တည်

By Nee-Ra-429

5.2M 347K 81.4K

Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပ... More

Notice!
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂ (Final Episode)
Our memorable days

အခန်း - ၃၀

88.4K 6.6K 2.4K
By Nee-Ra-429

Unicode//

ဆက်ခံသူနန်းဆောင်ဟူသည့်အဓိပ္ပါယ်ကို ရှမ်းဘာသာစကားဖြင့်ရေးထိုးထားသော ဆိုင်းဘုတ်တင်ထားသည့်နန်းဆောင်အတွင်းသို့ သူရောက်ရှိနေပြီဖြစ်သည်။ နန်းဆောင်အရှင်သခင်၏ အငွေ့အသက်တို့ကိန်းအောင်းနေသည့်နေရာဖြစ်သည့်အားလျော်စွာ ကံ့ကော်သင်းနံတို့ထုံသင်းနေသည်မို့ သူ့အနေနှင့် နေရာစိမ်းတစ်ခုလိုမခံစားရဘဲ ရင်းနှီးနေ၏။

သူ့အားပုခုံးမှဖက်ကာခေါ်လာသည့်လူသားသည် နန်းဆောင်တွင်းသို့ရောက်သည်အထိ မလွှတ်သေးသည်မို့ သူလည်း အခွင့်အရေးကိုလက်လွတ်မခံဘဲငြိမ်နေလိုက်မိသည်။

အနွေးထည်အထပ်ထပ်ဝတ်ထားသည်ဆိုသော်ငြား ချစ်ရသူ၏ ကိုယ်ငွေ့လောက်တော့နွေးထွေးမှုကိုမပေးနိုင်။

သူငြိမ်နေမိရင်း အခန်းတွင်းကိုမျက်လုံးကစားကာကြည့်ရင်း အံ့ဩနေမိသည်။

မသိရင် ရှေးဟောင်းပြတိုက်ထဲကိုရောက်နေသလိုပဲ...ဒီခေတ်ကြီးထဲမှာတောင် ဒီလိုမျိုးပုံစံတွေရှိနေသေးတာလား...

ထိုအတွေးမျိုးတွေးမိစေသည်အထိ ရှေးရိုးဆန်လွန်းသည်။

နန်းဆောင်ဖွဲ့စည်းပုံ၊အခန်းတွင်းအပြင်အဆင်များနှင့်၊ပရိဘောဂများသည် ရှေ့ခေတ်ဇာတ်ကားများထဲကလိုပင်။ ယနေ့ခေတ်လူနေမှုပုံစံ၊အသုံးအဆောင်များနှင့်ကွဲပြားနေသည်မို့ သူစိတ်ဝင်တစားလိုက်ကြည့်နေမိသည်။ စာအုပ်စင်၏ အထပ်များတွင်တော့ စာအုပ်များစီစီရီရီရှိနေပြီး အထပ်တိုင်းတွင် လက်တစ်ထွာခန့်အရွယ်အစားရှိကြသော ပန်းပုရုပ်ထုလေးတစ်ရုပ်စီရှိသည်။ ပုံစံကြည့်ရသလောက်တော့ အလှဆင်ရုံသက်သက်ဖြစ်ပုံရ၏။

ဧည့်ဆောင်ဖြစ်သည်မို့ ဧည့်တွေ့သည့်နေရာသီးသန့်ရှိသည်။ အခန်းတစ်ခုလုံးတွင် ကျွန်းနှင့်ယွန်းထည်များကိုသာ အဓိကထား၍သုံးထားသည်။

"အေးနေသေးလား"

သူ ဟိုဟိုသည်သည်လိုက်ကြည့်နေတုန်း ထွက်ပေါ်လာသည့်အသံကြည်ကြည်ကြောင့် ပြုံးလိုက်မိပြီး...

"အင်း အေးနေသေးတယ်ဆိုဘာလုပ်ပေးမှာလဲ"

"....."

တစ်ဖက်မှနှုတ်ဆိတ်သွားသည်မို့ ခပ်ညစ်ညစ်ပြုံးလိုက်မိပြီး သူ့အားရင်ခွင်ထဲထည့်ထားသူ၏ခါးအား လက်လျှိုသွင်းကာ ဖက်လိုက်ပြီးနောက်...

"ပြောလေ...ငါက အရမ်းချမ်းနေသေးတယ်ဆို ဘာထပ်လုပ်ပေးမှာလဲ...နည်းလမ်းရှိသေးတာလား"

ပြုံးစစနှင့်မေးလိုက်တော့ သူ့အားမျက်လုံးသေတို့ဖြင့်ငုံ့ကြည့်လာ၏။

"မဆော့နဲ့တော့"

လေသံငြိမ်ငြိမ်ဖြင့်တားလာသူအား ဂရုမစိုက်စွာဖြင့် ပုခုံးထက်မှ လက်ကိုဖယ်လိုက်ပြီး ထိုသူနှင့်မျက်နှာချင်းဆိုင်လိုက်ပြီးနောက် ခါးကိုလက်နှစ်ဖက်ဖြင့်ဖက်လိုက်ကာ ရင်ချင်းအပ်သည်အထိ ဆွဲကပ်ပစ်လိုက်သည်။ တစ်ဖန် ပုခုံးထက်မေးဖျားတင်ထားလိုက်ပြီးနောက်...

"အင်း ဒီလိုလေးကပိုနွေးသလိုပဲနော်...ဒီလိုပဲနေကြမလား...အချစ်က ငါအေးနေသေးတယ်ဆိုရင် ဒီလိုလေးနေပေးမလို့လား"

"....."

ပြောရင်းဖြင့် ပုခုံးထက်အားမေးဖျားလေးဖြင့် အနည်းငယ်ကစားကာကြိတ်လိုက်တော့...

"နိုရာ တော်ပြီ"

"ဟင့်အင်း မတော်ချင်ပါဘူး"

"အခန်းထဲသွားမယ်"

"ဘယ်အခန်းထဲလဲ"

"အိပ်ဆောင်ထဲမှာနွေးတယ်"

"ဟာ တကယ်! Ok သွားမယ် သွားမယ်...ဘယ်အခန်းလဲ"

"ညာဘက်က"

"Ok လာ အချစ်လေး...အိပ်ဆောင်ထဲရောက်မှ ဆက်လုပ်ကြတာပေါ့"

ပြုံးစစနှင့်စိုက်ကြည့်ကာပြောလိုက်ရင်း လက်ကိုဆွဲကာရှေ့မှ အားကြိုးမာန်တက်ဦးဆောင်ဝင်လာလိုက်တော့ နောက်မှအသံတိတ်ဖြင့်လိုက်လာသည်။

ထို့နောက်တွင် အိပ်ဆောင်ပုံစံအားကြည့်ကာ သူအံ့ဩရပြန်၏။ အိပ်ဆောင်သည် ပုံမှန်ထက်ရှင်းလင်းနေကာ အသုံးအဆောင်ပုံစံများသည်လည်း ဧည့်ဆောင်တွင်တွေ့ခဲ့ရသည်နှင့်ဘာမှသိပ်မကွာပေ။ စာကြည့်စားပွဲကိုမြင်တော့ သူသေချာကြည့်လိုက်မိပြီးနောက် အခန်းကိုလည်း သေချာထပ်ကြည့်လိုက်မိသည်။ ပြီးမှ...

"အာ King...ဒီအခန်းကလေ ငါဟိုးအရင်က မင်းကို Video callခေါ်ရင် မင်းရှိနေကျအခန်းမလား... ဟုတ်တယ်မလား"

"အင်း"

အမြဲတစေထပ်တူညီနေသည့်လေသံကြောင့် သူစိတ်မရှည်စွာလှည့်ကြည့်လိုက်မိပြီး...

"အင်း အဲ့ဒါပဲပြောနေတော့မှာလား"

"....."

ပြောလိုက်သော်ငြား နှုတ်ဆိတ်ကာသူ့ကိုကြည့်နေသူအားအသည်းယားစွာဖြင့် ဆွဲကိုင်ထားသောလက်အားဆောင့်ဆွဲလိုက်မိ၏။ ပြီးနောက် အနည်းငယ်ယိုင်သွားသည့်ခန္ဓာကိုယ်အား ဖမ်းထိန်းသလိုနှင့်လည်ပင်းအား လက်နှစ်ဖက်နှင့်သိုင်းဖက်ကာ ရင်ခွင်ထဲဆွဲသွင်းဖို့လုပ်လိုက်သော်လည်း တစ်ဖက်မှတောင့်ထားလိုက်သည်မို့ အနေအထားက မှန်းထားသလိုမဖြစ်တော့ဘဲ သူက တစ်ဖက်လူ၏လည်တိုင်အားခိုကာဖက်ထားသလိုဖြစ်သွားတော့သည်။

ထိုအခါ Kingက အပေါ်စီးမှနေ၍ သူ့အာအုပ်မိုးကြည့်လာသည်။ ဤအနေအထားသည် အနည်းငယ်ရှက်ချင်စရာဖြစ်နေသော်ငြား သူကတော့ရှက်မနေနိုင်။ မျက်စိရှေ့တွင်မြင်နေရသည့် မေးဖျားအား ခြေဖျားအနည်းငယ်ထောက်ကာ ခပ်ဖွဖွဆွဲကိုက်လိုက်မိ၏။

နာအောင်တော့မကိုက်ရက်။ ဒီမျက်နှာလှလှလေးက သူ့အတွက်ကြည့်မဝလေး။

သူကိုက်ကာစလိုက်သော်ငြား တစ်ဖက်လူက ဘယ်လိုမှမနေသည်မို့ စိတ်တွင်းမှကြိတ်ပြုံးလိုက်မိသည်။ သူအသားယူပါများ၍ ကျောက်စိမ်းရိုင်းတုံးလေးက ဒီလောက်ကိုသိပ်မဖြုံတော့။ ဒီလောက်ဆိုရင် နောက်တစ်ဆင့်ကိုတက်လို့ရလောက်ပြီဖြစ်သည်။

ဘယ်ကစထိရမလဲ...
နှုတ်ခမ်းလေးကိုလား...ဒါမှမဟုတ်ပါးလေးနှစ်ဖက်ကပဲစလိုက်ရမလား...ဒါမှမဟုတ် နဖူးလေးကပဲ စရမလား...ပြီးရင် ဘယ်လိုဆင်ခြေပေးရမလဲ...

King၏ မျက်နှာအစိတ်အပိုင်းတို့အားသေချာကြည့်ကာ ကြံစည်တွေးတောနေသည်မို့ တစ်ဖက်လူ၏ နက်ရှိုင်းလွန်းသောအကြည့်များနှင့် မတည်ငြိမ်သောအသက်ရှူသံတို့အား သတိမထားမိ။

ပြွတ်~

ခြေဖျားကိုအသာထောက်ကာ ပန်းသွေးရောင်သန်းနေသော ညာဘက်ပါးပြင်အား အသံထွက်သည်အထိတမင်နမ်းလိုက်တော့ သူ့ခါးကိုကိုင်ထားသည့်လက်အစုံသည် အနည်းငယ်တင်းကြပ်သွားသည်။ ထို့နောက် သူ့အားကြည့်လာသည့်မျက်ဝန်းတို့အားသတိထားလိုက်မိတော့ အနည်းငယ်ပင်လန့်ချင်သွား၏။

ဘာလဲ...ငါ အရမ်းစည်းကျော်လိုက်မိတာလား...ဒီပုံစံက ငါ့ကိုစိတ်ဆိုးနေတာလား...

စိတ်ထဲအတွေးပေါင်းစုံတို့ဖြင့်ယောက်ယက်ခတ်သွားပြီးနောက် သူဘာမှမဖြစ်သလိုပြုံးလိုက်မိပြီး...

"ဟီး နှုတ်ဆက်တာနော်...ငါဟိုနေ့က ဆောင်းပါးတစ်ခုဖတ်လိုက်ရတယ်... အဲ့နိုင်ငံမှာ အိမ်တစ်အိမ်ကိုသွားလည်ပြီဆိုရင် အိမ်ရှင်ရဲ့ပါးကိုနမ်းပြီးတော့နှုတ်ဆက်ကြတယ်တဲ့... နိုင်ငံနာမည်တော့ လာမမေးနဲ့ မေ့သွားပြီ...ငါက နာမည်တွေမမှတ်နိုင်ဘူးလေ... သိတယ်မလား... ဒါပေမယ့် အဲ့နှုတ်ဆက်နည်းကိုတော့မမေ့လို့ လိုက်လုပ်ကြည့်တာ... အခု မင်းက အိမ်ရှင်လေ... အဲ့ဒါကြောင့် မင်းပါးကိုနမ်း...အွတ်"

စကားမဆုံးသေး၊ နွေးထွေးအိစက်သောထိတွေ့မှုက သူစကားလုံးများကိုရပ်တန့်သွားစေသည်။ရုတ်တရက်မို့ လန့်ဖျန့်သွားသည့်ခံစားချက်တို့နောက် ရင်ထဲမှဒုန်းစိုင်းလာသည့်နှလုံးခုန်သံ။

တစ်ဆက်တည်းမှာပင် ခါးမှဆွဲယူခံလိုက်ရသည်မို့ ထိကပ်သွားသည့်ခန္ဓာကိုယ်နှစ်ခုသည် ကြားလေပင်သွေး၍မရသည်အထိ။ သူက တစ်ဖက်လူ၏လည်တိုင်အားတွဲခိုထားသည်မို့ တစ်ဖက်လူက ခါးမှဖက်ကာ သူ့အားဆွဲယူလိုက်သည်နှင့် အနေအထားက ဇာတ်ကားတွေထဲကပုံစံများထက်ပင် ပုံစံကျသွားသေးသည်။

ဘေဘေးလက်ရှိအခြေအနေအား မျက်လုံးအပြူးသားနှင့် အံ့ဩနေမိစဉ် သူ့မျက်လုံးအစုံအားပိတ်လာသည့် လက်ဖဝါးတစ်ဖက်။ ထိုအခါ အမြင်အာရုံကွယ်သွားသည်မို့ စိတ်အာရုံအလုံးစုံက အထိအတွေ့ဆီရောက်သွားတော့၏။

သူ့နှုတ်ခမ်းအစုံအားထိတွေ့နေသည့် အိစက်မှုကလေးသည် ညင်သာစွာလှုပ်ရှားလာပြီးနောက် သူ့အောက်နှုတ်ခမ်းသားအား အသာဆွဲယူသွားကာ ရာသီဥတုဒဏ်ကြောင့် အနည်းငယ်ခြောက်ချင်နေသောနှုတ်ခမ်းသားအား အစိုဓာတ်ကိုပေးလာသည်။

မိနစ်အနည်းငယ်မျှကြာပြီးနောက်တွင်တော့ ဘေဘေးအသိစိတ်အပြည့်အဝဝင်လာတော့သည်။

ပထမဆုံးအနေနှင့် လက်ရှိအခြေအနေအားလက်ခံလိုက်မိ၏။

ဪ King ငါ့ကိုနမ်းနေတာပဲ...

ထို့နောက် အတွေးပေါင်းစုံဝင်လာတော့သည်။

နေပါဦး...ဒါကြီးကဘယ်လိုအခြေအနေလဲ...Kingက ဘာလို့ငါ့ကိုနမ်းနေတာလဲ...

တစ်ဖန် သုံးသပ်မိပြန်သည်။

ငါ ရှေ့ကနေလမ်းပြတာ တအားများသွားတာလား...ဒါပေမယ့် သူအသိစိတ်ဝင်နေတဲ့အချိန်မှာ နှုတ်ခမ်းကိုနမ်းမပြဖူးပါဘူး...ဘယ်နားကစမှားသွားတာလဲ...Kingက ဘာသဘောနဲ့ငါ့ကိုနမ်းနေတာလဲ...

နောက်ဆုံးတွင်တော့ သူလက်ရှိအခြေအနေအား လက်ခံလိုက်ရတော့၏။

ဪ ဟုတ်သားပဲ...Kingက အရမ်းဉာဏ်ကောင်းတဲ့လူဆိုတာငါမေ့သွားတယ်... နည်းနည်းသင်ရုံနဲ့များများတတ်သွားတဲ့ပုံပဲ... ပါးလေးနမ်းပြရုံနဲ့ နှုတ်ခမ်းကိုပါနမ်းတဲ့အထိတိုးတက်သွားမယ်လို့ တွေးတောင်မတွေးမိဘူး...ဘာပဲဖြစ်ဖြစ် ဒါလည်းကောင်းတာပဲ...ကောင်းတယ် ကောင်းတယ်...နောက်ဆို ဒီ့ထက်ပိုပြီး...

"အ!"

