမ်းဗီဒီယိုထဲတွင်ပါဝင်သမျှ မြင်ကွင်းရှုထောင့်တိုင်းကို ဂရုတစိုက်ကြည့်ရှုလေ့လာနေတော့သည်။

ပန်ကိတ်တွေကိုရောင်းနေတယ်….အနားမှာ စက်ဘီးချင်းဝင်တိုက်မိတဲ့မတော်တဆမှုတစ်ခုဖြစ်သွားတယ်…စက်ဘီးစီးသမားနှစ်ယောက်လုံးဆင်းလာကြပြီး စကားများကြတယ်…အိုင်း….ပြီးတော့ ရန်ပွဲတွေဖြစ်ကုန်ကြတယ်…..

သို့သော် ဤအပိုင်းမှာ သူ့ကိုရင်တုန်ပန်းတုန်ဖြစ်စေနိုင်လောက်သော အကြောင်းရင်းတစ်ခုမဟုတ်။ သူ၏အာရုံကြောများမှာလည်း ဤမျှလောက်အားနည်းနေတာမျိုးမဖြစ်တန်ရာ။

၎င်းမှာ တစ်မိနစ်မျှတောင်မကြာသော ဗီဒီယိုလေးကို ထပ်ခါတလဲလဲကြည့်ရှုစစ်ဆေးနေသော်ငြား မည်သည့်မူမမှန်မှုမျိုးကိုမှရှာမတွေ့သေးပါချေ။

ရွှမ်းကျီးက ကင်မရာ၏တည်နေရာကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ ဤကင်မရာသည်ကား သားငါးဈေး၏အနောက်တောင်ဘက်၌ တပ်ဆင်ထားတာဖြစ်နိုင်သည်။ ခေါင်းဆောင်ကူကလည်း အဲဒီအရပ်မျက်နှာဘက်ကိုကြည့်ပြီးရှာနေတာပဲ…..ဒါက တိုက်ဆိုင်မှုသက်သက်ပဲလား?

ထို့နောက် သူက သားငါးဈေး၏အနောက်တောင်ထွက်ပေါက်ဘက်မှသည် ဆင်ခြေဖုံးရပ်ကွက်ဆီသို့သွားသောလမ်းတစ်လျှောက် ရိုက်ကူးထားသောစောင့်ကြည့်မှတ်တမ်းများကိုထုတ်နုတ်ယူလိုက်၏။ များမကြာမီပင် သူ၏ထူးခြားဆန်းကြယ်သော ‘ဆဋ္ဌမအာရုံ’ သည်ကား ထိုဗီဒီယိုထဲမှ အခြားသောတစ်စုံတစ်ခုကိုရှာတွေ့သွားလေတော့သည်။

သို့ဖြစ်ရာ ရွှမ်းကျီးမှာ သူ မကျွမ်းကျင်သောနည်းပညာပိုင်းဆိုင်ရာလမ်းကြောင်းများကို လုံးလုံးလျားလျားလက်လျှော့လိုက်ပြီးသော် ရုပ်လွန်ပညာဆိုင်ရာလမ်းကြောင်းအတိုင်းသာလျှောက်လှမ်းသွားလိုက်လေတော့သည်။ သူက သူ၏ဝမ်းတွင်းအသိစိတ်အရ သံသယဝင်စရာကောင်းသော ဗီဒီယိုအစိတ်အပိုင်းများအားလုံးကိုဖြတ်တောက်ထုတ်နုတ်လိုက်ပြီး ၎င်းတို့ကိုအစီအစဉ်တကျပြန်စီလိုက်ကာ မြေပုံဖြင့်တိုက်ကြည့်လိုက်သောအခါဝယ် ထိုမှတ်တမ်းများသည်ကား အမှန်တကယ်ကိုပင် လမ်းကြောင်းတစ်ခုကိုညွှန်ပြနေကြောင်း သိရှိလိုက်ရ၏__အချိန်ကွာခြားချက်အရသုံးသပ်ကြည့်လိုက်လျှင် ထိုလမ်းကြောင်းမှာ ခပ်မြန်မြန်သွက်သွက်လမ်းလျှောက်သွားသောအမြန်နှုန်းမျိုးဖြစ်သည်။

ကင်မရာမှတ်တမ်းများတွင်ပါဝင်ခြင်းမရှိသော လူတစ်ယောက်သည်ကား သားငါးဈေး၏အနောက်တောင်ထွက်ပေါက်မှတဆင့် ဆင်ခြေဖုံးရပ်ကွက်ဆီသို့လမ်းလျှောက်သွားနေခဲ့တာဖြစ်သည်။

ရွှမ်းကျီးတစ်ယောက် ရုတ်ခြည်းပင်သဘောပေါက်သွား၏။

ဒါက ကိုယ်ပျောက်အစီအရင်တစ်ခုပဲ!

သည်နေ့သည်အချိန်ထိတိုင်အောင် ရွှမ်းကျီးတွေ့ဖူးခဲ့သမျှလူအားလုံးတွင် ရုပ်ထွက်ကောင်းသောကင်မရာများကိုလှည့်စားနိုင်သည်အထိ ရုပ်ဖျက်ကျွမ်းကျင်သူတစ်ယောက်တည်းသာလျှင်ရှိသည်__ဟုတ်သားပဲ၊ ထိုအချိန်၌ သုံးချွမ်းဈေးတွင် အမှန်တကယ်ကို တိမ်ညိုတိမ်မည်းများဖုံးလွှမ်းနေခဲ့တာပဲဖြစ်သည်။ မိုးကြိုးလည်း တစ်ချက်နှစ်ချက်ပစ်လိုက်သေးသည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည်ပင် မိုးလေဝသသတင်းကြေညာချက်များက မှန်ကန်မှုမရှိကြောင်း တဗျစ်တောက်တောက်ပြောလိုက်သေးသည်။ ရွှမ်းကျီးသတိရသွား၏။ ရှန့်လင်ယွမ်း၏ခန္ဓာကိုယ်အမျိုးအစား အထူးသဖြင့် သူ၏ရုပ်သွင်အစစ်အမှန်သည်ကား မိုးကြိုးလျှပ်စီးများကို အမှန်တကယ်ဆွဲဆောင်နိုင်စွမ်းရှိသည်ဟူသည့်အချက်ပင်။

ဒါဖြင့်ရင် မှောင်ခိုဈေးကိုရှင်းလင်းရေးလုပ်တုန်းက သူလည်း အဲဒီနေရာမှာရှိနေတာပေါ့?

ရွှမ်းကျီးမှာ အိပ်ချင်စိတ်တစ်စက်မှမရှိတော့ပါချေ။ သူ့ဦးနှောက်မှာ ချာချာလည်နေပြီဖြစ်သည်__လူသားဧကရာဇ်သည်ကား နတ်ဆရာမန္တန်များကိုတစ်ဖက်ကမ်းခပ်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်နှင့်အညီ တံလျှပ်လိပ်ပြာများအား အသုံးပြုခဲ့သူများကိုရှာဖွေဖော်ထုတ်ရန်အလို့ငှာ ထိုမန္တန်များနောက်မှနောက်ယောင်ခံလိုက်လာပြီး မှောင်ခိုဈေးဆီသို့ပစ်မှတ်ထားရောက်ရှိလာတာမျိုးဖြစ်နိုင်သည်။

သူ ဘာကိုရှာတွေ့သွားတာလဲ? ပန်းမြေခွေးတို့အုပ်စုပေါက်ကွဲပြီးသေသွားကြတဲ့ဖြစ်ရပ်ကရော သူနဲ့ပတ်သက်မှုရှိနေတာလား?

ပြီးတော့ ကူယွဲ့ရှီးကလည်း သူ့ရဲ့ဖောက်ထွင်းအမြင်အာရုံနဲ့ ရှန့်လင်ယွမ်းကိုတွေ့သွားတာများလား? ဒါဖြင့်ရင်လည်း သူက ဘာဖြစ်လို့ ဘယ်သူ့ကိုမှမပြောဘဲ သူ့ဘာသာသူတိတ်တိတ်လေးစုံစမ်းနေတာလဲ?

ရွှမ်းကျီးက နှုတ်ခမ်းစူလိုက်ပြီး နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကိုစဉ်းစားမိသွားသည်__ဒုခေါင်းဆောင်ကလည်း ငါ့ကိုသံသယဝင်နေတာတော့မဟုတ်ဘူးမလား?

သူ တောင်တွေးမြောက်တွေးလျှောက်တွေးနေစဉ်မှာပင် လေယာဉ်ဆင်းသက်တော့မည်ဖြစ်ကြောင်းအချက်ပြလာသည်။ သူတို့မှာ ယုံအန်းဌာနချုပ်သို့ပြန်လည်ရောက်ရှိသွားကြပြီဖြစ်သည်။

သူတို့လေယာဉ်ပေါ်မှဆင်းလာချိန်တွင် နေထွက်ချိန်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။ ထောက်ပံ့ပို့ဆောင်ရေးဝန်ထမ်းများစီစဉ်ပေးထားသော ဝန်ထမ်းကြိုပို့ဘတ်စ်စကားများမှာ အစောကြီးကတည်းကရောက်ရှိနေကြပြီဖြစ်ပြီး သူတို့အား အနားယူရန်အတွက် သက်ဆိုင်ရာနေအိမ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးရန်အဆင်သင့်ဖြစ်နေကြလေပြီ။ ရွှမ်းကျီးမှာ သူနှင့်ကူယွဲ့ရှီးတို့နှစ်ယောက်သည်ကား တစ်ယောက်ကိုတစ်ယောက်စောင့်ကြည့်အကဲခတ်နေကြသည်ဟု သံသယဝင်မိသည့်အတွက် ၎င်းမှာ သူမကိုသေသေချာချာအာရုံစိုက်စောင့်ကြည့်လို့နေသည်။ သူမမှာ မည်သည့်ကြိုပို့ဘတ်စ်ကားပေါ်သို့မှတက်မသွားတာကိုမြင်တွေ့လိုက်ရသောအခါ သူက အနားရှိလုပ်ဖော်ကိုင်ဖက်များကိုမေးမြန်းလိုက်သည်။

“အာ…ခေါင်းဆောင်ကူလား….သူက လိုက်မသွားဘူး၊ ဗဟိုဝန်ထမ်းရိပ်သာမှာပဲနေခဲ့မှာ”

လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပြော၏။

“အဲဒီနေရာက ဌာနချုပ်အဆောက်အဦးနဲ့လည်း သိပ်မဝေးဘူးလေ၊ လမ်းလျှောက်သွားရင်တောင် ဆယ်မိနစ်လောက်လျှောက်ရင်ရောက်ပြီ”

‘ဗဟိုဝန်ထမ်းရိပ်သာ’ ကို ရွှမ်းကျီးသိသည်။ ထိုနေရာမှာ ဌာနချုပ်တွင်ရှိသောအရာရှိကြီးများအတွက် ဧည့်ရိပ်သာတစ်ခုပင်ဖြစ်သည်။ ရုံးချုပ်သို့အလုပ်ကိစ္စဖြင့်လာရောက်ကြသော ဌာနတွင်းဝန်ထမ်းများအနက် အဖွဲ့ခေါင်းဆောင်ဖြစ်သူနှင့် လက်ထောက်ဒါရိုက်တာရာထူးအထက်တွင်ရှိသောဝန်ထမ်းများသည်ကား အဆိုပါဧည့်ရိပ်သာတွင် အခမဲ့ယာယီတည်းခိုနေထိုင်ရန်လျှောက်ထားခွင့်ရှိသည်။ ဧည့်ရိပ်သာ၏အခြေအနေမှာ သိပ်မဆိုးလှပေ။ မြို့တွင်းနှင့်အလွန်ဝေးကွာပြီး အားကစားရုံ၊ ကစားကွင်း၊ ရေကူးကန်အစရှိသော အထောက်အပံ့အင်္ဂါရပ်အဆောက်အဦးများမရှိသည့်အပြင် နည်းနည်းလေးမှကိုအဆင်မပြေသော ကုန်စုံဆိုင်တစ်ဆိုင်တည်းရှိသည့်အချက်မှလွဲ၍ပေါ့။

ရွှမ်းကျီးက မေးလိုက်သည်။

“ဘာဖြစ်လို့လဲ? သူ့အိမ်ကိုပြန်ပြင်ဆောက်နေလို့လား?”

“သူ့အိမ်က အဲဒီ ‘ဗဟိုဝန်ထမ်းဧည့်ရိပ်သာ’ ပဲလေ”

လုပ်ဖော်ကိုင်ဖက်ဖြစ်သူက ပြန်ဖြေသည်။

“သူက လတိုင်းလတိုင်း ရုံးတွင်းဆက်သွယ်ရေးကွန်ယက်ကနေပြီး အဲဒီနေရာမှာ တစ်လလောက်တည်းခိုနေထိုင်ဖို့လျှောက်ထားတတ်တယ်။ ဒါရိုက်တာရွှမ်း ခင်ဗျားက အခုမှအသစ်ဝင်လာတာဆိုတော့ မသိလောက်သေးဘူး၊ ကျွန်တော်တို့က ခေါင်းဆောင်ကူကို ‘အမတအရှင်ကူ’ လို့နာမည်ပြောင်ပေးထားကြတယ်၊ အဲဒီအများနဲ့မတူ တမူထူးခြားတဲ့ဆရာမကြီးက သူ့ဆီမှာ အိမ်တွေ၊ ကားတွေ__စသဖြင့် အဲဒီလို သေမျိုးလူသားတွေရဲ့အလိုဆန္ဒမျိုးတွေမရှိဘူးလေ”

အထူးတပ်ဖွဲ့ဝင်များသည်ကား စစ်ဆင်ရေးများကို အသက်နှင့်ရင်းပြီးဆောင်ရွက်ရသူများဖြစ်သည့်အလျောက် သူတို့ရရှိသောလုပ်ခလစာမှာလည်း မနည်းမနောပင်ဖြစ်သည်။ ခေါင်းဆောင်ကူ၏လုပ်သက်နှင့် ရာထူးအရဆိုလျှင် လစာကောင်းကောင်းရနိုင်မှာဖြစ်သည့်အပြင် နည်းနည်းပါးပါးချေးငွေယူလိုက်ရုံဖြင့်ပင် မြို့တွင်း၌ အိမ်ကောင်းကောင်းတစ်လုံးဝယ်ပြီး အခြေချနေထိုင်ဖို့ရန်မှာ ခက်ခဲသောကိစ္စတစ်ခုမဟုတ်ပေ။

သို့သော် သူမသည်ကား ထိုသို့မလုပ်ပေ။

သူမသည်ကား အသက်ရှင်နေထိုင်ရန်အတွက် မဖြစ်မနေလိုအပ်သောအသုံးအဆောင်ပစ္စည်းများမှလွဲ၍ ကျန်သောအရာများအပေါ်တွင် စိတ်ဝင်စားမှုရှိပုံမပေါ်ပါချေ။ သူ စုဆောင်းထားရှိသောပိုက်ဆံများမှာလည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများထဲသို့ဝင်သွားခြင်းမရှိသလို အိမ်ခြံမြေများဝယ်ယူခြင်းလည်းမရှိပေ။ အနှီငွေကြေးများမှာ ဘာလုပ်ပစ်ရမည်မှန်းမသိသော အသုံးမဝင်သည့်ကိန်းဂဏန်းပုံတစ်ပုံအဖြစ်သာရှိနေတာဖြစ်သည်။ အခြားသူများက သူ့ထံသို့ပိုက်ဆံလာချေးကြသောအခါတွင်လည်း မဟုတ်တရုတ်လုပ်ငန်းများလုပ်ကိုင်ဖို့အတွက်မဟုတ်သရွေ့ကတော့ ပျော်ပျော်ရွှင်ရွှင်ဖြင့် သူ့ပိုက်ဆံကိုရက်ရက်ရောရောချေးငှားပေးလိုက်တာဖြစ်ပြီး သူများကပြန်ဆပ်ခြင်း၊ မဆပ်ခြင်းကိုလည်း စိတ်မဝင်စားပါချေ။ နောက်ပိုင်း ဝမ်ဇယ်မှာ မနေနိုင်တော့သည့်အဆုံး၌ လေနတ်ဘုရားအဖွဲ့သားများကိုခေါ်ကာ သူမအတွက် အကြွေးလိုက်တောင်းပေးရလေတော့သည်။ များမကြာမီမှာပင် သူမ၏ငွေကြေးပိုင်းဆိုင်ရာအလုပ်များကို သူက လက်လွှဲယူကာစီမံဆောင်ရွက်ပေးရလေသည်။

ထိုကဲ့သို့ နှစ်ပေါင်းများစွာတိုင်အောင် ‘အိပ်ဆောင်’ တစ်ခုထဲတွင်သာနေထိုင်ခဲ့သည့် သူမအတွက် တစ်ကိုယ်ရည်သုံးပစ္စည်းများမှာ အလွန်အင်မတန်နည်းပါးလှပြီး ပစ္စည်းများအားလုံးမှာ ခရီးဆောင်လက်ဆွဲအိတ်တစ်လုံးတည်းနှင့်တောင်ဆန့်ဝင်နိုင်၏။ အခန်းထဲတွင်ရှိသည့် တစ်ခုတည်းသောအလှဆင်ပစ္စည်းမှာ ကျောက်သလင်းမှန်ဘောင်ကွပ်ထားသောဓာတ်ပုံဘောင်တစ်ခုသာလျှင်ဖြစ်သည်။ ထိုဓာတ်ပုံမှာ သူမ လေနတ်ဘုရားအဖွဲ့သို့ ပထမဆုံးရောက်ရှိလာခဲ့စဉ်အခါက ရိုက်ကူးထားခြင်းဖြစ်သည်။

ထိုအချိန်တုန်းက သူမမှာ အသက်ငယ်ရွယ်နုနယ်သေးပြီး မျက်နှာပေါ်တွင် ကလေးအဆီလေးများပင်ရှိနေဆဲဖြစ်ကာ ယခုကဲ့သို့ခြေကုန်လက်ပန်းကျနေသောပုံစံမျိုးပေါက်မနေပါချေ။ ဓာတ်ပုံထဲရှိမိန်းကလေး၏မျက်နှာထားမှာ မရယ်မပြုံး ခပ်တည်တည်တင်းတင်းပုံစံဖမ်းထားသော်ငြား သူမ၏မျက်ဝန်းထဲတွင်မူ စိတ်မသက်မသာဖြစ်နေဟန် ရှက်ရွံ့ကြောက်လန့်သောအမူအရာတို့ကိုမြင်တွေ့နေရဆဲဖြစ်သည်။ လောင်ဝမ်သည်ကား သူမ၏ဦးခေါင်းနောက်ဘက်တွင် ဦးချိုနှစ်ချောင်းပေါက်နေသကဲ့သို့ ‘V’ ပုံသဏ္ဌာန်လက်နှစ်ချောင်းကို တိတ်တိတ်လေးထောင်ထားပြီး သွားဖုံးတစ်ခုလုံးပြုတ်ထွက်မတတ် အားရပါးရပြုံးရယ်နေလျက်ရှိသည်။ သူ့ဘေးနားတွင်ရှိနေသူတစ်ယောက်ကတော့ လက်တစ်ဖက်တွင်ဓားရှည်တစ်ချောင်းကိုကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်ကမူ ဝမ်ဇယ်၏ဦးခေါင်းကို ရင်ညွန့်နားရောက်သည်အထိ‌အောက်သို့ဖိချထား၏။

ထိုနေ့ရက်များမှာ ဘယ်သောအခါမှပြန်မရနိုင်တော့မည့်နေ့ရက်များဖြစ်သည်။

ကူယွဲ့ရှီးသည်ကား သူမ၏ရုပ်ပုံအဟောင်းကိုနှစ်စက္ကန့်မျှကြာအောင်စိုက်ကြည့်နေပြီးနောက် ဓာတ်ပုံမှန်ဘောင်ကိုလက်ဖြင့်သုတ်လိုက်သည်။ ထို့နောက် မျက်နှာသွားသစ်ပြီးသော် ကွန်ပျူတာကိုဖွင့်လိုက်ပြီး ဗီဒီယိုအပိုင်းတစ်ပိုင်းကိုထုတ်ယူလိုက်ပြီးနောက် တစ်နေရာအရောက်တွင်ရပ်တန့်ထားလိုက်၏။ အမှန်တကယ်တွင်မူ ရွှမ်းကျီးသည်ကား အတွေးလွန်နေခြင်းသာဖြစ်သည်__ရှန့်လင်ယွမ်းမှာ သူဆန္ဒရှိလျှင်ရှိသည့်အတိုင်း အဆင့်မြင့်ကင်မရာများကို သူ၏ကိုယ်ပျောက်မန္တန်ဖြင့်လှည့်စားနိုင်ရုံသာမက ဖောက်ထွင်းအမြင်အာရုံကိုပင် အသာလေးကျော်ဖြတ်သွားနိုင်စွမ်းရှိသူဖြစ်သည်။ ကူယွဲ့ရှီး၏ပစ်မှတ်မှာ အမှန်တကယ်တမ်းတော့ အဆိုပါပိရှမဟုတ်ပါချေ။

