သားရဲလေ့ကျင့်သူ (ဘာသာပြန်)

By CharmZoey

118K 19.9K 98

ခေါင်းစဉ် - ကောင်းဖန် (ဘာသာပြန်) မူရင်းခေါင်းစဉ် - Monster Pet Evolution အမျိုးအစား - စွန့်စားခန်း၊ စိတ်ကူးယဉ... More

Intro
အခန္း ၁ မီးခိုးေရာင္အစင္းက်ားပင့္ကူ
အခန္း ၂ ခရမ္းရင့္ေရာင္ေက်ာျပင္ႏွင့္အဝါေရာင္ေျခေခ်ာင္းမ်ားရွိသည့္ ကင္းေျခမ်ား
အခန္း ၃ သားရဲေလ့က်င့္သူ
အခန္း ၄ ကမာၻသစ္အစိုးရမဟာမိတ္
အခန္း ၅ မစၥမု႐ုန္
အခန္း ၆ အနက္ေရာင္အမ်က္ေဒါသကင္းေကာင္
အခန္း ၇ ေသြးႏွင္းပန္းပင္
အခန္း ၈ အညိဳေရာင္ေက်ာက္ေႁမြ
အခန္း ၉ ေပါင္၄၀၀ကေလးလို ငိုေႂကြးျခင္း
အခန္း ၁၀ နတ္ဆိုးရွိခိုးေကာင္
အခန္း ၁၁ ထိတ္လန႔္ဖြယ္လူမ်က္ႏွာကင္းေျခမ်ား
အခန္း ၁၂ မူကြဲနတ္ဆိုးရွိခိုးေကာင္
အခန္း ၁၃ အန္ကယ္လ်ိဳ
အခန္း ၁၄ ပထမဆုံးေသာကိုယ္ပိုင္သားရဲ
အခန္း ၁၅ သားရဲပ်ိဳးေထာင္သူအျဖစ္ မွတ္ပုံတင္ျခင္း
အခန္း ၁၆ သားရဲပ်ိဳးေထာင္သူ အကဲျဖတ္ပြဲ
အခန္း ၁၇ ယင္ဓါတ္လူဝံ
အခန်း ၁၈ အရိုးခွံဖုတ်ကောင်လူဝံ
အခန်း ၁၉ အလယ်အလတ်အဆင့် သားရဲပျိုးထောင်သူ
အခန္း ၂၀ လြန္ကဲစြာ အာဟာရဓာတ္ျပည့္ဝေနျခင္း
အခန္း ၂၁ ေကာင္းကင္ေပၚက ပိုင္မုန႔္
အခန္း ၂၂ ဂဠဳန္ငွက္ပ်ံသန္းျခင္းစတူဒီယို
အခန္း ၂၃ ေလ်ာ္ေၾကး
အခန္း ၂၄ ခရမ္းေရာင္လွ်ပ္စီးႂကြက္
အခန္း ၂၅ ခရမ္းေရာင္ေသြးလွ်ပ္စီးႂကြက္
အခန္း ၂၆ ခရမ္းေရာင္ေက်ာျပင္ မိုးႀကိဳးကင္းေျခမ်ားအျဖစ္ အဆင့္တက္ျခင္း
အခန္း ၂၇ ေငြလေရာင္ ဝံပုေလြ
အခန္း ၂၈ အဖြဲ႕,ဖြဲ႕ျခင္း
အခန်း ၂၉
အခန္း ၃၀ အဖြဲ႕ငါးဖြဲ႕
အခန်း ၃၁ အထူးလေ့ကျင့်ရေး
အခန္း ၃၂ တူနဲ႔ထုမယ္!
အခန္း ၃၃ သားရဲပ်ိဳးေထာင္သူအတိုင္ပင္ခံ
အခန္း ၃၄ မွင္စာပင္
အခန္း ၃၅ သံမဏိႀကံ့
အခန်း ၃၆ အကောင်ကြီးပြီး နူးညံ့နေတယ်
အခန္း ၃၇ မီးခိုးေရာင္နတ္ဆိုးညစ္ပင့္ကူ
အခန္း ၃၈ သုံးရက္ပဲလိုတယ္
အပိုင်း ၃၉ အတောင်လေးခုနဲ့မြစိမ်းရောင်နတ်ဆိုးရှိခိုးကောင်
အပိုင်း ၄၀ မီးကျီနက်သစ်တောသခင်
အခန်း ၄၁ သားပေါက်မိခင်
အပိုင်း ၄၂ ခရမ်းရောင်ကျောပြင် မိုးကြိုးကင်းခြေများ
အပိုင်း ၄၄ လှောင်အိမ်ထဲမှာလေ့ကျင့်မယ်
အပိုင်း ၄၃ စစ်ဆေးမှု
အပိုင်း ၄၄ လှောင်အိမ်ထဲမှာလေ့ကျင့်မယ်
အပိုင်း ၄၅ မရဘူး၊ မင်းမလုပ်ရဘူး
အပိုင်း ၄၆ ကျွန်တော်တို့ကို ရေလေးတိုက်လို့ရမလား
အပိုင်း ၄၇
အပိုင်း ၄၈ စာရင်းသွင်းခြင်း
အပိုင်း ၄၉ ဒင်္ဂါးကြောင်
အပိုင်း ၅၀ ခွေးဘုရင်အရည်အချင်းပြပြိုင်ပွဲ
အပိုင်း ၅၁ ထူးခြားသောသွင်ပြင်လက္ခဏာများ-သွေးကြောမျှင်နှလုံး
အပိုင်း ၅၂ အပူလွန်ကဲခြင်း
အပိုင်း ၅၄ ရှင်သန်လိုမှုကပဲ ပြောင်းလဲစေခဲ့တယ်
အပိုင်း ၅၅ ဆီလီနဲ့ဒမ်ဘီ
အပိုင်း ၅၆ ငါ့မှာရောင်စုံဦးထုပ်ရှိတယ်
အပိုင်း ၅၇ နဂါးကြက်
အပိုင်း ၅၈ မိုးကြိုးကင်းခြေများ VS ခရမ်းရောင်သတ္ထုကင်းမြီးကောက်
အပိုင်း ၅၉ ပြင်ပလေ့ကျင့်ရေး
အပိုင်း ၆၀ ရေညှိဟက်စကီးခွေးရူး
အပိုင်း ၆၁ ဖရဲခွံဖား
အပိုင်း ၆၂ မိုက်မဲလိုက်လေခြင်း
အပိုင်း ၆၃ အနက်ရောင်အရိပ်တောင်ခြင်္သေ့
အပိုင်း ၆၄ တောတွင်းမှ အန္တရာယ်များ
အပိုင်း ၆၅ ကျိုင်းကောင်အဖွဲ့
အပိုင်း ၆၆ အစားကြီးတဲ့ရွှေရောင်ဖားပြုပ်
အပိုင်း ၆၇ သစ်ရွက်ဆွေးကျိုင်းကောင်၏ အားနည်းချက်
အပိုင်း ၆၈ သုံးနှစ်တာအတွင်းပြောင်းလဲမှု
အပိုင်း ၆၉ စမ်းသပ်မှု
အပိုင်း ၇၀ ကျောက်ရည်ပူမီးဖားပြုပ်
အပိုင်း ၇၁ စွပ်ပြုတ်လာသောက်!
အပိုင်း ၇၂ ဒုတိယမြောက် ကိုယ်ပိုင်သားရဲ
အပိုင်း ၇၃ မင်းအရမ်းဝမ်းနည်းနေမှာပေါ့
အပိုင်း ၇၄ မီးခိုးရောင့်အစင်းကျားသံချပ်ကာပင့်ကူ
အပိုင်း ၇၅ အစင်းလေး
အပိုင်း ၇၆
အပိုင်း ၇၇ ဂဏန်းလိုပင့်ကူ
အပိုင်း ၇၈ အိမ်တစ်လုံးဝယ်ယူခြင်း
အပိုင်း ၇၉ မြို့မှထွက်ခွာ
အပိုင်း ၈၀ ရက်စက်ကြမ်းတမ်းမှု
အပိုင်း ၈၁ ဒီလူကဘာကိုရှာနေတာလဲ?
အပိုင်း ၈၂ ကျောက်ကွက်ပိုးဟပ်
အပိုင်း ၈၃ သစ်သားအာကာပြင်နှလုံးသားများရရှိခြင်း
အပိုင်း ၈၄ ငါတော့ ဦးထုပ်စိမ်းဆောင်းရပြီ
အပိုင်း ၈၅ ဒေါက်တာကျောင့်
အပိုင်း ၈၆ ကျီဟန့်ဝူ
အပိုင်း ၈၇ ကျောင်းမှပြဿနာ
အပိုင်း ၈၈ အသီးဖျော်ရည်
အပိုင်း ၈၉ သစ်ရွက်ဆွေးကျိုင်းကောင်ကို စိန်ခေါ်ခြင်း
အပိုင်း ၉၀ ဝင်ခွင့်စာမေးပွဲစည်းမျဉ်းများ
အပိုင်း ၉၁ အစင်းလေး၏အရေခွံ
အပိုင်း ၉၂ ဝကုန်ပြီ
အပိုင်း၉၃ သတ္တိကြောင်ပြီးအော်နေတယ်လား!
အပိုင်း၉၄ ပျံနေတဲ့ပင့်ကူဝတုတ်
အပိုင်း၉၅ ဒုတိယအကြိမ်တောတွင်းလေ့ကျင့်ရေး
အပိုင်း၉၆ ရုတ်တရက်တိုက်ခိုက်မှု
အပိုင်း၉၇ သွေးကြောမျှင်နှလုံး
အပို်ငး ၉၈ တောနက်ထဲမှာ
အပိုင်း ၉၉ လေ့ကျင့်ရေးပြီးဆုံး!
အပိုင်း ၁၀၀ ချိုင့်ဝှမ်းထဲမှထွက်ခွာခြင်း
အပိုင်း ၁၀၁ နိုင်ငံသားတာဝန်
အပိုင်း ၁၀၂ ရှထူမန် လူသားစားတီကောင်
အပိုင်း ၁၀၃ သဲကန္တာရအုပ်စိုးသူ
အပိုင်း ၁၀၄ သွားကျဲသံတီကောင်
အပိုင်း ၁၀၅ သဲသားရဲ
အပိုင်း ၁၀၆ စာမေးပွဲမတိုင်ခင်
အပိုင်း ၁၀၇ ရိုးခွံတောင်ပံလင်းနို့ပြာ
အပိုင်း ၁၀၈ မထွက်ရဲကြဘူးလား!
အပိုင်း ၁၀၉ နတ်ဆိုးသံချပ်ကာဒိုင်းပင့်ကူ
အပိုင်း ၁၁၀ နောက်ကွယ်မှအမှန်တရား
အပိုင်း ၁၁၁ သားရဲလေ့ကျင့်သူအဖွဲ့ချုပ်
အပိုင်း ၁၁၂ ဒမ်ဘီကိုခေါ်သွားခြင်း
အပိုင်း ၁၁၃ ဇိမ်ခံကား
အပိုင်း ၁၁၄ ညရိပ်ကြောင်
အပိုင်း ၁၁၅ ကောလိပ်ဝင်ခွင့်စာမေးပွဲ
အပိုင်း ၁၁၆ ဘဝစာမျက်နှာသစ်စတင်ခြင်း
အပိုင်း ၁၁၇ အနက်ရောင် အန်ဒါကွန်ဒါမြွေ
အပိုင်း ၁၁၈ လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကြီး
အပိုင်း ၁၁၉ မရဏအရိုးလူဝံ
အပိုင်း ၁၂၀ သစ်ရွက်ဆွေးရှိခိုးကောင်
အပိုင်း ၁၂၁
အပိုင်း ၁၂၂
အပိုင်း ၁၂၃
အပိုင်း ၁၂၄
အပိုင်း ၁၂၅
အပိုင်း ၁၂၆
အပိုင်း ၁၂၇
အပိုင်း ၁၂၈
အပိုင်း ၁၂၉
အပိုင်း ၁၃၀
အပိုင်း၁၃၁ နွယ်ဖုံးကျောက်သားရဲ
အပိုင်း၁၃၂ စစ်ဆေးပွဲစတင်
အပိုင်း၁၃၃ ကြယ်တာရာဝက်ဖြူ
အပိုင်း၁၃၄ Day-1
အပိုင်း ၁၃၅ ငါးဆားနယ်ပုံစံ3
အပိုင်း၁၃၆ ဝိဉာဉ်သစ်သားနွယ်
အပိုင်း၁၃၇ ပထမဆုံးသေဆုံးမှု
အပိုင်း၁၃၈ တောထဲမှဆန်းကြယ်သားရဲ
အပိုင်း ၁၃၉ ပြင်းထန်သည့်တိုက်ပွဲ
အပိုင်း၁၄၀ ပူးပေါင်းတိုက်ခိုက်မှု
အပိုင်း၁၄၁ အရေခွံလဲခြင်း
အပိုင်း၁၄၂ လူငယ်သားရဲလေ့ကျင့်သူများ၏လုပ်ဆောင်ချက်
အပိုင်း၁၄၃ ကပ်ပါးကောင်အမျိုးအစား
အပိုင်း၁၄၄ သံပြာကျောက်ကပ်ပင်
အပိုင်း၁၄၅ စာမေးပွဲပြီးဆုံး
အပိုင်း၁၄၆ ဟိုတယ်
အပိုင်း ၁၄၇ ကော်ဖီဆိုင်
အပိုင်း၁၄၈ ထပ်ခါပြန်ဖြစ်လာသလို ခံစားချက်
အပိုင္း၁၄၉
အပိုင်း၁၅၀ စကားဝိုင်း
အပိုင်း၁၅၁ ချန်အန်းအပြန်
အပိုင်း၁၅၂ ဟာသဓါတ်ပုံ
အပိုင်း ၁၅၃ ဟေးမင်
အပိုင်း၁၅၄ ခြေကျိုးနဲ့တော့မသွားနိုင်ဘူးလေ
အပိုင်း၁၅၅ အုပ်ချုပ်သူအဆင့်လူသားစားတီကောင်
အပိုင်း၁၅၆ အရိပ်ဂျဖာလူကာပုတ်သင်
အပိုင်း၁၅၇ ၄၀.၅
အပိုင်း၁၅၈ ဧကရာဇ်အဖြစ်အဆင့်တက်ခြင်း
အပိုင်း၁၅၉ အသန်မာဆုံးအပိုင်း
အပိုင်း၁၆၀ သွေးမျက်လုံးလင်းတ
Group ??
Chapter 161-164
အပိုင်း ၁၆၅-၁၇၀ (Unicode)
အပိုင်း ၁၆၅-၁၇၀ (Zawgyi)
အပိုင်း ၁၇၁-၁၇၅ (Unicode)
အပိုင်း ၁၇၁-၁၇၅ (Zawgyi)
အပိုင်း ၁၇၆-၁၈၀ (Unicode)
အပိုင်း ၁၇၆-၁၈၀ (Zawgyi)
အပိုင်း ၁၈၁-၁၈၅ (Unicode)
အပိုင်း ၁၈၁-၁၈၅ (Zawgyi)
အပိုင်း ၁၈၆-၁၉၀ (Unicode)
အပိုင်း 186-190 (Zawgyi)
အပိုင်း ၁၉၁-၁၉၄ (Unicode)
အပိုင်း ၁၉၁-၁၉၄ (Zawgyi)
အပိုင်း ၁၉၅-၁၉၈ (Unicode)
အပိုင်း ၁၉၅-၁၉၈ (Zawgyi)
❗❗❗
အပိုင်း ၁၉၉-၂၀၂
အပိုင်း ၂၀၃-၂၀၅
အပိုင်း ၂၀၆-၂၀၈
အပိုင်း ၂၀၉-၂၁၂
အပိုင်း ၂၁၃-၂၁၆
အပိုင်း ၂၁၇-၂၂၀
အပိုင်း ၂၂၁-၂၃၀ (Unicode)
အပိုင်း 221-230 (Zawgyi)
အပိုင်း 231-240 (Unicode)
အပိုင်း 231-240 (Zawgyi)
အပိုင်း ၂၄၁-၂၅၆ (Unicode)
အပိုင်း ၂၄၁-၂၅၆ (Zawgyi)
အပိုင်း ၂၅၇-၂၆၀
အပိုင်း ၂၆၁-၂၆၃
အပိုင်း ၂၆၄-၂၆၆
အပိုင်း ၂၆၇-၂၇၀
အပိုင်း ၂၇၁-၂၇၄
BiblioBay
Black Pearl Team