တွေးကာ လက်ခံနေမိတုန်းရှိသေး၊ အောက်နှုတ်ခမ်းကိုအကိုက်ခံလိုက်ရသည်မို့အသံထွက်ကာ ညည်းလိုက်မိသည်။ နှုတ်ခမ်းထက်နွေးထွေးမှုတို့ပျောက်ကွယ်သွားပြီးနောက် စိုစွတ်မှုတို့သာကျန်ခဲ့တော့၏။ မျက်လုံးအစုံရှေ့ပိတ်ကွယ်ထားသည့် လက်သည်လည်း ပြန်ရုတ်သွားသည်မို့ မျက်လုံးအားအသာဖွင့်လိုက်တော့ သူ့အားစိုက်ကြည့်နေသည့်မျက်ဝန်းကြည်ကြည်တစ်စုံအားမြင်လိုက်ရသည်။

"မင်းဘာလို့..."

"အိမ်ရှင်ကလည်း ဧည့်သည်ကိုပြန်နှုတ်ဆက်ရတယ်"

"....."

ဘေဘေး သူ့အားခပ်တည်တည်နှင့်ပြောလာသူအား ဆွံ့အစွာကြည့်နေလိုက်မိစဉ်...

"သခင်လေး မဟာဒေဝီကအခေါ်တော်လွှတ်လိုက်ပါတယ်...အပျိုတော်တွေရောက်နေပါပြီ"

ပြင်ပမှထွက်လာသည့်အသံကြောင့် နှစ်ယောက်သား လူချင်းခွာလိုက်မိသည်။ သားတို့နှင့်တွေ့ပြီးမှ သွားတွေ့ဖို့စီစဉ်ခဲ့သော်ငြား ယခုမဖြစ်နိုင်တော့။ ထို့နောက် Kingက အခန်းပြင်ထွက်ဖို့ပြင်လိုက်သည်မို့...

"King...ငါလည်းလိုက်မယ်"

"အင်း"

စကားဆုံးသည်နှင့် Kingက သူ့အားလက်မှဆွဲကာရှေ့မှဦးဆောင်ထွက်သည်။ နန်းဆောင်၏တံခါးအားဖွင့်လိုက်တော့ ရှေ့တွင်စောင့်နေသည့်အစောင့်နှစ်ယောက်နှင့်အတူ သူတို့အားစောင့်နေကြသည့်မိန်းကလေးများ။

အစောင့်နှစ်ယောက်သည် သူတို့ထွက်လာသည်နှင့်ဂါရဝပြုလိုက်ကြပြီးနောက် နေမြဲအတိုင်းပြန်နေလိုက်ကြသည်။ မိန်းကလေးများသည်လည်း သူတို့အားမြင်သည်နှင့်ဂါရဝပြုလာကြပြီး...

"သခင်လေးကိုနှုတ်ဆက်ပါတယ်"

ထို့နောက် ခဏရပ်သွားကြပြီးနောက်...

"ကြင်..."

ရှေ့ဆုံးမှမိန်းကလေးထံမှအသံတိုးတိုးထွက်လာပြီးနောက်တွင်...

"ကြင်ယာတော်ကိုနှုတ်ဆက်ပါတယ်"

"....."

"....."

အားလုံး၏သံပြိုင်နှုတ်ဆက်မှုနောက် Kingတင်မဟုတ်၊ နှုတ်ရဲလွန်းလှသောဘေဘေးသည်ပင် နှုတ်ဆိတ်သွား၏။

အသိပြန်ဝင်လာသည့်အခါမှ…

"ဘယ်သူ့ကိုကြင်ယာတော်လို့ခေါ်လိုက်တာလဲဟင်...ကိုယ့်ကိုလား"

ဘယ်လိုမှငြိမ်မနေနိုင်တော့သည်မို့ သူ့ကိုယ်သူလက်ညှိုးထိုးကာ မေးလိုက်မိသည်အထိ။ ထိုအခါ တစ်ဖက်မိန်းကလေးများသည်လည်း ဘာပြန်ဖြေရမှန်းသိပုံမပေါ်စွာဖြင့် ခေါင်းလေးများပိုငုံ့သွားကြသည်မို့...

"အဟမ်း...အဲ့လောက်ထိကြောက်စရာမလိုပါဘူး...ကိုယ်က မင်းတို့ကိုဘာမှမလုပ်ပါဘူး...ဒါနဲ့ ကိုယ်က မင်းတို့သခင်လေးရဲ့ကြင်ယာတော်..."

"သွားကြတော့"

"ဟုတ်ကဲ့ သခင်လေး"

သူ့စကားပင်မဆုံးသေး ဖြတ်ပြောလိုက်သည့် Kingကြောင့် ထိုမိန်းကလေးများအားလုံး သူတို့ကိုနှုတ်ဆက်ကာ ပြန်ထွက်သွားကြတော့၏။

ဘေဘေး သူ့စကားကိုဖြတ်လိုက်သူအား မကျေမနပ်ကြည့်လိုက်မိပြီး...

"ဘာလို့ငါ့စကားကိုလာဖြတ်တာလဲ"

"ရှင်းပြဖို့မလိုဘူး"

"ဘာလို့မလိုရမှာလဲ... ငါ့ကိုမင်းကြင်ယာတော်လို့ပြောနေတာလေ...မင်းစိတ်ထဲတစ်မျိုးကြီးမဖြစ်ဘူးလား"

"မဖြစ်ဘူး"

"အမ် ဘာလို့မဖြစ်တာလဲ...မသိဘူး မင်းမဖြစ်ပေမဲ့ ငါတော့ဖြစ်တယ်...ကြင်ယာတော်ဆိုတာ မိန်းမနေရာကြီးမလား...ငါက မင်းရဲ့မိန်းမနေရာမှာမနေချင်ပါဘူး"

"ယောက်ျားကိုလည်း ကြင်ယာလို့ပဲခေါ်တယ်"

"ဪ...အဲ မဟုတ်သေးဘူးလေ...ငါနဲ့မင်းက..."

"မာဖလာဝတ်ရမယ် အထဲပြန်ဝင်"

King ကထိုသို့ပြောပြီးနောက် နန်းဆောင်တွင်းပြန်ဆွဲခေါ်သွားသည်မို့ ဘေဘေးတစ်ယောက် မငြင်းဆန်နိုင်စွာပါသွားတော့သည်။

Kingက Luggageကိုသူကိုယ်တိုင်ဖွင့်ကာ အညိုရောင်မာဖလာတစ်ထည်ကိုထုတ်ယူလာပြီး ကုတင်ထက်ခြေချိတ်ထိုင်နေသော သူ့ဆီလျှောက်လာပြီးနောက် လည်ပင်းကိုပတ်လာပေးသည်မို့ ခေါင်းကိုရှောင်လိုက်မိ၏။

ကိုယ့်ကိုယ့်ကိုယ်လည်း ဘာဖြစ်နေမှန်းမသိ။ ဘာကိုအလိုမကျမှန်းလည်းမသိ။ စိတ်ကနည်းနည်းမကြည်မလင်ဖြစ်နေသည်။ Kingကသူ့အပေါ် လိုက်လျောလာလေလေ သူက ရောင့်တက်ချင်လာလေလေဖြစ်နေ၏။

ဟင်း...ဒါကြီးက အောက်ပုဂ္ဂိုလ်ဆန်လိုက်တာ...

တွေးလိုက်မိပြီးနောက် ရှောင်နေသည်အားငြိမ်ပေးလိုက်မိသည်။ သို့သော် တစ်ဖက်မှပတ်မပေးသေးဘဲ သူ့အားစိုက်ကြည့်နေသလိုခံစားလိုက်ရသည်မို့ မျက်လုံးကိုလှန်ကြည့်လိုက်တော့...

"ငါ့ကိုစိတ်ဆိုးနေတာလား"

"မဆိုးဘူး"

"ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ဘူး...ပတ်မယ်ဆိုလည်းပတ်ပေးတော့"

"ဒါကိုမကြိုက်လို့လား"

"စဝ်မင်းနွယ်ဧကရာဇ်!"

"အင်း"

ပြန်ထူးလာပြီးနောက် သူ့အားမာဖလာပတ်ပေးလာရင်း…

"တောင်းပန်ပါတယ်"

"ဘာကိုလဲ"

"ဘာဖြစ်ဖြစ်မင်းကိုစိတ်ဆိုးစေရင် ငါမှားတယ်"

ထိုအပြောကြောင့် ဘေဘေးမင်သက်သွားမိ၏။

"မင်းအဲ့လိုအလိုလိုက်နေရင် ငါပိုဆိုးမိတော့မယ်ထင်တယ်"

အသံတိုးတိုးဖြင့်နှစ်ကိုယ်ကြားရုံရေရွတ်လိုက်မိတော့...

"ဆိုးလို့ရတယ်"

နှစ်ကိုယ်ကြားရုံပြန်ပြောလာပြီးနောက် Kingက သူ့အားကြည့်လာပြီး...

"အဘွားတော်ကိုမတွေ့ချင်သေးရင်ရတယ်"

"မင်းပဲသွားတွေ့မလို့လား"

"အင်း"

"နောက်တော့ရော?"

"....."

"နောက်တော့ ဘာဆက်ဖြစ်မှာလဲလို့မေးတာ...မင်း အပြစ်ပေးခံရမှာလား"

ရုတ်တရက်ခေါင်းထဲပေါ်လာသည့်အတွေးကြောင့် စိုးရိမ်စွာမေးလိုက်မိတော့...

"မစိုးရိမ်နဲ့"

ထိုစကားကြောင့် ဘေဘေးရင်ထဲလှိုက်ခနဲဖြစ်သွားသည်။ Kingက စကားအပိုပြောတတ်သူမဟုတ်။ လိုရင်းကိုသာထိထိမိမိပြောတတ်သူဖြစ်သည်။ အကယ်၍ အပြစ်ပေးမခံရနိုင်ဘူးလျှင် တိုတိုပြတ်ပြတ်နှင့်လိုရင်းပြောလိုက်၍ရသည့်စကားများစွာရှိ၏။ ယခု 'မစိုးရိမ်နဲ့'ဟုပြန်ဖြေလာပုံအရ...

အတွေးတို့မဆုံးခင် မျက်ဝန်းအစုံထက်ငွေ့ရည်တို့ဖွဲ့တည်လာသည်။

"King ငါ..."

ပြောရင်း တိမ်ဝင်သွားသောအသံကြောင့် နှုတ်ခမ်းကိုကိုက်ကာ ဖိပိတ်ထားလိုက်မိသည်။

သူကငိုဖို့တောင်ထိုက်တန်ရဲ့လား...

ပြဿနာတို့၏အစသည် သူဖြစ်ပြီး လိုက်ဖြေရှင်းပေးနေရသူက Kingဖြစ်နေသည်။ ထိုစဉ်အခါက သူဒါတွေကိုဘာလို့များမတွေးမိခဲ့ရတာလဲ။ ဒီလူသားအား ထိခိုက်စေမည့်အရာတွေကိုချည်း ဘာလို့များလုပ်ခဲ့ရတာလဲ။ သူဘယ်လောက်တောင်မိုက်မဲမိခဲ့တာလဲ။

အပြစ်လုပ်ထားသူက နစ်နာသူရှေ့ အကြိမ်ကြိမ်လဲပြိုပြနေမိသလိုဖြစ်နေသည်မို့ အံကြိတ်ကာထားမိတော့ မေးရိုးနှစ်ဖက်က ခိုင်ကြည်စွာထွက်ပေါ်လာသည်။

"နိုရာ"

ချက်ချင်းပင် သူထိုင်နေသည့်ဘေး ဝင်ထိုင်လာပြီး သူ့ပုခုံးအားခပ်ဖွဖွဖက်လာသူကြောင့်...

"ငိုချလိုက်လို့မပြောပါနဲ့"

"အင်း"

သူတောင်းဆိုလိုက်သည့်အတိုင်း ဘာမှမပြောဘဲငြိမ်နေပေးပြီး ဖက်ထားသောလက်ဖြင့် ပုခုံးထက်ခပ်ဖွဖွပုတ်ပေးလာ၏။

သူထိုနွေးထွေးမှုအားသေချာအာရုံစိုက်လိုက်ပြီး အခြားအာရုံများကိုမေ့ဖျောက်ပစ်နေမိသည်။

အချိန်တို့ကုန်ဆုံးလာသည်နှင့်အမျှ ဒီလူသားအားမြတ်နိုးရသည့်စိတ်တို့သည်လည်း ဒီရေအလား ပို၍တိုးလာ၏။

အပြစ်ဒဏ်ခံရမည်တဲ့လား...အပြစ်လုပ်တာကသူဖြစ်ပြီး အပြစ်ဒဏ်ခံရမယ့်လူက ဒီလူသားတဲ့လား... သူကဘာလို့ခွင့်ပြုပေးရမှာလဲ...အပြစ်ခံရရင်တောင် ဒီလူသားတစ်ယောက်တည်းကို ဘယ်လိုစိတ်နဲ့ခံခိုင်းရက်မှာလဲ...

အရာအားလုံး၏အစကသူဖြစ်သည်မို့ ရင်ဆိုင်ကာ အပြစ်ဒဏ်ခံယူရမည်ဆိုလည်း သူပင်ဖြစ်သင့်ပါသည်။ ဆုံးဖြတ်လိုက်ပြီးနောက် ထိုင်နေရာမှထရပ်လိုက်ပြီး...

"သွားရအောင်"

"အင်း"

ထို့နောက်တွင်တော့…

တစ်ယောက်၏လက်ကိုတစ်ယောက်ဆုပ်ကိုင်ကာ မဟာဒေဝီ၏နန်းဆောင်ဆီသို့ ဦးတည်သွားနေသည့် အမျိုးသားနှစ်ယောက်အကြောင်းသည် ခဏအတွင်း ဟော်နန်းတခွင်ပြန့်သွားတော့၏။

____________________________________________________________________________________

"သခင်လေးတို့ထွက်လာကြပြီလို့ကြားပါတယ် မဟာဒေဝီဘုရား"

"ကောင်းပြီ သွားတော့"

အိပ်ဆောင်အတွင်း၌ မဟာဒေဝီစဝ်သုမဒီနှင့်အတူ ရံရွေတော်တစ်ယောက်သာကျန်ခဲ့တော့သည့်အချိန်၌…

"ကလေးတွေရော"

"စဝ်ခေါင်တို့နဲ့အတူရှိနေပါတယ်ဘုရား"

"သူတို့အဖေတွေနဲ့...နေတော့"

"ကလေးတွေက စဝ်ခေါင်တို့နဲ့ပဲအတူရှိနေတာပါဘုရား...သခင်လေးနဲ့ကြင်...ဧည့်သည်တော်ကလည်း သခင်လေးရဲ့အဆောင်မှာပဲရှိနေခဲ့တာပါဘုရား"

"အင်း"

မဟာဒေဝီက ဘာမှပြောမလာတော့မှ ရံရွေတော်လည်းသက်ပြင်းချလိုက်မိသည်။ ဒီနေ့ မဟာဒေဝီစိတ်ကြည်နေ၍သာတော်တော့သည်။ မဟုတ်လျှင် သူမစကားမှားသွားသည်မို့ အပြစ်ပေးခံရမည်မှာအသေအချာပင်။

ငါးမိနစ်ကြာပြီးနောက်…

"သခင်လေးတို့ရောက်လာပါပြီ မဟာဒေဝီဘုရား"

အခန်းအပြင်ဘက်မှ အသံကြောင့် မဟာဒေဝီ ဘေးမှရံရွေတော်လေးအားခေါင်းညိတ်ပြလိုက်သည်။ ထိုရံရွေတော်လေးက အလိုက်သိစွာဖြင့် သူမအားမတ်တပ်ထရပ်ရန်တွဲလာပြီးနောက် ဧည့်ဆောင်သို့ထွက်ရန် ဦးတည်လိုက်ကြ၏။

>>>

ဘေဘေး Kingထိုင်သည့်နေရာဘေးတွင်ဝင်ထိုင်ကာ အခြေအနေတို့အား စူးစမ်းကြည့်နေမိသည်။ မဟာဒေဝီနန်းဆောင်ဟူသည့်ဤနေရာသည် King၏နေရာထက်တောင်ပို၍ ရှေးရိုးဆန်လွန်းပြီး မိန်းကလေးပိုများသည်။ King၏နန်းဆောင်တွင်တော့ နန်းဆောင်ရှေ့မှ အစောင့်နှစ်ယောက်မှလွဲ၍ မည်သူမှမရှိ။

ထိုစဉ်…

"မဟာဒေဝီ ကြွလာပါပြီ"

အသံအဆုံး Kingကထရပ်လိုက်သည်မို့ သူလည်းထရပ်လိုက်မိသည်။ သို့သော် မော့မကြည့်မိ။ ကြည့်ချင်စိတ်လည်းရှိမနေ။ အခုကြည့်ကြည့်၊နောင်ကြည့်ကြည့်အတူတူပဲမို့ စိတ်ကိုအေးအေးပဲထားထား၏။ စိတ်ထဲတွင်လည်း Kingအား အပြစ်ပေးမည့်သူဟုယူဆထား၍ သိပ်အလိုမကျချင်ဖြစ်နေသည်။

ထို့ကြောင့် မျက်လွှာကိုသာ ချထားလိုက်မိသည်။ ဂါရဝပြုခြင်းနှင့်ပတ်သက်၍ Kingကပြောပြထားသည်မို့ King၏ လှုပ်ရှားမှုကိုသာဂရုစိုက်ထားလိုက်သည်။

တစ်ဖက်တွင်လည်း မဟာဒေဝီတစ်ယောက် နေရာတွင်ဝင်ထိုင်ပြီးသည်နှင့် သူမရှေ့မှအမျိုးသားငယ်နှစ်ယောက်အားကြည့်လိုက်မိ၏။

"အဘွားတော်ကိုနှုတ်ဆက်ပါတယ်"

"အဘွားတော်ကိုနှုတ်ဆက်ပါတယ်"

အသံနှစ်ခုသည်ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာပြီးနောက် သူမအားဂါရဝပြုကြသည်မို့...

