အထာကျကျ သတ်ပါ (အထာက်က် သတ္ပါ)

By Meacenas_Loey

56 5 0

Main Lead - Cyrus Delton Elliot Huxley More

Chapter - 1 Prologue [Unicode]
Chapter - 1 Prologue [Zawgyi]
Chapter -2 Heartless sadistic murderer [Unicode]
Chapter -2 Heartless sadistic murderer [Zawgyi]
Chapter - 3 Convince me [Unicode]
Chapter - 3 Convince me [Zawgyi]
Chapter - 4 The Four [Zawgyi]

Chapter - 4 The Four [Unicode]

6 1 0
By Meacenas_Loey

Chapter - 4 The Four


အလိမ်အညာ...


သူလုပ်ခိုင်းတာ ထိုအရာပင်။ သူကျွန်တော်အား လှည့်စားနေသည်ဟု အစကထင်ခဲ့ပေမယ့် သူ့မျက်နှာပေါ်မှ လေးနက်မှုက နောက်ပြောင်ပြောဆိုနေတာမဟုတ်ကြောင်း ကျွန်တော်နားလည်လာသည်။


"လိမ်ရမယ် ?" အတည်မေးကြည့်လိုက်သော်လည်း ဆိုင်ရက်စ်မှာ သူ့ဖက်က တုံ့နှေးနေပုံကြောင့် စိတ်တိုလာပုံရသည်။ သူသည် စိတ်ရှည်သည်းခံတတ်သော လူတန်းစားဟုတ်ပုံမရပေ။ သူက ကျွန်တော်နှင့် လက်မအနည်းငယ်အကွာမှာ ရပ်နေသည်။ အရမ်းမနီးပေမယ့် အရမ်းလဲ မဝေးလွန်းပါ။ သူစောင့်နေသည် သူက ရိုးရှင်းစွာ ကျွန်တော်ဖက်မှ အဖြေကိုစောင့်ပေးနေရုံကပင် ကျွန်တော့်အား စိတ်မသက်မသာဖြစ်စေသည်။


...ငါဘာဖြစ်နေတာလဲ ဘာကြောင့် ဒီလိုကြီး ခံစားနေရတာလဲ...


"အခုပဲ ပြောကြည့်ပါ မစ္စတာကာတာ" သူ့မျက်နှာပေါ်က အပြုံးက ကျွန်တော်အား စိတ်မသက်မသာဖြစ်စေသည်။


သူ တစ်ခုခုပြန်ပြောမှဖြစ်မည်။


အာရုံစိုက်စမ်း ဟု ကိုယ့်ဘာသာပြန်သတိပေးရင်း အသက်ပြင်းပြင်းရှုကာ ထိုင်ခုံလက်ရမ်းကို ယောင်ရမ်းကာ တင်းတင်းဆုပ်ထားမိသည်။ ကြောက်ရွံ့ခြင်းတွေကို အဝေးသို့တွန်းထုတ်ပြီး နောက်ဆုံးသူ အဆင်သင့်ဖြစ်သွားတော့မှ မျက်လုံးကိုပြန်ဖွင့်ကာ သူ့အား လေးနက်စွာ ပြန်ကြည့်လိုက်သည်။


"အဲဒီအချိန်ရောက်လာခဲ့ရင် ခင်ဗျားဖက်ကို လှည့်ထားတဲ့ သေနတ်ပြောင်းဝကို ခင်ဗျားဘယ်တော့မှ မမြင်စေရပါဘူး အဲဒီနေရာမှာ ကျွန်တော်ပဲ ဖြစ်လာမှာပါ သေနတ်ခလုတ်ကို ဆွဲသူကနောက်ဆုံး ခင်ဗျားပဲဖြစ်စေရမယ်" ထိုစကားများက ဆိုင်ရက်စ်အထင်ကြီးသွားစေဖို့ မျှော်လင့်ရတာပါပဲ။


ဆိုင်ရက်စ်သည် သူ့အား အတန်ကြာစိုက်ကြည့်သည်။ သူမျက်ဝန်းများက ခုနလိုပင် ဖတ်ရှုလို့မရနိုင်ပေ။ ကျွန်တော်ကို စစ်မေးပြီးနောက် သူ့၏လေးနက်တည်ကြည်မှုတို့ ပျောက်ကွယ်သွားကာ မဲ့ပြုံးတို့ပြန်ပေါ်လာသည်။ သူက ကျွန်တော်ပခုံးကို နှစ်ကြိမ်လောက်ပုတ်ကာ သူ၏ထိုင်ခုံရှိရာ ပြန်လျှောက်သွားပြီး ထိုင်လိုက်သည်။


"ချစ်စရာကောင်းတဲ့ လိမ်ညာမှုပဲ သိပ်ကို ဆွဲဆောင်မှုရှိတယ်" သူက ရယ်ရယ်မောမောဖြင့် ပြောနေပေမယ့် တစ်စုံတစ်ယောက်က ခလုတ်နှိပ်လိုက်သလိုမျိုး စက္ကန့်အတွင်းမှာပင် အလေးအနက်ကြီးဖြစ်သွားပြန်သည်။ "ခက်တာက ဒီလောက်နဲ့ ကိုယ်မယုံသေးဘူး"


