?Daffodils[Complete]

By ScarletV496

340K 21.1K 547

တောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြ... More

အမှာစာမဟုတ်သောအမှာစာသို့မဟုတ်ဝန်ခံချက်
🍁Daffodilsအပိုင်း(၁)တံစက်မြိတ်အောက်က လူနှစ်ယောက်
🍁Daffofilsအပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်
🍁Daffofilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodils အပိုင်း(၄)ဒီခံစားချက်ကဘာလဲဆိုတာမသေချာဘူး
🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရှိခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရြှိခင်း
🍁Daffodils အပိုင်း(၇)အသဲကွဲတယ်ဆိုတာ• • •
🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ
🍁Daffodils အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ
🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ
🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဦးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၃)အစမ်းသပ်ခံကြွက်လေး
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၅)မတရားသဖြင့်ခုန်နေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဦးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဉီးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၇)ဖုံးကွယ်ထားတဲ့ အလွှာ
🍁Daffodils အပိုင်း(၁၈)MaMa Boy
🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး
🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!
🍁Daffodils အပိုင်း(၂၁)ချစ်သူတွေဘာတွေလုပ်ကြလဲ!!
🍁Daffodils အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
🍁Daffodils အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်!!
🍁Daffodils အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၄)နွေဉီးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်
🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!
🍁Daffodils အပိုင်း(၂၇)ရှူး!! တိုးတိုး..
🍁Daffodils အပိုင်း(၂၈)ဗရုတ်သုက္ခနေ့ရက်များ
🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား
🍁Daffodils အပိုင်း(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၂)မှားခဲ့တဲ့လူကကျွန်တော်မဟုတ်ဘူး
🍁Daffodils အပိုင်း(၃၃)အရေးတယူမိတ်ဆက်ပေးစရာမလိုဘူး
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းထူတဲ့ ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းတဲ့ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၅)နာကျင်မှုထက်ပိုတဲ့နာကျင်မှု• • •
🍁Daffodils အပိုင်း(၃၆)ဖုန်တွေအမှိုက်တွေပါတဲ့လေပွေတစ်ခုပဲ!
🍁Daffodils အပိုင်း(၃၇)နာကျင်ရမယ်ဆိုရင်တောင်အတူတူရှိချင်တယ်!
🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!
🍁Daffodils အပိုင်း(၃၉)မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်
🍁Daffodils အပိုင်း(၄၀)နယ်ရုပ်လောက်တောင်သူကအဆင့်မရှိဘူး• • •
🍁Daffodils အပိုင်း (၄၁)အလွမ်း၊စိုးရိမ်စိတ်၊သိမ်ငယ်မှု၊အသေးစားရန်ပွဲ!
🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!
🍁Daffodils အပိုင်း(၄၃)အတိတ်၊အမှန်တရား၊ကွဲကြေနေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၅)ပထမဆုံးနှစ်ယောက်အတူရှိတဲ့ခရစ်စမတ်
🍁Daffofils _Epilogue.1
🍁Dafodils_ Epilogue.1
🍁Daffodils_Epilogue.2
🍁Daffodils_Epilogue.2
🍁Daffodils_Extra.1
🍁Daffodils_Extra.1
🍁Daffodils_Extra.2
🍁Daffodils_Extra.2
🍁Daffodils_Extra.3
🍁Daffodils_Extra.3
🍁Daffodils_Extra.4
🍁Daffodils_Extra.4
🍁Daffodils_Extra.Epilogue
🍁Daffodils_Extra.Epilogue
Announcement For Book


1.7K 54 2
By ScarletV496

နားထင်ကနေတစ်ဆင့် မျက်ခုံးနှစ်ခုကြားထိစူးကိုက်တက်လာတဲ့ခံစားချက်ကြောင့် မိုးပင်လယ် သူ့ရှေ့က Macbookကိုပိတ်ချလိုက်ပြီး ခေါင်းမော့ကာမျက်စိမှိတ်ထားလိုက်ရတယ်။
သူ့အမေနဲ့စကားပြောပြီးကတည်းက၂ရက်လုံးလုံး ဒီအခန်းထဲကနေဘယ်မှမထွက်ဘယ်သူနဲ့မှလဲအတွေ့မခံဘဲ ဟိန်းထက်နဲ့ ခေါင်းချင်းဆိုင်ပြီး သူ့အမေကုမ္ပဏီရဲ့ ပျော့ကွက်တွေကိုအပြန်ပြန်အလှန်လှန်စဉ်းစားနေခဲ့ပေမယ့် ကျေနပ်လောက်တဲ့ အစီအစဉ်ကထွက်မလာသေးဘူး။

အခြားလူတွေဆို သူဒီလောက်ကြီးထိအာရုံမစိုက်လှပေမယ့် သူရင်ဆိုင်ဖို့ဆုံးဖြတ်ထားတဲ့လူက သူ့ရဲ့ အမေဖြစ်နေတယ်။သူ့အစီအစဉ်က ဟာကွက်မရြှိပည့်စုံနေမှ သူ့အမေကို ပုန်ကန်လို့ရမှာ။