အပိုင်း ၅၃ ဂျယ်လီငါး

645 126 0
By CharmZoey

[Zawgyi]
အပိုင္း ၅၃ ဂ်ယ္လီငါး

လွ်ိဳေက်ာက္ယြီတို႔သူငယ္ခ်င္းအဖြဲ႕ႏွင့္ေတြ႕ၿပီးေနာက္ ေကာင္းဖန္ ႐ုံးခန္းထဲသို႔ျပန္လာကာ ေနာက္ဆုံးထြက္ သိပၸံစာေစာင္တစ္ခုကို ဖတ္ေနလိုက္သည္။

အမ်ားအားျဖင့္ ေဖာက္သည္မရွိခ်ိန္မ်ားဆိုလွ်င္ ေကာင္းဖန္က စာေစာင္အခ်ိဳ႕ကို မွာကာ ဖတ္ေလ့ရွိသည္။ ဒီနည္းလမ္းျဖင့္ အခ်ိန္ျဖဳန္းႏိုင္သလို အသစ္သစ္ေသာ အသိပညာမ်ားကိုလဲ ရရွိႏိုင္သည္။

ေဆာင္းပါးတစ္ပုဒ္က ေကာင္းဖန္၏အာ႐ုံကို ဖမ္းစားလို႔သြားခဲ့သည္။ ေရးသားသူကေတာ့ နာမည္ေက်ာ္စာေစာင္အသီးသီးတြင္ ေဆာင္းပါးမ်ားစြာ ထည့္သြင္းေဖာ္ျပေလ့ရွိသည့္ ပညာေရးနယ္ပယ္မွ အေတာ္အသင့္နာမည္ရသည့္ စာေရးဆရာ မင္ကန္းတန႔္ျဖစ္သည္။

