Unicode //
"အသေးစိတ်တော့ နိုနိုတို့လည်းသေချာမသိသေးဘူး...ပါပါးသိချင်ရင် ဒယ်ဒီ့ကိုမေးလို့ရတယ်လေ...ဒါမှမဟုတ် မော်ဆွန့်ကိုဖုန်းဆက်ပြီးလည်းမေးလို့ရတာပဲ...ပြီးရင်တော့ သဘောတူပေးနော်...ဟီး"
(မော်ဆွန်စိုင်း = ဆရာ)
သူ့လက်မောင်းကိုဖက်ကာ ချွဲသလိုပြောလာသည့် နိုနို့ကြောင့်ဘေဘေးရယ်လိုက်မိပြီး...
"လာချွဲမနေနဲ့...ခင်ဗျားတို့ဒယ်ဒီနဲ့ တိုင်ပင်ကြည့်ဦးမယ်...သူသဘောတူမှရမယ်...သဘောမတူရင်မရဘူး"
"ဟာ ပါပါးကလည်း...ဒယ်ဒီကပါပါးသဘောပဲဟာကို...လုပ်ပါ ပါပါးရဲ့"
"မရဘူး...ဖယ်"
"ပါပါးကလည်းလို့"
နိုနိုက သူ့လက်မောင်းကိုဖက်ရုံမကတော့ဘဲ လည်ပင်းကိုဖက်လာပြီး သူ့အရပ်ကလန်ကလားနှင့် ပေါင်ပေါ်ထိတက်ထိုင်လာသည်မို့ ဘေဘေးခြေချိတ်ထိုင်နေရာမှ ဖြည်ချလိုက်ရပြီး...
"ဘာလာဖြစ်တာတုန်း...ကိုယ့်အရပ်နဲ့ခန္ဓာကိုယ်ကိုလည်းအားနာဦး...လေးတယ် ဖယ်"
"ပါပါးကို အာဘွားပေးမယ်"
ပြောပြီးနောက် နိုနိုက အတင်းလိုက်နမ်းသည်မို့ ဘေဘေးခေါင်းကိုနောက်ဆုတ်ကာရှောင်နေရင်း နိုနို့နဖူးကိုပါလက်ဖဝါးနှင့်တွန်းထားရသည်။ နိုနိုတစ်ယောက်ကတော့ သူထိုသို့ဖြစ်နေလေ သဘောကျလေဖြစ်နေပုံရကာ ဆက်စနေသည်မို့...
"ဆင်းတော့...ပါပါးစဉ်းစားပေးမယ်"
"အာဘွားလေးတစ်ချက်တော့ယူပါဦး"
"မယူဘူး...ဖယ်စမ်းပါ...လေးရတဲ့ကြားထဲ"
ပြောလိုက်တော့မှ နိုနိုကရယ်လိုက်ပြီးအောက်သို့ဆင်းသွားပြီးနောက် အစ်ကိုဖြစ်သူဘေးတွင်သွားထိုင်ကာ ကျောရိုးမပါသည့်သတ္တဝါတစ်ကောင်လိုမျိုး ပစ်မှီလိုက်သေးသည်။ သားကြီးကိုကြည့်လိုက်တော့လည်း ညီဖြစ်သူ၏လုပ်ရပ်အပေါ် ကျေနပ်သည့်အပြုံးနှင့်မို့ သူ့တွင်ပြောစရာမရှိတော့။ အားလုံးကဝိုင်းချစ်ကာ အလိုလိုက်ထားကြသည်မို့ နိုနိုက အရင်ကထက်ပို၍လုပ်ချင်တာလုပ်လာပါ၏။
နှစ်ယောက်လုံးက သူတို့ဒယ်ဒီဝတ်ဆင်တတ်သည့်ပုံစံဖြစ်သော ချည်သားအင်္ကျီလက်ရှည်အဖြူနှင့် ရှားရောင်ဘောင်းဘီရှည်တို့အားဝတ်ဆင်ထားကြသည်။ ဧက,က ပုံစံတကျသပ်သပ်ရပ်ရပ်လေးဖြစ်သော်ငြား နိုနိုကတော့ထိုသို့မဟုတ်ပေ။
ဆံပင်များအားလုံးကို ကျောက်စိမ်းဆံထိုးဖြင့်ရစ်ပတ်ထိုးဖွဲ့ထားသော်ငြား ဆံမြိတ်တို့က နားထင်စပ်များနှင့်နားသယ်စပ်တို့မှ ကျဆင်းနေကြသည့်အပြင် ဂုတ်အစပ်များတွင်လည်း ဟိုတစ်စဒီတစ်စကျဆင်းနေသည်။
ထို့ပြင် ဝတ်ဆင်ထားသည့်အင်္ကျီကသူ့အင်္ကျီမဟုတ်ဘဲ သူ့ဒယ်ဒီဆီမှအတင်းတောင်းယူထားသည့်အင်္ကျီမို့ ဆိုဒ်ကကြီးနေကာ လည်ပင်းတွင်ဖရိုဖရဲဖြစ်နေပြီး ညှပ်ရိုးတို့ကအထင်းသားပေါ်နေသည့်အပြင် လက်ရှည်ကလက်ချောင်းတို့ပင် အနည်းငယ်မျှမပေါ်စေသည်အထိဖုံးအုပ်ပေးထား၏။
ထိုမျှမကသေး ဘောင်းဘီကလည်း အစ်ကိုဖြစ်သူ၏ဘောင်းဘီကိုယူဝတ်ထားပုံရသည်။ ခြေဖျားထိဖုံးအုပ်နေရုံမက ကြမ်းပြင်ထက်တွင်ပါပုံကျနေသည်မို့ လမ်းလျှောက်လိုက်တိုင်း ကြမ်းတိုက်နေသည့်အလား။
အသားလေးဖြူပြီး ရုပ်ခံလေးရှိနေသည်မို့ ကြည့်၍ကောင်းနေသော်ငြား အမြင်ကတော့ဘယ်လိုမှမတော်ပါ။ သို့သော်သွားပြောလိုက်လျှင်လည်း စကားမှားသွားပါက အထအနကောက်ကာ တစ်အိမ်လုံးကိုကောက်သွားတတ်သေးသည်မို့ အဝတ်အစားကိစ္စလောက်နှင့်တော့ ပြောမနေချင်တော့။
အထူးသဖြင့် မြီးကောင်ပေါက်အရွယ်အရူးထခြင်းလေးများအား လွှတ်ထားကာ စောင့်ကြည့်နေချင်သည့်စိတ်လည်းပါသည်မို့ သူ့ပုံစံနှင့်သူလွှတ်ထားဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သားနှစ်ယောက်လုံးက ဆိုးသွမ်းနေကြသည်မဟုတ်သည်မို့ သူအနေနှင့်စိတ်ချရပါသည်။
"ဆိုတော့ နှစ်ယောက်စလုံး အဲ့ကျင့်စဉ်အတွက်စိတ်ဆုံးဖြတ်ထားကြပြီးပြီပေါ့"
"ဟုတ်"
"ဟုတ်"
မေးလိုက်တော့ နှစ်ယောက်လုံးက တက်ကြွစွာပြန်ဖြေလာကြပြီး နိုနိုကလည်းအပျင်းထူနေရာမှ ခန္ဓာကိုယ်လေးပါချက်ချင်းမတ်လာသည်မို့ ဘေဘေး ပြုံးလိုက်မိသည်။ သားကြီးကိုကြည့်လိုက်တော့လည်း သူ့ထံမှအဖြေကိုမျှော်လင့်နေဟန်ရှိသောမျက်ဝန်းတို့ဖြင့်ကြည့်နေသည်မို့ နှစ်ယောက်လုံး အမှန်တကယ်ဆန္ဒရှိနေကြကြောင်းပေါ်လွင်ပါ၏။
ဘေဘေးခေါင်းတစ်ချက်ညိတ်လိုက်မိပြီး...
"ဘယ်လိုပဲဖြစ်ဖြစ် သားတို့ဒယ်ဒီကိုတိုင်ပင်ပြီးမှလုပ်ရမှာပဲ...ဒါပေမဲ့ ပါပါးကတော်ရုံတားမဲ့သူမဟုတ်တာ သိတယ်မလား"
"ဟုတ်"
"ဟုတ်"
"အင်း အရမ်းအန္တရာယ်မကြီးတာမျိုးဆို သားတို့ဒယ်ဒီကို ရအောင်ဖြောင်းဖျပေးမယ်...ဒီကိစ္စမှာသားတို့ပြောသလို ပါပါးတစ်ယောက်တည်းလက်ခံပေးလိုက်လည်း သားတို့ဒယ်ဒီကဘာမှဝင်ပြောမှာမဟုတ်ဘူး...ဒါပေမဲ့ သူကအဲ့လိုလူမလို့ ပါပါးကသူ့ဘက်ကိုပိုကြည့်ပေးရတယ်...နှစ်ယောက်တိုင်ပင်ရတာမျိုးကိုပဲ ပါပါးကသဘောကျတယ်... ကိုယ့်ဘာသာလက်ခံပြီးမှ သူ့ကိုအသိပေးရုံသဘောလုပ်တာမျိုး မလုပ်ချင်ဘူး... ပါပါးပြောတာ သဘောပေါက်ကြလား"
"ဟုတ်"
"ဟုတ်"
"အင်း ဒါဆိုပါပါးအလုပ်သွားလုပ်တော့မယ်နော်"
"ဟုတ်"
"ဟုတ်"
ထို့နောက်တွင် သားနှစ်ယောက်ကိုထားခဲ့လိုက်ပြီး အပေါ်ထပ်ဆီသို့တက်လာခဲ့လိုက်သည်။ အိပ်ခန်းထဲကိုရောက်တော့ အလုပ်စားပွဲဆီသာတန်းသွားလိုက်ပြီး လုပ်လက်စများကိုဆက်လုပ်ဖို့ပြင်လိုက်စဉ်...
Ringing...
Ringtoneသံကြောင့် မည်သူမှန်းသိလိုက်သည်မို့ပြုံးလိုက်မိပြီး ချက်ချင်းကိုင်လိုက်မိကာ...
"အင်း အချစ် ပြော"
"စားပြီးပြီလား"
"ပြီးပြီပေါ့...မင်းရော"
"ပြီးပြီ"
"အင်း ဘာလဲ...ငါ့ကိုသတိရလို့လား"
ရယ်သံစွက်ကာမေးလိုက်ရင်း စလိုက်သော်ငြား...
"အင်း"
ချက်ချင်းပြန်ဖြေလာသည့်အသံကြောင့် ရယ်လိုက်မိကာ...
"အရမ်းသတိရနေတယ်ဆိုရင်လည်း မြန်မြန်ပြန်လာခဲ့လေ"
"အင်း"
"ဒါမှမဟုတ် ငါမင်းဆီလာခဲ့ရမလား"
"ပြန်လာခဲ့မယ်"
"မင်းမအားသေးရင် ငါလာခဲ့မယ်လေ"
"မြန်မြန်ပြန်ခဲ့မယ်"
မလိုလားသည့်အရာများကိုကွေကွင်းကာ အဖြေပြန်ပေးတတ်သူကြောင့် ဘေဘေးရယ်လိုက်မိ၏။
"ဟုတ်ပါပြီ...ဖြည်းဖြည်းနဲ့မှန်မှန် အလုပ်လုပ်ပြီးပြန်လာခဲ့...ဟုတ်ပြီလား"
"အင်း"
"အင်း မြန်မြန်လုပ်ပြီး မြန်မြန်ပြန်လာစရာမလိုဘူးနော်... သေချာဂရုတစိုက်နဲ့ပြန်လာခဲ့... မင်းကိုယ်မင်းဂရုစိုက်တာက ငါ့ကိုပိုချစ်တာပဲ...သိတယ်ဟုတ်"
"အင်း"
"အွန်း ဒါဆို မင်းလည်းအလုပ်ပြန်လုပ်ရမှာမလား...ငါလည်း ဒီမှာအလုပ်လုပ်နေရင်းစောင့်နေမယ်... ဒါပဲနော်...ချစ်တယ်"
"အင်း ချစ်တယ်"
စကားသံတို့ပြတ်တောက်သွားပြီးနောက်တွင် သူမချမချင်း ကိုင်ထားဆဲဖြစ်သော ဖုန်းကောလ်လေးအား အဆုံးသတ်လိုက်ကာ အလုပ်စလုပ်လိုက်၏။
တစ်နာရီခွဲအကြာ...
ဘေဘေးတစ်ယောက် ဘယ်လိုမှအလုပ်ဆက်လုပ်၍မရတော့။ နိုနိုပြောသွားသည့်စကားများသာ အတွေးထဲရောက်ရောက်လာသည်မို့ လုပ်လက်စအလုပ်များအားလုံးကိုရပ်လိုက်ရသည်။
စိတ်စွမ်းအင်ကျင့်စဉ်...
နိုနို့စကားများအရ ထိုကျင့်စဉ်သည် စိတ်ကိုထိန်းချုပ်နိုင်ရန်အတွက်အဓိကဖြစ်သည်ဟုဆိုသည်။
မနက်က သားနှစ်ယောက်ပြောသည်ကို တိတ်တဆိတ်နားထောင်ခဲ့ပြီးနောက် တိတ်တဆိတ်ပင်ပြန်ထွက်လာခဲ့လိုက်သည်။ နှစ်ယောက်လုံးက သူ့ကိုပြောဖို့ရွေးချယ်ထားကြသည်မို့ အနှေးနှင့်အမြန် ရောက်လာကြမည်ကိုသိသောကြောင့် ထိုအချိန်ကိုသာစောင့်နေခဲ့လိုက်၏။
လည်တော့လည်ကြပါသည်။ သူတို့ဒယ်ဒီအလုပ်သွားသည့်အချိန်ကျမှ သူ့ဆီရောက်လာကြပြီး တောင်းဆိုလာကြခြင်းပင်။
ဘေဘေးအနေနှင့် ထိုကျင့်စဉ်သည် သူနှင့်စိမ်းသက်မနေသလိုခံစားနေရသည်မို့ စဉ်းစားလိုက်မိတော့ ပီနန်းသူ့ကိုပြောပြခဲ့ဖူးကြောင်းသတိရလိုက်သည်။
ထိုကျင့်စဉ်ကိုကျင့်ခဲ့စဉ်က Kingသည် အသက်အရွယ်အရ ၁၀နှစ်သာရှိသေးသည်ဟုဆိုခဲ့ကြောင်းအမှတ်ရလိုက်သည်။ ကျင့်စဉ်သည် ၁၀ရက်တိုင်တိုင်ကြာမြင့်သည်မို့ ထိုဆယ်ရက်အတွင်း နန်းဆောင်တွင်းမှအပြင်သို့ထွက်ခွင့်မရှိခဲ့ပေ။ ထိုကာလအတွင်းတွင် King၏မိဘနှစ်ပါးစလုံး Accidentဖြင့်ဆုံးပါးသွားခဲ့ကြသည်ကိုပါ အမှတ်ရမိလိုက်သည်မို့ ဘေဘေးသက်ပြင်းချလိုက်မိ၏။
ချစ်ရသူကို မည်သို့ပြောရမည်နည်း...
မပြောမဖြစ်ပြောရမည်ဆိုသည်ကိုသိသော်ငြား အသေးစိတ်တော့ မဆွေးနွေးချင်တော့။ အထူးသဖြင့် ချစ်ရသူအားအနည်းငယ်သော်မျှမခံစားစေချင်ပါ။ မိမိအမျိုးသားသည် ခံစားချက်တို့အားသိမ်းဆည်းထားတတ်သူဖြစ်သည်မို့ သူမေးမိလျှင်တောင်မှ ဟန်မပျက်ပြန်ပြောလောက်မည်ဖြစ်သော်ငြား သူအရဲမကိုးချင်ပါ။
ဘာမှမဖြစ်ဘူးဆိုလျှင်တောင်မှ ဖြစ်လာနိုင်မည့်အရေးများကို ရှောင်ရှားချင်ပါသည်။ သူ Kingကို နည်းနည်းလေးတောင်မှ စိတ်ထိခိုက်မခံနိုင်ပေ။
ထိုသို့ဖြင့် စဉ်းစားနေမိရင်းမှ နိုနို၏ 'မော်ဆွန့်ကိုလည်း ဖုန်းဆက်ပြီးမေးလို့ရတာပဲ'ဟူသည့်စကားက ခေါင်းထဲလက်ခနဲပေါ်လာသည်မို့ ဖုန်းကိုယူကာ နံပါတ်တစ်ခုဆီသို့ ခေါ်ဆိုလိုက်မိသည်။ ခဏအကြာတွင် တစ်ဖက်မှ ဖုန်းကိုင်လာသည်မို့...
"Hello ကျွန်တော် ဘေးနိုရာပါ"
"....."
"ဟုတ်ကဲ့ စိတ်စွမ်းအင်ကျင့်စဉ်အကြောင်း အသေးစိတ်သိချင်လို့ပါ...သားနှစ်ယောက်က ၉တန်းဖြေပြီးတာနဲ့ ကျင့်ချင်တယ်ပြောကြလို့"
"....."
"ဟုတ်ကဲ့ သူ့ကိုမေးလို့လည်းရပေမယ့် မေးဖို့အဆင်မပြေတဲ့အကြောင်းလေးရှိနေလို့ပါ... ဖြစ်နိုင်ရင် မော်ဆွန်ပဲပြောပြပေးလို့ရမလားမသိဘူး"
"....."
ထိုအခါမှ တစ်ဖက်မှရှင်းပြပေးလာသည်မို့ ဘေဘေးအသေးစိတ်သိလာရပါ၏။
အုပ်ချုပ်သူတစ်ယောက်အနေနှင့် အရေးအကြီးဆုံးအချက်မှာ ဖြောင့်မတ်မှုဖြစ်သည်။ ထိုကဲ့သို့ တရားနည်းလမ်းကျကျ ဖြောင့်မတ်မှန်ကန်စွာအုပ်ချုပ်နိုင်ရန်အတွက် စိတ်ကိုချွန်းအုပ်နိုင်ဖို့လိုအပ်သည်။ လာဘ်စားမှုများ၊ ဘက်လိုက်မှုများနှင့် စိတ်အလိုဆန္ဒကြောင့်ဖြစ်ပေါ်လာတတ်သည့် မလိုလားအပ်သောပြဿနာများကိုမဖြစ်စေရန်အတွက် ထိုကျင့်စဉ်ကို စီရင်ခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။ ထို့အပြင် ယင်းကျင့်စဉ်၌ ကာမလိုက်စားချင်စိတ်ကိုထိန်းချုပ်နိုင်ရန်အတွက်လည်းအဓိကပါဝင်သေး၏။
ဘေဘေး နောက်ဆုံးတစ်ချက်ကြောင့်မျက်မှောင်ကြုတ်မိသွားကာ...
"ကာမလိုက်စားခြင်းကိုထိန်းချုပ်ဖို့ထိပါလိုတာလား...အဲ့ဒါက တကူးတကလိုက်ထိန်းချုပ်စရာလိုလို့လား"
မေးလိုက်မိတော့...
"ဟုတ်ကဲ့ အရင်ခေတ်ကစော်ဘွားတွေမှာက ဘုရင်တွေလိုပဲ မိဖုရား၊မောင်းမတွေကများတာမလို့ ပြဿနာတွေကလည်းအမျိုးမျိုးရှိပါတယ်...နိုင်ငံရေးအရ မင်းသမီး၊မောင်းမတွေကို လဲလှယ်ကြတာက အစဉ်အလာမလို့ မလိုချင်လည်းယူရပါတယ်...အဲ့ဒါတွေရဲ့နောက်ဆက်တွဲကတော့ နှစ်သက်တာကိုခံရဖို့အတွက် ဆွဲဆောင်ကြတာတွေနဲ့ အဆိုးဆုံးကတော့ ဆေးခတ်တဲ့အထိဖြစ်ကြတာပါပဲ"
ထိုစကားတို့ကြောင့် ဘေဘေးတစ်ယောက် ခါးပင်မတ်လိုက်မိပြီးနောက်...
"ဆေးခတ်တယ်?"
"ဟုတ်ကဲ့ ဆေးခတ်တာတွေကများတာမလို့ ဟော်နန်းကြီးသုံးခုကဆရာတွေပူးပေါင်းပြီး ဒီကျင့်စဉ်ကိုဖန်တီးခဲ့ကြတာပါ...အဲ့ဒါကြောင့် အရမ်းကြီးတော့စိတ်ပူစရာမလိုပါဘူး... သခင်လေးဆိုရင် ၁၀နှစ်သားအရွယ်လေးနဲ့အောင်မြင်နိုင်ခဲ့တာပါ...အန္တရာယ်ကြီးကြီးမားမားမရှိပါဘူး"
တစ်ဖက်မှရှင်းပြနေသော်ငြား ဘေဘေး၏ ခေါင်းထဲတွင်ထူပူလာပြီး မျက်နှာတစ်ပြင်လုံးကလည်းနီရဲလာကာ ဆေးခတ်သည့်ကိစ္စကိုပဲ စဉ်းစားနေမိသည်အထိဖြစ်နေ၏။
ထို့နောက်မှ သူ အနည်းငယ်မဝံ့မရဲဖြင့်ပြောလိုက်မိသည်။
"ကျွန်တော်တစ်ခုမေးချင်လို့"
"ဟုတ်ကဲ့ မေးပါ"
ဘေဘေးအသက်ကိုပြင်းပြင်းရှူလိုက်မိပြီးမှ မေးလိုက်မိ၏။
"စိတ်ကြွဆေး အဆင့် ၄ဆိုရင်ရော ခံနိုင်ရည်ရှိလောက်လား"
မေးလိုက်မိပြီးမှ နှုတ်ခမ်းကိုဖိကိုက်လိုက်မိသည်။ နှလုံးခုန်သံသည် အပြင်သို့ခုန်ပေါက်ထွက်လာတော့မည့်အလား ဖြစ်နေရုံမက နားစည်သို့ပါတိုက်ရိုက်,ရိုက်ခတ်လာသလိုပင်။
ထိုစဉ်...
ချလောက်!
တံခါးဖွင့်သံကြားသည်မို့ ဝင်လာသူအားလှည့်ကြည့်လိုက်မိသည့်အခိုက်…
"စိတ်ကြွဆေးကဘယ်အမျိုးအစားလဲတော့မသိဘူး...ဒါပေမဲ့ ဈေးကွက်ထဲက စိတ်ကြွဆေးအမြင့်ဆုံးတွေတောင်မှ ကျင့်စဉ်အောင်မြင်သူအပေါ် ကြီးကြီးမားမားသက်ရောက်နိုင်ခြင်းမရှိတာမလို့ အဆင့်၄လောက်ကတော့ ဘာမှမဖြစ်လောက်ဘူးလို့ထင်ပါတယ်"
ထိုစကားအဆုံးတွင်တော့ ဘေဘေးတစ်ယောက် မည်သည့်စကားကိုမှမတုံ့ပြန်နိုင်တော့။ တစ်ဖက်မှ သူ့ကိုနှုတ်ဆက်ပြီးဖုန်းချလိုက်သည့်တိုင် ဝင်လာသူအား ဖုန်းကိုင်လျက်သားနှင့် ကြောင်ငေးနေမိဆဲပင်။
ဈေးကွက်ထဲက စိတ်ကြွဆေးအမြင့်ဆုံးတွေတောင်မှ...
ကျင့်စဉ်အောင်မြင်သူအပေါ်...
ကြီးကြီးမားမားသက်ရောက်နိုင်ခြင်းမရှိတာမလို့...
အဆင့်၄လောက်ကတော့ ဘာမှမဖြစ်လောက်ဘူးလို့ထင်ပါတယ်...
