Y.
ရှောင်းကျန့် စိတ်လှုပ်ရှားတာ အနည်းငယ် သက်သာသွားပေမယ့် အခုချိန်ထိတော့ ရင်တုန်နေတုန်းပဲ ။ ဆရာ့ဆီမှာ စာမေးခံရတဲ့ ကျောင်းသားငယ်လေးလို နှလုံးခုန်နှုန်းတွေက အရမ်း မြန်နေသည် ။
သူ ဝမ်ရိပေါ်ထိုင်နေတဲ့ နေရာနားကို အနည်းငယ် ကပ်သွားလိုက်ပြီး ခန္ဓာကိုယ်ကိုလည်း ဝမ်ရိပေါ် ဘက်ကို လှည့်ကာအနည်းငယ် စောင်းလိုက်သည် ။ သူ့အသက် သေဆုံးပြီး လူ့လောကကြီးကနေ ထွက်ခွာဖို့ အချိန် ဘယ်လောက်မှ မကျန်တော့ ဘူးဆိုတာလည်း သူ ကြိုတွက်ထားပြီးသား ။ သူ သေမင်းတံခါးဝ ကို ရောက်နေပြီလေ ။ သူ ဘာမှ မတတ်နိုင်တော့ဘူး ။ ဒီသောက်ရမ်း စိတ်ပျက်စရာကောင်းတဲ့ Dare ကို ရပ်တန့်ဖို့ သူ ဘာမှမလုပ်နိုင်ဘူး ။ သူ့အပြစ်နဲ့သူလေ ။ သူရှုံးမှတော့ လုပ်ရတော့မှာပေါ့ ။
မဖြစ်နိုင်မှန်းသိလည်း ဖြစ်နိုင်အောင် ကြိုးစားရမယ် !
မဖြစ်နိုင်မှန်းသိလည်း ကိစ္စပြီးအောင် လုပ်ဆောင်ရမယ် !
မဖြစ်နိုင်မှန်သိလည်း လုပ်ကို လုပ်ရမယ် ရှောင်းကျန့် !
ဟူး။ စိတ်လျှော့ ။ စိတ်လျှော့ ။စိတ် တွေ တင်းမထားနဲ့ ။ ခနပဲ !ဟုတ်တယ် ! ခနနေရင် ပြီးသွားမှာ ။
ဟူးးးးး...ရှောင်းကျန့်သက်ပြင်းချလိုက်သည် ။ အိုခေ ။ အခု စိတ်တွေ ငြိမ်သွားပြီ ။ စလိုက်တော့မယ် ။
" အ...အာ့....အာ့...ရိ..ရိပေါ်.....အင့်..အဲ့နား..မြန်....မြန်လေး !! "
ရှောင်းကျန့်က ဘေးမှာထိုင်နေတဲ့ ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းအိအိလေးတွေကို ကြည့်ရင်း သူ့ရဲ့ ရှေ့သွားကြီးကြီးတွေနဲ့ နှုတ်ခမ်းကိုကိုက်လို့ ညည်းလိုက်တယ် ။
Shit! Shitttt!Shitttttttttt!
