Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေး...

By Neko_san_ZP

1.2M 117K 4.5K

Zawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ More

intro
ဇာတ်ကောင်မိတ်ဆက်(ဇာတ်ကောင်မိတ်ဆက်)
Chapter - 1 (System moon)
Chapter - 2(My Daddy)
Chapter - 3 (Plan - 1 )
Chapter - 4(ဟန်စုမင်)
Chapter - 5(ဒယ်ဒီဆီက နေ့လည်စာ)
Chapter -6 (ထန်းဟော်ရှ)
Chapter -7 (တကယ် နင်းခံရမဲ့သူက ဘယ်သူလဲ)
Chapter - 8 (ဒယ်ဒီ ရောက်နေပြီ)
Chapter - 9 (ငါ့မှာ ဒယ်ဒီရှိတယ်)
Chapter - 10 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-1)
Chapter-11 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-2)
Chapter -12 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-3)
Chapter -13(ဒယ်ဒီက ငါ့မက်မွန်လေးကို ရိုက်ရဲတယ်!)
Chapter-14 (Lavender Rose meaning Love at first sight)
Chapter -15 (ဒယ်ဒီရန်မကြောက် ရေခဲမုန့်ထပ်စားရန်ကြံနေသည့်ရှန်လေး-1)
Chapter -16 (မင်းက ကိုယ့်အပိုင်ပဲ)
Chapter -17(လီရှန်းဟွာ???)
Chapter-18(hot dogလား ကိုယ်လား)
Chapter -19(ဒယ်ဒီ သိသွားပြီ ဟော်ရှ!)
Chapter -20 (ကျန်းယုဝေဆိုသည့် အန်တီကြီးရေ ဒယ်ဒီဘေးနားကနေ out!)
Chapter-21(ဒယ်ဒီက ထူးဆန်းတယ်)
Chapter -22(ဒယ်ဒီ ဒါဘာအခန်းကြီးလဲ)
Chapter-23(ဦး)
Chapter-24 (ကျန်းလင်းရှ)
Chapter -25(ငါ့ကို သူငယ်ချင်းလို့ကော သတ်မှတ်ခဲ့ရဲ့လား)
chapter-26(ရှအန်းထျန်း & ထန်းဟော်ရှ)
Chapter-27(ပင်လယ်ထဲကလက ပုံရိပ်ယောင်သက်သက်ပဲ)
Chapter - 28
Chapter -29(ဒယ်ဒီက နံပါတ်တစ်)
Chapter-30
Chapter-31(ကော့တင်းပါတီနောက်ကလှည့်ကွက်များ-1)
Chapter-32 (ကော့တေးပါတီနောက်ကလှည့်ကွက်များ-၂)
Chapter-33(ကော့တေးပါတီနောက်ကွယ်ကလှည့်ကွက်များ-3)
Chapter -34(ကလေးငယ်ကြောင့် ရူးတော့မယ်)
Chapter-35(ဖက် ဖက် ဖက် ဖက်)
Chapter -36(ဒယ်ဒီက ရှန်လေးကို ပိုချစ်တာပေါ့နော်)
Chapter-37(နောက်ကွယ်ကဖြစ်ရပ်များ-1)
Chapter -38(နောက်ကွယ်ကဖြစ်ရပ်များ-2)
Chapter -39(နောက်ကွယ်က လှည့်ကွက်များ-3)
Chapter -40(Unicode /Zawgyi)
Chapter -41(မင်းက ကိုယ့်အပိုင် ဟော်ရှ)
Chapter -42(ရှန်လေး စိတ်ကောက်ချင်ပေမယ့်...)
Chapter -43(ဒယ်ဒီက ရှန်လေးအပိုင်)
Chapter -45
Chapter -46
Chapter -47
Chapter -48
Chapter -49
not update//
Chapter -50
Chapter -51
Chapter -52
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter -58
Chapter -59
Chapter -60
Chapter -61
Chapter-62
Chapter-63
Chapter-64
Chapter-65
Hello Plz read
//Read//
Chapter -66
Chapter -67
Chapter -68
Chapter-69.1
Chapter-69.2
Chapter -70
Chapter -71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86
Chapter-87
Chapter-88
Chapter-89
Chapter-90

