?Daffodils[Complete]
By ScarletV496
340K 21.1K 547
တောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြ... More
အမှာစာမဟုတ်သောအမှာစာသို့မဟုတ်ဝန်ခံချက်
🍁Daffodilsအပိုင်း(၁)တံစက်မြိတ်အောက်က လူနှစ်ယောက်
🍁Daffofilsအပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်
🍁Daffofilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodils အပိုင်း(၄)ဒီခံစားချက်ကဘာလဲဆိုတာမသေချာဘူး
🍁Daffodils အပိုင္း(၄)ဒီခံစားခ်က္ကဘာလဲဆိုတာမေသခ်ာဘူး
🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရှိခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရြှိခင်း
🍁Daffodils အပိုင်း(၇)အသဲကွဲတယ်ဆိုတာ• • •
🍁Daffodils အပိုင္း(၇)အသဲကြဲတယ္ဆိုတာ• • •
🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ
🍁Daffodils အပိုင္း(၈)ခ်ယ္ရီရင္ခုန္သံ
🍁Daffodils အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ
🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ
🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဦးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၃)အစမ်းသပ်ခံကြွက်လေး
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၅)မတရားသဖြင့်ခုန်နေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဦးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဉီးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၇)ဖုံးကွယ်ထားတဲ့ အလွှာ
🍁Daffodils အပိုင္း(၁၇)ဖံုးကြယ္ထားတဲ့ အလႊာ
🍁Daffodils အပိုင်း(၁၈)MaMa Boy
🍁Daffodils အပိုင္း(၁၈)MaMa Boy
🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး
🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!
🍁Daffodils အပိုင်း(၂၁)ချစ်သူတွေဘာတွေလုပ်ကြလဲ!!
🍁Daffodils အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
🍁Daffodils အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်!!
🍁Daffodils အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၄)နွေဉီးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်
🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!
🍁Daffodils အပိုင်း(၂၇)ရှူး!! တိုးတိုး..
🍁Daffodils အပိုင္း(၂၇)ရႉး !!တိုးတိုး..
🍁Daffodils အပိုင်း(၂၈)ဗရုတ်သုက္ခနေ့ရက်များ
🍁Daffodils အပိုင္း(၂၈)ဗရုတ္သုကၡေန့ရက္မ်ား
🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား
🍁Daffodils အပိုငျး(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၂)မှားခဲ့တဲ့လူကကျွန်တော်မဟုတ်ဘူး
🍁Daffodils အပိုင်း(၃၃)အရေးတယူမိတ်ဆက်ပေးစရာမလိုဘူး
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းထူတဲ့ ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းတဲ့ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၅)နာကျင်မှုထက်ပိုတဲ့နာကျင်မှု• • •
🍁Daffodils အပိုင္း(၃၅)နာက်င္မႈထက္ပိုတဲ့နာက်င္မႈ• • •
🍁Daffodils အပိုင်း(၃၆)ဖုန်တွေအမှိုက်တွေပါတဲ့လေပွေတစ်ခုပဲ!
🍁Daffodils အပိုင်း(၃၇)နာကျင်ရမယ်ဆိုရင်တောင်အတူတူရှိချင်တယ်!
🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!
🍁Daffodils အပိုင်း(၃၉)မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်
🍁Daffodils အပိုင်း(၄၀)နယ်ရုပ်လောက်တောင်သူကအဆင့်မရှိဘူး• • •
🍁Daffodils အပိုင်း (၄၁)အလွမ်း၊စိုးရိမ်စိတ်၊သိမ်ငယ်မှု၊အသေးစားရန်ပွဲ!
🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!
🍁Daffodils အပိုငျး(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၅)ပထမဆုံးနှစ်ယောက်အတူရှိတဲ့ခရစ်စမတ်
🍁Daffofils _Epilogue.1
🍁Dafodils_ Epilogue.1
🍁Daffodils_Epilogue.2
🍁Daffodils_Epilogue.2
🍁Daffodils_Extra.1
🍁Daffodils_Extra.1
🍁Daffodils_Extra.2
🍁Daffodils_Extra.2
🍁Daffodils_Extra.3
🍁Daffodils_Extra.3
🍁Daffodils_Extra.4
🍁Daffodils_Extra.4
🍁Daffodils_Extra.Epilogue
🍁Daffodils_Extra.Epilogue
Announcement For Book
🍁Daffodils အပိုင်း(၄၃)အတိတ်၊အမှန်တရား၊ကွဲကြေနေတဲ့နှလုံးသား
3.7K 307 3
By ScarletV496
ဟိန်းထက်ကို သတင်းပေးခိုင်းပြီး နေ့ဝက်လောက်ကြာတော့ သူ့သတင်းက နေရာပေါင်းစုံမှာ တက်လာတယ်။သူကသိုသိုသိပ်သိပ်နေတယ်ဆိုရင်တောင် သူတို့ရဲ့စီးပွားရေးလုပ်ငန်းက ကြီးမားတော့ဒီလို သတင်းမျိုးတွေဆိုမီဒီယာသမားတွေသဘောကျကြတယ်။သေချာတာတော့ ရှယ်ယာ အတက်အကျတွေကြောင့် သူ့အမေတော့သေချာပေါက်ဒေါသပုန်ထနေမှာဖြစ်ပြီး ခေမီဇူးဇန်တစ်ယောက်ကလဲ စိတ်တိုနေတဲ့ သူ့အမေရဲ့ဒေါသကို မီးညှိပေးမိတော့မှာ။
အချင်းချင်းဖေးမပြီးလျို့ဝှက်ချက်တွေသိမ်းထားပေးကြတဲ့နှစ်ယောက် စကားတွေများကြမှာကိုတွေးမိတော့ မိုးပင်လယ်မပြုံးဘဲကိုမနေနိုင်ဘူး။ဟိန်းထက်ယူလာပေးတဲ့ ကြက်စွပ်ပြုတ်ကို အရသာခံသောက်ရင်း စိတ်ထဲမှာလဲ ကျေနပ်နေမိတယ်။
သူမနေ့ကဟိန်းထက်ကို သတင်းမဖြန့်ခိုင်းမီမှာ သူ့အဖေဆီဖုန်းဆက်ခဲ့တယ်။ဖြစ်လာမဲ့ပြဿနာတွေအတွက်သူ့မှာ ခိုင်လုံတ​ဲ့စကားတွေပြန်ပြောနိုင်ဖို့ ဖြစ်ခဲ့တဲ့အကြောင်းအရာတွေအကုန်သိထားဖို့လိုတယ်။ဒါမှသာ သူ့အမေရဲ့ ကျွမ်းကျင်တဲ့ စကားပရိယာယ်တွေကြားကသူရုန်းထွက်နိုင်မှာ။
သူ့ဖုန်းဘယ်လောက်ပြောင်းပြောင်း ဖုန်းမဆက်ပေမယ့် အမြဲသိမ်းထားတတ်တဲ့နံပါတ်ကို မရဲတရဲခေါ်လိုက်တော့ သူအမြဲမှတ်မိနေကြ လေသံခပ်အေးအေးကသူ့နားထဲစီးဝင်လာတယ်။
"ဟဲလို......"
