တည်

By Nee-Ra-429

5.2M 346K 81.2K

Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပ... More

Notice!
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂ (Final Episode)
Our memorable days

အခန်း - ၄၁

83.8K 5.7K 1.4K
By Nee-Ra-429

Unicode//

King၏ တက်ခေါက်သံကြောင့် ဘေဘေး၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်သွားကာ ခြေတစ်လှမ်းပင်နောက်ဆုတ်မိသွားသည်အထိ။ ထို့နောက် ချက်ချင်း ရစ်သိုင်းတက်လာသည့်မျက်ရည်ကြည်များ။ အံကိုကြိတ်ကာ စိတ်ကိုတင်းထားသည်မို့ ဘေဘေး၏မျက်နှာကနီမြန်းမြန်းဖြစ်လာတော့၏။

ဖြေရှင်းချက်ကိုအပြေးအလွှားစဉ်းစားနေမိရင်း မော့ကြည့်လိုက်တော့ Kingကသူ့အားမျက်နှာလွှဲထားရုံသာမက မျက်ဝန်းများကိုပါမှိတ်ထားပြီး အံကြိတ်ထားသည်မို့ မေးရိုးများကိုထင်းနေအောင်မြင်နေရသည်။

လက်နှစ်ဖက်ကိုကြည့်လိုက်တော့ တစ်ဖက်တွင်စီးကရက်ဘူးနှင့်မီးခြစ်အားကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး နောက်တစ်ဖက်တွင် မီးညှိထားလက်စဆေးလိပ်က အငွေ့တလူလူနှင့်။ လေ့တစ်ချက်ဝေ့လာတိုင်း လောင်ကျွမ်းမှုကမြန်လာသောကြောင့် မကြာခင်တွင် King၏လက်ကိုမီးစွဲခါနီးလာပြီမို့ ချက်ချင်းဆွဲယူလိုက်မိတော့ မျက်လုံးများကို ဖွင့်ကြည့်လာသည်မို့...

"မင်းလက်ကိုမီးထိတော့မှာမလို့"

အသံကိုထိန်းပြောလိုက်ရင်း ဆေးလိပ်ကိုကြမ်းပေါ်ပစ်ချကာ အိမ်စီးဖိနပ်နှင့်ပင်ဖိချေလိုက်မိပြီး ခေါင်းငုံ့ထားရင်းမှ...

"တောင်းပန်ပါတယ်"

"....."

"ငါမှားပါတယ်"

"....."

သို့သော် မည်သည့်တုံ့ပြန်သံမှမကြားရသည်မို့ မော့ကြည့်ဖို့ပြင်လိုက်စဉ်…

"အထဲဝင်"

Kingကပြောလိုက်ရင်း လက်မှဆွဲယူကာအိမ်ထဲခေါ်သွင်းသည်။ ဝရံတာတံခါးကို သူကိုယ်တိုင်ပြန်ပိတ်လိုက်ပြီးနောက်…

"သွားအိပ်တော့"

ပြောလာသည်မို့ ဘေဘေးမော့ကြည့်လိုက်မိတော့ မျက်နှာထက်မည်သည့်ခံစားချက်မှမရှိသလိုတည်ငြိမ်စွာ။

Kingက သူ့ကိုတစ်ချက်ကြည့်လာပြီးနောက် ဘေးမှကွေ့ရှောင်သွား၏။

"King"

ခေါ်လိုက်သော်လည်း တစ်ချက်ရပ်မသွားဘဲဆက်လျှောက်သွားသည်မို့ နောက်မှလိုက်သွားလိုက်မိသည်။ Kingကသူ့ကိုတစ်ချက်လှည့်မကြည့်ဘဲ ထမင်းစားခန်းထဲသို့လျှောက်သွားပြီးနောက် လက်ထဲရှိ စီးကရက်ဘူးနှင့်မီးခြစ်ကိုအမှိုက်ပုံးထဲထည့်လိုက်သည်။ ထို့နောက် လက်ကိုသေချာဆေးနေသည့်ပုံစံက ဘေဘေးကိုရှိသည်ဟုတောင်မထင်သည့်ပုံဟန်။

ဘေဘေးတစ်ယောက် သူ့အားကျောခိုင်းထားသူ၏ ကျောပြင်ကျယ်အားကြည့်ပြီး ရင်ထဲမှတလှိုက်လှိုက်နှင့် ဝမ်းနည်းလာ၏။ မျက်ဝန်းနက်များတွင်လည်း မျက်ရည်တို့ကချက်ချင်းပြည့်အိုင်လာပြီး...

"ငါ...နောက်ဆုံးအနေနဲ့ တစ်လိပ်ပဲသောက်ဖို့စိတ်ကူးခဲ့တာပါ"

"....."

ဘေဘေး ဘာတုံ့ပြန်မှုမှမရှိသည့်ကျောပြင်ကျယ်ကိုကြည့်ရင်း မျက်ရည်တို့ကပေါက်ခနဲ။

"ငါ..."

စကားထပ်ပြောဖို့လုပ်လိုက်သော်ငြား အသံက တိမ်ဝင်သွားသည်မို့ရပ်လိုက်မိကာ အသက်ကိုမှန်မှန်ရှူလိုက်ရင်း စိတ်ကိုထိန်းလိုက်ပြီးမှ...

"ငါမင်းကိုမညာပါဘူး...ငါ...အဲ့စီးကရက်ဘူးကိုမင်းမသိအောင်ဝယ်ထားတာမဟုတ်ပါဘူး"

"....."

"အဲ့ဒါက အရင်တုန်းက ဝယ်ထားတဲ့ထဲက ကျန်နေတဲ့ဟာပါ...အဲ့ဒါကြောင့်..."

ဘေဘေး၏အသံသည် တစ်ချက်တစ်ချက်တိမ်ဝင်သွားသလို ပြတ်တောင်းတောင်းလည်းဖြစ်နေသည်။ ပါးပြင်တို့ထက် မျက်ရည်စတို့ဖြင့်စွတ်စိုနေပြီး နှုတ်ခမ်းကိုလျှာဖြင့်အသာသပ်ကာ ဆက်ပြောရမည့်စကားလုံးတို့ကိုရှာဖွေနေဟန်က ဝင်္ကပါထဲသို့ရောက်နေသူလိုပင်။

"အဲ့ဒါကြောင့်...အဲ့ဒါကြောင့်မလို့… ငါကမင်းမသိအောင် မင်းကိုလိမ်ထားပြီး ဆေးလိပ်ပြန်သောက်နေတာမဟုတ်ပါဘူး"

"....."

ဘေဘေး၏စကားသံတို့သည်ပြတ်တောင်းတောင်းဖြစ်နေသော်ငြား လက်ဆေးနေသည့်ရေကျသံကတော့ တစ်ချက်ပြတ်မသွား။ အလားတူပင် ဆေးကြောခံနေရသည့်လက်နှစ်ဖက်သည်လည်း ပုံမှန်အတိုင်း အဆက်မပြတ်လှုပ်ရှားနေကြဆဲ။

ဘေဘေး ထိုလက်တို့အားကြည့်နေရင်း မျက်ရည်စတို့ကပို၍ကျလာကာ...

"King! တော်ပါတော့!"

ပြောလိုက်ရင်း မညှာမတာပွတ်သပ်ခံနေရသည့်လက်နှစ်ဖက်အားဆွဲယူလိုက်မိပြီး...

"ငါ့ကိုစိတ်ဆိုးနေတာမလား...လုပ်ပါ...ငါ့ကိုပဲတစ်ခုခုလုပ်...မင်းစိတ်ဆိုးနေတာငါသိတာမလို့ အမှားလုပ်မိတဲ့ငါ့ကိုပဲတစ်ခုခုလုပ်ပါ"

"....."

ပြောပြီးနောက် ဆွဲယူလိုက်သည့်လက်နှစ်ဖက်ကိုငုံ့ကြည့်လိုက်မိတော့ ရေဝနေ၍ ပဲကြီးရေခွံတွန့်နေသည့်လက်တို့ကမြင်မကောင်း။ ဘေဘေး ထိုလက်တို့ကိုဆုပ်ကိုင်ထားရင်းနှင့် မျက်ရည်တို့ကပိုမိုကာကျဆင်းလာပြီး...

"ငါ...ငါတောင်းပန်ပါတယ်...မင်းမသိလောက်ဘူး...မဟုတ်ဘူး မင်း ဒီလောက်ထိစိတ်မဆိုး...ကျစ်! ငါဘာတွေပြောနေမိတာလဲမသိဘူး...ဒါပေမယ့် ငါပြောချင်တာက ငါတကယ် ဆေးလိပ်ပြန်သောက်ဖို့ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး...ငါတကယ်ပြောတာပါ"

"....."

"ဒီတစ်လိပ်ကို နောက်ဆုံးအနေနဲ့သဘောထားခဲ့တာပါ...King မင်းအရမ်းစိတ်ဆိုးနေရင်တောင် ငါ့ကိုယုံပေးပါဦး"

ပြောပြီးနောက် မော့ကြည့်လိုက်မိတော့ တစ်ဖက်ကချက်ချင်းမျက်နှာလွှဲသွားသည်။ မျက်ရည်ကြည်လေးတစ်စက်သည် မီးရောင်အောက်တွင်လက်ခနဲဖြစ်သွားကာ ကြမ်းပြင်ထက်သက်ဆင်းသွားသည်ကိုတော့ တစ်ယောက်သောသူသာသိလိုက်ပါ၏။

မိမိကိုမျက်နှာလွှဲထားရုံတင်မက မျက်ဝန်းများကိုပါပိတ်ထားသူကြောင့် ဘေဘေးတစ်ယောက် ပို၍ဝမ်းနည်းလာကာ ဆုပ်ကိုင်ထားမိသည့်လက်နှစ်ဖက်ကိုလွှတ်လိုက်ပြီး လည်တိုင်မှသိုင်းကာဆွဲဖက်လိုက်မိရင်း...

"ငါမှားပါတယ် ငါ့ကိုပစ်မထားပါနဲ့"

"....."

တိုးဖွဖွတောင်းပန်နေမိရင်း ငြိမ်သက်နေသူ၏ ညာဘက်ပုခုံးထက်မျက်နှာကိုမှောက်ချလိုက်မိသည်။

"ငါ့ကိုစိတ်မပျက်သွားပါနဲ့"

အသံတိမ်တိမ်လေးနှင့်ပြောလိုက်မိပြီးနောက် ပုခုံးတို့ကတသိမ့်သိမ့်တုန်လာတော့၏။

"ငါတောင်းပန်ပါတယ် ငါတောင်းပန်ပါတယ်လို့... ငါ့ကိုစိတ်ဆိုးလည်းရပါတယ်... ငါ့ကိုအော်လည်းရပါတယ်... ငါ့ကိုရိုက်ချင်လည်းရိုက်ပါ... ဒါပေမယ့် ခုလိုကြီးတော့ ဥပေက္ခာပြုမထားပါနဲ့... ငါမှားပါတယ်... ငါ့ကျန်းမာရေးနဲ့ပတ်သက်ရင် မင်းအရမ်းစိုးရိမ်ပြီးဂရုစိုက်မှန်းသိပါတယ်...အဲ့ဒါကို ငါက...အင့်"

"တော်တော့"

"ဟင့်အင်း...အင့်...ငါ့မှားပါတယ်...ငါ့ကိုဂရုစိုက်ပါဦး...ငါ့မှားတာမလို့ ငါ့ကိုရိုက်...မဟုတ်ဘူး... တစ်ချက်လောက်ထိုးရင်ထိုး"

"ဘေးနိုရာ!!!"

အသံနှင့်အတူ ဖက်ထားသောလက်နှစ်ဖက်လုံးဆွဲဖြုတ်ခံလိုက်ရပြီး ပုခုံးနှစ်ဖက်မှဆုပ်ကိုင်ကာ ခန္ဓာကိုယ်နှစ်ခုအားဆွဲခွာခံလိုက်ရပြီးနောက်...

"မင်းဘယ်လိုတွေပြောနေတာလဲ!"

"King ငါက..."

"ငါကမင်းကိုဘယ်လိုလုပ်ထိုးရက်မှာလဲ!"

"King!!!"

"ဘာလို့ တစ်ခြားသူကို မင်းခန္ဓာကိုယ်ကိုထိခိုက်ခွင့်ပေးနိုင်ရတာလဲ!!!"

"King!!! အဲ့ဒါကမင်းလေ! မင်းမို့လို့လေ! ဘာလို့လဲဆိုတော့ မင်းကငါချစ်ရတဲ့သူမလို့လေ!"

"ငါမဟုတ်ရင်ရော"

"ဘာ!"

"မင်းချစ်တဲ့သူကငါမဟုတ်ရင်ရော မင်းကအဲ့စကားပြောနိုင်သေးတာလား"

"မင်းဘာတွေပြောနေတာလဲ... မင်းမဖြစ်စရာဘာအကြောင်းရှိလို့လဲ... ငါကမင်းကိုပဲချစ်ခဲ့တာ... အမြဲလည်းချစ်နေဦးမှာပဲ"

"အဲ့လူက ငါမဟုတ်ခဲ့ရင်ရော"

"စဝ်မင်းနွယ်ဧကရာဇ်!!! မင်းဘာဖြစ်နေတာလဲ!!"

"ဘယ်သူ့ကိုဖြစ်ဖြစ် မင်းကို ထိခိုက်စေခွင့်ပေးဖို့မလိုဘူး"

"....."

"ငါကမင်းကိုတစ်ခုခုလုပ်မိရင်တောင် မင်းကငါ့ကိုပြန်လုပ်ရမယ်"

"King!!!"

"မင်းကိုယ်မင်း ထိခိုက်မယ့်စကား ငါ့ကိုထပ်မပြောမိစေနဲ့"

"King ငါမင်းကိုယုံတယ်လေ...ငါပြောလိုက်တာက..."

"တော်တော့ သွားအိပ်"

"မင်းကရော"

ထို့နောက်တွင် Kingက ဘာမှမပြောတော့ဘဲ ဘေဘေးကိုလက်မှ ဆွဲကာခေါ်သွားတော့သည်။

ကုတင်နားကိုရောက်တော့မှ လက်လွှတ်ပေးပြီး...

"အိပ်တော့"

"မင်းကရော"

"လုပ်စရာရှိတယ်"

ထိုစကားကိုသာပြောပြီး အလုပ်စားပွဲဆီထွက်သွားသည်မို့ ဘေဘေးနောက်မှလိုက်သွားလိုက်မိ၏။

သို့သော် Kingက သူ့အလုပ်ကိုသာအာရုံစိုက်နေပြီး မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ဘေဘေးကိုတစ်ချက်မကြည့်။ ဘေဘေးတစ်ယောက် ငြိမ်သက်စွာပင် ချစ်ရသူအားငေးကြည့်နေမိသည်။ သူကြည့်နေစဉ်တွင် Kingကထရပ်လိုက်ပြီး စာအုပ်စင်ရှိစာအုပ်များကိုလက်ချောင်းတို့ဖြင့်ထောက်ရင်း တစ်ခုခုကိုရှာဖွေနေဟန်။

ခဏအကြာ၌ ရှာတွေ့သွားပုံရပြီး စာအုပ်တစ်အုပ်ကိုဆွဲထုတ်လိုက်ပြီးနောက် အနည်းငယ် လှန်လှောကြည့်အပြီးတွင်ပြန်ပိတ်လိုက်ပြီး ဘေဘေးဘက်ကိုလှည့်ကာ ကမ်းပေးလာသည်မို့...

"ဘာလဲ"

"....."

မေးလိုက်သော်လည်း ဘာမှပြန်မပြောသောကြောင့် အောက်နှုတ်ခမ်းကိုအသာဖိကိုက်မိပြီး လှမ်းယူလိုက်တော့ အကြည့်လွှဲသွားကာ ပြန်ထိုင်ပြီးသူ့အလုပ်သူဆက်လုပ်နေသည်။

ဘေဘေး လက်ထဲမှစာအုပ်ကိုငုံ့ကြည့်လိုက်တော့ စာအုပ်အဖုံးထက်၌ အနီရောင်စက်ဝိုင်းထဲမှ မီးညှိထားသောစီးကရက်တစ်လိပ်အား အနီရောင်ကန့်လန့်ဖြတ်မျဉ်းတစ်ကြောင်းဖြင့် ဖြတ်ထားသည့်ပုံ (No smoking sign)ကိုတွေ့လိုက်ရ၏။

အတွင်းကိုလှန်ကြည့်ကာ ဖတ်လိုက်တော့ ဆေးလိပ်၏ဆိုးကျိုးများအကြောင်း ပုံနှင့်တကွ အကျယ်တဝင့် ရှင်းပြထားသည်ကိုတွေ့ရသည်။ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုးခြင်း၊ ရုတ်တရက် နှလုံးသွေးရပ်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာဖြစ်ခြင်းတို့အပြင် ခြေပုပ်လက်ပုပ်ရောဂါများအကြောင်း ပုံများကိုတွေ့လိုက်ရသည်မို့ ဘေဘေးတစ်ယောက် ခြေဖျားတို့ပင်ကုပ်မိသွားသည်အထိ။

ရောဂါဖြစ်တတ်တာသိပါတယ်...ခုလိုပုံတွေပြပြီးခြောက်ဖို့ထိလိုလို့လား...

ဘေဘေးတစ်ယောက် ပုံများကိုကြည့်ရင်း မျက်နှာကမအီမသာဖြစ်လာသည်မို့ ဆက်မကြည့်တော့ဘဲ နောက်သို့အမြန်လှန်လိုက်သည်။

ဆေးလိပ်စွဲသွားလျှင် ကျန်းမာရေးထိခိုက်မှုပိုများကြောင်း၊ ရောဂါဖြစ်လွယ်ကြောင်း၊ ဉာဏ်ရည်ထိုင်းစေကြောင်းစသည်ဖြင့် ထပ်မံသိလိုက်ရပြီးနောက် မွေးကင်းစကလေးများနှင့် လသားကလေးငယ်များသာရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းရောဂါများ၊ နားပြည်ယိုခြင်းများကိုဖြစ်စေနိုင်သည့်အပြင် ရုတ်တရက်သေဆုံးခြင်းများကိုပါဖြစ်စေနိုင်သည်ဟူ၍ ရေးသားထားသည်မို့ မျက်ခုံးပင့်လိုက်မိ၏။

တဖြည်းဖြည်းဖတ်ရင်း၊ဖတ်ရင်းနှင့် အမျိုးသားများတွင် အိမ်ထောင်ရေးသုခအပြည့်အဝမခံစားနိုင်ခြင်းဟူသည့် အချက်သို့အရောက် အိပ်ချင်နေသည့်မျက်လုံးတို့ပင်ပြူးကျယ်သွားတော့သည်။

သေချာဖတ်ကြည့်ပြီးသည့်နောက်တွင်တော့ ဆေးလိပ်ကိုလုံးဝမထိတော့ဖို့ စိတ်ထဲမှကျိန်ဆိုလိုက်မိပြီးနောက် မျက်လုံးကိုခဏအနားပေးမည်ဟူ၍ စားပွဲထက်လက်နှစ်ဖက်ကိုကွေး၍တင်ကာ မျက်နှာကိုမှောက်ချလိုက်ပြီးနောက်တွင် ခေါင်းကိုပြန်၍မထောင်နိုင်တော့။

အတန်ကြာတွင် ကံ့ကော်သင်းနံ့မွှေးပျံ့နေသောကမ္ဘာငယ်ထဲရောက်ရှိသွားရင်း အထိအတွေ့တစ်ချို့၊ လှုပ်ရှားမှုတစ်ချို့ကိုခံစားလိုက်ရသည်။ တစ်ဖန် နွေးထွေးသောခံစားချက်နှင့်အတူ မျက်နှာအစိတ်အပိုင်းတို့သည်လည်း တစ်ချက်တစ်ချက်နွေးသွားသလိုပင်။

ဤသို့ နွေးထွေးမွှေးပျံ့သောခံစားချက်များနှင့်အတူ သာယာသောလွင်ပြင်တစ်ခုထဲသို့ရောက်ရှိနေခြင်းကြောင့် ဘေဘေး၏မျက်နှာလေးသည် အနည်းငယ်ပင်ပြုံးနေသယောင် ဖြစ်နေတော့၏။

>>>

ဘေဘေးတစ်ယောက် နိုးလာလာချင်း ဖုန်းကိုယူကြည့်လိုက်တော့ ၇နာရီ ၁၅မိနစ်။ အိပ်ခန်းတွင်း မျက်လုံးဝေ့ကြည့်လိုက်တော့လည်းမည်သူမှမရှိ။

ကလေးတွေကိုမနက်စာကျွေးနေလောက်ရောပေါ့...

အတွေးနှင့်အတူ အိပ်ရာထက်မှဆင်းကာထရပ်လိုက်ပြီးမှ ညကပြဿနာများကိုသတိရသွားတော့သည်။ ကိုယ်ရုပ်ကိုယ် မှန်ဆီအမြန်ပြေးကြည့်လိုက်တော့ အနည်းငယ် ဖောင်းအစ်နေသည့်မျက်လုံးများကြောင့် စိတ်ညစ်သွားရ၏။

တစ်ဖန် သူညကအိပ်ပျော်ခဲ့သည့်နေရာကိုစဉ်းစားလိုက်မိတော့ King သူ့ကိုရွှေ့ပေးထားကြောင်းသိလိုက်ရသည်မို့ စိတ်ထဲကျေနပ်သွားသည်။

ခုလောက်ဆို စိတ်ဆိုးပြေလောက်ပါပြီ...မပြေရင်လည်း နမ်းပြီးချော့ကြည့်ရမယ်...

ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်စွာတွေးလိုက်ပြီးနောက် ရေချိုးခန်းထဲဝင်ကာ သန့်စင်ခြင်းကိစ္စများကိုလုပ်လိုက်အပြီး အဝတ်လဲကာ အမြန်ထွက်လာခဲ့လိုက်သည်။

ထမင်းစားခန်းထဲကိုရောက်တော့ တွေ့လိုက်ရသည်က သားနှစ်ယောက်နှင့် မနက်စောစောစီးစီး အိမ်ကိုရောက်နေသည့်ထူးမြတ်။

"မင်းကဘာလာလုပ်တာလဲ"

"မင်းဆီလာတာမဟုတ်ဘူး"

အမြင်ကတ်စွာဖြင့် နှုတ်ခမ်းမဲ့ပြလိုက်တော့ ထူးမြတ်ကလည်း မျက်ခုံးတစ်ဖက်ကိုပင့်ပြလာသည်။ ဘေဘေးတစ်ယောက် အလိုမကျစွာဖြင့် ထိုင်ခုံကိုဆွဲကာထိုင်လိုက်ပြီး ဟိုကြည့်ဒီကြည့်လုပ်လိုက်စဉ်...

"မင်းလင် မရှိဘူး"

"ဝမ်း"

"အင်းပါ အင်းပါ...Kingမရှိဘူး ရှာမနေနဲ့လို့ပြောတာ"

ထူးမြတ်စကားကြောင့် ဘေဘေးမျက်မှောင်ကြုတ်မိသွားပြီး...

"ဘာလို့မရှိတာလဲ"

မေးလိုက်တော့...

"အမ် ပါပါးမသိဘူးလား...နိုနိုတို့လည်းသေချာမသိဘူးလေ...ဒယ်ဒီက အလုပ်ရှိတယ်ပဲပြောသွားတာ"

"ဒီလောက်အစောကြီးလေ"

"အာ့တော့ နိုနိုမသိဘူးလေ"

အခြေအနေကို ဘေဘေးအလိုမကျစွာတွေးလိုက်မိပြီးနောက် ဖုန်းကိုထုတ်ကာဆက်လိုက်မိသည်။

သို့သော် တစ်ဖက်မှမကိုင်။

သုံးကြိမ်တိတိဆက်လိုက်သော်ငြားမကိုင်သည်မို့ ဘေဘေးစိတ်မကြည်တော့။ မျက်နှာချင်းဆိုင်မှထူးမြတ်က ဘေဘေးကိုမျက်လုံးလှန်ကြည့်လာပြီး...

"ဘာလဲ ရန်ဖြစ်ထားတာလား"

ထိုမေးခွန်းအဆုံးသားနှစ်ယောက်၏ အကြည့်များကပါရောက်လာသည်မို့ ဘေဘေးသက်ပြင်းချလိုက်မိပြီး...

"အေး"

"ဝါး ပါပါးဘာလုပ်လိုက်လို့လဲ"

သူ့ဘက်က အတည်ပြုလိုက်ရုံရှိသေး မျက်လုံးပြူးကာမေးလာသောနိုနို့ကြောင့်...

"ဘာတုန်း ပြဿနာဖြစ်တိုင်း ပါပါးအမှားဖြစ်ရမှာလား"

"ပါပါးမမှားလို့ဘယ်သူမှားမှာလဲ...ဒယ်ဒီကသူ့ဘာသာနေတဲ့ဟာကို"

"....."

"အဲ့ဒါကြောင့် ကြည့်နေတာ...မနက်က ဒယ်ဒီ့မျက်နှာကပုံမှန်ထက်တည်နေပါတယ်လို့"

"မင်းတို့ဒယ်ဒီကဘယ်တုန်းကမတည်လို့လဲ...အမြဲတမ်း ရေခဲရိုက်မျက်နှာနဲ့ကို"

"ပါပါးမကြည့်တတ်လည်း နိုနိုကြည့်တတ်ပါတယ်...ပါပါးဘာလုပ်လိုက်လို့လဲ"

ထို့နောက်တွင် သုံးယောက်လုံးကသူ့ကိုတရားခံစစ်သလိုစစ်လာကြသည်မို့...

"ကျစ်! ဆေးလိပ်တစ်ဖွာပဲသောက်မိတာပါကွာ"

"ဘာ!"

"ပါပါး!"

"ပါပါး!"

"ငါညကသေအောင်အဆူခံပြီးပြီ...ဘာမှထပ်မပြောကြနဲ့တော့"

ပိတ်ပြောလိုက်ပြီး ဘဲသားမုန့်တစ်ခုကိုယူစားလိုက်မိသည်။ စိတ်ကအလိုမကျသည်မို့ အစားစားနေသော်လည်း စိတ်ကမပါချင်။

ဘယ်တုန်းကများ ဒီအချိန်အလုပ်သွားဖူးလို့လဲ...