ထိုစကားများသာ ဦးနှောက်ထဲ၌ တဝဲလည်လည်ဖြစ်နေသည်မို့ မလှုပ်မယှက် ကြောင်ငေးနေမိစဉ်...
"ဘာဖြစ်နေတာလဲ"
"ဟင်?"
အသံကြောင့် ပစ္စုပ္ပန်ကာလဆီသို့ သတိပြန်ကပ်လိုက်မိသည့်အချိန်၌ လက်ထဲမှဖုန်းလေးသည် ဆွဲယူခံလိုက်ရပြီးနောက်...
"ဘယ်သူနဲ့ပြောနေတာလဲ"
"သားတို့ဆရာ"
"ဘာပြောလို့လဲ"
"....."
ထိုမေးခွန်းကြောင့် ဘေဘေးနှုတ်ဆိတ်နေမိတော့ စိုက်ကြည့်လာသည်မို့ နှုတ်ခမ်းကိုဖိကိုက်လိုက်မိသည်။
လက်ရှိအချိန်တွင် ဘာလုပ်ရမှန်းမသိသလို ဘာပြောရမှန်းလည်းမသိ။ အလုံးစုံအား သိနားလည်လိုက်သည့်အချိန်တွင် အရာအားလုံးသည်ပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း...
ချီးပဲ ရှက်လိုက်တာ...
ဘေဘေး တွေးရင်းတွေးရင်းနှင့် ရှက်စိတ်တို့သာပိုလာသည်မို့ မျက်နှာကိုအုပ်ချလိုက်မိပြီး စားပွဲထက်မှောက်လိုက်မိတော့...
"ဘာလို့လဲ နိုရာ"
စိုးရိမ်တကြီးမေးလာသူ၏လက်တစ်ဖက်သည် ပုခုံးထက်ခပ်ဖွဖွရောက်လာသည်မို့...
"ဟင့်အင်း"
ထို့နောက်တွင် သက်ပြင်းချသံသဲ့သဲ့သာထွက်ပေါ်လာပြီးနောက် ပုခုံးထက်လက်ဖဝါးက ခပ်ဖွဖွပုတ်ပေးလာရင်း...
"အဆင်ပြေရဲ့လား"
"အင်း"
15 mins later...
"နိုရာ ငါ့ကိုကြည့်ပါဦး"
"ဟင့်အင်း"
ငြင်းဆန်လိုက်တော့ ဘာမှထပ်မပြောတော့ဘဲ ခန္ဓာကိုယ်အားဆွဲထူလာသူကြောင့်...
"မထချင်ဘူးလို့"
"ရေချိုးမယ်"
"မင်းဘာသာချိုး"
"အတူချိုးမယ်"
"မချိုးဘူး မင်းနော်...အား! လွှတ်စမ်း...စဝ်မင်းနွယ်ဧကရာဇ်! ပြန်ချပေး"
"ငြိမ်ငြိမ်နေ"
"မနေဘူးကွာ"
"နိုရာ လိမ်မာတယ်"
ပွေ့ချီခံထားရသည့်အနေအထားနှင့် ဘေဘေးပို၍ပင်ရှက်လာသည်မို့ King၏ရင်ခွင်ထဲမျက်နှာဝှက်ထားမိရင်း ငြိမ်နေလိုက်မိသည်။ ရေချိုးခန်းထဲရောက်တော့ ဖြည်းညှင်းစွာချပေးလာသည်မို့ အခန်းထဲမှ အမြန်ပြန်ပြေးထွက်လိုက်မိသော်ငြား ခါးမှသိမ်းဖက်ကာ အချုပ်ခံလိုက်ရသည်မို့ ဘယ်လိုမှပြေး၍မလွတ်တော့။ ရုန်းနေမိသော်လည်း King၏ချုပ်အားကို သူဘယ်လိုမှမယှဉ်နိုင်။
"ငြိမ်ငြိမ်နေ"
"မနေဘူး...မင်းဖယ်"
အတင်းတွန်းထုတ်လိုက်သော်ငြား Kingကဖယ်မပေးဘဲ ပို၍တိုးဖက်လာပြီးနောက်...
"ဘာဖြစ်နေတာလဲ"
"မပြောချင်ဘူး"
"မင်းမပြောရင် ငါမသိဘူးလေ"
"မင်းမသိသေးတာတောင်ငါရှက်လို့သေခါနီး"
ပြန်ပြောလိုက်တော့ ဖက်ထားရာမှခွာကာ ပြန်ကြည့်လာသည်မို့ ဘေဘေးအတင်းပြန်ဖက်ထားလိုက်မိရင်း...
"အဲ့လိုကြီးလာမကြည့်နဲ့...ငါမင်းကိုမြင်ရလေရှက်လာလေ"
"ငါ့ကြောင့်လား"
"အွန်း"
ထိုအခါ Kingက ဘေဘေး၏ ခန္ဓာကိုယ်အား ပို၍တင်းကြပ်စွာဖက်လိုက်ရင်း နားနားခပ်တိုးတိုးကပ်ပြောလာ၏။
"မင်းယောက်ျားကို ရှက်နေတုန်းလား"
"မပြောနဲ့"
တားဆီးလိုက်မိတော့ ဦးခေါင်းထက်မှရယ်သံသဲ့သဲ့လေးကိုကြားလိုက်ရသည်မို့ မော့ကြည့်လိုက်မိစဉ် သူ့အား ငုံ့မိုးကြည့်လာသည့်မျက်ဝန်းတို့က ပြုံးရိပ်တို့အပြည့်ဖြင့်။
ထို့ပြင် ကော့ညွတ်တက်နေသည့်နှုတ်ခမ်းထောင့်စွန်းတို့နောက် ပွင့်ဟလာသည့်နီစွေးစွေးနှုတ်ခမ်းနှစ်လွှာကြား သွားစွယ်လေးနှစ်ဖက်ကထင်ရှားစွာ။
သူ့အလိုလိုရယ်မောခြင်းက ရှားပါးလွန်းသည်မို့ ဘေဘေးငေးကြည့်နေမိစဉ် နဖူးထက်မှ နွေးထွေးမှုကိုခံစားလိုက်ရပြီးနောက်...
"ကျင့်စဉ်အကြောင်းလား"
"ဘာ!!!"
"စိတ်စွမ်းအင်ကျင့်စဉ်"
"မင်း ဘယ်လိုသိ..."
"မော်ဆွန် ငါ့ကိုပြောတယ်"
"မင်း ငါ့ကို ဘာလို့မပြောတာလဲ"
ဘေဘေး ဘောက်ဆက်ဆက်ဖြင့် ပြန်မေးလိုက်မိတော့ တစ်ဖက်မှမျက်ဝန်းတို့ကပို၍ပြုံးကျသွားပြီး...
"မင်းခုလိုဖြစ်မှာစိုးလို့"
"ငါက အခု ဘာဖြစ်...မင်း..."
"....."
"မကောင်းတဲ့ကောင်ကြီး...မင်းနေခဲ့တော့"
ဘေဘေး မျက်နှာအရမ်းပူလာသည်မို့ရှောင်ထွက်ဖို့လုပ်လိုက်သော်ငြား Kingကလက်မခံသည်မို့ ရင်ခွင်ထဲ၌ပင် ပြန်၍ပိတ်မိနေဆဲ။
ထို့နောက်တွင် ပါးနှစ်ဖက်ကိုလက်ဖဝါးတို့ဖြင့်အုပ်ကိုင်ကာပင့်မော့လာပြီးနောက် နှုတ်ခမ်းထက်နွေးထွေးသွားတော့သည်။
5 minutes later...
နှုတ်ခမ်းနှစ်စုံသည် စင်တီမီတာအနည်းငယ်မျှဝေးကွာသွားပြီးနောက်...
"ဟန်ဆောင်ခဲ့တာကငါမလို့ အရမ်းမရှက်နဲ့"
"မပြောနဲ့"
"အင်း"
တစ်ဖန် ညာဘက်ပါးပြင်ထက် တစ်ချက်နွေးသွားပြန်၏။
"အဲ့ညက အရမ်းချစ်ဖို့ကောင်းတယ်"
"စဝ်မင်းနွယ်ဧကရာဇ်!!! မင်းသေချင်လို့..."
ဘေဘေး၏အော်လိုက်သံလေးသည် တစ်ဝက်တပြတ်နှင့်သာ အဆုံးသတ်သွားပြီးသည့်နောက်တွင်တော့ ရေချိုးခန်းအတွင်း၌ စကားပြောသံများအားလုံး အတန်ကြာသည်အထိ တိတ်ဆိတ်သွားတော့သည်။
The next day...
"မာမား ကြိုက်တဲ့ဟာလဝါ စားကြည့်...ဒါ နိုနိုကိုယ်တိုင် ပုသိမ်ကနေ အမြန်ချောနဲ့လှမ်းမှာထားတာနော်"
နိုနိုက ပြောပြောဆိုဆိုနှင့် ဟာလဝါအပိုင်းလေးတစ်ခုကိုခက်ရင်းနှင့်ထိုးပေးကာ P'Minကိုခွံ့ကျွေးသည်မို့ ဘေဘေးပြုံးလိုက်မိသည်။ နိုနို့ကို အစ်မကြီးဖြစ်သူ P'Maiက မွေးဖွားထားခြင်းဖြစ်သော်လည်း နိုနိုက P'Minကိုသာပိုကပ်၏။
အငယ်ချင်းမို့ ပိုအဆင်ပြေသည်လား၊ အကြောတူတွေမို့အဆင်ပြေကြသည်လားမသိ။ P'Minနှင့် နိုနိုတို့ဆုံပြီဆိုလျှင် အခြားသူများအားလုံး ဘေးလူဖြစ်သွားတတ်သည်။ ဧကကျပြန်တော့လည်း P'Maiနှင့်အတူရှိနေတတ်သည်။ ငယ်စဉ်ကတည်းက P'Maiက စာအုပ်ဖတ်ပြလျှင် ဧက,က ဆိတ်ငြိမ်စွာနားထောင်နေတတ်သည်။
နိုနိုကတော့ထိုသို့မဟုတ်။ စာဖတ်ပြသည့်အချိန်တိုင်း မေးချင်တာတွေလျှောက်မေးနေတတ်၍ သူ့ကိုစာဖတ်ပြလျှင် တစ်ပုဒ်က ဘယ်တော့မှအဆုံးမသတ်တော့။ သူကလည်း တစ်ခါမှ အဆုံးအထိနားမထောင်တတ်။
စာဖတ်ပြသည့်အချိန်၌ သူသိသည့်အကြောင်းအရာတစ်ခုခုပါလာပြီဆိုပါက 'ကိုကိုလိုက်ခဲ့...အဲ့ဒါကိုနိုနိုလိုက်ပြမယ်...မာမီရော လိုက်ခဲ့'ဆိုပြီး ရှိသမျှလူအားလုံးကိုအပါခေါ်ကာ သူပြချင်ရာလိုက်ပြပြီး ပြောချင်ရာတွေလျှောက်ပြောတတ်သည်မို့ P'Maiက သူ့သားငယ်ကိုဆိုလက်မြှောက်ထားတတ်၏။
သားနှစ်ယောက်လုံးက P'Maiကို မာမီဟုခေါ်ကြပြီး P'Minကိုတော့ မာမားဟုခေါ်ကြသည်။
မိုင်တစ်ယောက် သားငယ်နှင့်ညီမဖြစ်သူအား ပြုံးကြည့်နေရင်းမှ...
"ဒါဆိုသားငယ်က မာမီ့အတွက်ကျ ဘာမှဝယ်မထားဘူးပေါ့...မာမီ့သားကြီးပဲကောင်းတယ်ကွာ... သစ်သီးတွေအများကြီးဝယ်ထားပေးလို့ သားကြီးကို လက်ဆောင်တွေပိုပေးမယ်... သားကြီးကိုပဲအများကြီးပိုချစ်တော့မယ်"
မိုင်က နိုနို့ကိုစလိုက်ရင်း ဧက,၏လက်မောင်းကိုလက်တစ်ဖက်ဖြင့်ချိတ်လိုက်သေးသည်။ ထိုအခါမှ နိုနိုတစ်ယောက်ခေါင်းထောင်လာပြီး...
"အဲ့သစ်သီးတွေကိုဝယ်ဖြစ်တာလည်း နိုနို့အကြံပါပါတယ်နော်...နောက်ပြီး မာမီစားချင်တဲ့ရှမ်းအစားအစာတွေကို စားရဖို့ စာဖိုမှူးတစ်ယောက်ကို ညနေကျခေါ်ထားသေးတယ်... မယုံ ကိုကို့ကိုမေးကြည့်... ဒါမှမဟုတ် ပါပါးကိုမေးကြည့်"
"ဟုတ်လား ပါပါးမသိရပါလားကွာ...အဲ့ဒါတွေအကုန် သားတို့ဒယ်ဒီလုပ်တာမဟုတ်ဘူးလား"
"ပါပါးနော်...အဲ့ဒါတွေအားလုံးက နိုနို့အကြံတွေလေ...ဒယ်ဒီကပိုသိလို့ ဒယ်ဒီ့ကိုအကူအညီတောင်းတာလေ"
"ဪ"
"ပါပါးနော်!"
မိဘနှစ်ပါး၏ဝိုင်းစမှုကြောင့် နိုနိုတစ်ယောက်မခံမရပ်နိုင်စွာဖြစ်လာပြီး မျက်နှာလေးကရဲလာသည်မို့...
"ဟော ဟော ငိုတော့မလို့လား...မာမားသားငယ်လေးက လူကြီးဖြစ်နေပြီလေ... မငိုရဘူး... မာမီနဲ့ပါပါးကချစ်လို့စတာကို"
မင်က နိုနို့ပါးရဲရဲလေးတစ်ဖက်ကို အသာဖျစ်ကာချော့လိုက်တော့...
"နိုနိုမငိုပါဘူး"
အံကြိတ်သံလေးနှင့်ပြောလာရင်းနှာသီးဖျားလေးတွေရဲတက်လာသော နိုနိုကြောင့် ဘေဘေးကြိတ်ရယ်လိုက်တော့ Kingက သူ့လက်တစ်ဖက်ကိုအသာဆုပ်ညှစ်ရင်းထိန်းလာသည်။
"နိုနိုက အားလုံးကိုအတူတူချစ်တာကို မာမီတို့ကကျ ဟိုလူ့ကိုပိုချစ်မယ်၊ဒီလူ့ကိုပိုချစ်မယ်နဲ့"
"ဟုတ်ပ ဟုတ်ပ...မာမားသားငယ်လေးမှန်တယ်...အဲ့မာမီရော၊ပါပါးရော မကောင်းဘူးနော်"
"ကိုယ့်ဘာသာပိုချစ်ချင်လည်း စိတ်ထဲမှာထားချစ်ပေါ့...နိုနို့ထက်ပိုချစ်မယ်ဆိုပြီးမပြောလည်းရတာကို"
ပြောရင်းအသံလေးကတိမ်ဝင်သွားသည်မို့...
"ဟော ကဲ"
"သားငယ်"
မင်နှင့်မိုင်တို့၏အသံတို့က ရှေ့ဆင့်နောက်ဆင့်ထွက်လာတော့၏။ နိုနိုကတော့ ခေါင်းငုံ့ကာငြိမ်ကျသွားပြီး မျက်ရည်မိုးက စတင်ရွာသွန်းပါတော့သည်။
Kingတစ်ယောက် စိတ်ပူစွာကြည့်နေသည်မို့ ဘေဘေးအသံမထွက်အောင်ရယ်လိုက်မိရင်း...
"စိတ်ပူမနေနဲ့...မင်းသားငယ်က အမေတွေကိုတွေ့တာနဲ့ ငိုချင်နေတာ...ခုက အကြောင်းပြပြီးငိုနေတာ... ဘာမှမဖြစ်ဘူး"
နိုနို့အကြောင်းကို သူကနောကျေနေပေမယ့် Kingကတော့ ဤအချင်းအရာအား ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်မို့ ရှင်းပြပေးရ၏။
သားနှစ်ယောက်လုံးသည် ပုံမှန်အချိန်များ၌ မိခင်ဖြစ်သူတို့ကိုမတမ်းတတတ်ကြသော်ငြား မိခင်နှစ်ယောက်ရောက်လာတတ်သည့်အချိန်တို့တွင်မူ နှစ်ယောက်လုံးက ထိလွယ်ရှလွယ်လေးတွေဖြစ်ကုန်ကြသည်။ သားကြီးက အရမ်းမသိသာသော်ငြား အနီးကပ်နေရသောဘေဘေးကတော့ မြင်နိုင်ပါ၏။
အေးစက်စက်နေတတ်သည့်ကလေးက မိခင်တို့နှင့်ပတ်သက်လာလျှင်နွေးထွေးသွားတတ်ပြီး များစွာစဉ်းစားပေးတတ်သည်။ စကားတို့ကိုလည်းပို၍ပြောတတ်သည်။
နိုနိုကတော့ အသိသာဆုံးပင်။ ပုံမှန်အချိန်များတွင်ပျော်ပျော်နေတတ်သည့်ကလေးက မိခင်နှစ်ယောက်နှင့်ဆို ငိုချင်ရက်လက်တို့ဖြစ်နေတတ်သည်။ ပြီးလျှင်လည်းဘာမှမဟုတ်။ တစ်ယောက်တည်း ငိုလိုက်ရယ်လိုက်နှင့် မင်းသားပင်လုပ်စား၍ရ၏။
"နိုနို ကိုကို့ဆီလာ"
"ဟင့်အင်း"
"ကိုကိုလာရမလား"
"အင်း"
"ခုံကမဆန့်ဘူးလေ"
"နိုနိုရွှေ့ပေးမယ်"
နိုနိုကပြောပြီးပြီးချင်း ဆိုဖာရှည်အလွတ်သို့ရွှေ့ထိုင်လိုက်သည်မို့ ဧက,ကလည်းနိုနိုဘေးတွင်သွားထိုင်လိုက်သည်။ အစ်ကိုဖြစ်သူရောက်လာသည်နှင့် နိုနိုကတစ်ကိုယ်လုံးကိုပစ်မှီကာ ဘယ်သူ့ကိုမှဂရုမစိုက်တော့သည့် မျက်နှာလေးနှင့် မျက်လွှာချထားပြီးငြိမ်နေတော့သည်မို့ လူကြီးများအားလုံး ပြုံးစိစိဖြစ်ကုန်ကြ၏။
ဧက,က ပျားလိမ္မော်တစ်လုံးကိုအခွံခွာကာ တစ်စိတ်ချင်းစီကိုအမျှင်နွှာပြီး ညီဖြစ်သူအားခွံ့ကျွေးသည်။ နိုနိုကလည်း စိတ်ဆိုးတာတစ်ပိုင်း၊ စားတာကတစ်ကဏ္ဍမို့ ခွံ့ကျွေးသမျှစားသည်သာ။
ဧက,က နိုနိုကြိုက်တတ်သမျှကို ခွံ့ကျွေးနေရင်းမှ...
"စိတ်မဆိုးနဲ့တော့"
"မဆိုးပါဘူး...ဝမ်းနည်းတာ"
"မာမီကစတာပါ"
"နိုနို သိပါတယ်"
"အင်း"
"အွန်း စပျစ်သီးလေး"
"အစိမ်းလား"
"အင်း အတွဲလိုက်နော်"
"အင်း"
ဘေဘေးတစ်ယောက် နိုနိုလုပ်နေပုံကိုကြည့်ကာ အသည်းတယားယားဖြစ်လာသည်။ တစ်ခုခုပြောလိုက်လျှင်ရင်း စိတ်ကောက်ရင်းတန်းလန်းမို့ ပို၍ဆိုးသွားနိုင်သည်ဖြစ်ရာ ကိုယ်က စောင့်ကြည့်ပြီး ခဏပစ်ထားနိုင်သော်လည်း ပစ်မထားနိုင်သူတွေက နိုနို့ဒဏ်ကို ကျေကျေနပ်နပ်ခံကြဦးမည်ကိုမြင်သောကြောင့်သာ ငြိမ်နေမိခြင်း။
အချစ်တွေအားလုံးကို သူပဲလိုချင်သည်။ အားလုံးက သူလိုသလောက်ဝိုင်းပေးနေလည်း တစ်ခုခုအပြောမှားသည်နှင့် ကောက်သွားတတ်သေးသည်။
သို့သော် တစ်ခုကောင်းသည်မှာ နိုနိုက ၅၂၈မည်သော ချစ်ခြင်းမေတ္တာကိုသာခံစားတတ်ခြင်းပင်။
ငယ်သေး၍ပဲလားတော့မသိ၊ သူ့ကိုကြိုက်သူများထဲ၌ မိန်းကလေးများသာမက၊ အဖေများဖြစ်သောသူနှင့်Kingအောက် ၄နှစ်၊၅နှစ်လောက်သာငယ်သည့် အမျိုးသားတစ်ချို့လည်း ပါဝင်နေသေး၏။
လက်ဆောင်ကြိုက်တတ်သည့်နိုနို့အား လက်ဆောင်များပေးကာချဉ်းကပ်ကြသည်မို့ ဧကနှင့် ပြဿနာတက်ကြသည်မှာအကြိမ်ကြိမ်။ နိုနို့အနေနှင့်ကျ လက်ဆောင်ရသည်မှာ ပုံမှန်ကိစ္စလိုဖြစ်နေသည်မို့ ပေးလာလျှင် တစ်ဖက်လူအား,အားနာပြီးယူလိုက်သည်သာ။
ဧက,ကလည်း သူ့ညီကို မည်သူနှင့်မှသဘောတူပုံမပေါ်ပေ။ ထို့ကြောင့် တန်းတူရွယ်တူယောက်ျားလေးများသည်လည်း ဧကကိုကျော်၍ နိုနို့ကိုမထိရဲကြ။ ညီအစ်ကိုနှစ်ယောက်လုံးသည် အမျိုးသမီးများကြား ကျော်ကြားကြသည်တူသော်ငြား ခေတ်ကာလ၏အမျိုးသားများကြားတွင်တော့ ပုံစံကွဲသွားကြ၏။
ဧက၏ပုံစံအရ Roleကသတ်သတ်မှတ်မှတ်ရှိသည်မို့ Roleတူပုဂ္ဂိုလ်များသည် နေရာမဖယ်ပေးနိုင်ပါက ဧကကိုမမှန်းရဲကြပေ။
နိုနို့ပုံစံကိုတော့မှန်းဆ၍မရကြသေး။ အစ်ကိုဖြစ်သူကိုအရမ်းကပ်ပြီးချွဲတတ်သော်ငြား သူ့ဘာသာတစ်ယောက်တည်းရှိနေလျှင်တော့ အခြားပုံစံကွဲသွားတတ်သည်။ ဆံပင်ရှည်အားချထားသည့်ပုံစံ၊ မြှောက်စည်းထားသည့်ပုံစံ၊ ခပ်ပြေပြေချည်ထားတတ်သည့်ပုံစံ၊ ဆံထိုးဖြင့်ထိုးထားတတ်သည်ပုံစံစသည်ဖြင့် မည်သည့်ပုံစံနှင့်မဆိုလိုက်ဖက်နေတတ်ကာ သူ၏ဖရိုဖရဲဝတ်တတ်သည့်ပုံဟန်များကလည်း သဘောကျစရာကောင်းနေသည်မို့ Roleနှစ်ခုလုံးကြား နာမည်ကျော်များထဲတွင် ထိပ်ဆုံးဖြစ်၏။
အင်တာနက်ခေတ်ဖြစ်သည့်အပြင် ညီအစ်ကိုနှစ်ယောက်လုံး၏အရပ်များက ယခုအရွယ်၌ပင် ဘောင်ဝင်တန်းဝင်ဖြစ်နေပြီမို့ တော်တော်များများ၏မျက်စိကျခြင်းကို ခံနေကြရပြီပင်။
"သားငယ် မတ်မတ်ထိုင်ပြီးစား"
"ဟုတ်"
သူ့ဒယ်ဒီကပြောလိုက်သည်နှင့် နိုနိုတစ်ယောက်ချက်ချင်းကျောရိုးရှိသွားကာ မတ်မတ်ပြန်ထိုင်သည်။ လူကြီးများစကားပြောနေကြသည့်အချိန်၌ ညီအစ်ကိုနှစ်ယောက်သား အစားစားလိုက်၊ စကားတစ်ခွန်းနှစ်ခွန်းပြောလိုက် လုပ်နေကြတော့၏။
"P'တို့ကို ကျွန်တော်က တစ်ပတ်လောက်တော့နေမယ်ထင်ထားတာ"
"ဒီတစ်ခေါက်က အလုပ်တွေသိပ်မပြတ်လို့လေ...နောက်နှစ်မှ ပိတ်ရက်ရှည်တစ်ခေါက်လာခဲ့မယ်"
"ဟုတ်ကဲ့ အဆင်ပြေသလောက်နေလို့ရပါတယ်...ကြာကြာနေနိုင်လေကောင်းလေပဲ"
ဘေဘေးကပြောတော့ ညီအစ်မနှစ်ယောက်လုံးရယ်ကြသည်။
မိုင်နှင့်မင်တို့နှစ်ယောက် သူမတို့ရှေ့မှအမျိုးသားနှစ်ယောက်ကိုကြည့်ကာ သဘောကျနေမိသည်။ လိုက်ဖက်ညီနေမှုသည် နတ်ဖက်ထားသည့်စုံတွဲအလားပင်။
နှစ်ယောက်၏ကျေးဇူးကြောင့် သူမတို့ဖခင်နှင့် အချိန်ကြာကြာပို၍နေနိုင်ခဲ့သလို ဆုံးပါးသွားသည့်အချိန်ထိလည်း ကောင်းကောင်းမွန်မွန်ကျွေးနိုင်၊ထားနိုင်ခဲ့သည်။ ဆုံးပါးသွားချိန်တွင်လည်း အလှူအတန်းတို့အားလုပ်နိုင်ခဲ့သလို ညီအစ်မနှစ်ယောက်တည်းကျန်ခဲ့သည့်အချိန်၌လည်း စီးပွားရေးလုပ်ငန်းတစ်ခုကိုအစပြုနိုင်ခဲ့ပြီးဖြစ်၏။
ထိုအမျိုးသားနှစ်ယောက်ထဲမှတစ်ယောက်သာမရှိပါလျှင် သူမတို့အနေဖြင့် ဤသို့အဆင်ပြေပြေနေနိုင်လိမ့်မည်မဟုတ်ပါ။
သားတို့ကိုငွေကြေးနှင့်လဲလှယ်မိခဲ့သလိုဖြစ်ခဲ့သည်မို့ အားနာရသော်ငြား သားတို့ကလည်း သူတို့ဖခင်များနှင့်အလားတူစွာ သဘောထားကြီးပေးကြသည့်အပြင် သူမတို့ကိုလည်းအနည်းငယ်မျှစိမ်းသက်သွားခြင်းမရှိခဲ့။
တစ်နှစ်တွင် တစ်ကြိမ်နှစ်ကြိမ်သာလာတွေ့တတ်သည့်မိခင်တို့အား အမြဲတစေနွေးထွေးစွာကြိုဆိုတတ်ကြသည်မို့ သူမတို့နှစ်ယောက်လုံးကြည်နူးခဲ့ရသည်။
"P'တို့နားချင်နားလို့ရတယ်နော်...ဒါမှမဟုတ် ခြံထဲဆင်းကြည့်ချင်လည်းရတယ်...ကျွန်တော့်ဦးလေးက ပန်းပင်တွေအများကြီးစိုက်ပေးထားတယ်"
ဘေဘေးက စကားစပေးလိုက်တော့ ပန်းပင်များကိုနှစ်သက်ကြသည့်ညီအစ်မနှစ်ယောက်လုံး မျက်လုံးများလက်သွားကြသည်မို့...
