ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးေ...

Par Vanilla_IceCream61

279K 55.8K 2.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... Plus

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

114

1.3K 335 4
Par Vanilla_IceCream61

ခရူတဖ်က ကြွားဝါရသည်ကို နှစ်သက်သော အရည်အချင်းရှိတယောပညာရှင်တစ်ယောက်ဖြစ်သည်။ သူက ဟိတ်ဟန်ထုတ်ရသည်ကို အလွန်ကြိုက်သဖြင့် ခရူတဖ်ဟူသောအမည်အား ကြားသည်နှင့် လူများသည် ခက်ခဲသောလက်ရာများကိုသာ တွေးမိကြသည်။

မည်သို့ပင်ဆိုစေ ကမ္ဘာ့အခက်ခဲဆုံးတယောလက်ရာဆယ်ခုမှ ထက်ဝက်ကျော်မှာ ခရူတဖ်၏လက်ရာများဖြစ်သည်။ သို့သော် နည်းပညာအရ ကျွမ်းကျင်မှုအလိုအပ်ဆုံး 'စီးဆင်းနေသောရေ' မှာ ဆယ်ခုထဲတွင် ဒုတိယနေရာသာရသည်။

ခရူတဖ်၏ မာနကြီးသောစရိုက်ကြောင့် ဂီတနယ်ပယ်၌ ရန်သူအများအပြား ရှိနေသည်ကို ထည့်ပြောစရာပင်မလိုချေ။

မျက်မှောက်ခေတ်တွင် လူများက ထိုတယောနည်းပညာများအစား ဂီတမှသယ်ဆောင်လာပေးသည့် ခံစားချက်များကိုသာ ပိုအလေးပေးချင်ကြသည်။ ထို့ကြောင့်ပင် စာရင်းပြုသူက ပထမနေရာအား ကြီးမြတ်သောတေးရေးများထဲမှ တစ်ယောက်ကိုပေးခဲ့ခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် ထိုတေးရေး၏ဘဝ၌ အမြင့်ဆုံးအဆင့်များနှင့် ထိတ်လန့်စရာ အတွေ့အကြုံများကို တစ်ခုပြီးတစ်ခု ခံစားခဲ့ရသည်။ သူ့ဘဝအတွေးအမြင်များကို ဤဂီတလက်ရာထဲတွင် ထည့်ထားပြီး မည်သူကမှ ၎င်း၏ခံစားချက်များအား အပြည့်အဝ သဘောမပေါက်နိုင်ချေ။

ဤလက်ရာကို တင်ဆက်သောအချိန်မှာပင် ခြားနားသောတယောပညာရှင်များက မတူသောအပိုဒ်များကို တီးခတ်ရန်လိုအပ်တတ်သည်။ အပိုဒ်တစ်ပိုဒ်၏ အမြန်၊အနှေးပိုင်းများကို ပုံဖော်ရန်ပင် မတူညီသောသူများ လိုအပ်သည်။

'နတ်ဆိုး၏တုန်ခါသံ'ဟု သိကြသော 'စီးဆင်းနေသောရေ' ၏ လက်ရှိ အခြေအနေမှာ  ဂီတလောက၌ ကျဆင်းလာနေသည်။ အဘယ့်ကြောင့်ဆိုသော် နည်းပညာလိုအပ်သည့် အခက်အခဲရှိသော်လည်း 'စီးဆင်းနေသောရေ' မှာ ခရူတဖ်၏ ကျန်သောအစွမ်းပြလွန်းသည့်လက်ရာများနှင့် ဘာမှမကွာဟု အချို့လူများက တဖြည်းဖြည်း အငြင်းပွားနေကြသောကြောင့်ပင်။ 'စီးဆင်းနေသောရေ' မှာ ဒုတိယနေရာအား လက်လွှတ်လိုက်သင့်သည်ဟုပင် အချို့က အကြံပေးကြသည်။

သို့သော် ချင်းယွင်က ထိုသို့မထင်ပေ။ သူ၏ အမြင်တွင် စီးဆင်းနေသောရေ' က ပထမနေရာမှ 'ဒီမေဂျာဂီတ' အောက် မနိမ့်ကျပေ။

*****

ချင်းယွင်၏ အလှည့်ရောက်လာပြီဖြစ်သည်။ သူ့တူရိယာအား ယူကာ စင်မြင့်ပေါ်သို့ ခိုင်မာသောခြေလှမ်းများဖြင့် တက်လာသည်။

နိုင်ငံတကာဂီတပွဲတော် ကျင်းပရာနေရာက အကျော်ကြားဆုံး မြို့တော်အော်ပရာဇာတ်ရုံ၌ ဖြစ်ပြီး ရှန်ချန်ယွီက ထိုသို့ကြီးမားခမ်းနားသော စင်ပေါ်သို့ ရောက်ဖူးသည်မှာ အတော်ကြာနေလေပြီ။ ဟင်းလင်းပြင်ထဲ၌ ဖျော်ဖြေခဲ့စဉ်က ပျော်နေတတ်သော ဤကောင်လေးသည် မည်သို့စိုးရိမ်ပူပန်ရမည်ကို မသိရှိခဲ့ပေ။

