Unicode//
နိုးလာချိန်တွင် အခန်းအပြင်မှအသံတို့ကိုကြားလိုက်ရသည်မို့ သူမျက်လုံးကိုဖွင့်လိုက်မိသည်။ အိပ်ဆောင်အတွင်း ဝေ့ဝိုက်ကြည့်လိုက်တော့မည်သူမှမရှိ။ လှဲနေရာမှထထိုင်လိုက်မိပြီး ဖုန်းကိုယူကြည့်လိုက်တော့ ၉နာရီခွဲ။ နိုးနိုးချင်းရရှိလာသည့် ကံ့ကော်သင်းနံ့လေးကိုနှစ်ခြိုက်စွာ ရှူရှိုက်လိုက်မိရင်း ယင်းကိုယ်သင်းနံ့ပိုင်ရှင်အားရှာရန် ကုတင်ပေါ်မှချက်ချင်းဆင်းလိုက်မိသည်။
အခန်းတံခါးကိုဖွင့်လိုက်သည်နှင့်...
"ဟာ...ပါပါးနိုးလာပြီ"
နိုနို့အသံလေးက လူကိုမမြင်ရခင်မှာပင် ဦးစွာပြေး၍နှုတ်ဆက်လာသည်။ သူအပြင်ကို လုံးလုံးလျားလျားရောက်သွားတော့...
"ဒယ်ဒီက ပါပါးကို ၁၀နာရီမှနှိုးမယ်ဆိုလို့ နိုနိုတို့စောင့်နေတာ"
"ဘာစောင့်တာလဲ...ကိုယ့်ဘာသာဂိမ်းဆော့ရင်ဆော့နေတယ်ပေါ့"
"ဟာ ပါပါးကလည်း...ဂိမ်းက ဟိုဘက်အဆောင်မှာဆော့လည်းရတာကို...နိုနိုတို့က ပါပါးအိပ်နေတုန်း ဒယ်ဒီ့ကိုအဖော်ပြုပေးနေတာပါနော်...နော် ကိုကို"
"အင်း"
နိုနိုကသူ့ဘာသာပြောရုံနှင့်အားမရဘဲ ဘေးမှအစ်ကိုဖြစ်သူကိုပါစစ်ကူတောင်းတော့ ညီဖြစ်သူအားအလိုလိုက်သည့်အစ်ကိုပီသစွာပင် ချက်ချင်း'အင်း'လိုက်လာသည်။
ထိုအခါ ဘေဘေးရယ်လိုက်မိပြီး...
"ပြောပါဦး ဘယ်နှစ်နာရီနိုးတာလဲ"
"အံမယ် ဒယ်ဒီက နိုနိုတို့ကို ၇နာရီကတည်းကလာနှိုးပြီး မနက်စာကျွေးတာပါနော်...ပါပါးကိုတော့ ညကအိပ်တာနောက်ကျလို့ ၁၀နာရီမှနှိုးမယ်လို့ပြောလို့သာ နိုနိုကလာမနှိုးတာ"
"ဘာ! ၇နာရီကတည်းကလာနှိုးတာဟုတ်လား"
"အွန်းလေ ဘာဖြစ်တာလဲ ပါပါးကလည်း...အလန့်တကြားနဲ့"
သူ့အသံကအနည်းငယ်အားပါသွားသည်မို့ နိုနိုတစ်ယောက်လန့်သွားပုံရသည်။ သို့သော် နိုနို့အမေးအားပြန်မဖြေနိုင်။ သားတို့နှင့်မျက်နှာချင်းဆိုင်တွင်စာအုပ်ထိုင်ဖတ်နေသူထံသို့သာ အကြည့်တို့ကရောက်သွားတော့သည်။ သူထွက်လာလာချင်းတုန်းက သူ့အားတစ်ချက်မော့ကြည့်လာသေးသည်။ သူနှင့်နိုနိုတို့စကားပြောနေစဉ်တွင်တော့ စာကိုသာပြန်ဖတ်နေပုံရ၏။
အမှန်အားဖြင့် Kingသည် သူ့ထက်ပင်အိပ်ရာဝင်ချိန်နောက်ကျခဲ့ပါသေးသည်။
နိုနို့စကားအရ ၇နာရီမှာလာနှိုးတယ်ဆိုတော့ ဘယ်အချိန်ကတည်းက နိုးနေတာလဲ…
ဒါမှမဟုတ် အခုထိမအိပ်ရသေးတာလား…
ဘေဘေးတစ်ယောက် ငြိမ်သက်စွာစာအုပ်ဖတ်နေသူအားမျက်မှောင်ကြုတ်ကာကြည့်လိုက်မိပြီး...
"King ငါမျက်နှာသစ်ပြီးရေချိုးမလို့"
ပြောလိုက်တော့ မျက်လွှာချထားသူက မော့ကြည့်လာပြီး...
"အင်း"
သူဖတ်နေသည့်စာအုပ်ကိုအသာပိတ်ကာ ထရပ်လိုက်ပြီးနောက် စာအုပ်စင်ဆီသွားကာ စာအုပ်ကိုနေရာတကျပြန်စီထားလိုက်ပြီးမှ သူ့အားခေါ်လာ၏။
"လာလေ"
ဘေဘေး King ဦးဆောင်ခေါ်သွားရာနောက်သို့လိုက်သွားလိုက်သည်။ ရေချိုးဆောင်သည် အိပ်ဆောင်ထက်အတွင်းပိုကျသည်။ အတွင်းပိုင်းအပြင်အဆင်ကတော့ ယနေ့ခေတ်ပုံစံနှင့်မို့ တော်သေးသည်ဟုဆိုရပေမည်။
Kingက သူ့အတွက်ရေနွေးစပ်ပေးကာပြင်ဆင်ပေးနေသည်အား ကြည့်ကောင်းကောင်းနှင့် ရေချိုးခန်းနံရံကိုမှီကာကြည့်နေလိုက်မိသည်။ ဆွယ်တာလည်ပိတ်လက်ရှည်ကို တံတောင်ဆစ်အထိဆွဲတင်ထားသည်မို့ လက်ဖျံတို့မှ သွေးကြောစိမ်းများကို အတိုင်းသားမြင်နေရသည်။ မိမိတွင်ရှိသော်လည်း ထိုလူသားတွင်ရှိနေသည်ကိုတော့ ပို၍သဘောကျမိပါ၏။
Kingက သေချာပြင်ဆင်ပေးပြီးမှ ထရပ်လာပြီး…
"ရေချိုးတော့...မကြာစေနဲ့"
"ဘာလို့လဲ"
"အအေးမိမယ်"
"ရေနွေးနဲ့ပဲဟာ"
"ရေပြောင်းမြေပြောင်းမလို့ ဖျားတတ်တယ်"
"အင်းပါ အင်းပါ"
"အင်း ရှေ့ကစောင့်နေမယ်"
ပြောပြီးနောက် ရေချိုးဆောင်အပြင်ကိုခြေလှမ်းလိုက်သူကြောင့်...
"ခဏ"
ပြောလည်းပြော၊ လက်ကလည်း လျင်မြန်စွာဆွဲထားပြီးဖြစ်နေသည်မို့ သွားနေသူ၏ခြေလှမ်းတို့သည်ရပ်တန့်သွားပြီး နောက်သို့လှည့်ကြည့်လာ၏။
"ခဏ ငါနဲ့တည့်တည့်လှည့်"
ပြောလိုက်တော့ နားမလည်သလိုတစ်ချက်ငြိမ်သွားပြီးနောက် ပြောသည့်အတိုင်းတည့်တည့်လှည့်လာသည်။ ဘေဘေး ထိုပုံစံအားအသည်းယားစွာပြုံးလိုက်မိပြီးနောက်...
"ဟီး ငါမင်းကိုဖက်ချင်လို့"
စကားအဆုံး ခါးကိုသိမ်းဖက်ကာခန္ဓာကိုယ်ချင်းဆွဲကပ်လိုက်ပြီး ဘယ်ဘက်ပုခုံးထက်ပါးတစ်ဖက်ကိုမှေးတင်ကာ လည်တိုင်အားမျက်နှာနှစ်ပြီး ဖိနမ်းလိုက်သည်။ ရုတ်တရက်ဆန်လွန်းသောလုပ်ရပ်ကြောင့် ခဏငြိမ်ကျသွားသူသည်လည်း စက္ကန့်ပိုင်းအကြာတွင် ပုခုံးတို့အား ခပ်ဖွဖွပြန်ဖက်လာပြီးနောက်...
"ရေတွေအေးသွားလိမ့်မယ်"
"အေးရင်ပြန်စပ်ပေးမယ်မလား"
"အင်း"
"ဟီး မင်းရှိနေရင်ဘာကိုမှမပူတော့ဘူး"
"အင်း အကုန်ငါလုပ်ပေးမယ်"
"ဟီး အင်း ဒါနဲ့အိပ်ရောအိပ်ထားရဲ့လား"
"၂နာရီလောက်အိပ်ထားတယ်...စိတ်မပူနဲ့"
"စိတ်ပူမှာပဲ...နေ့လယ်စာစားပြီးရင် မင်းပြန်အိပ်ရမယ်...ကြားလား"
ပြောလိုက်တော့ခဏငြိမ်ကျသွားပြီးနောက်...
"သားတို့နဲ့လျှောက်လည်မယ်လို့ကတိပေးထားတယ်"
"ဘာဖြစ်လဲ ဖျက်လိုက်...မင်းဖျက်စရာမလိုအောင် ငါပြောပေးမယ်...အဓိက,က မင်းပြန်အိပ်ဖို့ပဲ...မငြင်းနဲ့နော်"
"အင်း"
"အွန်း ပြီးရော လိမ်မာတယ်"
ရွှတ်!
ပြောလိုက်ရင်း ဖြူဥနေသည့်ဘယ်ဘက်ပါးပြင်ထက် နမ်းလိုက်တော့ နီရဲတက်လာသည့်နားရွက်ဖျားတို့ကြောင့်...
"အဟွန်း...ခုကဟန်ဆောင်စရာမလိုတော့ဘူးဆိုတော့ ရှေ့လျှောက်ငါအများကြီးနမ်းဦးမှာနော်... ဒီလောက်ကိုရှက်မနေနဲ့တော့ သိလား"
ရွှတ်!
ပြောလိုက်ပြီး ညာဘက်ပါးပြင်အားနောက်တစ်ချက်နမ်းလိုက်ပြီးနောက်...
"အဟမ်း မကျေနပ်ရင်ငါ့ကိုပြန်နမ်းလေ...အင့်"
ပြုံးစိစိနှင့်ပြောလိုက်ရင်းပါးတစ်ဖက်ကိုထိုးပေးလိုက်ပြီးမှ မျက်နှာမသစ်ရသေးသည်ကို သတိရသွားသည်မို့…
"အာ မနမ်းနဲ့...ငါရေချိုးပြီးမှ..."
ရွှတ်!
စကားပင်မဆုံးသေး နွေးခနဲဖြစ်သွားသည့်ပါးတစ်ဖက်။ သူအနည်းငယ်အံ့ဩသွားရစဉ် ခန္ဓာကိုယ်နှစ်ခုအား ပြန်ခွာစေလိုက်သူ။
"ရေချိုးတော့"
"ဟင်! အင်း"
ထို့နောက်တွင် တစ်ဖက်လူ ရေချိုးခန်းပြင်ပသို့ရောက်သွား၍ ရေချိုးဆောင်တံခါးကိုပိတ်ပေးသွားသည်အထိ သူကတော့ ကြည်နူးမှုတို့ဖြင့်အကြောင်သားရပ်နေမိဆဲပင်။
20 minutes later...
ရေနွေးနှင့်စိမ်ချိုးနေစဉ်ကအဆင်ပြေခဲ့သော်ငြား Bath tub၏ အပြင်ကိုထွက်လိုက်သည်နှင့် အအေးဓာတ်ကိုခံစားလာရသည်မို့ အဆင်မပြေတော့။ ထို့ကြောင့် စင်ပေါ်ရှိBath robeကို မြန်မြန်ဆွဲယူကာဝတ်လိုက်မိသည်။ သို့သော်လည်း ခေါင်းမှရေစက်လက်ကြောင့် ပို၍အေးလာသလိုမို့ အပြင်ဘက်အမြန်ထွက်ခဲ့လိုက်သည်။
အိပ်ဆောင်ထဲကိုဝင်လိုက်တော့ တစ်ယောက်သောသူက MacBookကိုကြည့်နေရာမှ ချက်ချင်းထရပ်လာပြီး...
"ဘာလို့ခေါင်းလျှော်လာတာလဲ"
မေးလာသူအားချက်ချင်းပြန်မဖြေနိုင်။ အခန်းထဲရောက်၍ အနည်းငယ်နွေးသွားသော်လည်း လူကစိမ့်တက်နေဆဲမို့ အနားကိုရောက်လာသူအား ဆွဲဖက်လိုက်မိပြီး...
"အေးလို့သေတော့မယ် အနွေးဓာတ်ပေးပါဦး"
"....."
စကားအဆုံး ခေါင်းထက်ဆီမှသက်ပြင်းဖွဖွကိုကြားလိုက်ရအပြီးတွင် ခပ်ဖွဖွပြန်ဖက်လာ၏။
"ခေါင်းမလျှော်လိုက်သင့်ဘူး"
"ဟီး ငါမင်းလျှော်တဲ့ခေါင်းလျှော်ရည်နဲ့လျှော်ချင်လို့ပါ"
"အင်း နွေးပြီလား...ခေါင်းသုတ်ရမယ်"
"၁မိနစ် ၁မိနစ်"
တစ်မိနစ်အလွန်တွင်တော့ ဘေဘေးက ခေါင်းမှဆံပင်စိုတို့အား တဘက်ဖြင့်သုတ်နေရင်း စိတ်မရှည်တော့သည်မို့ ရပ်လိုက်တော့သည်။
"ခေါင်းကစိုနေသေးတယ်"
"အာ ထားလိုက်တော့ ငါသုတ်ရတာစိတ်မရှည်တော့ဘူး"
"....."
ထိုအခါ Kingက ဘာမှဆက်မပြောတော့ဘဲ သူ့လက်ထဲမှတဘက်ကိုဆွဲယူလာပြီး မတ်တပ်ထရပ်သည်။ အစက နှစ်ယောက်လုံးကုတင်ထက်တွင် ခြေချထိုင်နေရာမှ ယခုမူသူတစ်ယောက်တည်းသာထိုင်နေဆဲ။ Kingက ထိုင်နေသည့် သူနှင့်မျက်နှာချင်းဆိုင်တွင်ရပ်လာပြီးနောက် လက်ထဲမှတဘက်ကို သူ့ခေါင်းထက်အုပ်တင်လာပြီး ဆံပင်များကိုညင်သာစွာသုတ်ပေးတော့၏။
နားထင်စပ်၊ နားသယ်စပ်၊ နားရွက်ဖျားလေးများပါမကျန်ခပ်ဖွဖွသုတ်ပေးနေမှုအောက်တွင် ဘေဘေးတစ်ယောက် ပြန်၍ပင်အိပ်ချင်လာသည်အထိ။
ဆံပင်တို့ခြောက်သွားသည့်နောက်တွင်တော့...