"ကဲ မာမီနဲ့မာမားတို့ကို သားတို့လက်ထဲအပ်ခဲ့ပြီနော်"
"ဟုတ်"
"ဟုတ် ညနေကျအပ်မှိုထောင်းစားချင်တယ်"
နိုနိုကစိတ်ကောက်နေဆဲကာလ၏အခွင့်အရေးကိုအပြည့်ယူနေသည်မို့ ဘေဘေးရယ်လိုက်ရင်း...
"အင်း မှာပေးမယ်"
ထိုအခါမှ နိုနို့မျက်နှာလေးက ကြည်သွားပြီး အမေနှစ်ယောက်ကို တက်တက်ကြွကြွနှင့်ခေါ်သွားတော့သည်။ အစ်ကိုဖြစ်သူကိုလည်း တစ်ချက်လက်ချိတ်မပြတ်။
ဘေဘေး ထွက်သွားသည့်သားအမိလေးယောက်ကိုကြည့်ကာပြုံးလိုက်ရင်း...
"ခဏပြန်အိပ်ရအောင်...မနက်ကစောစောထထားတာ ပြန်အိပ်ချင်ပြီ"
"အင်း"
ထို့နောက်တွင် နှစ်ယောက်သားအပေါ်ထပ်သို့တက်လာခဲ့လိုက်ကြသည်။
အမှန်မှာတော့ ပြန်အိပ်ဖို့လိုအပ်နေသည်က Kingဖြစ်၏။ ညကလည်း ဟိုလုပ်ဒီလုပ်နှင့်ညဉ့်နက်သွားပြီး မနက်တွင်လည်း အစောကြီးထခဲ့ရသည်မို့ ပြန်အိပ်ဖို့လိုအပ်သည်ဟု ဘေဘေးယူဆပါသည်။
သူတို့နှစ်ယောက်နှင့်အတူရှိနေလျှင် P'တို့လည်းအနည်းငယ်နေရခက်မည်စိုး၍ လူစုခွဲလိုက်ခြင်းပင်။ သူနှင့်သားတို့က ထိုင်းစကားကိုအတော်အတန်ပြောနိုင်ကြသော်လည်း Kingကနားမလည်သည်မို့ စကားပြောစဉ်တောက်လျှောက် English လိုသာပြောကြရသောကြောင့် P'တို့အတွက်လည်းအရမ်းအဆင်ပြေပုံမပေါ်ပါ။
အလားတူပင် Kingအတွက်လည်းသိပ်အဆင်မပြေသည်မို့ အဆင်ပြေသည့်လမ်းကိုသာရွေးလိုက်ရသည်။
P'တို့နှင့်Kingက Video callများထဲတွင်မြင်ဖူးကြသော်ငြား တစ်ခါသော်မျှ စကားမပြောဖူးကြ။ ပြင်ပတွင်တွေ့သော်လည်း စကားတစ်ခွန်းစ၊နှစ်ခွန်းစပြောသည်ကလွဲ ဘာမှမထူးခြားသည်မို့ နှစ်ဖက်စလုံးကိုတွန်းအားမပေးချင်တော့။ အထူးသဖြင့် ကိုယ့်လူအတွက် ပို၍အဆင်မပြေသည်မို့ ဖြစ်သွားသည့်အခြေအနေကိုသာ အလိုက်သင့်လေးထားဖို့ဆုံးဖြတ်လိုက်သည်။
မဖြစ်မနေ ခင်မင်ရင်းနှီးသွားဖို့မှမလိုအပ်ဘဲလေ...
Two days later...
"ဟဲ့ အသစ်ပြောင်းလာတဲ့ ဆရာဝန်၄ယောက်မှာ ၂ယောက်ကအတွဲထင်တယ်နော်"
အာဏာတစ်ယောက် ခွဲစိတ်ခန်းထဲမှထွက်လာလာချင်း ကြားလိုက်ရသောစကားတို့ကြောင့် ခေါင်းကိုမသိမသာခါယမ်းလိုက်မိ၏။
လူတွေများ ကိုယ့်အကြောင်းမဟုတ်လည်း ပါးစပ်အရသာခံပြောနေကြတာပဲ...
၄နာရီနီးပါး ခွဲခန်းထဲတွင်မတ်တပ်ရပ်ကာ အလုပ်လုပ်ခဲ့ရသည်မို့ ခြေထောက်များက အနည်းငယ်တောင့်ချင်နေသောကြောင့် လူရှင်းသည့်နေရာသို့ထွက်လာခဲ့လိုက်ပြီးနောက် အကြောလျှော့သည့်လေ့ကျင့်ခန်းတို့ကိုလုပ်လိုက်မိသည်။ ဇက်ကြောတွေရော၊ပုခုံးကြောတွေပါ အနည်းငယ်ပြေလျော့သွားတော့မှ နေသာထိုင်သာရှိသွားတော့၏။
မနက်အစောကြီး ခွဲခန်းဝင်ခဲ့ရသည်မို့ ပြန်ထွက်လာသည့်အချိန်၌ နေ့လယ်စာစားချိန်ပင်ရောက်လုပြီဖြစ်သည်မို့ ဆေးရုံကန်တင်းကိုသာသွားဖို့ပြင်လိုက်မိသည်။
ထိုစဉ်...
"အသစ်ဆရာဝန်လေးတွေက ချောလိုက်တာ"
"အေးဟယ် ဒီဆေးရုံမှာ ချောချောသန့်သန့်လေးတွေအများကြီးပဲနော်...သူတို့ကိုကြည့်ရုံနဲ့တင် ရောဂါက တစ်ဝက်သက်သာ...အယ်"
စကားကောင်းနေသည့် သူနာပြုဆရာမလေးများသည် သူ့ကိုတွေ့သည်နှင့် စကားသံတို့ရပ်သွားကြကာ လာရာလမ်းအတိုင်းပြန်လှည့်သွားကြသည်မို့ အာဏာရယ်လိုက်မိ၏။
ဒီတစ်ခါအသစ်လေးတွေက တော်တော်ချောကြတဲ့ပုံပဲ...
ထိုသို့မှတ်ချက်ချလိုက်မိပြီးနောက် သတိရလိုက်မိသည်က ဂျစ်ကားကိုပင်။
ဂျစ်ကားလည်း မကြာခင်ပြောင်းလာလောက်မည်မဟုတ်ပါလား...
တွေးလိုက်မိသည်နှင့် ဖုန်းကိုဖွင့်ကြည့်လိုက်ပြီး နောက်ဆုံးဆက်သွယ်ဖြစ်ခဲ့သည့်အချိန်က စာများကိုလိုက်ဖတ်ကြည့်မိသည်။ နှစ်ယောက်လုံး ဘာမှထွေထွေထူးထူးမပြောဖြစ်ကြ။ သာကြောင်းမာကြောင်းနှင့်အတူ ထမင်းစား၊ရေသောက်ကိစ္စတို့ကိုသာ စကားလုပ်ပြောဖြစ်ခဲ့ကြ၏။ သူ့ဘက်ကလည်း မည်သည့်အပိုစကားကိုမှမဆိုခဲ့သလို ဂျစ်ကားဘက်ကလည်း တည်ငြိမ်စွာပင်။
ယခင် လုပ်ချင်ရာလုပ်တတ်၊ပြောချင်ရာပြောတတ်သူကြောင့် စိတ်ရှုပ်သလိုခံစားခဲ့ရသော်ငြား ယခုအချိန် စကားတည်သူ၏ပြောင်းလဲမှုများကြောင့် ပို၍စိတ်ရှုပ်လာသလိုပင်။
ထို့အပြင် ဒီရက်ပိုင်းအတွင်း သူတို့နှစ်ယောက်ကြား အဆက်အသွယ်မရှိတော့။ လွန်ခဲ့သည့်တစ်ပတ်မှစ၍ ဂျစ်ကားဘက်က မည်သည့်စာကိုမှပို့မလာခဲ့သည်မို့ သူသည်လည်းဘာမှပြန်မပို့ဖြစ်ခဲ့။ သို့ပေမဲ့ ထိုConversationလေးကိုတော့ နေ့စဉ်ဝင်ကြည့်မိရင်းစိတ်မသက်မသာဖြစ်ရသည်ကို သူဝန်ခံပါသည်။
ဂျစ်ကားပြောသည်လည်းမှန်ပါသည်။ ဒီဆယ်စုနှစ်ကျော်ကာလများအတွင်း ဂျစ်ကားဘက်မှသာမဆက်သွယ်လျှင် သူ့ဘက်မှ ဆက်သွယ်ဖြစ်မဖြစ်မသေချာ။ ယခုလည်း တစ်ပတ်ပြည့်သည်အထိ သူမဆက်သွယ်မိခဲ့ပါ။
ညီအစ်ကိုလိုသတ်မှတ်ထားသည့်ဆက်ဆံရေးမျိုးတွင် သူက အဘယ်ကြောင့် မာနထားနေမိပါသနည်း...
ထိုမေးခွန်း၏အဖြေကို မထုတ်နိုင်သေးသည်မို့ ပင်ပန်းနွမ်းလျစွာဖြင့် အနီးနားရှိခုံတန်းရှည်တွင်သာ ဝင်ထိုင်လိုက်မိပြီး စိမ်းလန်းနေသည့်အပင်တို့အားငေးမောကြည့်နေမိ၏။
ဂျစ်ကားနှင့် ဤသို့ဖြစ်နေရသည့်အခြေအနေအား သူနည်းနည်းမှသဘောမကျပါ။ ရှင်းရှင်းပြောရလျှင် စိတ်ပင်ပန်းသည့်အနေအထားသို့ပင်ရောက်နေပြီဖြစ်သည်။
ဒီကလေး သူ့ကိုဘယ်ချိန်ထိရွဲ့နေဦးမှာလဲ...
ထို့နောက်တွင် ခေါင်းထဲပေါ်လာသည်က မပြန်ခင်သူ့ကိုပြောသွားသည့်စကားများ။ တစ်နှစ်ခွဲကြာပြီးနောက် ဤဆေးရုံသို့ပြောင်းလာမည်ဟုဆိုသည်။ ထိုကာလအတွင်း သူ့စိတ်ကိုပြောင်းကြည့်ပြီး အချစ်သစ်ကိုရှာကြည့်ဦးမည်ဟုဆိုသွား၏။ သူမည်သို့ပင်ပြောခဲ့ပါစေ ဤကာလအတွင်း အဆက်အသွယ်မပြတ်ခဲ့သည်မို့ ထိုစကားတို့နှင့်ပတ်သက်ပြီး စိတ်ထဲဘယ်လိုမှမနေခဲ့။
သို့သော် ယခုအချိန်တွင်တော့...
အာဏာတစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် မျက်နှာထက်လက်ဖဝါးနှစ်ဖက်ဖြင့်အုပ်ချလိုက်မိပြီး အတွေးတို့ကိုဖြတ်တောက်နေမိသော်ငြား ရင်တွင်း ပူလောင်သလိုခံစားချက်တို့ကပျောက်ပျက်မသွား။
ဒီကလေး ရည်းစားများရသွားတာလား...
တွေးလိုက်မိပြီးတစ်ပြိုင်နက် ခေါင်းကိုချက်ချင်းခါယမ်းလိုက်မိသည်။
မဖြစ်နိုင်တာ...
ဟုတ်တယ် မဖြစ်နိုင်ဘူး...ဒီတစ်ပတ်အတွင်း ဘယ်လိုလုပ်ပြီး...
"ကျစ်!"
အတွေးတို့ဖြင့် ယောက်ယက်ခတ်နေမိသော ကိုယ့်ကိုယ်ကို စိတ်ပျက်စွာစုတ်သပ်လိုက်မိသည်။
ငါကဘာဖြစ်ချင်နေတာလဲ...
တစ်သက်နှင့်တစ်ကိုယ် ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကိုယ်သုံးသပ်လိုက်မိ၏။
ငါက ကလေးကို ညီလေးလိုပဲချစ်တာဆိုရင် ဘာလို့ဒီလောက်ထိပူလောင်နေရတာလဲ...
ခြေထောက်တို့တွင်ဝတ်ဆင်ထားသည့် Leather shoesအနက်ရောင်၏ ထိပ်ဦးအားစိုက်ကြည့်နေရင်းမှ ကိုယ့်စိတ်ကိုယ် ပြန်လည်ဆန်းစစ်နေမိသည်။
Q - ဂျစ်ကားကိုချစ်လား
A - ချစ်တယ်
Q - ဘယ်လိုချစ်တာလဲ...
A - ဒီမေးခွန်းကိုခဏကျော်မယ်...
Q - ဂျစ်ကားသူ့ကိုချစ်နေတာကိုသဘောကျလား
A - အင်း ကျသလိုလိုပဲ
Q - ဂျစ်ကားကို တွဲနိုင်လား
A - ဒီမေးခွန်းကိုခဏကျော်မယ်
Q - မတွဲနိုင်ဘူးဆိုရင် ဘာကြောင့်လဲ
A - မာမီ့ကြောင့်၊ နှစ်ဖက်မိသားစုဆက်ဆံရေးကြောင့်
Q - အဲ့ဒါတွေအဆင်ပြေရင် ချစ်နိုင်လား
A - ကျော်မယ်
Q - မချစ်နိုင်သေးဘူးဆိုရင်ဘာကြောင့်လဲ
A - ဂျစ်ကားက ငယ်ငယ်ကတည်းကစောင့်ရှောက်ခဲ့ရတဲ့ညီလေးဖြစ်တာကြောင့်၊ နောက်ပြီး သူ့အပေါ်ထားတဲ့သံယောဇဉ်ကိုအချစ်လို့ထင်မှာစိုးလို့၊ နောက်ပြီး...ဒါပဲ
Q - သံယောဇဉ်မဟုတ်ဘဲ တကယ်ချစ်တာဆိုရင်ရောတွဲနိုင်လား
A - ကျော်မယ်
Q - မတွဲနိုင်ရင်ဘာလို့လဲ
A - သူကယောက်ျားလေးကိုပဲစိတ်ဝင်စားပေမဲ့ မာမီ့ကြောင့်အတည်တွဲခွင့်မရှိဘူး၊ အဲ့ဒါကြောင့် အပျော်ရည်းစားတွေပဲထားတာ၊ ဂျစ်ကားကို အပျော်ရည်းစားလို သဘောမထားချင်ဘူး
Q - အပျော်ရည်းစားမဖြစ်စေချင်ရင် အတည်ဖြစ်စေချင်တာလား
A - ကျော်မယ်
Q - ဒါဆိုဂျစ်ကားကိုချစ်နေတာလား
A - ကျော်မယ်
Q - ဂျစ်ကားက သူများကိုချစ်သွားရင်အဆင်ပြေလား
A - မပြေဘူး
Q - ဘာလို့အဆင်မပြေတာလဲ
A - စိတ်မချဘူး၊ ကလေးနာကျင်မှာစိုးတယ်
Q - ဘာလို့အကုန်လိုက်စိုးရိမ်နေတာလဲ၊ ဂျစ်ကားကိုချစ်လို့လား
A - ညီလေးလိုချစ်တာမလို့၊ ကိုယ့်ညီလေးကို မကောင်းတဲ့လူနဲ့တွေ့မှာကိုစိုးရိမ်တာက သဘာဝပဲလေ
Q - ကောင်းတဲ့လူနဲ့ချစ်သွားရင်ရော စိတ်ချလား
A - .....
ချီးပဲ...တော်တော့...မစဉ်းစားချင်တော့ဘူး...
အာဏာတစ်ယောက် စိတ်တွင်းအမေးအဖြေတို့နှင့်ပင် ခေါင်းကိုက်လာသည်မို့ လက်တစ်ဖက်ဖြင့် ဆံပင်တို့အားဆုပ်ဆွဲကာ အတွေးတို့ကိုအဆုံးသတ်လိုက်မိသည်။
ထိုစဉ်...
Ringing...
ဖုန်းဝင်လာသည်မို့ ကြည့်လိုက်တော့ သင့်ကြည်နူး။
သူဘာကိုမှမစဉ်းစားချင်တော့သည်မို့ ကိုင်လိုက်တော့...
"အစ်ကို ဘယ်မှာလဲ"
"အင်း ဆေးရုံမှာ"
"ဘယ်နားမှာလဲလို့မေးတာ...ကျွန်တော်ရောက်နေတယ်"
"အင်း ကန်တင်းကိုပဲလာခဲ့လိုက်...ကိုယ်နေ့လယ်စာစားမလို့"
ပြောပြီးနောက် သူ့ဘက်ကပင်ဦးစွာဖုန်းချလိုက်သည်။ ထို့နောက် ထိုင်နေရာမှ ထရပ်လိုက်မိပြီး ကန်တင်းဆီခြေဦးတည်လိုက်၏။
သင့်ကြည်နူး...
သူ့၏အပျော်ရည်းစားများထဲမှ နောက်ဆုံးတစ်ယောက်ဖြစ်သည်။ သူ့ဘက်ကအခြေအနေများကို ပွင့်ပွင့်လင်းလင်းပြောကာ တွဲဖြစ်ကြသည်မို့ နှစ်ဦးနှစ်ဖက်အဆင်ပြေ၏။ သင့်ကြည်နူးက နားလည်ပေးတတ်သည့်ကောင်လေးဖြစ်သောကြောင့် တွဲခဲ့သည့်တစ်လကျော်အတွင်း နှစ်ယောက်ကြားပြဿနာမဖြစ်ခဲ့။
အပြန်အလှန် စိတ်ဝင်စား၍တွဲကြရုံသာဖြစ်သည်မို့ ချစ်ကြောင်းကြိုက်ကြောင်းတွေသိပ်မပြောဖြစ်။ Dateလုပ်သည့်ရက်များတွင် ရုပ်ရှင်ကြည့်ကြပြီး စားသောက်ဆိုင်တို့တွင်အချိန်ဖြုန်းဖြစ်ခဲ့ကြသည်။
အာဏာတစ်ယောက် ကန်တင်းကိုရောက်သွားချိန်၌ ကြည်နူးကကြိုရောက်နေသည်မို့ ထိုနေရာဆီသို့သာသွားလိုက်မိ၏။
မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်နှင့်...
"ဒီမှာ Coffeeဝယ်လာတယ်...အစ်ကိုကြိုက်တဲ့ဆိုင်က"
ပြောကာ ကော်ဖီခွက်ကိုကမ်းပေးလာသည်မို့ ယူလိုက်မိပြီး...
"အင်း ကျေးဇူးပဲ"
"ကြက်ကြော်လည်းဝယ်လာသေးတယ်...အရင်ဆုံး အစ်ကိုထမင်းစားမှာမလား...မှာလိုက်လေ"
"အင်း"
မှာစရာရှိတာမှာပြီးနောက်တွင် ကြည်နူးက သူ့အား သေချာကြည့်လာ၏။
"အစ်ကိုဘာဖြစ်နေတာလဲ...နေမကောင်းဘူးလား"
"ဘာမှမဖြစ်ပါဘူး"
ပြောလိုက်တော့ ကြည်နူးကမျက်မှောင်လေးကြုတ်ကာကြည့်လာရင်း...
"မဟုတ်ဘူး...အစ်ကိုတစ်ခုခုဖြစ်နေတယ်"
"တကယ်ဘာမှမဖြစ်ဘူး...စားစရာရှိတာမြန်မြန်စား"
"ဘာလဲ ခုမှရောက်တာကိုနှင်တာလား"
ထိုစကားကြောင့် အာဏာရယ်လိုက်မိရင်း...