မျက်ခုံးနှစ်ခုကို လက်နဲ့ဖိနှိပ်ရင်း ကိုထက် လာရင်သူအဆူခံရဉီးမယ့်အကြောင်းတွေးမိတယ်။သူခုထက်ထိဆေးရုံမှာပဲရှိသေးတာမို့ အလုပ်အလွန်အကျွံမလုပ်ဖို့ တားမြစ်ခံထားရတယ်။သူဒီ၂ရက်လုံးမှာသူ့ရဲ့ကိုယ်ရေးကိုယ်တာ ဖုန်းကိုပါပိတ်ထားလိုက်ပြီး အလုပ်အတွက်ဆက်သွယ်ဖို့ ဖုန်းကိုသာဖွင့်ထားခဲ့တာ။

ခုတော့ သူ့ရဲ့ဖုန်းကိုပြန်ဖွင့်ပြီး သူလဲ အခန်းထဲကနေအပြင်ထွက်ဖို့လိုနေပြီ။ဒီအခန်းထဲမှာနေတာ ကြာပြီမို့ သူ့ဉီးနှောက်တွေလဲထုံထိုင်းနေပြီလို့ခံစားရတယ်။ဖုန်းကိုပြန်ဖွင့်လိုက်တာနဲ့ တစ်ပြိုင်တည်း စာတွေ Missed callတွေ သူ့ဆီအပြုံလိုက်ကြီးဝင်လာတာ ကို သူတစ်ခုမှဖွင့်မဖတ်ဘဲ ဘောင်းဘီအိတ်ထဲထိုးထည့်ပြီး အခန်းတံခါးကိုဖွင့်ပြီးထွက်လာခဲ့တယ်။

သူဆေးအိတ်ချိတ်ထားတဲ့ Drip Standကို တွန်းရင်း ​ကော်ရစ်ဒါမှာဖြေးဖြေးချင်းလမ်းလျှောက်နေလိုက်တယ်။ဟိန်းထက်ကလဲ Resortကိုခဏပြန်သွားရပြီးအဒ်ဒမ်က သူ့အလုပ်အရေးကြီးလို့ ပြန်သွားပြီဆိုတော့ ဆေးရုံမှာသူတစ်ယောက်ထဲပဲရှိတယ်။

ဆေးရုံရဲ့ ကော်ရစ်ဒါမှာရပ်ပြီး သံဇကာပေါက်ကနေတစ်ဆင့် အပြင်ကိုလှမ်းကြည့်လိုက်တော့ ဝင်ခါနီးနေလုံးကြီးနဲ့ တည်ငြိမ်နေတဲ့ ပတ်ဝန်းကျင်က သူ့အမြင်အာရုံထဲကို ဝင်လာတယ်။
မဲဘာန်းက ဒီဇင်ဘာမှာဆို အရမ်းအေးပြီး ပတ်ဝန်းကျင်ကလဲ အရမ်းလှတယ်။နေ့လည် ၂နာရီဆိုနေစဝင်နေပြီဖြစ်ပြီး ၂နာရီခွဲ ၃နာရီဆို လုံးဝနေဝင်သွားတာမို့အအေးဓာတ်ကလဲ ပိုလာပြီ။

သူအားနေတဲ့လက်တစ်ဖက်နဲ့ အနွေးထည်ကိုဆွဲဆန့်ရင်း ဆောင်းတွင်းခေါင်ခေါင်မှာတောင် အချိန်အခါမရှိရေကိုမရမကချိုးတတ်တဲ့ နွေဉီးကိုသတိရသွားတယ်။သူနဲ့နွဉေီး ဆေးရုံတစ်ခုထဲဆိုပေမယ့် ခုထိမတွေ့ကြသေးဘူး။သူကမတွေ့အောင်ကွေ့ပတ်ရှောင်နေတာဆို ပိုမှန်မယ်။သူ့ကိစ္စတွေရှင်းသွားမှ နွေဉီးကိုတောင်းပန်တော့မယ်...သူ့ရဲ့ရှုပ်ယှက်ခတ်နေတဲ့ဇာတ်ကြောင်းထဲ နွေဉီးကိုမပါစေချင်တော့ဘူး။
_______________

"ကိုထွဋ်!ကျွန်တော် အိမ်ခဏပြန်လိုက်ဉီးမယ်"

"အေး ဒီညနားလိုက်ပါလား နွေဉီး!"

ကိုထွဋ်စကားကို သူ ခေါင်းညိတ်ပြပြီးပဲ တုန့်ပြန်နိုင်တော့တယ်။
နွေဉီး ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို မသယ်ချင်သယ်ချင်နဲ့ဆွဲသယ်လာလိုက်တာ ဆေးရုံအပေါက်ဝကိုတော့ရောက်လာပြီ။နွေဉီး ဆင်ဝင်အောက်မှာ ခြေစုံရပ်လိုက်ပြီး ညောင်းညာနေတဲ့ ပုခုံးကို လက်သီးနဲ့ထုကာ ဇက်ကိုဘယ်ညာစောင်းပြီးချိုးချလိုက်တော့  စောင်းနေတဲ့သူ့မြင်ကွင်းထဲကို တစ်စုံတစ်ယောက်ကဝင်လာတယ်။

သူခေါင်းကိုဖြေးဖြေးချင်းပြန်မတ်ပြီး တစ်ရွေ့ရွေ့လှမ်းနေတဲ့ လူကိုသဘောတကျကြည့်နေမိတယ်။မိုးပင်လယ်ကဖြူဖျော့ဖျော့ မျက်နှာထားနဲ့Drip Standကိုဖြေးဖြေးချင်းတွန်းပြီး တွန်းမရတဲ့နေရာတွေဆို မပြီးသွားနေတာကိုမြင်တော့ သူပြုံးလိုက်မိတယ်။