"အဝတ်မြန်မြန်လဲတော့...နိုးတာကြာနေပြီ...တစ်ခုခုစားရမယ်"
"ဘယ်မှာစားရမှာလဲ"
"ဘယ်မှာစားချင်လဲ"
"အပြင်မှာအေးတယ်"
"အင်း ဒီကိုလာပို့ခိုင်းလိုက်မယ်"
"အင်းအင်း အချစ်ကအကောင်းဆုံး"
"အင်း မြန်မြန်ထွက်လာခဲ့"
King ကထွက်သွားသည်မို့ သူလည်း အဆင်သင့်ထုတ်ပေးထားသည့်အဝတ်အစားများကို မြန်မြန်လဲလိုက်ပြီးနောက် အပြင်သို့ထွက်လာခဲ့လိုက်သည်။ အပြင်ကိုရောက်တော့ စားပွဲပေါ်တွင် စားစရာများကအဆင်သင့်။ ဗိုက်ကလည်းဆာနေပြီဖြစ်တာကြောင့် သူအမြန်လျှောက်သွားလိုက်ပြီး Kingဘေးတွင်ဝင်ထိုင်လိုက်၏။
"အာ ပါပါးလာတာတောင်မသိလိုက်ဘူး"
"ဘယ်သိမလဲ မုန့်တွေကိုငမ်းနေတာကို"
"ဟီး ပါပါး ဒါလေးအရင်စားပေးပါလား"
"ဘာလုပ်မလို့လဲ"
"အာ ပါပါးကလည်း ရော့ရော့ တစ်လုံးခဏယူ"
နိုနိုကပန်းကန်ကိုအတင်းထိုးပေးလာရင်းပြောလာသည်မို့ယူလိုက်တော့...
"ဟီး ပါပါးစယူလိုက်ပြီဆိုတော့ နိုနိုစားလို့ရသွားပြီနော်...ရပြီ ရပြီ...ပါပါးမစားသေးရင် ဒီထဲပြန်ထည့်ထားလို့ရတယ်...နိုနိုအဲ့တစ်လုံးကို လုံးဝမထိဘူး"
ထိုအခါမှ နိုနိုဘာလုပ်တာလဲဆိုတာကိုသိသွားသည်မို့ ရယ်လိုက်မိသည်။
ဒီကလေးကတော့...
သူမနက်စာစားနေချိန်အတွင်း သူ့အားအဖော်ပြုကာတောက်လျှောက်လိုက်စားနေသည်က နိုနိုပင်။ စားသောက်၍ပြီးတော့ နှုတ်ခမ်းကိုသုတ်လိုက်ပြီးနောက် Kingထည့်ပေးထားသည့်ရေနွေးကြမ်းအား ယူသောက်လိုက်ပြီး...
"King အဘွားတော်ဘယ်လိုနေသေးလဲ...ငါသွားမကြည့်တာရိုင်းရာတော့မကျပါဘူးနော်...သွားကြည့်မှ ထပ်မူးလဲသွားမှာစိုးလို့"
"မပူနဲ့ ငါမနက်ကသွားပြီးပြီ"
"အင်း နေကောင်းတယ်မလား"
"အဆင်ပြေပါတယ်"
"ဟုတ်တယ် ပါပါး...မနက်က ဒယ်ဒီနဲ့အတူနိုနိုတို့လည်းလိုက်သွားတယ်...ဘွားဘွားကြီးက နိုနိုတို့ကိုစကားကောင်းကောင်းပြောပါတယ်...မပူနဲ့...ပါပါးပူပြီးသွားကြည့်မှ တစ်ခုခုထပ်ဖြစ်ရင်ဖြစ်မှာ"
"ဒီဟာလေးကတော့..."
"ဟီး အဲ ဒါနဲ့လေ ပါပါး..."
နိုနိုက ပြောလက်စ,စကားကိုရပ်ကာ သူ့အကြည့်ကိုစောင့်နေသည်မို့ ကြည့်ပေးလိုက်တော့...
"ရန်ကုန်ကဘွားဘွားကြီးတို့သုံးတဲ့ ဝှီးချဲမျိုးမှာပေးပါလား...နိုနို ညနေလိုချင်လို့"
"ဘာလုပ်မလို့လဲ"
"လုပ်မှကြည့်လေလို့...နော် နော်...ပါပါးအခုလှမ်းပြောလိုက်ရင် ဟိုဘက်က Private jetပေါ်တင်ပေးဖို့အချိန် ၃နာရီလောက်ယူတယ်ထား...ညနေလောက်ဆို ဒီကိုရောက်လောက်ပြီ...နော် ပါပါး"
"အင်း ဒီဟာသောက်ပြီးရင်မှာပေးမယ်"
"အာ ပါပါးက အချိန်တမင်ဆွဲပြန်ပြီ"
တမင်ပင် နိုနို့ကိုစချင်သည်မို့ ရေနွေးကိုဖြည်းဖြည်းချင်းသောက်နေလိုက်တော့ နိုနို့မျက်နှာလေးက မအီမသာပုံစံလေးဖြစ်နေတော့သည်မို့ သူရယ်လိုက်မိသည်။ ပြီးမှ တစ်ဖက်ကိုဖုန်းဆက်လိုက်ပြီး နိုနိုပြောသည့်အတိုင်းမှာပေးလိုက်တော့ မျက်နှာလေးကပြန်ကြည်လာကာ ပြုံးလာတော့၏။
"ဒယ်ဒီ ဒီနေ့အပြင်လျှောက်လည်မှာနော်"
"ဒီနေ့မလည်ရဘူး"
Kingပြန်မဖြေခင်တွင် ဖြတ်ပြောလိုက်သောဘေဘေးကြောင့် နိုနို့မျက်နှာလေးက အလိုမကျသလိုလေးဖြစ်သွားသည်။
"ဟာ ပါပါးကလည်း...လုပ်ပြန်ပြီ"
"ဘာမှလာမပြောနဲ့...လည်ချင်ရင်နောက်ရက်တွေရှိသေးတယ်...ဒီနေ့တော့မရဘူး"
"ဘာလို့လဲ ဒီနေ့ကဘာဖြစ်နေလို့လဲလို့"
"ခင်ဗျားလေးတို့ဒယ်ဒီက ၂နာရီလောက်ပဲအိပ်ရသေးတာကိုမသိဘူးမလား"
ပြောလိုက်တော့မှ နိုနိုကမျက်လုံးပြူးသွားပြီး Kingဘက်ကိုလှည့်ကြည့်လိုက်ကာ...
"ဟုတ်လား ဒယ်ဒီ...နှစ်နာရီပဲအိပ်ရသေးတာဆို"
"အင်း"
"အာ ညက ပါပါးလည်းနောက်ကျမှအိပ်တာဆို...ဒယ်ဒီကလည်း ၂နာရီပဲအိပ်ရသေးတာဆိုတော့ ဘာလုပ်နေကြ အယ် အယ်...ဘာမှမဟုတ်တော့ဘူး...ကိုကို ထထ...နိုနိုတို့သွားရအောင်...ပါပါးနဲ့ဒယ်ဒီ ကောင်းကောင်းအိပ်ကြနော်"
ထို့နောက်တွင် လူပျိုပေါက်လေးနှစ်ယောက်သည် ဘာတွေတွေးပြီးရှက်သွားကြမှန်းမသိ၊ နားရွက်ဖျားလေးတွေနီရဲသွားကြကာ နန်းဆောင်မှအမြန်ထွက်သွားကြတော့၏။ နှစ်ယောက်လုံးအပြင်ရောက်သွားတော့မှ ဘေဘေးရယ်ချလိုက်မိသည်။
"ဟားဟား...ဒီဟာလေးတွေကတော့ တကယ်ပါပဲ"
"....."
ထိုစဉ်...
"မဟာဒေဝီက သခင်လေးနဲ့ကြင်ယာတော်ကိုအခေါ်တော်လွှတ်လိုက်ပါတယ်"
နန်းဆောင်ပြင်ပမှအသံထွက်လာသည်မို့ နှစ်ယောက်သား မျက်လုံးချင်းဆုံသွားတော့သည်။ ဘေဘေးတစ်ယောက် နှာခေါင်းရှုံ့လိုက်ပြီး...
"အဲ့ ကြင်ယာတော်ဆိုတာကြီးကို ဖြုတ်ခိုင်းလို့မရဘူးလားကွာ"
"ဖြုတ်ခိုင်းရင်ပိုဆိုးသွားလိမ့်မယ်"
"....."
ဤသို့ဖြင့် နှစ်ယောက်လုံး အပြင်ကိုထွက်လိုက်တော့...
"သခင်လေးကိုနှုတ်ဆက်ပါတယ်"
"ကြင်ယာတော်ကိုနှုတ်ဆက်ပါတယ်"
အပျိုတော်လေးများ၏နှုတ်ဆက်သံများကြောင့် ဘေဘေး ဒုတိယအကြိမ်ရင်ခံရပြန်သည်။
ထို့နောက်တွင် နှစ်ယောက်သား မဟာဒေဝီနန်းဆောင်သို့ ဦးတည်လိုက်ကြ၏။
နန်းဆောင်၏တံခါးအထပ်ထပ်ကိုကျော်လွန်ပြီးနောက်တွင်တော့ မဟာဒေဝီ၏အိပ်ဆောင်တွင်းသို့ ရောက်လာကြသည်။ သူတို့ရောက်သွားသည်နှင့် အဘွားတော်က နံဘေးရှိရံရွေတော်တို့ကို အပြင်ထွက်ခိုင်းလိုက်၏။ သူတို့သုံးဦးသာကျန်ရစ်ခဲ့တော့သည့်အချိန်တွင်တော့ အိပ်ဆောင်အတွင်းမှလေထုသည် ငြိမ်သက်သွားတော့သည်။
မဟာဒေဝီတစ်ယောက် သူမရှေ့ရှိအမျိုးသားငယ်နှစ်ယောက်အားကြည့်ကာ သက်ပြင်းကိုသာတဖွဖွချနေမိသည်။ ပြောစရာစကားတို့က များလွန်းသည်မို့ ဘယ်ကစပြောရမည်ဆိုသည်ကိုပင်မသိတော့။
ဘေဘေးသည်လည်း တိတ်ဆိတ်နေသောလေထုအောက်တွင် အဆင်မပြေတော့။
ထိုစဉ်…
"နိုရာနဲ့ကျွန်တော့်ကိုလက်ခံပေးပါ အဘွားတော်"
"....."
"....."
မထင်မှတ်ထားသူထံမှ ပထမဆုံးထွက်ပေါ်လာသည့်စကားကြောင့် ကျန်နှစ်ယောက်မှာဆွံ့အသွားကြတော့သည်။ မဟာဒေဝီလည်း စကားအများကြီးမပြောချင်တော့သည်မို့ ရည်ရွယ်ချက်ဆီသို့သာ တိုက်ရိုက်သွားလိုက်၏။
"ဒါဆိုရင် မင်းကပဲဆက်ပြောပါဦး...ဟော်နန်းနဲ့ဆက်ခံသူအတွက် ဘယ်လိုလုပ်မှာလဲ... နှစ်ပေါင်းများစွာရပ်တည်လာခဲ့တဲ့ ငါတို့ဟော်နန်းရဲ့ဂုဏ်သိက္ခါကို မင်းဘယ်လိုလုပ်ပေးမှာလဲ... လူတိုင်းကလေးစားကြတဲ့ဟော်နန်းအဖြစ်ကနေ လူတိုင်းလှောင်ပြောင်ကြတဲ့ဟော်နန်းအဖြစ် ပြောင်းလဲသွားနိုင်တာကို ငါကဘယ်လိုခွင့်ပြုနိုင်မှာလဲ... လေးစားမှုတွေလျော့သွားကြတဲ့အခါ ဟော်နန်းရဲ့ဩဇာအာဏာလွှမ်းမိုးမှုပျောက်ကွယ်သွားရင် ဟော်နန်းကရေရှည်ဘယ်လိုဆက်ရပ်တည်နိုင်မှာလဲ... မင်းဒါတွေကိုမစဉ်းစားမိဘူးလား"
"ကျွန်တော်ကူညီနိုင်ပါတယ်"
"နိုရာ ငါလည်းလုပ်နိုင်တယ်"
အဘွားတော်၏စကားအဆုံး သူဝင်ပြောလိုက်သည်ကို ချက်ချင်းတားလာသူကြောင့် ဘေဘေးပြုံးလိုက်မိပြီး...
"အင်း မင်းလုပ်နိုင်တာငါသိတယ်... ဒါပေမယ့် ငါ့ဘက်ကလုပ်ရင်ပိုလွယ်မှာမလို့ ဒီတစ်ခါခဏငြိမ်ငြိမ်နေပေး"
"....."
သက်ဆိုင်သူအားပြောပြီးနောက် သူတို့အားစိုက်ကြည့်နေသည့်အဘွားတော်ကို ဘေဘေးမော့ကြည့်လိုက်သည်။
"ဒီခေတ်မှာ အာဏာဆိုတာ ငွေနဲ့ဖန်တီးယူလို့ရနေပါပြီအဘွားတော်...ဟော်နန်းအနေနဲ့ ရှေ့ဆက်ရပ်တည်နိုင်ဖို့ကျွန်တော်ကူညီနိုင်ပါတယ်"
"....."
ပြောလိုက်တော့ 'ပြောကြည့်ပါဦး'ဆိုသည့်သဘောဖြင့် စိုက်ကြည့်လာသည်မို့...
"အဘွားတော် စိတ်တော့မရှိပါနဲ့...ကျွန်တော် ဟော်နန်းအကြောင်းကိုစုံစမ်းခဲ့ပြီးပါပြီ...ပဒေသရာဇ်စံနစ်ကလည်း နှစ်ပေါင်းများစွာကတည်းက ဖျက်သိမ်းပြီးပြီမလို့ စော်ဘွားတွေရဲ့အာဏာက သက်ရောက်မှုမရှိတော့တာကိုလည်း ကျွန်တော်သိပြီးပါပြီ"
"....."
