သောကမီးလျှံ

Od Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း Viac

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၄၈)

1.1K 278 17
Od Ling____

ရွှမ်းကျီးတစ်ယောက် မိစ္ဆာသခင်ကြီးအကြောင်းကိုစုံစမ်းရန်ကြိုးစားနေချိန်မှာပင် အနှီမိစ္ဆာသခင်ကြီးသည်ကား သူ့ဘိုးဘေးများ၏အုတ်ဂူများကိုသွားတူးရန်အလို့ငှာ လမ်းခုလတ်တွင်ရောက်ရှိနေပြီဖြစ်ကြောင်းကို သူသတိမထားမိခဲ့ပါချေ။

ရှန့်လင်ယွမ်းသည်ကား လက်မှတ်ဝယ်ယူခြင်းမရှိ။ ၎င်းမှာ ဘူတာရုံဆီသို့စိမ်ပြေနပြေလျှောက်လှမ်းသွားလိုက်ရင်း လက်မှတ်စစ်သူ၏မျက်စိရှေ့မှောက်မှာပင် ထိုသူအားဖြတ်ကျော်သွားလိုက်သည်။ လက်မှတ်စစ်မှာ သူ့ကိုလုံးလုံးလျားလျားမမြင်သည့်ဟန်ဖြင့် ကျော်သွားပြီး သူ့နောက်မှပါလာသောခရီးသည်တစ်ယောက်ထံမှသာ လက်မှတ်ကိုတောင်းယူစစ်ဆေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ယုံအန်း၌ရှိနေသော ရှောင်းကျန်းသည်ကား ဌာနချုပ်အပါအဝင် တစ်နိုင်ငံလုံးတွင်ရှိနေကြသော DCO ရုံးခွဲများအားလုံးကိုပိတ်ထားရန်လျှို့ဝှက်အမိန့်စာတစ်ခုထုတ်ပြန်ကြေညာလိုက်သည်။ “အဆိုပါဗိုင်းရပ်စ်ပိုးသည်ကား အခြားလူများကိုပါ ကူးစက်နိုင်စွမ်းရှိ၊ မရှိ စုံစမ်းစစ်ဆေးနေချိန်၌ မည်သူတစ်ဦးတစ်ယောက်မှ ရုံးခန်းအဆောက်အဦးများအတွင်း ဝင်ထွက်ခွင့်မပြု” ဟူသည့် အမိန့်ကြေညာချက်တစ်စောင်ကိုထုတ်ပြန်လိုက်၏။

သူတို့ဆင်ထားသောထောင်ချောက်မိသွားရှာသည့် ကိုမာဝင်သွားသူများအား သီးသန့်ခွဲထုတ်ထားလိုက်ပြီဖြစ်ပြီး အပြင်တွင်လွတ်နေသေးသူများမှာမူ မိမိတို့ကိုယ်တိုင်လည်း ရောဂါကူးစက်ခံထားရပြီလားဟူ၍ စိုးရိမ်သောကပွားနေရှာတော့သည်။ တစ်ချိန်တည်းမှာပင် အကင်းပါးထက်မြက်သူများမှာမူ ဖုံးကွယ်ထားသောဖြစ်ရပ်များရှိနေသလားဟူ၍ သံသယဝင်နေကြပြီဖြစ်သည်။

ထူးခြားစွမ်းရည်ပိုင်ရှင်အဖွဲ့အစည်းများကြားတွင် စုံစမ်းစစ်ဆေးရေးလေမုန်တိုင်းကြီးတစ်ခုသည်ကား ကြိုတင်သတိပေးခြင်းအလျဉ်းမရှိပါဘဲ တစ်နိုင်ငံလုံးနေရာအနှံ့အပြားသို့ဖြတ်သန်းတိုက်ခတ်သွားလေပြီ။

သုံးချွမ်းမြို့တွင်းမှ ကီလိုမီတာ (၁၀၀) ခန့်ကွာဝေးသော မြို့စွန်တစ်ခုတွင်ဖြစ်သည်။ သူရိန်နေမင်းကြီးသည်ကား အနောက်မိုးကုပ်စက်ဝိုင်းပေါ်သို့မေးတင်မှေးမှိန်စပြုလာချိန်တွင် ငှားရမ်းထားသောမြို့စွန်အိမ်ကလေးတစ်လုံးအတွင်း၌ မြေကြီးပေါ်သို့လေးလံသောအရာတစ်ခု သက်ဆင်းပြုတ်ကျလာသည့်အသံတစ်သံထွက်ပေါ်လာသည်။ နေရာပြောင်းရွှေ့အစီအရင်အတွင်းမှခက်ခက်ခဲခဲထွက်ပေါ်လာသူသည်ကား မစ္စတာနျန်ပင်တည်း။ ၎င်းမှာ ထိုအစီအရင်ထဲတွင် ရှစ်နာရီခန့်ပိတ်မိနေခဲ့တာဖြစ်သည်။ ၎င်းမှာ သူ့အင်္ကျီရင်ဘတ်ပေါ်ရှိ အိတ်ကပ်လေးတစ်ခုကို လက်တစ်ဖက်ဖြင့်ဖိနှိပ်ထားပြီး အတော်လေးကိုခြေကုန်လက်ပန်းကျနေဟန်ဖြင့် ကြမ်းပြင်ပေါ်သို့လဲကျသွားရှာသည်။

အချိန်မည်မျှကြာသွားမှန်းမသိသောအခါမှပင် ၎င်းမှာ နောက်ဆုံး၌သတိပြန်ကပ်လာ၏။ ထို့နောက် သူ့အင်္ကျီအိတ်ကပ်အတွင်းမှ သတ္တုပြားအပိုင်းစလေးတစ်ခုကို အတုန်တုန်အယင်ယင်ဖြင့်ထုတ်ယူလိုက်ပြီး စစ်ဆေးကြည့်ရှုလိုက်သည်။

ဆည်းဆာနေမင်းကြီးထံမှဖြာဆင်းလာသော အလင်းတန်းများမှာ ပြတင်းပေါက်မှတဆင့် စောင်းငဲ့ဖြတ်သန်းကာ အခန်းတွင်းသို့ထွန်းလင်းဖြာကျနေလျက်ရှိပြီး သတ္တုပြားလေး၏အနားစွန်းများအား နူးညံ့နွေးထွေးသောရွှေရောင်အလင်းတန်းများဖြင့် တလက်လက်ထင်ဟပ်သွားစေ၏။ အလင်းတန်းမျှင်များမှာ ရေတွင်းတမျှနက်ရှိုင်းလှသော ထိုလူ၏မျက်လုံးများအတွင်းသို့ ထိုးဖောက်ဖြာကျသွားချိန်၌ အနှီရေခဲတမျှအေးစက်သောမျက်ဝန်းများထဲတွင် ဝဲဂယက်ငယ်လေးများထလာသယောင်။

ထိုလူက သတ္တုပြားလေး၏အခြေအနေကိုစစ်ဆေးကြည့်ရှုပြီးနောက်တွင်မူ ထိုသတ္တုပြားလေးအား သူ့လည်ပင်းထက်တွင်ပြန်လည်ချိတ်ဆွဲထားလိုက်သည်။ ၎င်းမှာ ထိုပစ္စည်းကို အင်္ကျီအောက်သို့ထိုးထည့်လိုက်ချိန်၌ သူ့အရေပြားနှင့်ထိကပ်သွားချိန်ဝယ် သတ္တုပြားပေါ်တွင်ရှိနေသောအအေးဓာတ်ကြောင့် တခဏမျှတအံ့တဩဖြစ်သွားရလေသည်။ သူက ခက်ခက်ခဲခဲပြန်ထလိုက်ပြီး မီးခိုခန်းထဲမှအားဖြည့်အချိုရည်တစ်လုံးနှင့်ချောကလက်တစ်ခုကိုထုတ်ယူလိုက်သည်။

သူ့ခန္ဓာကိုယ်ကို ပြန်လည်၍ခပ်သွက်သွက်အားအင်ဖြည့်တင်းပြီးသွားချိန်၌ မစ္စတာနျန်သည်ကား ခန်းဆီးလိုက်ကာများကိုဆွဲပိတ်လိုက်ပြီး လက်အိတ်ကိုဝတ်ဆင်ကာ သုံးချွမ်းမှောင်ခိုဈေးကွက်အတွင်းမှရရှိလာခဲ့သော ရွှံ့သေတ္တာလေးတစ်လုံးကိုထုတ်ယူလိုက်သည်။ ထိုပစ္စည်းပေါ်ရှိ ချိပ်တံဆိပ်မှာအကောင်းအတိုင်းရှိ၊ မရှိကို အတည်ပြုစစ်ဆေးလိုက်ပြီးသော် ၎င်းကိုပြန်လည်သိမ်းဆည်းထားလိုက်ပြီး သူ့ဖုန်းကိုထုတ်ကာ မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။

“ကျွန်တော် မနက်ဖြန်ကျရင် အလည်တစ်ခေါက်လာခဲ့ပါဦးမယ်”

ဖုန်းထဲမှမက်ဆေ့ချ်ထွက်သွားပြီးပြီးချင်းမှာပင် ‘ဂျွတ်’ ခနဲမြည်သံတစ်သံကို သူကြားလိုက်ရသည်။ သူခေါင်းငုံ့ကြည့်လိုက်သောအခါ သူ၏လက်ပတ်နာရီအနောက်ခြမ်းတွင်ရှိသည့် ကြေးဝါရောင်သံလိုက်အိမ်မြှောင်ပေါ်၌ အက်ကွဲကြောင်းတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာသည်ကိုမြင်တွေ့လိုက်ရသည်။ တစ်ချိန်က ပြစ်မျိုးမှဲ့မထင်အောင် အနုစိတ်လက်ရာမြောက်လှသော ရှေးဟောင်းသံလိုက်အိမ်မြှောင်ပေါ်တွင် အသက်အရွယ်ကြီးရင့်လာခြင်း၏အရိပ်အယောင်များစတင်ဖြစ်ပေါ်လာပြီး သံချေးများမှာလည်း သာမန်မျက်စိဖြင့်မြင်တွေ့နိုင်သည်အထိ မျက်နှာပြင်ပေါ်သို့လျင်မြန်စွာပျံ့နှံ့တက်လာနေသည်။ မျက်စိတမှိတ်အတွင်းမှာပင် သံလိုက်အိမ်မြှောင်ပေါ်ရှိ *ကောင်းကင်ဘုံအမှတ်အသားစက်ဝန်းမှာ သံချေးတက်ပျက်စီးသွားပြီးသော် ၎င်းမှာ မည်သို့မှအသုံးမဝင်တော့သည့် လေးလံသောအစုတ်အပဲ့သတ္တုပစ္စည်းတစ်ခုအဖြစ်သာပြောင်းလဲသွားရှာတော့သည်။

( T/N

*ဒီလိုမျိုးတရုတ်သင်္ကေတအမှတ်အသားတွေပါတဲ့ သံလိုက်အိမ်မြှောင်မျိုးကိုပြောတာပါ)


အနှီသံလိုက်အိမ်မြှောင်မှာ သက်တမ်းမည်မျှကြာမြင့်နေပြီမှန်းမသိသော်ငြား ၎င်းသည်ကား ခေတ်သစ်ပစ္စည်းကိရိယာများထက်ပင် ထူးခြားစွမ်းရည်များကို ပို၍တိကျစွာအာရုံခံနိုင်စွမ်းရှိပြီး စိတ်စွမ်းအင်ထူးခြားစွမ်းရည်ပိုင်ရှင်များ၏အကာအကွယ်တံတိုင်းများကိုပင် အလွယ်တကူထိုးဖောက်နိုင်စွမ်းရှိလေသည်။ ၎င်းပစ္စည်းမှာ သူ၏ဘိုးဘေးများထံမှ လက်ဆင့်ကမ်းရရှိလာသောရှေးဟောင်းအမွေအနှစ်ပစ္စည်းတစ်ခုဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာသက်တမ်းရှိပြီဟုဆို၏။ ယခုတော့လည်း သည်လိုနှင့်ပင် အနိစ္စသဘောဖြင့်ကိစ္စချောသွားခဲ့ပြီဖြစ်သည်။ မစ္စတာနျန်မှာ မျက်မှောင်ကြုံ့လိုက်ပြီး စီးကရက်တစ်လိပ်ကိုမီးညှိလိုက်ပြီးနောက် ကြောက်စရာကောင်းသောအနက်ရောင်ပုံရိပ်ကို ပြန်လည်စဉ်းစားမိသွားသည်။

မစ္စတာနျန်သည်ကား သူ့ကိုယ်သူ အတော်အသင့်ဗဟုသုတပြည့်စုံကြွယ်ဝသူတစ်ဦးဟုယူဆထားဖြစ်သည့်တိုင်အောင် သူ့အားအလန့်တကြားဖြစ်စေခဲ့သော ထိုအရာနှင့်ပက်ပင်းတိုးခဲ့ခြင်းမှာ သူ့အတွက်ပထမဆုံးအကြိမ်ဖြစ်သည်။ မိမိမှာ တစ်ဖက်လူ၏မျက်နှာကိုပင် သေသေချာချာမကြည့်ရှုလိုက်ရသော်ငြား ထိုသူ၏ခပ်ဩဩအသံကြောင့် သူ၏အရိုးများအတွင်းမှပင် စိမ့်ခနဲအေးသွားခဲ့ရသည်။

အကယ်၍ မိုးကြိုးလျှပ်စီးများကြောင့်သာမဟုတ်ပါမူ ထိုသူသည်ကား သူ၏နေရာပြောင်းရွှေ့အစီအရင်ကို လက်ဗလာဖြင့်ပင် ဆုတ်ဖြဲပစ်လိုက်နိုင်မှာဖြစ်သည်။

ဒါက ဘယ်လိုလူလဲ?

ဒီလိုထူးဆန်းပြီးအင်အားကြီးတဲ့လူမျိုးကို ပြည်သူတွေကြားထဲကနေရွေးထုတ်လာပြီး DCO မှာအလုပ်ခန့်ထားတာလား? ဒါမှမဟုတ်….တခြား ‘အရာ’ တစ်ခုများလား?

မီးခိုးငွေ့များမှာ ကောင်းကင်ယံထက်သို့လွင့်မျောပျံလွင့်သွားသည်။ သူရိန်နေမင်းကြီးသည်ကား ကမ္ဘာမြေကြီးအတွင်းသို့ငုပ်လျှိုးတိုးဝင်သွားပြီဖြစ်သည်။

ညချမ်းချိန်ခါသမယသို့ ကျရောက်လာလေပြီ။ မူလအစက ‘သေမျိုးကမ္ဘာ’ ဟုခေါ်တွင်သော ဤကမ္ဘာမြေကြီးပေါ်တွင် နှစ်ပေါင်းသုံးထောင်ခန့်ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

ထိုအချိန်၌ သုံးချွမ်းမြို့မှမောင်းနှင်ထွက်ခွာလာပြီး ‘စူ’ ဒေသဆီသို့ဦးတည်နေသော ရထားတစ်စင်းသည်ကား ချိယွမ်း၌ရပ်တန့်သွားပြီဖြစ်သည်။ အချိန်မှာ ညသန်းခေါင်ယံကိုကျော်လွန်၍ မနက် (၃) နာရီခန့်ရှိပြီဖြစ်သည်။ ရထားတွဲများသည်ကား တစ်နေ့တာ၏အတိတ်ဆိတ်ဆုံးအချိန်အခါအတွင်း ဖြတ်သန်းမောင်းနှင်နေလျက်ရှိသလို ခရီးသည်များမှာလည်း ရထားပေါ်တွင်ပျင်းရိပျင်းတွဲခွေခေါက်လိုက်ပါရင်း အိပ်မက်လှလှမက်နေကြသလို အချို့ခရီးသည်များမှာမူ ပြတင်းပေါက်မှတဆင့် အပြင်ဘက်တွင်ရှိသောမှိတ်တုတ်မှိတ်တုတ်မီးအလင်းရောင်များကိုငေးမောကြည့်ရှုနေကြလေသည်။ တစ်ယောက်နှင့်တစ်ယောက်စကားပြောဆိုခြင်းမျိုးမရှိကြတော့သည့်တိုင် အိပ်မပျော်နိုင်သေးဘဲဖြစ်နေကြ၏။ ရှည်လျားသောရထားတွဲများသည်ကား ပုံပန်းသွင်ပြင်မတူညီကြသော လူသားတစ်ယောက်၏အရွယ်အစားခန့်ရှိသည့် အရုပ်များအားဆွဲခေါ်လာနေသည့်နှယ်။

ရှည်လျားသောသက်ပြင်းချသံနှင့်အတူ ရထားမှာဘူတာရုံအတွင်းသို့ဆိုက်ရောက်သွားပြီဖြစ်သည်။ အချက်ပြမီးမှာ ထူထဲသောမြူခိုးငွေ့များကိုထိုးဖောက်သွားပြီးနောက် ရထားပေါ်ရှိအမျိုးသမီးဝန်ထမ်းက သူမ၏မျက်လုံးများကိုပွတ်သပ်ကာပြောလိုက်သည်။

“ချိယွမ်းဘူတာရုံသို့ဆိုက်ရောက်ပါပြီ….ဘူတာရုံမှာ နှစ်မိနစ်ရပ်နားမှာဖြစ်ပါတယ်ရှင့်”

ဆံပင်ရှည်နှင့်လူတစ်ယောက်သည်ကား သူမကိုဖြတ်လျှောက်သွားကာ ရထားပေါ်မှဆင်းသွားသည်။

“ကျေးဇူးတင်ပါတယ်”

“အိုင်း….ရပါတယ်ရှင့်”

ရထားဝန်ထမ်းအမျိုးသမီးမှာ သမ်းဝေနေလျက်ပင် ဗလုံးဗထွေးပြန်လည်ဖြေကြားလိုက်သည်။ ထို့နောက်တွင်တော့ သူမ၏ဟ,ထားသောပါးစပ်မှာ လမ်းခုလတ်တွင်ရပ်တန့်သွားပုံရပြီး ၎င်းမှာ ရုတ်တရက် အထိတ်တလန့်ဖြစ်ကာ အိပ်ချင်ပြေသွားရှာတော့သည်__ခုနတုန်းက ထိုလူသည်ကား ခရီးဆောင်အိတ်တစ်လုံးတလေမှသယ်ဆောင်မထားပါဘဲနှင့် အစားအသောက်တွဲအခန်းထဲမှဆင်းသွားခဲ့တာဖြစ်သည်။

သို့သော် ….အစားအသောက်တွဲမှာပိတ်သွားခဲ့ပြီဖြစ်သည်။ သူမသည်လည်း မကြာသေးမီကမှ ထိုအခန်းကိုလှည့်ပတ်ကြည့်ရှုစစ်ဆေးခဲ့တာဖြစ်ပြီး အထဲတွင်လူတစ်ဦးတစ်ယောက်မှရှိမနေခဲ့ပါချေ!

ရထားဝန်ထမ်းအမျိုးသမီးမှာ သရဲတစ်ကောင်ကိုတွေ့လိုက်ရသည့်နှယ် မျက်လုံးများပြူးကျယ်ဝိုင်းစက်သွားကာ စင်္ကြံထက်သို့လှည့်ကြည့်လိုက်သည်။ မြူများမှာအုပ်ဆိုင်းသထက်အုပ်ဆိုင်းလာပြီး သော်တာလမင်းကြီးနှင့်ကြယ်တာရာများကိုပါအုပ်လွှမ်းသွားသလို စင်္ကြံထက်ရှိမီးအလင်းရောင်များမှာလည်း မြူခိုးငွေ့များအကြားဝယ်ဖုံးလွှမ်းခြင်းခံလိုက်ရသည်။ ပင်ပန်းနွမ်းလျနေသောခြေထောက်များကိုဆွဲကာ ရထားပေါ်သို့အတက်အဆင်းလုပ်နေသောခရီးသည်အချို့မှလွဲ၍ ထူးဆန်းသောဆံပင်ရှည်နှင့်လူသားကိုမူ ထပ်မတွေ့ရတော့ပါချေ။

ရှန့်လင်ယွမ်းမှာ တည်ငြိမ်ပြီးမြန်ဆန်သော ရထားတစ်စင်းသည်ကား လေထဲတွင်ပျံသန်းသော ‘သံမဏိငှက်’ များထက်စာလျှင် အများကြီးပိုကောင်းပေသားပဲဟုတွေးတောလိုက်သည်။ သူ၏ခရီးစဉ်မှာလည်း အတော့်ကိုသာယာကြည်နူးစရာကောင်းသောခရီးစဉ်တစ်ခုဖြစ်ခဲ့လေသည်။

၎င်းသည်ကား ညအမှောင်ထုအတွင်း၌ဖြတ်သန်းလျှောက်လှမ်းနေရင်း ချိယွမ်းချောက်နက်ကြီးဆီသို့ တန်းတန်းမတ်မတ်သွားနေတာဖြစ်သည်။

ချိယွမ်းချောက်နက်ကြီးအောက်ခြေတွင်မူ မိမိကိုယ်တိုင်အိပ်မက်ဆိုးတစ်ခုဖြစ်နေခဲ့သည့် လက်နက်ဝိညာဉ် ဓား (၁) သည်ကား အိပ်စက်ခြင်းအလျဉ်းမရှိပါချေ။ ၎င်းမှာ ညစဉ်ညတိုင်း အခြားသောလက်နက်ဝိညာဉ်များကိုနေရာချထားပေးပြီးသည့်နောက်တွင် ယဇ်ပလ္လင်ဆီသို့တစ်ယောက်တည်းသွားထိုင်နေတတ်သည်။ ယဇ်ပလ္လင်မှာ မြေမြင့်ပိုင်းတွင်တည်ရှိပြီး ချောက်နက်ကြီးအတွင်းသို့ထွန်းလင်းဖြာကျလာသော အရုဏ်ဦးနေရောင်ခြည်တန်းများကို ပထမဆုံးလက်ခံရရှိသောနေရာဖြစ်သည်။

လူသားများသည်ကား အသက်အရွယ်အိုမင်းရင့်ရော်ကာ သေမင်းတံခါးဝသို့ရောက်လာသောအချိန်၌ သူတို့၏နေ့ရက်တိုင်းအား ထမင်းသုံးနပ်စားရန်အတွက်သာရှင်သန်နေထိုင်ကြတာဖြစ်သည်။ မနက်စာစားပြီးသည်နှင့် အချိန်နာရီစက္ကန့်များကိုရေတွက်ကာ နေ့လယ်စာစားရန်စောင့်ဆိုင်းကြရသည်။ နေ့လယ်စာစားပြီးသည်နှင့် အချိန်နာရီနေ့ရက်တို့ကိုမသိတော့သည်အထိ တစ်ရေးတမောအိပ်စက်ကြသည်။ ၎င်းတို့သည်ကား ယောင်ချာချာဖြစ်နေသောဦးနှောက်များဖြင့် အိပ်စက်လိုက်ကြပြီး ယောင်ချာချာဖြစ်စွာပင်ပြန်လည်နိုးထလာကြသည်။ ထို့နောက် မိမိတို့မှာ အသက်ရှင်နေဆဲဖြစ်ကြောင်းကိုသဘောပေါက်သွားချိန်၌ သက်ရှိလူသားများ၏နိစ္စဓူဝလုပ်ငန်းတစ်ခုဖြစ်သောအလုပ်တစ်ခုကိုဆက်လက်လုပ်ကိုင်ကြပေသည်__ညစာစားခြင်းဖြစ်သည်။ ညစာစားပြီးသည့်နောက်တွင်မူ တစ်နေ့တာ၏အလုပ်ကြီးအကိုင်ကြီးများကိုလုပ်ဆောင်ပြီးမြောက်သွားနိုင်ခဲ့ပြီဖြစ်သည်။ ဤသို့ဤနှယ် သူ့ဘဝသည်ကား မြွေပါကတိုးကောင်၏သားမွေးဖြင့်ပြုလုပ်ထားသည့် ဖုန်အလိမ်းလိမ်းပေကျံနေသောကုတ်အင်္ကျီပေါ်တွင် နောက်ထပ်ခွေးအမွေးတစ်ချောင်းထပ်ပေါက်လာသကဲ့သို့ဖြစ်နေဦးမည်သာဖြစ်သည်။

ဓား (၁) ၏နေ့ရက်များမှာမူ လူအိုကြီးတစ်ယောက်၏နေ့ရက်များထက်ပင် ပို၍ပျင်းရိငြီးငွေ့စရာကောင်းလှပြီး တသမတ်တည်းဆန်နေတာဖြစ်သည်။ ၎င်းမှာ ထမင်းသုံးနပ်ပင်စားရန်မလို။ သူ့ထံတွင် နေထွက်ချိန်နှင့်နေဝင်ချိန်နှစ်မျိုးတည်းသာရှိပြီး နံနက်ခင်းအရုဏ်ဦးတိုင်းသည် သူ့အတွက်တော့ကံစမ်းမဲနှိုက်ရသကဲ့သို့ပင်ဖြစ်သည်။ အကယ်၍ ၎င်းမှာ ကြည်လင်သာယာသောမိုးကောင်းကင်ကြီးကိုမြင်တွေ့ခွင့်ရခဲ့ပါလျှင် သူ့ကိုယ်သူပျော်ပျော်ရွှင်ရွှင်ဆုချသည့်အနေဖြင့် မြစ်ထဲမှ လှပသောကျောက်တုံးလေးတစ်တုံးကိုကောက်ယူကာ မြေအောက်နန်းတော်အတွင်းရှိ ဥယျာဉ်တော်ထဲ၌ ထိုကျောက်တုံးလေးများကိုစီရရီထပ်ထားတတ်သည်။ များသောအားဖြင့် နှစ်ပေါင်းဆယ်နှစ်ကျော်ကြာမြင့်ပြီးချိန်၌ အဆိုပါဥယျာဉ်ငယ်လေးထဲတွင်ကျောက်တုံးများဖြင့်ပြည့်နှက်သွားလေ့ရှိသည်။ ထိုအချိန်ရောက်လာလျှင် ၎င်းမှာကျောက်တုံးများကိုမြစ်ထဲသို့ပြန်လည်ပစ်ချလိုက်ပြီးသော် သူ၏စည်းမျဉ်းအတိုင်း ကျောက်တုံးများကိုနောက်တစ်ကြိမ်ပြန်လည်ကောက်ယူဦးမည်ဖြစ်သည်။ ဤသို့ဤနှယ် သံသရာလည်နေတာဖြစ်သည်။

သို့ပေသိ သည်နေ့တွင်မူ ၎င်းမှာ ပထမဆုံးအရုဏ်ဦးလင်းရောင်ခြည်ကိုစောင့်ဆိုင်းနေရင်း အရှေ့မိုးကုပ်စက်ဝိုင်းကြီးဆီသို့စူးစိုက်ကြည့်ရှုနေခိုက်မှာပင် တစ်စုံတစ်ခုပဲ့တင်ရိုက်ခတ်သွားသည့်အလား ချိယွမ်းချောက်နက်ကြီးအတွင်း၌ ရုတ်တရက်လှုပ်ခတ်မှုတစ်ခုဖြစ်ပေါ်သွား၏။ ဓား (၁)မှာ အစပိုင်းတွင် ရွှမ်းကျီးပြန်လာသည်ဟုထင်မှတ်သွားပြီး သူ့မျက်နှာထက်တွင်ကြည့်ရဆိုးသောအပြုံးတစ်ခုဖြစ်ပေါ်လာကာ ရွှင်ပျပြုံးပျော်စွာဖြင့်သူ့ပါးစပ်ကိုဖွင့်ဟလိုက်လေသည်။

“မီးအစောင့်အရှောက်…..”

