အထာကျကျ သတ်ပါ (အထာက်က် သတ္ပါ)

By Meacenas_Loey

56 5 0

Main Lead - Cyrus Delton Elliot Huxley More

Chapter - 1 Prologue [Unicode]
Chapter - 1 Prologue [Zawgyi]
Chapter -2 Heartless sadistic murderer [Unicode]
Chapter -2 Heartless sadistic murderer [Zawgyi]
Chapter - 3 Convince me [Zawgyi]
Chapter - 4 The Four [Unicode]
Chapter - 4 The Four [Zawgyi]

Chapter - 3 Convince me [Unicode]

4 0 0
By Meacenas_Loey

Chapter - 3 Convince me

"မစ္စတာဟက်စလေ"


သူလေဆိပ်ထဲမှထွက်လာသည့်အခိုက် အမျိုးသားတစ်ယောက်က အော်ခေါ်သံကြားလိုက်ပြီး သူက ကျွန်တော်အနားသို့ ချဉ်းကပ်လာသည်။ ထိုသူသည် ဂွမ်းပိတ်ခံထားသော ခါးပတ်စည်းလောင်းကုတ်ရှည် ကောင်းဘွိုင်စတိုင် ပြန့်ကျယ်သောဦးထုပ်တို့ ဝတ်ဆင်ထားပြီး နေကာမျက်မှန်လည်း တပ်ထားသေးသည်။ လုံးဝကို ဒိတ်အောက်နေသော 1970 ခုနှစ်လောက်က စုံထောက်ဒီဇိုင်းမျိုးပင်။


"မစ္စတာဟက်စလေ ဟုတ်တယ်မလား" ဟု သူကမေးသည်။ သူ့ဖုန်းထဲမှ ဓာတ်ပုံကိုထုတ်ကြည့်ကာ သူ့မျက်နှာကိုပြန်ကြည့်ပြီး တိုက်စစ်နေသေးသည်။


"ဟုတ်ပါတယ် ခင်ဗျားက အေးဂျင့် ကားလို့စ်ထင်တယ် ခင်ဗျားက ကျွန်တော့အတွက် ဒယ်တန်စံအိမ်တော်ထဲ ရောက်ဖို့ ဝင်ခွင့်လက်မှတ်ပဲလို့ ဦးစီးချုပ်က မှာလိုက်တယ်" ဟု ထိုသူကိုရှင်းပြလိုက်သည်။


စုံထောက်ကားလို့စ်က သူကိုဘေးသို့တွန်းပို့ကာ လက်ဆွဲအိတ်ကို ကိုင်လိုက်တယ် "ငါတို့ ဒီနေရာမှာ စကားပြောလို့မဖြစ်ဘူး" ဟုပြောပြီး သူ့ကိုဆွဲခေါ်ကာ မစ်ဆူဘီရှိ မီရေ့အမျိုးအစား ကားတစ်စီးပေါ်သို့ ဝင်ခိုင်းသည်။


သူက သူ၏ခရီးဆောင်အိတ်ကို ကားနောက်ခန်းသို့ထည့်လိုက်ပြီး သူ့အား ကားတံခါးဖွင့်ပေးလေသည်။ ထိုအခိုက် ထိုလူမှာ လူကြီးလူကောင်းဆန်သားပဲဟု သူတွေးလိုက်မိသည်။ ယောကျာ်းလေးတွေ သူတို့အတွက် ကားတံခါးဖွင့်ပေးရင် မိန်းကလေးတွေ သဘောကျတတ်ကြသည်မှာ မထူးဆန်းတော့ပေ။


သူကားထဲသို့ ဝင်ထိုင်လိုက်သည်။ ကားလို့စ်က သူ့အတွက် တံခါးပိတ်ပေးပြီး သူက ယာဉ်မောင်းထိုင်ခုံဆီ တန်းတန်းလျှောက်သွားလေသည်။ သူက ဘာစကားမှမပြောပဲ ကားစက်နှိုးလိုက်သည်။ ထို့နောက် နောက်ကြည့်မှန်ကို ချိန်ညှိကာ လေယာဉ်ကွင်းထဲမှ ထွက်ခွာလာခဲ့သည်။


သူ တစ်စုံတစ်ရာမေးဖို့ ကြံရွယ်နေစဉ်မှာပင် ကားလို့စ်က ကားအတွင်းဖုံးထဲမှ တစ်ခုခုကို ထုတ်ယူလိုက်သည်။ သူဆွဲထုတ်လိုက်ပြီး သူရင်ဘတ်ဆီသို့ လှမ်းပစ်ပေးလိုက်သည်။ ထိုအရာက အညိုရောင်စာအိတ်ဖြစ်ဖို့များသည်။


"မင်းရဲ့ဖိုင်တွေအားလုံး အဲဒီထဲမှာရှိတယ် ID ကဒ်အတု ပတ်ပို့စ်အတု ဆေးစစ်ချက်စာရွက်စာတမ်းတွေ ရဲထောက်ခံစာတွေနဲ့ မင်းရဲ့ကိုယ်ရေးရာဇဝင်အတုတွေ" ကားလို့စ်က မနားတမ်းရှင်းပြသွားလေသည်။


သူလည်း စာအိတ်ကိုဖွင့်ပြီး ဖိုင်တွေကို စစ်ဆေးကြည့်လိုက်သည်။


"ဘန့်ဆင့်ကာတာ" သူ၏ ID ကဒ်အသစ်ကို ကိုင်ကြည့်ရင်း အသံထွက်ဖတ်လိုက်မိသည်။


"ဟုတ်တယ် ဒီနေ့ကစလို့ မင်းနာမည်က အငြိမ်းစားရဲအရာရှိဟောင်း ဘန့်ဆင့်ကာတာပဲ မင်းငယ်ငယ်ရွယ်ရွယ်နဲ့ အနားယူရတဲ့အကြောင်းရင်းကတော့ ပြန်မပြောပြချင်လောက်တဲ့ အက်စီးဒင့်တစ်ခုကြောင့်ပဲ ဒီအလုပ်ကို ဘယ်ကသိလာသလဲဆိုရင် မင်းရဲ့မိတ်ဆွေတစ်ချို့ဆီကလို့ပြော တစ်ချို့ချမ်းသာတဲ့မိသားစုတွေက သက်တော်စောင့်တစ်ယောက်လိုအပ်နေလို့ ပေးတဲ့လစာကလည်း အတော်များတယ်လို့ ပြောကြလို့လို့ မင်းက စကားသိပ်အများကြီးမပြောတတ်တော့ မလိုအပ်တဲ့မေးခွန်းတွေ မေးလာရင် တတ်နိုင်သမျှ နှုတ်ဆိတ်နေလိုက်ပါ" ကားလို့စ်က တစ်ခွန်းတည်းဖြင့် အပြတ်ပြောသွားသလို သူ့ဖက်ကလဲ ထိုစကားများကို မေ့လိုက်လို့မရကြောင်း သေချာမှတ်ထားလိုက်ရသည်။


"ကောင်းပါပြီ ဒါဆို သူတို့ဖက်ကရော ဒီကိစ္စတွေကို ရှာမတွေ့နိုင်ဘူးဆိုတာ သေချာရဲ့လား" ဟု ပြန်မေးလိုက်သည်။