"ပြန်ထိုင်ကြတော့"

ထို့နောက် နှစ်ယောက်သားတိတ်ဆိတ်စွာပင် နေရာ၌ပြန်ထိုင်ကြသည်။ မျက်လွှာတို့ကိုချထားကြကာ ငြိမ်သက်စွာထိုင်နေကြသူနှစ်ယောက်အား သူမသေချာကြည့်လိုက်မိသည်။

သူမ မြေးငယ်၏စရိုက်နှင့်အကျင့်ကို သိပြီးသားမို့ သူမအဖို့သိပ်မထူးဆန်းသော်လည်း ဘေးမှကောင်လေး၏ပုံစံကတော့ သူမအတွက်ထူးဆန်းနေသည်။ စုံစမ်းသိရှိခဲ့ဖူးသည့်သတင်းများအရ ဤကောင်လေးသည် ထိုသို့မဟုတ်။ သူမ တောက်လျှောက်စိုက်ကြည့်နေသော်လည်း မည်သူမှ မျက်လွှာပင့်ကြည့်မလာကြ။

ဘေဘေးအနေနှင့် လက်ရှိအခြေအနေအား စိတ်တိုင်းမကျသော်လည်း ဘာမှလုပ်ချင်စိတ်မရှိ။ ဤနေရာ၏အဓိကဖြစ်သော မြေးအဘွားနှစ်ယောက်လုံးက တုပ်တုပ်မလှုပ်မှတော့ သူက ဘာကိစ္စဝင်လှုပ်ပေးရမည်လဲ။ ထိုစိတ်ဖြင့် ငြိမ်သက်စွာပင် ထိုင်နေရင်း အလုပ်မရှိအလုပ်ရှာကာ နှာသီးဖျားရှိလေအဝင်အထွက်ကို လိုက်မှတ်လိုက်မိ၏။

တစ်ထိုင်တည်း အကျွတ်တရားရသွားလည်းအေးတာပဲ...

မဟာဒေဝီက အဆောင်တော်အတွင်းရှိရံရွေတော်များအားလုံးကို အပြင်ထွက်ခိုင်းလိုက်ပြီးသည့်အဆုံး သူမ,မနေနိုင်တော့သည်မို့...

"အခု မင်းတို့နှစ်ယောက်က ဘာလုပ်နေကြတာလဲ"

"အဘွားတော်အပြောကိုစောင့်နေတာပါ"

"ထိုင်နေတာပါ"

King၏အဖြေနှင့် ဘေဘေး၏အဖြေကရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာသည်။ မဟာဒေဝီ သူမအားရွဲ့သလိုလိုဖြေလာသည့်ကောင်လေးအားကြည့်လိုက်တော့ သူမဟုတ်သလိုပင်မျက်လွှာလေးချကာ ငြိမ်ငြိမ်ထိုင်နေ၏။ သူမစိတ်ထဲအလိုမကျချင်ဖြစ်သွားသည်မို့...

"ဘေးနိုရာ"

"ဟုတ်ကဲ့"

"မင်းက ငါ့ကိုမကျေမနပ်ဖြစ်နေတာလား"

"ဟုတ်ကဲ့ မကျေနပ်ပါဘူး"

သူမကိုတစ်ချက်ကြည့်မလာသေးဘဲ မေးသမျှကိုတစ်ခုမကျန်ပြန်ဖြေလာသည်။ ဖြေလာပုံတို့ကလည်း တစ်ခုမှအချိုးမပြေသည်မို့ မဟာဒေဝီ၏မျက်နှာတော်သည် ခက်ထန်သွားပြီးနောက်...

"ပြောစမ်းပါဦး မင်းကဘာကိုမကျေမနပ်ဖြစ်နေတာလဲဆိုတာ...ငါ့ကိုကြည့်ပြီး ပြောကြည့်ပါဦး"

သူမပြောလိုက်တော့ ပင့်တက်လာသည့်မျက်ဝန်းများ။ နက်မှောင်နေသည့်မျက်ဝန်းအစုံသည် မည်သည်ကိုမှကြောက်ဟန်မတူ။ ဒီကောင်လေးအား ဓာတ်ပုံများထဲနှင့်ရုပ်သံများတွင်မကြာခဏမြင်ဖူးပါသည်။ အရှိန်အဝါတစ်ခုရှိနေမှန်းလည်းသူမသိသည်။ မည်သူ့ကိုမှဂရုမစိုက်တတ်မှန်းလည်းသူမသိ၏။ သို့သော် လက်ရှိအချိန်တွင်တော့ အချိုးပြေပြေနေသင့်သည်မဟုတ်ပါလား။

သားနှစ်ယောက်ကအချိုးပြေလွန်းပြီး သူမကိုစည်းရုံးထားနိုင်သလောက် သူကတော့ သူမအား စိတ်ကိုလာဆွနေသလိုပင်။

သူမစိုက်ကြည့်လိုက်တော့ ထိုကောင်လေး၏ မျက်ဝန်းနက်တို့သည်လည်း သူမအား ပြန်စိုက်ကြည့်လာကာ...

"အဘွားတော်ကို ကျွန်တော်မကျေနပ်ခဲ့တာကြာပါပြီ...အကုန်ပြောရမလားခင်ဗျ"

"ကောင်းပြီ ပြော"

"ပထမဆုံး Kingကိုအများကြီးချုပ်ခြယ်ခဲ့လို့မကျေနပ်ပါဘူး"

"....."

"ကျွန်တော် နေမြင့်တဲ့အထိအိပ်နေတဲ့အချိန်မှာ Kingက မနက် ၄နာရီကတည်းကထနေရတာတွေ၊ အချိန်နဲ့ဖုန်းသုံးခဲ့ရတာတွေ၊ Kingကို ရုတ်တရက်ကြီး နိုင်ငံခြားပို့ပစ်လိုက်တာတွေအားလုံးကို တစ်ခုမှမကျေနပ်ပါဘူး...နောက်ပြီး Kingက ရယ်ရင်၊ပြုံးရင်အရမ်းလှတာပါ...စကားပြောရင်လည်း အရမ်းနားထောင်ကောင်းတာပါ...အဲ့ဒါကို ဘာလို့ဒီပုံစံလေးဖြစ်နေတာလဲ...အဲ့ဒါလည်းမကျေနပ်ပါဘူး"

"....."

"သူ့အစ်ကိုရော၊အစ်မရောက မျက်နှာချိုပြီးစကားပြောကောင်းကြသလောက် သူကတော့ မျက်နှာသေလေးနဲ့စကားကအရမ်းနည်းပါတယ်...သူရဲ့သွေးသားဖြစ်တဲ့ သားကြီးတောင် တစ်ခါတစ်လေ အရယ်အပြုံးရှိတတ်ပါတယ်...စကားလည်း သူ့ထက်ပိုပြောပါတယ်...ဒါက သူတို့ဗီဇဆိုရင်တောင် သားကြီးက နွေးထွေးတဲ့အသိုင်းအဝိုင်းမှာကြီးပြင်းခဲ့ရလို့ သူ့ထက်ပိုပျော်ရတယ်ဆိုတာအာမခံနိုင်ပါတယ်...ဒါပေမယ့် အဘွားတော်က ကျွန်တော့်လိုအာမခံနိုင်ရဲ့လား... မခံနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်... သိတာမလို့ကိုမကျေနပ်ပါဘူး"

ဘေဘေး စိတ်ထဲတွင်ခံနေသမျှအကုန်ပြောချလိုက်မိသည်။ သားကြီး၏ကိစ္စသည်လည်း ဖုံးကွယ်ထားစရာအကြောင်း မရှိတော့သည်မို့ ထုတ်ပြောကာ နှိုင်းယှဉ်ပြလိုက်မိ၏။

ထို့နောက် မဟာဒေဝီ၏ အသံပြတ်ပြတ်ထွက်ပေါ်လာသည်။

"ဒါက ဆက်ခံသူတစ်ယောက်ရဲ့တာဝန်တွေပဲ"

"ဆက်ခံသူတစ်ယောက်ရဲ့တာဝန်ဆိုရင်တောင် အဘွားတော်က Kingရဲ့အဘွားပါ...ကျန်တာမပေးနိုင်ရင်တောင် နွေးထွေးကြင်နာမှုလေးတော့ပေးလို့ရပါတယ်...ဒါပေမယ့် အခုကျွန်တော်ကြည့်ရသလောက် အဘွားတော်တို့မြေးအဘွားဆက်ဆံရေးက သိပ်ကောင်းပုံမပေါ်ပါဘူး... Kingက မနွေးထွေး၊မကြင်နာတတ်တဲ့သူမဟုတ်ပါဘူး... အဲ့လိုမျိုးပုံသွင်းခံရတာက သူ့တာဝန်ဖြစ်နေရင်တောင် ကျွန်တော်က မကျေနပ်လို့ရတယ်လို့ထင်ပါတယ်... အဲ့ဒါကြောင့်မကျေနပ်ပါဘူး"

မဟာဒေဝီ သူမအားခွန်းတုံ့မကျန်ပြန်ပြောနေသောကောင်လေးကြောင့် လက်ကို လက်ရန်းတွင်တင်ထားရာမှလက်သီးပင်ဆုပ်လိုက်မိသည်အထိ။

"မင်းကိုယ်မင်းသိပ်မှန်နေတယ်လို့ထင်နေတာလား"

"ကျွန်တော်လည်းမမှန်ခဲ့သလို အဘွားတော်လည်းမမှန်ခဲ့ပါဘူး"

"ကောင်းပြီ...ငါမမှန်တာက ငါ့မြေးအပေါ်ထိခိုက်စေတာထား...မင်းမမှန်တာကရော ဘာလို့ငါ့မြေးအပေါ်ပဲထိခိုက်စေရတာလဲ...ငါ့မြေးအပေါ်၊ ငါတို့မျိုးရိုးအပေါ်၊ ငါတို့ဟော်နန်းအပေါ်ထိခိုက်စေတာကရော?"

"....."

"ဘေးနိုရာ...မင်းကလည်း သူ့အပေါ်ထိခိုက်စေသူပဲမဟုတ်ဘူးလား...တစ်သက်လုံးထိန်းထားခဲ့တဲ့ သူ့ဂုဏ်ပုဒ်တွေ၊သိက္ခါတွေက မင်းကြောင့်ကျဆင်းရတော့မယ်ဆိုတာ မင်းသိလား...မင်းက ဘာတွေမှန်နေလို့ ခုလိုလာပြောရဲတာလဲ"

သူမ ဒေါသထွက်စွာပြောလိုက်ပြီးနောက်တွင်တော့...

"ကျွန်တော်မှားတာပါ ကျွန်တော် အပြစ်ခံယူပါမယ်"

တောက်လျှောက်တိတ်ဆိတ်နေသူ၏အသံကြည်ကြည်သည် ပြတ်သားစွာထွက်ပေါ်လာပြီးနောက် မျက်လွှာပင့်ကြည့်လာပြီး ထိုင်နေရာမှထလာကာ သူမရှေ့တွင်ဒူးထောက်ထိုင်ချသည်။

"ကျွန်တော်အပြစ်ဒဏ်ခံယူမှာမလို့ နိုရာ့ကိုခွင့်လွှတ်ပေးပါ"

"King! မရဘူး!"

ထိုလုပ်ရပ်ကြောင့် ဘေဘေးမျက်ရည်တို့ဝဲတက်သွားကာ လက်မခံနိုင်စွာဖြင့်တားမြစ်လိုက်မိပြီး ထိုင်နေရာမှချက်ချင်းထရပ်လိုက်ကာ Kingဘေးတွင် ဒူးထောက်ထိုင်ချလိုက်ပြီးနောက်...

"King ငါခွင့်မပြုဘူး...မင်းက ဘာလို့တောင်းပန်နေတာလဲ...ငါမှားတာပါ... တောင်းပန်ရမှာကငါပါ... ငါပဲတောင်းပန်ပါ့မယ်...မင်းအဲ့လိုမလုပ်ပါနဲ့...ငါ့အတွက်ဒူးမထောက်ပါနဲ့...ငါ့အတွက် မတောင်းပန်ပါနဲ့... ငါမှားပါတယ်"

"နိုရာ ပြန်ထိုင်နေ"

"King..."

"ပြန်ထိုင်"

ဘေဘေး လက်မခံချင်စွာဖြင့် အံကြိတ်ကာနေရာတွင်ပြန်ဝင်ထိုင်လိုက်မိသည်။ မျက်ဝန်းနက်တို့၏ ထောင့်စွန်းများသည် နီရဲနေကြပြီး နို့နှစ်ရောင်မျက်နှာသည်လည်း နီရဲနေပြီဖြစ်၏။

မဟာဒေဝီတစ်ယောက် သူမရှေ့မှမြေးငယ်အားမယုံနိုင်စွာကြည့်နေမိပြီး...

"မင်း!"

"ကျွန်တော့်အမှားတွေပါ...အပြစ်ဒဏ်သတ်မှတ်ပေးပါ"

"မင်း သူ့အတွက်နဲ့..."

သူမဘယ်လိုမှဆက်မပြောနိုင်တော့။ မွေးဖွားလာစဉ်ကတည်းက ကာလတစ်ခုအထိ ဤကလေးသည် အမှားအကင်းဆုံးလူသားဖြစ်ခဲ့သည်။ 'ကျွန်တော်အမှားပါ'ဟူသည့်စကားအား တစ်ခါသော်မျှမကြားခဲ့ဖူး။ ဒူးထောက်ကာ အပြစ်ဒဏ်တောင်းဆိုဖို့ကားဝေးစွ။

သို့သော်လည်း ယနေ့အချိန်ထိတွက်ကြည့်မည်ဆိုလျှင်၊ယခုအချိန်ကိုပါထည့်တွက်ကြည့်မည်ဆိုလျှင် နှစ်ကြိမ်တိုင်တိုင်ပင်ရှိခဲ့ပြီဖြစ်သည်။

ဒီကောင်လေးအတွက် ဘယ်လောက်တောင်များ လုပ်နိုင်သေးတာလဲ...

ဘယ်လောက်ထိ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပေးနိုင်သေးတာလဲ...

ဒီကောင်လေးကိုသာမထိခိုက်ဘူးလို့ပြောလျှင် ဘာမဆိုလုပ်ပေးတော့မည်လား...

သူမ အရမ်းကိုယူကြုံးမရဖြစ်စွာဖြင့်ငေးကြည့်နေမိရင်း…

"မင်း အခုထိ...အခုချိန်ထိလား"

"ဟုတ်ကဲ့"

ပြတ်သားလှသည့်ဖြေသံအဆုံး သူမ မျက်လုံးအစုံကိုမှိတ်ချလိုက်မိပြီး စိတ်ကို ငြိမ်ငြိမ်ထားလိုက်မိ၏။ ပြီးမှ…

"ဟော်နန်းကိုဆက်ခံဖို့ ကြင်ယာတော်အမျိုးသမီးလိုအပ်တယ်...မင်းအသက်အရွယ်အရ ဆက်ခံသင့်နေပြီ... အစဉ်အလာအရ ဟော်နန်းအရှင်သခင်မဖြစ်သေးပေမဲ့ အခြေအနေအရဆိုရင် ဆက်ခံသူကိုမွေးဖွားပြီးပြီမလို့ မင်းက ဟော်နန်းကိုအုပ်ချုပ်သင့်နေပြီ... ကလေးရဲ့မိခင်နဲ့လက်မဆက်နိုင်ဘူးဆိုရင် အဘွားတော်ကိုယ်တိုင်ရှာပေးမယ်... ဒီတစ်ကြိမ်တော့ အဘွားတော်ပြောတာကိုလက်ခံပါ"

အခြေအနေနှင့်ဖြစ်သင့်သည်တို့ကို ချိန်ထိုးကာ ပြောပြလိုက်တော့...