ရုတ်တရက် မိုးပင်လယ် တော်တော်လေးကြာတဲ့ထိဘာစကားပြောရမှန်းမသိဘဲကြောင်အနေမိတယ်။သူ့အဖေရဲ့အသံကိုသူမကြားရခဲ့တာ နှစ်၃၀နီးပါးရှိခဲ့ပြီ။ခုဖေဖေ့အသံကိုကြားလိုက်ရတော့ နဂိုပြောမယ်လို့တွေးထားတဲ့စကားတွေ အတွေးတွေအကုန်ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး ဖုန်းကိုသာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိတော့တယ်။
သူ့ဘက်ကတိတ်ဆိတ်နေတော့ တစ်ဖက်က လူကြီးကလဲတခဏတာလောက် တိတ်သွားကာ သက်ပြင်းချလိုက်ပြီး...
"သားလား....သား ဟုတ်တယ်မလား"
သူ့အဖေရဲ့ မယုံကြည်နိုင်သလို တအံ့တသြမေးသံကြားတော့မှ သူချောင်းဟန့်ပြီး..
"ဟုတ်ကဲ့..." ဆိုပြီး အတောင့်လိုက်ကြီးဖြေလိုက်တယ်။
"အေးသား...သားဘာကိစ္စရှိလို့လဲ...အာ မဟုတ်သေးဘူး ဘာဖြစ်လို့လဲ...ဖုန်းနံပါတ်ကိုမြင်တော့ သားလို့ဖေဖေထင်လိုက်မိပေမယ့် ဟုတ်လားမဟုတ်လား သေချာအောင်ပြန်မေးနေရသေးတယ်ကွာ...လူကြီးဆိုတော့ မှားများမှားနေသလားဆိုပြီး"
သူ့အဖေက အမြီးအမောက်မတည့်တဲ့စကားတွေကို ရယ်ကာမောကာနဲ့ပြောလာလို့သူတို့နှစ်ယောက်ကြားက အခြေအနေကနည်းနည်းလေးတော့ပူနွေးလာသလိုဖြစ်လာတယ်။သူလဲဖုန်းနံပါတ်ကိုမဖျက်သလို သူ့အဖေလဲ သူ့ဖုန်းနံပါတ်ကိုမှတ်မိနေရင်ကောင်းမယ်လို သူတွေးထားခဲ့ဖူးတယ်။ခုသူ့ဖုန်းနံပါတ်ကို မှတ်ထားသေးတာကို သိလိုက်ရတော့ သူ့စိတ်ထဲမှာ ဝမ်းနည်းမှုနဲ့ပျော်ရွှင်မှုကိုရောမွှေထားသလိုခံစားလာရပြီး အရင်သူ့အပြုအမူတွေအတွက်လဲ အရှက်ရလာမိတယ်။
နှစ်ပေါင်းဆယ်ချီပြီး စကားမပြောဖြစ်ကြတဲ့ သားအဖဆက်ဆံရေးက နည်းနည်းကသိကအောက်နိုင်နေတာတော့အမှန်ပဲ...သူ မဟုတ်တာလုပ်ထားတဲ့ဆယ်ကျော်သက်လေးတစ်ယောက်လို သူ့အဖေနဲ့စကားပြောရမှာ မဝံ့မရဲဖြစ်နေတယ်။သူ့ပါးစပ်ကိုလေးလေးလံလံဖွင့်ပြီး စကားလုံးအချို့ကိုထွက်ကျလာအောင်မနည်းလုပ်ယူလိုက်ရတယ်။
"ဖေဖေ နေကောင်းလား..."
"အေး ကောင်းပါတယ် သားရော..."
"ဟုတ်ကဲ့ ကျွန်တော်ရောပဲ အဆင်ပြေပါတယ်"
"ဆေးရုံမှာအလုပ်ရှုပ်နေလား အခုတလော"
"ကျွန်တော်အလုပ်ထွက်လိုက်ပြီ..."
"သြော်..."