"သေချာပြောလို့တော့မရဘူး ဒါကြောင့်မို့ တကယ်လူသတ်သမားကို ဖော်ထုတ်ဖို့ လိုအပ်တဲ့အထောက်အထားတွေ ရှာဖွေနိုင်အောင် မင်းကို အချိန်နှစ်လပေးထားတာ သိပ်စိတ်မပူပါနဲ့ မင်းရဲ့ အထောက်အထားဟောင်းတွေအကုန် ငါတို့ဖျက်ပြီးပါပြီ သူတို့က အီလီရာဟက်စလေဆိုတဲ့နာမည်နဲ့ လိုက်ရှာရင်တောင် ဘာမှတွေ့မှာမဟုတ်ဘူး" ကားလို့စ်က သူစိတ်ပူနေတဲ့ အရာတစ်ချို့ကို ပြေပျောက်သွားအောင် ပြောဆိုပေးသည်။


"ဦးစီးချုပ်ဖိလစ်က ပြောတယ် ခင်ဗျားက ဒယ်တန်လုပ်ငန်းစုမှာ အလုပ်လုပ်နေတာဆို"


ကားလို့စ်က ခေါင်းညိတ်ပြကာ "ဟုတ်တယ် အဲဒါက ကုမ္ပဏီကောင်းတစ်ခုပါ ဒယ်တန်မောင်နှမတွေကလည်း ပုံမှမ်အထက်တန်းစား မိသားစုတွေလိုပါပဲ ဒါပေမယ့် ကုမ္ပဏီမှာ တွေ့ရရုံလောက်နဲ့တော့ ဆုံးဖြတ်ပေးလို့မရဘူးပေါ့ မင်း အဲဒီစံအိမ်ထဲရောက်သွားတဲ့အခါ ဒီထက်ပိုသိလာမှာပါ"


"အထဲကိုဝင်နိုင်ဖို့လား" သူဖက်က အလေးအနက်ထားနေသော်လည်း အထဲသို့ ဝင်ခွင့်ရမလားဆိုသည်မှာ သေချာနေသည်မဟုတ်။ ဘယ်သူသိနိုင်မှာလဲ။ ဒယ်တန်က ခပ်ချောချောကောင်လေးတွေကိုသာ သဘောမကျရင် ဘယ်နှယ့်လုပ်မလဲ သူတို့ကိုစောင့်ရှောက်ဖို့အတွက် လူမိုက်ပုံစံဂန်းစတားတွေမှ သဘောကျပါတယ်ဆိုလျှင်ရော။


"ဒါက မင်းရဲ့မစ်ရှင်းမစခင် အကျဉ်းချုပ်ရှင်းပြထားတာ မင်းသိထားရမယ့်အရာအားလုံး ငါပြောပြထားမယ် မင်းခရီးဆောင်အိတ်ကျောဖက်မှာ အိတ်အသေးလေးရှိတယ် အထဲမှာ မင်းအတွက် ဖုန်းနဲ့ နားကြပ်ထည့်ထားတယ် ဘယ်သူမှ အဲဒါကို ရှာတွေ့မှာမဟုတ်ဘူး မင်းကိုလဲ အနှောင့်အယှက်မဖြစ်စေပါဘူး မင်း အဲဒီဟာတွေသုံးပြီး ဖြစ်သမျှအားလုံး ငါတို့ဆီ အစီရင်ခံပါ ဒါပေမယ့် ဘယ်သူမှ ရှာတွေ့မှာမဟုတ်ဘူးဆိုတာ မမြင်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး ဒါကြောင့် ဘယ်သူမှ မမြင်အောင်တော့ ဂရုစိုက်ပါ"


"ကောင်းပါပြီ သေချာကိုင်တွယ်လိုက်ပါ့မယ် ဒါပေမယ့် တကယ်ပစ်မှတ်ဖြစ်တဲ့ ဆိုင်ရက်စ်ဒယ်တန်ကရော ဘယ်လိုလဲ ခင်ဗျားအမြင်မှာ သူကဘယ်လိုမျိုးလဲ သူ့အဖေကို တကယ်သတ်နိုင်တဲ့သူလို့ မြင်မိလား" သူက သိချင်စိတ်နဲ့ မေးလိုက်သော်လည်း လူချင်းတွေ့ရတဲ့အခါ သူသိချင်တဲ့အကြောင်းအရာတွေကို သူမလွဲမသွေသိလာမှာပဲဖြစ်သည်။


ကားလို့စ်က ဘယ်လက်ဖြင့် မေးစေ့ကိုပွတ်ရင်း ရှေ့တည့်တည့်ကိုပဲ ကြည့်ကာမောင်းနေသည်။ "အမှန်တိုင်းပြောရရင် သူက အတော်တိတ်ဆိတ်တဲ့သူကွ မင်းဘာပြောချင်လဲဆိုတာ ငါသိပါတယ် ဒီလိုကွင်းဆက်လူသတ်သမားတွေက များသောအားဖြင့် အသံတိတ်ပြီး လျို့ဝှက်ဆန်းကြယ်တဲ့ လူမျိုးတွေဆိုပေမယ့် သူတိတ်ဆိတ်မှုက ပုံစံတစ်မျိုးပဲ သူက အာရုံစူးစိုက်မှုှပိုကောင်းတယ်လို့ ပြောရမလားပဲ"


"နောက်ထပ်လူသတ်ဖို့ ကြံစည်နေတာများလား" သူက ပေါ့ပေါးပါးပါးသာ မေးလိုက်ပေမယ့် ကားလို့စ်ကတော့ ဆိုင်ရက်စ်အကြောင်းတွေကို ဆက်ပြောပြနေသည်။ သူရှေ့မှာ မြင်နေရတဲ့ ဆိုင်ရက်စ်ပုံစံနဲ့ သူလက်ရှိ တွေ့ရှိထားတဲ့အရာအားလုံးကို ဖောက်သည်ချပြနေလေသည်။


"မဟုတ်ဘူးကွ သူရဲ့ လှုပ်ရှားမှုတိုင်းက အသေအချာချိန်တွက်ထားသလိုမျိုးပဲ သူလမ်းလျှောက်ပုံက လုံးဝပြီးပြည့်စုံနေတယ်ဆိုတာ မင်းတွေ့တဲ့အခါ သိလိမ့်မယ် သူလုပ်သမျှက တိကျတယ် သူပုံစံက ခြိမ်းခြောက်မှုမဟုတ်ဘူးလို့ပြောရင် ငါလိမ်ရာကျလိမ့်မယ် ဒါပေမယ့် ခြိမ်းခြောက်ထားနိုင်တဲ့ပုံစံထက် သူက ပြည့်စုံတဲ့ လူကြီးဖြစ်လာဖို့ လေ့ကျင့်ပေးခံထားရတဲ့ ကလေးတစ်ယောက်နဲ့ပိုတူတယ်။


သူ အားလုံးကို လိုက်မှတ်သားရင်း နားထင်ကို နှိပ်နယ်လိုက်သည်။ ကားလို့စ်သူ့ကိုပြောပြတဲ့ အချက်အလက်တွေက စိတ်ဝင်စားဖို့ကောင်းသော်လည်း အထောက်အကူဖြစ်လောက်စရာမပါဝင်ပေ။"ဘယ်လိုတောင် ထူးဆန်းလိုက်တဲ့နည်းလမ်းလဲ" သူက မှတ်ချက်ပေးလိုက်သည်။ "ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ပေးခံထားရတဲ့ ကလေးတဲ့လား"


သူက ရေရွတ်တော့ ကားလို့စ်က ထိုဖော်ပြချက်ကသာ ထိုလူနှင့်အလိုက်ဖက်ဆုံးဖြစ်ကြောင်း သဘောတူသလို ခေါင်းညိတ်ပြသည်။