ဆိုင်ရက်စ်က သူ့လက်ချောင်းတွေကို ဆုပ်ကိုင်ယှက်တွယ်ပြီး မေးစေ့လေးကို ထိုလက်ပေါ်တင်လိုက်သည်ကို သူ ရင်တထိတ်ထိတ်ဖြင့် လိုက်ကြည့်မိနေသည်။


"ဘယ်သူတွေ လိမ်တာအတော်ဆုံးလဲ မင်းသိလား" ဟု သူကမေးသည်။ ရုတ်တရက်ကြီး မေးခွန်းက ဘယ်ကိုဦးတည်မှန်းမသိ။


"ရှေ့နေတွေလား" သံသယတစ်ဝက်ဖြင့် သူဖြေလိုက်သည်။


"မဟုတ်ဘူး လူကြီးလူကောင်းတွေ" ဟုပြန်ဖြေသည်။ လက်ချောင်းများဆုပ်ကိုင်ထားရာမှ မဖြေလျှော့ပဲ သူ့လက်တွေကို စားပွဲပေါ်ချလိုက်ကာ "လိမ်ညာတယ်ဆိုတာ လူကြီးလူကောင်းတွေလုပ်တဲ့ အပြုအမူတစ်ခုပဲ သူတို့ပြောတဲ့ မုသားအများစုက မှန်တာတစ်ခုမှမပါပေမယ့် ယဉ်ကျေးသိမ့်မွေ့ကြတယ်" ဟု သူကဆက်ပြောသည်။


"ဒါဖြင့် အကောင်းဆုံးမုသားက ဘယ်လိုဟာလဲ" ဟု ကျွန်တော်ပြန်မေးကြည့်သည်။ စောနတုန်းက ကျွန်တော်ကောင်းကောင်းဖြေဆိုနိုင်ရဲ့လားဟု သိချင်တာလည်းပါသည်။ အဆုံးအဖြတ်အတွက် အရေးကြီးတဲ့ ဒီလူ၏စံသတ်မှတ်နှုန်းတွေကို သိထားဖို့ လိုအပ်သည်။ ဒီလူအတွက် အကောင်းဆုံးမုသားဆိုတာ ဘယ်လိုဟာမျိုးလဲဟု သူသိရမှဖြစ်မည်။


"လိမ်ညာပြောနေတဲ့သူကို လိမ်နေတာမဟုတ်ဘူးလို့ ယုံပေးလိုက်တာ အဲဒါမှ အကောင်းဆုံးလိမ်ညာမှုပဲ မင်းကိုမေးခွန်းတစ်ခုမေးမယ် မစ္စတာကာတာ မင်းအဖေကို မင်းချစ်လား"


ပထမတော့ သူစိတ်ရှုပ်နေပေမယ့် တွန့်ဆုတ်ခြင်းမရှိ ခေါင်းညိတ်ပြလိုက်ပြီး "ဒါပေါ့ သူက ကျွန်တော်အဖေပဲကို" ဟုပြန်ဖြေလိုက်သည်။


သူက ပြုံးလေသည်။


"မင်းလိမ်တာကောင်းတယ်ဆိုတာ အဲဒါပြောတာ" ကျွန်တော် တစ်ချို့အကြောင်းအရာတို့ကြောင့် တုန်လှုပ်သွားသလိုပင်။


လိမ်သည်ဟု သူဘာကြောင့်ပြောရသလဲ။ ကျွန်တော်လိမ်ပြောခြင်းမဟုတ်ဘူးလေ။ အဖေကို ကျွန်တော်ချစ်ခဲ့......


ချစ်ခဲ့တယ်...ဟုတ်သားပဲ...အဖေ့ကို ချစ်ခဲ့တာပဲ...အခုချစ်နေတာမှမဟုတ်တာ...


"ဘယ်လိုလဲ အခုကွာခြားချက်ကို မြင်သွားပီလား" သူကလကျွန်တော်ကို စိုက်ကြည့်ပြီးမေးသည်။ ကျွန်တော့်မျက်နှာပေါ်က အပြောင်းအလဲကို သူလည်း သတိထားမိလိုက်သည်ထင်ပါသည်။


"ဒါက ဘာလို့ ဒီလောက်အရေးကြီးနေလို့လဲ ကျွန်တော်က သက်တော်စောင့်တစ်ယောက်ပဲလေ ကျွန်တော်သာစကားမပြောရင် လိမ်ညာနေတယ်ဆိုတာလည်း ဖြစ်မှမဖြစ်နိုင်တာ ဆိုလိုတာ လိမ်တဲ့နေရာမှာ တော်နေဖို့မှ မလိုပဲလေ" ကျွန်တော် လေးနက်သောအမူအရာဖြင့် ရှင်းပြလိုက်သည်။ ရုတ်တရက် ဆိုင်ရက်စ်မျက်နှာမှာ ကြက်သီးထဖွယ် အပြုံးတစ်ခုကိုမြင်လိုက်ရသည်မှာ ကျွန်တော်ဆံပင်မွှေးများထောင်တဲ့အထိ ဖြစ်သွားသည်။


