Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေး...

By Neko_san_ZP

1.2M 117K 4.5K

Zawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 ေလာ့က်န္းေပ့ x ေလာ့႐ွန္ဟြာ More

intro
ဇာတ္ေကာင္မိတ္ဆက္(ဇာတ်ကောင်မိတ်ဆက်)
Chapter - 1 (System moon)
Chapter - 2(My Daddy)
Chapter - 3 (Plan - 1 )
Chapter - 4(ဟန္စုမင္)
Chapter - 5(ဒယ္ဒီဆီက ေန႔လည္စာ)
Chapter -6 (ထန်းဟော်ရှ)
Chapter -7 (တကယ် နင်းခံရမဲ့သူက ဘယ်သူလဲ)
Chapter - 8 (ဒယ်ဒီ ရောက်နေပြီ)
Chapter - 9 (ငါ့မှာ ဒယ်ဒီရှိတယ်)
Chapter - 10 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-1)
Chapter-11 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-2)
Chapter -12 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-3)
Chapter -13(ဒယ္ဒီက ငါ့မက္မြန္ေလးကို ႐ိုက္ရဲတယ္!)
Chapter-14 (Lavender Rose meaning Love at first sight)
Chapter -15 (ဒယ္ဒီရန္မေၾကာက္ ေရခဲမုန္႔ထပ္စားရန္ၾကံေနသည့္႐ွန္ေလး-1)
Chapter -16 (မင္းက ကိုယ့္အပိုင္ပဲ)
Chapter -17(လီ႐ွန္းဟြာ???)
Chapter-18(hot dogလား ကိုယ္လား)
Chapter -19(ဒယ္ဒီ သိသြားၿပီ ေဟာ္႐ွ!)
Chapter -20 (က်န္းယုေဝဆုိသည့္ အန္တီႀကီးေရ ဒယ္ဒီေဘးနားကေန out!)
Chapter-21(ဒယ္ဒီက ထူးဆန္းတယ္)
Chapter -22(ဒယ္ဒီ ဒါဘာအခန္းႀကီးလဲ)
Chapter-23(ဦး)
Chapter-24 (က်န္းလင္း႐ွ)
Chapter -25(ငါ့ကို သူငယ္ခ်င္းလို႔ေကာ သတ္မွတ္ခဲ့ရဲ႕လား)
chapter-26(႐ွအန္းထ်န္း & ထန္းေဟာ္႐ွ)
Chapter-27(ပင္လယ္ထဲကလက ပံုရိပ္ေယာင္သက္သက္ပဲ)
Chapter - 28
Chapter -29(ဒယ္ဒီက နံပါတ္တစ္)
Chapter-30
Chapter-31(ေကာ့တင္းပါတီေနာက္ကလွည့္ကြက္မ်ား-1)
Chapter-32 (ေကာ့ေတးပါတီေနာက္ကလွည့္ကြက္မ်ား-၂)
Chapter-33(ေကာ့ေတးပါတီေနာက္ကြယ္ကလွည့္ကြက္မ်ား-3)
Chapter -34(ကေလးငယ္ေၾကာင့္ ႐ူးေတာ့မယ္)
Chapter-35(ဖက္ ဖက္ ဖက္ ဖက္)
Chapter -36(ဒယ္ဒီက ရွန္ေလးကို ပိုခ်စ္တာေပါ့ေနာ္)
Chapter-37(ေနာက္ကြယ္ကျဖစ္ရပ္မ်ား-1)
Chapter -38(ေနာက္ကြယ္ကျဖစ္ရပ္မ်ား-2)
Chapter -39(ေနာက္ကြယ္က လွည့္ကြက္မ်ား-3)
Chapter -40(Unicode /Zawgyi)
Chapter -41(မင္းက ကိုယ့္အပိုင္ ေဟာ္ရွ)
Chapter -42(ရှန်လေး စိတ်ကောက်ချင်ပေမယ့်...)
Chapter -44
Chapter -45
Chapter -46
Chapter -47
Chapter -48
Chapter -49
not update//
Chapter -50
Chapter -51
Chapter -52
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter -58
Chapter -59
Chapter -60
Chapter -61
Chapter-62
Chapter-63
Chapter-64
Chapter-65
Hello Plz read
//Read//
Chapter -66
Chapter -67
Chapter -68
Chapter-69.1
Chapter-69.2
Chapter -70
Chapter -71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86
Chapter-87
Chapter-88
Chapter-89
Chapter-90

Chapter -43(ဒယ်ဒီက ရှန်လေးအပိုင်)

13.5K 1.2K 35
By Neko_san_ZP

Unicode (Zawgyiသမားမ်ား ေအာက္ကိုသြားပါ)

စစ်ကျွင်းဝူဟာ သူ့ကိုတစ်ချက်သာ ကြည့်ပြီး နူတ်ဆက်လာသည့် လော့ကျန်းပေ့​ကြောင့် စိတ်တိုသွားပေမယ့် ကျန်းယုဝေလို အလှလေးက သူ့ကို ရွေးချယ်ခဲ့သည်မလား၊ပါတီပွဲမှာ လော့ကျန်းပေ့က ဒေါသထွက်ပြီး ပြောဆိုပေမယ့် ကျန်းယုဝေစကားအရဆိုရင် လော့ကျန်းပေ့ဟာ သူမဘက်က ပြန်မချစ်တာကြောင့် တမင်လူကြားထဲမှာ အရှက်ခွဲခဲ့တာဟု ပြောလာတော့သည်။

ဒါကြောင့် အစတည်းက လော့ကျန်းပေ့ကို မနာလိုဖြစ်ကာ မုန်းတီးနေသည့်စစ်ကျွင်းဝူသည် ကျန်းယုဝေစကားကြောင့် သူ့ကိုယ်သူ အောင်နိုင်သူတစ်ယောက်လို ခံစားနေရရုံသာမက နူးညံ့သိမ်မွေ့ပြီး သူ့ကိုသာအားကိုးတတ်သည့်ကျန်းယုဝေကြောင့် သူ့ကိုယ်သူ တကယ့်ယောကျာ်းတစ်ယောက်ဟု ခံစားနေရသည်။ တုမေ့ဟန်နဲ့စေ့စပ်ခဲ့ပေမယ့် ထိုအမျိုးသမီးဟာ သူ့အပေါ် အမြဲအထင်သေးကာ မတူသလိုဆက်ဆံတတ်သည်။အခုလို အမှားအယွင်းဖြစ်သွားပေမယ့် စစ်ကျွင်းဝူ နည်းနည်းမှ နောင်တမရပေ၊ ကျန်းမိသားစုဟာ သူတို့ထက် နိမ့်ချကာ ကျန်းယုဝေဟာလည်း လှပသည့်ကောင်မလေးဖြစ်ပြီး သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးတာကြောင့် သူ့အတွက် တန်သည်ဟုဆိုရမည်။