"ဒါဆို သူက လူကြီးလူကောင်းတစ်ယောက်လို အထာကျကျ လူသတ်ဖို့ လေ့ကျင့်ပေးထားတဲ့ ကောင်လေးလို ဖြစ်နေနိုင်မလား" ဟု သူကထပ်ပြောတော့ ကားလို့စ်က ကားမီးပိတ်လိုက်ကာ သူ့ဖက်လှည့်ကြည့်ပြီး အတည်ပြောဟန်ဖြင့် "ဖြစ်ကောင်းဖြစ်နိုင်ပါတယ်" ဟု မှတ်ချက်ပေးသည်။


သူလည်ချောင်းတစ်ချက်ရှင်းကာ ဒီတင်းကြပ်နေတဲ့လေထုကို မောင်းထုတ်ပစ်လိုက်သည်။


"ကောင်းပီလေ ဒါဆို ငါရဲ့ audition က ဘယ်တော့လဲ" ဟု သူဟာသပြောလိုက်သည်။


နောက်ဆုံးတွင် ကားလို့စ်က ပြန်ပြုံးပြကာ မှန်များဖြင့်တည်ဆောက်ထားသော မယုံနိုင်လောက်အောင် ကြီးမားသော အဆောက်အဦးတစ်ခုရှေ့တွင် ကားကိုရပ်လိုက်သည်။ သူကားပြတင်းပေါက်မှ လှမ်းကြည့်လိုက်တော့ ဒယ်တန်လုပ်ငန်းစု ဟုသော ဆိုင်းပုဒ်ကြီးကို တွေ့လိုက်သည်။ သူတစ်စုံတစ်ခုကို သဘောပေါက်သွားသလို အံ့သြထိတ်လန့်ဟန်ဖြင့် ကားလို့စ်ကို ပြန်ကြည့်လိုက်လေသည်။


"မင်းရဲ့ audition က အခုစနေပြီ" ဟု ကောက်ခါငင်ခါအသိပေးလာသည်။


"ခင်ဗျားနောက်နေတာလား အခုချက်ချင်းကြီး စရမှာလား ကျွန်တော် နားတောင်မနားရတော့ဘူးလား" သူက အတွန့်တက်လိုက်ပေမယ့် ကားလို့စ်က ပြန်မဖြေတာ ရှင်းပါသည်။


"မင်း အဆောက်အဦးထဲရောက်တာနဲ့ အက်ဒီဇင်ကလင့်ဂိန်းကိုရှာပါ သက်တော်စောင့်ရာထူးကိစ္စလို့မေးလိုက် မင်းလုပ်ရမယ့် လမ်းကြောင်းပေါ်ရောက်ပီပဲ ကျေးဇူးပြုပြီး ဒယ်တန်စံအိမ်ကို ဝင်နိုင်မယ့်အခွင့်အရေးက ဒီတစ်ခါပဲရှိမယ်ဆိုတာ သိထားပါ ငါတို့ကို စိတ်မပျက်ရစေနဲ့"


"အခုကစ မင်း ငါနဲ့မသိဘူး ငါတို့ ဘယ်တုန်းကမှ စကားမပြောဖူးဘူး အိုကေနော်" ဟု ထပ်လောင်းသတိပေးလိုက်သေးသည်။


"ပြီးတာပဲ ကံကောင်းပါစေ" သူ ကားတံခါးကိုဖွင့်ရင်း နှုတ်ဆက်လိုက်သည်။


"နောက်ဆုံးတစ်ခုက..." ကားလို့စ်က ချက်ချင်းအော်ပြောလာသည်။ သူလမ်ပေါ်ခြေတစ်ဖက်ချထားရင်း ပြန်လှည့်ကြည့်တော့ "ဒါတွေအားလုံးကို လျို့ဝှက်ထား ဟုတ်ပီလား" ပြီးခဲ့တဲ့အပတ်က ရုံးချုပ်မှာ ဦးစီးချုပ်ဖိလစ်နဲ့ တွေ့ခဲ့စဉ်ကလည်း ဒါပဲမှာကြားနေသည်ကို သူမှတ်မိသည်။


"ဘာကိစ္စဖြစ်လာလာ မင်းရဲ့သရုပ်အမှန်ကို မဖော်မိစေနဲ့ အဖမ်းခံလိုက်ရလို့ သေခြင်းတရားနဲ့ ရင်ဆိုင်ရင်တောင် မစ်ရှင်းနဲ့ပတ်သတ်တာ ဘာတစ်ခုမှ မပြောမိစေနဲ့" သူမသိထားဘူးအထင်ဖြင့် ကားလို့စ်က အလေးအနက်ပြောနေသည်။


"ကျွန်တော် တလွဲတချော်တွေ လုပ်မိရင်ရော" သူက ဖြစ်လာခဲ့ရင်ဟု မေးကြည့်ထားရသည်။


ကားလို့စ်ကရယ်သည်။ သူ့ကြည့်ရတာ ယုံကြည်မှုအပြည့်ရှိနေသလိုပင်။ "မင်း အဲလိုလုပ်မယ်မထင်ပါဘူး ငါမင်းအကြောင်းတွေ ကြားထားပြီးပါပြီ အီလီရာဟက်စလေ မင်းက မျက်နှာနှစ်ခုရှိတဲ့ ရဲတစ်ယောက်ဆိုတာလေ ချစ်စရာကောင်းပြီး ဉာဏ်ကောင်းပေမယ့် တစ်ဖက်မှာလဲ ဆိုးသွမ်းပြီး အကြင်နာကင်းမဲ့တဲ့သူမျိုးပါ မင်းအဆင်ပြေမှာပါ"


အီလီရာဟက်စလေ...


သူ့နာမည်ကို တစ်စုံတစ်ယောက်ကခေါ်တာကို ကြားရသည်မှာ ဒါနောက်ဆုံးဖြစ်လိမ့်မည်ထင်သည်။


"အားပေးတဲ့အတွက် ကျေးဇူးဗျာ" ဟု ပြောပြီး ကားပေါ်မှဆင်းလိုက်သည်။ အိတ်နောက်ကျောဖက်တွင် ဖုန်းနှင့်နားကြပ်ပါသောအိတ်ကို တွေ့လိုက်သည်။ ခရီးဆောင်အိတ်ထဲတွင် အဝတ်အစားများများစားစား မထည့်လာခဲ့ပေ။ အညိုရောင်စာအိတ်ကို အိတ်ထဲသို့မထည့်ခင် အထဲမှ ID ကဒ်အတုကို ထုတ်ယူကာ ပိုက်ဆံအိတ်ထဲထည့်လိုက်သည်။


သူ မျက်လုံးကို မှိတ်ကာ အသက်ပြင်းပြင်းရှုသွင်းလိုက်ရင်း ကိုယ့်ကိုကိုယ် ဘန့်ဆင့်ကာတာဖြစ်နေပီဟုသော စိတ်ကိုပြင်ဆင်လိုက်သည်။ သင့်တော်ပြီး လိုက်လျောညီထွေရှိသော ကိုယ်ရည်ကိုယ်သွေးတို့ကို ဖော်ထုတ်ရန်အတွက် သူသည် လျို့ဝှက်ဆန်းကြယ်သော အမှောင်ထုထဲသို့ တိုးဝင်လိုက်သည်။ ယနေ့မှစပြီး သူ၏ဟာဒယဉာဏ်တွေကို သိမ်းဆည်းထားရပေတော့မည် သူက စကားများများမပြောတတ်သူဖြစ်သောကြောင့် သူတို့က သူ့အား မေးခွန်းတွေအများကြီး မေးမှာမဟုတ်ပေ။ ဒါသည်လည်း ဘဝ၏ မရေးထားသောစည်းမျဉ်းတစ်ခုဖြစ်သည်။