"ဒါဆို မင်းကို ယုံလိုက်မယ်" ဟု သူပြောတော့ ကျွန်တော်မျက်လုံးများ ပြူးကျယ်သွားရသည်။


သူက တကယ်ကောင်းတဲ့သူပါ။ အန္တရာယ်များပေမယ့် စမတ်လဲကျသည်။ သူ့အပေါ်ကိုလည်း မီးစိမ်းပြလိုက်ပြီ အခု ကျွန်တော်မှာနောက်ကြောင်းပြန်လှည့်စရာ မရှိတော့ပေ။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုသာ စောင့်ကြည့်ရတော့ပေမည်။


"မင်းကိုအလုပ်ခန့်လိုက်ပီ"


သူက ထပ်ပြီး "ဒီနေ့ကစပြီး မင်းငါ့အနားမှာနေရမယ် ငါဘယ်သွားသွား မင်းလိုက်ခဲ့ရမယ် ကာကွယ်ပေးတယ်ဆိုတဲ့စကားကို သဘောမကျလို့ အဲဒီအစား စောင့်ရှောက်ပေးတယ်လို့ပဲ သုံးရအောင် မင်းရဲ့ဝတ်စုံနဲ့ ပစ္စည်းကိရိယာတွေကို မနက်ဖြန်ကျ ပေးလိမ့်မယ် ကိုယ်က စကားများတာ သိပ်မကြိုက်ဘူး ဒါပေမယ့် မင်းကိုစကားပြောခိုင်းရင်တော့ မင်းပြောရမယ်"


သူပြောတာကို နားလည်ကြောင်း သူခေါင်းညိတ်ပြလိုက်သည်။


အင်တာဗျူးပြီးသွားပြီဟု ထင်လိုက်သော်လည်း ရုံးခန်းတံခါးက ရုတ်တရက်ပွင့်လာသည်။ ဝင်သူသောသူက တံခါးမခေါက်ပုံအရ အရေးပါတဲ့သူတစ်ယောက်ဖြစ်မည်ဟု သူခန့်မှန်းလိုက်သည်။


"ဆိုင်ရက်စ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ မင်းကိုစောင့်နေကြတယ်" အမျိုးသမီးတစ်ဦး၏အသံကိုကြားလိုက်သည်။ သူမကို သူလှည့်မကြည့်ပေမယ့် သူမ၏သြဇာညောင်းလှသော အသံကြောင့် မည်သူမှန်းရှင်းရှင်းလင်းလင်း သိလိုက်သည်။


"ကတ်တလီနား" ဆိုင်ရက်စ်က အဖြူရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီး သူ့အနားရောက်လာသည်ကို ခေါ်လိုက်သည်။ ထိုအမျိုးသမီးက သူ့ကို တစ်ချက်မျှစိုက်ကြည့်ပြီး သူ၏တည်ရှိမှုကို လျစ်လျူရှုကာ သူမ ရုတ်တရက်ဝင်လာသည်ကို အံ့သြဟန်ပင်မပြသော ဆိုင်ရက်စ်ကိုသာ ပြန်ကြည့်လိုက်သည်။


သူမက ဒုတိယမွေးချင်းဖြစ်သူ ကတ်တလီနားဖြစ်သည်။ ကြားထားသောသတင်းများအရ သူမက သားအကြီးထက်တောင် ပိုပြီးကြောက်စရာကောင်းသည်ဟူ၏။ ယခု သူမကိုကြည့်ရတာ ထင်ထားသလောက် ကြောက်ဖို့မကောင်းသော်ငြား သူဌေးမတစ်ဦးကဲ့သို့ အရှိန်အဝါတော့ကြီးလေသည်။ ဆိုင်ရက်စ်တွင် သူတစ်ခါးကို ခြိမ်းခြောက်နိုင်လောက်သည့် အာဏာစက်ကွင်းရှိသည်ဆိုပါလျှင် သူမကတော့ ပို၍အားကောင်းသောအရှိန်အဝါရှိပေသည်။ သူမက ပိုပြီးကိုင်တွယ်ရခက်ခဲလောက်ပေမည်။


"မင်းမြင်တဲ့အတိုင်းပဲ ငါလဲအခုအလုပ်များနေတယ်လေ ဒါကြောင့် ကျေးဇူးပြုပြီး ငါ့ကိုယ်စား မင်းပဲ ရင်းနှီးမြှုပ်နှံသူတွေနဲ့ စကားပြောပေးပါလား မင်းလုပ်ပေးနိုင်ရင် ငါအရမ်းကျေးဇူးတင်မိမှာပဲ" ဆိုင်ရက်စ် ယဉ်ယဉ်ကျေးကျေးစကားပြောနေသည်ကို တွေ့ရတာ သူကြက်သီးထလာသလို ခံစားရသည်။