သူမက အနှီပုံရိပ်၏ထောင့်တစ်နေရာကိုအကျယ်ချဲ့ကြည့်လိုက်သည်။ ကင်မရာထဲတွင်ရိုက်ကူးမိထားသောအရာမှာ လက်တစ်ဖက်ဖြစ်သည်။ ထိုလက်ပိုင်ရှင်ဖြစ်သူသည်ကား အလွန်အင်မတန်သတိကြီးသူတစ်ယောက်ဖြစ်ပြီး ထိုနေရာအနီးတဝိုက်ရှိကင်မရာအားလုံး၏တည်နေရာကို ရင်းနှီးကျွမ်းဝင်နေပုံရပြီး ထိုကင်မရာမြင်ကွင်းများကိုရှောင်ကွင်း၍သွားလာခဲ့၏။ ကူယွဲ့ရှီးတစ်ယောက် ထိုအနီးအနားတဝိုက်ရှိ စောင့်ကြည့်ကင်မရာများကို အကြိမ်ပေါင်းများစွာ ဟိုရှာသည်ရှာလုပ်ခဲ့ပြီးသည့်နောက်မှသာလျှင် ဤဗီဒီယိုအပိုင်းလေးတစ်ပိုင်းကိုရှာတွေ့ခဲ့တာဖြစ်သည်__ရွှမ်းကျီးမှာမူ ထိုဗီဒီယိုအားကြည့်ရှုခွင့်မရခဲ့ရှာပေ။ အဘယ်ကြောင့်ဆိုသော် အဆိုပါကင်မရာမှာ လမ်းဘေးရှိဈေးဆိုင်လေးတစ်ဆိုင်တွင်တပ်ဆင်ထားသော ဆိုင်၏သီးသန့်ကင်မရာဖြစ်နေသောကြောင့်ပင်တည်း။ ကူယွဲ့ရှီးမှာ လေနတ်ဘုရားအဖွဲ့၏သတင်းပေးသူတစ်ယောက်မှတဆင့် ထိုဗီဒီယိုမှတ်တမ်းကိုရရှိခဲ့ခြင်းဖြစ်သည်။

ထိုဗီဒီယိုမှာ အတော်လေးအရည်အသွေးမကောင်းလှပါချေ။ ထိုလူမှာ ဗီဒီယိုမြင်ကွင်းထဲတွင် သူ့ပုခုံးစွန်းတစ်ဖက်ပါသွားသည်ကိုသတိပြုမိသွားသည်နှင့်တပြိုင်နက် ချက်ချင်းပင် ကင်မရာရိုက်ကွင်းရှုထောင့်အတွင်းမှအလျင်အမြန်ထွက်ခွာသွားခဲ့လေသည်။

ကူယွဲ့ရှီးမှာ ဆော့ဖ်ဝဲများကိုကောင်းကောင်းအသုံးမပြုတတ်သောကြောင့် သူ့ဘာသာသူတစ်ယောက်တည်း စမ်းတဝါးဝါးဖြင့် ဟိုဟိုသည်သည်လျှောက်လုပ်ရင်း ပုံရိပ်ကိုမူလပုံစံအတိုင်းမြင်ရရန်အလို့ငှာ ခက်ခက်ခဲခဲပြန်လည်ပြုပြင်ယူနေရရှာသည်။

ဒုအဖွဲ့ခေါင်းဆောင်ဖြစ်သူသည်ကား အမြဲတစေတည်ငြိမ်းအေးဆေးသူတစ်ယောက်ဖြစ်သည်__လေနတ်ဘုရားအဖွဲ့၏ကျောရိုးမဏ္ဍိုင်ဖြစ်ပြီး ထူးချွန်ထက်မြက်ကာ အဆင့်မြင့်ပညာရေးကိုသင်ယူခဲ့ရသူတစ်ဦးကဲ့သို့နှယ်။ သို့သော် သူမမှာ အံ့ဩစရာကောင်းစွာပင် စာဖတ်ခြင်းအမှု၌ ကိုးယိုးကားယားနိုင်လောက်အောင်တုံးအသူတစ်ဦးဖြစ်လို့နေသည်။ သူမသည်ကား အရည်အချင်းညံ့ဖျင်းသော ကျောင်းသူလေးတစ်ဦးကဲ့သို့နှယ်၊ စာဖတ်ရာတွင် စာပိုဒ်များကို ဘောပင်ဖြင့်တစ်လုံးချင်းထောက်၍ဖတ်သည့်အပြင် စကားလုံးများကို နှုတ်မှလည်းလိုက်၍ရေရွတ်နေသေးသည်။ တစ်ခါတရံတွင် စာသားများ၏ဆိုလိုရင်းအဓိပ္ပာယ်ကိုသဘောပေါက်ရန်အတွက် အကြိမ်ပေါင်းများစွာ အရှေ့အနောက်အပြန်ပြန်အလှန်လှန်ဖတ်ရှုရလေသည်။

မနက်အစောပိုင်းအချိန်မှစတင်၍ နေ့လယ်ပိုင်းသို့ရောက်လာသည့်တိုင်အောင်  ခက်ခက်ခဲခဲကြိုးစားပြီးသည့်နောက်တွင်မူ ကူယွဲ့ရှီးသည်ကား နောက်ဆုံး၌ ဗီဒီယိုမြင်ကွင်းများကို အနည်းငယ်ပို၍ကြည်လင်ပြတ်သားသွားအောင်လုပ်ဆောင်နိုင်ခဲ့ပြီး ထိုလက်ပေါ်တွင်ပတ်ထားသည့် ‘လက်ပတ်နာရီ’ ကိုရှင်းလင်းပြတ်သားစွာတွေ့မြင်လိုက်ရလေတော့သည်။

ထိုနာရီမှာ ကြေးထည်ဖြင့်ပြုလုပ်ထားပြီး အပေါ်ယံမျက်နှာပြင်ပေါ်တွင်လက်တံတစ်ချောင်းတည်းသာရှိ၏။ အောက်ခြေတွင်မူ ရှေးဟောင်းတရုတ်စာလုံးများကို ပြွတ်သိပ်ကြပ်ညပ်စွာရေးသားထားသည်__ထိုအရာမှာ ကြေးဝါရောင်သံလိုက်အိမ်မြှောင်တစ်လုံးဖြစ်သည်။

ကူယွဲ့ရှီးမှာ ထိုင်ခုံကိုကျောမှီချလိုက်ရင်း အသက်ရှူသံမှာလည်း အတုန်တုန်အယင်ယင်ဖြစ်လာသည်__ထိုသံလိုက်အိမ်မြှောင်သည်ကား သူမအတွက် မည်သည့်အခါမှမေ့ပျောက်သွားနိုင်မည်မဟုတ်သော ပစ္စည်းတစ်ခုဖြစ်လေသည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာက သူမထိတ်လန့်ကြောက်ရွံ့နေချိန်၌ ခန္ဓာကိုယ်အနွေးဓာတ်ကိုသယ်ဆောင်ထားသော အဆိုပါသံလိုက်အိမ်မြှောင်လေးကို လူတစ်ယောက်က သူမ၏လက်ထဲသို့ထိုးထည့်ပေးခဲ့တာဖြစ်သည်။ ထိုလူက ပြောခဲ့သည်။

“လက်တံနောက်ကိုလိုက်သွား….သူ့ကိုယုံကြည်လိုက်…မကြောက်နဲ့….ကောင်မလေး...ဒီကြေးဝါသံလိုက်အိမ်မြှောင်က ငါ့ရဲ့ဘိုးဘွားအမွေပစ္စည်းပဲ…ဒါကြောင့် မင်းထွက်လာတဲ့အချိန်ကျရင် ငါ့ကိုပြန်ပေးရမယ်နော်”

ကူယွဲ့ရှီးမှာ စာပေပညာကိုမသင်ယူခဲ့ရဖူးသလို တစ်ရက်တလေတောင်မှ ကျောင်းတက်ခဲ့ဖူးခြင်းမရှိပါချေ။ သူ စာကောင်းကောင်းမဖတ်နိုင်ရခြင်း၏အကြောင်းရင်းမှာ သူမ၏အသက် (၁၇)နှစ်အရွယ်သို့ရောက်သောအခါမှသာလျှင် မူကြိုအတန်းမှစာများကို အွန်လိုင်းမှတဆင့်သင်ယူခဲ့ရရှာပြီး အရာအားလုံးကို ‘တစ်’ မှစ၍သင်ယူခဲ့ရသောကြောင့်ဖြစ်သည်။

အသက် (၁၇) နှစ်မပြည့်ခင်က သူမတွင် ကိုယ်ပိုင်အမည်နာမတစ်ခုတောင်မရှိခဲ့ပါချေ။

သူမ ဤနေရာသို့ပထမဆုံးရောက်ရှိလာစဉ်အခါက အသက်မပြည့်သေးသည့်အတွက် ရုံးက သူမအတွက် ယာယီအုပ်ထိန်းသူတစ်ယောက်ကိုခန့်အပ်ပေးခဲ့သည်။ သူမ၏အုပ်ထိန်းသူမှာ လူ့စွမ်းအားအရင်းအမြစ်ဌာနမှ အစ်မကြီးတစ်ယောက်ဖြစ်ပြီး သူမ၏မျိုးရိုးနာမည်မှာ ‘ကူ’ ဖြစ်သည်။ လူအစစ်နာမည်နှင့်မတူသည့် ‘ယွဲ့ရှီး’ ဟူသည့်အမည်မှာမူ ဝမ်ဇယ်ပေးထားသောနာမည်ဖြစ်သည်။ ထိုအချိန်က ခေါင်းဆောင်ဝမ်သည်ကား လေနတ်ဘုရားအဖွဲ့သို့ဝင်လာကာစ လူငယ်လေးတစ်ဦးဖြစ်သည်။ အနှီရွှတ်နောက်နောက်ပြောင်ချော်ချော်နိုင်လှသော ဂိမ်းသမားလူငယ်လေးသည်ကား ဗီဒီယိုဂိမ်းထဲမှ အမျိုးသမီးဇာတ်ကောင်တစ်ကောင်၏
နာမည်ကို တိုက်ရိုက်ခိုးယူကာ သူမကို ထိုအမည်မှည့်ပေးခဲ့ခြင်းဖြစ်လေသည်။

ရွှမ်းကျီးပြောခဲ့သောစကားများမှာ မှန်ကန်လှသည်။ ဖောက်ထွင်းမြင်နိုင်သောအစွမ်းသတ္တိမှာ ဤကမ္ဘာလောကကြီးနှင့်အဆင်ပြေကိုက်ညီရန်မလွယ်ကူလှသော စွမ်းရည်တစ်မျိုးဖြစ်သည်။ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း၌ အဆိုပါမျက်လုံးများသည်ကား ကူယွဲ့ရှီးဘဝအတွက် ကျိန်စာများသာအမြဲတစေဖြစ်ခဲ့လေသည်။

သူမသည်ကား မွေးလာစဉ်ကတည်းက သူမ၏မျက်လုံးပေါ်တွင် ထူးခြားသောအမြှေးပါးတစ်လွှာဖုံးလွှမ်းနေခဲ့တာဖြစ်သည်။ လိုင်စင်မရှိသောဆေးခန်းတစ်ခုမှ ရမ်းကုသမားတော်တစ်ယောက်က သူမမှာ မွေးရာပါမျက်လုံးကန်းနေခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီးနောက်တွင်မူ သူမ၏မိဘများသည်ကား သူ့ကိုစွန့်ပစ်ခဲ့ကြလေသည်။

သူမမှာ ကံမကောင်းခဲ့ပါချေ။ စိတ်ကောင်းနှလုံးကောင်းရှိသောလူသားတစ်ယောက် သို့မဟုတ် အစိုးရလူမှုဝန်ထမ်းကယ်ဆယ်ရေးဌာနတစ်ခုက သူ့ကိုတွေ့မသွားသေးခင်မှာပင် သူခိုးဂိုဏ်းတစ်ဂိုဏ်း၏ကောက်ယူခေါ်ဆောင်သွားခြင်းကိုခံခဲ့ရရှာသည်။ အဆိုပါ သူခိုးဂိုဏ်း၏လုပ်ငန်းနယ်ပယ်မှာကျယ်ပြန့်လွန်းလှပြီး တစ်ခါတရံတွင် မသန်စွမ်းကလေးသူငယ်များကိုစုဆောင်းခြင်းမျိုးလည်းရှိတတ်သည်။ မျက်စိမမြင်ရသော သူမကိုတွေ့သွားကြသောအခါ သူမအား ‘သဘာဝမှပေးသောလက်ဆောင်’ တစ်ခုသဖွယ်ထင်မှတ်ခဲ့ကြသည်။ သို့သော် သူမကို ကောက်ယူပြီး များမကြာမီမှာပင် သူမမျက်လုံးပေါ်ရှိအမြှေးပါးမှာ ပါးသထက်ပါးလွှာလာပြီး နောက်ဆုံးတွင် လုံးလုံးလျားလျားကွာကျသွားလေတော့သည်။

သူမသည်ကား မိုးနတ်မင်းကြီး၏ကောင်းချီးပေးမှုကိုမခံရသူတစ်ဦးဖြစ်ကောင်းဖြစ်နိုင်သည်။ အစပိုင်းတွင် ထိုလူများသည်ကား လက်များဖြင့် သူ့မျက်လုံးကိုထိုးဖောက်ကာ မျက်လုံးကန်းအောင်လုပ်ရန်ကြိုးစားခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် သူ့မျက်ဆံများမှာ အချို့သောတိရစ္ဆာန်များ၏မျက်လုံးများကဲ့သို့ပင် ပုံသဏ္ဌာန်အလျင်အမြန်ပြောင်းလဲနိုင်ကြောင်းသိရှိသွားကြသည်။ များမကြာမီအချိန်တွင်း၌ ထိုလူများသည်ကား သူမ၏ထူးခြားစွမ်းရည်ကိုတွေ့ရှိသွားကြလေတော့သည်__ဤကလေးမလေး၏မျက်လုံးများသည်ကား ပုံသဏ္ဌာန်ပြောင်းလဲသွားချိန်တွင် အရာဝတ္ထုများကိုဖောက်ထွင်းမြင်နိုင်စွမ်းရှိသော အားကောင်းသည့်ဖောက်ထွင်းအမြင်အာရုံစွမ်းရည်တစ်မျိုးရှိနေသည်ဟူသည့်အချက်ပင်။

ဤသည်ကား ‘ဘုရားသခင်က ထည့်သွင်းပေးထားသောစွမ်းရည်’ ပင်ဖြစ်သည်။ သူတို့အလုပ်လုပ်ချိန်တွင် သူမသည်ကား လူများက သူတို့၏ပိုက်ဆံအိတ်ကို မည်သည့်အိတ်ကပ်ထဲတွင်ထည့်ထားသလဲဆိုသည်နှင့် ပိုက်ဆံအိတ်ထဲတွင် ပိုက်ဆံမည်မျှပါသလဲဆိုသည်ကို အတိအကျပြောနိုင်၏။ သူမသည်ကား လူများ၏ကျောပြင်ကိုဖောက်ထွင်းကာ သူတို့၏ဘဏ်အကောင့်နံပါတ်များကိုလည်းမြင်တွေ့နိုင်စွမ်းရှိသည်။ သော့ခလောက်ကိုဖွင့်ခြင်းကဲ့သို့သောအလုပ်မျိုးမှာ သူ့အတွက် ထမင်းစားရေသောက်ကိစ္စမျိုးသာဖြစ်သည်။ အားလပ်ချိန်များအတွင်းပြုလုပ်လေ့ရှိသော လောင်းကစား,စားပွဲဝိုင်းများပေါ်၌ပင် သူမသည်ကား အမြဲတစေအောင်နိုင်သူတစ်ယောက်ဖြစ်ခဲ့လေသည်။

သူ့ကြောင့်ပင် အနှီသူခိုးဂိုဏ်းမှာ အင်အားကြီးသထက်ကြီးမားလာပြီး နှစ်အနည်းငယ်အတွင်းမှာပင် သူခိုးဂိုဏ်းငယ်လေးအဆင့်မှသည် ရာဇဝတ်ဂိုဏ်းကြီးတစ်ဂိုဏ်းအဖြစ်ကြီးထွားလာခဲ့သည်။ သို့သော် အဖွဲ့ဝင်များ၏စိတ်သဘောထားများမှာမူ ကြီးထွားလာသောအဖွဲ့အစည်းနောက်သို့အမီမလိုက်နိုင်ကြပါချေ__သူတို့၏အတ္တမာနများမှာလည်း ကြီးသထက်ကြီးထွားလာကာ နောက်ဆုံး၌ပေါက်ကွဲပွင့်ထွက်သွားကြလေတော့သည်။ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်ပစ္စည်းများကိုခိုးယူသော လုပ်ငန်းစဉ်တစ်ခုအတွင်း ထူးခြားစွမ်းရည်ပိုင်ရှင်များဖြင့်ဖွဲ့စည်းထားသော နိုင်ငံတကာရာဇဝတ်မှုထိန်းချုပ်ရေးအဖွဲ့အစည်း၏ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး အမှောင်ထုမှာ အခြားသောအမှောင်ထု၏ဝါးမျိုခြင်းကိုခံလိုက်ရရှာတော့သည်။

အဖွဲ့သားများအားလုံးတစ်ယောက်မကျန်သေဆုံးသွားကြ၏။ ကူယွဲ့ရှီးသာလျှင် သူ၏ထူးခြားစွမ်းရည်ကြောင့်အသက်ရှင်ကျန်ရစ်ခဲ့တာဖြစ်သည်။

သူမမှာ ဆယ်နှစ်လုံးလုံး စိတ်စွမ်းအင်အမျိုးအစားထူးခြားစွမ်းရည်ဖြင့်ပြုလုပ်ဖန်တီးထားသော အထူးအကျဉ်းထောင်တစ်ခုအတွင်း၌ တိရစ္ဆာန်တစ်ကောင်ပမာ ဖမ်းဆီးချုပ်နှောင်ခံထားရရှာ၏။

ထို ‘စိတ်စွမ်းအင်’ အကျဉ်းထောင်အတွင်း၌ သူမ၏အာရုံခံစားမှုများအားလုံးမှာပိတ်ဆို့ခံထားရပြီး ပြင်ပလောကကြီးနှင့်လည်း အဆက်အသွယ်ဖြတ်တောက်ခံထားရတာဖြစ်သည်။ ထိုလူများသည်ကား သူမ၏မျက်လုံးများကိုလိုအပ်လာသည့်အချိန်မဟုတ်သရွေ့ကတော့ အကျဉ်းထောင်အတွင်း၌ သူမ ‘မြင်တွေ့’ ရသမျှအရာအားလုံးမှာ ပုံရိပ်ယောင်များသာဖြစ်ကြသည်။ ထိုသူများ၏ခွင့်ပြုချက်မရှိပါက သူမမှာ ထမင်းတစ်နပ်တောင်စားခွင့်မရှိပါချေ။ အနာကျင်ရဆုံးကိစ္စမှာကား စိတ်စွမ်းအင်အကျဉ်းထောင်သည်ကား သီးသန့်ဆန်ပြီး အထီးကျန်စရာကောင်းရုံတင်မဟုတ်ဘဲ အချို့သောစိတ်စွမ်းရည်ပိုင်ရှင်ကောင်စုတ်များသည်ကား တွေးကြည့်၍ပင်မရနိုင်သော နည်းလမ်းမျိုးစုံဖြင့် သူမအားညှင်းပန်းနှိပ်စက်ကြခြင်းဖြစ်သည်။ သူမမှာ စိတ်စွမ်းအင်အကျဉ်းထောင်ထဲတွင် အရိုးတခြားအသားတခြားဖြစ်အောင် နုပ်နုပ်စင်းခံနေရသော်ငြား သူမ၏အစစ်အမှန်ခန္ဓာကိုယ်မှာမူ အကောင်းပကတိအတိုင်းရှိနေဆဲဖြစ်သည်__သူမသည်ကား မျက်လုံးများအတွက် ထည့်စရာအခွံတစ်ခုဖြစ်ခဲ့ရုံသာ။

ကူယွဲ့ရှီးသည်ကား ‘အသံလှိုင်း’ ကိုအသုံးပြုကာ သူမ၏ ‘အကျဉ်းထောင်’ တံခါးကိုလာခေါက်သော ထိုလူကို မည်သည့်အခါမှမေ့ပျောက်နိုင်တော့မည်မဟုတ်ပါချေ။ ထိုလူမှာ အခန်းတွင်းသို့ချိုးဖျက်ဝင်ရောက်လာချိန်၌ အလင်းရောင်များကိုပင်ဆောင်ကြဉ်းလာခဲ့သယောင်။ ဒဏ္ဍာရီပုံပြင်များထဲတွင်ပါလေ့ပါထရှိသော ကောင်းကင်ဘုံမှဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးအလား။

“ငါ မင်းကိုကယ်ဖို့လာတာ…..မကြောက်နဲ့…ဒါက ငါ့ရဲ့အလုပ်လိုင်စင်ကတ်ပြား”

“အင်း….စာမဖတ်တတ်ဘူးလား? ကိစ္စမရှိဘူး၊ ငါက DCO ကလာတဲ့သူပါ….ငါတို့ကို ‘ထူးခြားစွမ်းအင်ရဲတပ်သား’ တွေလို့ယူဆလို့ရပါတယ်။ ငါ့နာမည်က ‘ယန်းချိုးရှန်း’ ပါ”