မကျေမနပ်တွေးလိုက်မိရင်း ဘဲသားမုန့်ကိုတစ်ကိုက်ကိုက်လိုက်မိသည်။ စိတ်ဆိုးနေလျှင် ဆက်ချော့ဖို့ပြင်ဆင်ထားသော်ငြား အချော့ခံမည့်သူကမရှိသည်မို့ ဘာလုပ်လို့လုပ်ရမှန်းမသိ။ ထို့ပြင် နေ့တိုင်းမနက်စာအတူစားနေကျကို ဘာမှမပြောဘဲထွက်သွားသည်မို့ အနည်းငယ်ပင်ဝမ်းနည်းလာသလို။

စိတ်ဆိုးနေရင်တောင် ချော့ဖို့အခွင့်အရေးတော့ပေးသင့်တာပေါ့...

"နွားနို့သောက်...ပါးစပ်ထဲငုံမထားနဲ့"

ထူးမြတ်ကသူ့ကိုကြည့်ကာသတိပေးလာသောကြောင့်...

"အင်း"

ဘေဘေး ပါးစပ်ထဲမှဘဲသားမုန့်များကို နွားနို့ဖြင့်မျှောချလိုက်တော့သည်။

"ပါပါးအရမ်းဝမ်းမနည်းပါနဲ့... ဒယ်ဒီက အရမ်းစိတ်ဆိုးတဲ့ပုံမပေါ်ပါဘူး...ပါပါးကို မနက်စာသေချာကျွေးလို့ မှာသွားသေးတယ်...ပါပါးသေချာစားနေလိုက်...နိုနိုဓာတ်ပုံရိုက်ပြီးပို့ပေးလိုက်မလို့...တကယ်ပြောတာ...နော် ကိုကို"

"အင်း...ပါပါးကို ကြက်ဥပြုတ်တစ်လုံးလည်းကျွေးခိုင်းခဲ့တယ်"

"ဟုတ်တယ် ဟုတ်တယ်...ဒယ်ဒီကအကုန်ခွာပေးခဲ့တာ...ကယ်ဝမ်း ကြက်ဥပြုတ်ပန်းကန်ကို ပါပါးရှေ့ပို့ပေးပါဦး"

နိုနို့စကားအဆုံး ထူးမြတ်က ကြက်ဥပြုတ်ပန်းကန်ကိုဘေဘေးရှေ့သိုရွှေ့ပေးလိုက်၏။

"ပါပါး ကြက်ဥပြုတ်တစ်လုံးကိုယူပြီး တစ်ကိုက်ကိုက်လိုက်...နိုနိုအမိအရရိုက်ပေးမယ်"

နိုနိုပြောသည့်အတိုင်းလုပ်လိုက်တော့ နိုနိုက ဓာတ်ပုံကိုသေချာရိုက်လိုက်ပြီး...

"Okပြီ...ပါပါးချောတယ်...ပို့လိုက်ပြီ...ဒါပေမယ့် Seenတော့မဖြစ်သေးဘူး...ဒယ်ဒီမအားလို့နေမယ်...မအားလို့ ပါပါးဖုန်းကိုမကိုင်တာပါ"

"အင်း"

"အင်း ဒါနဲ့ပြောပါဦး...ဘာလို့ ဆေးလိပ်ပြန်သောက်တာလဲ...ဒယ်ဒီရော၊နိုနိုတို့ပါ ဝိုင်းဖြတ်ပေးထားတာကို"

"နှုတ်ဆက်တဲ့အနေနဲ့ တစ်လိပ်ပဲသောက်တာပါကွာ"

"ပါပါးပဲပြော...ပြီးရင် တစ်လိပ်ပဲတစ်လိပ်ပဲနဲ့...ပါပါးကလေ...ကိုယ်ပိုက်ဆံကိုယ်ရှာပြီး ဆရာဝန်တွေကိုပိုက်ဆံအပုံလိုက်စုပေးချင်နေတာ...အနာကလည်းခံရဦးမယ်"

"ပါပါးလိုလူတွေမရှိရင် မင်းဒယ်ဒီထမင်းငတ်သွားမှာပေါ့"

"ပါပါး!!!"

"ဘာလဲ...မသောက်တော့ပါဘူးဆို...ဖြတ်လိုက်ပြီ...လုံးဝပဲ...ညကမင်းဒယ်ဒီက စကားနဲ့တောင်မဆုံးမတော့ဘူး... စာအုပ်ပေးပြီးဆုံးမသွားလို့ ကြက်သီးထခံပြီး ပုံတွေတဝကြီးကြည့်လိုက်ရတယ်...တော်ပြီ စားလို့ဝပြီ... အလုပ်သွားတော့မယ်...နှစ်ယောက်လုံး ကျောင်းကိုဂရုစိုက်သွားကြ"

"ပူမနေနဲ့ ငါလိုက်ပို့မှာ"

"သိတယ်လေ"

"သိရင် ဘာကိစ္စနှစ်ယောက်ကိုပဲပြောလဲ"

"မင်းကငါ့သားလား"

"မင်းသွားလိုက်တော့"

ထိုအခါ ဘေဘေးကပြုံးစိစိဖြစ်သွားပြီး...

"ငါ့မိသားစုထဲဝင်ချင်လည်းဖြစ်ပါတယ်... သားတွေပဲမွေးထားတာဆိုတော့ ချွေးမတော်မယ်လေ... ချွေးမလေးလည်း ဂရုစိုက်နော်"

ဘေဘေးက ထူးမြတ်ကိုစရင်း ထမင်းစားခန်းထဲမှပြေးထွက်သွားသည်မို့...

"ခွေးကောင်!!!"

"ဝမ်း!"

"ဘာလဲ သူပြောလို့ပြောတာလေ"

"....."

"ထားတော့ ထားတော့...မဆဲတော့ဘူး"

ဘယ်သူတွေဘာပဲဖြစ်ဖြစ် နိုနိုတစ်ယောက်ကတော့ ပြုံးစိစိနှင့် မနက်စာကိုအဝစားနေဆဲပင်။

"ဂျစ်ကား ကိုကို့ကိုစိတ်ဆိုးတာဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောပါကွာ...ခုလိုကြီးပြန်သွားဖို့ထိ မလိုပါဘူး"

"ကိုကိုဘာတွေပြောနေတာလဲ...ကျွန်တော် တကယ်အလုပ်ရှိလို့ပါ"

"ရုတ်တရက်ကြီး အလုပ်ကဘယ်ကပေါ်လာတာလဲ"

"အမြဲ ကိုယ်စီစဉ်ထားသလိုဖြစ်တာမှမဟုတ်တာဗျာ...Luggageပေး ကျွန်တော့်ကို"

လက်ထဲမှ Luggageကဆွဲယူဟန်ပြင်လိုက်သောဂျစ်ကားကြောင့် အာဏာခန္ဓာကိုယ်နှင့်ကွယ်လိုက်မိတော့...

"လေယာဉ်ချိန်နီးနေပြီလေ...ဘာလဲ ကိုကိုပဲအတင်းထည့်ပေးပြီး ခုကျပြန်ယူထားမလို့လား"

"အင်း ယူထားရင်ရော"

"အာ ပြန်ယူထားချင်ယူထားလေ...ကျွန်တော်ကဖြစ်ပါတယ်...လာတုန်းကတောင်ဘာမှမှမပါဘဲ"

"တွေ့လား အဲ့ဒါကိုကမူမမှန်တာပဲ...ဘာလို့စိတ်မဆိုးတာလဲ"

"ဟား ကိုကိုရာ...ဘာလဲ ကျွန်တော်ကမဖြစ်မနေစိတ်ဆိုးဖို့လိုအပ်နေလို့လား"

"လိုအပ်တာမဟုတ်ဘူး...အဲ့ဒါက မင်းပုံစံလေ...အဲ့လိုလေးက ချစ်ဖို့ကောင်းတယ်လေ...မင်းစိတ်ဆိုးလည်း ကိုယ်ချော့နိုင်ပါတယ်"

"အဲ့တော့ ကိုကိုချော့ဖို့ ကျွန်တော်ကစိတ်မဆိုးချင်လည်း စိတ်ဆိုးရမယ်ပေါ့"

"မဟုတ်ဘူးလေကွာ...ကိုယ်ပြောချင်တာက အဲ့လိုပုံစံကမင်းရဲ့မူရင်းပုံစံပဲလေ"

သင်္ခါတစ်ယောက် မိမိရှေ့မှလူသားအားကြည့်ကာ စိတ်ပျက်လက်ပျက်သက်ပြင်းချလိုက်မိပြီး...

"အိုခေ အခုပုံစံပြောင်းသွားပြီ...ကိုကို ဘာဖြစ်ချင်လဲ"

"ဘာ"

"ကျွန်တော်ပုံစံပြောင်းလိုက်ပြီ...ကျွန်တော့်အသက် ၂၈နှစ်ရှိပြီလေ...အဲ့ဒါကြောင့် အားနေ စိတ်ဆိုးတာမျိုးမလုပ်တော့ဘူး...ကိုကိုဘာဖြစ်ချင်လဲ"

"မဟုတ်သေးဘူးလေ...မင်းကိုဘယ်သူကပုံစံပြောင်းခိုင်းလို့လဲ...မပြောင်းလည်းရပါတယ်...မပြောင်းလည်း ကိုယ်ချစ်တယ်"

"ဘာလဲ ညီလေးလိုလား"

"ဂျစ်ကား"

"ကျွန်တော်မလိုချင်ဘူး...မလိုချင်တော့ဘူး...အရင်က ဘာလေးရရကျေနပ်နိုင်ခဲ့ပေမယ့် အခုမရတော့ဘူး... အဲ့ဒါကြောင့် ပုံစံပြောင်းဖို့ဆုံးဖြတ်ခဲ့တာ"

"မင်းပုံစံပြောင်းဖို့မလိုပါဘူး...အဲ့လောက်ပင်ပန်းမခံပါနဲ့"

ထိုစကားအဆုံးတွင်တော့ သင်္ခါရယ်လိုက်မိသည်။

"ပင်ပန်းမခံနဲ့ ဟုတ်လား"

"....."

"ကျွန်တော်ပင်ပန်းခဲ့ပြီးပြီလေ"

"ဂျစ်ကား...ကိုယ်ပြောချင်တာက..."

"ကိုကိုပြောချင်တာက ကျွန်တော်တကူးတကပုံစံပြောင်းနေလို့ပင်ပန်းမှာစိုးနေတာမလား...ရတယ် မလိုဘူး...ပုံစံမပြောင်းလည်း ပင်ပန်းတယ်...ကိုကို့ရဲ့ ညီအစ်ကိုဇုန်ထဲမှာဝင်နေရတာ အပင်ပန်းဆုံးပဲ...နောက်ပြီး အဲ့ပုံစံလေးကို ကိုကိုချစ်တယ်မလား"

"....."

"အင်း ကျွန်တော်သိပါတယ်...ဒါပေမယ့် စိတ်မကောင်းပါဘူး...အဲ့ပုံစံနဲ့ကျွန်တော်ထပ်မနေနိုင်တော့ဘူး...အဲ့တော့ ကျွန်တော့်မှာ ကိုကိုချစ်စရာဘာမှမရှိတော့ဘူး...ကိုကိုချစ်ခဲ့တဲ့ ကိုကို့ညီက သေသွားပြီ"

"ဂျစ်ကား! မင်း သွားခါနီးလာခါနီးကို ပေါက်ကရတွေမပြောစမ်းနဲ့"

"ပေါက်ကရမဟုတ်ပါဘူး...ကျွန်တော်က ကျွန်တော်ပဲလေ...အဲ့ကလေးမှမဟုတ်တာ"

အာဏာ စိတ်ပင်ပန်းစွာနှင့်ပင့်သက်ရှိုက်လိုက်မိပြီး...

"အိုခေ ကိုကိုနားလည်ပြီ...ကိုကိုမှားတယ်... တောင်းပန်ပါတယ် ဟုတ်ပြီလား"

"မလိုပါဘူး...ကိုကို့ဘက်ကကြည့်ရင်မှန်ရင်လည်း မှန်မှာပေါ့...ဒါပေမယ့် ကျွန်တော့်ဘက်ကကြည့်ရင်လည်း ကျွန်တော်မှန်တယ်...အဲ့ဒါကြောင့် ကျွန်တော့်ကိုဖိအားမပေးပါနဲ့... ကျွန်တော်လည်း ကိုကို့ကိုဖိအားမပေးတော့ဘူး... ကိုကို့ကိုပိုင်စိုးပိုင်နင်းလည်းမလုပ်တော့ဘူး"

"ကလေး မင်းဘာတွေ..."

"ကျွန်တော်ကလေးမဟုတ်တော့ဘူး... အသက် ၂၈ဖြစ်နေပြီ...အဲ့ဒါကို ကိုကိုဘယ်တော့မှမမေ့ပါနဲ့"

"အာ ဆောရီး...Ok ကိုယ်သေချာမှတ်ထားမယ်"

"အင်း ခုကစပြီး တစ်နှစ်ခွဲထိ ကျွန်တော် ကိုကိုပြောသလိုနေကြည့်မယ်... ကျွန်တော်လည်း ခုမှပုံစံပြောင်းကြည့်တာဆိုတော့မသိဘူးလေ...ကိုကိုပြောတာလည်းဖြစ်နိုင်တာပဲ...ကျွန်တော်က ကလေးဆန်ဆန်တွယ်တာတတ်လို့ ကိုကို့ကိုချစ်တယ်လို့မှားထင်မိတာလည်းဖြစ်နိုင်တာပဲ"

"....."

"အဲ့ဒါကြောင့် ကျွန်တော် ဟိုမှာ ကောင်လေးတွေ၊ကောင်မလေးတွေနဲ့ Dateဖို့ကြိုးစားကြည့်မယ်...အတတ်နိုင်ဆုံး ကိုကို့ကိုမေ့ထားမယ်...မဆက်သွယ်ဘဲလည်းနေကြည့်ဦးမှာမလို့ ကျွန်တော့်ကိုကြိုပြီးခွင့်လွှတ်ပေးပါဦး"

"ဂျစ်ကား"

"အင်း ဘယ်ပြောတတ်မလဲနော်...ဒီတစ်နှစ်ကျော်အတွင်း ကျွန်တော့်ဖူးစာဖက်နဲ့လည်းတွေ့သွားနိုင်တာပဲ... နောက်ပြီး ကျွန်တော့်ရဲ့ဆယ်စုနှစ်တစ်ခုကြာတစ်ဖက်သတ်အချစ်ကလည်း ဘာမှမဟုတ်ခဲ့သလို အဆုံးသတ်ချင်သတ်သွားနိုင်တာပဲလေ...ဘာပဲဖြစ်ဖြစ် ကိုကို့ကိုမရှုပ်တော့ပါဘူး"

"ရှုပ်လို့ရပါတယ်...ကိုယ်ကမင်းကို အရှုပ်ထုပ်လို့မမြင်ပါဘူး...တကယ်မမြင်တာပါ"

"အာ ဟုတ်...အဲ့လိုဆိုရင်တော့ ကျွန်တော်ဝမ်းသာပါတယ်...Transferကျလို့ပြန်လာဖြစ်ရင် ကျွန်တော့်ကိုကူညီပေးပါဦး... အကယ်၍ ကျွန်တော်တကယ်ချစ်တဲ့သူနဲ့တွေ့ရင် ကိုကိုနဲ့ပထမဆုံးမိတ်ဆက်ပေးပါ့မယ်... အဲ့ကျရှိနေရင် ခေါ်လာခဲ့မယ်"

"....."

ထိုစဉ် ကြေညာချက်ထွက်လာသည်မို့...

"Luggageပေးလေ...ကျွန်တော်ဝင်ရတော့မယ်"

"ဪ အင်း"

Luggageကို တစ်လက်မှတစ်လက်သို့ကူးပြောင်းလိုက်ကြပြီးနောက်...

"ကျွန်တော်သွားပြီ"

"အင်း ရောက်ရင်ဖုန်းဆက်"

"ဟုတ်"

ထို့နောက်တွင်တော့ ချက်ချင်းပင်ကျောခိုင်းကာထွက်သွားသူ၏ကျောပြင်အား ငေးကြည့်နေမိသည်။ တစ်နေရာပြီးတစ်နေရာ အဆင့်ဆင့်ဖြတ်ကျော်သွားသူသည် ပြတ်သားစွာပင် တစ်ချက်လှည့်ကြည့်မလာခဲ့။

ထိုကျောပြင်လေးကို မြင်ကွင်းအောက်မှပျောက်သွားသည်အထိ မတ်တပ်ရပ်ကာငေးကြည့်နေမိရင်း မျက်ဝန်းထောင့်တို့မှ ပူနွေးနွေးခံစားချက်ကိုခံစားလိုက်ရသည်မို့ မျက်ဝန်းတို့ကို့ လက်တစ်ဖက်ဖြင့်အမြန်အုပ်ကာထိန်းလိုက်မိသည်။

အန္တရာယ်ကင်းပါစေ...

စိတ်တွင်းမှ ဆုတောင်းပေးလိုက်ပြီးနောက် လေဆိပ်တွင်းမှထွက်ခွာရန်ဦးတည်လိုက်တော့၏။

တစ်ဖက်တွင်လည်း ငွေ့ရည်ဖွဲ့အပြာရောင်မျက်ဝန်းတို့နှင့်အတူ အံကြိတ်ကာ မှန်ပြတင်းအပြင်ဘက်သို့ငေးနေသော အမျိုးသားငယ်တစ်ယောက်ရှိခဲ့ပါသည်။

နေ့လယ်စာစားချိန်နီးသည်နှင့် ဘေဘေး လုပ်လက်စအလုပ်အားလုံးကိုဖြတ်ကာ ချစ်ရသူရှိရာဆီသို့ ထွက်လာခဲ့လိုက်၏။

ဆေးရုံ၏ကားပါကင်တွင် ကားကိုသေချာထိုးပြီးနောက် တစ်ယောက်သောသူအလုပ်လုပ်ရာနေရာကို ဦးတည်လိုက်မိသည်။

ဘယ်လိုပဲဖြစ်ဖြစ် Kingကို သူရအောင်ချော့မည်။  Kingသူ့ကိုဘယ်လောက်ချစ်မှန်းသူသိသည်။ ထို့ကြောင့် သူ့ကိုမျက်နှာမလွှဲနိုင်သည်ကိုလည်းသိပါ၏။

ချော့မယ်...မရရအောင်ကိုချော့မယ်...

စိတ်ကိုဆုံးဖြတ်ကာ ခြေလှမ်းတို့ကိုမြန်လိုက်မိသည်။

သို့သော် Kingရှိရာအခန်းဆီသို့အရောက် တိုက်ဆိုင်စွာပင် လူနာများကအပြည့်ဖြစ်နေသည်မို့ သူ့စိတ်ထဲအလိုမကျဖြစ်သွားသည်။ ကောင်တာကိုသွားလိုက်တော့ စာရင်းမှတ်နေသည့်တစ်ယောက်က သူ့ကိုမော့ကြည့်လာကာ မှတ်မိသလိုပြောလာ၏။

"ဪ အစ်ကို...ဒေါက်တာ့ကိုလာတွေ့တာလား"

"ဟုတ်ကဲ့"

"ဟုတ် လူနာတွေကတော့မြင်တဲ့အတိုင်းပဲ...ဒေါက်တာ့ပုံစံကလည်း ထမင်းထွက်စားမယ့်ပုံမပေါ်ဘူး... ဒေါက်တာဘာဖြစ်နေတာလဲမသိဘူး...အလုပ်ပဲတောက်လျှောက်ဖိလုပ်နေတာ...ပြီးတော့ လူနာတွေကိုလည်းအကုန်လက်ခံလိုက်တယ်"

"အကုန်?"

"ဟုတ် ပုံမှန်ဆိုသူ့အယောက်ရေနဲ့သူရှိတယ်...ခုကျ အကုန်လက်ခံလိုက်တာ...ညီမတို့အတွက်လည်း မုန့်ဝယ်ပေးထားတယ်...ဒီနေ့ပိုလုပ်ရလို့ Overtimeကြေးကိုညနေကျသူပေးမယ်တဲ့"

ထိုစကားတို့ကြောင့် ဘေဘေးမျက်မှောင်ကြုတ်လိုက်မိပြီး...

"ဒါဆို သူကနေ့လည်စာမစားတော့ဘူးပေါ့...ကျစ်! ကိုယ်ဖုန်းဆက်ကြည့်မယ်"

ပြောပြောဆိုဆိုနှင့်ဖုန်းကိုထုတ်ကာခေါ်ဖို့ပြင်လိုက်တော့...

"ဟိုလေ အစ်ကို...ဒေါက်တာက ရောက်လာကတည်းက ဖုန်းကို Muteလုပ်ပြီး Lockerထဲထည့်ထားလိုက်တာတွေ့လိုက်တာ"

တဖြည်းဖြည်းနှင့် ဘေဘေးစိတ်တိုလာတော့၏။ သို့သော် စိတ်ကိုထိန်းကာသက်ပြင်းချလိုက်ပြီး...

"ကောင်းပြီ...ခဏနေရင် မင်းတို့ဒေါက်တာကိုပြောပေး...ကိုယ်လာသွားတယ်၊ဖုန်းပြန်ဆက်ဖို့ပြောသွားတယ်လို့ ပြောပေးပါ"

"ဟုတ်ကဲ့"

ဘေဘေးစိတ်ကိုလျှော့ကာထွက်လာခဲ့လိုက်ပြီးနောက် ဝဲတက်လာချင်နေသောမျက်ရည်တို့ကို ကျမလာအောင်ထိန်းချုပ်ထားမိသည်။ သူ့စိတ်ကိုက ထိုလူသားနှင့်ပတ်သက်လာလျှင် အမြဲညံ့သက်ချင်နေပုံပင်။

ဒုတိယထပ်မှ အောက်ထပ်သို့ဆင်းလာချိန်တွင် ဆေးရုံအုပ်က Roundလှည့်သည်နှင့်ကြုံသည်မို့ နှုတ်ဆက်လိုက်ရသေးသည်။ ဆေးရုံအုပ်၏သားနှင့်သူက စီးပွားဖက်တွေဖြစ်ကြသည်မို့ ဆေးရုံအုပ်ကလည်းသူ့ကိုသိသည်မှာ မဆန်းပေ။ စကားကိုအမြန်ဖြတ်ပြီးနောက် လူရှင်းသည့်နေရာသို့ထွက်လာခဲ့လိုက်၏။

ဆေးရုံဝန်းထဲရှိ ခရေပင်တစ်ပင်အောက်မှခုံတန်းရှည်တွင်ဝင်ထိုင်လိုက်ပြီး ဆေးရုံအဆောက်အဦကြီးကို ငေးကြည့်လိုက်မိသည်။ ဗိုက်ထဲမှဆာလောင်နေသည့်ခံစားချက်ကို ခံစားနေရသော်လည်း ဘာမှစားချင်စိတ်မရှိ။ ထို့ကြောင့် ဖုန်းကိုထုတ်လိုက်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ဂိမ်းဆော့နေလိုက်သည်။

30 minutes later...

ဂိမ်းဆော့နေစဉ်မှာပင် သူထိုင်နေသည့်နံဘေးရှိ ခုံတန်းရှည်တွင် အမျိုးသမီးနှစ်ယောက် ဝင်ထိုင်လိုက်သည်ကိုသိလိုက်၏။ ခဏအကြာ၌ စကားသံတို့က သူ့နားထဲတစ်ချက်တစ်ချက်တိုးဝင်လာသည်မို့ အဆင်ကမပြေတော့။ ထသွားဖို့ကလည်း ဂိမ်းဆော့လက်စမို့ ပြီးသွားမှသာထသွားဖို့ဆုံးဖြတ်လိုက်သည်။

တစ်ပွဲပြီးသွားသည်နှင့် ဂိမ်းထဲမှထွက်လိုက်ပြီး ထသွားဖို့ပြင်လိုက်စဉ်...

"သူက အမြဲကံ့ကော်နံ့လေးသင်းနေတာနော်... အရပ်ကလည်းတော်တော်ရှည်တာ... အမြင်နဲ့တင်အရပ်ရှည်မှန်းသိပေမယ့် မနက်ကမှသေချာသိလိုက်တာကွာ"

ထိုစကားသံတို့ကြောင့် ဘေဘေးဖုန်းကိုပြန်ဖွင့်လိုက်ကာ ငြိမ်သက်စွာပြန်ထိုင်လိုက်မိသည်အထိ။

ကံ့ကော်သင်းနံ့?

ကံ့ကော်သင်းနံ့ပိုင်ရှင်သည် ဤဆေးရုံတစ်ခုအတွင်းတွင်တော့ နှစ်ယောက်မရှိနိုင်လောက်ပေ။

ကောင်းပြီ...ငါသူများအကြောင်းခိုးနားထောင်တာမဟုတ်ဘူး...ငါ့ယောက်ျားအကြောင်းနားထောင်တာ...

စိတ်လုံအောင် တွေးလိုက်ပြီးနောက် ဟိုကြည့်ဒီကြည့်လုပ်သလိုနှင့် မသိမသာလှည့်ကြည့်လိုက်တော့ Duty Coatဝတ်ထားသည့်အမျိုးသမီးနှစ်ယောက်။ နှစ်ယောက်အနက် ရွှေအိုရောင်လှိုင်းကြီးကောက်ဆံပင်ရှည်ကို Ponytail styleဖြင့်စည်းထားသည့်အမျိုးသမီးက စကားကိုဒိုင်ခံပြောနေသည်။ မသိမသာကြည့်လိုက်တာတောင် ထိုအမျိုးသမီး တော်တော်လှမှန်းသိလိုက်ရ၏။

"မင်းသူ့ကိုသဘောကျသွားတာတော့မဟုတ်ပါဘူးနော်"

"ဘာလို့လဲ သဘောကျလို့မရဘူးလား...သူလည်းလူလွတ်၊ကိုယ်လည်းလူလွတ်လေ"

ထိုစကားကြောင့် ဘေဘေးပြုံးစိစိဖြစ်သွားသည်။

Welcome to glass palaceပါပေါ့...