"မနှင်ပါဘူးကွာ"
သူရယ်တော့ ကြည်နူးကပါလိုက်ရယ်သည်။ ကြက်ကြော်ကိုတစ်လုတ်စာလေးတွေဖဲ့ပေးလာပြီး သူစားနေသည့်အထဲထည့်ပေးလာသည်မို့ အာဏာဘာမှမပြောဘဲဒီတိုင်းသာစားလိုက်မိသည်။ ကြည်နူးက ကြက်ကြော်ဝယ်လျှင် လက်အိတ်ပါတစ်ပါတည်းဝယ်လာတတ်သူဖြစ်သည်မို့ ဘယ်မှာသွားစားစားအဆင်ပြေ၏။
နှစ်ယောက်သားစားပြီးသည့်အချိန်တွင်တော့ ကြည်နူးကိုကားပါကင်ထိလိုက်ပို့ရန်အတွက် နှစ်ယောက်အတူထွက်လာခဲ့လိုက်သည်။
ကားပါကင်၌...
"ဆက်လေး...ကိုယ့်ကိုနမ်းပါဦး"
"အာ"
"ဘာ အာလဲ...မနက်ကနေခုချိန်ထိ တစ်ကြိမ်ပဲနမ်းရသေးတာကို"
အလိုမကျသလိုဖြင့် မျက်မှောင်ကြုတ်ကာပြောလာသူကြောင့် ခေးဆက်ရယ်လိုက်မိရင်း ပါးပြင်ထက် အနမ်းကိုခြေချဖို့လုပ်လိုက်တော့ အနားရောက်သည်အချိန်တွင် မျက်နှာကလှည့်လာသည်မို့ နှုတ်ခမ်းနှစ်စုံသည်နွေးထွေးသွားတော့သည်။
ခေးဆက်က နေ့လယ်ခင်းဂျူတီကျသည်မို့ အစ်ကိုကိုယ်တိုင်လိုက်ပို့ခြင်းပင်။
သန့်တည်ကြည်တစ်ယောက် ချစ်ရသောကလေးငယ်၏မျက်နှာနုနုလေးအား လက်ဖဝါးတို့ဖြင့်ခပ်ဖွဖွပင့်မော့ထားရင်း အနမ်းကိုချွေတာလွန်းသူအား ရက်ရောစွာခြွေချနေမိသည်။ သုံးနှစ်နီးပါးဆက်ဆံရေးတွင်တောင်မှ ချစ်ရသူက အရှက်သည်းနေဆဲပင်။
အသားဖြူဆွတ်လွန်းသူမို့ တစ်နေရာကိုထိလိုက်တိုင်း ရဲတက်သွားတတ်သည်မှာ သူ့အတွက်တော့ မြတ်နိုးဖွယ်အတိ။ ခန္ဓာကိုယ်ပါးပါးလေးအား အသာပွေ့လိုက်တိုင်း စွေ့ခနဲပါလာတတ်သူလေးကို သူကအစဉ်အမြဲထွေးပွေ့ထားချင်ပါသည်။ အတိတ်တွင်မည်သူ့ကိုပဲချစ်ခဲ့ပါစေမူ သူ့လက်ထဲတွင်တော့ ကလေးငယ်ကို ထာဝရပျော်ရွှင်အောင်ထားပါမည်။
နမ်းရသည်ကိုပင်အားမရစွာဖြင့် ခန္ဓာကိုယ်ပါးပါးလေးအား ပေါင်ပေါ်ပွေ့တင်လိုက်တော့ ဝိုင်းစက်သွားသည့်မျက်လုံးလေးများကြောင့်...
"ဘာလေးလဲကွာ"
ပါးပြင်လေးတစ်ဖက်အား ဖိကပ်ကာနမ်းမိတော့ မျက်ဝန်းလေးများကမှိတ်ချသွားပြန်သည်။ ထိုအခါ မျက်နှာဖြူနုနုလေးအားသေချာကြည့်မိတော့ ပါးပြင်နှစ်ဖက်သည်လည်း ပန်းသွေးရောင်ထနေပြီး နားရွက်ဖျားတို့ကနီရဲနေသည်မို့...
"ကိုယ့်ကို ရှက်နေတုန်းပဲလား"
"အစ်ကိုကလည်း...ဖယ်တော့...ကျွန်တော်ဆင်းတော့မယ်"
"ခွင့်တင်လိုက်ပါလား...ကိုယ်တို့အိမ်ပြန်ပြီးနားရအောင်"
ပြောလိုက်တော့ သူ့အားတစ်ချက်စောင်ကြည့်လာပြီး...
"အစ်ကို့အကြောင်းကျွန်တော်မသိဘူးဆိုတော့...သွား...ကျွန်တော်ဆင်းတော့မယ်...အစ်ကိုလည်း ပြန်တော့"
ပြောလည်းပြော လူကိုအတင်းတွန်းဖယ်ကာ ပေါင်ပေါ်မှဆင်းသွားသည်မို့ ခါးကျဉ်းကျဉ်းလေးအား လက်တစ်ဖက်ဖြင့် သိမ်းဖက်ထားလိုက်တော့...
"ဟာ အစ်ကို...ဘာဖြစ်"
ဒုန်း!!!!
"အ!! သေပါပြီ"
"ဟ!!! ဘာဖြစ်တာလဲ...ဟာ ဆက်လေး ဘယ်နားထိသွားလဲ"
"အာ့! ကျွန်တော့်လက်...ကျွန်တော့်လက်ကောက်ဝတ်"
သန့်တည်ကြည်တစ်ယောက် ခေးဆက်၏ ရှုံ့မဲ့နေသောမျက်နှာလေးကိုကြည့်ကာ ပျာယာခတ်သွားတော့သည်။
"လာ လာ...အစ်ကိုတို့ ဆေးမြန်မြန်သွားပြရအောင်"
"အာ ရတယ်...အဲ့လောက်မဟုတ်ဘူး"
"ကျစ်! ဘာကိုမဟုတ်ဘူးလဲ...တောက်! ဘယ်လိုတွေမောင်းနေလို့ ပါကင်ထိုးထားတဲ့ကားကိုဝင်တိုက်တာလဲ"
သန့်တည်ကြည်တစ်ယောက် စိတ်တိုစွာပြောလိုက်မိပြီး ကားတံခါးကိုဖွင့်ဟန်အပြု...
ဒေါက်...ဒေါက်...
ကားမှန်ကိုလာခေါက်သည့်လက်ကြောင့် မျက်နှာကိုတင်းထားကာ မှန်ကိုချလိုက်တော့...
"အဆင်ပြေရဲ့လားခင်ဗျ!!!"
"....."
"....."
အသံကျယ်နှင့်အတူ ကားမှန်တွင်ဘွားခနဲပေါ်လာသောမျက်နှာကြောင့် သန့်တည်ကြည်ရော၊ခေးဆက်ပါ ဆတ်ခနဲတုန်သွားကြသည်အထိ။
ဖြည်းဖြည်းပြောလည်းရပါတယ်...
ထို့နောက်မှ တည်ကြည်တစ်ယောက် မျက်နှာကိုပြန်တည်လိုက်ပြီး...
"ဘယ်လိုဖြစ်ရတာလဲ...အစ်ကိုတို့ကားက နောက်ကိုစွန်းထွက်နေတာလည်းမရှိနိုင်ပါဘူး"
"ဟီး ဟုတ်တယ်...ကျွန်တော်မှားတာ"
မျက်မှန်ဝိုင်းလေးကိုပင့်ကာ သွားတက်လေးများပေါ်သည်အထိပြုံးရင်းပြောလာသည့်ကောင်လေးကြောင့် တည်ကြည်ရော၊ ခေးဆက်ပါ ချက်ချင်းဘာပြန်ပြောရမှန်းမသိ။
ထို့နောက်မှ ခေးဆက်ခေါင်းတစ်ချက်ညိတ်လိုက်မိပြီး...
"အင်း အဲ့တော့ ဘယ်လိုလုပ်ပေးမှာလဲ"
"အာ ကျွန်တော်မှားတာပဲ...ကျွန်တော်လျော်ပေးမှာပေါ့...မပူနဲ့ ကျွန်တော့်ချစ်သူမှာပိုက်ဆံရှိတယ်"
"....."
"....."
တည်ကြည်ရော၊ ခေးဆက်ပါထပ်မံ၍ ဆွံ့အသွားကြစဉ်...
"ဒါနဲ့ ဟို ခင်ဗျားလက်ထိသွားတာထင်တယ်"
ခေးဆက်ကိုလက်ညှိုးထိုးကာပြောလာသည်မို့...
"အာ အရမ်းမဟုတ်..."
"အရမ်းမဟုတ်ဘူးဆိုတာဘယ်ရှိမလဲ...မစိုးရိမ်ပါနဲ့...ကျွန်တော်က အရိုး၊အကြောအထူးကုပါ... အရင်ဆုံးနှစ်ယောက်လုံးဆင်းလာခဲ့ပါလား...ကျွန်တော်လည်းခါးညောင်းလာလို့"
"ဪ အင်း"
"ဪ"
ပြောချင်ရာပြောပြီးနောက် နောက်ဘက်ခြမ်းကိုလျှောက်သွားသည့်ကောင်လေးကြောင့် တည်ကြည်နှင့်ခေးဆက်တို့မျက်လုံးချင်းဆုံသွားကြ၏။
"ဆက်လေးသိလား"
"ဟင့်အင်း အသစ်ထင်တယ်"
ရှင်းစရာကိစ္စများလည်းရှိသည်မို့ နှစ်ယောက်သား ကားပေါ်မှဆင်းလိုက်ကြသည်။ အပြင်ရောက်တော့မှသေချာကြည့်လိုက်တော့ ထိုကောင်လေး၏အရပ်ကခေးဆက်နှင့်မတိမ်းမယိမ်းသာ။
ပုံစံလေးကိုကြည့်ရုံနှင့် တရုတ်စစ်စစ်ဖြစ်ကြောင်းသိသာပါသည်။ မျက်လုံးမှေးမှေးလေးတွေထက် မျက်မှန်ဝိုင်းကြီးက နေရာယူထားသည်။ အသားအရည်ကဖြူဖြူကြည်ကြည်နှင့်မို့ သွေးကြောစိမ်းလေးများကထင်းနေသည်။ ဆံပင်အုပ်အုပ်လေးများကို ဘေးခွဲထားသည့်ပုံစံကလေးက သူ့ပုံစံနှင့်သူချစ်ဖို့ကောင်းနေ၏။
ခေးဆက် ထိုကောင်လေးကိုအကဲခတ်နေစဉ်မှာပင် ထိုကောင်လေးက သူ့ရှေ့သို့ချက်ချင်းရောက်လာပြီး...
"ခင်ဗျားလက် တစ်ချက်ပြ"
"အာ့ အာ့"
"ဖြည်းဖြည်းလုပ်ပါကွာ"
ခေးဆက်၏လက်ကိုဆတ်ခနဲဆွဲကာကြည့်လိုက်သည်မို့ ခေးဆက်ထံမှညည်းသံထွက်လာသောကြောင့် တည်ကြည်တစ်ယောက်ပျာသွားတော့...
"အာ အစ်ကိုတို့က အတွဲတွေထင်တယ်"
"အင်း"
"အင်း"
"အင်း ကျွန်တော့်မှာလည်းကောင်လေးရှိတယ်"
"ဪ"
"အင်း"
"အင်း ကျွန်တော့်နာမည်က ဂျူနိုလင်းပါ"
"အင်း အစ်ကို့နာမည်က သန့်တည်ကြည်၊ သူက စိုင်းခေး..."
"အား!!!!!!"
"ဟာ ဆက်လေး...ဘာ ဘာဖြစ်...မင်း ဘာလုပ်"
"Ok ကောင်းသွားပြီ"
"ဘာ!!!"
"လက်အဆစ်လွဲသွားတာ...ခုအဆင်ပြေသွားပါပြီ...ဒါပေမဲ့ ဆေးလူးဖို့တော့လိုမယ်... ကျွန်တော်နဲ့လိုက်ခဲ့လိုက်...အချိန်ရတယ်မလား"
ထိုစဉ်...
"ကိုသန့်၊ခေးဆက်...ဘာဖြစ်နေကြတာလဲ"
အသံကြောင့်လှည့်ကြည့်လိုက်ကြတော့ အာဏာနှင့်ကောင်လေးတစ်ယောက်။ နှစ်ယောက်စလုံး အနားကိုလျှောက်လာကြပြီးနောက် ဖရိုဖရဲဖြစ်နေသည့်ကားနှစ်စီးကိုကြည့်ကာ အံ့ဩနေကြရင်း...
"ပါကင်ထိုးထားတဲ့ကားကို ဝင်တိုက်တာလား"
"အဟမ်း ကျွန်တော်က ပါကင်ထိုးမကျွမ်းလို့ပါ"
အာဏာတစ်ယောက် သူ့ကိုဝင်ပြောလာသည့်ကောင်လေးကိုကြည့်လိုက်မိတော့ ထိုကောင်လေးက မျက်မှန်လေးပင့်ကာရယ်ပြလာပြီး...
"ကျွန်တော့်နာမည်က ဂျူနိုလင်းပါ...မပူပါနဲ့ ကျွန်တော်လျော်နိုင်ပါတယ်...အဲ ကျွန်တော်လျော်မှာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ဒါက ကျွန်တော့်ချစ်သူရဲ့ကားပါ... ငွေသားမချေနိုင်ခင် ဒီကားကိုအပေါင်ထားခဲ့ပါမယ်... ကျွန်တော့်ကိုယုံပါ"
"....."
သူ့ဘာသာပြောပြီး တစ်ယောက်တည်း လည်နေသူကြောင့် ကျန်သူများအားလုံး ဆွံ့အကုန်ကြစဉ်...
"အာ ခင်ဗျားတို့ကလည်းအတွဲပဲထင်တယ်"
အာဏာနှင့်ကြည်နူးတို့လက်ချိတ်ထားသည်ကိုကြည့်ကာ ပြောလာသည်မို့ ကြည်နူးကပြုံးကာခေါင်းညိတ်လိုက်ရင်း...
"ဟုတ်ကဲ့"
"ဪ ကောင်းတယ် ကောင်းတယ်...ဒီဆေးရုံက မဆိုးဘူးပဲ"
ထိုစဉ်...
ချလောက်!
ရုတ်တရက် ခေးဆက်တို့ကားကိုတိုက်ထားသည့် မှန်နက်များဖြင့်အလုံပိတ်ထားသော ကားအနက်ရောင်မှ တံခါးဖွင့်သံကိုကြားလိုက်ရသည်မို့ သူတို့အားလုံးလှမ်းကြည့်လိုက်ကြတော့...
"အာ ဟုတ်သား...သူပါလာတာကို မေ့နေတယ်"
ဂျူနိုက ပြောပြောဆိုဆိုနှင့် ကားနားရောက်သွားစဉ်မှာပင် ကားပေါ်မှဆင်းလာသည့်လူ။
ထို့နောက်တွင် မြင်လိုက်ရသော သူ့အား စိုက်ကြည့်လာသည့်မျက်ဝန်းပြာတို့ကြောင့် အာဏာတစ်ယောက် အသက်ရှူပင်အောင့်လိုက်မိသည်အထိ။
ထိုစဉ်မှာပင်...
"နိုးသွားတာလား အသဲ"
မေးလည်းမေး တစ်ဖက်လူ၏ လက်မောင်းကိုဆွဲချိတ်ကာ ဆွဲခေါ်လာသည့်ဂျူနိုလင်း။
"တိုက်သံကြားကတည်းက နိုးတယ်"
"ဟီး ဆောရီး ဆောရီး...အသဲကို ငါမုန့်ပြန်ဝယ်ကျွေးမယ်"
"မလိုပါဘူး...ခုက လျော်ရမှာမလား"
"အင်း အဲ့ဒါကြောင့် ဂဏန်းလေးတွေမျှပါဦး"
ဂျူနိုက လက်လေးတစ်ဖက်ဖြန့်ကာပြောလိုက်သည်နှင့် တစ်ဖက်ကပိုက်ဆံအိတ်ကိုထုတ်ကာ ကဒ်ကိုထုတ်ပေးလာသည်မို့...
"ရှဲ့ရှဲ့ ရှဲ့ရှဲ့...ငါတော့ အသဲမရှိလို့မဖြစ်ဘူး"
"....."
"ဘာလဲ စိတ်ဆိုးနေတာလား"
ဂျူနိုလင်းက ပြောလိုက်ရင်း ပါးတစ်ဖက်ကိုလှမ်းဆွဲတော့ တစ်ဖက်ကခေါင်းကိုစောင်းကာရှောင်လိုက်သည်မို့...
"အဟွန်း...သူ အခု ကျွန်တော့်ကိုစိတ်ဆိုးနေလို့...တကယ်က သဘောကောင်းတယ်"
"ဪ"
"ဪ"
"ဪ"
"....."
ကျန်သူများက လက်ရှိအခြေအနေကို သိပ်နားမလည်သော်လည်း အာမေဋိတ်သံကိုပြုနိုင်ကြသော်ငြား အာဏာကတော့ တစ်ယောက်သောသူကိုသာစိုက်ကြည့်နေမိသည်။
ဂျူနိုတစ်ယောက် အခြေအနေကိုထိန်းသည့်သဘောဖြင့်အနည်းငယ်ရယ်လိုက်ရင်းမှ...
"ဟုတ် သူ့နာမည်က သင်္ခါဝီလျံဦးပါ...ခွဲစိတ်အထူးကုပါ...အသဲ ဒီဘက်က ကိုသန့်တည်ကြည်နဲ့ကိုစိုင်းခေး..."
"စိုင်းခေးဆက်ကြာပါ"
"ဟုတ်...ဒီဘက်ကရော"
"ကျွန်တော်က သင့်ကြည်နူးပါ...အစ်ကို့နာမည်က အာဏာသိဒ္ဓိပါ...သူလည်း ခွဲစိတ်အထူးကုပါပဲ"
ကြည်နူးကဝင်ပြီးမိတ်ဆက်ပေးလိုက်သည်မို့ ဂျူနိုက ရယ်လိုက်ရင်း...
"ဪ ကောင်းလိုက်တာ...အသဲရေ မင်းတော့အဖော်ရပြီ...အာ ဒါနဲ့...သူတို့ကလည်း ငါတို့လိုပဲတဲ့"
"....."
ဂျူနိုလင်း၏စကားအဆုံးတွင်တော့ မျက်ဝန်းပြာတစ်စုံနှင့်မျက်ဝန်းနက်တစ်စုံတို့သည် စူးရဲစွာဖြင့်ဆုံစည်းသွားကြတော့၏။
Zawgyi//
"အေသးစိတ္ေတာ့ ႏိုႏိုတို႔လည္းေသခ်ာမသိေသးဘူး...ပါပါးသိခ်င္ရင္ ဒယ္ဒီ့ကိုေမးလို႔ရတယ္ေလ...ဒါမွမဟုတ္ ေမာ္ဆြန္႔ကိုဖုန္းဆက္ၿပီးလည္းေမးလို႔ရတာပဲ...ၿပီးရင္ေတာ့ သေဘာတူေပးေနာ္...ဟီး"
(ေမာ္ဆြန္စိုင္း = ဆရာ)
သူ႔လက္ေမာင္းကိုဖက္ကာ ခြၽဲသလိုေျပာလာသည့္ ႏိုႏို႔ေၾကာင့္ေဘေဘးရယ္လိုက္မိၿပီး...
"လာခြၽဲမေနနဲ႔...ခင္ဗ်ားတို႔ဒယ္ဒီနဲ႔ တိုင္ပင္ၾကည့္ဦးမယ္...သူသေဘာတူမွရမယ္...သေဘာမတူရင္မရဘူး"
"ဟာ ပါပါးကလည္း...ဒယ္ဒီကပါပါးသေဘာပဲဟာကို...လုပ္ပါ ပါပါးရဲ႕"
"မရဘူး...ဖယ္"
"ပါပါးကလည္းလို႔"
ႏိုႏိုက သူ႔လက္ေမာင္းကိုဖက္႐ုံမကေတာ့ဘဲ လည္ပင္းကိုဖက္လာၿပီး သူ႔အရပ္ကလန္ကလားႏွင့္ ေပါင္ေပၚထိတက္ထိုင္လာသည္မို႔ ေဘေဘးေျခခ်ိတ္ထိုင္ေနရာမွ ျဖည္ခ်လိုက္ရၿပီး...
"ဘာလာျဖစ္တာတုန္း...ကိုယ့္အရပ္နဲ႔ခႏၶာကိုယ္ကိုလည္းအားနာဦး...ေလးတယ္ ဖယ္"
"ပါပါးကို အာဘြားေပးမယ္"
ေျပာၿပီးေနာက္ ႏိုႏိုက အတင္းလိုက္နမ္းသည္မို႔ ေဘေဘးေခါင္းကိုေနာက္ဆုတ္ကာေရွာင္ေနရင္း ႏိုႏို႔နဖူးကိုပါလက္ဖဝါးႏွင့္တြန္းထားရသည္။ ႏိုႏိုတစ္ေယာက္ကေတာ့ သူထိုသို႔ျဖစ္ေနေလ သေဘာက်ေလျဖစ္ေနပုံရကာ ဆက္စေနသည္မို႔...