သို့သော် ယခုအချိန်တွင် ဘိုးတံကိုကိုင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်က စက်ရုပ်ကဲ့သို့အလိုအလျောက် တောင့်တင်းသွားလိမ့်မည်။ ချင်းယွင်ကူးပြောင်းလာသောအခါတွင်ပင် ဤခန္ဓာကိုယ်၏ တုန်ယင်မှုကို ခံစားရသည်။

လူတိုင်းက ရှန်ချန်ယွီ၏ စက်ကဲ့သို့တီးခတ်မှုကို ဝေဖန်နေကြသော်လည်း တယောမှအသံများကို သူညာဘက်နားဖြင့် မည်မျှ ခက်ခက်ခဲခဲ ဖမ်းကာ၊ အမှားမလုပ်မိစေရန်အတွက် သူ့ကိုယ်သူမည်မျှ ကြိုးစားထိန်းချုပ်နေရသည်ကို မည်သူမှမသိပေ။

သို့သော် ထိုသို့အခက်အခဲများ ရင်ဆိုင်နေရလျှင်ပင် ဤလူငယ်ကတယောအား အလွန်မြတ်နိုးသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းက သူ့ဘဝမှတစ်ခုတည်းသော အလင်းရောင်ဖြစ်ပြီး သူ၏အပူအပင်မရှိသောကလေးဘဝနှင့် တစ်ခုတည်းသော ဆက်သွယ်ချက်ဖြစ်သည်။

အစီအစဉ်မှူး၏ တက်ကြွသောအသံထွက်လာသည်။ "အခုဆိုရင်တော့ ဆယ့်နှစ်ယောက်မြောက်ပြိုင်ပွဲဝင်ဖြစ်တဲ့ ရှန်ချန်ယွီက ခရူတဖ်ရဲ့ 'စီးဆင်းနေသောရေ' ကို ဖျော်ဖြေမှာဖြစ်ပါတယ်။"

ထို့နောက် အစီအစဉ်မှူးက သတိမထားမိလောက်အောင် ခေတ္တတန့်သွားသည်။ ဆယ့်နှစ်ယောက်မြောက်ပြိုင်ပွဲဝင်က 'စီးဆင်းနေသောရေ' ရဲ့ ဘယ်အပိုဒ်ကို တီးပြမယ်ဆိုတာ သူ့ကတ်မှာဘာလို့မပါတာလဲ။

သူတစ်ပုဒ်လုံးတီးမှာတော့ မဟုတ်လောက်ပါဘူးနော်။

အိုး၊ ဒီမာနကြီးကြီးငတိကို ဘုရားသခင်ကောင်းချီးပေးပါစေ။ အောက်မှစာရင်းသွင်းသူက သတိလက်လွတ်ဖြင့် အမှားလုပ်မိသည်ဟုတွေးကာ အစီအစဉ်မှူး ပုခုံးတွန့်မိသည်။ ထိုသို့မဟုတ်လျှင် တစ်စုံတစ်ယောက်က 'စီးဆင်းနေသောရေ' ၏ ဒုတိယပိုဒ်ကို ဤပဏာမရွေးချယ်ပွဲ၌ စိန်ခေါ်ရဲမည်ဟု သူမယုံပေ။ သတိမထားမိပါက ၎င်းသည် အမှားကြီးကြီးဖြစ်သွားလိမ့်မည်။

ဒိုင်လူကြီးများက အစီအစဉ်မှူး ကြေငြာလိုက်သော တေးသွားနာမည်ကိုကြားသောအခါ အချို့သည် ချက်ချင်းမျက်နှာပျက်သွားပြီး အခြားလူများမှာ အံ့ဩစွာမျက်ခုံးပင့်မိသော်လည်း ဘာမှမှတ်ချက်မပေးပေ။ ဒိုင်လူကြီးဆယ်ယောက်ထဲမှ နည်းပညာဒိုင်နှစ်ယောက်သည်ပင် မျက်နှာအခြေအနေသိပ်မကောင်းပေ။

စိတ်အာရုံခံစားချက်ပြင်းထန်သူများ၏ အမြင်တွင် ဤပြိုင်ပွဲဝင်က သူတို့ရှိနေသော်လည်း ခရူတဖ်၏လက်ရာကို ရွေးချယ်ခြင်းသဖြင့် သူတို့အား ရန်စခြင်းဟု ထင်ကြသည်။