နောက်တခဏအတွင်းမှာပင် သူ၏အပြုံးမှာတောင့်တင်းသွားရှာတော့သည်။

မဟုတ်ဘူး၊ အဲဒါက မီးအစောင့်အရှောက်မဟုတ်ဘူး

တောင်ကြားထဲတွင်လှုပ်ရှားမှုများမှာ တစထက်တစသိသိသာသာပို၍ပြင်းထန်လာပြီး အရိပ်များနှင့်အတူ ထူထပ်သောမြူခိုးငွေ့များမှာလည်းအတူတကွစုစည်းလာကြသည်။ ထိုကဲ့သို့ရုတ်ရုတ်သဲသဲဖြစ်မှုများကြောင့် လက်နက်ဝိညာဉ်များမှာလည်း အထိတ်တလန့်ဖြစ်သွားကြကာ ချောင်ကြိုချောင်ကြားအတွင်းမှ တစ်ခုပြီးတစ်ခုထွက်ပေါ်လာကြပြီး မည်းနက်မှောင်မိုက်နေသောအပြင်ဘက်သို့စုဝေးရောက်ရှိလာကြလေသည်။

တဝီဝီမြည်သံများနှင့်အတူ ချိယွမ်း၏ချိပ်စည်းသည်ကား အသစ်ရောက်လာသူကြောင့်ထိတ်လန့်လှုပ်ရှားသွားပြီးသကာလဝယ် တောင်နံရံများနှင့်မြေပြင်ထက်ဆီမှ မရေမတွက်နိုင်သောကမ္ဗည်းစာသားများမှာ လေထုအတွင်းပျံ့လွင့်ထွက်ပေါ်လာကြသည်။ တောင်ကြားတစ်ခုလုံးမှာ မီးဟုန်းဟုန်းတောက်လောင်နေသကဲ့သို့ပင်။

ထို့နောက်တွင်မူ ချိယွမ်း၏အစွန်အဖျားနယ်နိမိတ်မှာပွင့်ထွက်သွားပြီး နက်ရှိုင်းသောချောက်နက်ကြီးအတွင်း၌ လက်နက်ဝိညာဉ်များ၏လက်နက်ကိုယ်ထည်များထံမှ အက်ကွဲဩရှသောအသံများစတင်ထွက်ပေါ်လာကြလေသည်။ ဓား (၁) မှာစိုးရိမ်ထိတ်လန့်သွားရှာ၏။ ယဇ်ပလ္လင်ဘေးတွင်ရှိသော ငါးခုမြောက်ဂူသင်္ချိုင်းကျောက်တိုင်မှာ ရုတ်တရက်အက်ကွဲသွားလေပြီ!

ဓား (၁)မှာ ထိုအကြောင်းကိုသေသေချာချာစဉ်းစားနေရန်အချိန်မရှိပါချေ။ သို့ဖြစ်ရာ ၎င်းသည်ကားနောက်သို့လှည့်ကာ ယဇ်ပလ္လင်ထက်သို့ခုန်တက်လိုက်သည်။ ထိုယဇ်ပလ္လင်အလယ်တွင် မီးအစောင့်အရှောက်ထံသို့ တိုက်ရိုက်အိပ်မက်ပေးနိုင်သော အစီအရင်ရှိသောကြောင့်ဖြစ်သည်။

အစီအရင်ကိုအသက်သွင်းခြင်းအမှုမှာ တစ်ဝက်တစ်ပျက်သာရောက်သေးချိန်၌ ဓား (၁) မှာ တုတ်တုတ်မျှမလှုပ်နိုင်တော့ပေ။ ထူထပ်သောမြူခိုးငွေ့များသည်ကား အစီအရင်အတွင်းသို့အလုံးအရင်းဖြင့်တိုးဝင်လာကြပြီး သူ့ကိုဝိုင်းပတ်ထားလိုက်ကြ၏။

ဓား (၁) မှာ အနောက်ဘက်သို့အလျင်စလိုဆုတ်ခွာလိုက်သော်ငြား ဆွတ်ဆွတ်ဖြူဖွေးနေသောလက်တစ်ဖက်ကိုဝင်တိုက်မိပြီး ထိုလက်အတွင်းသို့ကျရောက်သွားခဲ့လေသည်။ မြူခိုးငွေ့များအတွင်းမှ ထိုးထွက်လာသောလက်တစ်ဖက်သည်ကား သူ၏လည်မျိုကိုမြဲမြံတိကျစွာဖမ်းချုပ်ဆုပ်ကိုင်ထား၏။

“အင်း?”

ရောက်လာသူက ဓား (၁) ၏အရိုးပြိုင်းပြိုင်းထနေသောလည်မျိုကို ပွတ်သပ်လိုက်သည်။

“ပျက်စီးနေတဲ့….ဓားဝိညာဉ်ပါလား?”

ဓား (၁) ခမျာ စတင်၍ကတုန်ကယင်ဖြစ်လာ၏။ သူ၏လက်နက်ကိုယ်ထည်သည်ကား မြေအောက်နန်းတော်အတွင်းမှထွက်ပေါ်လာသော်ငြား ၎င်းမှာလည်း သူ့အနားသို့ကပ်မလာရဲပါချေ။

သူ့လည်ပင်းကိုချုပ်ကိုင်ထားသူသည်ကား နောက်ဆုံး၌ မြူခိုးငွေ့များအတွင်းမှထွက်လာကာ ကိုယ်ထင်ပြသလာသည်။ သူ၏ရှည်လျားသောဆံကေသာများမှာ အလွန်တရာနက်မှောင်နေသလို သူ၏မျက်နှာမှာလည်း အလွန်တရာဖြူဆုတ်လို့နေသည်__ကြွေထည်များနှင့်ကျောက်စိမ်းဖြူတို့ကဲ့သို့ ရွှန်းစိုဝင်းလဲ့နေခြင်းမျိုးမဟုတ်ဘဲ ဆီးနှင်းများနှင့်နှင်းပွင့်လွှာများကဲ့သို့ ကြောက်စရာကောင်းလောက်အောင်ဖြူဖွေးဆုတ်နေတာဖြစ်ပြီး သူ့မျက်ဝန်းထဲတွင်လည်း နက်ရှိုင်းသောရေအိုင်တစ်အိုင်ရှိနေသည့်နှယ်။

ဓား (၁) မှာ မိမိသည်ကား ထိုလူကိုသိကောင်းသိနေနိုင်သည်ဟုစဉ်းစားလိုက်မိသည်။ သို့မဟုတ်ပါက ထိုလူ၏ခပ်ရေးရေးအနံ့အသက်ကြောင့် မိမိမှာ အဘယ်ကြောင့်များ ဤမျှလောက်အထိ ထိန်းမနိုင်သိမ်းမရဖြစ်စွာ  ကြောက်ရွံ့တုန်လှုပ်နေရပါမည်နည်း?

သို့သော် ကုန်လွန်သွားသောအချိန်ကာလများနှင့်အတူ သူ၏မှတ်ဉာဏ်များမှာလည်း တစစီပျက်စီးကြေမွသွားခဲ့ပြီဖြစ်လေရာ ယခုအချိန်၌ ၎င်းမှာ ထိုလူ၏အဆင့်အတန်းကိုပြည့်ပြည့်စုံစုံဆက်စပ်မှတ်မိခြင်းငှာမစွမ်းနိုင်တော့ပါချေ။

ချိယွမ်းအတွင်းသို့ ညကြီးသန်းခေါင်ဝင်ရောက်လာသူသည်ကား သေချာပေါက်ကို ရှန့်လင်ယွမ်းပင်တည်း။ သူဝင်ရောက်လာချိန်၌ ပထမဆုံးတွေ့မြင်လိုက်ရသည့်အရာများမှာ နေရာအနှံ့ပြန့်ကျဲနေသော သတ္တုပစ္စည်းအကျိုးအပဲ့အပိုင်းအစများပင်ဖြစ်သည်။ ၎င်းမှာ မည်ကဲ့သို့တုံ့ပြန်ရမည်မသိ။ အခြားလူများသည်ကား ခွေးများကြောင်များကိုအဖော်အဖြစ်မွေးမြူကြသည်။ သို့သော် မီးအစောင့်အရှောက်မိစ္ဆာကောင်လေးသည်ကား အလွန်အမင်း အထီးကျန်နေတာြဖစ်ကောင်းဖြစ်နိုင်သည်။ သို့ဖြစ်ရာ ၎င်းမှာ ဟောင်းနွမ်းကျိုးပဲ့နေသော လက်နက်ဝိညာဉ်များကို ကောက်ယူစုဆောင်းထားပြီး အိမ်မွေးတိရစ္ဆာန်များအဖြစ်မွေးမြူထားတာဖြစ်ပေလိမ့်မည်။ တကယ့်ကိုထူးဆန်းတဲ့ ဝါသနာပါလား။

“မလှုပ်နဲ့”

ရှန့်လင်ယွမ်းက လက်တစ်ချက်ဝှေ့ယမ်းလိုက်သောအခါ အနက်ရောင်မြူခိုးငွေ့များသည်ကား ဓား (၁) ၏ ဓားသွားကိုယ်ထည်အား ရစ်ပတ်ချုပ်နှောင်ထားလိုက်ပြီး အနှီဓားသွားအကျိုးအပဲ့အား သူ့အနားသို့ဆွဲယူလိုက်လေသည်။ သူက သံချေးများအကွက်လိုက်ထနေသော ဓားသွားကိုယ်ထည်အား သာမန်ကာလျှံကာတစ်ချက်မျှဝေ့ဝဲကြည့်ရှုလိုက်သည်။

“တကယ်လို့လက်နက်ကိုယ်ထည်သာ ပျက်စီးသွားရင် လက်နက်ဝိညာဉ်ကလည်း အဲဒီနာကျင်မှုကိုဆယ်ဆမကခံစားရလိမ့်မယ်၊ ဒီလိုနေမယ့်အစားတော့ မင်းက ဘာဖြစ်လို့ မြေကြီးအောက်ထဲမှာပဲ အေးအေးချမ်းချမ်းအိပ်စက်အနားမယူသေးတာလဲ?”

ချိယွမ်းအတွင်းရှိလက်နက်ဝိညာဉ်များအားလုံးမှာ ယဇ်ပလ္လင်ပေါ်သို့တက်လာလို့မရဘဲ တားဆီးကန့်သတ်ခံထားရသည်။ သို့သော် လက်နက်ဝိညာဉ်အများစုသည်ကား အသိဉာဏ်မရှိကြတော့သည့်အတွက် ပို၍ပင်သတ္တိကောင်းလာကြပြီး အတားအဆီးကိုအဆက်မပြတ်တိုးတိုက်ဝင်ဆောင့်နေကြလေသည်။ တစ်ချိန်တည်းမှာပင် ဓား (၁) မှာလည်း သူ့လည်မျိုကိုချုပ်ကိုင်ထားသောလက်အား နာကျင်စွာဖြင့် ဆွဲဖြည်ရန်ခဲရာခဲဆစ်ကြိုးစားနေရှာသည်။

ရှန့်လင်ယွမ်း၏စကားသံမှာ ချစ်သူရည်းစားတစ်ဦး၏တီးတိုးစကားသံပမာ နူးညံ့ပျော့ပျောင်းလှသည်။

“ငါ မင်းကိုကူညီပေးနိုင်ပါတယ်၊ လုံးဝကိုမနာကျင်စေရဘူး၊ ဘယ်လိုလဲ?”

ကောင်းမွန်သောအရေပြားတစ်ကွက်တလေမှ ကျန်ရှိခြင်းမရှိတော့သည့် ဓား (၁) ၏မျက်နှာထက်ဝယ် သွေးကြောများအပြိုင်းပြိုင်းထောင်ထလာသလို အနက်ရောင်မြူခိုးများကြားတွင်ချုပ်နှောင်ခံထားရသော သူ၏လက်နက်ကိုယ်ထည်မှာလည်း အကြမ်းပတမ်းလှုပ်ရှားရုန်းကန်နေလျက်ရှိသည်။ လျှပ်တပြက်အတွင်းမှာပင် ‘ချလွမ်’ ခနဲမြည်သံတစ်သံကိုကြားလိုက်ရပြီး ဓားသွားကိုယ်ထည်မှာ အနက်ရောင်မြူခိုးများကြားထဲမှလွတ်ထွက်သွားပြီး ရှန့်လင်ယွမ်း၏လက်မောင်းကိုလှီးဖြတ်ရန်အလို့ငှာ သူ့လက်မောင်းထက်ဆီသို့ပြုတ်ကျလာ၏။ သို့သော် ၎င်းမှာ ထိုလူ၏လက်ကောက်ဝတ်နားရောက်ခါနီးမှာပင် ရပ်တန့်သွားရရှာပြီး ရှေ့သို့ဆံခြည်တစ်မျှင်မှပင် ထပ်မတိုးနိုင်တော့ပါချေ။

“တကယ်လို့ မင်းရဲ့ဒီဓားစုတ်က ငါ့ကိုလာထိမယ်ဆိုရင် မင်း မြေကြီးအောက်ထဲမှာ တကယ်ပဲအေးအေးချမ်းချမ်းအိပ်စက်သွားရလိမ့်မယ်နော်”

ရှန့်လင်ယွမ်းက သူ့လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်သောအခါ ဓား (၁) မှာ သူ၏ခန္ဓာကိုယ်က ပေါ့ပါးသွားသလိုခံစားလိုက်ရပြီး သူနှင့်သူ၏ဓားသွားကိုယ်ထည်တို့ခမျာ ယဇ်ပလ္လင်ထက်မှလွင့်မျောသွားလေတော့သည်။ ၎င်းမှာ သူ၏လည်ချောင်းအတွင်းသို့တရှိန်ထိုးတိုးဝင်လာသော အေးစက်သည့်လေထုကြောင့် မြေကြီးပေါ်သို့ဒူးထောက်ကျသွားပြီးသော် ချောင်းတဟွတ်ဟွတ်ဆိုးနေရှာတော့သည်။

ယဇ်ပလ္လင်ထက်တွင်ရှိနေသောထိုလူက သူ့ကို အထက်စီးမှနေ၍ငုံ့ကြည့်လိုက်သည်။ ခေတ္တခဏကြာသော် စိတ်ဝင်စားမှုမရှိတော့သည့်ပုံစံဖြင့် ထိုအမျိုးသားက သူ့အကြည့်များကိုပြန်လည်ရုတ်သိမ်းလိုက်သည်။

“မင်းက အသက်ရှင်ချင်သေးတယ်ဆိုမှတော့ ထားလိုက်ပါတော့လေ၊ ငါ သူများကိစ္စကိုဝင်မနှောင့်ယှက်တော့ပါဘူး၊ မင်းဆက်ပြီးအသက်ရှင်နေလိုက်ပါတော့”

ရှန့်လင်ယွမ်းက သူ့လက်ညှိုးကိုမြှောက်ကာပြောလိုက်သည်။

“ရှူး__တိတ်တိတ်နေ၊ ငါ ဒီကိုလာတာ ပစ္စည်းတစ်ခုလာငှားရုံသက်သက်ပဲ၊ ပြီးတာနဲ့ချက်ချင်းပြန်သွားမှာ….မင်းရဲ့သခင်ကို အထိတ်တလန့်ဖြစ်အောင်လုပ်ဖို့မလိုဘူး”

သူ့စကားမဆုံးခင်မှာပင် ၎င်းသည်ကား ခုနလေးတင်မှအက်ကွဲသွားသောကျောက်တိုင်အနားသို့ လှစ်ခနဲရောက်ရှိသွားပြီဖြစ်သည်။

ရှန့်လင်ယွမ်းသည်ကား ဤနေရာသို့မရောက်လာမီက သူ၏ကံတရားကိုစမ်းသပ်ကြည့်ရန်သာဖြစ်ပြီး မျှော်လင့်ချက်ကြီးကြီးမားမားမထားခဲ့ပါချေ။ မည်သို့ပင်ဖြစ်စေ ချိယွမ်းသည်ကား မိစ္ဆာစွမ်းအင်များစုစည်းရာ ရှေးဟောင်းအရပ်ဒေသတစ်ခုပင်ဖြစ်သည်။ ထိုနေရာကို မူလအစပိုင်းတွင် မီးလျှံငှက်များက ကာကွယ်စောင့်ရှောက်ပေးထားကြသော်လည်း မီးလျှံငှက်မျိုးနွယ်စုတို့သေဆုံးသွားပြီးနောက်တွင်မူ မိမိသည်ကား တားမြစ်ထားသောမန္တန်အစီအရင်များကိုအသုံးပြုကာ ထိုနေရာကိုဖိနှိပ်ထိန်းချုပ်ထားခဲ့တာဖြစ်သည်။ အနှီကိစ္စသည်ကား ခက်ခဲသောကိစ္စတစ်ရပ်ဖြစ်သည်။ မီးလျှံငှက်အရိုးဝိညာဉ်များ…..တဖြစ်လဲ မီးအစောင့်အရှောက်များသည်ကား ချိယွမ်းအား စတေးခံကာကွယ်ပေးပြီးသည့်အချိန်တိုင်းတွင် ပြာမှုန့်များအဖြစ်လွင့်ပါးပျောက်ကွယ်သွားရစမြဲဖြစ်သည်။ သို့ဖြစ်ရာ ၎င်းတို့၏အရိုးအကြွင်းအကျန်များကိုရှာတွေ့ရန်မှာ သိပ်ပြီးဖြစ်နိုင်ချေမရှိသောကိစ္စပင်ဖြစ်သည်။

သို့သော် သူ ချိယွမ်းယဇ်ပလ္လင်ဆီသို့ရောက်လာချိန်တွင်မူ မထင်မှတ်ဘဲ ဂူသင်္ချိုင်းကျောက်တိုင်စက်ဝိုင်းကြီးကိုတွေ့မြင်လိုက်ရတာပဲဖြစ်သည်။

ကျောက်တိုင်များမှာ ယဇ်ပလ္လင်ကိုစက်ဝိုင်းသဏ္ဌာန်ဝိုင်းပတ်ထားကြပြီး အများစုမှာ ကျိုးပဲ့ပျက်စီးနေကြပြီဖြစ်သည်။ ကျန်ရှိသောကျောက်တိုင်များပေါ်တွင်မူ မွေးသက္ကရာဇ်များနှင့်သေဆုံးသည့်ခုနှစ်သက္ကရာဇ်များကိုရေးထွင်းထားကြပြီး ‘လီ’ မီးတောက်များ၏အငွေ့အသက်တို့ကိုပင် ခပ်သင်းသင်းရနေ၏။ ပြောစရာမလိုသည့်အချက်မှာ အဆိုပါဂူကျောက်တိုင်များသည်ကား မီးလျှံငှက်အရိုးဝိညာဉ်များ၏အုတ်ဂူများပင်တည်း။ မထင်မှတ်ဘဲ မီးလျှံငှက်အရိုးဝိညာဉ်တွေရဲ့ အကြွင်းအကျန်တွေရှိနေသေးတာပဲ။

ကျိုးပဲ့ပျက်စီးနေသောလက်နက်ကိုယ်ထည်များ၏ဉာဏ်ရည်အရ ၎င်းတို့မှာ ရှန့်လင်ယွမ်းပြောလိုက်သောစကားများကိုနားမလည်ကြစေကာမူ  ဂူကျောက်တိုင်များဆီသို့ သူလျှောက်လှမ်းသွားသည်ကိုတွေ့မြင်လိုက်ရသောအခါမှာတော့ သူတို့၏မျက်နှာအသွေးအရောင်မှာ တညီတညာတည်းပြောင်းလဲသွားကြပြီး ထူထပ်သောမြူခိုးငွေ့များအား ယခင်ထက်ပို၍ကြမ်းတမ်းစွာ တိုးတိုက်ဝင်ဆောင့်ကြလေတော့သည်။

“ကျောက်တိုင်တွေက……”

ဓား (၁) ၏စကားသံမှာ သဲစက္ကူတစ်ရွက်သဖွယ်အက်ရှနေလျက်ရှိပြီး ၎င်းမှာ စကားလုံးများကိုခက်ခက်ခဲခဲဖျစ်ညှစ်ပြောနေသည်။

“မဖြစ်ဘူး….မဖြစ်ဘူး…..”

ဂူကျောက်တိုင်တွေ ပြိုကျပျက်စီးသွားလို့မဖြစ်ဘူး

ဂူကျောက်တိုင်တစ်တိုင်ပြိုကျပျက်စီးသွားတာနဲ့ မီးအစောင့်အရှောက်လည်း ‘သေဆုံး’ သွားလိမ့်မယ်

သို့သော် ရှန့်လင်ယွမ်းသည်ကား သူတို့၏ဗလုံးဗထွေးစကားသံများကိုနားထောင်ခြင်းအလျဉ်းမရှိပါချေ။ ဓား (၁) မှာ သူ၏လည်မျိုအတွင်းမှ စကားလုံးများကိုခဲရာခဲဆစ်ထုတ်မပြောလိုက်နိုင်သေးခင်မှာပင် အနက်ရောင်မြူခိုးငွေ့များသည်ကား တူရွင်းတစ်ချောင်းအဖြစ်သို့အသွင်ပြောင်းလဲသွားပြီးသကာလ အက်ကွဲသွားသောကျောက်တိုင်၏အောက်ခြေကိုတူးဆွကာ အရိုးအစအနများကိုရှာဖွေနေတော့သည်။

“မလုပ်နဲ့……….”

“ဟင်?”

ရှန့်လင်ယွမ်းမျက်မှောင်ကြုတ်လိုက်၏။ အောက်ထဲတွင်မည်သည့်အရာမှရှိမနေ။ အရိုးမပြောနှင့်၊ အဝတ်စလေးသော်မှရှိမနေပါချေ။

ဒီဂူကျောက်တိုင်တွေက သူတို့ရဲ့သင်္ချိုင်းအုတ်ဂူတွေမဟုတ်ဘူးလား? တကယ်လို့ မဟုတ်ဘူးဆိုရင် ‘အုတ်ဂူ’ တွေဆီမှာ ဘာဖြစ်လို့ မီးလျှံငှက်ရဲ့အနံ့အသက်မျိုးတွေရနေတာလဲ?