"ဒါပေမယ့် ဒီဟော်နန်းက နိုင်ငံရေးနဲ့ဆက်စပ်နေဆဲဆိုတာကိုလည်း ကျွန်တော်သိပါတယ်... ဟော်နန်းကထောက်ခံထောက်ပံ့ပေးတဲ့နိုင်ငံရေးသမားတွေက နေရာတစ်ခုကိုရထားတယ်ဆိုတာကိုလည်း ကျွန်တော်သိထားပါတယ်... ဒါတွေအားလုံးက ရှေးအစဉ်အလာကတည်းက လေးစားမှုသက်သက်တစ်ခုတည်းကြောင့်မဟုတ်ဘူးဆိုတာကိုတော့ အဘွားတော်ကအသိဆုံးဖြစ်မှာပါ"
မဟာဒေဝီတစ်ယောက် သူမရှေ့မှအမျိုးသားငယ်အားစိုက်ကြည့်နေမိသည်။ မနေ့က မိုက်ရူးရဲဆန်စွာ အချစ်ကိုဝန်ခံခဲ့သည့်ပုံစံနှင့်ဆန့်ကျင်စွာ ပြောနေဟန်သည် သူ့ကိုယ်သူယုံကြည်မှုရှိစွာပင်။ ထိုပြောနေသမျှစကားအားလုံးသည်လည်း လက်မခံနိုင်စရာမရှိသည်မို့ သူမငြိမ်သက်စွာနားထောင်နေမိသည်။
ဘေဘေး သူပြောနေသည်ကိုဂရုစိုက်စွာနားထောင်နေဟန်ရှိသည့် မဟာဒေဝီကြောင့် စိတ်ထဲမှ ကျေနပ်စွာပြုံးလိုက်မိပြီး...
"လက်ရှိအချိန်မှာ အချိန်တွေ၊ငွေတွေကိုရင်းပြီး နိုင်ငံရေးတစ်ခုကိုပဲထောက်ပံ့နေတယ်ဆိုတာ ကျွန်တော်သိပါတယ်... ဒါပေမယ့် ကျွန်တော်တို့ကြောင့် ဟော်နန်းအပေါ်လေးစားတာ လျော့သွားကောင်းလျော့သွားနိုင်ပါတယ်... အဲ့ချိန်ကျ အပြိုင်ဟော်နန်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုကအာဏာပိုရသွားမှာကို အဘွားတော်မလိုလားတာကျွန်တော်သိပါတယ်"
"ကောင်းပြီ မင်းကအကုန်သိနေတာပဲ...ဒါဆို ပြောကြည့်ပါဦး...မင်းဘာလုပ်ပေးနိုင်လဲ"
နောက်ဆုံးတွင် ဖွင့်ဟမေးလာသည့်အဘွားတော်ကြောင့် သူပြုံးလိုက်ပြီး...
"နိုင်ငံရေးအပြင် စီးပွားရေးနဲ့ပညာရေးကိုပါထောက် ပံ့ မယ်"
"နိုရာ"
စကားအဆုံး တားလာသူကြောင့်...
"King ငါ့ကိုယုံ...စီးပွားရေးသမားတစ်ယောက်အနေနဲ့ ငါ့ကိုယ်ငါအရှုံးပေါ်အောင်တော့မလုပ်ဘူး"
"အင်း"
King ပြန်ငြိမ်သွားတော့မှ ဘေဘေး ပြောလက်စအား ဆက်ပြောလိုက်၏။
"အဘွားတော်သာ ကလေးတွေကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ညှိနှိုင်းတာကိုလက်ခံနိုင်ရင်၊ နောက်ပြီး ကျွန်တော်နဲ့Kingကိုအသိအမှတ်ပြုနိုင်ရင် ကျွန်တော့်ဘက်က အဆင်ပြေအောင်လုပ်ပေးနိုင်ပါတယ်... ဒုတိယတစ်ချက်ကတော့ ချက်ချင်းမဟုတ်လည်းရပါတယ်...အထူးသဖြင့် Kingကို စိတ်ဆင်းရဲအောင်မလုပ်ရင်ရပါပြီ"
"ကောင်းပြီ မင်းအရင်ပြောကြည့်ပါဦး"
ထိုစကားအဆုံး သူခေါင်းကိုတစ်ချက်ညိတ်လိုက်ပြီးနောက်...
"အဘွားတော်အနေနဲ့ ကျွန်တော့်အကြောင်းစုံစမ်းပြီးဖြစ်မှာပါ...ဒါပေမယ့် အဘွားတော်စုံစမ်းထားတာထက်အများကြီးပိုပြီး ကျွန်တော်ကချမ်းသာနိုင်သလို အဘွားတော်ခန့်မှန်းထားတာထက်လည်း အများကြီးပိုပြီး တတ်နိုင်ပါတယ်...ဒါပေမယ့် ဟော်နန်းအမည်ခံလုပ်ပေးမှာမလို့ အဘွားတော်ရဲ့အကူအညီကိုတော့လိုပါတယ်"
"....."
"ပထမဆုံး ပညာရေးကစပါမယ်...ဒီဟော်နန်းကထောက်ခံပေးတဲ့သူတွေကိုစိစစ်ပြီး ကျွန်တော်တို့ဘက်က ပညာတော်သင်လွှတ်ပါမယ်... အရေအတွက်အကန့်အသတ်အလိုက်ရှိမှာဖြစ်သလို တကယ်လည်းအရည်အချင်းရှိဖို့လိုပါတယ်... နောက်ပြီး အဲ့လူတွေက ကျွန်တော်တို့နဲ့သက်တမ်းကာလတစ်ခုကြာ စာချုပ်ချုပ်ထားရပါမယ်... စာချုပ်ကာလအတွင်း ကျွန်တော်တို့ဆီမှာပြန်ပြီးအလုပ်လုပ်ပေးရပါမယ်... စာချုပ်ကာလဆုံးရင်တော့ သူတို့စိတ်ကြိုက်ပါပဲ...ဒါဆိုရင် မျိုးဆက်သစ်ရှိနေတဲ့အိမ်တိုင်း ဟော်နန်းကိုအလေးထားလာကြမယ်ဆိုတာ ကျွန်တော့်ဘက်က ရဲရဲကြီးအာမခံနိုင်ပါတယ်"
ထိုအခါ မဟာဒေဝီသည် ငြိမ်သက်နေရာမှ ခေါင်းကိုဖြည်းညှင်းစွာညိတ်လာပြီး...
"စီးပွားရေးနဲ့ပတ်သက်ပြီးဆိုတာကဘာလဲ"
"ဟုတ်ကဲ့...စီးပွားရေးနဲ့ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်... ဒါကတော့ ကျွန်တော့်အနေနဲ့ HR Teamကို Planဆွဲခိုင်းရဦးမှာပါ... ရာထူးလိုအပ်ချက်တွေကိုသိမှ ကျွန်တော့်ဘက်ကဆက်လုပ်လို့ရမှာပါ... ဒါကလည်း ဟော်နန်းရဲ့ထောက်ခံချက်ပါမှ ဦးစားပေးလုပ်ပါမယ်"
"....."
"စိစစ်ရွေးချယ်တဲ့အဖွဲ့တစ်ဖွဲ့ကိုတော့ ဟော်နန်းရဲ့ပရဝဏ်အောက်မှာထားပေးဖို့ ကျွန်တော်ခွင့်တောင်းချင်ပါတယ်... အဲ့ဒါမှပိုပြီးအဆင်ပြေမှာပါ... ရွေးချယ်ရေးအဖွဲ့ကိုထားပေးရတာက အကယ်၍ စံနှုန်းမပြည့်မီတဲ့လူတွေများနေရင် လေ့ကျင့်သင်ကြားပေးတဲ့အဖွဲ့အစည်းကိုပါ ကျွန်တော့်ဘက်ကစီစဉ်ပေးမှာပါ... ဒါက တစ်နှစ်မှာတစ်ကြိမ်ပဲလုပ်ပါမယ်... ပညာရေးကိုတစ်ကြိမ်၊ စီးပွားရေးကိုတစ်ကြိမ်နဲ့ တစ်နှစ်ကိုနှစ်ကြိမ်လုပ်ပေးသွားမှာပါ... ဒီလိုဆိုရင် အနာဂတ်မှာ ဟော်နန်းအပေါ်လေးစားသူတွေ ပိုပြီးများလာပါလိမ့်မယ်"
"....."
"ဒါပေမယ့် အောင်မြင်လာတဲ့အခါ တိုက်ခိုက်သူပိုများလာနိုင်တာကိုလည်း ကျွန်တော်တို့မေ့လို့မဖြစ်ပါဘူး... အဲ့ဒါကြောင့် အဘွားတော်အနေနဲ့ လက်ခံပေး၊မပေးကို ကိုယ်တိုင်ဆုံးဖြတ်ချက်ချပေးစေချင်ပါတယ်"
"ကောင်းပြီ...ဒါဆိုရင် ဆက်ခံသူကိစ္စကိုရော မင်းဘာလုပ်ပေးနိုင်မလဲ"
ထိုမေးခွန်းကြောင့် ဘေဘေးပြုံးလိုက်မိပြီး...
"ဒါကတော့ သားတို့ကိစ္စမလို့ သားတို့ဆုံးဖြတ်ချက်ကို ကျွန်တော့်ဘက်ကလက်ခံနိုင်ပါတယ်... အဘွားတော်လည်းသိပြီးသားဆိုတော့ ပြောစရာလိုတော့မယ်မထင်ပါဘူး"
သူပြောလိုက်တော့ အဘွားတော်ကခေါင်းညိတ်လာပြီးနောက် တစ်ယောက်တည်းအနည်းငယ်ဆက်တွေးနေပြီး ခဏအကြာတွင် နားချင်သည့်ဟန်ပေါ်လာကာ သူတို့အား ပြန်ခွင့်ပြုလာ၏။
"နှစ်ယောက်လုံးသွားလို့ရပြီ"
ထိုစကားအဆုံး သူတို့နှစ်ယောက်လုံး တိတ်ဆိတ်စွာပင် ပြန်ထွက်လာခဲ့လိုက်ကြသည်။ သူတို့အနေနှင့် အဘွားတော်အားနားလည်ပေးနိုင်ပါသည်။ မည်မျှပင်လုပ်ပေးနိုင်သည်ဟုဆိုပါစေ၊ ရှေးရိုးစွဲသမားဖြစ်သော မဟာဒေဝီတစ်ယောက်အဖို့ စဉ်းစားချိန်တော့လိုမည်သာပင်။
နှစ်ယောက်လုံး နန်းဆောင်နှင့်အတော်လေးဝေးဝေးရောက်သည်အထိ စကားတစ်ခွန်းမျှမဟဖြစ်ကြ။ ဘေဘေးသည်လည်း ခုမှ စိတ်အနည်းငယ်ပေါ့ပါးသွားသည်ဖြစ်ရာ ဝမ်းသာလုံးစို့နေပြီး ဘာစကားမျှမပြောဖြစ်။
"အဲ့လောက်ထိလုပ်ပေးစရာမလိုပါဘူး နိုရာ"
အားနာသံလွှမ်းနေသည့်အသံတစ်ခု နံဘေးမှပေါ်ထွက်လာသည်မို့ ကြည့်လိုက်မိတော့ မျက်လွှာချထားသူကြောင့် သူပြုံးလိုက်မိ၏။
"မင်းက အဲ့ထက်ပိုပြီး အများကြီးအဖိုးတန်တယ်လေ အချစ်ရ"
"နိုရာ မင်းကတော့ တကယ်ပါပဲ"
ဘေဘေး မျက်လွှာပင့်မလာသေးသူ၏နှာတံချွန်အား လူအလစ်တွင်အသာဆွဲဖျစ်လိုက်ပြီး...
"ဘာလို့ အဲ့ရုပ်ဖြစ်နေတာလဲ...ငါ့ကိုအားနာနေတာလား"
"မင်းကိုအဲ့လောက်ထိမလုပ်ပေးစေချင်ဘူး...ငါလည်းစီစဉ်ထားတာရှိပါတယ်"
"King ငါ့ကိုကြည့်"
"....."
"ငါ့ကိုကြည့်လို့"
ဒုတိယအကြိမ်ပြောလိုက်တော့မှ စိုက်ကြည့်လာသည်မို့...
"ဟီး မင်းမလို့ပြောပြလိုက်တာနော်...ဒါတွေက ငါအထွေအထူးလုပ်ပေးလိုက်တာမဟုတ်ဘူး...နှစ်တိုင်း လုပ်နေကျကိုနေရာပြောင်းလုပ်လိုက်ရုံပဲသိလား...အဲ့ဒါကြောင့် အားနာစရာမလိုဘူး"
"....."
စိတ်ပေါ့ပါးစေရန်ပြောလိုက်သော်ငြား မျက်နှာတည်တည်သည် တစ်ချက်မှပုံစံပြောင်းမသွားသည်မို့...
"ဘာလဲ အရမ်းအားနာနေတာလား...အဲ့လောက်အားနာနေလည်း ငါ့ကိုသာပြန်ချစ်ပေးလိုက်တော့"
"....."
ထိုစကားပြောလိုက်တော့ မျက်နှာအမူအရာကပိုပြီးလေးနက်လာသယောင်။ ထိုပုံစံကြောင့် ဘေဘေးရယ်လိုက်မိပြီး...
"ဘာလဲ ဘာလဲ... ဒီနေရာမှာငါ့ကိုအဖြေပေးမလို့လား...မလုပ်နဲ့နော် ငါအရမ်းရင်ခုန်ပြီး သေသွားလိမ့်မယ်...ဘေးမှာလည်း လူတွေရှိနေတော့ ငါလည်းဘာမှပြန်လုပ်လို့မရ...အွတ်"
စကားသံသည် ရုတ်တရက်ရပ်တန့်သွားသလို နှုတ်ခမ်းထက်၌လည်းနွေးခနဲ။ ဘေဘေးတစ်ယောက် အကြောင်သားဖြစ်သွားကာ တစ်ကိုယ်လုံးရှိသွေးများအားလုံးပင် ခဲသွားကြသည့်အလား တောင့်သွားတော့သည်။ ပတ်ဝန်းကျင်ရှိလူများသည်လည်း လုပ်ဆောင်နေမှုတို့ရပ်တန့်ကုန်ကြပြီး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြ၏။
လူကြားထဲတွင်မို့ ဘေဘေးလည်း ခြေဖျားလက်ဖျားတွေအေးစက်သည်အထိဖြစ်လာပြီး...
"King...မင်း...လူကြားထဲ..."
"ချစ်တယ်"
"ဟမ်"
"ငါလည်းမင်းကိုအရမ်းချစ်ပါတယ် နိုရာ"
"....."