မည်သို့ပင်ဆိုစေ နည်းပညာဒိုင်လူကြီးနှစ်ယောက်၏ နှလုံးသားထဲ၌ ခရူတဖ်၏ 'စီးဆင်းနေသောရေ' ကို အံ့ဖွယ်ကောင်းသောလက်ရာဟု မှတ်ယူထားကြသည်။ သူတို့ကပင် ဒုတိယပိုဒ်ကို ကောင်းကောင်း တီးနိုင်မလားဟု အပြည့်အဝအာမမခံနိုင်သော်လည်း ပဏာမရွေးချယ်ပွဲတွင်လာပြိုင်သော ကျောင်းသားတစ်ယောက်ထံမှ ဘာမျှော်လင့်၍ရမည်နည်း။

ဒေါသထွက်နေသည့် ဒိုင်လူကြီးတစ်ဦးက ချင်းယွင်၏ ဖျော်ဖြေမှုကို မကြားရသေးခင်မှာပင် သုညပေးထားသေးသည်။

ဟုတ်တာပေါ့၊ ဤဒေါသအိုးဒိုင်လူကြီးသည် ခြွင်းချက်တစ်ခုပင်။ သူတို့၏ ကြီးပြင်းလာပုံကြောင့် ဒိုင်လူကြီးအများစုမှာ သူတို့မကျေနပ်လျှင်ပင် မကျေနပ်ကြောင်းကို သိသာလွန်းစွာပြ၍မရပေ။ မည်သို့ပင်ဆိုစေ ပဏာမရွေးချယ်ပွဲသာ ရှိသေးသည်။ သို့သော် နောက်ပြိုင်ပွဲဝင်၏ နာမည်ကိုကြားသောအခါ ပရိသတ်က ချက်ချင်းစိတ်မဝင်စားတော့ချေ။

ပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်မှုကို ကွန်ပျူတာများနှင့် ကြည့်နေကြသူများက ကိုယ်ပိုင်မှတ်ချက်များ ပေးကြသည်။

( ရှန်ချန်ယွီ ဟုတ်လား။ အမ်၊ ငါဂိမ်းတစ်ပွဲလောက် သွားကစားပြီး ပြန်လာခဲ့မယ်၊ ဒါမှမဟုတ် သူ့ညီအစ်ကိုရှန်ချန်ကျင်းလာရင် ငါ့ကိုခေါ်လိုက်....)

(ဟား ဟား ဟား၊ မင်းတို့အားလုံး ဘာလို့ထွက်သွားတာလဲ။ ငါတော့ သူ'စီးဆင်းနေသောရေ' ကို တလွဲတွေတီးတာ ကြည့်ချင်သေးတယ်။)

(ဒေါသထွက်လိုက်တာ၊ သူက ငါ့နှလုံးသားထဲက 'စီးဆင်းနေသောရေ' ကို မစော်ကားပါစေနဲ့။ အဲ့တစ်ယောက်က ကိုယ့်အရည်အချင်းကိုယ်သိပြီး မလုပ်နိုင်တာကို လွယ်လွယ်မကြိုးစားသင့်ဘူး။)

(အပေါ်ထပ်က နည်းပညာသမားရေ အခုတပ်ဆုတ်လိုက်တော့။ 'စီးဆင်းနေသောရေ' ကို အကောင်းစားကြီးလို လာမပြောနေနဲ့။ အဲ့ဒါက အဓိပ်ပါယျမပါတဲ့ ဂီတသင်ကေတတွေပဲ။ မင်းတို့ ခရူတဖ်အဖွဲ့ ထွက်သွားနိုင်ပါပြီ။)

(မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ လက်ရာနဲ့ပက်သက်တဲ့ ပြဿနာလို့ ငါမထင်ဘူး။ အဲ့တစ်ယောက် တီးတဲ့အချိန်တိုင်း ခြောက်ကပ်ကပ်ကြီးဖြစ်နေတာ။ သူအမှားမလုပ်ပေမဲ့ သူ့တီးသံက အရမ်းစက်ရုပ်ဆန်တယ်လို့ ငါအမြဲထင်မိတယ်။ လက်ရာက ဘယ်လောက်ခံစားချက်ပါပါ သူ့လက်ထဲမှာဆိုရင် ပျက်စီးသွားမှာပဲ။)

(ငါ အပေါ်ထပ်ကတစ်ယောက်နဲ့ သဘောတူတယ်။ သူက သီချင်းကို ဖျက်ဆီးနေသလိုပဲ။ ရှန်ချန်ယွီ ကလေးအရွယ်တုန်းက ဘာကြောင့် ပါရမီရှင်လို့ ဂုဏ်ပြုခံရမှန်း ငါတကယ်မသိဘူး။)

ရှန်ချန်ယွီ၏ စွမ်းရည်၊ ခရူတဖ်နှင့် 'စီးဆင်းနေသောရေ ' သီချင်းတို့အပေါ် ထေ့ငေါ့ဝေဖန်နေကြရာ ရှန်ချန်ယွီနှင့် သူတင်ဆက်မည့် လက်ရာက ပစ်မှတ်ဖြစ်လာသည်။

