Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေး...

By Neko_san_ZP

1.2M 117K 4.5K

Zawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ More

intro
ဇာတ်ကောင်မိတ်ဆက်(ဇာတ်ကောင်မိတ်ဆက်)
Chapter - 1 (System moon)
Chapter - 2(My Daddy)
Chapter - 3 (Plan - 1 )
Chapter - 4(ဟန်စုမင်)
Chapter - 5(ဒယ်ဒီဆီက နေ့လည်စာ)
Chapter -6 (ထန်းဟော်ရှ)
Chapter -7 (တကယ် နင်းခံရမဲ့သူက ဘယ်သူလဲ)
Chapter - 8 (ဒယ်ဒီ ရောက်နေပြီ)
Chapter - 9 (ငါ့မှာ ဒယ်ဒီရှိတယ်)
Chapter - 10 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-1)
Chapter-11 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-2)
Chapter -12 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-3)
Chapter -13(ဒယ်ဒီက ငါ့မက်မွန်လေးကို ရိုက်ရဲတယ်!)
Chapter-14 (Lavender Rose meaning Love at first sight)
Chapter -15 (ဒယ်ဒီရန်မကြောက် ရေခဲမုန့်ထပ်စားရန်ကြံနေသည့်ရှန်လေး-1)
Chapter -16 (မင်းက ကိုယ့်အပိုင်ပဲ)
Chapter -17(လီရှန်းဟွာ???)
Chapter-18(hot dogလား ကိုယ်လား)
Chapter -19(ဒယ်ဒီ သိသွားပြီ ဟော်ရှ!)
Chapter -20 (ကျန်းယုဝေဆိုသည့် အန်တီကြီးရေ ဒယ်ဒီဘေးနားကနေ out!)
Chapter-21(ဒယ်ဒီက ထူးဆန်းတယ်)
Chapter -22(ဒယ်ဒီ ဒါဘာအခန်းကြီးလဲ)
Chapter-23(ဦး)
Chapter-24 (ကျန်းလင်းရှ)
Chapter -25(ငါ့ကို သူငယ်ချင်းလို့ကော သတ်မှတ်ခဲ့ရဲ့လား)
chapter-26(ရှအန်းထျန်း & ထန်းဟော်ရှ)
Chapter-27(ပင်လယ်ထဲကလက ပုံရိပ်ယောင်သက်သက်ပဲ)
Chapter - 28
Chapter -29(ဒယ်ဒီက နံပါတ်တစ်)
Chapter-30
Chapter-31(ကော့တင်းပါတီနောက်ကလှည့်ကွက်များ-1)
Chapter-32 (ကော့တေးပါတီနောက်ကလှည့်ကွက်များ-၂)
Chapter-33(ကော့တေးပါတီနောက်ကွယ်ကလှည့်ကွက်များ-3)
Chapter -34(ကလေးငယ်ကြောင့် ရူးတော့မယ်)
Chapter-35(ဖက် ဖက် ဖက် ဖက်)
Chapter -36(ဒယ်ဒီက ရှန်လေးကို ပိုချစ်တာပေါ့နော်)
Chapter-37(နောက်ကွယ်ကဖြစ်ရပ်များ-1)
Chapter -38(နောက်ကွယ်ကဖြစ်ရပ်များ-2)
Chapter -39(နောက်ကွယ်က လှည့်ကွက်များ-3)
Chapter -40(Unicode /Zawgyi)
Chapter -41(မင်းက ကိုယ့်အပိုင် ဟော်ရှ)
Chapter -42(ရှန်လေး စိတ်ကောက်ချင်ပေမယ့်...)
Chapter -43(ဒယ်ဒီက ရှန်လေးအပိုင်)
Chapter -44
Chapter -45
Chapter -46
Chapter -48
Chapter -49
not update//
Chapter -50
Chapter -51
Chapter -52
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter -58
Chapter -59
Chapter -60
Chapter -61
Chapter-62
Chapter-63
Chapter-64
Chapter-65
Hello Plz read
//Read//
Chapter -66
Chapter -67
Chapter -68
Chapter-69.1
Chapter-69.2
Chapter -70
Chapter -71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86
Chapter-87
Chapter-88
Chapter-89
Chapter-90