ရှန့်လင်ယွမ်းမှာ ရုတ်တရက်ခေါင်းမော့ကာ ဂူကျောက်တိုင်ကိုမော့ကြည့်လိုက်သည်။ သူကြည့်နေစဉ်အတွင်းမှာပင် ကျောက်တိုင်ပေါ်ရှိအက်ကွဲကြောင်းမှာ မျက်နှာတပြင်လုံးအနှံ့ အလျင်အမြန်ပျံ့နှံ့သွားရှာတော့သည်။ တိုးညင်းသောအသံတစ်သံနှင့်အတူ အနှီဂူကျောက်တိုင်မှာ အလယ်မှနှစ်ပိုင်းကွဲထွက်သွားပြီး ပြိုကျပျက်စီးသွားလေတော့သည်။

ရှန့်လင်ယွမ်း : “…….”

ပိရှသည်ကား လူကောင်းတစ်ယောက်မဟုတ်သည့်တိုင် သူ၏အပြုအမူများတွင် အမြဲတစေရည်ရွယ်ချက်တစ်ခုခုရှိတတ်စမြဲပင်ဖြစ်သည်။ ၎င်းသည်ကား ကိုယ့်ထမင်းကိုယ်စားပြီး မိမိအတွက်အကျိုးအမြတ်မရှိပါဘဲ သူများတကာကိုထိခိုက်အောင်လုပ်မည့်သူမျိုးမဟုတ်ပေ။

ပြောရလျှင် မီးအစောင့်အရှောက်များသည်ကား သူ့အလောင်းကိုမထီမဲ့မြင်ပြုခဲ့စေကာမူ သူတို့ကိုယ်သူတို့စတေးပြီး ချိယွမ်းကိုဖိနှိပ်ပေးထားခဲ့သောအလုပ်သည်ကား ကမ္ဘာလောကကြီးအတွက်ကောင်းမွန်သောအလုပ်တာဝန်တစ်ရပ်ကိုထမ်းဆောင်ပေးခဲ့တာပဲဖြစ်သည်။ မိမိသည်ကား ဖြစ်ပေါ်လာသောအခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး မီးစင်ကြည့်၍ကနိုင်ရန်အလို့ငှာ မီးလျှံငှက်အရိုးကိုယူဆောင်ရန်အတွက်သာ ဤနေရာသို့လာခဲ့တာဖြစ်ပြီး အုတ်ဂူကိုတူးပြီးအရိုးကိုယူနိုင်မှတော့ဖြင့် သူတို့၏အုတ်ဂူကိုမဖြစ်မနေဖျက်ဆီးပစ်ရန်လည်းမလိုအပ်ပေ__ထို့ကြောင့်ပင် ၎င်းမှာ ခုနတုန်းက အဆိုပါအုတ်ဂူကိုထိပင်မထိခဲ့တာဖြစ်သည်။

သို့သော်လည်း ကိစ္စများမှာ ဤတွင်အဆုံးသတ်မသွားသေးပါချေ။

အနှီကျောက်တိုင်မှာ နှစ်ပိုင်းကွဲထွက်ပြီးပြိုကျသွားချိန်၌ အနီးနားတွင်ရှိသောကျောက်တိုင်ကိုပါထိမိသွားလေတော့သည်။ အဆိုပါကျောက်တိုင်များမှာ ဆီပူထဲတွင်ထည့်ကြော်ထားသောဖက်ထုပ်များပမာ အလွန်တရာနူးညံ့ကြွပ်ရွနေပြီး ထိုသို့ဖြစ်သွားသည်နှင့်တပြိုင်နက် တဂျွတ်ဂျွတ်အက်ကွဲသံများမှာမရပ်မနားထွက်ပေါ်လာတော့သည်။ ရှန့်လင်ယွမ်းမှာအသက်တစ်ချက်ပင်ပြီးအောင်မရှူရှိုက်လိုက်ရသေးခင်မှာပင် ထိုပေါက်ကွဲပျက်စီးမှုများသည်ကား ကူးစက်ရောဂါတစ်မျိုးသဖွယ်ပျံ့နှံ့သွားပြီး သူ့ဘေးနားပတ်ပတ်လည်တွင်ရှိနေသောဂူကျောက်တိုင်များမှာ နှစ်ပိုင်းကွဲထွက်ကာ ပြိုကျပျက်စီးသွားရှာတော့သည်။ မျက်စိတမှိတ်အတွင်းမှာပင် ဘေးပတ်ပတ်လည်တွင်ရှိသောဂူကျောက်တိုင်များအနက် တစ်ဝက်ခန့်မှာ ကျောက်သားအပိုင်းအစများအဖြစ်ကျိုးပဲ့ကြေမွသွားရှာပြီဖြစ်သည်။

ဓား (၁) က ဝမ်းနည်းကြေကွဲစွာဖြင့် စူးစူးဝါးဝါးအော်ဟစ်မြည်ကြွေးလိုက်၏။ အခြားသောလက်နက်ဝိညာဉ်များမှာလည်း သူ့နည်းတူ သွေးပျက်ချောက်ချားစွာအော်ဟစ်မြည်တမ်းကြလေတော့သည်။ ထိုခဏ၌ ချိယွမ်းသည်ကား သရဲတစ္ဆေများ၏ငိုကြွေးသံများဖြင့်ပြည့်နှက်သွားသယောင်။

ပိရှသည်ကား အများသုံးဘာသာစကားကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ခြင်းမရှိသေးသည့်အတွက် *‘ဟန်ဆောင်ဒဏ်ရာ’ ဟူသည့်စကားလုံးအကြောင်းကိုမသိရှိသေးပါချေ။ ၎င်းမှာ သူ့အပေါ်အထင်အမြင်လွဲမှားမှုများအား မည်သို့မှပြန်လည်ချေပပြောဆိုနိုင်ခြင်းမရှိဘဲ ပါးစပ်အဟောင်းသားသာလျှင်ဖြစ်သွားရရှာတော့သည်။

(T/N

*ဟန်ဆောင်ဒဏ်ရာ----ကိုယ်က တမင်တကာထိခိုက်ချင်ယောင်ဆောင်ပြီး Victim ဆီက လျော်ကြေးတောင်းတာမျိုးကိုဆိုလိုတာပါ။ ဥပမာ အရှိန်ဖြည်းဖြည်းလေးနဲ့မောင်းလာတဲ့ ကားရှေ့မှာဝင်ခံ၊ ကိုယ့်ကိုယ်ကိုယ်ဒဏ်ရာရအောင်လုပ်ပြီး ကားမောင်းသူဆီကနေ လိမ်လည်လျော်ကြေးတောင်းတာမျိုးပါ။ ဒီနေရာပြောချင်တာကတော့ ငါးခုမြောက်ဂူကျောက်တိုင်ဆီမှာ အစောကြီးကတည်းက အက်ကွဲကြောင်းပေါ်နေပါပြီ။ စာဖတ်သူတွေမှတ်မိကြလားတော့မသိဘူး၊ ရှေ့မှာသေချာဖတ်ကြည့်ရင် သတိထားမိမှာပါ။ ဆိုတော့ အဲဒီကျောက်တိုင်က ရှန့်လင်ယွမ်းလုပ်လိုက်လို့ပျက်စီးသွားတာမဟုတ်ဘဲ သူ့ဘာသာသူအစောကြီးကတည်းက ပျက်စီးချင်ချင်ဖြစ်နေတာပါ။ အဲဒီမှာ ရှန့်လင်ယွမ်းက ဂူကျောက်တိုင်ကိုမထိခဲ့ပေမယ့်လည်း အုတ်ဂူရဲ့အောက်ခြေကိုသွားတူးလိုက်တော့ သူ့ကြောင့်ကျောက်တိုင်ကပျက်စီးသွားရသလိုဖြစ်သွားတာပါ)

ရှန့်လင်ယွမ်းမှာ အနှီဆူဆူညံညံအသံဗလံများကြောင့် သူ၏ခေါင်းကိုက်ရောဂါပင်ပြန်၍ထကြွလာတော့သည်။ သူ့မျက်နှာပေါ်တွင် တွေ့ရခဲသော ‘စိတ်ရှုပ်ထွေး’ သည့်အမူအရာမျိုးဖြစ်ပေါ်လို့လာသည်။ ၎င်းမှာ သူ့ရှေ့တွင်ဖြစ်ပျက်နေသောပရမ်းပတာအရှုပ်အထွေးများကို ကူကယ်ရာမဲ့စွာကြည့်နေရင်း အနက်ရောင်မြူခိုးများမှာ လေထုထဲတွင်ရစ်သိုင်းလှည့်ပတ်လာပြီး ထောင်ပေါင်းများစွာသော သေးမျှင်ပါးလျသည့်ကြိုးမျှင်များသဖွယ်ပြောင်းလဲသွားကြလေသည်__၎င်းသည်ကား သုံးချွမ်းဟိုတယ်၌ သူပြုလုပ်ခဲ့သည့်အတိုင်းပင် ပျက်စီးသွားသောကျောက်သားအပိုင်းအစများအား နဂိုမူလပုံစံအတိုင်းပြန်လည်တည်ဆောက်ပေးရန်ဖြစ်သည်။

သို့ပေသိ သူ၏အနက်ရောင်မြူခိုးများမှာ ကျောက်သားများကိုထိတွေ့သွားသည်နှင့်တပြိုင်နက် အနှီကျောက်သားများထံမှ စူးရှတောက်ပသောမီးလျှံအရောင်အဆင်းရှိသည့်အလင်းရောင်များ ရုတ်တရက်ထွက်ပေါ်လာတော့သည်။

ရှန့်လင်ယွမ်း၏တုံ့ပြန်မှုမှာ အလွန်တရာမြန်ဆန်လှသည်။ သူက အနောက်ဘက်သို့ဆုတ်ကာ အလျင်အမြန်ရှောင်တိမ်းလိုက်သည်။ သို့သော် မြေလျှိုးမိုးပျံနိုင်သော မိစ္ဆာသခင်ကြီးပင်ဖြစ်စေကာမူ အလင်း၏အလျင်ကိုတော့မီနိုင်မည်မဟုတ်ပါချေ။ ၎င်းမှာ ချက်ချင်းဆိုသလိုပင် ထိုမီးလျှံအလင်းရောင်များအတွင်း၌ လွှမ်းခြုံခံလိုက်ရပြီး စူးရှသောအလင်းရောင်များကြောင့် သူ့မျက်လုံးများကိုပင် တခဏမျှမဖွင့်နိုင်အောင်ဖြစ်ခဲ့ရလေသည်။ တစ်ချိန်တည်းမှာပင် ထူးဆန်းသောခံစားချက်တစ်မျိုးကိုခံစားလိုက်ရသည်။ ၎င်းမှာ အသက်ရှူကြပ်လောက်စရာကောင်းလှသော တစ်စုံတစ်ယောက်၏တင်းတင်းကြပ်ကြပ်ပွေ့ဖက်ခြင်းကိုခံလိုက်ရသည့်နှယ်။ တစ်စုံတစ်ရာက သူ၏ရင်ဘတ်ကိုဖြတ်သန်းကာ သူ့နှလုံးအိမ်ကိုထိုးဖောက်နေသကဲ့သို့ပင်။

ရှန့်လင်ယွမ်းမှာ သူ့နှလုံးအိမ်ထဲတွင် မခံမရပ်နိုင်အောင်ပြင်းထန်လှသောနာကျင်မှုဝေဒနာတို့ကိုခံစားလိုက်ရလေသည်။ ထိုနေရာတွင်ရှိနေသော တစ်စုံတစ်ရာမှာပေါက်ကွဲထွက်တော့မည့်နှယ်။ ၎င်းမှာ တခဏမျှပင်တုံ့ဆိုင်းတွေဝေခြင်းမရှိဘဲ သူ့ရင်ဘတ်အတွင်းသို့လက်နှိုက်ထိုးထည့်လိုက်သည်။ အနက်ရောင်မြူခိုးများသည်ကား ပိုးကြိုးမျှင်များကဲ့သို့နှယ် သူ့ကိုလုံးထွေးရစ်သိုင်းသွားပြီးသကာလ အလင်း၏အလျင်ဖြင့် သူ့နှလုံးအိမ်အတွင်းသို့တိုးဝင်ချင်နေသော အနှီမီးလျှံအလင်းရောင်ကို ဆွဲထုတ်ယူကာမောင်းထုတ်ပစ်လိုက်လေသည်။ ဤကဲ့သို့အနီးကပ်တိုက်ခိုက်မှုသည်ကား သူ့အနီးတဝိုက်တွင်ရှိနေသော အနက်ရောင်မြူခိုးများကိုပါလွင့်ပျယ်လုမတတ်ဖြစ် သွားစေတော့သည်။

ထိုအလင်းရောင်ထဲတွင် လူအရိပ်သဏ္ဌာန်တစ်ခုနှင့်တူသောပုံရိပ်ယောင်တစ်ခုသည်ကား ဝမ်းနည်းစွာဖြင့်သက်ပြင်းတစ်ချက်ချလိုက်ရင်း သူ့အနားမှလှစ်ခနဲဖြတ်သန်းသွား၏။ ထိုပုံရိပ်မှာ သူ့အနားတွင်နေနိုင်ရန်အလို့ငှာ အားသွန်ခွန်စိုက်ကြိုးစားရုန်းကန်နေသော်ငြား အလင်းရောင်သည်ကား သူ့အားအဝေးသို့ဆွဲခေါ်သွားလေသည်။ မကြာမီမှာပင် အနှီပုံရိပ်မှာပုံသဏ္ဌာန်ပျက်ယွင်းသွားပြီး အလင်းရောင်နှင့်အတူ ပျောက်ကွယ်သွားရှာတော့သည်။

ထိုအချိန်၌ ရွှမ်းကျီးသည်ကား ယုံအန်းသို့ပျံသန်းနေသော ပြန်လည်ပြုပြင်ရေးဌာန၏လေယာဉ်ပေါ်တွင်ရောက်ရှိနေတာဖြစ်သည်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း မနားမနေအလုပ်လုပ်ခဲ့ရရှာသောလူများသည်ကား ဇိမ်ခံလေယာဉ်ပေါ်တွင် ပိုးလိုးပက်လက်အနေအထားမျိုးစုံဖြင့် အိပ်ချင်သလိုအိပ်ပျော်နေကြပြီဖြစ်သည်။ ဘေးနားရှိဆိုဖာပေါ်တွင်မူ ဝမ်ဇယ်မှာ သူ့နှုတ်ခမ်းကိုစုတ်တသပ်သပ်လုပ်နေ၏။ ယန်ချောင်မှာ အိပ်နေရင်း သူကိုယ်တိုင်တောင်မသိလိုက်ဘဲ ကြမ်းပြင်ပေါ်သို့လျှောကျနေလေပြီ။ လော်ချွေ့ချွေ့၏ဟောက်သံမှာမူ လေယာဉ်အင်ဂျင်စက်သံကိုပင် ဖုံးလွှမ်းနေတော့သည်။ သူတို့နှင့်စာလျှင် ရွှမ်းကျီး၏အိပ်စက်ပုံသည်ကား ကျက်သရေရှိသည်ဟုပြောလို့ရကောင်းရနိုင်သောအနေအထားတွင်ရှိသည်။

၎င်းမှာ အိပ်စက်သည့်အခါတိုင်း တိတ်ဆိတ်သောငှက်တစ်ကောင်ပမာ၊ သူ့ဦးခေါင်းကို အမှောင်ထဲတွင်ခွေထားလျက်ရှိပြီး ညင်သာစွာတိုက်ခတ်လာသော လေပြည်လေညင်းလေးတစ်ချက်သည်ပင် သူ့အားလန့်နိုးသွားစေနိုင်သည့်နှယ်။

မနက်လေးနာရီခန့်တွင် ရွှမ်းကျီးတစ်ယောက် သွေးနီရောင်အင်းစာရွက်များနေရာအနှံ့ကပ်ထားသည့် သံမဏိတံခါးတစ်ချပ်ကို နောက်တစ်ကြိမ်အိပ်မက်မက်ပြန်သည်။ တံခါးအတွင်းဘက်၌ရှိနေသော ‘အရာ’ မှာ ယခင်ကထက်ပင် ပို၍ကြမ်းတမ်းစွာရုန်းကန်လှုပ်ရှားနေပြီး ထူထဲသောတံခါး၏အခြားတစ်ဖက်ခြမ်းမှပင် လေးလံနာကျင်သောအသက်ရှူသံပြင်းပြင်းများကို သူကြားနေရသည်။

တံခါးအတွင်းဘက်မှာ ဘာကိုများပိတ်ထားတာလဲ? ရွှမ်းကျီးမှာ အနားသို့တိုးကပ်သွား၏။ ဤကဲ့သို့အိပ်မက်မျိုးကိုမက်နေခြင်းမှာ မိမိ၏မကောင်းသောအလိုဆန္ဒတစ်မျိုးမျိုးကြောင့်ပင်လားဟု သံသယဝင်လာမိသည်။ ရုတ်တရက် တံခါးတစ်ဖက်ခြမ်းတွင်ရှိနေသောအသက်ရှူသံပြင်းပြင်းများကြားမှ ထွက်ပေါ်လာသောစကားသံတစ်သံကို သူကြားလိုက်ရသည်။

“မြန်မြန်…မြန်မြန်…သွားတော့….”

ရွှမ်းကျီး မျက်တောင်ခတ်လိုက်၏။

“ဘာ?”

“သွားတော့….ဒီနေရာကနေ ထွက်သွားတော့….”

“အထဲမှာ တစ်ယောက်ယောက်ရှိနေတာလား?”

ရွှမ်းကျီးမှာ ထူးဆန်းစွာပင် အနှီစကားသံကိုရင်းနှီးနေသလိုထင်ရပြီး ၎င်းမှာမနေနိုင်မထိုင်ဖြင့် ရှေ့သို့ထပ်မံ၍တစ်လှမ်းတိုးသွားလိုက်လေသည်။ သွေးနီရောင်အင်းစာရွက်များပေါ်တွင် ခပ်ရေးရေး ရေးဆွဲထားသောရုပ်ပုံဒီဇိုင်းများကို တွေ့မြင်လိုက်ရသည်။ ထိုအရာမှာ မန္တန်အစီအရင်တစ်မျိုးမျိုးဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အိပ်မက်ထဲတွင် [မိစ္ဆာတစ်ထောင်အချပ်ပို] စာအုပ်ကို ဆင့်ခေါ်လို့မရနိုင်သည့်အတွက် ထိုအစီအရင်မှာမည်ကဲ့သို့သောအစီအရင်မျိုးဖြစ်ကြောင်းကို သူတပ်အပ်မပြောနိုင်ပေ။

“ခင်ဗျားက ကျွန်တော့်ကို စကားပြောနေတာလား? ခင်ဗျားက ဘယ်သူလဲ?”

‘ဝုန်း’ ဟူသည့်မြည်သံကျယ်ကြီးက သူ့စကားသံကိုဖြတ်တောက်လိုက်သည်။ တံခါးအတွင်းဘက်၌ရှိနေသောအရာသည်ကား တံခါးကိုပို၍ပြင်းထန်စွာဝင်ဆောင့်နေပြီး တံခါးပေါ်ရှိအင်းစာရွက်များ၏ပုံသဏ္ဌာန်ပင်ပျက်ယွင်းသွားတော့မယောင်။

ရွှမ်းကျီးမှာမမျှော်လင့်သောအခြေအနေကြောင့် အနောက်သို့တစ်ချက်ခုန်၍ဆုတ်သွားမိ၏။ သူ့လည်ပင်းရှိအမွေးများပင်ထောင်ထလာသည့်နှယ်။

“ဆက်ပြီး…. ဆက်ပြီး…. ချိပ်ပိတ်ထားလို့မရတော့ဘူး…..”

တံခါးအတွင်းဘက်ရှိအသံမှာ ပို၍ကြည်လင်ပြတ်သားလာသည်။

“ဂူကျောက်တိုင်……”

“ဂူကျောက်တိုင်တွေ…..ပျက်စီးသွားပြီ….မင်း ငါ့နောက်ကနေလိုက်ဆို…..”

ရွှမ်းကျီးမှာ ထိုအသံကို အရင်တုန်းက မည်သည့်နေရာတွင်ကြားဖူးနေမှန်းသေချာမစဉ်းစားလိုက်ရသေးခင်မှာပင် တံခါးအတွင်းဘက်ရှိလူက ရှည်လျားသောဝတ်ပြုဆုတောင်းသံတစ်ခုကိုစတင်၍ရွတ်ဆိုလာတော့သည်။ ၎င်းမှာ ‘ယာ’ စကားဖြင့်ရွတ်ဖတ်နေခြင်းဖြစ်ပြီး ရွှမ်းကျီးတစ်ကြိမ်တစ်ခါမှမကြားဖူးသော ဘာသာစကားတစ်မျိုးလည်းရောနှောပါဝင်နေ၏။ ထိုဆုတောင်းသံမှာ စည်းချက်ကျပြီး ကြားရသည်မှာသာယာနာပျော်ဖွယ်ရှိလှသည့်တိုင် ထိုစကားလုံးများကိုရွတ်ဖတ်နေသူ၏အသံကြိုးထဲတွင်မူ ဘရိတ်ဓားများကိုမြှုပ်နှံထားသည့်အလား သူ့အသံမှာပို၍ကြမ်းရှအက်ကွဲလာသလို စကားစုတစ်စုချင်းဆီတိုင်းမှာလည်း ထက်မြက်သောဓားသွားကိုသွားဖြင့်ကြိတ်မိပြီးနောက် သွေးများပန်းထွက်လာသည့်နှယ်။ ကြားရသည်မှာ အတော်လေးကိုကြောက်စရာကောင်းလှပေတော့သည်။

အနှီရှည်လျားသောရွတ်ဆိုသံမှာ အချိန်အားဖြင့် ငါးမိနစ်တိတိကြာမြင့်ပြီး ရွှမ်းကျီးမှာ အများစုသောစကားလုံးများကိုနားမလည်ပါချေ။ သူနားလည်သော လက်ကျန်စကားလုံးနှစ်လုံးသုံးလုံးမှတဆင့် ခန့်မှန်းရသလောက်တော့ တစ်စုံတစ်ခုကိုချိပ်ပိတ်လိုသည့်ပုံပင်။

ဘယ်သူက ဒါမျိုးကိုမှတ်နိုင်မှာလဲ? လူတိုင်းရဲ့ဦးနှောက်ကို *စူပါဦးနှောက်လို့ထင်နေတာလား?

(T/N

*ဂိမ်းအစီအစဉ်တစ်ခု၏ အမည်ဖြစ်သည်။)

“ခဏလေး ခဏလေး ခဏလေး__ဖြည်းဖြည်းပြောပါဗျ….နောက်တစ်ခေါက်ထပ်ပြောပြပါဦး…”

သံမဏိတံခါးပေါ်တွင် နောက်ထပ်ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာပြန်သည်။ သည်တစ်ကြိမ်ဝင်တိုက်သံမှာ ယခင်အခေါက်ထက်ပို၍ပြင်းထန်၏။ တံခါးပေါ်ရှိအင်းစာရွက်ပေါ်တွင် ပြဲရာတစ်ခုပင်ဖြစ်ပေါ်သွားလေတော့သည်။ တစ်ချိန်တည်းမှာပင် ရွှမ်းကျီး၏ဦးခေါင်းအတွင်း၌ တဝီဝီမြည်သံများထွက်ပေါ်လာ၏။ အနှီပြဲထွက်သွားသောအင်းစာရွက်မှာ သူ၏ဦးခေါင်းပင်ဖြစ်နေရော့သလားဟုထင်မှတ်သွားမိပြီး ပြင်းထန်စူးရှသောနာကျင်မှုတို့က သူ့နားထင်ကြောများကိုထိုးဖောက်နေတော့သည်။

စကားသံမှာ ကျယ်လောင်စွာအော်ဟစ်လိုက်ပြန်သည်။

“မြန်မြန်!”