Chapter -44

14.5K 1.3K 43
By Neko_san_ZP

Unicide

ကားရှေ့မှာ ပိတ်ရပ်နေသည့် ကျန်းလင်းရှကြောင့် ကားဒရိုင်ဘာဟာ အခက်တွေ့သွားဟန်ဖြင့် ကားတံခါးဖွင့်လိုက်ပြီး ကျန်းလင်းရှကို ထွက်သွားရန်ပြောလိုက်သည်။ဒါပေမယ့် ခေါင်းမာနေတာကြောင့် ကားဒရိုင်ဘာမှာ အခက်တွေ့နေတော့သည်။ ထိုချိန်မှာ သူတို့ သခင်လေးဟာ ကားထဲကနေ ထွက်လာတော့တယ်၊

"ဦးလေးဟန် " လော့ရှန်ဟွာဟာ ဒရိုင်ဘာကို ခေါ်လိုက်ပြီးနောက် သူဟာ ကျန်းလင်းရှနဲ့ဦးလေးဟန်နား လျှောက်လာတော့သည်။

"ဒီက အစ်ကိုကျန်းက ဘာကိစ္စရှိလို့ ကျွန်တော့်တို့ ကားရှေ့လာရပ်နေရတာလဲ" လော့ရှန်ဟွာ သူ့ရှေ့ကလူကို မသိသလိုပုံစံနဲ့ဟန်ဆောင်ရင်း မေးလိုက်တယ်၊

"စီနီယာလော့ကို ပြောစရာရှိတယ်" ကျန်းလင်းရှဟာ သူရဲ့လေသံမာသွားသည်ကိုပင် အရေးမစိုက်ပေ၊သူ့အနေနဲ့ လော့ရှန်ဟွာကို ရွံရှာမုန်းတီးတာကြောင့် အခုလိုစကားပြန်ပြောပေးတာပဲ ကျေးဇူးတင်သင့်တယ်၊

"ကျွန်တော့်ကို ပြောလို့ရတယ် ဒယ်ဒီက ခင်ဗျားနဲ့မပြောချင်ဘူး" လော့ရှန်ဟွာဟာ သူ့ဘက်က​တောင် လေသံစလျှော့ပြီး ပြောပေးရဲ့နဲ့အထက်စီးကနေ လာပြောသည့် ကျန်းလင်းရှကြောင့် ဘာလို့သူကရော ညှာတာနေရမှာလဲ၊

"ဘာ! မဖြစ်နိုင်တာ မင်း မင်း ငါနဲ့စီနီယာလော့ကို တွေ့ခွင့်မပေးတာမလား"ကျန်းလင်းရှဟာ အရင်ဘဝကအကြောင်းအရာများကို တွေးတောမိသွားသည်။အရင်ဘဝကလည်း စီနီယာလော့နားကပ်မရခဲ့တာ လော့ရှန်ဟွာကြောင့်မလား၊လော့ရှန်ဟွာသာ စီနီယာလော့နဲ့သူ့ကြားကို ဝင်မရှုပ်ရင် စီနီယာလော့က သူ့ကို ပြန်ချစ်နိုင်သည်။

"ခင်ဗျားနဲ့ဒယ်ဒီက အသိမို့လို့လား " လော့ရှန်ဟွာ မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းလင်းရှကို စိုက်ကြည့်ကာမေးလိုက်သည်။သူ့အနေနဲ့ အစပိုင်းတုန်းက ကျန်းလင်းရှပေါ် အနည်းငယ်လေးစားမိခဲ့တာ အမှန်ပေ၊ဒါပေမယ့် အခုတော့ မဟုတ်တော့ပေ၊