လော့ကျန်းပေ့ဟာ ကျန်းယုဝေကို စိတ်ဝင်စားခဲ့မှာ သေချာသည်၊မဟုတ်ဘဲနဲ့ ပါတီကျမှ ဘာလို့ရုတ်တရပ်ကြီး ဘာမှမသက်ဆိုင်ဘူးလို့ ဆိုရတာလဲ၊

"စီနီယာလော့" ကျန်းလင်းရှဟာလည်း မျက်နှာနည်းနည်းရဲနေပြီး သူဟာလော့ကျန်းပေ့ကို ကြည့်ကာခေါ်လိုက်သည်။အနားမှာဘယ်သူမှမရှိတာကြောင့် လော့ကျန်းပေ့ဟာ တစ်ယောက်တည်း လာတာဟု သူဟာ ထင်မှတ်ကာ သူ့အခွင့်အရေးဟု သတ်မှတ်လိုက်ခြင်းဖြစ်တယ်၊

"ဒယ်ဒီ" ဒါပေမယ့် ထိုအသံကြားလာသည့်ချိန်မှာ ကျန်းလင်းရှဟာမျက်နှာပျက်သွားပြီး ရောက်လာသည့်လူငယ်ကို မုန်းတီးစွာစိုက်ကြည့်နေတော့သည်။ဘာလို့ ဒီကောင်က စီနီယာလော့နားမှာ အမြဲရှိနေရတာလဲ၊

"ပေါင်ပေ့" လော့ကျန်းပေ့ကလည်း ထိုကောင်ကို နူးညံ့စွာခေါ်လိုက်ချိန်မှာ ကျန်းလင်းရှ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။သူခေါ်တုန်းကကျတော့ နည်းနည်းလေးတောင် အရေးမစိုက်ခဲ့သည့်လူဟာ လော့ရှန်ဟွာနဲ့ဆိုပြောင်းလဲသွားတတ်သည်ကို မြင်ရတာ သူရဲ့မနာလိုစိတ်ကို ပိုမိုကြီးထွားအောင်လုပ်နေသလိုပင်၊

"ဒယ်ဒီ ဘာရပ်လုပ်နေတာလဲဟင်..."လော့ရှန်ဟွာ သူ့ဒယ်ဒီရဲ့လက်မောင်းကို သူရဲ့လက်လေးနှစ်ဖက်နဲ့ဖက်တွယ်ရင်း ရှေ့ရှိလူများကို မမြင်သလိုဖြင့် သူ့ဒယ်ဒီကိုသာ မော့ကြည့်ရင်း မေးလိုက်သည်။

"ဘာမှမလုပ်ဘူး ဒယ်ဒီတို့ သွားရအောင်" လို့ လော့ကျန်းပေ့ဟာ သူ့ကလေးငယ်ရဲ့ ရဲနေသည့်နှုတ်ခမ်းထွေးလေးကို ကြည့်ရင်းပြောလိုက်သည်။ထိုနောက် သူဟာ သူရှေ့က လာရှုပ်တဲ့သူတွေကို တစ်ချက်သာကြည့်ရင်း လော့ရှန်ဟွာကို ခေါ်ကာ ထွက်သွားတော့သည်။ဒါပေမယ့် တံခါးအဝင်ဝမှာ စစ်အိမ်တော်သခင်ကြီးနဲ့သခင်မကြီးသာမက ကျန်းအိမ်တော်က ကျန်းယုဝေမိဘနှစ်ပါးနဲ့တိုးတော့သည်။သူတို့ဟာလည်း လော့ကျန်းပေ့ကို မြင်တော့ အံ့အားသင့်သွားပေမယ့် နှုတ်ဆက်လိုက်သည်။

"တူလေးလော့က ညနေစာ လာစားတာလား"ကျန်းယုဝေအဖေဟာ စပြောလာတာကြောင့်လော့ကျန်းပေ့ဟာ ခေါင်းတစ်ချက်သာ ညိတ်လိုက်သည်။လော့ကျန်းပေ့အပြုအမူဟာ သူ့ရှေ့ကလူတွေကို ဂရုမစိုက်သည်ဟာ သိသာလွန်းလှသည်။ဒါပေမယ့် ထိုလူတွေဟာလည်း အနည်းငယ်ဒေါသထွက်သွားပေမယ့် သူတို့ရဲ့အပြုအမူကို အတတ်နိုင်ဆုံးပြုံးထားတော့သည်၊

မဒမ်စစ်ဟာ လော့ကျန်းပေ့ကနေ လော့ရှန်ဟွာဘက်ကို ကြည့်လိုက်ပြီး သူမဟာ သဘောကောင်းသည့်အမူအရာဖြင့်

"ဒါ လော့သခင်လေးရဲ့သားလေးမလား " လို့ ပြောလိုက်ပြီး အနောက်မှာရပ်နေသည့် ကျန်းလင်းရှနဲ့ လော့ရှန်ဟွာဝတ်ထားသည့်ကျောင်းဝတ်စုံဟာ တူညီနေသည်ကို မြင်တော့ သူမဟာ မျက်ခုံးတစ်ချက်ပင့်သွားတော့သည်။

"ဒီက လူငယ်လေးနဲ့ ရှအာက ကျောင်းတူနေတာလား" လို့ မဒမ်စစ်က မေးလိုက်တော့ ကျန်းလင်းရှဟာ အနားရောက်လာပြီး သူဟာ လိမ္မာယဉ်ကျေးသည့်လူငယ်လေးလို ပြုမူလိုက်သည်။

"ဟုတ်တယ် အန်တီရုံ" မဒမ်စစ်ရဲ့နာမည်ဟာ မုယင်ရုံဖြစ်ပြီး စစ်ဟိုက်ကျွင်းနဲ့အိမ်ထောင်ပြုပြီးနောက်မှာတော့ သူမရဲ့နာမည်ကို စစ်ယင်ရုံဟု ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