"ကျွန်တော်လက်မခံနိုင်ပါဘူး"

ချက်ချင်းငြင်းဆန်လာသူကြောင့် ဒေါသထွက်မိသွားကာ...

"မင်း!"

ထို့နောက် မြေးအဘွားနှစ်ယောက်အကြည့်ဆုံသွားကြပြီး...

"ကျွန်တော့်ဘက်က မပြောင်းလဲဘူးဆိုတာကို သက်သေပြပြီးပါပြီ"

"မင်း!"

"အဘွားတော်စေရာကိုလည်း သွားခဲ့ပြီးပါပြီ...အဆက်အသွယ်မှန်သမျှကိုလည်းဖြတ်ခဲ့ပြီးပါပြီ...ဒါပေမယ့် အဘွားတော်ထင်ခဲ့သလိုမပြောင်းလဲခဲ့ပါဘူး"

"အဆက်အသွယ်ဖြတ်ခဲ့ပေမယ့် မင်းအမြဲစုံစမ်းနေခဲ့တာပဲမလား"

"စုံစမ်းခဲ့သမျှတော်တော်များများကိုလည်း အဘွားတော်ဘက်ကဖြတ်ယူခဲ့တာအများကြီးပါ"

ဘေဘေး အပြန်အလှန်စကားတို့အား နားမလည်စွာနားထောင်နေမိသည်။ နားမလည်သည်မို့ ဘာမှလည်းဝင်မပြောနိုင်။ သို့သော်လက်ရှိအခြေအနေအားလည်းအားမရ။ သူ့ကိုယ်သူ ပို၍ပင်အားမရဖြစ်နေမိ၏။

"ဒါဆိုကလေးကိစ္စကို မင်းလုံးဝမသိခဲ့ဘူးပေါ့"

"ကလေးကိစ္စက ကျွန်တော်နဲ့ပဲဆိုင်တာပါ...Kingဘာမှမသိပါဘူး"

ငြိမ်နားထောင်နေရာမှသူ့အပိုင်းပါလာသည်မို့ ဘေဘေး ချက်ချင်း ဝင်ပြောလိုက်မိသည်။

ထိုအခါ မဟာဒေဝီ၏အကြည့်က ထိုကောင်လေးဆီရောက်သွားတော့သည်။ ပုံစံကထောင့်မကျိုးသော်လည်း သားလိမ္မာနှစ်ယောက်ကို မွေးထုတ်ထားနိုင်သည်မှာအံ့ဩချင်စရာပင်။ ထို့အပြင် သူ့မြေးအလိမ္မာလေးကပင် ထိုကောင်လေးဘက်ပါနေသည်မို့ သူမ၏စိတ်ကို တော်တော်လျှော့ထားရ၏။

ထိုကောင်လေး၏လက်မှ တိုးနယားလက်စွပ်အားမြင်လိုက်ရသည့်အချိန်တွင်တော့ ခေါင်းပင်အနည်းငယ်ကိုက်ချင်သွားသည်။ တစ်ဖန် ထပ်မြင်လိုက်သည့်လက်မမှလက်စွပ်။ ဒီလက်စွပ်သည်သူမနှင့်စိမ်းသက်မနေပါ။

လွန်ခဲ့သည် ၁၃နှစ်လောက်က သူမမြေးငယ်၏လက်တွင် လက်စွပ်တစ်ကွင်းတိုးလာကြောင်းသတိထားခဲ့မိသည်။ ရိုးရိုးရှင်းရှင်းနေတတ်သည့်ကလေးမို့ သူမ အထူးအဆန်းဖြစ်သွားခဲ့သော်ငြား ထုတ်မမေးမိခဲ့။ ပြဿနာတက်ခဲ့သည့်အချိန်မို့ မမေးခဲ့သည်လည်းပါ၏။ သို့သော် ယခုမှသိလိုက်ရသည်က ထိုလက်စွပ်သည်လည်း ဒီကောင်လေးနှင့်သက်ဆိုင်နေပြန်သည်။

သူမနှင့်သူမ၏မြေးငယ်ကြားမီးစကိုစမွှေးသူသည် ဒီကောင်လေးဖြစ်နေသည်တဲ့လား။

မဟာဒေဝီ ဘေဘေးအား စိုက်ကြည့်လိုက်ပြီး...

"ပြောပါဦး ကလေးကိစ္စ...ကာယကံရှင်ကမင်းဆိုတော့ မင်းကပဲဖြေရှင်းတတ်မှာပေါ့"

မေးခွန်းအဆုံး ဘေဘေးဖြေဖို့ပြင်လိုက်စဉ်...

"ဒီမေးခွန်းကို နိုရာအဆင်သင့်ဖြစ်မှဖြေပါစေ...အဘွားတော် သူ့ကိုအတင်းအကြပ်မမေးပါနဲ့"

မေးခွန်းအား တားမြစ်လာသည့် Kingကြောင့် ဘေဘေးနှုတ်ဆိတ်သွားရသည်။ မဟာဒေဝီသည်လည်းနှုတ်ဆိတ်သွားပြီး စိတ်ပျက်စွာပင်မျက်ဝန်းတို့အား ပြန်ပိတ်ထားလိုက်မိ၏။ ထိုပုံစံအားကြည့်ကာ ဘေဘေး ကိုယ့်ကိုယ်ကိုယ်စိတ်ထိန်းလိုက်ပြီးနောက် အသက်ကိုပြင်းပြင်းရှိုက်လိုက်ပြီး...

"ကျွန်တော်က Kingကိုတစ်ဖက်သတ်ချစ်ခဲ့တာပါ"

"....."

"....."

ရုတ်ချင်းဆိုသလို သူ့အားကြည့်လာသည့် မျက်ဝန်းတို့ကိုဂရုမစိုက်စွာမျက်လွှာချထားလိုက်ပြီး...

"ကျွန်တော်က သူ့ကိုမြင်မြင်ချင်း ချစ်ခဲ့ရတာပါ...အဲ့ဒါကြောင့် လုပ်ခဲ့တာပါ...ကျွန်တော် သူ့အပေါ်လောဘတက်ခဲ့ပါတယ်... သူ့ကိုဆုံးရှုံးရရင်တောင် သူ့သွေးသားကိုဘေးမှာထားပြီး အလွမ်းဖြေချင်ခဲ့ပါတယ်... အဲ့ဒါကြောင့် သူအသက်ပြည့်တဲ့အချိန်၊ ကျွန်တော်အသက်ပြည့်တဲ့အချိန်ကိုစောင့်ပြီး ရအောင်လုပ်ခဲ့ပါတယ်"

စကားကိုဖြတ်လိုက်ပြီးနောက် ခဏနားကာ အသက်ပြင်းပြင်း ထပ်မံရှူသွင်းလိုက်မိစဉ်...

"နိုရာ တော်ပြီ"

ထိုအသံ၏အဆုံးသတ်သည်အနည်းငယ်တုန်ယင်သွားဟန်ရှိသည်မို့ သူမော့ကြည့်လိုက်ချင်သော်လည်း စကားဆက်မပြောနိုင်မည်စိုး၍မကြည့်မိ။

"ဒါတွေအကုန် သူမသိပါဘူး...သူတစ်ခုမှမသိခဲ့ပါဘူး...လုပ်ခဲ့သမျှက ကျွန်တော်ဖြစ်လို့ အပြစ်ရှိတာကလည်း ကျွန်တော်ပါပဲ"

မဟာဒေဝီ သူမရှေ့ဒူးထောက်ကာ အံကြိတ်ထားသည့်သူမ၏မြေးငယ်နှင့် မျက်လွှာချကာ အကုန်ဝန်ခံနေသည့်ကောင်လေးအားကြည့်ကာ မည်သည့်စကားဆိုရမှန်းမသိတော့။ သူမ၏နားထဲတွင်တော့ ထိုကောင်လေး၏စကားများသာ ဝေ့ဝဲနေကြသည်။

ထိုအခါ ကိစ္စတစ်ခုအားစဉ်းစားလိုက်မိလိုက်ပြီး…

"အသက်ပြည့်ချိန်ဆိုတာက?"

"အဘွားတော်!"

ကြားဖြတ်ကာ ဝင်တားလာသူကြောင့် ဘာဆိုသည်အားသိလိုက်ရသည်မို့ မဟာဒေဝီ၏မျက်ဝန်းတို့ထက် ဒေါသရိပ်တို့သန်းသွားကာ...

"စဝ်မင်းနွယ်ဧကရာဇ်! မင်း!"

ထိုအချိန်တွင် ဘေဘေးသည် အခြေအနေအားနားမလည်စွာကြည့်နေမိပြီးနောက်...

"ဘာဖြစ်လို့လဲ...ကျွန်တော် ကျောင်းမှတ်တမ်းတွေမှာ Kingရဲ့မွေးနေ့ကိုကြည့်ပြီးမှစီစဉ်ခဲ့တာပါ...Kingက ၆လပိုင်းမှာ ၁၈ပြည့်ပြီး ကျွန်တော်က ၁၀လပိုင်းမှာ ၁၈ပြည့်ပါတယ်...ကျွန်တော် ၁၈ပြည့်တဲ့နေ့မှာမှ ကျွန်တော်လုပ်ခဲ့တာပါ"

ထိုစကားအဆုံး မဟာဒေဝီ မျက်ဝန်းအစုံအားပိတ်ချလိုက်မိပြီး စိတ်ငြိမ်အောင်ထိန်းထားလိုက်မိ၏။

တကယ်ကိုပဲ အရာအားလုံးက သူမ၏အပြစ်တွေပင်ဖြစ်နေခဲ့သည်။ သူမ၏စိတ်စောမှုကြောင့် အသက်မပြည့်သေးသောကလေးအား အတန်းကျော်ကာတက်ရောက်စေဖို့အတွက် မှတ်တမ်းတို့တွင်လိမ်ညာခဲ့ခြင်း၏နောက်ဆက်တွဲသည် ဤသို့ဖြစ်လာသည်တဲ့လား။

ဘေဘေးသူပြောခဲ့မိသည့်အထဲမှ အမှားတို့ကိုရှာနေမိသည်။ သို့သော် ဘာမှမတွေ့၍ ဆက်ပြောဖို့သာဆုံးဖြတ်လိုက်မိ၏။ အဓိက,က King အပြစ်လွတ်ဖို့သာဖြစ်သည်မို့...

"ဒီကိစ္စတွေကို Kingဘာမှမသိပါဘူး... ကျွန်တော်က Kingကိုစိတ်ကြွဆေးခတ်ခဲ့တာပါ"

"ဘာ!"

မဟာဒေဝီ၏မျက်လုံးများသည် မှိတ်ထားကာရာမှ ချက်ချင်းပြန်ပွင့်လာပြီးနောက် ဘေဘေးအားကြည့်လိုက်မိသည်။

"ဟုတ်ကဲ့ စိတ်ကြွဆေးထည့်ထားတဲ့ဝိုင်ကိုသူရောကျွန်တော်ရောသောက်ခဲ့ကြတာပါ...စိတ်ကြွဆေး အဆင့်၄မို့ သူအသိစိတ်လွတ်သွားခဲ့ပါတယ်...ကျွန်တော်ကတော့ ကိုယ်တိုင်ခဏခဏစမ်းသပ်ခဲ့တဲ့သူမလို့ထိန်းနိုင်ခဲ့ပြီး အစီအစဉ်အတိုင်းလုပ်နိုင်ခဲ့တယ်"

သူ့စကားသံတို့အဆုံး အသက်ရှူသံတို့ပင် အနည်းငယ်ဆိတ်သွားသလိုမို့ ဘေဘေးမော့ကြည့်လိုက်မိသည်။

မဟာဒေဝီ၏မျက်လုံးများက ဘေဘေးကိုကြည့်မနေဘဲ သူမရှေ့မှKingကိုသာစူးစူးစိုက်စိုက်ကြည့်နေပြီး...

"စိတ်ကြွဆေး အဆင့်ဘယ်လောက်?"

မေးလာသည်မို့...

"အဆင့် ၄ပါ...သာမာန်လူအတွက်ဆိုအရမ်းပြင်းပါတယ်"

"ဪ"

ထိုအာမေဋိတ်သံထွက်လာပြီးနောက် ပြန်လည်၍ငြိမ်ကျသွားသည့်လေထု။

ထို့နောက်တွင်တော့ မဟာဒေဝီသည် သူမ၏မြေးငယ်အား စူးစိုက်ကြည့်နေရာမှ တစ်ချက်ပြုံးလိုက်မိပြီးနောက်...

"စဝ်မင်းနွယ်ဧကရာဇ်က သာမာန်လူဖြစ်သွားခဲ့တာကိုး"

Zawgyi//

ဆက္ခံသူနန္းေဆာင္ဟူသည့္အဓိပၸါယ္ကို ရွမ္းဘာသာစကားျဖင့္ေရးထိုးထားေသာ ဆိုင္းဘုတ္တင္ထားသည့္နန္းေဆာင္အတြင္းသို႔ သူေရာက္ရွိေနၿပီျဖစ္သည္။ နန္းေဆာင္အရွင္သခင္၏ အေငြ႕အသက္တို႔ကိန္းေအာင္းေနသည့္ေနရာျဖစ္သည့္အားေလ်ာ္စြာ ကံ့ေကာ္သင္းနံတို႔ထုံသင္းေနသည္မို႔ သူ႔အေနႏွင့္ ေနရာစိမ္းတစ္ခုလိုမခံစားရဘဲ ရင္းႏွီးေန၏။

သူ႔အားပုခုံးမွဖက္ကာေခၚလာသည့္လူသားသည္ နန္းေဆာင္တြင္းသို႔ေရာက္သည္အထိ မလႊတ္ေသးသည္မို႔ သူလည္း အခြင့္အေရးကိုလက္လြတ္မခံဘဲၿငိမ္ေနလိုက္မိသည္။

အေႏြးထည္အထပ္ထပ္ဝတ္ထားသည္ဆိုေသာ္ျငား ခ်စ္ရသူ၏ ကိုယ္ေငြ႕ေလာက္ေတာ့ေႏြးေထြးမႈကိုမေပးႏိုင္။

သူၿငိမ္ေနမိရင္း အခန္းတြင္းကိုမ်က္လုံးကစားကာၾကည့္ရင္း အံ့ဩေနမိသည္။

မသိရင္ ေရွးေဟာင္းျပတိုက္ထဲကိုေရာက္ေနသလိုပဲ...ဒီေခတ္ႀကီးထဲမွာေတာင္ ဒီလိုမ်ိဳးပုံစံေတြရွိေနေသးတာလား...

ထိုအေတြးမ်ိဳးေတြးမိေစသည္အထိ ေရွး႐ိုးဆန္လြန္းသည္။

နန္းေဆာင္ဖြဲ႕စည္းပုံ၊အခန္းတြင္းအျပင္အဆင္မ်ားႏွင့္၊ပရိေဘာဂမ်ားသည္ ေရွ႕ေခတ္ဇာတ္ကားမ်ားထဲကလိုပင္။ ယေန႔ေခတ္လူေနမႈပုံစံ၊အသုံးအေဆာင္မ်ားႏွင့္ကြဲျပားေနသည္မို႔ သူစိတ္ဝင္တစားလိုက္ၾကည့္ေနမိသည္။ စာအုပ္စင္၏ အထပ္မ်ားတြင္ေတာ့ စာအုပ္မ်ားစီစီရီရီရွိေနၿပီး အထပ္တိုင္းတြင္ လက္တစ္ထြာခန္႔အ႐ြယ္အစားရွိၾကေသာ ပန္းပု႐ုပ္ထုေလးတစ္႐ုပ္စီရွိသည္။ ပုံစံၾကည့္ရသေလာက္ေတာ့ အလွဆင္႐ုံသက္သက္ျဖစ္ပုံရ၏။

ဧည့္ေဆာင္ျဖစ္သည္မို႔ ဧည့္ေတြ႕သည့္ေနရာသီးသန္႔ရွိသည္။ အခန္းတစ္ခုလုံးတြင္ ကြၽန္းႏွင့္ယြန္းထည္မ်ားကိုသာ အဓိကထား၍သုံးထားသည္။

"ေအးေနေသးလား"

သူ ဟိုဟိုသည္သည္လိုက္ၾကည့္ေနတုန္း ထြက္ေပၚလာသည့္အသံၾကည္ၾကည္ေၾကာင့္ ၿပဳံးလိုက္မိၿပီး...