တဇွတ်ထိုးဆန်လွန်းသည်၊ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်ဘူး၊လူတွေကို အထင်သေးကာ သူကသာအတော်ဆုံးဟု သတ်မှတ်ထားသလို၊သူပြောရင် ဘယ်သူမဆိုလက်ခံပြီးသားဟု ထင်မှတ်ထားပုံရတယ်၊ဒီလိုလူမျိူးကို အရင်လော့ရှန်ဟွာက ရှူံးနိမ့်ခဲ့ရင် ရှူံးနိမ့်လိမ့်မည်၊ဒါပေမယ့် အခု သူက လီရှန်းဟွာ၊

"ခင်ဗျားပြောစရာရှိတာ ပြောလို့ရတယ် ငါက လော့အိမ်တော်ကို ကိုယ်စားပြုတယ်" လော့ရှန်ဟွာ ပြောလိုက်ပြီးနောက် ဒေါသကြောင့် တင်းမာနေသည့်ကျန်းလင်းရှကို ပြုံးပြလိုက်သည်။

"မင်းနဲ့ပြောစရာအကြောင်းမရှိဘူး" ကျန်းလင်းရှအနေနဲ့ စီနီယာလော့နဲ့သာ တွေ့ချင်သည်။စီနီယာလော့ကို သူပြောစရာရှိတယ်၊အဲ့သတင်းကလည်း စီနီယာလော့အတွက် အကျုံးဝင်လိမ့်မည်၊ဒါပေမယ့် သူနဲ့စီနီယာလော့ကြားကို လာနှောင့်ယှက်နေသည့် လော့ရှန်ဟွာကိုတော့ သူကောင်းကောင်းမဆက်ဆံနိုင်ပေ၊

"အဲ့ဆို လစ်လိုက်တော့"လော့ရှန်ဟွာဟာ ကျန်းလင်းရှရဲ့မျက်ဝန်းထဲက အကြံများကိုသဘောပေါက်သည့်နှယ် သူဟာ ကျန်းလင်းရှနားသွားကာ မောင်းထုတ်လိုက်သည်။

"ဘာ!" ဒီကောင် လော့ရှန်ဟွာ! ငါ့ကို ခွေးမောင်းထုတ်သလို မောင်းထုတ်ရဲတယ်! ကျန်းလင်းရှ ဒေါသထွက်သွားပြီး လော့ရှန်ဟွာကို တွန်းထုတ်ပစ်လိုက်တယ်၊လော့ရှန်ဟွာဟာ ကျန်းလင်းရှလုပ်ရပ်ကို သိတာကြောင့် တမင်ပင် မြေပြင်ပေါ် ဖင်ထိုင်ကျပေးလိုက်သည်၊

"အဲ့ကောင်ကို မောင်းထုတ်လိုက်" ကားထဲကနေ လော့ကျန်းပေ့ဟာ ထွက်လာပြီး မြေပြင်ပေါ်လဲကျသွားသည့်လော့ရှန်ဟွာကို ပွေ့ချီရင်း ကျန်းလင်းရှဘက်ကို လှည့်ကြည့်လိုက်ပြီး သူ့ရဲ့ဒရိုင်ဘာကို နှင်ထုတ်ခိုင်းလိုက်သည်။

"စီနီယာလော့! ကျွန်တော် ပြောစရာရှိလို့ပါ အချိန်ခဏပေးပါ " ကျန်းလင်းရှဟာ ခေါင်းမာစွာဖြင့် လော့ကျန်းပေ့ကို လှမ်းပြောပေမယ့် လော့ကျန်းပေ့ဟာ အရေးမစိုက်သည့်ပုံစံဖြင့် ကားတံခါးဖွင့်ကာ ဝင်ရန်လုပ်နေသည်ကို မြင်တော့ သူဟာ ဆက်အော်ပြောတော့တယ်၊