မိုးပင်လယ်ကပန်းခြံသေးသေးလေးဘေးက သူတို့ထိုင်နေကျ ထိုင်ခုံကိုရောက်တော့ ထိုင်ချလိုက်တယ်။နွေဉီး ရပ်နေတဲ့နေရာကနေ ခြေထောက်မရွှေ့နိုင်ပဲ မိုးပင်လယ်ရဲ့ လှုပ်ရှားသွားလာမှုမှန်သမျှကို ရပ်ကြည့်နေလိုက်တယ်။သူ့မြင်ကွင်းထဲက လူရဲ့ လှုပ်ရှားမှုသေးသေးလေးကအစ သူ့စိတ်ကိုရွှင်ပျသွားစေတာမို့ ညောင်းညာပင်ပန်းနေတာတောင်ပျောက်သွားသလိုပဲ။

မိုးပင်လယ်ရဲ့မျက်နှာကနည်းနည်းလေးပြန်ပြည့်လာပေမယ့် မျက်ကွင်းတွေကကျနေတုန်းပဲ...သူ့ဆရာဝန်တွေကအလုပ်အလွန်အကျွံ မလုပ်ဖို့ မှာမထားကြဘူးလား?
သူတို့ဆေးရုံက ဆရာဝန်တွေ ဘယ်တုန်းကအဲ့လောက်ထိအလုပ်ပေါ့ဆကုန်တာလဲ။နောက်နေ့မှ သွားပြီး ကွန်ပလိန်းတက်ရမယ်။

ဒီလူ့ကိုသူဆုံးရှုံးရပြီလို့ထင်လိုက်ရတုန်းက သူ့နှလုံးအစုံက ပြုတ်ကျပျက်စီးသွားသလိုပဲခံစားရတယ်။သူကိုယ်သူဘယ်လိုပဲ ထိန်းချုပ်ထိန်းချုပ် သူက အချစ်ကိုကိုးကွယ်တဲ့ လူဖြစ်နေဉီးမှာပဲ။မိုးပင်လယ်ကို ချစ်လို့ သူနာကျင်ကြေကွဲရတာတွေအများကြီးရှိပေမယ့်လို့ သူမိုက်ရူးရဲဆန်ဆန် ဆက်ချစ်နေမိတုန်းပဲ။

လူတိုင်းဘဝတစ်ခုမှာ အဆိုးရွားဆုံးအမှားတစ်ခုလုပ်ခဲ့ဖူးတယ်ဆိုရင် သူကျုးလွန်တဲ့ အမှားက မိုးပင်လယ်ကို ချစ်မိတာပဲ!လူတစ်ယောက်ကို အရူးလိုချစ်မိတာကိုအမှားလို့ ပြောရင်လဲ သူကအဲ့အမှားကိုပဲ ထပ်ခါထပ်ခါ လုပ်မဲ့လူပဲ။အဲ့အတွက်လဲ သူနောင်တရနေမှာမဟုတ်ဘူး။

နွေဉီး သူ့ကိုယ်သူတောင်မသိလိုက်ဘဲ ခြေလှမ်းတွေက မိုးပင်လယ်ရှိတဲ့နေရာကိုသွားနေမိပြီး မိုးပင်လယ်ရဲ့ရှေ့တည့်တည့်မှာ ခြေစုံရပ်လိုက်တယ်။မျက်လွှာချပြီး ဘာတွေတွေးလို့တွေးနေမှန်းမသိတဲ့သူ့ချစ်ရသူကတော့  သူ့ရှေ့တည့်တည့်မှာ မတ်မတ်ကြီးရပ်နေတဲ့ နွေဉီးကိုမြင်တော့ ပြေးပေါက်ပိတ်သွားတဲ့ ကြွက်လေးလိုမျိုး ထိုင်ရမလို ထရမလို ပျာယာခတ်သွားတယ်။

နွေဉီး ခပ်တည်တည်ကြည့်ပြီး သူ့ဘေးနားမှာဝင်ထိုင်လိုက်တော့ အနေရခက်သလို ဘေးဘက်ကို နည်းနည်းကပ်သွားတာမို့ နွေဉီး အသဲယားသွားကာ တိုးတဲ့နောက်ကို လိုက်ကပ်ပြီး

"ခင်ဗျား ကျွန်တော့်ကိုရှောင်နေတာလား"

မိုးပင်လယ် ကမျက်လွှာပြန်ချကာခေါင်းကိုဖြေးဖြေးချင်းခါလိုက်
ပြီး အသံတိုးတိုးနဲ့ပြန်ဖြေတယ်။

"မဟုတ်ပါဘူး"

"အဲ့ဒါဆို ဘာလို့ ဟိုဘက်တိုးသွားတာလဲ"

"ကိုယ်.... နည်းနည်း အဆင်မပြေလို့"

"ဘာကအဆင်မပြေတာလဲ...ကျွန်တော်နဲ့အတူတူထိုင်ဖို့လား"

"မဟုတ်ဘူး!ဒီတိုင်း ဒီတိုင်း မင်းနဲ့တွေ့ဖို့ ကိုယ် အဆင်သင့်မဖြစ်သေးတာ"