ကတ်တလီနားက ပြုံးပြီး သူ့အကိုကို လှမ်းကြည့်သည်။ သူမက ဆိုင်ရက်စ်အနားသို့ တိုးကပ်လာသည်မှာ နမ်းမိတော့မည်ဟု သူထင်လိုက်သော်လည်း သူမ ဆက်မတိုးတော့ပေ။ သူမက ဆိုင်ရက်စ်၏မျက်နှာနှင့် လက်မအနည်းငယ်အကွာမှာ ရပ်တန့်လိုက်ပြီး "ငါက ဒီမှာ မင်းကိုကျေနပ်စေဖို့ ရှိနေတာမဟုတ်ဘူး ဒါကြောင့် မင်းထိုင်ခုံပေါ်ကနေထပြီး အဲဒီလူတွေနဲ့ကိုယ်ကိုတိုင်သာ စကားပြောလိုက် မင်းက သူဌေးလေ ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးပဲ"


ကတ်တလီနား၏ အကိုအရင်းအပေါ် စကားပြောဆိုပုံကိုကြည့်ပြီး သူအံ့သြသွားသည်။ ချန့်နှင့်မတူပဲ သူမ စကားပြောရာမှာ အကြောက်အလန့်လုံးဝမရှိပေ။


"ဒါမှမဟုတ် ငါတို့တွေ နေရာလဲလိုက်ကြမလား ငါက သူဌေးဖြစ်လာပြီး မင်းကတော့ ဒုဥက္ကဌလုပ်ပေါ့" ကတ်တလီနားက ထပ်လောင်းပြောလိုက်သည်။ နောက်ဆုံးစကားက ဆိုင်ရက်စ်ကို ထိုင်ရာမှထလာစေတဲ့ တစ်ခွန်းတည်းသောစကားဖြစ်သည်။


"ဒါဆို ခခယယ အကူအညီတောင်းမိလို့ တောင်းပန်တယ်" ဆိုင်ရက်စ်က ထွက်မသွားခင် ခပ်စူးစူးတစ်ချက်ကြည့်ကာပြောလိုက်သည်။


ဒီနေ့ အလုပ်စဝင်ရမည်ဟု ပြောထားသောကြောင့် သူလဲ ခရီးဆောင်အိတ်ကိုဆွဲကာ ဆိုင်ရက်စ်နောက်သို့ လိုက်ဖို့ပြင်စဉ် ကတ်တလီနားက သူ့လက်မောင်းကို လှမ်းဆွဲတားလိုက်သည်။


"မနက်ဖြန်မှ အလုပ်စဝင်လိုက် ငါ့ကို မင်းရဲ့ဖုန်းနံပါတ်ပေး" ဟု သူမက အမိန့်ပေးလာသည်။ သူမကိုလည်း လျစ်လျူရှုထားလို့ မဖြစ်နိုင်သောကြောင့် သူ့ဖုန်းနံပါတ်ကိုပေးလိုက်တော့ သူမ၏နံပါတ်ကိုလည်း ဖုန်းပြန်ခေါ်ကာပေးလိုက်သည်။


"မင်းကိုယ်တိုင်းကို ပို့ပေးလိုက် ဒါမှ ငါတို့မင်းအတွက် ဝတ်စုံစီစဉ်ပေးလို့ရမှာ ငါရဲ့ချစ်လှစွာသောအကိုက မင်းကို အသေးစိတ်တော့ ပြောပြီးလောက်ပြီထင်ပါတယ် အထုတ်အပိုးပြင်ထားလိုက်တော့ မင်းအခုကစ ငါတို့နဲ့အတူနေရမှာ ဒါပေမယ့် ဘာမှမစိုးရိမ်ပါနဲ့ တစ်ခြားသက်တော်စောင့်တွေလည်း ဟိုမှာရှိပါတယ် မင်းက ဆိုင်ရက်စ်အတွက် တာဝန်ကျရုံလေးတင်ပါ" ဟု သူမက ရှင်းပြလာသည်။


ဒီလိုဆိုပြန်တော့လည်း သူမက ဆိုင်ရက်စ်နှင့် သူ့ညီနှာဘူး ချန့်တို့လောက် မဆိုးလောက်ဟု သူခန့်မှန်းလိုက်သည်။


"ဒါနဲ့ နာမည်ဘယ်လိုခေါ်လဲ" သူမက မသွားခင်မေးလိုက်သည်။


"ဘန့်" ဟု ချက်ချင်းပြန်ဖြေလိုက်သည်။


သူမက ခေါင်းညိတ်ပြီး သူ့ပခုံးကို အသာပုတ်ကာ "ငါ့အကိုကို သေချာကြည့်ပေးပါ သူရဲ့လူကြီးလူကောင်းဆန်တဲ့နည်းလမ်းတွေက အခက်ကြုံရနိုင်တယ်"


သူမ ဘာကြောင့် ဒီလိုစကားမျိုးပြောရသလဲ သူ မရှင်းလင်းသော်လည်း သူမက အပြင်ထွက်သွားပြီဖြစ်သောကြောင့် သူလဲ ဒီထက်ပိုမေးမနေတော့ပါ။