သူငြိမ်နေရင်း ဆက်နားထောင်နေလိုက်၏။

"ကိုယ်ပြောမယ်ကွာ...ကိုယ့်အမြင်သူကမာနကြီးတာမဟုတ်ဘဲ သူ့ပုံစံကိုကအဲ့လိုလေးနေမယ်... အေးတိအေးစက်နဲ့ တကယ့်ကို Cool Guyပဲ... ဝန်ခံရရင် ကိုယ်တကယ်သဘောကျတယ်ကွာ... ရောရောနှောနှောမနေတတ်တာလေးကိုက တကယ်မိတာ"

ထိုစကားတို့ကိုတော့ ဘေဘေးမသိမသာခေါင်းတညိတ်ညိတ်နှင့်လက်ခံလိုက်မိသည်။

မဆိုးဘူး အမြင်ရှိတယ်...

"သူ့မှာ ရည်ရွယ်ထားတဲ့သူရှိနေရင်ရော"

မေးခွန်းထပ်ထွက်လာသည်မို့ သူလည်း အာရုံစိုက်လိုက်မိတော့…

"ကိုယ့်အထင်တော့ သူ့ပုံစံကအချစ်နဲ့မတွေ့ရသေးသလိုပဲ...သူ့မှာရှိရင်တောင် မိဘချင်းသဘောတူထားလို့ရှိနေတာပဲဖြစ်မှာ...ကိုယ့်မှာအခွင့်အရေးရှိပါသေးတယ်...ဒီမှာကြည့် သူကိုယ့်ကိုပေးသွားတဲ့လက်ကိုင်ပဝါလေး"

နောက်ဆုံးစကားကြောင့်ဘေဘေးမျက်မှောင်ကြုတ်လိုက်မိကာ ဖျတ်ခနဲလှည့်ကြည့်လိုက်မိတော့ ထိုအမျိုးသမီး၏လက်ထဲတွင်တွေ့လိုက်ရသည်က Kingတွင်အမြဲရှိနေတတ်သော လက်ကိုင်ပဝါအဖြူရောင်များထဲမှတစ်ခု။

"မင်းမသိလို့...သူကအရမ်းနူးညံ့တဲ့ယောက်ျားတစ်ယောက်နော်...မနက်က ကိုယ်Slipဖြစ်သွားတော့ သူဖမ်းပြီးထိန်းပေးလိုက်တာကကွာ တကယ်ကိုပဲ...ကိုယ့်မှာ သူ့ရင်ခွင်ထဲရောက်သွားတဲ့အချိန် အသက်တောင်မရှူနိုင်ဘူး...ပြီးတော့ ကိုယ့်ခန္ဓာကိုယ်မှာ သူ့ကိုယ်သင်းနံ့ကစွဲပါလာတာ အကြိုက်ဆုံးပဲ"

"မင်းတော်တော်ဖြစ်နေပြီပဲ"

"သူ့လိုလူအတွက်ဖြစ်ရတာထိုက်တန်တယ်လို့ ကိုယ်ထင်တာပဲ... အခုကိုယ်စဉ်းစားနေတာ... သူ့ကိုဘာအကြောင်းပြချက်နဲ့တွေ့ရင်ကောင်းမလဲလို့ကြံနေတာ"

စကားအသွားအလာတို့ကိုနားထောင်ရင်း ဘေဘေးတစ်ယောက် စိတ်အချဉ်ပေါက်လာသည်မို့ အသက်ကိုပြင်းပြင်းရှိုက်လိုက်မိသည်။

လက်ကိုင်ပဝါတောင်ပေးလိုက်သေးတယ်ပေါ့... ကောင်းလိုက်တဲ့ စဝ်မင်းနွယ်ဧကရာဇ်...

နောက်ပြီး ဖမ်းပြီးထိန်းလိုက်တာထားပါ... ရင်ခွင်ထဲရောက်တာဘယ်နှစ်မိနစ်ကြာလို့အနံ့ကစွဲလာတာလဲ... အကုသိုလ်တက်လိုက်တာ...

"ချီးပဲ"

နှုတ်မှခပ်တိုးတိုးရေရွတ်ကာဆဲလိုက်မိသည်အထိစိတ်တို့ကတိုလာသည်။ ထို့နောက်တွင် ခေါင်းထဲအကြံတစ်ခုကလက်ခနဲ။

ရန်သူကိုမိတ်ဆွေဖွဲ့ရမည်။

ဘေဘေးတစ်ယောက် စိတ်ကိုထိန်းကာ ထရပ်လိုက်ပြီးနောက်...

"ညီမတို့..."

သူခေါ်လိုက်တော့ တစ်ဖက်မှနှစ်ယောက်က ကြောင်တောင်တောင်ပုံစံဖြင့် ငေးကြည့်လာကြသည်မို့...

"အာ အနှောင့်အယှက်ဖြစ်သွားကြလားမသိဘူး...ကိုယ်တစ်ခုမေးချင်လို့ပါ"

"ဪ ဟုတ်ကဲ့ ဟုတ်... မေးပါ"

"ဟုတ်ကဲ့ ဒီဆေးရုံရဲ့အဆုတ်အထူးကုတစ်ယောက်နဲ့တွေ့ချင်လို့... နာမည်က ဒေါက်တာစဝ်မင်းနွယ်ဧကရာဇ်... ကိုယ်အခု သူ့ကိုဖုန်းဆက်လို့မရလို့...တစ်ချက်လောက်လမ်းညွှန်ပေးပါဦး"

စဝ်မင်းနွယ်ဧကရာဇ်ဆိုသည့်နေရာကိုဖိပြောလိုက်တော့ တစ်ဖက်မှရွှေအိုရောင်ဆံပင်နှင့်အမျိုးသမီး၏ မျက်လုံးများကလက်သွားကြပြီး ချက်ချင်းထရပ်လာ၏။

"အာ ဒေါက်တာ့အသိထင်တယ်...လမ်းညွှန်ပေးတာထက် ကိုယ်တိုင်လိုက်ပို့တာပိုကောင်းမယ်ထင်တယ်... ညီမလည်း ဒေါက်တာ့ကိုတွေ့စရာရှိလို့"

"ဪ ဟုတ်ကဲ့...အဲ့လိုဆိုရင်တော့ ကျေးဇူးတင်ရမှာပဲ...လမ်းပြပေးပါဦး"

သူ့စကားအဆုံးတွင်တော့ ထိုအမျိုးသမီးက သူ့အပေါင်းအပါကိုနှုတ်ဆက်လိုက်ပြီးနောက် သူ့ဘက်လှည့်ကာပြောလာသည်။

"ညီမနောက်ကလိုက်ခဲ့ပါ"

"ဟုတ်ကဲ့"

>>>

Kingရှိရာအခန်းဆီသို့အရောက်တံခါးဖွင့်ကာဝင်လိုက်တော့ ကောင်တာမှသူနာပြုလေးနှစ်ယောက်က သူ့ကိုပြူးကြည့်လာသည်မို့ မသိမသာခေါင်းခါပြလိုက်တော့ ငြိမ်ကျသွားကြ၏။

ဘေဘေးလူနာများကိုကြည့်လိုက်တော့ ၂ယောက်သာကျန်တော့သည်ကိုတွေ့လိုက်ရသည်။

သူ့အားခေါ်လာသည့်အမျိုးသမီးက ကောင်တာတွင် သေချာမေးမြန်းလိုက်ပြီးနောက်…

"ဟုတ်ပြီ ဒါဆို အစ်မတို့ခဏစောင့်နေလိုက်မယ်...လူနာကလည်း ၂ယောက်ပဲကျန်တော့တာဆိုတော့လေ"

ထိုအမျိုးသမီးက သူနာပြုလေးနှင့်ပြောပြီးနောက် သူ့ဘက်လှည့်လာပြီး...

"အစ်ကိုမြင်တဲ့အတိုင်းပဲ...ဒေါက်တာ့ကို ခဏတော့စောင့်ရမယ်ထင်တယ်...ဖြစ်ရဲ့လား"

"အင်း ရပါတယ်...သူမှမအားတာပဲ"

နှစ်ယောက်သား နားလည်မှုတို့ကိုယ်စီဖြင့် ခုံများ၌ ကိုယ်စီဝင်ထိုင်ကာစောင့်နေလိုက်ကြ၏။

"ညီမက မိုးနှောင်းကုဋေပါ...နှလုံးအထူးကုပါ"

"ဪ ဟုတ်ကဲ့ ညီမ...တွေ့ရတာဝမ်းသာပါတယ်...ကူညီပေးလို့လည်းကျေးဇူးတင်ပါတယ်"

"ညီမ အစ်ကို့ကိုသိတယ်...ကိုကိုကြီးက အစ်ကို့အကြောင်းတွေပြောတာခဏခဏကြားဖူးတယ်...Tvတွေ မဂ္ဂဇင်းတွေမှာလည်းမြင်ဖူးတယ်...ခုဏကအစ်ကိုခေါ်တော့မှ သေချာမြင်ဖူးပြီးကြောင်သွားကြတာ"

"ဪ အဲ့ဒါကြောင့်ကိုး"

"ဟုတ်တယ်...အစ်ကိုနဲ့အစ်ကို့သားတွေကနာမည်ကြီးပဲလေ...သားတို့Pageကို ညီမတောင် Followလုပ်ထားတာ... နိုနိုလေးကအစ်ကိုနဲ့တစ်ရုပ်ထဲပဲ"

"အဟွန်း ဟုတ်လား...ဒါဆို သားကြီးကရော ဘယ်သူနဲ့တူတယ်ထင်လဲ"

သူပြုံးကာမေးလိုက်တော့ တစ်ဖက်ကစဉ်းစားသလိုလေးဖြစ်သွားပြီး...

"ဧကလေးကျ အမေတူလားမသိဘူး...အစ်ကိုနဲ့တော့လုံးဝမတူဘူးနော်"

ထိုစဉ် တံခါးဖွင့်သံနှင့်အတူ နောက်ဆုံးလူနာထွက်လာသည်ကိုမြင်လိုက်ရပြီးနောက် တံခါးကနောက်တစ်ကြိမ်ထပ်ပွင့်လာသည်မို့ ကြည့်လိုက်မိကြ၏။

အခန်းထဲမှထွက်လာသူအားမြင်လိုက်ရသည်နှင့်...

"ဒေါက်တာ"

ဦးအောင်ခေါ်လိုက်ပြီး ချက်ချင်းထရပ်လိုက်သော မိုးနှောင်းကုဋေ။

ခေါ်သံကြောင့်King၏အကြည့်က မိုးနှောင်းကုဋေဆီတစ်ချက်ရောက်သွားပြီးနောက် ဘေးတွင်ထိုင်နေသည့်ဘေဘေးထံတွင်အဆုံးသတ်သွားသည်မို့...

"ဒေါက်တာ့မိတ်ဆွေက ဒေါက်တာ့အခန်းကိုမသိဘူးဆိုလို့ ကုဋေခေါ်လာပေးတာပါ"

"....."

Kingက မိုးနှောင်းကုဋေပြောသည်ကိုအာရုံရောက်ပုံမရဘဲ ဘေဘေးကိုသာစိုက်ကြည့်နေသည်မို့ ဘေဘေးပြန်ကြည့်လိုက်ကာ ထရပ်လိုက်ရင်း...

"ဟုတ်တယ် ငါသူ့ကိုလမ်းပြခိုင်းလိုက်တာ"

"....."

အမျိုးသားနှစ်ယောက်မျက်လုံးချင်းစစ်ထိုးနေကြသည်ကို မိုးနှောင်းကုဋေတစ်ယောက် သတိထားမိပုံမပေါ်။

"ဟိုလေ မနက်ကအတွက် ဒေါက်တာ့ကိုကျေးဇူးတင်ပါတယ်...လက်ကိုင်ပဝါက ကုဋေသုံးပြီးပြီမလို့ အသစ်ပဲပြန်ဝယ်ပေးပါ့မယ်...နောက်ပြီး ဒေါက်တာ့ကိုကျေးဇူးတင်လို့ တစ်ခုခုလိုက်ကျွေးချင်လို့ပါ... ဒေါက်တာဘယ်နေ့အားမလဲမသိဘူး"

"....."

"အာ ဒါဆိုအတော်ပဲ...ခုပဲကိုယ်တို့နေ့လည်စာသွားစားကြမလို့လေ...ကုဋေပါ အတူလိုက်ခဲ့မလား"

ဘေဘေးကဝင်ပြောလိုက်တော့ မိုးနှောင်းကုဋေကဝမ်းသာအားရပုံစံဖြစ်သွားပြီး...

"လိုက်လို့ရလား...ဟုတ် အဲ့ဒါဆိုပိုအဆင်ပြေတာပေါ့...ကုဋေ အစ်ကို့ကိုလည်းဝယ်ကျွေးပါ့မယ်"

"ဟုတ်ကဲ့ ဒါဆိုကျွန်တော်အားမနာတော့ဘူး"

ထို့နောက်တွင် လမ်းတစ်လျှောက်လုံး ဘေဘေးနှင့်မိုးနှောင်းကုဋေက အပြုံးလည်းမပြတ်ကြသလို စကားလည်းမပြတ်။ အခြားသူများက သူတို့သုံးယောက်ကို လိုက်ကြည့်နေကြကာ ခပ်တိုးတိုးပြောနေကြသည်ကိုလည်း ဘေဘေး၏မျက်ဝန်းထောင့်တို့မှမြင်နေရသည်။ ဘေဘေး Kingကိုတစ်ချက်ကြည့်လိုက်တော့ Kingကသူ့ကိုစိုက်ကြည့်နေရာမှ ချက်ချင်းမျက်နှာလွှဲသွားသည်မို့ နှုတ်ခမ်းကိုမဲ့လိုက်မိ၏။

သူကပဲတစ်ပြန်ကြီး...

စားသောက်ဆိုင်ကိုရောက်သွားကြတော့ စားစရာများကိုမှာလိုက်ကြသည်။ မှာထားသည်များ မရောက်သေးသည့်အချိန်၌ ဘေဘေးနှင့်မိုးနှောင်းကုဋေတို့က ပြောစရာစကားမကုန်သည့်လူများကဲ့သို့ ဖြစ်နေကြကာ Kingကတော့ သူတို့ကိုတစ်ချက်မှမကြည့်ဘဲ စားသောက်ဆိုင်၏စာအုပ်စင်မှ စာအုပ်တစ်အုပ်ကိုယူကာ ငြိမ်သက်စွာဖတ်နေ၏။

"ကိုကိုကြီးကိုသိတယ်မလား သုတကုဋေလေ"

"ဪ သိတာပေါ့...ကိုသုတက အရမ်းစကားပြောကောင်းပြီး အမြင်ရှိတယ်...သူနဲ့တွဲလုပ်သမျှ အကျိုးအမြတ်အရမ်းများတယ်"

"အဟွန်း ကိုကိုကြီးကလည်း အစ်ကိုနဲ့ပတ်သက်ပြီးအဲ့လိုပဲပြောတာ...သူပြောသမျှ အစ်ကို့ကောင်းကြောင်းချည်းပဲ"

"ဪ အဟွန်း"

ဘေဘေးရေတစ်ခွက်ထည့်ကာ သောက်လိုက်မိ၏။

ကောင်းကြောင်းတွေပဲပြောတယ်ဆိုတော့ တော်သေးတာပေါ့...

သုတကုဋေဆိုသည်မှာအခြားမဟုတ်။ တစ်သက်လုံးဖြောင့်လာခဲ့ပြီး သူနှင့်မှထူးပြီးကွေးသွားသူဖြစ်သည်။ စီးပွားဖက်ဖြစ်နေသည်မို့ သုတကုဋေကိုသူရှောင်၍မရခဲ့။ ထို့ကြောင့် သုတကုဋေနှင့်ပတ်သက်၍ သူရင်းရင်းနှီးနှီးကြီးသိနေသလိုပင် တစ်ယောက်သောသူလည်းမသိစရာအကြောင်းမရှိ။

ထိုစဉ် စားစရာများလာချသည်မို့ ဘေဘေးစကားလမ်းကြောင်းအမြန်လွှဲလိုက်ရသည်။

စားဖို့ပြင်ကြသည့်အချိန်တွင်တော့…

"ဒေါက်တာ ဦးချမယ်နော်"

မိုးနှောင်းကုဋေက ပြောလည်းပြောရင်း ပုဇွန်ထုပ်တစ်ကောင်ကို King၏ထမင်းပန်းကန်ထဲသို့ထည့်လိုက်သည်မို့...

"အာ Kingကပုဇွန်မကြိုက်ဘူး ကုဋေရဲ့... King မင်းပန်းကန်ကိုငါပဲယူလိုက်တော့မယ်နော်"

"....."

ဘေဘေးက သူ့ဘာသာပြောပြီးနောက် ပန်းကန်ချင်း ချက်ချင်းလဲလိုက်ကာ...

"ဝက်သားတရုတ်ချက်ထင်တယ်...ဒါမင်းစားတယ်မလား...စားကြည့်"

ပြောလည်းပြော King၏ပန်းကန်ထဲသို့ ဝက်သားတစ်တုံးထည့်ပေးလိုက်တော့ Kingကဘာမှမပြောဘဲ စားဖို့ပြင်လိုက်သည်မို့ ဘေဘေးလည်း ပုဇွန်ထုပ်ကိုဖဲ့ကာအရသာရှိရှိစားလိုက်တော့သည်။

Kingကတော့ ဘေဘေးကြောင့် ပုဇွန်ထုပ်ပန်းကန်ကို လုံးဝကိုင်ခွင့်မရှိသလိုဖြစ်သွား၏။

မိုးနှောင်းကုဋေတစ်ယောက် သူမရှေ့မှအမျိုးသားနှစ်ယောက်ကိုကြည့်ကာ တစ်ခုခုကိုခံစားနေရသလိုပင်။ သို့သော်ဘာမှန်းမသိ။

အတွေးလွန်တာဖြစ်မှာပါ...

ဖြေတွေးလိုက်ပြီး ထမင်းကိုသာအာရုံစိုက်စားနေလိုက်ရင်း သူမနှစ်သက်ရသူအား တစ်ချက်တစ်ချက်ကြည့်လိုက်မိတော့ တည်ငြိမ်စွာပင်စားသောက်နေသည်မို့ သဘောတကျပြုံးလိုက်မိသည်။

ဘေဘေးတစ်ယောက်ကတော့ ဤဆိုင်မှပုဇွန်ထုပ်ဟင်းကိုအကြိုက်တွေ့နေသည်မို့ အခြားဟင်းများကိုပင်ထပ်မကိုင်မိသေး။ ဗိုက်ဆာနေသည့်အချိန်လည်းဖြစ်၊ ကြိုက်သည့်ဟင်းလည်းဖြစ်သည်မို့ အရသာရှိရှိစားနေမိရင်းမှ ဘေးမှKingအားကြည့်လိုက်မိ၏။

ကောင်းတာလေးဆို ချစ်ရသူအားမျှဝေချင်တတ်သည့်စိတ်အားဖျောက်မရသည်မို့...

"King မင်းပုဇွန်မကြိုက်ပေမယ့် ဒီပုဇွန်ထုပ်ကတော့တကယ်စားကောင်းတယ်...စားကြည့်"

ပြောရင်းနှင့် ပုဇွန်ထုပ်ပန်းကန်ထဲမှအကြီးဆုံးတစ်ကောင်ကိုယူကာထည့်ပေးလိုက်တော့...

King - "အင်း"

မိုးနှောင်းကုဋေ - "....."

စားခြင်းသောက်ခြင်းကိစ္စများပြီးဆုံးသွားသည့်အချိန်၌ မိုးနှောင်းကုဋေက King အား ကျေးဇူးတင်စကား ထပ်ပြောလာပြန်သည်။

"ဒေါက်တာ့ကို ကျေးဇူးတင်ပါတယ်...မနက်က ဒေါက်တာမှမကူညီရင် တစ်ခုခုထိခိုက်သွားမှာ"

"အင်း"

"ဟုတ် လက်ကိုင်ပဝါကလေ အသစ်ပြန်ဝယ်ပေးမယ်နော်...ဒေါက်တာမငြင်းပါနဲ့...တန်ဖိုးမကြီးပေမယ့် ပြန်ဝယ်ပေးချင်လို့ပါ"

"....."

ထို့နောက်တွင် Kingကဘာမှမပြောတော့သည်မို့ မိုးနှောင်းကုဋေက ဘေဘေးဘက်သို့လှည့်ကာ ပြုံးရင်းပြောလိုက်၏။

"ကိုကိုကြီးကိုပြန်ပြောရမယ်...ဒီနေ့ အစ်ကိုနဲ့တွေ့ခဲ့တယ်ဆိုပြီး…”

"အာ ထွေထွေထူးထူးမှမဟုတ်တာပဲ...မပြောလည်းရပါတယ်"

ဘေဘေး၏စိတ်ထဲတွင်တော့ ဤအမျိုးသမီးအား အလိုက်တသိထွက်သွားစေချင်ပြီဖြစ်သည်။ သူ့အနေနှင့် Kingကိုချော့ရဦးမည်မို့ နှစ်ယောက်တည်းသီးသန့်အချိန်လိုနေပြီဖြစ်၏။ ယခုအချိန်တွင်တော့ မိုးနှောင်းကုဋေအားခေါ်လာမိသည့်အတွက် နောင်တတောင်ရချင်ချင်။

ဘေဘေး မိုးနှောင်းကုဋေကိုကြည့်လိုက်တော့ Kingကိုခိုးကြည့်နေသည်အား မြင်လိုက်ရသည်။ ဘဝကလည်း ကိုယ့်ရှေ့တည့်တည့်လာထိုင်ပြီး ကိုယ့်ယောက်ျားကိုပြစ်မှားနေသည်အား သည်းခံကြည့်ပေးနေရသည့်အဖြစ်။

တည့်နေသည်ဆိုရင်တော့ ပိုင်ဆိုင်မှုကိုပြမိမည်ဖြစ်သော်ငြား ယခုက သူလည်းစိတ်ဆိုးနေသလို၊ ကိုယ်ကလည်း စိတ်မကြည်ဖြစ်နေသည်မို့ ကိုယ့်ဘက်ကအများကြီးလျှော့မပေးချင်ပါ။ ချော့စရာရှိတာလည်း ချော့မည်ဖြစ်သလို၊ စိတ်ဆိုးစရာရှိတာလည်း စိတ်ဆိုးရမည်သာ။

သို့သော် ခေါင်းထဲတွင်အကြံတစ်ခုပေါ်လာသည်မို့ ဘေဘေးပြုံးလိုက်မိကာ...

"ကြုံရင် M-Ferreaကိုအလည်လာခဲ့လေ...အဲ့ကျ ကိုယ်ဧည့်ခံမှာပါ"

ပြောလိုက်တော့ မိုးနှောင်းကုဋေက ဝမ်းသာအားရဖြစ်သွားပုံရကာ...

"ဟာ အဲ့လိုဆိုရင်တော့အားမနာတော့ဘူးနော်...ညီမက M-Ferreaကိုတအားကြိုက်တာ"

"ဟုတ်ပြီ...ဒါဆို ဒီမှာ ကိုယ့်ရဲ့Visiting card...လာမယ့်ရက်ကိုကြိုပြောလိုက်နော်"

"ဟုတ် အစ်ကို...ညီမဆက်သွယ်..."

မိုးနှောင်းကုဋေ၏စကားသည်အဆုံးမသတ်ခင် Kingက ရုတ်တရက်ထရပ်လိုက်သည်မို့ စကားက တစ်ဝက်တစ်ပြတ်ဖြစ်သွားတော့သည်။

Kingက သူမကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။

"နေ့လယ်စာအတွက်ကျေးဇူးပဲ"

ပြောပြီးသည်နှင့် ထိုင်နေသောဘေဘေးအားဆွဲထူလိုက်ပြီး လက်မှဆွဲကာခေါ်သွားတော့သည်မို့...

မိုးနှောင်းကုဋေ - "....."

ဘေဘေးတစ်ယောက် King ဆွဲခေါ်ရာနောက် ဘာမှအထွန့်တက်ခြင်းမရှိဘဲ ပါသွားတော့၏။  ခပ်လှမ်းလှမ်းကိုရောက်မှ…

"King မင်း မဆွဲနဲ့"

သို့သော် Kingက သူပြောတာကိုဂရုမစိုက်ဘဲ ကားပါကင်ရှိရာသို့ဆွဲခေါ်သွားသည်။ King၏လက်အားကြောင့် လက်ကောက်ဝတ်တို့နာလာသည်မို့ ဘေဘေးစိတ်တိုလာပြီးမျက်ရည်တို့ဝဲတက်လာကာ အံကြိတ်ထားမိ၏။

ကားနားကိုရောက်တော့မှ သည်းမခံနိုင်စွာဖြင့် လက်ကိုခါချလိုက်မိကာ Kingအား ဒေါသထွက်ထွက်ဖြင့် ဆောင့်တွန်းလိုက်မိပြီး...

"ငါကနာတယ်လို့ပြောနေတယ်လေ!"

ကားပါကင်သည်လူရှင်းနေသည်မို့သာတော်တော့သည်။ ဘေဘေး၏ဒေါသတကြီးအော်သံကဟိန်းခနဲ။

ဘေဘေး လွတ်မြောက်သွားသည့် လက်ကောက်ဝတ်ကိုငုံ့ကြည့်လိုက်တော့ နီရဲနေကာ အနည်းငယ်လည်းနာနေသည်မို့...

"မင်းလက်နဲ့ညှစ်ခံရရင် ပြုတ်တူတဲ့ညှပ်ခံရသလိုပါပဲဆို...ခွေးကောင်ကြီး! မင်းပဲစိတ်တိုတတ်တာလား... ငါလည်းစိတ်တိုနေတာပဲ"

"....."

ဘေဘေး၏ ဒေါသတကြီးအသံအဆုံး နှစ်ဦးနှစ်ဖက် တိတ်ဆိတ်သွားကြပြီး နီရဲနေသောမျက်ဝန်းနှစ်ခုကထိပ်တိုက်ဆုံသွားကြ၏။

သို့သော် တွေးရင်းတွေးရင်းနှင့်ပိုပြီးဝမ်းနည်းလာသူက ဘေဘေး။

သူပဲနာအောင်မလုပ်ရက်ဘူးဆိုပြီး...

တစ်ဖန် မိုးနှောင်းကုဋေ၏စကားများကိုပြန်ကြားယောင်လာကာ တစိမ့်စိမ့်နှင့်ဒေါသထွက်လာပြီး...