နှစ်ယောက်လုံးတိတ်ဆိတ်သွားပြန်တယ်။သူ သူ့အဖေကို သိချင်နေတဲ့အကြောင်းကိုဘယ်လိုစမေးရမလဲမသိဘူး...မေးလဲမမေးရဲသလို မေးလဲမမေးချင်ဘူး။တစ်ယောက်ယောက်ကသူ့အစားမေးပေးရင်ကောင်းမယ်လို့ မိုးပင်လယ်တွေးမိတယ်။
အတန်ကြာ အကြပ်ရိုက်နေရင်း သူ အားတင်းပြီးမေးဖို့ဆုံးဖြတ်လိုက်တယ်။
"ဖေဖေ...မေမေနဲ့ဘာလို့ကွာရှင်းခဲ့တာလဲ"
"ဒီလိုပါပဲကွာ...ကြာခဲ့ပြီပဲကို ခုမှဘာလုပ်ဖို့သိချင်နေတာလဲ"
"ကျွန်တော် ထူးဆန်းတဲ့သတင်းကြားထားရလို့...မေမေကဖောက်ပြန်လို့ကွာရှင်းလိုက်ကြတာဆိုတာ အမှန်လား"
သူ့စကားအဆုံးမှာ တစ်ဖက်က အသံဗလံလုံးဝတိတ်ကျသွားပြီးမှ အသံတိုးတိုးနဲ့
"သားဘယ်ကကြားလာတာလဲ"
"ဟုတ်လား မဟုတ်ဘူးလား ဖေဖေ...ကျွန်တော် နှစ်ပေါင်း၃၀လောက်အလိမ်ခံရပြီးပြီမို့ဖေဖေကတော့ ကျွန်တော့်ကို အမှန်အတိုင်းလေးပြောပြပေးရင်ကောင်းမယ်...ကျွန်တော့်အတွက်လဲအရေးကြီးတာမို့"
"သားမေမေဘာပြောလဲ...သားမေမေသားကိုပြောပြထားတယ်မဟုတ်ဘူးလား"
"ကျွန်တော်ကြားထားတာကျတစ်မျိုးဖြစ်နေလို့ဖေဖေ..."
သူ့စကားဆုံးတော့ တစ်ဖက်ကပြန်ပြီးတိတ်ဆိတ်သွားပြန်တယ်။သူ့အဖေလဲ ပြန်ပြောဖို့ကိုတွန့်ဆုတ်နေပုံရတယ်...အရင်တုန်းကတောင် သူ့အမှားလို့ပုံအချခံပြီး သူ့ကိုပဲမုန်းတာကိုခံယူခဲ့တဲ့လူကြီးဆိုတော့ ခုချိန်ထိလဲအဲ့လိုပဲဆက်လုပ်စေချင်ပုံရတယ်။
တစ်ဖက်မှာလဲဦးမိုးသစ်လွင် တစ်ယောက်ကတော်တော်လေး အကြပ်ရိုက်နေရတယ်။နှစ်သုံးဆယ်လောက်ကြာပြီးမှ သူ့သားဖြစ်သူက ဒီအ​​ေ​ကြာင်းတွေကို သိချင်လာလိမ့်မယ်လို့ထင်မထားဘူး။အရင်တုန်းကတော့ မမေးလဲ သူကိုယ်တိုင်ရှင်းပြဖို့ ကြိုးစားခဲ့ဖူးပေမယ့် သူ့သားကိုယ်တိုင်က မလိုလားခဲ့တာမို့ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက်မှာတော့ ရပ်တန့်ပစ်လိုက်တယ်။
အမေဖြစ်သူရဲ့ အပြစ်ထက် အဖေ လုပ်သူကအပြစ်ပြုလိုက်တာမျိုးကသူ့သားအတွက်ခံစားရသက်သာစေမလားလို့တွေးမိတာကြောင့်လဲဖြစ်တယ်။ခုချိန်ကျမှ အရင်ကအကြောင်းတွေကို ပြန်ပြောရင်းသားဖြစ်သူကို ထပ်ခါထပ်ခါ ခံစားစေရသလိုမျိုးဖြစ်စေမှာလဲဦးမိုးသစ်လွင်ကြောက်မိတယ်။
"ဖေဖေ..ပြောရမှာခက်ခဲနေရင် ကျွန်တော်ပြောတာလေးကိုပဲနားထောင်ပြီး ဟုတ်လား မဟုတ်လား ဖြေပေးပါ ...အဲ့လိုရောရလား"
မိုးပင်လယ်ရဲ့ အသံက စိတ်အားထက်သန်စွာနဲ့ ပြတ်ပြတ်သားသားထွက်လာတယ်။ဒီနေ့ကိုအတိတ်ကမသိခဲ့ရတာတွေအတွက် အကုန်တူးဖော်ဖို့ စိတ်ဆုံးဖြတ်ထားပုံရလို့ သူ့သားအတွက် ဦးမိုးသစ်လွင်ကပဲပြောပြပေးဖို့ဆုံးဖြတ်လိုက်တယ်။
"ရပါတယ်...ဖေဖေပြောပြပေးမယ်...ဒါပေမယ့် သား...သားမေမေကိုအရမ်းကြီးလဲအပြစ်မတင်ပါနဲ့...ဟုတ်ပြီလား"
သူ့ရဲ့စိတ်ထားကောင်းတဲ့အဖေကတော့ သူ့ကိုမကောင်းတဲ့လူဖြစ်အောင်ကင်ပွန်းတပ်ပေးခဲ့တဲ့ ဇနီးဟောင်းကို ကာကွယ်ပေးနေသေးတယ်။သူ့သားကိုသူ့ဆီမလာဖို့ ကားအက်စီးဒန့်ဖြစ်အောင်လုပ်ခဲ့တာကိုသိသွားတဲ့အချိန်မှာရော ဒီလိုကာကွယ်ပေးနေဦးမှာလားသိချင်မိတယ်။
မိုးပင်လယ် အင်တင်တင်နဲ့ပဲ "ဟုတ်ကဲ့"လို့ ပြန်ဖြေလိုက်တယ်။
ီသူ့အဖေက သက်ပြင်းကိုမျှင်းမျှင်းချလိုက်ပြီး စပြောပြတယ်။
အဖေ့ရဲ့ တည်ငြိမ်တဲ့လေသံအေးအေးက သူ့ကိုဇာတ်ကြောင်းတစ်ခုထဲကိုစီးဝင်သွားစေတယ်။