"ဘန့်ဆင့်ကာတာ" သူနာမည်ကို မိတ်ဆက်ရသည့်အခါတိုင်း အဆင်မပြေမဖြစ်ရလေအောင် သူအလေ့အကျင့်လုပ်ခေါ်ကြည့်သည်။ သူ၏ခရီးဆောင်အိတ်ကိုမယူခင် ကိုယ့်နာမည်ကို ခဏခဏခေါ်ကြည့်နေမိသည်။ ထို့နောက် လေးနက်တည်ကြည်သော ဟန်ပန် အန္တရာယ်အငွေ့အသက်တို့ လွှမ်းခြုံနေသော အမူအရာဖြင့် အဆောက်အဦးဆီသို့ လျှောက်လာခဲ့လေသည်။


လမ်းလျှောက်နေရင်း ဘေးတစ်ဖက်စီက မှန်သားပြင်ပေါ် ထင်ဟပ်နေသော သူ့ပုံရိပ်ကိုကြည့်လိုက်သည်။ ဒါက ဦးစီးချုပ် ဖိလစ် လိုချင်သောပုံစံအတိုင်း ဝတ်ထားခြင်းဖြစ်သည်။ သပ်သပ်ရပ်ရပ်လည်းရှိရမယ် အကြမ်းခံသည့်ပုံစံလဲထွက်ရမည်ဟု မှာလိုက်သေးသည်။ သူကတော့ ထိုအရာနှစ်ခုကို ဘယ်လိုပေါင်းစပ်ဝတ်ဆင်ရမလဲဆိုတာ မသိတော့ပေ။ ထို့ကြောင့် ဖိလစ်၏စံနှုန်းအတိုင်း ကိုက်ညီမှုရှိစေရန် သူသည် ကုတ်အကျီဝတ်ထားပြီး ဆံပင်ကို အနောက်သို့ လှန်ဖီးထားလေသည်။


လွယ်လိုက်တာ...

သူအဆောက်အဦထဲကို ဝင်လိုက်သည်နှင့် ဧည့်ကြိုဝန်ထမ်းမလေးက နှုတ်ဆက်လာသည်။ "မင်္ဂလာပါ ဆရာ ဒယ်တန်လုပ်ငန်းစုက ကြိုဆိုပါတယ် ဘာများကူညီပေးရမလဲရှင်"

သူမဆီ သွားလိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။ "ကျွန်တော် အက်ဒီဇင်ကလင့်ဂိန်းကို ရှာနေတာပါ ဒီမှာ ခန့်ဖို့ယာထားတဲ့ သက်တော်စောင့်နေရာအတွက် ရောက်လာတာပါ" ဟု သူမကိုပြောလိုက်သည်။


သူ့အထင် သူမဟာ အံ့အားသင့်သလိုဖြစ်သွားပြီး တုန်လှုပ်သွားသလို တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေရင်း ပြန်ဖြေသည်။ "အို ဟုတ်ကဲ့ သူ့ကို မေးကြည့်ပေးပါမယ်နော်"


အမျိုးသမီးက ဖုန်းကိုကောက်ကိုင်ပြီး နံပါတ်တစ်ခုကို ခေါ်လိုက်သည်။


"ဟဲလို မစ္စတာကလင့်ဂိန်း ဟုတ်ကဲ့ဒီမှာ ရှင့်ကိုလူတစ်ယောက် လာရှာနေပါတယ် သူဌေးရဲ့ သက်တော်စောင့်ရာထူးအတွက်လို့ ပြောပါတယ်" ဟု သူမက တစ်ဖက်ကလူကို ပြောနေသည်။ ထို့နောက် သူမက သူ့ကိုလှမ်းကြည့်ကာ ID ကဒ်ကို ပါးစပ်လှုပ်ရုံမေးလာရာ သူလည်း သူ၏ ID ကဒ်အတုကို ယုံကြည်ချက်အပြည့်ဖြင့် လှမ်းပေးလိုက်သည်။


"သူ့နာမည်က ဘန့်ဆင့်ကာတာ ဟုတ်ပါတယ် ဟုတ်ကဲ့ ကောင်းပါပြီ ကျွန်မချက်ချင်းလွှတ်လိုက်ပါ့မယ်" သူမက ဖုန်းကိုမချခင် လှမ်းပြောလိုက်သည်။ သူမက သူ၏ ID ကဒ်ကို လှမ်းပေးရင်းပြုံးပြသည်။ " မစ္စတာကလင့်ဂိန်းက ရှင့်ကိုအသင့်စောင့်နေပါတယ် ဆယ့်နှစ်ထပ်မြောက်က အခန်း 1209 ကို သွားလိုက်ပါ သူကရှင့်ကိုစောင့်နေပါတယ်"


အိုး လွယ်လှချည်လား...


"အိုကေ ကျေးဇူး" သူ ခေါင်းတစ်ချက်ညိတ်ပြကာ ထိုအမျိုးသမီးလမ်းညွှန်လိုက်သည့်တိုင်း ၁၂ ထပ်သို့တက်ရန် ဓာတ်လှေကားဆီ ဦးတည်လိုက်သည်။


အခန်းက သိပ်ရှာရမခက်ခဲသောကြောင့် ချက်ချင်းရောက်သွားသည်။ တံခါးကို မခေါက်ခင် လည်စည်းကို အရင်ပြင်လိုက်တယ် "ဝင်ခဲ့ပါ" ဟု အသံတိုးတိုးလေးဖြင့် ပြောသံကြားလိုက်ရသည်။


"မစ္စတာကာတာလား" သူ နောက်ဖက်က တံခါးကို ပိတ်နေစဉ် ထိုသူက လှမ်းမေးသည်။ သူပြောနေသော ကာတာဆိုတာ ကိုယ့်ကိုရည်ညွှန်းတာမှန်း မေ့သွားသောကြောင့် ပြန်တုံ့ပြန်ဖြေဖို့ စက္ကန့်အနည်းငယ်မျှ အချိန်ယူလိုက်ရလေသည်။


"ဟုတ်ပါတယ် ခင်ဗျားက မစ္စတာကလင့်ဂိန်း ဖြစ်ရမယ်" ဟု သူအပြုံးမပျက်ဘဲပြန်ဖြေလိုက်သည်။


သူ ထိုသူရှိရာလျှောက်လာတော့ ထိုသူက သူရှေ့မှ ထိုင်ခုံကို လက်ညိုးညွှန်ပြသည်။ သူက ကိုယ့်ကို မတ်တပ်မရပ်စေချင်မှန်း သိသောကြောင့် လက်ဆွဲအိတ်ကို ဘေးတွင်ချထားကာ ထိုင်လိုက်သည်။


အက်ဒီဇင်ကလင့်ဂိန်းသည် ဆံပင်တွေဖြူသည့်အထိ အသက်အရွယ်ရလာသော်လည်း ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ဝိုင်တစ်ခွက်လို လန်းဆန်းတက်ကြွနေဆဲဖြစ်သည်။ အသက်ကြီးပေမယ့် မပျက်စီးသေးပေ။