Chapter -47

13.8K 1.2K 66
By Neko_san_ZP

Unicode

ကျန်းလင်းရှ ရုတ်တရက်ထထွက်သွားသည့်လော့ကျန်းပေ့ကြောင့် ကြောင်အသွားတော့သည်၊သူအနောက်ကနေ လိုက်လံတားဆီးပေမယ့် အကြည့်တစ်ချက်တောင် ပေးကမ်းမလားပဲ ကားပေါ်တက်ကာ မောင်းထွက်သွားတော့သည်။

လော့ကျန်းပေ့လာဖို့အတွက် သူဘယ်လောက်ကြိုးစားခဲ့ရလဲ သူသာသိသည်။အခု တစ်ဖက်က ပို့လာသည့်စာစောင်ကြောင့်၊သူ့ကိုပင် အလေးမထားပဲ ထွက်သွားရက်တယ်၊သူဝမ်းနည်းမှာ မစိုးရိမ်ဘူးလား!

ကျန်းလင်းရှ ဖုန်းနံပါတ်တစ်ခုကို စာပို့လိုက်ပြီး အကျိုးအကြောင်းကို စုံစမ်းတော့သည်။ကိစ္စမရှိဘူး လော့အိမ်တော်မှာ သူ့လူတစ်ယောက်ရှိသည်၊ဒါကြောင့် ထိုမှာ ဖြစ်ပျက်သမျှကို သူအနေနဲ့သိရဖို့ သိပ်မခက်ခဲပေ၊ ထိုနောက် တစ်ဖက်က ပြန်ပို့လာသည့် စာစောင်ကြောင့် သူဒေါသတကြီး ဖုန်းကို ရိုက်ခွဲလိုက်တော့သည်။

"လော့ရှန်ဟွာ! ထပ်ပြီးတော့ မင်းပဲလား!" ဘာကြောင့် ငါတို့နှစ်ယောက်ကြားမှာ လိုက်နှောင့်ယှက်နေရတာလဲ၊စီနီယာလော့က ငါ့အပိုင်ဆိုတာ နားမလည်ဘူးလား၊မင်းနဲ့ မထိုက်တန်ဘူးဆိုတာ မသိဘူးလား!

မင်းကို ငါဒီအတိုင်းမထားဘူး၊မင်းကို တစ်စဆီဖျက်ဆီးပစ်မယ်

---------
နောက်တစ်ရက်၊ကျောင်းခန်းအတွင်း၌ လော့ရှန်ဟွာဟာ ပျင်းရိပျင်းတွဲဖြင့် ခုံပေါ်မှာမှောက်ကာနေရင်း ပြတင်းပေါက်ဘက်ကို ကြည့်နေတော့သည်။မနေ့က သူစိတ်လွတ်စွာငိုမိသည်ကို ပြန်တွေးမိရုံဖြင့် ရှက်လွန်းတာကြောင့် ကျောင်းကို အစောကြီးလာခဲ့ခြင်းဖြစ်သည်၊ ဘယ်သူမှမရောက်သေးတာကြောင့် သူလည်း ခဏမှေးစက်နေလိုက်တော့သည်။