"သား မေမေက ဖေဖေနဲ့ မတူဘဲ သိပ်ကိုထက်မြတ်တဲ့မိန်းကလေးတစ်ယောက်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ကတော်တော်များများမှာအမြင်မတူကြပဲပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်ခဲ့ကြတာ။"
စရိုက်မတူ အသွင်မတူတဲ့ လူနှစ်ယောက်ဘယ်လိုပေါင်းဖက်မိသွားလဲဆိုရင်တော့ သိပ်ထက်မြတ်တဲ့မိန်းမငယ်လေးတစ်ယောက်ကို ထိန်းဖို့ ခပ်အေးအေးယောင်္ကျားတစ်ယောက်အဖြစ်မိုးသစ်လွင်ကို မြရတနာရဲ့ အဖေကခန့်အပ်လိုက်ရာကနေစတာပဲ။မိုးသစ်လွင် အသက် ၂၅ နှစ် မြရတနာ အသက်၂၃မှာ မိဘတွေသဘောတူညီမှုနဲ့လက်ထပ်လိုက်ကြတယ်။မိုးသစ်လွင်ရဲ့ချစ်သူကောင်မလေးကလဲ စိတ်သဘောထားကောင်းတဲ့သူဆိုတော့ သူ့ချစ်သူကောင်လေး သူဌေးသမီးလေးနဲ့ ညားသွားတာကို မျက်ရည်အဝိုင်းသားလေးနဲ့ ဝမ်းသာပြီးလက်ခံပေးရှာတယ်။
သူအိမ်ထောင်ကျပြီး ၃နှစ်လောက်အကြာမှာ သူ့ချစ်သူကောင်မလေးရဲ့ မြို့ကပွဲရုံသူဌေးရဲ့သားနဲ့လက်ဆက်သွားတယ်လို့သတင်းကြားရတယ်။ယူခါစ၂နှစ်လောက်ထိကအဆင်ပြေတဲ့အချစ်ငှက်လေးတွေဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ တော့မြရတနာကိုအိမ်မှာမြင်ရဖို့တောင်ခက်ခဲလာတယ်။မိုးသစ်လွင်လဲ ကုမ္ပဏီအလုပ်တွေကိုလုပ်နေပေမယ့် အိမ်ပြန်ရောက်လို့မှ ဇနီးမယားမျက်နှာမတွေ့ရလို့ ပြောဆိုဆူပူမိတော့ အော်ကြီးဟစ်ကျယ်ရန်ဖြစ်ရတာတွေပဲအဖက်တင်လာခဲ့တယ်။
အိမ်ထောင်သက် ၃နှစ်လောက်အတွင်းမှာ မိုးသစ်လွင်အတွက်က တစ်လချင်းရေတွက်မယ်ဆို ပျော်ဆယ်ရက် မပျော်ရက်နှစ်ဆယ်ပဲ...မြရတနာကို ခြေငြိမ်စေဖို့အတွက် နှစ်ဖက်မိဘတွေကကလေးအတင်းယူခိုင်းမှ အိမ်ထောင်သက် ၅နှစ်ကြာတော့ သားလေးတစ်ယောက်မွေးလာတယ်။
"သားမွေးလာပြီးတော့လဲ သားမေမေက သားနားမှာနေဖို့ထက်ကလေးမွေးထားရလို့ပင်ပန်းတယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ အပြင်လျှောက်လည်တာကပိုများတယ်။ဖေဖေကလဲအလုပ်တစ်ဖက်ဆိုတော့ သားနားမှကအချိန်ပြည့်မနေနိုင်ဘူး။
နောက်ကျ သားဖိုးဖိုးဆုံးတော့ သားမေမေကို ရှယ်ယာတစ်ဝက် သားအန်တီကိုရှယ်ယာတစ်ဝက်ခွဲပေးခဲ့တယ်။အဲ့နောက်တော့လဲ သူ့ကုမ္ပဏီကိုသူများနောက်ကျန်ခဲ့မှာစိုးတာနဲ့ အသဲအသန်လုပ်ရင်းသားနားမှာမနေနိုင်ပြန်ဘူး။ဖေဖေကပြောပြန်ရင်လဲ အိမ်ကထွက်သွားပြန်ရော...လုပ်နိုင်ကိုင်နိုင်စွမ်းရှိနေတဲ့ အသက်၃၀ကျော်ကျော်မိန်းမတစ်ယောက်ကိုလိုက်ထိန်းဖို့ဆိုတာက မလွယ်ကူဘူး။"
ဦးမိုးသစ်လွင်က အကြာကြီးပြောလိုက်ရလို့မောသွားဟန်နဲ့ခဏနားလိုက်ပြီး...
"သား ဆက်နားထောင်ဦးမှာလား"
"ဟုတ် နားထောင်မှာဖေဖေ"
"အင်းအင်းဟုတ်ပြီ...တစ်နေ့ သားတအားအဖျားကြီးနေတဲ့နေ့ပေါ့ သားက ၆နှစ်ပဲရှိဦးမယ်...ထုံးစံအတိုင်း သားအမေက ဖေ​ဖေ့ကိုစိတ်ဆိုးပြီးထွက်သွားတာ အိမ်ပြန်မလာဘူးလေ...ကလေးဆိုတော့ နေမကောင်းဖြစ်တဲ့အချိန် အမေကိုရှာပြီးဂျီကျနေတာမို့ ဖုန်းဆက်တော့လဲမကိုင်ဘူး...ဖေဖေလဲ သူ့သူငယ်ချင်းတွေဆီစုံစမ်းရင်းလိုက်ရှာရင်းနဲ့နောက်ဆုံးတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ ယောက်ျားတစ်ယောက်နဲ့ထိုင်နေတာကိုတွေ့တယ်။
ဖေဖေကသဘောထား သေးသိမ်တဲ့လူမဟုတ်ဘူး...ဒါပေမယ့် သူတို့နှစ်ယောက်ကို မြင်တဲ့လူ ဘယ်သူမဆို ရိုးရိုးသားသားမဟုတ်မှန်း တန်းသိနိုင်တဲ့ ပုံစံပဲ...ကိုယ့်မိန်းမ ကိုယ့်ကလေးရဲ့အမေက ကိုယ်မဟုတ်တဲ့အခြားတစ်ယောက်နဲ့ထိုင်နေတာကိုမြင်ရတာ ဖေဖေ့ရင်ထဲမှာ ဘယ်လောက်ထိခံပြင်းမလဲ သားစဥ်းစားကြည့်!