“မင်း လမ်းမပျောက်တော့ပါဘူး….ငါတို့မှာ ဒီဟာရှိနေပြီလေ__”

နိုင်ငံပေါင်းစုံပါဝင်သောအဆိုပါစစ်ဆင်ရေး၌ ယန်းချိုးရှန်းသည်ကား တရုတ်ပြည်မှကိုယ်စားပြုစေလွှတ်ခြင်းခံရသော အလွန်အင်မတန်ငယ်ရွယ်နုနယ်လွန်းသည့်ခေါင်းဆောင်တစ်ဦးဖြစ်သည်။

ထိုစဉ်အခါက ‘အဖွဲ့ခေါင်းဆောင်ယန်း’ ဖြစ်သော ယန်းချိုးရှန်းမှာ မဟာမိတ်အဖွဲ့အစည်းအတွင်း၌ စကားများများစားစားမပြောတတ်သူတစ်ဦးဖြစ်သည်__ပြောလို့လည်းမရပေ။ အဘယ်ကြောင့်ဆိုသော် ဘာသာစကား (၄) မျိုးအနက် သူသိသောစကားလုံးမှာ ‘မင်္ဂလာပါ’ ဟူသောစကားလုံးတစ်လုံးတည်းသာရှိသောကြောင့်ဖြစ်သည်။ ကြက်တူရွေးတစ်ကောင်သည်ပင် နိုင်ငံခြားဘာသာစကားများကို သူ့ထက်ပို၍ ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်ဦးမည်ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ နိုင်ငံတကာအဖွဲ့ဝင်များနှင့်ဆက်သွယ်ရာ၌ လက်ဟန်ခြေဟန်အမူအရာဖြင့်သာပြောဆိုဆက်သွယ်နိုင်ရှာသည်။ သို့သော် အနှီ ‘ကိုရွှေအ’ မှာ အံ့ဩစရာကောင်းစွာပင် အဖွဲ့သားများအားလုံးနှင့် အလွန်အင်မတန်ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ဦးဖြစ်၏။ ၎င်းမှာ အရည်အချင်းရှိပြီး ယုံကြည်အားကိုးရသူတစ်ဦးဖြစ်ရုံသာမက အခြားတစ်ဖက်တွင်လည်း သူပြုံးရယ်လိုက်ချိန်တွင် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်နှင့်တူပြီး ဤကမ္ဘာလောကကြီးပေါ်ရှိအရာအားလုံးတွင် ပျော်ရွှင်ဖွယ်ဇာတ်သိမ်းမျိုးသာရှိကြသည်ဟု ခံယူထားသူတစ်ယောက်နှင့်တူသည်ဟူ၍ပင် အခြားလူများကပြောဆိုလေ့ရှိကြသည်။

ပုံရိပ်ယောင်များဖြင့်ပြည့်နှက်နေသော စိတ်စွမ်းအင်အကျဉ်းထောင်အတွင်း၌ ထိုသူက သူမလက်ထဲသို့ ကြေးဝါရောင်သံလိုက်အိမ်မြှောင်တစ်လုံးကိုထိုးထည့်ပေးခဲ့ပြီး သူမအား လက်တံညွှန်ပြရာနောက်သို့လိုက်ရန်ပြောဆိုခဲ့ကာ ဆယ်နှစ်ကျော်မျှကင်းကွာနေသော အစစ်အမှန်ကမ္ဘာလောကကြီးဆီသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည်။

သို့သော်ငြား ခေါင်းဆောင်ယန်းသည်ကား ‘ဘိုးဘွားအမွေပစ္စည်း’ ဖြစ်သော အနှီသံလိုက်အိမ်မြှောင်အကြောင်းကိုမေ့လျော့သွားပုံရပြီး မည်သည့်အခါကမှပြန်မတောင်းတော့ပါချေ။ ဤသို့ဖြင့် ထိုပစ္စည်းမှာ ကူယွဲ့ရှီးအား လေးနှစ်တိုင်တိုင်အဖော်ပြုပေးခဲ့လေသည်။ ပြင်ပကမ္ဘာလောကကြီးနှင့်ဆယ်နှစ်ကျော်မျှအဆက်အသွယ်ပြတ်နေခဲ့သော သူမမှာ စိတ်အကျဉ်းထောင်မှလွတ်မြောက်လာပြီးသည့်တိုင်အောင် အမှန်တကယ်တည်ရှိသောခံစားမှုမျိုးကိုခံစားနိုင်ရန်ခက်ခဲနေဆဲဖြစ်သည်။ ကူယွဲ့ရှီးမှာ အားကိုးစရာအမှတ်အသားပစ္စည်းတစ်ခုကိုလိုအပ်နေခဲ့တာဖြစ်ပြီး သံလိုက်အိမ်မြှောင်၏လက်တံကိုကြည့်လိုက်ချိန်မှသာလျှင် မိမိသည်ကား အစစ်အမှန်ကမ္ဘာလောကကြီးအတွင်း၌ ရောက်ရှိနေတာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာဖြစ်သည်။

ကူယွဲ့ရှီးမှာ ပေါင်းသင်းဆက်ဆံရေးမကောင်းသူဖြစ်သည့်အပြင် ဖော်ဖော်ရွေရွေလည်းမရှိ။ ထို့အပြင် သူမ၏ ‘ဓမ္မတာ’ အတိုင်းမဟုတ်သောထူးခြားစွမ်းရည်နှင့် ရှုပ်ထွေးသောမိသားစုနောက်ကြောင်းရာဇဝင်များကိုထပ်ပေါင်းထည့်လိုက်သောအခါတွင်မူ ၎င်းမှာ တစ်စုံတစ်ခုကိုထောက်လှမ်းနေသကဲ့သို့ အခြားလူများကိုအမြဲတစေခံစားစေရလေသည်။ လူငယ်ထူးခြားစွမ်းရည်လေ့ကျင့်ရေးစင်တာ၌ရှိစဉ်အခါက သူ့ခမျာ လူတိုင်း၏ဖယ်ကြဉ်ခြင်းကိုခံရ၏။ ထိုအချိန်၌ သူ့ကို မကြာခဏလာတွေ့လေ့ရှိသော ခေါင်းဆောင်ယန်းနှင့် လေနတ်ဘုရားအဖွဲ့သားအချို့သာလျှင် သူ့အတွက်အားပေးနှစ်သိမ့်စရာဖြစ်ခဲ့လေသည်။

ယန်းချိုးရှန်းသည်ကား ဆယ်ကျော်သက်မိန်းကလေးများနှင့်လိုက်လျောညီထွေပေါင်းသင်းဆက်ဆံတတ်သူမဟုတ်ပေ။ ၎င်းမှာ အလည်ရောက်လာသည့်အချိန်တိုင်း နေရာတွင်အတောင့်သားထိုင်နေပြီး ဌာနမှူးတစ်ယောက်ပမာ သူမ၏သင်ကြားရေးတိုးတက်မှုဖြစ်စဉ်များကိုသာမေးမြန်းတတ်၏။ မေးစရာကုန်သည်နှင့်တပြိုင်နက် ပြောစရာစကားလည်းကုန်သွားပြီဖြစ်ပြီး နှစ်ယောက်သားမှာ တစ်ယောက်ကိုတစ်ယောက် ကသိကအောက်ဖြစ်စွာ ကြည့်နေရသည်သာဖြစ်သည်။ သူတို့၏စကားလမ်းကြောင်းက ထူးခြားစွမ်းရည်လေ့ကျင့်ခန်းများအကြောင်းသို့ရောက်သွားသောအခါမှသာလျှင် သူ့ထံမှ အလွန်တရာရှည်လျားသောမိန့်ခွန်းများတသီတသန်းကြီးထွက်ပေါ်လာတတ်လေတော့သည်___ကျီးချွင်းက သူ့ကိုစကားစမဖြတ်မချင်း ၎င်းမှာ ကမ္ဘာရေမြေအဆုံးထိတိုင်အောင် ထိုအကြောင်းကိုတောက်လျှောက်ပျော်ပျော်ပါးပါးပြောနေဦးမည့်သဘောတွင်ရှိသည်။

‘ကျီးချွင်း’ မှာ ခေါင်းဆောင်ယန်း၏ဓားဝိညာဉ်ဖြစ်ပြီး အမြဲလိုလို ဓားအတွင်းမှာပင် ဒဏ်ရာများကိုကုစားနေလေ့ရှိသည်။ သို့သော် တစ်ခါတရံ ခေါင်းဆောင်ယန်းတစ်ယောက် ကသိကအောက်ဖြစ်စရာကောင်းသော၊ ရှက်စရာကောင်းသောစရာကောင်းသော အခြေအနေမျိုးသို့ရောက်ရှိနေချိန်တွင်မူ ဓားအပြင်သို့ထွက်လာတတ်ပြီး ပတ်ဝန်းကျင်လေထုကိုသက်တောင့်သက်သာဖြစ်စေရန်ပြုလုပ်ပေးလေ့ရှိသည်။

လူပုံသဏ္ဌာန်ဖန်ဆင်းထားသော ကျီးချွင်း၏ရုပ်သွင်ကြောင့် ကူယွဲ့ရှီးမှာ မကြာခဏဆိုသလို သူ၏အသွင်အပြင်အစစ်အမှန်ကိုမေ့လျော့သွားတတ်လေသည်။ ၎င်းမှာ သူမ၏စိတ်ကူးယဉ်အိပ်မက်ထဲမှ အစ်ကိုကြီးတစ်ယောက်၏အရည်အချင်းများနှင့် လုံးဝဥဿုံပြီးပြည့်စုံနေသူမျိုးဖြစ်သည်။ ထောက်ထားညှာတာမှုရှိခြင်း၊ စိတ်ရှည်ခြင်း၊ နူးညံ့နွေးထွေးခြင်းနှင့် မစွမ်းဆောင်နိုင်သောအရာဟူ၍မရှိသော အနန္တတန်ခိုးရှင်တစ်ယောက်လို။

သို့သော် ထိုအချိန်၌ ဌာနချုပ်က ယန်းချိုးရှန်းအား လေနတ်ဘုရားအဖွဲ့၏ နောင်လာမည့်အဖွဲ့ခေါင်းဆောင်ရာထူးအတွက် လျာထားသည်ဖြစ်လေရာ အရေးကြီးသောရာထူးကိုလက်ခံရမည့်လူတစ်ယောက်အတွက် အချိန်ပိုအလုပ်ဆင်းရခြင်းမှာလည်း ရှောင်လွှဲလို့မရနိုင်သောကိစ္စတစ်ခုဖြစ်လာခဲ့လေသည်__သို့ဖြစ်ရာ ခေါင်းဆောင်ယန်းနှင့် ကျီးချွင်းတို့သည်ကား တစ်နိုင်ငံလုံးအနှံ့ပြေးလိုက်လွှားလိုက်လုပ်နေရရှာပြီး တစ်ခါတရံမှသာလျှင် ရသမျှအချိန်လေးကိုဖဲ့ပြီး ကူယွဲ့ရှီးကိုလာကြည့်နိုင်ရှာတော့သည်။ ထိုအချိန်များသည်ကား အိုးတစ်လုံး၏အောက်ခြေကဲ့သို့ မည်းနက်နေသော သူမ၏ညဉ့်ကောင်းကင်ယံထက်ရှိ အဖိုးအနဂ္ဃထိုက်တန်လှသော ကြယ်တာရာများကဲ့သို့ပင်။ သူမ၏အုံ့ဆိုင်းမှောင်မှိုင်းနေသော ဆယ်ကျော်သက်ကောင်းကင်ယံအား လင်းလက်တောက်ပသွားစေနိုင်သည်အထိ လုံလောက်သောအလင်းရောင်တို့ကိုမူ ပေးစွမ်းနိုင်ခြင်းမရှိပါချေ။

သူမမှာ လူငယ်လေ့ကျင့်ရေးစင်တာမှ အထီးကျန်ဆန်စွာဖြင့် ဘွဲ့ရလာခဲ့ပြီး ဘွဲ့ယူသည့်နေ့မှာပင် သူမ၏အခန်းဖော်ဖြစ်သူက သူ့ခရီးဆောင်အိတ်များကို အဆောင်အပြင်ဘက်သို့လွှတ်ပစ်ခဲ့လေသည်။ ထို့နောက်တွင်တော့ ကွင်းဆင်းလုပ်ငန်းများတွင် အလုပ်သင်အဖြစ်စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်းပေါင်းသင်းဆက်ဆံရေးအဆင်မပြေမှုများကြောင့် အသင်းမှလေးကြိမ်ဆက်တိုက် ထုတ်ပယ်ခြင်းခံခဲ့ရသည်။

သူမသည်ကား လမ်းဘေးခွေးတစ်ကောင်ပမာ သတ္တိများကိုအကြိမ်ပေါင်းများစွာစုစည်းကာ လူများကိုချဉ်းကပ်ရန်ကြိုးစားခဲ့စေကာမူ အကြိမ်ပေါင်းများစွာ ရင်ဝသို့ဆောင့်ကန်ခံခဲ့ရသည်သာဖြစ်သည်။

လေးကြိမ်မြောက်ထုတ်ပယ်ခံရသည့်နေ့ရက်တွင်မူ သူမထံသို့ အကြောင်းကြားစာပေးပို့ခြင်းခံခဲ့ရသည်။ ကွင်းဆင်းစစ်ဆေးရေးများကို လေးကြိမ်တိုင်တိုင်ကျရှုံးခဲ့သည့်အတွက် အရန်ကွင်းဆင်းဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ရမည်ဖြစ်ကြောင်းပင်။ တစ်ဖက်တွင်လည်း ပြည်သူ့ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာရာထူးမှာ ဘွဲ့ဒီဂရီတစ်ခုရရှိရန်လိုအပ်သည်__သူမမှာ စာပင်ကောင်းကောင်းရေးတတ်ဖတ်တတ်သူမဟုတ်၊ သို့ဖြစ်ရာ ထိုရာထူးနေရာမျိုးတွင်ဝင်လုပ်ဖို့ရန်အတွက်လည်း အရည်အချင်းမပြည့်မီဘဲဖြစ်နေ၏။ လက်ရှိအချိန်တွင် သူမမှာအသက် (၁၈) နှစ်ကျော်လွန်သွားပြီဖြစ်သောကြောင့် လူမှုအသိုင်းအဝိုင်းကလည်း သူတို့လုပ်ပေးနိုင်သည့်ကိစ္စများကိုအတတ်နိုင်ဆုံးလုပ်ပေးခဲ့ပြီးဖြစ်သည်ဟုယူဆသည့်အတွက် သူ့ကိုနောက်ထပ်မည်သည့်ထောက်ပံ့မှုမျိုးကိုမှ မပေးတော့ပါချေ။

ပြောစကားများအရ ကံကြမ္မာဆိုသည်မှာ ပျက်စီးသွားသောလှည်းဘီးတစ်လုံးကဲ့သို့ပင်။ ခရီးမည်မျှပင်သွားခဲ့ပါစေ၊ အကြိမ်ရေမည်မျှပင် ဘီးလှိမ့်ခဲ့ပါစေ နောက်ဆုံးတွင် မူလအစမှတ်နေရာသို့သာပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။

ကူယွဲ့ရှီးမှာ အချိန်နှောင်းကာမှ နောက်ဆုံး၌ နားလည်သဘောပေါက်သွား၏။ အချို့လူများသည်ကား ဤလူသားကမ္ဘာကြီးအတွင်းသို့ရောက်ရှိလာသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကဲ့သို့ပင်၊ ဤလောကကြီးအတွင်း၌မွေးဖွားလာြခင်းကိုက အမှားတစ်ခုဖြစ်နေတာဖြစ်သည်__စနစ်တစ်ခု၏အမှားကဲ့သို့ပင်။ အကယ်၍ မိမိနေရာကိုမိမိသိရှိသွားသည်နှင့်တပြိုင်နက် ထိုနေရာအတွင်းမှ မြန်နိုင်မြန်မြန် ငြိမ်းငြိမ်းချမ်းချမ်းထွက်ခွာသွားသင့်သည်။ အဘယ်ကြောင့်များ (၂) ချီမျှရှိသော နေရာကျဉ်းကျဉ်းလေးတစ်နေရာစာတွင် ရပ်တည်နိုင်ရန်ကြိုးစားအားထုတ်နေရပါဦးမည်နည်း?

ဒါက နည်းနည်းလေးတော့ လောဘကြီးရာကျနေတာမဟုတ်ဘူးလား?

သူမသည်ကား လူ့စွမ်းအားအရင်းအမြစ်ဌာနတွင် နုတ်ထွက်စာတင်ခဲ့သည့်နေ့မှာပင် အနှီသံလိုက်အိမ်မြှောင်ကို ဂရုတစိုက်သုတ်ပေးပြီးနောက် ထောက်ပံ့ပို့ဆောင်ရေးဌာနတွင်အပ်နှံထားခဲ့ပြီး သူ့ကိုတဆင့်ပြန်ပေးပေးရန်တောင်းဆိုခဲ့သည်။ သူက ယန်းချိုးရှန်းကိုဆက်သွယ်ခြင်းမရှိသလို နှုတ်ဆက်စကားတစ်ခွန်းမှမဆိုဘဲ ထွက်သွားရန်ဆုံးဖြတ်ထားခဲ့တာဖြစ်သည်။ ကူယွဲ့ရှီးမှာ အနောက်ဘက်တောင်တန်းများအနီးတွင်သော တောရိုင်းတစ်ခုအတွင်း၌တိတ်တဆိတ်ကြိုးဆွဲချသတ်သေရန်ကြံစည်ခဲ့သည်။ ထိုနေရာမှာ လူသူကင်းမဲ့သဖြင့် မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကိုရှာတွေ့နိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။ ကြိုးပြတ်တောက်သွားသည်နှင့်တပြိုင်နက် သူမမှာ မြေကြီးပေါ်သို့ပြုတ်ကျသွားကာ မြေဆွေးအဖြစ်ပြောင်းလဲသွားမည်ဖြစ်ပြီး မည်သူ့ကိုမှဒုက္ခမပေးတော့ဘဲ အစာကွင်းဆက်အတွင်းသို့ပြန်လည်ဝင်ရောက်သွားနိုင်မည်ဖြစ်သည်။

သို့သော်ငြား သူမမှာ သေကံမရောက် သက်မပျောက်ခဲ့ပါချေ။ ယန်းချိုးရှန်းမှာ ထိုနေ့၌ပင် ဌာနချုပ်သို့သတင်းပို့ရန်ပြန်လည်ရောက်ရှိလာချိန်နှင့်ကြုံကြိုက်သွားခဲ့သည်။ ၎င်းမှာ သံလိုက်အိမ်မြှောင်ကိုလက်ခံရရှိပြီးနောက် တစ်ခုခုမူမမှန်ကြောင်းခံစားမိသွား၏။ သို့ဖြစ်ရာ ယခုလေးတင် ခရီးမှပြန်ရောက်လာသော ခေါင်းဆောင်ယန်းသည်ကား နည်းနည်းလေးတောင်မှအနားမယူတော့ဘဲ လေနတ်ဘုရားအဖွဲ့သားများကိုခေါ်ဆောင်ကာ သူမကို တစ်နေ့လယ်ခင်းလုံးလိုက်လံရှာဖွေခဲ့လေသည်။ နောက်ဆုံးမိနစ်ပိုင်းလေးအတွင်းမှာပင် ကျီးချွင်းက သူမ၏ကြိုးကိုဖြတ်တောက်ပစ်နိုင်ခဲ့တာဖြစ်သည်။

ကျီးချွင်း၏ဓားသွားမှာ ထက်မြသလောက် လူကမူ အတော်လေးကိုနူးညံ့ပျော့ပျောင်းကာ စိတ်ထိခိုက်ခံစားလွယ်သူတစ်ဦးဖြစ်၏။ ၎င်းမှာ သူ၏ဓားသွားကိုအသုံးပြုကာ မီတာသုံးဆယ်အကွာအဝေးမှနေ၍ ကြိုးကွင်းအား သေချာပေါက်ကိုစတိုင်ကျကျဖြတ်တောက်ပစ်နိုင်ခဲ့သော်ငြား သူ့လက်များမှာကတုန်ကယင်ဖြစ်နေသောကြောင့် သူမ၏သွေးခုန်နှုန်းကိုစမ်းသပ်လို့မရနိုင်ဘဲ သူမ သေသွားပြီအထင်ဖြင့် မျက်ရည်လည်ရွှဲ ငိုကြီးချက်မဖြစ်သွားခဲ့ရှာတော့သည်။ နောက်ပိုင်းတွင်မူ ‘ကျီးချွင်းကို လန့်ငိုအောင်လုပ်နိုင်သည်’ ဟူသည့်စကားမှာ လေနတ်ဘုရားအဖွဲ့သားများအတွင်း၌ ပြောစမှတ်တွင်စရာဟာသတစ်ခုအဖြစ်ကျန်ရစ်ခဲ့လေတော့သည်။ တပ်ဖွဲ့အတွင်းသို့အသစ်ဝင်ရောက်လာသူတိုင်းမှာ အနှီစကားကိုကြားသော် နောက်ကွယ်မှဇာတ်လမ်းအစစ်အမှန်ကိုမသိကြဘဲ သူမအား အလွန်အမင်းစွမ်းအားကြီးမားသူတစ်ဦးဖြစ်မည်ဟုထင်မှတ်သွားတတ်ကြသည်။

ကျီးချွင်းသည်ကား သူမကို အခြားလူများထပ်မံအနိုင်ကျင့်ကြမည်ကိုစိုးရိမ်သောကြောင့် ထိုဟာသအကြောင်းကိုမရှင်းပြသည့်အပြင် သူမအားထင်ရှားကျော်ကြားသူတစ်ယောက်အဖြစ်တွန်းပို့ကာ လူများအား တမင်တကာအထင်အမြင်မှားအောင်လုပ်တတ်ပြန်သည်။

ထိုစဉ်က ယန်းချိုးရှန်းမှာ ‘ဒါရိုက်တာယန်း’ အဖြစ်ရာထူးတိုးသွားပြီးသည့်နောက်တွင်မူ သူမ၏စစ်ဆေးအကဲဖြတ်မှုအဆင့်ရလဒ်များကိုကြည့်ရှုပြီးသော် ကွင်းဆင်းလုံခြုံရေးဌာန၏အကြီးအကဲဆီသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်တွေ့ဆုံကာ အထူးတပ်ဖွဲ့အတွင်းသို့ဝင်ရောက်နိုင်ရန်အလို့ငှာ သူမအတွက် ရမှတ်သတ်မှတ်ချက်တစ်ခုပေးရန်တောင်းဆိုခဲ့လေသည်။

ထိုစဉ်က ဒါရိုက်တာယန်း၏လက်ထောက်နေရာတွင်သာရှိသေးသော ဝမ်ဇယ်မှာ နောက်သလိုပြောင်သလိုဖြင့်ပြောခဲ့သေးသည်။

“ဘယ်သူ့ကိုမှ ကပ်ဖားရပ်ဖားမလုပ်ဖူးတဲ့ ငါတို့အစ်ကိုကြီးက မင်းအတွက် လောင်စုန့်ကိုတောင် မျက်နှာချိုသွေးခဲ့တာပဲ၊ ငါတောင် မနာလိုဖြစ်လာပြီနော်! ငါ့ကိုကျတော့ နည်းနည်းလေးတောင် မျက်နှာသာမပေးဘူး....ဟေး…*မရီးလေးက ဘာဖြစ်လို့ ကျွန်တော့်ကို ဓားသွားနဲ့ရိုက်ရတာလဲဗျာ! ခေါင်းကိုရိုက်လို့ ကျွန်တော်ဦးနှောက်ချောင်သွားရင် ကျွန်တော်က မရီးလေးကို အဖေတော်လိုက်ပြီး မရီးလေးဆီကနေ ခြိမ်းခြောက်ငွေညှစ်မှာနော်….”