"ဆင္းေတာ့...ပါပါးစဥ္းစားေပးမယ္"
"အာဘြားေလးတစ္ခ်က္ေတာ့ယူပါဦး"
"မယူဘူး...ဖယ္စမ္းပါ...ေလးရတဲ့ၾကားထဲ"
ေျပာလိုက္ေတာ့မွ ႏိုႏိုကရယ္လိုက္ၿပီးေအာက္သို႔ဆင္းသြားၿပီးေနာက္ အစ္ကိုျဖစ္သူေဘးတြင္သြားထိုင္ကာ ေက်ာ႐ိုးမပါသည့္သတၱဝါတစ္ေကာင္လိုမ်ိဳး ပစ္မွီလိုက္ေသးသည္။ သားႀကီးကိုၾကည့္လိုက္ေတာ့လည္း ညီျဖစ္သူ၏လုပ္ရပ္အေပၚ ေက်နပ္သည့္အၿပဳံးႏွင့္မို႔ သူ႔တြင္ေျပာစရာမရွိေတာ့။ အားလုံးကဝိုင္းခ်စ္ကာ အလိုလိုက္ထားၾကသည္မို႔ ႏိုႏိုက အရင္ကထက္ပို၍လုပ္ခ်င္တာလုပ္လာပါ၏။
ႏွစ္ေယာက္လုံးက သူတို႔ဒယ္ဒီဝတ္ဆင္တတ္သည့္ပုံစံျဖစ္ေသာ ခ်ည္သားအက်ႌလက္ရွည္အျဖဴႏွင့္ ရွားေရာင္ေဘာင္းဘီရွည္တို႔အားဝတ္ဆင္ထားၾကသည္။ ဧက,က ပုံစံတက်သပ္သပ္ရပ္ရပ္ေလးျဖစ္ေသာ္ျငား ႏိုႏိုကေတာ့ထိုသို႔မဟုတ္ေပ။
ဆံပင္မ်ားအားလုံးကို ေက်ာက္စိမ္းဆံထိုးျဖင့္ရစ္ပတ္ထိုးဖြဲ႕ထားေသာ္ျငား ဆံၿမိတ္တို႔က နားထင္စပ္မ်ားႏွင့္နားသယ္စပ္တို႔မွ က်ဆင္းေနၾကသည့္အျပင္ ဂုတ္အစပ္မ်ားတြင္လည္း ဟိုတစ္စဒီတစ္စက်ဆင္းေနသည္။
ထို႔ျပင္ ဝတ္ဆင္ထားသည့္အက်ႌကသူ႔အက်ႌမဟုတ္ဘဲ သူ႔ဒယ္ဒီဆီမွအတင္းေတာင္းယူထားသည့္အက်ႌမို႔ ဆိုဒ္ကႀကီးေနကာ လည္ပင္းတြင္ဖ႐ိုဖရဲျဖစ္ေနၿပီး ညႇပ္႐ိုးတို႔ကအထင္းသားေပၚေနသည့္အျပင္ လက္ရွည္ကလက္ေခ်ာင္းတို႔ပင္ အနည္းငယ္မွ်မေပၚေစသည္အထိဖုံးအုပ္ေပးထား၏။
ထိုမွ်မကေသး ေဘာင္းဘီကလည္း အစ္ကိုျဖစ္သူ၏ေဘာင္းဘီကိုယူဝတ္ထားပုံရသည္။ ေျခဖ်ားထိဖုံးအုပ္ေန႐ုံမက ၾကမ္းျပင္ထက္တြင္ပါပုံက်ေနသည္မို႔ လမ္းေလွ်ာက္လိုက္တိုင္း ၾကမ္းတိုက္ေနသည့္အလား။
အသားေလးျဖဴၿပီး ႐ုပ္ခံေလးရွိေနသည္မို႔ ၾကည့္၍ေကာင္းေနေသာ္ျငား အျမင္ကေတာ့ဘယ္လိုမွမေတာ္ပါ။ သို႔ေသာ္သြားေျပာလိုက္လွ်င္လည္း စကားမွားသြားပါက အထအနေကာက္ကာ တစ္အိမ္လုံးကိုေကာက္သြားတတ္ေသးသည္မို႔ အဝတ္အစားကိစၥေလာက္ႏွင့္ေတာ့ ေျပာမေနခ်င္ေတာ့။
အထူးသျဖင့္ ၿမီးေကာင္ေပါက္အ႐ြယ္အ႐ူးထျခင္းေလးမ်ားအား လႊတ္ထားကာ ေစာင့္ၾကည့္ေနခ်င္သည့္စိတ္လည္းပါသည္မို႔ သူ႔ပုံစံႏွင့္သူလႊတ္ထားျဖစ္သည္။
မည္သို႔ပင္ဆိုေစကာမူ သားႏွစ္ေယာက္လုံးက ဆိုးသြမ္းေနၾကသည္မဟုတ္သည္မို႔ သူအေနႏွင့္စိတ္ခ်ရပါသည္။
"ဆိုေတာ့ ႏွစ္ေယာက္စလုံး အဲ့က်င့္စဥ္အတြက္စိတ္ဆုံးျဖတ္ထားၾကၿပီးၿပီေပါ့"
"ဟုတ္"
"ဟုတ္"
ေမးလိုက္ေတာ့ ႏွစ္ေယာက္လုံးက တက္ႂကြစြာျပန္ေျဖလာၾကၿပီး ႏိုႏိုကလည္းအပ်င္းထူေနရာမွ ခႏၶာကိုယ္ေလးပါခ်က္ခ်င္းမတ္လာသည္မို႔ ေဘေဘး ၿပဳံးလိုက္မိသည္။ သားႀကီးကိုၾကည့္လိုက္ေတာ့လည္း သူ႔ထံမွအေျဖကိုေမွ်ာ္လင့္ေနဟန္ရွိေသာမ်က္ဝန္းတို႔ျဖင့္ၾကည့္ေနသည္မို႔ ႏွစ္ေယာက္လုံး အမွန္တကယ္ဆႏၵရွိေနၾကေၾကာင္းေပၚလြင္ပါ၏။
ေဘေဘးေခါင္းတစ္ခ်က္ညိတ္လိုက္မိၿပီး...
"ဘယ္လိုပဲျဖစ္ျဖစ္ သားတို႔ဒယ္ဒီကိုတိုင္ပင္ၿပီးမွလုပ္ရမွာပဲ...ဒါေပမဲ့ ပါပါးကေတာ္႐ုံတားမဲ့သူမဟုတ္တာ သိတယ္မလား"
"ဟုတ္"
"ဟုတ္"
"အင္း အရမ္းအႏၲရာယ္မႀကီးတာမ်ိဳးဆို သားတို႔ဒယ္ဒီကို ရေအာင္ေျဖာင္းဖ်ေပးမယ္...ဒီကိစၥမွာသားတို႔ေျပာသလို ပါပါးတစ္ေယာက္တည္းလက္ခံေပးလိုက္လည္း သားတို႔ဒယ္ဒီကဘာမွဝင္ေျပာမွာမဟုတ္ဘူး...ဒါေပမဲ့ သူကအဲ့လိုလူမလို႔ ပါပါးကသူ႔ဘက္ကိုပိုၾကည့္ေပးရတယ္...ႏွစ္ေယာက္တိုင္ပင္ရတာမ်ိဳးကိုပဲ ပါပါးကသေဘာက်တယ္... ကိုယ့္ဘာသာလက္ခံၿပီးမွ သူ႔ကိုအသိေပး႐ုံသေဘာလုပ္တာမ်ိဳး မလုပ္ခ်င္ဘူး... ပါပါးေျပာတာ သေဘာေပါက္ၾကလား"
"ဟုတ္"
"ဟုတ္"
"အင္း ဒါဆိုပါပါးအလုပ္သြားလုပ္ေတာ့မယ္ေနာ္"
"ဟုတ္"
"ဟုတ္"
ထို႔ေနာက္တြင္ သားႏွစ္ေယာက္ကိုထားခဲ့လိုက္ၿပီး အေပၚထပ္ဆီသို႔တက္လာခဲ့လိုက္သည္။ အိပ္ခန္းထဲကိုေရာက္ေတာ့ အလုပ္စားပြဲဆီသာတန္းသြားလိုက္ၿပီး လုပ္လက္စမ်ားကိုဆက္လုပ္ဖို႔ျပင္လိုက္စဥ္...
Ringing...
Ringtoneသံေၾကာင့္ မည္သူမွန္းသိလိုက္သည္မို႔ၿပဳံးလိုက္မိၿပီး ခ်က္ခ်င္းကိုင္လိုက္မိကာ...
"အင္း အခ်စ္ ေျပာ"
"စားၿပီးၿပီလား"
"ၿပီးၿပီေပါ့...မင္းေရာ"
"ၿပီးၿပီ"
"အင္း ဘာလဲ...ငါ့ကိုသတိရလို႔လား"
ရယ္သံစြက္ကာေမးလိုက္ရင္း စလိုက္ေသာ္ျငား...
"အင္း"
ခ်က္ခ်င္းျပန္ေျဖလာသည့္အသံေၾကာင့္ ရယ္လိုက္မိကာ...
"အရမ္းသတိရေနတယ္ဆိုရင္လည္း ျမန္ျမန္ျပန္လာခဲ့ေလ"
"အင္း"
"ဒါမွမဟုတ္ ငါမင္းဆီလာခဲ့ရမလား"
"ျပန္လာခဲ့မယ္"
"မင္းမအားေသးရင္ ငါလာခဲ့မယ္ေလ"
"ျမန္ျမန္ျပန္ခဲ့မယ္"
မလိုလားသည့္အရာမ်ားကိုေကြကြင္းကာ အေျဖျပန္ေပးတတ္သူေၾကာင့္ ေဘေဘးရယ္လိုက္မိ၏။
"ဟုတ္ပါၿပီ...ျဖည္းျဖည္းနဲ႔မွန္မွန္ အလုပ္လုပ္ၿပီးျပန္လာခဲ့...ဟုတ္ၿပီလား"
"အင္း"
"အင္း ျမန္ျမန္လုပ္ၿပီး ျမန္ျမန္ျပန္လာစရာမလိုဘူးေနာ္... ေသခ်ာဂ႐ုတစိုက္နဲ႔ျပန္လာခဲ့... မင္းကိုယ္မင္းဂ႐ုစိုက္တာက ငါ့ကိုပိုခ်စ္တာပဲ...သိတယ္ဟုတ္"
"အင္း"
"အြန္း ဒါဆို မင္းလည္းအလုပ္ျပန္လုပ္ရမွာမလား...ငါလည္း ဒီမွာအလုပ္လုပ္ေနရင္းေစာင့္ေနမယ္... ဒါပဲေနာ္...ခ်စ္တယ္"
"အင္း ခ်စ္တယ္"
စကားသံတို႔ျပတ္ေတာက္သြားၿပီးေနာက္တြင္ သူမခ်မခ်င္း ကိုင္ထားဆဲျဖစ္ေသာ ဖုန္းေကာလ္ေလးအား အဆုံးသတ္လိုက္ကာ အလုပ္စလုပ္လိုက္၏။
တစ္နာရီခြဲအၾကာ...
ေဘေဘးတစ္ေယာက္ ဘယ္လိုမွအလုပ္ဆက္လုပ္၍မရေတာ့။ ႏိုႏိုေျပာသြားသည့္စကားမ်ားသာ အေတြးထဲေရာက္ေရာက္လာသည္မို႔ လုပ္လက္စအလုပ္မ်ားအားလုံးကိုရပ္လိုက္ရသည္။
စိတ္စြမ္းအင္က်င့္စဥ္...
ႏိုႏို႔စကားမ်ားအရ ထိုက်င့္စဥ္သည္ စိတ္ကိုထိန္းခ်ဳပ္ႏိုင္ရန္အတြက္အဓိကျဖစ္သည္ဟုဆိုသည္။
မနက္က သားႏွစ္ေယာက္ေျပာသည္ကို တိတ္တဆိတ္နားေထာင္ခဲ့ၿပီးေနာက္ တိတ္တဆိတ္ပင္ျပန္ထြက္လာခဲ့လိုက္သည္။ ႏွစ္ေယာက္လုံးက သူ႔ကိုေျပာဖို႔ေ႐ြးခ်ယ္ထားၾကသည္မို႔ အေႏွးႏွင့္အျမန္ ေရာက္လာၾကမည္ကိုသိေသာေၾကာင့္ ထိုအခ်ိန္ကိုသာေစာင့္ေနခဲ့လိုက္၏။
လည္ေတာ့လည္ၾကပါသည္။ သူတို႔ဒယ္ဒီအလုပ္သြားသည့္အခ်ိန္က်မွ သူ႔ဆီေရာက္လာၾကၿပီး ေတာင္းဆိုလာၾကျခင္းပင္။
ေဘေဘးအေနႏွင့္ ထိုက်င့္စဥ္သည္ သူႏွင့္စိမ္းသက္မေနသလိုခံစားေနရသည္မို႔ စဥ္းစားလိုက္မိေတာ့ ပီနန္းသူ႔ကိုေျပာျပခဲ့ဖူးေၾကာင္းသတိရလိုက္သည္။
ထိုက်င့္စဥ္ကိုက်င့္ခဲ့စဥ္က Kingသည္ အသက္အ႐ြယ္အရ ၁၀ႏွစ္သာရွိေသးသည္ဟုဆိုခဲ့ေၾကာင္းအမွတ္ရလိုက္သည္။ က်င့္စဥ္သည္ ၁၀ရက္တိုင္တိုင္ၾကာျမင့္သည္မို႔ ထိုဆယ္ရက္အတြင္း နန္းေဆာင္တြင္းမွအျပင္သို႔ထြက္ခြင့္မရွိခဲ့ေပ။ ထိုကာလအတြင္းတြင္ King၏မိဘႏွစ္ပါးစလုံး Accidentျဖင့္ဆုံးပါးသြားခဲ့ၾကသည္ကိုပါ အမွတ္ရမိလိုက္သည္မို႔ ေဘေဘးသက္ျပင္းခ်လိုက္မိ၏။
ခ်စ္ရသူကို မည္သို႔ေျပာရမည္နည္း...
မေျပာမျဖစ္ေျပာရမည္ဆိုသည္ကိုသိေသာ္ျငား အေသးစိတ္ေတာ့ မေဆြးေႏြးခ်င္ေတာ့။ အထူးသျဖင့္ ခ်စ္ရသူအားအနည္းငယ္ေသာ္မွ်မခံစားေစခ်င္ပါ။ မိမိအမ်ိဳးသားသည္ ခံစားခ်က္တို႔အားသိမ္းဆည္းထားတတ္သူျဖစ္သည္မို႔ သူေမးမိလွ်င္ေတာင္မွ ဟန္မပ်က္ျပန္ေျပာေလာက္မည္ျဖစ္ေသာ္ျငား သူအရဲမကိုးခ်င္ပါ။
ဘာမွမျဖစ္ဘူးဆိုလွ်င္ေတာင္မွ ျဖစ္လာႏိုင္မည့္အေရးမ်ားကို ေရွာင္ရွားခ်င္ပါသည္။ သူ Kingကို နည္းနည္းေလးေတာင္မွ စိတ္ထိခိုက္မခံႏိုင္ေပ။
ထိုသို႔ျဖင့္ စဥ္းစားေနမိရင္းမွ ႏိုႏို၏ 'ေမာ္ဆြန္႔ကိုလည္း ဖုန္းဆက္ၿပီးေမးလို႔ရတာပဲ'ဟူသည့္စကားက ေခါင္းထဲလက္ခနဲေပၚလာသည္မို႔ ဖုန္းကိုယူကာ နံပါတ္တစ္ခုဆီသို႔ ေခၚဆိုလိုက္မိသည္။ ခဏအၾကာတြင္ တစ္ဖက္မွ ဖုန္းကိုင္လာသည္မို႔...
"Hello ကြၽန္ေတာ္ ေဘးႏိုရာပါ"
"....."
"ဟုတ္ကဲ့ စိတ္စြမ္းအင္က်င့္စဥ္အေၾကာင္း အေသးစိတ္သိခ်င္လို႔ပါ...သားႏွစ္ေယာက္က ၉တန္းေျဖၿပီးတာနဲ႔ က်င့္ခ်င္တယ္ေျပာၾကလို႔"
"....."
"ဟုတ္ကဲ့ သူ႔ကိုေမးလို႔လည္းရေပမယ့္ ေမးဖို႔အဆင္မေျပတဲ့အေၾကာင္းေလးရွိေနလို႔ပါ... ျဖစ္ႏိုင္ရင္ ေမာ္ဆြန္ပဲေျပာျပေပးလို႔ရမလားမသိဘူး"
"....."
ထိုအခါမွ တစ္ဖက္မွရွင္းျပေပးလာသည္မို႔ ေဘေဘးအေသးစိတ္သိလာရပါ၏။
အုပ္ခ်ဳပ္သူတစ္ေယာက္အေနႏွင့္ အေရးအႀကီးဆုံးအခ်က္မွာ ေျဖာင့္မတ္မႈျဖစ္သည္။ ထိုကဲ့သို႔ တရားနည္းလမ္းက်က် ေျဖာင့္မတ္မွန္ကန္စြာအုပ္ခ်ဳပ္ႏိုင္ရန္အတြက္ စိတ္ကိုခြၽန္းအုပ္ႏိုင္ဖို႔လိုအပ္သည္။ လာဘ္စားမႈမ်ား၊ ဘက္လိုက္မႈမ်ားႏွင့္ စိတ္အလိုဆႏၵေၾကာင့္ျဖစ္ေပၚလာတတ္သည့္ မလိုလားအပ္ေသာျပႆနာမ်ားကိုမျဖစ္ေစရန္အတြက္ ထိုက်င့္စဥ္ကို စီရင္ခဲ့ၾကျခင္းျဖစ္သည္ဟုဆိုသည္။ ထို႔အျပင္ ယင္းက်င့္စဥ္၌ ကာမလိုက္စားခ်င္စိတ္ကိုထိန္းခ်ဳပ္ႏိုင္ရန္အတြက္လည္းအဓိကပါဝင္ေသး၏။
ေဘေဘး ေနာက္ဆုံးတစ္ခ်က္ေၾကာင့္မ်က္ေမွာင္ၾကဳတ္မိသြားကာ...
"ကာမလိုက္စားျခင္းကိုထိန္းခ်ဳပ္ဖို႔ထိပါလိုတာလား...အဲ့ဒါက တကူးတကလိုက္ထိန္းခ်ဳပ္စရာလိုလို႔လား"
ေမးလိုက္မိေတာ့...
"ဟုတ္ကဲ့ အရင္ေခတ္ကေစာ္ဘြားေတြမွာက ဘုရင္ေတြလိုပဲ မိဖုရား၊ေမာင္းမေတြကမ်ားတာမလို႔ ျပႆနာေတြကလည္းအမ်ိဳးမ်ိဳးရွိပါတယ္...ႏိုင္ငံေရးအရ မင္းသမီး၊ေမာင္းမေတြကို လဲလွယ္ၾကတာက အစဥ္အလာမလို႔ မလိုခ်င္လည္းယူရပါတယ္...အဲ့ဒါေတြရဲ႕ေနာက္ဆက္တြဲကေတာ့ ႏွစ္သက္တာကိုခံရဖို႔အတြက္ ဆြဲေဆာင္ၾကတာေတြနဲ႔ အဆိုးဆုံးကေတာ့ ေဆးခတ္တဲ့အထိျဖစ္ၾကတာပါပဲ"
ထိုစကားတို႔ေၾကာင့္ ေဘေဘးတစ္ေယာက္ ခါးပင္မတ္လိုက္မိၿပီးေနာက္...
"ေဆးခတ္တယ္?"
"ဟုတ္ကဲ့ ေဆးခတ္တာေတြကမ်ားတာမလို႔ ေဟာ္နန္းႀကီးသုံးခုကဆရာေတြပူးေပါင္းၿပီး ဒီက်င့္စဥ္ကိုဖန္တီးခဲ့ၾကတာပါ...အဲ့ဒါေၾကာင့္ အရမ္းႀကီးေတာ့စိတ္ပူစရာမလိုပါဘူး... သခင္ေလးဆိုရင္ ၁၀ႏွစ္သားအ႐ြယ္ေလးနဲ႔ေအာင္ျမင္ႏိုင္ခဲ့တာပါ...အႏၲရာယ္ႀကီးႀကီးမားမားမရွိပါဘူး"
တစ္ဖက္မွရွင္းျပေနေသာ္ျငား ေဘေဘး၏ ေခါင္းထဲတြင္ထူပူလာၿပီး မ်က္ႏွာတစ္ျပင္လုံးကလည္းနီရဲလာကာ ေဆးခတ္သည့္ကိစၥကိုပဲ စဥ္းစားေနမိသည္အထိျဖစ္ေန၏။
ထို႔ေနာက္မွ သူ အနည္းငယ္မဝံ့မရဲျဖင့္ေျပာလိုက္မိသည္။
"ကြၽန္ေတာ္တစ္ခုေမးခ်င္လို႔"
"ဟုတ္ကဲ့ ေမးပါ"
ေဘေဘးအသက္ကိုျပင္းျပင္းရႉလိုက္မိၿပီးမွ ေမးလိုက္မိ၏။
"စိတ္ႂကြေဆး အဆင့္ ၄ဆိုရင္ေရာ ခံႏိုင္ရည္ရွိေလာက္လား"
ေမးလိုက္မိၿပီးမွ ႏႈတ္ခမ္းကိုဖိကိုက္လိုက္မိသည္။ ႏွလုံးခုန္သံသည္ အျပင္သို႔ခုန္ေပါက္ထြက္လာေတာ့မည့္အလား ျဖစ္ေန႐ုံမက နားစည္သို႔ပါတိုက္႐ိုက္,႐ိုက္ခတ္လာသလိုပင္။
ထိုစဥ္...
ခ်ေလာက္!
တံခါးဖြင့္သံၾကားသည္မို႔ ဝင္လာသူအားလွည့္ၾကည့္လိုက္မိသည့္အခိုက္…
"စိတ္ႂကြေဆးကဘယ္အမ်ိဳးအစားလဲေတာ့မသိဘူး...ဒါေပမဲ့ ေဈးကြက္ထဲက စိတ္ႂကြေဆးအျမင့္ဆုံးေတြေတာင္မွ က်င့္စဥ္ေအာင္ျမင္သူအေပၚ ႀကီးႀကီးမားမားသက္ေရာက္ႏိုင္ျခင္းမရွိတာမလို႔ အဆင့္၄ေလာက္ကေတာ့ ဘာမွမျဖစ္ေလာက္ဘူးလို႔ထင္ပါတယ္"
ထိုစကားအဆုံးတြင္ေတာ့ ေဘေဘးတစ္ေယာက္ မည္သည့္စကားကိုမွမတုံ႔ျပန္ႏိုင္ေတာ့။ တစ္ဖက္မွ သူ႔ကိုႏႈတ္ဆက္ၿပီးဖုန္းခ်လိုက္သည့္တိုင္ ဝင္လာသူအား ဖုန္းကိုင္လ်က္သားႏွင့္ ေၾကာင္ေငးေနမိဆဲပင္။
ေဈးကြက္ထဲက စိတ္ႂကြေဆးအျမင့္ဆုံးေတြေတာင္မွ...
က်င့္စဥ္ေအာင္ျမင္သူအေပၚ...
ႀကီးႀကီးမားမားသက္ေရာက္ႏိုင္ျခင္းမရွိတာမလို႔...
အဆင့္၄ေလာက္ကေတာ့ ဘာမွမျဖစ္ေလာက္ဘူးလို႔ထင္ပါတယ္...
ထိုစကားမ်ားသာ ဦးေႏွာက္ထဲ၌ တဝဲလည္လည္ျဖစ္ေနသည္မို႔ မလႈပ္မယွက္ ေၾကာင္ေငးေနမိစဥ္...
"ဘာျဖစ္ေနတာလဲ"
"ဟင္?"
အသံေၾကာင့္ ပစၥဳပၸန္ကာလဆီသို႔ သတိျပန္ကပ္လိုက္မိသည့္အခ်ိန္၌ လက္ထဲမွဖုန္းေလးသည္ ဆြဲယူခံလိုက္ရၿပီးေနာက္...
"ဘယ္သူနဲ႔ေျပာေနတာလဲ"
"သားတို႔ဆရာ"
"ဘာေျပာလို႔လဲ"
"....."
ထိုေမးခြန္းေၾကာင့္ ေဘေဘးႏႈတ္ဆိတ္ေနမိေတာ့ စိုက္ၾကည့္လာသည္မို႔ ႏႈတ္ခမ္းကိုဖိကိုက္လိုက္မိသည္။
လက္ရွိအခ်ိန္တြင္ ဘာလုပ္ရမွန္းမသိသလို ဘာေျပာရမွန္းလည္းမသိ။ အလုံးစုံအား သိနားလည္လိုက္သည့္အခ်ိန္တြင္ အရာအားလုံးသည္ၿပီးဆုံးသြားခဲ့ၿပီျဖစ္ေသာ္လည္း...
ခ်ီးပဲ ရွက္လိုက္တာ...
ေဘေဘး ေတြးရင္းေတြးရင္းႏွင့္ ရွက္စိတ္တို႔သာပိုလာသည္မို႔ မ်က္ႏွာကိုအုပ္ခ်လိုက္မိၿပီး စားပြဲထက္ေမွာက္လိုက္မိေတာ့...
"ဘာလို႔လဲ ႏိုရာ"
စိုးရိမ္တႀကီးေမးလာသူ၏လက္တစ္ဖက္သည္ ပုခုံးထက္ခပ္ဖြဖြေရာက္လာသည္မို႔...
"ဟင့္အင္း"
ထို႔ေနာက္တြင္ သက္ျပင္းခ်သံသဲ့သဲ့သာထြက္ေပၚလာၿပီးေနာက္ ပုခုံးထက္လက္ဖဝါးက ခပ္ဖြဖြပုတ္ေပးလာရင္း...
"အဆင္ေျပရဲ႕လား"
"အင္း"
15 mins later...
"ႏိုရာ ငါ့ကိုၾကည့္ပါဦး"
"ဟင့္အင္း"
ျငင္းဆန္လိုက္ေတာ့ ဘာမွထပ္မေျပာေတာ့ဘဲ ခႏၶာကိုယ္အားဆြဲထူလာသူေၾကာင့္...
