Galanthus Nivalis

By AuTuMn_EuNN

1K 207 32

The light shining into my life came from burning his life. Kim JongIn & Doh KyungSoo More

Chapter 1 : Hold On
Chapter 2 : I still need you
Chapter 3 : Back to you
Chapter 4 : It's You
Chapter 5 : Think Back

Description

321 31 5
By AuTuMn_EuNN

Unicode

ဂျုံအင် သူ့အသက် ၁၂ နှစ်မှာ ငယ်ငယ်ကတည်းက လည်ပင်းဖက်ပေါင်းလာခဲ့တဲ့ သူငယ်ချင်းတွေရယ် ၊ အမှတ်တရတွေရယ်ကို ထားခဲ့ပြီးတော့ အံ့ဩဖွယ်ကောင်းတဲ့ ဆိုးလ်ကိုပြောင်းလာခဲ့ရတယ်။

ဆိုးလ်ကိုပြောင်းလာရလို့ ဂျစ်တိုက်နေတဲ့ JongIn က တစ်နေ့တော့ စက်ဘီးစီးထွက်ရင်းနဲ့ ခွေးလေးတစ်ကောင်ကို တိုက်မိတော့တယ်။

သူ့ရဲ့လက်ဖဝါးတွေထက် အနည်းသာကြီးတဲ့ ဖြူဖြူဖွေးဖွေးခွေးလေးကို ဂျုံအင် အံ့ဩစွာနဲ့ သေချာကြည့်နေရင်းကနေ နာသွားပုံရတဲ့ ခွေးလေးကို သူလက်ဖဝါးနှစ်ဖက်နဲ့ ကိုင်ယူကာ အမွှေးလေးတွေကို ဖွဖွလေးပွတ်သပ်ပေးလိုက်တယ်။

"မင်းသူခိုး ... ငါ့ခွေးကိုခိုးတယ် "

သူတစ်ပါးပစ္စည်းတွေကို စိတ်ကူးလေးနဲ့တောင် မပြစ်မှားခဲ့တဲ့ဖူးတဲ့ ဂျုံအင်ဟာ အသက် ၁၂ နှစ်အရွယ်မှာ စပြီးတော့ သူခိုးလို့ စွပ်စွဲခံခဲ့ရတော့တယ်။

💐

ဆိုးသွမ်းလွန်းတဲ့ ဂျောင်ဆူးဟာ လပတ်စာမေးပွဲမှာ သင်္ချာကျတဲ့အတွက် တစ်လတိတိမုန့်ဖိုးဖြတ်ခံရတယ်။
ဂျောင်ဆူးရဲ့ မိဘတွေက စည်းကမ်းကြီးတဲ့သူဖြစ်တဲ့အတွက် သူဘယ်လိုတောင်းပန်ပန် မုန့်ဖိုးမပေးခဲ့ပါ။

အသက် ၁၇ နှစ်ပြည့်ဖို့ တစ်လသာလိုတော့တဲ့ ဂျောင်ဆူးဟာ မုန့်ဖိုးမရတဲ့အတွက် ဘာမှလုပ်လို့မရတာကြောင့် စတိုခန်းထဲထည့်ထားတဲ့ သူ့အဖေအကြိုက်ဆုံးဖြစ်တဲ့ ပန်းအိုးကို ခိုးယူကာရောင်းခဲ့သည်ပင်။

နောက်ဆုံးတော့ သူမျှော်လင့်စောင့်စားရတဲ့ သူ့မွေးနေ့ကိုရောက်လာခဲ့ပြီပင်။ နှစ်စဉ်နှစ်တိုင်း အဖေနဲ့အမေက သူကြိုက်တဲ့ အရာတွေကို မွေးနေ့လက်ဆောင်အဖြစ်ပေးတာလေ့ရှိတာကြောင့် ဒီနှစ်ဘာလက်ဆောင်ရမလဲဆိုတာကို ဂျောင်ဆူးရင်ခုန်နေမိသည်။
မွေးနေ့ကိတ်နဲ့ လက်ဆောင်ကိုသွားဝယ်နေတဲ့ မိဘတွေကို ဂျောင်ဆူးက တမျှော်မျှော်နဲ့စောင့်နေမိသည်။

ဒါပေမယ့်  ဒီတစ်ခေါက်တော့ ဂျောင်ဆူးဟာ သူအလိုချင်ဆုံးလက်ဆောင်အစား သူ့ဘဝအတွက်အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုကိုသာ ရလိုက်သည်။

​ကားအက်စီးဒင့်ကြောင့် သူ့မိဘနှစ်ပါးလုံးက သူ့ကိုလက်ဆောင်မပေးပဲနဲ့ထားသွားခဲ့သည်။

​သူလိုချင်ခဲ့တဲ့မွေးနေ့ကိတ်လေးဟာလည်း ကြေမွပျက်စီးနေပြီးတော့ သွေးရောင်တွေသာလွှမ်းနေခဲ့သည်။

💐

Galanthus Nivalis (ဂဲလ်လန်သက်စ် နိုက်ဗဲလ်လစ်) ဆိုတာကတော့ Snowdrop ပန်းကိုခေါ်တာပါ။ ဂရိဘာသာစကားဖြစ်ပြီးတော့ နှင်းပွင့်နဲ့တူသောပန်းလို့အဓိပ္ပာယ်ရပါတယ်။ အဓိပ္ပာယ်အတိုင်းပဲ ဒီ Snowdrop ပန်းတွေက ဖြူဖြူဖွေးဖွေးလေးတွေဖြစ်ပြီးတော့ January လရဲ့ ပန်းလေးပါ။ ဒီ Snowdrop ပန်းတွေက ဖြူစင်မှု (Purity & Innocence ) နဲ့ ကြင်နာသနားခြင်း (Sympathy) ကို ကိုယ်စားပြုပါတယ်။ ဒီအဖြူရောင်ပန်းလေးတွေက ဆောင်းရာသီအဆုံးနဲ့ နွေဦးရဲ့အစမှာပွင့်တာဖြစ်ပြီးတော့ မျှော်လင့်ခြင်းဆိုပြီးတော့လည်း အဓိပ္ပာယ်ရပါတယ်။

ဒီပန်းလေးတွေကို မြန်မာလိုဆိုရင်တော့ နှင်းခေါင်းလောင်းပန်းလို့ခေါ်ပါတယ်တဲ့။ (Flowers page ကနေ ဒီပန်းလေးအကြောင်းဖတ်မိပြီးတော့ ဒါလေးကိုစိတ်ကူးရသွားတာပါ)

ဆိုတော့ ဒီနှင်းခေါင်းလောင်းပန်းလေးကိုလည်း ချစ်ပေးပါဦး။

Zawgyi






💐







💐




Continue Reading

You'll Also Like

773K 28.7K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! ๐Ÿ˜‚๐Ÿ’œ my first fanfic...
153K 5.5K 42
โ if I knew that i'd end up with you then I would've been pretended we were together. โž She stares at me, all the air in my lungs stuck in my throat...
215K 7.5K 98
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
595K 12.7K 43
i should've known that i'm not a princess, this ain't a fairytale mattheo riddle x fem oc social media x real life lowercase intended started: 08.27...