"မြတ်စွာဘုရား!! ရှန်ဟွာ မင်းအစောကြီး ဘာလာလုပ်! ဒီနေ့ နေအနောက်ကနေ ထွက်တဲ့နေ့လား" စလာတည်းက ထန်းဟော်ရှရဲ့အသံဟာ ကျယ်လောင်စွာပင် ၊ဒီကောင် ဘာကြောင့် တစ်နေ့ထက်တစ်နေ့ အာကျယ်လာရတာလဲ၊ လော့ရှန်ဟွာ သူ့ရဲ့လက်တွေကို နားပေါ်တင်ကာ မသိချင်ယောင်ဆောင်လိုက်သည်။ဒါပေမယ့် ခင်မင်ရင်းနှီးလာသည်နှင့် မညှာမတာ ဆော်ရဲသည့်ထန်းဟော်ရှ အကျင့်ကို သူဟာ တကယ်မေ့နေခဲ့သည်ဟာ အမှန်ပေ၊

အခုလည်း သူ့ရဲ့ကျောပြင်ကို လွယ်အိတ်နဲ့ ရိုက်ချလိုက်တာကြောင့် သူနာကျင်စွာ မျက်နှာသည်ရှုံ့မဲ့သွားကာ ထန်းဟော်ရှကို ပြစ်ပြစ်နှစ်နှစ်ဆဲရေးဆိုတော့သည်။မှန်သည် ဒါသူတို့နှစ်ယောက်ရဲ့အကျင့်စရိုက်တွေပင်၊

"မင်းက ငါပြောနေတာကို မကြားချင်ယောင်ဆောင်တာကိုး" ထန်းဟော်ရှဟာ တရားမျှတသည့်အသံဖြင့် ပြောလာတာကြောင့် သူခုနက ထုတ်ထားသည့် သစ်သားပေတံနဲ့ ပစ်ပေါက်လိုက်တော့သည်။ဒါပေမယ့် ထန်းဟော်ရှဟာ တကယ်ပင် အရှောင်မြန်လွန်းအားကြီးသည်။

"လက်မတည့်ပဲ လျှောက်ပစ်မနေပါနဲ့ ရှန်ဟွာရ"

"မင်း! နည်းနည်းတည်တည်တံ့တံ့မနေနိုင်ဘူးလား" ဒီကောင်နဲ့ခင်လာရင် ပိုပြီး ဒီကောင်အကျင့်စရိုက်ကို သိရလေလေပဲ၊ရေခဲတုံးကောင်!ဆိုသည့် ဂုဏ်ဘွဲ့တွေ ဘယ်ရောက်သွားပြီလဲ၊

"အဟက်... ငါက မင်းရှေ့ပဲ ဖြစ်တာပါ" ပြောရင်း တစ်ခြားကျောင်းသား၊ကျောင်းသူတွေ ဝင်လာချိန်မှာ ခုနကစပ်ဖြီးဖြီးနဲ့ထန်းဟော်ရှဟာ သူမဟုတ်တော့သလိုနဲ့ လော့ရှန်ဟွာပစ်လိုက်သည့် ပေတံကိုပင် ပြန်ကောက်ပေးပါ သူ့ခုံသူပြန်သွားထိုင်လိုက်သည်။

"ဒီနေ့ ဟန်စုမင် လာမယ်ထင်လား" ထန်းဟော်ရှဟာ သူ့ကိုလှည့်ကာမေးလာတာကြောင့် လော့ရှန်ဟွာ ပခုံးတွန့်ပြကာ သူမသိကြောင်းအမူအရာပြလိုက်သည်။သူ့ဆီလည်း အဆက်အသွယ်မလုပ်လာတာကြောင့် ဟန်စုမင်နဲ့ပတ်သတ်ပြီး သူတကယ်ဘာမှမသိတာ အမှန်ပေ၊စိတ်မဝင်စားလို့ လိုက်မစုံစမ်းတာဆိုရင် ပိုမှန်ကန်မည်။

"မင်း ကျန်းလင်းရှကို သိလား" လော့ရှန်ဟွာဟာ ရှအန်းထျန်းကိုမေးလိုက်သည်။

"နောက်ဆုံးနှစ်စီနီယာတန်းက ကျန်းလင်းရှမလား သိတယ်လေ ဘာဖြစ်လို့လဲ" လို့ ထန်းဟော်ရှက မေးလိုက်တော့ လော့ရှန်ဟွာဟာခေါင်းခါလိုက်ပြီး