"သွားကြရအောင် မင်းက သက်တော်စောင့်ရာထူးလာလျှောက်တာမလား မင်းကို ဘယ်သူက ညွှန်ပြလိုက်တာလဲ" ဟု သူကမေးသည်။ သူက ကိုယ်ရေးအကျဉ်းကို ထုတ်ပြပြီး သူ့မေးခွန်းကို ဖြေလိုက်လေသည်။ "ဘယ်သူမှ ညွှန်းလိုက်တာမဟုတ်ပါဘူး ကျွန်တော်က ဒီအတိုင်း မိတ်ဆွေအပေါင်းအသင်းတစ်ချို့ဆီက ကြားလို့ပါ သူတို့ပြောတာတော့ လစာလဲကောင်းတယ်ပြောတယ် ကျွန်တော်ကလဲ ငွေလိုနေတာဆိုတော့လေ ဒါနဲ့ ဒီကိုရောက်လာတာပဲ"


ကလင့်က သူ့ကို်ယ်ရေးအကျဉ်းကိုဖတ်ကြည့်ပြီး သူကိုလှမ်းကြည့်လာသည်။ "မင်းက စစ်မှုထမ်းဟောင်းတစ်ယောက်ပဲ ဘာလို့ တာဝန်ထမ်းဆောင်ရာက ထွက်လိုက်တာလဲ"


"ဆေးကုသမှုခံယူရလို့ပါ" သူက အရိုးရှင်းဆုံးသာ ပြန်ဖြေရင်း သူ့ကိုယ်သူ တတ်နိုင်သမျှ ဗလာဖြစ်နေအောင် ကြိုးစားလိုက်သည်။ သူနဲ့စကားစမြည်ပြောဖို့ အလိုမရှိဘူးဟု ခံစားရစေရန် လုပ်ဆောင်ရမည်။ သို့မှသာ သူ့ကို နောက်ထပ်မေးခွန်းများစွာ မေးမလာစေရန်ဖြစ်သည်။ သူကို ထပ်ပြီးရှင်းပြဖို့ တွန်းအားမပေးတော့သောကြောင့် သူနည်းလမ်းက အလုပ်ဖြစ်ပုံရသည်။


အက်ဒီဇင် က နောက်ဆုံး သူ၏ CV Form ကို ချလိုက်ပြီး လက်နှစ်ဖက် သွယ်ယှက်ကာ သူ့ကိုကြည့်လာလေသည်။ "မင်းရဲ့မှတ်တမ်းတွေကတော့ အထင်ကြီးလောက်စရာပါပဲ ဒါပေမယ့် ဒီလိုသက်တော်စောင့်ရာထူးလောက်လေးနဲ့ မင်းရဲ့အရည်အချင်းတွေကို ဖြုန်းပစ်နေသလို မခံစားရဘူးလား မင်း နောက်တစ်ခါထပ်ပြီး စစ်တပ်မှာ တာဝန်မထမ်းဆောင်ချင်တော့ဘူးလား" ဟု သူကမေးလာသည်။ ထိုမေးခွန်းသည် အင်တာဗျူးသီးသန့် မေးခွန်းမဟုတ်ဘဲ သူဘာသာသိချင်၍ မေးသောမေးခွန်းဆိုသည်ကို သူသိလိုက်သည်။


"ကျွန်တော့်လုပ်ဖော်ကိုင်ဖက်ပြောတာ မှန်ခဲ့မယ်ဆိုရင် ဒီအလုပ်က ကျွန်တော် တပ်မှာပြန်တာဝန်ထမ်းဆောင်တာထက် ပိုရနိုင်တယ် စောနကပြောခဲ့သလိုပဲ ကျွန်တော်ပိုက်ဆံလိုတယ်လေ တော်တော်များများကိုလိုနေတာ" ဟု ရင့်သီးသောလေသံမပေါက်အောင် သူထိန်းပြောနေရသည်။


အက်ဒီက သူ့အားစိုက်ကြည့်ပြီး ခြေစခေါင်းဆုံးထိ လေ့လာဆန်းစစ်နေသည်။ ဟုတ်တာပေါ့ သူအရမ်းစိတ်အနှောင့်အယှက်ဖြစ်လာရသည်။ ထို့နောက် သူနေရထိုင်ရခက်နေသည်ကို သတိထားမိသွားသောအခါမှ ကြည့်နေတာကို ချက်ချင်းရပ်လိုက်ပြီး ထိုင်ခုံပေါ် ပြန်ထိုင်လိုက်သည်။


"မင်းမှာ ဘယ်လောက်ထိ စွမ်းဆောင်ရည်ရှိလဲဆိုတာ ငါသိရင် မင်းကိုငါအခုခန့်လိုက်လို့ရတယ် ဒါပေမယ့် ငါက သေချာပေါက် အဆုံးအဖြတ်ပေးနိုင်တဲ့ သူတော့မဟုတ်ဘူး ငါက သူဌေးရဲ့ အတွင်းရေးမှူးပဲရှိသေးတယ် အဲ့တော့ သူဌေးကိုယ်တိုင်ကပဲ အလုပ်ခန့်မခန့်ကို ဆုံးဖြတ်ပေးနိုင်တယ် ဒါကြောင့်မို့ မင်း သူဌေးရှိတဲ့ ဆယ်လေးလွှာက ရုံးခန်းကို တန်းတန်းသွားလိုက်ပါ မင်းလာမယ့်အကြောင်း သူ့ကိုအခုပဲ ဖုန်းဆက်အကြောင်းကြားလိုက်မယ်" ဟု သူ၏ CV Form ကိုကိုင်ပြီး ပြောလေသည်။


.


.ဆယ့်လေးလွှာက အလွတ်ဟောခန်းကြီးဖြစ်သည်။ တံခါးအနည်းငယ်ရှိသော်လည်း စင်္ကြံအဆုံးရှိ နှစ်ဖက်ရွက်တံခါးပေါက်သာလျှင် သူသွားရမည့်အခန်းဖြစ်မည်။


အကယ်၍ ဒီကုမ္ပဏီပိုင်ရှင်သူဌေးသား ထိုအခန်းမှာ ရှိခဲ့လျှင် ဒါဟာ သူနဲ့ ကျွန်တော် ပထမဆုံးတွေ့ဆုံမှုဖြစ်လိမ့်မည်။ သူ ပေါ့ပေါ့ဆဆလုပ်လို့မရပေ။ ပထမဆုံးအကြိမ်တွေ့ဆုံမှုတိုင်းက အရေးပါသည်။ သူသာ ထိထိရောက်ရောက် စွမ်းဆောင်ပြနိုင်ပါက ချက်ချင်းအလုပ်ခန့်ခံရနိုင်သည်။


"ဒီမှာပေါ့" တံခါးမခေါက်ခင်မှာ သူ့ကိုယ်သူအဆင်သင့်ဖြစ်အောင် ပြင်ဆင်လိုက်သည်။ ပြန်ဖြေသံမကြားသောကြောင့် သူ တံခါးထပ်ခေါက်လိုက်သည်။ ဒီတစ်ကြိမ်တော့ တစ်ယောက်ယောက်က တံခါးလာဖွင့်ပေးလိမ့်မည်ဟု သူထင်ထားသော်လည်း ဘယ်သူမှ လာဖွင့်မပေးချေ။ သူတတိယအကြိမ်မြောက် တံခါးထပ်ခေါက်လိုက်သည်။ ဘာမှမထူး။