ရှန်ချန်ယွီ၏ ယခင်တင်ဆက်မှုမှာ တကယ်ကိုစိတ်ကျေနပ်စရာ မကောင်းခဲ့သဖြင့် ပရိသတ်ကဤသို့ပြင်းပြင်းထန်ထန် တုန့်ပြန်နေသည်မှာ မထူးဆန်းပေ။ သို့ရာတွင် သူ၏နည်းပညာကျွမ်းကျင်မှုက ချီးကျူးခံရဆဲဖြစ်သဖြင့်သာ ပဏာမအကြိုရွေးချယ်ပွဲသို့ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ သူ့တေးသံကိုကြားဖူးသော လူတိုင်းက ၎င်းတွင် တစ်စုံတစ်ခုချို့ယွင်းနေ၍ အရသာမရှိဖြစ်နေသည်ဟု ပြောကြသည်။ ပွဲတွင်ကြည့်နေသူများနှင့် ကွန်ပျူတာရှေ့၌ထိုင်ကာ ကြည့်နေသူများ နည်းသွားပြီဖြစ်သည်။ သူတို့ထဲက အချို့ပင် ပျင်းရိလာသောကြောင့် ယခုထွက်ခွာသွားပြီး အခြားပြိုင်ပွဲဝင်လာမှ ပြန်လာရန် တွေးနေကြသည်။

ဖျော်ဖြေသူများအတွက် လှောင်ပြောင်သရော်သည်ထက်ပိုဆိုးသည်မှာ စင်အောက်မှထိုင်ခုံများလွတ်နေခြင်းပင်။ ချင်းယွင်က စင်အပြင်မှလူများ၏ တုန့်ပြန်မှုကိုဂရုမစိုက်ချေ။ မည်သို့ပင်ဆိုစေ သူကအဆိုးရွားဆုံးတိုက်ခိုက်မှု ခံစားဖူးကာ အမြင့်ဆုံးချီးကျူးမှုကိုလည်း ရရှိပြီးဖြစ်သည်။ သူ့စိတ်က အလိုလိုက်မှုကို လက်ခံနိုင်သကဲ့သို့ အရှက်ရမှုကိုလည်း ရင်ဆိုင်နိုင်ပြီဖြစ်သည်။

သူက တယောကိုဘယ်ဖက်လက်တွင်ကိုင်ကာ သူ့ပါးကို ပါးတင်ရာ၌ ဖြည်းဖြည်းချင်း နေရာချလိုက်သည်။ ဤသနားစရာကောင်လေး၏ အိပ်မက်နှင့် သူ့နှလုံးသား၏ မဆုတ်မနစ်သော ဂီတမြတ်နိုးမှုကို သူပြီးပြည့်စုံစွာ ဖော်ပြချင်သည်။

ချင်းယွင်အား ဒေါသတကြီးဖြင့် သုညပေးခဲ့သော ဒေါသအိုးဒိုင်လူကြီးက အင်ကျီလက်ကို ခါထုတ်ရန်ပြင်နေစဉ်တွင် ထူးဆန်းသောတေးသံက သူ့ကိုရိုက်ခတ်လိုက်သည်။

ဒိုင်လူကြီး၏ အာရုံခံကောင်းသော နားရွက်က နှစ်ကြိမ်လှုပ်သွားပြီး သူတောင့်တင်းသွားသည်။ တေးသံက သူ့နားထဲသို့ ရေအလားစီးဝင်လာပြီး အာရုံကြောများထံ ကျူးကျော်လာသည်။

၎င်းက အလွန်အမင်းထူးဆန်းသော အသံဖြစ်ပြီး သဘာဝ၏ အေးစက်စက်နှင့် ခွင့်မလွှတ်နိုင်သော စည်းမျဉ်းများနှင့်အလားတူသည်။ သို့သော် အဖိုးတန်သောတစ်စုံတစ်ခု အညှောင့်ပေါက်နေသကဲ့သို့ တိတ်ဆိတ်စွာ ရုတ်တရက်ထိုးတက်မှုတစ်ခုကို သယ်ဆောင်ထားသည်။

ဆယ်ကျော်သက်ကောင်လေးတစ်ယောက် မျက်လုံးမှိတ်ကာ တယောကို သာယာကြည်နူးဖွယ်တီးခတ်နေပုံက ကြည့်ရှုနေသူများ၏ နှလုံးသားထဲသို့ တခဏချင်းရောက်သွားသည်။

ကွန်ပျူတာရှေ့မှ အခုလေးတင် ထထွက်သွားရန်ပြင်နေသူများက ရေစီးဆင်းသံနှင့်တူသော တေးသံကြောင့် ရောက်ရာနေရာမှာပင် ရပ်တန့်လိုက်ရသည်။