"မနေ့က ဆုံခဲ့လို့လေ၊သူက နာမည်ကြီးတာလား ကျောင်းမှာ" ကျန်းလင်းရှအကြောင်းသိပေမယ့် ထန်းဟော်ရှတို့ဘက်က အမြင်ကိုလည်း သူသိစေချင်သည်။

"ဟုတ်မှာပေါ့ ငါတို့အသိုင်းအဝိုင်းမှာတော့ အဲ့လောက်မဟုတ်ပါဘူး ဒါပေမယ့် ကျောင်းမှာတော့ သူတို့ အလှလေးကျန်းလို့ တင်စားကြတယ်လေ...ယောကျာ်းတစ်ယောက်ကို အလှလေးလို့ သုံးတာ ဘာတွေ ဂုဏ်ယူစရာရှိလို့လဲ" ဒါပေါ့ ထန်းအိမ်တော်ဟာ ထန်းဟော်ရှကလွဲ၍ အကုန်လုံးဟာ လူကောင်ကြီးကာ လက်ဝှေ့ပညာကို စိတ်ဝင်စားကျသည်။ထန်းဟော်ရှကတော့ ငယ်ငယ်ကချူချာတာကြောင့် ဝါသနာပါသော်လည်း လေ့ကျင့်ခွင့်မရခဲ့ချေ၊ဒါကြောင့် သူအနေနဲ့ကြည့်ရင် ယောကျာ်းတစ်ယောက်ကို အလှလေးထက် ခန့်ညားသည်ဟု သုံးသင့်ဟု ထင်မှတ်တာ မဆန်းကျယ်ပေ၊

လော့ရှန်ဟွာလည်း ခေါင်းညိတ်လိုက်ရင်း ကျန်းလင်းရှပုံစံကို ပြန်တွေးတောမိသည်။ကျန်းလင်းရှဟာ တကယ်အလှလေးဖြစ်တာ အမှန်ပေ၊သူဟာ နူးညံပြီးကျိုးလွယ်သည့်ပန်းကလေးလိုဖြစ်သည်။အဲ့ဒါအပေါ်ယံပုံစံဖြစ်ပေမယ့် အကျင့်ကတော့ တကယ်မကောင်းပေ၊သူ့ရဲ့ဒယ်ဒီကို လိုချင်နေတယ်၊မနေ့က ဒယ်ဒီက သူ့အတွက် ပြန်ပြေးလာသည်ကို သိလို့ကတော့ ကျန်းလင်းရှ ငြိမ်ငြိမ်နေမည်မဟုတ်ပေ၊

ထိုနောက် ကျောင်းခေါင်းလောင်းထိုးသွားပြီးနောက်မှာ ဆရာသည်လည်းဝင်လာတော့သည်။ဆရာဟာ နာမည်စာရင်းအရင်မခေါ်ဘဲ ကျောင်းသားသစ်နှစ်ယောက် ရောက်လာကြောင်းပြောလာတော့သည်။

"ဝင်ခဲ့"

အားလုံးလည်း စိတ်ဝင်စားစွာ ဝိုင်းကြည့်ကျတော့သည်။ရှေ့ကကျောင်းသားဟာ ဆံပင်အလယ်ခွဲဖြစ်ပြီး အရပ်အနည်းငယ်ပုပေမယ့် ချစ်စရာကောင်းသည်၊ထိုကျောင်းသားဟာ ပြုံးပြလာပြီး ဖော်ရွေသည့်အသံဖြင့် နူတ်ဆက်လာတော့သည်။

"Hello! ငါက မုအိမ်တော်ရဲ့တတိယသား မုချန်းရုံပါ အားလုံးကို ခင်မင်ချင်ပါတယ် ဝိုင်းဝန်းစောင့်ရှောက်ပေးကြပါဦး"