"ပြီးတော့ ဘန့် " သူမ နောက်လှည့်ခေါ်သည်။


သူ ကတ်တလီနားကို ပြန်လှည့်ကြည့်လိုက်သည်။ သူမက ချန့်နဲ့ ဆိုင်ရက်စ်လို့ ပြုံးမပြပေမယ့် သူ့အပေါ် ဒေါသတကြီးလဲ မဆက်ဆံချေ။ ထိုအစား သူမဟာ ပုံမှန်အတိုင်းပင် ပြောဆိုဆက်ဆံလာသည်။ "ဒုတိယအကြီးဆုံးအမအနေနဲ့ မင်းကို ဒယ်တန်မိသားစုက ကြိုဆိုပါတယ်" ထို့နောက် ဘာမှမဖြစ်ခဲ့သလို အပြင်ဖက်ကိုထွက်သွားတော့သည်။


မျက်စိတဖျက်အတွင်း တွေ့ကြုံလိုက်ရတာတွေကြောင့် သူစိတ်ရှုပ်နေသည်။ သို့သော် ကတ်တလီနား၏ ကိုယ်ရံတော်ဟု ထင်ရသည့်အမျိုးသမီးတစ်ဦးက သူ့အား အခန်းထဲမှထွက်ခွာခိုင်းသဖြင့် သူလည်းထွက်လာခဲ့သည်။


ဒယ်တန်အဆောက်အဦအပြင်ကို လမ်းလျှောက်ထွက်ခဲ့ရင်း ဒီက အဖြစ်အပျက်တွေကို ပြန်စဉ်းစားမိသည်။ မောင်နှမသုံးယောက်လုံးသည် အလွန်ထူးခြားသော ကိုယ်ရည်ကိုယ်သွေးတို့ရှိနေသည်။ တစ်ယောက်က မြွေတစ်ကောင်လိုပင် ဒါမှမဟုတ် ဒီထက်ပိုမသင့်တော်သော စကားနဲ့ပြောရလျှင် လျှပ်စီးပြစ်နေသော ယောကျ်ားပျက်ကဲ့သို့ ပြောဆိုဆက်ဆံသည်။ ထိုလူက သူရှေ့မှလူကို သူ၏ညစ်နွမ်းသော စိတ်ဆန္ဒတို့အတွက် ဖြေဖျောက်ရာရှာသကဲ့သို့ လူကိုလေ့လာဆန်းစစ်နေသည်။ တစ်ခါလောက် လိုက်လျောမိသည်နှင့် တစ်ခါတည်းပင်ဆွဲစားလောက်ပေသည်။


နောက်တစ်ဦးကတော့ လူကြီးလူကောင်းတစ်ယောက် တနည်းအားဖြင့် မင်းသားမျက်နှာဖုံးတပ်ဆင်ထားသော ယောကျ်ားတစ်ယောက်ဆိုလျှင် ပိုမှန်လိမ့်မည်။ သူသည် အလွန်လိမ္မာပါးနပ်ပြီး စမတ်ကျသော်လည်း အလွန်အန္တရာယ်များသည့်လူမျိုးဖြစ်လေသည်။ သူ့လို ကိုယ့်အရည်အချင်းကို သိနားလည်ပြီး အတိတ်က လုပ်ခဲ့တဲ့စွမ်းဆောင်ရည်တွေ ရှိခဲ့သူပင်ဖြစ်လင့်ကစား ထိုလူကတော့ တစ်ခြားသော လယ်ဗယ်မှာ ရှိနေသောသူဖြစ်သည်။ သေသပ်ကျော့မောကာ ကြည့်ကောင်းနေသော်လည်း ဘာကြောင့်မှန်းမသိပေ ထိုလူ၏လက်တို့က အချိန်တိုင်းမှာ သွေးစက်တွေစွန်းထင်းနေသကဲ့သို့ ခံစားနေရသည်။ ဒီတစ်ချက်တည်းကြောင့်တော့ သူ့အားခြောက်လှန်နိုင်မည်မဟုတ်ပါ။ သို့သော် တစ်ခြားသူသိထားသော အရာများကိုပင် သူဘာမှမသိသလို ဟန်ဆောင်နေခြင်းက သူကို ပိုစိတ်အနှောင့်အယှက်ပေးနေသည်။


ယခု သူခေါင်းထဲသို့ နောက်ဆုံးဝင်လာသူက ကတ်တလီနား။ သူမထံမှ သူဌေးတစ်ဦး၏ အရှိန်အဝါတို့က သူမအကိုထက်ပင် ပိုရှိနေသည်။ သို့သော် ချမ်းသာသော အထက်တန်းလွှာမိသားစုတို့၏ အခြေခံစည်းမျဉ်းများအတိုင်း မိသားစုတွင် သားအကြီးကသာလျှင် အမွေဆက်ခံရမည့်သူ မိသားစုအမွေအနှစ်စီးပွားရေးကို လက်ဆင့်ကမ်းပိုင်ဆိုင်မည့်သူဖြစ်သည်။ အားနာဖို့ကောင်းပေမယ့် ကတ်တလီနား၏ အနာဂတ်ကို သူတွေးမိပါသည်။ သို့သော် သူနားမလည်နိုင်သည့်အချက်က သူတို့အဖေက CEO အသစ်ကြေညာချက်ကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ပုံမှန်အခြေအနေအရ ဆိုင်ရက်စ်ဖြစ်မည်မှာ ထင်ရှားသော်လည်း အဘယ်ကြောင့် သားအငယ်ဆုံး ၂၅ နှစ်ထိ စောင့်ခိုင်းရသနည်း။ တိုဘီဒယ်တန်သည် အမွေဆက်ခံသူဟု ဆိုလိုခြင်းပေလား။ သူတကယ် နားမလည်တော့ပေ။