စိတ်မရှည်တဲ့နွေဉီးက ထထွက်သွားဖို့ မတ်တပ်တောင်ရပ်လိုက်ပြီမို့ မိုးပင်လယ် ပျာပျာသလဲတားရတယ်။သူဆိုလိုချင်တာက အဓိပ္ပါယ်တစ်မျိုးပေမယ့် နွေဉီးက အခြားတစ်မျိုးကို သဘောပေါက်သွားတယ်ထင်တယ်။

"ဘာကိုအဆင်သင့် မဖြစ်တာလဲ"

"နွေဉီးကလဲ...မင်းကိုရင်ဆိုင်ဖို့ပေါ့..ကိုယ်မင်းကိုပေါက်ကရတွေဘယ်လောက်ပြောထားလဲ မင်း မေမေကိုကိုယ်ဘယ်လောက်ထိပြောထားမိလဲ အဲ့ဒါတွေကြောင့်ပေါ့...ပြီးတော့ မင်းကိုကိုယ်တောင်းတောင်မတောင်းပန်ရသေးဘူးလေ အဲ့ဒါကို ခုလိုကြီးရုတ်တရက်ကြီးပေါ်လာတော့ ကိုယ်ဘာလုပ်ရမလဲ"

"သြော်...အဲ့ဒါဆို အခုတောင်းပန်လို့ရတယ်လေ...ဘာတွေစောင့်နေတာလဲ"

အာ...နွေဉီးကတော့ဇွတ်ပဲ...သူ ထပ်ခေါင်းခါလိုက်ပြီး.."ခုလိုကြီးတော့မတောင်းပန်ချင်ဘူး..."

နွေဉီး က ဟား ခနဲ ရယ်ချလိုက်တယ်။

"ခင်ဗျားဟာကလဲ တောင်းပန်ခံရဖို့ ပြန်တောင်းပန်ရမလိုဖြစ်နေပြီ...လုပ်ပါ!တောင်းပန်လိုက် ကျွန်တော်က ခွင့်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီ"

ရွှင်ပျနေတဲ့နွေဉီးမျက်နှာလေးကို မိုးပင်လယ် အချစ်ပိုစွာလှမ်းကိုင်လိုက်ပြီး ပြုံးလိုက်မိတယ်။နွေဉီးရဲ့ အေးစက်နေတဲ့ပါးပြင်လေးတွေက အအေးဓာတ်ကြောင့် ပန်းရောင်လေးပြေးနေတယ်။အချိန်တော်တော်များများမှာ သူ့ကိုပြုံးလာအောင်လုပ်နိုင်တာ နွေဉီးတစ်ယောက်ထဲပဲရှိတယ်။

"နွေဉီး...ကိုယ် မင်းကိုချစ်တယ်...ချစ်တာမှအရမ်းကိုချစ်တာသိလား...ကိုယ်မတောင်းပန်နိုင်သေးဘူးဆိုတာကလဲဘာရယ်မဟုတ်ပါဘူး ကိုယ်က မင်းရှေ့ကို ကိုယ်တိုင်ကိုယ်ကျလာတောင်းပန်ချင်လို့"

"ဒူးတွေဘာတွေထောက်ပြီးတော့လား"

မိုးပင်လယ် ပြုံးလိုက်ပြီး နွေဉီး မေးစေ့လေးကိုချစ်စနိုးဖျစ်လိုက်တယ်။

"နွေဉီးကဒူးထောက်စေချင်ရင်ကိုယ်ထောက်မှာပေါ့...ကိုယ့်ဒူးထက် နွေဉီးကပိုအရေးကြီးတာပဲကို"

နွေဉီးစိတ်ထဲမှာ ဘဝင်ခိုက်သွားပေမယ့် ပါးစပ်ကတော့..
"အပိုတွေ!"

"တကယ်ပြောတာပါ..ကိုယ်တွေးထားတာ ကိုယ့်မေမေနဲ့ကိစ္စတွေအကုန်ရှင်းပြီးမှ နွေဉီးကိုရှိသမျှအချိန်တွေပုံပေးပြီး စိတ်ရှည်လက်ရှည်ချော့ပြီးတောင်းပန်မလို့...ခုလိုရုတ်တရက်ကြီးရှေ့ကိုရောက်လာတော့ ကိုယ်တကယ်အစီအစဉ်ပျက်သလိုဖြစ်သွားတာ"

"အဲ့တော့လဲ ခုကအကြိုတောင်းပန်ထားဗျာ...Pre-wedding တွေPre-Graduateတွေတောင်ရှိသေးတာ"

"ဟားဟား အကြိုတောင်းပန်တယ်တဲ့လား!နွေဉီးကတော့လုပ်ပြီ...ရပါတယ် ကိုယ်ခုတောင်းပန်ဆိုလဲတောင်းပန်လို့ရတယ် နောက်ထပ်တောင်းပန်ဉီး ဆိုလဲကိုယ်မညည်းမညူတောင်းပန်မှာပဲ...ဘယ်အချိန်ပဲဖြစ်ဖြစ်ကိုယ်တို့နှစ်ယောက်ထဲကဘယ်သူပဲ မှားမှား ကိုယ်ပဲတောင်းပန်ရလဲဖြစ်တယ်"

သေစမ်း! မိုးပင်လယ်ရဲ့ စကားတွေက ချိုမြိန်လွန်းတာမို့ သူအမှန်တကယ်အတောင်းပန်မခံရသေးခင်မှာတင် အကြိမ်တစ်သောင်းလောက်ခွင့်လွှတ်နေမိပြီ။

မိုးပင်လယ်ကတော့ နွေဉီးလက်ကိုဆွဲယူသွယ်ယှက်ကာ နှုတ်ခမ်းနဲ့ဖိကပ်နမ်းလိုက်ပြီး နွေဉီး မျက်လုံးတွေကိုနက်နက်နဲနဲစိုက်ကြည့်ရင်း...