သိမ်မွေ့နူးညံ့လွန်းသော ထိုစကားသံအဆုံး ဘေဘေးတစ်ယောက် အသံပင်မထွက်နိုင်တော့။ မိမိ၏နှုတ်ခမ်းအစုံအား လက်ဖြင့်ဖိပိတ်ထားမိရင်း မျက်ရည်တို့က ချက်ချင်းဝဲတက်လာသည်။
ဘေးပတ်ဝန်းကျင်မှအသံများကိုလည်းမကြားရတော့သလို ရင်တွင်းမှနှလုံးခုန်သံအားပင်သတိမထားမိတော့။ မျက်ရည်တို့ကြောင့် ဝေ့ဝါးနေသည့်အမြင်တို့ကြား တစ်ယောက်သောသူကိုသာစိုက်ကြည့်နေမိရင်း မျက်ဝန်းထောင့်စွန်းတို့သည် ပို၍ပူနွေးစွတ်စိုလာပြီးသည့်နောက်တွင်တော့ ပါးပြင်နှစ်ဖက်သည်လည်း စွတ်စိုသွားကြပြီး နို့နှစ်ရောင်မှသည် အနီရောင်သန်းလာတော့သည်အထိ။
"အားလုံး သွားကြ"
King၏စကားအဆုံး ဘေးပတ်ဝန်းကျင်ရှိလူများအားလုံးသည် သူတို့အားအလျင်စလိုဦးညွှတ်ကာ မပြေးရုံတမယ်ထွက်သွားကြတော့သည်။
ဘေဘေးတစ်ယောက်ကတော့ မည်သည့်အရာကိုမှအာရုံမထားနိုင်စွာ သီးသန့်ကမ္ဘာတစ်ခုဆီသို့ရောက်နေသလိုဖြစ်နေပြီး နေရာ၌ငြိမ်သက်စွာရပ်နေမိဆဲ။ မျက်ရည်တို့တသွင်သွင်စီးဆင်းနေကြသည်အားခံစားမိနေသော်လည်း သုတ်ဖို့မစဉ်းစားမိ။ သူ့အတွေးထဲတွင်တော့ ဝါကျတစ်ကြောင်းသာတဝဲလည်လည်ဖြစ်နေပြီး ထိုဝါကျလေးသည် အတုအယောင်ဖြစ်နေမည်အားလည်း စိုးရွံ့နေမိပြန်သည်။ ထို့နောက်တွင် အတွေးပေါင်းစုံတို့သည်လည်းတိုးဝင်လာတော့၏။
Kingကသူ့ကိုချစ်တယ်တဲ့...
Kingက သူ့ကိုတစ်ခါမှမရွံခဲ့ဘူး...နောက်ပြီး အခုလည်း သူ့ကိုအရမ်းချစ်တယ်လို့ပြောလာတယ်...
Kingကသူ့ကိုချစ်တယ်တဲ့...
ပြီးတော့လည်း Kingကသူ့ကိုအမြဲကာကွယ်ပေးခဲ့တယ်...တကယ်ပဲ Kingကသူ့ကိုချစ်နေတာပေါ့...
သူအမြဲကြောက်ခဲ့ရတယ်...Kingရွံမှာ၊ Kingမုန်းမှာ သူအရမ်းကြောက်ခဲ့ရတယ်...ဒါပေမယ့် Kingကသူ့ကိုမရွံခဲ့သလို မုန်းလည်းမမုန်းခဲ့ဘူး... နောက်ပြီး အခုသူ့ကိုပြောနေတယ်... ငါလည်းမင်းကိုအရမ်းချစ်ပါတယ်တဲ့...
Kingကိုယ်တိုင်ထုတ်ပြောလာခဲ့တယ်... Kingက စကားအပိုပြောတတ်တဲ့သူမဟုတ်ဘူး...အဲ့ဒါကြောင့် Kingကသူ့ကိုချစ်တယ်ဆိုတာသေချာတယ်...Kingကသူ့ကို တကယ်ပဲ ချစ် နေ တယ်...
Kingက သူ့ကိုတကယ်ကြီးချစ် နေ တယ်...ဒါက သူ့ခန့်မှန်းချက်မဟုတ်ဘူး... သူများပြောလို့သိတာလည်းမဟုတ်ဘူး... Kingကိုယ်တိုင် သူ့ကိုပြောလာတာ...အခု...အခုလေးတင်ပဲ Kingကသူ့ကိုပြောလာတာ...အခုအချိန်ပိုင်းလေးမှာပဲ သူ့ကိုပြောလာခဲ့တာ...နေ့တောင်မကူးသေးဘူး...ဟင့်အင်း မဟုတ်သေးဘူး...နာရီတောင်မခြားသေးဘူး...အခုလေးတင်ပဲ Kingကိုယ်တိုင်ပြောလာခဲ့တာ...
နောက်ပြီး လူကြားထဲမှာ...လူနှစ်ယောက်၊သုံးယောက်ထက်ပိုတဲ့လူတွေကြားမှာ သူ့ကိုနမ်းခဲ့တာ... ပြီးတော့ Kingကိုယ်တိုင်ပြောလာခဲ့တာ...ငါလည်း မင်းကိုချစ်ပါတယ်တဲ့...
Kingကသူ့ကို ချစ် တယ်...
Kingကသူ့ကို အရမ်းချစ်နေတယ်...
ဒါက Kingကိုယ်တိုင်ပြောလာခဲ့တာမလို့ သူယုံလို့ရတယ်...
မျက်ရည်တွေကိုမဖယ်လိုက်ရဲဘူး... မျက်ရည်တွေရဲ့နွေးထွေးမှုကိုခံစားမိနေလို့ ဒါကို အစစ်အမှန်လို့သူယုံရဲတာ...အဲ့ဒါကြောင့်သူမဖယ်ရဲဘူး...မျက်ရည်တွေသာမရှိတော့ရင် သူ့မှာဘာအထိအတွေ့ခံစားချက်မှမရှိတော့ဘူး... အဲ့လိုဆို သူဒါတွေကိုအိပ်မက်လို့ထင်လိုက်မိမှာ... အိပ်မက်မဖြစ်ရဘူး.. အိပ်မက်ဖြစ်လို့မဖြစ်ဘူး...
အခုချိန်မှာ မျက်ရည်ရဲ့ပူနွေးစိုစွတ်မှုတွေကိုသူခံစားနေရတယ်...နောက်ပြီး အခု သူ့ပုခုံးပေါ်လက်နှစ်ဖက်ကဆုပ်ကိုင်ထားတာကိုခံစားနေရတယ်...ပြီးတော့...
"နိုရာ"
"....."
"နိုရာ မငိုပါနဲ့"
လက်ချောင်းသွယ်တို့သည် အဆက်မပြတ်စီးဆင်းနေသည်မျက်ရည်တို့အား ဟန့်တားလိုက်ကြတော့...
"ဟင့်အင်း မသုတ်နဲ့"
"နိုရာ"
"မသုတ်ပါနဲ့ အင့်!"
"နိုရာ မငိုပါနဲ့တော့"
ချော့လိုက်သော်ငြား အဆက်မပြက်ရှိုက်နေကာ မျက်ရည်တို့က ပို၍စီးဆင်းကျလာသည်မို့ မကြည့်ရက်နိုင်တော့စွာဖြင့်ရင်ခွင်ထဲဆွဲသွင်းလိုက်မိတော့ အတင်းရုန်းကန်လာပြီး...
"ဟင့်အင်း မဖက်နဲ့...ဒီမျက်ရည်တွေကိုရပ်အောင်မလုပ်လိုက်ပါနဲ့...အင့်!"
ရင်ခွင်ထဲမှ အတင်းငြင်းဆန်နေသူအားဂရုမစိုက်စွာဆွဲဖက်ထားမိရင်း ပို၍တင်းကြပ်စွာချုပ်ဖက်ထားလိုက်တော့ စက္ကန့်ပိုင်းမျှရုန်းကန်အပြီးတွင် ငြိမ်ကျသွားပြီးနောက်…
"အီး ဟီး...ငါက မဖက်ပါနဲ့လို့ပြောနေတာကို အတင်းလာဖက်ရလား...မင်းကငါ့စကားကိုလည်း နားမထောင်ဘူး ဟီး..."
ရင်ခွင်ထဲမှ အသံထွက်ကာငိုချလာသူကြောင့် ပို၍တင်းတင်း ထွေးဖက်လိုက်မိသည်အထိ။
"အင်းပါ ငါတောင်းပန်ပါတယ်...မငိုပါနဲ့တော့...ငါမှားပါတယ် "
"အီး ဟီး...မတောင်းပန်နဲ့...ငါက...အင့်...ငါက ဒီမျက်ရည်တွေကိုရပ်မသွားအောင်တအားငိုနေရတာ... အင့်...တကယ်လို့ရပ်သွားရင် အခုဟာက အိပ်မက်ဖြစ်မှာ...အိပ်မက်ဖြစ်မှာကြောက်လို့လို့...ဟီး...မင်းက ဘာမှမသိဘဲနဲ့ အတင်းလာဖက်နေတယ်”
"နိုရာ ဒါက အိပ်မက်မဟုတ်ဘူး...အိပ်မက်မဟုတ်ပါဘူးကွာ"
"အင့်"
"နိုရာ...ငါ့ကိုကြည့်"
ပြောလိုက်ပြီးနောက် ရင်ခွင်ထဲမှမျက်ရည်လည်ရွဲဖြစ်နေသည့် မျက်နှာလေးအား လက်ဖဝါးနှစ်ဖက်ဖြင့်ခပ်ဖွဖွလေးဆွဲယူလိုက်ကာ မျက်နှာချင်းဆိုင်စေလိုက်သည်။
"နိုရာ ငါ့ကိုကြည့်လေ"
"အင့်...ကြည့်နေတာပဲ...မြင်မှမမြင်ရတာ...မျက်ရည်တွေက...အင့်...မျက်ရည်တွေနဲ့မျက်လုံးမှဖွင့်လို့မရတာလို့"
ထိုငိုရှိုက်သံများကြားမှစကားအဆုံး စိုးရိမ်မျက်ဝန်းတို့ဖြင့်ကြည့်နေသူ၏နှုတ်ခမ်းထောင့်စွန်းတို့သည် စက္ကန့်ပိုင်းမျှကွေးညွတ်သွားကြတော့၏။ ဖြူသွယ်သည့် လက်မနှစ်ဖက်ဟာ ငိုနေသူ၏ မျက်ဝန်းနက်လေးများပေါ်မှ ညင်သာစွာပွတ်သပ်သွားပြီးနောက် မျက်ရည်တို့ဖြင့်စိုကပ်နေသည့် မျက်တောင်နက်လေးများသည် ပီပြင်စွာပေါ်လာတော့သည်။ ထို့နောက်တွင် မျက်ဝန်းနက်လေးများပေါ်ထွက်လာပြီးနောက် မျက်ဝန်းနှစ်စုံသည် တိုက်ရိုက်ဆုံသွားကြအပြီး...
"နိုရာ သေချာနားထောင်နော်"
"....."
လက်ချောင်းသွယ်တို့သည် အနီရောင်ပြေးနေသည် ပါးပြင်တစ်ဖက်အား ခပ်ဖွဖွလေးဖျစ်လိုက်ပြီးနောက်…
"ခံစားရတယ်မလား...ဒါကအိပ်မက်မဟုတ်ပါဘူး"
"အင်း"
"အင်း အိပ်မက်လို့ထင်သွားရင်လည်း နိုးလာတယ်လို့ထင်တဲ့ဘယ်အချိန်မဆို ငါ့ကိုတိုက်ရိုက်လာမေးလို့ရတယ်...အချိန်တိုင်း ငါမင်းအတွက်ပြန်ဖြေပေးမယ်"
"အင်း"
" သေချာနားထောင်နော် နိုရာ"
"အင်း"
မျက်ဝန်းနှစ်စုံသည် ပို၍စူးစူးစိုက်စိုက်ဖြစ်သွားကြပြီးနောက်…
"နိုရာ...ငါမင်းကိုအရမ်းချစ်တာထက် အများကြီးပိုချစ်တယ်"
"....."
"ငါမင်းကို အရမ်းမြတ်နိုးရပါတယ် နိုရာ"
ပြောလိုက်သူ၏မျက်ဝန်းတို့သည်ကား ကြင်နာမြတ်နိုးမှုတို့ အပြည့်ထုံမွှမ်းထားသည့်အလားဖြစ်နေပြီး အသံကလည်း နူးညံ့ညင်သာလွန်းစွာ။
Zawgyi//
ႏိုးလာခ်ိန္တြင္ အခန္းအျပင္မွအသံတို႔ကိုၾကားလိုက္ရသည္မို႔ သူမ်က္လုံးကိုဖြင့္လိုက္မိသည္။ အိပ္ေဆာင္အတြင္း ေဝ့ဝိုက္ၾကည့္လိုက္ေတာ့မည္သူမွမရွိ။ လွဲေနရာမွထထိုင္လိုက္မိၿပီး ဖုန္းကိုယူၾကည့္လိုက္ေတာ့ ၉နာရီခြဲ။ ႏိုးႏိုးခ်င္းရရွိလာသည့္ ကံ့ေကာ္သင္းနံ႔ေလးကိုႏွစ္ၿခိဳက္စြာ ရႉရႈိက္လိုက္မိရင္း ယင္းကိုယ္သင္းနံ႔ပိုင္ရွင္အားရွာရန္ ကုတင္ေပၚမွခ်က္ခ်င္းဆင္းလိုက္မိသည္။
အခန္းတံခါးကိုဖြင့္လိုက္သည္ႏွင့္...
"ဟာ...ပါပါးႏိုးလာၿပီ"
ႏိုႏို႔အသံေလးက လူကိုမျမင္ရခင္မွာပင္ ဦးစြာေျပး၍ႏႈတ္ဆက္လာသည္။ သူအျပင္ကို လုံးလုံးလ်ားလ်ားေရာက္သြားေတာ့...
"ဒယ္ဒီက ပါပါးကို ၁၀နာရီမွႏႈိးမယ္ဆိုလို႔ ႏိုႏိုတို႔ေစာင့္ေနတာ"
"ဘာေစာင့္တာလဲ...ကိုယ့္ဘာသာဂိမ္းေဆာ့ရင္ေဆာ့ေနတယ္ေပါ့"
"ဟာ ပါပါးကလည္း...ဂိမ္းက ဟိုဘက္အေဆာင္မွာေဆာ့လည္းရတာကို...ႏိုႏိုတို႔က ပါပါးအိပ္ေနတုန္း ဒယ္ဒီ့ကိုအေဖာ္ျပဳေပးေနတာပါေနာ္...ေနာ္ ကိုကို"
"အင္း"
ႏိုႏိုကသူ႔ဘာသာေျပာ႐ုံႏွင့္အားမရဘဲ ေဘးမွအစ္ကိုျဖစ္သူကိုပါစစ္ကူေတာင္းေတာ့ ညီျဖစ္သူအားအလိုလိုက္သည့္အစ္ကိုပီသစြာပင္ ခ်က္ခ်င္း'အင္း'လိုက္လာသည္။
ထိုအခါ ေဘေဘးရယ္လိုက္မိၿပီး...