ဝမ်ရိပေါ် ဖုန်းကြည့်နေတာကို ရပ်လိုက်တယ် ။ သူ့ရဲ့ဘေးနားမှာထိုင်နေတဲ့ တစ်စုံတစ်ယောက်ဆီက သူ့ရဲ့ နာမည်နဲ့ ဟိုလို အသံမျိုး ညည်းသံကြားလိုက်ရတာမို့ ဒေါသထွက်ထွက်နဲ့ ဘေးနားကအသံထွက်နေတဲ့ လူကို ကြည့်လိုက်တယ် ။ဝမ်ရိပေါ် သူ့ရဲ့ စူးရှပြတ်သားတဲ့ မျက်လုံးတွေနဲ့ ရှောင်းကျန့်ကို ကြည့်လိုက်တော့
WTF!!!လှလိုက်တဲ့ မျက်ဝန်းတွေ !ရေခဲတုံးအရည်ပျော်မယ့် အငွေ့အသက်တွေ ရနေပြီ။
"ခင်ဗျား ဘာလုပ်နေတာလဲ! "
စိတ်ထဲမှာဘယ်လိုပဲ တွေးနေပါစေဦး ဝမ်ရိပေါ် က ဝမ်ရိပေါ်လေ ။ သိတယ်မလား ။အပြင်မှာတော့ အိန္ဒြေတစ်ပိဿာ နဲ့ပဲ ။ သူ ရှောင်းကျန့်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လို့ သူ့ရဲ့ နဂိုအေးစက်နေတဲ့ မျက်နှာကြီးကို ထပ်တည်ကာ အမိန့်ဆန်တဲ့ အသံသြသြ နဲ့ မေးလိုက်တယ် ။ အကြည့်တွေကိုက အခုချက်ချင်းပဲ ရှောင်းကျန့်ကို သတ်ပစ်ချင်နေတဲ့ အကြည့်တွေနဲ့လည်း ကြည့်ပေးလိုက်တယ် ။
ရှောင်းကျန့်က ချက်ချင်း ခုနတုန်းက သူ ဝမ်ရိပေါ်နားကပ် ထိုင်နေရာကနေ အနောက်ကို ခပ်မြန်မြန်ပဲ ဆုတ်လိုက်တယ်။ပြီးတော့ သူ့ရဲ့ သေမင်းတံမန် နဲ့ ခပ်ဝေးဝေးမှာ နေရာရွှေ့ထိုင်လိုက်ပြီး တံတွေးတွေကို ဂလု ခနဲ မြည်အောင် လည်ချောင်းထဲ မျောချလိုက်တယ် ။
အခု ငါ ထွက်ပြေးသင့်လား ? မားမား ရေ ! ကျွန်တော် ဘာလုပ်ရမလဲ မသိတော့ဘူး ။ဒီရေခဲတုံးဆီကနေ ကယ်ပါဦး ။ ကျွန်တော့်ကို သတ်တော့မယ် အီးဟီး ။
ရှောင်းကျန့် စိတ်ထဲကနေ အိမ်က မားမားကို တ,လိုက်တယ် ။ ပြီးတော့ သူထိုင်နေရာကနေထကာ အစီအစဥ်မကျစွာ ရယ်မောလိုက်ပြီး သူ့ရဲ့လက်တွေကိုလည်း ရှက်ရမ်းရမ်းကာ တစ်ခုနဲ့တစ်ခု ယှက်နွယ်ပြီး လိမ်ချိုးနေတယ် ။ ပြီးတော့ သူ့ ရဲ့ မျက်နှာကလည်း ခရမ်းချဥ်သီးမှည့်တစ်လုံးလိုမျိုး ရဲစုတ်နေသည် ။
"ဟို ....ဟိုဟာလေ ....ဟီး "
ရှောင်းကျန့်က အရူးတစ်ယောက်လိုမျိုး ဝေ့လည်ကြောင်ပတ် စကားတွေပြောပြီး ဝမ်ရိပေါ်ကို သွားအဖြီးသားနဲ့ ပြုံးပြနေသည် ။ ဒါပေမဲ့ စိတ်ထဲတွင်တော့ မတူစွာ မိုးနတ်မင်းကို တိုင်တည်လို့ နေသည် ။
မိုးနတ်မင်းကြီး ကျေးဇူးပြုပြီး ဒီရေခဲတုံးဆီက လွှတ်မြောက်ဖို့ အကူ တစ်ယောက်လောက် လွှတ်ပေးပါဦး!!အားတဲ့နတ်မင်း တစ်ယောက်လောက် ကျွန့်တော့်ကို ကယ်ပါဦး !!!!