နောက်တစ်ယောက်ကတော့ တော်တော်အရပ်ရှည်သည်။သူဟာ အနည်းငယ်တည်ပြီး သူရဲ့မျက်ဝန်းများဟာ မြွေတစ်ကောင်လို စူးရှနေပေမယ့် အရမ်းကို ကြည့်ကောင်းလွန်းတာကြောင့် မိန်းကလေးအများစုပင်မက ယောကျာ်းလေးချင်းစိတ်ဝင်စားသည့်အောက်ပုဂ္ဂိုလ်ကောင်လေးတွေပင် မျက်နှာများရဲနေကြတော့သည်။

"ငါက ရန်ကောရှီ မကြားသေးခင်ကမှ အနောက်တိုင်းကနေ ပြန်လာတာ၊အမိမြေမှာ ကျောင်းတတ်ရင် ပိုကောင်းမယ်ထင်လို့" ပြောလာပြီးနောက်မှာ ဘာမှဆက်မပြောလာတော့ပေ၊ဒါပေမယ့် တော်တော်များများရဲ့အာရုံဟာ ရန်ကောရှီဆိုသည့်ကျောင်းသားဆီမှာသာ၊

"လွတ်တဲ့နေရာ ဝင်ထိုင်လိုက်... ကဲနောက်ထပ်သတင်းတစ်ခုက ကျောင်းသားဟန်စုမင်ရဲ့အစ်ကိုက ဒီမနက်ဘဲ သူ့ညီအတွက် ကျောင်းထွက်စာလာတင်ပေးသွားတယ်" လို့ ပြောလာပေမယ့် ဘယ်သူမှ အရေးမစိုက်လာပေ၊ဒါကြောင့် ဆရာသည်လည်း ဘာမှဆက်မပြောဘဲ၊နာမည်စာရင်းစစ်လိုက်ပြီးနောက် စာဆက်သင်တော့သည်။

ထိုလိုနဲ့ခဏနားချိန်ရောက်တော့ ကျောင်းသားသစ်နှစ်ယောက်နားမှာ လူတွေစုပြုံနေတော့သည်။ထုံးစံအတိုင်း လော့ရှန်ဟွာနဲ့ထန်းဟော်ရှကတော့ သူတို့လုပ်စရာရှိများသာ သူတို့ဆက်လုပ်နေတော့သည်။

လော့ရှန်ဟွာဟာ လက်တော့အသေးလေးကို ထုတ်လိုက်ပြီး သူ့လုပ်ငန်းစလုပ်ကိုင်ရန် လိုက်စုံစမ်းတော့သည်။ရှင်းရှင်းပြောရရင် သူဟာ လီရှန်းဟွာမဟုတ်တော့ပေ၊ဒါပေမယ့် သူ့အဘိုးစတင်တိုးပွားလာသည့်အတိုင်း သွားရန်ရည်ရွယ်ထားသည်၊သူ့အဘိုးဟာ စားသောက်ဆိုင်အသေးလေးကနေ စတင်ပြီး ဒီထက်မကကြီးထွားလာအောင် လုပ်လာခဲ့တာဟု အမြဲပြောပြတတ်သည်။ဒါကြောင့် လော့ရှန်ဟွာဟာ သူ့ရဲ့အဘိုးကို အရမ်းလေးစားသည်။

သူလည်း စားသောက်ဆိုင်အသေးလေးကနေ စလုပ်ကိုင်ချင်သည်။ရှင်းရှင်းပြောရရင် အသင့်အစားအစာတွေ အလွယ်တကူမှာယူလို့ရနေသည့်ခေတ်မှာ ရိုးရာအစားအသောက်တွေက ထိုးဖောက်ဝင်ရောက်ရန် မလွယ်ကူတော့ပေ၊ဒါပေမယ့် သူသာ မတူညီတဲ့နည်းလမ်းဖွဲ့စည်းပုံနဲ့ထိုးဖောက်ဝင်ရောက်လိုက်မယ်ဆိုရင် ရိုးရာအစားအသောက်လုပ်ငန်းဟာ မြင့်တက်သွားမှာသေချာသည်၊အခု သူ့အနေနဲ့ ဆိုင်ခန်းကို စဉ်းစားရလိမ့်မယ်၊