"ဒါဆို မင်းတို့က နှစ်ပါတူလား"

"လော့ရှန်ဟွာက ဒုတိယနှစ်ကျောင်းသားပါ ကျွန်တော်က နောက်ဆုံးနှစ်ကျောင်းသားပါ အန်တီရုံ"လို့ ကျန်းလင်းရှဟာ ယဉ်ကျေးကာသိမ်မွေ့ပြီးချိုသာသည့်အသံဖြင့်ဖြေလိုက်တယ်၊သူဟာ တစ်ချက်တစ်ချက် လော့ကျန်းပေ့ဆီမသိမသာရသွားပေမယ့် သူရဲ့အပြုအမူကိုတော့ ဆင်ခြင်နေတော့သည်။

"ရှအာက တကယ်တော်တဲ့ကလေးလေ တစ်ချိန်ချိန်မှာ အစ်မက သူ့ကို ကျန်းအိမ်တော်ကို ဦးစီးချင်တဲ့သူဖြစ်စေချင်တာ... " လို့ ကျန်းယုဝေတို့ရဲ့မိခင်ဟာ သူမသားကို ချီးမွမ်းပြောဆိုတော့သည်။သူမသားပေါ် သူမဘယ်လောက်ဂုဏ်ယူမိလဲဆိုတာ သူမကိုယ်တိုင်သာသိပြီး ဒီသားကြောင့် ကျောင်းသားမိဘတွေကြား အမြဲမျက်နှာပွင့်ရသည်မလား၊

လော့ရှန်ဟွာတစ်​ယောက် မျက်နှာတည်တည်လေးနဲ့သာ ကြည့်နေပြီး သူဟာဘာမှတော့ ဝင်မပြောပေ၊ဘာလို့လဲဆိုတော့ အရင်လော့ရှန်ဟွာဟာ သူစိမ်းတွေဆို ကြောက်တတ်တာကြောင့်ဖြစ်သည်။ဒါကြောင့် သူဟာ သူ့ဒယ်ဒီရဲ့အင်္ကျီလက်မောင်းကိုသာ ဆွဲညှစ်ထားတော့သည်။

'တကယ် စိတ်ရှုပ်လိုက်တာ... ဒယ်ဒီနဲ့နှစ်ယောက်ထဲ နေချင်ပါတယ်ဆိုနေ' လော့ရှန်ဟွာ မကျေမနပ်လေးနှုတ်ခမ်းလေးစူချင်ပေမယ့် သူဟာ ခေါင်းလေးသာငုံ့ရင်း သူ့ရဲ့ဖိနပ်ကိုသာ စိုက်ကြည့်နေလိုက်သည်။

"လော့ရှန်ဟွာပုံစံလေးကလည်း စာတော်မဲ့ပုံပဲ " စစ်ယင်ရုံဟာ ဝင်ပြောလိုက်တော့ ကျန်းလင်းရှစိတ်ထဲလှောင်လိုက်ချင်ပေမယ့် သူဟာ မသိသည့်အမူအရာဖြင့် လော့ရှန်ဟွာဘက်ကို လှည့်လာကာ

"သူက လော့အိမ်တော်ရဲ့မျိုးဆက်ဆိုတော့ တော်မှာသေချာတယ်၊စီနီယာလော့ပဲ ကြည့်လေ" လို့ ပြောလာချိန်မှာ ကျန်းယုဝေရဲ့ရယ်သံကို ကြားလိုက်ရတော့သည်။

"အန်တီရုံ မသိလို့ပါ... လော့ရှန်ဟွာက ကျောင်းမှာ နာမည်ကြီးလေ 'နောက်ဆုံးကရေရင် အဆင့်သုံး'ဆိုပြီး နာမည်ပြောင်တောင် ရှိသေးတယ်"လို့ ကျန်းယုဝေဟာ လော့ရှန်ဟွာကို မသိမသာစွေသာကြည့်ရင်းပြောလိုက်သည်။သူမအနေနဲ့ ပါတီမှာ အရှက်ကွဲသမျှကို မမေ့သေးချေ၊ဒါကြောင့် လော့ရှန်ဟွာကို ပြန်အရှက်ကွဲရတော့ သူမရဲ့စိတ်တွေဟာ ကျေနပ်လာတော့သည်။

"ဟုတ်လား... အန်တီထင်ခဲ့တာ " သူမစကားပင် ဆုံးအောင် မပြောရသေးခင်မှာ လော့ကျန်းပေ့ဟာ ထိုလူတွေကြည့်ရင်း

"မစ္စတာစစ်၊ ခင်ဗျားမိန်းမက လူသွားလမ်းမှာ ရပ်ရတာ ကြိုက်ပုံရတယ် " လို့ ပြောလိုက်တော့ စစ်သခင်ကြီးဟာ သူမရဲ့မိန်းမကို သတိပေးသလိုအကြည့်ဖြင့်ကာ စားသောက်ခန်းထဲကို ဝင်ရန်အမူအရာပြလိုက်သည်။စစ်ယင်ရုံဟာ နားလည်တာကြောင့် သွားရန်လုပ်ပေမယ့် ကျန်းယုဝေမိခင်ဟာ မသွားသေးဘဲ သူမဟာ ထိုကျေးဇူးမသိတတ်တဲ့သည့်လော့ကျန်းပေ့ကို မပြောရဲတာကြောင့် လူကောင်လည်းသေးသလို သူမတို့ကို ကြောက်လန့်နေပုံရသည့်လောရှန်ဟွာကိုသာ ဆုံးမသည့်လေသံဖြင့် ပြောလိုက်တယ်

"မင်း ဒီလိုအဆင့်နဲ့ အလယ်အလတ်အဆင့်တက္ကသိုလ်တောင် တက်ခွင့်ရပါ့မလား ရှအာဆို Sအဆင့်တက္ကသိုလ်ရဲ့စီးပွားရေးနဲ့စီမံကိန်းမေဂျာတက်ဖို့ အဆင်သင့်တောင် လုပ်ထားပြီးပြီ... မင်းတစ်သက်လုံး လော့ကျန်းပေ့ကို မှီခိုနေလို့မရဘူး"

ထိုအမျိုးသမီးစကားအဆုံးမှာ သူတို့ရဲ့ကျောရိုးများအေးစိမ့်သွားပြီး ပတ်ဝန်းကျင်က အပူချိန်လည်း ကျဆင်းသွားသလိုပင်၊လော့ကျန်းပေ့ဟာထိုမိန်းမကို ကြည့်ကာ တစ်ချက်ပြုံးသွားတော့သည်။