"မထခ်င္ဘူးလို႔"
"ေရခ်ိဳးမယ္"
"မင္းဘာသာခ်ိဳး"
"အတူခ်ိဳးမယ္"
"မခ်ိဳးဘူး မင္းေနာ္...အား! လႊတ္စမ္း...စဝ္မင္းႏြယ္ဧကရာဇ္! ျပန္ခ်ေပး"
"ၿငိမ္ၿငိမ္ေန"
"မေနဘူးကြာ"
"ႏိုရာ လိမ္မာတယ္"
ေပြ႕ခ်ီခံထားရသည့္အေနအထားႏွင့္ ေဘေဘးပို၍ပင္ရွက္လာသည္မို႔ King၏ရင္ခြင္ထဲမ်က္ႏွာဝွက္ထားမိရင္း ၿငိမ္ေနလိုက္မိသည္။ ေရခ်ိဳးခန္းထဲေရာက္ေတာ့ ျဖည္းညႇင္းစြာခ်ေပးလာသည္မို႔ အခန္းထဲမွ အျမန္ျပန္ေျပးထြက္လိုက္မိေသာ္ျငား ခါးမွသိမ္းဖက္ကာ အခ်ဳပ္ခံလိုက္ရသည္မို႔ ဘယ္လိုမွေျပး၍မလြတ္ေတာ့။ ႐ုန္းေနမိေသာ္လည္း King၏ခ်ဳပ္အားကို သူဘယ္လိုမွမယွဥ္ႏိုင္။
"ၿငိမ္ၿငိမ္ေန"
"မေနဘူး...မင္းဖယ္"
အတင္းတြန္းထုတ္လိုက္ေသာ္ျငား Kingကဖယ္မေပးဘဲ ပို၍တိုးဖက္လာၿပီးေနာက္...
"ဘာျဖစ္ေနတာလဲ"
"မေျပာခ်င္ဘူး"
"မင္းမေျပာရင္ ငါမသိဘူးေလ"
"မင္းမသိေသးတာေတာင္ငါရွက္လို႔ေသခါနီး"
ျပန္ေျပာလိုက္ေတာ့ ဖက္ထားရာမွခြာကာ ျပန္ၾကည့္လာသည္မို႔ ေဘေဘးအတင္းျပန္ဖက္ထားလိုက္မိရင္း...
"အဲ့လိုႀကီးလာမၾကည့္နဲ႔...ငါမင္းကိုျမင္ရေလရွက္လာေလ"
"ငါ့ေၾကာင့္လား"
"အြန္း"
ထိုအခါ Kingက ေဘေဘး၏ ခႏၶာကိုယ္အား ပို၍တင္းၾကပ္စြာဖက္လိုက္ရင္း နားနားခပ္တိုးတိုးကပ္ေျပာလာ၏။
"မင္းေယာက္်ားကို ရွက္ေနတုန္းလား"
"မေျပာနဲ႔"
တားဆီးလိုက္မိေတာ့ ဦးေခါင္းထက္မွရယ္သံသဲ့သဲ့ေလးကိုၾကားလိုက္ရသည္မို႔ ေမာ့ၾကည့္လိုက္မိစဥ္ သူ႔အား ငုံ႔မိုးၾကည့္လာသည့္မ်က္ဝန္းတို႔က ၿပဳံးရိပ္တို႔အျပည့္ျဖင့္။
ထို႔ျပင္ ေကာ့ၫြတ္တက္ေနသည့္ႏႈတ္ခမ္းေထာင့္စြန္းတို႔ေနာက္ ပြင့္ဟလာသည့္နီေစြးေစြးႏႈတ္ခမ္းႏွစ္လႊာၾကား သြားစြယ္ေလးႏွစ္ဖက္ကထင္ရွားစြာ။
သူ႔အလိုလိုရယ္ေမာျခင္းက ရွားပါးလြန္းသည္မို႔ ေဘေဘးေငးၾကည့္ေနမိစဥ္ နဖူးထက္မွ ေႏြးေထြးမႈကိုခံစားလိုက္ရၿပီးေနာက္...
"က်င့္စဥ္အေၾကာင္းလား"
"ဘာ!!!"
"စိတ္စြမ္းအင္က်င့္စဥ္"
"မင္း ဘယ္လိုသိ..."
"ေမာ္ဆြန္ ငါ့ကိုေျပာတယ္"
"မင္း ငါ့ကို ဘာလို႔မေျပာတာလဲ"
ေဘေဘး ေဘာက္ဆက္ဆက္ျဖင့္ ျပန္ေမးလိုက္မိေတာ့ တစ္ဖက္မွမ်က္ဝန္းတို႔ကပို၍ၿပဳံးက်သြားၿပီး...
"မင္းခုလိုျဖစ္မွာစိုးလို႔"
"ငါက အခု ဘာျဖစ္...မင္း..."
"....."
"မေကာင္းတဲ့ေကာင္ႀကီး...မင္းေနခဲ့ေတာ့"
ေဘေဘး မ်က္ႏွာအရမ္းပူလာသည္မို႔ေရွာင္ထြက္ဖို႔လုပ္လိုက္ေသာ္ျငား Kingကလက္မခံသည္မို႔ ရင္ခြင္ထဲ၌ပင္ ျပန္၍ပိတ္မိေနဆဲ။
ထို႔ေနာက္တြင္ ပါးႏွစ္ဖက္ကိုလက္ဖဝါးတို႔ျဖင့္အုပ္ကိုင္ကာပင့္ေမာ့လာၿပီးေနာက္ ႏႈတ္ခမ္းထက္ေႏြးေထြးသြားေတာ့သည္။
5 minutes later...
ႏႈတ္ခမ္းႏွစ္စုံသည္ စင္တီမီတာအနည္းငယ္မွ်ေဝးကြာသြားၿပီးေနာက္...
"ဟန္ေဆာင္ခဲ့တာကငါမလို႔ အရမ္းမရွက္နဲ႔"
"မေျပာနဲ႔"
"အင္း"
တစ္ဖန္ ညာဘက္ပါးျပင္ထက္ တစ္ခ်က္ေႏြးသြားျပန္၏။
"အဲ့ညက အရမ္းခ်စ္ဖို႔ေကာင္းတယ္"
"စဝ္မင္းႏြယ္ဧကရာဇ္!!! မင္းေသခ်င္လို႔..."
ေဘေဘး၏ေအာ္လိုက္သံေလးသည္ တစ္ဝက္တျပတ္ႏွင့္သာ အဆုံးသတ္သြားၿပီးသည့္ေနာက္တြင္ေတာ့ ေရခ်ိဳးခန္းအတြင္း၌ စကားေျပာသံမ်ားအားလုံး အတန္ၾကာသည္အထိ တိတ္ဆိတ္သြားေတာ့သည္။
The next day...
"မာမား ႀကိဳက္တဲ့ဟာလဝါ စားၾကည့္...ဒါ ႏိုႏိုကိုယ္တိုင္ ပုသိမ္ကေန အျမန္ေခ်ာနဲ႔လွမ္းမွာထားတာေနာ္"
ႏိုႏိုက ေျပာေျပာဆိုဆိုႏွင့္ ဟာလဝါအပိုင္းေလးတစ္ခုကိုခက္ရင္းႏွင့္ထိုးေပးကာ P'Minကိုခြံ႕ေကြၽးသည္မို႔ ေဘေဘးၿပဳံးလိုက္မိသည္။ ႏိုႏို႔ကို အစ္မႀကီးျဖစ္သူ P'Maiက ေမြးဖြားထားျခင္းျဖစ္ေသာ္လည္း ႏိုႏိုက P'Minကိုသာပိုကပ္၏။
အငယ္ခ်င္းမို႔ ပိုအဆင္ေျပသည္လား၊ အေၾကာတူေတြမို႔အဆင္ေျပၾကသည္လားမသိ။ P'Minႏွင့္ ႏိုႏိုတို႔ဆုံၿပီဆိုလွ်င္ အျခားသူမ်ားအားလုံး ေဘးလူျဖစ္သြားတတ္သည္။ ဧကက်ျပန္ေတာ့လည္း P'Maiႏွင့္အတူရွိေနတတ္သည္။ ငယ္စဥ္ကတည္းက P'Maiက စာအုပ္ဖတ္ျပလွ်င္ ဧက,က ဆိတ္ၿငိမ္စြာနားေထာင္ေနတတ္သည္။
ႏိုႏိုကေတာ့ထိုသို႔မဟုတ္။ စာဖတ္ျပသည့္အခ်ိန္တိုင္း ေမးခ်င္တာေတြေလွ်ာက္ေမးေနတတ္၍ သူ႔ကိုစာဖတ္ျပလွ်င္ တစ္ပုဒ္က ဘယ္ေတာ့မွအဆုံးမသတ္ေတာ့။ သူကလည္း တစ္ခါမွ အဆုံးအထိနားမေထာင္တတ္။
စာဖတ္ျပသည့္အခ်ိန္၌ သူသိသည့္အေၾကာင္းအရာတစ္ခုခုပါလာၿပီဆိုပါက 'ကိုကိုလိုက္ခဲ့...အဲ့ဒါကိုႏိုႏိုလိုက္ျပမယ္...မာမီေရာ လိုက္ခဲ့'ဆိုၿပီး ရွိသမွ်လူအားလုံးကိုအပါေခၚကာ သူျပခ်င္ရာလိုက္ျပၿပီး ေျပာခ်င္ရာေတြေလွ်ာက္ေျပာတတ္သည္မို႔ P'Maiက သူ႔သားငယ္ကိုဆိုလက္ေျမႇာက္ထားတတ္၏။
သားႏွစ္ေယာက္လုံးက P'Maiကို မာမီဟုေခၚၾကၿပီး P'Minကိုေတာ့ မာမားဟုေခၚၾကသည္။
မိုင္တစ္ေယာက္ သားငယ္ႏွင့္ညီမျဖစ္သူအား ၿပဳံးၾကည့္ေနရင္းမွ...
"ဒါဆိုသားငယ္က မာမီ့အတြက္က် ဘာမွဝယ္မထားဘူးေပါ့...မာမီ့သားႀကီးပဲေကာင္းတယ္ကြာ... သစ္သီးေတြအမ်ားႀကီးဝယ္ထားေပးလို႔ သားႀကီးကို လက္ေဆာင္ေတြပိုေပးမယ္... သားႀကီးကိုပဲအမ်ားႀကီးပိုခ်စ္ေတာ့မယ္"
မိုင္က ႏိုႏို႔ကိုစလိုက္ရင္း ဧက,၏လက္ေမာင္းကိုလက္တစ္ဖက္ျဖင့္ခ်ိတ္လိုက္ေသးသည္။ ထိုအခါမွ ႏိုႏိုတစ္ေယာက္ေခါင္းေထာင္လာၿပီး...
"အဲ့သစ္သီးေတြကိုဝယ္ျဖစ္တာလည္း ႏိုႏို႔အႀကံပါပါတယ္ေနာ္...ေနာက္ၿပီး မာမီစားခ်င္တဲ့ရွမ္းအစားအစာေတြကို စားရဖို႔ စာဖိုမႉးတစ္ေယာက္ကို ညေနက်ေခၚထားေသးတယ္... မယုံ ကိုကို႔ကိုေမးၾကည့္... ဒါမွမဟုတ္ ပါပါးကိုေမးၾကည့္"
"ဟုတ္လား ပါပါးမသိရပါလားကြာ...အဲ့ဒါေတြအကုန္ သားတို႔ဒယ္ဒီလုပ္တာမဟုတ္ဘူးလား"
"ပါပါးေနာ္...အဲ့ဒါေတြအားလုံးက ႏိုႏို႔အႀကံေတြေလ...ဒယ္ဒီကပိုသိလို႔ ဒယ္ဒီ့ကိုအကူအညီေတာင္းတာေလ"
"ဪ"
"ပါပါးေနာ္!"
မိဘႏွစ္ပါး၏ဝိုင္းစမႈေၾကာင့္ ႏိုႏိုတစ္ေယာက္မခံမရပ္ႏိုင္စြာျဖစ္လာၿပီး မ်က္ႏွာေလးကရဲလာသည္မို႔...
"ေဟာ ေဟာ ငိုေတာ့မလို႔လား...မာမားသားငယ္ေလးက လူႀကီးျဖစ္ေနၿပီေလ... မငိုရဘူး... မာမီနဲ႔ပါပါးကခ်စ္လို႔စတာကို"
မင္က ႏိုႏို႔ပါးရဲရဲေလးတစ္ဖက္ကို အသာဖ်စ္ကာေခ်ာ့လိုက္ေတာ့...
"ႏိုႏိုမငိုပါဘူး"
အံႀကိတ္သံေလးႏွင့္ေျပာလာရင္းႏွာသီးဖ်ားေလးေတြရဲတက္လာေသာ ႏိုႏိုေၾကာင့္ ေဘေဘးႀကိတ္ရယ္လိုက္ေတာ့ Kingက သူ႔လက္တစ္ဖက္ကိုအသာဆုပ္ညႇစ္ရင္းထိန္းလာသည္။
"ႏိုႏိုက အားလုံးကိုအတူတူခ်စ္တာကို မာမီတို႔ကက် ဟိုလူ႔ကိုပိုခ်စ္မယ္၊ဒီလူ႔ကိုပိုခ်စ္မယ္နဲ႔"
"ဟုတ္ပ ဟုတ္ပ...မာမားသားငယ္ေလးမွန္တယ္...အဲ့မာမီေရာ၊ပါပါးေရာ မေကာင္းဘူးေနာ္"
"ကိုယ့္ဘာသာပိုခ်စ္ခ်င္လည္း စိတ္ထဲမွာထားခ်စ္ေပါ့...ႏိုႏို႔ထက္ပိုခ်စ္မယ္ဆိုၿပီးမေျပာလည္းရတာကို"
ေျပာရင္းအသံေလးကတိမ္ဝင္သြားသည္မို႔...
"ေဟာ ကဲ"
"သားငယ္"
မင္ႏွင့္မိုင္တို႔၏အသံတို႔က ေရွ႕ဆင့္ေနာက္ဆင့္ထြက္လာေတာ့၏။ ႏိုႏိုကေတာ့ ေခါင္းငုံ႔ကာၿငိမ္က်သြားၿပီး မ်က္ရည္မိုးက စတင္႐ြာသြန္းပါေတာ့သည္။
Kingတစ္ေယာက္ စိတ္ပူစြာၾကည့္ေနသည္မို႔ ေဘေဘးအသံမထြက္ေအာင္ရယ္လိုက္မိရင္း...
"စိတ္ပူမေနနဲ႔...မင္းသားငယ္က အေမေတြကိုေတြ႕တာနဲ႔ ငိုခ်င္ေနတာ...ခုက အေၾကာင္းျပၿပီးငိုေနတာ... ဘာမွမျဖစ္ဘူး"
ႏိုႏို႔အေၾကာင္းကို သူကေနာေက်ေနေပမယ့္ Kingကေတာ့ ဤအခ်င္းအရာအား ပထမဆုံးေတြ႕ဖူးျခင္းျဖစ္သည္မို႔ ရွင္းျပေပးရ၏။
သားႏွစ္ေယာက္လုံးသည္ ပုံမွန္အခ်ိန္မ်ား၌ မိခင္ျဖစ္သူတို႔ကိုမတမ္းတတတ္ၾကေသာ္ျငား မိခင္ႏွစ္ေယာက္ေရာက္လာတတ္သည့္အခ်ိန္တို႔တြင္မူ ႏွစ္ေယာက္လုံးက ထိလြယ္ရွလြယ္ေလးေတြျဖစ္ကုန္ၾကသည္။ သားႀကီးက အရမ္းမသိသာေသာ္ျငား အနီးကပ္ေနရေသာေဘေဘးကေတာ့ ျမင္ႏိုင္ပါ၏။
ေအးစက္စက္ေနတတ္သည့္ကေလးက မိခင္တို႔ႏွင့္ပတ္သက္လာလွ်င္ေႏြးေထြးသြားတတ္ၿပီး မ်ားစြာစဥ္းစားေပးတတ္သည္။ စကားတို႔ကိုလည္းပို၍ေျပာတတ္သည္။
ႏိုႏိုကေတာ့ အသိသာဆုံးပင္။ ပုံမွန္အခ်ိန္မ်ားတြင္ေပ်ာ္ေပ်ာ္ေနတတ္သည့္ကေလးက မိခင္ႏွစ္ေယာက္ႏွင့္ဆို ငိုခ်င္ရက္လက္တို႔ျဖစ္ေနတတ္သည္။ ၿပီးလွ်င္လည္းဘာမွမဟုတ္။ တစ္ေယာက္တည္း ငိုလိုက္ရယ္လိုက္ႏွင့္ မင္းသားပင္လုပ္စား၍ရ၏။
"ႏိုႏို ကိုကို႔ဆီလာ"
"ဟင့္အင္း"
"ကိုကိုလာရမလား"
"အင္း"
"ခုံကမဆန္႔ဘူးေလ"
"ႏိုႏိုေ႐ႊ႕ေပးမယ္"
ႏိုႏိုကေျပာၿပီးၿပီးခ်င္း ဆိုဖာရွည္အလြတ္သို႔ေ႐ႊ႕ထိုင္လိုက္သည္မို႔ ဧက,ကလည္းႏိုႏိုေဘးတြင္သြားထိုင္လိုက္သည္။ အစ္ကိုျဖစ္သူေရာက္လာသည္ႏွင့္ ႏိုႏိုကတစ္ကိုယ္လုံးကိုပစ္မွီကာ ဘယ္သူ႔ကိုမွဂ႐ုမစိုက္ေတာ့သည့္ မ်က္ႏွာေလးႏွင့္ မ်က္လႊာခ်ထားၿပီးၿငိမ္ေနေတာ့သည္မို႔ လူႀကီးမ်ားအားလုံး ၿပဳံးစိစိျဖစ္ကုန္ၾက၏။
ဧက,က ပ်ားလိေမၼာ္တစ္လုံးကိုအခြံခြာကာ တစ္စိတ္ခ်င္းစီကိုအမွ်င္ႏႊာၿပီး ညီျဖစ္သူအားခြံ႕ေကြၽးသည္။ ႏိုႏိုကလည္း စိတ္ဆိုးတာတစ္ပိုင္း၊ စားတာကတစ္က႑မို႔ ခြံ႕ေကြၽးသမွ်စားသည္သာ။
ဧက,က ႏိုႏိုႀကိဳက္တတ္သမွ်ကို ခြံ႕ေကြၽးေနရင္းမွ...
"စိတ္မဆိုးနဲ႔ေတာ့"
"မဆိုးပါဘူး...ဝမ္းနည္းတာ"
"မာမီကစတာပါ"
"ႏိုႏို သိပါတယ္"
"အင္း"
"အြန္း စပ်စ္သီးေလး"
"အစိမ္းလား"
"အင္း အတြဲလိုက္ေနာ္"
"အင္း"
ေဘေဘးတစ္ေယာက္ ႏိုႏိုလုပ္ေနပုံကိုၾကည့္ကာ အသည္းတယားယားျဖစ္လာသည္။ တစ္ခုခုေျပာလိုက္လွ်င္ရင္း စိတ္ေကာက္ရင္းတန္းလန္းမို႔ ပို၍ဆိုးသြားႏိုင္သည္ျဖစ္ရာ ကိုယ္က ေစာင့္ၾကည့္ၿပီး ခဏပစ္ထားႏိုင္ေသာ္လည္း ပစ္မထားႏိုင္သူေတြက ႏိုႏို႔ဒဏ္ကို ေက်ေက်နပ္နပ္ခံၾကဦးမည္ကိုျမင္ေသာေၾကာင့္သာ ၿငိမ္ေနမိျခင္း။
အခ်စ္ေတြအားလုံးကို သူပဲလိုခ်င္သည္။ အားလုံးက သူလိုသေလာက္ဝိုင္းေပးေနလည္း တစ္ခုခုအေျပာမွားသည္ႏွင့္ ေကာက္သြားတတ္ေသးသည္။
သို႔ေသာ္ တစ္ခုေကာင္းသည္မွာ ႏိုႏိုက ၅၂၈မည္ေသာ ခ်စ္ျခင္းေမတၱာကိုသာခံစားတတ္ျခင္းပင္။
ငယ္ေသး၍ပဲလားေတာ့မသိ၊ သူ႔ကိုႀကိဳက္သူမ်ားထဲ၌ မိန္းကေလးမ်ားသာမက၊ အေဖမ်ားျဖစ္ေသာသူႏွင့္Kingေအာက္ ၄ႏွစ္၊၅ႏွစ္ေလာက္သာငယ္သည့္ အမ်ိဳးသားတစ္ခ်ိဳ႕လည္း ပါဝင္ေနေသး၏။
လက္ေဆာင္ႀကိဳက္တတ္သည့္ႏိုႏို႔အား လက္ေဆာင္မ်ားေပးကာခ်ဥ္းကပ္ၾကသည္မို႔ ဧကႏွင့္ ျပႆနာတက္ၾကသည္မွာအႀကိမ္ႀကိမ္။ ႏိုႏို႔အေနႏွင့္က် လက္ေဆာင္ရသည္မွာ ပုံမွန္ကိစၥလိုျဖစ္ေနသည္မို႔ ေပးလာလွ်င္ တစ္ဖက္လူအား,အားနာၿပီးယူလိုက္သည္သာ။
ဧက,ကလည္း သူ႔ညီကို မည္သူႏွင့္မွသေဘာတူပုံမေပၚေပ။ ထို႔ေၾကာင့္ တန္းတူ႐ြယ္တူေယာက္်ားေလးမ်ားသည္လည္း ဧကကိုေက်ာ္၍ ႏိုႏို႔ကိုမထိရဲၾက။ ညီအစ္ကိုႏွစ္ေယာက္လုံးသည္ အမ်ိဳးသမီးမ်ားၾကား ေက်ာ္ၾကားၾကသည္တူေသာ္ျငား ေခတ္ကာလ၏အမ်ိဳးသားမ်ားၾကားတြင္ေတာ့ ပုံစံကြဲသြားၾက၏။
ဧက၏ပုံစံအရ Roleကသတ္သတ္မွတ္မွတ္ရွိသည္မို႔ Roleတူပုဂၢိဳလ္မ်ားသည္ ေနရာမဖယ္ေပးႏိုင္ပါက ဧကကိုမမွန္းရဲၾကေပ။
ႏိုႏို႔ပုံစံကိုေတာ့မွန္းဆ၍မရၾကေသး။ အစ္ကိုျဖစ္သူကိုအရမ္းကပ္ၿပီးခြၽဲတတ္ေသာ္ျငား သူ႔ဘာသာတစ္ေယာက္တည္းရွိေနလွ်င္ေတာ့ အျခားပုံစံကြဲသြားတတ္သည္။ ဆံပင္ရွည္အားခ်ထားသည့္ပုံစံ၊ ေျမႇာက္စည္းထားသည့္ပုံစံ၊ ခပ္ေျပေျပခ်ည္ထားတတ္သည့္ပုံစံ၊ ဆံထိုးျဖင့္ထိုးထားတတ္သည္ပုံစံစသည္ျဖင့္ မည္သည့္ပုံစံႏွင့္မဆိုလိုက္ဖက္ေနတတ္ကာ သူ၏ဖ႐ိုဖရဲဝတ္တတ္သည့္ပုံဟန္မ်ားကလည္း သေဘာက်စရာေကာင္းေနသည္မို႔ Roleႏွစ္ခုလုံးၾကား နာမည္ေက်ာ္မ်ားထဲတြင္ ထိပ္ဆုံးျဖစ္၏။
အင္တာနက္ေခတ္ျဖစ္သည့္အျပင္ ညီအစ္ကိုႏွစ္ေယာက္လုံး၏အရပ္မ်ားက ယခုအ႐ြယ္၌ပင္ ေဘာင္ဝင္တန္းဝင္ျဖစ္ေနၿပီမို႔ ေတာ္ေတာ္မ်ားမ်ား၏မ်က္စိက်ျခင္းကို ခံေနၾကရၿပီပင္။
"သားငယ္ မတ္မတ္ထိုင္ၿပီးစား"
"ဟုတ္"
သူ႔ဒယ္ဒီကေျပာလိုက္သည္ႏွင့္ ႏိုႏိုတစ္ေယာက္ခ်က္ခ်င္းေက်ာ႐ိုးရွိသြားကာ မတ္မတ္ျပန္ထိုင္သည္။ လူႀကီးမ်ားစကားေျပာေနၾကသည့္အခ်ိန္၌ ညီအစ္ကိုႏွစ္ေယာက္သား အစားစားလိုက္၊ စကားတစ္ခြန္းႏွစ္ခြန္းေျပာလိုက္ လုပ္ေနၾကေတာ့၏။
"P'တို႔ကို ကြၽန္ေတာ္က တစ္ပတ္ေလာက္ေတာ့ေနမယ္ထင္ထားတာ"
"ဒီတစ္ေခါက္က အလုပ္ေတြသိပ္မျပတ္လို႔ေလ...ေနာက္ႏွစ္မွ ပိတ္ရက္ရွည္တစ္ေခါက္လာခဲ့မယ္"
"ဟုတ္ကဲ့ အဆင္ေျပသေလာက္ေနလို႔ရပါတယ္...ၾကာၾကာေနႏိုင္ေလေကာင္းေလပဲ"
ေဘေဘးကေျပာေတာ့ ညီအစ္မႏွစ္ေယာက္လုံးရယ္ၾကသည္။
မိုင္ႏွင့္မင္တို႔ႏွစ္ေယာက္ သူမတို႔ေရွ႕မွအမ်ိဳးသားႏွစ္ေယာက္ကိုၾကည့္ကာ သေဘာက်ေနမိသည္။ လိုက္ဖက္ညီေနမႈသည္ နတ္ဖက္ထားသည့္စုံတြဲအလားပင္။
ႏွစ္ေယာက္၏ေက်းဇူးေၾကာင့္ သူမတို႔ဖခင္ႏွင့္ အခ်ိန္ၾကာၾကာပို၍ေနႏိုင္ခဲ့သလို ဆုံးပါးသြားသည့္အခ်ိန္ထိလည္း ေကာင္းေကာင္းမြန္မြန္ေကြၽးႏိုင္၊ထားႏိုင္ခဲ့သည္။ ဆုံးပါးသြားခ်ိန္တြင္လည္း အလႉအတန္းတို႔အားလုပ္ႏိုင္ခဲ့သလို ညီအစ္မႏွစ္ေယာက္တည္းက်န္ခဲ့သည့္အခ်ိန္၌လည္း စီးပြားေရးလုပ္ငန္းတစ္ခုကိုအစျပဳႏိုင္ခဲ့ၿပီးျဖစ္၏။
ထိုအမ်ိဳးသားႏွစ္ေယာက္ထဲမွတစ္ေယာက္သာမရွိပါလွ်င္ သူမတို႔အေနျဖင့္ ဤသို႔အဆင္ေျပေျပေနႏိုင္လိမ့္မည္မဟုတ္ပါ။
သားတို႔ကိုေငြေၾကးႏွင့္လဲလွယ္မိခဲ့သလိုျဖစ္ခဲ့သည္မို႔ အားနာရေသာ္ျငား သားတို႔ကလည္း သူတို႔ဖခင္မ်ားႏွင့္အလားတူစြာ သေဘာထားႀကီးေပးၾကသည့္အျပင္ သူမတို႔ကိုလည္းအနည္းငယ္မွ်စိမ္းသက္သြားျခင္းမရွိခဲ့။
တစ္ႏွစ္တြင္ တစ္ႀကိမ္ႏွစ္ႀကိမ္သာလာေတြ႕တတ္သည့္မိခင္တို႔အား အၿမဲတေစေႏြးေထြးစြာႀကိဳဆိုတတ္ၾကသည္မို႔ သူမတို႔ႏွစ္ေယာက္လုံးၾကည္ႏူးခဲ့ရသည္။
"P'တို႔နားခ်င္နားလို႔ရတယ္ေနာ္...ဒါမွမဟုတ္ ၿခံထဲဆင္းၾကည့္ခ်င္လည္းရတယ္...ကြၽန္ေတာ့္ဦးေလးက ပန္းပင္ေတြအမ်ားႀကီးစိုက္ေပးထားတယ္"
ေဘေဘးက စကားစေပးလိုက္ေတာ့ ပန္းပင္မ်ားကိုႏွစ္သက္ၾကသည့္ညီအစ္မႏွစ္ေယာက္လုံး မ်က္လုံးမ်ားလက္သြားၾကသည္မို႔...