"နွေဉီး ကိုယ်တောင်းပန်ပါတယ်နော်...မင်းကိုပြောခဲ့တဲ့စကားတွေအတွက်ရော အပြုအမူတွေအတွက်ရောပေါ့...အဲ့အချိန်တုန်းက ကိုယ်စိတ်လွတ်နေလို့ လို့ ပြောရင်လဲဆင်ခြေသက်သက်လိုဖြစ်နေမှာ ကိုယ်သိပါတယ်။ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကြောင့်ဖြစ်တာကို ရောဂါကြောင့်လို့လဲ အကြောင်းမပြချင်ဘူး။

ကိုယ်မှားတာကိုယ်သိပေမယ့် ချက်ချင်းလာပြီးမတောင်းပန်မိတဲ့အတွက်လဲတောင်းပန်ပါတယ်...ပြီးတော့ နွေဉီးမေမေကိုပြောမိတာတွေအတွက်လဲတောင်းပန်ပါတယ်...ပြီးတော့..."

"တော်!တော်!တော် တစ်နေကုန်တောင်းပန်မလို့လား.."

"မဟုတ်ပါဘူး ကိုယ်က.."

"ဒီလောက်ဆိုရပြီ!ကျွန်တော်ကခင်ဗျားတောင်းပန်ချင်တယ်ဆိုလို့သာ တောင်းပန်ခိုင်းရတာ ကျွန်တော်စိတ်မဆိုးတော့တာတောင်ကြာပြီ"

နွေဉီးကို မိုးပင်လယ်ရဲ့လက်ကိုသူ့လက်ဖဝါးနှစ်ခုကြားကို ထည့်ကာဖျစ်ညှစ်ဆုပ်ကိုင်လိုက်ပြီး..

"ခင်ဗျား မေ့နေတုန်းက ခင်ဗျားပြန်နိုးမလာမှာ အရမ်းကြောက်သွားတာ...လူ့ဘဝဆိုတာက တိုတိုလေးရယ်...လူ့သက်တမ်းကို ၇၅ နှစ် တန်းနဲ့တွက်မယ်ဆို ကျွန်တော်လူ့လောကထဲမှာကျင်လည်နေတာ သက်တမ်းရဲ့ သုံးပုံတစ်ပုံ လောက်ရှိနေပြီ။ကျွန်တော်ဘယ်လောက်ထိ အသက်ရှည်နိုင်မလဲဆိုတာလဲ မသိနိုင်ဘူး..အဲ့အချိန်တိုတိုလေးမှာ ကျွန်တော် စိတ်ဆိုး စိတ်ကောက်ပြီးတော့ပဲမနေချင်ပါဘူး..ကျွန်တော် ခင်ဗျားနဲ့ပျော်ပျော်ရွှင်ရွှင်လေးပဲနေချင်တာ...

ပြီးတော့ ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေအတွက်ခင်ဗျား ကိုယ့်ကိုကိုယ်တအားလဲအပြစ်တင်မနေပါနဲ့ ခင်ဗျားနေရာမှာဘယ်သူမဆိုအဲ့လိုပဲဖြစ်ကြမှာ...ကျွန်တော့်မေမေက တစ်ခါပြောဖူးတယ်...ကိုယ့်ကိုကိုယ်ပဲပျော်အောင်နေပါတဲ့ ကိုယ်ကိုယ်တိုင်ပျော်ရွှင်နေမှ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုပျော်အောင်ဖန်တီးပေးနိုင်တဲ့လူဖြစ်မှာတဲ့...

အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ်အပြစ်တင်တာတွေအားမလိုအားမရဖြစ်တာတွေရပ်လိုက်ပြီး ကိုယ့်ပျော်ရွှင်မှုကိုပဲကိုယ်ရှာပါ...ခင်ဗျားကပျော်ရွှင်ရဖို့ထိုက်တန်ပါတယ်"

နွေဉီး စကားတွေကလမ်းပျောက်နေတဲ့သူ့ကိုနွေးထွေးသွားစေတယ်။တကယ်တော့ သူလိုအပ်နေတာကသူ့အမေထက်သာတဲ့အစီအစဉ်မဟုတ်ဘဲ နှစ်သိမ့်နွေးထွေးပေးမယ့်လူ သူ့ကိုပွေ့ဖက်အားပေးမယ့်လူကိုလိုအပ်နေတာဖြစ်တယ်။ပြီးတော့ သူရှေ့လျောက်ဝမ်းနည်းရတော့မှာမဟုတ်တော့ဘူးထင်တယ်...သူ့ရဲ့ပျော်ရွှင်မှုလေးက ခုသူ့ရှေ့ကလူပဲလေ။

မိုးပင်လယ် သူ့ဘေးနားမှာ တိတ်တိတ်လေးပြန်ဖြစ်သွားတဲ့နွေဉီးကိုစချင်သွားတာမို့ ကိုယ်ကိုလှည့်လိုက်ပြီး...