ေဆာင္းပါးတြင္က၊ “သစ္သားသည္ မီးကိုထုတ္လုပ္ႏိုင္ကာ သဘာဝအားျဖင့္ ေႏြးေထြးေစသည္… ေကာင္းကင္ႏွင့္ေျမႀကီး၏သဘာဝကို အေျချပဳၿပီး အနည္းစုေသာအရာေတြအေပၚ အမ်ားစုရွိတဲ့အရာေတြက ေအာင္ႏိုင္ၾကတယ္။ ဒါေၾကာင့္ပဲ ေရက မီးကိုေအာင္ႏိုင္တာျဖစ္တယ္။ ကြၽမ္းက်င္မႈက အၾကမ္းခံမႈကို ေအာင္ႏိုင္တယ္။ ဒါေၾကာင့္ပဲ မီးက သတၳဳကို ေအာင္ႏိုင္တာျဖစ္တယ္… အက်ဥ္းခ်ဳပ္ၾကည့္လိုက္ရင္ေတာ့ သစ္သားက မီးရဲ႕ေလာင္စာျဖစ္လာတယ္၊ မီးကေတာ့ ကမာၻေျမႀကီးကို ဖန္တီးတယ္၊ ကမာၻေျမႀကီးကေတာ့ သတၳဳယူေဆာင္လာတယ္။ သတၳဳကေတာ့ ေရကို စုေဆာင္းတယ္။ ေရက သစ္သားအတြက္ အာဟာရျဖစ္တယ္။ သတၳဳက သစ္သားကို ျဖတ္တယ္။ သစ္သားဆိုတာ ကမာၻေျမႀကီးရဲ႕ အစိတ္အပိုင္းပဲ၊ ကမာၻေျမကေတာ့ ေရကိုစုပ္ယူတယ္၊ ေရက မီးကို ျငႇိမ္းသတ္တယ္၊ မီးကေတာ့ သတၳဳကို အရည္ေပ်ာ္ေစတယ္။” (@_@)

မင္ကန္းတန႔္ေဖာ္ျပထားသည့္အရာမ်ားမွာ ေရွးလက္ရာမ်ားမွ ရွာေဖြေတြ႕ရွိထားျခင္းျဖစ္သည္။ ထို႔ေနာက္ သူက လူမ်ားနားလည္ထားၿပီးသားျဖစ္သည့္ အေတြးအေခၚမ်ားစြာကို ထပ္မံေဖာ္ျပထားျပန္သည္။

ေကာင္းဖန္ သူ႔စာမ်ားကို ႏွစ္သက္သည္။ သူေရးသမွ်ကိုလဲ အႀကီးအက်ယ္သေဘာတူ ေထာက္ခံေပမည့္ ျပႆနာအနည္းငယ္ကေတာ့ ရွိေနတုန္းပင္။

ေကာင္းဖန္ လက္ေတြ႕ဘဝတြင္ ျမင္ေတြ႕ရသည့္ သားရဲမ်ား၏အခ်က္အလက္မ်ားကို အေျခခံလိုက္လွ်င္ အမ်ားစုက အေျခခံသေဘာတရားငါးမ်ိဳးႏွင့္ ဆက္သြယ္မႈရွိၾကသည္။

ဒါေပမယ့္လဲ ႁခြင္းခ်က္အနည္းငယ္ကေတာ့ ရွိေနစဲပင္။ ပထမဆုံးအေနနဲ႔ အသက္တစ္သက္ကို ေမြးဖြားျခင္းနဲ႔အံ့ဖြယ္ျဖစ္ရပ္မ်ားျဖင့္ ဖြင့္စည္းထားသည္။ အသက္တိုင္းကေတာ့ အေျခခံသေဘာတရားငါးမ်ိဳးနဲ႔ ဆက္စပ္ေနတာမဟုတ္ဘူး။ ဒီစည္းမ်ဥ္းေတြအတိုင္းမလိုနာဘဲ ေျပာင္းျပေတာင္ မူက်င့္ၾကတဲ့ သာမာန္မဟုတ္တဲ့သားရဲေတြေတာင္မွ ရွိေသးသည္။

အေစာက သူလုပ္ေပးခဲ့တဲ့ ဒဂၤါးေၾကာင္ကိုပဲ ဥပမာအျဖစ္ယူၾကပါစို႔။ ေရက သစ္သားကို အာဟာရျဖစ္ေအာင္ အေထာက္အပံ့ေပးတယ္။ စံႏႈန္းအရ ေရအမ်ိဳးအစားနဲ႔ ဒဂၤါးေၾကာင္ကို တိုက္ခိုက္တာက ပ်က္စီးမ်ဳကို မ်ားစြာေလ်ာ့က်ေစေပမယ့္ သူ႔ရဲ႕အားနည္းခ်က္ကလဲ ေရပဲ။ ဒါကေတာ့ ေမွ်ာ္လင့္ထားတာနဲ႔ လုံးဝကို ဆန႔္က်င္ဘက္ပဲ။

ေကာင္းဖန္ ေန႔လည္ပိုင္းတြင္ေတာ့ အလုပ္လုပ္စရာမရွိေလာက္ေတာ့ဘူးဟု ေတြးထားေသာ္လည္း သူစာဖတ္ေနတုန္းမွာပဲ လူအနည္းစုက စတူဒီယိုထဲသို႔ဝင္လာခဲ့သည္။

ဤလူအနည္းစုၾကားတြင္ ရင္းႏွီးေနသည့္မ်က္ႏွာလဲပါရွိကာ ေငြရွင္ႀကီးမာ… အဲ… မဟုတ္ေသးဘူး၊ မာက်န္းပါလာတာပဲ။

ေကာင္းဖန္ စိတ္ထဲမွေနၿပီး မာက်န္းကို ထင္သလိုေခၚေနမိသည့္အတြက္ တိတ္တိတ္ေလးေတာင္းပန္လိုက္မိသည္။

“မစၥတာေကာင္း၊ ငါ မင္းကို ဒုကၡေပးဖို႔ ေရာက္လာျပန္ၿပီ။” မာက်န္းက မ်က္လုံးမ်ားထဲကပါ ဟက္ဟက္ပက္ပတ္ရယ္ေမာရင္း ေျပာလာသည္။

မာက်န္း၏အေနာက္တြင္ေတာ့ လူႏွစ္ေယာက္ရွိေနေသးကာ အမ်ိဳးသားတစ္ေယာက္ႏွင့္ အမ်ိဳးသမီးတစ္ေယာက္ပင္။ သူတို႔ႏွစ္ေယာက္လုံးက ႐ြယ္တူေလာက္ပင္ျဖစ္ေလာက္ကာ အခ်င္းခ်င္းဆက္ဆံေျပာဆိုပုံအရ စုံတြဲျဖစ္ပုံရသည္။

သို႔ေပမည့္ ေကာင္းဖန္၏အာ႐ုံကို ဖမ္းစားသြားတာကေတာ့ ထိုစုံတြဲမဟုတ္ဘဲ အမ်ိဳးသမီးေဘးရွိေလထုထဲတြင္ လြင့္ေမ်ာေနသည့္ သက္တံေရာင္ဂ်ယ္လီငါးပင္ျဖစ္သည္။

ဂ်ယ္လီငါးသည္ အက္တာဟီဒရယ္ျဖစ္သည္။ ၎၏ခႏၶာကိုယ္ေအာက္ပိုင္းက မ်ားစြာတိုကာ ညင္ညင္သာသာကူးခတ္ေနသည့္ ခိုင္မာသည့္လက္တံမ်ားလဲရွိသည္။ စြဲေဆာင္မႈအရွိဆုံးအရာကေတာ့ ထိုဂ်ယ္လီငါးက ေရထဲတြင္ ကူးခတ္ေနရမည့္အစားေလထဲမွာကူးခတ္ေနျခင္းျဖစ္ပင္!

သမုဒၵရာထဲမွာကဲ့သလို ေလထဲမွာလဲ စိတ္တိုင္းက်ကူးခတ္ႏိုင္သည္က အလြန္စြဲမက္စရာေကာင္းလွသည့္ ဘဝမ်ိဳးဟုပင္ ေတြးလိုက္မိသည္။

ေကာင္းဖန္၏စိတ္အတြင္း၌ အလြန္စိတ္လႈပ္ရွားလို႔ေနသည္။

သို႔ေပမည့္ ဂ်ယ္လီငါးက အဆင့္ျမႇင့္ေပးဖို႔လိုအပ္တဲ့အေကာင္မဟုတ္ခဲ့ေပဘူး။ ေဘးနားမွာလွဲေနတဲ့သားရဲသာျဖစ္သည္။ ၎၏ပုံစံက အိမ္ေမြးေၾကာင္လိုေရာ က်ားတစ္ေကာင္နဲ႔ပါတူလို႔ေနသည္။

၎သည္ အရမ္းမႀကီးပါပဲ ၄ေပခြဲေလာက္သာရွည္လ်ားသည္။ ခႏၶာကိုယ္တစ္ခုလံဒးကေတာ့ မက္တယ္ျဖင့္ ဖုံးအုပ္ထားသကဲ့သို႔ နက္ေမွာင္လို႔ေနသည္။

ထိုသားရဲသည္ က်ားေၾကာင္ျဖစ္မွန္း ေကာင္းဖန္ သိရွိသြားခဲ့သည္။ ၎သည္ ပုံမွန္အားျဖင့္ ေၾကာင္ျဖစ္ေပမည့္ ကပ္ေဘးကာလတြင္ က်ားေသြးႏိုးထလာကာ ေၾကာင္၏လ်င္ျမန္မႈႏွင့္ က်ားတစ္ေကာင္၏ႀကီးမားသည့္စြမ္းအားပါဝင္သည့္ သားရဲတစ္ေကာင္ျဖစ္လာခဲ့သည္။

