Unicode
အခန်း(၆၃) - စိတ်ရှုပ်စရာ
"ငါအဲ့ဒါကို နင့်ရဲ့အကြံလို့ပြောလိုက်တယ်" ကျင်းယွမ်က အပြစ်ရှိစွာနဲ့ ဝန်ခံသည်။
"မုကျင်းယွမ်!" ပင်ပန်းနွမ်းနယ်ပုံ ပေါက်နေသည့် ရွှယ်ချင်းက ဒေါသတကြီးအော်တော့၏။
"ကောင်စုတ်လေး! နင်တစ်ယောက်ပဲ ငါ့မောင်လေးရှေ့မှာ ပုံရိပ်ထိန်းသိမ်းဖို့ လိုတယ်လို့ထင်နေတာလား? ငါကဘာလို့ အဲ့ဒီလိုတုံးအတဲ့ အကြံအစည်ကို တွေးရမှာလဲ?"
"အကြံပေးတဲ့သူက နင်လေ" ကျင်းယွမ်ကပြောသည်။
သူမ အေးခဲသွားသည်။
"ကောင်းပြီ, ငါကအဲ့ဒီ ဆိုးဝါးတဲ့ အစီအစဉ်ကို ထုတ်ပြောခဲ့မိတဲ့သူဆိုတော့ ငါပဲအပြစ်ခံယူပါေ့တာ့မယ်" သူမက တိုးညှင်းစွာပြန်ပြောသည်။
ကျေနပ်အားရစွာဖြင့် ကျင်းယွမ်က မတ်တပ်ထရပ်ပြီး သတိထပ်ပေး၏။
"လုံးဝ စကားပြော မမှားစေနဲ့နော် အကယ်၍ သူသာသိသွားရင် အကျိုးဆက်တွေ ရှိလာလိမ့်မယ်"
"ငါနားလည်ပါတယ်" ရွှယ်ချင်းက လေးနက်စွာ တုန့်ပြန်၏။
"စိတ်လျော့ထား, အကယ်၍ ငါသရုပ်ဆောင်တာ အစစ်အမှန် ဖြစ်သွားပြီး ထျန်းယောင်နဲ့ ယူလိုက်ရရင်တောင် ငါဘာမှပြောမှာ မဟုတ်ဘူး"
ကျင်းယွမ်က တံခါးရှိရာကို လျှောက်သွားပြီးမှ ခဏရပ်တန့်လိုက်ပြီး ပြန်လှည့်ပြောလာသည်။
"ဒါက လောလောဆယ်အတွက် အစီအစဉ်ပဲ ရှိသေးတယ်, ဟန်ဟန်ပိုသက်သာလာတာနဲ့ ဘယ်သူ့ကို လက်ထပ်ချင်တယ်ဆိုတာက နင့်ရွေးချယ်မှုပဲ, ဒါပေမဲ့ သူ့ကိုလက်ထပ်လိုက်လို့လည်း နင့်အတွက် ဆုံးရှုံးစရာ မရှိပါဘူး, သူကနင့်ကို တကယ်ကြိုက်တာ, လူတိုင်းအဲ့ဒါကိုသိတယ်"
ရွှယ်ချင်းကသူ့ကို လက်သာဝှေ့ယမ်းပြလိုက်တော့သည်။
"မြန်မြန်လေးသာသွားပါတော့" သူမက အားလျော့စွာဖြင့် လှမ်းပြောသည်။
"နင့်ကိုမြင်ရတာနဲ့တင် ဒေါသထွက်တယ်"
"နင့်ကိုနင် သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်လိုက်ဦး, ပိုပြီး သက်ဝင်လှုပ်ရှားမှုလေး ရှိသွားအောင်, ပြီးရင် ဟန်ဟန်ဆီသွားပြီး ငါတို့ဆက်ဆံရေးကို ရှင်းပြလိုက်" ကျင်းယွမ်က ဇွတ်တရွတ်ပြောပြီး အဆုံးသတ်သည်။
"စိတ်ပူမနေနဲ့" သူမက ပင်ပန်းစွာဖြင့် ပြောလာလေသည်။
ထိုအချိန်မှသာ ကျင်းယွမ်က စိတ်ကျေနပ်သွားသည်။ သူက တံခါးကိုဖွင့်ပြီး ထွက်သွားတော့၏။
ရွှယ်ချင်း : "..."
ဒီလူက ဒီလောက်စိတ်ရှုပ်ဖို့ ကောင်းတာကို သူမဘာလို့ အရင်တုန်းက သတိမထားခဲ့မိပါလိမ့်?
***
ရိဟန်ရဲ့ အခန်းကို ရွယ်ချင်း ရောက်တဲ့အချိန်မှာ သူမရဲ့ လေးနက်လှသော bro-con နှလုံးသားက သူမရဲ့ချစ်စရာမောင်ငယ်လေးရဲ့ လည်ပင်းနဲ့လက်မှ ပတ်တီးများကြောင့် ပြင်းထန်သော ဝေဒနာတစ်ခုဖြင့် စူးစူးရှရှ နာကျင်သွားရသည်။ ရိဟန်ကတော့ စိတ်ရှုပ်ထွေးနေသလိုဖြင့် ငေးကြောင်ကြောင်အာရုံလွင့်နေလေသည်။
သူမ အိမ်မက်ကမ္ဘာထဲ ဝင်နေတဲ့အချိန်မှာ သူမရဲ့အဖိုးတန် မောင်ငယ်လေးကို ဆုံးရှုံးလုနီးပါး ဖြစ်သွားတယ်ဆိုတဲ့အတွေးက သူမရဲ့အင်္ကျီတစ်ခုလုံးကို ချွေးအေးများစိုရွှဲလာစေသည်။
အဲ့ဒီလူကတော့ သူဘယ်သူဆိုတာ ရှာမတွေ့ဖို့အတွက် ကောင်းကောင်းလေး ဆုတောင်းနေတော့ပဲ..... အဲ့ဒီလူတွေက ဘယ်သူပဲဖြစ်နေပါစေ သူမရဲ့သွားတွေအကုန်လုံး ပျက်စီးသွားရမယ်ဆိုရင်တောင် သူတို့ကို သတ်ပစ်မယ်!
ရိဟန်က သူရဲ့အမကို မြင်သောအခါမှာ အပြစ်ရှိစိတ်ပေါ်လာပြန်သည်။ သူက သူမရဲ့ မျက်နှာကို နီးနီးကပ်ကပ် စမ်းစစ်ကြည့်နေမိသည်။ သူ့နောက်ဆုံးဘဝရဲ့ နောက်ပိုင်းနှစ်တွေမှာ တခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို ရှုမှတ်ပြီး ပြုမူခဲ့တဲ့ အတွေ့အကြုံကနေ ခံစားရတာက...အင်းး. သူမ သိပ်အဆင်ပြေပုံမရဘူး... ကျင်းယွမ်က သူ့ကိုလိမ်ခဲ့တာလား?