"ကဲ မာမီနဲ႔မာမားတို႔ကို သားတို႔လက္ထဲအပ္ခဲ့ၿပီေနာ္"
"ဟုတ္"
"ဟုတ္ ညေနက်အပ္မႈိေထာင္းစားခ်င္တယ္"
ႏိုႏိုကစိတ္ေကာက္ေနဆဲကာလ၏အခြင့္အေရးကိုအျပည့္ယူေနသည္မို႔ ေဘေဘးရယ္လိုက္ရင္း...
"အင္း မွာေပးမယ္"
ထိုအခါမွ ႏိုႏို႔မ်က္ႏွာေလးက ၾကည္သြားၿပီး အေမႏွစ္ေယာက္ကို တက္တက္ႂကြႂကြႏွင့္ေခၚသြားေတာ့သည္။ အစ္ကိုျဖစ္သူကိုလည္း တစ္ခ်က္လက္ခ်ိတ္မျပတ္။
ေဘေဘး ထြက္သြားသည့္သားအမိေလးေယာက္ကိုၾကည့္ကာၿပဳံးလိုက္ရင္း...
"ခဏျပန္အိပ္ရေအာင္...မနက္ကေစာေစာထထားတာ ျပန္အိပ္ခ်င္ၿပီ"
"အင္း"
ထို႔ေနာက္တြင္ ႏွစ္ေယာက္သားအေပၚထပ္သို႔တက္လာခဲ့လိုက္ၾကသည္။
အမွန္မွာေတာ့ ျပန္အိပ္ဖို႔လိုအပ္ေနသည္က Kingျဖစ္၏။ ညကလည္း ဟိုလုပ္ဒီလုပ္ႏွင့္ညဥ့္နက္သြားၿပီး မနက္တြင္လည္း အေစာႀကီးထခဲ့ရသည္မို႔ ျပန္အိပ္ဖို႔လိုအပ္သည္ဟု ေဘေဘးယူဆပါသည္။
သူတို႔ႏွစ္ေယာက္ႏွင့္အတူရွိေနလွ်င္ P'တို႔လည္းအနည္းငယ္ေနရခက္မည္စိုး၍ လူစုခြဲလိုက္ျခင္းပင္။ သူႏွင့္သားတို႔က ထိုင္းစကားကိုအေတာ္အတန္ေျပာႏိုင္ၾကေသာ္လည္း Kingကနားမလည္သည္မို႔ စကားေျပာစဥ္ေတာက္ေလွ်ာက္ English လိုသာေျပာၾကရေသာေၾကာင့္ P'တို႔အတြက္လည္းအရမ္းအဆင္ေျပပုံမေပၚပါ။
အလားတူပင္ Kingအတြက္လည္းသိပ္အဆင္မေျပသည္မို႔ အဆင္ေျပသည့္လမ္းကိုသာေ႐ြးလိုက္ရသည္။
P'တို႔ႏွင့္Kingက Video callမ်ားထဲတြင္ျမင္ဖူးၾကေသာ္ျငား တစ္ခါေသာ္မွ် စကားမေျပာဖူးၾက။ ျပင္ပတြင္ေတြ႕ေသာ္လည္း စကားတစ္ခြန္းစ၊ႏွစ္ခြန္းစေျပာသည္ကလြဲ ဘာမွမထူးျခားသည္မို႔ ႏွစ္ဖက္စလုံးကိုတြန္းအားမေပးခ်င္ေတာ့။ အထူးသျဖင့္ ကိုယ့္လူအတြက္ ပို၍အဆင္မေျပသည္မို႔ ျဖစ္သြားသည့္အေျခအေနကိုသာ အလိုက္သင့္ေလးထားဖို႔ဆုံးျဖတ္လိုက္သည္။
မျဖစ္မေန ခင္မင္ရင္းႏွီးသြားဖို႔မွမလိုအပ္ဘဲေလ...
Two days later...
"ဟဲ့ အသစ္ေျပာင္းလာတဲ့ ဆရာဝန္၄ေယာက္မွာ ၂ေယာက္ကအတြဲထင္တယ္ေနာ္"
အာဏာတစ္ေယာက္ ခြဲစိတ္ခန္းထဲမွထြက္လာလာခ်င္း ၾကားလိုက္ရေသာစကားတို႔ေၾကာင့္ ေခါင္းကိုမသိမသာခါယမ္းလိုက္မိ၏။
လူေတြမ်ား ကိုယ့္အေၾကာင္းမဟုတ္လည္း ပါးစပ္အရသာခံေျပာေနၾကတာပဲ...
၄နာရီနီးပါး ခြဲခန္းထဲတြင္မတ္တပ္ရပ္ကာ အလုပ္လုပ္ခဲ့ရသည္မို႔ ေျခေထာက္မ်ားက အနည္းငယ္ေတာင့္ခ်င္ေနေသာေၾကာင့္ လူရွင္းသည့္ေနရာသို႔ထြက္လာခဲ့လိုက္ၿပီးေနာက္ အေၾကာေလွ်ာ့သည့္ေလ့က်င့္ခန္းတို႔ကိုလုပ္လိုက္မိသည္။ ဇက္ေၾကာေတြေရာ၊ပုခုံးေၾကာေတြပါ အနည္းငယ္ေျပေလ်ာ့သြားေတာ့မွ ေနသာထိုင္သာရွိသြားေတာ့၏။
မနက္အေစာႀကီး ခြဲခန္းဝင္ခဲ့ရသည္မို႔ ျပန္ထြက္လာသည့္အခ်ိန္၌ ေန႔လယ္စာစားခ်ိန္ပင္ေရာက္လုၿပီျဖစ္သည္မို႔ ေဆး႐ုံကန္တင္းကိုသာသြားဖို႔ျပင္လိုက္မိသည္။
ထိုစဥ္...
"အသစ္ဆရာဝန္ေလးေတြက ေခ်ာလိုက္တာ"
"ေအးဟယ္ ဒီေဆး႐ုံမွာ ေခ်ာေခ်ာသန္႔သန္႔ေလးေတြအမ်ားႀကီးပဲေနာ္...သူတို႔ကိုၾကည့္႐ုံနဲ႔တင္ ေရာဂါက တစ္ဝက္သက္သာ...အယ္"
စကားေကာင္းေနသည့္ သူနာျပဳဆရာမေလးမ်ားသည္ သူ႔ကိုေတြ႕သည္ႏွင့္ စကားသံတို႔ရပ္သြားၾကကာ လာရာလမ္းအတိုင္းျပန္လွည့္သြားၾကသည္မို႔ အာဏာရယ္လိုက္မိ၏။
ဒီတစ္ခါအသစ္ေလးေတြက ေတာ္ေတာ္ေခ်ာၾကတဲ့ပုံပဲ...
ထိုသို႔မွတ္ခ်က္ခ်လိုက္မိၿပီးေနာက္ သတိရလိုက္မိသည္က ဂ်စ္ကားကိုပင္။
ဂ်စ္ကားလည္း မၾကာခင္ေျပာင္းလာေလာက္မည္မဟုတ္ပါလား...
ေတြးလိုက္မိသည္ႏွင့္ ဖုန္းကိုဖြင့္ၾကည့္လိုက္ၿပီး ေနာက္ဆုံးဆက္သြယ္ျဖစ္ခဲ့သည့္အခ်ိန္က စာမ်ားကိုလိုက္ဖတ္ၾကည့္မိသည္။ ႏွစ္ေယာက္လုံး ဘာမွေထြေထြထူးထူးမေျပာျဖစ္ၾက။ သာေၾကာင္းမာေၾကာင္းႏွင့္အတူ ထမင္းစား၊ေရေသာက္ကိစၥတို႔ကိုသာ စကားလုပ္ေျပာျဖစ္ခဲ့ၾက၏။ သူ႔ဘက္ကလည္း မည္သည့္အပိုစကားကိုမွမဆိုခဲ့သလို ဂ်စ္ကားဘက္ကလည္း တည္ၿငိမ္စြာပင္။
ယခင္ လုပ္ခ်င္ရာလုပ္တတ္၊ေျပာခ်င္ရာေျပာတတ္သူေၾကာင့္ စိတ္ရႈပ္သလိုခံစားခဲ့ရေသာ္ျငား ယခုအခ်ိန္ စကားတည္သူ၏ေျပာင္းလဲမႈမ်ားေၾကာင့္ ပို၍စိတ္ရႈပ္လာသလိုပင္။
ထို႔အျပင္ ဒီရက္ပိုင္းအတြင္း သူတို႔ႏွစ္ေယာက္ၾကား အဆက္အသြယ္မရွိေတာ့။ လြန္ခဲ့သည့္တစ္ပတ္မွစ၍ ဂ်စ္ကားဘက္က မည္သည့္စာကိုမွပို႔မလာခဲ့သည္မို႔ သူသည္လည္းဘာမွျပန္မပို႔ျဖစ္ခဲ့။ သို႔ေပမဲ့ ထိုConversationေလးကိုေတာ့ ေန႔စဥ္ဝင္ၾကည့္မိရင္းစိတ္မသက္မသာျဖစ္ရသည္ကို သူဝန္ခံပါသည္။
ဂ်စ္ကားေျပာသည္လည္းမွန္ပါသည္။ ဒီဆယ္စုႏွစ္ေက်ာ္ကာလမ်ားအတြင္း ဂ်စ္ကားဘက္မွသာမဆက္သြယ္လွ်င္ သူ႔ဘက္မွ ဆက္သြယ္ျဖစ္မျဖစ္မေသခ်ာ။ ယခုလည္း တစ္ပတ္ျပည့္သည္အထိ သူမဆက္သြယ္မိခဲ့ပါ။
ညီအစ္ကိုလိုသတ္မွတ္ထားသည့္ဆက္ဆံေရးမ်ိဳးတြင္ သူက အဘယ္ေၾကာင့္ မာနထားေနမိပါသနည္း...
ထိုေမးခြန္း၏အေျဖကို မထုတ္ႏိုင္ေသးသည္မို႔ ပင္ပန္းႏြမ္းလ်စြာျဖင့္ အနီးနားရွိခုံတန္းရွည္တြင္သာ ဝင္ထိုင္လိုက္မိၿပီး စိမ္းလန္းေနသည့္အပင္တို႔အားေငးေမာၾကည့္ေနမိ၏။
ဂ်စ္ကားႏွင့္ ဤသို႔ျဖစ္ေနရသည့္အေျခအေနအား သူနည္းနည္းမွသေဘာမက်ပါ။ ရွင္းရွင္းေျပာရလွ်င္ စိတ္ပင္ပန္းသည့္အေနအထားသို႔ပင္ေရာက္ေနၿပီျဖစ္သည္။
ဒီကေလး သူ႔ကိုဘယ္ခ်ိန္ထိ႐ြဲ႕ေနဦးမွာလဲ...
ထို႔ေနာက္တြင္ ေခါင္းထဲေပၚလာသည္က မျပန္ခင္သူ႔ကိုေျပာသြားသည့္စကားမ်ား။ တစ္ႏွစ္ခြဲၾကာၿပီးေနာက္ ဤေဆး႐ုံသို႔ေျပာင္းလာမည္ဟုဆိုသည္။ ထိုကာလအတြင္း သူ႔စိတ္ကိုေျပာင္းၾကည့္ၿပီး အခ်စ္သစ္ကိုရွာၾကည့္ဦးမည္ဟုဆိုသြား၏။ သူမည္သို႔ပင္ေျပာခဲ့ပါေစ ဤကာလအတြင္း အဆက္အသြယ္မျပတ္ခဲ့သည္မို႔ ထိုစကားတို႔ႏွင့္ပတ္သက္ၿပီး စိတ္ထဲဘယ္လိုမွမေနခဲ့။
သို႔ေသာ္ ယခုအခ်ိန္တြင္ေတာ့...
အာဏာတစ္ေယာက္ စိတ္ရႈပ္ေထြးစြာျဖင့္ မ်က္ႏွာထက္လက္ဖဝါးႏွစ္ဖက္ျဖင့္အုပ္ခ်လိုက္မိၿပီး အေတြးတို႔ကိုျဖတ္ေတာက္ေနမိေသာ္ျငား ရင္တြင္း ပူေလာင္သလိုခံစားခ်က္တို႔ကေပ်ာက္ပ်က္မသြား။
ဒီကေလး ရည္းစားမ်ားရသြားတာလား...
ေတြးလိုက္မိၿပီးတစ္ၿပိဳင္နက္ ေခါင္းကိုခ်က္ခ်င္းခါယမ္းလိုက္မိသည္။
မျဖစ္ႏိုင္တာ...
ဟုတ္တယ္ မျဖစ္ႏိုင္ဘူး...ဒီတစ္ပတ္အတြင္း ဘယ္လိုလုပ္ၿပီး...
"က်စ္!"
အေတြးတို႔ျဖင့္ ေယာက္ယက္ခတ္ေနမိေသာ ကိုယ့္ကိုယ္ကို စိတ္ပ်က္စြာစုတ္သပ္လိုက္မိသည္။
ငါကဘာျဖစ္ခ်င္ေနတာလဲ...
တစ္သက္ႏွင့္တစ္ကိုယ္ ပထမဆုံးအႀကိမ္ ကိုယ့္ကိုယ္ကိုယ္သုံးသပ္လိုက္မိ၏။
ငါက ကေလးကို ညီေလးလိုပဲခ်စ္တာဆိုရင္ ဘာလို႔ဒီေလာက္ထိပူေလာင္ေနရတာလဲ...
ေျခေထာက္တို႔တြင္ဝတ္ဆင္ထားသည့္ Leather shoesအနက္ေရာင္၏ ထိပ္ဦးအားစိုက္ၾကည့္ေနရင္းမွ ကိုယ့္စိတ္ကိုယ္ ျပန္လည္ဆန္းစစ္ေနမိသည္။
Q - ဂ်စ္ကားကိုခ်စ္လား
A - ခ်စ္တယ္
Q - ဘယ္လိုခ်စ္တာလဲ...
A - ဒီေမးခြန္းကိုခဏေက်ာ္မယ္...
Q - ဂ်စ္ကားသူ႔ကိုခ်စ္ေနတာကိုသေဘာက်လား
A - အင္း က်သလိုလိုပဲ
Q - ဂ်စ္ကားကို တြဲႏိုင္လား
A - ဒီေမးခြန္းကိုခဏေက်ာ္မယ္
Q - မတြဲႏိုင္ဘူးဆိုရင္ ဘာေၾကာင့္လဲ
A - မာမီ့ေၾကာင့္၊ ႏွစ္ဖက္မိသားစုဆက္ဆံေရးေၾကာင့္
Q - အဲ့ဒါေတြအဆင္ေျပရင္ ခ်စ္ႏိုင္လား
A - ေက်ာ္မယ္
Q - မခ်စ္ႏိုင္ေသးဘူးဆိုရင္ဘာေၾကာင့္လဲ
A - ဂ်စ္ကားက ငယ္ငယ္ကတည္းကေစာင့္ေရွာက္ခဲ့ရတဲ့ညီေလးျဖစ္တာေၾကာင့္၊ ေနာက္ၿပီး သူ႔အေပၚထားတဲ့သံေယာဇဥ္ကိုအခ်စ္လို႔ထင္မွာစိုးလို႔၊ ေနာက္ၿပီး...ဒါပဲ
Q - သံေယာဇဥ္မဟုတ္ဘဲ တကယ္ခ်စ္တာဆိုရင္ေရာတြဲႏိုင္လား
A - ေက်ာ္မယ္
Q - မတြဲႏိုင္ရင္ဘာလို႔လဲ
A - သူကေယာက္်ားေလးကိုပဲစိတ္ဝင္စားေပမဲ့ မာမီ့ေၾကာင့္အတည္တြဲခြင့္မရွိဘူး၊ အဲ့ဒါေၾကာင့္ အေပ်ာ္ရည္းစားေတြပဲထားတာ၊ ဂ်စ္ကားကို အေပ်ာ္ရည္းစားလို သေဘာမထားခ်င္ဘူး
Q - အေပ်ာ္ရည္းစားမျဖစ္ေစခ်င္ရင္ အတည္ျဖစ္ေစခ်င္တာလား
A - ေက်ာ္မယ္
Q - ဒါဆိုဂ်စ္ကားကိုခ်စ္ေနတာလား
A - ေက်ာ္မယ္
Q - ဂ်စ္ကားက သူမ်ားကိုခ်စ္သြားရင္အဆင္ေျပလား
A - မေျပဘူး
Q - ဘာလို႔အဆင္မေျပတာလဲ
A - စိတ္မခ်ဘူး၊ ကေလးနာက်င္မွာစိုးတယ္
Q - ဘာလို႔အကုန္လိုက္စိုးရိမ္ေနတာလဲ၊ ဂ်စ္ကားကိုခ်စ္လို႔လား
A - ညီေလးလိုခ်စ္တာမလို႔၊ ကိုယ့္ညီေလးကို မေကာင္းတဲ့လူနဲ႔ေတြ႕မွာကိုစိုးရိမ္တာက သဘာဝပဲေလ
Q - ေကာင္းတဲ့လူနဲ႔ခ်စ္သြားရင္ေရာ စိတ္ခ်လား
A - .....
ခ်ီးပဲ...ေတာ္ေတာ့...မစဥ္းစားခ်င္ေတာ့ဘူး...
အာဏာတစ္ေယာက္ စိတ္တြင္းအေမးအေျဖတို႔ႏွင့္ပင္ ေခါင္းကိုက္လာသည္မို႔ လက္တစ္ဖက္ျဖင့္ ဆံပင္တို႔အားဆုပ္ဆြဲကာ အေတြးတို႔ကိုအဆုံးသတ္လိုက္မိသည္။
ထိုစဥ္...
Ringing...
ဖုန္းဝင္လာသည္မို႔ ၾကည့္လိုက္ေတာ့ သင့္ၾကည္ႏူး။
သူဘာကိုမွမစဥ္းစားခ်င္ေတာ့သည္မို႔ ကိုင္လိုက္ေတာ့...
"အစ္ကို ဘယ္မွာလဲ"
"အင္း ေဆး႐ုံမွာ"
"ဘယ္နားမွာလဲလို႔ေမးတာ...ကြၽန္ေတာ္ေရာက္ေနတယ္"
"အင္း ကန္တင္းကိုပဲလာခဲ့လိုက္...ကိုယ္ေန႔လယ္စာစားမလို႔"
ေျပာၿပီးေနာက္ သူ႔ဘက္ကပင္ဦးစြာဖုန္းခ်လိုက္သည္။ ထို႔ေနာက္ ထိုင္ေနရာမွ ထရပ္လိုက္မိၿပီး ကန္တင္းဆီေျခဦးတည္လိုက္၏။
သင့္ၾကည္ႏူး...