ဖေဖေ တွေ့လိုက်တဲ့နေရာကနေပြန်လှည့်ပြီး အိမ်ကိုပဲပြန်သွားလိုက်ချင်တာ။ဒါပေမယ့် သားအတွက် ဖေဖေ့ရဲ့ခံပြင်းမှု ဒေါသမာနတွေကိုနောက်ပို့ပြီး မျက်နှာအောက်ချပြီးရှေ့ကိုဆက်တိုးပြီးသွားခေါ်ခဲ့တယ်။
လိုက်တော့လာပါတယ်...ဆူဆူအောင့်အောင့်နဲ့ပဲ...ဖျားတဲ့သားကိုတောင်အပြစ်တင်နေသေးလို့ အဲ့နေ့ကားပေါ်မှာထဲက အပြတ​်ပြောခဲ့လိုက်တယ်။ဖောက်ပြန်ချင်တာကရတယ်...သားကတအားငယ်သေးလို့ သူသိလို့တော့မဖြစ်ဘူးလို့...နောက်ပိုင်းကွာရှင်းပြီး ကိုယ့်လမ်းကိုလျှောက်မယ်လဲဆိုရော သူ့ကုမ္ပဏီimageနဲ့သူ့ဂုဏ်သိက္ခာ ပျက်မှာစိုးတာနဲ့ဖေဖေကြောင့်ဆိုပြီး ခေါင်းစဥ်တပ်လိုက်တော့တာပဲ..."
"ဖေဖေလဲကွာရှင်းပြီးတဲ့နောက် ဖေဖေ့ရှယ်ယာတစ်ချို့ကိုသားကိုလွှဲခဲ့ပြီး တစ်ချို့ကိုတော့ ဖေဖေ့ခုလုပ်ငန်းထဲကိုရင်းနှီးမြုပ်နှံလိုက်တယ်။လုပ်ငန်းအခြေကျမှ နောက်အိမ်ထောင်ပြုခဲ့တာ"
"နောက်အိမ်ထောင်ကဘယ်သူလဲဖေဖေ"
မိုးပင်လယ်မသိချင်ယောင်ဆောင်ပြီးမေးလိုက်တော့ သူ့အဖေက ရယ်တယ်။
"ကံကြမ္မာကဆန်းတော့ဆန်းသားကွ...ငယ်ငယ်ကကွဲသွားတဲ့ရည်းစားကိုနောက်အိမ်ထောင်အဖြစ်ပြန်ဆုံရတယ်..."
သူပါလိုက်ရယ်မိပြီး..."ဖေဖေတော့ပျော်နေမှာပဲ"
"ပျော်တယ်ရယ်လဲမဟုတ်ပါဘူးကွာ...ငယ်ကချစ် နှစ်တစ်ရာမမေ့သာဆိုတာတော့ရှိတာပေါ့...ဒါပေမယ့် သားယုံပါ သားမေမေနဲ့အတူတူနေတဲ့ကာလတစ်လျှောက်လုံး ဖေဖေ စိတ်နဲ့တောင်မဖောက်ပြန်ခဲ့ဘူး...သား!သားသိလား စမ်းရေ မှာလဲ သားအရွယ် သားလေးတစ်ယောက်ရှိတယ်...နာမည်က..."
"နွေဦးဧရာ..."
သူစကားကိုဖြတ်ပြောလိုက်တော့ ဖေဖေအံ့ြသသွားတယ်။
"သားကနွေဦးကိုသိတယ်လား"ပြီးမှ..."ဟုတ်သားပဲ ...သားလဲဆရာဝန်လုပ်ခဲ့သေးတာပဲကို ..."
"ဟုတ်...ကျွန်တော်တို့ အလုပ်အတူတူလုပ်ဖူးကြတယ်"
"ဟေ!ဟုတ်လား..."
ဖေဖေ့အသံက အားရဝမ်းသာကြီးထွက်လာတယ်။သူလဲပြောလက်စနဲ့ အကုန်ပြောပြဖို့တွေးလိုက်ပြီး သူတို့နှစ်ယောက်တွဲခဲ့ဖူးကြောင်းပြောလိုက်တော့ သူ့အဖေခဗျာလူရိုးကြီးပီပီအံ့အားသင့်နေတာတော်တော်နဲ့ အသံတောင်ထွက်မလာနိုင်ဘူး။
"ခုထိရော တွဲနေကြတုန်းလားသား...သားကဖေဖေ့သားမှန်းရော နွေဦးသိလား"
"သိတယ်ဖေဖေ...ဒါပေမယ့်ခုတော့ကျွန်တော်တို့ပြတ်သွားကြပြီ"
"ဟေ!"ဖေဖေရဲ့တအံ့တသြ အသံကြောင့် မိုးပင်လယ်ရယ်ချလိုက်တော့ သူ့အဖေကလဲလိုက်ရယ်ပြီး...
"မဟုတ်ဘူး မဟုတ်ဘူး..ဘာတွေလဲ ဖေဖေနားလည်အောင်ပြောပါဦး..."