ေကာင္းန္ သားရဲကိုၾကည့္လိုက္ၿပီးေနာက္ ထိုက်ားေၾကာင္သည္ သာမာန္အဆင့္မွာသာရွိေနေသးေၾကာင္း သိလိုက္ရ၍ အံ့ဩမိသြားေတာ့သည္။ ဒါေပမယ့္ ဒီလိုအေျခအေနကိုမ်ိဳးကိုလဲ ေမွ်ာ္လင့္ထားသင့္ပါတယ္ေလ။ ဘာပဲျဖစ္ျဖစ္ အထူးအဆင့္နဲ႔ၿပီးျပည့္စုံအဆင့္သားရဲေတြပဲ အၿမဲေတြ႕ေနတယ္ဆိုတာ အဓိပၸါယ္မွမရွိဘဲ။

“ငါ့ရဲ႕က်ားေၾကာင္က အထူးအဆင့္ပဲ။ ငါဒီေန႔လာခဲ့တာက သူ႔ကို ၿပီးျပည့္စုံအဆင့္ကို မင္းျမႇင့္ေပးႏိုင္ဖို႔ ေမွ်ာ္လင့္လို႔ပဲ။” အမ်ိဳးသားက ေျပာလိုက္သည္။ သူ၏စကားေျပာဟန္မွာ ႏူးညံ့ညင္သာလွကာ မန္ဒရင္းအသံထြက္ကလဲ ေကာင္းလွသည္။

အထူးအဆင့္?

ေကာင္းဖန္ဆီမွ စိတ္ရႈပ္ေထြးသလိုပုံစံထြက္ေပၚလာခဲ့ကာ ေနာက္တစ္ခ်က္ေသခ်ာျပန္ၾကည့္လိုက္သည္။ ဒါက အဆင့္၁၈သာမာန္အဆင့္က်ားေၾကာင္ႀကီးပါ။

သူ တစ္ခုခုေျပာဖို႔ ပါးစပ္ကိုဖြင့္ဟလိုက္ေသာ္လည္း ဘာမွေတာ့ ေျပာမထြက္ခဲ့ဘူး။

အလြန္အကြၽံေျပာတာက ရန္ျငႇိဳးဖြဲ႕မိႏိုင္သည္။

ေကာင္းဖန္ ဒီလူကို အမွန္အတိုင္း ေျပာသင့္မေျပာသင့္ မသိေတာ့ေပ။ ဒါေပမယ့္လဲ  ဒီလူနဲ႔သူ မရင္းႏွီးဘူးဘဲ ထုတ္ေျပာလိုက္လွ်င္ သူ႔ဘက္ကအရမ္းစိတ္ႀကီးတင္ေနသလိုျဖစ္သြားမည္ဟု ခံစားလိုက္ရသည္။

“အမ္၊ ဒါဆို ဒီက်ားေၾကာင္အတြက္ ငါမဟာမိတ္ခရက္ဒစ္၆၀ယူမယ္။” ေကာင္းဖန ေကာင္းတစ္ခ်က္ညိတ္ကာေျပာလိုက္သည္။

အမ်ိဳးသားက အံ့ဩသြားကာ မာက်န္းဘက္သို႔ မေရမရာလွမ္းၾကည့္လိုက္သည္။

မာက်န္းကိုယ္တိုင္လဲ အံ့ဩသြားခဲ့ရသည္။ သူကခ်က္ခ်င္းပင္ ေကာင္းဖန္ကို ဝင္ေျပာလိုက္သည္။ “မစၥတာေကာင္း၊ ငါ မင္းရဲ႕အခေၾကးေငြယူႏႈန္းအေပၚ ငါ့ဝမ္းကြဲကို ေျပာျပထားၿပီးၿပီ။ သူ႔အတြက္ ကိစၥမရွိတာေၾကာင့္ မင္းပုံမွန္အတိုင္းပဲ ယူလို႔ရပါတယ္။” ထို႔ေနာက္ မာက်န္းက ေခ်ာင္းတစ္ခ်က္ဟန႔္လိုက္ကာ မလုံမလဲရယ္လိုက္ၿပီးမွ စကားဆက္ေျပာလိုက္သည္။ “မင္းက လက္ေတြ႕က်တဲ့လူမွန္း ငါသိပါတယ္၊ မစၥတာေကာင္းရယ္၊ ဒါေပမယ့္ တကယ္ကိုလုံေလာက္ပါၿပီ။ ငါတို႔ရင္းႏွီးေနတာနဲ႔ ငါ့ကို ေလွ်ာ့ေဈးေပးဖို႔ မလိုပါဘူး။ မင္းအတြက္ စီးပြားေရးလုပ္ရတာ မလြယ္ကူမွန္း ငါလဲသိပါတယ္။”

ထိုအခ်ိန္မွာဘဲ အနားမွလူတိုင္း မာက်န္းေနာက္မွ အျမႇီး ထြက္လာကာ အျပင္းအထန္လႈပ္ယမ္းေနသည္ကို ေတြ႕လိုက္ၾကရသည္။

“ငါသိတယ္၊ ငါ့မွာဒီဟာကိုေလ်ာ့ေဈးေပးဖို႔ရည္႐ြယ္ခ်က္မရွိဘူး၊ ဒါကငါက်ားေၾကာင္ အတြက္ လက္ခံႏိုင္တဲ့ပမာဏဘဲ, ဒါမွမဟုတ္ရင္ေတာ့ ဒါက ငါ့နာမည္ကိုေစာ္ကားတာဘဲ” ေကာင္းဖန္ကယဥ္ေက်းစြာနဲ႔ျပန္ေျပာလိုက္သည္၊

“အာ? ဒါဘာကိုဆိုလိုတာလဲ?” မာက်န္းကခ်က္ခ်င္းနားမလည္ႏိုင္ျဖစ္ေနသည္၊

ဒါေပမယ့္တစ္ဖက္က သူ႔ဝမ္းကြဲကေတာ့နားလည္သည္၊ သူ႔ေဘးနားက က်ားေၾကာင္ကို ေစာင္းၾကည့္လိုက္ၿပီးေနာက္ ေကာင္းဖန္ကိုျပန္ၾကည့္လိုက္သည္၊ သူ႔မ်က္ႏွာေပၚကအၿပဳံး ကေပ်ာက္ကြယ္သြားသည္၊

“ေကာင္းၿပီ, ဒါဆို မစၥတာေကာင္းေျပာသလိုပဲလုပ္တာေပါ့” သူ႔ရဲ႕ကတ္ကိုထုတ္လိုက္ၿပီး သူ႔ရဲ႕ေငြေခ်မႈကိုတုံ႔ဆိုင္းမေနဘဲေပးေခ်လိုက္သည္၊

တကယ့္ကိုတည့္တိုးသမားဘဲ၊

ေကာင္းဖန္က ဒီလိုလူမ်ိဳးေတြနဲ႔ စီးပြားေရးလုပ္ရတာကိုပိုႀကိဳက္သည္၊

စီးပြားေရးကစီးပြားေရး မိတ္ေဆြကမိတ္ေဆြဘဲ၊ ဒါကေကာင္းမြန္တဲ့အစီအစဥ္ဘဲ၊ သေဘာတူညီမႈၿပီးေနာက္ ဘယ္သူမွတစ္ဦးကိုတစ္ဦးအေႂကြးတင္ေနမည္မဟုတ္ေပ၊

ေကာင္းဖန္ကသူ႔ရဲ႕က်ားေၾကာင္ကို ေခၚထုတ္သြားၿပီးတဲ့ေနာက္ မာက်န္းရဲ႕ဝမ္းကြဲကသူ႔ အိတ္ကပ္ထဲမွဖုန္းကိုထုတ္လိုက္ၿပီး ဖုန္းေခၚလိုက္သည္၊

“ ႐ႊီစန္းကိုေျပာလိုက္၊ မာရီကသူ႔ကိုရွာေနတယ္လို႔”

 လိုင္း၏တစ္ဖက္က အံ့ဩေနၿပီး ခတၱရပ္ေနသည္၊

“မစၥတာမာ, ျပႆနာတစ္ခုခုရွိလို႔လား”

“ငါမင္းကို အနည္းဆုံးအထူးအဆင့္က်ားေၾကာင္ကို ရွာခဲ့လို႔ေျပာခဲ့လားမေျပာခဲ့ဘူးလား?” မာရီကသူေျပာခ်င္တာကိုတည့္ေျပာလိုက္သည္၊

“…ဟုတ္ကဲ့,မစၥတာမာ၊ ဒီက်ားေၾကာင္နဲ႔ပတ္သတ္ၿပီး မေက်နပ္တာမ်ားရွိလို႔လား? အကယ္၍မေက်နပ္ရင္ကြၽန္ေတာ္…”