သူ့နှလုံးသားက ရင်တုန်မှုဖြင့် တစ်ဒိတ်ဒိတ်ခုန်လာရသည်။ သတိလက်လွတ်ဖြင့်ပင် သူ့လက်ချောင်းများက ကွေးသွားပြီး သူ့လက်ဖဝါးပေါ်က ဒဏ်ရာအား နက်နက်ထိုးခွဲမိသွား၏။ ဒီလှုပ်ရှားမှုကို ကျင်းယွမ်က ချက်ချင်းသတိပြုမိတာကြောင့် သူ့လက်ကို ဆတ်ခနဲလှမ်းကိုင်လိုက်သည်။ ထိတ်လန့်စွာဖြင့်ပင် ရိဟန်က သူ့အမကို ခိုးကြည့်လိုက်မိပြီး သူ့လက်အား ကျင်းယွမ်လက်ထဲကနေ ပြန်ဆွဲထုတ်ဖို့ ကြိုးစားမိတော့လေသည်။
ကျင်းယွမ်က ရွှယ်ချင်းအား အကြည့်စူးစူးတစ်ချက်ပေးလိုက်သည်။ တစ်ကြိမ်ပြီးတစ်ကြိမ် သူ့အကြည့်ကိုသုံး၍ ရွှယ်ချင်းအား သရုပ်ဆောင်ရန် တွန်းအားပေးနေ၏။ ရွှယ်ချင်းက အံ့အားသင့်နေမိတာပင်။
အလျင်စလိုဖြင့်ပင် သူမကိုယ်သူမ ထိန်းချုပ်လိုက်ပြီး ရိဟန်ဆီ လျှောက်သွားလိုက်သည်။ သူမက ရိဟန်နဲ့ မျက်လုံးခြင်း ဆုံတဲ့အနေအထား ရောက်တဲ့အထိ ဒူးထောက်ချလိုက်ပြီး သူ့လည်ပင်းပေါ်က ပတ်တီးအား ထိလိုက်လေသည်။ ထို့နောက် တတ်နိုင်သမျှ အနူးညံ့ဆုံး အသံနဲ့ မေးလိုက်သည်။
"ဟန်ဟန်, ငါကျင်းယွမ်ဆီကကြားတာတော့ ကိုယ့်ကိုကိုယ် ထိခိုက်အောင် လုပ်လိုက်တယ်ဆို,ဘာဖြစ်လို့ ဒီလောက် ဂရုမစိုက်ရတာလဲ? နာနေသေးလား?"
ရိဟန်ရဲ့ လည်ပင်းပေါ်က သေးငယ်တဲ့ ဒဏ်ရာလေးက ရိဟန်ပြန်လည် မွေးဖွားလာပြီးနောက်မှာ လုံးဝကို လစ်လျူရှုထားနိုင်တဲ့ အရာတစ်ခု ဖြစ်နေလေပြီ။ သူက သူ့အမရဲ့ မျက်နှာကိုသာ သတိထားပြီး စစ်ဆေးနေမိသည်။ သူ့အသံမှာတော့ ကြောက်လန့်မှုတစ်ခု ရှိနေကာ စကားစလာ၏။
"အမ, ကျွန်တော့ကို စိတ်-စိတ်မဆိုးပါနဲ့, ကျွန်တော်...ကျွန်တော်မလုပ်ပါဘူး....." နှစ်ယောက်ကို မခွဲပါဘူး
ရိဟန်ရဲ့စိတ်က မှားယွင်းတဲ့ လမ်းကြောင်းပေါ် အခြေချနေပြီ ဆိုတာကို ကျင်းယွမ်နားလည်လိုက်တာကြောင့် သူက ရိဟန်ရဲ့ ခေါင်းအား လက်တစ်ဖက်ဖြင့် ဆွဲလိုက်ပြီး သူ့နှုတ်ခမ်းအား သူ့ကိုယ်ပိုင်ဖြင့် ရပ်တန့်စေလိုက်လေသည်။
ရိဟန်: "..."
သူ့အမ ဒီမှာရှိနေတယ်လေ? အမဘယ်လိုတွေးမလဲ?
ရွှယ်ချင်း: "..."
ကျင်းယွမ်, ခွေးကောင်စုတ်! နင်ကများ ငါ့မောင်ကို ငါ့မျက်စိရှေ့မှာတင် အနိုင်ကျင့်ရဲတယ်?
ဒီအချိန်မှာ သူမဘယ်လောက်ပဲ ကျင်းယွမ်ကို ရိုက်နှက်ချင်နေပါစေ သူက သူမရဲ့မောင်လေးကို စိတ်တည်ငြိမ်အောင် လုပ်တဲ့အချိန်မှာ သူမထက်ပိုကောင်းတယ် ဆိုတာကိုတော့ ဝန်ခံရပေမည်။ ရွှယ်ချင်းက ကျင်းယွမ်ရဲ့ခေါင်းအား တစ်စုံတစ်ခုနဲ့ ပစ်ပေါက်ချင်စိတ်အား ဖိနှိပ်လိုက်ပြီး လည်ချောင်းတစ်ချက်ရှင်းလိုက်သည်။
ကျင်းယွမ်က ရိဟန်ကို ဘယ်လောက်ပဲ အချိန်တွေ အဆုံးသတ်တဲ့ထိ နမ်းချင်နေပါစေ တတိယဘီး ရွှယ်ချင်းက သူတို့ဘေးမှာ ရှိနေသးတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် သူလည်း လုပ်စရာရှိနေသေးတယ်
ကျင်းယွမ်အနေနဲ့ နှမြောတသစွာဖြင့်ပင် ရိဟန်အား လွှတ်ပေးလိုက်ရတော့သည်။
"ပေါက်ကရတွေမပြောနဲ့" ကျင်းယွမ်က မပျော်မရွှင်နဲ့ပြော၏။
ရိဟန်က ဒေါသအမျက်ချောင်းချောင်းထွက်လို့ ပြန်စိုက်ကြည့်လာသည်။
ရွှယ်ချင်းမှာတော့ စနောက်နေသော အမူအယာရရန် အကောင်းဆုံးကြိုးစားနေရှာသည်။
"အကောင်ပေါက်လေး, ကိုယ့်အမရှေ့မှာ ဒီလိုတွေလုပ်နေတာ မရှက်ဘူးလား?" သူမက ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးသည်။
"နင်တို့နှစ်ယောက် အခုအတူတူ ရှိနေကြပြီဆိုတာ ငါသိပါတယ်, ကျင်းယွမ်အတွက် ကောင်းသွားတာပေါ့, သူက သူဆန္ဒရှိနေတဲ့အရာကို နောက်ဆုံးတော့ရသွားပြီ, ငါကရော? ဘဝကဘယ်တော့များမှ ငါ့အပေါ်သနားစိတ်ဝင်ပြီး ငါဆန္ဒရှိနေတဲ့အရာကို ပေးမလဲ မသိပါဘူး"
==========
အခန်း(၆၄) - ကျွန်တော်စူးစမ်းလေ့လာလိုက်မယ်
"ဘာဆန္ဒလဲ?" ရိဟန်က အလိုလိုမေးမိသည်။
"နင်မသိသေးဘူးလား?" ရွှယ်ချင်းက ထိတ်လန့်သွားသည့် လေသံနဲ့မေးသည်။
"ကျင်းယွမ်က မောင်လေးကို ပြောပြပြီးလောက်ပြီ ထင်နေတာ, ဘယ်လိုပဲဖြစ်ဖြစ် သူလည်းသိနေပြီးသားဆိုတော့ အမနင့်ကို တည့်တည်ပဲ ပြောတော့မယ်, ငါကလေ...." သူမက တတ်နိုင်သမျှ 'အနေခက်ပြီးရှက်ရွံ့'သည့် ပုံစံဖြင့် စကားဆက်သည်။
"ငါကချန်ထျန်းယောင်ကို ကြိုက်နေတာ, ဒါပေမဲ့ သူ့ခံစားချက်တွေကို သိပ်မသေချာလို့, ဟား...အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ"
"အဲ့ဒါက တကယ်ပဲ အမနဲ့ကျင်းယွမ်ကြားထဲက သဘောတူညီချက် သပ်သပ်ပဲလား?" ရိဟန်ကမေးသည်.