လော့ရှန်ဟွာ ဆိုင်ခန်းနဲ့ပတ်သတ်သည်ကို ရှာဖွေရင်း ဘေးမှာ တစ်ယောက်ယောက်ရောက်လာတာကြောင့် သူ့ရဲ့laptopကို ပိတ်ချလိုက်ပြီး ရပ်နေသည့်လူကို မော့ကြည့်လိုက်တော့ ကျောင်းသားသစ်နှစ်ယောက်ထဲက မုချန်းရုံဖြစ်နေသည်ကို သိလိုက်ရသည်၊ဒီကျောင်းသားနဲ့ပတ်သတ်ပြီး သူအမြင်ဟာ သိပ်မကောင်းပေ၊စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် လူတစ်ယောက်ရဲ့မျက်နှာအမူအရာကို ကြည့်ကာ သူအနည်းအကျဉ်းနားလည်သည်။

"ဟယ်လို ငါက မုချန်းရုံ မင်းကရော"

"လော့ရှန်ဟွာ" လော့ရှန်ဟွာ နာမည်ပြန်မိတ်ဆက်လိုက်ပြီး သူ့ရဲ့စာကိုသာ ဆက်လေ့လာချင်ယောင်ဆောင်နေလိုက်သည်။သူရဲ့လစ်လျူရှုမှုကို ထိုကျောင်းသားနားလည်မည်ဟု မျှော်လင့်တာပေါ့၊

"ငါ မင်းနဲ့ခင်ချင်လို့ပါ... နေ့လယ်စာသွားစားရင် ငါ့ကို ခေါ်လို့ရလား"လို့ ပြောလာတော့ ဒီနေ့ ကုဖုန်းမော့တို့က ကျောင်းကန်တင်းမှာ နေ့လယ်စာတူတူစားမည်ဟု သူတိုရဲ့ငါးယောက်ဖွဲ့ဂရုထဲမှာ ပြောထားသည်ကို သတိရသွားတာကြောင့် လော့ရှန်ဟွာဟာ ငြင်းလိုက်သည်။

"စိတ်မရှိပါနဲ့ နေ့လယ်စာ စားဖို့ တခြားလူတွေကိုပဲ သွားမေးကြည့်လိုက်ပါ"

"ငါက မင်းကို ခင်ချင်လို့ပါ မင်းနဲ့အတူ အချိန်ပိုရချင်လို့" အသံကျယ်ကျယ်နဲ့ပြောလာသည့်မုချန်းရုံရဲ့ရည်ရွယ်ချက်ကို လော့ရှန်ဟွာနားလည်သည်။ခင်ချင်တယ်တဲ့ ဟာသလာလုပ်နေတာလား၊မင်းမျက်ဝန်းထဲက ကောက်ကျစ်မှုတွေကို အရင်ဆေးကြောလိုက်အုန်း၊

"အော် ဆောရီး ငါက သူစိမ်းတွေနဲ့ မစားတတ်ဘူး" လို့ အခက်တွေ့သွားဟန် အမူအရာဖြင့် ပြောလာတာကြောင့် မုချန်းရုံရဲ့နူတ်ခမ်းများကော့တက်သွားတော့သည်။အဆုံးထိ ငြင်းလိုက်စမ်းပါ၊ဒါဆို မင်းရဲ့အတန်းဖော်တွေက မင်းကို ဘယ်လောက်တောင် လူမှုရေးနားမလည်တဲ့သူလို့ တွေးနေကြတော့မလဲ၊