(T/N

*ဒီနေရာမှာ မရီးလေးဆိုတာ ကျီးချွင်းကိုပြောတာပါနော်။ နားလည်မှုလွဲသွားမှာစိုးလို့ရှင်းပြတာပါ)

ဝမ်ဇယ်၏မစဉ်းစားမဆင်ခြင်ဘဲ ရွှတ်နောက်နောက်ပြောင်ချော်ချော်ပြောလိုက်သောစကားတစ်ခွန်းကြောင့် ကူယွဲ့ရှီးမှာ လေ့ကျင့်ရေးဆင်းနေချိန်အတွင်း ရေကုန်ရေခန်းအားထုတ်ကြိုးစားရှာတော့သည်။ နောက်ဆုံး၌ အကဲဖြတ်စစ်ဆေးပွဲတွင် သူမမှာ နံရိုးနှစ်ချောင်းကျိုးသွားရှာပြီး ခန္ဓာကိုယ်တွင်းသွေးထွက်လွန်မှုကြောင့် အရေးပေါ်ခန်းထဲသို့ဝင်သွားရလေတော့သည်။ ဤသို့ဤနှယ် သူမသည်ကား တစ်ကိုယ်လုံးဒဏ်ရာဒဏ်ချက်များအပြည့်ဖြင့် လေနတ်ဘုရားတပ်ဖွဲ့အတွင်းသို့ ‘လဲလျောင်း’ ရင်း ဝင်ရောက်သွားနိုင်ခဲ့တာဖြစ်သည်။

အတော်လေးကြာမှ သူမ သဘောပေါက်သွားသည်မှာ အဆိုပါသံလိုက်အိမ်မြှောင်သည်ကား အမှန်တကယ်ကိုပင် ဒါရိုက်တာယန်း၏ဘိုးဘွားပိုင်အမွေပစ္စည်းဖြစ်ပြီး အနည်းဆုံး မြို့တွင်းရှိ ကျောင်းမြေကွက်လပ်တစ်ခုစာအကျယ်အဝန်းရှိသည့် တိုက်ခန်းတစ်ခန်းစာမျှ တန်ဖိုးရှိသောအရာဖြစ်သည်ဆိုသည့်အချက်ပင်။ သူမမှာ အနှီသံလိုက်အိမ်မြှောင်ကို အသက်ကယ်ကောက်ရိုးတမျှင်ပမာသဘောထားနေတာကို ယန်းချိုးရှန်းတစ်ယောက်မြင်တွေ့သွားသည့်အခါ ထိုပစ္စည်းကို သူ့ဆီမှပြန်လည်မတောင်းယူရက်တော့ဘဲ နှစ်အနည်းငယ်မျှ သူမ၏ပိုင်ဆိုင်မှုပစ္စည်းတစ်ခုအဖြစ်ပေးထားခဲ့ပြီး တမင်တကာ ‘မေ့လျော့’ ခံထားလိုက်လေသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ဝမ်ဇယ်မှာ အမြဲတစေစောဒကတက်လေ့ရှိသည်။ ၎င်းမှာ ထိုနှစ်များအတွင်း အနှီသံလိုက်အိမ်မြှောင်ကိုငှားလို့မရခဲ့သည့်အတွက် သူလမ်းပျောက်ခဲ့ရသည့်အကွာအဝေးများကိုပေါင်းလိုက်မည်ဆိုပါက ကမ္ဘာကိုအကြိမ်ပေါင်းများစွာပတ်နိုင်လောက်သည်အထိရှည်လျားလိမ့်မည်ဆိုသည့်အကြောင်းပင်__Senpure နို့လက်ဖက်ရည်ကိုဝယ်ရန်တန်းစီသူများထက်ပင် ပို၍ရှည်လျားလိမ့်မည်တဲ့လေ။ ၎င်းမှာ မြေပုံကိုကြည့်တတ်ရန်သာ သင်ယူလိုက်ရရှာ၏။

သူတို့သည်ကား ပိန်းပိတ်အောင်မှောင်မည်းနေသောအကျဉ်းထောင်အတွင်းမှ သူမကို နောက်တစ်ကြိမ်ဆွဲထုတ်လာခဲ့ပြီး ရပ်တည်ရန်နေရာတစ်ခုပေးကာ သူမကိုလက်ခံပေးခဲ့ကြသူများဖြစ်သည်။

ထိုနှစ်က နှစ်သစ်ကူးအကြိုနေ့တွင် သူမကဲ့သို့ပြန်စရာအိမ်မရှိသော လေနတ်ဘုရားအဖွဲ့သားများသည်ကား ဒါရိုက်တာယန်း၏အိမ်သို့သွားရောက်ကာ သူမအတွက် ‘နှုတ်ဆက်ကြိုဆိုပွဲ’ ပြုလုပ်ပေးခဲ့ကြသည်__သို့ပေသိ အနှီကြိုဆိုပွဲခမျာ ဒါရိုက်တာယန်း၏လက်ချက်ဖြင့်ပင် ‘ဆူပူကြိမ်းမောင်းပွဲ' အဖြစ်ပြောင်းလဲသွားရှာတော့သည်။

အဆိုပါစကားနည်းနှုတ်နည်းသောလူသည်ကား သူများကိုဆူပူဆဲဆိုသည့်နေရာတွင်တော့ အလွန်အင်မတန်စကားကြွယ်ကြောင်း သိရှိသွားရလေတော့သည်။ သူမအား ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်သည့်ကိစ္စမှအစပြုကာ အကဲဖြတ်စစ်ဆေးပွဲတွင် နောက်ဆက်တွဲရလဒ်များကိုအလေးမထားသည့်ကိစ္စအထိ ဆူပူကြိမ်းမောင်းလေသည်။

“ငါတို့က အစောင့်အရှောက်တွေပဲ၊ ခွေးရူးတွေမဟုတ်ဘူး။ မင်းက မင်းရဲ့အသက်ကိုတောင်တန်ဖိုးမထားရင် တခြားလူတွေရဲ့အသက်ကိုရောတန်ဖိုးထားလိမ့်မယ်လို့ ဘယ်လိုလုပ်ယုံကြည်ရမှာလဲ? မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြည်သူတွေကရော မင်းလို ကွင်းဆင်းဝန်ထမ်းတစ်ယောက်ကို ဘယ်လိုလုပ်ယုံကြည်လို့ရတော့မှာလဲ? ငါတောင် မင်းကိုမလိုချင်တော့ဘူး….တကယ်လို့သာ…..အင့်!”

ကျီးချွင်းက သူ့ပါးစပ်ထဲသို့ လုံးလုံးဝိုင်းဝိုင်းဖက်ထုပ်တစ်ခုကို ထိုးထည့်ကာ သူ့ပါးစပ်ကိုပိတ်လိုက်၏။

ဒါရိုက်တာယန်း၏ဒေါသူပုန်ထနေသောအမူအရာမှာ အနှီဖက်ထုပ်ကြောင့် ချက်ချင်းပင်ပြေလျော့သွားလေတော့သည်။

“ပူလိုက်တာ”

သူက ဗလုံးဗထွေးညည်းတွားလိုက်ရှာသည်။

“လျှောက်ပြောမနေနဲ့”

ကျီးချွင်းက အညှာအတာကင်းမဲ့စွာ သူ့အားဖော်ကောင်လုပ်လိုက်သည်။

“ကျွန်တော် ခုနလေးတင်ကမှ ခင်ဗျားအတွက်အစမ်းမြည်းကြည့်ပြီးသား၊ နည်းနည်းလေးမှမပူပါဘူး”

ဒါရိုက်တာယန်းမှာ တအောင့်ကြာမှ တစ်စုံတစ်ရာကိုသဘောပေါက်သွားဟန်ဖြင့် ရုတ်ချည်းပင် မျက်နှာနီမြန်းသွားပြီး ပါးစပ်ပိတ်သွားရှာ၏။ ကျီးချွင်းက ဒါရိုက်တာယန်း၏ပိုလျှံနေသောအဆုတ်စွမ်းအားများကိုအချည်းနှီးမဖြစ်စေရန်အလို့ငှာ သူ့အား လေပူဖောင်းမှုတ်ခိုင်းပြီး အဝေးသို့တွန်းပို့လိုက်လေတော့သည်။

ထိုအချိန်မှစတင်ကာ သူမဒဏ်ရာအနာတရတစ်ခုရရှိလာချိန်တိုင်း ဒါရိုက်တာယန်း၏ဆူပူကြိမ်းမောင်းခြင်းကို အမြဲလိုလိုခံရသည်။ နှစ်သစ်ကူးအကြိုနေ့တိုင်းတွင်လည်း သူမအတွက် သွားစရာနေရာတစ်နေရာအမြဲရှိခဲ့သည်။ နှစ်သစ်ကူးခေါင်းလောင်းသံများပျံ့လွင့်လာချိန်တိုင်း အထူးစပါယ်ရှယ်ကြက်ဥဖက်ထုပ်ပြုတ်များကို လက်ခံရရှိခဲ့သည်__အဖွဲ့တွင်းသို့ သူမထက်ငယ်ရွယ်သူတစ်ယောက်ဝင်ရောက်လာပြီး သူမ၏ ‘အငယ်ဆုံး’ ရာထူးနှင့် သူမ၏ကြက်ဥဖက်ထုပ်များကိုလုယူမသွားခင်အချိန်ထိပင်__သူမမှာ တစ်ဖက်တွင် ဝမ်ဇယ်၏ ‘မျက်နှာသာပေးခြင်းမခံရသော’ အဖွဲ့အတွင်းသို့ အောင့်သက်သက်ဖြင့်ဝင်ရောက်သွားရသော်ငြား ကျန်တစ်ဖက်တွင်မူ ထိုစဉ်က သူမကဲ့သို့တုံးအအနုံချာချာဖြစ်နေသည့်အဖွဲ့ဝင်အသစ်လေးများကို ကာကွယ်စောင့်ရှောက်ပေးရန်သင်ယူခဲ့လေသည်။

ထိုနှစ်မှစတင်၍ တစ်နှစ်ပြီးတစ်နှစ် ကမ္ဘာရေမြေဆုံးသည့်တိုင်အောင် ထိုပုံရိပ်၏နောက်သို့ လိုက်လာနိုင်လိမ့်မည်ဟု သူမထင်မှတ်ခဲ့မိသည်။

သို့သော်ငြား…..

ကူယွဲ့ရှီးက စောင့်ကြည့်ကင်မရာမှတ်တမ်းအတွင်းရှိ ကြေးဝါရောင်သံလိုက်အိမ်မြှောင်ကို စူးစိုက်ကြည့်ရှုလိုက်သည်။ သူမ၏အိပ်ရေးပျက်မှုကြောင့် နီစွေးနေသောမျက်လုံးများထံမှ သွေးများပင်စီးကျလာတော့မယောင်။ သုံးနှစ်တိုင်ခဲ့ပြီဖြစ်သည်__ကျီးချွင်းလည်း မရှိတော့။ ဒါရိုက်တာယန်းသည်လည်း ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့လေပြီ။

တကယ်ပဲ သူလား?

သူက ဘာဖြစ်လို့ အဲဒီအချိန်မှာ သုံးချွမ်းမှောင်ခိုဈေးနားမှာ ထွက်ပေါ်လာရတာလဲ?

ဒါမှမဟုတ် မတော်တဆတစ်ခုခုဖြစ်ပြီး တစ်ယောက်ယောက်က သူ့ရဲ့သံလိုက်အိမ်မြှောင်ကိုယူသွားတာများလား?

6.11.21

**********

Zawgyi

သေဘာတရားက်က်ေျပာရပါလွ်င္ ျပန္လည္ျပဳျပင္ေရးဌာနသည္ကား DCO အျပင္ အျခားေသာဌာနအဖြဲ႕အစည္းမ်ား ဥပမာ ရဲဌာနမ်ားမွမွ်ေဝလာေသာသတင္းအခ်က္အလက္မ်ားကို စီမံေဆာင္႐ြက္‌ေပးရေသာဌာနျဖစ္သည္။ သို႔ျဖစ္ရာ ႐ႊမ္းက်ီးသည္ကား သူ၏အလုပ္အေကာင့္ျဖင့္ ေဝဟင္ေစာင့္ၾကည့္ေရး network အတြင္းသို႔ ဝင္ေရာက္ခြင့္ရွိေလသည္။ မည္သို႔ပင္ျဖစ္ေစ အိပ္လို႔လည္းမရေတာ့သည့္အတြက္ ၎မွာ ေလယာဥ္၏ဝိုင္ဖိုင္ကိုခ်ိတ္ဆက္လိုက္ၿပီး ေမွာင္ခိုေဈးအား ရွင္းလင္းစဥ္မွတ္တမ္းမ်ားႏွင့္ သုံးခြၽမ္းသားငါးေဈးတဝိုက္ရွိ ကင္မရာမွတ္တမ္းမ်ားကိုရွာေဖြၾကည့္ရႈစစ္ေဆးလိုက္သည္။

သို႔ေသာ္ ထိုအရာမွာ ႐ႊမ္းက်ီးအထူးကြၽမ္းက်င္ေသာအရာမဟုတ္တာျဖစ္ေကာင္းျဖစ္နိုင္သည္။ ၎မွာ ၾကည့္ေနရင္း မ်က္လုံးမ်ားပင္ေဝဝါးလာေသာ္ျငား သုံးခြၽမ္းသားငါးေဈးအတြင္းရွိ ရႈပ္ယွက္ခတ္ေနေသာလူပင္လယ္ႀကီးမွလြဲ၍ အႏွီအုတ္ေအာ္ေသာင္းတင္းျဖစ္ေနေသာဖန္သားျပင္ေပၚတြင္ မည္သည့္အရာကိုမွရွာေဖြေတြ႕ရွိခဲ့ျခင္းမရွိပါ‌ေခ်။

႐ုတ္တရက္ ႐ႊမ္းက်ီးမွာ စိတ္ထဲ၌ထင့္ခနဲျဖစ္သြား၏__အိပ္မက္ထဲတြင္ ေျခတစ္လွမ္းမွားကာ ေခ်ာ္လဲက်သြားၿပီးေနာက္ လန႔္နိုးလာစဥ္တြင္ျဖစ္ေပၚလာေလ့ရွိေသာခံစားခ်က္မ်ိဳးပင္ျဖစ္သည္။ ႏွလုံးခုန္သံမ်ားမွာလည္း ပို၍ျမန္ဆန္လာေတာ့သည္။

သူ၏ဝမ္းတြင္းသိစိတ္တစ္မ်ိဳးမ်ိဳးအရ ႐ႊမ္းက်ီးမွာ ခုနတုန္းက သူသာမန္ကာလွ်ံကာၾကည့္ရႈခဲ့ေသာဗီဒီယိုအခ်ိဳ႕ကို ျပန္လည္ဆြဲထုတ္ယူလိုက္ၿပီးေသာ္ ၎တို႔အနက္ ကင္မရာမွတ္တမ္းတစ္ခုသည္ကား သူ႕အား ထိုကဲ့သို႔ထူးဆန္းေသာခံစားခ်က္မ်ားကိုေပးစြမ္းေနတာျဖစ္ေၾကာင္းေတြ႕ရွိလိုက္ရေလသည္။

အဲဒီေနရာမွာဘာရွိေနတာလဲ?

သူက ကိုယ္ကိုအနည္းငယ္မတ္မတ္ျပင္ထိုင္လိုက္ၿပီး မ်က္လုံးမ်ားကိုေမွးက်ဥ္းလ်က္ ထိုမွတ္တမ္းဗီဒီယိုထဲတြင္ပါဝင္သမွ် ျမင္ကြင္းရႈေထာင့္တိုင္းကို ဂ႐ုတစိုက္ၾကည့္ရႈေလ့လာေနေတာ့သည္။

ပန္ကိတ္ေတြကိုေရာင္းေနတယ္….အနားမွာ စက္ဘီးခ်င္းဝင္တိုက္မိတဲ့မေတာ္တဆမႈတစ္ခုျဖစ္သြားတယ္…စက္ဘီးစီးသမားႏွစ္ေယာက္လုံးဆင္းလာၾကၿပီး စကားမ်ားၾကတယ္…အိုင္း….ၿပီးေတာ့ ရန္ပြဲေတြျဖစ္ကုန္ၾကတယ္…..

သို႔ေသာ္ ဤအပိုင္းမွာ သူ႕ကိုရင္တုန္ပန္းတုန္ျဖစ္ေစနိုင္ေလာက္ေသာ အေၾကာင္းရင္းတစ္ခုမဟုတ္။ သူ၏အာ႐ုံေၾကာမ်ားမွာလည္း ဤမွ်ေလာက္အားနည္းေနတာမ်ိဳးမျဖစ္တန္ရာ။

၎မွာ တစ္မိနစ္မွ်ေတာင္မၾကာေသာ ဗီဒီယိုေလးကို ထပ္ခါတလဲလဲၾကည့္ရႈစစ္ေဆးေနေသာ္ျငား မည္သည့္မူမမွန္မႈမ်ိဳးကိုမွရွာမေတြ႕ေသးပါေခ်။

႐ႊမ္းက်ီးက ကင္မရာ၏တည္ေနရာကိုတစ္ခ်က္လွမ္းၾကည့္လိုက္သည္။ ဤကင္မရာသည္ကား သားငါးေဈး၏အေနာက္ေတာင္ဘက္၌ တပ္ဆင္ထားတာျဖစ္နိုင္သည္။ ေခါင္းေဆာင္ကူကလည္း အဲဒီအရပ္မ်က္ႏွာဘက္ကိုၾကည့္ၿပီးရွာေနတာပဲ…..ဒါက တိုက္ဆိုင္မႈသက္သက္ပဲလား?