"အထဲမှာ ဘယ်သူမှ မရှိဘူးလား" ကိုယ့်ဘာသာတံခါးဖွင့်ဝင်ရန် သူတံခါးလက်ကိုင်ဘုကို ကိုင်လိုက်သည်။


"ပိုင်ရှင်ရဲ့ခွင့်ပြုချက်မပါဘဲ အခန်းထဲဝင်တာ ရိုင်းတယ်နော်" လူတစ်ယောက်၏အသံက သူ့နောက်ကျောဖက်မှထွက်လာသဖြင့် သူထိတ်ကနဲဖြစ်ကာ ချက်ချင်းတံခါးလက်ကိုင်မှ လက်ကိုချလိုက်သည်။ သူ စိုးရိမ်စိတ်တို့ တရိပ်ရိပ်တက်လာသည်။ ထိုလူ၏အသံသည် သူရပ်နေသောနေရာမှ လက်မအနည်းငယ်မျှသာ ကွာဝေးတော့သည်အထိ အရမ်းနီးကပ်နေသည်ဟု သူထင်လိုက်သည်။


သွားပြီ သူရဲ့ပထမတွေ့ဆုံမှုက အထင်သေးစရာတွေ ဖြစ်ကုန်ပါပြီ။


"တောင်းပန်ပါတယ်" ယခုအချိန်မှာ သူပြောနိုင်တဲ့တစ်ခွန်းတည်းသော စကားကို တိုးတိုးဆိုရင်း သူ့အနောက်က သူဌေးဟု ထင်ရသောသူကို မျက်နှာချင်းဆိုင် လှည့်ကြည့်လိုက်သည်။ သို့သော် အံ့သြဖို့ကောင်းသည်မှာ ထိုလူသည် သူမျှော်လင့်ထားသည့်ဒယ်တန်မဟုတ်နေခြင်းပင်။ ထိုအစား သူက မွေးချင်းလေးယောက်ထဲမှ တတိယမြောက်သားဖြစ်သူ ချန့်ဒယ်တန် ဖြစ်နေသည်။


"မင်းမျှော်လင့်နေတဲ့သူ မဟုတ်လို့လား" သူ့၏တုံ့ပြန်မှုကိုမြင်တော့ ချန့်ကမေးလိုက်သည်။စပ်ဖြီးဖြီးမျက်နှာဖြင့် သူ့အနားသို့တိုးလာကာ ပုခုံးကို လှမ်းဖက်လိုက်လေသည်။ "ငါ့အကိုက မင်းအပြုအမူကိုမြင်ရင် သဘောကျမှာမဟုတ်ဘူး ငါပြောတာယုံလိုက်"


ထို့နောက် သူသည် ရုံးခန်းအတွင်းသို့ ဝင်လိုက်ကာ "ဝင်ခဲ့လေ" ဟု သူ့ကိုပါ ခေါ်လေသည်။ အစကတော့ ချီတုံချတုံဖြစ်နေပေမယ့် ချန့်နောက်ကနေ လိုက်ဝင်သွားလိုက်သည်။ ရုံးခန်းကတော့ သူမှန်းထားသလိုပင် သန့်ရှင်းပြီးကျယ်ဝန်းကာ တစ်မြို့လုံး၏ ရှုခင်းကိုလည်း မြင်နိုင်သေးသည်။


သူမျက်လုံးများက စားပွဲကိုလက်ထောက်ကာ မှီထားသော ချန့်ထံရောက်သွားသည်။ သူထိုင်ခုံမှာတော့ ဝင်မထိုင်ရဲပါ။ ချန့်၏အကိုကြီးက ကြိုက်မယ်ဟုသူမထင်။


"ငါနာမည်က ချန့်ဒယ်တန် ဆိုင်ရက်စ်ရဲ့ညီလေးပေါ့ ငါ့အကိုကတော့ အောက်ထပ်မှာ ဒါရိုက်တာအဖွဲ့ဝင်တစ်ချို့နဲ့ စကားပြောနေလို့ ဒါပေမယ့် ခဏလောက်နေရင် သူပြန်လာမှာပါ ငါခန့်မှန်းတာမမှားရင် မင်းဒီကို သက်တော်စောင့်ရာထူးအတွက် ရောက်လာတာမလား မင်းရဲ့အငွေ့အသက်ကိုကြည့်ရတာ ဘယ်လိုပြောမလဲ အင်း..နောက်လိုက်ခွေးလိုပဲ ဒါကြောင့် ငါချက်ချင်းပြောနိုင်တာပေါ့" ဟု ချန့်က သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် ထေ့ငေါ့ပြောနေပုံကြောင့် သူ့လက်သီးများယားယံလာသည်။


သူ တတ်နိုင်သမျှ စိတ်ထိန်းမှဖြစ်မည်။ အီလီရာဟက်စလေအနေနှင့်သာဆိုပါလျှင် ထိုလူအား လက်သီးစာကျွေးပြီးပြီဖြစ်သည်။ ယခုတော့ သူပါးစပ်ပိတ်နေတာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။


"ဟေးး မင်းက ပျော်ဖို့မကောင်းဘူးပဲ" ထို့နောက် ထိုလူက မှီလက်စစားပွဲပေါ် ထပ်မံလျှောချမှီလိုက်ကာ သူတစ်ကိုယ်လုံးအား ခြေစခေါင်းဆုံးကြည့်ကာ သူယုတ်မာကဲ့သို့ နှုတ်ခမ်းများကိုသပ်ပြနေသည်။


"မင်း ငါ့အကိုရဲ့သက်တော်စောင့် လုပ်ချင်တာ သေချာရဲ့လား အဲဒီအစား ငါ့ဆီမှာ လာမလုပ်ချင်ဘူးလား ငါ မင်းလိုချင်တာထက် နှစ်ဆပေးမယ်လေ" ဟု ချန့်က ရုတ်တရက်ကြီး ကမ်းလှမ်းလာလေသည်။


သူ ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။ ဒီလူ၏ကမ်းလှမ်းချက်ကို သူငြင်းလို့လည်းရနိုင်သလို လက်ခံလို့လည်း ရနိုင်ပေသည်။ သူသာ ဒီလူဆီမှာ အလုပ်ရခဲ့ရင်လည်း စံအိမ်ကြီးထဲသို့ ဝင်နိုင်မှာပဲမဟုတ်လား။ ပြီးတော့ ဒီလူက သူ့အကိုနှင့်မတူပေ။ ဉာဏ်နီဉာဏ်နက်များသည်ဆိုသော်ငြား ထိတ်လန့်စရာမကောင်း။ ဒီလူကို ကိုင်တွယ်ရတာ ပို၍လွယ်ကူလောက်ပေမည်။ သို့သော် ဒီလူ၏ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြန်လျှင်လည်း ရှေ့ဆက်ဘာအလုပ်တွေ ဆက်လုပ်ရမည်နည်း။


"ကြည့်စမ်း ငါဘယ်လိုတောင် ရိုင်းစိုင်းမိပါလိမ့် အခုထိ မင်းနာမည်ကိုတောင်မမေးရသေးဘူး"


သူ ချန့်က ဗလာမျက်ဝန်များနှင့် ပြန်ကြည့်လိုက်ပြီး ပြန်ဖြေသည်။ "ဘန့်ဆင့်ကာတာ ဒါပေမယ့် ကျွန်တော်ကို ဘန့်လို့ ခေါ်နိုင်ပါတယ်"