"ေျပာပါဦး ဘယ္ႏွစ္နာရီႏိုးတာလဲ"
"အံမယ္ ဒယ္ဒီက ႏိုႏိုတို႔ကို ၇နာရီကတည္းကလာႏႈိးၿပီး မနက္စာေကြၽးတာပါေနာ္...ပါပါးကိုေတာ့ ညကအိပ္တာေနာက္က်လို႔ ၁၀နာရီမွႏႈိးမယ္လို႔ေျပာလို႔သာ ႏိုႏိုကလာမႏႈိးတာ"
"ဘာ! ၇နာရီကတည္းကလာႏႈိးတာဟုတ္လား"
"အြန္းေလ ဘာျဖစ္တာလဲ ပါပါးကလည္း...အလန္႔တၾကားနဲ႔"
သူ႔အသံကအနည္းငယ္အားပါသြားသည္မို႔ ႏိုႏိုတစ္ေယာက္လန္႔သြားပုံရသည္။ သို႔ေသာ္ ႏိုႏို႔အေမးအားျပန္မေျဖႏိုင္။ သားတို႔ႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္စာအုပ္ထိုင္ဖတ္ေနသူထံသို႔သာ အၾကည့္တို႔ကေရာက္သြားေတာ့သည္။ သူထြက္လာလာခ်င္းတုန္းက သူ႔အားတစ္ခ်က္ေမာ့ၾကည့္လာေသးသည္။ သူႏွင့္ႏိုႏိုတို႔စကားေျပာေနစဥ္တြင္ေတာ့ စာကိုသာျပန္ဖတ္ေနပုံရ၏။
အမွန္အားျဖင့္ Kingသည္ သူ႔ထက္ပင္အိပ္ရာဝင္ခ်ိန္ေနာက္က်ခဲ့ပါေသးသည္။
ႏိုႏို႔စကားအရ ၇နာရီမွာလာႏႈိးတယ္ဆိုေတာ့ ဘယ္အခ်ိန္ကတည္းက ႏိုးေနတာလဲ…
ဒါမွမဟုတ္ အခုထိမအိပ္ရေသးတာလား…
ေဘေဘးတစ္ေယာက္ ၿငိမ္သက္စြာစာအုပ္ဖတ္ေနသူအားမ်က္ေမွာင္ၾကဳတ္ကာၾကည့္လိုက္မိၿပီး...
"King ငါမ်က္ႏွာသစ္ၿပီးေရခ်ိဳးမလို႔"
ေျပာလိုက္ေတာ့ မ်က္လႊာခ်ထားသူက ေမာ့ၾကည့္လာၿပီး...
"အင္း"
သူဖတ္ေနသည့္စာအုပ္ကိုအသာပိတ္ကာ ထရပ္လိုက္ၿပီးေနာက္ စာအုပ္စင္ဆီသြားကာ စာအုပ္ကိုေနရာတက်ျပန္စီထားလိုက္ၿပီးမွ သူ႔အားေခၚလာ၏။
"လာေလ"
ေဘေဘး King ဦးေဆာင္ေခၚသြားရာေနာက္သို႔လိုက္သြားလိုက္သည္။ ေရခ်ိဳးေဆာင္သည္ အိပ္ေဆာင္ထက္အတြင္းပိုက်သည္။ အတြင္းပိုင္းအျပင္အဆင္ကေတာ့ ယေန႔ေခတ္ပုံစံႏွင့္မို႔ ေတာ္ေသးသည္ဟုဆိုရေပမည္။
Kingက သူ႔အတြက္ေရေႏြးစပ္ေပးကာျပင္ဆင္ေပးေနသည္အား ၾကည့္ေကာင္းေကာင္းႏွင့္ ေရခ်ိဳးခန္းနံရံကိုမွီကာၾကည့္ေနလိုက္မိသည္။ ဆြယ္တာလည္ပိတ္လက္ရွည္ကို တံေတာင္ဆစ္အထိဆြဲတင္ထားသည္မို႔ လက္ဖ်ံတို႔မွ ေသြးေၾကာစိမ္းမ်ားကို အတိုင္းသားျမင္ေနရသည္။ မိမိတြင္ရွိေသာ္လည္း ထိုလူသားတြင္ရွိေနသည္ကိုေတာ့ ပို၍သေဘာက်မိပါ၏။
Kingက ေသခ်ာျပင္ဆင္ေပးၿပီးမွ ထရပ္လာၿပီး…
"ေရခ်ိဳးေတာ့...မၾကာေစနဲ႔"
"ဘာလို႔လဲ"
"အေအးမိမယ္"
"ေရေႏြးနဲ႔ပဲဟာ"
"ေရေျပာင္းေျမေျပာင္းမလို႔ ဖ်ားတတ္တယ္"
"အင္းပါ အင္းပါ"
"အင္း ေရွ႕ကေစာင့္ေနမယ္"
ေျပာၿပီးေနာက္ ေရခ်ိဳးေဆာင္အျပင္ကိုေျခလွမ္းလိုက္သူေၾကာင့္...
"ခဏ"
ေျပာလည္းေျပာ၊ လက္ကလည္း လ်င္ျမန္စြာဆြဲထားၿပီးျဖစ္ေနသည္မို႔ သြားေနသူ၏ေျခလွမ္းတို႔သည္ရပ္တန္႔သြားၿပီး ေနာက္သို႔လွည့္ၾကည့္လာ၏။
"ခဏ ငါနဲ႔တည့္တည့္လွည့္"
ေျပာလိုက္ေတာ့ နားမလည္သလိုတစ္ခ်က္ၿငိမ္သြားၿပီးေနာက္ ေျပာသည့္အတိုင္းတည့္တည့္လွည့္လာသည္။ ေဘေဘး ထိုပုံစံအားအသည္းယားစြာၿပဳံးလိုက္မိၿပီးေနာက္...
"ဟီး ငါမင္းကိုဖက္ခ်င္လို႔"
စကားအဆုံး ခါးကိုသိမ္းဖက္ကာခႏၶာကိုယ္ခ်င္းဆြဲကပ္လိုက္ၿပီး ဘယ္ဘက္ပုခုံးထက္ပါးတစ္ဖက္ကိုေမွးတင္ကာ လည္တိုင္အားမ်က္ႏွာႏွစ္ၿပီး ဖိနမ္းလိုက္သည္။ ႐ုတ္တရက္ဆန္လြန္းေသာလုပ္ရပ္ေၾကာင့္ ခဏၿငိမ္က်သြားသူသည္လည္း စကၠန္႔ပိုင္းအၾကာတြင္ ပုခုံးတို႔အား ခပ္ဖြဖြျပန္ဖက္လာၿပီးေနာက္...
"ေရေတြေအးသြားလိမ့္မယ္"
"ေအးရင္ျပန္စပ္ေပးမယ္မလား"
"အင္း"
"ဟီး မင္းရွိေနရင္ဘာကိုမွမပူေတာ့ဘူး"
"အင္း အကုန္ငါလုပ္ေပးမယ္"
"ဟီး အင္း ဒါနဲ႔အိပ္ေရာအိပ္ထားရဲ႕လား"
"၂နာရီေလာက္အိပ္ထားတယ္...စိတ္မပူနဲ႔"
"စိတ္ပူမွာပဲ...ေန႔လယ္စာစားၿပီးရင္ မင္းျပန္အိပ္ရမယ္...ၾကားလား"
ေျပာလိုက္ေတာ့ခဏၿငိမ္က်သြားၿပီးေနာက္...
"သားတို႔နဲ႔ေလွ်ာက္လည္မယ္လို႔ကတိေပးထားတယ္"
"ဘာျဖစ္လဲ ဖ်က္လိုက္...မင္းဖ်က္စရာမလိုေအာင္ ငါေျပာေပးမယ္...အဓိက,က မင္းျပန္အိပ္ဖို႔ပဲ...မျငင္းနဲ႔ေနာ္"
"အင္း"
"အြန္း ၿပီးေရာ လိမ္မာတယ္"
႐ႊတ္!
ေျပာလိုက္ရင္း ျဖဴဥေနသည့္ဘယ္ဘက္ပါးျပင္ထက္ နမ္းလိုက္ေတာ့ နီရဲတက္လာသည့္နား႐ြက္ဖ်ားတို႔ေၾကာင့္...
"အဟြန္း...ခုကဟန္ေဆာင္စရာမလိုေတာ့ဘူးဆိုေတာ့ ေရွ႕ေလွ်ာက္ငါအမ်ားႀကီးနမ္းဦးမွာေနာ္... ဒီေလာက္ကိုရွက္မေနနဲ႔ေတာ့ သိလား"
႐ႊတ္!
ေျပာလိုက္ၿပီး ညာဘက္ပါးျပင္အားေနာက္တစ္ခ်က္နမ္းလိုက္ၿပီးေနာက္...
"အဟမ္း မေက်နပ္ရင္ငါ့ကိုျပန္နမ္းေလ...အင့္"
ၿပဳံးစိစိႏွင့္ေျပာလိုက္ရင္းပါးတစ္ဖက္ကိုထိုးေပးလိုက္ၿပီးမွ မ်က္ႏွာမသစ္ရေသးသည္ကို သတိရသြားသည္မို႔…
"အာ မနမ္းနဲ႔...ငါေရခ်ိဳးၿပီးမွ..."
႐ႊတ္!
စကားပင္မဆုံးေသး ေႏြးခနဲျဖစ္သြားသည့္ပါးတစ္ဖက္။ သူအနည္းငယ္အံ့ဩသြားရစဥ္ ခႏၶာကိုယ္ႏွစ္ခုအား ျပန္ခြာေစလိုက္သူ။
"ေရခ်ိဳးေတာ့"
"ဟင္! အင္း"
ထို႔ေနာက္တြင္ တစ္ဖက္လူ ေရခ်ိဳးခန္းျပင္ပသို႔ေရာက္သြား၍ ေရခ်ိဳးေဆာင္တံခါးကိုပိတ္ေပးသြားသည္အထိ သူကေတာ့ ၾကည္ႏူးမႈတို႔ျဖင့္အေၾကာင္သားရပ္ေနမိဆဲပင္။
20 minutes later...
ေရေႏြးႏွင့္စိမ္ခ်ိဳးေနစဥ္ကအဆင္ေျပခဲ့ေသာ္ျငား Bath tub၏ အျပင္ကိုထြက္လိုက္သည္ႏွင့္ အေအးဓာတ္ကိုခံစားလာရသည္မို႔ အဆင္မေျပေတာ့။ ထို႔ေၾကာင့္ စင္ေပၚရွိBath robeကို ျမန္ျမန္ဆြဲယူကာဝတ္လိုက္မိသည္။ သို႔ေသာ္လည္း ေခါင္းမွေရစက္လက္ေၾကာင့္ ပို၍ေအးလာသလိုမို႔ အျပင္ဘက္အျမန္ထြက္ခဲ့လိုက္သည္။
အိပ္ေဆာင္ထဲကိုဝင္လိုက္ေတာ့ တစ္ေယာက္ေသာသူက MacBookကိုၾကည့္ေနရာမွ ခ်က္ခ်င္းထရပ္လာၿပီး...
"ဘာလို႔ေခါင္းေလွ်ာ္လာတာလဲ"
ေမးလာသူအားခ်က္ခ်င္းျပန္မေျဖႏိုင္။ အခန္းထဲေရာက္၍ အနည္းငယ္ေႏြးသြားေသာ္လည္း လူကစိမ့္တက္ေနဆဲမို႔ အနားကိုေရာက္လာသူအား ဆြဲဖက္လိုက္မိၿပီး...
"ေအးလို႔ေသေတာ့မယ္ အေႏြးဓာတ္ေပးပါဦး"
"....."
စကားအဆုံး ေခါင္းထက္ဆီမွသက္ျပင္းဖြဖြကိုၾကားလိုက္ရအၿပီးတြင္ ခပ္ဖြဖြျပန္ဖက္လာ၏။
"ေခါင္းမေလွ်ာ္လိုက္သင့္ဘူး"
"ဟီး ငါမင္းေလွ်ာ္တဲ့ေခါင္းေလွ်ာ္ရည္နဲ႔ေလွ်ာ္ခ်င္လို႔ပါ"
"အင္း ေႏြးၿပီလား...ေခါင္းသုတ္ရမယ္"
"၁မိနစ္ ၁မိနစ္"
တစ္မိနစ္အလြန္တြင္ေတာ့ ေဘေဘးက ေခါင္းမွဆံပင္စိုတို႔အား တဘက္ျဖင့္သုတ္ေနရင္း စိတ္မရွည္ေတာ့သည္မို႔ ရပ္လိုက္ေတာ့သည္။
"ေခါင္းကစိုေနေသးတယ္"
"အာ ထားလိုက္ေတာ့ ငါသုတ္ရတာစိတ္မရွည္ေတာ့ဘူး"
"....."
ထိုအခါ Kingက ဘာမွဆက္မေျပာေတာ့ဘဲ သူ႔လက္ထဲမွတဘက္ကိုဆြဲယူလာၿပီး မတ္တပ္ထရပ္သည္။ အစက ႏွစ္ေယာက္လုံးကုတင္ထက္တြင္ ေျခခ်ထိုင္ေနရာမွ ယခုမူသူတစ္ေယာက္တည္းသာထိုင္ေနဆဲ။ Kingက ထိုင္ေနသည့္ သူႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ရပ္လာၿပီးေနာက္ လက္ထဲမွတဘက္ကို သူ႔ေခါင္းထက္အုပ္တင္လာၿပီး ဆံပင္မ်ားကိုညင္သာစြာသုတ္ေပးေတာ့၏။
နားထင္စပ္၊ နားသယ္စပ္၊ နား႐ြက္ဖ်ားေလးမ်ားပါမက်န္ခပ္ဖြဖြသုတ္ေပးေနမႈေအာက္တြင္ ေဘေဘးတစ္ေယာက္ ျပန္၍ပင္အိပ္ခ်င္လာသည္အထိ။
ဆံပင္တို႔ေျခာက္သြားသည့္ေနာက္တြင္ေတာ့...
"အဝတ္ျမန္ျမန္လဲေတာ့...ႏိုးတာၾကာေနၿပီ...တစ္ခုခုစားရမယ္"
"ဘယ္မွာစားရမွာလဲ"
"ဘယ္မွာစားခ်င္လဲ"
"အျပင္မွာေအးတယ္"
"အင္း ဒီကိုလာပို႔ခိုင္းလိုက္မယ္"
"အင္းအင္း အခ်စ္ကအေကာင္းဆုံး"
"အင္း ျမန္ျမန္ထြက္လာခဲ့"
King ကထြက္သြားသည္မို႔ သူလည္း အဆင္သင့္ထုတ္ေပးထားသည့္အဝတ္အစားမ်ားကို ျမန္ျမန္လဲလိုက္ၿပီးေနာက္ အျပင္သို႔ထြက္လာခဲ့လိုက္သည္။ အျပင္ကိုေရာက္ေတာ့ စားပြဲေပၚတြင္ စားစရာမ်ားကအဆင္သင့္။ ဗိုက္ကလည္းဆာေနၿပီျဖစ္တာေၾကာင့္ သူအျမန္ေလွ်ာက္သြားလိုက္ၿပီး Kingေဘးတြင္ဝင္ထိုင္လိုက္၏။
"အာ ပါပါးလာတာေတာင္မသိလိုက္ဘူး"
"ဘယ္သိမလဲ မုန္႔ေတြကိုငမ္းေနတာကို"
"ဟီး ပါပါး ဒါေလးအရင္စားေပးပါလား"
"ဘာလုပ္မလို႔လဲ"
"အာ ပါပါးကလည္း ေရာ့ေရာ့ တစ္လုံးခဏယူ"
ႏိုႏိုကပန္းကန္ကိုအတင္းထိုးေပးလာရင္းေျပာလာသည္မို႔ယူလိုက္ေတာ့...