ထို႔ေနာက္ သူက သားငါးေဈး၏အေနာက္ေတာင္ထြက္ေပါက္ဘက္မွသည္ ဆင္ေျခဖုံးရပ္ကြက္ဆီသို႔သြားေသာလမ္းတစ္ေလွ်ာက္ ရိုက္ကူးထားေသာေစာင့္ၾကည့္မွတ္တမ္းမ်ားကိုထုတ္ႏုတ္ယူလိုက္၏။ မ်ားမၾကာမီပင္ သူ၏ထူးျခားဆန္းၾကယ္ေသာ ‘ဆ႒မအာ႐ုံ’ သည္ကား ထိုဗီဒီယိုထဲမွ အျခားေသာတစ္စုံတစ္ခုကိုရွာေတြ႕သြားေလေတာ့သည္။

သို႔ျဖစ္ရာ ႐ႊမ္းက်ီးမွာ သူ မကြၽမ္းက်င္ေသာနည္းပညာပိုင္းဆိုင္ရာလမ္းေၾကာင္းမ်ားကို လုံးလုံးလ်ားလ်ားလက္ေလွ်ာ့လိုက္ၿပီးေသာ္ ႐ုပ္လြန္ပညာဆိုင္ရာလမ္းေၾကာင္းအတိုင္းသာေလွ်ာက္လွမ္းသြားလိုက္ေလေတာ့သည္။ သူက သူ၏ဝမ္းတြင္းအသိစိတ္အရ သံသယဝင္စရာေကာင္းေသာ ဗီဒီယိုအစိတ္အပိုင္းမ်ားအားလုံးကိုျဖတ္ေတာက္ထုတ္ႏုတ္လိုက္ၿပီး ၎တို႔ကိုအစီအစဥ္တက်ျပန္စီလိုက္ကာ ေျမပုံျဖင့္တိုက္ၾကည့္လိုက္ေသာအခါဝယ္ ထိုမွတ္တမ္းမ်ားသည္ကား အမွန္တကယ္ကိုပင္ လမ္းေၾကာင္းတစ္ခုကိုၫႊန္ျပေနေၾကာင္း သိရွိလိုက္ရ၏__အခ်ိန္ကြာျခားခ်က္အရသုံးသပ္ၾကည့္လိုက္လွ်င္ ထိုလမ္းေၾကာင္းမွာ ခပ္ျမန္ျမန္သြက္သြက္လမ္းေလွ်ာက္သြားေသာအျမန္ႏႈန္းမ်ိဳးျဖစ္သည္။

ကင္မရာမွတ္တမ္းမ်ားတြင္ပါဝင္ျခင္းမရွိေသာ လူတစ္ေယာက္သည္ကား သားငါးေဈး၏အေနာက္ေတာင္ထြက္ေပါက္မွတဆင့္ ဆင္ေျခဖုံးရပ္ကြက္ဆီသို႔လမ္းေလွ်ာက္သြားေနခဲ့တာျဖစ္သည္။

႐ႊမ္းက်ီးတစ္ေယာက္ ႐ုတ္ျခည္းပင္သေဘာေပါက္သြား၏။

ဒါက ကိုယ္ေပ်ာက္အစီအရင္တစ္ခုပဲ!

သည္ေန႕သည္အခ်ိန္ထိတိုင္ေအာင္ ႐ႊမ္းက်ီးေတြ႕ဖူးခဲ့သမွ်လူအားလုံးတြင္ ႐ုပ္ထြက္ေကာင္းေသာကင္မရာမ်ားကိုလွည့္စားနိုင္သည္အထိ ႐ုပ္ဖ်က္ကြၽမ္းက်င္သူတစ္ေယာက္တည္းသာလွ်င္ရွိသည္__ဟုတ္သားပဲ၊ ထိုအခ်ိန္၌ သုံးခြၽမ္းေဈးတြင္ အမွန္တကယ္ကို တိမ္ညိုတိမ္မည္းမ်ားဖုံးလႊမ္းေနခဲ့တာပဲျဖစ္သည္။ မိုးႀကိဳးလည္း တစ္ခ်က္ႏွစ္ခ်က္ပစ္လိုက္ေသးသည္။ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးသည္ပင္ မိုးေလဝသသတင္းေၾကညာခ်က္မ်ားက မွန္ကန္မႈမရွိေၾကာင္း တဗ်စ္ေတာက္ေတာက္ေျပာလိုက္ေသးသည္။ ႐ႊမ္းက်ီးသတိရသြား၏။ ရွန႔္လင္ယြမ္း၏ခႏၶာကိုယ္အမ်ိဳးအစား အထူးသျဖင့္ သူ၏႐ုပ္သြင္အစစ္အမွန္သည္ကား မိုးႀကိဳးလွ်ပ္စီးမ်ားကို အမွန္တကယ္ဆြဲေဆာင္နိုင္စြမ္းရွိသည္ဟူသည့္အခ်က္ပင္။

ဒါျဖင့္ရင္ ေမွာင္ခိုေဈးကိုရွင္းလင္းေရးလုပ္တုန္းက သူလည္း အဲဒီေနရာမွာရွိေနတာေပါ့?

႐ႊမ္းက်ီးမွာ အိပ္ခ်င္စိတ္တစ္စက္မွမရွိေတာ့ပါေခ်။ သူ႕ဦးေႏွာက္မွာ ခ်ာခ်ာလည္ေနၿပီျဖစ္သည္__လူသားဧကရာဇ္သည္ကား နတ္ဆရာမႏၲန္မ်ားကိုတစ္ဖက္ကမ္းခပ္ကြၽမ္းက်င္သူတစ္ဦးျဖစ္သည္ႏွင့္အညီ တံလွ်ပ္လိပ္ျပာမ်ားအား အသုံးျပဳခဲ့သူမ်ားကိုရွာေဖြေဖာ္ထုတ္ရန္အလို႔ငွာ ထိုမႏၲန္မ်ားေနာက္မွေနာက္ေယာင္ခံလိုက္လာၿပီး ေမွာင္ခိုေဈးဆီသို႔ပစ္မွတ္ထားေရာက္ရွိလာတာမ်ိဳးျဖစ္နိုင္သည္။

သူ ဘာကိုရွာေတြ႕သြားတာလဲ? ပန္းေျမေခြးတို႔အုပ္စုေပါက္ကြဲၿပီးေသသြားၾကတဲ့ျဖစ္ရပ္ကေရာ သူနဲ႕ပတ္သက္မႈရွိေနတာလား?

ၿပီးေတာ့ ကူယြဲ႕ရွီးကလည္း သူ႕ရဲ႕ေဖာက္ထြင္းအျမင္အာ႐ုံနဲ႕ ရွန႔္လင္ယြမ္းကိုေတြ႕သြားတာမ်ားလား? ဒါျဖင့္ရင္လည္း သူက ဘာျဖစ္လို႔ ဘယ္သူ႕ကိုမွမေျပာဘဲ သူ႕ဘာသာသူတိတ္တိတ္ေလးစုံစမ္းေနတာလဲ?

႐ႊမ္းက်ီးက ႏႈတ္ခမ္းစူလိုက္ၿပီး ေနာက္ထပ္ျဖစ္နိုင္ေခ်တစ္ခုကိုစဥ္းစားမိသြားသည္__ဒုေခါင္းေဆာင္ကလည္း ငါ့ကိုသံသယဝင္ေနတာေတာ့မဟုတ္ဘူးမလား?

သူ ေတာင္ေတြးေျမာက္ေတြးေလွ်ာက္ေတြးေနစဥ္မွာပင္ ေလယာဥ္ဆင္းသက္ေတာ့မည္ျဖစ္ေၾကာင္းအခ်က္ျပလာသည္။ သူတို႔မွာ ယုံအန္းဌာနခ်ဳပ္သို႔ျပန္လည္ေရာက္ရွိသြားၾကၿပီျဖစ္သည္။

သူတို႔ေလယာဥ္ေပၚမွဆင္းလာခ်ိန္တြင္ ေနထြက္ခ်ိန္သို႔ပင္ေရာက္ရွိေနၿပီျဖစ္သည္။ ေထာက္ပံ့ပို႔ေဆာင္ေရးဝန္ထမ္းမ်ားစီစဥ္ေပးထားေသာ ဝန္ထမ္းႀကိဳပို႔ဘတ္စ္စကားမ်ားမွာ အေစာႀကီးကတည္းကေရာက္ရွိေနၾကၿပီျဖစ္ၿပီး သူတို႔အား အနားယူရန္အတြက္ သက္ဆိုင္ရာေနအိမ္အသီးသီးသို႔ျပန္လည္ပို႔ေဆာင္ေပးရန္အဆင္သင့္ျဖစ္ေနၾကေလၿပီ။ ႐ႊမ္းက်ီးမွာ သူႏွင့္ကူယြဲ႕ရွီးတို႔ႏွစ္ေယာက္သည္ကား တစ္ေယာက္ကိုတစ္ေယာက္ေစာင့္ၾကည့္အကဲခတ္ေနၾကသည္ဟု သံသယဝင္မိသည့္အတြက္ ၎မွာ သူမကိုေသေသခ်ာခ်ာအာ႐ုံစိုက္ေစာင့္ၾကည့္လို႔ေနသည္။ သူမမွာ မည္သည့္ႀကိဳပို႔ဘတ္စ္ကားေပၚသို႔မွတက္မသြားတာကိုျမင္ေတြ႕လိုက္ရေသာအခါ သူက အနားရွိလုပ္ေဖာ္ကိုင္ဖက္မ်ားကိုေမးျမန္းလိုက္သည္။

“အာ…ေခါင္းေဆာင္ကူလား….သူက လိုက္မသြားဘူး၊ ဗဟိုဝန္ထမ္းရိပ္သာမွာပဲေနခဲ့မွာ”

လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က ေျပာ၏။

“အဲဒီေနရာက ဌာနခ်ဳပ္အေဆာက္အဦးနဲ႕လည္း သိပ္မေဝးဘူးေလ၊ လမ္းေလွ်ာက္သြားရင္ေတာင္ ဆယ္မိနစ္ေလာက္ေလွ်ာက္ရင္ေရာက္ၿပီ”

‘ဗဟိုဝန္ထမ္းရိပ္သာ’ ကို ႐ႊမ္းက်ီးသိသည္။ ထိုေနရာမွာ ဌာနခ်ဳပ္တြင္ရွိေသာအရာရွိႀကီးမ်ားအတြက္ ဧည့္ရိပ္သာတစ္ခုပင္ျဖစ္သည္။ ႐ုံးခ်ဳပ္သို႔အလုပ္ကိစၥျဖင့္လာေရာက္ၾကေသာ ဌာနတြင္းဝန္ထမ္းမ်ားအနက္ အဖြဲ႕ေခါင္းေဆာင္ျဖစ္သူႏွင့္ လက္ေထာက္ဒါရိုက္တာရာထူးအထက္တြင္ရွိေသာဝန္ထမ္းမ်ားသည္ကား အဆိုပါဧည့္ရိပ္သာတြင္ အခမဲ့ယာယီတည္းခိုေနထိုင္ရန္ေလွ်ာက္ထားခြင့္ရွိသည္။ ဧည့္ရိပ္သာ၏အေျခအေနမွာ သိပ္မဆိုးလွေပ။ ၿမိဳ႕တြင္းႏွင့္အလြန္ေဝးကြာၿပီး အားကစား႐ုံ၊ ကစားကြင္း၊ ေရကူးကန္အစရွိေသာ အေထာက္အပံ့အဂၤါရပ္အေဆာက္အဦးမ်ားမရွိသည့္အျပင္ နည္းနည္းေလးမွကိုအဆင္မေျပေသာ ကုန္စုံဆိုင္တစ္ဆိုင္တည္းရွိသည့္အခ်က္မွလြဲ၍ေပါ့။

႐ႊမ္းက်ီးက ေမးလိုက္သည္။

“ဘာျဖစ္လို႔လဲ? သူ႕အိမ္ကိုျပန္ျပင္ေဆာက္ေနလို႔လား?”

“သူ႕အိမ္က အဲဒီ ‘ဗဟိုဝန္ထမ္းဧည့္ရိပ္သာ’ ပဲေလ”

လုပ္ေဖာ္ကိုင္ဖက္ျဖစ္သူက ျပန္ေျဖသည္။

“သူက လတိုင္းလတိုင္း ႐ုံးတြင္းဆက္သြယ္ေရးကြန္ယက္ကေနၿပီး အဲဒီေနရာမွာ တစ္လေလာက္တည္းခိုေနထိုင္ဖို႔ေလွ်ာက္ထားတတ္တယ္။ ဒါရိုက္တာ႐ႊမ္း ခင္ဗ်ားက အခုမွအသစ္ဝင္လာတာဆိုေတာ့ မသိေလာက္ေသးဘူး၊ ကြၽန္ေတာ္တို႔က ေခါင္းေဆာင္ကူကို ‘အမတအရွင္ကူ’ လို႔နာမည္ေျပာင္ေပးထားၾကတယ္၊ အဲဒီအမ်ားနဲ႕မတူ တမူထူးျခားတဲ့ဆရာမႀကီးက သူ႕ဆီမွာ အိမ္ေတြ၊ ကားေတြ__စသျဖင့္ အဲဒီလို ေသမ်ိဳးလူသားေတြရဲ႕အလိုဆႏၵမ်ိဳးေတြမရွိဘူးေလ”

အထူးတပ္ဖြဲ႕ဝင္မ်ားသည္ကား စစ္ဆင္ေရးမ်ားကို အသက္ႏွင့္ရင္းၿပီးေဆာင္႐ြက္ရသူမ်ားျဖစ္သည့္အေလ်ာက္ သူတို႔ရရွိေသာလုပ္ခလစာမွာလည္း မနည္းမေနာပင္ျဖစ္သည္။ ေခါင္းေဆာင္ကူ၏လုပ္သက္ႏွင့္ ရာထူးအရဆိုလွ်င္ လစာေကာင္းေကာင္းရနိုင္မွာျဖစ္သည့္အျပင္ နည္းနည္းပါးပါးေခ်းေငြယူလိုက္႐ုံျဖင့္ပင္ ၿမိဳ႕တြင္း၌ အိမ္ေကာင္းေကာင္းတစ္လုံးဝယ္ၿပီး အေျခခ်ေနထိုင္ဖို႔ရန္မွာ ခက္ခဲေသာကိစၥတစ္ခုမဟုတ္ေပ။

သို႔ေသာ္ သူမသည္ကား ထိုသို႔မလုပ္ေပ။

သူမသည္ကား အသက္ရွင္ေနထိုင္ရန္အတြက္ မျဖစ္မေနလိုအပ္ေသာအသုံးအေဆာင္ပစၥည္းမ်ားမွလြဲ၍ က်န္ေသာအရာမ်ားအေပၚတြင္ စိတ္ဝင္စားမႈရွိပုံမေပၚပါေခ်။ သူ စုေဆာင္းထားရွိေသာပိုက္ဆံမ်ားမွာလည္း ရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္းမ်ားထဲသို႔ဝင္သြားျခင္းမရွိသလို အိမ္ၿခံေျမမ်ားဝယ္ယူျခင္းလည္းမရွိေပ။ အႏွီေငြေၾကးမ်ားမွာ ဘာလုပ္ပစ္ရမည္မွန္းမသိေသာ အသုံးမဝင္သည့္ကိန္းဂဏန္းပုံတစ္ပုံအျဖစ္သာရွိေနတာျဖစ္သည္။ အျခားသူမ်ားက သူ႕ထံသို႔ပိုက္ဆံလာေခ်းၾကေသာအခါတြင္လည္း မဟုတ္တ႐ုတ္လုပ္ငန္းမ်ားလုပ္ကိုင္ဖို႔အတြက္မဟုတ္သေ႐ြ႕ကေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖင့္ သူ႕ပိုက္ဆံကိုရက္ရက္ေရာေရာေခ်းငွားေပးလိုက္တာျဖစ္ၿပီး သူမ်ားကျပန္ဆပ္ျခင္း၊ မဆပ္ျခင္းကိုလည္း စိတ္မဝင္စားပါေခ်။ ေနာက္ပိုင္း ဝမ္ဇယ္မွာ မေနနိုင္ေတာ့သည့္အဆုံး၌ ေလနတ္ဘုရားအဖြဲ႕သားမ်ားကိုေခၚကာ သူမအတြက္ အေႂကြးလိုက္ေတာင္းေပးရေလေတာ့သည္။ မ်ားမၾကာမီမွာပင္ သူမ၏ေငြေၾကးပိုင္းဆိုင္ရာအလုပ္မ်ားကို သူက လက္လႊဲယူကာစီမံေဆာင္႐ြက္ေပးရေလသည္။

ထိုကဲ့သို႔ ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ ‘အိပ္ေဆာင္’ တစ္ခုထဲတြင္သာေနထိုင္ခဲ့သည့္ သူမအတြက္ တစ္ကိုယ္ရည္သုံးပစၥည္းမ်ားမွာ အလြန္အင္မတန္နည္းပါးလွၿပီး ပစၥည္းမ်ားအားလုံးမွာ ခရီးေဆာင္လက္ဆြဲအိတ္တစ္လုံးတည္းႏွင့္ေတာင္ဆန႔္ဝင္နိုင္၏။ အခန္းထဲတြင္ရွိသည့္ တစ္ခုတည္းေသာအလွဆင္ပစၥည္းမွာ ေက်ာက္သလင္းမွန္ေဘာင္ကြပ္ထားေသာဓာတ္ပုံေဘာင္တစ္ခုသာလွ်င္ျဖစ္သည္။ ထိုဓာတ္ပုံမွာ သူမ ေလနတ္ဘုရားအဖြဲ႕သို႔ ပထမဆုံးေရာက္ရွိလာခဲ့စဥ္အခါက ရိုက္ကူးထားျခင္းျဖစ္သည္။

ထိုအခ်ိန္တုန္းက သူမမွာ အသက္ငယ္႐ြယ္ႏုနယ္ေသးၿပီး မ်က္ႏွာေပၚတြင္ ကေလးအဆီေလးမ်ားပင္ရွိေနဆဲျဖစ္ကာ ယခုကဲ့သို႔ေျခကုန္လက္ပန္းက်ေနေသာပုံစံမ်ိဳးေပါက္မေနပါေခ်။ ဓာတ္ပုံထဲရွိမိန္းကေလး၏မ်က္ႏွာထားမွာ မရယ္မၿပဳံး ခပ္တည္တည္တင္းတင္းပုံစံဖမ္းထားေသာ္ျငား သူမ၏မ်က္ဝန္းထဲတြင္မူ စိတ္မသက္မသာျဖစ္ေနဟန္ ရွက္႐ြံ႕ေၾကာက္လန႔္ေသာအမူအရာတို႔ကိုျမင္ေတြ႕ေနရဆဲျဖစ္သည္။ ေလာင္ဝမ္သည္ကား သူမ၏ဦးေခါင္းေနာက္ဘက္တြင္ ဦးခ်ိဳႏွစ္ေခ်ာင္းေပါက္ေနသကဲ့သို႔ ‘V’ ပုံသဏၭာန္လက္ႏွစ္ေခ်ာင္းကို တိတ္တိတ္ေလးေထာင္ထားၿပီး သြားဖုံးတစ္ခုလုံးျပဳတ္ထြက္မတတ္ အားရပါးရၿပဳံးရယ္ေနလ်က္ရွိသည္။ သူ႕ေဘးနားတြင္ရွိေနသူတစ္ေယာက္ကေတာ့ လက္တစ္ဖက္တြင္ဓားရွည္တစ္ေခ်ာင္းကိုကိုင္ေဆာင္ထားၿပီး က်န္လက္တစ္ဖက္ကမူ ဝမ္ဇယ္၏ဦးေခါင္းကို ရင္ၫြန႔္နားေရာက္သည္အထိ‌ေအာက္သို႔ဖိခ်ထား၏။

ထိုေန႕ရက္မ်ားမွာ ဘယ္ေသာအခါမွျပန္မရနိုင္ေတာ့မည့္ေန႕ရက္မ်ားျဖစ္သည္။

ကူယြဲ႕ရွီးသည္ကား သူမ၏႐ုပ္ပုံအေဟာင္းကိုႏွစ္စကၠန႔္မွ်ၾကာေအာင္စိုက္ၾကည့္ေနၿပီးေနာက္ ဓာတ္ပုံမွန္ေဘာင္ကိုလက္ျဖင့္သုတ္လိုက္သည္။ ထို႔ေနာက္ မ်က္ႏွာသြားသစ္ၿပီးေသာ္ ကြန္ပ်ဴတာကိုဖြင့္လိုက္ၿပီး ဗီဒီယိုအပိုင္းတစ္ပိုင္းကိုထုတ္ယူလိုက္ၿပီးေနာက္ တစ္ေနရာအေရာက္တြင္ရပ္တန႔္ထားလိုက္၏။ အမွန္တကယ္တြင္မူ ႐ႊမ္းက်ီးသည္ကား အေတြးလြန္ေနျခင္းသာျဖစ္သည္__ရွန႔္လင္ယြမ္းမွာ သူဆႏၵရွိလွ်င္ရွိသည့္အတိုင္း အဆင့္ျမင့္ကင္မရာမ်ားကို သူ၏ကိုယ္ေပ်ာက္မႏၲန္ျဖင့္လွည့္စားနိုင္႐ုံသာမက ေဖာက္ထြင္းအျမင္အာ႐ုံကိုပင္ အသာေလးေက်ာ္ျဖတ္သြားနိုင္စြမ္းရွိသူျဖစ္သည္။ ကူယြဲ႕ရွီး၏ပစ္မွတ္မွာ အမွန္တကယ္တမ္းေတာ့ အဆိုပါပိရွမဟုတ္ပါေခ်။