"သေချာတာပေါ့" ရွှယ်ချင်းက ဆိုသည်။
"သူ့ကိုဘယ်သူကကြိုက်မှာလဲ? ထျန်းယောင်က သူ့ထက်အများကြီး ပိုကောင်းတယ်!" သူမကအမှန်တကယ် မကျေမနပ်ဖြစ်နေသည့်အသံဖြင့် စကားဆက်သည်။
"ဒါဆို လက်ထပ်ပွဲတစ်ခုလုံးက တကယ်ပဲ အမရဲ့အကြံတွေလား?" ရိဟန်ကဆက်ပြောသည်။ သူအခု ငိုရမလား ရယ်ရမလားပင် မသိတော့
ရွှယ်ချင်းက မျက်နှာသေနဲ့ နေနေတဲ့ ကျင်းယွမ်အား အပြင်းအထန် စိုက်ကြည့်လိုက်ကာ ပြန်ပြောသည်။
"ဟုတ်တယ်, ငါ့အကြံတွေပါ, အဲ့ဒါက အရမ်းဆိုးတဲ့ အကြံဆိုတာ ငါအခုသိပါပြီ ဒါပေမယ့် ငါလည်းရွေးချယ်စရာ မရှိခဲ့ဘူးလေ ဟုတ်တယ်မှတ်လား? အဲ့ဒါကြောင့် အွန်လိုင်းကိုကြည့်ပြီး တွန်းအားအဖြစ် မနာလိုအောင် လုပ်ရမယ်ဆိုတာတွေကို ဖတ်မိသွားတာ, ငါလည်း စမ်းကြည့်သင့်တယ်လို့ တွေးမိသွားလို့"
နောက်ဆုံးတော့ ရိဟန်က သူတို့ရဲ့ရှင်းပြချက်ကို လက်ခံလိုက်တော့သည်။ သူကစိတ်သက်သာရာရစွာဖြင့် နူးနူးညံညံ့ သက်ပြင်းချ၏။ သူ့မျက်လုံးထဲမှာတော့ အပြုံးတစ ပွင့်ဖူးလာရတော့လေသည်။
"ဒါဆို အခုရော ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ?" သူကမေးလိုက်သည်။
ကျင်းယွမ်က ရိဟန်မမြင်ရတဲ့ နေရာဘက်ကနေ ရွှယ်ချင်းအား လက်မထောင်ပြလေသည်။
နင်က ကိစ္စတွေကို အဆင်ပြေအောင် လုပ်တာ ငါ့ထက်အများကြီးပိုသာတယ်!
ရွှယ်ချင်းက သူ့ကိုလစ်လျူရှုလိုက်သည်။သူမမောင်လေးရဲ့ မျက်နှာက စိတ်ဒုက္ခကြောင့် ဖြူဖျော့နေရာမှ လျော့နည်းသွားတာကို မြင်ရတာကြောင့် သူမသည်လည်းစိတ်သက်သာရာရစွာပင် သက်ပြင်းကြီးကြီးချမိလေသည်။
"အမလည်း မသိတော့ဘူး" သူမက အပြုံးနဲ့ပြောသည်။
"အမရဲ့ ဉာဏ်ကောင်းတဲ့မောင်လေးက ကူညီပေးမယ် ဆိုရင်ရော?"
ရိဟန်လည်း ဖြေရှင်းနည်းကို ရှာဖွေနိုင်ရန် ဟိုဟိုဒီဒီ အကုန်စဉ်းစားဖို့ ကြိုးစားပြီးနေပြီဖြစ်သည်။ လေးလေးနက်နက် တွေးတောပြီး နောက်မှာတော့ နောက်ဆုံးတွင် ခေါင်းယမ်းကာ အရှုံးပေးလိုက်တော့သည်။
"အမက အရမ်းဉာဏ်ကောင်းတာကို" သူကပြောသည်။
"အဲ့ဒါတောင် ဒီအတွက် အစီအစဉ် ရှာမတွေ့ဘူးဆိုရင် မိသားစုထဲမှာ အတုံးဆုံးဖြစ်တဲ့ ကျွန်တော်က ဘယ်လိုလုပ် အစီအစဉ်ကောင်းကောင်း စဉ်းစားနိုင်မှာလဲ?"
ရွှယ်ချင်းက သူမမောင်လေးရဲ့ နူးညံ့တဲ့ ဆံပင်လေးများအား ပွတ်သပ်ပေးလိုက်သည်
"မောင်လေးက ဘယ်လိုလုပ် တုံးမှာလဲ?" သူမက အပြုံးနဲ့မေးသည်။
"ငါ့မောင်လေးက ဉာဏ်အကောင်းဆုံးပဲ, အမဘဝရဲ့ အနာဂတ်သာယာ ဝပြောရေးအတွက် မောင်လေးကို ပဲ အားကိုးတယ်"
ရိဟန်သည် ချက်ချင်းပင် သူ့ပုခုံးပေါ်ကို ကျလာတဲ့ လေးလံမှုအား ခံစားလိုက်ရသည်။
"ကျွန်တော် ရေအနက်ကို တစ်ရက်လောက် သွားစမ်းကြည့်လိုက်ရင်ရော?" သူက ခဏလောက် ရပ်တန့်သွားပြီးနောက်မှာ မေးလိုက်သည်။
"ကောင်းပြီလေ" ရွှယ်ချင်းက ပျော်ပျော်ရွှင်ရွှင် တုန့်ပြန်၏။
"ငါ့မောင်လေးကို အရင်ဆုံး စူးစမ်းလေ့လာဖို့ လွှတ်ရမှာကို ဘာလို့မစဉ်းစားခဲ့မိပါလိမ့်? ငါ့မောင်လေးက တကယ့်ကို ဉာဏ်အကောင်းဆုံးပဲ"
ကျင်းယွမ်က ရွှယ်ချင်းအား လေးစားစွာဖြင့် လှမ်းကြည့်သည်။ ဒါကအစီအစဉ်ကောင်းတစ်ခုပဲ
ဒီအသေးလေးကို 'သင့်တော်တဲ့' လုပ်စရာတစ်ခုခု ရှာပေးလိုက်ရင် သူ့မှာ စိုးရိမ်ပူပန်နေဖို့ အချိန်ရှိမှာ မဟုတ်တော့ဘူး, အဲ့ဒါက ရိဟန်ဆီမှာ ဘာမှားနေတာလဲ ဆိုတဲ့အကြောင်းအရာကို ရှာတွေ့ဖို့အတွက် ကျင်းယွမ်ဆီမှာ အချိန်ပိုထွက်လာလိမ့်မယ်
ရိဟန်က အာရုံလွင့်နေမိသည်။ သူ့အမရဲ့ ကျန်ရှိတဲ့ရက်တွေမှာ ပျော်ရွှင်နိုင်ဖို့အတွက် အလေးထားရပေမည်။ သူဒါကို ပေါ့ပေါ့ပါးပါး ယူဆလို့ မဖြစ်ဘူး
ချန်ထျန်းယောင်နဲ့ "သဘာဝအတိုင်း" ရင်းနှီးပြီး သတ္တိရှိရှိနဲ့ သူ့အမကို ဝန်ခံလာအောင် တိုက်တွန်းဖို့ သူဘာတွေလုပ်သင့်လဲ?