"ဘန့် တဲ့လား" ချန့်က မှီနွဲ့ကာရပ်နေရာမှ သူရှိရာသို့လျှောက်လာသည်။


"မင်းနဲ့မလိုက်ဘူး" ဟု ချန့်ကပြောလာသည်။ သူတည်ငြိမ်ယောင်ဆောင်နေမှုတွေ ပျက်လုနီးပါးဖြစ်သွားသည်။ သို့ရာတွင် သူ ဟန်မပျက်နေခဲ့သည်။


"ကျွန်တော့်မှာ ရွေးချယ်ခွင့်တောင် မရှိဘူးထင်တယ်" ဟု ရယ်မောစနောက်ကာ ပြန်ပြောလိုက်သည်။


ချန့်ဒယ်တန်သည် သူ့အနားတွင် တဝဲလည်လည်ဖြင့် ပတ်နေရင်း တစ်ခါတစ်ရံ သူ့ပခုံးနှင့်လက်မောင်းများကိုပင် လာရောက်ကိုင်တွယ်နေသေးသည်။ ထိုလူမှာ မြွေတစ်ကောင်နှင့် တူလှသည်။ အကယ်၍ သူသာ အမှားတစ်ခုခုလုပ်မိရင် ပြောခဲ့ရင် သူ့တစ်ကိုယ်လုံးကိုပတ်တွယ်ကာ ကိုက်စားခံရနိုင်သည်။ အခု သူစိတ်ဝင်စားမိလာသည်။ ဒီလူက သူ့အကိုနှင့်မတူဘဲ လုံးဝကို ကွဲပြားခြားနားနေသည်။ သူထံမှလည်း အန္တရာယ်အငွေ့အသက်တို့ ခံစားနေရသည်။ ကြည့်ရတာ သူလဲ ကြိုးကိုင်ချယ်လှယ်နေတဲ့သူတစ်ယောက်ပဲဖြစ်ရမည်။


သောက်ရမ်းစိတ်ဝင်စားဖို့ကောင်းပါသည်။


"ဘန့်ဆင့်ကာတာ" ထိုသူက သူ့နောက်ကျောမှာ ရပ်လိုက်ပီး ထပ်ခေါ်ကြည့်လိုက်သည်။


ထို့နောက် သူကျောကို အကြောင်းရင်းမရှိ ပွတ်သပ်နေသည်။ သူ့လည်ပင်းကုပ်ပိုးနားသို့ လက်ညိုးဖြင့် ထိကိုင်လာသည့်အခိုက် သူရူးမိုက်စွာ ထိုလူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။


သူ့၏လှုပ်ရှားမှုက မြန်ဆန်လွန်းသဖြင့် ချန့် အံ့သြသွားသည့်ဟန်က မျက်နှာမှာအတိုင်းသားပေါ်လာသည်။ သို့သော် ချန့်က မဲ့ပြုံးပြုံးကာ သူ့လက်ကို ချက်ချင်းလွှတ်ပေးဖို့ အချက်ပြလာသည်။


သူထပ်ပြီး မတုံ့ပြန်နိုင်သေးခင် ရုံးခန်းတံခါးပွင့်လာသည်။ နောက်ဆုံးတော့ သူမျှော်လင့်စောင့်စားနေရသောသူ ရောက်လာပြီပေါ့။

 ဆိုင်ရက်စ်ဒယ်တန်...


အပြင်မှာမြင်လိုက်ရသောဆိုင်ရက်စ်သည် ဓာတ်ပုံထဲမှာ ပထမဆုံးမြင်ဖူးတုန်းကအတိုင်းပင်ဖြစ်သည်။ သူ့၏တည်ရှိနေခြင်းကပင် ဘေးကအရာအားလုံး အဆင်မပြေဖြစ်စေသည်။ ကားလို့စ်ပြောခဲ့သည့်တိုင်း သူ၏ခြေလှမ်းတို့က တိကျသေချာသည်။ သပ်ရပ်သေချာစွာ ဝတ်ဆင်ထားပုံက အလှပြင်ဆိုင်တစ်ခုက သူ၏နောက်တွင် အမြဲလိုက်ပါနေသလိုပင်။ ပြီးတော့ သူတို့ဆီလှမ်းလာနေသော ခြေလှမ်းတိုင်းသည်လည်း တကယ်ကြီးရေတွက်၍လာနေသည့်အတိုင်းပင်။


ဒီလိုလူမျိုးနှင့် တွေ့ရလိမ့်မည်ဟု သူထင်မထားခဲ့ပေ။


"မင်းက ဒီမှာဘာလုပ်နေတာလဲ" ဟု သူကမေးလာသည်။ ထိုသူ၏အသံက သူ့ကျောရိုးပင် စိမ့်လာစေသည်။ ဘယ်လိုတောင်လား...။


"ဒီကလူကြီးမင်းရဲ့ ကုမ္ပဏီကို လာကြည့်ရုံတင်ပါ" ချန့်က ရယ်ရယ်ပြုံးပြုံးဖြင့် ပြန်ဖြေသည်။


"ကောင်းပီ အခု ငါဒီရောက်လာပြီဆိုတော့ မင်းအကူအညီထပ်မလိုတော့ဘူး မင်းရဲ့ဝန်ဆောင်မှုအတွက် ကျေးဇူးပဲ ဒါကြောင့် အခုသွားလို့ရပြီ" ဟု အမိန့်ပေးသည်။ ချန့်က ဘာအတိုက်အခံမှမလုပ်တော့ပဲ ခေါင်းငုံ့ကာ ထွက်သွားတော့သည်။ ထွက်မသွားခင် သူကို လည်ပြန်လှည့်ကြည့်ကာ ပြောလိုက်သေးသည်။ "ငါမင်းကို စောင့်ကြည့်နေမယ် ဘန့် အနီးကပ်ကိုစောင့်ကြည့်နေမှာနော်"


သူ ဆိုက်ရက်စ်ကို လှမ်းကြည့်လိုက်မိသည်မှာ မဟာအမှားကြီးဖြစ်သည်။ သူကလဲ ကိုယ့်ကို အသေအချာစူးစိုက်ပြီး ကြည့်နေလေသည်။ ဒီလိုပြောရတာ မယုံနိုင်စရာကောင်းသော်လည်း တကယ်ပါ ထိုလူနှင့် နှစ်ယောက်တည်းကျန်ခဲ့ရသည်ထက် ဟိုနှာဘူးကောင်ဖြင့် တစ်ယောက်တည်းနေရတာမှ ပို၍သက်တောင့်သက်သာရှိသေးသည်။ ဤမျှလောက် သြဇာလွှမ်းမိုးနိုင်သည့်သူမျိုး သူမကြုံဖူးပါ။


"ဒါဆို မင်းပေါ့လေ?" သူက ထိုင်ခုံအလွတ်တစ်ခုကို လက်ဟန်ပြလိုက်သည်။ ကိုယ့်ကိုအရင်ထိုင်သည်အထိ စောင့်ပြီးမှသူက လိုက်ထိုင်သည်။ ဆိုင်ရက်စ်က ကျောကိုတည့်တည့်မတ်မတ်ထားကာ သူကို လေးနက်သောအမူအရာဖြင့် ကြည့်နေသည်။