"ဒါ FAI HUI စီမံကိန်းကိစ္စနဲ့ပတ်သတ်နေတယ်" သူနောက်ဆုံး မနေနိုင်စွာ ပြောလိုက်ချိန်မှာ လော့ကျန်းပေ့ဟာ ရပ်တန့်သွားတော့သည်။လော့ရှန်ဟွာလည်း ကျန်းလင်းရှကို ကြည့်လိုက်ပေမယ့် သူရဲ့ရင်ဘက်အင်္ကျီကို တင်းကြပ်စွာဆုပ်ကိုင်လာသည့် လက်လေးတွေကြောင့် သူဟာ ကျန်းလင်းရှကို အရေးမစိုက်သည့်ပုံစံဖြင့် ကားထဲကို ဝင်သွားတော့သည်။

"ကျန်းသခင်လေး ကျေးဇူးပြုပြီး မနှောင့်ယှက်ပါနဲ့" ဒရိုင်ဘာကလည်း သူတို့သခင်လေးကို တွန်းထုတ်ရဲသည့် ကျန်းသခင်လေးကို သူအနေနဲ့ ကောင်းကောင်းမွန်မွန် ဆက်ပြောရန်အကြောင်းမရှိပေ၊

"မင်း!" ကျန်းလင်းရှဟာ ဒေါသထွက်သွားပေမယ့် သူဟာ ဆက်နေလို့မရတော့မည်ကို သိတာကြောင့် ကားဒရိုင်ဘာကို ဒေါသတကြီးသာ စိုက်ကြည့်ပြီးနောက် ထွက်သွားတော့သည်။

'ကိစ္စမရှိဘူး စီနီယာလော့နဲ့တွေ့ဆုံဖို့ သူ့မှာနည်းလမ်းတွေ ရှိသေးတယ်'

တစ်ဖက်ကားထဲရှိ နှစ်ယောက်ကတော့ ခန္ဓာကိုယ်ချင်းပူးကပ်နေပေမယ့် တစ်ယောက်ဟာ ဒေါသထွက်နေကာ တစ်ယောက်ဟာ ငြိမ်သက်နေတော့သည်။

"အဲ့တာကြောင့် ဒရိုင်ဘာနဲ့ပဲရှင်းခိုင်းတာ အခု မင်းထိခိုက်ပြီ" လော့ကျန်းပေ့ဟာ အနည်းငယ်ပွန်းနေသည့် သူရဲ့ကလေးငယ်လက်ဖဝါးကို ကြည့်ရင်း လေသံမာမာထန်ထန်နဲ့ပြောလိုက်တော့ သူ့ရင်ခွင်ထဲကကလေးငယ်ရဲ့ကိုယ်လေးဟာ တုန်ရီသွားပြီး သူ့ရင်ခွင်ထဲ ပိုမိုတင်းကြပ်စွာ တိုးခွေ့လာတော့သည်။

"ဒယ်ဒီနဲ့သူ့ကို မပတ်သတ်စေချင်ဘူး"အသံတိုးတိုးလေးထွက်လာချိန်မှာ လော့ကျန်းပေ့ 'ဘာကြောင့်လဲ'ဟု သူပြန်မမေးချေ၊သူသေချာသတိထားမိရင် သူ့ကလေးငယ်ဟာ ကျန်းလင်းရှပေါ်လာသည့်အခါတိုင်း တစ်ခုခုကို စိုးရိမ်ကာ သူ့ကိုဖမ်းဆုပ်ထားရန် ကြိုးစားနေသည်ကို တွေ့ရတတ်သည်။ဒါ​ကြောင့် မမေးတော့ပဲ သူ့ကလေးငယ်ရဲ့ကျောလေးကို ဖွဖွလေးပုတ်ပေးလိုက်သည်။သေးငယ်သည့်ကိုယ်လေးဟာ သူ့ရဲ့ကိုယ်ထဲမှာ အံဝင်ခွင်ကျဖြစ်နေပြီး လက်ချောင်းလေးတွေဟာလည်း သူ့ရင်ဘက်ကိုတင်ထားသည်ကို မြင်တော့ သူ့စိတ်ထဲ ပြောပြမရတဲ့ခံစားတွေဖြစ်လာတာ အမှန်ပေ၊