"နွေဉီး...တကယ်နွေဉီးမှဟုတ်ရဲ့လား..မှန်း ကြည့်ရအောင်"

"ကျစ်!လုပ်ပြီ ခင်ဗျား"

"ဟားဟား!နွေဉီးရာမင်းအဲ့လိုစကားလေးတွေလဲပြောတတ်တာပဲလား ကိုယ်တကယ်အသားမကျဘူး ဒီမှာကြည့်!တွေ့လား ကြက်သီးတွေတောင်ထနေတယ်"

မိုးပင်လယ်က သူ့လက်ကိုပြန်ဆွဲယူကာပိုက်တန်းလန်းရှိနေတဲ့လက်နဲ့ အနွေးထည်ကိုဆွဲပင့်ပြီးပြောတယ်။နွေဉီး ရယ်ကလဲရယ်ချင် စိတ်ကလဲသေးသေးလေးတိုသွားတာမို့ သူ့မျက်စိရှေ့က မိုးပင်လယ်ရဲ့ လက်ဖျံကြီးကို ကုန်းကိုက်ပစ်လိုက်တော့ တဟားဟားအော်ရယ်ပြီး...

"နွေဉီး!ခွေးရူးပြန်ကာကွယ်ဆေးထိုးပြီးသားမလား"

နွေဉီး ခန္ဓာကိုယ်လေးကတောင့်ခနဲဖြစ်သွားပြီး သူ့လက်ကိုဆောင့်တွန်းကာ...
"ခင်ဗျားကိုကျွန်တော်မုန်းတယ်"

မိုးပင်လယ် သဘောတကျရယ်ရင်း နွေဉီးရဲ့ပုခုံးကိုဆွဲဖက်လိုက်ပြီး...

"ကိုယ်ကတော့ အရမ်းချစ်တယ်...နွေဉီးမုန်းလဲကိုယ်ကချစ်နေမှာ"

ချီးဘဲလေ!နွေဉီးစိတ်ထဲကဆဲဆိုလိုက်ပေမယ့် သွားတွေပေါ်တဲ့ထိပြုံးနေမိတာလဲ သူပဲဖြစ်နေပြန်တယ်။

မိုးပင်လယ်က နွေဉီးကိုဖက်ထားရင်းနဲ့ ခေါင်းလေးကိုလဲတစ်မြတ်တနိုးမွှေးကြူလိုက်သေးတယ်။ပတ်ဝန်းကျင်က အလင်းရောင်လေးနည်းနည်းလျော့လာသလို အအေးဓာတ်ကလဲပိုမြင့်လာတာမို့ သူ မိုးပင်လယ်ရဲ့လက်မောင်းတွေကြားထဲကနေရုန်းမထွက်ချင်တော့ဘူး။

သူတို့တစ်ယောက်နဲ့တစ်ယောက် အရိုးမရှိသလိုမှီတွယ်ပြီးအချိန်အကြာကြီးထိုင်နေဖြစ်ကြတယ်။

"နွေဉီး!ကိုယ်ဖေဖေ့ဆီဖုန်းဆက်လိုက်သေးတယ်"

"ဟုတ်လား!လေးမိုးလွင်ကတော့ကျွန်တော့ကိုဘာမြှပန်မပြောပါလား"

"အင်း သူမအားသေးလို့နေမှာပေါ့...ကိုယ့်ကိုဖေဖေကအကြောင်းစုံပြောပြတယ်.."

"ခင်ဗျားအဆင်ပြေရဲ့လား..."

"ပြေပါတယ်...ကိုယ်သူ့ကိုတောင်းပန်လိုက်တယ်"

"တော်တယ်!"

"အဟွန်း!ဟုတ်ပါပြီ...ပြီးတော့ကိုယ်ကားအက်စီးဒန့်ဖြစ်တာသိပြီးပြီလား"

"အင်း!ခင်ဗျား ညီပြောတယ်...တိုက်သွားတဲ့လူကိုမမိဘူးဆို"

"ခုသိပြီ"

"ဟုတ်လား!ဘယ်ကကောင်လဲ"

"ကိုယ့်မေမေ!"

"ဟမ်!"

မိုးပင်လယ်က အဖြစ်အပျက်အစအဆုံးကိုသူ့ကိုပြောပြတဲ့အခါ
နွေဉီးမျက်လုံးတြွေပူးကျယ်အောင်အံ့သြသွားရတယ်။တစ်ပြိုင်တည်းမှာပဲ မိုးပင်လယ်ဘယ်လောက်ထိအောင် ခံစားသွားရမလဲဆိုတာကိုတွေးမိပြီး သူစိတ်မကောင်းဖြစ်သွားရတယ်။နွေဉီး လက်မောင်းကြားထဲကနေ ရုန်းထွက်ပြီး မိုးပင်လယ်ကိုကြည့်လိုက်တော့သူချစ်ရတဲ့ မျက်ဝန်းညိုတွေထဲမှာ မျက်ရည်တြွေပည့်သိပ်နေပြီ။

"ခင်ဗျား အဆင်ပြေရဲ့လား...ကျွန်တော့်ရှေ့မှာတော့ ခင်ဗျား ခံစားချက်တွေအကုန်ဖွင့်ပြလို့ရတာမို့ အမှန်အတိုင်းပဲဖြေ"

မိုးပင်လယ် ခေါင်းခါပြလိုက်တယ်။သူအဲ့ကိစ္စကိုမခံစားရဘူးပြောရင် သူလိမ်တာပဲ...