ဤသို့ကသောင်းကနင်းဖြစ်နေသောအခြေအနေအတွင်း၌ ရွှမ်းကျီးသည်ကား သူဘာတွေပြောနေသလဲဆိုတာကို သူကိုယ်တိုင်လည်းမသိတော့ပါချေ။ ထိုအရာမှာ သူမည်သို့ပင်နားထောင်ပါစေ လုံးဝကိုနားမလည်သောစကားများဖြစ်သော်ငြား သူ၏နှုတ်ခမ်းများနှင့်လျှာဖျားလေးမှာ ပင်ကိုယ်ကြွက်သားမှတ်ဉာဏ်များရှိနေသည့်နှယ်__မိမိမှာ ထိုစကားများကိုအကြိမ်ရာပေါင်းများစွာပြောဆိုဖူးသည့်အလား။ ဤသို့ဖြင့် ၎င်းမှာ ထိုရှည်လျားသောဆုတောင်းစကားသံများကို တစ်လုံးချင်းစီ လိုက်၍ရွတ်ဆိုမိလေတော့သည်။ အင်းစာရွက်များပေါ်တွင် မီးလျှံရောင်ဝါများထွက်ပေါ်လာပြီးနောက် အင်းစာရွက်ပေါ်တွင်ဖြစ်ပေါ်လာသောအပြဲရာများမှာ ပြန်လည်၍တွဲဆက်သွားလေတော့သည်။ အင်းစာရွက်များပြန်လည်တွဲဆက်သွားသည်နှင့်တပြိုင်နက် ရွှမ်းကျီး၏ပေါက်ကွဲမတတ်ဖြစ်နေသောခေါင်းကိုက်ဝေဒနာမှာလည်း ချက်ချင်းပင်သက်သာပျောက်ကင်းသွား၏။ သူက အနှီဆုတောင်းစာများကို သူ့ဘာသာသူအကြိမ်ရေအနည်းငယ်ခန့် ဆက်လက်၍ရွတ်ဆိုလိုက်သည်။

သံမဏိတံခါးကိုပြင်းထန်စွာဝင်တိုက်နေသောအသံမှာလည်း ရပ်တန့်သွား၏။ အင်းစာရွက်ပေါ်တွင်လည်း အစီအစဉ်မကျသော နောက်ထပ်ဖြစ်ကတက်ဆန်းပြုပြင်မှုတစ်ခုဖြစ်ပေါ်လာပြန်သည်။ အချိန်အနည်းငယ်ခန့်သာကြာမြင့်ခဲ့သော်လည်း ရွှမ်းကျီး၏နောက်ကျောပြင်တစ်ခုလုံးမှာ ချွေးအေးများဖြင့်စိုရွှဲနေပြီဖြစ်သလို သူ့ခြေထောက်များမှာလည်းပျော့ခွေနေပြီဖြစ်သည်။ ထိုအခိုက် အမှောင်ထုအတွင်းရှိ တံခါးနောက်ကွယ်တွင်မူ ပင်ပန်းမောဟိုက်ပြီးနာကျင်နေသော အသက်ရှူသံတို့သာကျန်ရစ်ခဲ့လေတော့သည်။

ရွှမ်းကျီးမှာ အချိန်တခဏခန့်ယူကာ သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းချုုပ်လိုက်ပြီးနောက် အတွန့်တွန့်အဆုတ်ဆုတ်ဖြင့်မေးမြန်းလိုက်သည်။

“ဘာတွေဖြစ်နေတာလဲဗျ?”

၎င်းမှာ တံခါးတစ်ဖက်ခြမ်းရှိတိတ်ဆိတ်မှုကိုသာလျှင်တွေ့ဆုံလိုက်ရသည်။ အချိန်မည်မျှကြာသွားမှန်းမသိလိုက်ခင်မှာပင် နောက်ဆုံး၌ ထိုအသံက တိုးဖျော့စွာပြောလာသည်။

“မင်းရဲ့သေမျိုးလောကကြီးဆီကိုပြန်သွားတော့”

ရွှမ်းကျီးတစ်ယောက်အလန့်တကြားဖြစ်သွား၏။ ထိုလူသည်ကား အတော်လေးကိုသံနေသံထားမှန်ကန်သော အများသုံးဘာသာစကားဖြင့်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ၎င်းသည်ကား အများသုံးဘာသာစကားဖြင့်ပြောင်းလဲပြောဆိုလိုက်သောအခါဝယ် သူ့စကားသံကို ပို၍ပင်ရင်းနှီးကျွမ်းဝင်နေသယောင်။ ရွှမ်းကျီးမှာသေချာမတွေးတောလိုက်ရသေးခင်မှာပင် ထိုစကားသံမှာ ထပ်မံထွက်ပေါ်လာ၏။ သည်တစ်ကြိမ်တွင်မူ ခါးသက်စွာရယ်မောရင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“မင်းပြန်သွားရင် အစားကောင်းအသောက်ကောင်းတွေစားဖို့မမေ့နဲ့”

ဒီစကားက လူစကားလားဟ?!

ရွှမ်းကျီးမှာ ဒေါသူပုန်ထသွားလေတော့သည်။ ၎င်းသည်ကား သူ၏အထူးကျွမ်းကျင်သောထူးခြားစွမ်းရည်တစ်မျိုးဖြစ်သည့် ပါးစပ်သေနတ်ပစ်ပြီး စကားလုံးများကိုတရစပ်ပစ်လွှတ်ရန်အဆင်သင့်ပြင်လိုက်သော်ငြား ၎င်းမှာ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုဖြင့်ရိုက်ပုတ်ခံလိုက်ရသည့်နှယ်__အဆိုပါစကားလုံးများမှာ သံမဏိတံခါးတစ်ချပ်ဖြင့်ပိုင်းခြားထားခြင်းခံရသောကြောင့် အနည်းငယ် သံနေသံထားပျက်ယွင်းလို့နေသည်။ လူများသည်လည်း ယေဘုယျအားဖြင့် သူတို့၏ကိုယ်ပိုင်အသံကို အခြားသောအပြင်ဘက်တစ်နေရာမှကြားရချိန်တွင် ထိုနည်းတူစွာပင် မူလအသံနှင့်ကွဲပြားခြားနားနေသကဲ့သို့ခံစားရပေလိမ့်မည်။ ရွှမ်းကျီးမှာလည်း ထိုကဲ့သို့စိတ်တိုစရာကောင်းလှသော နောက်ဆုံးစကားလုံးများကိုကြားလိုက်ရသောအခါမှပင် သဘောပေါက်သွားရှာတော့သည်။ နားထောင်လေလေ ရင်းနှီးလေလေဖြစ်နေသော ထိုစကားသံမှာ သူ၏ပင်ကိုယ်စကားသံပင်တည်း!

ရွှမ်းကျီးမှာအထိတ်တလန့်ဖြစ်သွားပြီး လေထုအတွင်းသို့ခြေတစ်လှမ်းလှမ်းလိုက်မိသည်။ ထို့နောက်တွင်မူ လေယာဉ်ပေါ်၌ လန့်နိုးလာ၏။

ရွှမ်းကျီးမှာလေထုအတွင်းသို့ နှစ်စက္ကန့်မျှငေါင်စင်းစင်းငေးကြည့်နေမိသည်။ သူ၏ပထမဆုံးတုံ့ပြန်မှုမှာ သူယူဆောင်လာသောမှတ်စုစာအုပ်ကိုဆွဲထုတ်ကာ သူ့မှတ်ဉာဏ်များပျောက်ပျက်မသွားခင်မှာပင် အင်းစာရွက်ပေါ်တွင်တွေ့ခဲ့ရသော မန္တန်အစီအရင်ကို စာအုပ်ထဲတွင်ချ၍ရေးဆွဲထားလိုက်သည်။ ထို့နောက်တွင်မူ [မိစ္ဆာတစ်ထောင်အချပ်ပို] စာအုပ်ဖြင့် ထိုမန္တန်ကိုကြည့်ရှုလိုက်သည်။

[မိစ္ဆာတစ်ထောင်အချပ်ပို] စာအုပ်သည်ကား သူ့အား အဖြေတစ်ခုကို လျင်မြန်စွာပြသလာသည်။

“နိဗ္ဗာန်မန္တန်”

“ကြားရတာတော့ အတော်လေးမိုက်သားပဲ”

သူတွေးလိုက်သည်။ ထို့နောက် အသေးစိတ်ကျသောရှင်းပြချက်ကိုစောင့်ဆိုင်းနေလိုက်သည်။

သူအချိန်အတော်ကြာစောင့်ဆိုင်းနေစေကာမူ [မိစ္ဆာတစ်ထောင်အချပ်ပို] စာအုပ်သည်ကား မည်သည့်အရာကိုမှထပ်မံ၍မပြသလာတော့ပါချေ။

ထင်သည့်အတိုင်းပင် ထိုကဲ့သို့ အမှားဗရပွများထွက်ပေါ်လာတတ်ခြင်းမှာ အနှီအစုတ်ပလုတ်စာအုပ်၏လုပ်နေကျအပြုအမူပင်ဖြစ်သည်__ရွှမ်းကျီးမှာ လက်လျှော့သွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက စာအုပ်ကိုပိတ်ရန်ပြင်လိုက်စဉ်မှာပင် သူ့မျက်လုံးများမှာ ရုတ်တရက်ပြူးကျယ်သွားရလေ၏။ [မိစ္ဆာတစ်ထောင်အချပ်ပို] စာအုပ်သည်ကား ပထမဆုံးအကြိမ်အဖြစ် ခေါင်းစီးစာတန်းမဟုတ်၊ ဖော်ညွှန်းချက်တစ်ခုမဟုတ်သော စာသားများကိုပြသလာ၏။

ဗလာကျင်းနေသောစာမျက်နှာပေါ်တွင် အနှီစာသားများပေါ်ပေါက်လာသည်။

အကယ်၍ နိဗ္ဗာန်မန္တန်ကိုတွေ့မြင်လိုက်ရပါလျှင် နိဗ္ဗာန်ကျောက်တုံးမှာ ပျက်စီးသွားပြီဖြစ်သည်။ အဆုံးသတ်ရန် နီးကပ်လာပြီ။ ပစ္စုပ္ပန်ကို တန်ဖိုးထားပါ။

ရွှမ်းကျီးခမျာ မယုံကြည်နိုင်သလိုဖြစ်သွားရှာသည်။ ထိုစာသားများသည်ကား ဟိုနိဗ္ဗာန် သည်နိဗ္ဗာန်ဟူသော ထူးထူးဆန်းဆန်းစကားလုံးများပါဝင်နေစေကာမူ အကြမ်းဖျင်းအားဖြင့် သူနားလည်သဘောပေါက်လိုက်သည်ကတော့ အနှီစာသားများသည်ကား သူ့ကိုဆဲဆိုနေတာပဲဖြစ်သည်!

[မိစ္ဆာတစ်ထောင်အချပ်ပို] စာအုပ်သည်ကား သူ့ကိုဆဲဆိုပြီးသည့်နောက်တွင်မူ အရိုက်ခံရမည်ကိုစိုးရိမ်သည့်အလား သူ့မြင်ကွင်းအတွင်းမှပျောက်ကွယ်သွားလေတော့သည်။ ရွှမ်းကျီးက ထိုစာအုပ်အား ပြန်လည်ဆင့်ခေါ်လိုက်စေကာမူ ၎င်းမှာသေချင်ယောင်ဆောင်နေပြီး ထပ်မံ၍ထွက်ပေါ်မလာတော့ပါချေ!

ရွှမ်းကျီးမှာ သူ့လက်ချောင်းများကို လက်ကောက်ဝတ်ပေါ်သို့တင်ကာ သူ့ကိုယ်သူ ခေတ္တခဏစမ်းသပ်စစ်ဆေးလိုက်သည်။ သွေးခုန်နှုန်းမှာတည်ငြိမ်ပြီးအားကောင်းနေသည်။ ကိုယ်ဝန်ရှိနေသောလက္ခဏာမျိုးလည်းမဟုတ်၊ သေလုမြောပါးဖြစ်နေသော ရောဂါတစ်ခုခုရှိနေတာမျိုးကိုလည်းမခံစားရ။ ၎င်းမှာ ကြောင်အမ်းအမ်းဖြစ်သွားကာ တခဏမျှပြန်၍လဲလျောင်းလိုက်သည်။ သူစိတ်ထင်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းမှာ အမှန်တကယ်ပင် ခေါင်းကိုက်လာပြီး ဆက်လက်၍အိပ်စက်လို့မရနိုင်တော့ပါချေ။

ရွှမ်းကျီးသည်ကား သူ့ဘဝတစ်လျှောက်လုံးတွင် နေရာနှစ်နေရာ၌သာ အတွေ့အကြုံမရှိဖူးခဲ့တာဖြစ်သည်။ တစ်ခုမှာ အစားအသောက်ပျက်ခြင်းဖြစ်ပြီး ကျန်တစ်ခုမှာ အိပ်ရေးပျက်ခြင်းဖြစ်သည်။ ၎င်းမှာ အချိန်အတော်ကြာအောင် ဟိုလှိမ့်သည်လှိမ့်လုပ်နေပြီးသော်ငြား မည်သို့မျှအိပ်ငိုက်လာခြင်းအလျဉ်းမရှိ။ သို့ဖြစ်ရာ စောင်ကိုလှစ်ဟကာ ကုန်းရုန်းထလာပြီး နွားနို့တစ်ခွက်သောက်ရန်ထွက်လာခဲ့လေသည်။

ထိုအခိုက် အရှေ့ဘက်အခန်းဆီမှ မီးအလင်းရောင်ဖျော့ဖျော့ထွန်းလင်းနေသည်ကိုတွေ့မြင်လိုက်ရသည်__တစ်ယောက်ယောက်က ကွန်ပျူတာကိုအသုံးပြုနေတာပဲ။

ဟင်? ဒီအချိန်ကြီးမှာလား? ဘယ်သူက မအိပ်သေးတာလဲ?

ဤညချမ်းချိန်ခါသမယအတွင်း နောက်ထပ်အိပ်မပျော်နိုင်သောလူတစ်ယောက်မှာ ကူယွဲ့ရှီးပင်တည်း။

သူမ၏အနည်းငယ်တွဲကျနေသောမျက်ဝန်းများမှာ အချိန်ကြာမြင့်စွာအိပ်ရေးပျက်ခဲ့ရမှုတို့ကြောင့် နီရဲနေပြီး ပုံမှန်ထက်ပင် ပို၍စိတ်ဓာတ်ကျစရာကောင်းသောအငွေ့အသက်မျိုးကိုပေးစွမ်းလို့နေသည်။ ရေခဲတိုက်တွင် အချိန်ပိုဆင်းပြီးပြန်လာသူတစ်ဦးကဲ့သို့နှယ်။ သူမသည်ကား ကွန်ပျူတာထဲတွင် စောင့်ကြည့်မှတ်တမ်းဗီဒီယိုအချို့ကိုပြန်လည်ကြည့်ရှုနေတာပဲဖြစ်သည်။ လေယာဉ်ပေါ်တွင် အသံဗလံများဆူညံနေသောကြောင့် ကူယွဲ့ရှီးမှာ ရွှမ်းကျီး၏ခြေသံများကိုလုံးဝဥဿုံသတိထားမိခြင်းမရှိပါချေ။

သုံးချွမ်းဖြစ်ပွားခဲ့သောမတော်တဆဖြစ်ရပ်များကြောင့် ရွှမ်းကျီးသည်ကား အနှီလေနတ်ဘုရားထိပ်သီးတပ်ဖွဲ့ဝင်များကိုသံသယဝင်နေခဲ့တာဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ အရိပ်ထဲတွင်တိတ်တိတ်လေးရပ်နေပြီး ခေတ္တခဏစောင့်ကြည့်နေ၏။ ကူယွဲ့ရှီးကြည့်ရှုစစ်ဆေးနေသော စောင့်ကြည့်မှတ်တမ်းမှာ သုံးချွမ်းဈေးအနီးတဝိုက်ကိုရိုက်ကူးထားသောဗီဒီယိုမှတ်တမ်းများဖြစ်ကြောင်း သူသဘောပေါက်သွားသည်။ အထူးသဖြင့် သူတို့မှောင်ခိုဈေးအတွင်းသို့ဝင်ရောက်ရှာဖွေခြင်းမပြုမီနှင့် ရှာဖွေပြီးနောက်ပိုင်းမှတ်တမ်းများဖြစ်သည်။

“ကျွန်တော်တို့ အဲဒီနေ့တုန်းက တစ်ခုခုလွတ်သွားတာများရှိလို့လားဗျ?”

ရုတ်တရက်ထွက်ပေါ်လာသော သူ့စကားသံကြောင့် ကူယွဲ့ရှီးမှာလန့်ဖျပ်သွားပြီး သူမလက်ထဲတွင်ကိုင်ထားသော ကွန်ပျူတာမောက်စ်ပင်လွတ်ကျတော့မလိုဖြစ်သွားရှာ၏။

“ဒါရိုက်တာရွှမ်း…..”

သူမက လပ်တော့ပ်ကိုအလန့်တကြားပိတ်လိုက်သည်။

“မ…မဟုတ်ပါဘူး….လိုရမယ်ရပါ….မှောင်ခိုဈေးနားက စောင့်ကြည့်ကင်မရာတွေကို တစ်ချက်လောက်စစ်ဆေးကြည့်နေတာပါ…အမှုကိုခြုံငုံသုံးသပ်ကြည့်မလားလို့လေ__ဒါရိုက်တာရွှမ်းက ဘာဖြစ်လို့ ဒီလောက်အစောကြီးနိုးလာတာလဲ?”

“မသိဘူးလေ…ကြည့်ရတာ အသက်တွေလည်းကြီးလာပြီထင်ပါတယ်”

ရွှမ်းကျီးက ဘာကိုမှသတိမထားမိသည့်နှယ် တစ်ချက်မျှသန်းဝေလိုက်ပြီးနောက် သူမနှင့်ပေါက်ကရလေးဆယ်စကားစမြည်ပြောဆိုပြီးသော် ဘားကောင်တာရှိရာသို့လျှောက်လှမ်းသွားလိုက်လေသည်။

ဒုအဖွဲ့ခေါင်းဆောင်က သေချာပေါက်ကို လိမ်ပြောနေတာပဲ

ရွှမ်းကျီးက နွားနို့များကိုခွက်ထဲသို့လောင်းထည့်နေရင်း တွေးတောလိုက်သည်။

သူမသည်ကား ပတ်ဝန်းကျင်အနီးတဝိုက်ကိုကြည့်ရှုစစ်ဆေးနေခြင်းမဟုတ်ဘဲ နေရာတစ်နေရာတည်းကိုသာ အထူးတလည်အာရုံစူးစိုက်၍ကြည့်ရှုနေတာဖြစ်သည်။ ရွှမ်းကျီးသည်ကား အစောတုန်းကကင်မရာမှတ်တမ်းအချို့ထဲမှ လမ်းနာမည်တစ်ခုကိုသတိပြုမိသွားသည်။ ၎င်းမှာ အရပ်မျက်နှာနှင့်ပတ်သက်လာလျှင် အာရုံခံစားနိုင်စွမ်းအားကောင်းသူဖြစ်ပြီး သူသွားလာခဲ့ဖူးသောနေရာဒေသများကို မြေပုံဖြင့်အလိုအလျောက်တိုက်ကြည့်နိုင်စွမ်းရှိသည်။ ရှုထောင့်ပေါင်းစုံမှကင်မရာရိုက်ချက်များကို သုံးသပ်တွေးတောကြည့်ပြီးနောက်တွင်မူ ထိုမှတ်တမ်းများအားလုံးသည်ကား ဈေး၏အနောက်တောင်ဘက်မှ မီတာရာပေါင်းအနည်းငယ်ကွာဝေးသော ဆင်းရဲသားရပ်ကွက်တစ်ခုရှိ အိမ်စုတ်လေးများဖြစ်နေကြသည်ကို သူကောက်ချက်ချနိုင်သွား၏။

သူက ဘာကိုများ ဒီလောက်တောင်ရည်ရွယ်ချက်ရှိရှိနဲ့ရှာဖွေနေတာလဲ?__သူတို့တွေ အဲဒီနေ့တုန်းက သုံးချွမ်းမှောင်ခိုဈေးကိုရှင်းလင်းရေးလုပ်တုန်း ကောင်းကင်ပေါ်ကနေပြီး သူဘာကိုတွေ့သွားလို့လဲ?

31.10.21

Thanks for votes and cmt.

*************

Zawgyi

႐ႊမ္းက်ီးတစ္ေယာက္ မိစာၦသခင္ႀကီးအေၾကာင္းကိုစုံစမ္းရန္ႀကိဳးစားေနခ်ိန္မွာပင္ အႏွီမိစာၦသခင္ႀကီးသည္ကား သူ႕ဘိုးေဘးမ်ား၏အုတ္ဂူမ်ားကိုသြားတူးရန္အလို႔ငွာ လမ္းခုလတ္တြင္ေရာက္ရွိေနၿပီျဖစ္ေၾကာင္းကို သူသတိမထားမိခဲ့ပါေခ်။

ရွန႔္လင္ယြမ္းသည္ကား လက္မွတ္ဝယ္ယူျခင္းမရွိ။ ၎မွာ ဘူတာ႐ုံဆီသို႔စိမ္ေျပနေျပေလွ်ာက္လွမ္းသြားလိုက္ရင္း လက္မွတ္စစ္သူ၏မ်က္စိေရွ႕ေမွာက္မွာပင္ ထိုသူအားျဖတ္ေက်ာ္သြားလိုက္သည္။ လက္မွတ္စစ္မွာ သူ႕ကိုလုံးလုံးလ်ားလ်ားမျမင္သည့္ဟန္ျဖင့္ ေက်ာ္သြားၿပီး သူ႕ေနာက္မွပါလာေသာခရီးသည္တစ္ေယာက္ထံမွသာ လက္မွတ္ကိုေတာင္းယူစစ္ေဆးလိုက္သည္။

တစ္ခ်ိန္တည္းမွာပင္ ယုံအန္း၌ရွိေနေသာ ေရွာင္းက်န္းသည္ကား ဌာနခ်ဳပ္အပါအဝင္ တစ္နိုင္ငံလုံးတြင္ရွိေနၾကေသာ DCO ႐ုံးခြဲမ်ားအားလုံးကိုပိတ္ထားရန္လွ်ို႔ဝွက္အမိန႔္စာတစ္ခုထုတ္ျပန္ေၾကညာလိုက္သည္။ “အဆိုပါဗိုင္းရပ္စ္ပိုးသည္ကား အျခားလူမ်ားကိုပါ ကူးစက္နိုင္စြမ္းရွိ၊ မရွိ စုံစမ္းစစ္ေဆးေနခ်ိန္၌ မည္သူတစ္ဦးတစ္ေယာက္မွ ႐ုံးခန္းအေဆာက္အဦးမ်ားအတြင္း ဝင္ထြက္ခြင့္မျပဳ” ဟူသည့္ အမိန႔္ေၾကညာခ်က္တစ္ေစာင္ကိုထုတ္ျပန္လိုက္၏။

သူတို႔ဆင္ထားေသာေထာင္ေခ်ာက္မိသြားရွာသည့္ ကိုမာဝင္သြားသူမ်ားအား သီးသန႔္ခြဲထုတ္ထားလိုက္ၿပီျဖစ္ၿပီး အျပင္တြင္လြတ္ေနေသးသူမ်ားမွာမူ မိမိတို႔ကိုယ္တိုင္လည္း ေရာဂါကူးစက္ခံထားရၿပီလားဟူ၍ စိုးရိမ္ေသာကပြားေနရွာေတာ့သည္။ တစ္ခ်ိန္တည္းမွာပင္ အကင္းပါးထက္ျမက္သူမ်ားမွာမူ ဖုံးကြယ္ထားေသာျဖစ္ရပ္မ်ားရွိေနသလားဟူ၍ သံသယဝင္ေနၾကၿပီျဖစ္သည္။

ထူးျခားစြမ္းရည္ပိုင္ရွင္အဖြဲ႕အစည္းမ်ားၾကားတြင္ စုံစမ္းစစ္ေဆးေရးေလမုန္တိုင္းႀကီးတစ္ခုသည္ကား ႀကိဳတင္သတိေပးျခင္းအလ်ဥ္းမရွိပါဘဲ တစ္နိုင္ငံလုံးေနရာအႏွံ႕အျပားသို႔ျဖတ္သန္းတိုက္ခတ္သြားေလၿပီ။

သုံးခြၽမ္းၿမိဳ႕တြင္းမွ ကီလိုမီတာ (၁၀၀) ခန႔္ကြာေဝးေသာ ၿမိဳ႕စြန္တစ္ခုတြင္ျဖစ္သည္။ သူရိန္ေနမင္းႀကီးသည္ကား အေနာက္မိုးကုပ္စက္ဝိုင္းေပၚသို႔ေမးတင္ေမွးမွိန္စျပဳလာခ်ိန္တြင္ ငွားရမ္းထားေသာၿမိဳ႕စြန္အိမ္ကေလးတစ္လုံးအတြင္း၌ ေျမႀကီးေပၚသို႔ေလးလံေသာအရာတစ္ခု သက္ဆင္းျပဳတ္က်လာသည့္အသံတစ္သံထြက္ေပၚလာသည္။ ေနရာေျပာင္းေ႐ႊ႕အစီအရင္အတြင္းမွခက္ခက္ခဲခဲထြက္ေပၚလာသူသည္ကား မစၥတာန်န္ပင္တည္း။ ၎မွာ ထိုအစီအရင္ထဲတြင္ ရွစ္နာရီခန႔္ပိတ္မိေနခဲ့တာျဖစ္သည္။ ၎မွာ သူ႕အကၤ်ီရင္ဘတ္ေပၚရွိ အိတ္ကပ္ေလးတစ္ခုကို လက္တစ္ဖက္ျဖင့္ဖိႏွိပ္ထားၿပီး အေတာ္ေလးကိုေျခကုန္လက္ပန္းက်ေနဟန္ျဖင့္ ၾကမ္းျပင္ေပၚသို႔လဲက်သြားရွာသည္။