"အင္း ေအးေနေသးတယ္ဆိုဘာလုပ္ေပးမွာလဲ"

"....."

တစ္ဖက္မွႏႈတ္ဆိတ္သြားသည္မို႔ ခပ္ညစ္ညစ္ၿပဳံးလိုက္မိၿပီး သူ႔အားရင္ခြင္ထဲထည့္ထားသူ၏ခါးအား လက္လွ်ိဳသြင္းကာ ဖက္လိုက္ၿပီးေနာက္...

"ေျပာေလ...ငါက အရမ္းခ်မ္းေနေသးတယ္ဆို ဘာထပ္လုပ္ေပးမွာလဲ...နည္းလမ္းရွိေသးတာလား"

ၿပဳံးစစႏွင့္ေမးလိုက္ေတာ့ သူ႔အားမ်က္လုံးေသတို႔ျဖင့္ငုံ႔ၾကည့္လာ၏။

"မေဆာ့နဲ႔ေတာ့"

ေလသံၿငိမ္ၿငိမ္ျဖင့္တားလာသူအား ဂ႐ုမစိုက္စြာျဖင့္ ပုခုံးထက္မွ လက္ကိုဖယ္လိုက္ၿပီး ထိုသူႏွင့္မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီးေနာက္ ခါးကိုလက္ႏွစ္ဖက္ျဖင့္ဖက္လိုက္ကာ ရင္ခ်င္းအပ္သည္အထိ ဆြဲကပ္ပစ္လိုက္သည္။ တစ္ဖန္ ပုခုံးထက္ေမးဖ်ားတင္ထားလိုက္ၿပီးေနာက္...

"အင္း ဒီလိုေလးကပိုေႏြးသလိုပဲေနာ္...ဒီလိုပဲေနၾကမလား...အခ်စ္က ငါေအးေနေသးတယ္ဆိုရင္ ဒီလိုေလးေနေပးမလို႔လား"

"....."

ေျပာရင္းျဖင့္ ပုခုံးထက္အားေမးဖ်ားေလးျဖင့္ အနည္းငယ္ကစားကာႀကိတ္လိုက္ေတာ့...

"ႏိုရာ ေတာ္ၿပီ"

"ဟင့္အင္း မေတာ္ခ်င္ပါဘူး"

"အခန္းထဲသြားမယ္"

"ဘယ္အခန္းထဲလဲ"

"အိပ္ေဆာင္ထဲမွာေႏြးတယ္"

"ဟာ တကယ္! Ok သြားမယ္ သြားမယ္...ဘယ္အခန္းလဲ"

"ညာဘက္က"

"Ok လာ အခ်စ္ေလး...အိပ္ေဆာင္ထဲေရာက္မွ ဆက္လုပ္ၾကတာေပါ့"

ၿပဳံးစစႏွင့္စိုက္ၾကည့္ကာေျပာလိုက္ရင္း လက္ကိုဆြဲကာေရွ႕မွ အားႀကိဳးမာန္တက္ဦးေဆာင္ဝင္လာလိုက္ေတာ့ ေနာက္မွအသံတိတ္ျဖင့္လိုက္လာသည္။

ထို႔ေနာက္တြင္ အိပ္ေဆာင္ပုံစံအားၾကည့္ကာ သူအံ့ဩရျပန္၏။ အိပ္ေဆာင္သည္ ပုံမွန္ထက္ရွင္းလင္းေနကာ အသုံးအေဆာင္ပုံစံမ်ားသည္လည္း ဧည့္ေဆာင္တြင္ေတြ႕ခဲ့ရသည္ႏွင့္ဘာမွသိပ္မကြာေပ။ စာၾကည့္စားပြဲကိုျမင္ေတာ့ သူေသခ်ာၾကည့္လိုက္မိၿပီးေနာက္ အခန္းကိုလည္း ေသခ်ာထပ္ၾကည့္လိုက္မိသည္။ ၿပီးမွ...

"အာ King...ဒီအခန္းကေလ ငါဟိုးအရင္က မင္းကို Video callေခၚရင္ မင္းရွိေနက်အခန္းမလား... ဟုတ္တယ္မလား"

"အင္း"

အၿမဲတေစထပ္တူညီေနသည့္ေလသံေၾကာင့္ သူစိတ္မရွည္စြာလွည့္ၾကည့္လိုက္မိၿပီး...

"အင္း အဲ့ဒါပဲေျပာေနေတာ့မွာလား"

"....."

ေျပာလိုက္ေသာ္ျငား ႏႈတ္ဆိတ္ကာသူ႔ကိုၾကည့္ေနသူအားအသည္းယားစြာျဖင့္ ဆြဲကိုင္ထားေသာလက္အားေဆာင့္ဆြဲလိုက္မိ၏။ ၿပီးေနာက္ အနည္းငယ္ယိုင္သြားသည့္ခႏၶာကိုယ္အား ဖမ္းထိန္းသလိုႏွင့္လည္ပင္းအား လက္ႏွစ္ဖက္ႏွင့္သိုင္းဖက္ကာ ရင္ခြင္ထဲဆြဲသြင္းဖို႔လုပ္လိုက္ေသာ္လည္း တစ္ဖက္မွေတာင့္ထားလိုက္သည္မို႔ အေနအထားက မွန္းထားသလိုမျဖစ္ေတာ့ဘဲ သူက တစ္ဖက္လူ၏လည္တိုင္အားခိုကာဖက္ထားသလိုျဖစ္သြားေတာ့သည္။

ထိုအခါ Kingက အေပၚစီးမွေန၍ သူ႔အာအုပ္မိုးၾကည့္လာသည္။ ဤအေနအထားသည္ အနည္းငယ္ရွက္ခ်င္စရာျဖစ္ေနေသာ္ျငား သူကေတာ့ရွက္မေနႏိုင္။ မ်က္စိေရွ႕တြင္ျမင္ေနရသည့္ ေမးဖ်ားအား ေျခဖ်ားအနည္းငယ္ေထာက္ကာ ခပ္ဖြဖြဆြဲကိုက္လိုက္မိ၏။

နာေအာင္ေတာ့မကိုက္ရက္။ ဒီမ်က္ႏွာလွလွေလးက သူ႔အတြက္ၾကည့္မဝေလး။

သူကိုက္ကာစလိုက္ေသာ္ျငား တစ္ဖက္လူက ဘယ္လိုမွမေနသည္မို႔ စိတ္တြင္းမွႀကိတ္ၿပဳံးလိုက္မိသည္။ သူအသားယူပါမ်ား၍ ေက်ာက္စိမ္း႐ိုင္းတုံးေလးက ဒီေလာက္ကိုသိပ္မၿဖဳံေတာ့။ ဒီေလာက္ဆိုရင္ ေနာက္တစ္ဆင့္ကိုတက္လို႔ရေလာက္ၿပီျဖစ္သည္။

ဘယ္ကစထိရမလဲ...
ႏႈတ္ခမ္းေလးကိုလား...ဒါမွမဟုတ္ပါးေလးႏွစ္ဖက္ကပဲစလိုက္ရမလား...ဒါမွမဟုတ္ နဖူးေလးကပဲ စရမလား...ၿပီးရင္ ဘယ္လိုဆင္ေျခေပးရမလဲ...

King၏ မ်က္ႏွာအစိတ္အပိုင္းတို႔အားေသခ်ာၾကည့္ကာ ႀကံစည္ေတြးေတာေနသည္မို႔ တစ္ဖက္လူ၏ နက္ရႈိင္းလြန္းေသာအၾကည့္မ်ားႏွင့္ မတည္ၿငိမ္ေသာအသက္ရႉသံတို႔အား သတိမထားမိ။

ႁပြတ္~

ေျခဖ်ားကိုအသာေထာက္ကာ ပန္းေသြးေရာင္သန္းေနေသာ ညာဘက္ပါးျပင္အား အသံထြက္သည္အထိတမင္နမ္းလိုက္ေတာ့ သူ႔ခါးကိုကိုင္ထားသည့္လက္အစုံသည္ အနည္းငယ္တင္းၾကပ္သြားသည္။ ထို႔ေနာက္ သူ႔အားၾကည့္လာသည့္မ်က္ဝန္းတို႔အားသတိထားလိုက္မိေတာ့ အနည္းငယ္ပင္လန္႔ခ်င္သြား၏။

ဘာလဲ...ငါ အရမ္းစည္းေက်ာ္လိုက္မိတာလား...ဒီပုံစံက ငါ့ကိုစိတ္ဆိုးေနတာလား...

စိတ္ထဲအေတြးေပါင္းစုံတို႔ျဖင့္ေယာက္ယက္ခတ္သြားၿပီးေနာက္ သူဘာမွမျဖစ္သလိုၿပဳံးလိုက္မိၿပီး...

"ဟီး ႏႈတ္ဆက္တာေနာ္...ငါဟိုေန႔က ေဆာင္းပါးတစ္ခုဖတ္လိုက္ရတယ္... အဲ့ႏိုင္ငံမွာ အိမ္တစ္အိမ္ကိုသြားလည္ၿပီဆိုရင္ အိမ္ရွင္ရဲ႕ပါးကိုနမ္းၿပီးေတာ့ႏႈတ္ဆက္ၾကတယ္တဲ့... ႏိုင္ငံနာမည္ေတာ့ လာမေမးနဲ႔ ေမ့သြားၿပီ...ငါက နာမည္ေတြမမွတ္ႏိုင္ဘူးေလ... သိတယ္မလား... ဒါေပမယ့္ အဲ့ႏႈတ္ဆက္နည္းကိုေတာ့မေမ့လို႔ လိုက္လုပ္ၾကည့္တာ... အခု မင္းက အိမ္ရွင္ေလ... အဲ့ဒါေၾကာင့္ မင္းပါးကိုနမ္း...အြတ္"

စကားမဆုံးေသး၊ ေႏြးေထြးအိစက္ေသာထိေတြ႕မႈက သူစကားလုံးမ်ားကိုရပ္တန္႔သြားေစသည္။႐ုတ္တရက္မို႔ လန္႔ဖ်န္႔သြားသည့္ခံစားခ်က္တို႔ေနာက္ ရင္ထဲမွဒုန္းစိုင္းလာသည့္ႏွလုံးခုန္သံ။

တစ္ဆက္တည္းမွာပင္ ခါးမွဆြဲယူခံလိုက္ရသည္မို႔ ထိကပ္သြားသည့္ခႏၶာကိုယ္ႏွစ္ခုသည္ ၾကားေလပင္ေသြး၍မရသည္အထိ။ သူက တစ္ဖက္လူ၏လည္တိုင္အားတြဲခိုထားသည္မို႔ တစ္ဖက္လူက ခါးမွဖက္ကာ သူ႔အားဆြဲယူလိုက္သည္ႏွင့္ အေနအထားက ဇာတ္ကားေတြထဲကပုံစံမ်ားထက္ပင္ ပုံစံက်သြားေသးသည္။

ေဘေဘးလက္ရွိအေျခအေနအား မ်က္လုံးအျပဴးသားႏွင့္ အံ့ဩေနမိစဥ္ သူ႔မ်က္လုံးအစုံအားပိတ္လာသည့္ လက္ဖဝါးတစ္ဖက္။ ထိုအခါ အျမင္အာ႐ုံကြယ္သြားသည္မို႔ စိတ္အာ႐ုံအလုံးစုံက အထိအေတြ႕ဆီေရာက္သြားေတာ့၏။

သူ႔ႏႈတ္ခမ္းအစုံအားထိေတြ႕ေနသည့္ အိစက္မႈကေလးသည္ ညင္သာစြာလႈပ္ရွားလာၿပီးေနာက္ သူ႔ေအာက္ႏႈတ္ခမ္းသားအား အသာဆြဲယူသြားကာ ရာသီဥတုဒဏ္ေၾကာင့္ အနည္းငယ္ေျခာက္ခ်င္ေနေသာႏႈတ္ခမ္းသားအား အစိုဓာတ္ကိုေပးလာသည္။

မိနစ္အနည္းငယ္မွ်ၾကာၿပီးေနာက္တြင္ေတာ့ ေဘေဘးအသိစိတ္အျပည့္အဝဝင္လာေတာ့သည္။

ပထမဆုံးအေနႏွင့္ လက္ရွိအေျခအေနအားလက္ခံလိုက္မိ၏။

ဪ King ငါ့ကိုနမ္းေနတာပဲ...

ထို႔ေနာက္ အေတြးေပါင္းစုံဝင္လာေတာ့သည္။

ေနပါဦး...ဒါႀကီးကဘယ္လိုအေျခအေနလဲ...Kingက ဘာလို႔ငါ့ကိုနမ္းေနတာလဲ...

တစ္ဖန္ သုံးသပ္မိျပန္သည္။

ငါ ေရွ႕ကေနလမ္းျပတာ တအားမ်ားသြားတာလား...ဒါေပမယ့္ သူအသိစိတ္ဝင္ေနတဲ့အခ်ိန္မွာ ႏႈတ္ခမ္းကိုနမ္းမျပဖူးပါဘူး...ဘယ္နားကစမွားသြားတာလဲ...Kingက ဘာသေဘာနဲ႔ငါ့ကိုနမ္းေနတာလဲ...

ေနာက္ဆုံးတြင္ေတာ့ သူလက္ရွိအေျခအေနအား လက္ခံလိုက္ရေတာ့၏။

ဪ ဟုတ္သားပဲ...Kingက အရမ္းဉာဏ္ေကာင္းတဲ့လူဆိုတာငါေမ့သြားတယ္... နည္းနည္းသင္႐ုံနဲ႔မ်ားမ်ားတတ္သြားတဲ့ပုံပဲ... ပါးေလးနမ္းျပ႐ုံနဲ႔ ႏႈတ္ခမ္းကိုပါနမ္းတဲ့အထိတိုးတက္သြားမယ္လို႔ ေတြးေတာင္မေတြးမိဘူး...ဘာပဲျဖစ္ျဖစ္ ဒါလည္းေကာင္းတာပဲ...ေကာင္းတယ္ ေကာင္းတယ္...ေနာက္ဆို ဒီ့ထက္ပိုၿပီး...

"အ!"

ေတြးကာ လက္ခံေနမိတုန္းရွိေသး၊ ေအာက္ႏႈတ္ခမ္းကိုအကိုက္ခံလိုက္ရသည္မို႔အသံထြက္ကာ ညည္းလိုက္မိသည္။ ႏႈတ္ခမ္းထက္ေႏြးေထြးမႈတို႔ေပ်ာက္ကြယ္သြားၿပီးေနာက္ စိုစြတ္မႈတို႔သာက်န္ခဲ့ေတာ့၏။ မ်က္လုံးအစုံေရွ႕ပိတ္ကြယ္ထားသည့္ လက္သည္လည္း ျပန္႐ုတ္သြားသည္မို႔ မ်က္လုံးအားအသာဖြင့္လိုက္ေတာ့ သူ႔အားစိုက္ၾကည့္ေနသည့္မ်က္ဝန္းၾကည္ၾကည္တစ္စုံအားျမင္လိုက္ရသည္။

"မင္းဘာလို႔..."

"အိမ္ရွင္ကလည္း ဧည့္သည္ကိုျပန္ႏႈတ္ဆက္ရတယ္"

"....."

ေဘေဘး သူ႔အားခပ္တည္တည္ႏွင့္ေျပာလာသူအား ဆြံ႕အစြာၾကည့္ေနလိုက္မိစဥ္...

"သခင္ေလး မဟာေဒဝီကအေခၚေတာ္လႊတ္လိုက္ပါတယ္...အပ်ိဳေတာ္ေတြေရာက္ေနပါၿပီ"

ျပင္ပမွထြက္လာသည့္အသံေၾကာင့္ ႏွစ္ေယာက္သား လူခ်င္းခြာလိုက္မိသည္။ သားတို႔ႏွင့္ေတြ႕ၿပီးမွ သြားေတြ႕ဖို႔စီစဥ္ခဲ့ေသာ္ျငား ယခုမျဖစ္ႏိုင္ေတာ့။ ထို႔ေနာက္ Kingက အခန္းျပင္ထြက္ဖို႔ျပင္လိုက္သည္မို႔...