'Moon ကျန်းလင်းရှပြောတဲ့ fai huiစီမံကိန်းအကြောင်းကဘာလဲ'

[Moon: အဲ့တာက လော့ရှန်ဟွာမှတ်ဉာဏ်ထဲမှာ မပါတာမထူးဆန်းဘူး၊Fai Huiစီမံကိန်းက စီးပွားရေးကပ်ဆိုးတစ်ခုရဲ့အစပဲ၊Fai Huiစီမံကိန်းကြီးက ဒီနှစ်ပိုင်းမှာ စတင်ဖို့ စီးပွားရေးရှင်တော်တော်များများကို ဖန်းအိမ်တော်က ဖိတ်ကြားခဲ့ပြီး Fai hui ရေရှည်စီမံကိန်းကို စရေးဆွဲခဲ့တယ်၊အစပိုင်းမှာတော့ တကယ်ကောင်းမွန်တာကြောင့် စီးပွားရေးရှင်တော်တော်များများပါဝင်ခဲ့တယ်၊ဒါပေမယ့် နောက်ပိုင်း ကြီးများတဲ့ပြသာနာကြီးပေါ်လာပြီး Fai Huiစီမံကိန်းက လုံးဝပျက်သုဥ်းခဲ့ပြီး များစွာသောစီးပွားရှင်တွေ ဒေဝါလီခံရနီးနီးဆုံရှုံးခဲ့ပြီး လော့ကျန်းပေ့ရဲ့လော့အိမ်တော်ကအစ တစ်ဝက်နီးပါး အရှူံးနဲ့ရင်ဆိုင်ရခဲ့တယ်]

[Moon: ဒီထက်ပိုသိစေချင်ရင် မင်းSide Missionတစ်ခုကို လုပ်ရလိမ့်မယ်]

'အမှတ်နဲ့မရဘူးလား'

[Moon: မရဘူး၊မင်းသာ လွယ်လွယ်သိပြီး fai Huiစီမံကိန်းရဲ့ကံကြမ္မာကို ဝင်လွဲပြောင်းပေးမယ်ဆိုရင် လူတော်တော်များများရဲ့ကံကြမ္မာပါ ပြောင်းလဲသွားလိမ့်မယ်]

'ဟုတ်ပြီ ငါက ဘာလုပ်ရမှာလဲ'

[Moon: Quiz Mission ကို သင်လက်ခံမှာလား Yes or No]Moonရဲ့စကားကို လော့ရှန်ဟွာသေချာတွေးတောရင်း ထိုစီမံကိန်းအကြောင်းကို သိချင်တာ အမှန်ပေ၊

'Yes'

[Moon:နောက်ရက်အနည်းငယ်ကျရင် Quiz Missionကျလာလိမ့်မယ်]

ထို့နောက် သူ့ကို တစ်စုံတစ်ဦးက ပွေ့ချီလိုက်တာကြောင့် သူ့မျက်လုံးများကို ဖွင့်ကာ ကြည့်လိုက်တော့ သူတို့အိမ်တော်ကို ပြန်ရောက်နေသည်ကို တွေ့လိုက်ရတော့ ဒယ်ဒီဟာ အိမ်တော်ထဲဝင်လာပြီး ဧည့်ခန်းထဲကို မဝင်ခင်မှာ အစေခံမိန်းကလေးတစ်ဦးကို ဆေးသေတ္တာယူခိုင်းလိုက်သည်။ထို့နောက် ဧည့်ခန်းထဲဝင်လာပြီး သူ့ကို ဆိုဖာပေါ်တင်လိုက်ပြီး သူ့ရဲ့လက်ကို ကြည့်လိုက်သည်။

"အနာက သေးသေးလေးပါ ဘာမှမဖြစ်ဘူး" အနည်းငယ် နီရဲကာ ပွန်းရာနည်းနည်းလေးရှိနေသည့် သူ့လက်ဖဝါးကို လော့ရှန်ဟွာကြည့်ရင်း ပြောလိုက်ပေမယ့် ဒယ်ဒီဟာ လက်မခံပေ၊