အခ်ိန္မည္မွ်ၾကာသြားမွန္းမသိေသာအခါမွပင္ ၎မွာ ေနာက္ဆုံး၌သတိျပန္ကပ္လာ၏။ ထို႔ေနာက္ သူ႕အကၤ်ီအိတ္ကပ္အတြင္းမွ သတၱဳျပားအပိုင္းစေလးတစ္ခုကို အတုန္တုန္အယင္ယင္ျဖင့္ထုတ္ယူလိုက္ၿပီး စစ္ေဆးၾကည့္ရႈလိုက္သည္။

ဆည္းဆာေနမင္းႀကီးထံမွျဖာဆင္းလာေသာ အလင္းတန္းမ်ားမွာ ျပတင္းေပါက္မွတဆင့္ ေစာင္းငဲ့ျဖတ္သန္းကာ အခန္းတြင္းသို႔ထြန္းလင္းျဖာက်ေနလ်က္ရွိၿပီး သတၱဳျပားေလး၏အနားစြန္းမ်ားအား ႏူးညံ့ေႏြးေထြးေသာေ႐ႊေရာင္အလင္းတန္းမ်ားျဖင့္ တလက္လက္ထင္ဟပ္သြားေစ၏။ အလင္းတန္းမွ်င္မ်ားမွာ ေရတြင္းတမွ်နက္ရွိုင္းလွေသာ ထိုလူ၏မ်က္လုံးမ်ားအတြင္းသို႔ ထိုးေဖာက္ျဖာက်သြားခ်ိန္၌ အႏွီေရခဲတမွ်ေအးစက္ေသာမ်က္ဝန္းမ်ားထဲတြင္ ဝဲဂယက္ငယ္ေလးမ်ားထလာသေယာင္။

ထိုလူက သတၱဳျပားေလး၏အေျခအေနကိုစစ္ေဆးၾကည့္ရႈၿပီးေနာက္တြင္မူ ထိုသတၱဳျပားေလးအား သူ႕လည္ပင္းထက္တြင္ျပန္လည္ခ်ိတ္ဆြဲထားလိုက္သည္။ ၎မွာ ထိုပစၥည္းကို အကၤ်ီေအာက္သို႔ထိုးထည့္လိုက္ခ်ိန္၌ သူ႕အေရျပားႏွင့္ထိကပ္သြားခ်ိန္ဝယ္ သတၱဳျပားေပၚတြင္ရွိေနေသာအေအးဓာတ္ေၾကာင့္ တခဏမွ်တအံ့တဩျဖစ္သြားရေလသည္။ သူက ခက္ခက္ခဲခဲျပန္ထလိုက္ၿပီး မီးခိုခန္းထဲမွအားျဖည့္အခ်ိဳရည္တစ္လုံးႏွင့္ေခ်ာကလက္တစ္ခုကိုထုတ္ယူလိုက္သည္။

သူ႕ခႏၶာကိုယ္ကို ျပန္လည္၍ခပ္သြက္သြက္အားအင္ျဖည့္တင္းၿပီးသြားခ်ိန္၌ မစၥတာန်န္သည္ကား ခန္းဆီးလိုက္ကာမ်ားကိုဆြဲပိတ္လိုက္ၿပီး လက္အိတ္ကိုဝတ္ဆင္ကာ သုံးခြၽမ္းေမွာင္ခိုေဈးကြက္အတြင္းမွရရွိလာခဲ့ေသာ ႐ႊံ႕ေသတၱာေလးတစ္လုံးကိုထုတ္ယူလိုက္သည္။ ထိုပစၥည္းေပၚရွိ ခ်ိပ္တံဆိပ္မွာအေကာင္းအတိုင္းရွိ၊ မရွိကို အတည္ျပဳစစ္ေဆးလိုက္ၿပီးေသာ္ ၎ကိုျပန္လည္သိမ္းဆည္းထားလိုက္ၿပီး သူ႕ဖုန္းကိုထုတ္ကာ မက္ေဆ့ခ်္တစ္ေစာင္ပို႔လိုက္သည္။

“ကြၽန္ေတာ္ မနက္ျဖန္က်ရင္ အလည္တစ္ေခါက္လာခဲ့ပါဦးမယ္”

ဖုန္းထဲမွမက္ေဆ့ခ်္ထြက္သြားၿပီးၿပီးခ်င္းမွာပင္ ‘ဂြၽတ္’ ခနဲျမည္သံတစ္သံကို သူၾကားလိုက္ရသည္။ သူေခါင္းငုံ႕ၾကည့္လိုက္ေသာအခါ သူ၏လက္ပတ္နာရီအေနာက္ျခမ္းတြင္ရွိသည့္ ေၾကးဝါေရာင္သံလိုက္အိမ္ျမႇောင္ေပၚ၌ အက္ကြဲေၾကာင္းတစ္ခု ႐ုတ္တရက္ျဖစ္ေပၚလာသည္ကိုျမင္ေတြ႕လိုက္ရသည္။ တစ္ခ်ိန္က ျပစ္မ်ိဳးမွဲ႕မထင္ေအာင္ အႏုစိတ္လက္ရာေျမာက္လွေသာ ေရွးေဟာင္းသံလိုက္အိမ္ျမႇောင္ေပၚတြင္ အသက္အ႐ြယ္ႀကီးရင့္လာျခင္း၏အရိပ္အေယာင္မ်ားစတင္ျဖစ္ေပၚလာၿပီး သံေခ်းမ်ားမွာလည္း သာမန္မ်က္စိျဖင့္ျမင္ေတြ႕နိုင္သည္အထိ မ်က္ႏွာျပင္ေပၚသို႔လ်င္ျမန္စြာပ်ံ့ႏွံ႕တက္လာေနသည္။ မ်က္စိတမွိတ္အတြင္းမွာပင္ သံလိုက္အိမ္ျမႇောင္ေပၚရွိ *ေကာင္းကင္ဘုံအမွတ္အသားစက္ဝန္းမွာ သံေခ်းတက္ပ်က္စီးသြားၿပီးေသာ္ ၎မွာ မည္သို႔မွအသုံးမဝင္ေတာ့သည့္ ေလးလံေသာအစုတ္အပဲ့သတၱဳပစၥည္းတစ္ခုအျဖစ္သာေျပာင္းလဲသြားရွာေတာ့သည္။

( T/N

*ဒီလိုမ်ိဳးတ႐ုတ္သေကၤတအမွတ္အသားေတြပါတဲ့ သံလိုက္အိမ္ျမႇောင္မ်ိဳးကိုေျပာတာပါ)


အႏွီသံလိုက္အိမ္ျမႇောင္မွာ သက္တမ္းမည္မွ်ၾကာျမင့္ေနၿပီမွန္းမသိေသာ္ျငား ၎သည္ကား ေခတ္သစ္ပစၥည္းကိရိယာမ်ားထက္ပင္ ထူးျခားစြမ္းရည္မ်ားကို ပို၍တိက်စြာအာ႐ုံခံနိုင္စြမ္းရွိၿပီး စိတ္စြမ္းအင္ထူးျခားစြမ္းရည္ပိုင္ရွင္မ်ား၏အကာအကြယ္တံတိုင္းမ်ားကိုပင္ အလြယ္တကူထိုးေဖာက္နိုင္စြမ္းရွိေလသည္။ ၎ပစၥည္းမွာ သူ၏ဘိုးေဘးမ်ားထံမွ လက္ဆင့္ကမ္းရရွိလာေသာေရွးေဟာင္းအေမြအႏွစ္ပစၥည္းတစ္ခုျဖစ္ၿပီး ႏွစ္ေထာင္ေပါင္းမ်ားစြာသက္တမ္းရွိၿပီဟုဆို၏။ ယခုေတာ့လည္း သည္လိုႏွင့္ပင္ အနိစၥသေဘာျဖင့္ကိစၥေခ်ာသြားခဲ့ၿပီျဖစ္သည္။ မစၥတာန်န္မွာ မ်က္ေမွာင္ႀကဳံ႕လိုက္ၿပီး စီးကရက္တစ္လိပ္ကိုမီးညွိလိုက္ၿပီးေနာက္ ေၾကာက္စရာေကာင္းေသာအနက္ေရာင္ပုံရိပ္ကို ျပန္လည္စဥ္းစားမိသြားသည္။

မစၥတာန်န္သည္ကား သူ႕ကိုယ္သူ အေတာ္အသင့္ဗဟုသုတျပည့္စုံႂကြယ္ဝသူတစ္ဦးဟုယူဆထားျဖစ္သည့္တိုင္ေအာင္ သူ႕အားအလန႔္တၾကားျဖစ္ေစခဲ့ေသာ ထိုအရာႏွင့္ပက္ပင္းတိုးခဲ့ျခင္းမွာ သူ႕အတြက္ပထမဆုံးအႀကိမ္ျဖစ္သည္။ မိမိမွာ တစ္ဖက္လူ၏မ်က္ႏွာကိုပင္ ေသေသခ်ာခ်ာမၾကည့္ရႈလိုက္ရေသာ္ျငား ထိုသူ၏ခပ္ဩဩအသံေၾကာင့္ သူ၏အရိုးမ်ားအတြင္းမွပင္ စိမ့္ခနဲေအးသြားခဲ့ရသည္။

အကယ္၍ မိုးႀကိဳးလွ်ပ္စီးမ်ားေၾကာင့္သာမဟုတ္ပါမူ ထိုသူသည္ကား သူ၏ေနရာေျပာင္းေ႐ႊ႕အစီအရင္ကို လက္ဗလာျဖင့္ပင္ ဆုတ္ၿဖဲပစ္လိုက္နိုင္မွာျဖစ္သည္။

ဒါက ဘယ္လိုလူလဲ?

ဒီလိုထူးဆန္းၿပီးအင္အားႀကီးတဲ့လူမ်ိဳးကို ျပည္သူေတြၾကားထဲကေနေ႐ြးထုတ္လာၿပီး DCO မွာအလုပ္ခန႔္ထားတာလား? ဒါမွမဟုတ္….တျခား ‘အရာ’ တစ္ခုမ်ားလား?

မီးခိုးေငြ႕မ်ားမွာ ေကာင္းကင္ယံထက္သို႔လြင့္ေမ်ာပ်ံလြင့္သြားသည္။ သူရိန္ေနမင္းႀကီးသည္ကား ကမာၻေျမႀကီးအတြင္းသို႔ငုပ္လွ်ိုးတိုးဝင္သြားၿပီျဖစ္သည္။

ညခ်မ္းခ်ိန္ခါသမယသို႔ က်ေရာက္လာေလၿပီ။ မူလအစက ‘ေသမ်ိဳးကမာၻ’ ဟုေခၚတြင္ေသာ ဤကမာၻေျမႀကီးေပၚတြင္ ႏွစ္ေပါင္းသုံးေထာင္ခန႔္ကုန္လြန္သြားခဲ့ၿပီျဖစ္သည္။

ထိုအခ်ိန္၌ သုံးခြၽမ္းၿမိဳ႕မွေမာင္းႏွင္ထြက္ခြာလာၿပီး ‘စူ’ ေဒသဆီသို႔ဦးတည္ေနေသာ ရထားတစ္စင္းသည္ကား ခ်ိယြမ္း၌ရပ္တန႔္သြားၿပီျဖစ္သည္။ အခ်ိန္မွာ ညသန္းေခါင္ယံကိုေက်ာ္လြန္၍ မနက္ (၃) နာရီခန႔္ရွိၿပီျဖစ္သည္။ ရထားတြဲမ်ားသည္ကား တစ္ေန႕တာ၏အတိတ္ဆိတ္ဆုံးအခ်ိန္အခါအတြင္း ျဖတ္သန္းေမာင္းႏွင္ေနလ်က္ရွိသလို ခရီးသည္မ်ားမွာလည္း ရထားေပၚတြင္ပ်င္းရိပ်င္းတြဲေခြေခါက္လိုက္ပါရင္း အိပ္မက္လွလွမက္ေနၾကသလို အခ်ိဳ႕ခရီးသည္မ်ားမွာမူ ျပတင္းေပါက္မွတဆင့္ အျပင္ဘက္တြင္ရွိေသာမွိတ္တုတ္မွိတ္တုတ္မီးအလင္းေရာင္မ်ားကိုေငးေမာၾကည့္ရႈေနၾကေလသည္။ တစ္ေယာက္ႏွင့္တစ္ေယာက္စကားေျပာဆိုျခင္းမ်ိဳးမရွိၾကေတာ့သည့္တိုင္ အိပ္မေပ်ာ္နိုင္ေသးဘဲျဖစ္ေနၾက၏။ ရွည္လ်ားေသာရထားတြဲမ်ားသည္ကား ပုံပန္းသြင္ျပင္မတူညီၾကေသာ လူသားတစ္ေယာက္၏အ႐ြယ္အစားခန႔္ရွိသည့္ အ႐ုပ္မ်ားအားဆြဲေခၚလာေနသည့္ႏွယ္။

ရွည္လ်ားေသာသက္ျပင္းခ်သံႏွင့္အတူ ရထားမွာဘူတာ႐ုံအတြင္းသို႔ဆိုက္ေရာက္သြားၿပီျဖစ္သည္။ အခ်က္ျပမီးမွာ ထူထဲေသာျမဴခိုးေငြ႕မ်ားကိုထိုးေဖာက္သြားၿပီးေနာက္ ရထားေပၚရွိအမ်ိဳးသမီးဝန္ထမ္းက သူမ၏မ်က္လုံးမ်ားကိုပြတ္သပ္ကာေျပာလိုက္သည္။

“ခ်ိယြမ္းဘူတာ႐ုံသို႔ဆိုက္ေရာက္ပါၿပီ….ဘူတာ႐ုံမွာ ႏွစ္မိနစ္ရပ္နားမွာျဖစ္ပါတယ္ရွင့္”

ဆံပင္ရွည္ႏွင့္လူတစ္ေယာက္သည္ကား သူမကိုျဖတ္ေလွ်ာက္သြားကာ ရထားေပၚမွဆင္းသြားသည္။

“ေက်းဇူးတင္ပါတယ္”

“အိုင္း….ရပါတယ္ရွင့္”

ရထားဝန္ထမ္းအမ်ိဳးသမီးမွာ သမ္းေဝေနလ်က္ပင္ ဗလုံးဗေထြးျပန္လည္ေျဖၾကားလိုက္သည္။ ထို႔ေနာက္တြင္ေတာ့ သူမ၏ဟ,ထားေသာပါးစပ္မွာ လမ္းခုလတ္တြင္ရပ္တန႔္သြားပုံရၿပီး ၎မွာ ႐ုတ္တရက္ အထိတ္တလန႔္ျဖစ္ကာ အိပ္ခ်င္ေျပသြားရွာေတာ့သည္__ခုနတုန္းက ထိုလူသည္ကား ခရီးေဆာင္အိတ္တစ္လုံးတေလမွသယ္ေဆာင္မထားပါဘဲႏွင့္ အစားအေသာက္တြဲအခန္းထဲမွဆင္းသြားခဲ့တာျဖစ္သည္။

သို႔ေသာ္ ….အစားအေသာက္တြဲမွာပိတ္သြားခဲ့ၿပီျဖစ္သည္။ သူမသည္လည္း မၾကာေသးမီကမွ ထိုအခန္းကိုလွည့္ပတ္ၾကည့္ရႈစစ္ေဆးခဲ့တာျဖစ္ၿပီး အထဲတြင္လူတစ္ဦးတစ္ေယာက္မွရွိမေနခဲ့ပါေခ်!

ရထားဝန္ထမ္းအမ်ိဳးသမီးမွာ သရဲတစ္ေကာင္ကိုေတြ႕လိုက္ရသည့္ႏွယ္ မ်က္လုံးမ်ားျပဴးက်ယ္ဝိုင္းစက္သြားကာ စၾကၤံထက္သို႔လွည့္ၾကည့္လိုက္သည္။ ျမဴမ်ားမွာအုပ္ဆိုင္းသထက္အုပ္ဆိုင္းလာၿပီး ေသာ္တာလမင္းႀကီးႏွင့္ၾကယ္တာရာမ်ားကိုပါအုပ္လႊမ္းသြားသလို စၾကၤံထက္ရွိမီးအလင္းေရာင္မ်ားမွာလည္း ျမဴခိုးေငြ႕မ်ားအၾကားဝယ္ဖုံးလႊမ္းျခင္းခံလိုက္ရသည္။ ပင္ပန္းႏြမ္းလ်ေနေသာေျခေထာက္မ်ားကိုဆြဲကာ ရထားေပၚသို႔အတက္အဆင္းလုပ္ေနေသာခရီးသည္အခ်ိဳ႕မွလြဲ၍ ထူးဆန္းေသာဆံပင္ရွည္ႏွင့္လူသားကိုမူ ထပ္မေတြ႕ရေတာ့ပါေခ်။

ရွန႔္လင္ယြမ္းမွာ တည္ၿငိမ္ၿပီးျမန္ဆန္ေသာ ရထားတစ္စင္းသည္ကား ေလထဲတြင္ပ်ံသန္းေသာ ‘သံမဏိငွက္’ မ်ားထက္စာလွ်င္ အမ်ားႀကီးပိုေကာင္းေပသားပဲဟုေတြးေတာလိုက္သည္။ သူ၏ခရီးစဥ္မွာလည္း အေတာ့္ကိုသာယာၾကည္ႏူးစရာေကာင္းေသာခရီးစဥ္တစ္ခုျဖစ္ခဲ့ေလသည္။

၎သည္ကား ညအေမွာင္ထုအတြင္း၌ျဖတ္သန္းေလွ်ာက္လွမ္းေနရင္း ခ်ိယြမ္းေခ်ာက္နက္ႀကီးဆီသို႔ တန္းတန္းမတ္မတ္သြားေနတာျဖစ္သည္။

ခ်ိယြမ္းေခ်ာက္နက္ႀကီးေအာက္ေျခတြင္မူ မိမိကိုယ္တိုင္အိပ္မက္ဆိုးတစ္ခုျဖစ္ေနခဲ့သည့္ လက္နက္ဝိညာဥ္ ဓား (၁) သည္ကား အိပ္စက္ျခင္းအလ်ဥ္းမရွိပါေခ်။ ၎မွာ ညစဥ္ညတိုင္း အျခားေသာလက္နက္ဝိညာဥ္မ်ားကိုေနရာခ်ထားေပးၿပီးသည့္ေနာက္တြင္ ယဇ္ပလႅင္ဆီသို႔တစ္ေယာက္တည္းသြားထိုင္ေနတတ္သည္။ ယဇ္ပလႅင္မွာ ေျမျမင့္ပိုင္းတြင္တည္ရွိၿပီး ေခ်ာက္နက္ႀကီးအတြင္းသို႔ထြန္းလင္းျဖာက်လာေသာ အ႐ုဏ္ဦးေနေရာင္ျခည္တန္းမ်ားကို ပထမဆုံးလက္ခံရရွိေသာေနရာျဖစ္သည္။

လူသားမ်ားသည္ကား အသက္အ႐ြယ္အိုမင္းရင့္ေရာ္ကာ ေသမင္းတံခါးဝသို႔ေရာက္လာေသာအခ်ိန္၌ သူတို႔၏ေန႕ရက္တိုင္းအား ထမင္းသုံးနပ္စားရန္အတြက္သာရွင္သန္ေနထိုင္ၾကတာျဖစ္သည္။ မနက္စာစားၿပီးသည္ႏွင့္ အခ်ိန္နာရီစကၠန႔္မ်ားကိုေရတြက္ကာ ေန႕လယ္စာစားရန္ေစာင့္ဆိုင္းၾကရသည္။ ေန႕လယ္စာစားၿပီးသည္ႏွင့္ အခ်ိန္နာရီေန႕ရက္တို႔ကိုမသိေတာ့သည္အထိ တစ္ေရးတေမာအိပ္စက္ၾကသည္။ ၎တို႔သည္ကား ေယာင္ခ်ာခ်ာျဖစ္ေနေသာဦးေႏွာက္မ်ားျဖင့္ အိပ္စက္လိုက္ၾကၿပီး ေယာင္ခ်ာခ်ာျဖစ္စြာပင္ျပန္လည္နိုးထလာၾကသည္။ ထို႔ေနာက္ မိမိတို႔မွာ အသက္ရွင္ေနဆဲျဖစ္ေၾကာင္းကိုသေဘာေပါက္သြားခ်ိန္၌ သက္ရွိလူသားမ်ား၏နိစၥဓူဝလုပ္ငန္းတစ္ခုျဖစ္ေသာအလုပ္တစ္ခုကိုဆက္လက္လုပ္ကိုင္ၾကေပသည္__ညစာစားျခင္းျဖစ္သည္။ ညစာစားၿပီးသည့္ေနာက္တြင္မူ တစ္ေန႕တာ၏အလုပ္ႀကီးအကိုင္ႀကီးမ်ားကိုလုပ္ေဆာင္ၿပီးေျမာက္သြားနိုင္ခဲ့ၿပီျဖစ္သည္။ ဤသို႔ဤႏွယ္ သူ႕ဘဝသည္ကား ေႁမြပါကတိုးေကာင္၏သားေမြးျဖင့္ျပဳလုပ္ထားသည့္ ဖုန္အလိမ္းလိမ္းေပက်ံေနေသာကုတ္အကၤ်ီေပၚတြင္ ေနာက္ထပ္ေခြးအေမြးတစ္ေခ်ာင္းထပ္ေပါက္လာသကဲ့သို႔ျဖစ္ေနဦးမည္သာျဖစ္သည္။

ဓား (၁) ၏ေန႕ရက္မ်ားမွာမူ လူအိုႀကီးတစ္ေယာက္၏ေန႕ရက္မ်ားထက္ပင္ ပို၍ပ်င္းရိၿငီးေငြ႕စရာေကာင္းလွၿပီး တသမတ္တည္းဆန္ေနတာျဖစ္သည္။ ၎မွာ ထမင္းသုံးနပ္ပင္စားရန္မလို။ သူ႕ထံတြင္ ေနထြက္ခ်ိန္ႏွင့္ေနဝင္ခ်ိန္ႏွစ္မ်ိဳးတည္းသာရွိၿပီး နံနက္ခင္းအ႐ုဏ္ဦးတိုင္းသည္ သူ႕အတြက္ေတာ့ကံစမ္းမဲႏွိုက္ရသကဲ့သို႔ပင္ျဖစ္သည္။ အကယ္၍ ၎မွာ ၾကည္လင္သာယာေသာမိုးေကာင္းကင္ႀကီးကိုျမင္ေတြ႕ခြင့္ရခဲ့ပါလွ်င္ သူ႕ကိုယ္သူေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ဆုခ်သည့္အေနျဖင့္ ျမစ္ထဲမွ လွပေသာေက်ာက္တုံးေလးတစ္တုံးကိုေကာက္ယူကာ ေျမေအာက္နန္းေတာ္အတြင္းရွိ ဥယ်ာဥ္ေတာ္ထဲ၌ ထိုေက်ာက္တုံးေလးမ်ားကိုစီရရီထပ္ထားတတ္သည္။ မ်ားေသာအားျဖင့္ ႏွစ္ေပါင္းဆယ္ႏွစ္ေက်ာ္ၾကာျမင့္ၿပီးခ်ိန္၌ အဆိုပါဥယ်ာဥ္ငယ္ေလးထဲတြင္ေက်ာက္တုံးမ်ားျဖင့္ျပည့္ႏွက္သြားေလ့ရွိသည္။ ထိုအခ်ိန္ေရာက္လာလွ်င္ ၎မွာေက်ာက္တုံးမ်ားကိုျမစ္ထဲသို႔ျပန္လည္ပစ္ခ်လိဳက္ၿပီးေသာ္ သူ၏စည္းမ်ဥ္းအတိုင္း ေက်ာက္တုံးမ်ားကိုေနာက္တစ္ႀကိမ္ျပန္လည္ေကာက္ယူဦးမည္ျဖစ္သည္။ ဤသို႔ဤႏွယ္ သံသရာလည္ေနတာျဖစ္သည္။

သို႔ေပသိ သည္ေန႕တြင္မူ ၎မွာ ပထမဆုံးအ႐ုဏ္ဦးလင္းေရာင္ျခည္ကိုေစာင့္ဆိုင္းေနရင္း အေရွ႕မိုးကုပ္စက္ဝိုင္းႀကီးဆီသို႔စူးစိုက္ၾကည့္ရႈေနခိုက္မွာပင္ တစ္စုံတစ္ခုပဲ့တင္ရိုက္ခတ္သြားသည့္အလား ခ်ိယြမ္းေခ်ာက္နက္ႀကီးအတြင္း၌ ႐ုတ္တရက္လႈပ္ခတ္မႈတစ္ခုျဖစ္ေပၚသြား၏။ ဓား (၁)မွာ အစပိုင္းတြင္ ႐ႊမ္းက်ီးျပန္လာသည္ဟုထင္မွတ္သြားၿပီး သူ႕မ်က္ႏွာထက္တြင္ၾကည့္ရဆိုးေသာအၿပဳံးတစ္ခုျဖစ္ေပၚလာကာ ႐ႊင္ပ်ၿပဳံးေပ်ာ္စြာျဖင့္သူ႕ပါးစပ္ကိုဖြင့္ဟလိုက္ေလသည္။

“မီးအေစာင့္အေရွာက္…..”