သူ နောက်ကို ခြေလှမ်း အနည်းငယ်ဆုတ်ပြီး ဝမ်ရိပေါ်ဆီ ကနေ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တယ် ။ ဒါပေမဲ့ အနောက်ဘက်ကို သူ့ခြေလှမ်း စ လှမ်း မယ်ဆိုကာရှိသေး တစ်စုံတစ်ယောက်က သူ့ရဲ့ခါးကို ဆွဲဖက်ထားကာ နောက်ပြန် အနေအထားနဲ့ ဆွဲချလိုက်တယ် ။ သူလဲလန့်သွားပြီး အနောက်မှာရှိတဲ့ ဝမ်ရိပေါ်ရဲ့ ပေါင်ပေါ် ထိုင်လျက် ပြုတ်ကျသွားပြီး သူ့ရဲ နောက်စေ့ကတော့ ဝမ်ရိပေါ်ရဲ့ ရင်အုပ်ကျယ်ကျယ်ကြီးနဲ့ ထိတွေ့မိသွားတယ် ။ အိ... ယောကျာ်းပီသလိုက်တဲ့ ရင်အုပ်ကြီး ။
WTF!!ရှောင်....ရှောင်းကျန့် ! သေမင်းခံတွင်းဝရောက်နေတာတောင် ဘာတွေ တွေးနေတာလဲ ။
ဝမ်ရိပေါ်ကရော ဘာလဲ?!!ဘာလုပ်တာလဲ ?!!!
"ဒီမှာပဲနေ ! ကျွန်တော်တို့ စကားဆက်ပြောကြမယ်လေ ! "
ရိပေါ်က သူ့ကို အကြည့်စူးစူး တွေနဲ့ ကြည့်လို့ အသံကို ဖိပြီး အေးစက်စက် နဲ့ ပြောလာတယ် ။ အဲ့ဒီအကြည့်ကြီးကပဲ ကျောချမ်းစရာကောင်းပြီး သူ့ကို စိတ်မသက်မသာဖြစ်စေတာ ။
ရှောင်းကျန့် ! မင်း ! မင်းရဲ့ သေဆုံးဖို့ ကံ ကနေ တကယ်ကို မလွတ်နိုင်တော့ဘူး ! အစကတည်းက ကံကြမ္မာက သူ့အပေါ် ဒီလိုမျိုး သတ်မှတ်ထားပြီးသား ။
ရှောင်းကျန့် အတွေးတွေ ယောက်ယက်ခက်ကာ သူ ဒီလူ့ဆီကနေ လွှတ်မြောက်ဖို့ နည်းလမ်းတွေ စဥ်းစားနေသည် ။
" အဟမ်း......ဟီးဟီး ....တောင်းပန်ပါတယ် နော် မစ္စတာ ဝမ် "
ရှောင်းကျန့် စိတ်တွေ ပြန်တည်ငြိမ်သွားတဲ့အခါ လည်ချောင်းရှင်းပြီး ပြောလိုက်တယ် ။ နောက် သူ့ရဲ့ခါးကို တင်းနေအောင် ဖက်ထားတဲ့ ဝမ်ရိပေါ် ဆီကနေ လွတ်ဖို့ သူ့ရဲ့ လက်တွေကို တွန့်လိမ်ကာ ရုန်းလိုက်တယ် ။ ဒါပေမဲ့ သူတို့ ဥက္ကဋ္ဌကြီးရဲ့ သားက သူ့ကိုလွှတ်မပေးတဲ့အပြင် ပိုပြီးတော့ တင်းနေအောင်တောင် ခါးကို ဆွဲညှစ်လိုက်သေးတယ် ။ထပ်ရုန်းလဲ သူ လွတ်မှာမဟုတ်ဘူး ။သူက ပိန်ညက်ညက်လေး ။ ဟိုက ရင်အုပ်ကျယ်ကျယ်နဲ့ ဗလကြီး ။