မိုးပင်လယ် အကြောင်းစုံကိုအတိုချုံးပြီးပြောပြလိုက်တော့ အင်မတန်အေးတဲ့သူ့အဖေတောင် တက်တစ်ခေါက်ခေါက်ဖြစ်သွားတယ်။ကိုယ့်ဘက်ကနေ ဒေါသကူထွက်ပေးမယ့်လူရှိတာ အရမ်းခံစားလို့ကောင်းတယ်။သူ့အဖေက အရမ်းသဘောထားပြည့်ဝလေ သူ့ ရဲ့အပြုအမူတွေအတွက် အရှက်သည်းလာလေ ဖြစ်နေတယ်။
"ဖေဖေ...ကျွန်တော် တောင်းပန်ပါတယ်...အကျိုးအကြောင်းသေချာမသိဘဲ ဖေဖေ့ကိုမုန်းခဲ့မိလို့"
"ရပါတယ်ကွာ...သားကိုအမှန်အတိုင်းပြောပြပေးမယ့်လူ ဘယ်သူမှမရှိလို့ အထင်လွဲရတာပ​ဲ ဖေဖေ ခွင့်လွှတ်ပါတယ်"
နွေဦးကိုလဲ သူပါကူညီပြီး ရှင်းပြပေးမယ်ဆိုတဲ့အကြောင်းနဲ့ သူ့အမေက သူနဲ့နွေဦးကိုထပ်ပြီးပြဿနာရှာနေဦးမယ်ဆိုရင် သူဝင်ပြီးဖြေရှင်းပေးမယ်ဆိုတဲ့အကြောင်း​ပြောပြီးဖုန်းချသွားတယ်။
သူ့အဖေနဲ့စကားပြောပြီးရုံ...စေ့စပ်ပွဲဖျက်ပြီး သူ့အမေရဲ့ဒေါသကိုဆွပေးရုံနဲ့သူ့ကိစ္စကပြီးမသွားသေးဘူး...သူ့ကားတိုက်မှုနောက်ကွယ်မှာ အမှန်တကယ်ကို သူ့အမေရှိနေလားဆိုတာစုံစမ်းဖို့ကျန်နေသေးတယ်။သူ့ဖုန်းကဒ်ကိုထုတ် ကဒ်အသစ်သုံးပြီး စာပို့လိုက်တယ်။
//ဟိုတစ်ခါကိစ္စအတွက် ကျန်တဲ့ငွေ လွှဲမပေးရသေးဘူးနော် ဒေါ်မြရတနာ...ခုချိန်ကုမ္ပဏီမှာကလဲကမောက်ကမဖြစ်နေတာဆိုတော့ အဲ့သတင်းသာပြန့်သွားရင်ခင်ဗျားအတွက်ဆုံးရှုံးမှုကြီးက နည်းမှာမဟုတ်ဘူး//
ဒီတစ်ခါသူချလိုက်တဲ့ငါးစာကို သူ့အမေမိသွားရင်ကောင်းမယ်။ခုချိန်မှာ ကုမ္ပဏီ လုပ်ငန်းစုကို အသက်ထက်မြတ်နိုးတဲ့သူ့အမေက ရှယ်ယာ အတက်အကျတွေကြောင့်စိတ်တိုနေမှာဖြစ်ပြီး လူတွေကစိတ်တိုနေချိန်ဆို အကျိုးအကြောင်းသိပ်ပြီး မချိန်ဆနိုင်တော့ဘူး။
သူ့အမေဆီက အမှန်တရားတွေထွက်လာဖို့အချိန်ကောင်းပဲ!
ခဏနေတော့ သူ့အမေဆီက စာပြန်ဝင်လာတယ်...ဖွင့်ဖတ်ဖို့အတွက်ဖုန်းစခရင်ကို မိုးပင်လယ်မနှိပ်ရဲတာမို့လက်ရွယ်နေရင်း ရပ်တန့်နေမိတယ်။ အမှန်အတိုင်းသိချင်လို့သာ လုပ်နေရတာ တကယ်ကိုစိတ်ထဲမှာနေလို့မကောင်းလှဘူး။သူ့ရဲ့ကားအက်စီးဒန့်နောက်ကွယ်က လူက သူ့အမေဆိုတဲ့ အမှန်တရားကို သူဆက်ပြီးတူးဖော်သင့်လား မတူးဖော်သင့်ဘူးလားဆိုတာကိုလဲ ဝေခွဲမရဖြစ်နေတယ်။
ဒါပေမယ့်လဲ ခုမှတော့ နောက်ဆုတ်လို့မရတော့တာမို့ သူစာကိုဖွင့်ဖတ်လိုက်တော့ တကယ်ကိုပဲ သူ့အမေကတော့သူချလိုက်တဲ့ငါးစာကို ဟပ်မိသွားပြီ။သူ့အမေလိုလူကကြောင်းအရင်းမရှိဘဲ ပေါက်ကရဝင်လာတဲ့စာကို စာပြန်မှာမဟုတ်ဘူး။
//မင်းဘယ်သူလဲ ဘာတွေလာပြောနေတာလဲ//
//ခင်ဗျား ကခင်ဗျားသားကို ကားနဲ့တိုက်ခိုင်းတာလေ...အဲ့တာတကယ့်သတင်းကြီးပဲမဟုတ်ဘူးလား//
စာတစ်စောင်ပို့ပြီးတိုင်း သူ့အမေဘက်ကစာပြန်ဝင်လာတိုင်းမိုးပင်လယ် သတိလက်လွတ် တံတွေးကိုမျိုချလိုက်မိပြီး ဖုန်းကိုကြောင်ကြည့်နေမိတယ်။သူတကယ်ကို အမှန်တရားကိုဆက်သိဖို့ကြောက်နေပြီ...
//အမေကသားကို ကားနဲ့တိုက်ခိုင်းတာကို ရူးနေတဲ့လူတွေပဲယုံကြမှာပေါ့ //
//ခုမှမသိချင်ယောင်ဆောင်နေတာလား ဒေါ်မြရတနာ ကျွန်​ေတာ့်မှာသက်သေတွေအများကြီးနော်...ကျွန်တော်တော့ ခင်ဗျားသားကိုပဲသနားတယ်//
တစ်ဖက်က ဘာစာမှပြန်ဝင်မလာလို့ သူစိတ်ညစ်သွားရတယ်။သူ့အမေက အမှန်တကယ်သူ့ကိုကားနဲ့တိုက်သွားတဲ့ကောင်တွေဆီ ဖုန်းများဆက်နေမလားဆိုပြီးလဲတွေးပူရသေးတယ်။သူ့ခံစားချက်က ရန်သူ့နိုင်ငံရဲ့ထိတ်တန်းလျို့ဝှက်ချက်တွေကို စုံစမ်းနေတဲ့ သူလျိုတစ်ယောက်လိုပဲ...