သူမက အႏွီပုံရိပ္၏ေထာင့္တစ္ေနရာကိုအက်ယ္ခ်ဲ့ၾကည့္လိုက္သည္။ ကင္မရာထဲတြင္ရိုက္ကူးမိထားေသာအရာမွာ လက္တစ္ဖက္ျဖစ္သည္။ ထိုလက္ပိုင္ရွင္ျဖစ္သူသည္ကား အလြန္အင္မတန္သတိႀကီးသူတစ္ေယာက္ျဖစ္ၿပီး ထိုေနရာအနီးတဝိုက္ရွိကင္မရာအားလုံး၏တည္ေနရာကို ရင္းႏွီးကြၽမ္းဝင္ေနပုံရၿပီး ထိုကင္မရာျမင္ကြင္းမ်ားကိုေရွာင္ကြင္း၍သြားလာခဲ့၏။ ကူယြဲ႕ရွီးတစ္ေယာက္ ထိုအနီးအနားတဝိုက္ရွိ ေစာင့္ၾကည့္ကင္မရာမ်ားကို အႀကိမ္ေပါင္းမ်ားစြာ ဟိုရွာသည္ရွာလုပ္ခဲ့ၿပီးသည့္ေနာက္မွသာလွ်င္ ဤဗီဒီယိုအပိုင္းေလးတစ္ပိုင္းကိုရွာေတြ႕ခဲ့တာျဖစ္သည္__႐ႊမ္းက်ီးမွာမူ ထိုဗီဒီယိုအားၾကည့္ရႈခြင့္မရခဲ့ရွာေပ။ အဘယ္ေၾကာင့္ဆိုေသာ္ အဆိုပါကင္မရာမွာ လမ္းေဘးရွိေဈးဆိုင္ေလးတစ္ဆိုင္တြင္တပ္ဆင္ထားေသာ ဆိုင္၏သီးသန႔္ကင္မရာျဖစ္ေနေသာေၾကာင့္ပင္တည္း။ ကူယြဲ႕ရွီးမွာ ေလနတ္ဘုရားအဖြဲ႕၏သတင္းေပးသူတစ္ေယာက္မွတဆင့္ ထိုဗီဒီယိုမွတ္တမ္းကိုရရွိခဲ့ျခင္းျဖစ္သည္။

ထိုဗီဒီယိုမွာ အေတာ္ေလးအရည္အေသြးမေကာင္းလွပါေခ်။ ထိုလူမွာ ဗီဒီယိုျမင္ကြင္းထဲတြင္ သူ႕ပုခုံးစြန္းတစ္ဖက္ပါသြားသည္ကိုသတိျပဳမိသြားသည္ႏွင့္တၿပိဳင္နက္ ခ်က္ခ်င္းပင္ ကင္မရာရိုက္ကြင္းရႈေထာင့္အတြင္းမွအလ်င္အျမန္ထြက္ခြာသြားခဲ့ေလသည္။

ကူယြဲ႕ရွီးမွာ ေဆာ့ဖ္ဝဲမ်ားကိုေကာင္းေကာင္းအသုံးမျပဳတတ္ေသာေၾကာင့္ သူ႕ဘာသာသူတစ္ေယာက္တည္း စမ္းတဝါးဝါးျဖင့္ ဟိုဟိုသည္သည္ေလွ်ာက္လုပ္ရင္း ပုံရိပ္ကိုမူလပုံစံအတိုင္းျမင္ရရန္အလို႔ငွာ ခက္ခက္ခဲခဲျပန္လည္ျပဳျပင္ယူေနရရွာသည္။

ဒုအဖြဲ႕ေခါင္းေဆာင္ျဖစ္သူသည္ကား အၿမဲတေစတည္ၿငိမ္းေအးေဆးသူတစ္ေယာက္ျဖစ္သည္__ေလနတ္ဘုရားအဖြဲ႕၏ေက်ာရိုးမ႑ိဳင္ျဖစ္ၿပီး ထူးခြၽန္ထက္ျမက္ကာ အဆင့္ျမင့္ပညာေရးကိုသင္ယူခဲ့ရသူတစ္ဦးကဲ့သို႔ႏွယ္။ သို႔ေသာ္ သူမမွာ အံ့ဩစရာေကာင္းစြာပင္ စာဖတ္ျခင္းအမႈ၌ ကိုးယိုးကားယားနိုင္ေလာက္ေအာင္တုံးအသူတစ္ဦးျဖစ္လို႔ေနသည္။ သူမသည္ကား အရည္အခ်င္းညံ့ဖ်င္းေသာ ေက်ာင္းသူေလးတစ္ဦးကဲ့သို႔ႏွယ္၊ စာဖတ္ရာတြင္ စာပိုဒ္မ်ားကို ေဘာပင္ျဖင့္တစ္လုံးခ်င္းေထာက္၍ဖတ္သည့္အျပင္ စကားလုံးမ်ားကို ႏႈတ္မွလည္းလိုက္၍ေရ႐ြတ္ေနေသးသည္။ တစ္ခါတရံတြင္ စာသားမ်ား၏ဆိုလိုရင္းအဓိပၸာယ္ကိုသေဘာေပါက္ရန္အတြက္ အႀကိမ္ေပါင္းမ်ားစြာ အေရွ႕အေနာက္အျပန္ျပန္အလွန္လွန္ဖတ္ရႈရေလသည္။

မနက္အေစာပိုင္းအခ်ိန္မွစတင္၍ ေန႕လယ္ပိုင္းသို႔ေရာက္လာသည့္တိုင္ေအာင္  ခက္ခက္ခဲခဲႀကိဳးစားၿပီးသည့္ေနာက္တြင္မူ ကူယြဲ႕ရွီးသည္ကား ေနာက္ဆုံး၌ ဗီဒီယိုျမင္ကြင္းမ်ားကို အနည္းငယ္ပို၍ၾကည္လင္ျပတ္သားသြားေအာင္လုပ္ေဆာင္နိုင္ခဲ့ၿပီး ထိုလက္ေပၚတြင္ပတ္ထားသည့္ ‘လက္ပတ္နာရီ’ ကိုရွင္းလင္းျပတ္သားစြာေတြ႕ျမင္လိုက္ရေလေတာ့သည္။

ထိုနာရီမွာ ေၾကးထည္ျဖင့္ျပဳလုပ္ထားၿပီး အေပၚယံမ်က္ႏွာျပင္ေပၚတြင္လက္တံတစ္ေခ်ာင္းတည္းသာရွိ၏။ ေအာက္ေျခတြင္မူ ေရွးေဟာင္းတ႐ုတ္စာလုံးမ်ားကို ႁပြတ္သိပ္ၾကပ္ညပ္စြာေရးသားထားသည္__ထိုအရာမွာ ေၾကးဝါေရာင္သံလိုက္အိမ္ျမႇောင္တစ္လုံးျဖစ္သည္။

ကူယြဲ႕ရွီးမွာ ထိုင္ခုံကိုေက်ာမွီခ်လိဳက္ရင္း အသက္ရႉသံမွာလည္း အတုန္တုန္အယင္ယင္ျဖစ္လာသည္__ထိုသံလိုက္အိမ္ျမႇောင္သည္ကား သူမအတြက္ မည္သည့္အခါမွေမ့ေပ်ာက္သြားနိုင္မည္မဟုတ္ေသာ ပစၥည္းတစ္ခုျဖစ္ေလသည္။

လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက သူမထိတ္လန႔္ေၾကာက္႐ြံ႕ေနခ်ိန္၌ ခႏၶာကိုယ္အေႏြးဓာတ္ကိုသယ္ေဆာင္ထားေသာ အဆိုပါသံလိုက္အိမ္ျမႇောင္ေလးကို လူတစ္ေယာက္က သူမ၏လက္ထဲသို႔ထိုးထည့္ေပးခဲ့တာျဖစ္သည္။ ထိုလူက ေျပာခဲ့သည္။

“လက္တံေနာက္ကိုလိုက္သြား….သူ႕ကိုယုံၾကည္လိုက္…မေၾကာက္နဲ႕….ေကာင္မေလး...ဒီေၾကးဝါသံလိုက္အိမ္ျမႇောင္က ငါ့ရဲ႕ဘိုးဘြားအေမြပစၥည္းပဲ…ဒါေၾကာင့္ မင္းထြက္လာတဲ့အခ်ိန္က်ရင္ ငါ့ကိုျပန္ေပးရမယ္ေနာ္”

ကူယြဲ႕ရွီးမွာ စာေပပညာကိုမသင္ယူခဲ့ရဖူးသလို တစ္ရက္တေလေတာင္မွ ေက်ာင္းတက္ခဲ့ဖူးျခင္းမရွိပါေခ်။ သူ စာေကာင္းေကာင္းမဖတ္နိုင္ရျခင္း၏အေၾကာင္းရင္းမွာ သူမ၏အသက္ (၁၇)ႏွစ္အ႐ြယ္သို႔ေရာက္ေသာအခါမွသာလွ်င္ မူႀကိဳအတန္းမွစာမ်ားကို အြန္လိုင္းမွတဆင့္သင္ယူခဲ့ရရွာၿပီး အရာအားလုံးကို ‘တစ္’ မွစ၍သင္ယူခဲ့ရေသာေၾကာင့္ျဖစ္သည္။

အသက္ (၁၇) ႏွစ္မျပည့္ခင္က သူမတြင္ ကိုယ္ပိုင္အမည္နာမတစ္ခုေတာင္မရွိခဲ့ပါေခ်။

သူမ ဤေနရာသို႔ပထမဆုံးေရာက္ရွိလာစဥ္အခါက အသက္မျပည့္ေသးသည့္အတြက္ ႐ုံးက သူမအတြက္ ယာယီအုပ္ထိန္းသူတစ္ေယာက္ကိုခန႔္အပ္ေပးခဲ့သည္။ သူမ၏အုပ္ထိန္းသူမွာ လူ႕စြမ္းအားအရင္းအျမစ္ဌာနမွ အစ္မႀကီးတစ္ေယာက္ျဖစ္ၿပီး သူမ၏မ်ိဳးရိုးနာမည္မွာ ‘ကူ’ ျဖစ္သည္။ လူအစစ္နာမည္ႏွင့္မတူသည့္ ‘ယြဲ႕ရွီး’ ဟူသည့္အမည္မွာမူ ဝမ္ဇယ္ေပးထားေသာနာမည္ျဖစ္သည္။ ထိုအခ်ိန္က ေခါင္းေဆာင္ဝမ္သည္ကား ေလနတ္ဘုရားအဖြဲ႕သို႔ဝင္လာကာစ လူငယ္ေလးတစ္ဦးျဖစ္သည္။ အႏွီ႐ႊတ္ေနာက္ေနာက္ေျပာင္ေခ်ာ္ေခ်ာ္နိုင္လွေသာ ဂိမ္းသမားလူငယ္ေလးသည္ကား ဗီဒီယိုဂိမ္းထဲမွ အမ်ိဳးသမီးဇာတ္ေကာင္တစ္ေကာင္၏
နာမည္ကို တိုက္ရိုက္ခိုးယူကာ သူမကို ထိုအမည္မွည့္ေပးခဲ့ျခင္းျဖစ္ေလသည္။

႐ႊမ္းက်ီးေျပာခဲ့ေသာစကားမ်ားမွာ မွန္ကန္လွသည္။ ေဖာက္ထြင္းျမင္နိုင္ေသာအစြမ္းသတၱိမွာ ဤကမာၻေလာကႀကီးႏွင့္အဆင္ေျပကိုက္ညီရန္မလြယ္ကူလွေသာ စြမ္းရည္တစ္မ်ိဳးျဖစ္သည္။ လြန္ခဲ့ေသာဆယ္စုႏွစ္မ်ားအတြင္း၌ အဆိုပါမ်က္လုံးမ်ားသည္ကား ကူယြဲ႕ရွီးဘဝအတြက္ က်ိန္စာမ်ားသာအၿမဲတေစျဖစ္ခဲ့ေလသည္။

သူမသည္ကား ေမြးလာစဥ္ကတည္းက သူမ၏မ်က္လုံးေပၚတြင္ ထူးျခားေသာအျမႇေးပါးတစ္လႊာဖုံးလႊမ္းေနခဲ့တာျဖစ္သည္။ လိုင္စင္မရွိေသာေဆးခန္းတစ္ခုမွ ရမ္းကုသမားေတာ္တစ္ေယာက္က သူမမွာ ေမြးရာပါမ်က္လုံးကန္းေနျခင္းျဖစ္ေၾကာင္းေျပာၾကားခဲ့ၿပီးေနာက္တြင္မူ သူမ၏မိဘမ်ားသည္ကား သူ႕ကိုစြန႔္ပစ္ခဲ့ၾကေလသည္။

သူမမွာ ကံမေကာင္းခဲ့ပါေခ်။ စိတ္ေကာင္းႏွလုံးေကာင္းရွိေသာလူသားတစ္ေယာက္ သို႔မဟုတ္ အစိုးရလူမႈဝန္ထမ္းကယ္ဆယ္ေရးဌာနတစ္ခုက သူ႕ကိုေတြ႕မသြားေသးခင္မွာပင္ သူခိုးဂိုဏ္းတစ္ဂိုဏ္း၏ေကာက္ယူေခၚေဆာင္သြားျခင္းကိုခံခဲ့ရရွာသည္။ အဆိုပါ သူခိုးဂိုဏ္း၏လုပ္ငန္းနယ္ပယ္မွာက်ယ္ျပန႔္လြန္းလွၿပီး တစ္ခါတရံတြင္ မသန္စြမ္းကေလးသူငယ္မ်ားကိုစုေဆာင္းျခင္းမ်ိဳးလည္းရွိတတ္သည္။ မ်က္စိမျမင္ရေသာ သူမကိုေတြ႕သြားၾကေသာအခါ သူမအား ‘သဘာဝမွေပးေသာလက္ေဆာင္’ တစ္ခုသဖြယ္ထင္မွတ္ခဲ့ၾကသည္။ သို႔ေသာ္ သူမကို ေကာက္ယူၿပီး မ်ားမၾကာမီမွာပင္ သူမမ်က္လုံးေပၚရွိအျမႇေးပါးမွာ ပါးသထက္ပါးလႊာလာၿပီး ေနာက္ဆုံးတြင္ လုံးလုံးလ်ားလ်ားကြာက်သြားေလေတာ့သည္။

သူမသည္ကား မိုးနတ္မင္းႀကီး၏ေကာင္းခ်ီးေပးမႈကိုမခံရသူတစ္ဦးျဖစ္ေကာင္းျဖစ္နိုင္သည္။ အစပိုင္းတြင္ ထိုလူမ်ားသည္ကား လက္မ်ားျဖင့္ သူ႕မ်က္လုံးကိုထိုးေဖာက္ကာ မ်က္လုံးကန္းေအာင္လုပ္ရန္ႀကိဳးစားခဲ့ၾကသည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ သူ႕မ်က္ဆံမ်ားမွာ အခ်ိဳ႕ေသာတိရစာၦန္မ်ား၏မ်က္လုံးမ်ားကဲ့သို႔ပင္ ပုံသဏၭာန္အလ်င္အျမန္ေျပာင္းလဲနိုင္ေၾကာင္းသိရွိသြားၾကသည္။ မ်ားမၾကာမီအခ်ိန္တြင္း၌ ထိုလူမ်ားသည္ကား သူမ၏ထူးျခားစြမ္းရည္ကိုေတြ႕ရွိသြားၾကေလေတာ့သည္__ဤကေလးမေလး၏မ်က္လုံးမ်ားသည္ကား ပုံသဏၭာန္ေျပာင္းလဲသြားခ်ိန္တြင္ အရာဝတၳဳမ်ားကိုေဖာက္ထြင္းျမင္နိုင္စြမ္းရွိေသာ အားေကာင္းသည့္ေဖာက္ထြင္းအျမင္အာ႐ုံစြမ္းရည္တစ္မ်ိဳးရွိေနသည္ဟူသည့္အခ်က္ပင္။

ဤသည္ကား ‘ဘုရားသခင္က ထည့္သြင္းေပးထားေသာစြမ္းရည္’ ပင္ျဖစ္သည္။ သူတို႔အလုပ္လုပ္ခ်ိန္တြင္ သူမသည္ကား လူမ်ားက သူတို႔၏ပိုက္ဆံအိတ္ကို မည္သည့္အိတ္ကပ္ထဲတြင္ထည့္ထားသလဲဆိုသည္ႏွင့္ ပိုက္ဆံအိတ္ထဲတြင္ ပိုက္ဆံမည္မွ်ပါသလဲဆိုသည္ကို အတိအက်ေျပာနိုင္၏။ သူမသည္ကား လူမ်ား၏ေက်ာျပင္ကိုေဖာက္ထြင္းကာ သူတို႔၏ဘဏ္အေကာင့္နံပါတ္မ်ားကိုလည္းျမင္ေတြ႕နိုင္စြမ္းရွိသည္။ ေသာ့ခေလာက္ကိုဖြင့္ျခင္းကဲ့သို႔ေသာအလုပ္မ်ိဳးမွာ သူ႕အတြက္ ထမင္းစားေရေသာက္ကိစၥမ်ိဳးသာျဖစ္သည္။ အားလပ္ခ်ိန္မ်ားအတြင္းျပဳလုပ္ေလ့ရွိေသာ ေလာင္းကစား,စားပြဲဝိုင္းမ်ားေပၚ၌ပင္ သူမသည္ကား အၿမဲတေစေအာင္နိုင္သူတစ္ေယာက္ျဖစ္ခဲ့ေလသည္။

သူ႕ေၾကာင့္ပင္ အႏွီသူခိုးဂိုဏ္းမွာ အင္အားႀကီးသထက္ႀကီးမားလာၿပီး ႏွစ္အနည္းငယ္အတြင္းမွာပင္ သူခိုးဂိုဏ္းငယ္ေလးအဆင့္မွသည္ ရာဇဝတ္ဂိုဏ္းႀကီးတစ္ဂိုဏ္းအျဖစ္ႀကီးထြားလာခဲ့သည္။ သို႔ေသာ္ အဖြဲ႕ဝင္မ်ား၏စိတ္သေဘာထားမ်ားမွာမူ ႀကီးထြားလာေသာအဖြဲ႕အစည္းေနာက္သို႔အမီမလိုက္နိုင္ၾကပါေခ်__သူတို႔၏အတၱမာနမ်ားမွာလည္း ႀကီးသထက္ႀကီးထြားလာကာ ေနာက္ဆုံး၌ေပါက္ကြဲပြင့္ထြက္သြားၾကေလေတာ့သည္။ ေရွးေဟာင္းသမိုင္းဝင္အေမြအႏွစ္ပစၥည္းမ်ားကိုခိုးယူေသာ လုပ္ငန္းစဥ္တစ္ခုအတြင္း ထူးျခားစြမ္းရည္ပိုင္ရွင္မ်ားျဖင့္ဖြဲ႕စည္းထားေသာ နိုင္ငံတကာရာဇဝတ္မႈထိန္းခ်ဳပ္ေရးအဖြဲ႕အစည္း၏ဖမ္းဆီးျခင္းကိုခံလိုက္ရၿပီး အေမွာင္ထုမွာ အျခားေသာအေမွာင္ထု၏ဝါးမ်ိဳျခင္းကိုခံလိုက္ရရွာေတာ့သည္။

အဖြဲ႕သားမ်ားအားလုံးတစ္ေယာက္မက်န္ေသဆုံးသြားၾက၏။ ကူယြဲ႕ရွီးသာလွ်င္ သူ၏ထူးျခားစြမ္းရည္ေၾကာင့္အသက္ရွင္က်န္ရစ္ခဲ့တာျဖစ္သည္။

သူမမွာ ဆယ္ႏွစ္လုံးလုံး စိတ္စြမ္းအင္အမ်ိဳးအစားထူးျခားစြမ္းရည္ျဖင့္ျပဳလုပ္ဖန္တီးထားေသာ အထူးအက်ဥ္းေထာင္တစ္ခုအတြင္း၌ တိရစာၦန္တစ္ေကာင္ပမာ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရရွာ၏။

ထို ‘စိတ္စြမ္းအင္’ အက်ဥ္းေထာင္အတြင္း၌ သူမ၏အာ႐ုံခံစားမႈမ်ားအားလုံးမွာပိတ္ဆို႔ခံထားရၿပီး ျပင္ပေလာကႀကီးႏွင့္လည္း အဆက္အသြယ္ျဖတ္ေတာက္ခံထားရတာျဖစ္သည္။ ထိုလူမ်ားသည္ကား သူမ၏မ်က္လုံးမ်ားကိုလိုအပ္လာသည့္အခ်ိန္မဟုတ္သေ႐ြ႕ကေတာ့ အက်ဥ္းေထာင္အတြင္း၌ သူမ ‘ျမင္ေတြ႕’ ရသမွ်အရာအားလုံးမွာ ပုံရိပ္ေယာင္မ်ားသာျဖစ္ၾကသည္။ ထိုသူမ်ား၏ခြင့္ျပဳခ်က္မရွိပါက သူမမွာ ထမင္းတစ္နပ္ေတာင္စားခြင့္မရွိပါေခ်။ အနာက်င္ရဆုံးကိစၥမွာကား စိတ္စြမ္းအင္အက်ဥ္းေထာင္သည္ကား သီးသန႔္ဆန္ၿပီး အထီးက်န္စရာေကာင္း႐ုံတင္မဟုတ္ဘဲ အခ်ိဳ႕ေသာစိတ္စြမ္းရည္ပိုင္ရွင္ေကာင္စုတ္မ်ားသည္ကား ေတြးၾကည့္၍ပင္မရနိုင္ေသာ နည္းလမ္းမ်ိဳးစုံျဖင့္ သူမအားညွင္းပန္းႏွိပ္စက္ၾကျခင္းျဖစ္သည္။ သူမမွာ စိတ္စြမ္းအင္အက်ဥ္းေထာင္ထဲတြင္ အရိုးတျခားအသားတျခားျဖစ္ေအာင္ ႏုပ္ႏုပ္စင္းခံေနရေသာ္ျငား သူမ၏အစစ္အမွန္ခႏၶာကိုယ္မွာမူ အေကာင္းပကတိအတိုင္းရွိေနဆဲျဖစ္သည္__သူမသည္ကား မ်က္လုံးမ်ားအတြက္ ထည့္စရာအခြံတစ္ခုျဖစ္ခဲ့႐ုံသာ။