သူ႔၏အေပ်ာ္ရည္းစားမ်ားထဲမွ ေနာက္ဆုံးတစ္ေယာက္ျဖစ္သည္။ သူ႔ဘက္ကအေျခအေနမ်ားကို ပြင့္ပြင့္လင္းလင္းေျပာကာ တြဲျဖစ္ၾကသည္မို႔ ႏွစ္ဦးႏွစ္ဖက္အဆင္ေျပ၏။ သင့္ၾကည္ႏူးက နားလည္ေပးတတ္သည့္ေကာင္ေလးျဖစ္ေသာေၾကာင့္ တြဲခဲ့သည့္တစ္လေက်ာ္အတြင္း ႏွစ္ေယာက္ၾကားျပႆနာမျဖစ္ခဲ့။
အျပန္အလွန္ စိတ္ဝင္စား၍တြဲၾက႐ုံသာျဖစ္သည္မို႔ ခ်စ္ေၾကာင္းႀကိဳက္ေၾကာင္းေတြသိပ္မေျပာျဖစ္။ Dateလုပ္သည့္ရက္မ်ားတြင္ ႐ုပ္ရွင္ၾကည့္ၾကၿပီး စားေသာက္ဆိုင္တို႔တြင္အခ်ိန္ျဖဳန္းျဖစ္ခဲ့ၾကသည္။
အာဏာတစ္ေယာက္ ကန္တင္းကိုေရာက္သြားခ်ိန္၌ ၾကည္ႏူးကႀကိဳေရာက္ေနသည္မို႔ ထိုေနရာဆီသို႔သာသြားလိုက္မိ၏။
မ်က္ႏွာခ်င္းဆိုင္တြင္ဝင္ထိုင္လိုက္သည္ႏွင့္...
"ဒီမွာ Coffeeဝယ္လာတယ္...အစ္ကိုႀကိဳက္တဲ့ဆိုင္က"
ေျပာကာ ေကာ္ဖီခြက္ကိုကမ္းေပးလာသည္မို႔ ယူလိုက္မိၿပီး...
"အင္း ေက်းဇူးပဲ"
"ၾကက္ေၾကာ္လည္းဝယ္လာေသးတယ္...အရင္ဆုံး အစ္ကိုထမင္းစားမွာမလား...မွာလိုက္ေလ"
"အင္း"
မွာစရာရွိတာမွာၿပီးေနာက္တြင္ ၾကည္ႏူးက သူ႔အား ေသခ်ာၾကည့္လာ၏။
"အစ္ကိုဘာျဖစ္ေနတာလဲ...ေနမေကာင္းဘူးလား"
"ဘာမွမျဖစ္ပါဘူး"
ေျပာလိုက္ေတာ့ ၾကည္ႏူးကမ်က္ေမွာင္ေလးၾကဳတ္ကာၾကည့္လာရင္း...
"မဟုတ္ဘူး...အစ္ကိုတစ္ခုခုျဖစ္ေနတယ္"
"တကယ္ဘာမွမျဖစ္ဘူး...စားစရာရွိတာျမန္ျမန္စား"
"ဘာလဲ ခုမွေရာက္တာကိုႏွင္တာလား"
ထိုစကားေၾကာင့္ အာဏာရယ္လိုက္မိရင္း...
"မႏွင္ပါဘူးကြာ"
သူရယ္ေတာ့ ၾကည္ႏူးကပါလိုက္ရယ္သည္။ ၾကက္ေၾကာ္ကိုတစ္လုတ္စာေလးေတြဖဲ့ေပးလာၿပီး သူစားေနသည့္အထဲထည့္ေပးလာသည္မို႔ အာဏာဘာမွမေျပာဘဲဒီတိုင္းသာစားလိုက္မိသည္။ ၾကည္ႏူးက ၾကက္ေၾကာ္ဝယ္လွ်င္ လက္အိတ္ပါတစ္ပါတည္းဝယ္လာတတ္သူျဖစ္သည္မို႔ ဘယ္မွာသြားစားစားအဆင္ေျပ၏။
ႏွစ္ေယာက္သားစားၿပီးသည့္အခ်ိန္တြင္ေတာ့ ၾကည္ႏူးကိုကားပါကင္ထိလိုက္ပို႔ရန္အတြက္ ႏွစ္ေယာက္အတူထြက္လာခဲ့လိုက္သည္။
ကားပါကင္၌...
"ဆက္ေလး...ကိုယ့္ကိုနမ္းပါဦး"
"အာ"
"ဘာ အာလဲ...မနက္ကေနခုခ်ိန္ထိ တစ္ႀကိမ္ပဲနမ္းရေသးတာကို"
အလိုမက်သလိုျဖင့္ မ်က္ေမွာင္ၾကဳတ္ကာေျပာလာသူေၾကာင့္ ေခးဆက္ရယ္လိုက္မိရင္း ပါးျပင္ထက္ အနမ္းကိုေျခခ်ဖို႔လုပ္လိုက္ေတာ့ အနားေရာက္သည္အခ်ိန္တြင္ မ်က္ႏွာကလွည့္လာသည္မို႔ ႏႈတ္ခမ္းႏွစ္စုံသည္ေႏြးေထြးသြားေတာ့သည္။
ေခးဆက္က ေန႔လယ္ခင္းဂ်ဴတီက်သည္မို႔ အစ္ကိုကိုယ္တိုင္လိုက္ပို႔ျခင္းပင္။
သန္႔တည္ၾကည္တစ္ေယာက္ ခ်စ္ရေသာကေလးငယ္၏မ်က္ႏွာႏုႏုေလးအား လက္ဖဝါးတို႔ျဖင့္ခပ္ဖြဖြပင့္ေမာ့ထားရင္း အနမ္းကိုေခြၽတာလြန္းသူအား ရက္ေရာစြာေႁခြခ်ေနမိသည္။ သုံးႏွစ္နီးပါးဆက္ဆံေရးတြင္ေတာင္မွ ခ်စ္ရသူက အရွက္သည္းေနဆဲပင္။
အသားျဖဴဆြတ္လြန္းသူမို႔ တစ္ေနရာကိုထိလိုက္တိုင္း ရဲတက္သြားတတ္သည္မွာ သူ႔အတြက္ေတာ့ ျမတ္ႏိုးဖြယ္အတိ။ ခႏၶာကိုယ္ပါးပါးေလးအား အသာေပြ႕လိုက္တိုင္း ေစြ႕ခနဲပါလာတတ္သူေလးကို သူကအစဥ္အၿမဲေထြးေပြ႕ထားခ်င္ပါသည္။ အတိတ္တြင္မည္သူ႔ကိုပဲခ်စ္ခဲ့ပါေစမူ သူ႔လက္ထဲတြင္ေတာ့ ကေလးငယ္ကို ထာဝရေပ်ာ္႐ႊင္ေအာင္ထားပါမည္။
နမ္းရသည္ကိုပင္အားမရစြာျဖင့္ ခႏၶာကိုယ္ပါးပါးေလးအား ေပါင္ေပၚေပြ႕တင္လိုက္ေတာ့ ဝိုင္းစက္သြားသည့္မ်က္လုံးေလးမ်ားေၾကာင့္...
"ဘာေလးလဲကြာ"
ပါးျပင္ေလးတစ္ဖက္အား ဖိကပ္ကာနမ္းမိေတာ့ မ်က္ဝန္းေလးမ်ားကမွိတ္ခ်သြားျပန္သည္။ ထိုအခါ မ်က္ႏွာျဖဴႏုႏုေလးအားေသခ်ာၾကည့္မိေတာ့ ပါးျပင္ႏွစ္ဖက္သည္လည္း ပန္းေသြးေရာင္ထေနၿပီး နား႐ြက္ဖ်ားတို႔ကနီရဲေနသည္မို႔...
"ကိုယ့္ကို ရွက္ေနတုန္းပဲလား"
"အစ္ကိုကလည္း...ဖယ္ေတာ့...ကြၽန္ေတာ္ဆင္းေတာ့မယ္"
"ခြင့္တင္လိုက္ပါလား...ကိုယ္တို႔အိမ္ျပန္ၿပီးနားရေအာင္"
ေျပာလိုက္ေတာ့ သူ႔အားတစ္ခ်က္ေစာင္ၾကည့္လာၿပီး...
"အစ္ကို႔အေၾကာင္းကြၽန္ေတာ္မသိဘူးဆိုေတာ့...သြား...ကြၽန္ေတာ္ဆင္းေတာ့မယ္...အစ္ကိုလည္း ျပန္ေတာ့"
ေျပာလည္းေျပာ လူကိုအတင္းတြန္းဖယ္ကာ ေပါင္ေပၚမွဆင္းသြားသည္မို႔ ခါးက်ဥ္းက်ဥ္းေလးအား လက္တစ္ဖက္ျဖင့္ သိမ္းဖက္ထားလိုက္ေတာ့...
"ဟာ အစ္ကို...ဘာျဖစ္"
ဒုန္း!!!!
"အ!! ေသပါၿပီ"
"ဟ!!! ဘာျဖစ္တာလဲ...ဟာ ဆက္ေလး ဘယ္နားထိသြားလဲ"
"အာ့! ကြၽန္ေတာ့္လက္...ကြၽန္ေတာ့္လက္ေကာက္ဝတ္"
သန္႔တည္ၾကည္တစ္ေယာက္ ေခးဆက္၏ ရႈံ႕မဲ့ေနေသာမ်က္ႏွာေလးကိုၾကည့္ကာ ပ်ာယာခတ္သြားေတာ့သည္။
"လာ လာ...အစ္ကိုတို႔ ေဆးျမန္ျမန္သြားျပရေအာင္"
"အာ ရတယ္...အဲ့ေလာက္မဟုတ္ဘူး"
"က်စ္! ဘာကိုမဟုတ္ဘူးလဲ...ေတာက္! ဘယ္လိုေတြေမာင္းေနလို႔ ပါကင္ထိုးထားတဲ့ကားကိုဝင္တိုက္တာလဲ"
သန္႔တည္ၾကည္တစ္ေယာက္ စိတ္တိုစြာေျပာလိုက္မိၿပီး ကားတံခါးကိုဖြင့္ဟန္အျပဳ...
ေဒါက္...ေဒါက္...
ကားမွန္ကိုလာေခါက္သည့္လက္ေၾကာင့္ မ်က္ႏွာကိုတင္းထားကာ မွန္ကိုခ်လိုက္ေတာ့...
"အဆင္ေျပရဲ႕လားခင္ဗ်!!!"
"....."
"....."
အသံက်ယ္ႏွင့္အတူ ကားမွန္တြင္ဘြားခနဲေပၚလာေသာမ်က္ႏွာေၾကာင့္ သန္႔တည္ၾကည္ေရာ၊ေခးဆက္ပါ ဆတ္ခနဲတုန္သြားၾကသည္အထိ။
ျဖည္းျဖည္းေျပာလည္းရပါတယ္...
ထို႔ေနာက္မွ တည္ၾကည္တစ္ေယာက္ မ်က္ႏွာကိုျပန္တည္လိုက္ၿပီး...
"ဘယ္လိုျဖစ္ရတာလဲ...အစ္ကိုတို႔ကားက ေနာက္ကိုစြန္းထြက္ေနတာလည္းမရွိႏိုင္ပါဘူး"
"ဟီး ဟုတ္တယ္...ကြၽန္ေတာ္မွားတာ"
မ်က္မွန္ဝိုင္းေလးကိုပင့္ကာ သြားတက္ေလးမ်ားေပၚသည္အထိၿပဳံးရင္းေျပာလာသည့္ေကာင္ေလးေၾကာင့္ တည္ၾကည္ေရာ၊ ေခးဆက္ပါ ခ်က္ခ်င္းဘာျပန္ေျပာရမွန္းမသိ။
ထို႔ေနာက္မွ ေခးဆက္ေခါင္းတစ္ခ်က္ညိတ္လိုက္မိၿပီး...
"အင္း အဲ့ေတာ့ ဘယ္လိုလုပ္ေပးမွာလဲ"
"အာ ကြၽန္ေတာ္မွားတာပဲ...ကြၽန္ေတာ္ေလ်ာ္ေပးမွာေပါ့...မပူနဲ႔ ကြၽန္ေတာ့္ခ်စ္သူမွာပိုက္ဆံရွိတယ္"
"....."
"....."
တည္ၾကည္ေရာ၊ ေခးဆက္ပါထပ္မံ၍ ဆြံ႕အသြားၾကစဥ္...
"ဒါနဲ႔ ဟို ခင္ဗ်ားလက္ထိသြားတာထင္တယ္"
ေခးဆက္ကိုလက္ညႇိဳးထိုးကာေျပာလာသည္မို႔...
"အာ အရမ္းမဟုတ္..."
"အရမ္းမဟုတ္ဘူးဆိုတာဘယ္ရွိမလဲ...မစိုးရိမ္ပါနဲ႔...ကြၽန္ေတာ္က အ႐ိုး၊အေၾကာအထူးကုပါ... အရင္ဆုံးႏွစ္ေယာက္လုံးဆင္းလာခဲ့ပါလား...ကြၽန္ေတာ္လည္းခါးေညာင္းလာလို႔"
"ဪ အင္း"
"ဪ"
ေျပာခ်င္ရာေျပာၿပီးေနာက္ ေနာက္ဘက္ျခမ္းကိုေလွ်ာက္သြားသည့္ေကာင္ေလးေၾကာင့္ တည္ၾကည္ႏွင့္ေခးဆက္တို႔မ်က္လုံးခ်င္းဆုံသြားၾက၏။
"ဆက္ေလးသိလား"
"ဟင့္အင္း အသစ္ထင္တယ္"
ရွင္းစရာကိစၥမ်ားလည္းရွိသည္မို႔ ႏွစ္ေယာက္သား ကားေပၚမွဆင္းလိုက္ၾကသည္။ အျပင္ေရာက္ေတာ့မွေသခ်ာၾကည့္လိုက္ေတာ့ ထိုေကာင္ေလး၏အရပ္ကေခးဆက္ႏွင့္မတိမ္းမယိမ္းသာ။
ပုံစံေလးကိုၾကည့္႐ုံႏွင့္ တ႐ုတ္စစ္စစ္ျဖစ္ေၾကာင္းသိသာပါသည္။ မ်က္လုံးေမွးေမွးေလးေတြထက္ မ်က္မွန္ဝိုင္းႀကီးက ေနရာယူထားသည္။ အသားအရည္ကျဖဴျဖဴၾကည္ၾကည္ႏွင့္မို႔ ေသြးေၾကာစိမ္းေလးမ်ားကထင္းေနသည္။ ဆံပင္အုပ္အုပ္ေလးမ်ားကို ေဘးခြဲထားသည့္ပုံစံကေလးက သူ႔ပုံစံႏွင့္သူခ်စ္ဖို႔ေကာင္းေန၏။
ေခးဆက္ ထိုေကာင္ေလးကိုအကဲခတ္ေနစဥ္မွာပင္ ထိုေကာင္ေလးက သူ႔ေရွ႕သို႔ခ်က္ခ်င္းေရာက္လာၿပီး...
"ခင္ဗ်ားလက္ တစ္ခ်က္ျပ"
"အာ့ အာ့"
"ျဖည္းျဖည္းလုပ္ပါကြာ"
ေခးဆက္၏လက္ကိုဆတ္ခနဲဆြဲကာၾကည့္လိုက္သည္မို႔ ေခးဆက္ထံမွညည္းသံထြက္လာေသာေၾကာင့္ တည္ၾကည္တစ္ေယာက္ပ်ာသြားေတာ့...
"အာ အစ္ကိုတို႔က အတြဲေတြထင္တယ္"
"အင္း"
"အင္း"
"အင္း ကြၽန္ေတာ့္မွာလည္းေကာင္ေလးရွိတယ္"
"ဪ"
"အင္း"
"အင္း ကြၽန္ေတာ့္နာမည္က ဂ်ဴႏိုလင္းပါ"
"အင္း အစ္ကို႔နာမည္က သန္႔တည္ၾကည္၊ သူက စိုင္းေခး..."
"အား!!!!!!"
"ဟာ ဆက္ေလး...ဘာ ဘာျဖစ္...မင္း ဘာလုပ္"
"Ok ေကာင္းသြားၿပီ"
"ဘာ!!!"
"လက္အဆစ္လြဲသြားတာ...ခုအဆင္ေျပသြားပါၿပီ...ဒါေပမဲ့ ေဆးလူးဖို႔ေတာ့လိုမယ္... ကြၽန္ေတာ္နဲ႔လိုက္ခဲ့လိုက္...အခ်ိန္ရတယ္မလား"
ထိုစဥ္...
"ကိုသန္႔၊ေခးဆက္...ဘာျဖစ္ေနၾကတာလဲ"
အသံေၾကာင့္လွည့္ၾကည့္လိုက္ၾကေတာ့ အာဏာႏွင့္ေကာင္ေလးတစ္ေယာက္။ ႏွစ္ေယာက္စလုံး အနားကိုေလွ်ာက္လာၾကၿပီးေနာက္ ဖ႐ိုဖရဲျဖစ္ေနသည့္ကားႏွစ္စီးကိုၾကည့္ကာ အံ့ဩေနၾကရင္း...
"ပါကင္ထိုးထားတဲ့ကားကို ဝင္တိုက္တာလား"
"အဟမ္း ကြၽန္ေတာ္က ပါကင္ထိုးမကြၽမ္းလို႔ပါ"
အာဏာတစ္ေယာက္ သူ႔ကိုဝင္ေျပာလာသည့္ေကာင္ေလးကိုၾကည့္လိုက္မိေတာ့ ထိုေကာင္ေလးက မ်က္မွန္ေလးပင့္ကာရယ္ျပလာၿပီး...
"ကြၽန္ေတာ့္နာမည္က ဂ်ဴႏိုလင္းပါ...မပူပါနဲ႔ ကြၽန္ေတာ္ေလ်ာ္ႏိုင္ပါတယ္...အဲ ကြၽန္ေတာ္ေလ်ာ္မွာေတာ့ မဟုတ္ပါဘူး... ဒါေပမဲ့ ဒါက ကြၽန္ေတာ့္ခ်စ္သူရဲ႕ကားပါ... ေငြသားမေခ်ႏိုင္ခင္ ဒီကားကိုအေပါင္ထားခဲ့ပါမယ္... ကြၽန္ေတာ့္ကိုယုံပါ"
"....."
သူ႔ဘာသာေျပာၿပီး တစ္ေယာက္တည္း လည္ေနသူေၾကာင့္ က်န္သူမ်ားအားလုံး ဆြံ႕အကုန္ၾကစဥ္...
"အာ ခင္ဗ်ားတို႔ကလည္းအတြဲပဲထင္တယ္"
အာဏာႏွင့္ၾကည္ႏူးတို႔လက္ခ်ိတ္ထားသည္ကိုၾကည့္ကာ ေျပာလာသည္မို႔ ၾကည္ႏူးကၿပဳံးကာေခါင္းညိတ္လိုက္ရင္း...
"ဟုတ္ကဲ့"
"ဪ ေကာင္းတယ္ ေကာင္းတယ္...ဒီေဆး႐ုံက မဆိုးဘူးပဲ"
ထိုစဥ္...
ခ်ေလာက္!
႐ုတ္တရက္ ေခးဆက္တို႔ကားကိုတိုက္ထားသည့္ မွန္နက္မ်ားျဖင့္အလုံပိတ္ထားေသာ ကားအနက္ေရာင္မွ တံခါးဖြင့္သံကိုၾကားလိုက္ရသည္မို႔ သူတို႔အားလုံးလွမ္းၾကည့္လိုက္ၾကေတာ့...
"အာ ဟုတ္သား...သူပါလာတာကို ေမ့ေနတယ္"
ဂ်ဴႏိုက ေျပာေျပာဆိုဆိုႏွင့္ ကားနားေရာက္သြားစဥ္မွာပင္ ကားေပၚမွဆင္းလာသည့္လူ။
ထို႔ေနာက္တြင္ ျမင္လိုက္ရေသာ သူ႔အား စိုက္ၾကည့္လာသည့္မ်က္ဝန္းျပာတို႔ေၾကာင့္ အာဏာတစ္ေယာက္ အသက္ရႉပင္ေအာင့္လိုက္မိသည္အထိ။
ထိုစဥ္မွာပင္...
"ႏိုးသြားတာလား အသဲ"
ေမးလည္းေမး တစ္ဖက္လူ၏ လက္ေမာင္းကိုဆြဲခ်ိတ္ကာ ဆြဲေခၚလာသည့္ဂ်ဴႏိုလင္း။
"တိုက္သံၾကားကတည္းက ႏိုးတယ္"
"ဟီး ေဆာရီး ေဆာရီး...အသဲကို ငါမုန္႔ျပန္ဝယ္ေကြၽးမယ္"
"မလိုပါဘူး...ခုက ေလ်ာ္ရမွာမလား"
"အင္း အဲ့ဒါေၾကာင့္ ဂဏန္းေလးေတြမွ်ပါဦး"
ဂ်ဴႏိုက လက္ေလးတစ္ဖက္ျဖန႔္ကာေျပာလိုက္သည္ႏွင့္ တစ္ဖက္ကပိုက္ဆံအိတ္ကိုထုတ္ကာ ကဒ္ကိုထုတ္ေပးလာသည္မို႔...
"ရွဲ႕ရွဲ႕ ရွဲ႕ရွဲ႕...ငါေတာ့ အသဲမရွိလို႔မျဖစ္ဘူး"
"....."
"ဘာလဲ စိတ္ဆိုးေနတာလား"
ဂ်ဴႏိုလင္းက ေျပာလိုက္ရင္း ပါးတစ္ဖက္ကိုလွမ္းဆြဲေတာ့ တစ္ဖက္ကေခါင္းကိုေစာင္းကာေရွာင္လိုက္သည္မို႔...
"အဟြန္း...သူ အခု ကြၽန္ေတာ့္ကိုစိတ္ဆိုးေနလို႔...တကယ္က သေဘာေကာင္းတယ္"
"ဪ"
"ဪ"
"ဪ"
"....."
က်န္သူမ်ားက လက္ရွိအေျခအေနကို သိပ္နားမလည္ေသာ္လည္း အာေမဋိတ္သံကိုျပဳႏိုင္ၾကေသာ္ျငား အာဏာကေတာ့ တစ္ေယာက္ေသာသူကိုသာစိုက္ၾကည့္ေနမိသည္။
ဂ်ဴႏိုတစ္ေယာက္ အေျခအေနကိုထိန္းသည့္သေဘာျဖင့္အနည္းငယ္ရယ္လိုက္ရင္းမွ...
"ဟုတ္ သူ႔နာမည္က သခၤါဝီလ်ံဦးပါ...ခြဲစိတ္အထူးကုပါ...အသဲ ဒီဘက္က ကိုသန္႔တည္ၾကည္နဲ႔ကိုစိုင္းေခး..."
"စိုင္းေခးဆက္ၾကာပါ"
"ဟုတ္...ဒီဘက္ကေရာ"
"ကြၽန္ေတာ္က သင့္ၾကည္ႏူးပါ...အစ္ကို႔နာမည္က အာဏာသိဒၶိပါ...သူလည္း ခြဲစိတ္အထူးကုပါပဲ"
ၾကည္ႏူးကဝင္ၿပီးမိတ္ဆက္ေပးလိုက္သည္မို႔ ဂ်ဴႏိုက ရယ္လိုက္ရင္း...
"ဪ ေကာင္းလိုက္တာ...အသဲေရ မင္းေတာ့အေဖာ္ရၿပီ...အာ ဒါနဲ႔...သူတို႔ကလည္း ငါတို႔လိုပဲတဲ့"
"....."
ဂ်ဴႏိုလင္း၏စကားအဆုံးတြင္ေတာ့ မ်က္ဝန္းျပာတစ္စုံႏွင့္မ်က္ဝန္းနက္တစ္စုံတို႔သည္ စူးရဲစြာျဖင့္ဆုံစည္းသြားၾကေတာ့၏။