"ဟီး ပါပါးစယူလိုက္ၿပီဆိုေတာ့ ႏိုႏိုစားလို႔ရသြားၿပီေနာ္...ရၿပီ ရၿပီ...ပါပါးမစားေသးရင္ ဒီထဲျပန္ထည့္ထားလို႔ရတယ္...ႏိုႏိုအဲ့တစ္လုံးကို လုံးဝမထိဘူး"
ထိုအခါမွ ႏိုႏိုဘာလုပ္တာလဲဆိုတာကိုသိသြားသည္မို႔ ရယ္လိုက္မိသည္။
ဒီကေလးကေတာ့...
သူမနက္စာစားေနခ်ိန္အတြင္း သူ႔အားအေဖာ္ျပဳကာေတာက္ေလွ်ာက္လိုက္စားေနသည္က ႏိုႏိုပင္။ စားေသာက္၍ၿပီးေတာ့ ႏႈတ္ခမ္းကိုသုတ္လိုက္ၿပီးေနာက္ Kingထည့္ေပးထားသည့္ေရေႏြးၾကမ္းအား ယူေသာက္လိုက္ၿပီး...
"King အဘြားေတာ္ဘယ္လိုေနေသးလဲ...ငါသြားမၾကည့္တာ႐ိုင္းရာေတာ့မက်ပါဘူးေနာ္...သြားၾကည့္မွ ထပ္မူးလဲသြားမွာစိုးလို႔"
"မပူနဲ႔ ငါမနက္ကသြားၿပီးၿပီ"
"အင္း ေနေကာင္းတယ္မလား"
"အဆင္ေျပပါတယ္"
"ဟုတ္တယ္ ပါပါး...မနက္က ဒယ္ဒီနဲ႔အတူႏိုႏိုတို႔လည္းလိုက္သြားတယ္...ဘြားဘြားႀကီးက ႏိုႏိုတို႔ကိုစကားေကာင္းေကာင္းေျပာပါတယ္...မပူနဲ႔...ပါပါးပူၿပီးသြားၾကည့္မွ တစ္ခုခုထပ္ျဖစ္ရင္ျဖစ္မွာ"
"ဒီဟာေလးကေတာ့..."
"ဟီး အဲ ဒါနဲ႔ေလ ပါပါး..."
ႏိုႏိုက ေျပာလက္စ,စကားကိုရပ္ကာ သူ႔အၾကည့္ကိုေစာင့္ေနသည္မို႔ ၾကည့္ေပးလိုက္ေတာ့...
"ရန္ကုန္ကဘြားဘြားႀကီးတို႔သုံးတဲ့ ဝွီးခ်ဲမ်ိဳးမွာေပးပါလား...ႏိုႏို ညေနလိုခ်င္လို႔"
"ဘာလုပ္မလို႔လဲ"
"လုပ္မွၾကည့္ေလလို႔...ေနာ္ ေနာ္...ပါပါးအခုလွမ္းေျပာလိုက္ရင္ ဟိုဘက္က Private jetေပၚတင္ေပးဖို႔အခ်ိန္ ၃နာရီေလာက္ယူတယ္ထား...ညေနေလာက္ဆို ဒီကိုေရာက္ေလာက္ၿပီ...ေနာ္ ပါပါး"
"အင္း ဒီဟာေသာက္ၿပီးရင္မွာေပးမယ္"
"အာ ပါပါးက အခ်ိန္တမင္ဆြဲျပန္ၿပီ"
တမင္ပင္ ႏိုႏို႔ကိုစခ်င္သည္မို႔ ေရေႏြးကိုျဖည္းျဖည္းခ်င္းေသာက္ေနလိုက္ေတာ့ ႏိုႏို႔မ်က္ႏွာေလးက မအီမသာပုံစံေလးျဖစ္ေနေတာ့သည္မို႔ သူရယ္လိုက္မိသည္။ ၿပီးမွ တစ္ဖက္ကိုဖုန္းဆက္လိုက္ၿပီး ႏိုႏိုေျပာသည့္အတိုင္းမွာေပးလိုက္ေတာ့ မ်က္ႏွာေလးကျပန္ၾကည္လာကာ ၿပဳံးလာေတာ့၏။
"ဒယ္ဒီ ဒီေန႔အျပင္ေလွ်ာက္လည္မွာေနာ္"
"ဒီေန႔မလည္ရဘူး"
Kingျပန္မေျဖခင္တြင္ ျဖတ္ေျပာလိုက္ေသာေဘေဘးေၾကာင့္ ႏိုႏို႔မ်က္ႏွာေလးက အလိုမက်သလိုေလးျဖစ္သြားသည္။
"ဟာ ပါပါးကလည္း...လုပ္ျပန္ၿပီ"
"ဘာမွလာမေျပာနဲ႔...လည္ခ်င္ရင္ေနာက္ရက္ေတြရွိေသးတယ္...ဒီေန႔ေတာ့မရဘူး"
"ဘာလို႔လဲ ဒီေန႔ကဘာျဖစ္ေနလို႔လဲလို႔"
"ခင္ဗ်ားေလးတို႔ဒယ္ဒီက ၂နာရီေလာက္ပဲအိပ္ရေသးတာကိုမသိဘူးမလား"
ေျပာလိုက္ေတာ့မွ ႏိုႏိုကမ်က္လုံးျပဴးသြားၿပီး Kingဘက္ကိုလွည့္ၾကည့္လိုက္ကာ...
"ဟုတ္လား ဒယ္ဒီ...ႏွစ္နာရီပဲအိပ္ရေသးတာဆို"
"အင္း"
"အာ ညက ပါပါးလည္းေနာက္က်မွအိပ္တာဆို...ဒယ္ဒီကလည္း ၂နာရီပဲအိပ္ရေသးတာဆိုေတာ့ ဘာလုပ္ေနၾက အယ္ အယ္...ဘာမွမဟုတ္ေတာ့ဘူး...ကိုကို ထထ...ႏိုႏိုတို႔သြားရေအာင္...ပါပါးနဲ႔ဒယ္ဒီ ေကာင္းေကာင္းအိပ္ၾကေနာ္"
ထို႔ေနာက္တြင္ လူပ်ိဳေပါက္ေလးႏွစ္ေယာက္သည္ ဘာေတြေတြးၿပီးရွက္သြားၾကမွန္းမသိ၊ နား႐ြက္ဖ်ားေလးေတြနီရဲသြားၾကကာ နန္းေဆာင္မွအျမန္ထြက္သြားၾကေတာ့၏။ ႏွစ္ေယာက္လုံးအျပင္ေရာက္သြားေတာ့မွ ေဘေဘးရယ္ခ်လိုက္မိသည္။
"ဟားဟား...ဒီဟာေလးေတြကေတာ့ တကယ္ပါပဲ"
"....."
ထိုစဥ္...
"မဟာေဒဝီက သခင္ေလးနဲ႔ၾကင္ယာေတာ္ကိုအေခၚေတာ္လႊတ္လိုက္ပါတယ္"
နန္းေဆာင္ျပင္ပမွအသံထြက္လာသည္မို႔ ႏွစ္ေယာက္သား မ်က္လုံးခ်င္းဆုံသြားေတာ့သည္။ ေဘေဘးတစ္ေယာက္ ႏွာေခါင္းရႈံ႕လိုက္ၿပီး...
"အဲ့ ၾကင္ယာေတာ္ဆိုတာႀကီးကို ျဖဳတ္ခိုင္းလို႔မရဘူးလားကြာ"
"ျဖဳတ္ခိုင္းရင္ပိုဆိုးသြားလိမ့္မယ္"
"....."
ဤသို႔ျဖင့္ ႏွစ္ေယာက္လုံး အျပင္ကိုထြက္လိုက္ေတာ့...
"သခင္ေလးကိုႏႈတ္ဆက္ပါတယ္"
"ၾကင္ယာေတာ္ကိုႏႈတ္ဆက္ပါတယ္"
အပ်ိဳေတာ္ေလးမ်ား၏ႏႈတ္ဆက္သံမ်ားေၾကာင့္ ေဘေဘး ဒုတိယအႀကိမ္ရင္ခံရျပန္သည္။
ထို႔ေနာက္တြင္ ႏွစ္ေယာက္သား မဟာေဒဝီနန္းေဆာင္သို႔ ဦးတည္လိုက္ၾက၏။
နန္းေဆာင္၏တံခါးအထပ္ထပ္ကိုေက်ာ္လြန္ၿပီးေနာက္တြင္ေတာ့ မဟာေဒဝီ၏အိပ္ေဆာင္တြင္းသို႔ ေရာက္လာၾကသည္။ သူတို႔ေရာက္သြားသည္ႏွင့္ အဘြားေတာ္က နံေဘးရွိရံေ႐ြေတာ္တို႔ကို အျပင္ထြက္ခိုင္းလိုက္၏။ သူတို႔သုံးဦးသာက်န္ရစ္ခဲ့ေတာ့သည့္အခ်ိန္တြင္ေတာ့ အိပ္ေဆာင္အတြင္းမွေလထုသည္ ၿငိမ္သက္သြားေတာ့သည္။
မဟာေဒဝီတစ္ေယာက္ သူမေရွ႕ရွိအမ်ိဳးသားငယ္ႏွစ္ေယာက္အားၾကည့္ကာ သက္ျပင္းကိုသာတဖြဖြခ်ေနမိသည္။ ေျပာစရာစကားတို႔က မ်ားလြန္းသည္မို႔ ဘယ္ကစေျပာရမည္ဆိုသည္ကိုပင္မသိေတာ့။
ေဘေဘးသည္လည္း တိတ္ဆိတ္ေနေသာေလထုေအာက္တြင္ အဆင္မေျပေတာ့။
ထိုစဥ္…
"ႏိုရာနဲ႔ကြၽန္ေတာ့္ကိုလက္ခံေပးပါ အဘြားေတာ္"
"....."
"....."
မထင္မွတ္ထားသူထံမွ ပထမဆုံးထြက္ေပၚလာသည့္စကားေၾကာင့္ က်န္ႏွစ္ေယာက္မွာဆြံ႕အသြားၾကေတာ့သည္။ မဟာေဒဝီလည္း စကားအမ်ားႀကီးမေျပာခ်င္ေတာ့သည္မို႔ ရည္႐ြယ္ခ်က္ဆီသို႔သာ တိုက္႐ိုက္သြားလိုက္၏။
"ဒါဆိုရင္ မင္းကပဲဆက္ေျပာပါဦး...ေဟာ္နန္းနဲ႔ဆက္ခံသူအတြက္ ဘယ္လိုလုပ္မွာလဲ... ႏွစ္ေပါင္းမ်ားစြာရပ္တည္လာခဲ့တဲ့ ငါတို႔ေဟာ္နန္းရဲ႕ဂုဏ္သိကၡါကို မင္းဘယ္လိုလုပ္ေပးမွာလဲ... လူတိုင္းကေလးစားၾကတဲ့ေဟာ္နန္းအျဖစ္ကေန လူတိုင္းေလွာင္ေျပာင္ၾကတဲ့ေဟာ္နန္းအျဖစ္ ေျပာင္းလဲသြားႏိုင္တာကို ငါကဘယ္လိုခြင့္ျပဳႏိုင္မွာလဲ... ေလးစားမႈေတြေလ်ာ့သြားၾကတဲ့အခါ ေဟာ္နန္းရဲ႕ဩဇာအာဏာလႊမ္းမိုးမႈေပ်ာက္ကြယ္သြားရင္ ေဟာ္နန္းကေရရွည္ဘယ္လိုဆက္ရပ္တည္ႏိုင္မွာလဲ... မင္းဒါေတြကိုမစဥ္းစားမိဘူးလား"
"ကြၽန္ေတာ္ကူညီႏိုင္ပါတယ္"
"ႏိုရာ ငါလည္းလုပ္ႏိုင္တယ္"
အဘြားေတာ္၏စကားအဆုံး သူဝင္ေျပာလိုက္သည္ကို ခ်က္ခ်င္းတားလာသူေၾကာင့္ ေဘေဘးၿပဳံးလိုက္မိၿပီး...
"အင္း မင္းလုပ္ႏိုင္တာငါသိတယ္... ဒါေပမယ့္ ငါ့ဘက္ကလုပ္ရင္ပိုလြယ္မွာမလို႔ ဒီတစ္ခါခဏၿငိမ္ၿငိမ္ေနေပး"
"....."
သက္ဆိုင္သူအားေျပာၿပီးေနာက္ သူတို႔အားစိုက္ၾကည့္ေနသည့္အဘြားေတာ္ကို ေဘေဘးေမာ့ၾကည့္လိုက္သည္။
"ဒီေခတ္မွာ အာဏာဆိုတာ ေငြနဲ႔ဖန္တီးယူလို႔ရေနပါၿပီအဘြားေတာ္...ေဟာ္နန္းအေနနဲ႔ ေရွ႕ဆက္ရပ္တည္ႏိုင္ဖို႔ကြၽန္ေတာ္ကူညီႏိုင္ပါတယ္"
"....."
ေျပာလိုက္ေတာ့ 'ေျပာၾကည့္ပါဦး'ဆိုသည့္သေဘာျဖင့္ စိုက္ၾကည့္လာသည္မို႔...
"အဘြားေတာ္ စိတ္ေတာ့မရွိပါနဲ႔...ကြၽန္ေတာ္ ေဟာ္နန္းအေၾကာင္းကိုစုံစမ္းခဲ့ၿပီးပါၿပီ...ပေဒသရာဇ္စံနစ္ကလည္း ႏွစ္ေပါင္းမ်ားစြာကတည္းက ဖ်က္သိမ္းၿပီးၿပီမလို႔ ေစာ္ဘြားေတြရဲ႕အာဏာက သက္ေရာက္မႈမရွိေတာ့တာကိုလည္း ကြၽန္ေတာ္သိၿပီးပါၿပီ"
"....."