မိုးတဖွဲဖွဲရွာသံ၊ စမ်းရေစီးသံနှင့် စမ်းချောင်း၏တရွမ်းရွှမ်းမြည်သံစသည့် သဘာဝကျကျ သာယာကြည်နူးဖွယ်အသံများက ဆံပင်အမည်းနှင့် ထိုဆယ်ကျော်သက်ကောင်လေး၏ လက်များထဲမှ ထွက်လာသည်။

ခမ်းနားကျယ်ဝန်းသော ပြဇာတ်ရုံမှ မိုးတဖွဲဖွဲရွာနေသော တောင်တန်းများကြားရှိ တောအုပ်ထဲသို့ သူတို့ချက်ချင်းရောက်သွားသည်။

ဒါ ရေသံပဲလား။ မဟုတ်ပေ၊ ထိုအသံထဲ၌ လူအများစောင့်စားမျှော်လင့်နေကြသောတစ်စုံတစ်ခု ရှိပုံပေါ်သည်။ ၎င်းမှာ ရောပြွမ်းပါဝင်နေပြီး ငုပ်လျှိုးနေသော်လည်း လူများအား မွေးကင်းစကလေးကိုစောင့်မျှော်နေသကဲ့သို့ မျှော်လင့်စေသည်။

ပထမပိုဒ်၏ အနှေးပိုင်းမှာပင် ဖော်ပြ၍မရနိုင်သော စိတ်ဖိစီးမှုက လွှဲပြောင်းခံလိုက်ရသည်။ ထိုစိတ်ဖိစီးမှုသည် ကြက်ပေါက်စလေးတစ်ကောင် ဥခွံခွဲနေပုံကို စောင့်ကြည့်နေချိန်၊ အဖေတစ်ယောက်က မွေးခန်းအပြင်ဘက်၌ ရှေ့လျှောက်နောက်လျှောက်လုပ်နေချိန်နှင့်တူသည်။

အသက်ရှင်စေသော ရေပင်။

ဤလက်ရာကို ကျွမ်းကျင်စေရန်အတွက် ရှန်ချန်ယွီသည် ခရူတဖ်၏ဘဝကို သေချာလေ့လာခဲ့သည်။ ချင်းယွင်၏ ကိုယ်ပိုင်အတွေ့အကြုံအရဆိုလျှင် ခရူတဖ်၏ နောက်ဆုံးလက်ရာဖြစ်သော 'စီးဆင်းနေသောရေ' က သူ့ဘဝတွက် ခြားနားစွာ အရေးပါကိုပါရမည်။

သူ၏နှောင်းပိုင်းနှစ်များတွင် ခရူတဖ်က ပြင်းထန်စွာနေမကောင်းဖြစ်ခဲ့သည်။ သို့သော် သူက သေခြင်းရှင်ခြင်း စစ်ဆေးမှုကို အောင်မြင်လောက်အောင် ကံကောင်းသဖြင့် ရောဂါအား အနိုင်တိုက်ထုတ်နိုင်ခဲ့သည်။

ပြန်သက်သာလာသော ခရူတဖ်က ထူးထူးခြားခြား ပွင့်လင်းကာသဘာဝကျလာသည်။ သူက အဆင့်အတန်းမြင့် ဖျော်ဖြေပွဲမျိုးစုံ၌ ယောင်ပေပေမလုပ်တော့ပေ။ ထို့အပြင်သူ၏ နဂိုမာနကြီးကြီးပုံစံမှ သူ့ကိုယ်သူ သဘာဝထံ ပြောင်းလဲမြှုပ်နှံလိုက်သည်။ သူက အိုမင်းသောခန္ဓာကိုယ်ဖြင့် တစ်ကမ္ဘာလုံး၏ တောင်တန်းများ၊ ရှူခင်းများအနှံ့ ခရီးဆက်ရင်း 'စီးဆင်းနေသောရေ ' ကို ရေးဖွဲ့ခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ ထိုလက်ရာ၌ ကြိုးတပ်တူရိယာကိုသုံးကာ စီးဆင်းနေသောရေ၏ အသံအမျိုးမျိုးအား ပြီးပြည့်စုံစွာ ဖော်ပြထားသည်။

'စီးဆင်းနေသောရေ' ကို ရေးဖွဲ့ပြီးနောက် ခရူတဖ်က တခြားဘာမှ မရေးတော့ပေ။ သူက 'စီးဆင်းနေသောရေ'ကို မဖျော်ဖြေခင်ရက်မှာပင် ကွယ်လွန်သွားခဲ့သည်။

သို့သော် မှတ်တမ်းများအရ ခရူတဖ်က နောင်တမရှိဘဲ ကွယ်လွန်သွားကာ သူ၏မျက်နှာမှာ ငြိမ်းချမ်းမှုပြည့်နေသည်ဟု ဆိုကြသည်။