အငယ်ဆုံးအကြောင်းပြောပေမယ့် သူ ခုထိလူချင်းမတွေ့ဖူးသေးပေ။ သူက ကျောင်းတတ်နေတုန်းမို့ ဖြစ်နိုင်သည်။ အတိအကျဆို တတိယနှစ်တက္ကသိုလ်ကျောင်းသားဖြစ်သည်။ တိုဘီဒယ်တန်သည် လက်ရှိဒီနိုင်ငံမှာ အကျော်ကြားဆုံးတက္ကသိုလ်မှာ ပညာသင်နေခြင်းလည်းဖြစ်သည်။ ကျန်သောမောင်နှမများသည်လည်း ပညာတတ်များဖြစ်ကြသော်လည်း တိုဘီကတော့ ပိုလို့ ပညာရေးတွင် ထူးချွန်ပေါက်မြောက်ပေသည်။ သူက ပညာတော်သော်လည်း ဆိုင်ရက်စ်ကဲ့သို့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တော့မဟုတ်ပေ။ သူ့အမကဲ့သို့ အသင်းအဖွဲ့များ အဖွဲ့အစည်းများနှင့်လည်း တတ်ရောက်တွေ့ဆုံခြင်းမရှိ။ တတိယအကိုလိုလည်း ပေါင်းသင်းဆက်ဆံရေး မကျယ်ပြန့်ချေ။ ထွေထွေထူးထူးပြောစရာ ဘာမှသိပ်မရှိ။


"သခင်လေးတိုဘီ"


သူအဆောက်အဦအဝင်ပေါက်မှ ထွက်ဖို့ပြင်ချိန်တွင် ရုတ်တရက် ဝန်ထမ်းများ၏ နှုတ်ဆက်သံကို ကြားလိုက်ရသည်။ တန်ဖိုးကြီးကားတစ်စီးက အဆောက်အဦရှေ့တွင် ရပ်ထားသည်။ ဝန်ထမ်းများက ဘေးတစ်ဖက်စီရပ်ကာ ကြိုဆိုကြသည်။ ထိုကောင်လေးက ကားပေါ်မှဆင်းလာချိန်က တည်ကြည်သောဟန်ပန်ရှိသော်လည်း လူအများကြီးရှေ့ရောက်သွားချိန်တွင် ခပ်တည်တည်အမူအရာမှ ချိုမြိန်ပြီး အပြစ်ကင်းသောအပြုံးတစ်ခုကို ချက်ချင်းပြောင်းလဲလိုက်ခြင်းကြောင့် သူအံ့အားသင့်သွားလေသည်။


အဲဒါ...တိုဘီဒယ်တန်လား...အငယ်ဆုံးသားပေါ့...


"အားလုံးပဲ မင်္ဂလာနံနက်ခင်းပါဗျ" သူက နှုတ်ဆက်လေသည်။ ချစ်စရာကောင်းသော ထိုကောင်လေးကြောင့် ဝန်ထမ်းတိုင်း ပြုံးမိကြသည်။


"ကျွန်တော်အကိုအမတွေ ဒီမှာရှိကြလား" ဖိုင်တွဲတစ်ခုပေးရန် သူ့အနား ချက်ချင်းရောက်လာသော ဝန်ထမ်းအား မေးလိုက်သည်။ "သခင်လေးချန့်က ဝန်ထမ်းအသစ်တွေ စစ်ဆေးနေပါတယ် ဒုဥက္ကဌကတ်တလီနားက ဌာနခွဲတွေလိုက်ပတ်ကြည့်နေပြီး သူဌေးဆိုင်ရက်စ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ် သူတို့ရဲ့အချိန်ဇယားတွေကို သခင်လေးတိုဘီဆီ အကြောင်းကြားမထားဘူးလား"


"အိုး စိတ်မပူပါနဲ့ ကျွန်တော် ဒီကို လက်မှတ်ထိုးဖို့သက်သက်လာတာပါ ဟုတ်တယ်မလား" သူက ဖိုင်တွဲကို ဖွင့်ပင်မကြည့်ဘဲ ထိုဝန်ထမ်းကို ပြန်ပေးလိုက်သည်။


"အော် သခင်လေး ဒါတွေက အစီရင်ခံစာတွေပါ ဟို..." တိုဘီက လက်ကို အသာအယာယမ်းပြကာ စကားဖြတ်လိုက်သည်။ "စီးပွားရေးကိစ္စမှန်သမျှ ကျွန်တော့်အကိုအမတွေပဲ ကိုင်တွယ်ပါစေ ကျွန်တော် သူတို့ကြားဝင်မရှုပ်ချင်ပါဘူး ဒါကြောင့် ကျွန်တော်လာလည်တာ သူတို့ကို မပြောပါနဲ့နော်"


ဝန်ထမ်းက အံ့အားသင့်နေပုံရသော်လည်း နားလည်သည့်ပုံစံဖြင့် ခေါင်းညိတ်ပြသည်။


...သေစမ်း သူက ဒီလမ်းအတိုင်း တည့်တည့်ကြီးလာနေတာပဲ သူမသိသလိုပင် ပုံမှန်လို ဖြတ်ကျော်သွားလိုက်မယ်...