ကူယြဲ႕ရွီးသည္ကား ‘အသံလွိုင္း’ ကိုအသုံးျပဳကာ သူမ၏ ‘အက်ဥ္းေထာင္’ တံခါးကိုလာေခါက္ေသာ ထိုလူကို မည္သည့္အခါမွေမ့ေပ်ာက္နိုင္ေတာ့မည္မဟုတ္ပါေခ်။ ထိုလူမွာ အခန္းတြင္းသို႔ခ်ိဳးဖ်က္ဝင္ေရာက္လာခ်ိန္၌ အလင္းေရာင္မ်ားကိုပင္ေဆာင္ၾကဥ္းလာခဲ့သေယာင္။ ဒ႑ာရီပုံျပင္မ်ားထဲတြင္ပါေလ့ပါထရွိေသာ ေကာင္းကင္ဘုံမွဆင္းသက္လာသည့္ နတ္ဘုရားတစ္ပါးအလား။

“ငါ မင္းကိုကယ္ဖို႔လာတာ…..မေၾကာက္နဲ႕…ဒါက ငါ့ရဲ႕အလုပ္လိုင္စင္ကတ္ျပား”

“အင္း….စာမဖတ္တတ္ဘူးလား? ကိစၥမရွိဘူး၊ ငါက DCO ကလာတဲ့သူပါ….ငါတို႔ကို ‘ထူးျခားစြမ္းအင္ရဲတပ္သား’ ေတြလို႔ယူဆလို႔ရပါတယ္။ ငါ့နာမည္က ‘ယန္းခ်ိဳးရွန္း’ ပါ”

“မင္း လမ္းမေပ်ာက္ေတာ့ပါဘူး….ငါတို႔မွာ ဒီဟာရွိေနၿပီေလ__”

နိုင္ငံေပါင္းစုံပါဝင္ေသာအဆိုပါစစ္ဆင္ေရး၌ ယန္းခ်ိဳးရွန္းသည္ကား တ႐ုတ္ျပည္မွကိုယ္စားျပဳေစလႊတ္ျခင္းခံရေသာ အလြန္အင္မတန္ငယ္႐ြယ္ႏုနယ္လြန္းသည့္ေခါင္းေဆာင္တစ္ဦးျဖစ္သည္။

ထိုစဥ္အခါက ‘အဖြဲ႕ေခါင္းေဆာင္ယန္း’ ျဖစ္ေသာ ယန္းခ်ိဳးရွန္းမွာ မဟာမိတ္အဖြဲ႕အစည္းအတြင္း၌ စကားမ်ားမ်ားစားစားမေျပာတတ္သူတစ္ဦးျဖစ္သည္__ေျပာလို႔လည္းမရေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ဘာသာစကား (၄) မ်ိဳးအနက္ သူသိေသာစကားလုံးမွာ ‘မဂၤလာပါ’ ဟူေသာစကားလုံးတစ္လုံးတည္းသာရွိေသာေၾကာင့္ျဖစ္သည္။ ၾကက္တူေ႐ြးတစ္ေကာင္သည္ပင္ နိုင္ငံျခားဘာသာစကားမ်ားကို သူ႕ထက္ပို၍ ကြၽမ္းကြၽမ္းက်င္က်င္ေျပာဆိုနိုင္ဦးမည္ျဖစ္သည္။ သို႔ျဖစ္ရာ ၎မွာ နိုင္ငံတကာအဖြဲ႕ဝင္မ်ားႏွင့္ဆက္သြယ္ရာ၌ လက္ဟန္ေျခဟန္အမူအရာျဖင့္သာေျပာဆိုဆက္သြယ္နိုင္ရွာသည္။ သို႔ေသာ္ အႏွီ ‘ကိုေ႐ႊအ’ မွာ အံ့ဩစရာေကာင္းစြာပင္ အဖြဲ႕သားမ်ားအားလုံးႏွင့္ အလြန္အင္မတန္ေပါင္းသင္းဆက္ဆံေရးေကာင္းသူတစ္ဦးျဖစ္၏။ ၎မွာ အရည္အခ်င္းရွိၿပီး ယုံၾကည္အားကိုးရသူတစ္ဦးျဖစ္႐ုံသာမက အျခားတစ္ဖက္တြင္လည္း သူၿပဳံးရယ္လိုက္ခ်ိန္တြင္ ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္ႏွင့္တူၿပီး ဤကမာၻေလာကႀကီးေပၚရွိအရာအားလုံးတြင္ ေပ်ာ္႐ႊင္ဖြယ္ဇာတ္သိမ္းမ်ိဳးသာရွိၾကသည္ဟု ခံယူထားသူတစ္ေယာက္ႏွင့္တူသည္ဟူ၍ပင္ အျခားလူမ်ားကေျပာဆိုေလ့ရွိၾကသည္။

ပုံရိပ္ေယာင္မ်ားျဖင့္ျပည့္ႏွက္ေနေသာ စိတ္စြမ္းအင္အက်ဥ္းေထာင္အတြင္း၌ ထိုသူက သူမလက္ထဲသို႔ ေၾကးဝါေရာင္သံလိုက္အိမ္ျမႇောင္တစ္လုံးကိုထိုးထည့္ေပးခဲ့ၿပီး သူမအား လက္တံၫႊန္ျပရာေနာက္သို႔လိုက္ရန္ေျပာဆိုခဲ့ကာ ဆယ္ႏွစ္ေက်ာ္မွ်ကင္းကြာေနေသာ အစစ္အမွန္ကမာၻေလာကႀကီးဆီသို႔ ျပန္လည္ေခၚေဆာင္ေပးခဲ့သည္။

သို႔ေသာ္ျငား ေခါင္းေဆာင္ယန္းသည္ကား ‘ဘိုးဘြားအေမြပစၥည္း’ ျဖစ္ေသာ အႏွီသံလိုက္အိမ္ျမႇောင္အေၾကာင္းကိုေမ့ေလ်ာ့သြားပုံရၿပီး မည္သည့္အခါကမွျပန္မေတာင္းေတာ့ပါေခ်။ ဤသို႔ျဖင့္ ထိုပစၥည္းမွာ ကူယြဲ႕ရွီးအား ေလးႏွစ္တိုင္တိုင္အေဖာ္ျပဳေပးခဲ့ေလသည္။ ျပင္ပကမာၻေလာကႀကီးႏွင့္ဆယ္ႏွစ္ေက်ာ္မွ်အဆက္အသြယ္ျပတ္ေနခဲ့ေသာ သူမမွာ စိတ္အက်ဥ္းေထာင္မွလြတ္ေျမာက္လာၿပီးသည့္တိုင္ေအာင္ အမွန္တကယ္တည္ရွိေသာခံစားမႈမ်ိဳးကိုခံစားနိုင္ရန္ခက္ခဲေနဆဲျဖစ္သည္။ ကူယြဲ႕ရွီးမွာ အားကိုးစရာအမွတ္အသားပစၥည္းတစ္ခုကိုလိုအပ္ေနခဲ့တာျဖစ္ၿပီး သံလိုက္အိမ္ျမႇောင္၏လက္တံကိုၾကည့္လိုက္ခ်ိန္မွသာလွ်င္ မိမိသည္ကား အစစ္အမွန္ကမာၻေလာကႀကီးအတြင္း၌ ေရာက္ရွိေနတာျဖစ္ေၾကာင္း အတည္ျပဳနိုင္ခဲ့တာျဖစ္သည္။

ကူယြဲ႕ရွီးမွာ ေပါင္းသင္းဆက္ဆံေရးမေကာင္းသူျဖစ္သည့္အျပင္ ေဖာ္ေဖာ္ေ႐ြေ႐ြလည္းမရွိ။ ထို႔အျပင္ သူမ၏ ‘ဓမၼတာ’ အတိုင္းမဟုတ္ေသာထူးျခားစြမ္းရည္ႏွင့္ ရႈပ္ေထြးေသာမိသားစုေနာက္ေၾကာင္းရာဇဝင္မ်ားကိုထပ္ေပါင္းထည့္လိုက္ေသာအခါတြင္မူ ၎မွာ တစ္စုံတစ္ခုကိုေထာက္လွမ္းေနသကဲ့သို႔ အျခားလူမ်ားကိုအၿမဲတေစခံစားေစရေလသည္။ လူငယ္ထူးျခားစြမ္းရည္ေလ့က်င့္ေရးစင္တာ၌ရွိစဥ္အခါက သူ႕ခမ်ာ လူတိုင္း၏ဖယ္ၾကဥ္ျခင္းကိုခံရ၏။ ထိုအခ်ိန္၌ သူ႕ကို မၾကာခဏလာေတြ႕ေလ့ရွိေသာ ေခါင္းေဆာင္ယန္းႏွင့္ ေလနတ္ဘုရားအဖြဲ႕သားအခ်ိဳ႕သာလွ်င္ သူ႕အတြက္အားေပးႏွစ္သိမ့္စရာျဖစ္ခဲ့ေလသည္။

ယန္းခ်ိဳးရွန္းသည္ကား ဆယ္ေက်ာ္သက္မိန္းကေလးမ်ားႏွင့္လိုက္ေလ်ာညီေထြေပါင္းသင္းဆက္ဆံတတ္သူမဟုတ္ေပ။ ၎မွာ အလည္ေရာက္လာသည့္အခ်ိန္တိုင္း ေနရာတြင္အေတာင့္သားထိုင္ေနၿပီး ဌာနမႉးတစ္ေယာက္ပမာ သူမ၏သင္ၾကားေရးတိုးတက္မႈျဖစ္စဥ္မ်ားကိုသာေမးျမန္းတတ္၏။ ေမးစရာကုန္သည္ႏွင့္တၿပိဳင္နက္ ေျပာစရာစကားလည္းကုန္သြားၿပီျဖစ္ၿပီး ႏွစ္ေယာက္သားမွာ တစ္ေယာက္ကိုတစ္ေယာက္ ကသိကေအာက္ျဖစ္စြာ ၾကည့္ေနရသည္သာျဖစ္သည္။ သူတို႔၏စကားလမ္းေၾကာင္းက ထူးျခားစြမ္းရည္ေလ့က်င့္ခန္းမ်ားအေၾကာင္းသို႔ေရာက္သြားေသာအခါမွသာလွ်င္ သူ႕ထံမွ အလြန္တရာရွည္လ်ားေသာမိန႔္ခြန္းမ်ားတသီတသန္းႀကီးထြက္ေပၚလာတတ္ေလေတာ့သည္___က်ီးခြၽင္းက သူ႕ကိုစကားစမျဖတ္မခ်င္း ၎မွာ ကမာၻေရေျမအဆုံးထိတိုင္ေအာင္ ထိုအေၾကာင္းကိုေတာက္ေလွ်ာက္ေပ်ာ္ေပ်ာ္ပါးပါးေျပာေနဦးမည့္သေဘာတြင္ရွိသည္။

‘က်ီးခြၽင္း’ မွာ ေခါင္းေဆာင္ယန္း၏ဓားဝိညာဥ္ျဖစ္ၿပီး အၿမဲလိုလို ဓားအတြင္းမွာပင္ ဒဏ္ရာမ်ားကိုကုစားေနေလ့ရွိသည္။ သို႔ေသာ္ တစ္ခါတရံ ေခါင္းေဆာင္ယန္းတစ္ေယာက္ ကသိကေအာက္ျဖစ္စရာေကာင္းေသာ၊ ရွက္စရာေကာင္းေသာစရာေကာင္းေသာ အေျခအေနမ်ိဳးသို႔ေရာက္ရွိေနခ်ိန္တြင္မူ ဓားအျပင္သို႔ထြက္လာတတ္ၿပီး ပတ္ဝန္းက်င္ေလထုကိုသက္ေတာင့္သက္သာျဖစ္ေစရန္ျပဳလုပ္ေပးေလ့ရွိသည္။

လူပုံသဏၭာန္ဖန္ဆင္းထားေသာ က်ီးခြၽင္း၏႐ုပ္သြင္ေၾကာင့္ ကူယြဲ႕ရွီးမွာ မၾကာခဏဆိုသလို သူ၏အသြင္အျပင္အစစ္အမွန္ကိုေမ့ေလ်ာ့သြားတတ္ေလသည္။ ၎မွာ သူမ၏စိတ္ကူးယဥ္အိပ္မက္ထဲမွ အစ္ကိုႀကီးတစ္ေယာက္၏အရည္အခ်င္းမ်ားႏွင့္ လုံးဝဥႆုံၿပီးျပည့္စုံေနသူမ်ိဳးျဖစ္သည္။ ေထာက္ထားညွာတာမႈရွိျခင္း၊ စိတ္ရွည္ျခင္း၊ ႏူးညံ့ေႏြးေထြးျခင္းႏွင့္ မစြမ္းေဆာင္နိုင္ေသာအရာဟူ၍မရွိေသာ အနႏၲတန္ခိုးရွင္တစ္ေယာက္လို။

သို႔ေသာ္ ထိုအခ်ိန္၌ ဌာနခ်ဳပ္က ယန္းခ်ိဳးရွန္းအား ေလနတ္ဘုရားအဖြဲ႕၏ ေနာင္လာမည့္အဖြဲ႕ေခါင္းေဆာင္ရာထူးအတြက္ လ်ာထားသည္ျဖစ္ေလရာ အေရးႀကီးေသာရာထူးကိုလက္ခံရမည့္လူတစ္ေယာက္အတြက္ အခ်ိန္ပိုအလုပ္ဆင္းရျခင္းမွာလည္း ေရွာင္လႊဲလို႔မရနိုင္ေသာကိစၥတစ္ခုျဖစ္လာခဲ့ေလသည္__သို႔ျဖစ္ရာ ေခါင္းေဆာင္ယန္းႏွင့္ က်ီးခြၽင္းတို႔သည္ကား တစ္နိုင္ငံလုံးအႏွံ႕ေျပးလိုက္လႊားလိုက္လုပ္ေနရရွာၿပီး တစ္ခါတရံမွသာလွ်င္ ရသမွ်အခ်ိန္ေလးကိုဖဲ့ၿပီး ကူယြဲ႕ရွီးကိုလာၾကည့္နိုင္ရွာေတာ့သည္။ ထိုအခ်ိန္မ်ားသည္ကား အိုးတစ္လုံး၏ေအာက္ေျခကဲ့သို႔ မည္းနက္ေနေသာ သူမ၏ညဉ့္ေကာင္းကင္ယံထက္ရွိ အဖိုးအနဂၣထိုက္တန္လွေသာ ၾကယ္တာရာမ်ားကဲ့သို႔ပင္။ သူမ၏အုံ႕ဆိုင္းေမွာင္မွိုင္းေနေသာ ဆယ္ေက်ာ္သက္ေကာင္းကင္ယံအား လင္းလက္ေတာက္ပသြားေစနိုင္သည္အထိ လုံေလာက္ေသာအလင္းေရာင္တို႔ကိုမူ ေပးစြမ္းနိုင္ျခင္းမရွိပါေခ်။

သူမမွာ လူငယ္ေလ့က်င့္ေရးစင္တာမွ အထီးက်န္ဆန္စြာျဖင့္ ဘြဲ႕ရလာခဲ့ၿပီး ဘြဲ႕ယူသည့္ေန႕မွာပင္ သူမ၏အခန္းေဖာ္ျဖစ္သူက သူ႕ခရီးေဆာင္အိတ္မ်ားကို အေဆာင္အျပင္ဘက္သို႔လႊတ္ပစ္ခဲ့ေလသည္။ ထို႔ေနာက္တြင္ေတာ့ ကြင္းဆင္းလုပ္ငန္းမ်ားတြင္ အလုပ္သင္အျဖစ္စတင္ဝင္ေရာက္လုပ္ကိုင္ခဲ့ၿပီး လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္းေပါင္းသင္းဆက္ဆံေရးအဆင္မေျပမႈမ်ားေၾကာင့္ အသင္းမွေလးႀကိမ္ဆက္တိုက္ ထုတ္ပယ္ျခင္းခံခဲ့ရသည္။

သူမသည္ကား လမ္းေဘးေခြးတစ္ေကာင္ပမာ သတၱိမ်ားကိုအႀကိမ္ေပါင္းမ်ားစြာစုစည္းကာ လူမ်ားကိုခ်ဥ္းကပ္ရန္ႀကိဳးစားခဲ့ေစကာမူ အႀကိမ္ေပါင္းမ်ားစြာ ရင္ဝသို႔ေဆာင့္ကန္ခံခဲ့ရသည္သာျဖစ္သည္။

ေလးႀကိမ္ေျမာက္ထုတ္ပယ္ခံရသည့္ေန႕ရက္တြင္မူ သူမထံသို႔ အေၾကာင္းၾကားစာေပးပို႔ျခင္းခံခဲ့ရသည္။ ကြင္းဆင္းစစ္ေဆးေရးမ်ားကို ေလးႀကိမ္တိုင္တိုင္က်ရႈံးခဲ့သည့္အတြက္ အရန္ကြင္းဆင္းဝန္ထမ္းအျဖစ္မွ ႏႈတ္ထြက္ရမည္ျဖစ္ေၾကာင္းပင္။ တစ္ဖက္တြင္လည္း ျပည္သူ႕ေထာက္ပံ့ပို႔ေဆာင္ေရးဆိုင္ရာရာထူးမွာ ဘြဲ႕ဒီဂရီတစ္ခုရရွိရန္လိုအပ္သည္__သူမမွာ စာပင္ေကာင္းေကာင္းေရးတတ္ဖတ္တတ္သူမဟုတ္၊ သို႔ျဖစ္ရာ ထိုရာထူးေနရာမ်ိဳးတြင္ဝင္လုပ္ဖို႔ရန္အတြက္လည္း အရည္အခ်င္းမျပည့္မီဘဲျဖစ္ေန၏။ လက္ရွိအခ်ိန္တြင္ သူမမွာအသက္ (၁၈) ႏွစ္ေက်ာ္လြန္သြားၿပီျဖစ္ေသာေၾကာင့္ လူမႈအသိုင္းအဝိုင္းကလည္း သူတို႔လုပ္ေပးနိုင္သည့္ကိစၥမ်ားကိုအတတ္နိုင္ဆုံးလုပ္ေပးခဲ့ၿပီးျဖစ္သည္ဟုယူဆသည့္အတြက္ သူ႕ကိုေနာက္ထပ္မည္သည့္ေထာက္ပံ့မႈမ်ိဳးကိုမွ မေပးေတာ့ပါေခ်။

ေျပာစကားမ်ားအရ ကံၾကမၼာဆိုသည္မွာ ပ်က္စီးသြားေသာလွည္းဘီးတစ္လုံးကဲ့သို႔ပင္။ ခရီးမည္မွ်ပင္သြားခဲ့ပါေစ၊ အႀကိမ္ေရမည္မွ်ပင္ ဘီးလွိမ့္ခဲ့ပါေစ ေနာက္ဆုံးတြင္ မူလအစမွတ္ေနရာသို႔သာျပန္လည္ေရာက္ရွိသြားမည္ျဖစ္သည္။

ကူယြဲ႕ရွီးမွာ အခ်ိန္ေႏွာင္းကာမွ ေနာက္ဆုံး၌ နားလည္သေဘာေပါက္သြား၏။ အခ်ိဳ႕လူမ်ားသည္ကား ဤလူသားကမာၻႀကီးအတြင္းသို႔ေရာက္ရွိလာေသာ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားကဲ့သို႔ပင္၊ ဤေလာကႀကီးအတြင္း၌ေမြးဖြားလာျခင္းကိုက အမွားတစ္ခုျဖစ္ေနတာျဖစ္သည္__စနစ္တစ္ခု၏အမွားကဲ့သို႔ပင္။ အကယ္၍ မိမိေနရာကိုမိမိသိရွိသြားသည္ႏွင့္တၿပိဳင္နက္ ထိုေနရာအတြင္းမွ ျမန္နိုင္ျမန္ျမန္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းထြက္ခြာသြားသင့္သည္။ အဘယ္ေၾကာင့္မ်ား (၂) ခ်ီမွ်ရွိေသာ ေနရာက်ဥ္းက်ဥ္းေလးတစ္ေနရာစာတြင္ ရပ္တည္နိုင္ရန္ႀကိဳးစားအားထုတ္ေနရပါဦးမည္နည္း?

ဒါက နည္းနည္းေလးေတာ့ ေလာဘႀကီးရာက်ေနတာမဟုတ္ဘူးလား?