ေနာက္တခဏအတြင္းမွာပင္ သူ၏အၿပဳံးမွာေတာင့္တင္းသြားရွာေတာ့သည္။

မဟုတ္ဘူး၊ အဲဒါက မီးအေစာင့္အေရွာက္မဟုတ္ဘူး

ေတာင္ၾကားထဲတြင္လႈပ္ရွားမႈမ်ားမွာ တစထက္တစသိသိသာသာပို၍ျပင္းထန္လာၿပီး အရိပ္မ်ားႏွင့္အတူ ထူထပ္ေသာျမဴခိုးေငြ႕မ်ားမွာလည္းအတူတကြစုစည္းလာၾကသည္။ ထိုကဲ့သို႔႐ုတ္႐ုတ္သဲသဲျဖစ္မႈမ်ားေၾကာင့္ လက္နက္ဝိညာဥ္မ်ားမွာလည္း အထိတ္တလန႔္ျဖစ္သြားၾကကာ ေခ်ာင္ႀကိဳေခ်ာင္ၾကားအတြင္းမွ တစ္ခုၿပီးတစ္ခုထြက္ေပၚလာၾကၿပီး မည္းနက္ေမွာင္မိုက္ေနေသာအျပင္ဘက္သို႔စုေဝးေရာက္ရွိလာၾကေလသည္။

တဝီဝီျမည္သံမ်ားႏွင့္အတူ ခ်ိယြမ္း၏ခ်ိပ္စည္းသည္ကား အသစ္ေရာက္လာသူေၾကာင့္ထိတ္လန႔္လႈပ္ရွားသြားၿပီးသကာလဝယ္ ေတာင္နံရံမ်ားႏွင့္ေျမျပင္ထက္ဆီမွ မေရမတြက္နိုင္ေသာကမၺည္းစာသားမ်ားမွာ ေလထုအတြင္းပ်ံ့လြင့္ထြက္ေပၚလာၾကသည္။ ေတာင္ၾကားတစ္ခုလုံးမွာ မီးဟုန္းဟုန္းေတာက္ေလာင္ေနသကဲ့သို႔ပင္။

ထို႔ေနာက္တြင္မူ ခ်ိယြမ္း၏အစြန္အဖ်ားနယ္နိမိတ္မွာပြင့္ထြက္သြားၿပီး နက္ရွိုင္းေသာေခ်ာက္နက္ႀကီးအတြင္း၌ လက္နက္ဝိညာဥ္မ်ား၏လက္နက္ကိုယ္ထည္မ်ားထံမွ အက္ကြဲဩရွေသာအသံမ်ားစတင္ထြက္ေပၚလာၾကေလသည္။ ဓား (၁) မွာစိုးရိမ္ထိတ္လန႔္သြားရွာ၏။ ယဇ္ပလႅင္ေဘးတြင္ရွိေသာ ငါးခုေျမာက္ဂူသခၤ်ိဳင္းေက်ာက္တိုင္မွာ ႐ုတ္တရက္အက္ကြဲသြားေလၿပီ!

ဓား (၁)မွာ ထိုအေၾကာင္းကိုေသေသခ်ာခ်ာစဥ္းစားေနရန္အခ်ိန္မရွိပါေခ်။ သို႔ျဖစ္ရာ ၎သည္ကားေနာက္သို႔လွည့္ကာ ယဇ္ပလႅင္ထက္သို႔ခုန္တက္လိုက္သည္။ ထိုယဇ္ပလႅင္အလယ္တြင္ မီးအေစာင့္အေရွာက္ထံသို႔ တိုက္ရိုက္အိပ္မက္ေပးနိုင္ေသာ အစီအရင္ရွိေသာေၾကာင့္ျဖစ္သည္။

အစီအရင္ကိုအသက္သြင္းျခင္းအမႈမွာ တစ္ဝက္တစ္ပ်က္သာေရာက္ေသးခ်ိန္၌ ဓား (၁) မွာ တုတ္တုတ္မွ်မလႈပ္နိုင္ေတာ့ေပ။ ထူထပ္ေသာျမဴခိုးေငြ႕မ်ားသည္ကား အစီအရင္အတြင္းသို႔အလုံးအရင္းျဖင့္တိုးဝင္လာၾကၿပီး သူ႕ကိုဝိုင္းပတ္ထားလိုက္ၾက၏။

ဓား (၁) မွာ အေနာက္ဘက္သို႔အလ်င္စလိုဆုတ္ခြာလိုက္ေသာ္ျငား ဆြတ္ဆြတ္ျဖဴေဖြးေနေသာလက္တစ္ဖက္ကိုဝင္တိုက္မိၿပီး ထိုလက္အတြင္းသို႔က်ေရာက္သြားခဲ့ေလသည္။ ျမဴခိုးေငြ႕မ်ားအတြင္းမွ ထိုးထြက္လာေသာလက္တစ္ဖက္သည္ကား သူ၏လည္မ်ိဳကိုၿမဲၿမံတိက်စြာဖမ္းခ်ဳပ္ဆုပ္ကိုင္ထား၏။

“အင္း?”

ေရာက္လာသူက ဓား (၁) ၏အရိုးၿပိဳင္းၿပိဳင္းထေနေသာလည္မ်ိဳကို ပြတ္သပ္လိုက္သည္။

“ပ်က္စီးေနတဲ့….ဓားဝိညာဥ္ပါလား?”

ဓား (၁) ခမ်ာ စတင္၍ကတုန္ကယင္ျဖစ္လာ၏။ သူ၏လက္နက္ကိုယ္ထည္သည္ကား ေျမေအာက္နန္းေတာ္အတြင္းမွထြက္ေပၚလာေသာ္ျငား ၎မွာလည္း သူ႕အနားသို႔ကပ္မလာရဲပါေခ်။

သူ႕လည္ပင္းကိုခ်ဳပ္ကိုင္ထားသူသည္ကား ေနာက္ဆုံး၌ ျမဴခိုးေငြ႕မ်ားအတြင္းမွထြက္လာကာ ကိုယ္ထင္ျပသလာသည္။ သူ၏ရွည္လ်ားေသာဆံေကသာမ်ားမွာ အလြန္တရာနက္ေမွာင္ေနသလို သူ၏မ်က္ႏွာမွာလည္း အလြန္တရာျဖဴဆုတ္လို႔ေနသည္__ေႂကြထည္မ်ားႏွင့္ေက်ာက္စိမ္းျဖဴတို႔ကဲ့သို႔ ႐ႊန္းစိုဝင္းလဲ့ေနျခင္းမ်ိဳးမဟုတ္ဘဲ ဆီးႏွင္းမ်ားႏွင့္ႏွင္းပြင့္လႊာမ်ားကဲ့သို႔ ေၾကာက္စရာေကာင္းေလာက္ေအာင္ျဖဴေဖြးဆုတ္ေနတာျဖစ္ၿပီး သူ႕မ်က္ဝန္းထဲတြင္လည္း နက္ရွိုင္းေသာေရအိုင္တစ္အိုင္ရွိေနသည့္ႏွယ္။

ဓား (၁) မွာ မိမိသည္ကား ထိုလူကိုသိေကာင္းသိေနနိုင္သည္ဟုစဥ္းစားလိုက္မိသည္။ သို႔မဟုတ္ပါက ထိုလူ၏ခပ္ေရးေရးအနံ႕အသက္ေၾကာင့္ မိမိမွာ အဘယ္ေၾကာင့္မ်ား ဤမွ်ေလာက္အထိ ထိန္းမနိုင္သိမ္းမရျဖစ္စြာ  ေၾကာက္႐ြံ႕တုန္လႈပ္ေနရပါမည္နည္း?

သို႔ေသာ္ ကုန္လြန္သြားေသာအခ်ိန္ကာလမ်ားႏွင့္အတူ သူ၏မွတ္ဉာဏ္မ်ားမွာလည္း တစစီပ်က္စီးေၾကမြသြားခဲ့ၿပီျဖစ္ေလရာ ယခုအခ်ိန္၌ ၎မွာ ထိုလူ၏အဆင့္အတန္းကိုျပည့္ျပည့္စုံစုံဆက္စပ္မွတ္မိျခင္းငွာမစြမ္းနိုင္ေတာ့ပါေခ်။

ခ်ိယြမ္းအတြင္းသို႔ ညႀကီးသန္းေခါင္ဝင္ေရာက္လာသူသည္ကား ေသခ်ာေပါက္ကို ရွန႔္လင္ယြမ္းပင္တည္း။ သူဝင္ေရာက္လာခ်ိန္၌ ပထမဆုံးေတြ႕ျမင္လိုက္ရသည့္အရာမ်ားမွာ ေနရာအႏွံ႕ျပန႔္က်ဲေနေသာ သတၱဳပစၥည္းအက်ိဳးအပဲ့အပိုင္းအစမ်ားပင္ျဖစ္သည္။ ၎မွာ မည္ကဲ့သို႔တုံ႕ျပန္ရမည္မသိ။ အျခားလူမ်ားသည္ကား ေခြးမ်ားေၾကာင္မ်ားကိုအေဖာ္အျဖစ္ေမြးျမဴၾကသည္။ သို႔ေသာ္ မီးအေစာင့္အေရွာက္မိစာၦေကာင္ေလးသည္ကား အလြန္အမင္း အထီးက်န္ေနတာျဖစ္ေကာင္းျဖစ္နိုင္သည္။ သို႔ျဖစ္ရာ ၎မွာ ေဟာင္းႏြမ္းက်ိဳးပဲ့ေနေသာ လက္နက္ဝိညာဥ္မ်ားကို ေကာက္ယူစုေဆာင္းထားၿပီး အိမ္ေမြးတိရစာၦန္မ်ားအျဖစ္ေမြးျမဴထားတာျဖစ္ေပလိမ့္မည္။ တကယ့္ကိုထူးဆန္းတဲ့ ဝါသနာပါလား။

“မလႈပ္နဲ႕”

ရွန႔္လင္ယြမ္းက လက္တစ္ခ်က္ေဝွ႕ယမ္းလိုက္ေသာအခါ အနက္ေရာင္ျမဴခိုးေငြ႕မ်ားသည္ကား ဓား (၁) ၏ ဓားသြားကိုယ္ထည္အား ရစ္ပတ္ခ်ဳပ္ေႏွာင္ထားလိုက္ၿပီး အႏွီဓားသြားအက်ိဳးအပဲ့အား သူ႕အနားသို႔ဆြဲယူလိုက္ေလသည္။ သူက သံေခ်းမ်ားအကြက္လိုက္ထေနေသာ ဓားသြားကိုယ္ထည္အား သာမန္ကာလွ်ံကာတစ္ခ်က္မွ်ေဝ့ဝဲၾကည့္ရႈလိုက္သည္။

“တကယ္လို႔လက္နက္ကိုယ္ထည္သာ ပ်က္စီးသြားရင္ လက္နက္ဝိညာဥ္ကလည္း အဲဒီနာက်င္မႈကိုဆယ္ဆမကခံစားရလိမ့္မယ္၊ ဒီလိုေနမယ့္အစားေတာ့ မင္းက ဘာျဖစ္လို႔ ေျမႀကီးေအာက္ထဲမွာပဲ ေအးေအးခ်မ္းခ်မ္းအိပ္စက္အနားမယူေသးတာလဲ?”

ခ်ိယြမ္းအတြင္းရွိလက္နက္ဝိညာဥ္မ်ားအားလုံးမွာ ယဇ္ပလႅင္ေပၚသို႔တက္လာလို႔မရဘဲ တားဆီးကန႔္သတ္ခံထားရသည္။ သို႔ေသာ္ လက္နက္ဝိညာဥ္အမ်ားစုသည္ကား အသိဉာဏ္မရွိၾကေတာ့သည့္အတြက္ ပို၍ပင္သတၱိေကာင္းလာၾကၿပီး အတားအဆီးကိုအဆက္မျပတ္တိုးတိုက္ဝင္ေဆာင့္ေနၾကေလသည္။ တစ္ခ်ိန္တည္းမွာပင္ ဓား (၁) မွာလည္း သူ႕လည္မ်ိဳကိုခ်ဳပ္ကိုင္ထားေသာလက္အား နာက်င္စြာျဖင့္ ဆြဲျဖည္ရန္ခဲရာခဲဆစ္ႀကိဳးစားေနရွာသည္။

ရွန႔္လင္ယြမ္း၏စကားသံမွာ ခ်စ္သူရည္းစားတစ္ဦး၏တီးတိုးစကားသံပမာ ႏူးညံ့ေပ်ာ့ေပ်ာင္းလွသည္။

“ငါ မင္းကိုကူညီေပးနိုင္ပါတယ္၊ လုံးဝကိုမနာက်င္ေစရဘူး၊ ဘယ္လိုလဲ?”

ေကာင္းမြန္ေသာအေရျပားတစ္ကြက္တေလမွ က်န္ရွိျခင္းမရွိေတာ့သည့္ ဓား (၁) ၏မ်က္ႏွာထက္ဝယ္ ေသြးေၾကာမ်ားအၿပိဳင္းၿပိဳင္းေထာင္ထလာသလို အနက္ေရာင္ျမဴခိုးမ်ားၾကားတြင္ခ်ဳပ္ေႏွာင္ခံထားရေသာ သူ၏လက္နက္ကိုယ္ထည္မွာလည္း အၾကမ္းပတမ္းလႈပ္ရွား႐ုန္းကန္ေနလ်က္ရွိသည္။ လွ်ပ္တျပက္အတြင္းမွာပင္ ‘ခ်လြမ္’ ခနဲျမည္သံတစ္သံကိုၾကားလိုက္ရၿပီး ဓားသြားကိုယ္ထည္မွာ အနက္ေရာင္ျမဴခိုးမ်ားၾကားထဲမွလြတ္ထြက္သြားၿပီး ရွန႔္လင္ယြမ္း၏လက္ေမာင္းကိုလွီးျဖတ္ရန္အလို႔ငွာ သူ႕လက္ေမာင္းထက္ဆီသို႔ျပဳတ္က်လာ၏။ သို႔ေသာ္ ၎မွာ ထိုလူ၏လက္ေကာက္ဝတ္နားေရာက္ခါနီးမွာပင္ ရပ္တန႔္သြားရရွာၿပီး ေရွ႕သို႔ဆံျခည္တစ္မွ်င္မွပင္ ထပ္မတိုးနိုင္ေတာ့ပါေခ်။

“တကယ္လို႔ မင္းရဲ႕ဒီဓားစုတ္က ငါ့ကိုလာထိမယ္ဆိုရင္ မင္း ေျမႀကီးေအာက္ထဲမွာ တကယ္ပဲေအးေအးခ်မ္းခ်မ္းအိပ္စက္သြားရလိမ့္မယ္ေနာ္”

ရွန႔္လင္ယြမ္းက သူ႕လက္တစ္ဖက္ကိုေဝွ႕ယမ္းလိုက္ေသာအခါ ဓား (၁) မွာ သူ၏ခႏၶာကိုယ္က ေပါ့ပါးသြားသလိုခံစားလိုက္ရၿပီး သူႏွင့္သူ၏ဓားသြားကိုယ္ထည္တို႔ခမ်ာ ယဇ္ပလႅင္ထက္မွလြင့္ေမ်ာသြားေလေတာ့သည္။ ၎မွာ သူ၏လည္ေခ်ာင္းအတြင္းသို႔တရွိန္ထိုးတိုးဝင္လာေသာ ေအးစက္သည့္ေလထုေၾကာင့္ ေျမႀကီးေပၚသို႔ဒူးေထာက္က်သြားၿပီးေသာ္ ေခ်ာင္းတဟြတ္ဟြတ္ဆိုးေနရွာေတာ့သည္။

ယဇ္ပလႅင္ထက္တြင္ရွိေနေသာထိုလူက သူ႕ကို အထက္စီးမွေန၍ငုံ႕ၾကည့္လိုက္သည္။ ေခတၱခဏၾကာေသာ္ စိတ္ဝင္စားမႈမရွိေတာ့သည့္ပုံစံျဖင့္ ထိုအမ်ိဳးသားက သူ႕အၾကည့္မ်ားကိုျပန္လည္႐ုတ္သိမ္းလိုက္သည္။

“မင္းက အသက္ရွင္ခ်င္ေသးတယ္ဆိုမွေတာ့ ထားလိုက္ပါေတာ့ေလ၊ ငါ သူမ်ားကိစၥကိုဝင္မေႏွာင့္ယွက္ေတာ့ပါဘူး၊ မင္းဆက္ၿပီးအသက္ရွင္ေနလိုက္ပါေတာ့”

ရွန႔္လင္ယြမ္းက သူ႕လက္ညွိုးကိုျမႇောက္ကာေျပာလိုက္သည္။

“ရႉး__တိတ္တိတ္ေန၊ ငါ ဒီကိုလာတာ ပစၥည္းတစ္ခုလာငွား႐ုံသက္သက္ပဲ၊ ၿပီးတာနဲ႕ခ်က္ခ်င္းျပန္သြားမွာ….မင္းရဲ႕သခင္ကို အထိတ္တလန႔္ျဖစ္ေအာင္လုပ္ဖို႔မလိုဘူး”

သူ႕စကားမဆုံးခင္မွာပင္ ၎သည္ကား ခုနေလးတင္မွအက္ကြဲသြားေသာေက်ာက္တိုင္အနားသို႔ လွစ္ခနဲေရာက္ရွိသြားၿပီျဖစ္သည္။

ရွန႔္လင္ယြမ္းသည္ကား ဤေနရာသို႔မေရာက္လာမီက သူ၏ကံတရားကိုစမ္းသပ္ၾကည့္ရန္သာျဖစ္ၿပီး ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမားမထားခဲ့ပါေခ်။ မည္သို႔ပင္ျဖစ္ေစ ခ်ိယြမ္းသည္ကား မိစာၦစြမ္းအင္မ်ားစုစည္းရာ ေရွးေဟာင္းအရပ္ေဒသတစ္ခုပင္ျဖစ္သည္။ ထိုေနရာကို မူလအစပိုင္းတြင္ မီးလွ်ံငွက္မ်ားက ကာကြယ္ေစာင့္ေရွာက္ေပးထားၾကေသာ္လည္း မီးလွ်ံငွက္မ်ိဳးႏြယ္စုတို႔ေသဆုံးသြားၿပီးေနာက္တြင္မူ မိမိသည္ကား တားျမစ္ထားေသာမႏၲန္အစီအရင္မ်ားကိုအသုံးျပဳကာ ထိုေနရာကိုဖိႏွိပ္ထိန္းခ်ဳပ္ထားခဲ့တာျဖစ္သည္။ အႏွီကိစၥသည္ကား ခက္ခဲေသာကိစၥတစ္ရပ္ျဖစ္သည္။ မီးလွ်ံငွက္အရိုးဝိညာဥ္မ်ား…..တျဖစ္လဲ မီးအေစာင့္အေရွာက္မ်ားသည္ကား ခ်ိယြမ္းအား စေတးခံကာကြယ္ေပးၿပီးသည့္အခ်ိန္တိုင္းတြင္ ျပာမႈန႔္မ်ားအျဖစ္လြင့္ပါးေပ်ာက္ကြယ္သြားရစၿမဲျဖစ္သည္။ သို႔ျဖစ္ရာ ၎တို႔၏အရိုးအႂကြင္းအက်န္မ်ားကိုရွာေတြ႕ရန္မွာ သိပ္ၿပီးျဖစ္နိုင္ေခ်မရွိေသာကိစၥပင္ျဖစ္သည္။

သို႔ေသာ္ သူ ခ်ိယြမ္းယဇ္ပလႅင္ဆီသို႔ေရာက္လာခ်ိန္တြင္မူ မထင္မွတ္ဘဲ ဂူသခၤ်ိဳင္းေက်ာက္တိုင္စက္ဝိုင္းႀကီးကိုေတြ႕ျမင္လိုက္ရတာပဲျဖစ္သည္။

ေက်ာက္တိုင္မ်ားမွာ ယဇ္ပလႅင္ကိုစက္ဝိုင္းသဏၭာန္ဝိုင္းပတ္ထားၾကၿပီး အမ်ားစုမွာ က်ိဳးပဲ့ပ်က္စီးေနၾကၿပီျဖစ္သည္။ က်န္ရွိေသာေက်ာက္တိုင္မ်ားေပၚတြင္မူ ေမြးသကၠရာဇ္မ်ားႏွင့္ေသဆုံးသည့္ခုႏွစ္သကၠရာဇ္မ်ားကိုေရးထြင္းထားၾကၿပီး ‘လီ’ မီးေတာက္မ်ား၏အေငြ႕အသက္တို႔ကိုပင္ ခပ္သင္းသင္းရေန၏။ ေျပာစရာမလိုသည့္အခ်က္မွာ အဆိုပါဂူေက်ာက္တိုင္မ်ားသည္ကား မီးလွ်ံငွက္အရိုးဝိညာဥ္မ်ား၏အုတ္ဂူမ်ားပင္တည္း။ မထင္မွတ္ဘဲ မီးလွ်ံငွက္အရိုးဝိညာဥ္ေတြရဲ႕ အႂကြင္းအက်န္ေတြရွိေနေသးတာပဲ။

က်ိဳးပဲ့ပ်က္စီးေနေသာလက္နက္ကိုယ္ထည္မ်ား၏ဉာဏ္ရည္အရ ၎တို႔မွာ ရွန႔္လင္ယြမ္းေျပာလိုက္ေသာစကားမ်ားကိုနားမလည္ၾကေစကာမူ  ဂူေက်ာက္တိုင္မ်ားဆီသို႔ သူေလွ်ာက္လွမ္းသြားသည္ကိုေတြ႕ျမင္လိုက္ရေသာအခါမွာေတာ့ သူတို႔၏မ်က္ႏွာအေသြးအေရာင္မွာ တညီတညာတည္းေျပာင္းလဲသြားၾကၿပီး ထူထပ္ေသာျမဴခိုးေငြ႕မ်ားအား ယခင္ထက္ပို၍ၾကမ္းတမ္းစြာ တိုးတိုက္ဝင္ေဆာင့္ၾကေလေတာ့သည္။

“ေက်ာက္တိုင္ေတြက……”

ဓား (၁) ၏စကားသံမွာ သဲစကၠဴတစ္႐ြက္သဖြယ္အက္ရွေနလ်က္ရွိၿပီး ၎မွာ စကားလုံးမ်ားကိုခက္ခက္ခဲခဲဖ်စ္ညွစ္ေျပာေနသည္။

“မျဖစ္ဘူး….မျဖစ္ဘူး…..”

ဂူေက်ာက္တိုင္ေတြ ၿပိဳက်ပ်က္စီးသြားလို႔မျဖစ္ဘူး

ဂူေက်ာက္တိုင္တစ္တိုင္ၿပိဳက်ပ်က္စီးသြားတာနဲ႕ မီးအေစာင့္အေရွာက္လည္း ‘ေသဆုံး’ သြားလိမ့္မယ္

သို႔ေသာ္ ရွန႔္လင္ယြမ္းသည္ကား သူတို႔၏ဗလုံးဗေထြးစကားသံမ်ားကိုနားေထာင္ျခင္းအလ်ဥ္းမရွိပါေခ်။ ဓား (၁) မွာ သူ၏လည္မ်ိဳအတြင္းမွ စကားလုံးမ်ားကိုခဲရာခဲဆစ္ထုတ္မေျပာလိုက္နိုင္ေသးခင္မွာပင္ အနက္ေရာင္ျမဴခိုးေငြ႕မ်ားသည္ကား တူ႐ြင္းတစ္ေခ်ာင္းအျဖစ္သို႔အသြင္ေျပာင္းလဲသြားၿပီးသကာလ အက္ကြဲသြားေသာေက်ာက္တိုင္၏ေအာက္ေျခကိုတူးဆြကာ အရိုးအစအနမ်ားကိုရွာေဖြေနေတာ့သည္။

“မလုပ္နဲ႕……….”

“ဟင္?”

ရွန႔္လင္ယြမ္းမ်က္ေမွာင္ၾကဳတ္လိုက္၏။ ေအာက္ထဲတြင္မည္သည့္အရာမွရွိမေန။ အရိုးမေျပာႏွင့္၊ အဝတ္စေလးေသာ္မွရွိမေနပါေခ်။

ဒီဂူေက်ာက္တိုင္ေတြက သူတို႔ရဲ႕သခၤ်ိဳင္းအုတ္ဂူေတြမဟုတ္ဘူးလား? တကယ္လို႔ မဟုတ္ဘူးဆိုရင္ ‘အုတ္ဂူ’ ေတြဆီမွာ ဘာျဖစ္လို႔ မီးလွ်ံငွက္ရဲ႕အနံ႕အသက္မ်ိဳးေတြရေနတာလဲ?