"King...ငါလည္းလိုက္မယ္"

"အင္း"

စကားဆုံးသည္ႏွင့္ Kingက သူ႔အားလက္မွဆြဲကာေရွ႕မွဦးေဆာင္ထြက္သည္။ နန္းေဆာင္၏တံခါးအားဖြင့္လိုက္ေတာ့ ေရွ႕တြင္ေစာင့္ေနသည့္အေစာင့္ႏွစ္ေယာက္ႏွင့္အတူ သူတို႔အားေစာင့္ေနၾကသည့္မိန္းကေလးမ်ား။

အေစာင့္ႏွစ္ေယာက္သည္ သူတို႔ထြက္လာသည္ႏွင့္ဂါရဝျပဳလိုက္ၾကၿပီးေနာက္ ေနၿမဲအတိုင္းျပန္ေနလိုက္ၾကသည္။ မိန္းကေလးမ်ားသည္လည္း သူတို႔အားျမင္သည္ႏွင့္ဂါရဝျပဳလာၾကၿပီး...

"သခင္ေလးကိုႏႈတ္ဆက္ပါတယ္"

ထို႔ေနာက္ ခဏရပ္သြားၾကၿပီးေနာက္...

"ၾကင္..."

ေရွ႕ဆုံးမွမိန္းကေလးထံမွအသံတိုးတိုးထြက္လာၿပီးေနာက္တြင္...

"ၾကင္ယာေတာ္ကိုႏႈတ္ဆက္ပါတယ္"

"....."

"....."

အားလုံး၏သံၿပိဳင္ႏႈတ္ဆက္မႈေနာက္ Kingတင္မဟုတ္၊ ႏႈတ္ရဲလြန္းလွေသာေဘေဘးသည္ပင္ ႏႈတ္ဆိတ္သြား၏။

အသိျပန္ဝင္လာသည့္အခါမွ…

"ဘယ္သူ႔ကိုၾကင္ယာေတာ္လို႔ေခၚလိုက္တာလဲဟင္...ကိုယ့္ကိုလား"

ဘယ္လိုမွၿငိမ္မေနႏိုင္ေတာ့သည္မို႔ သူ႔ကိုယ္သူလက္ညႇိဳးထိုးကာ ေမးလိုက္မိသည္အထိ။ ထိုအခါ တစ္ဖက္မိန္းကေလးမ်ားသည္လည္း ဘာျပန္ေျဖရမွန္းသိပုံမေပၚစြာျဖင့္ ေခါင္းေလးမ်ားပိုငုံ႔သြားၾကသည္မို႔...

"အဟမ္း...အဲ့ေလာက္ထိေၾကာက္စရာမလိုပါဘူး...ကိုယ္က မင္းတို႔ကိုဘာမွမလုပ္ပါဘူး...ဒါနဲ႔ ကိုယ္က မင္းတို႔သခင္ေလးရဲ႕ၾကင္ယာေတာ္..."

"သြားၾကေတာ့"

"ဟုတ္ကဲ့ သခင္ေလး"

သူ႔စကားပင္မဆုံးေသး ျဖတ္ေျပာလိုက္သည့္ Kingေၾကာင့္ ထိုမိန္းကေလးမ်ားအားလုံး သူတို႔ကိုႏႈတ္ဆက္ကာ ျပန္ထြက္သြားၾကေတာ့၏။

ေဘေဘး သူ႔စကားကိုျဖတ္လိုက္သူအား မေက်မနပ္ၾကည့္လိုက္မိၿပီး...

"ဘာလို႔ငါ့စကားကိုလာျဖတ္တာလဲ"

"ရွင္းျပဖို႔မလိုဘူး"

"ဘာလို႔မလိုရမွာလဲ... ငါ့ကိုမင္းၾကင္ယာေတာ္လို႔ေျပာေနတာေလ...မင္းစိတ္ထဲတစ္မ်ိဳးႀကီးမျဖစ္ဘူးလား"

"မျဖစ္ဘူး"

"အမ္ ဘာလို႔မျဖစ္တာလဲ...မသိဘူး မင္းမျဖစ္ေပမဲ့ ငါေတာ့ျဖစ္တယ္...ၾကင္ယာေတာ္ဆိုတာ မိန္းမေနရာႀကီးမလား...ငါက မင္းရဲ႕မိန္းမေနရာမွာမေနခ်င္ပါဘူး"

"ေယာက္်ားကိုလည္း ၾကင္ယာလို႔ပဲေခၚတယ္"

"ဪ...အဲ မဟုတ္ေသးဘူးေလ...ငါနဲ႔မင္းက..."

"မာဖလာဝတ္ရမယ္ အထဲျပန္ဝင္"

King ကထိုသို႔ေျပာၿပီးေနာက္ နန္းေဆာင္တြင္းျပန္ဆြဲေခၚသြားသည္မို႔ ေဘေဘးတစ္ေယာက္ မျငင္းဆန္ႏိုင္စြာပါသြားေတာ့သည္။

Kingက Luggageကိုသူကိုယ္တိုင္ဖြင့္ကာ အညိဳေရာင္မာဖလာတစ္ထည္ကိုထုတ္ယူလာၿပီး ကုတင္ထက္ေျခခ်ိတ္ထိုင္ေနေသာ သူ႔ဆီေလွ်ာက္လာၿပီးေနာက္ လည္ပင္းကိုပတ္လာေပးသည္မို႔ ေခါင္းကိုေရွာင္လိုက္မိ၏။

ကိုယ့္ကိုယ့္ကိုယ္လည္း ဘာျဖစ္ေနမွန္းမသိ။ ဘာကိုအလိုမက်မွန္းလည္းမသိ။ စိတ္ကနည္းနည္းမၾကည္မလင္ျဖစ္ေနသည္။ Kingကသူ႔အေပၚ လိုက္ေလ်ာလာေလေလ သူက ေရာင့္တက္ခ်င္လာေလေလျဖစ္ေန၏။

ဟင္း...ဒါႀကီးက ေအာက္ပုဂၢိဳလ္ဆန္လိုက္တာ...

ေတြးလိုက္မိၿပီးေနာက္ ေရွာင္ေနသည္အားၿငိမ္ေပးလိုက္မိသည္။ သို႔ေသာ္ တစ္ဖက္မွပတ္မေပးေသးဘဲ သူ႔အားစိုက္ၾကည့္ေနသလိုခံစားလိုက္ရသည္မို႔ မ်က္လုံးကိုလွန္ၾကည့္လိုက္ေတာ့...

"ငါ့ကိုစိတ္ဆိုးေနတာလား"

"မဆိုးဘူး"

"ဘာျဖစ္ေနတာလဲ"

"ဘာမွမျဖစ္ဘူး...ပတ္မယ္ဆိုလည္းပတ္ေပးေတာ့"

"ဒါကိုမႀကိဳက္လို႔လား"

"စဝ္မင္းႏြယ္ဧကရာဇ္!"

"အင္း"

ျပန္ထူးလာၿပီးေနာက္ သူ႔အားမာဖလာပတ္ေပးလာရင္း…

"ေတာင္းပန္ပါတယ္"

"ဘာကိုလဲ"

"ဘာျဖစ္ျဖစ္မင္းကိုစိတ္ဆိုးေစရင္ ငါမွားတယ္"

ထိုအေျပာေၾကာင့္ ေဘေဘးမင္သက္သြားမိ၏။

"မင္းအဲ့လိုအလိုလိုက္ေနရင္ ငါပိုဆိုးမိေတာ့မယ္ထင္တယ္"

အသံတိုးတိုးျဖင့္ႏွစ္ကိုယ္ၾကား႐ုံေရ႐ြတ္လိုက္မိေတာ့...

"ဆိုးလို႔ရတယ္"

ႏွစ္ကိုယ္ၾကား႐ုံျပန္ေျပာလာၿပီးေနာက္ Kingက သူ႔အားၾကည့္လာၿပီး...

"အဘြားေတာ္ကိုမေတြ႕ခ်င္ေသးရင္ရတယ္"

"မင္းပဲသြားေတြ႕မလို႔လား"

"အင္း"

"ေနာက္ေတာ့ေရာ?"

"....."

"ေနာက္ေတာ့ ဘာဆက္ျဖစ္မွာလဲလို႔ေမးတာ...မင္း အျပစ္ေပးခံရမွာလား"

႐ုတ္တရက္ေခါင္းထဲေပၚလာသည့္အေတြးေၾကာင့္ စိုးရိမ္စြာေမးလိုက္မိေတာ့...

"မစိုးရိမ္နဲ႔"

ထိုစကားေၾကာင့္ ေဘေဘးရင္ထဲလႈိက္ခနဲျဖစ္သြားသည္။ Kingက စကားအပိုေျပာတတ္သူမဟုတ္။ လိုရင္းကိုသာထိထိမိမိေျပာတတ္သူျဖစ္သည္။ အကယ္၍ အျပစ္ေပးမခံရႏိုင္ဘူးလွ်င္ တိုတိုျပတ္ျပတ္ႏွင့္လိုရင္းေျပာလိုက္၍ရသည့္စကားမ်ားစြာရွိ၏။ ယခု 'မစိုးရိမ္နဲ႔'ဟုျပန္ေျဖလာပုံအရ...

အေတြးတို႔မဆုံးခင္ မ်က္ဝန္းအစုံထက္ေငြ႕ရည္တို႔ဖြဲ႕တည္လာသည္။

"King ငါ..."

ေျပာရင္း တိမ္ဝင္သြားေသာအသံေၾကာင့္ ႏႈတ္ခမ္းကိုကိုက္ကာ ဖိပိတ္ထားလိုက္မိသည္။

သူကငိုဖို႔ေတာင္ထိုက္တန္ရဲ႕လား...

ျပႆနာတို႔၏အစသည္ သူျဖစ္ၿပီး လိုက္ေျဖရွင္းေပးေနရသူက Kingျဖစ္ေနသည္။ ထိုစဥ္အခါက သူဒါေတြကိုဘာလို႔မ်ားမေတြးမိခဲ့ရတာလဲ။ ဒီလူသားအား ထိခိုက္ေစမည့္အရာေတြကိုခ်ည္း ဘာလို႔မ်ားလုပ္ခဲ့ရတာလဲ။ သူဘယ္ေလာက္ေတာင္မိုက္မဲမိခဲ့တာလဲ။

အျပစ္လုပ္ထားသူက နစ္နာသူေရွ႕ အႀကိမ္ႀကိမ္လဲၿပိဳျပေနမိသလိုျဖစ္ေနသည္မို႔ အံႀကိတ္ကာထားမိေတာ့ ေမး႐ိုးႏွစ္ဖက္က ခိုင္ၾကည္စြာထြက္ေပၚလာသည္။

"ႏိုရာ"

ခ်က္ခ်င္းပင္ သူထိုင္ေနသည့္ေဘး ဝင္ထိုင္လာၿပီး သူ႔ပုခုံးအားခပ္ဖြဖြဖက္လာသူေၾကာင့္...

"ငိုခ်လိုက္လို႔မေျပာပါနဲ႔"

"အင္း"

သူေတာင္းဆိုလိုက္သည့္အတိုင္း ဘာမွမေျပာဘဲၿငိမ္ေနေပးၿပီး ဖက္ထားေသာလက္ျဖင့္ ပုခုံးထက္ခပ္ဖြဖြပုတ္ေပးလာ၏။

သူထိုေႏြးေထြးမႈအားေသခ်ာအာ႐ုံစိုက္လိုက္ၿပီး အျခားအာ႐ုံမ်ားကိုေမ့ေဖ်ာက္ပစ္ေနမိသည္။

အခ်ိန္တို႔ကုန္ဆုံးလာသည္ႏွင့္အမွ် ဒီလူသားအားျမတ္ႏိုးရသည့္စိတ္တို႔သည္လည္း ဒီေရအလား ပို၍တိုးလာ၏။

အျပစ္ဒဏ္ခံရမည္တဲ့လား...အျပစ္လုပ္တာကသူျဖစ္ၿပီး အျပစ္ဒဏ္ခံရမယ့္လူက ဒီလူသားတဲ့လား... သူကဘာလို႔ခြင့္ျပဳေပးရမွာလဲ...အျပစ္ခံရရင္ေတာင္ ဒီလူသားတစ္ေယာက္တည္းကို ဘယ္လိုစိတ္နဲ႔ခံခိုင္းရက္မွာလဲ...

အရာအားလုံး၏အစကသူျဖစ္သည္မို႔ ရင္ဆိုင္ကာ အျပစ္ဒဏ္ခံယူရမည္ဆိုလည္း သူပင္ျဖစ္သင့္ပါသည္။ ဆုံးျဖတ္လိုက္ၿပီးေနာက္ ထိုင္ေနရာမွထရပ္လိုက္ၿပီး...

"သြားရေအာင္"

"အင္း"

ထို႔ေနာက္တြင္ေတာ့…

တစ္ေယာက္၏လက္ကိုတစ္ေယာက္ဆုပ္ကိုင္ကာ မဟာေဒဝီ၏နန္းေဆာင္ဆီသို႔ ဦးတည္သြားေနသည့္ အမ်ိဳးသားႏွစ္ေယာက္အေၾကာင္းသည္ ခဏအတြင္း ေဟာ္နန္းတခြင္ျပန္႔သြားေတာ့၏။

____________________________________________________________________________________

"သခင္ေလးတို႔ထြက္လာၾကၿပီလို႔ၾကားပါတယ္ မဟာေဒဝီဘုရား"

"ေကာင္းၿပီ သြားေတာ့"

အိပ္ေဆာင္အတြင္း၌ မဟာေဒဝီစဝ္သုမဒီႏွင့္အတူ ရံေ႐ြေတာ္တစ္ေယာက္သာက်န္ခဲ့ေတာ့သည့္အခ်ိန္၌…

"ကေလးေတြေရာ"

"စဝ္ေခါင္တို႔နဲ႔အတူရွိေနပါတယ္ဘုရား"

"သူတို႔အေဖေတြနဲ႔...ေနေတာ့"

"ကေလးေတြက စဝ္ေခါင္တို႔နဲ႔ပဲအတူရွိေနတာပါဘုရား...သခင္ေလးနဲ႔ၾကင္...ဧည့္သည္ေတာ္ကလည္း သခင္ေလးရဲ႕အေဆာင္မွာပဲရွိေနခဲ့တာပါဘုရား"

"အင္း"

မဟာေဒဝီက ဘာမွေျပာမလာေတာ့မွ ရံေ႐ြေတာ္လည္းသက္ျပင္းခ်လိုက္မိသည္။ ဒီေန႔ မဟာေဒဝီစိတ္ၾကည္ေန၍သာေတာ္ေတာ့သည္။ မဟုတ္လွ်င္ သူမစကားမွားသြားသည္မို႔ အျပစ္ေပးခံရမည္မွာအေသအခ်ာပင္။

ငါးမိနစ္ၾကာၿပီးေနာက္…

"သခင္ေလးတို႔ေရာက္လာပါၿပီ မဟာေဒဝီဘုရား"

အခန္းအျပင္ဘက္မွ အသံေၾကာင့္ မဟာေဒဝီ ေဘးမွရံေ႐ြေတာ္ေလးအားေခါင္းညိတ္ျပလိုက္သည္။ ထိုရံေ႐ြေတာ္ေလးက အလိုက္သိစြာျဖင့္ သူမအားမတ္တပ္ထရပ္ရန္တြဲလာၿပီးေနာက္ ဧည့္ေဆာင္သို႔ထြက္ရန္ ဦးတည္လိုက္ၾက၏။

>>>

ေဘေဘး Kingထိုင္သည့္ေနရာေဘးတြင္ဝင္ထိုင္ကာ အေျခအေနတို႔အား စူးစမ္းၾကည့္ေနမိသည္။ မဟာေဒဝီနန္းေဆာင္ဟူသည့္ဤေနရာသည္ King၏ေနရာထက္ေတာင္ပို၍ ေရွး႐ိုးဆန္လြန္းၿပီး မိန္းကေလးပိုမ်ားသည္။ King၏နန္းေဆာင္တြင္ေတာ့ နန္းေဆာင္ေရွ႕မွ အေစာင့္ႏွစ္ေယာက္မွလြဲ၍ မည္သူမွမရွိ။

ထိုစဥ္…

"မဟာေဒဝီ ႂကြလာပါၿပီ"

အသံအဆုံး Kingကထရပ္လိုက္သည္မို႔ သူလည္းထရပ္လိုက္မိသည္။ သို႔ေသာ္ ေမာ့မၾကည့္မိ။ ၾကည့္ခ်င္စိတ္လည္းရွိမေန။ အခုၾကည့္ၾကည့္၊ေနာင္ၾကည့္ၾကည့္အတူတူပဲမို႔ စိတ္ကိုေအးေအးပဲထားထား၏။ စိတ္ထဲတြင္လည္း Kingအား အျပစ္ေပးမည့္သူဟုယူဆထား၍ သိပ္အလိုမက်ခ်င္ျဖစ္ေနသည္။

ထို႔ေၾကာင့္ မ်က္လႊာကိုသာ ခ်ထားလိုက္မိသည္။ ဂါရဝျပဳျခင္းႏွင့္ပတ္သက္၍ Kingကေျပာျပထားသည္မို႔ King၏ လႈပ္ရွားမႈကိုသာဂ႐ုစိုက္ထားလိုက္သည္။

တစ္ဖက္တြင္လည္း မဟာေဒဝီတစ္ေယာက္ ေနရာတြင္ဝင္ထိုင္ၿပီးသည္ႏွင့္ သူမေရွ႕မွအမ်ိဳးသားငယ္ႏွစ္ေယာက္အားၾကည့္လိုက္မိ၏။

"အဘြားေတာ္ကိုႏႈတ္ဆက္ပါတယ္"

"အဘြားေတာ္ကိုႏႈတ္ဆက္ပါတယ္"

အသံႏွစ္ခုသည္ေရွ႕ဆင့္ေနာက္ဆင့္ထြက္ေပၚလာၿပီးေနာက္ သူမအားဂါရဝျပဳၾကသည္မို႔...