သူမသည္ကား လူ႕စြမ္းအားအရင္းအျမစ္ဌာနတြင္ ႏုတ္ထြက္စာတင္ခဲ့သည့္ေန႕မွာပင္ အႏွီသံလိုက္အိမ္ျမႇောင္ကို ဂ႐ုတစိုက္သုတ္ေပးၿပီးေနာက္ ေထာက္ပံ့ပို႔ေဆာင္ေရးဌာနတြင္အပ္ႏွံထားခဲ့ၿပီး သူ႕ကိုတဆင့္ျပန္ေပးေပးရန္ေတာင္းဆိုခဲ့သည္။ သူက ယန္းခ်ိဳးရွန္းကိုဆက္သြယ္ျခင္းမရွိသလို ႏႈတ္ဆက္စကားတစ္ခြန္းမွမဆိုဘဲ ထြက္သြားရန္ဆုံးျဖတ္ထားခဲ့တာျဖစ္သည္။ ကူယြဲ႕ရွီးမွာ အေနာက္ဘက္ေတာင္တန္းမ်ားအနီးတြင္ေသာ ေတာရိုင္းတစ္ခုအတြင္း၌တိတ္တဆိတ္ႀကိဳးဆြဲခ်သတ္ေသရန္ႀကံစည္ခဲ့သည္။ ထိုေနရာမွာ လူသူကင္းမဲ့သျဖင့္ မည္သူတစ္ဦးတစ္ေယာက္ကမွ သူ႕ကိုရွာေတြ႕နိုင္မည္မဟုတ္ေသာေၾကာင့္ျဖစ္သည္။ ႀကိဳးျပတ္ေတာက္သြားသည္ႏွင့္တၿပိဳင္နက္ သူမမွာ ေျမႀကီးေပၚသို႔ျပဳတ္က်သြားကာ ေျမေဆြးအျဖစ္ေျပာင္းလဲသြားမည္ျဖစ္ၿပီး မည္သူ႕ကိုမွဒုကၡမေပးေတာ့ဘဲ အစာကြင္းဆက္အတြင္းသို႔ျပန္လည္ဝင္ေရာက္သြားနိုင္မည္ျဖစ္သည္။

သို႔ေသာ္ျငား သူမမွာ ေသကံမေရာက္ သက္မေပ်ာက္ခဲ့ပါေခ်။ ယန္းခ်ိဳးရွန္းမွာ ထိုေန႕၌ပင္ ဌာနခ်ဳပ္သို႔သတင္းပို႔ရန္ျပန္လည္ေရာက္ရွိလာခ်ိန္ႏွင့္ႀကဳံႀကိဳက္သြားခဲ့သည္။ ၎မွာ သံလိုက္အိမ္ျမႇောင္ကိုလက္ခံရရွိၿပီးေနာက္ တစ္ခုခုမူမမွန္ေၾကာင္းခံစားမိသြား၏။ သို႔ျဖစ္ရာ ယခုေလးတင္ ခရီးမွျပန္ေရာက္လာေသာ ေခါင္းေဆာင္ယန္းသည္ကား နည္းနည္းေလးေတာင္မွအနားမယူေတာ့ဘဲ ေလနတ္ဘုရားအဖြဲ႕သားမ်ားကိုေခၚေဆာင္ကာ သူမကို တစ္ေန႕လယ္ခင္းလုံးလိုက္လံရွာေဖြခဲ့ေလသည္။ ေနာက္ဆုံးမိနစ္ပိုင္းေလးအတြင္းမွာပင္ က်ီးခြၽင္းက သူမ၏ႀကိဳးကိုျဖတ္ေတာက္ပစ္နိုင္ခဲ့တာျဖစ္သည္။

က်ီးခြၽင္း၏ဓားသြားမွာ ထက္ျမသေလာက္ လူကမူ အေတာ္ေလးကိုႏူးညံ့ေပ်ာ့ေပ်ာင္းကာ စိတ္ထိခိုက္ခံစားလြယ္သူတစ္ဦးျဖစ္၏။ ၎မွာ သူ၏ဓားသြားကိုအသုံးျပဳကာ မီတာသုံးဆယ္အကြာအေဝးမွေန၍ ႀကိဳးကြင္းအား ေသခ်ာေပါက္ကိုစတိုင္က်က်ျဖတ္ေတာက္ပစ္နိုင္ခဲ့ေသာ္ျငား သူ႕လက္မ်ားမွာကတုန္ကယင္ျဖစ္ေနေသာေၾကာင့္ သူမ၏ေသြးခုန္ႏႈန္းကိုစမ္းသပ္လို႔မရနိုင္ဘဲ သူမ ေသသြားၿပီအထင္ျဖင့္ မ်က္ရည္လည္႐ႊဲ ငိုႀကီးခ်က္မျဖစ္သြားခဲ့ရွာေတာ့သည္။ ေနာက္ပိုင္းတြင္မူ ‘က်ီးခြၽင္းကို လန႔္ငိုေအာင္လုပ္နိုင္သည္’ ဟူသည့္စကားမွာ ေလနတ္ဘုရားအဖြဲ႕သားမ်ားအတြင္း၌ ေျပာစမွတ္တြင္စရာဟာသတစ္ခုအျဖစ္က်န္ရစ္ခဲ့ေလေတာ့သည္။ တပ္ဖြဲ႕အတြင္းသို႔အသစ္ဝင္ေရာက္လာသူတိုင္းမွာ အႏွီစကားကိုၾကားေသာ္ ေနာက္ကြယ္မွဇာတ္လမ္းအစစ္အမွန္ကိုမသိၾကဘဲ သူမအား အလြန္အမင္းစြမ္းအားႀကီးမားသူတစ္ဦးျဖစ္မည္ဟုထင္မွတ္သြားတတ္ၾကသည္။

က်ီးခြၽင္းသည္ကား သူမကို အျခားလူမ်ားထပ္မံအနိုင္က်င့္ၾကမည္ကိုစိုးရိမ္ေသာေၾကာင့္ ထိုဟာသအေၾကာင္းကိုမရွင္းျပသည့္အျပင္ သူမအားထင္ရွားေက်ာ္ၾကားသူတစ္ေယာက္အျဖစ္တြန္းပို႔ကာ လူမ်ားအား တမင္တကာအထင္အျမင္မွားေအာင္လုပ္တတ္ျပန္သည္။

ထိုစဥ္က ယန္းခ်ိဳးရွန္းမွာ ‘ဒါရိုက္တာယန္း’ အျဖစ္ရာထူးတိုးသြားၿပီးသည့္ေနာက္တြင္မူ သူမ၏စစ္ေဆးအကဲျဖတ္မႈအဆင့္ရလဒ္မ်ားကိုၾကည့္ရႈၿပီးေသာ္ ကြင္းဆင္းလုံၿခဳံေရးဌာန၏အႀကီးအကဲဆီသို႔ ကိုယ္တိုင္ကိုယ္က်သြားေရာက္ေတြ႕ဆုံကာ အထူးတပ္ဖြဲ႕အတြင္းသို႔ဝင္ေရာက္နိုင္ရန္အလို႔ငွာ သူမအတြက္ ရမွတ္သတ္မွတ္ခ်က္တစ္ခုေပးရန္ေတာင္းဆိုခဲ့ေလသည္။

ထိုစဥ္က ဒါရိုက္တာယန္း၏လက္ေထာက္ေနရာတြင္သာရွိေသးေသာ ဝမ္ဇယ္မွာ ေနာက္သလိုေျပာင္သလိုျဖင့္ေျပာခဲ့ေသးသည္။

“ဘယ္သူ႕ကိုမွ ကပ္ဖားရပ္ဖားမလုပ္ဖူးတဲ့ ငါတို႔အစ္ကိုႀကီးက မင္းအတြက္ ေလာင္စုန႔္ကိုေတာင္ မ်က္ႏွာခ်ိဳေသြးခဲ့တာပဲ၊ ငါေတာင္ မနာလိုျဖစ္လာၿပီေနာ္! ငါ့ကိုက်ေတာ့ နည္းနည္းေလးေတာင္ မ်က္ႏွာသာမေပးဘူး....ေဟး…*မရီးေလးက ဘာျဖစ္လို႔ ကြၽန္ေတာ့္ကို ဓားသြားနဲ႕ရိုက္ရတာလဲဗ်ာ! ေခါင္းကိုရိုက္လို႔ ကြၽန္ေတာ္ဦးေႏွာက္ေခ်ာင္သြားရင္ ကြၽန္ေတာ္က မရီးေလးကို အေဖေတာ္လိုက္ၿပီး မရီးေလးဆီကေန ၿခိမ္းေျခာက္ေငြညွစ္မွာေနာ္….”

(T/N

*ဒီေနရာမွာ မရီးေလးဆိုတာ က်ီးခြၽင္းကိုေျပာတာပါေနာ္။ နားလည္မႈလြဲသြားမွာစိုးလို႔ရွင္းျပတာပါ)

ဝမ္ဇယ္၏မစဥ္းစားမဆင္ျခင္ဘဲ ႐ႊတ္ေနာက္ေနာက္ေျပာင္ေခ်ာ္ေခ်ာ္ေျပာလိုက္ေသာစကားတစ္ခြန္းေၾကာင့္ ကူယြဲ႕ရွီးမွာ ေလ့က်င့္ေရးဆင္းေနခ်ိန္အတြင္း ေရကုန္ေရခန္းအားထုတ္ႀကိဳးစားရွာေတာ့သည္။ ေနာက္ဆုံး၌ အကဲျဖတ္စစ္ေဆးပြဲတြင္ သူမမွာ နံရိုးႏွစ္ေခ်ာင္းက်ိဳးသြားရွာၿပီး ခႏၶာကိုယ္တြင္းေသြးထြက္လြန္မႈေၾကာင့္ အေရးေပၚခန္းထဲသို႔ဝင္သြားရေလေတာ့သည္။ ဤသို႔ဤႏွယ္ သူမသည္ကား တစ္ကိုယ္လုံးဒဏ္ရာဒဏ္ခ်က္မ်ားအျပည့္ျဖင့္ ေလနတ္ဘုရားတပ္ဖြဲ႕အတြင္းသို႔ ‘လဲေလ်ာင္း’ ရင္း ဝင္ေရာက္သြားနိုင္ခဲ့တာျဖစ္သည္။

အေတာ္ေလးၾကာမွ သူမ သေဘာေပါက္သြားသည္မွာ အဆိုပါသံလိုက္အိမ္ျမႇောင္သည္ကား အမွန္တကယ္ကိုပင္ ဒါရိုက္တာယန္း၏ဘိုးဘြားပိုင္အေမြပစၥည္းျဖစ္ၿပီး အနည္းဆုံး ၿမိဳ႕တြင္းရွိ ေက်ာင္းေျမကြက္လပ္တစ္ခုစာအက်ယ္အဝန္းရွိသည့္ တိုက္ခန္းတစ္ခန္းစာမွ် တန္ဖိုးရွိေသာအရာျဖစ္သည္ဆိုသည့္အခ်က္ပင္။ သူမမွာ အႏွီသံလိုက္အိမ္ျမႇောင္ကို အသက္ကယ္ေကာက္ရိုးတမွ်င္ပမာသေဘာထားေနတာကို ယန္းခ်ိဳးရွန္းတစ္ေယာက္ျမင္ေတြ႕သြားသည့္အခါ ထိုပစၥည္းကို သူ႕ဆီမွျပန္လည္မေတာင္းယူရက္ေတာ့ဘဲ ႏွစ္အနည္းငယ္မွ် သူမ၏ပိုင္ဆိုင္မႈပစၥည္းတစ္ခုအျဖစ္ေပးထားခဲ့ၿပီး တမင္တကာ ‘ေမ့ေလ်ာ့’ ခံထားလိုက္ေလသည္။

ဤကိစၥႏွင့္ပတ္သက္ၿပီး ဝမ္ဇယ္မွာ အၿမဲတေစေစာဒကတက္ေလ့ရွိသည္။ ၎မွာ ထိုႏွစ္မ်ားအတြင္း အႏွီသံလိုက္အိမ္ျမႇောင္ကိုငွားလို႔မရခဲ့သည့္အတြက္ သူလမ္းေပ်ာက္ခဲ့ရသည့္အကြာအေဝးမ်ားကိုေပါင္းလိုက္မည္ဆိုပါက ကမာၻကိုအႀကိမ္ေပါင္းမ်ားစြာပတ္နိုင္ေလာက္သည္အထိရွည္လ်ားလိမ့္မည္ဆိုသည့္အေၾကာင္းပင္__Senpure နို႔လက္ဖက္ရည္ကိုဝယ္ရန္တန္းစီသူမ်ားထက္ပင္ ပို၍ရွည္လ်ားလိမ့္မည္တဲ့ေလ။ ၎မွာ ေျမပုံကိုၾကည့္တတ္ရန္သာ သင္ယူလိုက္ရရွာ၏။

သူတို႔သည္ကား ပိန္းပိတ္ေအာင္ေမွာင္မည္းေနေသာအက်ဥ္းေထာင္အတြင္းမွ သူမကို ေနာက္တစ္ႀကိမ္ဆြဲထုတ္လာခဲ့ၿပီး ရပ္တည္ရန္ေနရာတစ္ခုေပးကာ သူမကိုလက္ခံေပးခဲ့ၾကသူမ်ားျဖစ္သည္။

ထိုႏွစ္က ႏွစ္သစ္ကူးအႀကိဳေန႕တြင္ သူမကဲ့သို႔ျပန္စရာအိမ္မရွိေသာ ေလနတ္ဘုရားအဖြဲ႕သားမ်ားသည္ကား ဒါရိုက္တာယန္း၏အိမ္သို႔သြားေရာက္ကာ သူမအတြက္ ‘ႀကိဳဆိုပြဲ’ ျပဳလုပ္ေပးခဲ့ၾကသည္__သို႔ေပသိ အႏွီႀကိဳဆိုပြဲခမ်ာ ဒါရိုက္တာယန္း၏လက္ခ်က္ျဖင့္ပင္ ‘ဆူပူႀကိမ္းေမာင္းပြဲ' အျဖစ္ေျပာင္းလဲသြားရွာေတာ့သည္။

အဆိုပါစကားနည္းႏႈတ္နည္းေသာလူသည္ကား သူမ်ားကိုဆူပူဆဲဆိုသည့္ေနရာတြင္ေတာ့ အလြန္အင္မတန္စကားႂကြယ္ေၾကာင္း သိရွိသြားရေလေတာ့သည္။ သူမအား ကိုယ့္ကိုယ္ကိုယ္ေသေၾကာင္းႀကံစည္သည့္ကိစၥမွအစျပဳကာ အကဲျဖတ္စစ္ေဆးပြဲတြင္ ေနာက္ဆက္တြဲရလဒ္မ်ားကိုအေလးမထားသည့္ကိစၥအထိ ဆူပူႀကိမ္းေမာင္းေလသည္။

“ငါတို႔က အေစာင့္အေရွာက္ေတြပဲ၊ ေခြး႐ူးေတြမဟုတ္ဘူး။ မင္းက မင္းရဲ႕အသက္ကိုေတာင္တန္ဖိုးမထားရင္ တျခားလူေတြရဲ႕အသက္ကိုေရာတန္ဖိုးထားလိမ့္မယ္လို႔ ဘယ္လိုလုပ္ယုံၾကည္ရမွာလဲ? မင္းရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ ျပည္သူေတြကေရာ မင္းလို ကြင္းဆင္းဝန္ထမ္းတစ္ေယာက္ကို ဘယ္လိုလုပ္ယုံၾကည္လို႔ရေတာ့မွာလဲ? ငါေတာင္ မင္းကိုမလိုခ်င္ေတာ့ဘူး….တကယ္လို႔သာ…..အင့္!”

က်ီးခြၽင္းက သူ႕ပါးစပ္ထဲသို႔ လုံးလုံးဝိုင္းဝိုင္းဖက္ထုပ္တစ္ခုကို ထိုးထည့္ကာ သူ႕ပါးစပ္ကိုပိတ္လိုက္၏။

ဒါရိုက္တာယန္း၏ေဒါသူပုန္ထေနေသာအမူအရာမွာ အႏွီဖက္ထုပ္ေၾကာင့္ ခ်က္ခ်င္းပင္ေျပေလ်ာ့သြားေလေတာ့သည္။

“ပူလိုက္တာ”

သူက ဗလုံးဗေထြးညည္းတြားလိုက္ရွာသည္။

“ေလွ်ာက္ေျပာမေနနဲ႕”

က်ီးခြၽင္းက အညွာအတာကင္းမဲ့စြာ သူ႕အားေဖာ္ေကာင္လုပ္လိုက္သည္။

“ကြၽန္ေတာ္ ခုနေလးတင္ကမွ ခင္ဗ်ားအတြက္အစမ္းျမည္းၾကည့္ၿပီးသား၊ နည္းနည္းေလးမွမပူပါဘူး”

ဒါရိုက္တာယန္းမွာ တေအာင့္ၾကာမွ တစ္စုံတစ္ရာကိုသေဘာေပါက္သြားဟန္ျဖင့္ ႐ုတ္ခ်ည္းပင္ မ်က္ႏွာနီျမန္းသြားၿပီး ပါးစပ္ပိတ္သြားရွာ၏။ က်ီးခြၽင္းက ဒါရိုက္တာယန္း၏ပိုလွ်ံေနေသာအဆုတ္စြမ္းအားမ်ားကိုအခ်ည္းႏွီးမျဖစ္ေစရန္အလို႔ငွာ သူ႕အား ေလပူေဖာင္းမႈတ္ခိုင္းၿပီး အေဝးသို႔တြန္းပို႔လိုက္ေလေတာ့သည္။

ထိုအခ်ိန္မွစတင္ကာ သူမဒဏ္ရာအနာတရတစ္ခုရရွိလာခ်ိန္တိုင္း ဒါရိုက္တာယန္း၏ဆူပူႀကိမ္းေမာင္းျခင္းကို အၿမဲလိုလိုခံရသည္။ ႏွစ္သစ္ကူးအႀကိဳေန႕တိုင္းတြင္လည္း သူမအတြက္ သြားစရာေနရာတစ္ေနရာအၿမဲရွိခဲ့သည္။ ႏွစ္သစ္ကူးေခါင္းေလာင္းသံမ်ားပ်ံ့လြင့္လာခ်ိန္တိုင္း အထူးစပါယ္ရွယ္ၾကက္ဥဖက္ထုပ္ျပဳတ္မ်ားကို လက္ခံရရွိခဲ့သည္__အဖြဲ႕တြင္းသို႔ သူမထက္ငယ္႐ြယ္သူတစ္ေယာက္ဝင္ေရာက္လာၿပီး သူမ၏ ‘အငယ္ဆုံး’ ရာထူးႏွင့္ သူမ၏ၾကက္ဥဖက္ထုပ္မ်ားကိုလုယူမသြားခင္အခ်ိန္ထိပင္__သူမမွာ တစ္ဖက္တြင္ ဝမ္ဇယ္၏ ‘မ်က္ႏွာသာေပးျခင္းမခံရေသာ’ အဖြဲ႕အတြင္းသို႔ ေအာင့္သက္သက္ျဖင့္ဝင္ေရာက္သြားရေသာ္ျငား က်န္တစ္ဖက္တြင္မူ ထိုစဥ္က သူမကဲ့သို႔တုံးအအႏုံခ်ာခ်ာျဖစ္ေနသည့္အဖြဲ႕ဝင္အသစ္ေလးမ်ားကို ကာကြယ္ေစာင့္ေရွာက္ေပးရန္သင္ယူခဲ့ေလသည္။

ထိုႏွစ္မွစတင္၍ တစ္ႏွစ္ၿပီးတစ္ႏွစ္ ကမာၻေရေျမဆုံးသည့္တိုင္ေအာင္ ထိုပုံရိပ္၏ေနာက္သို႔ လိုက္လာနိုင္လိမ့္မည္ဟု သူမထင္မွတ္ခဲ့မိသည္။

သို႔ေသာ္ျငား…..

ကူယြဲ႕ရွီးက ေစာင့္ၾကည့္ကင္မရာမွတ္တမ္းအတြင္းရွိ ေၾကးဝါေရာင္သံလိုက္အိမ္ျမႇောင္ကို စူးစိုက္ၾကည့္ရႈလိုက္သည္။ သူမ၏အိပ္ေရးပ်က္မႈေၾကာင့္ နီေစြးေနေသာမ်က္လုံးမ်ားထံမွ ေသြးမ်ားပင္စီးက်လာေတာ့မေယာင္။ သုံးႏွစ္တိုင္ခဲ့ၿပီျဖစ္သည္__က်ီးခြၽင္းလည္း မရွိေတာ့။ ဒါရိုက္တာယန္းသည္လည္း ေပ်ာက္ခ်င္းမလွေပ်ာက္ဆုံးသြားခဲ့ေလၿပီ။

တကယ္ပဲ သူလား?

သူက ဘာျဖစ္လို႔ အဲဒီအခ်ိန္မွာ သုံးခြၽမ္းေမွာင္ခိုေဈးနားမွာ ထြက္ေပၚလာရတာလဲ?

ဒါမွမဟုတ္ မေတာ္တဆတစ္ခုခုျဖစ္ၿပီး တစ္ေယာက္ေယာက္က သူ႕ရဲ႕သံလိုက္အိမ္ျမႇောင္ကိုယူသြားတာမ်ားလား?

**********

Continue Reading

You'll Also Like

750K 32.7K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
3M 234K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
676K 39.6K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
2.8M 187K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022