“ငါဆုံးေအာင္ေျပာမယ္၊” မာရီကၾကားျဖတ္ေျပာလိုက္သည္၊ “ခ်န္အန္းၿမိဳ႕တစ္ခုလုံးမွာ  ခင္ဗ်ားတို႔သားရဲေရာင္းဝယ္မႈလုပ္ငန္းတစ္ခုဘဲရွိတာမဟုတ္ဘူး၊ ေခ်ာင္ဟူၿမိဳ႕ေတာင္ဘက္၊ လီေလာင္အာၿမိဳ႕ေနာက္ဘက္က, သူတို႔ေတြက ေသေသရွင္ရွင္ငါနဲ႔စီးပြားေရးလုပ္ခ်င္ေနၾကတာ! မင္းတို႔အကိုႀကီးက ငါ့အေဖရဲ႕လက္ေအာက္ကပဲ၊ သူ႔ရဲ႕အေကာင့္ကေန ငါကုမၼဏီက မ်ားေသာအားျဖင့္ လိုအပ္တဲ့ဘယ္သားရဲမဆို မင္းတို႔ဆီကေနရတယ္၊ ငါမင္းကိုယုံထားတယ္။”

လိုင္း၏တစ္ျခားတစ္ဖက္သည္ တိတ္ဆိတ္လွ်က္ရွိသည္၊

“ငါ့ညီမရဲ႕ေမြးေန႔က ဒီတစ္ပတ္အတြင္းေရာက္ေတာ့မွာ၊ သူမရဲ႕၁၈ႏွစ္ေျမာက္ေမြးေန႔၊ သူမက က်ားေၾကာင္ကိုႀကိဳက္တယ္, ဒါေၾကာင့္ဘဲသူမကို အဆင့္ျမင့္က်ားေၾကာင္ကို ေပးဖို႔ရည္႐ြယ္ထားတာ။”

“ဒါေပမယ့္ မင္း! မင္းကငါ့ကို သာမန္အဆင့္က်ားေၾကာင္ကိုေပးခဲ့တယ္၊ ဒါဘာအဓိပၸါယ္လဲ” မာရီရဲ႕မ်က္လုံးေတြကက်ဥ္းေျမာင္းလာၿပီး, ႏွိပ္စက္ဖို႔နဲ႔ ျပင္းထန္တဲ့အႏၲရာယ္ျပဳရန္ ေစာင့္ဆိုင္းေနေသာ ရက္စက္တဲ့က်ားတစ္ေကာင္လိုျဖစ္ေနသည္၊  “ငါကအ႐ူးလုပ္ဖို႔လြယ္ တဲ့သူလို႔မင္းထင္တာလား?”

ဖုန္းေျပာေနရင္း, ႐ႊီစန္းကေခြၽးမ်ားထြက္ေနသည္၊ ဖုန္းကိုင္ထားစဥ္သူ႔ရဲ႕ညာဘက္လက္က ထိန္းမႏိုင္ဘဲလႈပ္ခါေနသည္၊

“မစၥတာမာ, ကြၽန္ေတာ္တကယ္မသိပါဘူး၊ အကယ္၍ကြၽန္ေတာ္သိတယ္ဆိုရင္ေတာင္ မင္းကို လိမ္မေျပာရဲပါဘူး” အသနားခံကာ႐ႊီစန္းကေျပာသည္၊ “က်ားေၾကာင္ေရာက္တဲ့အခ်ိန္ တစ္ေယာက္ေယာက္ဒီေကာင္ကိုလာၿပီး စစ္ေဆးခိုင္းခဲ့ေသးတာ၊ ၿပီးေတာ့သူတို႔က အထူးအဆင့္လို႔ေျပာခဲ့တယ္”

“ေကာင္းၿပီ၊ မင္းဒီကိစၥမသိဘူးလို႔ငါယုံလိုက္မယ္၊”ဟုမာရီကေျပာလိုက္သည္၊ “ငါတို႔ဒီကိစၥကို ဒီတိုင္းဘဲထားလိုက္မယ္၊ ဒီအခ်ိန္မွာ ဒါကိုလိုက္ၿပီးလိုက္ေနေတာ့မွာမဟုတ္ဘူး၊ ဒါေပမယ့္ ဒါမ်ိဳးေနာက္တစ္ႀကိမ္မျဖစ္ဖို႔ဘဲေမွ်ာ္လင့္ပါတယ္၊”

“ဟုတ္ဟုတ္ဟုတ္..”႐ႊီစန္းကထိတ္ထိတ္ပ်ာပ်ာႏွင့္သေဘာတူလိုက္သည္။

မာရီဖုန္းခ်တာကိုျမင္ၿပီးေနာက္, မာက်န္းကေသခ်ာေပါက္ကိုရႈပ္ေထြးေနခဲ့သည္၊ ထိုဖုန္းေခၚယူၿပီးေနာက္ ေနာက္ဆုံးမွာဘာမွလည္းျဖစ္မသြားဘူး၊ သူ႔ဝမ္းကြဲကဘာကိုလုပ္ဖို႔ ရည္႐ြယ္ေနတာလဲ?

မာရီကသူ႔ဖုန္းကို အိတ္ကပ္ထဲျပန္ထည့္ၿပီးေနာက္ ေဘးပတ္လည္ကိုၾကည့္လိုက္သည္၊ ထို႔ေနာက္သူထိုင္ဖို႔တစ္ေနရာေတြ႕သည္၊

သူက မာက်န္းရႈပ္ေထြးေနတာကိုသတိထားမိသည္။

မာရီ၏ တင္းမာေနတဲ့မ်က္ႏွာက သူစကားစေျပာဖို႔လုပ္တာနဲ႔ ႏူးညံ့တဲ့အရိပ္အေယာင္ေပၚလာခဲ့သည္။ “အဲ့ဒီ႐ႊီစန္းက ေနာက္ပိုင္းမ႐ိုးသားေတာ့ဘူး၊ ငါကဒီအခြင့္အေရးကိုယူၿပီး သူ႔ကို အာ႐ုံနည္းနည္းေနာက္ေအာင္ တီးေခါက္လိုက္တာ၊”

“အကို, မင္းတကယ္ကို ေကာင္း….မစၥတာေကာင္းကိုဒီေလာက္ေတာင္အမ်ားႀကီး ယုံတယ္ေပါ့?” မာက်န္းက သူ႔ကိုတစ္ခ်ိန္လုံးေႏွာက္ယွက္ေနသည့္ ထိုေမးခြန္းကို မေမးခင္ အခ်ိန္ၾကာတုံ႔ဆိုင္းေနသည္၊

သူကေတာ့သာမန္ဘဲ မစၥတာေကာင္းကိုယုံတာ,ဒါေပမယ့္ သူ႔အကိုက ေကာင္းဖန္ကိုဒီေန႔မွစေတြ႕တာ။

“ ငါယုံတာမစၥတာေကာင္းမဟုတ္ဘူး,ဒါေပမယ့္ ငါပိုင္တဲ့မ်က္လုံးႏွစ္လုံး” မာရီကရွင္းလင္းစြာေျပာလိုက္သည္၊

ေနာက္ဆုံး, ႏွစ္နာရီၾကာၿပီးေနာက္ က်ားေၾကာင္ကိုအထူးအဆင့္သို႔ေအာင္ျမင္စြာျမႇင့္တင္ေပးႏိုင္ခဲ့သည္၊

မာရီကထလိုက္ကာ ေက်းဇူးတင္ေၾကာင္းေျပာလိုက္သည္၊

ေကာင္းဖန္ကအခြင့္အေရးယူၿပီးေမးလိုက္သည္, “ငါေမးတာအတြက္ခြင့္လႊတ္ပါ, ဒါေပမယ့္ ငါသိခ်င္တာမင္းတို႔ဒီဂ်ယ္လီငါးကို ဘယ္ကဝယ္လာတာလဲ?”

မာက်န္းကခ်က္ခ်င္းေျဖလိုက္သည္၊ “မစၥတာေကာင္းက ဂ်ယ္လီငါးပ်ံကိုစိတ္ဝင္စားတာလား? ဒီဂ်ယ္လီငါးပ်ံက ဖုန္းခ်န္ကအထူးငါးေလ၊ မၾကာေသးခင္က ပ်ံက်ေဈးေရာင္းသူေတြက ဒါေတြေတာ္ေတာ္မ်ားမ်ားကိုတင္သြင္းခဲ့ၿပီးေတာ့ ဝူခြၽီကုန္သြယ္မႈေလးေထာင့္ လမ္းမွာ အခုေရာင္းေနတယ္ေလ၊ ဒီဂ်ယ္လီငါးေတြကတကယ္ေတာ့ အေပ်ာ္တမ္းေမြး႐ုံ ေလာက္ဘဲဝယ္တာပါ၊ အေျခခံတာဝန္ကေတာ့ ေခါက္ပိုက္ဆံအိတ္မွာ သာကပ္ပါေန႐ုံ ဘဲ။”

“ဒါနဲ႔ဘဲ မာက်န္းက ဂ်ယ္လီငါးပ်ံကိုကိုဖမ္းယူလိုက္ၿပီးေနာက္ဂ်ယ္လီငါး၏ ေအာက္ေျခကိုဖြင့္ကာ ေသာ့အစည္းလိုက္ကို ၎ဆီပစ္ထည့္လိုက္သည္ႏွင့္ ေသာ့က႐ိုးရွင္းစြာနဲ႔ ေပ်ာက္ကြယ္သြားၿပီး သူတို႔ကတျခားရႈေထာင့္တစ္ခုတြင္ ေပ်ာက္ကြယ္သြားေတာ့သည္။