သူသေချာပေါက် ထင်ခဲ့တာ အဲ့လို ရုန်းလိုက်ရင် ခါးကိုတော့ လွှတ်ပေးပြီး လူကိုတော့ထွက်မပြေးနိုင်အောင် လက်ကောက်ဝတ်ကို ပဲ ဆွဲထားမယ်လို့ပေါ့ ။ ခုတော့ဘယ်ဟုတ်မလဲ ။ ခါးကို တင်းနေအောင်ဆုပ်ကိုင်ထားတာများ အသက်ရှူတောင်ကြပ်တယ် ။
မင်း လူကြီးလူကောင်းတစ်ယောက်လို ပရော်ဖက်ရှင်နယ် ဆန်ဆန် စိတ်ထားကောင်းကောင်းလေး မွေးမြူဖို့ လိုအပ်တယ် ရှောင်းကျန့် !သူက မင်းတို့ CEO ရဲ့သား ။ သူ့ဟာသူ မင်းထက် အသက်ဘယ်လောက်ပဲ ငယ်ငယ် မင်းသူ့ကို လေးစားရမယ် ။ ရှောင်းကျန့် သူ့ကိုယ်သူ ပြန်သတိပေးနေလိုက်တယ် ။
"ဒါကလေ တကယ်တော့ ကျွန်တော့် သူငဟ်ချင်းတွေနဲ့အတူ အပျင်းပြေကစားတဲ့ Truth or Dare ဂိမ်းလေး တစ်ခုပါ ။ အဲ့တာ ကျွန်တော် ရှုံးသွားလို့ သူတို့ ခိုင်းတာ လုပ်ရတာပါ "
ရှောင်းကျန့် သူ သူတို့ရဲ့စားပွဲဝိုင်းကို လက်ညှိုးညွှန်ပြလို့ ပြောလိုက်တယ် ။ ဒါပေမဲ့ ....ဒါပေမဲ့ သူ့သူငယ်ချင်းတွေ အကုန်လုံး ရုတ်တရပ် ပျောက်သွားကြတယ် ။စားပွဲမှာ တစ်ယောက်မှ မရှိကြတော့ဘူး ။
သစ္စာဖောက်တွေ !!!
ဘယ်အချိန်ကတည်းက လစ်ထွက်သွားကြတာလဲ မသိ ။ သေတွင်းထဲ ရှောင်းကျန့် တစ်ယောက်တည်း ထားခဲ့ကြတယ် ။ သြော် လုပ်ရက်လိုက်ကြတာ ။ ဒီရေခဲတုံးဆီ စိတ်ချလက်ချ ထားသွားခဲ့ရတယ်လို့ ။ အေး ဒီကနေ လွတ်လာရင်တော့ တွေ့ပြီပေါ့ကွာ ။
" ကျွန်တော် ခင်ဗျားရဲ့ ရှင်းပြချက်ကို မလိုဘူး မစ္စတာ ရှောင်း ။ ဒါပေမဲ့ "
ဝမ်ရိပေါ်က ပြောနေတာကို ရပ်လိုက်ပြီး ရှောင်းကျန့်ရဲ့ မျက်ဝန်းတွေကို လေးလေးနက်နက် စိုက်ကြည့်ကာ
" ကျွန်တော့်ကို လုပ်ခဲ့တာတွေအတွက်တော့ ခင်ဗျားကိုယ်တိုင် ပြန်ပေးဆပ်ဖို့ လိုလိမ့်မယ် "
ငါတော့ မြွေကိုက်ပြီ ။
•••••••••••••••••••••••••••••••••••••••••••
ခုရေးပြီးပြီး ချင်း တင်ပေးထားတာနော် ပြန်တောင်မစစ်ရသေးဘူး 😚
𝙸 𝚕𝚘𝚟𝚎 𝚢𝚘𝚞 𝚊𝚕𝚕 𝚖𝚢 𝚛𝚎𝚊𝚍𝚎𝚛𝚜 (*╯3╰)
𝙺𝚢𝚊𝚛 𝚝𝚠𝚊𝚛 𝚕𝚘𝚎 𝙼𝚒𝚢𝚊𝚛𝚗𝚊𝚎 (´◑ω◐')
[ Zawgyi ]
Y.