"ဘန့်ဆင့်ကာတာပါ" သူထံသို့ ကိုယ်ရေးရာဇဝင်ကို ကမ်းပေးရင်း ကိုယ့်ကိုကိုယ်မိတ်ဆက်လိုက်သည်။သူက လှမ်းယူလိုက်ပြီး ဖြည်းဖြည်းဖတ်ကြည့်သည်။ တစ်မိနစ်ခန့် အချိန်ယူဖတ်ပြီး သူက မေးခွန်းတစ်ခုမေးလာခဲ့သည်။ သို့သော် ထိုသူမေးလိုက်သောမေးခွန်းကြောင့် သူမျက်ခုံးမွှေးများထောင်မတက် လန့်ဖြန့်သွားရသည်။


သူက တွေဝေခြင်းမရှိ "မင်းအရင်က လူသတ်ဖူးလား" ဟု မေးလာလေသည်။


သူ ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိပေမယ့် ထိုလူ သူ၏ကိုယ်ရေးရာဇဝင်ကို ဖတ်ကြည့်ပြီးမှတော့ ကိုယ့်အကြောင်းသူသိပြီးပြီဟု ယူဆကာ "ဟုတ်ကဲ့ ကျွန်တော် စစ်သားတစ်ယောက်ဖြစ်ခဲ့ဖူးတယ် ဆိုတော့ အရင်က သတ်ခဲ့ဖူးပါတယ်"


"ကောင်းတယ်" ထိုလူက သူ၏ကိုယ်ရေးအကျဉ်းကို ချလိုက်ပြီး သူကို ကြည့်လာသည်။ "အန္တရာယ်တစ်စုံတစ်ရာ ကြုံလာတဲ့အခါ တွေဝေကြောက်ရွံ့ခြင်းမရှိ ကိုယ့်အတွက် သေနတ်မောင်းခလုတ် ဆွဲဖြုတ်ပေးမယ်သူမျိုးကိုပဲ ကိုယ်လိုအပ်တယ်" ဟု ပြောလာသည်။


သူ မည်သို့ပြန်ဖြေရမှန်း မသိ၍ ဒီအတိုင်း ပါးစပ်ပိတ်နေလိုက်လေသည်။


ဆိုင်ရက်စ်က သူ့မျက်နှာကို ဆက်တိုက်စိုက်ကြည့်နေပေမယ့် သူ့မျက်နှာကို ဖတ်ကြည့်လို့ မရနိုင်။


"မင်း လိမ်တဲ့နေရာမှာရော တော်လား" သူက နောက်ထပ်အတည်မေခွန်းတစ်ခု ထပ်မေးလာပြန်သည်။ ထိုမေးခွန်းက သူ့အား ပထမမေးခွန်းထက် ပို၍အံ့အားသင့်သွားစေသည်။ သူ သံသယဖြစ်ဖွယ် ဘာကိစ္စမှမလုပ်ရသေးပါဘဲ ထိုလူက ရိပ်မိသွားသည်လား။ သို့မဟုတ် သူ ဒီကိုမရောက်ခင်ကတည်းက သိနေတာများလား။


ဦးစီးချုပ်ဖိလစ်က သူ့အား ဒီကို ကိုယ့်ကိုကိုယ်သတ်သေဖို့အတွက်များ လွှတ်လိုက်သလား။ ပြီးတော့ သူ ဒီကနေ ရုန်းထွက်နိုင်လိမ့်မည်ဟုများ ထင်နေသလား။


"ကျွန်တော် ကိုယ့်ကိုကိုယ်ပဲ ယုံကြည်ဖို့ ကြိုးစားပါတယ်" ဟု သူအံ့သြဟန်မပြဘဲ ပြန်ဖြေလိုက်သည်။ဆိုင်ရက်စ်က ခေါင်းညိတ်ကာ ထိုင်ရာမှထလိုက်သည်။ ထို့နောက် ချန့်ကဲ့သို့ပင် စားပွဲခုံကို နောက်ကျောမှီလိုက်သည်။


"မင်းရဲ့ပရိုဖိုင်က ထူးခြားတယ် သံသယဖြစ်စရာတော့ မရှိပါဘူး ဒါပေမယ့် ကိုယ့်နောက်မှာ ၂၄နာရီ ၇ ရက်လုံး တကယ့်လက်တွေ့ ရပ်နေရမယ့်သူအကြောင်းကိုတော့ ပိုသိထားဖို့ လိုတယ်လေ"သူ အသက်တိုးညှင်းစွာ ရှုထုတ်ပြီး ထိုင်နေရာမှ ကိုယ်ကိုကိုယ်ပြင်ဆင်လိုက်သည်။


"ဘန့်ဆင့်ကာတာ" သူခေါ်လာသည်။


"ငါ့ကို စည်းရုံးကြည့်" ဟု ထပ်ပြောလာသည်။ ဆိုက်ရက်စ်သည် စောနကထက် ပို၍စိတ်ခံစားချက်များ ပြသလာသည်။ သူသေချာ သိကြောင်းပြသရင်း ရွှင်မြူးလာသည်။


"ငါမင်းကို အလုပ်ခန့်ချင်လာတဲ့အထိ အကောင်းဆုံးအလိမ်အညာတွေပြောပြီး ကိုယ့်ကိုသိမ်းသွင်းကြည့်" ရှုပ်ထွေးသောအမူအရာများဖြင့် ဆိုင်ရက်စ်ကဆိုလာသည်။


လက်ချောင်းလေးများဖြင့် စားပွဲအား တတောက်တောက်ခေါက်ကား လှောင်ပြောသောအသံဖြင့် ပြောနေသည်မှာ သူ့အားကဲ့ရဲ့နေသလိုခံစားလာရသည်။


"ကျွန်တော် လိမ်မလိမ် ခင်ဗျားဘယ်လိုသိမှာလဲ" သူက သတိအပြည့်ဖြင့် မေးကြည့်သည်။ သူ့နှုတ်ခမ်းမှ မဲ့ပြုံးတစ်ခုကို အံ့သြစရာမြင်လိုက်ရသည်။ သူဆီက ဒီလိုအမူရာမျိုးကို မျှော်လင့်မထားမိပေ။"အို ကိုယ်သိမှာပါ" ဟု သူက အာမခံသည်။ ထို့နောက် ဆိုင်ရက်စ်သည် ထိုင်ရာမှထလာပြီး သူ၏နက်ကတိုင်ကို ချိန်ညှိပေးရင်းပြောသည်။


"ငါက ကြားလိုက်တာနဲ့ လိမ်တာလားဆိုတာ ကောင်းကောင်းသိတယ် ဒါကြောင့် မစ္စတာကာတာ ငါ့ကို အကောင်းဆုံးလိမ်လိုက်စမ်းပါ"



အခန်း (၃) ပြီးပါပြီ

Continue Reading

You'll Also Like

174K 10.6K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
Twenty Six Revenge By Grey

Mystery / Thriller

589K 38.6K 49
Khoon Thant Shein Wah+Sunshine SiThu
39K 6.9K 42
"කවුරු හරි මගෙන් ඇහෙව්වොත් මන් ඔයාගේ කව්ද කියලා මන් දෙන්න ඕන උත්තරය මොකක්ද ජන්ග්කුක් " "කියන්න ඩෝල් ඔයා තමයි ජන්ග්කුක් ගේ හැමදේයක්ම කියලා "
11.4K 2K 58
☠️ කොහොමද මිස්ටර් හන්..? මාව මතක ඇති කියලා හිතෙනවා. මොකද මගෙ මූන ඔයාට අමතක වෙන්න විදියක් නෑ. එහෙම නේද ? 🧔 ආ... ජො..ජෝකර්. මම උබව මැර...