ဒါပထမဆုံးအကြိမ် သူတို့အနေနဲ့ လော့ကျန်းပေ့ပြုံးကာ မြင်ဖူးပေမယ့် ဘာကြောင့်မှန်းမသိ တစ်ခုခုဖြစ်လာတော့မည်ဟု ခံစားနေရတော့သည်။

"မဒမ်ကျန်းရဲ့စေတနာတွေကို ရင်ထဲကနေ မှတ်ထားပါမယ် ဒါပေမယ့် ကျွန်တော်မရှိတော့ရင်တောင် ကျွန်တော့်ရဲ့ကလေးငယ်ကို တစ်သက်စားမကုန်နိုင်တဲ စည်းစိမ်တွေနဲ့ထားခဲ့မှာ" လို့ ပြောလာတာကြောင့် မဒမ်ကျန်းမှာ အင်တင်တင်ဖြစ်သွားတော့သည်။ဒါပေမယ့် လော့ကျန်းပေ့ဟာ ထိုလူတွေရဲ့အမူအရာတွေကို ဂရုမစိုက်ပေ၊သူဟာ တစ်ချိန်လုံးငြိမ်သက်နေသည့်ကလေးငယ်ရဲ့လက်ကို ဆွဲကာ ထွက်သွားတော့သည်။ နံရံမှာ အမှတ်တမဲ့ပုံရိပ်ထင်သွားသည့် လော့ကျန်းပေ့ရဲ့အနက်ရောင်မျက်ဝန်းများကို ကျန်ရစ်သည့်စစ်အိမ်တော်နဲ့ကျန်းအိမ်တော်သာ မြင်မိရင် သူတို့ဟာ ကြောက်လန့်ရုံသာမက နောင်တရစွာ ဒူးထောက်မတတ်တောင်းပန်ကြမှာ အမှန်ပေ၊

လော့ရှန်ဟွာ ကားထဲရောက်တဲ့အထိ တိတ်ဆိတ်နေတော့သည်။ဘာလို့လဲဆိုတော့ သူဟာ အတွေးများနယ်ချဲ့နေတာကြောင့်ဖြစ်သည်၊ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ကောင်းမှုအဖြာဖြာကြောင့် သူ့မှာ ထိုအဆင့်ကိစ္စနဲ့ပတ်သတ်ပြီးပဲ အပြောခံနေရတာ များနေပြီ ဖြစ်သည်။ဒီကိစ္စကို သူတကယ်မကျေနပ်နိုင်ပေ၊

ထိုချိန်မှာ သူ့ဒယ်ဒီဘက်က ကားမှန်တံခါးဟာ သုံး၊လေးချက် ခပ်တိုးတိုးအခေါက်ခံလိုက်ရတော့သည်။ဒါကြောင့် အတွေးလွန်နေတဲ့လော့ရှန်ဟွာရဲ့အကြည့်တွေဟာ သူ့ဒယ်ဒီရဲ့ကားမှန်ဘက်ဆီ ရောက်သွားကာ တစ်ဖက်ကလူရဲ့မျက်နှာကို တွေ့တော့ မျက်မှောင်ကြုတ်သွားတော့သည်။

လော့ကျန်းပေ့ဟာ မှန်တံခါးကို အသံကြားရုံသာ ချလိုက်ပြီး အပြင်ကလူကိုမေးလိုက်သည်။

"မင်းတို့ ကျန်းမျိုးရိုးက လိုက်ဒုက္ခပေးလို့ မပြီးနိုင်သေးဘူးလား" မှန်သည်။အခုကားမှန်ခေါက်တဲ့သူက ကျန်းလင်းရှဖြစ်သည်။ဒယ်ဒီကသာ ထိုတစ်ယောက်ရဲ့လုပ်ရပ်တွေကို မမြင်နိုင်ပေမယ့် သူကတော့ တွေ့နေရသည်၊အရင်ဘဝက လော့ရှန်ဟွာ ကျန်ရစ်သည်ဟာလည်းမဆန်းကျယ်တော့ပေ၊ကျန်းလင်းရှစီစဉ်မှု​တွေဟာ တကယ်ကိုပင် သေသပ်သည်ကို ပါတီမှာထဲက သတိထားမိသည်။

"စီနီယာလော့ အနှောင့်အယှက်ဖြစ်သွားစေရင် တောင်းပန်ပါတယ်ဗျ... " ကျန်းလင်းရှ အသံဟာ အရင်တည်းက သိမ်မွေ့ကာနားထောင်လို့ကောင်းတာကြောင့် အခုလို လော့ကျန်းပေ့ကို ပြောနေချိန်မှာ အချစ်ရောင်ခြည်များဖြာခင်းကာ ပြောနေလို့ပဲလား အရမ်းကိုချိုမြိန်နေဟု ကြားရသူတိုင်း ခံစားမိစေသည်။

ဒါပေမယ့် လော့ကျန်းပေ့ဆိုသည့် ရေခဲတုံးထက်ဆိုးသည့် သံတုံးကြီးကတော့ ဘာမှမဖြစ်သည့်ပုံစံဖြင့် အကြည့်တစ်ချက်တောင် ရောက်မလာရုံသာမက သူဟာ မှန်တံခါးကိုပင် ပိတ်ကာ ကားဒရိုင်ဘာကို မောင်းရန်ပြောလိုက်သည်။

'ဒယ်ဒီက အရမ်းရက်စက်တာပဲ'

"သခင်ကြီး... " ကားဒရိုင်ဘာက စိတ်ရှုပ်နေသည့်အမူအရာဖြင့် ရှေ့ကိုကြည့်ကာ ပြောလာတာကြောင့် သူလည်းလှမ်းကြည့်လိုက်တော့ ကျန်းလင်းရှဟာ ကားရှေ့မှာ လက်ကားကာ ရပ်နေသည်ကိုတွေ့လိုက်ရတော့သည်။

'တော်တော်ဇွဲကြီးတာပဲ...'