"ကိုယ် အဆင်မပြေဘူး...နွေဉီး ကိုယ်တစ်ကယ်အဆင်မပြေဘူး"

ပုခုံးတွေတုန်တဲ့အထိ တစ်သိမ့်သိမ့်ရှိုက်ငိုနေတဲ့ မိုးပင်လယ်ကို သူတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလိုက်တယ်။အမေကိုအရမ်းချစ်တဲ့ မိုးပင်လယ် တစ်ယောက်ရူးသွားရင်တောင် အပြစ်ပြောလို့မရတာမို့ ငိုနေတာကမထူးဆန်းပါဘူး။

သူ ငိုနေတဲ့မိုးပင်လယ်ကိုတားဖို့လဲစိတ်ကူး မရှိတာမို့မိုးပင်လယ်ရဲ့ ကျောကုန်းကို ဖွဖွလေးပွတ်ပြီး နှစ်သိမ့်ပေးရင်း...

"အဆင်ပြေသွားမှာပါ...ခုကျွန်တော်ရှိနေပြီပဲ...ခင်ဗျားမှာကျွန်တော်ရှိနေပြီ"

"နွေဉီး!"မိုးပင်လယ် က နှာရှုံ့ရင်းမျက်ရည်တွေကိုသုတ်ပြီး နွေဉီးကိုပြန်ဖက်ထားရင်းခေါ်လိုက်တယ်။

"အင်း..."

"ကိုယ်ကပျော့ညံ့လွန်းတယ်မလား"

"အင်း...ပျော့ညံ့တယ်...ပြီးတော့ ခင်ဗျားကပျော့ညံ့ရုံတင်မကဘူး
အယုံလွယ်ပြီး လူကဲခတ်ကလဲမတတ်ဘူး၊စိတ်ဓာတ်ကျတာလဲမဆိုသလောက်လေးမြန်တယ်...ခင်ဗျားတစ်ကိုယ်လုံး ချမ်းသာပြီးချောတာကလွဲရင် အားနည်းချက်တွေချည်းပဲ"

မိုးပင်လယ် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရတယ်။
သူ နွေဉီးနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်ပြီး...

"နွေဉီး!ကိုယ့်ကိုသနားပါဉီး!"

နွေဉီးက သူ့စကားမဆုံးသေးဘူး ဆက်နားထောင် ဆိုတဲ့မျက်နှာထားနဲ့ကြည့်လာတယ်။

"ဒါပေမယ့် အဲ့လိုဆိုရင်တောင် ကျွန်တော် ခင်ဗျားကိုချစ်နေတုန်းပဲ...ခင်ဗျား ပျော့ညံ့လို့ရတယ်..စိတ်ဓာတ်လဲကျလို့ရတယ်...ခင်ဗျားကလူသားလေ ခံစားချက်ရှိတဲ့လူသားပဲကို စက်ရုပ်မှဟုတ်တာ...ခင်ဗျားပြိုလဲသွားရင် ကျွန်တော်ကမရမကပြန်ဆွဲထူပေးမှာမို့ လူသားပီပီသသ ပြိုလဲလို့ရတယ်။

တကယ်လို့ခင်ဗျားက စိတ်ဓာတ်သန်မာနေတဲ့လူတစ်ယောက်ဖြစ်ခဲ့ရင်တောင် ကျွန်တော် ခင်ဗျားကို ဒီလောက်သဘောကျဖြစ်ပါ့မလားမသိဘူး...လူတွေက အချင်းချင်းသဘောကျချစ်ကြိုက်ကြတာက ကိုယ့်မှာ မရှိတဲ့ အရာက အခြားလူရှိမှာ ရှိနေလို့ သဘောကျသွားကြတာတဲ့...အခြားလူအတွက်ကလဲ အဲ့လိုပဲနေမှာပဲ...၂ယောက်ပေါင်းမှ ပြီးပြည့်စုံသွားပြီး အချင်းချင်းအမှီသဟဲပြုကြတာမျိုးဖြစ်မှာပေါ့။

ပြီးတော့ခင်ဗျားရဲ့တစ်ခုတည်းသောအားသာချက်က ခင်ဗျားကိုကျွန်တော်မုန်းလို့မရတာပဲ...အဲ့တစ်ချက်ထဲနဲ့တင် ခုနကအချက်တွေအကုန်ဖုံးသွားပြီ"

မိုးပင်လယ်ရဲ့နှလုံးသားလေးဟာ နွေးထွေးတဲ့မီးလင်းဖိုနားမှာထိုင်နေရသလိုမျိုး တစ်သိမ့်သိမ့်နွေးထွေးလာတယ်။သူ လက်ကိုဆန့်ထုတ်ကာနွေဉီးရဲ့ခေါင်းနောက်ကနေထိန်းကိုင်ပြီး နဖူးလေးကိုဖိကပ်ပြီး နမ်းလိုက်တယ်။

"ကိုယ်ကအရမ်းကံကောင်းတာပဲ..."

"ခင်ဗျားအခုမှသိတာလား"

"သတိထားမိတာတော့ကြာပါပြီ..ခုမှသေချာသိတာ"

"အရူး!"