"ျပန္ထိုင္ၾကေတာ့"

ထို႔ေနာက္ ႏွစ္ေယာက္သားတိတ္ဆိတ္စြာပင္ ေနရာ၌ျပန္ထိုင္ၾကသည္။ မ်က္လႊာတို႔ကိုခ်ထားၾကကာ ၿငိမ္သက္စြာထိုင္ေနၾကသူႏွစ္ေယာက္အား သူမေသခ်ာၾကည့္လိုက္မိသည္။

သူမ ေျမးငယ္၏စ႐ိုက္ႏွင့္အက်င့္ကို သိၿပီးသားမို႔ သူမအဖို႔သိပ္မထူးဆန္းေသာ္လည္း ေဘးမွေကာင္ေလး၏ပုံစံကေတာ့ သူမအတြက္ထူးဆန္းေနသည္။ စုံစမ္းသိရွိခဲ့ဖူးသည့္သတင္းမ်ားအရ ဤေကာင္ေလးသည္ ထိုသို႔မဟုတ္။ သူမ ေတာက္ေလွ်ာက္စိုက္ၾကည့္ေနေသာ္လည္း မည္သူမွ မ်က္လႊာပင့္ၾကည့္မလာၾက။

ေဘေဘးအေနႏွင့္ လက္ရွိအေျခအေနအား စိတ္တိုင္းမက်ေသာ္လည္း ဘာမွလုပ္ခ်င္စိတ္မရွိ။ ဤေနရာ၏အဓိကျဖစ္ေသာ ေျမးအဘြားႏွစ္ေယာက္လုံးက တုပ္တုပ္မလႈပ္မွေတာ့ သူက ဘာကိစၥဝင္လႈပ္ေပးရမည္လဲ။ ထိုစိတ္ျဖင့္ ၿငိမ္သက္စြာပင္ ထိုင္ေနရင္း အလုပ္မရွိအလုပ္ရွာကာ ႏွာသီးဖ်ားရွိေလအဝင္အထြက္ကို လိုက္မွတ္လိုက္မိ၏။

တစ္ထိုင္တည္း အကြၽတ္တရားရသြားလည္းေအးတာပဲ...

မဟာေဒဝီက အေဆာင္ေတာ္အတြင္းရွိရံေ႐ြေတာ္မ်ားအားလုံးကို အျပင္ထြက္ခိုင္းလိုက္ၿပီးသည့္အဆုံး သူမ,မေနႏိုင္ေတာ့သည္မို႔...

"အခု မင္းတို႔ႏွစ္ေယာက္က ဘာလုပ္ေနၾကတာလဲ"

"အဘြားေတာ္အေျပာကိုေစာင့္ေနတာပါ"

"ထိုင္ေနတာပါ"

King၏အေျဖႏွင့္ ေဘေဘး၏အေျဖကေရွ႕ဆင့္ေနာက္ဆင့္ထြက္ေပၚလာသည္။ မဟာေဒဝီ သူမအား႐ြဲ႕သလိုလိုေျဖလာသည့္ေကာင္ေလးအားၾကည့္လိုက္ေတာ့ သူမဟုတ္သလိုပင္မ်က္လႊာေလးခ်ကာ ၿငိမ္ၿငိမ္ထိုင္ေန၏။ သူမစိတ္ထဲအလိုမက်ခ်င္ျဖစ္သြားသည္မို႔...

"ေဘးႏိုရာ"

"ဟုတ္ကဲ့"

"မင္းက ငါ့ကိုမေက်မနပ္ျဖစ္ေနတာလား"

"ဟုတ္ကဲ့ မေက်နပ္ပါဘူး"

သူမကိုတစ္ခ်က္ၾကည့္မလာေသးဘဲ ေမးသမွ်ကိုတစ္ခုမက်န္ျပန္ေျဖလာသည္။ ေျဖလာပုံတို႔ကလည္း တစ္ခုမွအခ်ိဳးမေျပသည္မို႔ မဟာေဒဝီ၏မ်က္ႏွာေတာ္သည္ ခက္ထန္သြားၿပီးေနာက္...

"ေျပာစမ္းပါဦး မင္းကဘာကိုမေက်မနပ္ျဖစ္ေနတာလဲဆိုတာ...ငါ့ကိုၾကည့္ၿပီး ေျပာၾကည့္ပါဦး"

သူမေျပာလိုက္ေတာ့ ပင့္တက္လာသည့္မ်က္ဝန္းမ်ား။ နက္ေမွာင္ေနသည့္မ်က္ဝန္းအစုံသည္ မည္သည္ကိုမွေၾကာက္ဟန္မတူ။ ဒီေကာင္ေလးအား ဓာတ္ပုံမ်ားထဲႏွင့္႐ုပ္သံမ်ားတြင္မၾကာခဏျမင္ဖူးပါသည္။ အရွိန္အဝါတစ္ခုရွိေနမွန္းလည္းသူမသိသည္။ မည္သူ႔ကိုမွဂ႐ုမစိုက္တတ္မွန္းလည္းသူမသိ၏။ သို႔ေသာ္ လက္ရွိအခ်ိန္တြင္ေတာ့ အခ်ိဳးေျပေျပေနသင့္သည္မဟုတ္ပါလား။

သားႏွစ္ေယာက္ကအခ်ိဳးေျပလြန္းၿပီး သူမကိုစည္း႐ုံးထားႏိုင္သေလာက္ သူကေတာ့ သူမအား စိတ္ကိုလာဆြေနသလိုပင္။

သူမစိုက္ၾကည့္လိုက္ေတာ့ ထိုေကာင္ေလး၏ မ်က္ဝန္းနက္တို႔သည္လည္း သူမအား ျပန္စိုက္ၾကည့္လာကာ...

"အဘြားေတာ္ကို ကြၽန္ေတာ္မေက်နပ္ခဲ့တာၾကာပါၿပီ...အကုန္ေျပာရမလားခင္ဗ်"

"ေကာင္းၿပီ ေျပာ"

"ပထမဆုံး Kingကိုအမ်ားႀကီးခ်ဳပ္ျခယ္ခဲ့လို႔မေက်နပ္ပါဘူး"

"....."

"ကြၽန္ေတာ္ ေနျမင့္တဲ့အထိအိပ္ေနတဲ့အခ်ိန္မွာ Kingက မနက္ ၄နာရီကတည္းကထေနရတာေတြ၊ အခ်ိန္နဲ႔ဖုန္းသုံးခဲ့ရတာေတြ၊ Kingကို ႐ုတ္တရက္ႀကီး ႏိုင္ငံျခားပို႔ပစ္လိုက္တာေတြအားလုံးကို တစ္ခုမွမေက်နပ္ပါဘူး...ေနာက္ၿပီး Kingက ရယ္ရင္၊ၿပဳံးရင္အရမ္းလွတာပါ...စကားေျပာရင္လည္း အရမ္းနားေထာင္ေကာင္းတာပါ...အဲ့ဒါကို ဘာလို႔ဒီပုံစံေလးျဖစ္ေနတာလဲ...အဲ့ဒါလည္းမေက်နပ္ပါဘူး"

"....."

"သူ႔အစ္ကိုေရာ၊အစ္မေရာက မ်က္ႏွာခ်ိဳၿပီးစကားေျပာေကာင္းၾကသေလာက္ သူကေတာ့ မ်က္ႏွာေသေလးနဲ႔စကားကအရမ္းနည္းပါတယ္...သူရဲ႕ေသြးသားျဖစ္တဲ့ သားႀကီးေတာင္ တစ္ခါတစ္ေလ အရယ္အၿပဳံးရွိတတ္ပါတယ္...စကားလည္း သူ႔ထက္ပိုေျပာပါတယ္...ဒါက သူတို႔ဗီဇဆိုရင္ေတာင္ သားႀကီးက ေႏြးေထြးတဲ့အသိုင္းအဝိုင္းမွာႀကီးျပင္းခဲ့ရလို႔ သူ႔ထက္ပိုေပ်ာ္ရတယ္ဆိုတာအာမခံႏိုင္ပါတယ္...ဒါေပမယ့္ အဘြားေတာ္က ကြၽန္ေတာ့္လိုအာမခံႏိုင္ရဲ႕လား... မခံႏိုင္ဘူးဆိုတာ ကြၽန္ေတာ္သိပါတယ္... သိတာမလို႔ကိုမေက်နပ္ပါဘူး"

ေဘေဘး စိတ္ထဲတြင္ခံေနသမွ်အကုန္ေျပာခ်လိုက္မိသည္။ သားႀကီး၏ကိစၥသည္လည္း ဖုံးကြယ္ထားစရာအေၾကာင္း မရွိေတာ့သည္မို႔ ထုတ္ေျပာကာ ႏႈိင္းယွဥ္ျပလိုက္မိ၏။

ထို႔ေနာက္ မဟာေဒဝီ၏ အသံျပတ္ျပတ္ထြက္ေပၚလာသည္။

"ဒါက ဆက္ခံသူတစ္ေယာက္ရဲ႕တာဝန္ေတြပဲ"

"ဆက္ခံသူတစ္ေယာက္ရဲ႕တာဝန္ဆိုရင္ေတာင္ အဘြားေတာ္က Kingရဲ႕အဘြားပါ...က်န္တာမေပးႏိုင္ရင္ေတာင္ ေႏြးေထြးၾကင္နာမႈေလးေတာ့ေပးလို႔ရပါတယ္...ဒါေပမယ့္ အခုကြၽန္ေတာ္ၾကည့္ရသေလာက္ အဘြားေတာ္တို႔ေျမးအဘြားဆက္ဆံေရးက သိပ္ေကာင္းပုံမေပၚပါဘူး... Kingက မေႏြးေထြး၊မၾကင္နာတတ္တဲ့သူမဟုတ္ပါဘူး... အဲ့လိုမ်ိဳးပုံသြင္းခံရတာက သူ႔တာဝန္ျဖစ္ေနရင္ေတာင္ ကြၽန္ေတာ္က မေက်နပ္လို႔ရတယ္လို႔ထင္ပါတယ္... အဲ့ဒါေၾကာင့္မေက်နပ္ပါဘူး"

မဟာေဒဝီ သူမအားခြန္းတုံ႔မက်န္ျပန္ေျပာေနေသာေကာင္ေလးေၾကာင့္ လက္ကို လက္ရန္းတြင္တင္ထားရာမွလက္သီးပင္ဆုပ္လိုက္မိသည္အထိ။

"မင္းကိုယ္မင္းသိပ္မွန္ေနတယ္လို႔ထင္ေနတာလား"

"ကြၽန္ေတာ္လည္းမမွန္ခဲ့သလို အဘြားေတာ္လည္းမမွန္ခဲ့ပါဘူး"

"ေကာင္းၿပီ...ငါမမွန္တာက ငါ့ေျမးအေပၚထိခိုက္ေစတာထား...မင္းမမွန္တာကေရာ ဘာလို႔ငါ့ေျမးအေပၚပဲထိခိုက္ေစရတာလဲ...ငါ့ေျမးအေပၚ၊ ငါတို႔မ်ိဳး႐ိုးအေပၚ၊ ငါတို႔ေဟာ္နန္းအေပၚထိခိုက္ေစတာကေရာ?"

"....."

"ေဘးႏိုရာ...မင္းကလည္း သူ႔အေပၚထိခိုက္ေစသူပဲမဟုတ္ဘူးလား...တစ္သက္လုံးထိန္းထားခဲ့တဲ့ သူ႔ဂုဏ္ပုဒ္ေတြ၊သိကၡါေတြက မင္းေၾကာင့္က်ဆင္းရေတာ့မယ္ဆိုတာ မင္းသိလား...မင္းက ဘာေတြမွန္ေနလို႔ ခုလိုလာေျပာရဲတာလဲ"

သူမ ေဒါသထြက္စြာေျပာလိုက္ၿပီးေနာက္တြင္ေတာ့...

"ကြၽန္ေတာ္မွားတာပါ ကြၽန္ေတာ္ အျပစ္ခံယူပါမယ္"

ေတာက္ေလွ်ာက္တိတ္ဆိတ္ေနသူ၏အသံၾကည္ၾကည္သည္ ျပတ္သားစြာထြက္ေပၚလာၿပီးေနာက္ မ်က္လႊာပင့္ၾကည့္လာၿပီး ထိုင္ေနရာမွထလာကာ သူမေရွ႕တြင္ဒူးေထာက္ထိုင္ခ်သည္။

"ကြၽန္ေတာ္အျပစ္ဒဏ္ခံယူမွာမလို႔ ႏိုရာ့ကိုခြင့္လႊတ္ေပးပါ"

"King! မရဘူး!"

ထိုလုပ္ရပ္ေၾကာင့္ ေဘေဘးမ်က္ရည္တို႔ဝဲတက္သြားကာ လက္မခံႏိုင္စြာျဖင့္တားျမစ္လိုက္မိၿပီး ထိုင္ေနရာမွခ်က္ခ်င္းထရပ္လိုက္ကာ Kingေဘးတြင္ ဒူးေထာက္ထိုင္ခ်လိုက္ၿပီးေနာက္...

"King ငါခြင့္မျပဳဘူး...မင္းက ဘာလို႔ေတာင္းပန္ေနတာလဲ...ငါမွားတာပါ... ေတာင္းပန္ရမွာကငါပါ... ငါပဲေတာင္းပန္ပါ့မယ္...မင္းအဲ့လိုမလုပ္ပါနဲ႔...ငါ့အတြက္ဒူးမေထာက္ပါနဲ႔...ငါ့အတြက္ မေတာင္းပန္ပါနဲ႔... ငါမွားပါတယ္"

"ႏိုရာ ျပန္ထိုင္ေန"

"King..."

"ျပန္ထိုင္"

ေဘေဘး လက္မခံခ်င္စြာျဖင့္ အံႀကိတ္ကာေနရာတြင္ျပန္ဝင္ထိုင္လိုက္မိသည္။ မ်က္ဝန္းနက္တို႔၏ ေထာင့္စြန္းမ်ားသည္ နီရဲေနၾကၿပီး ႏို႔ႏွစ္ေရာင္မ်က္ႏွာသည္လည္း နီရဲေနၿပီျဖစ္၏။

မဟာေဒဝီတစ္ေယာက္ သူမေရွ႕မွေျမးငယ္အားမယုံႏိုင္စြာၾကည့္ေနမိၿပီး...

"မင္း!"

"ကြၽန္ေတာ့္အမွားေတြပါ...အျပစ္ဒဏ္သတ္မွတ္ေပးပါ"

"မင္း သူ႔အတြက္နဲ႔..."

သူမဘယ္လိုမွဆက္မေျပာႏိုင္ေတာ့။ ေမြးဖြားလာစဥ္ကတည္းက ကာလတစ္ခုအထိ ဤကေလးသည္ အမွားအကင္းဆုံးလူသားျဖစ္ခဲ့သည္။ 'ကြၽန္ေတာ္အမွားပါ'ဟူသည့္စကားအား တစ္ခါေသာ္မွ်မၾကားခဲ့ဖူး။ ဒူးေထာက္ကာ အျပစ္ဒဏ္ေတာင္းဆိုဖို႔ကားေဝးစြ။

သို႔ေသာ္လည္း ယေန႔အခ်ိန္ထိတြက္ၾကည့္မည္ဆိုလွ်င္၊ယခုအခ်ိန္ကိုပါထည့္တြက္ၾကည့္မည္ဆိုလွ်င္ ႏွစ္ႀကိမ္တိုင္တိုင္ပင္ရွိခဲ့ၿပီျဖစ္သည္။

ဒီေကာင္ေလးအတြက္ ဘယ္ေလာက္ေတာင္မ်ား လုပ္ႏိုင္ေသးတာလဲ...