"ဘာလဲ ဘာမှမပြောတော့ဘူးလား...ငါ့ကိုတောင်နှုတ်မဆက်ဘဲ အလုပ်တအားသွားချင်နေတာမလား... ငါ့ကိုတောင်ကြိုမပြောဘဲ အလုပ်ကိုအပြေးအလွှားသွားရတဲ့ကိစ္စလေးပြောပါဦး"

"အလုပ်ရှိလို့...မနက်၅နာရီမှသိတာ"

"ဪ ထူးထူးဆန်းဆန်း ငါနဲ့ရန်ဖြစ်တဲ့နေ့မှပဲ အလုပ်ကအစောကြီးရှိပြီး ဂျူနီယာနဲ့တွေ့၊ လက်ကိုင်ပဝါတွေပေးရတဲ့အထိဖြစ်သွားတာကိုး...ဘယ်လောက်ကြာအောင်ဖက်ထားလိုက်ကြသေးလဲ... အနံ့တွေတောင်စွဲနေတယ်တဲ့"

"ဘေးနိုရာ!"

"ဘာလဲ!!! မင်းကငါ့ဆို အော်လိုက်၊နာအောင်လုပ်လိုက်နဲ့...သူများကျနူးနူးညံ့ညံ့နဲ့ဆက်ဆံတာကို ငါကစိတ်မတိုရဘူးလား!!!"

"မင်းငါ့ကိုမယုံဘူးလား"

"မင်းရောငါ့ကိုယုံလို့လား...ငါညကဆေးလိပ်တစ်လိပ်ပဲသောက်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ပြောတာကို ယုံပေးလို့လား"

"မဆိုင်တာကိုရောမပြောနဲ့!"

"ဆိုင်တယ် အကုန်ဆိုင်တယ်...မင်းက တစ်ခြားမိန်းမနဲ့ပတ်သက်တာ... ငါကဆေးလိပ်တစ်ဖွာပဲသောက်မိတာ... ဘယ်သူပိုမှားလဲ!"

"ဘယ်သူနဲ့မှပတ်သက်မနေဘူး"

"ပတ်သက်မနေရင် သူ့အပေါ်ကျနူးညံ့ပြီး ငါ့ကိုကျဘာလို့နာအောင်လုပ်ရတာလဲ"

"....."

စကားအဆုံး နှစ်ယောက်သားတိတ်ဆိတ်သွားကြသည်။မျက်နှာများကတော့ ဒေါသကြောင့်နီရဲနေကြကာ အချင်းချင်းလည်းမျက်နှာလွှဲထားကြ၏။

ခဏအကြာ...

"ပြန်တော့"

"ဘာလဲ ဂျူနီယာလေးနဲ့သွားတွေ့မလို့လား"

"....."

"ဪ ဟုတ်နေတာပဲ"

"ဘေးနိုရာ! မင်းသူ့ကိုဖုန်းနံပါတ်ပေးတာကို ငါဘာမှမပြောသေးဘူးနော်"

"ဘယ်ပြောမလဲ...ငါကရန်သူကိုမိတ်ဆွေဖွဲ့နေတာလေ...မင်းလို နူးနူးညံ့ညံ့နဲ့ ပဝါကမ်းလိုက်၊စာကမ်းလိုက်နဲ့ ကြင်နာပြနေတာမဟုတ်ဘူး"

"မင်းလိုပြုံးပြမနေဘူး"

"ရင်ခွင်ထဲပဲထည့်တာလေ"

"ဆိုင်ခေါ်ပြီးလည်းဧည့်မခံဘူး"

တစ်ခွန်းမကျန်ပြန်ပြောနေသူကြောင့် ဘေဘေးသေချာစိုက်ကြည့်လိုက်ကာ မျက်နှာမဲ့ပစ်လိုက်ပြီး...

"တော်တော်ပြောင်းလဲသွားတာပဲနော်...မတွေ့ရတဲ့နာရီပိုင်းအတွင်း ခုလိုပြောင်းလဲအောင်လုပ်သွားနိုင်တာ အရမ်းတော်တာပဲ"

"အင်း မင်းကအရမ်းတော်တယ်"

"သိတယ်"

ဘေဘေးဒေါသတို့ဖြင့် ဘာစကားမှလည်းဆက်မပြောချင်တော့သည်မို့ ကားပေါ်တက်ဟန်ပြင်လိုက်သော်ငြား ဟန့်တားခံလိုက်ရ၏။

"ဘာလဲ ဘာပြောဦးမလို့လဲ"

"ဒေါသနဲ့ကားမမောင်းနဲ့...Driverခေါ်လိုက်မယ်"

"မလိုဘူး မင်းလက်ဖယ်လိုက်"

စိတ်တိုတိုနှင့် ကားတံခါးကိုဆွဲထားသူ၏လက်အားဆွဲဖြုတ်လိုက်ပြီးနောက်...

ဒုန်း!!!

တံခါးကိုကြမ်းတမ်းစွာပင်ဆွဲပိတ်လိုက်အပြီး ကားပါကင်ထဲမှ အမြန်မောင်းထွက်လိုက်မိသည်။ ထို့နောက် နောက်ကြည့်မှန်မှချစ်ရသူ၏ပုံရိပ်ကိုကြည့်ကာ မျက်ရည်တို့ကတသွင်သွင်စီးဆင်းလာတော့၏။

ဘယ်သူက သူ့ကိုမယုံလို့လဲ...
ဘယ်သူက ပြုံးချင်လို့ပြုံးပြနေတာမလို့လဲ...

ခွေးကောင်...

စိတ်တိုတိုနှင့် Steering Wheelကိုလက်ဖြင့်ရိုက်ချမိတော့...

"အား!!!!"

လက်ကောက်ဝတ်မှနာကျင်မှုက စူးအောင့်သည်အထိဖြစ်သွားသည်မို့ မျက်ရည်တို့ကပိုကျလာပြီး...

"ငါနာပါတယ်လို့ပြောရင် ချက်ချင်းမလွှတ်တဲ့ကောင်... မုန်းဖို့ကောင်းတဲ့ကောင်ကြီး... မင်းကိုမုန်းတယ်... မုန်းလို့သေတော့မယ်!! မင်းကိုမချစ်တော့ဘူး!!!"

ကားထဲတွင် ဒေါသတကြီးဖြင့် တစ်ယောက်တည်းအော်ဟစ်နေမိစဉ်...

Ringing...

ဖုန်းမြည်သံကြောင့်ကြည့်လိုက်တော့ 'My Beloved'ဟူသည့် Contact nameကြောင့် အမြင်ကတ်စွာဖြင့်မကိုင်ဘဲ ကြည့်နေလိုက်၏။

ငါလည်းစိတ်တိုနေတာမလို့ မင်းလည်းစိတ်အေးမနေနဲ့...

၅ကြိမ်ခန့်ခေါ်အပြီးတွင်တစ်ဖက်မှဆက်မခေါ်တော့သည်မို့ ဘေဘေးမျက်နှာမဲ့လိုက်မိသည်။ နာရီကိုကြည့်လိုက်တော့မှ King၏အလုပ်ချိန်ပြန်ရောက်သွားပြီမှန်းသိလိုက်ရ၏။

စာချုပ်စာတမ်းတွေရှိထားသည်မို့ Kingအနေနှင့်ကိုယ်ပိုင်ဆေးခန်းဖွင့်ခွင့်မရှိသေးပါ။ ၃နှစ်ပြည့်မှသာ လုပ်ချင်တာလုပ်၍ရမည်ဖြစ်သည်။ ပင်ပန်းသည်ကိုမကြည့်ရက်၍ လျော်ကြေးပေးဖို့ပြောခဲ့သို့ငြား Kingကလက်မခံခဲ့။ ဆေးရုံများတွင်ပညာပို၍စုံသည်ဟုဆိုလာသည်မို့ ဘေဘေးထပ်၍မတိုက်တွန်းတော့။

ဟိုတွေးဒီတွေးနှင့် ဘေဘေး၏စိတ်တို့က ပုံမှန်ပြန်ဖြစ်လာစဉ်...

Ringing...

'ဒီတစ်ခါတော့ ကိုင်လိုက်မည်'ဟူသည့်စိတ်ဖြင့်ဖုန်းကိုယူကြည့်လိုက်တော့ ခေါ်ဆိုသူက မျှော်လင့်ထားသူမဟုတ်ဘဲ သူ့အတွင်းရေးမှူးဖြစ်နေသည်။

"Hello"

"....."

"ဘာ! ဘယ်မှာဖြစ်တာလဲ"

"....."

"ကျစ်! နေတော့...ကိုယ်ပဲသွားလိုက်မယ်...ခုလေးတွင် အဲ့နေရာကဖြတ်လာတာ... ဆယ်မိနစ်ပဲကြာမယ်...ပြန်ပြောလိုက်"

ထို့နောက် ကားကိုလမ်းကြောင်းပြောင်းကာ ပြန်ကွေ့လိုက်ပြီးအရှိန်တင်လိုက်တော့သည်။ YSHအောက်ရှိ Luxury Furniture Companyတစ်ခုမှ Productအသစ်များ၏ ကြေညာရိုက်ကွင်းတွင် Accidentတစ်ခုဖြစ်သွားခဲ့ခြင်း။ ထိခိုက်သွားသူက နာမည်ကြီးမင်းသားဖြစ်သည့်အပြင် Backgroundလည်းကောင်းပြီး Fandomကလည်း အခိုင်အမာရှိသည်မို့ ပေါ့သေးသေးလုပ်၍မရ။ ထို့အပြင် ကိုယ့်ဘက်မှပေါ့ဆမှုကြောင့်ဖြစ်သွားသည်မို့ အပြည့်အဝလုပ်ဆောင်ပေးရန်သူ့တွင်တာဝန်ရှိသွား၏။

သိပ်မဝေးသည်မို့ ၈မိနစ်အတွင်းရောက်သွားချိန်၌ တစ်ဖက်ကနဖူးပေါက်သွားရုံသာမကလက်ပါထိထားပုံရသည်။ ကုမ္ပဏီတွင်ဆရာဝန်တစ်ယောက်ရှိသည်မို့သာ တော်သေးသည်။ လူနာကိုသွေးတိတ်အောင်လုပ်ပေးနေပြီး လက်ကိုလည်းအရေးပေါ်ကုသနည်းဖြင့်ကုသပေးနေသည်ဟုဆို၏။

သူရောက်သွားသည်နှင့် ရိုက်ကွင်းမန်နေဂျာက အပြေးရောက်လာသည်။

"ဥက္ကဌ"

အသံကျယ်ကျယ်နှင့် ဦးညွှတ်ကာနှုတ်ဆက်လိုက်သည်မို့ ရှိသမျှလူအားလုံးလန့်သွားကြပြီး သူ့ကိုဦးညွှတ်ကာနှုတ်ဆက်လာကြ၏။

"နေနေ ကိုယ်လာတာ Accidentကြောင့်ပဲ...ကိုယ့်ကိုလမ်းခဏဖယ်ပေးကြဦး"

လူများအုံနေရာမှဖယ်သွားကြသည်နှင့် ဆရာဝန်နှင့်လူနာအားမြင်လိုက်ရသည်မို့ အမြန်လျှောက်သွားလိုက်မိပြီး...

"ဘာဖြစ်သွားလဲ"

"ခေါင်းတော့မထိပါဘူး... ဒါပေမယ့် လက်ကတော့အရိုးထိသွားတဲ့ပုံပဲ... ကျွန်တော်အရေးပေါ်ကုသနည်းတော့ သုံးပေးထားပေမယ့် ဆေးရုံမြန်မြန်ခေါ်သွားဖို့လိုတယ်"

ဆရာဝန်၏ပြောစကားကြောင့်ဘေဘေးခေါင်းညိတ်လိုက်မိပြီး လှဲနေသည့်ကောင်လေးအားကြည့်လိုက်မိတော့ ထိုကောင်လေးကလည်းသူ့ကိုကြည့်နေသည်မို့ ပြုံးပြလိုက်ရင်း...

"ကိုယ့်ကိုသိလောက်မယ်ထင်လို့ မိတ်မဆက်တော့ဘူး...ကိုယ်တို့ဘက်ကပေါ့ဆမှုကြောင့်မလို့ အစစအရာရာ တာဝန်ယူမှာပါ... ဆရာဝန်ပြောတာကို မင်းကြားတယ်မလား... အဲ့တော့ အခုကိုယ်တို့ဆေးရုံသွားရမယ်... ခြေထောက်မထိထားဘူးဆိုတော့ လမ်းလျှောက်နိုင်မလား...မင်းကိုသယ်ရင် လက်ကပိုထိသွားနိုင်လို့"

"ဟုတ် ရတယ်"

"အိုခေ...ကိုးလ်ရဲ့မန်နေဂျာက တစ်ဖက်ကလာတွဲပေးပါ"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

ထို့နောက် ဘေဘေးက ကောင်းသည့်လက်ဘက်တွင်ရှိနေသည်မို့ ခါးကိုင်းပေးလိုက်ပြီး...

"ကိုယ့်ကိုအားပြုပြီးထလိုက်"

"....."

"မြန်မြန်လုပ်...ကြာရင် ပိုဆိုးသွားလိမ့်မယ်"

ပြောလိုက်တော့မှ သူ့ကိုငေးနေရာမှရပ်သွားပြီး ပုခုံးကိုဖက်ကာ အားပြုထလာသည်မို့ ဖြည်းဖြည်းချင်းထူကာတွဲခေါ်ရ၏။

သတင်းထောက်များကလည်း သူ့မတိုင်ခင်ကတည်းကရောက်နေကြသည်မို့ Social Mediaတွင် သတင်းများကစတက်နေပြီဖြစ်သည်။ အစပိုင်း သူတို့မင်းသားထိခိုက်သည့်ပုံတက်လာစဉ်က YSHကိုဆဲထားကြသူများရှိသော်လည်း YSH President ကိုယ်တိုင်ဂရုစိုက်သည့်ပုံများ တက်လာသည့်အချိန်တွင်တော့ အားလုံးက Positive cmtများသာမန့်ကြတော့၏။

ထို့ပြင် သူတို့မင်းသားက ဥက္ကဌ၏ပုခုံးကိုဖက်ထားကာ ငုံ့ကြည့်နေသည့်ပုံတစ်ပုံသည် Shipperများကြားတွင် စက္ကန့်တိုးလာသည်နှင့်အမျှ အလင်း၏အလျင်ထက်ပင်လျင်မြန်သည့်နှုန်းထားမျိုးဖြင့် ပျံ့နှံ့သွားတော့သည်။

ဘေဘေးလည်း ဆက်တိုက်ဝင်လာသည့်ဖုန်းများကိုမကိုင်နိုင်ဘဲ ဆေးရုံဆီသို့သာအမြန်မောင်းလိုက်မိသည်။ ဆေးရုံကိုလည်း ရွေးခွင့်မရှိ။ အနီးဆုံးဆေးရုံက Kingတို့ဆေးရုံဖြစ်သည်မို့ မတတ်နိုင်။

ဆေးရုံကိုရောက်၍ အထဲဝင်သည့်အချိန်တွင် ဝိုင်းကြည့်နေကြသူများကမနည်းမနော။ သို့သော် သုံးယောက်လုံး ထိုလူများကိုဂရုမစိုက်ဖြစ်ကြ။ လူနာတင်ကုတင်ရောက်လာသော်ငြား ကိုးလ်ကငြင်းဆိုသဖြင့် ဆေးရုံထဲသို့တွဲလျက်သာဝင်လိုက်ရသည်။

ဆေးရုံထဲရောက်သည်နှင့် ဘေဘေးက ကိုးလ်၏မန်နေဂျာကို လိုအပ်သည်များအားလုပ်ရန်ညွှန်ကြားလိုက်သည်မို့ မန်နေဂျာကချက်ချင်းထွက်သွားသည်။ ဘေဘေးနှင့်ကိုးလ်တို့ကတော့ သူနာပြုဆရာမလေးခေါ်ဆောင်ရာနောက် လိုက်သွားလိုက်ကြ၏။ ထောင့်ချိုးကွေ့တစ်ခုအရောက်...

"လူနာပါလို့ လမ်းခဏကပ်ပေးကြပါရှင့်"

သူနာပြုလေး၏တောင်းဆိုသံကြောင့်လမ်းပိတ်နေသူများက ကပ်ပေးကြစဉ်...

"Woww အဲ့ဒါ ကိုးလ်နဲ့YSH ဥက္ကဌမလား"

အသံများထွက်လာသည်မို့ ဘေဘေး မည်သူ့ကိုမှမကြည့်ဘဲ ရှေ့သို့တစ်လှမ်းလှမ်းလိုက်စဉ်...

"နိုရာ...မင်းဘယ်လိုဖြစ်ပြီး..."

ရုတ်တရက်ကြားလိုက်ရသောအာဏာ့အသံကြောင့်မော့ကြည့်လိုက်မိသည်။ ထိုအခါ အာဏာက မျက်ရိပ်ပြလာသည်မို့ နောက်ကိုကျော်ကြည့်လိုက်တော့ သူ့အားစိုက်ကြည့်နေသည့်မျက်ဝန်းများကြောင့် အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်မိစဉ်...

"နိုရာ ငါလည်းရှိတယ်"

အသံနှင့်အတူ ခေးဆက်က အာဏာ့နောက်မှပေါ်လာသည်မို့...

"ဪ အေး"

ထို့နောက် ခေးဆက်က ချက်ချင်းအနားကပ်လာပြီး ခပ်တိုးတိုးလာပြော၏။

"Onlineမှာမင်းသတင်းတွေချည်းပဲ... ဘယ်လိုဖြစ်လို့ ကိုယ်တိုင်လူတွဲတဲ့အထိဖြစ်သွားတာလဲ"

"နီးလို့လေ...နီးနေတာငါပဲရှိလို့... ဒါနဲ့Onlineက ဘာသတင်းတုန်း"

"ထားလိုက် မင်းပြီးမှကြည့်တော့...အာဏာ ငါတို့တွေကူတွဲလိုက်ရအောင်...နိုရာလည်းနာနေရောပေါ့...ဖယ်ဖယ် မင်းဖယ်"

"ဪ အေး"

အာဏာနှင့်ခေးဆက်တို့ အလိုက်သိစွာဖြင့် ကူဖို့ပြင်လိုက်ကြစဉ်...

"ကျွန်တော်က သူစိမ်းတွေနဲ့မဖြစ်လို့ပါ"

"....."

ကိုးလ်ကရုတ်တရက်ကြီးထပြောကာ ဘေဘေးပုခုံးကိုပို၍တင်းတင်ဆုပ်ကိုင်လိုက်ပြီး ငြင်းလိုက်သည်မို့ အာဏာအမြင်ကတ်သွားရ၏။

"နိုရာကလည်း သူစိမ်းပဲလေ"

"ဦးက သူစိမ်းမဟုတ်ပါဘူး... ကျွန်တော်က ဦးနဲ့ပတ်သက်ပြီးရင်းနှီးတာများတာမလို့မစိမ်းပါဘူး... အဲ့ဒါကြောင့်ပါ...ဦး ခဏလေးသည်းခံပေးမယ်မလား"

"နိုရာ့အသက်က ၃၀ပဲရှိသေးတာပါ...မင်းအသက်ကဘယ်လောက်မလို့ ဦးလို့ခေါ်နေတာတုန်း"

ခေးဆက်ကပါ မနေနိုင်မထိုင်နိုင်ဝင်မေးလိုက်တော့...

"ကျွန်တော်က ၁၉ပါ...ဦးဆိုတာက လေးစားသမှုနဲ့ခေါ်တာပါ... ဦးကိုအသက်ကြီးတယ်လို့ ပြောချင်တာမဟုတ်ပါဘူး... ဦးကဒီလောက်ဆွဲဆောင်မှုရှိတာကို... အ! ဦး ကျွန်တော့်လက်က ကိုက်နေပြီ"

"ကျစ်! ဖယ်တော့ ဖယ်တော့...ငါသူ့ကိုအရင်လိုက်ပို့ပေးလိုက်မယ်"

ပြောလိုက်တော့ အာဏာနှင့်ခေးဆက်က ချက်ချင်းဖယ်ပေးလိုက်ကြသည်မို့ နောက်မှလူနှင့်တန်းခနဲ။

Kingကဘေဘေးကိုတစ်ချက်ကြည့်ပြီးနောက် ကိုးလ်နှင့်မျက်လုံးချင်းဆုံသွားသည်။ ထို့နောက် အကြည့်တို့က အထက်အောက်သို့အနည်းငယ်ရွေ့လျားသွားပြီးနောက်တွင် ဘေဘေးကိုဖက်ထားသည့်လက်၌ ရပ်သွားအပြီး ချာခနဲလှည့်ထွက်သွားတော့၏။

Zawgyi//

King၏ တက္ေခါက္သံေၾကာင့္ ေဘေဘး၏ ခႏၶာကိုယ္က ဆတ္ခနဲတုန္သြားကာ ေျခတစ္လွမ္းပင္ေနာက္ဆုတ္မိသြားသည္အထိ။ ထို႔ေနာက္ ခ်က္ခ်င္း ရစ္သိုင္းတက္လာသည့္မ်က္ရည္ၾကည္မ်ား။ အံကိုႀကိတ္ကာ စိတ္ကိုတင္းထားသည္မို႔ ေဘေဘး၏မ်က္ႏွာကနီျမန္းျမန္းျဖစ္လာေတာ့၏။

ေျဖရွင္းခ်က္ကိုအေျပးအလႊားစဥ္းစားေနမိရင္း ေမာ့ၾကည့္လိုက္ေတာ့ Kingကသူ႔အားမ်က္ႏွာလႊဲထား႐ုံသာမက မ်က္ဝန္းမ်ားကိုပါမွိတ္ထားၿပီး အံႀကိတ္ထားသည္မို႔ ေမး႐ိုးမ်ားကိုထင္းေနေအာင္ျမင္ေနရသည္။

လက္ႏွစ္ဖက္ကိုၾကည့္လိုက္ေတာ့ တစ္ဖက္တြင္စီးကရက္ဘူးႏွင့္မီးျခစ္အားက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားၿပီး ေနာက္တစ္ဖက္တြင္ မီးညႇိထားလက္စေဆးလိပ္က အေငြ႕တလူလူႏွင့္။ ေလ့တစ္ခ်က္ေဝ့လာတိုင္း ေလာင္ကြၽမ္းမႈကျမန္လာေသာေၾကာင့္ မၾကာခင္တြင္ King၏လက္ကိုမီးစြဲခါနီးလာၿပီမို႔ ခ်က္ခ်င္းဆြဲယူလိုက္မိေတာ့ မ်က္လုံးမ်ားကို ဖြင့္ၾကည့္လာသည္မို႔...

"မင္းလက္ကိုမီးထိေတာ့မွာမလို႔"

အသံကိုထိန္းေျပာလိုက္ရင္း ေဆးလိပ္ကိုၾကမ္းေပၚပစ္ခ်ကာ အိမ္စီးဖိနပ္ႏွင့္ပင္ဖိေခ်လိုက္မိၿပီး ေခါင္းငုံ႔ထားရင္းမွ...

"ေတာင္းပန္ပါတယ္"

"....."

"ငါမွားပါတယ္"

"....."

သို႔ေသာ္ မည္သည့္တုံ႔ျပန္သံမွမၾကားရသည္မို႔ ေမာ့ၾကည့္ဖို႔ျပင္လိုက္စဥ္…

"အထဲဝင္"

Kingကေျပာလိုက္ရင္း လက္မွဆြဲယူကာအိမ္ထဲေခၚသြင္းသည္။ ဝရံတာတံခါးကို သူကိုယ္တိုင္ျပန္ပိတ္လိုက္ၿပီးေနာက္…

"သြားအိပ္ေတာ့"

ေျပာလာသည္မို႔ ေဘေဘးေမာ့ၾကည့္လိုက္မိေတာ့ မ်က္ႏွာထက္မည္သည့္ခံစားခ်က္မွမရွိသလိုတည္ၿငိမ္စြာ။

Kingက သူ႔ကိုတစ္ခ်က္ၾကည့္လာၿပီးေနာက္ ေဘးမွေကြ႕ေရွာင္သြား၏။

"King"

ေခၚလိုက္ေသာ္လည္း တစ္ခ်က္ရပ္မသြားဘဲဆက္ေလွ်ာက္သြားသည္မို႔ ေနာက္မွလိုက္သြားလိုက္မိသည္။ Kingကသူ႔ကိုတစ္ခ်က္လွည့္မၾကည့္ဘဲ ထမင္းစားခန္းထဲသို႔ေလွ်ာက္သြားၿပီးေနာက္ လက္ထဲရွိ စီးကရက္ဘူးႏွင့္မီးျခစ္ကိုအမႈိက္ပုံးထဲထည့္လိုက္သည္။ ထို႔ေနာက္ လက္ကိုေသခ်ာေဆးေနသည့္ပုံစံက ေဘေဘးကိုရွိသည္ဟုေတာင္မထင္သည့္ပုံဟန္။

ေဘေဘးတစ္ေယာက္ သူ႔အားေက်ာခိုင္းထားသူ၏ ေက်ာျပင္က်ယ္အားၾကည့္ၿပီး ရင္ထဲမွတလႈိက္လႈိက္ႏွင့္ ဝမ္းနည္းလာ၏။ မ်က္ဝန္းနက္မ်ားတြင္လည္း မ်က္ရည္တို႔ကခ်က္ခ်င္းျပည့္အိုင္လာၿပီး...

"ငါ...ေနာက္ဆုံးအေနနဲ႔ တစ္လိပ္ပဲေသာက္ဖို႔စိတ္ကူးခဲ့တာပါ"

"....."

ေဘေဘး ဘာတုံ႔ျပန္မႈမွမရွိသည့္ေက်ာျပင္က်ယ္ကိုၾကည့္ရင္း မ်က္ရည္တို႔ကေပါက္ခနဲ။

"ငါ..."

စကားထပ္ေျပာဖို႔လုပ္လိုက္ေသာ္ျငား အသံက တိမ္ဝင္သြားသည္မို႔ရပ္လိုက္မိကာ အသက္ကိုမွန္မွန္ရႉလိုက္ရင္း စိတ္ကိုထိန္းလိုက္ၿပီးမွ...

"ငါမင္းကိုမညာပါဘူး...ငါ...အဲ့စီးကရက္ဘူးကိုမင္းမသိေအာင္ဝယ္ထားတာမဟုတ္ပါဘူး"

"....."