ဒယ်ဒီကလည်း ရှေ့ကို မျက်တောင်မခတ်ဘဲကြည့်​နေသည်ကို မြင်တော့ လော့ရှန်ဟွာရဲ့ နှလုံးသားလေးဟာ နာကျင်သွားတော့သည်။

"ဒယ်ဒီ..." လော့ရှန်ဟွာ သူ့ဒယ်ဒီဘေး ဒူးထောက်ရပ်လိုက်ပြီး ဒယ်ဒီမျက်နှာကို သူ့ဘက်ဆွဲလှည့်ကာ ဒယ်ဒီရဲ့နှုတ်ခမ်းကို ဖွဖွလေးကပ်ကာ နမ်းလိုက်သည်၊

'ဒယ်ဒီက ရှန်လေးအပိုင်'

-*-*-*-*-*-*-*-*-*-*
Chapter -44မျှော်

--------------------------
Zawgyi

Chapter -43( ဒယ္ဒီက ရွန္ေလးအပိုင္)

စစ္ကြၽင္းဝူဟာ သူ႕ကိုတစ္ခ်က္သာ ၾကည့္ၿပီး ႏူတ္ဆက္လာသည့္ ေလာ့က်န္းေပ့​ေၾကာင့္ စိတ္တိုသြားေပမယ့္ က်န္းယုေဝလို အလွေလးက သူ႕ကို ေ႐ြးခ်ယ္ခဲ့သည္မလား၊ပါတီပြဲမွာ ေလာ့က်န္းေပ့က ေဒါသထြက္ၿပီး ေျပာဆိုေပမယ့္ က်န္းယုေဝစကားအရဆိုရင္ ေလာ့က်န္းေပ့ဟာ သူမဘက္က ျပန္မခ်စ္တာေၾကာင့္ တမင္လူၾကားထဲမွာ အရွက္ခြဲခဲ့တာဟု ေျပာလာေတာ့သည္။

ဒါေၾကာင့္ အစတည္းက ေလာ့က်န္းေပ့ကို မနာလိုျဖစ္ကာ မုန္းတီးေနသည့္စစ္ကြၽင္းဝူသည္ က်န္းယုေဝစကားေၾကာင့္ သူ႕ကိုယ္သူ ေအာင္နိုင္သူတစ္ေယာက္လို ခံစားေနရ႐ုံသာမက ႏူးညံ့သိမ္ေမြ႕ၿပီး သူ႕ကိုသာအားကိုးတတ္သည့္က်န္းယုေဝေၾကာင့္ သူ႕ကိုယ္သူ တကယ့္ေယာက်ာ္းတစ္ေယာက္ဟု ခံစားေနရသည္။ တုေမ့ဟန္နဲ႕ေစ့စပ္ခဲ့ေပမယ့္ ထိုအမ်ိဳးသမီးဟာ သူ႕အေပၚ အၿမဲအထင္ေသးကာ မတူသလိုဆက္ဆံတတ္သည္။အခုလို အမွားအယြင္းျဖစ္သြားေပမယ့္ စစ္ကြၽင္းဝူ နည္းနည္းမွ ေနာင္တမရေပ၊ က်န္းမိသားစုဟာ သူတို႔ထက္ နိမ့္ခ်ကာ က်န္းယုေဝဟာလည္း လွပသည့္ေကာင္မေလးျဖစ္ၿပီး သူ႕ကို စိတ္ေက်နပ္ေအာင္ လုပ္ေပးတာေၾကာင့္ သူ႕အတြက္ တန္သည္ဟုဆိုရမည္။

ေလာ့က်န္းေပ့ဟာ က်န္းယုေဝကို စိတ္ဝင္စားခဲ့မွာ ေသခ်ာသည္၊မဟုတ္ဘဲနဲ႕ ပါတီက်မွ ဘာလို႔႐ုတ္တရပ္ႀကီး ဘာမွမသက္ဆိုင္ဘူးလို႔ ဆိုရတာလဲ၊

"စီနီယာေလာ့" က်န္းလင္းရွဟာလည္း မ်က္ႏွာနည္းနည္းရဲေနၿပီး သူဟာေလာ့က်န္းေပ့ကို ၾကည့္ကာေခၚလိုက္သည္။အနားမွာဘယ္သူမွမရွိတာေၾကာင့္ ေလာ့က်န္းေပ့ဟာ တစ္ေယာက္တည္း လာတာဟု သူဟာ ထင္မွတ္ကာ သူ႕အခြင့္အေရးဟု သတ္မွတ္လိုက္ျခင္းျဖစ္တယ္၊

"ဒယ္ဒီ" ဒါေပမယ့္ ထိုအသံၾကားလာသည့္ခ်ိန္မွာ က်န္းလင္းရွဟာမ်က္ႏွာပ်က္သြားၿပီး ေရာက္လာသည့္လူငယ္ကို မုန္းတီးစြာစိုက္ၾကည့္ေနေတာ့သည္။ဘာလို႔ ဒီေကာင္က စီနီယာေလာ့နားမွာ အၿမဲရွိေနရတာလဲ၊

"ေပါင္ေပ့" ေလာ့က်န္းေပ့ကလည္း ထိုေကာင္ကို ႏူးညံ့စြာေခၚလိုက္ခ်ိန္မွာ က်န္းလင္းရွ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္လိုက္မိသည္။သူေခၚတုန္းကက်ေတာ့ နည္းနည္းေလးေတာင္ အေရးမစိုက္ခဲ့သည့္လူဟာ ေလာ့ရွန္ဟြာနဲ႕ဆိုေျပာင္းလဲသြားတတ္သည္ကို ျမင္ရတာ သူရဲ႕မနာလိုစိတ္ကို ပိုမိုႀကီးထြားေအာင္လုပ္ေနသလိုပင္၊

"ဒယ္ဒီ ဘာရပ္လုပ္ေနတာလဲဟင္..."ေလာ့ရွန္ဟြာ သူ႕ဒယ္ဒီရဲ႕လက္ေမာင္းကို သူရဲ႕လက္ေလးႏွစ္ဖက္နဲ႕ဖက္တြယ္ရင္း ေရွ႕ရွိလူမ်ားကို မျမင္သလိုျဖင့္ သူ႕ဒယ္ဒီကိုသာ ေမာ့ၾကည့္ရင္း ေမးလိုက္သည္။