နောက်ဆုံးတွင်တော့ သူကနည်းပညာ၌ အဆုံးစွန် ထိုးဖောက်ကျော်လွှားနိုင်ခဲ့ပြီး 'စီးဆင်းနေသောရေ' မှာ သူ၏ထိပ်တန်းလက်ရာဖြစ်သည့်အတွက် ငြိမ်းငြိမ်းချမ်းချမ်းကွယ်လွန်သွားသည်ဟု အချို့ကပြောကြသည်။

နာမကျန်းဖြစ်မှုနှင့် နှစ်တစ်သောင်းမျှ ရုန်းကန်ခဲ့ရသူ ချင်းယွင်က ထိုသို့မထင်ချေ။ ကံကြမ္မာကို ကျော်လွန်ပြီးသူ၏ ပြောင်းလဲမှုအား သူအပြည့်အဝ နားလည်နိုင်သည်။

မာနကြီးသော ခရူတဖ်က သူ၏အရည်အချင်းများပြသခြင်းကို ရပ်ဆိုင်းလိုက်ခြင်းမှာ 'စီးဆင်းနေသောရေ' က သူ့ဘဝ၏ ယခင်တန်ဖိုးထားရာ အယူဝါဒကို လုံးဝပြောင်းပြန်လှန်လိုက်သောကြောင့်ဖြစ်သည်။ ထို့အပြင် ၎င်းက သူ့အတွက် ဘဝအသစ် ယူဆောင်လာပေးခဲ့သည်။

ပထမပိုဒ်၏ အဆုံးတွင် အနည်းငယ် ရပ်သွားပြီးနောက် နရီချက်ချင်းမြန်လာကာ ဘဝအသစ်အညှောင့်ပေါက်လာသည်။ လူတိုင်းလွန်ဆန်၍မရပဲ ပျော်ရွှင်လာကာ တေးသွားမှာ ပျော်ရွှင်စွာစီးဆင်းနေသောရေကဲ့သို့အသံ ဖြစ်လာပြီး ရယ်မောသံထွက်လာသည်။

ယခုအချိန်တွင် ကင်မရာအဖွဲ့သည်ပင် မျက်စိမှေးထားကာ တေးသံအလိုက် ခန္ဓာကိုယ်လိုက်လှုပ်နေသည်။ ကင်မရာက ဆယ်ကျော်သက်ကောင်လေး၏ အနည်းငယ်ကွေးနေသောနှုတ်ခမ်းသို့သာ ချိန်ထားသည်။

ဆယ်ကျော်သက်ကောင်လေးက ဒုတိယပိုဒ်ကို ကျော်လိုက်လျှင်ပင် မည်သူမှ အံ့ဩမည်မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ယခုအခါ ဒုတိယပိုဒ်သို့ ရောက်နေပြီဖြစ်သည်။ အလွန်အမင်း နည်းပညာမြင့်သော တုန်ခါသံထွက်လာပြီး မြစ်က လှိုင်းတွန့်များဖြင့် အခါအားလျော်စွာ စီးဆင်းနေသည်။ ပျော်ရွှင်မှုက နှလုံးသားထဲတွင် သိုဝှက်ခံရပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ကြောင့်ကြမှု ထပ်မံပေါ်ထွက်လာသည်။

သီချင်းစည်းချက်မြန်လာသော်လည်း တိတ်ဆိတ်သော စိတ်ဓာတ်ကျမှုက နားထောင်သူများ၏ နှလုံးသားထဲ၌ ပေါ်ထွက်လာသည်။ ရှိနေသော ပရိသတ်က မထိန်းနိုင်ကြဘဲ ကိုယ်ပိုင်ဂီတတွင်သာ နစ်မြုပ်နေသည့် လူငယ်လေးအား သူတို့၏အနည်းငယ်မှေးထားသည့် မျက်လုံးများကို ပြူးကာ ကြည့်မိကြသည်။

ကောင်လေး၏နှဖူး၌ ချွေးသီးများ ခိုတွဲနေသော်လည်း အမူအရာမှာ အေးဆေးတည်ငြိမ်နေသည်။

နတ်ဆိုး၏ တုန်ခါသံ လာပေပြီ။

၎င်းက အဆုံးစွန်သော စိတ်ဓာတ်ကျမှုပင်။ ဆက်တိုက်တုန်ခါသံက ထူးဆန်းသော်လည်း ရင်းနှီးသော တဗြုန်းဗြုန်းမြည်သံကို ဖော်ပြနေသည်။ ထိုအသံက ဘာအသံမှန်း မည်သူမှ မသိချေ။ တစ်စုံတစ်ယောက်က လျှပ်စစ်ကိရိယာကိုသုံးကာ 'စီးဆင်းနေသောရေ' ၏ အပိုဒ်တစ်ပိုဒ်ချင်းစီကို တုပတီးခတ်ပြီး ဤလက်ရာ၌ ရေစီးသံမည်မျှ ပါနေကြောင်းအား တစ်ပိုင်းချင်းစီ စိတ်ဖြာလေ့လာဖူးသည်။