//ကျုပ်ဆီမှာ ခင်ဗျားပြောတဲ့အသံဖိုင်ရှိနေတယ်ဆိုရင်ရော...အဲ့အသံဖိုင်ကို ခင်ဗျားသားဆီပို့လိုက်ရမလား...ဘယ်လိုလဲ စိတ်ဝင်စားလား//
မိုးပင်လယ် နောက်ဆုံးကျည်ဆံကိုထုတ်ပြီးသုံးချလိုက်ပြီ။သူပို့လိုက်တဲ့စာကို သူ့အမေယုံရင်တော့ ဒီကျည်ဆံကသုံးရကျိုးနပ်မှာပါ။မယုံရင်တော့ သူ အခြားနည်းလမ်းထပ်စဥ်းစားရတော့မှာ..
ကံကောင်းချင်တော့ သူ့အစီအစဥ်ကအလုပ်ဖြစ်သွားတယ်။သူ့အမေဆီကစာတွေဆက်တိုက်ဝင်လာနေတယ်။
//မင်းတို့ကို ငါအဲ့တုန်းကတည်းက အပြတ်ရှင်းပေးလိုက်တယ်လေ//
//အခုကျမှဘာကိုထပ်လိုချင်နေတာလဲ...နင်တို့အလုပ်ကိုအဲ့လိုတွေပဲလုပ်နေကြတာလား//
//ငါကဘာမှထပ်မပေးနိုင်ဘူး...သတင်းကိုဖြန့်လဲ ငါ့လိုလူနဲ့ နင်တို့လိုလူကိုဘယ်သူကယုံမလဲစဥ်းစားကြည့်//
ဝင်လာတဲ့စာတစ်စောင်ချင်းစီက သူ့အသားကို ဓါးပါးပါးလေးနဲ့ ရှပ်ခနဲ ရှပ်ခနဲလှီးနေသလို နာကျင်ရတယ်။သူ့မှာ အခုဆိုရင် သူသိချင်တဲ့ အမှန်တရားက သူ့ရှေ့ကဖုန်းထဲမှာပဲ...သူ့အမေကိုယ်တိုင် သူ့ကိုအမှန်တရားပြောပြနေပြီ။
ဘာဖြစ်လို့လဲ?သူကသူ့အမေရဲ့ သားပါ...သားမှတစ်ဦးတည်းပဲရှိတဲ့သား...ဒါတောင် သူ့အသက်ကသူ့အမေအတွက်အရေးမပါဘူးလား?
မိုးပင်လယ် သူ့အမေကိုနားမလည်ခဲ့တဲ့အချိန်တွေရှိခဲ့ဖူးပေမယ့် ဒီတစ်ကြိမ်ကတော့အဆိုးဆုံးပဲ...သူရူးချင်လောက်အောင် နားမလည်တော့ဘူး။
မိုးပင်လယ်တုန်ယင်နေတဲ့လက်နဲ့ ဖုန်းကိုကုတင်ပေါ်ချလိုက်တယ်။အလင်းရောင်ခပ်မှိန်မှိန်ပဲရတဲ့ သူ့အခန်းက ပိုပြီး ပိတ်မှောင်နေပြီးမီးတောက်ကြီးတစ်ခုကိုမျိုချထားသလိုသူ့ရင်ထဲမှာ ပူနေရတယ်။
သူ့အသက်ရှုသံမျှင်းမျှင်းကလွဲပြီး ဘာသံမှရှိမနေတဲ့ တိတ်ဆိတ်တဲ့အခန်းထဲမှာ ဖုန်းတုန်ခါသံက ကျယ်ကျယ်လောင်လောင်ထွက်လာတယ်။ချီတုန် ချတုန်စိတ်နဲ့ သူဖုန်းကိုကိုင်ကိုင်ချင်းမှာပဲ သူ့အမေရဲ့အသံကသူ့နားထဲခုန်ပေါက်ဝင်လာတယ်။
"အသံဖိုင်အတွက် ဘယ်လောက်လိုချင်တာလဲ..."
မိုးပင်လယ် လက်ဖဝါးမှာ လက်သည်းရာထင်လောက်တဲ့ထိတင်းတင်းဆုတ်ထားမိတယ်။ချွေးစေးတွေကတစ်ကိုယ်လုံးအနှံ့ထွက်နေပြီး သူ့နှလုံးက အပြင်ကိုခုန်ထွက်တော့မလိုမျိုး ခုန်နေတယ်။
ဖုန်းကိုလက်နဲ့ တင်းကြပ်နေအောင် ဆုပ်ကိုင်ပြီး အသက်ဝအောင်ရှုလိုက်ပြီး တုန်ယင်နေတဲ့အသံကိုပုံမှန်အသံအတိုင်းဖြစ်အောင်ထိန်းပြီးပြောလိုက်တယ်။
"မေမေ..."
ရုတ်ချည်းဆိုသလိုပ​ဲ တစ်ဖက်က အသံတိတ်ကျသွားတယ်။သူအသက်ဝအောင်ထပ်ရှုပြီး ထပ်မေးလိုက်တယ်။
"ကျွန်တော် အက်စီးဒန့်ဖြစ်အောင် မေမေတကယ်လုပ်ခဲ့တာလား"
"မိုးပင်လယ်ပြာ...အ​​ဲ့ဒါကအခုအရေးကြီးလား!အခုကုမ္ပဏီမှာ မင်းကြောင့် ကပြောင်းကပြန်ဖြစ်နေတဲ့အချိန်မှာ မင်းက ဖုန်းတစ်လုံးနဲ့နောက်နေနိုင်သေးလား"
တကယ့်ကိုသူ့အမေအစစ်ပဲ!နောက်ဆုံးအထိကို သူ့အတွက် စိတ်ထဲမှာမရှိသေးဘူး။
"ကျွန်တော် နောက်နေတာမဟုတ်ဘူးမေမေ...တကယ်သိချင်လို့မေးနေတာ အက်စီးဒန့်နောက်ကွယ်ကမေမေလား"
သူ့မေးခွန်းကို သူ့အမေက စိတ်ပျက်သမျိုး စုတ်သတ်လိုက်တယ်။
"ကျစ်!အရေးမကြီးတာကို အရေးလုပ်နေပြန်ပြီ!မင်းမသေဘူးမလား ဘာတွေရေးကြီးခွင်ကျယ်လုပ်နေတာလဲ"
"မေမေ့!" မိုးပင်လယ် ကလေးတစ်ယောက်လိုအော်ငိုချင်တဲ့စိတ်ကိုမနည်းထိန်းထားရတယ်။ဒေါသနဲ့ဝမ်းနည်းမှုက သူ့ကိုလှိုက်စားနေပြီ။
မိုးပင်လယ် တုန်ယင်နေတဲ့ အသံကိုထိန်းပြီး...