ေရွာင္းက်န္႔ စိတ္လႈပ္ရွားတာ အနည္းငယ္ သက္သာသြားေပမယ့္ အခုခ်ိန္ထိေတာ့ ရင္တုန္ေနတုန္းပဲ ။ ဆရာ့ဆီမွာ စာေမးခံရတဲ့ ေက်ာင္းသားငယ္ေလးလို ႏွလံုးခုန္ႏႈန္းေတြက အရမ္း ျမန္ေနသည္ ။
သူ ဝမ္ရိေပၚထိုင္ေနတဲ့ ေနရာနားကို အနည္းငယ္ ကပ္သြားလိုက္ၿပီး ခႏၶာကိုယ္ကိုလည္း ဝမ္ရိေပၚ ဘက္ကို လွည့္ကာအနည္းငယ္ ေစာင္းလိုက္သည္ ။ သူ႔အသက္ ေသဆံုးၿပီး လူ႔ေလာကႀကီးကေန ထြက္ခြာဖို႔ အခ်ိန္ ဘယ္ေလာက္မွ မက်န္ေတာ့ ဘူးဆိုတာလည္း သူ ႀကိဳတြက္ထားၿပီးသား ။ သူ ေသမင္းတံခါးဝ ကို ေရာက္ေနၿပီေလ ။ သူ ဘာမွ မတတ္ႏိုင္ေတာ့ဘူး ။ ဒီေသာက္ရမ္း စိတ္ပ်က္စရာေကာင္းတဲ့ Dare ကို ရပ္တန္႔ဖို႔ သူ ဘာမွမလုပ္ႏိုင္ဘူး ။ သူ႔အျပစ္နဲ႔သူေလ ။ သူရႈံးမွေတာ့ လုပ္ရေတာ့မွာေပါ့ ။
မျဖစ္ႏိုင္မွန္းသိလည္း ျဖစ္ႏိုင္ေအာင္ ႀကိဳးစားရမယ္ !
မျဖစ္ႏိုင္မွန္းသိလည္း ကိစၥၿပီးေအာင္ လုပ္ေဆာင္ရမယ္ !
မျဖစ္ႏိုင္မွန္သိလည္း လုပ္ကို လုပ္ရမယ္ ေရွာင္းက်န္႔ !
ဟူး။ စိတ္ေလ်ွာ့ ။ စိတ္ေလ်ွာ့ ။စိတ္ ေတြ တင္းမထားနဲ႔ ။ ခနပဲ !ဟုတ္တယ္ ! ခနေနရင္ ၿပီးသြားမွာ ။
ဟူးးးးး...ေရွာင္းက်န္႔သက္ျပင္းခ်လိုက္သည္ ။ အိုေခ ။ အခု စိတ္ေတြ ၿငိမ္သြားၿပီ ။ စလိုက္ေတာ့မယ္ ။
" အ...အာ့....အာ့...ရိ..ရိေပၚ.....အင့္..အဲ့နား..ျမန္....ျမန္ေလး !! "
ေရွာင္းက်န္႔က ေဘးမွာထိုင္ေနတဲ့ ဝမ္ရိေပၚရဲ့ ႏႈတ္ခမ္းအိအိေလးေတြကို ၾကည့္ရင္း သူ႔ရဲ့ ေရ႔ွသြားႀကီးႀကီးေတြနဲ႔ ႏႈတ္ခမ္းကိုကိုက္လို႔ ညည္းလိုက္တယ္ ။
Shit! Shitttt!Shitttttttttt!
ဝမ္ရိေပၚ ဖုန္းၾကည့္ေနတာကို ရပ္လိုက္တယ္ ။ သူ႔ရဲ့ေဘးနားမွာထိုင္ေနတဲ့ တစ္စံုတစ္ေယာက္ဆီက သူ႔ရဲ့ နာမည္နဲ႔ ဟိုလို အသံမ်ိဳး ညည္းသံၾကားလိုက္ရတာမို႔ ေဒါသထြက္ထြက္နဲ႔ ေဘးနားကအသံထြက္ေနတဲ့ လူကို ၾကည့္လိုက္တယ္ ။ဝမ္ရိေပၚ သူ႔ရဲ့ စူးရျွပတ္သားတဲ့ မ်က္လံုးေတြနဲ႔ ေရွာင္းက်န္႔ကို ၾကည့္လိုက္ေတာ့