အားလုံးက သဘာဝရေစီးသံများနှင့် ကိုက်ညီသော်လည်း ဒုတိယပိုဒ်မှာ ခြွင်းချက်ပင်။

ဒုတိယပိုဒ်၌ ဘာသံကို ပုံဖော်ထားမှန်း မည်သူမှမသိသောကြောင့် ၎င်းအား နတ်ဆိုးတုန်ခါသံဟု ခေါ်ခြင်းပင်။ သို့သော် ဒုတိယပိုဒ်က ရေစီးသံထက်ပိုကြောင်း ချင်းယွင်သိသည်။ ထိုအပိုဒ်က လူ့ခန္ဓာကိုယ်ထဲမှ သွေးစီးဆင်းသံပင်။

၎င်းက သွေးများနှလုံးသားထဲသို့ စီးဆင်းသွားကာ ခပ်ပြင်းပြင်းတွန်းထုတ်ခံလိုက်ရသည့်အသံပင်။ ထို့အပြင် သွေးလွှတ်ကြောများ၌ ဆက်တိုက်တုန်ခါနေသော သွေးစီးဆင်းသံလည်းပါသည်။

ဤအသံက လူသားများအား အလိုအလျောက်ဖိအားပေးခံရသကဲ့သို့ ခံစားစေသော်လည်း မလွတ်မြောက်နိုင်ပဲ စင်ပေါ်မှ ဆယ်ကျော်သက်ကောင်လေးကိုသာ ငေးကြည့်နေမိကြသည်။

နာကျင်မှု၊ ဝမ်းနည်းမှုနှင့် မဖော်ပြနိုင်သော အံ့အားသင့်မှုတို့က နားထောင်သူများ၏ ရင်ထဲ၌ ရောထွေးပေါက်ကွဲနေသည်။

*****

နားနေခန်းထဲ၌ ရှန်ချန်ကျင်း ထိုင်ခုံမှ ဆတ်ခနဲထကာ ဖုန်းမှအကြည့်လွှဲမိသည်။ ဒါ 'စီးဆင်းနေသောရေ' လား။ နည်းပညာကြောင့် လူသိများတဲ့ 'စီးဆင်းနေသောရေ' လား။

ရှန်ချန်ကျင်းက စင်ဘက်သို့ မယုံနိုင်စွာကြည့်မိသည်။ ပုံမှန်ဆိုလျှင် ဂီတပညာရှင်များက 'စီးဆင်းနေသောရေ' ကို ဖျော်ဖြေလျှင်ပင် လူများမှာ အရည်အချင်းအား များစွာဝေဖန်ကြသည်။

သို့သော် ယခုအခါတွင် လူငယ်လေး၏ တီးခတ်နိုင်စွမ်းကို တန်ဖိုးဖြတ်ရန် မည်သူစိတ်ဝင်စားမည်နည်း။

သူတို့အားလုံးက ဆယ်ကျော်သက်လေး၏ ဂီတလောကတွင်သာ နစ်မျောနေပြီး ဤလက်ရာတွင်ပါဝင်သော ခံစားချက်များသာ သူတို့၏ခေါင်း၌ ပြည့်နေကာ ဂီတနည်းပညာဟူသောအရာများအကြောင်းတွေးရန် အခန်းလွတ်ပင်မရှိပေ။

ဒုတိယပိုဒ်က အဆုံးသတ်တော့မည်မှန်းသိသောအခါ ရှန်ချန်ကျင်းမှာ တေးသံတွင်သာ နစ်မျောနေသော နားနေခန်းထဲမှ ပြိုင်ပွဲဝင်များအားကြည့်ကာ မျှော်လင့်စောင့်စားစွာ အံကြိတ်မိသည်။ အမှားလုပ်လိုက်စမ်းပါ၊ အမှားလုပ်လိုက်စမ်းပါ။

ဒုတိယပိုဒ်၏ အဆုံးတွင် ခက်ခဲသောအလှည့်အပြောင်းရှိပြီး အကောင်းဆုံးတယောပညာရှင်မှလွဲ၍ မည်သူမှ ၎င်းကိုချောချောမွေ့မွေ့ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။

သို့သော် ချင်းယွင်က ရှန်ချန်ကျင်း ဖြစ်စေချင်သည့်အတိုင်း ခွင့်ပြုမည်မဟုတ်ပေ။

ယခင်စိတ်ဓာတ်ကျမှုမှာ မြစ်ချောင်းရာချီက ပင်လယ်ထဲသို့ စီးဝင်သွားသည့်အတိုင်း ချက်ချင်းပျောက်ကွယ်သွားသည်။ သူတို့၏ အရှေ့တွင် ဧရာမပြင်ကျယ်ကြီးရှိပြီး တေးသံတွင်ပါသော စည်းချက်က တည်ငြိမ်လာသည်။