"ဒီကျောင်းသားသစ်က ဘာဖြစ်ချင်နေတာလဲ မသိဘူး၊ရှန်ဟွာက အစထဲ အေးဆေးနေတတ်တာကို နားမလည်ဘူးမလားမသိဘူး"

"သူက အသစ်မို့လို့လေ၊ ငြင်းခံရဖူးရင် မှတ်သွားလိမ့်မယ်"

"ရှန်ဟွာက တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်စရာကောင်းတာပဲ၊ကြည့်ဦး အခက်တွေ့သွားပုံလေးကလည်း ချစ်ဖို့ကောင်းတယ်"

မုချန်းရုံ ဘေးနားက အသံတွေကြောင့် အံ့အားသင့်သွားတော့သည်။ဒီလော့ရှန်ဟွာဆိုတဲ့ကောင်က သူ့အတန်းဖော်တွေရဲ့ယုံကြည်ချက်ကို ဘာလို့ဒီလောက်တောင် ရရှိထားတာလဲ၊ကျောင်းသားတစ်ယောက်ကို မကူညီတဲ့သူတစ်ယောက်ကို ဘာကြောင့် အကောင်းမြင်နေရတာလဲ၊

မုချန်းရုံ သူရဲ့ပစ်မှတ်ကို ထန်းဟော်ရှဆီသာ ကူးပြောင်းလိုက်သည်။

"ဟယ်လို ငါက..."

"မအားဘူး" သူပင် စကားတောင်ပြီးဆုံးအောင် မပြောရသေးဘူး၊တစ်ဖက်ဟာ အေးစက်စက်ဖြင့် တုံးတိဖြတ်ချသွားတော့သည်။ဒါပေမယ့် အတန်းထဲကလူတွေကတော့ ဘာမှမပြောသည့်အပြင် သူတို့ရဲ့မျက်ဝန်းများဟာ အရောင်တွေပင် လင်းလက်တောက်ပနေတော့သည်။

မုချန်းရုံ ခုံမှာထိုင်လိုက်ပြီး သူနဲ့အတူ​ရောက်လာသည့် ကျောင်းသားသစ်ကို ကြည့်လိုက်တော့ ကျောင်းသား၊ကျောင်းသူများ ဝိုင်းဝန်းခံနေရကာ အပြင်သွားရန် ခေါ်နေပေမယ့် ထိုကျောင်းသားဟာ ဘာမှမပြောဘဲ ဖုန်းကိုသာကြည့်နေသည်ကို တွေ့လိုက်ရသည်၊

လူတွေက အေးတိအေးစက်ပုံစံကို သဘောကျနေတာလား၊သူ့ကို နေ့လယ်စာ လာစားရန်ခေါ်တဲ့သူတွေရှိပေမယ့် သူက ထိုလူတွေနဲ့ပတ်သတ်စရာအကြောင်းမှ မရှိတာ၊ဒါပေမယ့် ငြင်းရန်မသင့်တော်ကြောင့် လက်ခံလိုက်တော့သည်။

-*-*-*-*-*-*-*-*-*-*-*-*-*
Chapter -48မျှော်

-------

Zawgyi






---------














"ဝင်ခဲ့"





















"ဟယ်လို ငါက..."




-*-*-*-*-*-*-*-*-*-*-*-*-*
Chapter -48မျှော်

Continue Reading

You'll Also Like

806K 51.7K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...
6.6M 433K 94
Hanary Victor + Loon Tar Nay San
28.8K 4K 11
Oh Sehun ♡ LuHan ရှိခဲ့ဖူးပါသည်​။ တစ်​ချိန်​က သူ... ချစ်​ခဲ့ဖူးပါသည်​။ တစ်​ချိန်​က သူ... လွမ်းဆွတ်​​နေရပါသည်​။ တစ်​ချိန်​က သူ... ရှိခဲ့ဖူးပါသည်​။ တစ...
1.3K 187 8
NCT DREAM × Fanfiction Complete × [ Unicode + Zawgyi ] Start - February 18, 2024 End - March 13, 2024