နှစ်ယောက်လုံး မျက်နှာချင်းဆိုင် နဖူးချင်းကပ်ပြီး သဘောတကျရယ်လိုက်မိတော့ သစ်ကိုင်းပေါ်ကနားနေတဲ့ငှက်လေးတွေထပျံသွားကြတယ်။သူတို့အကြာကြီး တစ်ယောက်မျက်လုံးထဲကို တစ်ယောက် နင့်နင့်နဲနဲစိုက်ကြည့်ပြီး ခံစားချက်တွေထပ်တူကျသွားကြတဲ့အချိန် သူတို့နှုတ်ခမ်းတွေကလဲအချင်းချင်းထပ်တူကျသွားခဲ့ကြပြီး အလွမ်းတွေကိုနူးညံ့တဲ့အနမ်းနဲ့ဖြေဖျောက်ခဲ့တယ်။

လွမ်းခဲ့ရတဲ့နေ့ရက်တွေအတွက် ထပ်ခါထပ်ခါနမ်းရင်း ပြီးပြည့်စုံတဲ့ညနေခင်းလေးတစ်ခုကိုအတူတကွဖန်တီးလိုက်ကြတယ်။ဒီဇင်ဘာရဲ့ အေးမြမှုက အချစ်မရှိတဲ့လူတွေအတွက် မတရားသလိုဖြစ်ပေမယ့် အချစ်ရှိတဲ့လူတွေအတွက်ပိုနီးကပ်စေတာမို့ မိုးပင်လယ်ကိုနွေဉီး တအားဖက်ထားလိုက်မိတော့ သူ့ခန္ဓာကိုယ်သာမက သူ့နှလုံးသားလေးပါ နွေးထွေးနေတော့တယ်။

တစ်ယောက်နဲ့တစ်ယောက် လွတ်ထွက်သွားတော့မလို တင်းတင်းကျပ်ကျပ်ဖက်ထားတဲ့နှစ်ယောက်ကိုကြည့်ပြီး ဟိန်းထက် ဆေးရုံရှေ့ကြီးမှာ ကြောင်တိကြောင်တောင်ကြီးရပ်နေမိတယ်။သူကတော့ဆေးရုံမှာ သူ့ဘော့စ်တစ်ယောက်ထဲ အားငယ်နေရှာမယ်ဆိုပြီး အလုပ်လဲပြီးရော မနားဘဲတောင် မဲဘာန်းကိုပြန်လာခဲ့တာ...ခုကျတော့ ချက်ချင်းကြီး 'တတိယဘီး' လိုခံစားလိုက်ရတယ်။

ကားထဲပြန်ဝင်ရမလို ဆေးရုံထဲပြန်ဝင်ရမလို မဝေခွဲနိုင်ခင်မှာပဲ ဆေးရုံထဲက ကိုကျော်ဇင်ထွဋ်ထွက်လာတယ်။အကင်းပါးတဲ့ ကိုကျော်ဇင်ထွဍ်က သူ့ရဲ့အီလည်လည်အပြုံးနဲ့ မျက်လုံးရဲ့လားရာကိုကြည့်ပြီး သူပါ နာကျင်မှုတွေတိုးသွားသလိုမျိုး အီလည်လည်ကြီးဖြစ်သွားတယ်။

"နွေဉီးတော့ အိမ်ပြန်ပြီးအားမွေးစရာမလိုတော့ဘူးထင်တယ်.."
ဟိန်းထက်ကိုပါ မေးဆတ်ရင်း.."မင်း ဘော့စ်ရောပဲ"

"ဟုတ်တယ်...ဒေါက်တာ ကျွန်တော် ဘော့စ်ကို ဆေးရုံထဲပဲဝင်စောင့်တာကောင်းမယ်ထင်တယ်"

"ဒါပေါ့ကွာ လာ...ငါတော့ အရမ်းချစ်နေကြတဲ့လူတွေတွေ့ရတာ ဆီးချိုတွေတက်လာသလိုပဲ တိုင်းကြည့်ဉီးမှ ...မင်းရော တိုင်းဉီးမလား"

"မလိုဘူး ဒေါက်တာ ကျွန်တော့်ကို ဆေးသာတန်းတိုက်တော့...သေချာတယ် တက်နေပြီ!"

ဟိန်းထက်ရဲ့ စကားအဆုံးမှာဆေးရုံတစ်ခုလုံး ကိုထွဋ်ရယ်သံကြီးကဖုံးလွှမ်းသွားတော့တယ်။ဘယ်လိုပဲဖြစ်ဖြစ် သူတို့စိတ်ထဲမှာ ပျော်ရွှင်နေကြတယ်။ချစ်ခြင်းမေတ္တာနဲ့ပျော်ရွှင်မှုက အမျိုးစပ်ရင် တစ်ဝမ်းကွဲလောက်တော်ကြတာပဲမလား...အချင်းချင်းချစ်ကြတာက မုန်းနေကြတာထက်စာရင် အဆပေါင်းတစ်သန်းလောက်ကောင်းတာမို့ သူပျော်တယ်။

Continue Reading

You'll Also Like

314K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
269K 16.6K 57
ဘာမှမတော်မစပ်ကိုယ့်ချစ်သူရဲ့မောင်ကိုညီအရင်း၁ယောက်လိုတွယ်တာရင်းမေတ္တာတွေပေးမိခဲ့တဲ့သူ straight စစ်စစ်တစ်ယောက်ပြီးတော့ကိုယ့်အစ်မရဲ့ချစ်သူ....အဲ့လိုလူကို...
80.9K 11K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်