ေကာင္းဖန္ဒါကိုရွင္းရွင္းလင္းလင္းျမင္လိုက္ရသည္၊ ေသာ့ေတြက ဂ်ယ္လီငါးရဲ႕ခႏၶာကိုယ္ထဲသို႔ၿမိဳက်သြားတာမဟုတ္ဘဲ တကယ္ေတာ့သူတို႔မသိတဲ့တျခားရႈေထာင့္ကေန မ်ိဳခ်လိုက္သလို မ်က္စိေရွ႕တြင္ေပ်ာက္ကြယ္သြားျခင္းျဖစ္သည္။

***


[Unicode]
အပိုင်း ၅၃ ဂျယ်လီငါး

လျှိုကျောက်ယွီတို့သူငယ်ချင်းအဖွဲ့နှင့်တွေ့ပြီးနောက် ကောင်းဖန် ရုံးခန်းထဲသို့ပြန်လာကာ နောက်ဆုံးထွက် သိပ္ပံစာစောင်တစ်ခုကို ဖတ်နေလိုက်သည်။

အများအားဖြင့် ဖောက်သည်မရှိချိန်များဆိုလျှင် ကောင်းဖန်က စာစောင်အချို့ကို မှာကာ ဖတ်လေ့ရှိသည်။ ဒီနည်းလမ်းဖြင့် အချိန်ဖြုန်းနိုင်သလို အသစ်သစ်သော အသိပညာများကိုလဲ ရရှိနိုင်သည်။

ဆောင်းပါးတစ်ပုဒ်က ကောင်းဖန်၏အာရုံကို ဖမ်းစားလို့သွားခဲ့သည်။ ရေးသားသူကတော့ နာမည်ကျော်စာစောင်အသီးသီးတွင် ဆောင်းပါးများစွာ ထည့်သွင်းဖော်ပြလေ့ရှိသည့် ပညာရေးနယ်ပယ်မှ အတော်အသင့်နာမည်ရသည့် စာရေးဆရာ မင်ကန်းတန့်ဖြစ်သည်။

ဆောင်းပါးတွင်က၊ “သစ်သားသည် မီးကိုထုတ်လုပ်နိုင်ကာ သဘာဝအားဖြင့် နွေးထွေးစေသည်… ကောင်းကင်နှင့်မြေကြီး၏သဘာဝကို အခြေပြုပြီး အနည်းစုသောအရာတွေအပေါ် အများစုရှိတဲ့အရာတွေက အောင်နိုင်ကြတယ်။ ဒါကြောင့်ပဲ ရေက မီးကိုအောင်နိုင်တာဖြစ်တယ်။ ကျွမ်းကျင်မှုက အကြမ်းခံမှုကို အောင်နိုင်တယ်။ ဒါကြောင့်ပဲ မီးက သတ္ထုကို အောင်နိုင်တာဖြစ်တယ်… အကျဉ်းချုပ်ကြည့်လိုက်ရင်တော့ သစ်သားက မီးရဲ့လောင်စာဖြစ်လာတယ်၊ မီးကတော့ ကမ္ဘာမြေကြီးကို ဖန်တီးတယ်၊ ကမ္ဘာမြေကြီးကတော့ သတ္ထုယူဆောင်လာတယ်။ သတ္ထုကတော့ ရေကို စုဆောင်းတယ်။ ရေက သစ်သားအတွက် အာဟာရဖြစ်တယ်။ သတ္ထုက သစ်သားကို ဖြတ်တယ်။ သစ်သားဆိုတာ ကမ္ဘာမြေကြီးရဲ့ အစိတ်အပိုင်းပဲ၊ ကမ္ဘာမြေကတော့ ရေကိုစုပ်ယူတယ်၊ ရေက မီးကို ငြှိမ်းသတ်တယ်၊ မီးကတော့ သတ္ထုကို အရည်ပျော်စေတယ်။” (@_@)

မင်ကန်းတန့်ဖော်ပြထားသည့်အရာများမှာ ရှေးလက်ရာများမှ ရှာဖွေတွေ့ရှိထားခြင်းဖြစ်သည်။ ထို့နောက် သူက လူများနားလည်ထားပြီးသားဖြစ်သည့် အတွေးအခေါ်များစွာကို ထပ်မံဖော်ပြထားပြန်သည်။

ကောင်းဖန် သူ့စာများကို နှစ်သက်သည်။ သူရေးသမျှကိုလဲ အကြီးအကျယ်သဘောတူ ထောက်ခံပေမည့် ပြဿနာအနည်းငယ်ကတော့ ရှိနေတုန်းပင်။

ကောင်းဖန် လက်တွေ့ဘဝတွင် မြင်တွေ့ရသည့် သားရဲများ၏အချက်အလက်များကို အခြေခံလိုက်လျှင် အများစုက အခြေခံသဘောတရားငါးမျိုးနှင့် ဆက်သွယ်မှုရှိကြသည်။

ဒါပေမယ့်လဲ ခြွင်းချက်အနည်းငယ်ကတော့ ရှိနေစဲပင်။ ပထမဆုံးအနေနဲ့ အသက်တစ်သက်ကို မွေးဖွားခြင်းနဲ့အံ့ဖွယ်ဖြစ်ရပ်များဖြင့် ဖွင့်စည်းထားသည်။ အသက်တိုင်းကတော့ အခြေခံသဘောတရားငါးမျိုးနဲ့ ဆက်စပ်နေတာမဟုတ်ဘူး။ ဒီစည်းမျဉ်းတွေအတိုင်းမလိုနာဘဲ ပြောင်းပြတောင် မူကျင့်ကြတဲ့ သာမာန်မဟုတ်တဲ့သားရဲတွေတောင်မှ ရှိသေးသည်။

အစောက သူလုပ်ပေးခဲ့တဲ့ ဒင်္ဂါးကြောင်ကိုပဲ ဥပမာအဖြစ်ယူကြပါစို့။ ရေက သစ်သားကို အာဟာရဖြစ်အောင် အထောက်အပံ့ပေးတယ်။ စံနှုန်းအရ ရေအမျိုးအစားနဲ့ ဒင်္ဂါးကြောင်ကို တိုက်ခိုက်တာက ပျက်စီးမျုကို များစွာလျော့ကျစေပေမယ့် သူ့ရဲ့အားနည်းချက်ကလဲ ရေပဲ။ ဒါကတော့ မျှော်လင့်ထားတာနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပဲ။

ကောင်းဖန် နေ့လည်ပိုင်းတွင်တော့ အလုပ်လုပ်စရာမရှိလောက်တော့ဘူးဟု တွေးထားသော်လည်း သူစာဖတ်နေတုန်းမှာပဲ လူအနည်းစုက စတူဒီယိုထဲသို့ဝင်လာခဲ့သည်။

ဤလူအနည်းစုကြားတွင် ရင်းနှီးနေသည့်မျက်နှာလဲပါရှိကာ ငွေရှင်ကြီးမာ… အဲ… မဟုတ်သေးဘူး၊ မာကျန်းပါလာတာပဲ။

ကောင်းဖန် စိတ်ထဲမှနေပြီး မာကျန်းကို ထင်သလိုခေါ်နေမိသည့်အတွက် တိတ်တိတ်လေးတောင်းပန်လိုက်မိသည်။

“မစ္စတာကောင်း၊ ငါ မင်းကို ဒုက္ခပေးဖို့ ရောက်လာပြန်ပြီ။” မာကျန်းက မျက်လုံးများထဲကပါ ဟက်ဟက်ပက်ပတ်ရယ်မောရင်း ပြောလာသည်။

မာကျန်း၏အနောက်တွင်တော့ လူနှစ်ယောက်ရှိနေသေးကာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ပင်။ သူတို့နှစ်ယောက်လုံးက ရွယ်တူလောက်ပင်ဖြစ်လောက်ကာ အချင်းချင်းဆက်ဆံပြောဆိုပုံအရ စုံတွဲဖြစ်ပုံရသည်။

သို့ပေမည့် ကောင်းဖန်၏အာရုံကို ဖမ်းစားသွားတာကတော့ ထိုစုံတွဲမဟုတ်ဘဲ အမျိုးသမီးဘေးရှိလေထုထဲတွင် လွင့်မျောနေသည့် သက်တံရောင်ဂျယ်လီငါးပင်ဖြစ်သည်။

ဂျယ်လီငါးသည် အက်တာဟီဒရယ်ဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်အောက်ပိုင်းက များစွာတိုကာ ညင်ညင်သာသာကူးခတ်နေသည့် ခိုင်မာသည့်လက်တံများလဲရှိသည်။ စွဲဆောင်မှုအရှိဆုံးအရာကတော့ ထိုဂျယ်လီငါးက ရေထဲတွင် ကူးခတ်နေရမည့်အစားလေထဲမှာကူးခတ်နေခြင်းဖြစ်ပင်!