"အဲ့ဒါက အရင္တုန္းက ဝယ္ထားတဲ့ထဲက က်န္ေနတဲ့ဟာပါ...အဲ့ဒါေၾကာင့္..."

ေဘေဘး၏အသံသည္ တစ္ခ်က္တစ္ခ်က္တိမ္ဝင္သြားသလို ျပတ္ေတာင္းေတာင္းလည္းျဖစ္ေနသည္။ ပါးျပင္တို႔ထက္ မ်က္ရည္စတို႔ျဖင့္စြတ္စိုေနၿပီး ႏႈတ္ခမ္းကိုလွ်ာျဖင့္အသာသပ္ကာ ဆက္ေျပာရမည့္စကားလုံးတို႔ကိုရွာေဖြေနဟန္က ဝကၤပါထဲသို႔ေရာက္ေနသူလိုပင္။

"အဲ့ဒါေၾကာင့္...အဲ့ဒါေၾကာင့္မလို႔… ငါကမင္းမသိေအာင္ မင္းကိုလိမ္ထားၿပီး ေဆးလိပ္ျပန္ေသာက္ေနတာမဟုတ္ပါဘူး"

"....."

ေဘေဘး၏စကားသံတို႔သည္ျပတ္ေတာင္းေတာင္းျဖစ္ေနေသာ္ျငား လက္ေဆးေနသည့္ေရက်သံကေတာ့ တစ္ခ်က္ျပတ္မသြား။ အလားတူပင္ ေဆးေၾကာခံေနရသည့္လက္ႏွစ္ဖက္သည္လည္း ပုံမွန္အတိုင္း အဆက္မျပတ္လႈပ္ရွားေနၾကဆဲ။

ေဘေဘး ထိုလက္တို႔အားၾကည့္ေနရင္း မ်က္ရည္စတို႔ကပို၍က်လာကာ...

"King! ေတာ္ပါေတာ့!"

ေျပာလိုက္ရင္း မညႇာမတာပြတ္သပ္ခံေနရသည့္လက္ႏွစ္ဖက္အားဆြဲယူလိုက္မိၿပီး...

"ငါ့ကိုစိတ္ဆိုးေနတာမလား...လုပ္ပါ...ငါ့ကိုပဲတစ္ခုခုလုပ္...မင္းစိတ္ဆိုးေနတာငါသိတာမလို႔ အမွားလုပ္မိတဲ့ငါ့ကိုပဲတစ္ခုခုလုပ္ပါ"

"....."

ေျပာၿပီးေနာက္ ဆြဲယူလိုက္သည့္လက္ႏွစ္ဖက္ကိုငုံ႔ၾကည့္လိုက္မိေတာ့ ေရဝေန၍ ပဲႀကီးေရခြံတြန္႔ေနသည့္လက္တို႔ကျမင္မေကာင္း။ ေဘေဘး ထိုလက္တို႔ကိုဆုပ္ကိုင္ထားရင္းႏွင့္ မ်က္ရည္တို႔ကပိုမိုကာက်ဆင္းလာၿပီး...

"ငါ...ငါေတာင္းပန္ပါတယ္...မင္းမသိေလာက္ဘူး...မဟုတ္ဘူး မင္း ဒီေလာက္ထိစိတ္မဆိုး...က်စ္! ငါဘာေတြေျပာေနမိတာလဲမသိဘူး...ဒါေပမယ့္ ငါေျပာခ်င္တာက ငါတကယ္ ေဆးလိပ္ျပန္ေသာက္ဖို႔ဆုံးျဖတ္ခဲ့တာမဟုတ္ပါဘူး...ငါတကယ္ေျပာတာပါ"

"....."

"ဒီတစ္လိပ္ကို ေနာက္ဆုံးအေနနဲ႔သေဘာထားခဲ့တာပါ...King မင္းအရမ္းစိတ္ဆိုးေနရင္ေတာင္ ငါ့ကိုယုံေပးပါဦး"

ေျပာၿပီးေနာက္ ေမာ့ၾကည့္လိုက္မိေတာ့ တစ္ဖက္ကခ်က္ခ်င္းမ်က္ႏွာလႊဲသြားသည္။ မ်က္ရည္ၾကည္ေလးတစ္စက္သည္ မီးေရာင္ေအာက္တြင္လက္ခနဲျဖစ္သြားကာ ၾကမ္းျပင္ထက္သက္ဆင္းသြားသည္ကိုေတာ့ တစ္ေယာက္ေသာသူသာသိလိုက္ပါ၏။

မိမိကိုမ်က္ႏွာလႊဲထား႐ုံတင္မက မ်က္ဝန္းမ်ားကိုပါပိတ္ထားသူေၾကာင့္ ေဘေဘးတစ္ေယာက္ ပို၍ဝမ္းနည္းလာကာ ဆုပ္ကိုင္ထားမိသည့္လက္ႏွစ္ဖက္ကိုလႊတ္လိုက္ၿပီး လည္တိုင္မွသိုင္းကာဆြဲဖက္လိုက္မိရင္း...

"ငါမွားပါတယ္ ငါ့ကိုပစ္မထားပါနဲ႔"

"....."

တိုးဖြဖြေတာင္းပန္ေနမိရင္း ၿငိမ္သက္ေနသူ၏ ညာဘက္ပုခုံးထက္မ်က္ႏွာကိုေမွာက္ခ်လိုက္မိသည္။

"ငါ့ကိုစိတ္မပ်က္သြားပါနဲ႔"

အသံတိမ္တိမ္ေလးႏွင့္ေျပာလိုက္မိၿပီးေနာက္ ပုခုံးတို႔ကတသိမ့္သိမ့္တုန္လာေတာ့၏။

"ငါေတာင္းပန္ပါတယ္ ငါေတာင္းပန္ပါတယ္လို႔... ငါ့ကိုစိတ္ဆိုးလည္းရပါတယ္... ငါ့ကိုေအာ္လည္းရပါတယ္... ငါ့ကို႐ိုက္ခ်င္လည္း႐ိုက္ပါ... ဒါေပမယ့္ ခုလိုႀကီးေတာ့ ဥေပကၡာျပဳမထားပါနဲ႔... ငါမွားပါတယ္... ငါ့က်န္းမာေရးနဲ႔ပတ္သက္ရင္ မင္းအရမ္းစိုးရိမ္ၿပီးဂ႐ုစိုက္မွန္းသိပါတယ္...အဲ့ဒါကို ငါက...အင့္"

"ေတာ္ေတာ့"

"ဟင့္အင္း...အင့္...ငါ့မွားပါတယ္...ငါ့ကိုဂ႐ုစိုက္ပါဦး...ငါ့မွားတာမလို႔ ငါ့ကို႐ိုက္...မဟုတ္ဘူး... တစ္ခ်က္ေလာက္ထိုးရင္ထိုး"

"ေဘးႏိုရာ!!!"

အသံႏွင့္အတူ ဖက္ထားေသာလက္ႏွစ္ဖက္လုံးဆြဲျဖဳတ္ခံလိုက္ရၿပီး ပုခုံးႏွစ္ဖက္မွဆုပ္ကိုင္ကာ ခႏၶာကိုယ္ႏွစ္ခုအားဆြဲခြာခံလိုက္ရၿပီးေနာက္...

"မင္းဘယ္လိုေတြေျပာေနတာလဲ!"

"King ငါက..."

"ငါကမင္းကိုဘယ္လိုလုပ္ထိုးရက္မွာလဲ!"

"King!!!"

"ဘာလို႔ တစ္ျခားသူကို မင္းခႏၶာကိုယ္ကိုထိခိုက္ခြင့္ေပးႏိုင္ရတာလဲ!!!"

"King!!! အဲ့ဒါကမင္းေလ! မင္းမို႔လို႔ေလ! ဘာလို႔လဲဆိုေတာ့ မင္းကငါခ်စ္ရတဲ့သူမလို႔ေလ!"

"ငါမဟုတ္ရင္ေရာ"

"ဘာ!"

"မင္းခ်စ္တဲ့သူကငါမဟုတ္ရင္ေရာ မင္းကအဲ့စကားေျပာႏိုင္ေသးတာလား"

"မင္းဘာေတြေျပာေနတာလဲ... မင္းမျဖစ္စရာဘာအေၾကာင္းရွိလို႔လဲ... ငါကမင္းကိုပဲခ်စ္ခဲ့တာ... အၿမဲလည္းခ်စ္ေနဦးမွာပဲ"

"အဲ့လူက ငါမဟုတ္ခဲ့ရင္ေရာ"

"စဝ္မင္းႏြယ္ဧကရာဇ္!!! မင္းဘာျဖစ္ေနတာလဲ!!"

"ဘယ္သူ႔ကိုျဖစ္ျဖစ္ မင္းကို ထိခိုက္ေစခြင့္ေပးဖို႔မလိုဘူး"

"....."

"ငါကမင္းကိုတစ္ခုခုလုပ္မိရင္ေတာင္ မင္းကငါ့ကိုျပန္လုပ္ရမယ္"

"King!!!"

"မင္းကိုယ္မင္း ထိခိုက္မယ့္စကား ငါ့ကိုထပ္မေျပာမိေစနဲ႔"

"King ငါမင္းကိုယုံတယ္ေလ...ငါေျပာလိုက္တာက..."

"ေတာ္ေတာ့ သြားအိပ္"

"မင္းကေရာ"

ထို႔ေနာက္တြင္ Kingက ဘာမွမေျပာေတာ့ဘဲ ေဘေဘးကိုလက္မွ ဆြဲကာေခၚသြားေတာ့သည္။

ကုတင္နားကိုေရာက္ေတာ့မွ လက္လႊတ္ေပးၿပီး...

"အိပ္ေတာ့"

"မင္းကေရာ"

"လုပ္စရာရွိတယ္"

ထိုစကားကိုသာေျပာၿပီး အလုပ္စားပြဲဆီထြက္သြားသည္မို႔ ေဘေဘးေနာက္မွလိုက္သြားလိုက္မိ၏။

သို႔ေသာ္ Kingက သူ႔အလုပ္ကိုသာအာ႐ုံစိုက္ေနၿပီး မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ေနေသာ ေဘေဘးကိုတစ္ခ်က္မၾကည့္။ ေဘေဘးတစ္ေယာက္ ၿငိမ္သက္စြာပင္ ခ်စ္ရသူအားေငးၾကည့္ေနမိသည္။ သူၾကည့္ေနစဥ္တြင္ Kingကထရပ္လိုက္ၿပီး စာအုပ္စင္ရွိစာအုပ္မ်ားကိုလက္ေခ်ာင္းတို႔ျဖင့္ေထာက္ရင္း တစ္ခုခုကိုရွာေဖြေနဟန္။

ခဏအၾကာ၌ ရွာေတြ႕သြားပုံရၿပီး စာအုပ္တစ္အုပ္ကိုဆြဲထုတ္လိုက္ၿပီးေနာက္ အနည္းငယ္ လွန္ေလွာၾကည့္အၿပီးတြင္ျပန္ပိတ္လိုက္ၿပီး ေဘေဘးဘက္ကိုလွည့္ကာ ကမ္းေပးလာသည္မို႔...

"ဘာလဲ"

"....."

ေမးလိုက္ေသာ္လည္း ဘာမွျပန္မေျပာေသာေၾကာင့္ ေအာက္ႏႈတ္ခမ္းကိုအသာဖိကိုက္မိၿပီး လွမ္းယူလိုက္ေတာ့ အၾကည့္လႊဲသြားကာ ျပန္ထိုင္ၿပီးသူ႔အလုပ္သူဆက္လုပ္ေနသည္။

ေဘေဘး လက္ထဲမွစာအုပ္ကိုငုံ႔ၾကည့္လိုက္ေတာ့ စာအုပ္အဖုံးထက္၌ အနီေရာင္စက္ဝိုင္းထဲမွ မီးညႇိထားေသာစီးကရက္တစ္လိပ္အား အနီေရာင္ကန္႔လန္႔ျဖတ္မ်ဥ္းတစ္ေၾကာင္းျဖင့္ ျဖတ္ထားသည့္ပုံ (No smoking sign)ကိုေတြ႕လိုက္ရ၏။

အတြင္းကိုလွန္ၾကည့္ကာ ဖတ္လိုက္ေတာ့ ေဆးလိပ္၏ဆိုးက်ိဳးမ်ားအေၾကာင္း ပုံႏွင့္တကြ အက်ယ္တဝင့္ ရွင္းျပထားသည္ကိုေတြ႕ရသည္။ ႏွလုံးေသြးေၾကာက်ဥ္းျခင္း၊ ေသြးတိုးျခင္း၊ ႐ုတ္တရက္ ႏွလုံးေသြးရပ္ျခင္း၊ ေလျဖတ္ျခင္း၊ အဆုတ္ကင္ဆာျဖစ္ျခင္းတို႔အျပင္ ေျခပုပ္လက္ပုပ္ေရာဂါမ်ားအေၾကာင္း ပုံမ်ားကိုေတြ႕လိုက္ရသည္မို႔ ေဘေဘးတစ္ေယာက္ ေျခဖ်ားတို႔ပင္ကုပ္မိသြားသည္အထိ။

ေရာဂါျဖစ္တတ္တာသိပါတယ္...ခုလိုပုံေတြျပၿပီးေျခာက္ဖို႔ထိလိုလို႔လား...

ေဘေဘးတစ္ေယာက္ ပုံမ်ားကိုၾကည့္ရင္း မ်က္ႏွာကမအီမသာျဖစ္လာသည္မို႔ ဆက္မၾကည့္ေတာ့ဘဲ ေနာက္သို႔အျမန္လွန္လိုက္သည္။

ေဆးလိပ္စြဲသြားလွ်င္ က်န္းမာေရးထိခိုက္မႈပိုမ်ားေၾကာင္း၊ ေရာဂါျဖစ္လြယ္ေၾကာင္း၊ ဉာဏ္ရည္ထိုင္းေစေၾကာင္းစသည္ျဖင့္ ထပ္မံသိလိုက္ရၿပီးေနာက္ ေမြးကင္းစကေလးမ်ားႏွင့္ လသားကေလးငယ္မ်ားသာရႉရႈိက္မိပါက အသက္ရႉလမ္းေၾကာင္းေရာဂါမ်ား၊ နားျပည္ယိုျခင္းမ်ားကိုျဖစ္ေစႏိုင္သည့္အျပင္ ႐ုတ္တရက္ေသဆုံးျခင္းမ်ားကိုပါျဖစ္ေစႏိုင္သည္ဟူ၍ ေရးသားထားသည္မို႔ မ်က္ခုံးပင့္လိုက္မိ၏။

တျဖည္းျဖည္းဖတ္ရင္း၊ဖတ္ရင္းႏွင့္ အမ်ိဳးသားမ်ားတြင္ အိမ္ေထာင္ေရးသုခအျပည့္အဝမခံစားႏိုင္ျခင္းဟူသည့္ အခ်က္သို႔အေရာက္ အိပ္ခ်င္ေနသည့္မ်က္လုံးတို႔ပင္ျပဴးက်ယ္သြားေတာ့သည္။

ေသခ်ာဖတ္ၾကည့္ၿပီးသည့္ေနာက္တြင္ေတာ့ ေဆးလိပ္ကိုလုံးဝမထိေတာ့ဖို႔ စိတ္ထဲမွက်ိန္ဆိုလိုက္မိၿပီးေနာက္ မ်က္လုံးကိုခဏအနားေပးမည္ဟူ၍ စားပြဲထက္လက္ႏွစ္ဖက္ကိုေကြး၍တင္ကာ မ်က္ႏွာကိုေမွာက္ခ်လိုက္ၿပီးေနာက္တြင္ ေခါင္းကိုျပန္၍မေထာင္ႏိုင္ေတာ့။

အတန္ၾကာတြင္ ကံ့ေကာ္သင္းနံ႔ေမႊးပ်ံ႕ေနေသာကမာၻငယ္ထဲေရာက္ရွိသြားရင္း အထိအေတြ႕တစ္ခ်ိဳ႕၊ လႈပ္ရွားမႈတစ္ခ်ိဳ႕ကိုခံစားလိုက္ရသည္။ တစ္ဖန္ ေႏြးေထြးေသာခံစားခ်က္ႏွင့္အတူ မ်က္ႏွာအစိတ္အပိုင္းတို႔သည္လည္း တစ္ခ်က္တစ္ခ်က္ေႏြးသြားသလိုပင္။

ဤသို႔ ေႏြးေထြးေမႊးပ်ံ႕ေသာခံစားခ်က္မ်ားႏွင့္အတူ သာယာေသာလြင္ျပင္တစ္ခုထဲသို႔ေရာက္ရွိေနျခင္းေၾကာင့္ ေဘေဘး၏မ်က္ႏွာေလးသည္ အနည္းငယ္ပင္ၿပဳံးေနသေယာင္ ျဖစ္ေနေတာ့၏။

>>>

ေဘေဘးတစ္ေယာက္ ႏိုးလာလာခ်င္း ဖုန္းကိုယူၾကည့္လိုက္ေတာ့ ၇နာရီ ၁၅မိနစ္။ အိပ္ခန္းတြင္း မ်က္လုံးေဝ့ၾကည့္လိုက္ေတာ့လည္းမည္သူမွမရွိ။

ကေလးေတြကိုမနက္စာေကြၽးေနေလာက္ေရာေပါ့...

အေတြးႏွင့္အတူ အိပ္ရာထက္မွဆင္းကာထရပ္လိုက္ၿပီးမွ ညကျပႆနာမ်ားကိုသတိရသြားေတာ့သည္။ ကိုယ္႐ုပ္ကိုယ္ မွန္ဆီအျမန္ေျပးၾကည့္လိုက္ေတာ့ အနည္းငယ္ ေဖာင္းအစ္ေနသည့္မ်က္လုံးမ်ားေၾကာင့္ စိတ္ညစ္သြားရ၏။

တစ္ဖန္ သူညကအိပ္ေပ်ာ္ခဲ့သည့္ေနရာကိုစဥ္းစားလိုက္မိေတာ့ King သူ႔ကိုေ႐ႊ႕ေပးထားေၾကာင္းသိလိုက္ရသည္မို႔ စိတ္ထဲေက်နပ္သြားသည္။

ခုေလာက္ဆို စိတ္ဆိုးေျပေလာက္ပါၿပီ...မေျပရင္လည္း နမ္းၿပီးေခ်ာ့ၾကည့္ရမယ္...

ကိုယ့္အေတြးႏွင့္ကိုယ္ ေက်နပ္စြာေတြးလိုက္ၿပီးေနာက္ ေရခ်ိဳးခန္းထဲဝင္ကာ သန္႔စင္ျခင္းကိစၥမ်ားကိုလုပ္လိုက္အၿပီး အဝတ္လဲကာ အျမန္ထြက္လာခဲ့လိုက္သည္။

ထမင္းစားခန္းထဲကိုေရာက္ေတာ့ ေတြ႕လိုက္ရသည္က သားႏွစ္ေယာက္ႏွင့္ မနက္ေစာေစာစီးစီး အိမ္ကိုေရာက္ေနသည့္ထူးျမတ္။

"မင္းကဘာလာလုပ္တာလဲ"

"မင္းဆီလာတာမဟုတ္ဘူး"

အျမင္ကတ္စြာျဖင့္ ႏႈတ္ခမ္းမဲ့ျပလိုက္ေတာ့ ထူးျမတ္ကလည္း မ်က္ခုံးတစ္ဖက္ကိုပင့္ျပလာသည္။ ေဘေဘးတစ္ေယာက္ အလိုမက်စြာျဖင့္ ထိုင္ခုံကိုဆြဲကာထိုင္လိုက္ၿပီး ဟိုၾကည့္ဒီၾကည့္လုပ္လိုက္စဥ္...

"မင္းလင္ မရွိဘူး"

"ဝမ္း"

"အင္းပါ အင္းပါ...Kingမရွိဘူး ရွာမေနနဲ႔လို႔ေျပာတာ"

ထူးျမတ္စကားေၾကာင့္ ေဘေဘးမ်က္ေမွာင္ၾကဳတ္မိသြားၿပီး...

"ဘာလို႔မရွိတာလဲ"

ေမးလိုက္ေတာ့...

"အမ္ ပါပါးမသိဘူးလား...ႏိုႏိုတို႔လည္းေသခ်ာမသိဘူးေလ...ဒယ္ဒီက အလုပ္ရွိတယ္ပဲေျပာသြားတာ"

"ဒီေလာက္အေစာႀကီးေလ"

"အာ့ေတာ့ ႏိုႏိုမသိဘူးေလ"

အေျခအေနကို ေဘေဘးအလိုမက်စြာေတြးလိုက္မိၿပီးေနာက္ ဖုန္းကိုထုတ္ကာဆက္လိုက္မိသည္။

သို႔ေသာ္ တစ္ဖက္မွမကိုင္။

သုံးႀကိမ္တိတိဆက္လိုက္ေသာ္ျငားမကိုင္သည္မို႔ ေဘေဘးစိတ္မၾကည္ေတာ့။ မ်က္ႏွာခ်င္းဆိုင္မွထူးျမတ္က ေဘေဘးကိုမ်က္လုံးလွန္ၾကည့္လာၿပီး...

"ဘာလဲ ရန္ျဖစ္ထားတာလား"

ထိုေမးခြန္းအဆုံးသားႏွစ္ေယာက္၏ အၾကည့္မ်ားကပါေရာက္လာသည္မို႔ ေဘေဘးသက္ျပင္းခ်လိုက္မိၿပီး...

"ေအး"

"ဝါး ပါပါးဘာလုပ္လိုက္လို႔လဲ"

သူ႔ဘက္က အတည္ျပဳလိုက္႐ုံရွိေသး မ်က္လုံးျပဴးကာေမးလာေသာႏိုႏို႔ေၾကာင့္...

"ဘာတုန္း ျပႆနာျဖစ္တိုင္း ပါပါးအမွားျဖစ္ရမွာလား"

"ပါပါးမမွားလို႔ဘယ္သူမွားမွာလဲ...ဒယ္ဒီကသူ႔ဘာသာေနတဲ့ဟာကို"

"....."

"အဲ့ဒါေၾကာင့္ ၾကည့္ေနတာ...မနက္က ဒယ္ဒီ့မ်က္ႏွာကပုံမွန္ထက္တည္ေနပါတယ္လို႔"

"မင္းတို႔ဒယ္ဒီကဘယ္တုန္းကမတည္လို႔လဲ...အၿမဲတမ္း ေရခဲ႐ိုက္မ်က္ႏွာနဲ႔ကို"

"ပါပါးမၾကည့္တတ္လည္း ႏိုႏိုၾကည့္တတ္ပါတယ္...ပါပါးဘာလုပ္လိုက္လို႔လဲ"

ထို႔ေနာက္တြင္ သုံးေယာက္လုံးကသူ႔ကိုတရားခံစစ္သလိုစစ္လာၾကသည္မို႔...

"က်စ္! ေဆးလိပ္တစ္ဖြာပဲေသာက္မိတာပါကြာ"

"ဘာ!"

"ပါပါး!"

"ပါပါး!"

"ငါညကေသေအာင္အဆူခံၿပီးၿပီ...ဘာမွထပ္မေျပာၾကနဲ႔ေတာ့"

ပိတ္ေျပာလိုက္ၿပီး ဘဲသားမုန္႔တစ္ခုကိုယူစားလိုက္မိသည္။ စိတ္ကအလိုမက်သည္မို႔ အစားစားေနေသာ္လည္း စိတ္ကမပါခ်င္။

ဘယ္တုန္းကမ်ား ဒီအခ်ိန္အလုပ္သြားဖူးလို႔လဲ...

မေက်မနပ္ေတြးလိုက္မိရင္း ဘဲသားမုန္႔ကိုတစ္ကိုက္ကိုက္လိုက္မိသည္။ စိတ္ဆိုးေနလွ်င္ ဆက္ေခ်ာ့ဖို႔ျပင္ဆင္ထားေသာ္ျငား အေခ်ာ့ခံမည့္သူကမရွိသည္မို႔ ဘာလုပ္လို႔လုပ္ရမွန္းမသိ။ ထို႔ျပင္ ေန႔တိုင္းမနက္စာအတူစားေနက်ကို ဘာမွမေျပာဘဲထြက္သြားသည္မို႔ အနည္းငယ္ပင္ဝမ္းနည္းလာသလို။

စိတ္ဆိုးေနရင္ေတာင္ ေခ်ာ့ဖို႔အခြင့္အေရးေတာ့ေပးသင့္တာေပါ့...

"ႏြားႏို႔ေသာက္...ပါးစပ္ထဲငုံမထားနဲ႔"

ထူးျမတ္ကသူ႔ကိုၾကည့္ကာသတိေပးလာေသာေၾကာင့္...

"အင္း"

ေဘေဘး ပါးစပ္ထဲမွဘဲသားမုန္႔မ်ားကို ႏြားႏို႔ျဖင့္ေမွ်ာခ်လိုက္ေတာ့သည္။

"ပါပါးအရမ္းဝမ္းမနည္းပါနဲ႔... ဒယ္ဒီက အရမ္းစိတ္ဆိုးတဲ့ပုံမေပၚပါဘူး...ပါပါးကို မနက္စာေသခ်ာေကြၽးလို႔ မွာသြားေသးတယ္...ပါပါးေသခ်ာစားေနလိုက္...ႏိုႏိုဓာတ္ပုံ႐ိုက္ၿပီးပို႔ေပးလိုက္မလို႔...တကယ္ေျပာတာ...ေနာ္ ကိုကို"

"အင္း...ပါပါးကို ၾကက္ဥျပဳတ္တစ္လုံးလည္းေကြၽးခိုင္းခဲ့တယ္"

"ဟုတ္တယ္ ဟုတ္တယ္...ဒယ္ဒီကအကုန္ခြာေပးခဲ့တာ...ကယ္ဝမ္း ၾကက္ဥျပဳတ္ပန္းကန္ကို ပါပါးေရွ႕ပို႔ေပးပါဦး"

ႏိုႏို႔စကားအဆုံး ထူးျမတ္က ၾကက္ဥျပဳတ္ပန္းကန္ကိုေဘေဘးေရွ႕သိုေ႐ႊ႕ေပးလိုက္၏။

"ပါပါး ၾကက္ဥျပဳတ္တစ္လုံးကိုယူၿပီး တစ္ကိုက္ကိုက္လိုက္...ႏိုႏိုအမိအရ႐ိုက္ေပးမယ္"

ႏိုႏိုေျပာသည့္အတိုင္းလုပ္လိုက္ေတာ့ ႏိုႏိုက ဓာတ္ပုံကိုေသခ်ာ႐ိုက္လိုက္ၿပီး...