သူ့အရင်ဘဝမှာ ဘာဖြစ်ခဲ့လဲ ဆိုတာကို မျက်မြင်သိထားမှုအရ ဒီလူက သူ့အမကို ချစ်တယ်ဆိုတာ ရိဟန်အနေနဲ့ သံသယလုံးဝမဝင်ဘူး...ဒီအမျိုးသားဘက်ကနေ ကျယ်ကျယ်လောင်လောင် ဖွင့်ဟပြောလာဖို့အတွက် အစီအစဉ်ကို စဉ်းစားဖို့ပဲလိုတယ်...ဒါဆိုအရာအားလုံး ဖြေရှင်းလို့ ပြီးသွားလိမ့်မယ်...
ရိဟန်မှာ ပိုပြီးစဉ်းစားလေလေ ထျန်းယောင်အတွက် ပိုပြီးစိတ်ပူပန်လာလေလေပင်
ရွှယ်ချင်းက သူ့ကိုရှင်းရှင်းလင်းလင်းကို ချစ်နေတယ်....အဲဒီခံစားချက်တွေကိုသာ ထုတ်ပြောလိုက်တာနဲ့ သူတို့တွေ အတူတူ ရှိနေနိုင်ပြီ...ဒါပေမဲ့ ထျန်းယောင်က သူ့အရင်ဘဝတုန်းက ရိဟန်ထက်တောင်ပိုပြီး သူရဲဘောကြောင်နေသေးတယ်....အဲ့ဒီလူက သေသွားတဲ့အထိ 'ကြိုက်ပါတယ်' ဆိုတဲ့စကားကို တစ်ခွန်းတောင် မပြောခဲ့ဘူး
ခဏလေး မဟုတ်သေးဘူး...ကျင်းယွမ်နဲ့ ရွှယ်ချင်းကြားက အတုအယောင် စေ့စပ်ပွဲအရဆိုရင် သူ့အရင်ဘဝမှာ ဖြစ်ပျက်ခဲ့သမျှက မမှန်ကန်ဘူးလို့တောင် ကောက်ချက်ချလို့ရတယ်....
သူဒီအတိုင်း အပေါ်ယံပဲ မြင်ခဲ့တဲ့အရာတွေ အများကြီးရှိနေတယ်လေ....သူမြင်ခဲ့သမျှက အမှန်တရားနဲ့ ဝေးလွန်းနေတာ....'ထျန်းယောင်ကသူ့အမကို ချစ်လွန်းလို့ သူမအတွက် သေဆုံးပေးခဲ့တယ်' ဆိုတဲ့ကိစ္စတစ်ခုလုံးက ဒီအတိုင်း နားလည်မှု လွဲတာဆိုရင်ရော?
မဖြစ်ဘူး, သူ့အနေနဲ့ဒါကို သတိရှိရှိ လုပ်မှဖြစ်မယ်
အရင်ဆုံး သူနဲ့နီးကပ်အောင် လုပ်ရမယ်...အဲ့ဒီလူက ဘာတွေစဉ်းစားလဲဆိုတာကို စူးစမ်းဖို့အတွက် အရင်ဆုံး စကားပြောကြည့်မယ်....သူ့အမကို နာကျင်စေနိုင်မယ့် အမှားအယွင်းမျိုး ရှိလို့မဖြစ်ဘူး
ကျင်းယွမ်က ရိဟန်ရဲ့ ခံစားချက်အပြောင်းအလဲများကို ကြည့်နေသည်။ သူနဲ့ရွှယ်ချင်းတို့ အကြည့်ချင်း ဖလှယ်မိကြပြီး နှစ်ယောက်လုံး စိတ်သက်သာရာရစွာ သက်ပြင်းချမိကြ၏။
ကြည့်ရတာ ရိဟန်က သူတို့ရဲ့အလိမ်အညာကို လုံးဝယုံကြည်သွားပုံပဲ။
ကျင်းယွမ်လုပ်လိုက်တဲ့ ဒီအလိမ်အညာက.....အကယ်၍ ရွှယ်ချင်းသာ ဒီအတိုင်းဆက်သွားရင် သူမတောင် စပြီးယုံမိတော့မယ်
========
Zawgyi
အခန္း(၆၃) - စိတ္ရႈပ္စရာ
"ငါအဲ့ဒါကို နင့္ရဲ႔အၾကံလို႔ေျပာလိုက္တယ္" က်င္းယြမ္က အျပစ္ရွိစြာနဲ႔ ဝန္ခံသည္။
"မုက်င္းယြမ္!" ပင္ပန္းႏြမ္းနယ္ပံု ေပါက္ေနသည့္ ရႊယ္ခ်င္းက ေဒါသတႀကီးေအာ္ေတာ့၏။
"ေကာင္စုတ္ေလး! နင္တစ္ေယာက္ပဲ ငါ့ေမာင္ေလးေရွ႕မွာ ပံုရိပ္ထိန္းသိမ္းဖို႔ လိုတယ္လို႔ထင္ေနတာလား? ငါကဘာလို႔ အဲ့ဒီလိုတံုးအတဲ့ အၾကံအစည္ကို ေတြးရမွာလဲ?"