"ကျွန်တော် မသေခဲ့ဘူး ဒါပေမယ့် သေလုဆဲဆဲပဲလေ မေမေ!ကျွန်တော်က မေမေ့သားပါ...မေမေ ဘာလိုဒီလိုလုပ်ရက်တာလဲ!ကျွန်တော့်ကိုနဂိုထဲက အချစ်နဲ့မပျိုးထောင်ချင်ရင်...မေမေ့အချိန်တွေကိုမျှမပေးချင်ရင်...မေမေ့ရဲ့ဂရုစိုက်မှုတွေကိုမပေးချင်ရင် အစကတည်းက ဖေဖေနဲ့ တစ်ခါထဲ ထည့်မပေးလိုက်တာလဲ"
ဒေါ်မြရတနာက စိတ်ပျက်လက်ပျက် ထပ်ပြီး စုတ်သတ်တယ်။
"မိုးပင်လယ်ပြာ!မင်းအသက် ၃၀ကျော်နေပြီ ခုချိန်ထိ အဓိကနဲ့သာမည မခွဲြခားတတ်သေးဘူးလား ခုချိန်မှာ အဲ့ဒါတွေကအရေးကြီးလား ကုမ္ပဏီ ​အခြေအနေကို ကူထိန်းဖို့ မလုပ်ပဲ ကလေးလိုအော်ငိုမနေနဲ့..အိပ်မက်ကထတော့ မိုးပင်လယ်ပြာ!ကိုယ်ရှာထားတဲ့ပြဿနာကို ကိုယ်ရှင်း!"
မိုးပင်လယ် ပါးပေါ်ကိုမျက်ရည်ပူတွေတစ်လိမ့်ချင်းလိမ့်ကျလာတယ်။ဟုတ်တယ်!သူ့အမေလို သွေးရော မျက်ရည်ရော မရှိတဲ့ လူတစ်ယောက်အဖို့ အခုသူ့ရဲ့ အပြုအမူတွေအကုန်လုံးက သောက်ပိုတွေလိုချည်းဖြစ်နေမှာ...
သူတိတ်ဆိတ်ပြီး ရင်ကွဲနေတုန်းမှာ သူ့အမေက သူ့ဒဏ်ရာကိုဆက်ပြီးဆားသိပ်ပေးနေတယ်။
"မင်းပျော့ညံ့နေတာ အကုန် မင်းအဖေနဲ့တူလို့ပဲ...ငါ မင်းကိုမွေးထားတာ ပျော့ပျော့ညံ့ညံ့မဟုတ်ဘူး...အရေးကြီးတာကိုပဲ အာရုံစိုက်မိုးပင်လယ်ပြာ!အခုစက္ကန့်ဝက်လောက်တောင် ငါ့အတွက်အရေးပါနေတာ မင်းနဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေပြောဖို့ စိတ်မဝင်စားဘူး...ငါ့သားဖြစ်နေသရွေ့ မင်းဒီလိုပဲနေရမှာပဲ"
"ကျွန်တော် မေမေ့လိုတော့ မနေနိုင်ဘူး...ကျွန်တော့်မှာ နှလုံးသားရှိတယ် မေမေ့လို အခွံလွတ်ကြီးမဟုတ်ဘူး...ပြီးတော့ ကုမ္ပဏီနဲ့ ကျွန်တော် ဘယ်ဟာပိုအရေးကြီးလဲမေမေ"
သူ့စကားကြားတော့ ဒေါ်မြရတနာက အားရပါးရ ရယ်ပြီး.
"ခုထိကလေးကလားတွေပြောတုန်း...အရမ်းအားနေရင် မေ​ေမ့ကိုလာကူလှည့် မိုးပင်လယ်...ကလေးဆန်တာတွေရပ်တော့!"
သူ့အမေကတော့စိတ်တိုင်းကျပြောပြီး ဖုန်းချသွားပြီ။အဆုံးအထိ လုံးဝကိုအဆုံးအထိ သူ့ကိုအားနာစိတ်လေးတောင်ရှိမသွားဘူး။
မိုးပင်လယ် သူ့ကိုကားတိုက်တဲ့တရားခံကို အသက်ရှင်ရတာတောင်စိတ်ညစ်အောင်လုပ်ပစ်မယ်လို့ စဥ်းစားဖူးတယ်။ခုကျတော့ သူဘယ်လိုလုပ်ရတော့မလဲ။စိတ်ထဲက ဟာလာဟင်းလင်းနဲ့ သူဘာမှမတွေးတတ်တော့ဘူး။
__________
Continue Reading
You'll Also Like
459K 11K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
26.1K 1K 72
{စောအက္ခရာ...မင်းကလူသားတစ်ယောက်မဟုတ်ဘူး။ မင်းက..တိတ်ဆိတ်နေတဲ့ငါ့ဘဝထဲရုတ်တရပ်တိုးဝင်လာတဲ့သံစဥ်လှလှလေးတစ်ခုပဲ..} Start Date:5.7.2022
1.2M 63.7K 50
613K 37.9K 111
(Zawgyi) မျဉ်းပြိုင်နှစ်ကြောင်းဟာ ဘယ်တော့မှမဆုံနိုင်ဘူးလို့ သူများတွေပြောကြတယ် အမုန်းမျဉ်းပြိုင်နှစ်ကြောင်းကရော ဆုံနိုင်ဖို့ ဖြစ်နိုင်ပါ့မလား...