"ဘာမွမလုပ္ဘူး ဒယ္ဒီတို႔ သြားရေအာင္" လို႔ ေလာ့က်န္းေပ့ဟာ သူ႕ကေလးငယ္ရဲ႕ ရဲေနသည့္ႏႈတ္ခမ္းေထြးေလးကို ၾကည့္ရင္းေျပာလိုက္သည္။ထိုေနာက္ သူဟာ သူေရွ႕က လာရႈပ္တဲ့သူေတြကို တစ္ခ်က္သာၾကည့္ရင္း ေလာ့ရွန္ဟြာကို ေခၚကာ ထြက္သြားေတာ့သည္။ဒါေပမယ့္ တံခါးအဝင္ဝမွာ စစ္အိမ္ေတာ္သခင္ႀကီးနဲ႕သခင္မႀကီးသာမက က်န္းအိမ္ေတာ္က က်န္းယုေဝမိဘႏွစ္ပါးနဲ႕တိုးေတာ့သည္။သူတို႔ဟာလည္း ေလာ့က်န္းေပ့ကို ျမင္ေတာ့ အံ့အားသင့္သြားေပမယ့္ ႏႈတ္ဆက္လိုက္သည္။

"တူေလးေလာ့က ညေနစာ လာစားတာလား"က်န္းယုေဝအေဖဟာ စေျပာလာတာေၾကာင့္ေလာ့က်န္းေပ့ဟာ ေခါင္းတစ္ခ်က္သာ ညိတ္လိုက္သည္။ေလာ့က်န္းေပ့အျပဳအမူဟာ သူ႕ေရွ႕ကလူေတြကို ဂ႐ုမစိုက္သည္ဟာ သိသာလြန္းလွသည္။ဒါေပမယ့္ ထိုလူေတြဟာလည္း အနည္းငယ္ေဒါသထြက္သြားေပမယ့္ သူတို႔ရဲ႕အျပဳအမူကို အတတ္နိုင္ဆုံးၿပဳံးထားေတာ့သည္၊

မဒမ္စစ္ဟာ ေလာ့က်န္းေပ့ကေန ေလာ့ရွန္ဟြာဘက္ကို ၾကည့္လိုက္ၿပီး သူမဟာ သေဘာေကာင္းသည့္အမူအရာျဖင့္

"ဒါ ေလာ့သခင္ေလးရဲ႕သားေလးမလား " လို႔ ေျပာလိုက္ၿပီး အေနာက္မွာရပ္ေနသည့္ က်န္းလင္းရွနဲ႕ ေလာ့ရွန္ဟြာဝတ္ထားသည့္ေက်ာင္းဝတ္စုံဟာ တူညီေနသည္ကို ျမင္ေတာ့ သူမဟာ မ်က္ခုံးတစ္ခ်က္ပင့္သြားေတာ့သည္။

"ဒီက လူငယ္ေလးနဲ႕ ရွအာက ေက်ာင္းတူေနတာလား" လို႔ မဒမ္စစ္က ေမးလိုက္ေတာ့ က်န္းလင္းရွဟာ အနားေရာက္လာၿပီး သူဟာ လိမၼာယဥ္ေက်းသည့္လူငယ္ေလးလို ျပဳမူလိုက္သည္။

"ဟုတ္တယ္ အန္တီ႐ုံ" မဒမ္စစ္ရဲ႕နာမည္ဟာ မုယင္႐ုံျဖစ္ၿပီး စစ္ဟိုက္ကြၽင္းနဲ႕အိမ္ေထာင္ျပဳၿပီးေနာက္မွာေတာ့ သူမရဲ႕နာမည္ကို စစ္ယင္႐ုံဟု ေျပာင္းလဲခဲ့ျခင္းျဖစ္သည္။

"ဒါဆို မင္းတို႔က ႏွစ္ပါတူလား"

"ေလာ့ရွန္ဟြာက ဒုတိယႏွစ္ေက်ာင္းသားပါ ကြၽန္ေတာ္က ေနာက္ဆုံးႏွစ္ေက်ာင္းသားပါ အန္တီ႐ုံ"လို႔ က်န္းလင္းရွဟာ ယဥ္ေက်းကာသိမ္ေမြ႕ၿပီးခ်ိဳသာသည့္အသံျဖင့္ေျဖလိုက္တယ္၊သူဟာ တစ္ခ်က္တစ္ခ်က္ ေလာ့က်န္းေပ့ဆီမသိမသာရသြားေပမယ့္ သူရဲ႕အျပဳအမူကိုေတာ့ ဆင္ျခင္ေနေတာ့သည္။

"ရွအာက တကယ္ေတာ္တဲ့ကေလးေလ တစ္ခ်ိန္ခ်ိန္မွာ အစ္မက သူ႕ကို က်န္းအိမ္ေတာ္ကို ဦးစီးခ်င္တဲ့သူျဖစ္ေစခ်င္တာ... " လို႔ က်န္းယုေဝတို႔ရဲ႕မိခင္ဟာ သူမသားကို ခ်ီးမြမ္းေျပာဆိုေတာ့သည္။သူမသားေပၚ သူမဘယ္ေလာက္ဂုဏ္ယူမိလဲဆိုတာ သူမကိုယ္တိုင္သာသိၿပီး ဒီသားေၾကာင့္ ေက်ာင္းသားမိဘေတြၾကား အၿမဲမ်က္ႏွာပြင့္ရသည္မလား၊

ေလာ့ရွန္ဟြာတစ္​ေယာက္ မ်က္ႏွာတည္တည္ေလးနဲ႕သာ ၾကည့္ေနၿပီး သူဟာဘာမွေတာ့ ဝင္မေျပာေပ၊ဘာလို႔လဲဆိုေတာ့ အရင္ေလာ့ရွန္ဟြာဟာ သူစိမ္းေတြဆို ေၾကာက္တတ္တာေၾကာင့္ျဖစ္သည္။ဒါေၾကာင့္ သူဟာ သူ႕ဒယ္ဒီရဲ႕အကၤ်ီလက္ေမာင္းကိုသာ ဆြဲညွစ္ထားေတာ့သည္။

'တကယ္ စိတ္ရႈပ္လိုက္တာ... ဒယ္ဒီနဲ႕ႏွစ္ေယာက္ထဲ ေနခ်င္ပါတယ္ဆိုေန' ေလာ့ရွန္ဟြာ မေက်မနပ္ေလးႏႈတ္ခမ္းေလးစူခ်င္ေပမယ့္ သူဟာ ေခါင္းေလးသာငုံ႕ရင္း သူ႕ရဲ႕ဖိနပ္ကိုသာ စိုက္ၾကည့္ေနလိုက္သည္။