"ဒါေပမယ့္ ဒီေဟာ္နန္းက ႏိုင္ငံေရးနဲ႔ဆက္စပ္ေနဆဲဆိုတာကိုလည္း ကြၽန္ေတာ္သိပါတယ္... ေဟာ္နန္းကေထာက္ခံေထာက္ပံ့ေပးတဲ့ႏိုင္ငံေရးသမားေတြက ေနရာတစ္ခုကိုရထားတယ္ဆိုတာကိုလည္း ကြၽန္ေတာ္သိထားပါတယ္... ဒါေတြအားလုံးက ေရွးအစဥ္အလာကတည္းက ေလးစားမႈသက္သက္တစ္ခုတည္းေၾကာင့္မဟုတ္ဘူးဆိုတာကိုေတာ့ အဘြားေတာ္ကအသိဆုံးျဖစ္မွာပါ"
မဟာေဒဝီတစ္ေယာက္ သူမေရွ႕မွအမ်ိဳးသားငယ္အားစိုက္ၾကည့္ေနမိသည္။ မေန႔က မိုက္႐ူးရဲဆန္စြာ အခ်စ္ကိုဝန္ခံခဲ့သည့္ပုံစံႏွင့္ဆန္႔က်င္စြာ ေျပာေနဟန္သည္ သူ႔ကိုယ္သူယုံၾကည္မႈရွိစြာပင္။ ထိုေျပာေနသမွ်စကားအားလုံးသည္လည္း လက္မခံႏိုင္စရာမရွိသည္မို႔ သူမၿငိမ္သက္စြာနားေထာင္ေနမိသည္။
ေဘေဘး သူေျပာေနသည္ကိုဂ႐ုစိုက္စြာနားေထာင္ေနဟန္ရွိသည့္ မဟာေဒဝီေၾကာင့္ စိတ္ထဲမွ ေက်နပ္စြာၿပဳံးလိုက္မိၿပီး...
"လက္ရွိအခ်ိန္မွာ အခ်ိန္ေတြ၊ေငြေတြကိုရင္းၿပီး ႏိုင္ငံေရးတစ္ခုကိုပဲေထာက္ပံ့ေနတယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္... ဒါေပမယ့္ ကြၽန္ေတာ္တို႔ေၾကာင့္ ေဟာ္နန္းအေပၚေလးစားတာ ေလ်ာ့သြားေကာင္းေလ်ာ့သြားႏိုင္ပါတယ္... အဲ့ခ်ိန္က် အၿပိဳင္ေဟာ္နန္း သို႔မဟုတ္ အဖြဲ႕အစည္းတစ္ခုကအာဏာပိုရသြားမွာကို အဘြားေတာ္မလိုလားတာကြၽန္ေတာ္သိပါတယ္"
"ေကာင္းၿပီ မင္းကအကုန္သိေနတာပဲ...ဒါဆို ေျပာၾကည့္ပါဦး...မင္းဘာလုပ္ေပးႏိုင္လဲ"
ေနာက္ဆုံးတြင္ ဖြင့္ဟေမးလာသည့္အဘြားေတာ္ေၾကာင့္ သူၿပဳံးလိုက္ၿပီး...
"ႏိုင္ငံေရးအျပင္ စီးပြားေရးနဲ႔ပညာေရးကိုပါေထာက္ ပံ့ မယ္"
"ႏိုရာ"
စကားအဆုံး တားလာသူေၾကာင့္...
"King ငါ့ကိုယုံ...စီးပြားေရးသမားတစ္ေယာက္အေနနဲ႔ ငါ့ကိုယ္ငါအရႈံးေပၚေအာင္ေတာ့မလုပ္ဘူး"
"အင္း"
King ျပန္ၿငိမ္သြားေတာ့မွ ေဘေဘး ေျပာလက္စအား ဆက္ေျပာလိုက္၏။
"အဘြားေတာ္သာ ကေလးေတြကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ညႇိႏႈိင္းတာကိုလက္ခံႏိုင္ရင္၊ ေနာက္ၿပီး ကြၽန္ေတာ္နဲ႔Kingကိုအသိအမွတ္ျပဳႏိုင္ရင္ ကြၽန္ေတာ့္ဘက္က အဆင္ေျပေအာင္လုပ္ေပးႏိုင္ပါတယ္... ဒုတိယတစ္ခ်က္ကေတာ့ ခ်က္ခ်င္းမဟုတ္လည္းရပါတယ္...အထူးသျဖင့္ Kingကို စိတ္ဆင္းရဲေအာင္မလုပ္ရင္ရပါၿပီ"
"ေကာင္းၿပီ မင္းအရင္ေျပာၾကည့္ပါဦး"
ထိုစကားအဆုံး သူေခါင္းကိုတစ္ခ်က္ညိတ္လိုက္ၿပီးေနာက္...
"အဘြားေတာ္အေနနဲ႔ ကြၽန္ေတာ့္အေၾကာင္းစုံစမ္းၿပီးျဖစ္မွာပါ...ဒါေပမယ့္ အဘြားေတာ္စုံစမ္းထားတာထက္အမ်ားႀကီးပိုၿပီး ကြၽန္ေတာ္ကခ်မ္းသာႏိုင္သလို အဘြားေတာ္ခန္႔မွန္းထားတာထက္လည္း အမ်ားႀကီးပိုၿပီး တတ္ႏိုင္ပါတယ္...ဒါေပမယ့္ ေဟာ္နန္းအမည္ခံလုပ္ေပးမွာမလို႔ အဘြားေတာ္ရဲ႕အကူအညီကိုေတာ့လိုပါတယ္"
"....."
"ပထမဆုံး ပညာေရးကစပါမယ္...ဒီေဟာ္နန္းကေထာက္ခံေပးတဲ့သူေတြကိုစိစစ္ၿပီး ကြၽန္ေတာ္တို႔ဘက္က ပညာေတာ္သင္လႊတ္ပါမယ္... အေရအတြက္အကန္႔အသတ္အလိုက္ရွိမွာျဖစ္သလို တကယ္လည္းအရည္အခ်င္းရွိဖို႔လိုပါတယ္... ေနာက္ၿပီး အဲ့လူေတြက ကြၽန္ေတာ္တို႔နဲ႔သက္တမ္းကာလတစ္ခုၾကာ စာခ်ဳပ္ခ်ဳပ္ထားရပါမယ္... စာခ်ဳပ္ကာလအတြင္း ကြၽန္ေတာ္တို႔ဆီမွာျပန္ၿပီးအလုပ္လုပ္ေပးရပါမယ္... စာခ်ဳပ္ကာလဆုံးရင္ေတာ့ သူတို႔စိတ္ႀကိဳက္ပါပဲ...ဒါဆိုရင္ မ်ိဳးဆက္သစ္ရွိေနတဲ့အိမ္တိုင္း ေဟာ္နန္းကိုအေလးထားလာၾကမယ္ဆိုတာ ကြၽန္ေတာ့္ဘက္က ရဲရဲႀကီးအာမခံႏိုင္ပါတယ္"
ထိုအခါ မဟာေဒဝီသည္ ၿငိမ္သက္ေနရာမွ ေခါင္းကိုျဖည္းညႇင္းစြာညိတ္လာၿပီး...
"စီးပြားေရးနဲ႔ပတ္သက္ၿပီးဆိုတာကဘာလဲ"
"ဟုတ္ကဲ့...စီးပြားေရးနဲ႔ပတ္သက္ၿပီး အလုပ္အကိုင္အခြင့္အလမ္းေတြကို ဖန္တီးေပးႏိုင္ပါတယ္... ဒါကေတာ့ ကြၽန္ေတာ့္အေနနဲ႔ HR Teamကို Planဆြဲခိုင္းရဦးမွာပါ... ရာထူးလိုအပ္ခ်က္ေတြကိုသိမွ ကြၽန္ေတာ့္ဘက္ကဆက္လုပ္လို႔ရမွာပါ... ဒါကလည္း ေဟာ္နန္းရဲ႕ေထာက္ခံခ်က္ပါမွ ဦးစားေပးလုပ္ပါမယ္"
"....."
"စိစစ္ေ႐ြးခ်ယ္တဲ့အဖြဲ႕တစ္ဖြဲ႕ကိုေတာ့ ေဟာ္နန္းရဲ႕ပရဝဏ္ေအာက္မွာထားေပးဖို႔ ကြၽန္ေတာ္ခြင့္ေတာင္းခ်င္ပါတယ္... အဲ့ဒါမွပိုၿပီးအဆင္ေျပမွာပါ... ေ႐ြးခ်ယ္ေရးအဖြဲ႕ကိုထားေပးရတာက အကယ္၍ စံႏႈန္းမျပည့္မီတဲ့လူေတြမ်ားေနရင္ ေလ့က်င့္သင္ၾကားေပးတဲ့အဖြဲ႕အစည္းကိုပါ ကြၽန္ေတာ့္ဘက္ကစီစဥ္ေပးမွာပါ... ဒါက တစ္ႏွစ္မွာတစ္ႀကိမ္ပဲလုပ္ပါမယ္... ပညာေရးကိုတစ္ႀကိမ္၊ စီးပြားေရးကိုတစ္ႀကိမ္နဲ႔ တစ္ႏွစ္ကိုႏွစ္ႀကိမ္လုပ္ေပးသြားမွာပါ... ဒီလိုဆိုရင္ အနာဂတ္မွာ ေဟာ္နန္းအေပၚေလးစားသူေတြ ပိုၿပီးမ်ားလာပါလိမ့္မယ္"
"....."
"ဒါေပမယ့္ ေအာင္ျမင္လာတဲ့အခါ တိုက္ခိုက္သူပိုမ်ားလာႏိုင္တာကိုလည္း ကြၽန္ေတာ္တို႔ေမ့လို႔မျဖစ္ပါဘူး... အဲ့ဒါေၾကာင့္ အဘြားေတာ္အေနနဲ႔ လက္ခံေပး၊မေပးကို ကိုယ္တိုင္ဆုံးျဖတ္ခ်က္ခ်ေပးေစခ်င္ပါတယ္"
"ေကာင္းၿပီ...ဒါဆိုရင္ ဆက္ခံသူကိစၥကိုေရာ မင္းဘာလုပ္ေပးႏိုင္မလဲ"
ထိုေမးခြန္းေၾကာင့္ ေဘေဘးၿပဳံးလိုက္မိၿပီး...
"ဒါကေတာ့ သားတို႔ကိစၥမလို႔ သားတို႔ဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ့္ဘက္ကလက္ခံႏိုင္ပါတယ္... အဘြားေတာ္လည္းသိၿပီးသားဆိုေတာ့ ေျပာစရာလိုေတာ့မယ္မထင္ပါဘူး"
သူေျပာလိုက္ေတာ့ အဘြားေတာ္ကေခါင္းညိတ္လာၿပီးေနာက္ တစ္ေယာက္တည္းအနည္းငယ္ဆက္ေတြးေနၿပီး ခဏအၾကာတြင္ နားခ်င္သည့္ဟန္ေပၚလာကာ သူတို႔အား ျပန္ခြင့္ျပဳလာ၏။
"ႏွစ္ေယာက္လုံးသြားလို႔ရၿပီ"
ထိုစကားအဆုံး သူတို႔ႏွစ္ေယာက္လုံး တိတ္ဆိတ္စြာပင္ ျပန္ထြက္လာခဲ့လိုက္ၾကသည္။ သူတို႔အေနႏွင့္ အဘြားေတာ္အားနားလည္ေပးႏိုင္ပါသည္။ မည္မွ်ပင္လုပ္ေပးႏိုင္သည္ဟုဆိုပါေစ၊ ေရွး႐ိုးစြဲသမားျဖစ္ေသာ မဟာေဒဝီတစ္ေယာက္အဖို႔ စဥ္းစားခ်ိန္ေတာ့လိုမည္သာပင္။
ႏွစ္ေယာက္လုံး နန္းေဆာင္ႏွင့္အေတာ္ေလးေဝးေဝးေရာက္သည္အထိ စကားတစ္ခြန္းမွ်မဟျဖစ္ၾက။ ေဘေဘးသည္လည္း ခုမွ စိတ္အနည္းငယ္ေပါ့ပါးသြားသည္ျဖစ္ရာ ဝမ္းသာလုံးစို႔ေနၿပီး ဘာစကားမွ်မေျပာျဖစ္။
"အဲ့ေလာက္ထိလုပ္ေပးစရာမလိုပါဘူး ႏိုရာ"
အားနာသံလႊမ္းေနသည့္အသံတစ္ခု နံေဘးမွေပၚထြက္လာသည္မို႔ ၾကည့္လိုက္မိေတာ့ မ်က္လႊာခ်ထားသူေၾကာင့္ သူၿပဳံးလိုက္မိ၏။
"မင္းက အဲ့ထက္ပိုၿပီး အမ်ားႀကီးအဖိုးတန္တယ္ေလ အခ်စ္ရ"
"ႏိုရာ မင္းကေတာ့ တကယ္ပါပဲ"
ေဘေဘး မ်က္လႊာပင့္မလာေသးသူ၏ႏွာတံခြၽန္အား လူအလစ္တြင္အသာဆြဲဖ်စ္လိုက္ၿပီး...
"ဘာလို႔ အဲ့႐ုပ္ျဖစ္ေနတာလဲ...ငါ့ကိုအားနာေနတာလား"
"မင္းကိုအဲ့ေလာက္ထိမလုပ္ေပးေစခ်င္ဘူး...ငါလည္းစီစဥ္ထားတာရွိပါတယ္"
"King ငါ့ကိုၾကည့္"
"....."
"ငါ့ကိုၾကည့္လို႔"
ဒုတိယအႀကိမ္ေျပာလိုက္ေတာ့မွ စိုက္ၾကည့္လာသည္မို႔...
"ဟီး မင္းမလို႔ေျပာျပလိုက္တာေနာ္...ဒါေတြက ငါအေထြအထူးလုပ္ေပးလိုက္တာမဟုတ္ဘူး...ႏွစ္တိုင္း လုပ္ေနက်ကိုေနရာေျပာင္းလုပ္လိုက္႐ုံပဲသိလား...အဲ့ဒါေၾကာင့္ အားနာစရာမလိုဘူး"
"....."
စိတ္ေပါ့ပါးေစရန္ေျပာလိုက္ေသာ္ျငား မ်က္ႏွာတည္တည္သည္ တစ္ခ်က္မွပုံစံေျပာင္းမသြားသည္မို႔...
"ဘာလဲ အရမ္းအားနာေနတာလား...အဲ့ေလာက္အားနာေနလည္း ငါ့ကိုသာျပန္ခ်စ္ေပးလိုက္ေတာ့"
"....."
ထိုစကားေျပာလိုက္ေတာ့ မ်က္ႏွာအမူအရာကပိုၿပီးေလးနက္လာသေယာင္။ ထိုပုံစံေၾကာင့္ ေဘေဘးရယ္လိုက္မိၿပီး...