သမုဒ္ဒရာထဲမှာကဲ့သလို လေထဲမှာလဲ စိတ်တိုင်းကျကူးခတ်နိုင်သည်က အလွန်စွဲမက်စရာကောင်းလှသည့် ဘဝမျိုးဟုပင် တွေးလိုက်မိသည်။

ကောင်းဖန်၏စိတ်အတွင်း၌ အလွန်စိတ်လှုပ်ရှားလို့နေသည်။

သို့ပေမည့် ဂျယ်လီငါးက အဆင့်မြှင့်ပေးဖို့လိုအပ်တဲ့အကောင်မဟုတ်ခဲ့ပေဘူး။ ဘေးနားမှာလှဲနေတဲ့သားရဲသာဖြစ်သည်။ ၎င်း၏ပုံစံက အိမ်မွေးကြောင်လိုရော ကျားတစ်ကောင်နဲ့ပါတူလို့နေသည်။

၎င်းသည် အရမ်းမကြီးပါပဲ ၄ပေခွဲလောက်သာရှည်လျားသည်။ ခန္ဓာကိုယ်တစ်ခုလံဒးကတော့ မက်တယ်ဖြင့် ဖုံးအုပ်ထားသကဲ့သို့ နက်မှောင်လို့နေသည်။

ထိုသားရဲသည် ကျားကြောင်ဖြစ်မှန်း ကောင်းဖန် သိရှိသွားခဲ့သည်။ ၎င်းသည် ပုံမှန်အားဖြင့် ကြောင်ဖြစ်ပေမည့် ကပ်ဘေးကာလတွင် ကျားသွေးနိုးထလာကာ ကြောင်၏လျင်မြန်မှုနှင့် ကျားတစ်ကောင်၏ကြီးမားသည့်စွမ်းအားပါဝင်သည့် သားရဲတစ်ကောင်ဖြစ်လာခဲ့သည်။

ကောင်းန် သားရဲကိုကြည့်လိုက်ပြီးနောက် ထိုကျားကြောင်သည် သာမာန်အဆင့်မှာသာရှိနေသေးကြောင်း သိလိုက်ရ၍ အံ့ဩမိသွားတော့သည်။ ဒါပေမယ့် ဒီလိုအခြေအနေကိုမျိုးကိုလဲ မျှော်လင့်ထားသင့်ပါတယ်လေ။ ဘာပဲဖြစ်ဖြစ် အထူးအဆင့်နဲ့ပြီးပြည့်စုံအဆင့်သားရဲတွေပဲ အမြဲတွေ့နေတယ်ဆိုတာ အဓိပ္ပါယ်မှမရှိဘဲ။

“ငါ့ရဲ့ကျားကြောင်က အထူးအဆင့်ပဲ။ ငါဒီနေ့လာခဲ့တာက သူ့ကို ပြီးပြည့်စုံအဆင့်ကို မင်းမြှင့်ပေးနိုင်ဖို့ မျှော်လင့်လို့ပဲ။” အမျိုးသားက ပြောလိုက်သည်။ သူ၏စကားပြောဟန်မှာ နူးညံ့ညင်သာလှကာ မန်ဒရင်းအသံထွက်ကလဲ ကောင်းလှသည်။

အထူးအဆင့်?

ကောင်းဖန်ဆီမှ စိတ်ရှုပ်ထွေးသလိုပုံစံထွက်ပေါ်လာခဲ့ကာ နောက်တစ်ချက်သေချာပြန်ကြည့်လိုက်သည်။ ဒါက အဆင့်၁၈သာမာန်အဆင့်ကျားကြောင်ကြီးပါ။

သူ တစ်ခုခုပြောဖို့ ပါးစပ်ကိုဖွင့်ဟလိုက်သော်လည်း ဘာမှတော့ ပြောမထွက်ခဲ့ဘူး။

အလွန်အကျွံပြောတာက ရန်ငြှိုးဖွဲ့မိနိုင်သည်။

ကောင်းဖန် ဒီလူကို အမှန်အတိုင်း ပြောသင့်မပြောသင့် မသိတော့ပေ။ ဒါပေမယ့်လဲ  ဒီလူနဲ့သူ မရင်းနှီးဘူးဘဲ ထုတ်ပြောလိုက်လျှင် သူ့ဘက်ကအရမ်းစိတ်ကြီးတင်နေသလိုဖြစ်သွားမည်ဟု ခံစားလိုက်ရသည်။

“အမ်၊ ဒါဆို ဒီကျားကြောင်အတွက် ငါမဟာမိတ်ခရက်ဒစ်၆၀ယူမယ်။” ကောင်းဖန ကောင်းတစ်ချက်ညိတ်ကာပြောလိုက်သည်။

အမျိုးသားက အံ့ဩသွားကာ မာကျန်းဘက်သို့ မရေမရာလှမ်းကြည့်လိုက်သည်။

မာကျန်းကိုယ်တိုင်လဲ အံ့ဩသွားခဲ့ရသည်။ သူကချက်ချင်းပင် ကောင်းဖန်ကို ဝင်ပြောလိုက်သည်။ “မစ္စတာကောင်း၊ ငါ မင်းရဲ့အခကြေးငွေယူနှုန်းအပေါ် ငါ့ဝမ်းကွဲကို ပြောပြထားပြီးပြီ။ သူ့အတွက် ကိစ္စမရှိတာကြောင့် မင်းပုံမှန်အတိုင်းပဲ ယူလို့ရပါတယ်။” ထို့နောက် မာကျန်းက ချောင်းတစ်ချက်ဟန့်လိုက်ကာ မလုံမလဲရယ်လိုက်ပြီးမှ စကားဆက်ပြောလိုက်သည်။ “မင်းက လက်တွေ့ကျတဲ့လူမှန်း ငါသိပါတယ်၊ မစ္စတာကောင်းရယ်၊ ဒါပေမယ့် တကယ်ကိုလုံလောက်ပါပြီ။ ငါတို့ရင်းနှီးနေတာနဲ့ ငါ့ကို လျှော့ဈေးပေးဖို့ မလိုပါဘူး။ မင်းအတွက် စီးပွားရေးလုပ်ရတာ မလွယ်ကူမှန်း ငါလဲသိပါတယ်။”

ထိုအချိန်မှာဘဲ အနားမှလူတိုင်း မာကျန်းနောက်မှ အမြှီး ထွက်လာကာ အပြင်းအထန်လှုပ်ယမ်းနေသည်ကို တွေ့လိုက်ကြရသည်။

“ငါသိတယ်၊ ငါ့မှာဒီဟာကိုလျော့ဈေးပေးဖို့ရည်ရွယ်ချက်မရှိဘူး၊ ဒါကငါကျားကြောင် အတွက် လက်ခံနိုင်တဲ့ပမာဏဘဲ, ဒါမှမဟုတ်ရင်တော့ ဒါက ငါ့နာမည်ကိုစော်ကားတာဘဲ” ကောင်းဖန်ကယဉ်ကျေးစွာနဲ့ပြန်ပြောလိုက်သည်၊

“အာ? ဒါဘာကိုဆိုလိုတာလဲ?” မာကျန်းကချက်ချင်းနားမလည်နိုင်ဖြစ်နေသည်၊

ဒါပေမယ့်တစ်ဖက်က သူ့ဝမ်းကွဲကတော့နားလည်သည်၊ သူ့ဘေးနားက ကျားကြောင်ကို စောင်းကြည့်လိုက်ပြီးနောက် ကောင်းဖန်ကိုပြန်ကြည့်လိုက်သည်၊ သူ့မျက်နှာပေါ်ကအပြုံး ကပျောက်ကွယ်သွားသည်၊

“ကောင်းပြီ, ဒါဆို မစ္စတာကောင်းပြောသလိုပဲလုပ်တာပေါ့” သူ့ရဲ့ကတ်ကိုထုတ်လိုက်ပြီး သူ့ရဲ့ငွေချေမှုကိုတုံ့ဆိုင်းမနေဘဲပေးချေလိုက်သည်၊

တကယ့်ကိုတည့်တိုးသမားဘဲ၊

ကောင်းဖန်က ဒီလိုလူမျိုးတွေနဲ့ စီးပွားရေးလုပ်ရတာကိုပိုကြိုက်သည်၊

စီးပွားရေးကစီးပွားရေး မိတ်ဆွေကမိတ်ဆွေဘဲ၊ ဒါကကောင်းမွန်တဲ့အစီအစဉ်ဘဲ၊ သဘောတူညီမှုပြီးနောက် ဘယ်သူမှတစ်ဦးကိုတစ်ဦးအကြွေးတင်နေမည်မဟုတ်ပေ၊

ကောင်းဖန်ကသူ့ရဲ့ကျားကြောင်ကို ခေါ်ထုတ်သွားပြီးတဲ့နောက် မာကျန်းရဲ့ဝမ်းကွဲကသူ့ အိတ်ကပ်ထဲမှဖုန်းကိုထုတ်လိုက်ပြီး ဖုန်းခေါ်လိုက်သည်၊

“ ရွှီစန်းကိုပြောလိုက်၊ မာရီကသူ့ကိုရှာနေတယ်လို့”

 လိုင်း၏တစ်ဖက်က အံ့ဩနေပြီး ခတ္တရပ်နေသည်၊

“မစ္စတာမာ, ပြဿနာတစ်ခုခုရှိလို့လား”

“ငါမင်းကို အနည်းဆုံးအထူးအဆင့်ကျားကြောင်ကို ရှာခဲ့လို့ပြောခဲ့လားမပြောခဲ့ဘူးလား?” မာရီကသူပြောချင်တာကိုတည့်ပြောလိုက်သည်၊

“…ဟုတ်ကဲ့,မစ္စတာမာ၊ ဒီကျားကြောင်နဲ့ပတ်သတ်ပြီး မကျေနပ်တာများရှိလို့လား? အကယ်၍မကျေနပ်ရင်ကျွန်တော်…”