"ေလာ့ရွန္ဟြာပုံစံေလးကလည္း စာေတာ္မဲ့ပုံပဲ " စစ္ယင္႐ုံဟာ ဝင္ေျပာလိုက္ေတာ့ က်န္းလင္းရွစိတ္ထဲေလွာင္လိုက္ခ်င္ေပမယ့္ သူဟာ မသိသည့္အမူအရာျဖင့္ ေလာ့ရွန္ဟြာဘက္ကို လွည့္လာကာ

"သူက ေလာ့အိမ္ေတာ္ရဲ႕မ်ိဳးဆက္ဆိုေတာ့ ေတာ္မွာေသခ်ာတယ္၊စီနီယာေလာ့ပဲ ၾကည့္ေလ" လို႔ ေျပာလာခ်ိန္မွာ က်န္းယုေဝရဲ႕ရယ္သံကို ၾကားလိုက္ရေတာ့သည္။

"အန္တီ႐ုံ မသိလို႔ပါ... ေလာ့ရွန္ဟြာက ေက်ာင္းမွာ နာမည္ႀကီးေလ 'ေနာက္ဆုံးကေရရင္ အဆင့္သုံး'ဆိုၿပီး နာမည္ေျပာင္ေတာင္ ရွိေသးတယ္"လို႔ က်န္းယုေဝဟာ ေလာ့ရွန္ဟြာကို မသိမသာေစြသာၾကည့္ရင္းေျပာလိုက္သည္။သူမအေနနဲ႕ ပါတီမွာ အရွက္ကြဲသမွ်ကို မေမ့ေသးေခ်၊ဒါေၾကာင့္ ေလာ့ရွန္ဟြာကို ျပန္အရွက္ကြဲရေတာ့ သူမရဲ႕စိတ္ေတြဟာ ေက်နပ္လာေတာ့သည္။

"ဟုတ္လား... အန္တီထင္ခဲ့တာ " သူမစကားပင္ ဆုံးေအာင္ မေျပာရေသးခင္မွာ ေလာ့က်န္းေပ့ဟာ ထိုလူေတြၾကည့္ရင္း

"မစၥတာစစ္၊ ခင္ဗ်ားမိန္းမက လူသြားလမ္းမွာ ရပ္ရတာ ႀကိဳက္ပုံရတယ္ " လို႔ ေျပာလိုက္ေတာ့ စစ္သခင္ႀကီးဟာ သူမရဲ႕မိန္းမကို သတိေပးသလိုအၾကည့္ျဖင့္ကာ စားေသာက္ခန္းထဲကို ဝင္ရန္အမူအရာျပလိုက္သည္။စစ္ယင္႐ုံဟာ နားလည္တာေၾကာင့္ သြားရန္လုပ္ေပမယ့္ က်န္းယုေဝမိခင္ဟာ မသြားေသးဘဲ သူမဟာ ထိုေက်းဇူးမသိတတ္တဲ့သည့္ေလာ့က်န္းေပ့ကို မေျပာရဲတာေၾကာင့္ လူေကာင္လည္းေသးသလို သူမတို႔ကို ေၾကာက္လန႔္ေနပုံရသည့္ေလာရွန္ဟြာကိုသာ ဆုံးမသည့္ေလသံျဖင့္ ေျပာလိုက္တယ္

"မင္း ဒီလိုအဆင့္နဲ႕ အလယ္အလတ္အဆင့္တကၠသိုလ္ေတာင္ တက္ခြင့္ရပါ့မလား ရွအာဆို Sအဆင့္တကၠသိုလ္ရဲ႕စီးပြားေရးနဲ႕စီမံကိန္းေမဂ်ာတက္ဖို႔ အဆင္သင့္ေတာင္ လုပ္ထားၿပီးၿပီ... မင္းတစ္သက္လုံး ေလာ့က်န္းေပ့ကို မွီခိုေနလို႔မရဘူး"

ထိုအမ်ိဳးသမီးစကားအဆုံးမွာ သူတို႔ရဲ႕ေက်ာရိုးမ်ားေအးစိမ့္သြားၿပီး ပတ္ဝန္းက်င္က အပူခ်ိန္လည္း က်ဆင္းသြားသလိုပင္၊ေလာ့က်န္းေပ့ဟာထိုမိန္းမကို ၾကည့္ကာ တစ္ခ်က္ၿပဳံးသြားေတာ့သည္။

ဒါပထမဆုံးအႀကိမ္ သူတို႔အေနနဲ႕ ေလာ့က်န္းေပ့ၿပဳံးကာ ျမင္ဖူးေပမယ့္ ဘာေၾကာင့္မွန္းမသိ တစ္ခုခုျဖစ္လာေတာ့မည္ဟု ခံစားေနရေတာ့သည္။

"မဒမ္က်န္းရဲ႕ေစတနာေတြကို ရင္ထဲကေန မွတ္ထားပါမယ္ ဒါေပမယ့္ ကြၽန္ေတာ္မရွိေတာ့ရင္ေတာင္ ကြၽန္ေတာ့္ရဲ႕ကေလးငယ္ကို တစ္သက္စားမကုန္နိုင္တဲ စည္းစိမ္ေတြနဲ႕ထားခဲ့မွာ" လို႔ ေျပာလာတာေၾကာင့္ မဒမ္က်န္းမွာ အင္တင္တင္ျဖစ္သြားေတာ့သည္။ဒါေပမယ့္ ေလာ့က်န္းေပ့ဟာ ထိုလူေတြရဲ႕အမူအရာေတြကို ဂ႐ုမစိုက္ေပ၊သူဟာ တစ္ခ်ိန္လုံးၿငိမ္သက္ေနသည့္ကေလးငယ္ရဲ႕လက္ကို ဆြဲကာ ထြက္သြားေတာ့သည္။ နံရံမွာ အမွတ္တမဲ့ပုံရိပ္ထင္သြားသည့္ ေလာ့က်န္းေပ့ရဲ႕အနက္ေရာင္မ်က္ဝန္းမ်ားကို က်န္ရစ္သည့္စစ္အိမ္ေတာ္နဲ႕က်န္းအိမ္ေတာ္သာ ျမင္မိရင္ သူတို႔ဟာ ေၾကာက္လန႔္႐ုံသာမက ေနာင္တရစြာ ဒူးေထာက္မတတ္ေတာင္းပန္ၾကမွာ အမွန္ေပ၊