လူတိုင်း သက်ပြင်းချမိကာ ချွေးသုတ်မိသည်။

တေးသံငြိမ်သက်သွားသည်နှင့် စင်ပေါ်မှ လူငယ်လေး၏ အမူအရာပြေလျော့လာသည်။ နားဆင်သူအားလုံးသည်လည်း ကြီးမားသောတိုက်ပွဲဖြင့် တွေ့ကြုံခဲ့ရပုံဖြင့် ခုံထဲကျောမှီချကာ မျက်လုံးမှိတ်ရင်း ငြိမ်းချမ်းသောအခိုက်အတန့်ကို ခံစားနေသည်။

တည်တည်ငြိမ်ငြိမ်ဖြင့် သာယာကြည်နူးဖွယ်ကောင်းသောတေးသံ ထပ်ထွက်လာသည်။ သို့သော် ဤတစ်ကြိမ်၌ နေဝင်ချိန်ရောက်နေသူ နှစ်ယောက်က လက်ချင်းကိုင်ထားကာ နေဝင်ဆည်းဆာအောက်၌ အေးအေးလူလူလျှောက်နေသော အရသာကိုပေးသည်။ သူတို့က ဘဝတစ်လျှောက်လုံး ဖြတ်သန်းခဲ့ရကာ အတက်အကျမျိုးစုံကို တွေ့ကြုံခဲ့ရပြီး နောက်ဆုံးတွင်တော့ ဘဝနေဝင်ချိန် ရောက်နေပြီဖြစ်သည်။

တယောသံက ဖြည်းဖြည်းချင်း တိုးလာကာပျောက်ကွယ်သွားပြီး စင်ပေါ်မှ လူငယ်လေး၏ မောဟိုက်သံနှင့် ချွေးစက်များ တယောပေါ်ကျသံသာ ကျန်ခဲ့သည်။

လူတိုင်း မျက်လုံးဖွင့်မိကြသော်လည်း စကားပြောရန် ဆန္ဒမရှိပေ။

၎င်းက ဘဝတစ်ခုလုံးပါဝင်သော အိပ်မက်မှ နိုးထလာပုံနှင့်တူသည်။ လူတိုင်း၌ ထိုခံစားချက်မျိုးရှိပြီး သူတို့၏ထူးခြားသောကိုယ်ပိုင်အတွေ့အကြုံများနှင့် ပေါင်းစပ်သွားသောအခါ ရင်ထဲ၌ ကိုယ်ပိုင်အရသာများခံစားကြရသည်။

လူငယ်လေးက စင်ပေါ်မှ တိတ်ဆိတ်စွာ ဆင်းသွားမှသာ သူတို့လက်ခုပ်တီးရန်မေ့သွားကြောင်းကို ပရိသတ်များသတိရသွားသည်။ လက်ခုပ်သံများ ရုတ်တရက်ဟိန်းသွားပြီး ယခင်ကနည်းပါးစွာသာကျန်ခဲ့သော ပရိသတ်များမှာ ယခုတစ်ကြိမ်၌ လက်ခုပ်တီးသံကြားလိုက်ရသောအခါ ကြက်သေသေသွားသည်။ သူတို့ခေါင်းလှည့်ကြည့်လိုက်သောအခါ အစပိုင်းတွင်ထွက်ခွာသွားသူများအားလုံး  ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူတို့က ထိုင်ခုံတွင် ပြန်သွားထိုင်ရန် မေ့နေကြပြီး တံခါးနားတွင်သာ မျက်နှာရဲရဲဖြင့်ရပ်ကာ ကောင်လေးအတွက် လက်ခုပ်တီးပေးနေကြသည်။

ရလဒ်များကို ပြိုင်ပွဲပြီးဆုံးသည်အထိ ကြေငြာမည်မဟုတ်ပေ။

ချင်းယွင်အား သုညပေးထားသော ဒိုင်လူကြီးက ဝန်ထမ်းထံမှ သူ့နံပါတ်ပြားကို အရှက်မရှိပြန်တောင်းနေသည်။ "ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း။ မရဘူး၊ မရဘူး၊ မရဘူး။ ငါအဲ့ဒါကို ပြန်ပြင်ပါရစေ။"





Continuer la Lecture

Vous Aimerez Aussi

81K 610 22
Ezra and Hera Start Dating After Sabine Rejects Ezra And Begin A Secret Relationship. How Long Can They Keep Their Relationship A Secret From The Res...
1.1K 105 3
Title - In the ABO world, I'm a ghost!!! (ABO ကမ္ဘ္ဘာထဲမှာ ငါက သရဲတစ်ကောင် ဖြစ်နေတယ်တဲ့!!! ) Author - Forest Spirit Genres - Comedy, Romance, Su...
466K 51K 23
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
1.1M 26.3K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...