“ငါဆုံးအောင်ပြောမယ်၊” မာရီကကြားဖြတ်ပြောလိုက်သည်၊ “ချန်အန်းမြို့တစ်ခုလုံးမှာ  ခင်ဗျားတို့သားရဲရောင်းဝယ်မှုလုပ်ငန်းတစ်ခုဘဲရှိတာမဟုတ်ဘူး၊ ချောင်ဟူမြို့တောင်ဘက်၊ လီလောင်အာမြို့နောက်ဘက်က, သူတို့တွေက သေသေရှင်ရှင်ငါနဲ့စီးပွားရေးလုပ်ချင်နေကြတာ! မင်းတို့အကိုကြီးက ငါ့အဖေရဲ့လက်အောက်ကပဲ၊ သူ့ရဲ့အကောင့်ကနေ ငါကုမ္မဏီက များသောအားဖြင့် လိုအပ်တဲ့ဘယ်သားရဲမဆို မင်းတို့ဆီကနေရတယ်၊ ငါမင်းကိုယုံထားတယ်။”

လိုင်း၏တစ်ခြားတစ်ဖက်သည် တိတ်ဆိတ်လျှက်ရှိသည်၊

“ငါ့ညီမရဲ့မွေးနေ့က ဒီတစ်ပတ်အတွင်းရောက်တော့မှာ၊ သူမရဲ့၁၈နှစ်မြောက်မွေးနေ့၊ သူမက ကျားကြောင်ကိုကြိုက်တယ်, ဒါကြောင့်ဘဲသူမကို အဆင့်မြင့်ကျားကြောင်ကို ပေးဖို့ရည်ရွယ်ထားတာ။”

“ဒါပေမယ့် မင်း! မင်းကငါ့ကို သာမန်အဆင့်ကျားကြောင်ကိုပေးခဲ့တယ်၊ ဒါဘာအဓိပ္ပါယ်လဲ” မာရီရဲ့မျက်လုံးတွေကကျဉ်းမြောင်းလာပြီး, နှိပ်စက်ဖို့နဲ့ ပြင်းထန်တဲ့အန္တရာယ်ပြုရန် စောင့်ဆိုင်းနေသော ရက်စက်တဲ့ကျားတစ်ကောင်လိုဖြစ်နေသည်၊  “ငါကအရူးလုပ်ဖို့လွယ် တဲ့သူလို့မင်းထင်တာလား?”

ဖုန်းပြောနေရင်း, ရွှီစန်းကချွေးများထွက်နေသည်၊ ဖုန်းကိုင်ထားစဉ်သူ့ရဲ့ညာဘက်လက်က ထိန်းမနိုင်ဘဲလှုပ်ခါနေသည်၊

“မစ္စတာမာ, ကျွန်တော်တကယ်မသိပါဘူး၊ အကယ်၍ကျွန်တော်သိတယ်ဆိုရင်တောင် မင်းကို လိမ်မပြောရဲပါဘူး” အသနားခံကာရွှီစန်းကပြောသည်၊ “ကျားကြောင်ရောက်တဲ့အချိန် တစ်ယောက်ယောက်ဒီကောင်ကိုလာပြီး စစ်ဆေးခိုင်းခဲ့သေးတာ၊ ပြီးတော့သူတို့က အထူးအဆင့်လို့ပြောခဲ့တယ်”

“ကောင်းပြီ၊ မင်းဒီကိစ္စမသိဘူးလို့ငါယုံလိုက်မယ်၊”ဟုမာရီကပြောလိုက်သည်၊ “ငါတို့ဒီကိစ္စကို ဒီတိုင်းဘဲထားလိုက်မယ်၊ ဒီအချိန်မှာ ဒါကိုလိုက်ပြီးလိုက်နေတော့မှာမဟုတ်ဘူး၊ ဒါပေမယ့် ဒါမျိုးနောက်တစ်ကြိမ်မဖြစ်ဖို့ဘဲမျှော်လင့်ပါတယ်၊”

“ဟုတ်ဟုတ်ဟုတ်..”ရွှီစန်းကထိတ်ထိတ်ပျာပျာနှင့်သဘောတူလိုက်သည်။

မာရီဖုန်းချတာကိုမြင်ပြီးနောက်, မာကျန်းကသေချာပေါက်ကိုရှုပ်ထွေးနေခဲ့သည်၊ ထိုဖုန်းခေါ်ယူပြီးနောက် နောက်ဆုံးမှာဘာမှလည်းဖြစ်မသွားဘူး၊ သူ့ဝမ်းကွဲကဘာကိုလုပ်ဖို့ ရည်ရွယ်နေတာလဲ?

မာရီကသူ့ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်ပြီးနောက် ဘေးပတ်လည်ကိုကြည့်လိုက်သည်၊ ထို့နောက်သူထိုင်ဖို့တစ်နေရာတွေ့သည်၊

သူက မာကျန်းရှုပ်ထွေးနေတာကိုသတိထားမိသည်။

မာရီ၏ တင်းမာနေတဲ့မျက်နှာက သူစကားစပြောဖို့လုပ်တာနဲ့ နူးညံ့တဲ့အရိပ်အယောင်ပေါ်လာခဲ့သည်။ “အဲ့ဒီရွှီစန်းက နောက်ပိုင်းမရိုးသားတော့ဘူး၊ ငါကဒီအခွင့်အရေးကိုယူပြီး သူ့ကို အာရုံနည်းနည်းနောက်အောင် တီးခေါက်လိုက်တာ၊”

“အကို, မင်းတကယ်ကို ကောင်း….မစ္စတာကောင်းကိုဒီလောက်တောင်အများကြီး ယုံတယ်ပေါ့?” မာကျန်းက သူ့ကိုတစ်ချိန်လုံးနှောက်ယှက်နေသည့် ထိုမေးခွန်းကို မမေးခင် အချိန်ကြာတုံ့ဆိုင်းနေသည်၊

သူကတော့သာမန်ဘဲ မစ္စတာကောင်းကိုယုံတာ,ဒါပေမယ့် သူ့အကိုက ကောင်းဖန်ကိုဒီနေ့မှစတွေ့တာ။

“ ငါယုံတာမစ္စတာကောင်းမဟုတ်ဘူး,ဒါပေမယ့် ငါပိုင်တဲ့မျက်လုံးနှစ်လုံး” မာရီကရှင်းလင်းစွာပြောလိုက်သည်၊

နောက်ဆုံး, နှစ်နာရီကြာပြီးနောက် ကျားကြောင်ကိုအထူးအဆင့်သို့အောင်မြင်စွာမြှင့်တင်ပေးနိုင်ခဲ့သည်၊

မာရီကထလိုက်ကာ ကျေးဇူးတင်ကြောင်းပြောလိုက်သည်၊

ကောင်းဖန်ကအခွင့်အရေးယူပြီးမေးလိုက်သည်, “ငါမေးတာအတွက်ခွင့်လွှတ်ပါ, ဒါပေမယ့် ငါသိချင်တာမင်းတို့ဒီဂျယ်လီငါးကို ဘယ်ကဝယ်လာတာလဲ?”

မာကျန်းကချက်ချင်းဖြေလိုက်သည်၊ “မစ္စတာကောင်းက ဂျယ်လီငါးပျံကိုစိတ်ဝင်စားတာလား? ဒီဂျယ်လီငါးပျံက ဖုန်းချန်ကအထူးငါးလေ၊ မကြာသေးခင်က ပျံကျဈေးရောင်းသူတွေက ဒါတွေတော်တော်များများကိုတင်သွင်းခဲ့ပြီးတော့ ဝူချွီကုန်သွယ်မှုလေးထောင့် လမ်းမှာ အခုရောင်းနေတယ်လေ၊ ဒီဂျယ်လီငါးတွေကတကယ်တော့ အပျော်တမ်းမွေးရုံ လောက်ဘဲဝယ်တာပါ၊ အခြေခံတာဝန်ကတော့ ခေါက်ပိုက်ဆံအိတ်မှာ သာကပ်ပါနေရုံ ဘဲ။”

“ဒါနဲ့ဘဲ မာကျန်းက ဂျယ်လီငါးပျံကိုကိုဖမ်းယူလိုက်ပြီးနောက်ဂျယ်လီငါး၏ အောက်ခြေကိုဖွင့်ကာ သော့အစည်းလိုက်ကို ၎င်းဆီပစ်ထည့်လိုက်သည်နှင့် သော့ကရိုးရှင်းစွာနဲ့ ပျောက်ကွယ်သွားပြီး သူတို့ကတခြားရှုထောင့်တစ်ခုတွင် ပျောက်ကွယ်သွားတော့သည်။

ကောင်းဖန်ဒါကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်၊ သော့တွေက ဂျယ်လီငါးရဲ့ခန္ဓာကိုယ်ထဲသို့မြိုကျသွားတာမဟုတ်ဘဲ တကယ်တော့သူတို့မသိတဲ့တခြားရှုထောင့်ကနေ မျိုချလိုက်သလို မျက်စိရှေ့တွင်ပျောက်ကွယ်သွားခြင်းဖြစ်သည်။

***

Continue Reading

You'll Also Like

372K 26.5K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
249K 21.1K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
1.1M 61.9K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
2.1M 162K 36
No descriptions here