"ဝန်ထမ်းတွေ ကျွန်တော်ကို အပြင်ထွက်ကြိုကြပြန်ပီလား ဒါမျိုးတွေ မလုပ်ပါနဲ့လို့ သူတို့ကို ပြောပေးပါဦး ကျွန်တော် ဒီလောက်ပြောထားတာကိုဗျာ ကျွန်တော်အတွက် သူတို့ကို အလုပ်မများစေချင်ဘူး"


"ကောင်းပါပြီ ဒါကြောင့်လဲ သူတို့က ကြိုစောင့်ပေးချင်ကြတာပေါ့ သခင်လေးက ဝန်ထမ်းတွေအပေါ် အရမ်းကြင်နာတတ်တာကိုး"


သူ ထိုစကားသံများကြောင့် မျက်လုံးတစ်ချက် စွေကြည့်လိုက်ပေမယ့် နောက်ဆုံး သူတို့ဘေးက ဖြတ်ကျော်လာခဲ့သည်။ ရုတ်တရက် သူ့ပခုံးပေါ် နူးညံ့တဲ့အထိအတွေ့ကို ခံစားလိုက်ရသည်။ သူပြန်လှည့်တော့ တိုဘီက သူ့ကို တည့်တည့်စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။ သူဘာမှပြန်မပြောတော့ မျက်နှာကိုပဲ ဆက်တိုက်စိုက်ကြည့်နေလေသည်။ စက္ကန့်ပိုင်းလောက်အကြာတွင် တိုဘီက တခစ်ခစ်ရယ်ကာ သူ့မျက်နှာပေါ်က ဆံပင်တစ်စကို ညင်သာစွာသပ်ချပြီးပြောသည်။ "မင်းရဲ့အင်တာဗျူးမအောင်တာအတွက်နဲ့တော့ ဆံပင်မွှေးထောင်စရာမလိုပါဘူးကွာ"


ကျွန်တော် သူ့လက်ကို ညင်သာစွာ တွန်းဖယ်လိုက်သော်လည်း သူက စိတ်ဆိုးဟန်မပြ။ "စိတ်မပူပါနဲ့ ကျွန်တော်ဖြေပြီးပါပြီ" ဟု ပြုံးကာဖြေလိုက်သည်။


တိုဘီသည် အမှန်တကယ်ပင် အံ့သြသွားကာ သူ့အနားသို့ ပိုမိုတိုးကပ်လာပြီးမေးသည်။ "တကယ်ကြီးလား ဖြေနိုင်ခဲ့ရဲ့လား ဒီကုမ္ပဏီက နည်းနည်းဝင်ရခက်တယ်မလား"


အိုး ဟုတ်သားပဲ ကျွန်တော် သူ့ကို သိနေတာ သူမှမသိတာပဲလေ။


"ဟုတ် ကံကောင်းထောက်မစွာနဲ့ ဝင်ခွင့်ရလိုက်ပါတယ် နောက်ဆို ကျွန်တော်တို့ ခဏခဏတွေ့ရမယ်ထင်ပါတယ် ကျွန်တော်ကို စိတ်မရှုပ်စေဖို့ပဲ မျှော်လင့်ပါတယ်" သူ အတတ်နိုင်ဆုံး ကောင်းမွန်စွာပြန်ဖြေလိုက်သည်။ ထိုသူ၏တောက်ပသော ကိုယ်ရောင်ကိုယ်ဝါအား ယှဉ်နိုင်ရန် ကြိုးစားပေမယ့် သူမယှဉ်နိုင်သေးပါ။ ကျန်သောမောင်နှမမွေးချင်းများနှင့် မတွေ့ရသေးခင် တိုဘီနှင့်အရင် တွေ့ခဲ့လိုက်သင့်သည်။ ကျန်သုံးယောက်လုံးက တစ်ယောက်တစ်မူစီ ထူးခြားနေပေမယ့်လို့ သူတို့ကြားတွင် တူညီမှုများစွာရှိသေးသည်။ တိုဘီကတော့ လုံးဝဆန့်ကျင်ဖက်ပင်ဖြစ်သည်။ သူသည် ဒယ်တန်ကသူ လုံးဝမဟုတ်သလိုပင်။


"ကျွန်တော်က ဝန်ထမ်းမဟုတ်တဲ့အတွက် ပြဿနာသိပ်မရှိပါဘူး" ဟု သူက ပေါ့ပေါ့ပါးပါးပြောလာသည်။"တကယ်တော့ သူက..."