WTF!!!လွလိုက္တဲ့ မ်က္ဝန္းေတြ !ေရခဲတံုးအရည္ေပ်ာ္မယ့္ အေငြ့အသက္ေတြ ရေနၿပီ။
"ခင္ဗ်ား ဘာလုပ္ေနတာလဲ! "
စိတ္ထဲမွာဘယ္လိုပဲ ေတြးေနပါေစၪီး ဝမ္ရိေပၚ က ဝမ္ရိေပၚေလ ။ သိတယ္မလား ။အျပင္မွာေတာ့ အိႁႏၵေတစ္ပိႆာ နဲ႔ပဲ ။ သူ ေရွာင္းက်န္႔ရဲ့ မ်က္လံုးေတြကို စိုက္ၾကည့္လို႔ သူ႔ရဲ့ နဂိုေအးစက္ေနတဲ့ မ်က္ႏွာႀကီးကို ထပ္တည္ကာ အမိန္႔ဆန္တဲ့ အသံၾသၾသ နဲ႔ ေမးလိုက္တယ္ ။ အၾကည့္ေတြကိုက အခုခ်က္ခ်င္းပဲ ေရွာင္းက်န္႔ကို သတ္ပစ္ခ်င္ေနတဲ့ အၾကည့္ေတြနဲ႔လည္း ၾကည့္ေပးလိုက္တယ္ ။
ေရွာင္းက်န္႔က ခ်က္ခ်င္း ခုနတုန္းက သူ ဝမ္ရိေပၚနားကပ္ ထိုင္ေနရာကေန အေနာက္ကို ခပ္ျမန္ျမန္ပဲ ဆုတ္လိုက္တယ္။ၿပီးေတာ့ သူ႔ရဲ့ ေသမင္းတံမန္ နဲ႔ ခပ္ေဝးေဝးမွာ ေနရာေရႊ့ထိုင္လိုက္ၿပီး တံေတြးေတြကို ဂလု ခနဲ ျမည္ေအာင္ လည္ေခ်ာင္းထဲ ေမ်ာခ်လိုက္တယ္ ။
အခု ငါ ထြက္ေျပးသင့္လား ? မားမား ေရ ! ကြၽန္ေတာ္ ဘာလုပ္ရမလဲ မသိေတာ့ဘူး ။ဒီေရခဲတံုးဆီကေန ကယ္ပါၪီး ။ ကြၽန္ေတာ့္ကို သတ္ေတာ့မယ္ အီးဟီး ။
ေရွာင္းက်န္႔ စိတ္ထဲကေန အိမ္က မားမားကို တ,လိုက္တယ္ ။ ၿပီးေတာ့ သူထိုင္ေနရာကေနထကာ အစီအစဥ္မက်စြာ ရယ္ေမာလိုက္ၿပီး သူ႔ရဲ့လက္ေတြကိုလည္း ရွက္ရမ္းရမ္းကာ တစ္ခုနဲ႔တစ္ခု ယွက္ႏြယ္ၿပီး လိမ္ခ်ိဳးေနတယ္ ။ ၿပီးေတာ့ သူ႔ ရဲ့ မ်က္ႏွာကလည္း ခရမ္းခ်ဥ္သီးမွည့္တစ္လံုးလိုမ်ိဳး ရဲစုတ္ေနသည္ ။
"ဟို ....ဟိုဟာေလ ....ဟီး "
ေရွာင္းက်န္႔က အရူးတစ္ေယာက္လိုမ်ိဳး ေဝ့လည္ေၾကာင္ပတ္ စကားေတြေျပာၿပီး ဝမ္ရိေပၚကို သြားအၿဖီးသားနဲ႔ ၿပံဳးျပေနသည္ ။ ဒါေပမဲ့ စိတ္ထဲတြင္ေတာ့ မတူစြာ မိုးနတ္မင္းကို တိုင္တည္လို႔ ေနသည္ ။
မိုးနတ္မင္းႀကီး ေက်းဇူးျပဳျပီး ဒီေရခဲတံုးဆီက လႊတ္ေျမာက္ဖို႔ အကူ တစ္ေယာက္ေလာက္ လႊတ္ေပးပါၪီး!!အားတဲ့နတ္မင္း တစ္ေယာက္ေလာက္ ကြၽန္႔ေတာ့္ကို ကယ္ပါၪီး !!!!