"အၾကံေပးတဲ့သူက နင္ေလ" က်င္းယြမ္ကေျပာသည္။
သူမ ေအးခဲသြားသည္။
"ေကာင္းၿပီ, ငါကအဲ့ဒီ ဆိုးဝါးတဲ့ အစီအစဥ္ကို ထုတ္ေျပာခဲ့မိတဲ့သူဆိုေတာ့ ငါပဲအျပစ္ခံယူပါေ့တာ့မယ္" သူမက တိုးၫွင္းစြာျပန္ေျပာသည္။
ေက်နပ္အားရစြာျဖင့္ က်င္းယြမ္က မတ္တပ္ထရပ္ၿပီး သတိထပ္ေပး၏။
"လံုးဝ စကားေျပာ မမွားေစနဲ႔ေနာ္ အကယ္၍ သူသာသိသြားရင္ အက်ိဳးဆက္ေတြ ရွိလာလိမ့္မယ္"
"ငါနားလည္ပါတယ္" ရႊယ္ခ်င္းက ေလးနက္စြာ တုန္႔ျပန္၏။
"စိတ္ေလ်ာ့ထား, အကယ္၍ ငါသ႐ုပ္ေဆာင္တာ အစစ္အမွန္ ျဖစ္သြားၿပီး ထ်န္းေယာင္နဲ႔ ယူလိုက္ရရင္ေတာင္ ငါဘာမွေျပာမွာ မဟုတ္ဘူး"
က်င္းယြမ္က တံခါးရွိရာကို ေလွ်ာက္သြားၿပီးမွ ခဏရပ္တန္႔လိုက္ၿပီး ျပန္လွည့္ေျပာလာသည္။
"ဒါက ေလာေလာဆယ္အတြက္ အစီအစဥ္ပဲ ရွိေသးတယ္, ဟန္ဟန္ပိုသက္သာလာတာနဲ႔ ဘယ္သူ႔ကို လက္ထပ္ခ်င္တယ္ဆိုတာက နင့္ေရြးခ်ယ္မႈပဲ, ဒါေပမဲ့ သူ႔ကိုလက္ထပ္လိုက္လို႔လည္း နင့္အတြက္ ဆံုးရွံုးစရာ မရွိပါဘူး, သူကနင့္ကို တကယ္ႀကိဳက္တာ, လူတိုင္းအဲ့ဒါကိုသိတယ္"
ရႊယ္ခ်င္းကသူ႔ကို လက္သာေဝွ႕ယမ္းျပလိုက္ေတာ့သည္။
"ျမန္ျမန္ေလးသာသြားပါေတာ့" သူမက အားေလ်ာ့စြာျဖင့္ လွမ္းေျပာသည္။
"နင့္ကိုျမင္ရတာနဲ႔တင္ ေဒါသထြက္တယ္"
"နင့္ကိုနင္ သပ္သပ္ရပ္ရပ္ ျဖစ္ေအာင္လုပ္လိုက္ဦး, ပိုၿပီး သက္ဝင္လႈပ္ရွားမႈေလး ရွိသြားေအာင္, ၿပီးရင္ ဟန္ဟန္ဆီသြားၿပီး ငါတို႔ဆက္ဆံေရးကို ရွင္းျပလိုက္" က်င္းယြမ္က ဇြတ္တရြတ္ေျပာၿပီး အဆံုးသတ္သည္။
"စိတ္ပူမေနနဲ႔" သူမက ပင္ပန္းစြာျဖင့္ ေျပာလာေလသည္။
ထိုအခ်ိန္မွသာ က်င္းယြမ္က စိတ္ေက်နပ္သြားသည္။ သူက တံခါးကိုဖြင့္ၿပီး ထြက္သြားေတာ့၏။
ရႊယ္ခ်င္း : "..."
ဒီလူက ဒီေလာက္စိတ္ရႈပ္ဖို႔ ေကာင္းတာကို သူမဘာလို႔ အရင္တုန္းက သတိမထားခဲ့မိပါလိမ့္?
***
ရိဟန္ရဲ႔ အခန္းကို ရြယ္ခ်င္း ေရာက္တဲ့အခ်ိန္မွာ သူမရဲ႔ ေလးနက္လွေသာ bro-con ႏွလံုးသားက သူမရဲ႔ခ်စ္စရာေမာင္ငယ္ေလးရဲ႔ လည္ပင္းနဲ႔လက္မွ ပတ္တီးမ်ားေၾကာင့္ ျပင္းထန္ေသာ ေဝဒနာတစ္ခုျဖင့္ စူးစူးရွရွ နာက်င္သြားရသည္။ ရိဟန္ကေတာ့ စိတ္ရႈပ္ေထြးေနသလိုျဖင့္ ေငးေၾကာင္ေၾကာင္အာရံုလြင့္ေနေလသည္။
သူမ အိမ္မက္ကမာၻထဲ ဝင္ေနတဲ့အခ်ိန္မွာ သူမရဲ႔အဖိုးတန္ ေမာင္ငယ္ေလးကို ဆံုးရွံုးလုနီးပါး ျဖစ္သြားတယ္ဆိုတဲ့အေတြးက သူမရဲ႔အက်ႌတစ္ခုလံုးကို ေခၽြးေအးမ်ားစိုရႊဲလာေစသည္။
အဲ့ဒီလူကေတာ့ သူဘယ္သူဆိုတာ ရွာမေတြ႕ဖို႔အတြက္ ေကာင္းေကာင္းေလး ဆုေတာင္းေနေတာ့ပဲ..... အဲ့ဒီလူေတြက ဘယ္သူပဲျဖစ္ေနပါေစ သူမရဲ႔သြားေတြအကုန္လံုး ပ်က္စီးသြားရမယ္ဆိုရင္ေတာင္ သူတို႔ကို သတ္ပစ္မယ္!
ရိဟန္က သူရဲ႔အမကို ျမင္ေသာအခါမွာ အျပစ္ရွိစိတ္ေပၚလာျပန္သည္။ သူက သူမရဲ႔ မ်က္ႏွာကို နီးနီးကပ္ကပ္ စမ္းစစ္ၾကည့္ေနမိသည္။ သူ႔ေနာက္ဆုံးဘဝရဲ႕ ေနာက္ပိုင္းႏွစ္ေတြမွာ တျခားသူေတြရဲ႕ စိတ္ခံစားခ်က္ေတြကို ရႈမွတ္ၿပီး ျပဳမူခဲ့တဲ့ အေတြ႕အႀကဳံကေန ခံစားရတာက...အင္းး. သူမ သိပ္အဆင္ေျပပံုမရဘူး... က်င္းယြမ္က သူ႔ကိုလိမ္ခဲ့တာလား?