"Okၿပီ...ပါပါးေခ်ာတယ္...ပို႔လိုက္ၿပီ...ဒါေပမယ့္ Seenေတာ့မျဖစ္ေသးဘူး...ဒယ္ဒီမအားလို႔ေနမယ္...မအားလို႔ ပါပါးဖုန္းကိုမကိုင္တာပါ"

"အင္း"

"အင္း ဒါနဲ႔ေျပာပါဦး...ဘာလို႔ ေဆးလိပ္ျပန္ေသာက္တာလဲ...ဒယ္ဒီေရာ၊ႏိုႏိုတို႔ပါ ဝိုင္းျဖတ္ေပးထားတာကို"

"ႏႈတ္ဆက္တဲ့အေနနဲ႔ တစ္လိပ္ပဲေသာက္တာပါကြာ"

"ပါပါးပဲေျပာ...ၿပီးရင္ တစ္လိပ္ပဲတစ္လိပ္ပဲနဲ႔...ပါပါးကေလ...ကိုယ္ပိုက္ဆံကိုယ္ရွာၿပီး ဆရာဝန္ေတြကိုပိုက္ဆံအပုံလိုက္စုေပးခ်င္ေနတာ...အနာကလည္းခံရဦးမယ္"

"ပါပါးလိုလူေတြမရွိရင္ မင္းဒယ္ဒီထမင္းငတ္သြားမွာေပါ့"

"ပါပါး!!!"

"ဘာလဲ...မေသာက္ေတာ့ပါဘူးဆို...ျဖတ္လိုက္ၿပီ...လုံးဝပဲ...ညကမင္းဒယ္ဒီက စကားနဲ႔ေတာင္မဆုံးမေတာ့ဘူး... စာအုပ္ေပးၿပီးဆုံးမသြားလို႔ ၾကက္သီးထခံၿပီး ပုံေတြတဝႀကီးၾကည့္လိုက္ရတယ္...ေတာ္ၿပီ စားလို႔ဝၿပီ... အလုပ္သြားေတာ့မယ္...ႏွစ္ေယာက္လုံး ေက်ာင္းကိုဂ႐ုစိုက္သြားၾက"

"ပူမေနနဲ႔ ငါလိုက္ပို႔မွာ"

"သိတယ္ေလ"

"သိရင္ ဘာကိစၥႏွစ္ေယာက္ကိုပဲေျပာလဲ"

"မင္းကငါ့သားလား"

"မင္းသြားလိုက္ေတာ့"

ထိုအခါ ေဘေဘးကၿပဳံးစိစိျဖစ္သြားၿပီး...

"ငါ့မိသားစုထဲဝင္ခ်င္လည္းျဖစ္ပါတယ္... သားေတြပဲေမြးထားတာဆိုေတာ့ ေခြၽးမေတာ္မယ္ေလ... ေခြၽးမေလးလည္း ဂ႐ုစိုက္ေနာ္"

ေဘေဘးက ထူးျမတ္ကိုစရင္း ထမင္းစားခန္းထဲမွေျပးထြက္သြားသည္မို႔...

"ေခြးေကာင္!!!"

"ဝမ္း!"

"ဘာလဲ သူေျပာလို႔ေျပာတာေလ"

"....."

"ထားေတာ့ ထားေတာ့...မဆဲေတာ့ဘူး"

ဘယ္သူေတြဘာပဲျဖစ္ျဖစ္ ႏိုႏိုတစ္ေယာက္ကေတာ့ ၿပဳံးစိစိႏွင့္ မနက္စာကိုအဝစားေနဆဲပင္။

"ဂ်စ္ကား ကိုကို႔ကိုစိတ္ဆိုးတာဆိုရင္လည္း ပြင့္ပြင့္လင္းလင္းေျပာပါကြာ...ခုလိုႀကီးျပန္သြားဖို႔ထိ မလိုပါဘူး"

"ကိုကိုဘာေတြေျပာေနတာလဲ...ကြၽန္ေတာ္ တကယ္အလုပ္ရွိလို႔ပါ"

"႐ုတ္တရက္ႀကီး အလုပ္ကဘယ္ကေပၚလာတာလဲ"

"အၿမဲ ကိုယ္စီစဥ္ထားသလိုျဖစ္တာမွမဟုတ္တာဗ်ာ...Luggageေပး ကြၽန္ေတာ့္ကို"

လက္ထဲမွ Luggageကဆြဲယူဟန္ျပင္လိုက္ေသာဂ်စ္ကားေၾကာင့္ အာဏာခႏၶာကိုယ္ႏွင့္ကြယ္လိုက္မိေတာ့...

"ေလယာဥ္ခ်ိန္နီးေနၿပီေလ...ဘာလဲ ကိုကိုပဲအတင္းထည့္ေပးၿပီး ခုက်ျပန္ယူထားမလို႔လား"

"အင္း ယူထားရင္ေရာ"

"အာ ျပန္ယူထားခ်င္ယူထားေလ...ကြၽန္ေတာ္ကျဖစ္ပါတယ္...လာတုန္းကေတာင္ဘာမွမွမပါဘဲ"

"ေတြ႕လား အဲ့ဒါကိုကမူမမွန္တာပဲ...ဘာလို႔စိတ္မဆိုးတာလဲ"

"ဟား ကိုကိုရာ...ဘာလဲ ကြၽန္ေတာ္ကမျဖစ္မေနစိတ္ဆိုးဖို႔လိုအပ္ေနလို႔လား"

"လိုအပ္တာမဟုတ္ဘူး...အဲ့ဒါက မင္းပုံစံေလ...အဲ့လိုေလးက ခ်စ္ဖို႔ေကာင္းတယ္ေလ...မင္းစိတ္ဆိုးလည္း ကိုယ္ေခ်ာ့ႏိုင္ပါတယ္"

"အဲ့ေတာ့ ကိုကိုေခ်ာ့ဖို႔ ကြၽန္ေတာ္ကစိတ္မဆိုးခ်င္လည္း စိတ္ဆိုးရမယ္ေပါ့"

"မဟုတ္ဘူးေလကြာ...ကိုယ္ေျပာခ်င္တာက အဲ့လိုပုံစံကမင္းရဲ႕မူရင္းပုံစံပဲေလ"

သခၤါတစ္ေယာက္ မိမိေရွ႕မွလူသားအားၾကည့္ကာ စိတ္ပ်က္လက္ပ်က္သက္ျပင္းခ်လိုက္မိၿပီး...

"အိုေခ အခုပုံစံေျပာင္းသြားၿပီ...ကိုကို ဘာျဖစ္ခ်င္လဲ"

"ဘာ"

"ကြၽန္ေတာ္ပုံစံေျပာင္းလိုက္ၿပီ...ကြၽန္ေတာ့္အသက္ ၂၈ႏွစ္ရွိၿပီေလ...အဲ့ဒါေၾကာင့္ အားေန စိတ္ဆိုးတာမ်ိဳးမလုပ္ေတာ့ဘူး...ကိုကိုဘာျဖစ္ခ်င္လဲ"

"မဟုတ္ေသးဘူးေလ...မင္းကိုဘယ္သူကပုံစံေျပာင္းခိုင္းလို႔လဲ...မေျပာင္းလည္းရပါတယ္...မေျပာင္းလည္း ကိုယ္ခ်စ္တယ္"

"ဘာလဲ ညီေလးလိုလား"

"ဂ်စ္ကား"

"ကြၽန္ေတာ္မလိုခ်င္ဘူး...မလိုခ်င္ေတာ့ဘူး...အရင္က ဘာေလးရရေက်နပ္ႏိုင္ခဲ့ေပမယ့္ အခုမရေတာ့ဘူး... အဲ့ဒါေၾကာင့္ ပုံစံေျပာင္းဖို႔ဆုံးျဖတ္ခဲ့တာ"

"မင္းပုံစံေျပာင္းဖို႔မလိုပါဘူး...အဲ့ေလာက္ပင္ပန္းမခံပါနဲ႔"

ထိုစကားအဆုံးတြင္ေတာ့ သခၤါရယ္လိုက္မိသည္။

"ပင္ပန္းမခံနဲ႔ ဟုတ္လား"

"....."

"ကြၽန္ေတာ္ပင္ပန္းခဲ့ၿပီးၿပီေလ"

"ဂ်စ္ကား...ကိုယ္ေျပာခ်င္တာက..."

"ကိုကိုေျပာခ်င္တာက ကြၽန္ေတာ္တကူးတကပုံစံေျပာင္းေနလို႔ပင္ပန္းမွာစိုးေနတာမလား...ရတယ္ မလိုဘူး...ပုံစံမေျပာင္းလည္း ပင္ပန္းတယ္...ကိုကို႔ရဲ႕ ညီအစ္ကိုဇုန္ထဲမွာဝင္ေနရတာ အပင္ပန္းဆုံးပဲ...ေနာက္ၿပီး အဲ့ပုံစံေလးကို ကိုကိုခ်စ္တယ္မလား"

"....."

"အင္း ကြၽန္ေတာ္သိပါတယ္...ဒါေပမယ့္ စိတ္မေကာင္းပါဘူး...အဲ့ပုံစံနဲ႔ကြၽန္ေတာ္ထပ္မေနႏိုင္ေတာ့ဘူး...အဲ့ေတာ့ ကြၽန္ေတာ့္မွာ ကိုကိုခ်စ္စရာဘာမွမရွိေတာ့ဘူး...ကိုကိုခ်စ္ခဲ့တဲ့ ကိုကို႔ညီက ေသသြားၿပီ"

"ဂ်စ္ကား! မင္း သြားခါနီးလာခါနီးကို ေပါက္ကရေတြမေျပာစမ္းနဲ႔"

"ေပါက္ကရမဟုတ္ပါဘူး...ကြၽန္ေတာ္က ကြၽန္ေတာ္ပဲေလ...အဲ့ကေလးမွမဟုတ္တာ"

အာဏာ စိတ္ပင္ပန္းစြာႏွင့္ပင့္သက္ရႈိက္လိုက္မိၿပီး...

"အိုေခ ကိုကိုနားလည္ၿပီ...ကိုကိုမွားတယ္... ေတာင္းပန္ပါတယ္ ဟုတ္ၿပီလား"

"မလိုပါဘူး...ကိုကို႔ဘက္ကၾကည့္ရင္မွန္ရင္လည္း မွန္မွာေပါ့...ဒါေပမယ့္ ကြၽန္ေတာ့္ဘက္ကၾကည့္ရင္လည္း ကြၽန္ေတာ္မွန္တယ္...အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္ကိုဖိအားမေပးပါနဲ႔... ကြၽန္ေတာ္လည္း ကိုကို႔ကိုဖိအားမေပးေတာ့ဘူး... ကိုကို႔ကိုပိုင္စိုးပိုင္နင္းလည္းမလုပ္ေတာ့ဘူး"

"ကေလး မင္းဘာေတြ..."

"ကြၽန္ေတာ္ကေလးမဟုတ္ေတာ့ဘူး... အသက္ ၂၈ျဖစ္ေနၿပီ...အဲ့ဒါကို ကိုကိုဘယ္ေတာ့မွမေမ့ပါနဲ႔"

"အာ ေဆာရီး...Ok ကိုယ္ေသခ်ာမွတ္ထားမယ္"

"အင္း ခုကစၿပီး တစ္ႏွစ္ခြဲထိ ကြၽန္ေတာ္ ကိုကိုေျပာသလိုေနၾကည့္မယ္... ကြၽန္ေတာ္လည္း ခုမွပုံစံေျပာင္းၾကည့္တာဆိုေတာ့မသိဘူးေလ...ကိုကိုေျပာတာလည္းျဖစ္ႏိုင္တာပဲ...ကြၽန္ေတာ္က ကေလးဆန္ဆန္တြယ္တာတတ္လို႔ ကိုကို႔ကိုခ်စ္တယ္လို႔မွားထင္မိတာလည္းျဖစ္ႏိုင္တာပဲ"

"....."

"အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ ဟိုမွာ ေကာင္ေလးေတြ၊ေကာင္မေလးေတြနဲ႔ Dateဖို႔ႀကိဳးစားၾကည့္မယ္...အတတ္ႏိုင္ဆုံး ကိုကို႔ကိုေမ့ထားမယ္...မဆက္သြယ္ဘဲလည္းေနၾကည့္ဦးမွာမလို႔ ကြၽန္ေတာ့္ကိုႀကိဳၿပီးခြင့္လႊတ္ေပးပါဦး"

"ဂ်စ္ကား"

"အင္း ဘယ္ေျပာတတ္မလဲေနာ္...ဒီတစ္ႏွစ္ေက်ာ္အတြင္း ကြၽန္ေတာ့္ဖူးစာဖက္နဲ႔လည္းေတြ႕သြားႏိုင္တာပဲ... ေနာက္ၿပီး ကြၽန္ေတာ့္ရဲ႕ဆယ္စုႏွစ္တစ္ခုၾကာတစ္ဖက္သတ္အခ်စ္ကလည္း ဘာမွမဟုတ္ခဲ့သလို အဆုံးသတ္ခ်င္သတ္သြားႏိုင္တာပဲေလ...ဘာပဲျဖစ္ျဖစ္ ကိုကို႔ကိုမရႈပ္ေတာ့ပါဘူး"

"ရႈပ္လို႔ရပါတယ္...ကိုယ္ကမင္းကို အရႈပ္ထုပ္လို႔မျမင္ပါဘူး...တကယ္မျမင္တာပါ"

"အာ ဟုတ္...အဲ့လိုဆိုရင္ေတာ့ ကြၽန္ေတာ္ဝမ္းသာပါတယ္...Transferက်လို႔ျပန္လာျဖစ္ရင္ ကြၽန္ေတာ့္ကိုကူညီေပးပါဦး... အကယ္၍ ကြၽန္ေတာ္တကယ္ခ်စ္တဲ့သူနဲ႔ေတြ႕ရင္ ကိုကိုနဲ႔ပထမဆုံးမိတ္ဆက္ေပးပါ့မယ္... အဲ့က်ရွိေနရင္ ေခၚလာခဲ့မယ္"

"....."

ထိုစဥ္ ေၾကညာခ်က္ထြက္လာသည္မို႔...

"Luggageေပးေလ...ကြၽန္ေတာ္ဝင္ရေတာ့မယ္"

"ဪ အင္း"

Luggageကို တစ္လက္မွတစ္လက္သို႔ကူးေျပာင္းလိုက္ၾကၿပီးေနာက္...

"ကြၽန္ေတာ္သြားၿပီ"

"အင္း ေရာက္ရင္ဖုန္းဆက္"

"ဟုတ္"

ထို႔ေနာက္တြင္ေတာ့ ခ်က္ခ်င္းပင္ေက်ာခိုင္းကာထြက္သြားသူ၏ေက်ာျပင္အား ေငးၾကည့္ေနမိသည္။ တစ္ေနရာၿပီးတစ္ေနရာ အဆင့္ဆင့္ျဖတ္ေက်ာ္သြားသူသည္ ျပတ္သားစြာပင္ တစ္ခ်က္လွည့္ၾကည့္မလာခဲ့။

ထိုေက်ာျပင္ေလးကို ျမင္ကြင္းေအာက္မွေပ်ာက္သြားသည္အထိ မတ္တပ္ရပ္ကာေငးၾကည့္ေနမိရင္း မ်က္ဝန္းေထာင့္တို႔မွ ပူေႏြးေႏြးခံစားခ်က္ကိုခံစားလိုက္ရသည္မို႔ မ်က္ဝန္းတို႔ကို႔ လက္တစ္ဖက္ျဖင့္အျမန္အုပ္ကာထိန္းလိုက္မိသည္။

အႏၲရာယ္ကင္းပါေစ...

စိတ္တြင္းမွ ဆုေတာင္းေပးလိုက္ၿပီးေနာက္ ေလဆိပ္တြင္းမွထြက္ခြာရန္ဦးတည္လိုက္ေတာ့၏။

တစ္ဖက္တြင္လည္း ေငြ႕ရည္ဖြဲ႕အျပာေရာင္မ်က္ဝန္းတို႔ႏွင့္အတူ အံႀကိတ္ကာ မွန္ျပတင္းအျပင္ဘက္သို႔ေငးေနေသာ အမ်ိဳးသားငယ္တစ္ေယာက္ရွိခဲ့ပါသည္။

ေန႔လယ္စာစားခ်ိန္နီးသည္ႏွင့္ ေဘေဘး လုပ္လက္စအလုပ္အားလုံးကိုျဖတ္ကာ ခ်စ္ရသူရွိရာဆီသို႔ ထြက္လာခဲ့လိုက္၏။

ေဆး႐ုံ၏ကားပါကင္တြင္ ကားကိုေသခ်ာထိုးၿပီးေနာက္ တစ္ေယာက္ေသာသူအလုပ္လုပ္ရာေနရာကို ဦးတည္လိုက္မိသည္။

ဘယ္လိုပဲျဖစ္ျဖစ္ Kingကို သူရေအာင္ေခ်ာ့မည္။  Kingသူ႔ကိုဘယ္ေလာက္ခ်စ္မွန္းသူသိသည္။ ထို႔ေၾကာင့္ သူ႔ကိုမ်က္ႏွာမလႊဲႏိုင္သည္ကိုလည္းသိပါ၏။

ေခ်ာ့မယ္...မရရေအာင္ကိုေခ်ာ့မယ္...

စိတ္ကိုဆုံးျဖတ္ကာ ေျခလွမ္းတို႔ကိုျမန္လိုက္မိသည္။

သို႔ေသာ္ Kingရွိရာအခန္းဆီသို႔အေရာက္ တိုက္ဆိုင္စြာပင္ လူနာမ်ားကအျပည့္ျဖစ္ေနသည္မို႔ သူ႔စိတ္ထဲအလိုမက်ျဖစ္သြားသည္။ ေကာင္တာကိုသြားလိုက္ေတာ့ စာရင္းမွတ္ေနသည့္တစ္ေယာက္က သူ႔ကိုေမာ့ၾကည့္လာကာ မွတ္မိသလိုေျပာလာ၏။

"ဪ အစ္ကို...ေဒါက္တာ့ကိုလာေတြ႕တာလား"

"ဟုတ္ကဲ့"

"ဟုတ္ လူနာေတြကေတာ့ျမင္တဲ့အတိုင္းပဲ...ေဒါက္တာ့ပုံစံကလည္း ထမင္းထြက္စားမယ့္ပုံမေပၚဘူး... ေဒါက္တာဘာျဖစ္ေနတာလဲမသိဘူး...အလုပ္ပဲေတာက္ေလွ်ာက္ဖိလုပ္ေနတာ...ၿပီးေတာ့ လူနာေတြကိုလည္းအကုန္လက္ခံလိုက္တယ္"

"အကုန္?"

"ဟုတ္ ပုံမွန္ဆိုသူ႔အေယာက္ေရနဲ႔သူရွိတယ္...ခုက် အကုန္လက္ခံလိုက္တာ...ညီမတို႔အတြက္လည္း မုန္႔ဝယ္ေပးထားတယ္...ဒီေန႔ပိုလုပ္ရလို႔ Overtimeေၾကးကိုညေနက်သူေပးမယ္တဲ့"

ထိုစကားတို႔ေၾကာင့္ ေဘေဘးမ်က္ေမွာင္ၾကဳတ္လိုက္မိၿပီး...

"ဒါဆို သူကေန႔လည္စာမစားေတာ့ဘူးေပါ့...က်စ္! ကိုယ္ဖုန္းဆက္ၾကည့္မယ္"

ေျပာေျပာဆိုဆိုႏွင့္ဖုန္းကိုထုတ္ကာေခၚဖို႔ျပင္လိုက္ေတာ့...

"ဟိုေလ အစ္ကို...ေဒါက္တာက ေရာက္လာကတည္းက ဖုန္းကို Muteလုပ္ၿပီး Lockerထဲထည့္ထားလိုက္တာေတြ႕လိုက္တာ"

တျဖည္းျဖည္းႏွင့္ ေဘေဘးစိတ္တိုလာေတာ့၏။ သို႔ေသာ္ စိတ္ကိုထိန္းကာသက္ျပင္းခ်လိုက္ၿပီး...

"ေကာင္းၿပီ...ခဏေနရင္ မင္းတို႔ေဒါက္တာကိုေျပာေပး...ကိုယ္လာသြားတယ္၊ဖုန္းျပန္ဆက္ဖို႔ေျပာသြားတယ္လို႔ ေျပာေပးပါ"

"ဟုတ္ကဲ့"

ေဘေဘးစိတ္ကိုေလွ်ာ့ကာထြက္လာခဲ့လိုက္ၿပီးေနာက္ ဝဲတက္လာခ်င္ေနေသာမ်က္ရည္တို႔ကို က်မလာေအာင္ထိန္းခ်ဳပ္ထားမိသည္။ သူ႔စိတ္ကိုက ထိုလူသားႏွင့္ပတ္သက္လာလွ်င္ အၿမဲညံ့သက္ခ်င္ေနပုံပင္။

ဒုတိယထပ္မွ ေအာက္ထပ္သို႔ဆင္းလာခ်ိန္တြင္ ေဆး႐ုံအုပ္က Roundလွည့္သည္ႏွင့္ႀကဳံသည္မို႔ ႏႈတ္ဆက္လိုက္ရေသးသည္။ ေဆး႐ုံအုပ္၏သားႏွင့္သူက စီးပြားဖက္ေတြျဖစ္ၾကသည္မို႔ ေဆး႐ုံအုပ္ကလည္းသူ႔ကိုသိသည္မွာ မဆန္းေပ။ စကားကိုအျမန္ျဖတ္ၿပီးေနာက္ လူရွင္းသည့္ေနရာသို႔ထြက္လာခဲ့လိုက္၏။

ေဆး႐ုံဝန္းထဲရွိ ခေရပင္တစ္ပင္ေအာက္မွခုံတန္းရွည္တြင္ဝင္ထိုင္လိုက္ၿပီး ေဆး႐ုံအေဆာက္အဦႀကီးကို ေငးၾကည့္လိုက္မိသည္။ ဗိုက္ထဲမွဆာေလာင္ေနသည့္ခံစားခ်က္ကို ခံစားေနရေသာ္လည္း ဘာမွစားခ်င္စိတ္မရွိ။ ထို႔ေၾကာင့္ ဖုန္းကိုထုတ္လိုက္ၿပီး ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ေအာင္ ဂိမ္းေဆာ့ေနလိုက္သည္။

30 minutes later...

ဂိမ္းေဆာ့ေနစဥ္မွာပင္ သူထိုင္ေနသည့္နံေဘးရွိ ခုံတန္းရွည္တြင္ အမ်ိဳးသမီးႏွစ္ေယာက္ ဝင္ထိုင္လိုက္သည္ကိုသိလိုက္၏။ ခဏအၾကာ၌ စကားသံတို႔က သူ႔နားထဲတစ္ခ်က္တစ္ခ်က္တိုးဝင္လာသည္မို႔ အဆင္ကမေျပေတာ့။ ထသြားဖို႔ကလည္း ဂိမ္းေဆာ့လက္စမို႔ ၿပီးသြားမွသာထသြားဖို႔ဆုံးျဖတ္လိုက္သည္။

တစ္ပြဲၿပီးသြားသည္ႏွင့္ ဂိမ္းထဲမွထြက္လိုက္ၿပီး ထသြားဖို႔ျပင္လိုက္စဥ္...

"သူက အၿမဲကံ့ေကာ္နံ႔ေလးသင္းေနတာေနာ္... အရပ္ကလည္းေတာ္ေတာ္ရွည္တာ... အျမင္နဲ႔တင္အရပ္ရွည္မွန္းသိေပမယ့္ မနက္ကမွေသခ်ာသိလိုက္တာကြာ"

ထိုစကားသံတို႔ေၾကာင့္ ေဘေဘးဖုန္းကိုျပန္ဖြင့္လိုက္ကာ ၿငိမ္သက္စြာျပန္ထိုင္လိုက္မိသည္အထိ။

ကံ့ေကာ္သင္းနံ႔?

ကံ့ေကာ္သင္းနံ႔ပိုင္ရွင္သည္ ဤေဆး႐ုံတစ္ခုအတြင္းတြင္ေတာ့ ႏွစ္ေယာက္မရွိႏိုင္ေလာက္ေပ။

ေကာင္းၿပီ...ငါသူမ်ားအေၾကာင္းခိုးနားေထာင္တာမဟုတ္ဘူး...ငါ့ေယာက္်ားအေၾကာင္းနားေထာင္တာ...

စိတ္လုံေအာင္ ေတြးလိုက္ၿပီးေနာက္ ဟိုၾကည့္ဒီၾကည့္လုပ္သလိုႏွင့္ မသိမသာလွည့္ၾကည့္လိုက္ေတာ့ Duty Coatဝတ္ထားသည့္အမ်ိဳးသမီးႏွစ္ေယာက္။ ႏွစ္ေယာက္အနက္ ေ႐ႊအိုေရာင္လႈိင္းႀကီးေကာက္ဆံပင္ရွည္ကို Ponytail styleျဖင့္စည္းထားသည့္အမ်ိဳးသမီးက စကားကိုဒိုင္ခံေျပာေနသည္။ မသိမသာၾကည့္လိုက္တာေတာင္ ထိုအမ်ိဳးသမီး ေတာ္ေတာ္လွမွန္းသိလိုက္ရ၏။

"မင္းသူ႔ကိုသေဘာက်သြားတာေတာ့မဟုတ္ပါဘူးေနာ္"

"ဘာလို႔လဲ သေဘာက်လို႔မရဘူးလား...သူလည္းလူလြတ္၊ကိုယ္လည္းလူလြတ္ေလ"

ထိုစကားေၾကာင့္ ေဘေဘးၿပဳံးစိစိျဖစ္သြားသည္။

Welcome to glass palaceပါေပါ့...