တိုဘီက ချက်ချင်းပင် ဝန်ထမ်းကို ဘာမှဆက်မပြောဖို့ တားမြစ်လိုက်သည်။ သို့သော် ဘာမှဆက်မပြောရင်တောင် သူဘာမေးလာမလဲဆိုတာ သူအတပ်သိနေသည်။ သူက ဝန်ထမ်းမဟုတ်ဘဲ ပိုင်ရှင်ဖြစ်နေသည်လေ။


"ဘာရာထူးနဲ့လဲ ဆရာသမား" ဟု သူက ပြုံးပြုံးလေးဖြင့်မေးသည်။


ကျွန်တော် ပြန်မဖြေချင်ပေမယ့် သူလည်း တနည်းနည်းဖြင့် သိသွားမည်သာဖြစ်သည်။ ပြီးတော့ မနက်ဖြန်ကစလို့ သူတို့စံအိမ်မှာ နေရမည်မဟုတ်လား။ သူအိမ်မှာ ပြန်တွေ့လို့ အံ့သြသွားသည်ထက်စာရင် အခုကတည်းက ပြောပြထားလိုက်သည်က ပို၍ကောင်းပေမည်။


"တကယ်တော့ ကျွန်တော်က မစ္စတာဆိုင်ရက်စ်ဒယ်တန်ရဲ့ သီးသန့်သက်တော်စောင့်ပါ"


တိုဘီက ဘာမှမတုံ့ပြန်သော်လည်း စက္ကန့်ပိုင်းလေးအတွင်းမှာပဲ သူ့မျက်လုံးထဲက တစ်စုံတစ်ခုကို မြင်လိုက်ရသည်။ မီးတောက်နှင့်တူသောအရာတစ်ခု ။ သူ့အား ဒီနေရာ၌ပင် ချက်ချင်းမီးရှို့ပစ်ဖို့ အဆင်သင့်ဖြစ်နေသော မီးတောက်မျိုးပင်။


"ငါ့အကိုရဲ့ သီးသန့် သက်တော်စောင့် ?" သူက အတည်ပြုသလိုမေးပေမယ့် ကျွန်တော်မှ ဘာပြန်ဖြေရမည်မသိသောကြောင့် ခေါင်းသာညိတ်ပြလိုက်သည်။


တိုဘီသည် စောနက ဘာမှမကြားခဲ့လိုက်သလို ပြုံးနေပြန်သည်။ ပြီးတော့ ဝန်ထမ်းတွေအပေါ် သုံးခဲ့တဲ့ ချစ်စဖွယ်ဟန်ပန်အတိုင်း သူ့ကိုစိုက်ကြည့်ရင်း ပြောလေသည်။ "မင်းနဲ့အချိန်တိုင်း တွေ့နေရရင် စိတ်အနှောင့်အယှက်မဖြစ်ဖို့ ငါ့ကိုပြောထားတာ ဟုတ်တယ်မလား ကောင်းပြီ ငါ မင်းကို နောက်တစ်ခါပြန်ဖြေပေးမယ်"


သူက ခဏရပ်ကာ သူ၏တကယ်ပုံစံအစစ်အမှန်ကို ပြသလာသည်။ "ငါ အခုကတည်းက တကယ်ကြီးစိတ်အနှောင့်အယှက်ဖြစ်နေပြီ"


ထို့နောက် သူသည် ဝန်ထမ်းအားလုံးကို မျက်စိကန်းသည့်အထိ ဟန်ဆောင်ထားနိုင်ခဲ့သော စိတ်ပျက်စရာ အပြုံးတု နူးညံ့သိမ်မွေ့သောဟန်ပန်တို့ဖြင့် အဝေးသို့ ထွက်ခွာသွားတော့သည်။


ထိုအချိန်မှာ ထိုသူ၏ အယောင်ဆောင်မျက်နှာဖုံးတို့ ကွာကျသွားတော့သည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူသည်လည်း တစ်ခြားမောင်နှမများနှင့် သိပ်မကွာခြားဘူးဆိုတာ သိလိုက်ရလေသည်။



အခန်း (၄) ပြီးပါပြီ

Continue Reading

You'll Also Like

Twenty Six Revenge By Grey

Mystery / Thriller

592K 38.8K 49
Khoon Thant Shein Wah+Sunshine SiThu
39.6K 2.3K 26
"[+18] үзэгдэл гарах боломжтой" Бүгд л худал хэлж, хоёр нүүр гаргаж чаддагтай адил би ч мөн адил чадна... #3 IN MYSTERY/THRILLER Public: 2017.10.02 З...
188K 16.6K 43
အ​မှောင်​ထုသာ စိုးမိုးထားတဲ့ အခြားတစ်​ဖက်​မှာ .. ​ကျွန်​​တော်​က အလင်း​ရောင်​​ဖြာလင်း​ပေးရမယ့်​ လမင်း.. ကျိန်​စာလား လက်​​ဆောင်​လား ?? ကျွန်​​တော်​...
7.7K 270 55
သူကpsychopath တစ်ကောင်ပဲ psychopath တောင်ယဉ်ယဉ်လေးနဲ့ရူးနေတဲ့သူ....... ဟားးဟားး..... သိပ်ဟုတ်တာပေါ့... ယဉ်ယဉ်လေးနဲ့ရူးနေပေမဲ့လူတွေရှေ့မှာတော့သိပ်ဟန်ဆ...