ေလာ့ရွန္ဟြာ ကားထဲေရာက္တဲ့အထိ တိတ္ဆိတ္ေနေတာ့သည္။ဘာလို႔လဲဆိုေတာ့ သူဟာ အေတြးမ်ားနယ္ခ်ဲ့ေနတာေၾကာင့္ျဖစ္သည္၊ဒီခႏၶာကိုယ္ပိုင္ရွင္ရဲ႕ေကာင္းမႈအျဖာျဖာေၾကာင့္ သူ႕မွာ ထိုအဆင့္ကိစၥနဲ႕ပတ္သတ္ၿပီးပဲ အေျပာခံေနရတာ မ်ားေနၿပီ ျဖစ္သည္။ဒီကိစၥကို သူတကယ္မေက်နပ္နိုင္ေပ၊

ထိုခ်ိန္မွာ သူ႕ဒယ္ဒီဘက္က ကားမွန္တံခါးဟာ သုံး၊ေလးခ်က္ ခပ္တိုးတိုးအေခါက္ခံလိုက္ရေတာ့သည္။ဒါေၾကာင့္ အေတြးလြန္ေနတဲ့ေလာ့ရွန္ဟြာရဲ႕အၾကည့္ေတြဟာ သူ႕ဒယ္ဒီရဲ႕ကားမွန္ဘက္ဆီ ေရာက္သြားကာ တစ္ဖက္ကလူရဲ႕မ်က္ႏွာကို ေတြ႕ေတာ့ မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္။

ေလာ့က်န္းေပ့ဟာ မွန္တံခါးကို အသံၾကား႐ုံသာ ခ်လိဳက္ၿပီး အျပင္ကလူကိုေမးလိုက္သည္။

"မင္းတို႔ က်န္းမ်ိဳးရိုးက လိုက္ဒုကၡေပးလို႔ မၿပီးနိုင္ေသးဘူးလား" မွန္သည္။အခုကားမွန္ေခါက္တဲ့သူက က်န္းလင္းရွျဖစ္သည္။ဒယ္ဒီကသာ ထိုတစ္ေယာက္ရဲ႕လုပ္ရပ္ေတြကို မျမင္နိုင္ေပမယ့္ သူကေတာ့ ေတြ႕ေနရသည္၊အရင္ဘဝက ေလာ့ရွန္ဟြာ က်န္ရစ္သည္ဟာလည္းမဆန္းက်ယ္ေတာ့ေပ၊က်န္းလင္းရွစီစဥ္မႈ​ေတြဟာ တကယ္ကိုပင္ ေသသပ္သည္ကို ပါတီမွာထဲက သတိထားမိသည္။

"စီနီယာေလာ့ အႏွောင့္အယွက္ျဖစ္သြားေစရင္ ေတာင္းပန္ပါတယ္ဗ်... " က်န္းလင္းရွ အသံဟာ အရင္တည္းက သိမ္ေမြ႕ကာနားေထာင္လို႔ေကာင္းတာေၾကာင့္ အခုလို ေလာ့က်န္းေပ့ကို ေျပာေနခ်ိန္မွာ အခ်စ္ေရာင္ျခည္မ်ားျဖာခင္းကာ ေျပာေနလို႔ပဲလား အရမ္းကိုခ်ိဳၿမိန္ေနဟု ၾကားရသူတိုင္း ခံစားမိေစသည္။

ဒါေပမယ့္ ေလာ့က်န္းေပ့ဆိုသည့္ ေရခဲတုံးထက္ဆိုးသည့္ သံတုံးႀကီးကေတာ့ ဘာမွမျဖစ္သည့္ပုံစံျဖင့္ အၾကည့္တစ္ခ်က္ေတာင္ ေရာက္မလာ႐ုံသာမက သူဟာ မွန္တံခါးကိုပင္ ပိတ္ကာ ကားဒရိုင္ဘာကို ေမာင္းရန္ေျပာလိုက္သည္။

'ဒယ္ဒီက အရမ္းရက္စက္တာပဲ'

"သခင္ႀကီး... " ကားဒရိုင္ဘာက စိတ္ရႈပ္ေနသည့္အမူအရာျဖင့္ ေရွ႕ကိုၾကည့္ကာ ေျပာလာတာေၾကာင့္ သူလည္းလွမ္းၾကည့္လိုက္ေတာ့ က်န္းလင္းရွဟာ ကားေရွ႕မွာ လက္ကားကာ ရပ္ေနသည္ကိုေတြ႕လိုက္ရေတာ့သည္။

'ေတာ္ေတာ္ဇြဲႀကီးတာပဲ...'

ဒယ္ဒီကလည္း ေရွ႕ကို မ်က္ေတာင္မခတ္ဘဲၾကည့္​ေနသည္ကို ျမင္ေတာ့ ေလာ့ရွန္ဟြာရဲ႕ ႏွလုံးသားေလးဟာ နာက်င္သြားေတာ့သည္။

"ဒယ္ဒီ..." ေလာ့ရွန္ဟြာ သူ႕ဒယ္ဒီေဘး ဒူးေထာက္ရပ္လိုက္ၿပီး ဒယ္ဒီမ်က္ႏွာကို သူ႕ဘက္ဆြဲလွည့္ကာ ဒယ္ဒီရဲ႕ႏႈတ္ခမ္းကို ဖြဖြေလးကပ္ကာ နမ္းလိုက္သည္၊

'ဒယ္ဒီက ရွန္ေလးအပိုင္'

-*-*-*-*-*-*-*-*-*-*
Chapter -44ေမွ်ာ္

Continue Reading

You'll Also Like

16K 1.6K 44
Nomin(သူတို့အခေါ် JenJaem) နှစ်ယောက်ရဲ့ moment တွေထဲက အနှစ်သက်ရဆုံး moment တွေအကြောင်းကိုမျှဝေချင်လို့ ဒါလေးကို ဖန်တီးခဲ့တာပါ
776K 50.4K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
201K 14.4K 139
ခံစားခ်က္​​ေတြကို သိမ္​းထားခ်င္​လို႔..... ဘာရယ္​​ေတာ့မႈတ္​ပါဘူး.... ​ေပါ​ေတာ​ေတာ က​ဗ်ာလိုလို စာလိုလို​ေလး​ေတြ​ေပါ့...
6.6M 431K 94
Hanary Victor + Loon Tar Nay San