သူၿငိမ္ေနရင္း ဆက္နားေထာင္ေနလိုက္၏။

"ကိုယ္ေျပာမယ္ကြာ...ကိုယ့္အျမင္သူကမာနႀကီးတာမဟုတ္ဘဲ သူ႔ပုံစံကိုကအဲ့လိုေလးေနမယ္... ေအးတိေအးစက္နဲ႔ တကယ့္ကို Cool Guyပဲ... ဝန္ခံရရင္ ကိုယ္တကယ္သေဘာက်တယ္ကြာ... ေရာေရာေႏွာေႏွာမေနတတ္တာေလးကိုက တကယ္မိတာ"

ထိုစကားတို႔ကိုေတာ့ ေဘေဘးမသိမသာေခါင္းတညိတ္ညိတ္ႏွင့္လက္ခံလိုက္မိသည္။

မဆိုးဘူး အျမင္ရွိတယ္...

"သူ႔မွာ ရည္႐ြယ္ထားတဲ့သူရွိေနရင္ေရာ"

ေမးခြန္းထပ္ထြက္လာသည္မို႔ သူလည္း အာ႐ုံစိုက္လိုက္မိေတာ့…

"ကိုယ့္အထင္ေတာ့ သူ႔ပုံစံကအခ်စ္နဲ႔မေတြ႕ရေသးသလိုပဲ...သူ႔မွာရွိရင္ေတာင္ မိဘခ်င္းသေဘာတူထားလို႔ရွိေနတာပဲျဖစ္မွာ...ကိုယ့္မွာအခြင့္အေရးရွိပါေသးတယ္...ဒီမွာၾကည့္ သူကိုယ့္ကိုေပးသြားတဲ့လက္ကိုင္ပဝါေလး"

ေနာက္ဆုံးစကားေၾကာင့္ေဘေဘးမ်က္ေမွာင္ၾကဳတ္လိုက္မိကာ ဖ်တ္ခနဲလွည့္ၾကည့္လိုက္မိေတာ့ ထိုအမ်ိဳးသမီး၏လက္ထဲတြင္ေတြ႕လိုက္ရသည္က Kingတြင္အၿမဲရွိေနတတ္ေသာ လက္ကိုင္ပဝါအျဖဴေရာင္မ်ားထဲမွတစ္ခု။

"မင္းမသိလို႔...သူကအရမ္းႏူးညံ့တဲ့ေယာက္်ားတစ္ေယာက္ေနာ္...မနက္က ကိုယ္Slipျဖစ္သြားေတာ့ သူဖမ္းၿပီးထိန္းေပးလိုက္တာကကြာ တကယ္ကိုပဲ...ကိုယ့္မွာ သူ႔ရင္ခြင္ထဲေရာက္သြားတဲ့အခ်ိန္ အသက္ေတာင္မရႉႏိုင္ဘူး...ၿပီးေတာ့ ကိုယ့္ခႏၶာကိုယ္မွာ သူ႔ကိုယ္သင္းနံ႔ကစြဲပါလာတာ အႀကိဳက္ဆုံးပဲ"

"မင္းေတာ္ေတာ္ျဖစ္ေနၿပီပဲ"

"သူ႔လိုလူအတြက္ျဖစ္ရတာထိုက္တန္တယ္လို႔ ကိုယ္ထင္တာပဲ... အခုကိုယ္စဥ္းစားေနတာ... သူ႔ကိုဘာအေၾကာင္းျပခ်က္နဲ႔ေတြ႕ရင္ေကာင္းမလဲလို႔ႀကံေနတာ"

စကားအသြားအလာတို႔ကိုနားေထာင္ရင္း ေဘေဘးတစ္ေယာက္ စိတ္အခ်ဥ္ေပါက္လာသည္မို႔ အသက္ကိုျပင္းျပင္းရႈိက္လိုက္မိသည္။

လက္ကိုင္ပဝါေတာင္ေပးလိုက္ေသးတယ္ေပါ့... ေကာင္းလိုက္တဲ့ စဝ္မင္းႏြယ္ဧကရာဇ္...

ေနာက္ၿပီး ဖမ္းၿပီးထိန္းလိုက္တာထားပါ... ရင္ခြင္ထဲေရာက္တာဘယ္ႏွစ္မိနစ္ၾကာလို႔အနံ႔ကစြဲလာတာလဲ... အကုသိုလ္တက္လိုက္တာ...

"ခ်ီးပဲ"

ႏႈတ္မွခပ္တိုးတိုးေရ႐ြတ္ကာဆဲလိုက္မိသည္အထိစိတ္တို႔ကတိုလာသည္။ ထို႔ေနာက္တြင္ ေခါင္းထဲအႀကံတစ္ခုကလက္ခနဲ။

ရန္သူကိုမိတ္ေဆြဖြဲ႕ရမည္။

ေဘေဘးတစ္ေယာက္ စိတ္ကိုထိန္းကာ ထရပ္လိုက္ၿပီးေနာက္...

"ညီမတို႔..."

သူေခၚလိုက္ေတာ့ တစ္ဖက္မွႏွစ္ေယာက္က ေၾကာင္ေတာင္ေတာင္ပုံစံျဖင့္ ေငးၾကည့္လာၾကသည္မို႔...

"အာ အေႏွာင့္အယွက္ျဖစ္သြားၾကလားမသိဘူး...ကိုယ္တစ္ခုေမးခ်င္လို႔ပါ"

"ဪ ဟုတ္ကဲ့ ဟုတ္... ေမးပါ"

"ဟုတ္ကဲ့ ဒီေဆး႐ုံရဲ႕အဆုတ္အထူးကုတစ္ေယာက္နဲ႔ေတြ႕ခ်င္လို႔... နာမည္က ေဒါက္တာစဝ္မင္းႏြယ္ဧကရာဇ္... ကိုယ္အခု သူ႔ကိုဖုန္းဆက္လို႔မရလို႔...တစ္ခ်က္ေလာက္လမ္းၫႊန္ေပးပါဦး"

စဝ္မင္းႏြယ္ဧကရာဇ္ဆိုသည့္ေနရာကိုဖိေျပာလိုက္ေတာ့ တစ္ဖက္မွေ႐ႊအိုေရာင္ဆံပင္ႏွင့္အမ်ိဳးသမီး၏ မ်က္လုံးမ်ားကလက္သြားၾကၿပီး ခ်က္ခ်င္းထရပ္လာ၏။

"အာ ေဒါက္တာ့အသိထင္တယ္...လမ္းၫႊန္ေပးတာထက္ ကိုယ္တိုင္လိုက္ပို႔တာပိုေကာင္းမယ္ထင္တယ္... ညီမလည္း ေဒါက္တာ့ကိုေတြ႕စရာရွိလို႔"

"ဪ ဟုတ္ကဲ့...အဲ့လိုဆိုရင္ေတာ့ ေက်းဇူးတင္ရမွာပဲ...လမ္းျပေပးပါဦး"

သူ႔စကားအဆုံးတြင္ေတာ့ ထိုအမ်ိဳးသမီးက သူ႔အေပါင္းအပါကိုႏႈတ္ဆက္လိုက္ၿပီးေနာက္ သူ႔ဘက္လွည့္ကာေျပာလာသည္။

"ညီမေနာက္ကလိုက္ခဲ့ပါ"

"ဟုတ္ကဲ့"

>>>

Kingရွိရာအခန္းဆီသို႔အေရာက္တံခါးဖြင့္ကာဝင္လိုက္ေတာ့ ေကာင္တာမွသူနာျပဳေလးႏွစ္ေယာက္က သူ႔ကိုျပဴးၾကည့္လာသည္မို႔ မသိမသာေခါင္းခါျပလိုက္ေတာ့ ၿငိမ္က်သြားၾက၏။

ေဘေဘးလူနာမ်ားကိုၾကည့္လိုက္ေတာ့ ၂ေယာက္သာက်န္ေတာ့သည္ကိုေတြ႕လိုက္ရသည္။

သူ႔အားေခၚလာသည့္အမ်ိဳးသမီးက ေကာင္တာတြင္ ေသခ်ာေမးျမန္းလိုက္ၿပီးေနာက္…

"ဟုတ္ၿပီ ဒါဆို အစ္မတို႔ခဏေစာင့္ေနလိုက္မယ္...လူနာကလည္း ၂ေယာက္ပဲက်န္ေတာ့တာဆိုေတာ့ေလ"

ထိုအမ်ိဳးသမီးက သူနာျပဳေလးႏွင့္ေျပာၿပီးေနာက္ သူ႔ဘက္လွည့္လာၿပီး...

"အစ္ကိုျမင္တဲ့အတိုင္းပဲ...ေဒါက္တာ့ကို ခဏေတာ့ေစာင့္ရမယ္ထင္တယ္...ျဖစ္ရဲ႕လား"

"အင္း ရပါတယ္...သူမွမအားတာပဲ"

ႏွစ္ေယာက္သား နားလည္မႈတို႔ကိုယ္စီျဖင့္ ခုံမ်ား၌ ကိုယ္စီဝင္ထိုင္ကာေစာင့္ေနလိုက္ၾက၏။

"ညီမက မိုးေႏွာင္းကုေဋပါ...ႏွလုံးအထူးကုပါ"

"ဪ ဟုတ္ကဲ့ ညီမ...ေတြ႕ရတာဝမ္းသာပါတယ္...ကူညီေပးလို႔လည္းေက်းဇူးတင္ပါတယ္"

"ညီမ အစ္ကို႔ကိုသိတယ္...ကိုကိုႀကီးက အစ္ကို႔အေၾကာင္းေတြေျပာတာခဏခဏၾကားဖူးတယ္...Tvေတြ မဂၢဇင္းေတြမွာလည္းျမင္ဖူးတယ္...ခုဏကအစ္ကိုေခၚေတာ့မွ ေသခ်ာျမင္ဖူးၿပီးေၾကာင္သြားၾကတာ"

"ဪ အဲ့ဒါေၾကာင့္ကိုး"

"ဟုတ္တယ္...အစ္ကိုနဲ႔အစ္ကို႔သားေတြကနာမည္ႀကီးပဲေလ...သားတို႔Pageကို ညီမေတာင္ Followလုပ္ထားတာ... ႏိုႏိုေလးကအစ္ကိုနဲ႔တစ္႐ုပ္ထဲပဲ"

"အဟြန္း ဟုတ္လား...ဒါဆို သားႀကီးကေရာ ဘယ္သူနဲ႔တူတယ္ထင္လဲ"

သူၿပဳံးကာေမးလိုက္ေတာ့ တစ္ဖက္ကစဥ္းစားသလိုေလးျဖစ္သြားၿပီး...

"ဧကေလးက် အေမတူလားမသိဘူး...အစ္ကိုနဲ႔ေတာ့လုံးဝမတူဘူးေနာ္"

ထိုစဥ္ တံခါးဖြင့္သံႏွင့္အတူ ေနာက္ဆုံးလူနာထြက္လာသည္ကိုျမင္လိုက္ရၿပီးေနာက္ တံခါးကေနာက္တစ္ႀကိမ္ထပ္ပြင့္လာသည္မို႔ ၾကည့္လိုက္မိၾက၏။

အခန္းထဲမွထြက္လာသူအားျမင္လိုက္ရသည္ႏွင့္...

"ေဒါက္တာ"

ဦးေအာင္ေခၚလိုက္ၿပီး ခ်က္ခ်င္းထရပ္လိုက္ေသာ မိုးေႏွာင္းကုေဋ။

ေခၚသံေၾကာင့္King၏အၾကည့္က မိုးေႏွာင္းကုေဋဆီတစ္ခ်က္ေရာက္သြားၿပီးေနာက္ ေဘးတြင္ထိုင္ေနသည့္ေဘေဘးထံတြင္အဆုံးသတ္သြားသည္မို႔...

"ေဒါက္တာ့မိတ္ေဆြက ေဒါက္တာ့အခန္းကိုမသိဘူးဆိုလို႔ ကုေဋေခၚလာေပးတာပါ"

"....."

Kingက မိုးေႏွာင္းကုေဋေျပာသည္ကိုအာ႐ုံေရာက္ပုံမရဘဲ ေဘေဘးကိုသာစိုက္ၾကည့္ေနသည္မို႔ ေဘေဘးျပန္ၾကည့္လိုက္ကာ ထရပ္လိုက္ရင္း...

"ဟုတ္တယ္ ငါသူ႔ကိုလမ္းျပခိုင္းလိုက္တာ"

"....."

အမ်ိဳးသားႏွစ္ေယာက္မ်က္လုံးခ်င္းစစ္ထိုးေနၾကသည္ကို မိုးေႏွာင္းကုေဋတစ္ေယာက္ သတိထားမိပုံမေပၚ။

"ဟိုေလ မနက္ကအတြက္ ေဒါက္တာ့ကိုေက်းဇူးတင္ပါတယ္...လက္ကိုင္ပဝါက ကုေဋသုံးၿပီးၿပီမလို႔ အသစ္ပဲျပန္ဝယ္ေပးပါ့မယ္...ေနာက္ၿပီး ေဒါက္တာ့ကိုေက်းဇူးတင္လို႔ တစ္ခုခုလိုက္ေကြၽးခ်င္လို႔ပါ... ေဒါက္တာဘယ္ေန႔အားမလဲမသိဘူး"

"....."

"အာ ဒါဆိုအေတာ္ပဲ...ခုပဲကိုယ္တို႔ေန႔လည္စာသြားစားၾကမလို႔ေလ...ကုေဋပါ အတူလိုက္ခဲ့မလား"

ေဘေဘးကဝင္ေျပာလိုက္ေတာ့ မိုးေႏွာင္းကုေဋကဝမ္းသာအားရပုံစံျဖစ္သြားၿပီး...

"လိုက္လို႔ရလား...ဟုတ္ အဲ့ဒါဆိုပိုအဆင္ေျပတာေပါ့...ကုေဋ အစ္ကို႔ကိုလည္းဝယ္ေကြၽးပါ့မယ္"

"ဟုတ္ကဲ့ ဒါဆိုကြၽန္ေတာ္အားမနာေတာ့ဘူး"

ထို႔ေနာက္တြင္ လမ္းတစ္ေလွ်ာက္လုံး ေဘေဘးႏွင့္မိုးေႏွာင္းကုေဋက အၿပဳံးလည္းမျပတ္ၾကသလို စကားလည္းမျပတ္။ အျခားသူမ်ားက သူတို႔သုံးေယာက္ကို လိုက္ၾကည့္ေနၾကကာ ခပ္တိုးတိုးေျပာေနၾကသည္ကိုလည္း ေဘေဘး၏မ်က္ဝန္းေထာင့္တို႔မွျမင္ေနရသည္။ ေဘေဘး Kingကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ Kingကသူ႔ကိုစိုက္ၾကည့္ေနရာမွ ခ်က္ခ်င္းမ်က္ႏွာလႊဲသြားသည္မို႔ ႏႈတ္ခမ္းကိုမဲ့လိုက္မိ၏။

သူကပဲတစ္ျပန္ႀကီး...

စားေသာက္ဆိုင္ကိုေရာက္သြားၾကေတာ့ စားစရာမ်ားကိုမွာလိုက္ၾကသည္။ မွာထားသည္မ်ား မေရာက္ေသးသည့္အခ်ိန္၌ ေဘေဘးႏွင့္မိုးေႏွာင္းကုေဋတို႔က ေျပာစရာစကားမကုန္သည့္လူမ်ားကဲ့သို႔ ျဖစ္ေနၾကကာ Kingကေတာ့ သူတို႔ကိုတစ္ခ်က္မွမၾကည့္ဘဲ စားေသာက္ဆိုင္၏စာအုပ္စင္မွ စာအုပ္တစ္အုပ္ကိုယူကာ ၿငိမ္သက္စြာဖတ္ေန၏။

"ကိုကိုႀကီးကိုသိတယ္မလား သုတကုေဋေလ"

"ဪ သိတာေပါ့...ကိုသုတက အရမ္းစကားေျပာေကာင္းၿပီး အျမင္ရွိတယ္...သူနဲ႔တြဲလုပ္သမွ် အက်ိဳးအျမတ္အရမ္းမ်ားတယ္"

"အဟြန္း ကိုကိုႀကီးကလည္း အစ္ကိုနဲ႔ပတ္သက္ၿပီးအဲ့လိုပဲေျပာတာ...သူေျပာသမွ် အစ္ကို႔ေကာင္းေၾကာင္းခ်ည္းပဲ"

"ဪ အဟြန္း"

ေဘေဘးေရတစ္ခြက္ထည့္ကာ ေသာက္လိုက္မိ၏။

ေကာင္းေၾကာင္းေတြပဲေျပာတယ္ဆိုေတာ့ ေတာ္ေသးတာေပါ့...

သုတကုေဋဆိုသည္မွာအျခားမဟုတ္။ တစ္သက္လုံးေျဖာင့္လာခဲ့ၿပီး သူႏွင့္မွထူးၿပီးေကြးသြားသူျဖစ္သည္။ စီးပြားဖက္ျဖစ္ေနသည္မို႔ သုတကုေဋကိုသူေရွာင္၍မရခဲ့။ ထို႔ေၾကာင့္ သုတကုေဋႏွင့္ပတ္သက္၍ သူရင္းရင္းႏွီးႏွီးႀကီးသိေနသလိုပင္ တစ္ေယာက္ေသာသူလည္းမသိစရာအေၾကာင္းမရွိ။

ထိုစဥ္ စားစရာမ်ားလာခ်သည္မို႔ ေဘေဘးစကားလမ္းေၾကာင္းအျမန္လႊဲလိုက္ရသည္။

စားဖို႔ျပင္ၾကသည့္အခ်ိန္တြင္ေတာ့…

"ေဒါက္တာ ဦးခ်မယ္ေနာ္"

မိုးေႏွာင္းကုေဋက ေျပာလည္းေျပာရင္း ပုဇြန္ထုပ္တစ္ေကာင္ကို King၏ထမင္းပန္းကန္ထဲသို႔ထည့္လိုက္သည္မို႔...

"အာ Kingကပုဇြန္မႀကိဳက္ဘူး ကုေဋရဲ႕... King မင္းပန္းကန္ကိုငါပဲယူလိုက္ေတာ့မယ္ေနာ္"

"....."

ေဘေဘးက သူ႔ဘာသာေျပာၿပီးေနာက္ ပန္းကန္ခ်င္း ခ်က္ခ်င္းလဲလိုက္ကာ...

"ဝက္သားတ႐ုတ္ခ်က္ထင္တယ္...ဒါမင္းစားတယ္မလား...စားၾကည့္"

ေျပာလည္းေျပာ King၏ပန္းကန္ထဲသို႔ ဝက္သားတစ္တုံးထည့္ေပးလိုက္ေတာ့ Kingကဘာမွမေျပာဘဲ စားဖို႔ျပင္လိုက္သည္မို႔ ေဘေဘးလည္း ပုဇြန္ထုပ္ကိုဖဲ့ကာအရသာရွိရွိစားလိုက္ေတာ့သည္။

Kingကေတာ့ ေဘေဘးေၾကာင့္ ပုဇြန္ထုပ္ပန္းကန္ကို လုံးဝကိုင္ခြင့္မရွိသလိုျဖစ္သြား၏။

မိုးေႏွာင္းကုေဋတစ္ေယာက္ သူမေရွ႕မွအမ်ိဳးသားႏွစ္ေယာက္ကိုၾကည့္ကာ တစ္ခုခုကိုခံစားေနရသလိုပင္။ သို႔ေသာ္ဘာမွန္းမသိ။

အေတြးလြန္တာျဖစ္မွာပါ...

ေျဖေတြးလိုက္ၿပီး ထမင္းကိုသာအာ႐ုံစိုက္စားေနလိုက္ရင္း သူမႏွစ္သက္ရသူအား တစ္ခ်က္တစ္ခ်က္ၾကည့္လိုက္မိေတာ့ တည္ၿငိမ္စြာပင္စားေသာက္ေနသည္မို႔ သေဘာတက်ၿပဳံးလိုက္မိသည္။

ေဘေဘးတစ္ေယာက္ကေတာ့ ဤဆိုင္မွပုဇြန္ထုပ္ဟင္းကိုအႀကိဳက္ေတြ႕ေနသည္မို႔ အျခားဟင္းမ်ားကိုပင္ထပ္မကိုင္မိေသး။ ဗိုက္ဆာေနသည့္အခ်ိန္လည္းျဖစ္၊ ႀကိဳက္သည့္ဟင္းလည္းျဖစ္သည္မို႔ အရသာရွိရွိစားေနမိရင္းမွ ေဘးမွKingအားၾကည့္လိုက္မိ၏။

ေကာင္းတာေလးဆို ခ်စ္ရသူအားမွ်ေဝခ်င္တတ္သည့္စိတ္အားေဖ်ာက္မရသည္မို႔...

"King မင္းပုဇြန္မႀကိဳက္ေပမယ့္ ဒီပုဇြန္ထုပ္ကေတာ့တကယ္စားေကာင္းတယ္...စားၾကည့္"

ေျပာရင္းႏွင့္ ပုဇြန္ထုပ္ပန္းကန္ထဲမွအႀကီးဆုံးတစ္ေကာင္ကိုယူကာထည့္ေပးလိုက္ေတာ့...

King - "အင္း"

မိုးေႏွာင္းကုေဋ - "....."

စားျခင္းေသာက္ျခင္းကိစၥမ်ားၿပီးဆုံးသြားသည့္အခ်ိန္၌ မိုးေႏွာင္းကုေဋက King အား ေက်းဇူးတင္စကား ထပ္ေျပာလာျပန္သည္။

"ေဒါက္တာ့ကို ေက်းဇူးတင္ပါတယ္...မနက္က ေဒါက္တာမွမကူညီရင္ တစ္ခုခုထိခိုက္သြားမွာ"

"အင္း"

"ဟုတ္ လက္ကိုင္ပဝါကေလ အသစ္ျပန္ဝယ္ေပးမယ္ေနာ္...ေဒါက္တာမျငင္းပါနဲ႔...တန္ဖိုးမႀကီးေပမယ့္ ျပန္ဝယ္ေပးခ်င္လို႔ပါ"

"....."

ထို႔ေနာက္တြင္ Kingကဘာမွမေျပာေတာ့သည္မို႔ မိုးေႏွာင္းကုေဋက ေဘေဘးဘက္သို႔လွည့္ကာ ၿပဳံးရင္းေျပာလိုက္၏။

"ကိုကိုႀကီးကိုျပန္ေျပာရမယ္...ဒီေန႔ အစ္ကိုနဲ႔ေတြ႕ခဲ့တယ္ဆိုၿပီး…”

"အာ ေထြေထြထူးထူးမွမဟုတ္တာပဲ...မေျပာလည္းရပါတယ္"

ေဘေဘး၏စိတ္ထဲတြင္ေတာ့ ဤအမ်ိဳးသမီးအား အလိုက္တသိထြက္သြားေစခ်င္ၿပီျဖစ္သည္။ သူ႔အေနႏွင့္ Kingကိုေခ်ာ့ရဦးမည္မို႔ ႏွစ္ေယာက္တည္းသီးသန္႔အခ်ိန္လိုေနၿပီျဖစ္၏။ ယခုအခ်ိန္တြင္ေတာ့ မိုးေႏွာင္းကုေဋအားေခၚလာမိသည့္အတြက္ ေနာင္တေတာင္ရခ်င္ခ်င္။

ေဘေဘး မိုးေႏွာင္းကုေဋကိုၾကည့္လိုက္ေတာ့ Kingကိုခိုးၾကည့္ေနသည္အား ျမင္လိုက္ရသည္။ ဘဝကလည္း ကိုယ့္ေရွ႕တည့္တည့္လာထိုင္ၿပီး ကိုယ့္ေယာက္်ားကိုျပစ္မွားေနသည္အား သည္းခံၾကည့္ေပးေနရသည့္အျဖစ္။

တည့္ေနသည္ဆိုရင္ေတာ့ ပိုင္ဆိုင္မႈကိုျပမိမည္ျဖစ္ေသာ္ျငား ယခုက သူလည္းစိတ္ဆိုးေနသလို၊ ကိုယ္ကလည္း စိတ္မၾကည္ျဖစ္ေနသည္မို႔ ကိုယ့္ဘက္ကအမ်ားႀကီးေလွ်ာ့မေပးခ်င္ပါ။ ေခ်ာ့စရာရွိတာလည္း ေခ်ာ့မည္ျဖစ္သလို၊ စိတ္ဆိုးစရာရွိတာလည္း စိတ္ဆိုးရမည္သာ။

သို႔ေသာ္ ေခါင္းထဲတြင္အႀကံတစ္ခုေပၚလာသည္မို႔ ေဘေဘးၿပဳံးလိုက္မိကာ...

"ႀကဳံရင္ M-Ferreaကိုအလည္လာခဲ့ေလ...အဲ့က် ကိုယ္ဧည့္ခံမွာပါ"

ေျပာလိုက္ေတာ့ မိုးေႏွာင္းကုေဋက ဝမ္းသာအားရျဖစ္သြားပုံရကာ...

"ဟာ အဲ့လိုဆိုရင္ေတာ့အားမနာေတာ့ဘူးေနာ္...ညီမက M-Ferreaကိုတအားႀကိဳက္တာ"

"ဟုတ္ၿပီ...ဒါဆို ဒီမွာ ကိုယ့္ရဲ႕Visiting card...လာမယ့္ရက္ကိုႀကိဳေျပာလိုက္ေနာ္"

"ဟုတ္ အစ္ကို...ညီမဆက္သြယ္..."

မိုးေႏွာင္းကုေဋ၏စကားသည္အဆုံးမသတ္ခင္ Kingက ႐ုတ္တရက္ထရပ္လိုက္သည္မို႔ စကားက တစ္ဝက္တစ္ျပတ္ျဖစ္သြားေတာ့သည္။

Kingက သူမကိုတစ္ခ်က္ၾကည့္ကာ ေျပာလိုက္၏။

"ေန႔လယ္စာအတြက္ေက်းဇူးပဲ"

ေျပာၿပီးသည္ႏွင့္ ထိုင္ေနေသာေဘေဘးအားဆြဲထူလိုက္ၿပီး လက္မွဆြဲကာေခၚသြားေတာ့သည္မို႔...

မိုးေႏွာင္းကုေဋ - "....."