သူ႔ႏွလံုးသားက ရင္တုန္မႈျဖင့္ တစ္ဒိတ္ဒိတ္ခုန္လာရသည္။ သတိလက္လြတ္ျဖင့္ပင္ သူ႔လက္ေခ်ာင္းမ်ားက ေကြးသြားၿပီး သူ႔လက္ဖဝါးေပၚက ဒဏ္ရာအား နက္နက္ထိုးခြဲမိသြား၏။ ဒီလွဳပ္ရွားမႈကို က်င္းယြမ္က ခ်က္ခ်င္းသတိျပဳမိတာေၾကာင့္ သူ႔လက္ကို ဆတ္ခနဲလွမ္းကိုင္လိုက္သည္။ ထိတ္လန္႔စြာျဖင့္ပင္ ရိဟန္က သူ႔အမကို ခိုးၾကည့္လိုက္မိၿပီး သူ႔လက္အား က်င္းယြမ္လက္ထဲကေန ျပန္ဆြဲထုတ္ဖို႔ ႀကိဳးစားမိေတာ့ေလသည္။
က်င္းယြမ္က ရႊယ္ခ်င္းအား အၾကည့္စူးစူးတစ္ခ်က္ေပးလိုက္သည္။ တစ္ႀကိမ္ၿပီးတစ္ႀကိမ္ သူ႔အၾကည့္ကိုသံုး၍ ရႊယ္ခ်င္းအား သ႐ုပ္ေဆာင္ရန္ တြန္းအားေပးေန၏။ ရႊယ္ခ်င္းက အံ့အားသင့္ေနမိတာပင္။
အလ်င္စလိုျဖင့္ပင္ သူမကိုယ္သူမ ထိန္းခ်ဳပ္လိုက္ၿပီး ရိဟန္ဆီ ေလွ်ာက္သြားလိုက္သည္။ သူမက ရိဟန္နဲ႔ မ်က္လံုးျခင္း ဆံုတဲ့အေနအထား ေရာက္တဲ့အထိ ဒူးေထာက္ခ်လိုက္ၿပီး သူ႔လည္ပင္းေပၚက ပတ္တီးအား ထိလိုက္ေလသည္။ ထို႔ေနာက္ တတ္ႏိုင္သမွ် အႏူးညံ့ဆံုး အသံနဲ႔ ေမးလိုက္သည္။
"ဟန္ဟန္, ငါက်င္းယြမ္ဆီကၾကားတာေတာ့ ကိုယ့္ကိုကိုယ္ ထိခိုက္ေအာင္ လုပ္လိုက္တယ္ဆို,ဘာျဖစ္လို႔ ဒီေလာက္ ဂ႐ုမစိုက္ရတာလဲ? နာေနေသးလား?"
ရိဟန္ရဲ႔ လည္ပင္းေပၚက ေသးငယ္တဲ့ ဒဏ္ရာေလးက ရိဟန္ျပန္လည္ ေမြးဖြားလာၿပီးေနာက္မွာ လံုးဝကို လစ္လ်ဴရွဳထားႏိုင္တဲ့ အရာတစ္ခု ျဖစ္ေနေလၿပီ။ သူက သူ႔အမရဲ႔ မ်က္ႏွာကိုသာ သတိထားၿပီး စစ္ေဆးေနမိသည္။ သူ႔အသံမွာေတာ့ ေၾကာက္လန္႔မႈတစ္ခု ရွိေနကာ စကားစလာ၏။
"အမ, ကၽြန္ေတာ့ကို စိတ္-စိတ္မဆိုးပါနဲ႔, ကၽြန္ေတာ္...ကၽြန္ေတာ္မလုပ္ပါဘူး....." ႏွစ္ေယာက္ကို မခြဲပါဘူး
ရိဟန္ရဲ႔စိတ္က မွားယြင္းတဲ့ လမ္းေၾကာင္းေပၚ အေျခခ်ေနၿပီ ဆိုတာကို က်င္းယြမ္နားလည္လိုက္တာေၾကာင့္ သူက ရိဟန္ရဲ႔ ေခါင္းအား လက္တစ္ဖက္ျဖင့္ ဆြဲလိုက္ၿပီး သူ႔ႏႈတ္ခမ္းအား သူ႔ကိုယ္ပိုင္ျဖင့္ ရပ္တန္႔ေစလိုက္ေလသည္။
ရိဟန္: "..."
သူ႔အမ ဒီမွာရွိေနတယ္ေလ? အမဘယ္လိုေတြးမလဲ?
ရႊယ္ခ်င္း: "..."
က်င္းယြမ္, ေခြးေကာင္စုတ္! နင္ကမ်ား ငါ့ေမာင္ကို ငါ့မ်က္စိေရွ႕မွာတင္ အႏိုင္က်င့္ရဲတယ္?
ဒီအခ်ိန္မွာ သူမဘယ္ေလာက္ပဲ က်င္းယြမ္ကို ႐ိုက္ႏွက္ခ်င္ေနပါေစ သူက သူမရဲ႔ေမာင္ေလးကို စိတ္တည္ၿငိမ္ေအာင္ လုပ္တဲ့အခ်ိန္မွာ သူမထက္ပိုေကာင္းတယ္ ဆိုတာကိုေတာ့ ဝန္ခံရေပမည္။ ရႊယ္ခ်င္းက က်င္းယြမ္ရဲ႔ေခါင္းအား တစ္စံုတစ္ခုနဲ႔ ပစ္ေပါက္ခ်င္စိတ္အား ဖိႏွိပ္လိုက္ၿပီး လည္ေခ်ာင္းတစ္ခ်က္ရွင္းလိုက္သည္။
က်င္းယြမ္က ရိဟန္ကို ဘယ္ေလာက္ပဲ အခ်ိန္ေတြ အဆံုးသတ္တဲ့ထိ နမ္းခ်င္ေနပါေစ တတိယဘီး ရႊယ္ခ်င္းက သူတို႔ေဘးမွာ ရွိေနသးတယ္ေလ။ ဘယ္လိုပဲျဖစ္ျဖစ္ သူလည္း လုပ္စရာရွိေနေသးတယ္
က်င္းယြမ္အေနနဲ႔ ႏွေျမာတသစြာျဖင့္ပင္ ရိဟန္အား လႊတ္ေပးလိုက္ရေတာ့သည္။
"ေပါက္ကရေတြမေျပာနဲ႔" က်င္းယြမ္က မေပ်ာ္မရႊင္နဲ႔ေျပာ၏။
ရိဟန္က ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္လို႔ ျပန္စိုက္ၾကည့္လာသည္။
ရႊယ္ခ်င္းမွာေတာ့ စေနာက္ေနေသာ အမူအယာရရန္ အေကာင္းဆံုးႀကိဳးစားေနရွာသည္။
"အေကာင္ေပါက္ေလး, ကိုယ့္အမေရွ႕မွာ ဒီလိုေတြလုပ္ေနတာ မရွက္ဘူးလား?" သူမက ေပါ့ေပါ့ပါးပါး မွတ္ခ်က္ေပးသည္။
"နင္တို႔ႏွစ္ေယာက္ အခုအတူတူ ရွိေနၾကၿပီဆိုတာ ငါသိပါတယ္, က်င္းယြမ္အတြက္ ေကာင္းသြားတာေပါ့, သူက သူဆႏၵရွိေနတဲ့အရာကို ေနာက္ဆံုးေတာ့ရသြားၿပီ, ငါကေရာ? ဘဝကဘယ္ေတာ့မ်ားမွ ငါ့အေပၚသနားစိတ္ဝင္ၿပီး ငါဆႏၵရွိေနတဲ့အရာကို ေပးမလဲ မသိပါဘူး"
==========
အခန္း(၆၄) - ကၽြန္ေတာ္စူးစမ္းေလ့လာလိုက္မယ္
"ဘာဆႏၵလဲ?" ရိဟန္က အလိုလိုေမးမိသည္။
"နင္မသိေသးဘူးလား?" ရႊယ္ခ်င္းက ထိတ္လန္႔သြားသည့္ ေလသံနဲ႔ေမးသည္။
"က်င္းယြမ္က ေမာင္ေလးကို ေျပာျပၿပီးေလာက္ၿပီ ထင္ေနတာ, ဘယ္လိုပဲျဖစ္ျဖစ္ သူလည္းသိေနၿပီးသားဆိုေတာ့ အမနင့္ကို တည့္တည္ပဲ ေျပာေတာ့မယ္, ငါကေလ...." သူမက တတ္ႏိုင္သမွ် 'အေနခက္ၿပီးရွက္ရြံ႔'သည့္ ပံုစံျဖင့္ စကားဆက္သည္။
"ငါကခ်န္ထ်န္းေယာင္ကို ႀကိဳက္ေနတာ, ဒါေပမဲ့ သူ႔ခံစားခ်က္ေတြကို သိပ္မေသခ်ာလို႔, ဟား...အရမ္းစိတ္ရႈပ္ဖို႔ေကာင္းတာပဲ"
"အဲ့ဒါက တကယ္ပဲ အမနဲ႔က်င္းယြမ္ၾကားထဲက သေဘာတူညီခ်က္ သပ္သပ္ပဲလား?" ရိဟန္ကေမးသည္.