"ဘာလဲ ဘာလဲ... ဒီေနရာမွာငါ့ကိုအေျဖေပးမလို႔လား...မလုပ္နဲ႔ေနာ္ ငါအရမ္းရင္ခုန္ၿပီး ေသသြားလိမ့္မယ္...ေဘးမွာလည္း လူေတြရွိေနေတာ့ ငါလည္းဘာမွျပန္လုပ္လို႔မရ...အြတ္"
စကားသံသည္ ႐ုတ္တရက္ရပ္တန္႔သြားသလို ႏႈတ္ခမ္းထက္၌လည္းေႏြးခနဲ။ ေဘေဘးတစ္ေယာက္ အေၾကာင္သားျဖစ္သြားကာ တစ္ကိုယ္လုံးရွိေသြးမ်ားအားလုံးပင္ ခဲသြားၾကသည့္အလား ေတာင့္သြားေတာ့သည္။ ပတ္ဝန္းက်င္ရွိလူမ်ားသည္လည္း လုပ္ေဆာင္ေနမႈတို႔ရပ္တန္႔ကုန္ၾကၿပီး ပါးစပ္အေဟာင္းသားျဖစ္ကုန္ၾက၏။
လူၾကားထဲတြင္မို႔ ေဘေဘးလည္း ေျခဖ်ားလက္ဖ်ားေတြေအးစက္သည္အထိျဖစ္လာၿပီး...
"King...မင္း...လူၾကားထဲ..."
"ခ်စ္တယ္"
"ဟမ္"
"ငါလည္းမင္းကိုအရမ္းခ်စ္ပါတယ္ ႏိုရာ"
"....."
သိမ္ေမြ႕ႏူးညံ့လြန္းေသာ ထိုစကားသံအဆုံး ေဘေဘးတစ္ေယာက္ အသံပင္မထြက္ႏိုင္ေတာ့။ မိမိ၏ႏႈတ္ခမ္းအစုံအား လက္ျဖင့္ဖိပိတ္ထားမိရင္း မ်က္ရည္တို႔က ခ်က္ခ်င္းဝဲတက္လာသည္။
ေဘးပတ္ဝန္းက်င္မွအသံမ်ားကိုလည္းမၾကားရေတာ့သလို ရင္တြင္းမွႏွလုံးခုန္သံအားပင္သတိမထားမိေတာ့။ မ်က္ရည္တို႔ေၾကာင့္ ေဝ့ဝါးေနသည့္အျမင္တို႔ၾကား တစ္ေယာက္ေသာသူကိုသာစိုက္ၾကည့္ေနမိရင္း မ်က္ဝန္းေထာင့္စြန္းတို႔သည္ ပို၍ပူေႏြးစြတ္စိုလာၿပီးသည့္ေနာက္တြင္ေတာ့ ပါးျပင္ႏွစ္ဖက္သည္လည္း စြတ္စိုသြားၾကၿပီး ႏို႔ႏွစ္ေရာင္မွသည္ အနီေရာင္သန္းလာေတာ့သည္အထိ။
"အားလုံး သြားၾက"
King၏စကားအဆုံး ေဘးပတ္ဝန္းက်င္ရွိလူမ်ားအားလုံးသည္ သူတို႔အားအလ်င္စလိုဦးၫႊတ္ကာ မေျပး႐ုံတမယ္ထြက္သြားၾကေတာ့သည္။
ေဘေဘးတစ္ေယာက္ကေတာ့ မည္သည့္အရာကိုမွအာ႐ုံမထားႏိုင္စြာ သီးသန္႔ကမာၻတစ္ခုဆီသို႔ေရာက္ေနသလိုျဖစ္ေနၿပီး ေနရာ၌ၿငိမ္သက္စြာရပ္ေနမိဆဲ။ မ်က္ရည္တို႔တသြင္သြင္စီးဆင္းေနၾကသည္အားခံစားမိေနေသာ္လည္း သုတ္ဖို႔မစဥ္းစားမိ။ သူ႔အေတြးထဲတြင္ေတာ့ ဝါက်တစ္ေၾကာင္းသာတဝဲလည္လည္ျဖစ္ေနၿပီး ထိုဝါက်ေလးသည္ အတုအေယာင္ျဖစ္ေနမည္အားလည္း စိုး႐ြံ႕ေနမိျပန္သည္။ ထို႔ေနာက္တြင္ အေတြးေပါင္းစုံတို႔သည္လည္းတိုးဝင္လာေတာ့၏။
Kingကသူ႔ကိုခ်စ္တယ္တဲ့...
Kingက သူ႔ကိုတစ္ခါမွမ႐ြံခဲ့ဘူး...ေနာက္ၿပီး အခုလည္း သူ႔ကိုအရမ္းခ်စ္တယ္လို႔ေျပာလာတယ္...
Kingကသူ႔ကိုခ်စ္တယ္တဲ့...
ၿပီးေတာ့လည္း Kingကသူ႔ကိုအၿမဲကာကြယ္ေပးခဲ့တယ္...တကယ္ပဲ Kingကသူ႔ကိုခ်စ္ေနတာေပါ့...
သူအၿမဲေၾကာက္ခဲ့ရတယ္...King႐ြံမွာ၊ Kingမုန္းမွာ သူအရမ္းေၾကာက္ခဲ့ရတယ္...ဒါေပမယ့္ Kingကသူ႔ကိုမ႐ြံခဲ့သလို မုန္းလည္းမမုန္းခဲ့ဘူး... ေနာက္ၿပီး အခုသူ႔ကိုေျပာေနတယ္... ငါလည္းမင္းကိုအရမ္းခ်စ္ပါတယ္တဲ့...
Kingကိုယ္တိုင္ထုတ္ေျပာလာခဲ့တယ္... Kingက စကားအပိုေျပာတတ္တဲ့သူမဟုတ္ဘူး...အဲ့ဒါေၾကာင့္ Kingကသူ႔ကိုခ်စ္တယ္ဆိုတာေသခ်ာတယ္...Kingကသူ႔ကို တကယ္ပဲ ခ်စ္ ေန တယ္...
Kingက သူ႔ကိုတကယ္ႀကီးခ်စ္ ေန တယ္...ဒါက သူ႔ခန္႔မွန္းခ်က္မဟုတ္ဘူး... သူမ်ားေျပာလို႔သိတာလည္းမဟုတ္ဘူး... Kingကိုယ္တိုင္ သူ႔ကိုေျပာလာတာ...အခု...အခုေလးတင္ပဲ Kingကသူ႔ကိုေျပာလာတာ...အခုအခ်ိန္ပိုင္းေလးမွာပဲ သူ႔ကိုေျပာလာခဲ့တာ...ေန႔ေတာင္မကူးေသးဘူး...ဟင့္အင္း မဟုတ္ေသးဘူး...နာရီေတာင္မျခားေသးဘူး...အခုေလးတင္ပဲ Kingကိုယ္တိုင္ေျပာလာခဲ့တာ...
ေနာက္ၿပီး လူၾကားထဲမွာ...လူႏွစ္ေယာက္၊သုံးေယာက္ထက္ပိုတဲ့လူေတြၾကားမွာ သူ႔ကိုနမ္းခဲ့တာ... ၿပီးေတာ့ Kingကိုယ္တိုင္ေျပာလာခဲ့တာ...ငါလည္း မင္းကိုခ်စ္ပါတယ္တဲ့...
Kingကသူ႔ကို ခ်စ္ တယ္...
Kingကသူ႔ကို အရမ္းခ်စ္ေနတယ္...
ဒါက Kingကိုယ္တိုင္ေျပာလာခဲ့တာမလို႔ သူယုံလို႔ရတယ္...
မ်က္ရည္ေတြကိုမဖယ္လိုက္ရဲဘူး... မ်က္ရည္ေတြရဲ႕ေႏြးေထြးမႈကိုခံစားမိေနလို႔ ဒါကို အစစ္အမွန္လို႔သူယုံရဲတာ...အဲ့ဒါေၾကာင့္သူမဖယ္ရဲဘူး...မ်က္ရည္ေတြသာမရွိေတာ့ရင္ သူ႔မွာဘာအထိအေတြ႕ခံစားခ်က္မွမရွိေတာ့ဘူး... အဲ့လိုဆို သူဒါေတြကိုအိပ္မက္လို႔ထင္လိုက္မိမွာ... အိပ္မက္မျဖစ္ရဘူး.. အိပ္မက္ျဖစ္လို႔မျဖစ္ဘူး...
အခုခ်ိန္မွာ မ်က္ရည္ရဲ႕ပူေႏြးစိုစြတ္မႈေတြကိုသူခံစားေနရတယ္...ေနာက္ၿပီး အခု သူ႔ပုခုံးေပၚလက္ႏွစ္ဖက္ကဆုပ္ကိုင္ထားတာကိုခံစားေနရတယ္...ၿပီးေတာ့...
"ႏိုရာ"
"....."
"ႏိုရာ မငိုပါနဲ႔"
လက္ေခ်ာင္းသြယ္တို႔သည္ အဆက္မျပတ္စီးဆင္းေနသည္မ်က္ရည္တို႔အား ဟန္႔တားလိုက္ၾကေတာ့...
"ဟင့္အင္း မသုတ္နဲ႔"
"ႏိုရာ"
"မသုတ္ပါနဲ႔ အင့္!"
"ႏိုရာ မငိုပါနဲ႔ေတာ့"
ေခ်ာ့လိုက္ေသာ္ျငား အဆက္မျပက္ရႈိက္ေနကာ မ်က္ရည္တို႔က ပို၍စီးဆင္းက်လာသည္မို႔ မၾကည့္ရက္ႏိုင္ေတာ့စြာျဖင့္ရင္ခြင္ထဲဆြဲသြင္းလိုက္မိေတာ့ အတင္း႐ုန္းကန္လာၿပီး...
"ဟင့္အင္း မဖက္နဲ႔...ဒီမ်က္ရည္ေတြကိုရပ္ေအာင္မလုပ္လိုက္ပါနဲ႔...အင့္!"
ရင္ခြင္ထဲမွ အတင္းျငင္းဆန္ေနသူအားဂ႐ုမစိုက္စြာဆြဲဖက္ထားမိရင္း ပို၍တင္းၾကပ္စြာခ်ဳပ္ဖက္ထားလိုက္ေတာ့ စကၠန္႔ပိုင္းမွ်႐ုန္းကန္အၿပီးတြင္ ၿငိမ္က်သြားၿပီးေနာက္…
"အီး ဟီး...ငါက မဖက္ပါနဲ႔လို႔ေျပာေနတာကို အတင္းလာဖက္ရလား...မင္းကငါ့စကားကိုလည္း နားမေထာင္ဘူး ဟီး..."
ရင္ခြင္ထဲမွ အသံထြက္ကာငိုခ်လာသူေၾကာင့္ ပို၍တင္းတင္း ေထြးဖက္လိုက္မိသည္အထိ။
"အင္းပါ ငါေတာင္းပန္ပါတယ္...မငိုပါနဲ႔ေတာ့...ငါမွားပါတယ္ "
"အီး ဟီး...မေတာင္းပန္နဲ႔...ငါက...အင့္...ငါက ဒီမ်က္ရည္ေတြကိုရပ္မသြားေအာင္တအားငိုေနရတာ... အင့္...တကယ္လို႔ရပ္သြားရင္ အခုဟာက အိပ္မက္ျဖစ္မွာ...အိပ္မက္ျဖစ္မွာေၾကာက္လို႔လို႔...ဟီး...မင္းက ဘာမွမသိဘဲနဲ႔ အတင္းလာဖက္ေနတယ္”
"ႏိုရာ ဒါက အိပ္မက္မဟုတ္ဘူး...အိပ္မက္မဟုတ္ပါဘူးကြာ"
"အင့္"
"ႏိုရာ...ငါ့ကိုၾကည့္"
ေျပာလိုက္ၿပီးေနာက္ ရင္ခြင္ထဲမွမ်က္ရည္လည္႐ြဲျဖစ္ေနသည့္ မ်က္ႏွာေလးအား လက္ဖဝါးႏွစ္ဖက္ျဖင့္ခပ္ဖြဖြေလးဆြဲယူလိုက္ကာ မ်က္ႏွာခ်င္းဆိုင္ေစလိုက္သည္။
"ႏိုရာ ငါ့ကိုၾကည့္ေလ"
"အင့္...ၾကည့္ေနတာပဲ...ျမင္မွမျမင္ရတာ...မ်က္ရည္ေတြက...အင့္...မ်က္ရည္ေတြနဲ႔မ်က္လုံးမွဖြင့္လို႔မရတာလို႔"
ထိုငိုရႈိက္သံမ်ားၾကားမွစကားအဆုံး စိုးရိမ္မ်က္ဝန္းတို႔ျဖင့္ၾကည့္ေနသူ၏ႏႈတ္ခမ္းေထာင့္စြန္းတို႔သည္ စကၠန္႔ပိုင္းမွ်ေကြးၫြတ္သြားၾကေတာ့၏။ ျဖဴသြယ္သည့္ လက္မႏွစ္ဖက္ဟာ ငိုေနသူ၏ မ်က္ဝန္းနက္ေလးမ်ားေပၚမွ ညင္သာစြာပြတ္သပ္သြားၿပီးေနာက္ မ်က္ရည္တို႔ျဖင့္စိုကပ္ေနသည့္ မ်က္ေတာင္နက္ေလးမ်ားသည္ ပီျပင္စြာေပၚလာေတာ့သည္။ ထို႔ေနာက္တြင္ မ်က္ဝန္းနက္ေလးမ်ားေပၚထြက္လာၿပီးေနာက္ မ်က္ဝန္းႏွစ္စုံသည္ တိုက္႐ိုက္ဆုံသြားၾကအၿပီး...
"ႏိုရာ ေသခ်ာနားေထာင္ေနာ္"
"....."
လက္ေခ်ာင္းသြယ္တို႔သည္ အနီေရာင္ေျပးေနသည္ ပါးျပင္တစ္ဖက္အား ခပ္ဖြဖြေလးဖ်စ္လိုက္ၿပီးေနာက္…
"ခံစားရတယ္မလား...ဒါကအိပ္မက္မဟုတ္ပါဘူး"
"အင္း"
"အင္း အိပ္မက္လို႔ထင္သြားရင္လည္း ႏိုးလာတယ္လို႔ထင္တဲ့ဘယ္အခ်ိန္မဆို ငါ့ကိုတိုက္႐ိုက္လာေမးလို႔ရတယ္...အခ်ိန္တိုင္း ငါမင္းအတြက္ျပန္ေျဖေပးမယ္"
"အင္း"
" ေသခ်ာနားေထာင္ေနာ္ ႏိုရာ"
"အင္း"
မ်က္ဝန္းႏွစ္စုံသည္ ပို၍စူးစူးစိုက္စိုက္ျဖစ္သြားၾကၿပီးေနာက္…
"ႏိုရာ...ငါမင္းကိုအရမ္းခ်စ္တာထက္ အမ်ားႀကီးပိုခ်စ္တယ္"
"....."
"ငါမင္းကို အရမ္းျမတ္ႏိုးရပါတယ္ ႏိုရာ"
ေျပာလိုက္သူ၏မ်က္ဝန္းတို႔သည္ကား ၾကင္နာျမတ္ႏိုးမႈတို႔ အျပည့္ထုံမႊမ္းထားသည့္အလားျဖစ္ေနၿပီး အသံကလည္း ႏူးညံ့ညင္သာလြန္းစြာ။