ရွန႔္လင္ယြမ္းမွာ ႐ုတ္တရက္ေခါင္းေမာ့ကာ ဂူေက်ာက္တိုင္ကိုေမာ့ၾကည့္လိုက္သည္။ သူၾကည့္ေနစဥ္အတြင္းမွာပင္ ေက်ာက္တိုင္ေပၚရွိအက္ကြဲေၾကာင္းမွာ မ်က္ႏွာတျပင္လုံးအႏွံ႕ အလ်င္အျမန္ပ်ံ့ႏွံ႕သြားရွာေတာ့သည္။ တိုးညင္းေသာအသံတစ္သံႏွင့္အတူ အႏွီဂူေက်ာက္တိုင္မွာ အလယ္မွႏွစ္ပိုင္းကြဲထြက္သြားၿပီး ၿပိဳက်ပ်က္စီးသြားေလေတာ့သည္။

ရွန႔္လင္ယြမ္း : “…….”

ပိရွသည္ကား လူေကာင္းတစ္ေယာက္မဟုတ္သည့္တိုင္ သူ၏အျပဳအမူမ်ားတြင္ အၿမဲတေစရည္႐ြယ္ခ်က္တစ္ခုခုရွိတတ္စၿမဲပင္ျဖစ္သည္။ ၎သည္ကား ကိုယ့္ထမင္းကိုယ္စားၿပီး မိမိအတြက္အက်ိဳးအျမတ္မရွိပါဘဲ သူမ်ားတကာကိုထိခိုက္ေအာင္လုပ္မည့္သူမ်ိဳးမဟုတ္ေပ။

ေျပာရလွ်င္ မီးအေစာင့္အေရွာက္မ်ားသည္ကား သူ႕အေလာင္းကိုမထီမဲ့ျမင္ျပဳခဲ့ေစကာမူ သူတို႔ကိုယ္သူတို႔စေတးၿပီး ခ်ိယြမ္းကိုဖိႏွိပ္ေပးထားခဲ့ေသာအလုပ္သည္ကား ကမာၻေလာကႀကီးအတြက္ေကာင္းမြန္ေသာအလုပ္တာဝန္တစ္ရပ္ကိုထမ္းေဆာင္ေပးခဲ့တာပဲျဖစ္သည္။ မိမိသည္ကား ျဖစ္ေပၚလာေသာအေျခအေနအရပ္ရပ္ေပၚမူတည္ၿပီး မီးစင္ၾကည့္၍ကနိုင္ရန္အလို႔ငွာ မီးလွ်ံငွက္အရိုးကိုယူေဆာင္ရန္အတြက္သာ ဤေနရာသို႔လာခဲ့တာျဖစ္ၿပီး အုတ္ဂူကိုတူးၿပီးအရိုးကိုယူနိုင္မွေတာ့ျဖင့္ သူတို႔၏အုတ္ဂူကိုမျဖစ္မေနဖ်က္ဆီးပစ္ရန္လည္းမလိုအပ္ေပ__ထို႔ေၾကာင့္ပင္ ၎မွာ ခုနတုန္းက အဆိုပါအုတ္ဂူကိုထိပင္မထိခဲ့တာျဖစ္သည္။

သို႔ေသာ္လည္း ကိစၥမ်ားမွာ ဤတြင္အဆုံးသတ္မသြားေသးပါေခ်။

အႏွီေက်ာက္တိုင္မွာ ႏွစ္ပိုင္းကြဲထြက္ၿပီးၿပိဳက်သြားခ်ိန္၌ အနီးနားတြင္ရွိေသာေက်ာက္တိုင္ကိုပါထိမိသြားေလေတာ့သည္။ အဆိုပါေက်ာက္တိုင္မ်ားမွာ ဆီပူထဲတြင္ထည့္ေၾကာ္ထားေသာဖက္ထုပ္မ်ားပမာ အလြန္တရာႏူးညံ့ႂကြပ္႐ြေနၿပီး ထိုသို႔ျဖစ္သြားသည္ႏွင့္တၿပိဳင္နက္ တဂြၽတ္ဂြၽတ္အက္ကြဲသံမ်ားမွာမရပ္မနားထြက္ေပၚလာေတာ့သည္။ ရွန႔္လင္ယြမ္းမွာအသက္တစ္ခ်က္ပင္ၿပီးေအာင္မရႉရွိုက္လိုက္ရေသးခင္မွာပင္ ထိုေပါက္ကြဲပ်က္စီးမႈမ်ားသည္ကား ကူးစက္ေရာဂါတစ္မ်ိဳးသဖြယ္ပ်ံ့ႏွံ႕သြားၿပီး သူ႕ေဘးနားပတ္ပတ္လည္တြင္ရွိေနေသာဂူေက်ာက္တိုင္မ်ားမွာ ႏွစ္ပိုင္းကြဲထြက္ကာ ၿပိဳက်ပ်က္စီးသြားရွာေတာ့သည္။ မ်က္စိတမွိတ္အတြင္းမွာပင္ ေဘးပတ္ပတ္လည္တြင္ရွိေသာဂူေက်ာက္တိုင္မ်ားအနက္ တစ္ဝက္ခန႔္မွာ ေက်ာက္သားအပိုင္းအစမ်ားအျဖစ္က်ိဳးပဲ့ေၾကမြသြားရွာၿပီျဖစ္သည္။

ဓား (၁) က ဝမ္းနည္းေၾကကြဲစြာျဖင့္ စူးစူးဝါးဝါးေအာ္ဟစ္ျမည္ေႂကြးလိုက္၏။ အျခားေသာလက္နက္ဝိညာဥ္မ်ားမွာလည္း သူ႕နည္းတူ ေသြးပ်က္ေခ်ာက္ခ်ားစြာေအာ္ဟစ္ျမည္တမ္းၾကေလေတာ့သည္။ ထိုခဏ၌ ခ်ိယြမ္းသည္ကား သရဲတေစၦမ်ား၏ငိုေႂကြးသံမ်ားျဖင့္ျပည့္ႏွက္သြားသေယာင္။

ပိရွသည္ကား အမ်ားသုံးဘာသာစကားကိုကြၽမ္းကြၽမ္းက်င္က်င္တတ္ေျမာက္ျခင္းမရွိေသးသည့္အတြက္ *‘ဟန္ေဆာင္ဒဏ္ရာ’ ဟူသည့္စကားလုံးအေၾကာင္းကိုမသိရွိေသးပါေခ်။ ၎မွာ သူ႕အေပၚအထင္အျမင္လြဲမွားမႈမ်ားအား မည္သို႔မွျပန္လည္ေခ်ပေျပာဆိုနိုင္ျခင္းမရွိဘဲ ပါးစပ္အေဟာင္းသားသာလွ်င္ျဖစ္သြားရရွာေတာ့သည္။

(T/N

*ဟန္ေဆာင္ဒဏ္ရာ----ကိုယ္က တမင္တကာထိခိုက္ခ်င္ေယာင္ေဆာင္ၿပီး Victim ဆီက ေလ်ာ္ေၾကးေတာင္းတာမ်ိဳးကိုဆိုလိုတာပါ။ ဥပမာ အရွိန္ျဖည္းျဖည္းေလးနဲ႕ေမာင္းလာတဲ့ ကားေရွ႕မွာဝင္ခံ၊ ကိုယ့္ကိုယ္ကိုယ္ဒဏ္ရာရေအာင္လုပ္ၿပီး ကားေမာင္းသူဆီကေန လိမ္လည္ေလ်ာ္ေၾကးေတာင္းတာမ်ိဳးပါ။ ဒီေနရာေျပာခ်င္တာကေတာ့ ငါးခုေျမာက္ဂူေက်ာက္တိုင္ဆီမွာ အေစာႀကီးကတည္းက အက္ကြဲေၾကာင္းေပၚေနပါၿပီ။ စာဖတ္သူေတြမွတ္မိၾကလားေတာ့မသိဘူး၊ ေရွ႕မွာေသခ်ာဖတ္ၾကည့္ရင္ သတိထားမိမွာပါ။ ဆိုေတာ့ အဲဒီေက်ာက္တိုင္က ရွန႔္လင္ယြမ္းလုပ္လိုက္လို႔ပ်က္စီးသြားတာမဟုတ္ဘဲ သူ႕ဘာသာသူအေစာႀကီးကတည္းက ပ်က္စီးခ်င္ခ်င္ျဖစ္ေနတာပါ။ အဲဒီမွာ ရွန႔္လင္ယြမ္းက ဂူေက်ာက္တိုင္ကိုမထိခဲ့ေပမယ့္လည္း အုတ္ဂူရဲ႕ေအာက္ေျခကိုသြားတူးလိုက္ေတာ့ သူ႕ေၾကာင့္ေက်ာက္တိုင္ကပ်က္စီးသြားရသလိုျဖစ္သြားတာပါ)

ရွန႔္လင္ယြမ္းမွာ အႏွီဆူဆူညံညံအသံဗလံမ်ားေၾကာင့္ သူ၏ေခါင္းကိုက္ေရာဂါပင္ျပန္၍ထႂကြလာေတာ့သည္။ သူ႕မ်က္ႏွာေပၚတြင္ ေတြ႕ရခဲေသာ ‘စိတ္ရႈပ္ေထြး’ သည့္အမူအရာမ်ိဳးျဖစ္ေပၚလို႔လာသည္။ ၎မွာ သူ႕ေရွ႕တြင္ျဖစ္ပ်က္ေနေသာပရမ္းပတာအရႈပ္အေထြးမ်ားကို ကူကယ္ရာမဲ့စြာၾကည့္ေနရင္း အနက္ေရာင္ျမဴခိုးမ်ားမွာ ေလထုထဲတြင္ရစ္သိုင္းလွည့္ပတ္လာၿပီး ေထာင္ေပါင္းမ်ားစြာေသာ ေသးမွ်င္ပါးလ်သည့္ႀကိဳးမွ်င္မ်ားသဖြယ္ေျပာင္းလဲသြားၾကေလသည္__၎သည္ကား သုံးခြၽမ္းဟိုတယ္၌ သူျပဳလုပ္ခဲ့သည့္အတိုင္းပင္ ပ်က္စီးသြားေသာေက်ာက္သားအပိုင္းအစမ်ားအား နဂိုမူလပုံစံအတိုင္းျပန္လည္တည္ေဆာက္ေပးရန္ျဖစ္သည္။

သို႔ေပသိ သူ၏အနက္ေရာင္ျမဴခိုးမ်ားမွာ ေက်ာက္သားမ်ားကိုထိေတြ႕သြားသည္ႏွင့္တၿပိဳင္နက္ အႏွီေက်ာက္သားမ်ားထံမွ စူးရွေတာက္ပေသာမီးလွ်ံအေရာင္အဆင္းရွိသည့္အလင္းေရာင္မ်ား ႐ုတ္တရက္ထြက္ေပၚလာေတာ့သည္။

ရွန႔္လင္ယြမ္း၏တုံ႕ျပန္မႈမွာ အလြန္တရာျမန္ဆန္လွသည္။ သူက အေနာက္ဘက္သို႔ဆုတ္ကာ အလ်င္အျမန္ေရွာင္တိမ္းလိုက္သည္။ သို႔ေသာ္ ေျမလွ်ိုးမိုးပ်ံနိုင္ေသာ မိစာၦသခင္ႀကီးပင္ျဖစ္ေစကာမူ အလင္း၏အလ်င္ကိုေတာ့မီနိုင္မည္မဟုတ္ပါေခ်။ ၎မွာ ခ်က္ခ်င္းဆိုသလိုပင္ ထိုမီးလွ်ံအလင္းေရာင္မ်ားအတြင္း၌ လႊမ္းၿခဳံခံလိုက္ရၿပီး စူးရွေသာအလင္းေရာင္မ်ားေၾကာင့္ သူ႕မ်က္လုံးမ်ားကိုပင္ တခဏမွ်မဖြင့္နိုင္ေအာင္ျဖစ္ခဲ့ရေလသည္။ တစ္ခ်ိန္တည္းမွာပင္ ထူးဆန္းေသာခံစားခ်က္တစ္မ်ိဳးကိုခံစားလိုက္ရသည္။ ၎မွာ အသက္ရႉၾကပ္ေလာက္စရာေကာင္းလွေသာ တစ္စုံတစ္ေယာက္၏တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ျခင္းကိုခံလိုက္ရသည့္ႏွယ္။ တစ္စုံတစ္ရာက သူ၏ရင္ဘတ္ကိုျဖတ္သန္းကာ သူ႕ႏွလုံးအိမ္ကိုထိုးေဖာက္ေနသကဲ့သို႔ပင္။

ရွန႔္လင္ယြမ္းမွာ သူ႕ႏွလုံးအိမ္ထဲတြင္ မခံမရပ္နိုင္ေအာင္ျပင္းထန္လွေသာနာက်င္မႈေဝဒနာတို႔ကိုခံစားလိုက္ရေလသည္။ ထိုေနရာတြင္ရွိေနေသာ တစ္စုံတစ္ရာမွာေပါက္ကြဲထြက္ေတာ့မည့္ႏွယ္။ ၎မွာ တခဏမွ်ပင္တုံ႕ဆိုင္းေတြေဝျခင္းမရွိဘဲ သူ႕ရင္ဘတ္အတြင္းသို႔လက္ႏွိုက္ထိုးထည့္လိုက္သည္။ အနက္ေရာင္ျမဴခိုးမ်ားသည္ကား ပိုးႀကိဳးမွ်င္မ်ားကဲ့သို႔ႏွယ္ သူ႕ကိုလုံးေထြးရစ္သိုင္းသြားၿပီးသကာလ အလင္း၏အလ်င္ျဖင့္ သူ႕ႏွလုံးအိမ္အတြင္းသို႔တိုးဝင္ခ်င္ေနေသာ အႏွီမီးလွ်ံအလင္းေရာင္ကို ဆြဲထုတ္ယူကာေမာင္းထုတ္ပစ္လိုက္ေလသည္။ ဤကဲ့သို႔အနီးကပ္တိုက္ခိုက္မႈသည္ကား သူ႕အနီးတဝိုက္တြင္ရွိေနေသာ အနက္ေရာင္ျမဴခိုးမ်ားကိုပါလြင့္ပ်ယ္လုမတတ္ျဖစ္ သြားေစေတာ့သည္။

ထိုအလင္းေရာင္ထဲတြင္ လူအရိပ္သဏၭာန္တစ္ခုႏွင့္တူေသာပုံရိပ္ေယာင္တစ္ခုသည္ကား ဝမ္းနည္းစြာျဖင့္သက္ျပင္းတစ္ခ်က္ခ်လိဳက္ရင္း သူ႕အနားမွလွစ္ခနဲျဖတ္သန္းသြား၏။ ထိုပုံရိပ္မွာ သူ႕အနားတြင္ေနနိုင္ရန္အလို႔ငွာ အားသြန္ခြန္စိုက္ႀကိဳးစား႐ုန္းကန္ေနေသာ္ျငား အလင္းေရာင္သည္ကား သူ႕အားအေဝးသို႔ဆြဲေခၚသြားေလသည္။ မၾကာမီမွာပင္ အႏွီပုံရိပ္မွာပုံသဏၭာန္ပ်က္ယြင္းသြားၿပီး အလင္းေရာင္ႏွင့္အတူ ေပ်ာက္ကြယ္သြားရွာေတာ့သည္။

ထိုအခ်ိန္၌ ႐ႊမ္းက်ီးသည္ကား ယုံအန္းသို႔ပ်ံသန္းေနေသာ ျပန္လည္ျပဳျပင္ေရးဌာန၏ေလယာဥ္ေပၚတြင္ေရာက္ရွိေနတာျဖစ္သည္။

လြန္ခဲ့ေသာရက္အနည္းငယ္အတြင္း မနားမေနအလုပ္လုပ္ခဲ့ရရွာေသာလူမ်ားသည္ကား ဇိမ္ခံေလယာဥ္ေပၚတြင္ ပိုးလိုးပက္လက္အေနအထားမ်ိဳးစုံျဖင့္ အိပ္ခ်င္သလိုအိပ္ေပ်ာ္ေနၾကၿပီျဖစ္သည္။ ေဘးနားရွိဆိုဖာေပၚတြင္မူ ဝမ္ဇယ္မွာ သူ႕ႏႈတ္ခမ္းကိုစုတ္တသပ္သပ္လုပ္ေန၏။ ယန္ေခ်ာင္မွာ အိပ္ေနရင္း သူကိုယ္တိုင္ေတာင္မသိလိုက္ဘဲ ၾကမ္းျပင္ေပၚသို႔ေလွ်ာက်ေနေလၿပီ။ ေလာ္ေခြၽ႕ေခြၽ႕၏ေဟာက္သံမွာမူ ေလယာဥ္အင္ဂ်င္စက္သံကိုပင္ ဖုံးလႊမ္းေနေတာ့သည္။ သူတို႔ႏွင့္စာလွ်င္ ႐ႊမ္းက်ီး၏အိပ္စက္ပုံသည္ကား က်က္သေရရွိသည္ဟုေျပာလို႔ရေကာင္းရနိုင္ေသာအေနအထားတြင္ရွိသည္။

၎မွာ အိပ္စက္သည့္အခါတိုင္း တိတ္ဆိတ္ေသာငွက္တစ္ေကာင္ပမာ၊ သူ႕ဦးေခါင္းကို အေမွာင္ထဲတြင္ေခြထားလ်က္ရွိၿပီး ညင္သာစြာတိုက္ခတ္လာေသာ ေလျပည္ေလညင္းေလးတစ္ခ်က္သည္ပင္ သူ႕အားလန႔္နိုးသြားေစနိုင္သည့္ႏွယ္။

မနက္ေလးနာရီခန႔္တြင္ ႐ႊမ္းက်ီးတစ္ေယာက္ ေသြးနီေရာင္အင္းစာ႐ြက္မ်ားေနရာအႏွံ႕ကပ္ထားသည့္ သံမဏိတံခါးတစ္ခ်ပ္ကို ေနာက္တစ္ႀကိမ္အိပ္မက္မက္ျပန္သည္။ တံခါးအတြင္းဘက္၌ရွိေနေသာ ‘အရာ’ မွာ ယခင္ကထက္ပင္ ပို၍ၾကမ္းတမ္းစြာ႐ုန္းကန္လႈပ္ရွားေနၿပီး ထူထဲေသာတံခါး၏အျခားတစ္ဖက္ျခမ္းမွပင္ ေလးလံနာက်င္ေသာအသက္ရႉသံျပင္းျပင္းမ်ားကို သူၾကားေနရသည္။

တံခါးအတြင္းဘက္မွာ ဘာကိုမ်ားပိတ္ထားတာလဲ? ႐ႊမ္းက်ီးမွာ အနားသို႔တိုးကပ္သြား၏။ ဤကဲ့သို႔အိပ္မက္မ်ိဳးကိုမက္ေနျခင္းမွာ မိမိ၏မေကာင္းေသာအလိုဆႏၵတစ္မ်ိဳးမ်ိဳးေၾကာင့္ပင္လားဟု သံသယဝင္လာမိသည္။ ႐ုတ္တရက္ တံခါးတစ္ဖက္ျခမ္းတြင္ရွိေနေသာအသက္ရႉသံျပင္းျပင္းမ်ားၾကားမွ ထြက္ေပၚလာေသာစကားသံတစ္သံကို သူၾကားလိုက္ရသည္။

“ျမန္ျမန္…ျမန္ျမန္…သြားေတာ့….”

႐ႊမ္းက်ီး မ်က္ေတာင္ခတ္လိုက္၏။

“ဘာ?”

“သြားေတာ့….ဒီေနရာကေန ထြက္သြားေတာ့….”

“အထဲမွာ တစ္ေယာက္ေယာက္ရွိေနတာလား?”

႐ႊမ္းက်ီးမွာ ထူးဆန္းစြာပင္ အႏွီစကားသံကိုရင္းႏွီးေနသလိုထင္ရၿပီး ၎မွာမေနနိုင္မထိုင္ျဖင့္ ေရွ႕သို႔ထပ္မံ၍တစ္လွမ္းတိုးသြားလိုက္ေလသည္။ ေသြးနီေရာင္အင္းစာ႐ြက္မ်ားေပၚတြင္ ခပ္ေရးေရး ေရးဆြဲထားေသာ႐ုပ္ပုံဒီဇိုင္းမ်ားကို ေတြ႕ျမင္လိုက္ရသည္။ ထိုအရာမွာ မႏၲန္အစီအရင္တစ္မ်ိဳးမ်ိဳးျဖစ္ေကာင္းျဖစ္နိုင္သည္။ သို႔ေသာ္ အိပ္မက္ထဲတြင္ [မိစာၦတစ္ေထာင္အခ်ပ္ပို] စာအုပ္ကို ဆင့္ေခၚလို႔မရနိုင္သည့္အတြက္ ထိုအစီအရင္မွာမည္ကဲ့သို႔ေသာအစီအရင္မ်ိဳးျဖစ္ေၾကာင္းကို သူတပ္အပ္မေျပာနိုင္ေပ။

“ခင္ဗ်ားက ကြၽန္ေတာ့္ကို စကားေျပာေနတာလား? ခင္ဗ်ားက ဘယ္သူလဲ?”

‘ဝုန္း’ ဟူသည့္ျမည္သံက်ယ္ႀကီးက သူ႕စကားသံကိုျဖတ္ေတာက္လိုက္သည္။ တံခါးအတြင္းဘက္၌ရွိေနေသာအရာသည္ကား တံခါးကိုပို၍ျပင္းထန္စြာဝင္ေဆာင့္ေနၿပီး တံခါးေပၚရွိအင္းစာ႐ြက္မ်ား၏ပုံသဏၭာန္ပင္ပ်က္ယြင္းသြားေတာ့မေယာင္။

႐ႊမ္းက်ီးမွာမေမွ်ာ္လင့္ေသာအေျခအေနေၾကာင့္ အေနာက္သို႔တစ္ခ်က္ခုန္၍ဆုတ္သြားမိ၏။ သူ႕လည္ပင္းရွိအေမြးမ်ားပင္ေထာင္ထလာသည့္ႏွယ္။

“ဆက္ၿပီး…. ဆက္ၿပီး…. ခ်ိပ္ပိတ္ထားလို႔မရေတာ့ဘူး…..”

တံခါးအတြင္းဘက္ရွိအသံမွာ ပို၍ၾကည္လင္ျပတ္သားလာသည္။

“ဂူေက်ာက္တိုင္……”

“ဂူေက်ာက္တိုင္ေတြ…..ပ်က္စီးသြားၿပီ….မင္း ငါ့ေနာက္ကေနလိုက္ဆို…..”

႐ႊမ္းက်ီးမွာ ထိုအသံကို အရင္တုန္းက မည္သည့္ေနရာတြင္ၾကားဖူးေနမွန္းေသခ်ာမစဥ္းစားလိုက္ရေသးခင္မွာပင္ တံခါးအတြင္းဘက္ရွိလူက ရွည္လ်ားေသာဝတ္ျပဳဆုေတာင္းသံတစ္ခုကိုစတင္၍႐ြတ္ဆိုလာေတာ့သည္။ ၎မွာ ‘ယာ’ စကားျဖင့္႐ြတ္ဖတ္ေနျခင္းျဖစ္ၿပီး ႐ႊမ္းက်ီးတစ္ႀကိမ္တစ္ခါမွမၾကားဖူးေသာ ဘာသာစကားတစ္မ်ိဳးလည္းေရာေႏွာပါဝင္ေန၏။ ထိုဆုေတာင္းသံမွာ စည္းခ်က္က်ၿပီး ၾကားရသည္မွာသာယာနာေပ်ာ္ဖြယ္ရွိလွသည့္တိုင္ ထိုစကားလုံးမ်ားကို႐ြတ္ဖတ္ေနသူ၏အသံႀကိဳးထဲတြင္မူ ဘရိတ္ဓားမ်ားကိုျမႇုပ္ႏွံထားသည့္အလား သူ႕အသံမွာပို၍ၾကမ္းရွအက္ကြဲလာသလို စကားစုတစ္စုခ်င္းဆီတိုင္းမွာလည္း ထက္ျမက္ေသာဓားသြားကိုသြားျဖင့္ႀကိတ္မိၿပီးေနာက္ ေသြးမ်ားပန္းထြက္လာသည့္ႏွယ္။ ၾကားရသည္မွာ အေတာ္ေလးကိုေၾကာက္စရာေကာင္းလွေပေတာ့သည္။

အႏွီရွည္လ်ားေသာ႐ြတ္ဆိုသံမွာ အခ်ိန္အားျဖင့္ ငါးမိနစ္တိတိၾကာျမင့္ၿပီး ႐ႊမ္းက်ီးမွာ အမ်ားစုေသာစကားလုံးမ်ားကိုနားမလည္ပါေခ်။ သူနားလည္ေသာ လက္က်န္စကားလုံးႏွစ္လုံးသုံးလုံးမွတဆင့္ ခန႔္မွန္းရသေလာက္ေတာ့ တစ္စုံတစ္ခုကိုခ်ိပ္ပိတ္လိုသည့္ပုံပင္။

ဘယ္သူက ဒါမ်ိဳးကိုမွတ္နိုင္မွာလဲ? လူတိုင္းရဲ႕ဦးေႏွာက္ကို *စူပါဦးေႏွာက္လို႔ထင္ေနတာလား?