သူ ေနာက္ကို ေျခလွမ္း အနည္းငယ္ဆုတ္ၿပီး ဝမ္ရိေပၚဆီ ကေန ထြက္ေျပးဖို႔ ဆံုးျဖတ္လိုက္တယ္ ။ ဒါေပမဲ့ အေနာက္ဘက္ကို သူ႔ေျခလွမ္း စ လွမ္း မယ္ဆိုကာရိွေသး တစ္စံုတစ္ေယာက္က သူ႔ရဲ့ခါးကို ဆြဲဖက္ထားကာ ေနာက္ျပန္ အေနအထားနဲ႔ ဆြဲခ်လိုက္တယ္ ။ သူလဲလန္႔သြားၿပီး အေနာက္မွာရိွတဲ့ ဝမ္ရိေပၚရဲ့ ေပါင္ေပၚ ထိုင္လ်က္ ျပဳတ္က်သြားၿပီး သူ႔ရဲ ေနာက္ေစ့ကေတာ့ ဝမ္ရိေပၚရဲ့ ရင္အုပ္က်ယ္က်ယ္ႀကီးနဲ႔ ထိေတြ့မိသြားတယ္ ။ အိ... ေယာက်ာ္းပီသလိုက္တဲ့ ရင္အုပ္ႀကီး ။
WTF!!ေရွာင္....ေရွာင္းက်န္႔ ! ေသမင္းခံတြင္းဝေရာက္ေနတာေတာင္ ဘာေတြ ေတြးေနတာလဲ ။
ဝမ္ရိေပၚကေရာ ဘာလဲ?!!ဘာလုပ္တာလဲ ?!!!
"ဒီမွာပဲေန ! ကြၽန္ေတာ္တို႔ စကားဆက္ေျပာၾကမယ္ေလ ! "
ရိေပၚက သူ႔ကို အၾကည့္စူးစူး ေတြနဲ႔ ၾကည့္လို႔ အသံကို ဖိၿပီး ေအးစက္စက္ နဲ႔ ေျပာလာတယ္ ။ အဲ့ဒီအၾကည့္ႀကီးကပဲ ေက်ာခ်မ္းစရာေကာင္းၿပီး သူ႔ကို စိတ္မသက္မသာျဖစ္ေစတာ ။
ေရွာင္းက်န္႔ ! မင္း ! မင္းရဲ့ ေသဆံုးဖို႔ ကံ ကေန တကယ္ကို မလြတ္ႏိုင္ေတာ့ဘူး ! အစကတည္းက ကံၾကမၼာက သူ႔အေပၚ ဒီလိုမ်ိဳး သတ္မွတ္ထားၿပီးသား ။
ေရွာင္းက်န္႔ အေတြးေတြ ေယာက္ယက္ခက္ကာ သူ ဒီလူ႔ဆီကေန လႊတ္ေျမာက္ဖို႔ နည္းလမ္းေတြ စဥ္းစားေနသည္ ။
" အဟမ္း......ဟီးဟီး ....ေတာင္းပန္ပါတယ္ ေနာ္ မစၥတာ ဝမ္ "
ေရွာင္းက်န္႔ စိတ္ေတြ ျပန္တည္ၿငိမ္သြားတဲ့အခါ လည္ေခ်ာင္းရွင္းၿပီး ေျပာလိုက္တယ္ ။ ေနာက္ သူ႔ရဲ့ခါးကို တင္းေနေအာင္ ဖက္ထားတဲ့ ဝမ္ရိေပၚ ဆီကေန လြတ္ဖို႔ သူ႔ရဲ့ လက္ေတြကို တြန္႔လိမ္ကာ ရုန္းလိုက္တယ္ ။ ဒါေပမဲ့ သူတို႔ ဥကၠ႒ႀကီးရဲ့ သားက သူ႔ကိုလႊတ္မေပးတဲ့အျပင္ ပိုၿပီးေတာ့ တင္းေနေအာင္ေတာင္ ခါးကို ဆြဲၫွစ္လိုက္ေသးတယ္ ။ထပ္ရုန္းလဲ သူ လြတ္မွာမဟုတ္ဘူး ။သူက ပိန္ညက္ညက္ေလး ။ ဟိုက ရင္အုပ္က်ယ္က်ယ္နဲ႔ ဗလႀကီး ။