"ေသခ်ာတာေပါ့" ရႊယ္ခ်င္းက ဆိုသည္။
"သူ႔ကိုဘယ္သူကႀကိဳက္မွာလဲ? ထ်န္းေယာင္က သူ႔ထက္အမ်ားႀကီး ပိုေကာင္းတယ္!" သူမကအမွန္တကယ္ မေက်မနပ္ျဖစ္ေနသည့္အသံျဖင့္ စကားဆက္သည္။
"ဒါဆို လက္ထပ္ပြဲတစ္ခုလံုးက တကယ္ပဲ အမရဲ႔အၾကံေတြလား?" ရိဟန္ကဆက္ေျပာသည္။ သူအခု ငိုရမလား ရယ္ရမလားပင္ မသိေတာ့
ရႊယ္ခ်င္းက မ်က္ႏွာေသနဲ႔ ေနေနတဲ့ က်င္းယြမ္အား အျပင္းအထန္ စိုက္ၾကည့္လိုက္ကာ ျပန္ေျပာသည္။
"ဟုတ္တယ္, ငါ့အၾကံေတြပါ, အဲ့ဒါက အရမ္းဆိုးတဲ့ အၾကံဆိုတာ ငါအခုသိပါၿပီ ဒါေပမယ့္ ငါလည္းေရြးခ်ယ္စရာ မရွိခဲ့ဘူးေလ ဟုတ္တယ္မွတ္လား? အဲ့ဒါေၾကာင့္ အြန္လိုင္းကိုၾကည့္ၿပီး တြန္းအားအျဖစ္ မနာလိုေအာင္ လုပ္ရမယ္ဆိုတာေတြကို ဖတ္မိသြားတာ, ငါလည္း စမ္းၾကည့္သင့္တယ္လို႔ ေတြးမိသြားလို႔"
ေနာက္ဆံုးေတာ့ ရိဟန္က သူတို႔ရဲ႔ရွင္းျပခ်က္ကို လက္ခံလိုက္ေတာ့သည္။ သူကစိတ္သက္သာရာရစြာျဖင့္ ႏူးႏူးညံညံ့ သက္ျပင္းခ်၏။ သူ႔မ်က္လံုးထဲမွာေတာ့ အျပံဳးတစ ပြင့္ဖူးလာရေတာ့ေလသည္။
"ဒါဆို အခုေရာ ဘာဆက္လုပ္ဖို႔ စီစဥ္ထားလဲ?" သူကေမးလိုက္သည္။
က်င္းယြမ္က ရိဟန္မျမင္ရတဲ့ ေနရာဘက္ကေန ရႊယ္ခ်င္းအား လက္မေထာင္ျပေလသည္။
နင္က ကိစၥေတြကို အဆင္ေျပေအာင္ လုပ္တာ ငါ့ထက္အမ်ားႀကီးပိုသာတယ္!
ရႊယ္ခ်င္းက သူ႔ကိုလစ္လ်ဴရွဳလိုက္သည္။သူမေမာင္ေလးရဲ႔ မ်က္ႏွာက စိတ္ဒုကၡေၾကာင့္ ျဖဴေဖ်ာ့ေနရာမွ ေလ်ာ့နည္းသြားတာကို ျမင္ရတာေၾကာင့္ သူမသည္လည္းစိတ္သက္သာရာရစြာပင္ သက္ျပင္းႀကီးႀကီးခ်မိေလသည္။
"အမလည္း မသိေတာ့ဘူး" သူမက အျပံဳးနဲ႔ေျပာသည္။
"အမရဲ႔ ဉာဏ္ေကာင္းတဲ့ေမာင္ေလးက ကူညီေပးမယ္ ဆိုရင္ေရာ?"
ရိဟန္လည္း ေျဖရွင္းနည္းကို ရွာေဖြႏိုင္ရန္ ဟိုဟိုဒီဒီ အကုန္စဥ္းစားဖို႔ ႀကိဳးစားၿပီးေနၿပီျဖစ္သည္။ ေလးေလးနက္နက္ ေတြးေတာၿပီး ေနာက္မွာေတာ့ ေနာက္ဆံုးတြင္ ေခါင္းယမ္းကာ အရွံဳးေပးလိုက္ေတာ့သည္။
"အမက အရမ္းဉာဏ္ေကာင္းတာကို" သူကေျပာသည္။
"အဲ့ဒါေတာင္ ဒီအတြက္ အစီအစဥ္ ရွာမေတြ႕ဘူးဆိုရင္ မိသားစုထဲမွာ အတံုးဆံုးျဖစ္တဲ့ ကၽြန္ေတာ္က ဘယ္လိုလုပ္ အစီအစဥ္ေကာင္းေကာင္း စဥ္းစားႏိုင္မွာလဲ?"