"မြေကြီးက မသန့်ဘူး ၊ပိုးဝင်သွားလိမ့်မယ်"

ထိုနောက် လော့ကျန်းပေ့ဟာ အစေခံဆီက ဆေးသတ္တာဗူးကိုယူကာ ဖွင့်လိုက်ပြီးနောက်မှာ အရက်ပြန်နဲ့ဂွမ်းကို ယူလိုက်ပြီး လော့ရှန်ဟွာရဲ့လက်ဖဝါးကို ဆွဲယူကာ အနာပတ်လည်ကို အရင်ဆုံး သန့်ရှင်းပေးလိုက်သည်။ထိုနောက် အရက်ပြန်စွတ်ထားသည့်ဂွမ်းအသစ်ကိုထပ်ယူကာ အနာပေါ်ဖွဖွလေး တို့ပေးလိုက်ပြီး အနာကို ဆေးထည့်ပေးလိုက်သည်။တယုတယဆေးထည့်ပေးနေသည့်လော့ကျန်းပေ့ကို အထိန်းတော်ကြီးဟာ ပြုံးကာ စိုက်ကြည့်နေခဲ့သည်၊

လော့ကျန်းပေ့ဆိုတာ သူ့လက်ထဲမှာ ကြီးပြင်းလာသည့်သားလိုမြေးလို ကလေးတစ်ယောက်ဖြစ်ပြီး၊အခုလို လူတစ်ယောက်ကို ဂရုစိုက်တတ်သေးသည်ကို တွေ့တော့ သွားလေသူသခင်မကြီး မြစ်ဝါ၌ စိတ်ချနေမှာသေချာသည်၊အထိန်းတော်ကြီးရဲ့အတွေးကို မသိစွာ လော့ကျန်းပေ့ကတော့ သူရဲ့ကလေးငယ်ရဲ့ လက်ကို ပတ်တီးသေချာစည်းပေးပြီးနောက်မှာ

"ညစာစားပြီးသွားရင် အရောင်ကျဆေးသောက်ဖို့ မမေ့နဲ့ဦး" လို့ ပြောပြီးနောက်မှာ သူ့ဒယ်ဒီဟာ ထမတ်တပ်ရပ်လိုက်တာကြောင့် သူလည်း လိုက်မတ်တပ်ရပ်လိုက်ပြီး

"ဒယ်ဒီ ဘယ်သွားမလို့လဲ"

"စာလုပ်ဖို့ မမေ့နဲ့ဦး ဒယ်ဒီ စာကြည့်ခန်းထဲမှာ ရှိတယ်" လို့ ပြောကာ သူရဲ့ခေါင်းကို ပုတ်ကာထွက်သွားတော့သည်။သူလည်း မကျေမနပ်လေးဖြစ်သွားပေမယ့် သူကြောင့် ဒယ်ဒီတစ်နေကုန် အလုပ်ပျက်နေတာ သိတာကြောင့် ဘာမှမပြောတော့ဘဲ ဆိုဖာပေါ်ထိုင်ကာ လှဲချလိုက်သည်။

'Quiz mission က ဘာလဲ'

[Moon: မသိသေးဘူး၊ Quiz Mission နဲ့သက်ဆိုင်တဲ့လူကို တွေ့ရင် ပေါ်လာလိမ့်မယ်]

Systemဆီကနေ အဖြေရမည်မဟုတ်သည်ကို သိတာကြောင့် သူလည်းဘာမှဆက်မမေးတော့ဘဲ မျက်လုံးမှိတ်ကာ မှေးနေလိုက်တော့တယ်၊

'ကျန်းယုဝေက ဒီနေ့ နည်းနည်းထူးဆန်းနေသလိုပဲ၊သူမကြည့်ရတာ လော့အိမ်တော်ကိုတောင် မကြောက်သလိုလိုနဲ့'

[Moon:လူတော်တော်များများက စစ်အိမ်တော်က လော့အိမ်တော်နဲ့တန်းတူလို့ ထင်နေကျတာကိုး]