(T/N

*ဂိမ္းအစီအစဥ္တစ္ခု၏ အမည္ျဖစ္သည္။)

“ခဏေလး ခဏေလး ခဏေလး__ျဖည္းျဖည္းေျပာပါဗ်….ေနာက္တစ္ေခါက္ထပ္ေျပာျပပါဦး…”

သံမဏိတံခါးေပၚတြင္ ေနာက္ထပ္က်ယ္ေလာင္ေသာအသံတစ္သံထြက္ေပၚလာျပန္သည္။ သည္တစ္ႀကိမ္ဝင္တိုက္သံမွာ ယခင္အေခါက္ထက္ပို၍ျပင္းထန္၏။ တံခါးေပၚရွိအင္းစာ႐ြက္ေပၚတြင္ ၿပဲရာတစ္ခုပင္ျဖစ္ေပၚသြားေလေတာ့သည္။ တစ္ခ်ိန္တည္းမွာပင္ ႐ႊမ္းက်ီး၏ဦးေခါင္းအတြင္း၌ တဝီဝီျမည္သံမ်ားထြက္ေပၚလာ၏။ အႏွီၿပဲထြက္သြားေသာအင္းစာ႐ြက္မွာ သူ၏ဦးေခါင္းပင္ျဖစ္ေနေရာ့သလားဟုထင္မွတ္သြားမိၿပီး ျပင္းထန္စူးရွေသာနာက်င္မႈတို႔က သူ႕နားထင္ေၾကာမ်ားကိုထိုးေဖာက္ေနေတာ့သည္။

စကားသံမွာ က်ယ္ေလာင္စြာေအာ္ဟစ္လိုက္ျပန္သည္။

“ျမန္ျမန္!”

ဤသို႔ကေသာင္းကနင္းျဖစ္ေနေသာအေျခအေနအတြင္း၌ ႐ႊမ္းက်ီးသည္ကား သူဘာေတြေျပာေနသလဲဆိုတာကို သူကိုယ္တိုင္လည္းမသိေတာ့ပါေခ်။ ထိုအရာမွာ သူမည္သို႔ပင္နားေထာင္ပါေစ လုံးဝကိုနားမလည္ေသာစကားမ်ားျဖစ္ေသာ္ျငား သူ၏ႏႈတ္ခမ္းမ်ားႏွင့္လွ်ာဖ်ားေလးမွာ ပင္ကိုယ္ႂကြက္သားမွတ္ဉာဏ္မ်ားရွိေနသည့္ႏွယ္__မိမိမွာ ထိုစကားမ်ားကိုအႀကိမ္ရာေပါင္းမ်ားစြာေျပာဆိုဖူးသည့္အလား။ ဤသို႔ျဖင့္ ၎မွာ ထိုရွည္လ်ားေသာဆုေတာင္းစကားသံမ်ားကို တစ္လုံးခ်င္းစီ လိုက္၍႐ြတ္ဆိုမိေလေတာ့သည္။ အင္းစာ႐ြက္မ်ားေပၚတြင္ မီးလွ်ံေရာင္ဝါမ်ားထြက္ေပၚလာၿပီးေနာက္ အင္းစာ႐ြက္ေပၚတြင္ျဖစ္ေပၚလာေသာအၿပဲရာမ်ားမွာ ျပန္လည္၍တြဲဆက္သြားေလေတာ့သည္။ အင္းစာ႐ြက္မ်ားျပန္လည္တြဲဆက္သြားသည္ႏွင့္တၿပိဳင္နက္ ႐ႊမ္းက်ီး၏ေပါက္ကြဲမတတ္ျဖစ္ေနေသာေခါင္းကိုက္ေဝဒနာမွာလည္း ခ်က္ခ်င္းပင္သက္သာေပ်ာက္ကင္းသြား၏။ သူက အႏွီဆုေတာင္းစာမ်ားကို သူ႕ဘာသာသူအႀကိမ္ေရအနည္းငယ္ခန႔္ ဆက္လက္၍႐ြတ္ဆိုလိုက္သည္။

သံမဏိတံခါးကိုျပင္းထန္စြာဝင္တိုက္ေနေသာအသံမွာလည္း ရပ္တန႔္သြား၏။ အင္းစာ႐ြက္ေပၚတြင္လည္း အစီအစဥ္မက်ေသာ ေနာက္ထပ္ျဖစ္ကတက္ဆန္းျပဳျပင္မႈတစ္ခုျဖစ္ေပၚလာျပန္သည္။ အခ်ိန္အနည္းငယ္ခန႔္သာၾကာျမင့္ခဲ့ေသာ္လည္း ႐ႊမ္းက်ီး၏ေနာက္ေက်ာျပင္တစ္ခုလုံးမွာ ေခြၽးေအးမ်ားျဖင့္စို႐ႊဲေနၿပီျဖစ္သလို သူ႕ေျခေထာက္မ်ားမွာလည္းေပ်ာ့ေခြေနၿပီျဖစ္သည္။ ထိုအခိုက္ အေမွာင္ထုအတြင္းရွိ တံခါးေနာက္ကြယ္တြင္မူ ပင္ပန္းေမာဟိုက္ၿပီးနာက်င္ေနေသာ အသက္ရႉသံတို႔သာက်န္ရစ္ခဲ့ေလေတာ့သည္။

႐ႊမ္းက်ီးမွာ အခ်ိန္တခဏခန႔္ယူကာ သူ႕ကိုယ္သူတည္ၿငိမ္ေအာင္ထိန္းခ်ဳုပ္လိုက္ၿပီးေနာက္ အတြန႔္တြန႔္အဆုတ္ဆုတ္ျဖင့္ေမးျမန္းလိုက္သည္။

“ဘာေတြျဖစ္ေနတာလဲဗ်?”

၎မွာ တံခါးတစ္ဖက္ျခမ္းရွိတိတ္ဆိတ္မႈကိုသာလွ်င္ေတြ႕ဆုံလိုက္ရသည္။ အခ်ိန္မည္မွ်ၾကာသြားမွန္းမသိလိုက္ခင္မွာပင္ ေနာက္ဆုံး၌ ထိုအသံက တိုးေဖ်ာ့စြာေျပာလာသည္။

“မင္းရဲ႕ေသမ်ိဳးေလာကႀကီးဆီကိုျပန္သြားေတာ့”

႐ႊမ္းက်ီးတစ္ေယာက္အလန႔္တၾကားျဖစ္သြား၏။ ထိုလူသည္ကား အေတာ္ေလးကိုသံေနသံထားမွန္ကန္ေသာ အမ်ားသုံးဘာသာစကားျဖင့္ေျပာဆိုလိုက္ျခင္းျဖစ္သည္။ ၎သည္ကား အမ်ားသုံးဘာသာစကားျဖင့္ေျပာင္းလဲေျပာဆိုလိုက္ေသာအခါဝယ္ သူ႕စကားသံကို ပို၍ပင္ရင္းႏွီးကြၽမ္းဝင္ေနသေယာင္။ ႐ႊမ္းက်ီးမွာေသခ်ာမေတြးေတာလိုက္ရေသးခင္မွာပင္ ထိုစကားသံမွာ ထပ္မံထြက္ေပၚလာ၏။ သည္တစ္ႀကိမ္တြင္မူ ခါးသက္စြာရယ္ေမာရင္းေျပာဆိုလိုက္ျခင္းျဖစ္သည္။

“မင္းျပန္သြားရင္ အစားေကာင္းအေသာက္ေကာင္းေတြစားဖို႔မေမ့နဲ႕”

ဒီစကားက လူစကားလားဟ?!

႐ႊမ္းက်ီးမွာ ေဒါသူပုန္ထသြားေလေတာ့သည္။ ၎သည္ကား သူ၏အထူးကြၽမ္းက်င္ေသာထူးျခားစြမ္းရည္တစ္မ်ိဳးျဖစ္သည့္ ပါးစပ္ေသနတ္ပစ္ၿပီး စကားလုံးမ်ားကိုတရစပ္ပစ္လႊတ္ရန္အဆင္သင့္ျပင္လိုက္ေသာ္ျငား ၎မွာ ႐ုတ္တရက္ဆိုသလို တစ္စုံတစ္ခုျဖင့္ရိုက္ပုတ္ခံလိုက္ရသည့္ႏွယ္__အဆိုပါစကားလုံးမ်ားမွာ သံမဏိတံခါးတစ္ခ်ပ္ျဖင့္ပိုင္းျခားထားျခင္းခံရေသာေၾကာင့္ အနည္းငယ္ သံေနသံထားပ်က္ယြင္းလို႔ေနသည္။ လူမ်ားသည္လည္း ေယဘုယ်အားျဖင့္ သူတို႔၏ကိုယ္ပိုင္အသံကို အျခားေသာအျပင္ဘက္တစ္ေနရာမွၾကားရခ်ိန္တြင္ ထိုနည္းတူစြာပင္ မူလအသံႏွင့္ကြဲျပားျခားနားေနသကဲ့သို႔ခံစားရေပလိမ့္မည္။ ႐ႊမ္းက်ီးမွာလည္း ထိုကဲ့သို႔စိတ္တိုစရာေကာင္းလွေသာ ေနာက္ဆုံးစကားလုံးမ်ားကိုၾကားလိုက္ရေသာအခါမွပင္ သေဘာေပါက္သြားရွာေတာ့သည္။ နားေထာင္ေလေလ ရင္းႏွီးေလေလျဖစ္ေနေသာ ထိုစကားသံမွာ သူ၏ပင္ကိုယ္စကားသံပင္တည္း!

႐ႊမ္းက်ီးမွာအထိတ္တလန႔္ျဖစ္သြားၿပီး ေလထုအတြင္းသို႔ေျခတစ္လွမ္းလွမ္းလိုက္မိသည္။ ထို႔ေနာက္တြင္မူ ေလယာဥ္ေပၚ၌ လန႔္နိုးလာ၏။

႐ႊမ္းက်ီးမွာေလထုအတြင္းသို႔ ႏွစ္စကၠန႔္မွ်ေငါင္စင္းစင္းေငးၾကည့္ေနမိသည္။ သူ၏ပထမဆုံးတုံ႕ျပန္မႈမွာ သူယူေဆာင္လာေသာမွတ္စုစာအုပ္ကိုဆြဲထုတ္ကာ သူ႕မွတ္ဉာဏ္မ်ားေပ်ာက္ပ်က္မသြားခင္မွာပင္ အင္းစာ႐ြက္ေပၚတြင္ေတြ႕ခဲ့ရေသာ မႏၲန္အစီအရင္ကို စာအုပ္ထဲတြင္ခ်၍ေရးဆြဲထားလိုက္သည္။ ထို႔ေနာက္တြင္မူ [မိစာၦတစ္ေထာင္အခ်ပ္ပို] စာအုပ္ျဖင့္ ထိုမႏၲန္ကိုၾကည့္ရႈလိုက္သည္။

[မိစာၦတစ္ေထာင္အခ်ပ္ပို] စာအုပ္သည္ကား သူ႕အား အေျဖတစ္ခုကို လ်င္ျမန္စြာျပသလာသည္။

“နိဗၺာန္မႏၲန္”

“ၾကားရတာေတာ့ အေတာ္ေလးမိုက္သားပဲ”

သူေတြးလိုက္သည္။ ထို႔ေနာက္ အေသးစိတ္က်ေသာရွင္းျပခ်က္ကိုေစာင့္ဆိုင္းေနလိုက္သည္။

သူအခ်ိန္အေတာ္ၾကာေစာင့္ဆိုင္းေနေစကာမူ [မိစာၦတစ္ေထာင္အခ်ပ္ပို] စာအုပ္သည္ကား မည္သည့္အရာကိုမွထပ္မံ၍မျပသလာေတာ့ပါေခ်။

ထင္သည့္အတိုင္းပင္ ထိုကဲ့သို႔ အမွားဗရပြမ်ားထြက္ေပၚလာတတ္ျခင္းမွာ အႏွီအစုတ္ပလုတ္စာအုပ္၏လုပ္ေနက်အျပဳအမူပင္ျဖစ္သည္__႐ႊမ္းက်ီးမွာ လက္ေလွ်ာ့သြားဟန္ျဖင့္ သက္ျပင္းတစ္ခ်က္ခ်လိဳက္သည္။ သူက စာအုပ္ကိုပိတ္ရန္ျပင္လိုက္စဥ္မွာပင္ သူ႕မ်က္လုံးမ်ားမွာ ႐ုတ္တရက္ျပဴးက်ယ္သြားရေလ၏။ [မိစာၦတစ္ေထာင္အခ်ပ္ပို] စာအုပ္သည္ကား ပထမဆုံးအႀကိမ္အျဖစ္ ေခါင္းစီးစာတန္းမဟုတ္၊ ေဖာ္ၫႊန္းခ်က္တစ္ခုမဟုတ္ေသာ စာသားမ်ားကိုျပသလာ၏။

ဗလာက်င္းေနေသာစာမ်က္ႏွာေပၚတြင္ အႏွီစာသားမ်ားေပၚေပါက္လာသည္။

အကယ္၍ နိဗၺာန္မႏၲန္ကိုေတြ႕ျမင္လိုက္ရပါလွ်င္ နိဗၺာန္ေက်ာက္တုံးမွာ ပ်က္စီးသြားၿပီျဖစ္သည္။ အဆုံးသတ္ရန္ နီးကပ္လာၿပီ။ ပစၥဳပၸန္ကို တန္ဖိုးထားပါ။

႐ႊမ္းက်ီးခမ်ာ မယုံၾကည္နိုင္သလိုျဖစ္သြားရွာသည္။ ထိုစာသားမ်ားသည္ကား ဟိုနိဗၺာန္ သည္နိဗၺာန္ဟူေသာ ထူးထူးဆန္းဆန္းစကားလုံးမ်ားပါဝင္ေနေစကာမူ အၾကမ္းဖ်င္းအားျဖင့္ သူနားလည္သေဘာေပါက္လိုက္သည္ကေတာ့ အႏွီစာသားမ်ားသည္ကား သူ႕ကိုဆဲဆိုေနတာပဲျဖစ္သည္!

[မိစာၦတစ္ေထာင္အခ်ပ္ပို] စာအုပ္သည္ကား သူ႕ကိုဆဲဆိုၿပီးသည့္ေနာက္တြင္မူ အရိုက္ခံရမည္ကိုစိုးရိမ္သည့္အလား သူ႕ျမင္ကြင္းအတြင္းမွေပ်ာက္ကြယ္သြားေလေတာ့သည္။ ႐ႊမ္းက်ီးက ထိုစာအုပ္အား ျပန္လည္ဆင့္ေခၚလိုက္ေစကာမူ ၎မွာေသခ်င္ေယာင္ေဆာင္ေနၿပီး ထပ္မံ၍ထြက္ေပၚမလာေတာ့ပါေခ်!

႐ႊမ္းက်ီးမွာ သူ႕လက္ေခ်ာင္းမ်ားကို လက္ေကာက္ဝတ္ေပၚသို႔တင္ကာ သူ႕ကိုယ္သူ ေခတၱခဏစမ္းသပ္စစ္ေဆးလိုက္သည္။ ေသြးခုန္ႏႈန္းမွာတည္ၿငိမ္ၿပီးအားေကာင္းေနသည္။ ကိုယ္ဝန္ရွိေနေသာလကၡဏာမ်ိဳးလည္းမဟုတ္၊ ေသလုေျမာပါးျဖစ္ေနေသာ ေရာဂါတစ္ခုခုရွိေနတာမ်ိဳးကိုလည္းမခံစားရ။ ၎မွာ ေၾကာင္အမ္းအမ္းျဖစ္သြားကာ တခဏမွ်ျပန္၍လဲေလ်ာင္းလိုက္သည္။ သူစိတ္ထင္ေနတာလည္းျဖစ္ေကာင္းျဖစ္နိုင္သည္။ ၎မွာ အမွန္တကယ္ပင္ ေခါင္းကိုက္လာၿပီး ဆက္လက္၍အိပ္စက္လို႔မရနိုင္ေတာ့ပါေခ်။

႐ႊမ္းက်ီးသည္ကား သူ႕ဘဝတစ္ေလွ်ာက္လုံးတြင္ ေနရာႏွစ္ေနရာ၌သာ အေတြ႕အႀကဳံမရွိဖူးခဲ့တာျဖစ္သည္။ တစ္ခုမွာ အစားအေသာက္ပ်က္ျခင္းျဖစ္ၿပီး က်န္တစ္ခုမွာ အိပ္ေရးပ်က္ျခင္းျဖစ္သည္။ ၎မွာ အခ်ိန္အေတာ္ၾကာေအာင္ ဟိုလွိမ့္သည္လွိမ့္လုပ္ေနၿပီးေသာ္ျငား မည္သို႔မွ်အိပ္ငိုက္လာျခင္းအလ်ဥ္းမရွိ။ သို႔ျဖစ္ရာ ေစာင္ကိုလွစ္ဟကာ ကုန္း႐ုန္းထလာၿပီး ႏြားနို႔တစ္ခြက္ေသာက္ရန္ထြက္လာခဲ့ေလသည္။

ထိုအခိုက္ အေရွ႕ဘက္အခန္းဆီမွ မီးအလင္းေရာင္ေဖ်ာ့ေဖ်ာ့ထြန္းလင္းေနသည္ကိုေတြ႕ျမင္လိုက္ရသည္__တစ္ေယာက္ေယာက္က ကြန္ပ်ဴတာကိုအသုံးျပဳေနတာပဲ။

ဟင္? ဒီအခ်ိန္ႀကီးမွာလား? ဘယ္သူက မအိပ္ေသးတာလဲ?

ဤညခ်မ္းခ်ိန္ခါသမယအတြင္း ေနာက္ထပ္အိပ္မေပ်ာ္နိုင္ေသာလူတစ္ေယာက္မွာ ကူယြဲ႕ရွီးပင္တည္း။

သူမ၏အနည္းငယ္တြဲက်ေနေသာမ်က္ဝန္းမ်ားမွာ အခ်ိန္ၾကာျမင့္စြာအိပ္ေရးပ်က္ခဲ့ရမႈတို႔ေၾကာင့္ နီရဲေနၿပီး ပုံမွန္ထက္ပင္ ပို၍စိတ္ဓာတ္က်စရာေကာင္းေသာအေငြ႕အသက္မ်ိဳးကိုေပးစြမ္းလို႔ေနသည္။ ေရခဲတိုက္တြင္ အခ်ိန္ပိုဆင္းၿပီးျပန္လာသူတစ္ဦးကဲ့သို႔ႏွယ္။ သူမသည္ကား ကြန္ပ်ဴတာထဲတြင္ ေစာင့္ၾကည့္မွတ္တမ္းဗီဒီယိုအခ်ိဳ႕ကိုျပန္လည္ၾကည့္ရႈေနတာပဲျဖစ္သည္။ ေလယာဥ္ေပၚတြင္ အသံဗလံမ်ားဆူညံေနေသာေၾကာင့္ ကူယြဲ႕ရွီးမွာ ႐ႊမ္းက်ီး၏ေျခသံမ်ားကိုလုံးဝဥႆုံသတိထားမိျခင္းမရွိပါေခ်။

သုံးခြၽမ္းျဖစ္ပြားခဲ့ေသာမေတာ္တဆျဖစ္ရပ္မ်ားေၾကာင့္ ႐ႊမ္းက်ီးသည္ကား အႏွီေလနတ္ဘုရားထိပ္သီးတပ္ဖြဲ႕ဝင္မ်ားကိုသံသယဝင္ေနခဲ့တာျဖစ္သည္။ သို႔ျဖစ္ရာ ၎မွာ အရိပ္ထဲတြင္တိတ္တိတ္ေလးရပ္ေနၿပီး ေခတၱခဏေစာင့္ၾကည့္ေန၏။ ကူယြဲ႕ရွီးၾကည့္ရႈစစ္ေဆးေနေသာ ေစာင့္ၾကည့္မွတ္တမ္းမွာ သုံးခြၽမ္းေဈးအနီးတဝိုက္ကိုရိုက္ကူးထားေသာဗီဒီယိုမွတ္တမ္းမ်ားျဖစ္ေၾကာင္း သူသေဘာေပါက္သြားသည္။ အထူးသျဖင့္ သူတို႔ေမွာင္ခိုေဈးအတြင္းသို႔ဝင္ေရာက္ရွာေဖြျခင္းမျပဳမီႏွင့္ ရွာေဖြၿပီးေနာက္ပိုင္းမွတ္တမ္းမ်ားျဖစ္သည္။

“ကြၽန္ေတာ္တို႔ အဲဒီေန႕တုန္းက တစ္ခုခုလြတ္သြားတာမ်ားရွိလို႔လားဗ်?”

႐ုတ္တရက္ထြက္ေပၚလာေသာ သူ႕စကားသံေၾကာင့္ ကူယြဲ႕ရွီးမွာလန႔္ဖ်ပ္သြားၿပီး သူမလက္ထဲတြင္ကိုင္ထားေသာ ကြန္ပ်ဴတာေမာက္စ္ပင္လြတ္က်ေတာ့မလိုျဖစ္သြားရွာ၏။

“ဒါရိုက္တာ႐ႊမ္း…..”

သူမက လပ္ေတာ့ပ္ကိုအလန႔္တၾကားပိတ္လိုက္သည္။

“မ…မဟုတ္ပါဘူး….လိုရမယ္ရပါ….ေမွာင္ခိုေဈးနားက ေစာင့္ၾကည့္ကင္မရာေတြကို တစ္ခ်က္ေလာက္စစ္ေဆးၾကည့္ေနတာပါ…အမႈကိုၿခဳံငုံသုံးသပ္ၾကည့္မလားလို႔ေလ__ဒါရိုက္တာ႐ႊမ္းက ဘာျဖစ္လို႔ ဒီေလာက္အေစာႀကီးနိုးလာတာလဲ?”

“မသိဘူးေလ…ၾကည့္ရတာ အသက္ေတြလည္းႀကီးလာၿပီထင္ပါတယ္”

႐ႊမ္းက်ီးက ဘာကိုမွသတိမထားမိသည့္ႏွယ္ တစ္ခ်က္မွ်သန္းေဝလိုက္ၿပီးေနာက္ သူမႏွင့္ေပါက္ကရေလးဆယ္စကားစျမည္ေျပာဆိုၿပီးေသာ္ ဘားေကာင္တာရွိရာသို႔ေလွ်ာက္လွမ္းသြားလိုက္ေလသည္။

ဒုအဖြဲ႕ေခါင္းေဆာင္က ေသခ်ာေပါက္ကို လိမ္ေျပာေနတာပဲ

႐ႊမ္းက်ီးက ႏြားနို႔မ်ားကိုခြက္ထဲသို႔ေလာင္းထည့္ေနရင္း ေတြးေတာလိုက္သည္။

သူမသည္ကား ပတ္ဝန္းက်င္အနီးတဝိုက္ကိုၾကည့္ရႈစစ္ေဆးေနျခင္းမဟုတ္ဘဲ ေနရာတစ္ေနရာတည္းကိုသာ အထူးတလည္အာ႐ုံစူးစိုက္၍ၾကည့္ရႈေနတာျဖစ္သည္။ ႐ႊမ္းက်ီးသည္ကား အေစာတုန္းကကင္မရာမွတ္တမ္းအခ်ိဳ႕ထဲမွ လမ္းနာမည္တစ္ခုကိုသတိျပဳမိသြားသည္။ ၎မွာ အရပ္မ်က္ႏွာႏွင့္ပတ္သက္လာလွ်င္ အာ႐ုံခံစားနိုင္စြမ္းအားေကာင္းသူျဖစ္ၿပီး သူသြားလာခဲ့ဖူးေသာေနရာေဒသမ်ားကို ေျမပုံျဖင့္အလိုအေလ်ာက္တိုက္ၾကည့္နိုင္စြမ္းရွိသည္။ ရႈေထာင့္ေပါင္းစုံမွကင္မရာရိုက္ခ်က္မ်ားကို သုံးသပ္ေတြးေတာၾကည့္ၿပီးေနာက္တြင္မူ ထိုမွတ္တမ္းမ်ားအားလုံးသည္ကား ေဈး၏အေနာက္ေတာင္ဘက္မွ မီတာရာေပါင္းအနည္းငယ္ကြာေဝးေသာ ဆင္းရဲသားရပ္ကြက္တစ္ခုရွိ အိမ္စုတ္ေလးမ်ားျဖစ္ေနၾကသည္ကို သူေကာက္ခ်က္ခ်နိဳင္သြား၏။

သူက ဘာကိုမ်ား ဒီေလာက္ေတာင္ရည္႐ြယ္ခ်က္ရွိရွိနဲ႕ရွာေဖြေနတာလဲ?__သူတို႔ေတြ အဲဒီေန႕တုန္းက သုံးခြၽမ္းေမွာင္ခိုေဈးကိုရွင္းလင္းေရးလုပ္တုန္း ေကာင္းကင္ေပၚကေနၿပီး သူဘာကိုေတြ႕သြားလို႔လဲ?

31.10.21

Thanks for votes and cmt.

Pokračovať v čítaní

You'll Also Like

3M 234K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
2.8M 395K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...
589K 67.8K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...