သူေသခ်ာေပါက္ ထင္ခဲ့တာ အဲ့လို ရုန္းလိုက္ရင္ ခါးကိုေတာ့ လႊတ္ေပးၿပီး လူကိုေတာ့ထြက္မေျပးႏိုင္ေအာင္ လက္ေကာက္ဝတ္ကို ပဲ ဆြဲထားမယ္လို႔ေပါ့ ။ ခုေတာ့ဘယ္ဟုတ္မလဲ ။ ခါးကို တင္းေနေအာင္ဆုပ္ကိုင္ထားတာမ်ား အသက္ရႉေတာင္ၾကပ္တယ္ ။
မင္း လူႀကီးလူေကာင္းတစ္ေယာက္လို ပေရာ္ဖက္ရွင္နယ္ ဆန္ဆန္ စိတ္ထားေကာင္းေကာင္းေလး ေမြးျမဴဖို႔ လိုအပ္တယ္ ေရွာင္းက်န္႔ !သူက မင္းတို႔ CEO ရဲ့သား ။ သူ႔ဟာသူ မင္းထက္ အသက္ဘယ္ေလာက္ပဲ ငယ္ငယ္ မင္းသူ႔ကို ေလးစားရမယ္ ။ ေရွာင္းက်န္႔ သူ႔ကိုယ္သူ ျပန္သတိေပးေနလိုက္တယ္ ။
"ဒါကေလ တကယ္ေတာ့ ကြၽန္ေတာ့္ သူငဟ္ခ်င္းေတြနဲ႔အတူ အပ်င္းေျပကစားတဲ့ Truth or Dare ဂိမ္းေလး တစ္ခုပါ ။ အဲ့တာ ကြၽန္ေတာ္ ရႈံးသြားလို႔ သူတို႔ ခိုင္းတာ လုပ္ရတာပါ "
ေရွာင္းက်န္႔ သူ သူတို႔ရဲ့စားပြဲဝိုင္းကို လက္ၫွိုးၫႊန္ျပလို႔ ေျပာလိုက္တယ္ ။ ဒါေပမဲ့ ....ဒါေပမဲ့ သူ႔သူငယ္ခ်င္းေတြ အကုန္လံုး ရုတ္တရပ္ ေပ်ာက္သြားၾကတယ္ ။စားပြဲမွာ တစ္ေယာက္မွ မရိွၾကေတာ့ဘူး ။
သစၥာေဖာက္ေတြ !!!
ဘယ္အခ်ိန္ကတည္းက လစ္ထြက္သြားၾကတာလဲ မသိ ။ ေသတြင္းထဲ ေရွာင္းက်န္႔ တစ္ေယာက္တည္း ထားခဲ့ၾကတယ္ ။ ေၾသာ္ လုပ္ရက္လိုက္ၾကတာ ။ ဒီေရခဲတံုးဆီ စိတ္ခ်လက္ခ် ထားသြားခဲ့ရတယ္လို႔ ။ ေအး ဒီကေန လြတ္လာရင္ေတာ့ ေတြ့ၿပီေပါ့ကြာ ။
" ကြၽန္ေတာ္ ခင္ဗ်ားရဲ့ ရွင္းျပခ်က္ကို မလိုဘူး မစၥတာ ေရွာင္း ။ ဒါေပမဲ့ "
ဝမ္ရိေပၚက ေျပာေနတာကို ရပ္လိုက္ၿပီး ေရွာင္းက်န္႔ရဲ့ မ်က္ဝန္းေတြကို ေလးေလးနက္နက္ စိုက္ၾကည့္ကာ
" ကြၽန္ေတာ့္ကို လုပ္ခဲ့တာေတြအတြက္ေတာ့ ခင္ဗ်ားကိုယ္တိုင္ ျပန္ေပးဆပ္ဖို႔ လိုလိမ့္မယ္ "
ငါေတာ့ ေႁမြကိုက္ၿပီ ။
•••••••••••••••••••••••••••••••••••••••••••
ခုေရးၿပီးၿပီး ခ်င္း တင္ေပးထားတာေနာ္ ျပန္ေတာင္မစစ္ရေသးဘူး 😚
𝙸 𝚕𝚘𝚟𝚎 𝚢𝚘𝚞 𝚊𝚕𝚕 𝚖𝚢 𝚛𝚎𝚊𝚍𝚎𝚛𝚜 (*╯3╰)
𝙺𝚢𝚊𝚛 𝚝𝚠𝚊𝚛 𝚕𝚘𝚎 𝙼𝚒𝚢𝚊𝚛𝚗𝚊𝚎 (´◑ω◐')