ရႊယ္ခ်င္းက သူမေမာင္ေလးရဲ႔ ႏူးညံ့တဲ့ ဆံပင္ေလးမ်ားအား ပြတ္သပ္ေပးလိုက္သည္
"ေမာင္ေလးက ဘယ္လိုလုပ္ တံုးမွာလဲ?" သူမက အျပံဳးနဲ႔ေမးသည္။
"ငါ့ေမာင္ေလးက ဉာဏ္အေကာင္းဆံုးပဲ, အမဘဝရဲ႔ အနာဂတ္သာယာ ဝေျပာေရးအတြက္ ေမာင္ေလးကို ပဲ အားကိုးတယ္"
ရိဟန္သည္ ခ်က္ခ်င္းပင္ သူ႔ပုခံုးေပၚကို က်လာတဲ့ ေလးလံမႈအား ခံစားလိုက္ရသည္။
"ကၽြန္ေတာ္ ေရအနက္ကို တစ္ရက္ေလာက္ သြားစမ္းၾကည့္လိုက္ရင္ေရာ?" သူက ခဏေလာက္ ရပ္တန္႔သြားၿပီးေနာက္မွာ ေမးလိုက္သည္။
"ေကာင္းၿပီေလ" ရႊယ္ခ်င္းက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ တုန္႔ျပန္၏။
"ငါ့ေမာင္ေလးကို အရင္ဆံုး စူးစမ္းေလ့လာဖို႔ လႊတ္ရမွာကို ဘာလို႔မစဥ္းစားခဲ့မိပါလိမ့္? ငါ့ေမာင္ေလးက တကယ့္ကို ဉာဏ္အေကာင္းဆံုးပဲ"
က်င္းယြမ္က ရႊယ္ခ်င္းအား ေလးစားစြာျဖင့္ လွမ္းၾကည့္သည္။ ဒါကအစီအစဥ္ေကာင္းတစ္ခုပဲ
ဒီအေသးေလးကို 'သင့္ေတာ္တဲ့' လုပ္စရာတစ္ခုခု ရွာေပးလိုက္ရင္ သူ႔မွာ စိုးရိမ္ပူပန္ေနဖို႔ အခ်ိန္ရွိမွာ မဟုတ္ေတာ့ဘူး, အဲ့ဒါက ရိဟန္ဆီမွာ ဘာမွားေနတာလဲ ဆိုတဲ့အေၾကာင္းအရာကို ရွာေတြ႕ဖို႔အတြက္ က်င္းယြမ္ဆီမွာ အခ်ိန္ပိုထြက္လာလိမ့္မယ္
ရိဟန္က အာရံုလြင့္ေနမိသည္။ သူ႔အမရဲ႔ က်န္ရွိတဲ့ရက္ေတြမွာ ေပ်ာ္ရႊင္ႏိုင္ဖို႔အတြက္ အေလးထားရေပမည္။ သူဒါကို ေပါ့ေပါ့ပါးပါး ယူဆလို႔ မျဖစ္ဘူး
ခ်န္ထ်န္းေယာင္နဲ႔ "သဘာဝအတိုင္း" ရင္းႏွီးၿပီး သတၱိရွိရွိနဲ႔ သူ႔အမကို ဝန္ခံလာေအာင္ တိုက္တြန္းဖို႔ သူဘာေတြလုပ္သင့္လဲ?
သူ႔အရင္ဘဝမွာ ဘာျဖစ္ခဲ့လဲ ဆိုတာကို မ်က္ျမင္သိထားမႈအရ ဒီလူက သူ႔အမကို ခ်စ္တယ္ဆိုတာ ရိဟန္အေနနဲ႔ သံသယလံုးဝမဝင္ဘူး...ဒီအမ်ိဳးသားဘက္ကေန က်ယ္က်ယ္ေလာင္ေလာင္ ဖြင့္ဟေျပာလာဖို႔အတြက္ အစီအစဥ္ကို စဥ္းစားဖို႔ပဲလိုတယ္...ဒါဆိုအရာအားလံုး ေျဖရွင္းလို႔ ၿပီးသြားလိမ့္မယ္...
ရိဟန္မွာ ပိုၿပီးစဥ္းစားေလေလ ထ်န္းေယာင္အတြက္ ပိုၿပီးစိတ္ပူပန္လာေလေလပင္
ရႊယ္ခ်င္းက သူ႔ကိုရွင္းရွင္းလင္းလင္းကို ခ်စ္ေနတယ္....အဲဒီခံစားခ်က္ေတြကိုသာ ထုတ္ေျပာလိုက္တာနဲ႔ သူတို႔ေတြ အတူတူ ရွိေနႏိုင္ၿပီ...ဒါေပမဲ့ ထ်န္းေယာင္က သူ႔အရင္ဘဝတုန္းက ရိဟန္ထက္ေတာင္ပိုၿပီး သူရဲေဘာေၾကာင္ေနေသးတယ္....အဲ့ဒီလူက ေသသြားတဲ့အထိ 'ႀကိဳက္ပါတယ္' ဆိုတဲ့စကားကို တစ္ခြန္းေတာင္ မေျပာခဲ့ဘူး
ခဏေလး မဟုတ္ေသးဘူး...က်င္းယြမ္နဲ႔ ရႊယ္ခ်င္းၾကားက အတုအေယာင္ ေစ့စပ္ပြဲအရဆိုရင္ သူ႔အရင္ဘဝမွာ ျဖစ္ပ်က္ခဲ့သမွ်က မမွန္ကန္ဘူးလို႔ေတာင္ ေကာက္ခ်က္ခ်လို႔ရတယ္....
သူဒီအတိုင္း အေပၚယံပဲ ျမင္ခဲ့တဲ့အရာေတြ အမ်ားႀကီးရွိေနတယ္ေလ....သူျမင္ခဲ့သမွ်က အမွန္တရားနဲ႔ ေဝးလြန္းေနတာ....'ထ်န္းေယာင္ကသူ႔အမကို ခ်စ္လြန္းလို႔ သူမအတြက္ ေသဆံုးေပးခဲ့တယ္' ဆိုတဲ့ကိစၥတစ္ခုလံုးက ဒီအတိုင္း နားလည္မႈ လြဲတာဆိုရင္ေရာ?
မျဖစ္ဘူး, သူ႔အေနနဲ႔ဒါကို သတိရွိရွိ လုပ္မွျဖစ္မယ္
အရင္ဆံုး သူနဲ႔နီးကပ္ေအာင္ လုပ္ရမယ္...အဲ့ဒီလူက ဘာေတြစဥ္းစားလဲဆိုတာကို စူးစမ္းဖို႔အတြက္ အရင္ဆံုး စကားေျပာၾကည့္မယ္....သူ႔အမကို နာက်င္ေစႏိုင္မယ့္ အမွားအယြင္းမ်ိဳး ရွိလို႔မျဖစ္ဘူး
က်င္းယြမ္က ရိဟန္ရဲ႔ ခံစားခ်က္အေျပာင္းအလဲမ်ားကို ၾကည့္ေနသည္။ သူနဲ႔ရႊယ္ခ်င္းတို႔ အၾကည့္ခ်င္း ဖလွယ္မိၾကၿပီး ႏွစ္ေယာက္လံုး စိတ္သက္သာရာရစြာ သက္ျပင္းခ်မိၾက၏။
ၾကည့္ရတာ ရိဟန္က သူတို႔ရဲ႔အလိမ္အညာကို လံုးဝယံုၾကည္သြားပံုပဲ။
က်င္းယြမ္လုပ္လိုက္တဲ့ ဒီအလိမ္အညာက.....အကယ္၍ ရႊယ္ခ်င္းသာ ဒီအတိုင္းဆက္သြားရင္ သူမေတာင္ စၿပီးယံုမိေတာ့မယ္
========