'လော့ကျန်းပေ့ရဲ့နောက်မှာ ဝူအိမ်တော်ရှိတယ်'

ဒါပေမယ့် ထိုကိစ္စကိုဘယ်သူမှမသိပေ၊ပြန်လည်မွေးဖွားလာတဲ့ကျန်းလင်းရှကအစပေါ့၊တကယ်လို့ သိခဲ့ရင် ကျန်းလင်းရှက လော့ကျန်းပေ့ကို ပိုမိုတပ်မက်လာမှာ သေချာတယ်၊ ဝူအိမ်တော်ဆိုတာ ဒီနိုင်ငံရဲ့ရှေးရိုးဆန်တဲ့စစ်သူကြီးအမတ်အိမ်တော်ဖြစ်ပြီး တော်ဝင်မျိုးနွယ်လို့လည်း သတ်မှတ်ကြတာကိုး၊

'ဒါပေမယ့် ဝူအိမ်တော်မှာလည်း ဆက်ခံသူတစ်ယောက်ရှိတယ်မလား' လော့ရှန်ဟွာဟာ Moonကို မေးလိုက်ပေမယ့် Moonဟာ တိတ်ဆိတ်နေတာ ဘာမှ အကြောင်းမပြန်လာတော့ပေ၊တအောင့်လိုက်ကြာသည့်အခါမှ Systemဟာ ပြန်အသံထွက်လာတော့သည်။

[Moon:ဝူအိမ်တော်မှာ ဆက်ခံသူမရှိပါဘူး Host]

'မဖြစ်နိုင်တာ၊ဝူအိမ်တော်မှာ ဆက်ခံသူရှိပါတယ် သူ့နာမည်က ဝူ...'

ဘာကြောင့် ငါမမှတ်မိရတော့တာလဲ၊ပြီးတော့ ငါအရမ်း အိပ်ချင်လာပြီ

လော့ရှန်ဟွာ မျက်လုံးများ မှေးစင်းလာပြီး နောက်ဆုံးဆိုဖာပေါ်မှာ အိပ်စက်သွားတော့သည်။ထိုအခါမှ Moonဟာ သက်ပြင်းချကာ ထွက်သွားတော့သည်။

ဘာအကြောင်းတွေမို့လို့ Moonက သိခွင့်မပေးတာလဲ။

-*-*-*-*-*-*-*-*-*-
Chapter -45မျှော်

------------
Zawgyi








တဇွတ်ထိုးဆန်လွန်းသည်၊ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်ဘူး၊လူတွေကို အထင်သေးကာ သူကသာအတော်ဆုံးဟု သတ်မှတ်ထားသလို၊သူပြောရင် ဘယ်သူမဆိုလက်ခံပြီးသားဟု ထင်မှတ်ထားပုံရတယ်၊ဒီလိုလူမျိုးကို အရင်လော့ရှန်ဟွာက ရှူံးနိမ့်ခဲ့ရင် ရှူံးနိမ့်လိမ့်မည်၊ဒါပေမယ့် အခု သူက လီရှန်းဟွာ၊

















'အမှတ်နဲ့မရဘူးလား'




'Yes'








"ဒယ်ဒီ ဘယ်သွားမလို့လဲ"


'Quiz mission က ဘာလဲ'













-*-*-*-*-*-*-*-*-*-
Chapter -45မျှော်

Continue Reading

You'll Also Like

3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔
28.8K 4K 11
Oh Sehun ♡ LuHan ရှိခဲ့ဖူးပါသည်​။ တစ်​ချိန်​က သူ... ချစ်​ခဲ့ဖူးပါသည်​။ တစ်​ချိန်​က သူ... လွမ်းဆွတ်​​နေရပါသည်​။ တစ်​ချိန်​က သူ... ရှိခဲ့ဖူးပါသည်​။ တစ...
261K 10.9K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
6.6M 431K 94
Hanary Victor + Loon Tar Nay San