ေဘေဘးတစ္ေယာက္ King ဆြဲေခၚရာေနာက္ ဘာမွအထြန႔္တက္ျခင္းမရွိဘဲ ပါသြားေတာ့၏။  ခပ္လွမ္းလွမ္းကိုေရာက္မွ…

"King မင္း မဆြဲနဲ႔"

သို႔ေသာ္ Kingက သူေျပာတာကိုဂ႐ုမစိုက္ဘဲ ကားပါကင္ရွိရာသို႔ဆြဲေခၚသြားသည္။ King၏လက္အားေၾကာင့္ လက္ေကာက္ဝတ္တို႔နာလာသည္မို႔ ေဘေဘးစိတ္တိုလာၿပီးမ်က္ရည္တို႔ဝဲတက္လာကာ အံႀကိတ္ထားမိ၏။

ကားနားကိုေရာက္ေတာ့မွ သည္းမခံႏိုင္စြာျဖင့္ လက္ကိုခါခ်လိုက္မိကာ Kingအား ေဒါသထြက္ထြက္ျဖင့္ ေဆာင့္တြန္းလိုက္မိၿပီး...

"ငါကနာတယ္လို႔ေျပာေနတယ္ေလ!"

ကားပါကင္သည္လူရွင္းေနသည္မို႔သာေတာ္ေတာ့သည္။ ေဘေဘး၏ေဒါသတႀကီးေအာ္သံကဟိန္းခနဲ။

ေဘေဘး လြတ္ေျမာက္သြားသည့္ လက္ေကာက္ဝတ္ကိုငုံ႔ၾကည့္လိုက္ေတာ့ နီရဲေနကာ အနည္းငယ္လည္းနာေနသည္မို႔...

"မင္းလက္နဲ႔ညႇစ္ခံရရင္ ျပဳတ္တူတဲ့ညႇပ္ခံရသလိုပါပဲဆို...ေခြးေကာင္ႀကီး! မင္းပဲစိတ္တိုတတ္တာလား... ငါလည္းစိတ္တိုေနတာပဲ"

"....."

ေဘေဘး၏ ေဒါသတႀကီးအသံအဆုံး ႏွစ္ဦးႏွစ္ဖက္ တိတ္ဆိတ္သြားၾကၿပီး နီရဲေနေသာမ်က္ဝန္းႏွစ္ခုကထိပ္တိုက္ဆုံသြားၾက၏။

သို႔ေသာ္ ေတြးရင္းေတြးရင္းႏွင့္ပိုၿပီးဝမ္းနည္းလာသူက ေဘေဘး။

သူပဲနာေအာင္မလုပ္ရက္ဘူးဆိုၿပီး...

တစ္ဖန္ မိုးေႏွာင္းကုေဋ၏စကားမ်ားကိုျပန္ၾကားေယာင္လာကာ တစိမ့္စိမ့္ႏွင့္ေဒါသထြက္လာၿပီး...

"ဘာလဲ ဘာမွမေျပာေတာ့ဘူးလား...ငါ့ကိုေတာင္ႏႈတ္မဆက္ဘဲ အလုပ္တအားသြားခ်င္ေနတာမလား... ငါ့ကိုေတာင္ႀကိဳမေျပာဘဲ အလုပ္ကိုအေျပးအလႊားသြားရတဲ့ကိစၥေလးေျပာပါဦး"

"အလုပ္ရွိလို႔...မနက္၅နာရီမွသိတာ"

"ဪ ထူးထူးဆန္းဆန္း ငါနဲ႔ရန္ျဖစ္တဲ့ေန႔မွပဲ အလုပ္ကအေစာႀကီးရွိၿပီး ဂ်ဴနီယာနဲ႔ေတြ႕၊ လက္ကိုင္ပဝါေတြေပးရတဲ့အထိျဖစ္သြားတာကိုး...ဘယ္ေလာက္ၾကာေအာင္ဖက္ထားလိုက္ၾကေသးလဲ... အနံ႔ေတြေတာင္စြဲေနတယ္တဲ့"

"ေဘးႏိုရာ!"

"ဘာလဲ!!! မင္းကငါ့ဆို ေအာ္လိုက္၊နာေအာင္လုပ္လိုက္နဲ႔...သူမ်ားက်ႏူးႏူးညံ့ညံ့နဲ႔ဆက္ဆံတာကို ငါကစိတ္မတိုရဘူးလား!!!"

"မင္းငါ့ကိုမယုံဘူးလား"

"မင္းေရာငါ့ကိုယုံလို႔လား...ငါညကေဆးလိပ္တစ္လိပ္ပဲေသာက္ဖို႔ဆုံးျဖတ္ခဲ့တယ္လို႔ေျပာတာကို ယုံေပးလို႔လား"

"မဆိုင္တာကိုေရာမေျပာနဲ႔!"

"ဆိုင္တယ္ အကုန္ဆိုင္တယ္...မင္းက တစ္ျခားမိန္းမနဲ႔ပတ္သက္တာ... ငါကေဆးလိပ္တစ္ဖြာပဲေသာက္မိတာ... ဘယ္သူပိုမွားလဲ!"

"ဘယ္သူနဲ႔မွပတ္သက္မေနဘူး"

"ပတ္သက္မေနရင္ သူ႔အေပၚက်ႏူးညံ့ၿပီး ငါ့ကိုက်ဘာလို႔နာေအာင္လုပ္ရတာလဲ"

"....."

စကားအဆုံး ႏွစ္ေယာက္သားတိတ္ဆိတ္သြားၾကသည္။မ်က္ႏွာမ်ားကေတာ့ ေဒါသေၾကာင့္နီရဲေနၾကကာ အခ်င္းခ်င္းလည္းမ်က္ႏွာလႊဲထားၾက၏။

ခဏအၾကာ...

"ျပန္ေတာ့"

"ဘာလဲ ဂ်ဴနီယာေလးနဲ႔သြားေတြ႕မလို႔လား"

"....."

"ဪ ဟုတ္ေနတာပဲ"

"ေဘးႏိုရာ! မင္းသူ႔ကိုဖုန္းနံပါတ္ေပးတာကို ငါဘာမွမေျပာေသးဘူးေနာ္"

"ဘယ္ေျပာမလဲ...ငါကရန္သူကိုမိတ္ေဆြဖြဲ႕ေနတာေလ...မင္းလို ႏူးႏူးညံ့ညံ့နဲ႔ ပဝါကမ္းလိုက္၊စာကမ္းလိုက္နဲ႔ ၾကင္နာျပေနတာမဟုတ္ဘူး"

"မင္းလိုၿပဳံးျပမေနဘူး"

"ရင္ခြင္ထဲပဲထည့္တာေလ"

"ဆိုင္ေခၚၿပီးလည္းဧည့္မခံဘူး"

တစ္ခြန္းမက်န္ျပန္ေျပာေနသူေၾကာင့္ ေဘေဘးေသခ်ာစိုက္ၾကည့္လိုက္ကာ မ်က္ႏွာမဲ့ပစ္လိုက္ၿပီး...

"ေတာ္ေတာ္ေျပာင္းလဲသြားတာပဲေနာ္...မေတြ႕ရတဲ့နာရီပိုင္းအတြင္း ခုလိုေျပာင္းလဲေအာင္လုပ္သြားႏိုင္တာ အရမ္းေတာ္တာပဲ"

"အင္း မင္းကအရမ္းေတာ္တယ္"

"သိတယ္"

ေဘေဘးေဒါသတို႔ျဖင့္ ဘာစကားမွလည္းဆက္မေျပာခ်င္ေတာ့သည္မို႔ ကားေပၚတက္ဟန္ျပင္လိုက္ေသာ္ျငား ဟန္႔တားခံလိုက္ရ၏။

"ဘာလဲ ဘာေျပာဦးမလို႔လဲ"

"ေဒါသနဲ႔ကားမေမာင္းနဲ႔...Driverေခၚလိုက္မယ္"

"မလိုဘူး မင္းလက္ဖယ္လိုက္"

စိတ္တိုတိုႏွင့္ ကားတံခါးကိုဆြဲထားသူ၏လက္အားဆြဲျဖဳတ္လိုက္ၿပီးေနာက္...

ဒုန္း!!!

တံခါးကိုၾကမ္းတမ္းစြာပင္ဆြဲပိတ္လိုက္အၿပီး ကားပါကင္ထဲမွ အျမန္ေမာင္းထြက္လိုက္မိသည္။ ထို႔ေနာက္ ေနာက္ၾကည့္မွန္မွခ်စ္ရသူ၏ပုံရိပ္ကိုၾကည့္ကာ မ်က္ရည္တို႔ကတသြင္သြင္စီးဆင္းလာေတာ့၏။

ဘယ္သူက သူ႔ကိုမယုံလို႔လဲ...
ဘယ္သူက ၿပဳံးခ်င္လို႔ၿပဳံးျပေနတာမလို႔လဲ...

ေခြးေကာင္...

စိတ္တိုတိုႏွင့္ Steering Wheelကိုလက္ျဖင့္႐ိုက္ခ်မိေတာ့...

"အား!!!!"

လက္ေကာက္ဝတ္မွနာက်င္မႈက စူးေအာင့္သည္အထိျဖစ္သြားသည္မို႔ မ်က္ရည္တို႔ကပိုက်လာၿပီး...

"ငါနာပါတယ္လို႔ေျပာရင္ ခ်က္ခ်င္းမလႊတ္တဲ့ေကာင္... မုန္းဖို႔ေကာင္းတဲ့ေကာင္ႀကီး... မင္းကိုမုန္းတယ္... မုန္းလို႔ေသေတာ့မယ္!! မင္းကိုမခ်စ္ေတာ့ဘူး!!!"

ကားထဲတြင္ ေဒါသတႀကီးျဖင့္ တစ္ေယာက္တည္းေအာ္ဟစ္ေနမိစဥ္...

Ringing...

ဖုန္းျမည္သံေၾကာင့္ၾကည့္လိုက္ေတာ့ 'My Beloved'ဟူသည့္ Contact nameေၾကာင့္ အျမင္ကတ္စြာျဖင့္မကိုင္ဘဲ ၾကည့္ေနလိုက္၏။

ငါလည္းစိတ္တိုေနတာမလို႔ မင္းလည္းစိတ္ေအးမေနနဲ႔...

၅ႀကိမ္ခန္႔ေခၚအၿပီးတြင္တစ္ဖက္မွဆက္မေခၚေတာ့သည္မို႔ ေဘေဘးမ်က္ႏွာမဲ့လိုက္မိသည္။ နာရီကိုၾကည့္လိုက္ေတာ့မွ King၏အလုပ္ခ်ိန္ျပန္ေရာက္သြားၿပီမွန္းသိလိုက္ရ၏။

စာခ်ဳပ္စာတမ္းေတြရွိထားသည္မို႔ Kingအေနႏွင့္ကိုယ္ပိုင္ေဆးခန္းဖြင့္ခြင့္မရွိေသးပါ။ ၃ႏွစ္ျပည့္မွသာ လုပ္ခ်င္တာလုပ္၍ရမည္ျဖစ္သည္။ ပင္ပန္းသည္ကိုမၾကည့္ရက္၍ ေလ်ာ္ေၾကးေပးဖို႔ေျပာခဲ့သို႔ျငား Kingကလက္မခံခဲ့။ ေဆး႐ုံမ်ားတြင္ပညာပို၍စုံသည္ဟုဆိုလာသည္မို႔ ေဘေဘးထပ္၍မတိုက္တြန္းေတာ့။

ဟိုေတြးဒီေတြးႏွင့္ ေဘေဘး၏စိတ္တို႔က ပုံမွန္ျပန္ျဖစ္လာစဥ္...

Ringing...

'ဒီတစ္ခါေတာ့ ကိုင္လိုက္မည္'ဟူသည့္စိတ္ျဖင့္ဖုန္းကိုယူၾကည့္လိုက္ေတာ့ ေခၚဆိုသူက ေမွ်ာ္လင့္ထားသူမဟုတ္ဘဲ သူ႔အတြင္းေရးမႉးျဖစ္ေနသည္။

"Hello"

"....."

"ဘာ! ဘယ္မွာျဖစ္တာလဲ"

"....."

"က်စ္! ေနေတာ့...ကိုယ္ပဲသြားလိုက္မယ္...ခုေလးတြင္ အဲ့ေနရာကျဖတ္လာတာ... ဆယ္မိနစ္ပဲၾကာမယ္...ျပန္ေျပာလိုက္"

ထို႔ေနာက္ ကားကိုလမ္းေၾကာင္းေျပာင္းကာ ျပန္ေကြ႕လိုက္ၿပီးအရွိန္တင္လိုက္ေတာ့သည္။ YSHေအာက္ရွိ Luxury Furniture Companyတစ္ခုမွ Productအသစ္မ်ား၏ ေၾကညာ႐ိုက္ကြင္းတြင္ Accidentတစ္ခုျဖစ္သြားခဲ့ျခင္း။ ထိခိုက္သြားသူက နာမည္ႀကီးမင္းသားျဖစ္သည့္အျပင္ Backgroundလည္းေကာင္းၿပီး Fandomကလည္း အခိုင္အမာရွိသည္မို႔ ေပါ့ေသးေသးလုပ္၍မရ။ ထို႔အျပင္ ကိုယ့္ဘက္မွေပါ့ဆမႈေၾကာင့္ျဖစ္သြားသည္မို႔ အျပည့္အဝလုပ္ေဆာင္ေပးရန္သူ႔တြင္တာဝန္ရွိသြား၏။

သိပ္မေဝးသည္မို႔ ၈မိနစ္အတြင္းေရာက္သြားခ်ိန္၌ တစ္ဖက္ကနဖူးေပါက္သြား႐ုံသာမကလက္ပါထိထားပုံရသည္။ ကုမၸဏီတြင္ဆရာဝန္တစ္ေယာက္ရွိသည္မို႔သာ ေတာ္ေသးသည္။ လူနာကိုေသြးတိတ္ေအာင္လုပ္ေပးေနၿပီး လက္ကိုလည္းအေရးေပၚကုသနည္းျဖင့္ကုသေပးေနသည္ဟုဆို၏။

သူေရာက္သြားသည္ႏွင့္ ႐ိုက္ကြင္းမန္ေနဂ်ာက အေျပးေရာက္လာသည္။

"ဥကၠဌ"

အသံက်ယ္က်ယ္ႏွင့္ ဦးၫႊတ္ကာႏႈတ္ဆက္လိုက္သည္မို႔ ရွိသမွ်လူအားလုံးလန္႔သြားၾကၿပီး သူ႔ကိုဦးၫႊတ္ကာႏႈတ္ဆက္လာၾက၏။

"ေနေန ကိုယ္လာတာ Accidentေၾကာင့္ပဲ...ကိုယ့္ကိုလမ္းခဏဖယ္ေပးၾကဦး"

လူမ်ားအုံေနရာမွဖယ္သြားၾကသည္ႏွင့္ ဆရာဝန္ႏွင့္လူနာအားျမင္လိုက္ရသည္မို႔ အျမန္ေလွ်ာက္သြားလိုက္မိၿပီး...

"ဘာျဖစ္သြားလဲ"

"ေခါင္းေတာ့မထိပါဘူး... ဒါေပမယ့္ လက္ကေတာ့အ႐ိုးထိသြားတဲ့ပုံပဲ... ကြၽန္ေတာ္အေရးေပၚကုသနည္းေတာ့ သုံးေပးထားေပမယ့္ ေဆး႐ုံျမန္ျမန္ေခၚသြားဖို႔လိုတယ္"

ဆရာဝန္၏ေျပာစကားေၾကာင့္ေဘေဘးေခါင္းညိတ္လိုက္မိၿပီး လွဲေနသည့္ေကာင္ေလးအားၾကည့္လိုက္မိေတာ့ ထိုေကာင္ေလးကလည္းသူ႔ကိုၾကည့္ေနသည္မို႔ ၿပဳံးျပလိုက္ရင္း...

"ကိုယ့္ကိုသိေလာက္မယ္ထင္လို႔ မိတ္မဆက္ေတာ့ဘူး...ကိုယ္တို႔ဘက္ကေပါ့ဆမႈေၾကာင့္မလို႔ အစစအရာရာ တာဝန္ယူမွာပါ... ဆရာဝန္ေျပာတာကို မင္းၾကားတယ္မလား... အဲ့ေတာ့ အခုကိုယ္တို႔ေဆး႐ုံသြားရမယ္... ေျခေထာက္မထိထားဘူးဆိုေတာ့ လမ္းေလွ်ာက္ႏိုင္မလား...မင္းကိုသယ္ရင္ လက္ကပိုထိသြားႏိုင္လို႔"

"ဟုတ္ ရတယ္"

"အိုေခ...ကိုးလ္ရဲ႕မန္ေနဂ်ာက တစ္ဖက္ကလာတြဲေပးပါ"

"ဟုတ္ကဲ့ ဟုတ္ကဲ့"

ထို႔ေနာက္ ေဘေဘးက ေကာင္းသည့္လက္ဘက္တြင္ရွိေနသည္မို႔ ခါးကိုင္းေပးလိုက္ၿပီး...

"ကိုယ့္ကိုအားျပဳၿပီးထလိုက္"

"....."

"ျမန္ျမန္လုပ္...ၾကာရင္ ပိုဆိုးသြားလိမ့္မယ္"

ေျပာလိုက္ေတာ့မွ သူ႔ကိုေငးေနရာမွရပ္သြားၿပီး ပုခုံးကိုဖက္ကာ အားျပဳထလာသည္မို႔ ျဖည္းျဖည္းခ်င္းထူကာတြဲေခၚရ၏။

သတင္းေထာက္မ်ားကလည္း သူ႔မတိုင္ခင္ကတည္းကေရာက္ေနၾကသည္မို႔ Social Mediaတြင္ သတင္းမ်ားကစတက္ေနၿပီျဖစ္သည္။ အစပိုင္း သူတို႔မင္းသားထိခိုက္သည့္ပုံတက္လာစဥ္က YSHကိုဆဲထားၾကသူမ်ားရွိေသာ္လည္း YSH President ကိုယ္တိုင္ဂ႐ုစိုက္သည့္ပုံမ်ား တက္လာသည့္အခ်ိန္တြင္ေတာ့ အားလုံးက Positive cmtမ်ားသာမန္႔ၾကေတာ့၏။

ထို႔ျပင္ သူတို႔မင္းသားက ဥကၠဌ၏ပုခုံးကိုဖက္ထားကာ ငုံ႔ၾကည့္ေနသည့္ပုံတစ္ပုံသည္ Shipperမ်ားၾကားတြင္ စကၠန္႔တိုးလာသည္ႏွင့္အမွ် အလင္း၏အလ်င္ထက္ပင္လ်င္ျမန္သည့္ႏႈန္းထားမ်ိဳးျဖင့္ ပ်ံ႕ႏွံ႔သြားေတာ့သည္။

ေဘေဘးလည္း ဆက္တိုက္ဝင္လာသည့္ဖုန္းမ်ားကိုမကိုင္ႏိုင္ဘဲ ေဆး႐ုံဆီသို႔သာအျမန္ေမာင္းလိုက္မိသည္။ ေဆး႐ုံကိုလည္း ေ႐ြးခြင့္မရွိ။ အနီးဆုံးေဆး႐ုံက Kingတို႔ေဆး႐ုံျဖစ္သည္မို႔ မတတ္ႏိုင္။

ေဆး႐ုံကိုေရာက္၍ အထဲဝင္သည့္အခ်ိန္တြင္ ဝိုင္းၾကည့္ေနၾကသူမ်ားကမနည္းမေနာ။ သို႔ေသာ္ သုံးေယာက္လုံး ထိုလူမ်ားကိုဂ႐ုမစိုက္ျဖစ္ၾက။ လူနာတင္ကုတင္ေရာက္လာေသာ္ျငား ကိုးလ္ကျငင္းဆိုသျဖင့္ ေဆး႐ုံထဲသို႔တြဲလ်က္သာဝင္လိုက္ရသည္။

ေဆး႐ုံထဲေရာက္သည္ႏွင့္ ေဘေဘးက ကိုးလ္၏မန္ေနဂ်ာကို လိုအပ္သည္မ်ားအားလုပ္ရန္ၫႊန္ၾကားလိုက္သည္မို႔ မန္ေနဂ်ာကခ်က္ခ်င္းထြက္သြားသည္။ ေဘေဘးႏွင့္ကိုးလ္တို႔ကေတာ့ သူနာျပဳဆရာမေလးေခၚေဆာင္ရာေနာက္ လိုက္သြားလိုက္ၾက၏။ ေထာင့္ခ်ိဳးေကြ႕တစ္ခုအေရာက္...

"လူနာပါလို႔ လမ္းခဏကပ္ေပးၾကပါရွင့္"

သူနာျပဳေလး၏ေတာင္းဆိုသံေၾကာင့္လမ္းပိတ္ေနသူမ်ားက ကပ္ေပးၾကစဥ္...

"Woww အဲ့ဒါ ကိုးလ္နဲ႔YSH ဥကၠဌမလား"

အသံမ်ားထြက္လာသည္မို႔ ေဘေဘး မည္သူ႔ကိုမွမၾကည့္ဘဲ ေရွ႕သို႔တစ္လွမ္းလွမ္းလိုက္စဥ္...

"ႏိုရာ...မင္းဘယ္လိုျဖစ္ၿပီး..."

႐ုတ္တရက္ၾကားလိုက္ရေသာအာဏာ့အသံေၾကာင့္ေမာ့ၾကည့္လိုက္မိသည္။ ထိုအခါ အာဏာက မ်က္ရိပ္ျပလာသည္မို႔ ေနာက္ကိုေက်ာ္ၾကည့္လိုက္ေတာ့ သူ႔အားစိုက္ၾကည့္ေနသည့္မ်က္ဝန္းမ်ားေၾကာင့္ ေအာက္ႏႈတ္ခမ္းကိုဖိကိုက္လိုက္မိစဥ္...

"ႏိုရာ ငါလည္းရွိတယ္"

အသံႏွင့္အတူ ေခးဆက္က အာဏာ့ေနာက္မွေပၚလာသည္မို႔...

"ဪ ေအး"

ထို႔ေနာက္ ေခးဆက္က ခ်က္ခ်င္းအနားကပ္လာၿပီး ခပ္တိုးတိုးလာေျပာ၏။

"Onlineမွာမင္းသတင္းေတြခ်ည္းပဲ... ဘယ္လိုျဖစ္လို႔ ကိုယ္တိုင္လူတြဲတဲ့အထိျဖစ္သြားတာလဲ"

"နီးလို႔ေလ...နီးေနတာငါပဲရွိလို႔... ဒါနဲ႔Onlineက ဘာသတင္းတုန္း"

"ထားလိုက္ မင္းၿပီးမွၾကည့္ေတာ့...အာဏာ ငါတို႔ေတြကူတြဲလိုက္ရေအာင္...ႏိုရာလည္းနာေနေရာေပါ့...ဖယ္ဖယ္ မင္းဖယ္"

"ဪ ေအး"

အာဏာႏွင့္ေခးဆက္တို႔ အလိုက္သိစြာျဖင့္ ကူဖို႔ျပင္လိုက္ၾကစဥ္...

"ကြၽန္ေတာ္က သူစိမ္းေတြနဲ႔မျဖစ္လို႔ပါ"

"....."

ကိုးလ္က႐ုတ္တရက္ႀကီးထေျပာကာ ေဘေဘးပုခုံးကိုပို၍တင္းတင္ဆုပ္ကိုင္လိုက္ၿပီး ျငင္းလိုက္သည္မို႔ အာဏာအျမင္ကတ္သြားရ၏။

"ႏိုရာကလည္း သူစိမ္းပဲေလ"

"ဦးက သူစိမ္းမဟုတ္ပါဘူး... ကြၽန္ေတာ္က ဦးနဲ႔ပတ္သက္ၿပီးရင္းႏွီးတာမ်ားတာမလို႔မစိမ္းပါဘူး... အဲ့ဒါေၾကာင့္ပါ...ဦး ခဏေလးသည္းခံေပးမယ္မလား"

"ႏိုရာ့အသက္က ၃၀ပဲရွိေသးတာပါ...မင္းအသက္ကဘယ္ေလာက္မလို႔ ဦးလို႔ေခၚေနတာတုန္း"

ေခးဆက္ကပါ မေနႏိုင္မထိုင္ႏိုင္ဝင္ေမးလိုက္ေတာ့...

"ကြၽန္ေတာ္က ၁၉ပါ...ဦးဆိုတာက ေလးစားသမႈနဲ႔ေခၚတာပါ... ဦးကိုအသက္ႀကီးတယ္လို႔ ေျပာခ်င္တာမဟုတ္ပါဘူး... ဦးကဒီေလာက္ဆြဲေဆာင္မႈရွိတာကို... အ! ဦး ကြၽန္ေတာ့္လက္က ကိုက္ေနၿပီ"

"က်စ္! ဖယ္ေတာ့ ဖယ္ေတာ့...ငါသူ႔ကိုအရင္လိုက္ပို႔ေပးလိုက္မယ္"

ေျပာလိုက္ေတာ့ အာဏာႏွင့္ေခးဆက္က ခ်က္ခ်င္းဖယ္ေပးလိုက္ၾကသည္မို႔ ေနာက္မွလူႏွင့္တန္းခနဲ။

Kingကေဘေဘးကိုတစ္ခ်က္ၾကည့္ၿပီးေနာက္ ကိုးလ္ႏွင့္မ်က္လုံးခ်င္းဆုံသြားသည္။ ထို႔ေနာက္ အၾကည့္တို႔က အထက္ေအာက္သို႔အနည္းငယ္ေ႐ြ႕လ်ားသြားၿပီးေနာက္တြင္ ေဘေဘးကိုဖက္ထားသည့္လက္၌ ရပ္သြားအၿပီး ခ်ာခနဲလွည့္ထြက္သြားေတာ့၏။

Continue Reading

You'll Also Like

48.5K 1.1K 1
A tragic love story during Spring Revolution of Burma. "ဒီမိုကရေစီ ပြန်ရရင် မင်း ဘာလုပ်မလဲ...ကောင်လေး..." "အကို့ကို တင်းတင်းကြပ်ကြပ် ဖက်ထားဖြစ်မယ်...
7.4K 525 6
#ညို အကယ်၍ ညိုသာ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ရင် အစ်ကိုက ညို့ကို ချစ်လာကောင်းပါရဲ့ အကယ်၍ ညိုသာ အတင်းအကြပ် မတိုက်တွန်းခဲ့ရင် အစ်ကိုက ညို့ကြောင့် စိတ်ဆင...
185K 4.6K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်