ဘယ္ေလာက္ထိ ကိုယ့္ကိုယ္ကိုယ္ႏွိမ့္ခ်ေပးႏိုင္ေသးတာလဲ...

ဒီေကာင္ေလးကိုသာမထိခိုက္ဘူးလို႔ေျပာလွ်င္ ဘာမဆိုလုပ္ေပးေတာ့မည္လား...

သူမ အရမ္းကိုယူႀကဳံးမရျဖစ္စြာျဖင့္ေငးၾကည့္ေနမိရင္း…

"မင္း အခုထိ...အခုခ်ိန္ထိလား"

"ဟုတ္ကဲ့"

ျပတ္သားလွသည့္ေျဖသံအဆုံး သူမ မ်က္လုံးအစုံကိုမွိတ္ခ်လိုက္မိၿပီး စိတ္ကို ၿငိမ္ၿငိမ္ထားလိုက္မိ၏။ ၿပီးမွ…

"ေဟာ္နန္းကိုဆက္ခံဖို႔ ၾကင္ယာေတာ္အမ်ိဳးသမီးလိုအပ္တယ္...မင္းအသက္အ႐ြယ္အရ ဆက္ခံသင့္ေနၿပီ... အစဥ္အလာအရ ေဟာ္နန္းအရွင္သခင္မျဖစ္ေသးေပမဲ့ အေျခအေနအရဆိုရင္ ဆက္ခံသူကိုေမြးဖြားၿပီးၿပီမလို႔ မင္းက ေဟာ္နန္းကိုအုပ္ခ်ဳပ္သင့္ေနၿပီ... ကေလးရဲ႕မိခင္နဲ႔လက္မဆက္ႏိုင္ဘူးဆိုရင္ အဘြားေတာ္ကိုယ္တိုင္ရွာေပးမယ္... ဒီတစ္ႀကိမ္ေတာ့ အဘြားေတာ္ေျပာတာကိုလက္ခံပါ"

အေျခအေနႏွင့္ျဖစ္သင့္သည္တို႔ကို ခ်ိန္ထိုးကာ ေျပာျပလိုက္ေတာ့...

"ကြၽန္ေတာ္လက္မခံႏိုင္ပါဘူး"

ခ်က္ခ်င္းျငင္းဆန္လာသူေၾကာင့္ ေဒါသထြက္မိသြားကာ...

"မင္း!"

ထို႔ေနာက္ ေျမးအဘြားႏွစ္ေယာက္အၾကည့္ဆုံသြားၾကၿပီး...

"ကြၽန္ေတာ့္ဘက္က မေျပာင္းလဲဘူးဆိုတာကို သက္ေသျပၿပီးပါၿပီ"

"မင္း!"

"အဘြားေတာ္ေစရာကိုလည္း သြားခဲ့ၿပီးပါၿပီ...အဆက္အသြယ္မွန္သမွ်ကိုလည္းျဖတ္ခဲ့ၿပီးပါၿပီ...ဒါေပမယ့္ အဘြားေတာ္ထင္ခဲ့သလိုမေျပာင္းလဲခဲ့ပါဘူး"

"အဆက္အသြယ္ျဖတ္ခဲ့ေပမယ့္ မင္းအၿမဲစုံစမ္းေနခဲ့တာပဲမလား"

"စုံစမ္းခဲ့သမွ်ေတာ္ေတာ္မ်ားမ်ားကိုလည္း အဘြားေတာ္ဘက္ကျဖတ္ယူခဲ့တာအမ်ားႀကီးပါ"

ေဘေဘး အျပန္အလွန္စကားတို႔အား နားမလည္စြာနားေထာင္ေနမိသည္။ နားမလည္သည္မို႔ ဘာမွလည္းဝင္မေျပာႏိုင္။ သို႔ေသာ္လက္ရွိအေျခအေနအားလည္းအားမရ။ သူ႔ကိုယ္သူ ပို၍ပင္အားမရျဖစ္ေနမိ၏။

"ဒါဆိုကေလးကိစၥကို မင္းလုံးဝမသိခဲ့ဘူးေပါ့"

"ကေလးကိစၥက ကြၽန္ေတာ္နဲ႔ပဲဆိုင္တာပါ...Kingဘာမွမသိပါဘူး"

ၿငိမ္နားေထာင္ေနရာမွသူ႔အပိုင္းပါလာသည္မို႔ ေဘေဘး ခ်က္ခ်င္း ဝင္ေျပာလိုက္မိသည္။

ထိုအခါ မဟာေဒဝီ၏အၾကည့္က ထိုေကာင္ေလးဆီေရာက္သြားေတာ့သည္။ ပုံစံကေထာင့္မက်ိဳးေသာ္လည္း သားလိမၼာႏွစ္ေယာက္ကို ေမြးထုတ္ထားႏိုင္သည္မွာအံ့ဩခ်င္စရာပင္။ ထို႔အျပင္ သူ႔ေျမးအလိမၼာေလးကပင္ ထိုေကာင္ေလးဘက္ပါေနသည္မို႔ သူမ၏စိတ္ကို ေတာ္ေတာ္ေလွ်ာ့ထားရ၏။

ထိုေကာင္ေလး၏လက္မွ တိုးနယားလက္စြပ္အားျမင္လိုက္ရသည့္အခ်ိန္တြင္ေတာ့ ေခါင္းပင္အနည္းငယ္ကိုက္ခ်င္သြားသည္။ တစ္ဖန္ ထပ္ျမင္လိုက္သည့္လက္မမွလက္စြပ္။ ဒီလက္စြပ္သည္သူမႏွင့္စိမ္းသက္မေနပါ။

လြန္ခဲ့သည္ ၁၃ႏွစ္ေလာက္က သူမေျမးငယ္၏လက္တြင္ လက္စြပ္တစ္ကြင္းတိုးလာေၾကာင္းသတိထားခဲ့မိသည္။ ႐ိုး႐ိုးရွင္းရွင္းေနတတ္သည့္ကေလးမို႔ သူမ အထူးအဆန္းျဖစ္သြားခဲ့ေသာ္ျငား ထုတ္မေမးမိခဲ့။ ျပႆနာတက္ခဲ့သည့္အခ်ိန္မို႔ မေမးခဲ့သည္လည္းပါ၏။ သို႔ေသာ္ ယခုမွသိလိုက္ရသည္က ထိုလက္စြပ္သည္လည္း ဒီေကာင္ေလးႏွင့္သက္ဆိုင္ေနျပန္သည္။

သူမႏွင့္သူမ၏ေျမးငယ္ၾကားမီးစကိုစေမႊးသူသည္ ဒီေကာင္ေလးျဖစ္ေနသည္တဲ့လား။

မဟာေဒဝီ ေဘေဘးအား စိုက္ၾကည့္လိုက္ၿပီး...

"ေျပာပါဦး ကေလးကိစၥ...ကာယကံရွင္ကမင္းဆိုေတာ့ မင္းကပဲေျဖရွင္းတတ္မွာေပါ့"

ေမးခြန္းအဆုံး ေဘေဘးေျဖဖို႔ျပင္လိုက္စဥ္...

"ဒီေမးခြန္းကို ႏိုရာအဆင္သင့္ျဖစ္မွေျဖပါေစ...အဘြားေတာ္ သူ႔ကိုအတင္းအၾကပ္မေမးပါနဲ႔"

ေမးခြန္းအား တားျမစ္လာသည့္ Kingေၾကာင့္ ေဘေဘးႏႈတ္ဆိတ္သြားရသည္။ မဟာေဒဝီသည္လည္းႏႈတ္ဆိတ္သြားၿပီး စိတ္ပ်က္စြာပင္မ်က္ဝန္းတို႔အား ျပန္ပိတ္ထားလိုက္မိ၏။ ထိုပုံစံအားၾကည့္ကာ ေဘေဘး ကိုယ့္ကိုယ္ကိုယ္စိတ္ထိန္းလိုက္ၿပီးေနာက္ အသက္ကိုျပင္းျပင္းရႈိက္လိုက္ၿပီး...

"ကြၽန္ေတာ္က Kingကိုတစ္ဖက္သတ္ခ်စ္ခဲ့တာပါ"

"....."

"....."

႐ုတ္ခ်င္းဆိုသလို သူ႔အားၾကည့္လာသည့္ မ်က္ဝန္းတို႔ကိုဂ႐ုမစိုက္စြာမ်က္လႊာခ်ထားလိုက္ၿပီး...

"ကြၽန္ေတာ္က သူ႔ကိုျမင္ျမင္ခ်င္း ခ်စ္ခဲ့ရတာပါ...အဲ့ဒါေၾကာင့္ လုပ္ခဲ့တာပါ...ကြၽန္ေတာ္ သူ႔အေပၚေလာဘတက္ခဲ့ပါတယ္... သူ႔ကိုဆုံးရႈံးရရင္ေတာင္ သူ႔ေသြးသားကိုေဘးမွာထားၿပီး အလြမ္းေျဖခ်င္ခဲ့ပါတယ္... အဲ့ဒါေၾကာင့္ သူအသက္ျပည့္တဲ့အခ်ိန္၊ ကြၽန္ေတာ္အသက္ျပည့္တဲ့အခ်ိန္ကိုေစာင့္ၿပီး ရေအာင္လုပ္ခဲ့ပါတယ္"

စကားကိုျဖတ္လိုက္ၿပီးေနာက္ ခဏနားကာ အသက္ျပင္းျပင္း ထပ္မံရႉသြင္းလိုက္မိစဥ္...

"ႏိုရာ ေတာ္ၿပီ"

ထိုအသံ၏အဆုံးသတ္သည္အနည္းငယ္တုန္ယင္သြားဟန္ရွိသည္မို႔ သူေမာ့ၾကည့္လိုက္ခ်င္ေသာ္လည္း စကားဆက္မေျပာႏိုင္မည္စိုး၍မၾကည့္မိ။

"ဒါေတြအကုန္ သူမသိပါဘူး...သူတစ္ခုမွမသိခဲ့ပါဘူး...လုပ္ခဲ့သမွ်က ကြၽန္ေတာ္ျဖစ္လို႔ အျပစ္ရွိတာကလည္း ကြၽန္ေတာ္ပါပဲ"

မဟာေဒဝီ သူမေရွ႕ဒူးေထာက္ကာ အံႀကိတ္ထားသည့္သူမ၏ေျမးငယ္ႏွင့္ မ်က္လႊာခ်ကာ အကုန္ဝန္ခံေနသည့္ေကာင္ေလးအားၾကည့္ကာ မည္သည့္စကားဆိုရမွန္းမသိေတာ့။ သူမ၏နားထဲတြင္ေတာ့ ထိုေကာင္ေလး၏စကားမ်ားသာ ေဝ့ဝဲေနၾကသည္။

ထိုအခါ ကိစၥတစ္ခုအားစဥ္းစားလိုက္မိလိုက္ၿပီး…

"အသက္ျပည့္ခ်ိန္ဆိုတာက?"

"အဘြားေတာ္!"

ၾကားျဖတ္ကာ ဝင္တားလာသူေၾကာင့္ ဘာဆိုသည္အားသိလိုက္ရသည္မို႔ မဟာေဒဝီ၏မ်က္ဝန္းတို႔ထက္ ေဒါသရိပ္တို႔သန္းသြားကာ...

"စဝ္မင္းႏြယ္ဧကရာဇ္! မင္း!"

ထိုအခ်ိန္တြင္ ေဘေဘးသည္ အေျခအေနအားနားမလည္စြာၾကည့္ေနမိၿပီးေနာက္...

"ဘာျဖစ္လို႔လဲ...ကြၽန္ေတာ္ ေက်ာင္းမွတ္တမ္းေတြမွာ Kingရဲ႕ေမြးေန႔ကိုၾကည့္ၿပီးမွစီစဥ္ခဲ့တာပါ...Kingက ၆လပိုင္းမွာ ၁၈ျပည့္ၿပီး ကြၽန္ေတာ္က ၁၀လပိုင္းမွာ ၁၈ျပည့္ပါတယ္...ကြၽန္ေတာ္ ၁၈ျပည့္တဲ့ေန႔မွာမွ ကြၽန္ေတာ္လုပ္ခဲ့တာပါ"

ထိုစကားအဆုံး မဟာေဒဝီ မ်က္ဝန္းအစုံအားပိတ္ခ်လိုက္မိၿပီး စိတ္ၿငိမ္ေအာင္ထိန္းထားလိုက္မိ၏။

တကယ္ကိုပဲ အရာအားလုံးက သူမ၏အျပစ္ေတြပင္ျဖစ္ေနခဲ့သည္။ သူမ၏စိတ္ေစာမႈေၾကာင့္ အသက္မျပည့္ေသးေသာကေလးအား အတန္းေက်ာ္ကာတက္ေရာက္ေစဖို႔အတြက္ မွတ္တမ္းတို႔တြင္လိမ္ညာခဲ့ျခင္း၏ေနာက္ဆက္တြဲသည္ ဤသို႔ျဖစ္လာသည္တဲ့လား။

ေဘေဘးသူေျပာခဲ့မိသည့္အထဲမွ အမွားတို႔ကိုရွာေနမိသည္။ သို႔ေသာ္ ဘာမွမေတြ႕၍ ဆက္ေျပာဖို႔သာဆုံးျဖတ္လိုက္မိ၏။ အဓိက,က King အျပစ္လြတ္ဖို႔သာျဖစ္သည္မို႔...

"ဒီကိစၥေတြကို Kingဘာမွမသိပါဘူး... ကြၽန္ေတာ္က Kingကိုစိတ္ႂကြေဆးခတ္ခဲ့တာပါ"

"ဘာ!"

မဟာေဒဝီ၏မ်က္လုံးမ်ားသည္ မွိတ္ထားကာရာမွ ခ်က္ခ်င္းျပန္ပြင့္လာၿပီးေနာက္ ေဘေဘးအားၾကည့္လိုက္မိသည္။

"ဟုတ္ကဲ့ စိတ္ႂကြေဆးထည့္ထားတဲ့ဝိုင္ကိုသူေရာကြၽန္ေတာ္ေရာေသာက္ခဲ့ၾကတာပါ...စိတ္ႂကြေဆး အဆင့္၄မို႔ သူအသိစိတ္လြတ္သြားခဲ့ပါတယ္...ကြၽန္ေတာ္ကေတာ့ ကိုယ္တိုင္ခဏခဏစမ္းသပ္ခဲ့တဲ့သူမလို႔ထိန္းႏိုင္ခဲ့ၿပီး အစီအစဥ္အတိုင္းလုပ္ႏိုင္ခဲ့တယ္"

သူ႔စကားသံတို႔အဆုံး အသက္ရႉသံတို႔ပင္ အနည္းငယ္ဆိတ္သြားသလိုမို႔ ေဘေဘးေမာ့ၾကည့္လိုက္မိသည္။

မဟာေဒဝီ၏မ်က္လုံးမ်ားက ေဘေဘးကိုၾကည့္မေနဘဲ သူမေရွ႕မွKingကိုသာစူးစူးစိုက္စိုက္ၾကည့္ေနၿပီး...

"စိတ္ႂကြေဆး အဆင့္ဘယ္ေလာက္?"

ေမးလာသည္မို႔...

"အဆင့္ ၄ပါ...သာမာန္လူအတြက္ဆိုအရမ္းျပင္းပါတယ္"

"ဪ"

ထိုအာေမဋိတ္သံထြက္လာၿပီးေနာက္ ျပန္လည္၍ၿငိမ္က်သြားသည့္ေလထု။

ထို႔ေနာက္တြင္ေတာ့ မဟာေဒဝီသည္ သူမ၏ေျမးငယ္အား စူးစိုက္ၾကည့္ေနရာမွ တစ္ခ်က္ၿပဳံးလိုက္မိၿပီးေနာက္...

"စဝ္မင္းႏြယ္ဧကရာဇ္က သာမာန္လူျဖစ္သြားခဲ့တာကိုး"

Continue Reading

You'll Also Like

33.9K 1.6K 27
နှိုင်းမခ ❤️ မင်းမာန် ❤️ ရတု ❤️ သက်တန့်
16.4K 1.4K 25
မင္း မ႐ွိရင္ ငါ ဆိုတာလည္း မ႐ွိႏိူင္တာမို႔.....
403K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
2.4M 179K 57
Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက...