တည်

By Nee-Ra-429

5.2M 345K 81.1K

Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပ... More

Notice!
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂ (Final Episode)
Our memorable days

အခန်း - ၂၈

84.3K 6.3K 891
By Nee-Ra-429

Unicode//

ဇန်နဝါရီလ၏မနက်ခင်းတစ်ခု။
အအေးကြိုက်သော်လည်း အအေးဒဏ်မခံနိုင်သည့်အမျိုးသားလေးသည် တစ်ကိုယ်လုံးကိုစောင်ဖြင့်ရစ်သိုင်းခြုံကာ ခန္ဓာကိုယ်ကိုလည်း ပုဇွန်ထုပ်လေးသဖွယ် ကွေးထားပြီး အိပ်ရာထက်ငြိမ်သက်စွာ။

ထိုအမျိုးသားအိပ်စက်အနားယူနေသည့် အခန်းအတွင်းတွင် လှုပ်ရှားသွားလာနေသည့်အမျိုးသား နောက်တစ်ဦးလည်းရှိ၏။ လှုပ်ရှားမှုတိုင်းသည် ညင်သာလွန်းသည်မို့ အခန်းတွင်းမည်သည့်အသံမျှ ကျယ်လောင်စွာထွက်မနေဘဲ အေးချမ်းလွန်းစွာပင်။

စက္ကန့်လက်တံတို့သွားလာနေသည့်အသံတချပ်ချပ်မြည်နေသည့် နံရံမှတိုင်ကပ်နာရီအား လှုပ်ရှားလုပ်ကိုင်နေရင်းမှ Kingမော့ကြည့်လိုက်မိသည်။

အချိန်အားဖြင့် ၆နာရီ ၅မိနစ်။

သူ့လက်၏လှုပ်ရှားမှုတို့ကို အနည်းငယ်ပို၍မြန်ဆန်လိုက်သည်။ ကုတင်ထက်ရှိ စောင်ပုံလေးအားလှမ်းကြည့်လိုက်ပြီးသည့်နောက် လက်ရှိလုပ်နေသည်အားရပ်လိုက်ကာ ဗီရိုတစ်လုံးရှိရာဆီလျှောက်သွားပြီး တံခါးကိုဖွင့်လိုက်သည်။ ထို့နောက် ဆွယ်တာများ၊ Long coatများနှင့် မာဖလာများကို ရွေးထုတ်ပြီး ယူလာခဲ့လိုက်၏။

အအေးကြောက်သူကို အအေးပိုင်းဒေသတစ်ခုသို့ အအေးဆုံးကာလတွင်ခေါ်သွားရမည်အား စိတ်ထဲသိပ်အလိုမကျသည်မို့ မျက်ခုံးတန်းနှစ်သွယ်သည် အနည်းငယ် တွန့်ချိုးနေတော့သည်။ သို့သော် သွားကိုသွားရမည်မို့ ကြိုတင်ပြင်ဆင်ရမည်သာ။

ကလေးနှစ်ယောက်အကြောင်း အတွေးတို့ရောက်သွားသည့်အချိန်တွင် နှုတ်ခမ်းတို့ကပိရိသေသပ်စွာဖြင့် ပို၍တင်းတင်းရင်းရင်းစေ့ပိတ်သွားတော့သည်။ လက်တို့ကို ဆက်တိုက်အလုပ်ပေးလိုက်ပြီးနောက် ၆နာရီခွဲသည့်အချိန်တွင် အားလုံးပြီးစီးသွားတော့၏။

ဖုန်းကိုထုတ်ကာဖွင့်လိုက်ပြီးနောက် လက်ချောင်းတို့အား စာလုံးတို့ထက် လှုပ်ရှားလိုက်သည်။

အားလုံးပြီးစီးသွားသည့်အခါတွင်တော့ ငြိမ်သက်နေသည့်စောင်ပုံလေးရှိရာ အိပ်ရာဆီသို့လျှောက်သွားလိုက်ပြီးနောက် ထိုစောင်ပုံလေးဘေးတွင်အသာဝင်ထိုင်လိုက်တော့ မွေ့ရာက အိခနဲ။

ထိုအခါ စောင်ပုံလေးက လှုပ်လှုပ်ရှားရှားဖြစ်သွားပြီးနောက်...

"အင်း.........."

ညည်းသံသဲ့သဲ့လေးထွက်လာအပြီး သူ့ဘာသာ စောင်ကိုဆွဲချလိုက်သည်မို့ ဆံပင်စုတ်ဖွားလေးနှင့်နို့နှစ်ရောင်မျက်နှာလေးက ထင်းခနဲပေါ်လာတော့သည်။ ပြီးနောက် ပြန်လည်ငြိမ်သက်သွားသည့် ခန္ဓာကိုယ်လေး။

ထိုနို့နှစ်ရောင်မျက်နှာလေးအား မြတ်နိုးစွာစိုက်ကြည့်နေသည့် မျက်ဝန်းလှလှတို့ဟာ မျက်တောင်ခတ်ဖို့ပင် မေ့နေသည့်အလား တမေ့တမောဖြစ်နေရင်း အနည်းငယ်ပင် ဆွေးရိပ်သန်းလာသယောင်။

အခန်းတွင်းလေထုသည် အေးစက်စွာ၊ တစ်ဖန် တည်ငြိမ်တိတ်ဆိတ်စွာ။

အိပ်ရာထက် ငြိမ်သက်စွာအိပ်စက်နေသည့်အမျိုးသားနှင့် ထိုအမျိုးသားအား မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည့်အမျိုးသားတို့သာရှိနေသော အိပ်ခန်းလေးအတွင်း၌ အသက်ရှူသံတို့နှင့် တိုင်ကပ်နာရီမှ စက္ကန့်လက်တံလေး ပြေးလွှားနေသည့် အသံတို့မှတပါး မည်သည့်အသံမျှရှိမနေခဲ့။

ကုတင်ထက်ရှိအမျိုးသားလေးအား စိုက်ကြည့်နေသည့်မျက်ဝန်းတို့ တိုင်ကပ်နာရီထံသို့ ရွေ့လျားသွားသည့်အခါတွင်တော့ အချိန်သည် ၇နာရီထိုးဖို့ ၁၅မိနစ်အလို။ ထိုအခါ မျက်လွှာသိမ်းပြီးနောက် ကုတင်ထက်မှညင်သာစွာထရပ်သည်။ တစ်ဖန် ရေချိုးခန်းဆီဦးတည်လျှောက်သွားပြီးနောက်တွင်တော့ အအေးကြောက်သူအတွက် ရေချိုးရန်သင့်တင့်သောအနွေးဓာတ်ရအောင် ရေကိုစပ်ပေးပြီးသည့်အချိန်တွင် နာရီသည် ၇နာရီတိတိ။

ထိုအခါမှ ကုတင်ဆီသို့ ခပ်ဖွဖွခြေလှမ်းကျဲတို့ဖြင့် အမြန်လျှောက်သွားပြီးသည့်နောက် အိပ်နေသူ၏ဘေးတွင်အသာဝင်ထိုင်လိုက်ပြီး ပုခုံးတစ်ဖက်ဆီသို့လက်ဖြင့်ခပ်ဖွဖွကိုင်ကာ...

"နိုရာ ထတော့"

အသံကြည်ကြည်နှင့်နှိုးလိုက်သည့်သံအဆုံး စိတ်ပူခြင်းများစွာဖြင့်အိပ်ပျော်သွားခဲ့သူ၏ မျက်ဝန်းတို့သည် ချက်ချင်းပွင့်လာတော့၏။

"ဟင် King...ဘယ်နှစ်နာရီထိုးသွားပြီလဲ...ငါ ၅နာရီ Alarmပေးထားတာ မမြည်ဘူးလား"

စိုးရိမ်တကြီးဖြင့် အပူတပြင်းမေးလာသူ။

"ငါပိတ်လိုက်တာ...မင်းအိပ်ချိန် ၇နာရီပြည့်ဖို့လိုတယ်"

"....."

တည်ငြိမ်စွာပြောလာသူကြောင့် ဘေဘေး နှုတ်ဆိတ်သွားမိသည်။ သူ မျက်လုံးလှန်ကာကြည့်လိုက်မိတော့ တစ်ဖက်လူသည်လည်းသူ့အား စိုက်ကြည့်လာ၏။ ပြီးမှ မျက်ဝန်းတို့ကိုပြန်လွှဲသွားပြီး...

"ရေစပ်ပေးထားတယ်...အရင်သွားချိုးပြီးမှ ဆက်ပြောမယ်"

"အင်း"

ဘေဘေး မည်သည့်စကားကိုမှမဆိုနိုင်တော့ဘဲ ကုတင်ပေါ်မှအမြန်ဆင်းလာခဲ့ပြီး ရေချိုးခန်းထဲသို့သာ အမြန်ဝင်လာခဲ့လိုက်သည်။ ထို့နောက် ချစ်ရသူစပ်ပေးထားသည့် ရေနွေးနွေးလေးထဲ၌ ဝင်စိမ်လိုက်မိ၏။ မျက်ဝန်းနှစ်စုံဆုံသွားချိန်တွင် တလှပ်လှပ်ဖြစ်သွားသည့် ရင်ထဲမှခံစားချက်တို့သည်ကား ယခုထက်တိုင်တည်ငြိမ်မသွားသေး။

King သူ့အားပို၍ ဂရုစိုက်လာသည်။ ပို၍လည်းကြင်နာလာသည်။ အကြည့်တို့သည်လည်းပို၍ထူးဆန်းလာ၏။ ထို့ပြင် သားတို့ကိစ္စကို သူသိသော်လည်း ယခုတိုင်တည်ငြိမ်နေဆဲ။

King သူ့အား မည်သို့သဘောထားနေပါသနည်း။

သူ့ဘက်ကတော့ရှင်းသည်။ သူKingကိုချစ်သည်။ မရနိုင်ဘူးဆိုသည့်စိတ်ဖြင့်နေခဲ့သော်လည်း ရလျှင်ယူမည်ဖြစ်၏။ သူ့စိတ်တွေကို အများကြီးချုပ်ထိန်းထားခဲ့ပါသော်လည်း ထိုလူသားသည် သူ့အားလာလာဆွနေသယောင်။ သားတို့ကိစ္စကိုသူညနေက အရမ်းစိတ်ပူခဲ့သော်ငြား Kingက သူ့ဘက်တွင်ရှိသည်ဆိုသည်အား သိရချိန်၌ စိတ်တို့က တော်တော်လေးပေါ့သွားခဲ့သည်။

သို့သည့်တိုင် Kingက ဘာ့ကြောင့် သူ့ဘက်တွင်ရှိနေသည်လဲ။ သူဤမေးခွန်းအားထုတ်မေးချင်သော်လည်း မသေချာသည့် ပုစ္ဆာမို့ မမေးရဲသေး။ မသေချာသည့်လမ်းအားသူမလျှောက်ချင်ပါ။

ညက ၅နာရီ Alarmပေးထားပြီး ၆နာရီတွင် ဤမြို့မှစထွက်ဖို့ရည်ရွယ်ခဲ့ပါသော်ငြား တစ်ပါးသူကြောင့် အစီအစဉ်ပျက်ခဲ့ပြီဖြစ်သည်။ သတိထားမိသလောက် ညက သူ့ထက်အရင် ကိုယ်ကအိပ်ပျော်ခဲ့ခြင်းပင်။

ဒါဆို သူကဘယ်ချိန်ကတည်းကထနေတာလဲ…

တွေးမိသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ရေချိုးသည့်အမှုအားအဆုံးသတ်လိုက်ပြီးနောက် တန်းတွင်အဆင်သင့်ခေါက်တင်ထားသည့် တဘက်အဖြူအားဆွဲယူကာ ခါးတွင်ပတ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့လိုက်သည်။ အခန်းပတ်ပတ်လည်ကိုမျက်စိကစားကြည့်လိုက်သော်ငြား မည်သူမှရှိမနေ။ ထို့နောက်တွင်တော့ ကုတင်ထက်အဆင်သင့်ထုတ်ပေးထားသည့်ဝတ်စုံအားတွေ့လိုက်ရသည်မို့ မချင့်မရဲဖြစ်စွာဖြင့် အောက်နှုတ်ခမ်းအား အသာဖိကိုက်လိုက်မိ၏။

မင်းက တကယ်ကိုပဲ...

အဝတ်အစားလဲရင်းဖြင့် မျက်လုံးထဲရောက်လာသည်က အဆင်သင့်ဖြစ်နေသည့် Luggage နှစ်လုံး။ ဘေဘေး မျက်ခုံးအစုံပင့်တက်သွားပြီးနောက် ထို Luggageတို့ကိုသွားဖွင့်ကြည့်လိုက်အပြီးတွင် နှုတ်ခမ်းအစုံတို့က အနည်းငယ်ညွှတ်ကျသွားတော့သည်။ သွားဖြူဖြူညီညီလေးတို့ကလည်း စီတန်းစွာထွက်ပေါ်လာ၏။

တကယ်ပဲ မင်းကိုငါ ချစ်လိုက်ရတာ...

အဝတ်အစားတို့ကို သေချာသပ်သပ်ရပ်ရပ်ဝတ်အပြီး အခန်းပြင်သို့ ချက်ချင်းထွက်လာခဲ့လိုက်သည့် အချိန်တွင်တော့ မုန့်ဟင်းရည်နံ့တို့က သင်းပျံ့စွာ။ သူ ထိုအနံ့တို့ထွက်ပေါ်လာသည့်နေရာဆီသို့ ခြေလှမ်းတို့ကိုဦးတည်လိုက်မိသည်။

ထမင်းစားခန်းထဲအရောက် ကုလားထိုင်တစ်လုံးတွင်ဝင်ထိုင်လိုက်ပြီး မေးလိုက်မိ၏။

" မင်း ထွက်ဝယ်လိုက်တာလား"

"လာပို့ခိုင်းတာ"

စတီးချိုင့်ထဲမှ မုန့်ဟင်းရည်တို့အား ပန်းကန်တွင်းသို့ပြောင်းထည့်ရင်း ချက်ချင်းပြန်ဖြေလာသူအား ဘေဘေး ငေးကြည့်နေမိသည်။ဆရာဝန်ပီသစွာပင် ဘာဝယ်ဝယ်ချိုင့်ဖြင့်ဆွဲတတ်သည်။  လက်ဖြူဖြူသွယ်သွယ်တို့သည် စတီးချိုင့်အားဂရုတစိုက်ကိုင်တွယ်နေဟန်မှာ မျက်စိမလွှဲချင်စရာ။

ရင်ထဲတွင် မည်မျှပူလောင်နေပါသော်ငြား ဤလူသားသည် သူ့အတွက် အမြဲအေးရိပ်ပင်ဖြစ်သည်။ အေးချမ်းမှုဟူသည် ဤလူသားထံ၌ အလုံးစုံဖြစ်တည်ရာ၏။

ထို့နောက်တွင် သူ့ရှေ့သို့ရောက်လာသည့် ခေါက်ဆွဲပန်းကန်။ ငါးဖယ်နှင့် ဘဲဥအစိပ်လေးများက အပေါ်ယံတွင်အများအပြား။ ဟင်းရည်အများကြီးနှင့်မစားတတ်သည့်သူ့အတွက် မုန့်ဟင်းရည်ကို လိုသလောက်လေးထည့်ပေးထားသည်မို့ အဆင်သင့်လေးထိုင်စားဖို့သာလိုတော့သည်။

ဘေဘေး ရင်ထဲတွင်ကြည်နူးလာလွန်း၍ ငိုချင်လာသည်။ သူဆယ်နှစ်ကျော်လုံးထင်ခဲ့သည့် အတွေးများအားလုံးသည် အလုံးစုံမှားနေခဲ့သည်။ သူထင်ခဲ့သည်က Kingသာ ကလေးတွေအကြောင်းကိုသိသွားခဲ့လျှင် သူ့အားရွံသွားလိမ့်မည်ဟုပင်။ သို့သော် ယခုထိုသို့မဟုတ်ခဲ့။

စဝ်မင်းနွယ်ဧကရာဇ်သည် သူ့အားနည်းနည်းမှ ရွံ့မုန်းမသွားခဲ့။ သူ့အား နာကျင်စေသည့်စကားလုံးများဖြင့်ပင် မထိုးနှက်ခဲ့။ သူအားကျေးဇူးတင်စကားပင်ဆိုခဲ့ပြီး မည်သည့်ဖြေရခက်သော မေးခွန်းများကိုပင် မေးမလာခဲ့။ ထိုမျှမကသေး သူ့အား အရမ်းဂရုစိုက်ပေးနေသေး၏။

'Kingက ငါ့ကို မုန်းမသွားဘူး' ဟူ၍ တွေးလိုက်မိသည့်အချိန်တွင် မျက်ဝန်းနက်တို့၌ ငွေ့ရည်ဖွဲ့တည်လာသည်မို့ ချက်ချင်းခေါင်းကိုငုံ့ချလိုက်မိပြီး ဇွန်းကိုကိုင်လိုက်ကာ ခေါက်ဆွဲပန်းကန်အား အသာမွှေလိုက်ပြီးနောက် တစ်ဇွန်းခပ်စားလိုက်သည်။ ထိုအချိန်၌ နှုတ်ခမ်းတို့ထက်အပြုံးဖြစ်တည်သွားသော်လည်း ခေါက်ဆွဲဝါးနေသည်နှင့်ရောသွားသည်မို့ အရမ်းမသိသာ။

တစ်ပန်းကန်လုံးကိုတိတ်ဆိတ်စွာဖြင့် ကုန်အောင်စားလိုက်ပြီးမှ ခေါင်းကိုမော့လိုက်ပြီး ပြောရမည့်အကြောင်းအရာအား စဉ်းစားလိုက်ပြီးနောက်...

"King မင်းဆေးရုံကိုပြောပြီးပြီလား"

"အင်း ညကတည်းက Mailပို့လိုက်တယ်"

"ဪ အင်း"

ထို့နောက်တွင် ဘေဘေးလည်း စကားမရှိစကားရှာမနေတော့ဘဲ ခေါက်ဆွဲစားနေသူကိုသာ ငေးကြည့်နေလိုက်မိသည်။ ထိုအခါ ယနေ့မနက်ခင်းတွင် ပျောက်ရှနေသည့် ဆည်းလည်းသံလေးများအား လွမ်းမိသွား၏။

သားတို့နှင့်ခွဲရသည်မှာတစ်ရက်ပင်မပြည့်သေးသော်လည်း လွမ်းနေရပြီဖြစ်သည်။ အကယ်၍ မတော်တဆ ခွဲနေရမည်ဆိုလျှင်...

သူဆက်ပင်မတွေးရဲတော့။ လှိုက်ခနဲဖြစ်သွားသည့်ရင်တွင်းခံစားချက်တို့နှင့်အတူ ဆို့တက်သွားသောရင်အစုံ။ တစ်ဖန် ငွေ့ရည်ဖွဲ့လက်စမျက်ဝန်းတို့အတွင်း၌ အရည်ကြည်လေးတို့ပြည့်နှက်သွားပြီးသည့်နောက် ပိုးပိုးပေါက်ပေါက်ကျလာသည့် မျက်ရည်စက်များ။ တစ်ဖက်လူမြင်မည်စိုး၍ ချက်ချင်းထရပ်လိုက်မိတော့ ပိုဆိုးသွားသည်။ သူထရပ်ရပ်ချင်း၌ မျက်လွှာချက်ချင်းပင့်လာသူသည် မျက်ရည်တို့ဖြင့်စိုရွှဲနေသည့် ပါးပြင်တို့အား မြင်သွားချိန်၌ စားလက်စဇွန်းအားချက်ချင်းချလိုက်ပြီးနောက်...

"နိုရာ"

ချက်ချင်းပင် စိုးရိမ်နေသည့်မျက်ဝန်းတို့ဖြင့် ဘေးကပ်လျက်ခုံသို့ ရောက်လာကာ ဝင်ထိုင်လိုက်သူ။ သူ ရင်မဆိုင်ချင်စွာခေါင်းကိုငုံ့ချလိုက်မိပြီးနောက် ပုခုံးထက် သိုင်းဖက်ခံလိုက်ရအပြီးတွင် နွေးထွေး၍ ကံ့ကော်သင်းနံ့မွှေးပျံ့သောရင်ခွင်အတွင်းသို့။

သို့သော် အမှားအများကြီးလုပ်ထားသည့်သူအနေဖြင့် ဤမြင့်မြတ်မှုအပေါင်းခညောင်းနေသူ၏ ရင်ခွင်ထဲ၌ အကြိမ်ကြိမ်ကျရှုံးပြနေရသည့်အဖြစ်အား မလိုလားသည်မို့ အံကြိတ်ထားလိုက်မိတော့…

"ငိုချလိုက်ပါ"

"....."

" ငါ့ရှေ့မှာ ငိုလို့ရပါတယ် နိုရာ"

ထို အသံကြည်ကြည်၏အဆုံးတွင်တော့...

"အင့်!"

ရှိုက်သံတစ်ချက်ထွက်လာပြီးနောက် ဆက်တိုက်ပေါ်ထွက်လာသည့် ရှိုက်သံများနှင့်အတူ မျက်ရည်စတို့ဖြင့် စိုရွှဲသွားသော အင်္ကျီအဖြူဝတ်ဆင်ထားသူ၏ ရင်ဘတ်နေရာ။

ငိုရှိုက်နေသည့်အမျိုးသား၏ကျောပြင်အား ပွေ့ဖက်ထားသည့်အမျိုးသားက နူးညံ့စွာဖြင့် ခပ်ဖွဖွပုတ်ပေးနေသည်။ ရှိုက်သံတို့ဖြင့် တုန်ယင်နေသော ကျောပြင်သည် တဖြည်းဖြည်းငြိမ်သက်သွားပြီးနောက် ဖက်ထားသူ၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်၏။ ထိုအခါ အလိုက်သိစွာဖြင့် ရေတစ်ခွက်ကိုကောက်ငှဲ့လိုက်သည့် လက်အစုံ။

ပြီးနောက် ရှိုက်သံအနည်းငယ်ထွက်နေသေးသူ၏ရှေ့၌ ချပေးလိုက်ပြီး...

"ဖြည်းဖြည်းသောက်လိုက်"

"အင်း"

ဘေဘေး ထိုရေခွက်ကိုယူသောက်လိုက်ပြီးနောက် ပြုံးလိုက်မိသည်။ မို့အစ်ကာ အနည်းငယ်နီချင်နေသည့်မျက်ဝန်းတို့ဖြင့် ဘေးမှသူအားငဲ့ကြည့်လိုက်မိ၏။

"King ငါက တော်တော်မတရားတာနော်"

"....."

"ငါပဲအမှားလုပ် ငါပဲငိုပြနေမိတယ်"

"မင်းငိုလို့ရပါတယ်"

"King မင်းငါ့ကိုအရမ်းကောင်းပြနေရင် ငါလောဘတက်မိတော့မှာနော်"

"အင်း"

"အဟွတ်! အဟွတ်! အဟွတ်!"

တစ်ဖက်လူ၏ဖြေသံအဆုံးတွင်တော့ ဘေဘေးတစ်ယောက် ရေသီးသွားသည်မို့ အဆက်မပြတ် ခေါင်းမဖော်နိုင်စွာချောင်းဆိုးပါတော့သည်။ Kingသည်လည်း ဘေဘေးသက်သာအောင်ပြုစုပေးရင်း အခုဏက နေရခက်သလိုဖြစ်သွားသည့်အခြေအနေအား ကျော်လွန်သွားတော့၏။

ထို့နောက် အချိန်ကျလာပြီမို့ သူတို့ထွက်ခွာရန်ပြင်လိုက်ကြတော့သည်။

__________________________________________________________________________________

ကေတုသတီဟော်နန်း…

ဟော်နန်းအတွင်း အပျိုတော်များနှင့်အစေခံများအားလုံး အသီးသီးအလုပ်ရှုပ်နေကြသည်။ ဟော်နန်း၏ ဝန်းတစ်ခုလုံး၌ သစ်ခွပန်းတို့ကအရောင်စုံစွာလှပလွန်းနေကြသည်။ နှင်းဆီပန်းတို့သည်လည်း နှင်းစက်တို့ကြားပွင့်လန်းနေကြသည်မို့ ပတ်ဝန်းကျင်တစ်ခွင်လုံး ပန်းရနံ့တို့ဖြင့် ထုံသင်းနေကြ၏။

ဇန်နဝါရီလဖြစ်သည့်အားလျော်စွာ ဝန်းအတွင်းရှိ ချယ်ရီပင်များအားလုံး အစွမ်းကုန်ဖူးပွင့်ဝေဆာနေကြသည်မို့ ယနေ့တွင် ရောက်နေပြီဖြစ်သည့် ဧည့်သည်တော်လေးများအား အပြိုင်အဆိုင်ကြိုဆိုနေကြသယောင်။

ဧည့်သည်တော်လေးနှစ်ယောက်သည် မနက် ၅နာရီအချိန်လောက်တွင် အိပ်လျက်သားလေးရောက်ရှိလာခဲ့သည်မို့ ဟော်နန်းအတွင်းရှိလူများအားလုံး တိတ်ဆိတ်စွာပင် ပျာယာခတ်ခဲ့ကြရပါသည်။

မဟာဒေဝီကိုယ်တိုင်ထွက်ကြည့်သည်မို့ အထူးဧည့်သည်တော်လေးတွေမှန်း အားလုံးရိပ်မိလိုက်ကြ၏။ ၆နာရီခွဲလောက်တွင်တော့ စဝ်ခေါင်တို့မောင်နှံနှင့်နန်းဝတီတို့မောင်နှံပါရောက်လာကြပြီး စီစဉ်စရာရှိသည်များအား ညွှန်ကြားသွားကြသည်မို့ အားလုံး လုပ်စရာရှိသည်များအား အမှားအယွင်းမရှိလေအောင် ဂရုတစိုက်လုပ်ကိုင်နေကြရသည်။

"ဟဲ့ ငါအစောင့်တွေဆီကကြားတာ သခင်လေးနဲ့ ကြင်ယာတော်တို့ ဒီနေ့ရောက်လာကြမယ်တဲ့"

"ဟယ် သခင်လေးက ကြင်ယာတော်ရှာတွေ့သွားပြီလား...ကြင်ယာတော်က တော်တော်ချောတဲ့ပုံပဲနော်...ငါတို့သခင်လေးတောင် ဈာန်လျှောရတယ်ဆိုတော့"

"အေး ငါလည်းတွေ့ချင်လို့ရူးတော့မယ်...ဒါနဲ့ နောက်ပြီးလေ..."

ထို့နောက် ထိုအပျိုတော်လေးက ဘေးဘီဝဲယာအား အသာလှည့်လည်ကြည့်လိုက်ပြီးနောက်...

"နင်ဘယ်သူ့ကိုမှပြန်မပြောနဲ့နော်"

"အေးပါဟ"

"အေး ဒီမနက်ပါလာတဲ့ကလေးနှစ်ယောက်မှာ တစ်ယောက်က သခင်လေးနဲ့ချွတ်စွတ်တဲ့"

"ဟာ တကယ်ကြီးလား...ဒါဆို သခင်လေးရဲ့..."

"ဟဲ့ ဟဲ့...အဲ့လောက်ထိအပြောမရဲနဲ့တော့...ငါလည်းပိုမပြောရဲတော့ဘူး..."

"ဟယ် တကယ်ပဲ...ငါတို့သခင်လေးကလက်သွက်လိုက်တာ"

"အေး နင်တော့မသိဘူး...ငါတော့ ရင်တုန်နေပြီ...မဟာဒေဝီက ဘယ်လောက်စည်းကမ်းကြီးလဲဆိုတာ နင်သိသားနဲ့"

"အေးနော်...မဟာဒေဝီနဲ့သခင်လေးပြဿနာဖြစ်ကြရင်တော့ ဟော်နန်းက ငြိမ်းချမ်းမှာမဟုတ်တော့ဘူး...ငါတို့တော့ သေမှာပဲ"

"အေး အဲ့ဒါပြောတာ...တော်ပြီ တော်ပြီ...ငါတို့လုပ်နိုင်သမျှကိုပဲ သေချာလုပ်ကြတာပေါ့ဟာ"

ထိုအပျိုတော်လေးနှစ်ယောက်သည် စကားဝိုင်းကိုအမြန်ရပ်လိုက်ကြပြီးနောက် စားဖိုဆောင်ဆီသို့ ဦးတည်လိုက်ကြတော့၏။

>>>

ပြင်ပရှိအသံအချို့ကြောင့် အိပ်ခန်းဆောင်တစ်ခုအတွင်းရှိ လှပလွန်းသောမျက်ဝန်းလေးများ ပွင့်လာကြသည်။ ထို့နောက် အခန်းပတ်ပတ်လည်အား အနည်းငယ်ဝေ့ဝိုက်ကြည့်လိုက်သည်မို့ ထိုအကြည့်တို့နှင့်အတူ ယိမ်းကနေကြသည့် မျက်တောင်ရှည်တို့သည်လည်းလှပစွာ။

ပြီးမှ အခြေအနေကိုသဘောပေါက်သွားဟန်ရှိပြီးနောက် စိုးရိမ်သွားဟန်ဖြင့် အကြည့်တို့က ဘေးသို့ရောက်သွားပြီးနောက်တွင်တော့ ဘေးတွင် လုံးနေသည့်စောင်ပုံငယ်လေးအားမြင်လိုက်ရချိန်တွင် မျက်ဝန်းလေးများသည် ပြုံးရိပ်သန်းသွားတော့၏။

လက်ဖြူဖြူလေးတစ်ဖက်ဖြင့် ထိုစောင်အားဆွဲယူလိုက်တော့...

"အာ အေးတယ်"

"ထတော့ နိုနို"

"ဟင့်အင်း အေးတယ်လို့...စောင်ပြန်ပေး"

"အခုက အိမ်မှာမဟုတ်ဘူးလေ နိုနို"

ထိုအခါမှ မျက်နှာလေးကိုရှုံ့တွကာ ခွေခွေလေးကွေးနေရင်း စောင်ကိုအတင်းပြန်ဆွဲယူနေသော နိုနိုတစ်ယောက် မျက်လုံးအပြူးသားလေးပွင့်လာတော့သည်။

"ဝါး ဝါး နိုနို အခုမှသတိရတယ် ကြည့်စမ်း...ဒါဆို အခုရောက်နေတဲ့နေရာက ဟို ဟော်နန်းလို့ခေါ်တဲ့နေရာကြီးလား"

"အင်း ဟုတ်လောက်တယ်"

"ဝါး ဒါဆို အခု တောင်ကြီးကိုရောက်ပြီပေါ့... ဒါဆို ဖိုးဖိုးပါပါးရဲ့ Resortကိုသွားပြီး တို့ဖူးနွေးသွားစားရမယ်... အရင်တစ်ခေါက်လာတုန်းကကျွေးလိုက်တာရှယ်ပဲ...အပြင်ကဟာတွေနဲ့ နိုနိုယှဉ်ပြီးပြီ... လုံးဝမတူဘဲ ရှယ်တကာ့ရှယ်"

"နိုနို ခုက အပျော်လာတာမဟုတ်ဘူးလေ"

ဧက,ကသတိပေးလိုက်တော့မှ နိုနိုတွေတွေလေးဖြစ်သွားကာ ခဏငြိမ်ကျသွားသည်။ ပြီးနောက် မျက်နှာလေးက ပြန်ပြုံးကျသွားပြီး...

" အပျော်လာတာမဟုတ်ပေမယ့် ပျော်အောင်တော့ဖန်တီးလို့ရမှာပါ ကိုကိုရ..."

နိုနိုက မျက်လုံးလေးတစ်ဖက်မှိတ်ကာပြောလိုက်ပြီးသည့်နောက်...

"ဒါနဲ့ ကိုကို့မျက်မှောင်ကို အဲ့လိုကြီးကြုတ်မထားနဲ့လေ...ပြန်ဖြည် ပြန်ဖြည်... တကယ်ပါပဲ အသက်လေးက ပိစိလေးနဲ့ အမြဲမျက်မှောင်ကြုတ်ချင်နေတာပဲ"

အလိုမကျသလိုပြောလည်းပြော၊ လက်ချောင်းတို့ဖြင့် မျက်ခုံးနှစ်ခုစပ်ကြားအား အသာဖိနှိပ်ကာဖြည်လာတော့ ဧကလည်းမနေနိုင်တော့။ မျက်မှောင်ပြေသွားတော့မှ နိုနိုက လက်ကိုပြန်ရုတ်လိုက်ပြီးနောက် လှဲနေရာမှထထိုင်လိုက်ပြီး...

" ဒယ်ဒီနဲ့ပါပါး ဒီနေ့လိုက်လာလောက်တယ်နော်"

"အင်း"

"အင်း အဲ့တော့ ဒယ်ဒီနဲ့ပါပါးတို့လာရင် မျက်နှာမငယ်ရအောင်လို့ နိုနိုတို့ကြိုးစားကြည့်ကြတာပေါ့"

ညီအစ်ကိုနှစ်ယောက်သား တိုင်ပင်ပြီးသွားသည့်နောက်တွင်တော့ အိပ်ရာပေါ်မှဆင်းလိုက်ကြသည်။ ဧက,က အိပ်ရာကိုသိမ်းဖို့ပြင်နေသည်မို့ နိုနိုလည်း အစ်ကိုဖြစ်သူအားကူကာသိမ်းလိုက်တော့ အိပ်ရာလေးက သပ်သပ်ရပ်ရပ်ဖြစ်သွားတော့၏။  အခန်းပတ်ပတ်လည်ကို လိုက်လံကြည့်ရှုလိုက်ကြပြီးသည့်နောက် အိပ်ခန်းအပြင်သို့ထွက်လာလိုက်ကြပြီး အပြင်အဆင်တို့အား ဆက်ကြည့်လိုက်မိကြ၏။

အခန်းတွင်းအပြင်အဆင်နှင့်ပရိဘောဂတို့သည် သူတို့မြင်နေကျပုံစံများနှင့်မတူသည်မို့ နှစ်ယောက်သား စိတ်ဝင်တစား ကြည့်ဖြစ်ကြသည်။ ယွန်းထည်ပစ္စည်းများနှင့်ပန်းပုရုပ်များကို အများဆုံးတွေ့ရသည်မို့ သူတို့အတွက်အထူးအဆန်းလိုဖြစ်နေတော့သည်။

နှစ်ယောက်သား မည်သည့်ပစ္စည်းများကိုမှ မတို့မထိဖြစ်ကြဘဲ အပေါ်ယံလိုက်ကြည့်ဖြစ်ခဲ့ကြပြီးနောက် အပြင်မှ အသံအချို့ကြောင့် အပြင်ထွက်ရန်ဆုံးဖြတ်လိုက်ကြ၏။

နိုနိုက တံခါးကိုဆွဲအဖွင့် ရိုက်ခတ်လာသော လေထုအေးစက်စက်ကြောင့်...

ဒုန်း!

"အား! အေးလိုက်တာ"

နိုနိုက မခံရပ်နိုင်စွာအော်ပြီး တံခါးကိုအမြန်ပြန်ဆွဲပိတ်လိုက်ပြီးနောက် အိပ်ခန်းထဲပြေးဝင်ကာ ကုတင်ထက်အမြန်ပြေးတက်လိုက်ရင်း တစ်ကိုယ်လုံးကိုစောင်ဖြင့်ပတ်ခြုံလိုက်တော့သည်။

"အား...အေးလိုက်တာ ကိုကိုရေ...နိုနို မထွက်နိုင်တော့ဘူး...ဒီထဲမှာပဲနေတော့မယ်"

"....."

ညီဖြစ်သူ၏ပုံစံကြောင့် ဧက၏ နှုတ်ခမ်းထောင့်လေးများက အနည်းငယ်ကော့တက်သွားပြီး...

"နိုနိုပဲ ပါပါးနဲ့ဒယ်ဒီအတွက် မျက်နှာမငယ်ရအောင်ကြိုးစားမယ်ဆို"

"အဲ့ဒါလျှောက်ပြောတာ... သူတို့လားမျက်နှာငယ်မှာ... အား ကိုကိုလာပြီးဆွယ်မနေနဲ့... အပြင်မှာအရမ်းအေးတယ်... ပြီးတော့ နိုနိုတို့အနွေးထည်တွေက အထူကြီးတွေလည်းမဟုတ်ဘူး"

အအေးကြောက်သည့်နိုနိုက အပြတ်အသတ်ရစ်နေတော့သည်မို့ နှစ်ယောက်သား အပြင်ထွက်ဖို့အရေး အိပ်ခန်းထဲတွင် အကြပ်ရိုက်နေကြစဉ်…

ဒေါက် ဒေါက်...

တံခါးခေါက်သံကြောင့် ညီအစ်ကိုနှစ်ယောက် မျက်လုံးချင်းဆုံသွားကြသည်။

"ကိုကိုသွားဖွင့်"

"အင်း"

ဧက,က တံခါးနှင့်နီးသူမို့ ခြေလှမ်းသုံးလှမ်းလောက်လျှောက်အပြီးတွင် တံခါးဝသို့ရောက်သွားပြီးနောက် ဖွင့်လိုက်တော့...

"ဟော ထင်တဲ့အတိုင်း သားတို့နှစ်ယောက်လုံးနိုးနေကြပြီပဲ"

"....."

"....."

ညီအစ်ကိုနှစ်ယောက်လုံး အသံလာရာ အမျိုးသားအားကြည့်လိုက်မိကြ၏။

"ဟာ ဟိုဦးဦး... ဦးက ဒီကို ဘယ်လိုလုပ်..."

နိုနိုက အံ့ဩတကြီးပြောရင်း စောင်ကိုခေါင်းမြီးခြုံလျက်သားနှင့် ကုတင်ပေါ်မှဆင်းလာသည်မို့ စဝ်ခေါင်ရယ်လိုက်မိသည်။

"ဘာကို ဘယ်လိုလုပ်လဲ... ဦးတို့တွေ့ခဲ့ကြတုန်းက ဦးရဲ့ညီအကြောင်းပြောဖူးတယ်ထင်တယ်နော်"

စဝ်ခေါင်က သတိပေးသလိုပြောလိုက်တော့မှ ညီအစ်ကိုနှစ်ယောက်သား သတိရသွားသလိုအံ့ဩသွားကြပြီးနောက်...

" ဝါး တကယ်ကိုပဲ...ဒါဆို ဟိုတီတီတို့နဲ့ဦးဦးရော"

နိုနို့အမေးကြောင့် စဝ်ခေါင်ရယ်လိုက်မိပြီး...

"ရှိပါ့ဗျာ...အခုတော့ နှစ်ယောက်လုံး ကိုယ်လက်သန့်စင်ပြီးအဝတ်အစားလဲကြ... ပြီးရင် လုပ်စရာရှိတာလုပ်ပြီး Breakfastသွားစားမယ်"

"ကိုယ်လက်သန့်စင်ရမယ်?"

နိုနိုက မျက်လုံးအပြူးသားလေးပြောပြီးနောက် စောင်ခြုံလျက်သားပင် ကုတင်ထက်ပြန်တက်ပြေးတော့သည်။ ပြီးမှ...

"ဒီရာသီကြီးမှာ ကိုယ်လက်သန့်စင်စရာလိုလို့လား...သားအခု အရမ်းကိုသန့်စင်နေတာပါနော်"

နိုနိုဖြစ်သွားသည့်ပုံလေးကြောင့် စဝ်ခေါင်ရယ်ချလိုက်မိပြီး...

"ရေနွေးစပ်ပေးထားပါတယ်ကွာ ဟားဟား"

ပြောလိုက်သော်လည်း နိုနိုကခေါင်းလေးတခါခါဖြစ်နေဆဲ။

"ဟင့်အင်း ရေနွေးနဲ့ချိုးပြီး အေးလာတာကြီးက အရမ်းခံစားရခက်တာ မချိုးဘူး"

နိုနိုက ပါးစပ်နှင့်ငြင်းရုံတင်မဟုတ်။ စောင်ကိုခေါင်းအစခြေအဆုံးလုံသည်အထိ ခြုံလိုက်ပြီးနောက် ကုတင်ထက်ပြန်ခွေနေသည်မို့ စဝ်ခေါင်ဘာပြောရမှန်းမသိဖြစ်သွားသည်။

ထိုအခါ ဧက,က စဝ်ခေါင်အားကြည့်လိုက်ပြီးနောက်..

"ဦး ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားပေးပါ"

ထိုစကားအဆုံး စဝ်ခေါင်ကခေါင်းညိတ်ပြီး အိပ်ဆောင်အပြင်သို့ပြန်ထွက်သွားသည်။ ဧကလည်း နောက်မှလိုက်ကြည့်လိုက်မိ၏။

"ဝင်လာခဲ့ကြ"

စဝ်ခေါင်၏စကားအဆုံး သူတို့ရှိရာအဆောင်အတွင်းသို့ အမျိုးသမီး ၅ယောက် လင်ဗန်းကိုယ်စီနှင့်ဝင်လာကြပြီး ရေချိုးဆောင်ထဲသို့ဝင်သွားကြသည်။

စဝ်ခေါင်တစ်ယောက် နောက်မှ နောင့်စိုင်းအသေးစားလေးအားလှည့်ကြည့်ကာ ပြုံးလိုက်မိပြီး...

"ထိုင်စောင့်ကြမလား"

နှစ်ယောက်သား ဧည့်ဆောင်အတွင်းရှိ ခုံများတွင် ဝင်ထိုင်လိုက်ကြသည်။ သူတိတ်ဆိတ်နေသ၍ တိတ်ဆိတ်နေမည်ဖြစ်သော ကလေးငယ်သည် နောင့်စိုင်း၏ သွေးစစ်ကြောင်း သက်သေပြနေသလိုပင်။ သို့သော် စဝ်ခေါင်တစ်ယောက် ယခုထက်တိုင်ခေါင်းရှုပ်နေဆဲ။

ဘာလို့ နောင့်စိုင်းသားက ဘေးနိုရာဟူသည့်အမျိုးသားထံတွင်ရောက်နေသည်လဲ...

ဤမေးခွန်းအား ဒီရက်တွေအတွင်း သူ့စိတ်ထဲမှအကြိမ်ကြိမ်မေးနေမိသည်။ ကလေးနှစ်ယောက်အားယှဉ်ကြည့်လျှင် မည်သူက မည်သူနှင့်သက်ဆိုင်သည်ဆိုသည်မှာ သိသာလွန်းစွာ။ သို့သော်လည်း သူနားမလည်နိုင်သည်က ဘာလို့ ကလေးနှစ်ယောက်လုံး ဘေးနိုရာဆီသို့ ရောက်နေသည်လဲဆိုတာကိုပင်။

စဝ်ခေါင် စိတ်ထဲပဟေဠိများစွာဖြင့် ရှေ့မှ ကလေးအားကြည့်လိုက်မိ၏။

" သားကို ဦး မေးစရာရှိလို့"

"....."

ပြောလိုက်တော့ နှုတ်ဆိတ်စွာပင် မျက်လွှာပင့်ကြည့်လာပုံက တစ်ယောက်သောသူနှင့်တစ်ပုံစံတည်း။ စဝ်ခေါင် ပြုံးလိုက်မိပြီးနောက်...

" ဦး အခြေအနေအားလုံးကို သဘောမပေါက်သေးပေမဲ့ နောင့်စိုင်းကို သားတို့က ဒယ်ဒီဆိုပြီးခေါ်ကြတယ်ဆိုလို့လေ... ဘယ်ကဘယ်လိုဆုံပြီး ခေါ်ဖြစ်ကြတာလဲ"

သူမနေနိုင်စွာထုတ်မေးလိုက်မိခြင်း။ ဒီကလေးတွေနှင့်ပတ်သက်သည်များအားလုံးကို သူတော်တော်များများသိပြီး ဖြစ်ပါ၏။ အဘွားတော်ပြောသလို ကလေး၏ မိခင်အားခေါ်လာဖို့ဟူသည်မှာ လုံးဝမဖြစ်နိုင်။ အဓိကအားဖြင့် ဤကလေးတွေနှင့် တိုက်ရိုက်သက်ဆိုင်နေသူက ဘေးနိုရာပင်။

ထိုမျှမကသေး ထိုအမျိုးသားနှင့်လည်း နောင့်စိုင်းကအတူရှိနေခဲ့ကာ ကလေးတွေကို အတူအုပ်ထိန်းနေကြသည်ဟုကြားရသည့်အချိန်တွင် သူဘယ်လိုမှနားမလည်နိုင်တော့။

မည်သည့်နေရာမှစ၍ မှားယွင်းသွားသည်လဲ သူမသိသော်ငြား နောင့်စိုင်းကို သူယုံပါသည်။ နောင့်စိုင်းတွင် ခိုင်လုံသည့်အဖြေရှိရမည်ဟူသော ယုံကြည်ချက်ဖြင့် သူအောင့်အီးကာစောင့်နေခဲ့ပါသော်လည်း ကလေးတွေကိုမြင်လိုက်ရသည့်အချိန်တွင်တော့ သူမနေနိုင်စွာမေးလိုက်မိ၏။ မေးလိုက်သော်လည်း တစ်ဖက်မှနှုတ်ဆိတ်ကာငြိမ်နေဆဲမို့...

"ထားလိုက်တော့... ဦး စိတ်လော..."

သူ့စကားပင်မဆုံးသေး၊ အိပ်ခန်းဆောင်တံခါးပွင့်လာပြီးနောက်...

"အဲ့မေးခွန်း နိုနိုဖြေပေးမယ်...အဲ့ကိစ္စက သားကစတာ...သားပဲဖြေနေကျဆိုတော့ သားပဲဖြေပေးမယ်"

နိုနိုက စောင်ခေါင်းမြီးခြုံကာ တစ်ကိုယ်လုံးကိုပတ်ထားပြီး သူတို့ထိုင်နေသည့်နေရာသို့ လှုပ်လှုပ် လှုပ်လှုပ်နှင့် လျှောက်လာပြီးနောက် သူ့အစ်ကိုထိုင်နေသည့်ဘေးတွင်ဝင်ထိုင်လိုက်ပြီးမှ ပြန်ဖြေလာ၏။

"ဒယ်ဒီက ချောလို့လေ...ချောလွန်းတော့ တွေ့တွေ့ချင်းနိုနိုဖြင့်ငေးသွားရတာ...အဲ့ချိန် သူများတွေငေးနေတာမြင်တော့ မနာလိုလို့ အဲ့လိုခေါ်ချပြီး ပြေးဖက်လိုက်တာ ဟီး"

နိုနိုက သူ့ဘာသာပြောပြီး သဘောကျစွာရယ်လိုက်တော့ စဝ်ခေါင်မှာ အကြောင်သားဖြစ်သွားတော့သည်။

"အင်း သားက အဲ့လိုခေါ်လိုက်တာကို နောင့်စိုင်းက ဘာမှမပြောဘူးလား"

"ဟီး သားလည်းအရမ်းအံ့ဩသွားတာ...ဒါပေမဲ့ ဒယ်ဒီကဘာမှမပြောဘူး... သားကိုချီလို့ပြောတော့လည်း ချီတာပဲ...ပြီးမှ ပါပါးနဲ့ဒယ်ဒီဆုံကြပြီး အသိတွေမှန်းသိတာ... အဲ့ဒါနဲ့ နိုနိုက ဒယ်ဒီ့ကို ဒယ်ဒီအဖြစ် အပြီးတိုင်မွေးစားလိုက်တယ်"

"....."

စကားအဆုံး စဝ်ခေါင်ဖြစ်သွားသည့်ပုံစံအားကြည့်ကာ နိုနိုရယ်လိုက်ပြီး...

" အဟမ်း သားက ချောတိုင်း အဖေလိုက်တော်တာမဟုတ်ဘူးနော်... သားတို့ဘေးက ဦးဦးတွေအားလုံးက ချောချောလေးတွေချည်း...ဒါပေမဲ့ ဒယ်ဒီ့ကိုကျ မြင်လိုက်တာနဲ့ သားသမီးမေတ္တာပေါ်လာသလိုမျိုးလေ"

"....."

" ဒီဦးဦးက ငါ့ဒယ်ဒီဖြစ်ရမယ်ဆိုတဲ့ ခံစားချက်မျိုးဝင်လာတာ... နောက်ပြီး ဒယ်ဒီ့ကိုဖက်လိုက်တဲ့အချိန်မှာ ပိုသေချာသွားတယ်... ပါပါးအရမ်းကြိုက်တဲ့ ကံ့ကော်ပန်းနံ့လေးက ဒယ်ဒီ့ကိုယ်မှာအမြဲရှိတယ်လေ... ပြီးတော့ ဒယ်ဒီက ကိုကိုနဲ့အရမ်းတူတာ... အဲ့လောက်အထိ အချက်တွေပြည့်စုံနေမှတော့ သားကမလိုချင်ပဲနေမလား... နောက်ပြီးလေ ဒယ်ဒီက သားတို့အားလုံးကိုအရမ်းဂရုစိုက်တယ်...ပါပါးကိုလည်း အရမ်းဂရုစိုက်တယ်...ပါပါးအိပ်နေရင်တောင် ပွေ့ချီသွားတာ"

" ပွေ့ချီသွားတယ်?"

ကြားလိုက်ရသည့်စကားတို့ကြောင့် စဝ်ခေါင်တစ်ယောက် တောင့်တောင့်ကြီးဖြစ်သွားကာ ကြက်သေ,သေနေတော့သည်။

ထိုစဉ် ရေချိုးဆောင်ထဲမှ အမျိုးသမီးများပြန်ထွက်လာကြပြီးနောက် အဆောင်ပြင်သို့ထွက်သွားကြတော့၏။

ထိုအခါမှ စဝ်ခေါင်အသိပြန်ဝင်လာပြီးနောက် ကလေးနှစ်ယောက်အားကြည့်လိုက်ပြီး...

"ကဲ နှစ်ယောက်လုံး ကိုယ်လက်သန့်စင်ဖို့လုပ်ကြတော့... ဦး ဒီမှာပဲ စောင့်နေမယ်...အဝတ်အစားတွေကို သားတို့ချည်းပဲ ဝတ်တတ်ဦးမှာမဟုတ်ဘူး"

ထိုစကားအဆုံးတွင်တော့ နိုနိုက စောင်ထဲသို့ပို၍ပုဝင်သွားပြီး အသံပင်ထွက်မလာတော့။ ထို့နောက်မှ မျက်နှာလေးပြန်ဖော်လာပြီး...

"ဦးဦး ဖုန်းပါလား...ခဏပေးပါလား...Lockဖွင့်ပေးနော်"

တောင်းဆိုလာသည်မို့ စဝ်ခေါင်ဘာမှပြန်မမေးတော့ပဲ ဖုန်းကိုထုတ်ကာ Lock ဖြည်လိုက်ပြီး ကမ်းပေးလိုက်တော့ နိုနိုက စောင်ထဲမှလက်ကိုခက်ခက်ခဲခဲထုတ်ကာယူလိုက်ပြီးနောက် ဖုန်းစခရင်ထက် လက်ချောင်းတို့ဖြင့်လိုက်လံရွှေ့ကြည့်အပြီး....

" ဝါး 8°Cတဲ့လား... တောင်ကြီးမှာ ဒီအချိန်ဒီလိုပဲအေးနေကျလား...အား အရမ်းအေးသွားပြီ... ပိုအေးသွားပြီ...ရေမချိုးနိုင်တော့ဘူး"

နိုနိုက သူ့ဘာသာပြော၊ သူ့ဘာသာဆုံးဖြတ်ပြီးနောက် စဝ်ခေါင်အား ဖုန်းကိုအမြန်ပြန်ပေးလိုက်ပြီး အိပ်ခန်းဆောင်ထဲ ပြန်ပြေးဝင်သွားတော့၏။ ဧကလည်း ညီဖြစ်သူနောက် လိုက်သွားလိုက်ရသည်။

"နိုနို မဆိုးနဲ့တော့"

"ကိုကိုကလည်း"

"ထတော့"

ဧက,ကပြောလည်းပြော၊ စောင်ပုံလေးအားလည်းဆွဲထူလိုက်တော့ နိုနိုက မထချင်ထချင်ဖြင့်ထလာသည်။

"နေဦး ကိုကို...နိုနို သွေးပူအောင်အရင်လုပ်ဦးမယ်"

ပြောပြီးနောက်တွင် သူ့ခန္ဓာကိုယ်ထက် ခြုံထားသည့်စောင်အား အစ်ကိုဖြစ်သူ၏လက်တွင်းသို့ပုံပေးလိုက်ကာ နန်းဆောင်အတွင်း ရသလောက်ပတ်ပြေးတော့၏။ စဝ်ခေါင်က မနေနိုင်စွာဖြင့် 'ဝန်းထဲဆင်းပြေးမလား'ဟုပြောလိုက်တော့ 'သားကိုပဲ သတ်လိုက်တော့'ဟူ၍ အမောတကြီးလေသံလေးဖြင့်ပြန်ပြောလာသည့် နိုနို။

လေ့ကျင့်ခန်းလုပ်ပြီးကြသည့်နောက်တွင်တော့ ညီအစ်ကိုနှစ်ယောက်သား ရေချိုးခန်းထဲသို့ဝင်သွားကြတော့သည်။

၁၅မိနစ်လောက်အကြာတွင် Bath robeကိုယ်စီဖြင့် ပြန်ထွက်လာကြသည်မို့ စဝ်ခေါင်ပြုံးလိုက်မိပြီး နိုနို့အား ကြည့်လိုက်ကာ...

"အေးသေးလား"

"အေးသေးတာပေါ့ သားတောင့်ခံထားတာ...ကိုကို တကယ်အေးတယ်နော်"

"အင်း"

ထိုအခါ စဝ်ခေါင်ရယ်လိုက်မိပြီး...

"ဟုတ်ပါပြီဗျာ...ကဲ အခု ဝတ်စုံဝတ်ပေးမလို့...ရေကိုသေချာစင်အောင်သုတ်လိုက်ကြဦး"

ကလေးနှစ်ယောက် ရေသုတ်ပြီး အတွင်းဝတ်များလဲပြီးသည့်နောက်တွင်တော့…

"ဦး တစ်ယောက်ကိုသေချာဝတ်ပေးပြီး သင်ပေးမယ်...နောက်တစ်ယောက်က ကိုယ့်ဘာသာလိုက်ဝတ်ကြည့်... ဘယ်သူ့ကိုဝတ်ပေးရမလဲ"

"နိုနို့ကိုပဲဝတ်ပေးလိုက်ပါ"

တစ်ချိန်လုံးငြိမ်နေသည့် ဧကလေးထံမှ အသံထွက်လာသည်မို့ စဝ်ခေါင်ပြုံးလိုက်မိသည်။

ဒီညီအစ်ကိုနှစ်ယောက်ကတော့ကွာ...

စဝ်ခေါင်က ရှမ်းဝတ်စုံဝတ်နည်းအား တစ်ဆင့်ချင်းပြောပြသွားကာ သေချာဝတ်ဆင်ပေးလိုက်တော့ အသစ်အဆန်းလုပ်ရသည်ကိုပျော်တတ်သော နိုနိုတစ်ယောက် မျက်နှာလေးက ကြည်လင်ကာပြုံးနေပြီး အစ်ကိုဖြစ်သူ ဝတ်ဆင်နေသည့်ပုံစံအားလည်း သဘောကျစွာလိုက်ကြည့်နေသေး၏။

ဆောင်းရာသီတွင်ဝတ်ဆင်ရသည့်ဝတ်စုံမို့ အတွင်းပိုင်းတို့၌အနွေးဓာတ်ရအောင် ဖန်တီးချုပ်လုပ်ထားသောကြောင့် ဝတ်လိုက်သည်နှင့်နွေးသွားသည်မို့ အအေးဓာတ်ကိုသိပ်မခံစားရတော့။

အဝတ်အစားတို့ကို ဝတ်ဆင်ကြပြီးနောက် ပဝါစကိုခါးတွင်စည်းကာ နောက်ဆုံး ခေါင်းပေါင်းပေါင်းသည့်အချိန်တွင်တော့ ဧကသိပ်မလုပ်တတ်ဖြစ်သွားသည်မို့ စဝ်ခေါင်ပင် ပေါင်းပေးလိုက်ရသည်။ ထို့နောက် ညီအစ်ကိုနှစ်ယောက်၏ပုံစံလေးကိုကြည့်ကာ အသည်းယားသွားတော့၏။

'ချစ်ဖို့ကောင်းလိုက်ကြတာ'ဟူ၍ စိတ်တွင်းမှအခါခါရွတ်နေမိကာ သဘောကျစွာကြည့်နေမိစဉ်…

"နိုနိုဗိုက်ဆာလာပြီ"

နိုနို့ဗိုက်ကတော့ အချိန်မှန်ပါသည်။ မနက်တိုင်း သူအိပ်ရာနိုးပြီး ကိုယ်လက်သန့်စင်ကာ အဝတ်အစားတို့လဲလှယ်ပြီးတိုင်း ဗိုက်ဆာလာတတ်သည်။ နိုနို့တွင် သည်းမခံနိုင်သည့်ကိစ္စက ဗိုက်ဆာခြင်းပင်။ ယင်းနှင့်ပတ်သက်၍ မည်သူ့ရှေ့တွင်မှမရှောင် ပြောရဲလေသည်။

ထို့ကြောင့် စဝ်ခေါင်အကြပ်ရိုက်သွားရတော့၏။ အစဉ်အလာအရ အဘွားတော်ကိုအရင်နှုတ်ဆက်ပြီးမှ ကျန်သည်များကိုဆက်လုပ်ရမည်မို့...

"ကဲ ဗိုက်ဆာရင်လည်း ဦးနဲ့အရင်လိုက်ခဲ့ကြ... အဘွားတော်ကိုအရင်နှုတ်ဆက်ပြီးမှ စားလို့ရမယ်...ဒါက သားတို့ဒယ်ဒီပါ မသွေမတိမ်းလိုက်နာရတဲ့အစဉ်အလာမို့ ဦးကိုနားလည်ပေးကြမယ်မလား"

"ဟုတ်"

"ဟုတ်"

ထို့နောက်တွင်တော့ စဝ်ခေါင်ဦးဆောင်ခေါ်သွားသည့်အတိုင်း နှစ်ယောက်သား နောက်မှလိုက်သွားကြတော့သည်။

ဝန်းတစ်ခုလုံးတွင်သွားလာနေကြသူများအားလုံးသည် သူတို့အားမြင်သည်နှင့် ဂါရဝပြုလာကြ၏။ ကလေးနှစ်ယောက် အနေခက်သွားမည်လားဟူသည့်အတွေးဖြင့် စဝ်ခေါင်လှည့်ကြည့်လိုက်မိသော်ငြား အထက်တန်းလွှာသူဌေးသားလေးများအဖို့ ဤသည်က သိပ်ထူးဆန်းပုံမပေါ်။

ဧကနှင့်နိုနိုတို့ ရှေးဟောင်းအငွေ့အသက်တို့ ကိန်းအောင်းနေသော ပတ်ဝန်းကျင်၏ ခမ်းနားလှပမှုအား သဘောကျစွာလိုက်ကြည့်မိကြသည်။ ချယ်ရီပင်အမြင့်ကြီးများမှ လေတိုက်တိုင်း ပွင့်ချပ်တို့ကြွေကျနေသည့်ပုံစံမှာရှုမငြီးဖွယ်ပင်။

ထို့ပြင် သစ်ခွပန်းရောင်စုံတို့နှင့်နှင်းဆီပန်းတို့ပွင့်လန်းနေကြပုံမှာလည်း မျက်စိမလွှဲချင်စရာ။ နံနက်ခင်း၏ လတ်ဆတ်သောလေထုထဲတွင် ပန်းရနံ့တို့ကိန်းအောင်းနေသည်မို့ သူတို့၏စိတ်အစဉ်သည် အလုံးစုံလန်းဆန်းသွားတော့၏။

လမ်းတစ်လျှောက်လုံးတွင် ဂါရဝပြုကြသူများနှင့် သူ့တို့အားလိုက်လံငေးကြည့်နေသူများကအများအပြား။

နန်းဆောင်ကြီးတစ်ခုရှေ့အရောက် စဝ်ခေါင်၏ ခြေလှမ်းတို့က ရပ်သွားပြီး နောက်သို့လှည့်ကြည့်လိုက်သည်။ ထိုအခါ ကလေးနှစ်ယောက်၏ ခြေလှမ်းတို့သည်လည်းတုံ့သွားကြတော့၏။

"သားတို့ အထဲရောက်ရင် ဦးပြောသလိုလိုက်ပြောပြီး ဦးဂါရဝပြုသလိုလိုက်ပြုပြီး နှုတ်ဆက်ရမယ်နော်"

"ဟုတ်"

"ဟုတ်"

နန်းဆောင်အတွင်းသို့ ဦးတည်လိုက်ကြပြီးနောက် အပျိုတော်တို့ဖွင့်ပေးလာသည့်တံခါးချပ်တို့အား အဆင့်ဆင့်ဖြတ်ကျော်အပြီးတွင်တော့ သူတို့ကိုမြင်သော်လည်း ချက်ချင်းဖွင့်မပေးသည့် တံခါးဝဆီသို့ရောက်လာကြတော့သည်။ ထို့နောက် စဝ်ခေါင်က ရှေ့တွင်ရပ်နေသည့်အပျိုတော်လေးနှစ်ယောက်အား ခေါင်းညိတ်ပြလိုက်တော့ တစ်ယောက်က နန်းဆောင်အတွင်းသို့ဝင်သွားပြီးနောက် မကြာခင်ပြန်ထွက်လာပြီး...

"မဟာဒေဝီက ခွင့်ပြုပေးလိုက်ပါတယ်...ဝင်လို့ရပါပြီရှင့်"

ပြောပြီးနောက် တံခါးကိုဖွင့်ပေးလာသည်မို့ စဝ်ခေါင်က ရှေ့မှဦးဆောင်ကာ ဝင်သွားလိုက်သည်။ ဧကနှင့်နိုနိုသည်လည်း နောက်မှလိုက်ပြီး ဝင်သွားလိုက်ကြ၏။

"အဘွားတော်ကို နှုတ်ဆက်ပါတယ်"

အတွင်းကိုရောက်သည်နှင့် စဝ်ခေါင်က ပြောကာ ဂါရဝပြုလိုက်အပြီးတွင်...

"အဘွားတော်ကို နှုတ်ဆက်ပါတယ်"

"အဘွားတော်ကို နှုတ်ဆက်ပါတယ်"

အသံကြည်ကြည်လေးနှစ်ခုသည်ဆက်တိုက်ပေါ်ထွက်လာပြီးနောက် စဝ်ခေါင်ဂါရဝပြုသည့်နည်းအတိုင်း တစ်သွေမတိမ်းဂါရဝပြုလိုက်ကြသည်။

"ထိုင်ကြတော့"

အမျိုးသမီးကြီးတစ်ဦး၏ ဩဇာပါသည့်အသံသည် ထွက်ပေါ်လာပြီးနောက် စဝ်ခေါင်သည်နေရာတွင်ဝင်ထိုင်လိုက်ပြီး ကလေးနှစ်ယောက်အား နေရာပြလိုက်တော့ နှစ်ယောက်သား နေရာတွင်ပုံစံတကျဝင်ထိုင်လိုက်ကြ၏။

ထိုစဉ် အခန်းအပြင်မှအပျိုတော်တစ်ယောက်ဝင်လာပြီး...

"သခင်မလေးတို့မောင်နှံနဲ့ စဝ်ခေါင်ရဲ့ကြင်ယာတော်ရောက်လာပါပြီ မဟာဒေဝီဘုရား..."

"ဝင်လာခိုင်းလိုက်"

အပျိုတော်လေးပြန်ထွက်သွားပြီးနောက် နန်းဝတီတို့မောင်နှံနှင့် နန်းဆိုင်ခမ်းကြာတို့ဝင်လာကြပြီး အဘွားတော်အားနှုတ်ဆက်ကာ နေရာတွင် ဝင်ထိုင်လိုက်ကြ၏။ နန်းဝတီကတော့ နိုနို့ကိုမြင်သည်နှင့် ပျော်သွားသည့်ပုံစံလေးဖြစ်သွားကာ ပြုံးပြလိုက်သည်မို့ နိုနိုလည်း ပြန်ပြုံးပြလိုက်သည်။

ထို့နောက် ဘေးမှစဝ်ဆေးနှင့် စဝ်ခေါင်ဘေးတွင်ဝင်ထိုင်နေသည့် နန်းဆိုင်ခမ်းကြာကိုပါ နိုနိုက မျက်နှာချိုချိုလေးဖြင့်ပြုံးပြလိုက်တော့ လူကြီးများသည်လည်း မနေနိုင်တော့ဘဲ ပြန်ပြုံးပြလိုက်ကြသည်။

မဟာဒေဝီသည် အပြုံးအားလုံး၏ ဖြစ်တည်ရာလေးအား ကြည့်လိုက်မိသည်။ ကလေးနှစ်ယောက်ကို ကြည့်ရုံဖြင့်ခွဲခြားလိုက်နိုင်သော်လည်း မျက်နှာချိုလေးနှင့်ကလေးကို ကြည့်လိုက်မိတော့လည်း သွေးသားရင်းလိုပင်ခံစားလိုက်ရသည်မို့ သူမ၏အတွေးတို့ အနည်းငယ်ရောထွေးချင်သွားသည်။ ဘေးတွင် ဆိတ်ဆိတ်နေသည့်ကလေးငယ်လေးအား ကြည့်လိုက်မိတော့ တစ်ယောက်သောသူ၏ငယ်ဘဝအား ပြန်မြင်လိုက်ရသလို ခံစားမိစေသည်မို့ သူမရင်ထဲ သွေးသားတို့ကဆူပွက်လာသယောင်။

ဆက်ခံသူ မြစ်အရင်းဟူသည့်အသိက သူမကိုယ်ထဲရှိနန်းသွေးတို့အားထကြွလာစေပြီး ဟော်နန်းသည် အနာဂတ်တွင်လည်း ပို၍ကြာရှည်စွာ တည်မြဲတော့မည်ဟူသည့် အသိအား ကိန်းအောင်းလာစေသည်မို့ စိတ်တို့က ပို၍လန်းဆန်းလာ၏။

သို့သော် ဘေးမှကလေးငယ်လေးအားလည်း လှစ်လျူမရှုနိုင်စွာကြည့်လိုက်မိတော့ မျက်ဝန်းနှစ်စုံသည် ထိပ်တိုက်ဆုံသွားတော့သည်။

ထိုအခါ မျက်နှာချိုစွာဖြင့်ပြုံးပြလာသည့် ကလေးလေး။ ရုတ်တရက်မို့ သူမမည်သို့ပြန်တုံ့ပြန်ရမှန်းမသိဖြစ်နေစဉ်…

" ဘွားဘွားကြီးက အရမ်းကျက်သရေရှိတာပဲ"

အသံကြည်ကြည်လေးသည် နားစည်သို့ရိုက်ခတ်လာပြီးနောက် နှလုံးသားဆီသို့နွေးထွေးစွာ။

လူကြီးများအားလုံး ဆွံ့အစွာဖြင့် နိုနို့အားကြည့်လိုက်မိကြပေမဲ့ နိုနိုကတော့သက်တောင့်သက်သာပင်။

မဟာဒေဝီသည်လည်း ရင်ထဲမှခံစားချက်မျိုးစုံတို့အား မျက်နှာထက်မပေါ်အောင် ထိန်းထားရသည်။ သူမရှင်သန်နေထိုင်ခဲ့သည့်သက်တမ်းတစ်လျှောက် သူမအား မည်သူမှဤသို့ပြောမလာခဲ့ဖူး။ သမီးအရင်းနှင့်မြေးအရင်းတွေတောင်မှ သူမအား ပြောမလာခဲ့ဖူး။ ထို့ကြောင့် ဤကလေးထံမှ ထိုကဲ့သို့ ပထမဆုံးကြားရသည့်အချိန်တွင် မည်သို့တုံ့ပြန်ရမည်မှန်းမသိတော့။

နိုနိုတစ်ယောက် သူတို့အားလုံးဖြစ်သွားကြသည့်ပုံစံအား အံ့ဩစွာကြည့်လိုက်ပြီးနောက် သူ့အစ်ကိုဘက်လှည့်ကာ...

"ကိုကို နိုနိုမှားပြောလိုက်မိတာလား...ဘွားဘွားကြီးကို ကျက်သရေရှိတယ်လို့ပြောမိတာ နိုနိုမှားသွားလို့လားဟင်"

"နိုနိုမှန်တယ်"

အစ်ကိုဖြစ်သူထံမှ ထောက်ခံချက်ကြားရတော့မှ နိုနိုက စိတ်ချသလိုလေး သက်ပြင်းချလိုက်ပြီးနောက်...

"တော်သေးတာပေါ့...ကိုကိုက နိုနိုမှန်တယ်လို့ပြောလာလို့... မဟုတ်ရင် သားက ကိုယ့်ကိုယ်ကိုယ်အမှားလုပ်မိပြီးလားလို့ပါ တွေးမိတော့မှာ... ဘာလို့လဲဟင်... ဘွားဘွားကြီးက ကျက်သရေအရမ်းရှိလို့ နိုနိုက ပြောမိတာပါ..."

"....."

" ဒါက သားဘဝမှာ အလှအပ၊အချောအလှတွေကိုမကြုံဖူးလို့ပြောတာမဟုတ်ဘူးနော်...သားတို့ပတ်ဝန်းကျင်မှာ အချောအလှတွေအများကြီးရှိတယ်...သားမှာလည်း ဖွားဖွားတွေနဲ့ ဘွားဘွားကြီးတွေရှိသေးတယ်...အားလုံးက ချောကြတယ်...အေးချမ်းပြီးလှတာတွေလည်းရှိတယ်...ဒါပေမယ့် ဘွားဘွားကြီးကျမတူဘူး... ကြည့်လိုက်တာနဲ့ကို ကျက်သရေရှိနေတာ...အဲ့ဒါကြောင့်ပြောတာပါ"

"....."

ရှင်းပြလိုက်သော်လည်း အသံတို့က တိတ်ဆိတ်နေဆဲမို့ နိုနိုသက်ပြင်းချလိုက်မိသည်။ သို့သော် လက်မလျှော့စွာဖြင့် သူ့အားငေးစိုက်ကြည့်နေသည့် မဟာဒေဝီအားမော့ကြည့်ကာ မျက်ဝန်းလေးများ လခြမ်းကွေးလေးတွေလိုဖြစ်သည်အထိ ထပ်မံပြုံးပြလိုက်မိရင်း...

" ဘွားဘွားကြီး ဗိုက်မဆာဘူးလားဟင်"

"....."

"နိုနိုလေး!"

စဝ်ခေါင်၏ အလျင်အမြန်ဝင်တားလိုက်သံကြောင့် နိုနိုက နားမလည်စွာလှည့်ကြည့်တော့ စဝ်ခေါင်က ခေါင်းခါပြသည်။

"အဘွားတော်...နိုနိုလေးက မနက်ကတည်းကဗိုက်ဆာနေလို့ ပြောမိတာပါ...ကျွန်တော်သူတို့ကို မနက်စာလိုက်ကျွေးလိုက်ပါ့မယ်"

"ကောင်းပြီ"

စကားအဆုံး စဝ်ခေါင်ကထရပ်လိုက်တော့ နိုနိုက နားမလည်စွာကြည့်လိုက်ပြီးနောက်...

"မဟုတ်ဘူးလေ... နိုနိုက ဘွားဘွားကြီးကို ဗိုက်မဆာဘူးလားလို့မေးနေတာ... ဘွားဘွားကြီးနဲ့အတူစားဖို့လေ... မရဘူးလား"

နိုနိုက သူ့ဆန္ဒကိုဆက်ပြောလာသည်မို့ စဝ်ခေါင်သက်ပြင်းချလိုက်မိ၏။

"အဘွားတော်က သီးသန့်ပဲစားတာ နိုနိုရဲ့"

ပြောလိုက်တော့ နိုနိုက မျက်ခုံးတန်းလေးတို့တွန့်ချိုးသွားကာ စဉ်းစားသလိုအမူအရာဖြစ်သွားသည်။

"သီး သန့် ပဲ စား တာ?"

ထိုစကားလေးအား သူ့ဘာသာနှုတ်မှရေရွတ်ကြည့်လိုက်ပြီးနောက် မဟာဒေဝီ့ဘက်သို့လှည့်လိုက်ပြီး...

"နိုနိုက ဘွားဘွားကြီးကို နိုနိုတို့နဲ့အတူစားပေးနိုင်မလားလို့ တောင်းဆိုလို့မရဘူးလားဟင်...နိုနိုတို့ကို ဘွားဘွားကြီးက ဖိတ်ခေါ်ပြီးတော့ မနက်စာလေးတောင် တူတူစားမပေးတာတော့မကောင်းပါဘူး"

"....."

ထိုသို့ဆိုလိုက်တော့ မဟာဒေဝီဖြစ်သွားသည့်ပုံစံအား နိုနိုက ကြည့်ကာရယ်လိုက်ပြီးနောက်...

"ဟီး နိုနိုကစတာပါ...လာပါ ဘွားဘွားကြီးရ...လူဆိုတာ တစ်ယောက်တည်း သီးသန့်မနေရဘူး... လူရယ်လို့ဖြစ်လာမှတော့ နွေးနွေးထွေးထွေးနေရမှာပေါ့... ပြီးတော့ ဘွားဘွားကြီးက အဲ့လိုနေလေလေ၊ ကျန်တဲ့သူတွေက ဘွားဘွားကြီးကိုမကပ်ရဲလေလေ၊ ဘွားဘွားကြီး တစ်ယောက်တည်း သီးသန့်ဖြစ်လာလေလေ ဖြစ်နေမှာပေါ့... အခု နိုနိုတို့နဲ့အတူစားမယ်လေနော်...လုပ်ပါ ဘွားဘွားကြီးရဲ့...နိုနိုတောင်းဆိုတာပါ"

နိုနို့စကားဆုံးသည်နှင့် အခန်းတွင်းလေထုသည် သိသိသာသာ ငြိမ်သက်သွားတော့သည်။ နိုနိုက ပြောချင်တာပြောပြီးနောက် မဟာဒေဝီအား မျှော်လင့်တကြီးဖြစ်နေသော မျက်ဝန်းနက်လေးများဖြင့်ကြည့်နေလိုက်သည်။

မဟာဒေဝီသည်လည်း ထိုကလေးငယ်လေးအားကြည့်နေလိုက်မိသည်။ သူမ၏ခင်ပွန်းဆုံးသွားပြီးကတည်းက နန်းဆောင်တွင်း၌သာသီးသန့်နေခဲ့ပြီး လုပ်ဆောင်စရာကိစ္စရပ်တိုင်းကို တစ်ဦးတည်းသာလုပ်ဆောင်ဖြစ်ခဲ့၏။ မျက်နှာထားတည်ပြီး စည်းကမ်းကြီးလွန်းသည့်သူမအား သမီးဖြစ်သူနှင့်မြေးများအားလုံး သိပ်အနားမကပ်ရဲကြ။ သူမသည်လည်း မည်သူ့ကိုမှမဖိတ်ခေါ်ခဲ့။ အရာအားလုံးသည် စည်းကမ်းသတ်မှတ်ထားခြင်းမရှိခဲ့ပါသော်လည်း ပုံသေတစ်ခုလိုဖြစ်သွားခဲ့သည်။

သို့သော် ဤကလေးငယ်လေးက သူမအား စတင်၍ဖိတ်ခေါ်လာခဲ့သည်မို့ ဆယ်စုနှစ်ပေါင်းများစွာအေးစက်နေသည့်နှလုံးသားသည် ဤကလေးနှစ်ယောက်ကြောင့် ပထမဆုံးအကြိမ် ပြန်လည်နွေးထွေးလာတော့သယောင်။

"ကိုကို...ကိုကိုလည်း တောင်းဆိုပေးလေ...လုပ်ပါ... နိုနို ဘွားဘွားကြီးကိုပါခေါ်ချင်လို့"

ထိုအသံလေးအဆုံးတွင် တစ်ချိန်လုံးမျက်လွှာချထားသည့်ကလေးငယ်လေး၏ မျက်ဝန်းများသည် ပင့်တက်လာပြီးနောက်...

"သားလည်း ဘွားဘွားကြီးနဲ့အတူ ထမင်းစားချင်ပါတယ်"

"....."

ညီအစ်ကိုနှစ်ယောက်လုံးတောင်းဆိုလိုက်သည့်တိုင် မည်သည့်လက်ခံစကားမှထပ်ထွက်မလာသေးသည်မို့ နိုနိုက မျက်နှာလေးကိုချက်ချင်းငယ်ချပစ်လိုက်ပြီး...

"နိုနို အခုဗိုက်အရမ်းဆာနေတာသိလား...ပုံမှန်ဆို ဘယ်သူ့ကိုမှ စောင့်တတ်တာမဟုတ်ဘူး... အခုက ဘွားဘွားကြီးမို့ စောင့်ပေးနေတာ... အခုဗိုက်ဆာလွန်းလို့ ငိုပါငိုချင်နေပေမယ့် ဘွားဘွားကြီးဆီက အငြင်းခံရလို့ ပိုစိတ်မကောင်းဖြစ်လာပြီ”

"....."

"ဒါပေမယ့် နိုနိုက လက်လျှော့လွယ်တဲ့လူမဟုတ်ဘူးနော်...ဘွားဘွားကြီးလက်မခံမချင်း လုံးဝမစားဘူး... နိုနိုအခု အရမ်းဗိုက်ဆာနေတာမှန်ပေမယ့်..."

ထို့နောက်တွင်တော့ နိုနို့စကားပင်မဆုံးသေး...

"လက်ခံတယ်"

ကျက်သရေရှိလှစွာသော မဟာဒေဝီ၏အသံတော်ကြည်ကြည်သည် နန်းဆောင်အတွင်းကြည်လင်ပြတ်သားစွာ ပေါ်ထွက်လာတော့သည်။

Zawgyi//

ဇန္နဝါရီလ၏မနက္ခင္းတစ္ခု။
အေအးႀကိဳက္ေသာ္လည္း အေအးဒဏ္မခံႏိုင္သည့္အမ်ိဳးသားေလးသည္ တစ္ကိုယ္လုံးကိုေစာင္ျဖင့္ရစ္သိုင္းၿခဳံကာ ခႏၶာကိုယ္ကိုလည္း ပုဇြန္ထုပ္ေလးသဖြယ္ ေကြးထားၿပီး အိပ္ရာထက္ၿငိမ္သက္စြာ။

ထိုအမ်ိဳးသားအိပ္စက္အနားယူေနသည့္ အခန္းအတြင္းတြင္ လႈပ္ရွားသြားလာေနသည့္အမ်ိဳးသား ေနာက္တစ္ဦးလည္းရွိ၏။ လႈပ္ရွားမႈတိုင္းသည္ ညင္သာလြန္းသည္မို႔ အခန္းတြင္းမည္သည့္အသံမွ် က်ယ္ေလာင္စြာထြက္မေနဘဲ ေအးခ်မ္းလြန္းစြာပင္။

စကၠန္႔လက္တံတို႔သြားလာေနသည့္အသံတခ်ပ္ခ်ပ္ျမည္ေနသည့္ နံရံမွတိုင္ကပ္နာရီအား လႈပ္ရွားလုပ္ကိုင္ေနရင္းမွ Kingေမာ့ၾကည့္လိုက္မိသည္။

အခ်ိန္အားျဖင့္ ၆နာရီ ၅မိနစ္။

သူ႔လက္၏လႈပ္ရွားမႈတို႔ကို အနည္းငယ္ပို၍ျမန္ဆန္လိုက္သည္။ ကုတင္ထက္ရွိ ေစာင္ပုံေလးအားလွမ္းၾကည့္လိုက္ၿပီးသည့္ေနာက္ လက္ရွိလုပ္ေနသည္အားရပ္လိုက္ကာ ဗီ႐ိုတစ္လုံးရွိရာဆီေလွ်ာက္သြားၿပီး တံခါးကိုဖြင့္လိုက္သည္။ ထို႔ေနာက္ ဆြယ္တာမ်ား၊ Long coatမ်ားႏွင့္ မာဖလာမ်ားကို ေ႐ြးထုတ္ၿပီး ယူလာခဲ့လိုက္၏။

အေအးေၾကာက္သူကို အေအးပိုင္းေဒသတစ္ခုသို႔ အေအးဆုံးကာလတြင္ေခၚသြားရမည္အား စိတ္ထဲသိပ္အလိုမက်သည္မို႔ မ်က္ခုံးတန္းႏွစ္သြယ္သည္ အနည္းငယ္ တြန္႔ခ်ိဳးေနေတာ့သည္။ သို႔ေသာ္ သြားကိုသြားရမည္မို႔ ႀကိဳတင္ျပင္ဆင္ရမည္သာ။

ကေလးႏွစ္ေယာက္အေၾကာင္း အေတြးတို႔ေရာက္သြားသည့္အခ်ိန္တြင္ ႏႈတ္ခမ္းတို႔ကပိရိေသသပ္စြာျဖင့္ ပို၍တင္းတင္းရင္းရင္းေစ့ပိတ္သြားေတာ့သည္။ လက္တို႔ကို ဆက္တိုက္အလုပ္ေပးလိုက္ၿပီးေနာက္ ၆နာရီခြဲသည့္အခ်ိန္တြင္ အားလုံးၿပီးစီးသြားေတာ့၏။

ဖုန္းကိုထုတ္ကာဖြင့္လိုက္ၿပီးေနာက္ လက္ေခ်ာင္းတို႔အား စာလုံးတို႔ထက္ လႈပ္ရွားလိုက္သည္။

အားလုံးၿပီးစီးသြားသည့္အခါတြင္ေတာ့ ၿငိမ္သက္ေနသည့္ေစာင္ပုံေလးရွိရာ အိပ္ရာဆီသို႔ေလွ်ာက္သြားလိုက္ၿပီးေနာက္ ထိုေစာင္ပုံေလးေဘးတြင္အသာဝင္ထိုင္လိုက္ေတာ့ ေမြ႕ရာက အိခနဲ။

ထိုအခါ ေစာင္ပုံေလးက လႈပ္လႈပ္ရွားရွားျဖစ္သြားၿပီးေနာက္...

"အင္း.........."

ညည္းသံသဲ့သဲ့ေလးထြက္လာအၿပီး သူ႔ဘာသာ ေစာင္ကိုဆြဲခ်လိုက္သည္မို႔ ဆံပင္စုတ္ဖြားေလးႏွင့္ႏို႔ႏွစ္ေရာင္မ်က္ႏွာေလးက ထင္းခနဲေပၚလာေတာ့သည္။ ၿပီးေနာက္ ျပန္လည္ၿငိမ္သက္သြားသည့္ ခႏၶာကိုယ္ေလး။

ထိုႏို႔ႏွစ္ေရာင္မ်က္ႏွာေလးအား ျမတ္ႏိုးစြာစိုက္ၾကည့္ေနသည့္ မ်က္ဝန္းလွလွတို႔ဟာ မ်က္ေတာင္ခတ္ဖို႔ပင္ ေမ့ေနသည့္အလား တေမ့တေမာျဖစ္ေနရင္း အနည္းငယ္ပင္ ေဆြးရိပ္သန္းလာသေယာင္။

အခန္းတြင္းေလထုသည္ ေအးစက္စြာ၊ တစ္ဖန္ တည္ၿငိမ္တိတ္ဆိတ္စြာ။

အိပ္ရာထက္ ၿငိမ္သက္စြာအိပ္စက္ေနသည့္အမ်ိဳးသားႏွင့္ ထိုအမ်ိဳးသားအား မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနသည့္အမ်ိဳးသားတို႔သာရွိေနေသာ အိပ္ခန္းေလးအတြင္း၌ အသက္ရႉသံတို႔ႏွင့္ တိုင္ကပ္နာရီမွ စကၠန္႔လက္တံေလး ေျပးလႊားေနသည့္ အသံတို႔မွတပါး မည္သည့္အသံမွ်ရွိမေနခဲ့။

ကုတင္ထက္ရွိအမ်ိဳးသားေလးအား စိုက္ၾကည့္ေနသည့္မ်က္ဝန္းတို႔ တိုင္ကပ္နာရီထံသို႔ ေ႐ြ႕လ်ားသြားသည့္အခါတြင္ေတာ့ အခ်ိန္သည္ ၇နာရီထိုးဖို႔ ၁၅မိနစ္အလို။ ထိုအခါ မ်က္လႊာသိမ္းၿပီးေနာက္ ကုတင္ထက္မွညင္သာစြာထရပ္သည္။ တစ္ဖန္ ေရခ်ိဳးခန္းဆီဦးတည္ေလွ်ာက္သြားၿပီးေနာက္တြင္ေတာ့ အေအးေၾကာက္သူအတြက္ ေရခ်ိဳးရန္သင့္တင့္ေသာအေႏြးဓာတ္ရေအာင္ ေရကိုစပ္ေပးၿပီးသည့္အခ်ိန္တြင္ နာရီသည္ ၇နာရီတိတိ။

ထိုအခါမွ ကုတင္ဆီသို႔ ခပ္ဖြဖြေျခလွမ္းက်ဲတို႔ျဖင့္ အျမန္ေလွ်ာက္သြားၿပီးသည့္ေနာက္ အိပ္ေနသူ၏ေဘးတြင္အသာဝင္ထိုင္လိုက္ၿပီး ပုခုံးတစ္ဖက္ဆီသို႔လက္ျဖင့္ခပ္ဖြဖြကိုင္ကာ...

"ႏိုရာ ထေတာ့"

အသံၾကည္ၾကည္ႏွင့္ႏႈိးလိုက္သည့္သံအဆုံး စိတ္ပူျခင္းမ်ားစြာျဖင့္အိပ္ေပ်ာ္သြားခဲ့သူ၏ မ်က္ဝန္းတို႔သည္ ခ်က္ခ်င္းပြင့္လာေတာ့၏။

"ဟင္ King...ဘယ္ႏွစ္နာရီထိုးသြားၿပီလဲ...ငါ ၅နာရီ Alarmေပးထားတာ မျမည္ဘူးလား"

စိုးရိမ္တႀကီးျဖင့္ အပူတျပင္းေမးလာသူ။

"ငါပိတ္လိုက္တာ...မင္းအိပ္ခ်ိန္ ၇နာရီျပည့္ဖို႔လိုတယ္"

"....."

တည္ၿငိမ္စြာေျပာလာသူေၾကာင့္ ေဘေဘး ႏႈတ္ဆိတ္သြားမိသည္။ သူ မ်က္လုံးလွန္ကာၾကည့္လိုက္မိေတာ့ တစ္ဖက္လူသည္လည္းသူ႔အား စိုက္ၾကည့္လာ၏။ ၿပီးမွ မ်က္ဝန္းတို႔ကိုျပန္လႊဲသြားၿပီး...

"ေရစပ္ေပးထားတယ္...အရင္သြားခ်ိဳးၿပီးမွ ဆက္ေျပာမယ္"

"အင္း"

ေဘေဘး မည္သည့္စကားကိုမွမဆိုႏိုင္ေတာ့ဘဲ ကုတင္ေပၚမွအျမန္ဆင္းလာခဲ့ၿပီး ေရခ်ိဳးခန္းထဲသို႔သာ အျမန္ဝင္လာခဲ့လိုက္သည္။ ထို႔ေနာက္ ခ်စ္ရသူစပ္ေပးထားသည့္ ေရေႏြးေႏြးေလးထဲ၌ ဝင္စိမ္လိုက္မိ၏။ မ်က္ဝန္းႏွစ္စုံဆုံသြားခ်ိန္တြင္ တလွပ္လွပ္ျဖစ္သြားသည့္ ရင္ထဲမွခံစားခ်က္တို႔သည္ကား ယခုထက္တိုင္တည္ၿငိမ္မသြားေသး။

King သူ႔အားပို၍ ဂ႐ုစိုက္လာသည္။ ပို၍လည္းၾကင္နာလာသည္။ အၾကည့္တို႔သည္လည္းပို၍ထူးဆန္းလာ၏။ ထို႔ျပင္ သားတို႔ကိစၥကို သူသိေသာ္လည္း ယခုတိုင္တည္ၿငိမ္ေနဆဲ။

King သူ႔အား မည္သို႔သေဘာထားေနပါသနည္း။

သူ႔ဘက္ကေတာ့ရွင္းသည္။ သူKingကိုခ်စ္သည္။ မရႏိုင္ဘူးဆိုသည့္စိတ္ျဖင့္ေနခဲ့ေသာ္လည္း ရလွ်င္ယူမည္ျဖစ္၏။ သူ႔စိတ္ေတြကို အမ်ားႀကီးခ်ဳပ္ထိန္းထားခဲ့ပါေသာ္လည္း ထိုလူသားသည္ သူ႔အားလာလာဆြေနသေယာင္။ သားတို႔ကိစၥကိုသူညေနက အရမ္းစိတ္ပူခဲ့ေသာ္ျငား Kingက သူ႔ဘက္တြင္ရွိသည္ဆိုသည္အား သိရခ်ိန္၌ စိတ္တို႔က ေတာ္ေတာ္ေလးေပါ့သြားခဲ့သည္။

သို႔သည့္တိုင္ Kingက ဘာ့ေၾကာင့္ သူ႔ဘက္တြင္ရွိေနသည္လဲ။ သူဤေမးခြန္းအားထုတ္ေမးခ်င္ေသာ္လည္း မေသခ်ာသည့္ ပုစာၦမို႔ မေမးရဲေသး။ မေသခ်ာသည့္လမ္းအားသူမေလွ်ာက္ခ်င္ပါ။

ညက ၅နာရီ Alarmေပးထားၿပီး ၆နာရီတြင္ ဤၿမိဳ႕မွစထြက္ဖို႔ရည္႐ြယ္ခဲ့ပါေသာ္ျငား တစ္ပါးသူေၾကာင့္ အစီအစဥ္ပ်က္ခဲ့ၿပီျဖစ္သည္။ သတိထားမိသေလာက္ ညက သူ႔ထက္အရင္ ကိုယ္ကအိပ္ေပ်ာ္ခဲ့ျခင္းပင္။

ဒါဆို သူကဘယ္ခ်ိန္ကတည္းကထေနတာလဲ…

ေတြးမိသည္ႏွင့္တစ္ၿပိဳင္နက္ ခ်က္ခ်င္း ေရခ်ိဳးသည့္အမႈအားအဆုံးသတ္လိုက္ၿပီးေနာက္ တန္းတြင္အဆင္သင့္ေခါက္တင္ထားသည့္ တဘက္အျဖဴအားဆြဲယူကာ ခါးတြင္ပတ္လိုက္ၿပီး အျပင္သို႔ ထြက္လာခဲ့လိုက္သည္။ အခန္းပတ္ပတ္လည္ကိုမ်က္စိကစားၾကည့္လိုက္ေသာ္ျငား မည္သူမွရွိမေန။ ထို႔ေနာက္တြင္ေတာ့ ကုတင္ထက္အဆင္သင့္ထုတ္ေပးထားသည့္ဝတ္စုံအားေတြ႕လိုက္ရသည္မို႔ မခ်င့္မရဲျဖစ္စြာျဖင့္ ေအာက္ႏႈတ္ခမ္းအား အသာဖိကိုက္လိုက္မိ၏။

မင္းက တကယ္ကိုပဲ...

အဝတ္အစားလဲရင္းျဖင့္ မ်က္လုံးထဲေရာက္လာသည္က အဆင္သင့္ျဖစ္ေနသည့္ Luggage ႏွစ္လုံး။ ေဘေဘး မ်က္ခုံးအစုံပင့္တက္သြားၿပီးေနာက္ ထို Luggageတို႔ကိုသြားဖြင့္ၾကည့္လိုက္အၿပီးတြင္ ႏႈတ္ခမ္းအစုံတို႔က အနည္းငယ္ၫႊတ္က်သြားေတာ့သည္။ သြားျဖဴျဖဴညီညီေလးတို႔ကလည္း စီတန္းစြာထြက္ေပၚလာ၏။

တကယ္ပဲ မင္းကိုငါ ခ်စ္လိုက္ရတာ...

အဝတ္အစားတို႔ကို ေသခ်ာသပ္သပ္ရပ္ရပ္ဝတ္အၿပီး အခန္းျပင္သို႔ ခ်က္ခ်င္းထြက္လာခဲ့လိုက္သည့္ အခ်ိန္တြင္ေတာ့ မုန္႔ဟင္းရည္နံ႔တို႔က သင္းပ်ံ႕စြာ။ သူ ထိုအနံ႔တို႔ထြက္ေပၚလာသည့္ေနရာဆီသို႔ ေျခလွမ္းတို႔ကိုဦးတည္လိုက္မိသည္။

ထမင္းစားခန္းထဲအေရာက္ ကုလားထိုင္တစ္လုံးတြင္ဝင္ထိုင္လိုက္ၿပီး ေမးလိုက္မိ၏။

" မင္း ထြက္ဝယ္လိုက္တာလား"

"လာပို႔ခိုင္းတာ"

စတီးခ်ိဳင့္ထဲမွ မုန္႔ဟင္းရည္တို႔အား ပန္းကန္တြင္းသို႔ေျပာင္းထည့္ရင္း ခ်က္ခ်င္းျပန္ေျဖလာသူအား ေဘေဘး ေငးၾကည့္ေနမိသည္။ဆရာဝန္ပီသစြာပင္ ဘာဝယ္ဝယ္ခ်ိဳင့္ျဖင့္ဆြဲတတ္သည္။  လက္ျဖဴျဖဴသြယ္သြယ္တို႔သည္ စတီးခ်ိဳင့္အားဂ႐ုတစိုက္ကိုင္တြယ္ေနဟန္မွာ မ်က္စိမလႊဲခ်င္စရာ။

ရင္ထဲတြင္ မည္မွ်ပူေလာင္ေနပါေသာ္ျငား ဤလူသားသည္ သူ႔အတြက္ အၿမဲေအးရိပ္ပင္ျဖစ္သည္။ ေအးခ်မ္းမႈဟူသည္ ဤလူသားထံ၌ အလုံးစုံျဖစ္တည္ရာ၏။

ထို႔ေနာက္တြင္ သူ႔ေရွ႕သို႔ေရာက္လာသည့္ ေခါက္ဆြဲပန္းကန္။ ငါးဖယ္ႏွင့္ ဘဲဥအစိပ္ေလးမ်ားက အေပၚယံတြင္အမ်ားအျပား။ ဟင္းရည္အမ်ားႀကီးႏွင့္မစားတတ္သည့္သူ႔အတြက္ မုန္႔ဟင္းရည္ကို လိုသေလာက္ေလးထည့္ေပးထားသည္မို႔ အဆင္သင့္ေလးထိုင္စားဖို႔သာလိုေတာ့သည္။

ေဘေဘး ရင္ထဲတြင္ၾကည္ႏူးလာလြန္း၍ ငိုခ်င္လာသည္။ သူဆယ္ႏွစ္ေက်ာ္လုံးထင္ခဲ့သည့္ အေတြးမ်ားအားလုံးသည္ အလုံးစုံမွားေနခဲ့သည္။ သူထင္ခဲ့သည္က Kingသာ ကေလးေတြအေၾကာင္းကိုသိသြားခဲ့လွ်င္ သူ႔အား႐ြံသြားလိမ့္မည္ဟုပင္။ သို႔ေသာ္ ယခုထိုသို႔မဟုတ္ခဲ့။

စဝ္မင္းႏြယ္ဧကရာဇ္သည္ သူ႔အားနည္းနည္းမွ ႐ြံ႕မုန္းမသြားခဲ့။ သူ႔အား နာက်င္ေစသည့္စကားလုံးမ်ားျဖင့္ပင္ မထိုးႏွက္ခဲ့။ သူအားေက်းဇူးတင္စကားပင္ဆိုခဲ့ၿပီး မည္သည့္ေျဖရခက္ေသာ ေမးခြန္းမ်ားကိုပင္ ေမးမလာခဲ့။ ထိုမွ်မကေသး သူ႔အား အရမ္းဂ႐ုစိုက္ေပးေနေသး၏။

'Kingက ငါ့ကို မုန္းမသြားဘူး' ဟူ၍ ေတြးလိုက္မိသည့္အခ်ိန္တြင္ မ်က္ဝန္းနက္တို႔၌ ေငြ႕ရည္ဖြဲ႕တည္လာသည္မို႔ ခ်က္ခ်င္းေခါင္းကိုငုံ႔ခ်လိုက္မိၿပီး ဇြန္းကိုကိုင္လိုက္ကာ ေခါက္ဆြဲပန္းကန္အား အသာေမႊလိုက္ၿပီးေနာက္ တစ္ဇြန္းခပ္စားလိုက္သည္။ ထိုအခ်ိန္၌ ႏႈတ္ခမ္းတို႔ထက္အၿပဳံးျဖစ္တည္သြားေသာ္လည္း ေခါက္ဆြဲဝါးေနသည္ႏွင့္ေရာသြားသည္မို႔ အရမ္းမသိသာ။

တစ္ပန္းကန္လုံးကိုတိတ္ဆိတ္စြာျဖင့္ ကုန္ေအာင္စားလိုက္ၿပီးမွ ေခါင္းကိုေမာ့လိုက္ၿပီး ေျပာရမည့္အေၾကာင္းအရာအား စဥ္းစားလိုက္ၿပီးေနာက္...

"King မင္းေဆး႐ုံကိုေျပာၿပီးၿပီလား"

"အင္း ညကတည္းက Mailပို႔လိုက္တယ္"

"ဪ အင္း"

ထို႔ေနာက္တြင္ ေဘေဘးလည္း စကားမရွိစကားရွာမေနေတာ့ဘဲ ေခါက္ဆြဲစားေနသူကိုသာ ေငးၾကည့္ေနလိုက္မိသည္။ ထိုအခါ ယေန႔မနက္ခင္းတြင္ ေပ်ာက္ရွေနသည့္ ဆည္းလည္းသံေလးမ်ားအား လြမ္းမိသြား၏။

သားတို႔ႏွင့္ခြဲရသည္မွာတစ္ရက္ပင္မျပည့္ေသးေသာ္လည္း လြမ္းေနရၿပီျဖစ္သည္။ အကယ္၍ မေတာ္တဆ ခြဲေနရမည္ဆိုလွ်င္...

သူဆက္ပင္မေတြးရဲေတာ့။ လႈိက္ခနဲျဖစ္သြားသည့္ရင္တြင္းခံစားခ်က္တို႔ႏွင့္အတူ ဆို႔တက္သြားေသာရင္အစုံ။ တစ္ဖန္ ေငြ႕ရည္ဖြဲ႕လက္စမ်က္ဝန္းတို႔အတြင္း၌ အရည္ၾကည္ေလးတို႔ျပည့္ႏွက္သြားၿပီးသည့္ေနာက္ ပိုးပိုးေပါက္ေပါက္က်လာသည့္ မ်က္ရည္စက္မ်ား။ တစ္ဖက္လူျမင္မည္စိုး၍ ခ်က္ခ်င္းထရပ္လိုက္မိေတာ့ ပိုဆိုးသြားသည္။ သူထရပ္ရပ္ခ်င္း၌ မ်က္လႊာခ်က္ခ်င္းပင့္လာသူသည္ မ်က္ရည္တို႔ျဖင့္စို႐ႊဲေနသည့္ ပါးျပင္တို႔အား ျမင္သြားခ်ိန္၌ စားလက္စဇြန္းအားခ်က္ခ်င္းခ်လိုက္ၿပီးေနာက္...

"ႏိုရာ"

ခ်က္ခ်င္းပင္ စိုးရိမ္ေနသည့္မ်က္ဝန္းတို႔ျဖင့္ ေဘးကပ္လ်က္ခုံသို႔ ေရာက္လာကာ ဝင္ထိုင္လိုက္သူ။ သူ ရင္မဆိုင္ခ်င္စြာေခါင္းကိုငုံ႔ခ်လိုက္မိၿပီးေနာက္ ပုခုံးထက္ သိုင္းဖက္ခံလိုက္ရအၿပီးတြင္ ေႏြးေထြး၍ ကံ့ေကာ္သင္းနံ႔ေမႊးပ်ံ႕ေသာရင္ခြင္အတြင္းသို႔။

သို႔ေသာ္ အမွားအမ်ားႀကီးလုပ္ထားသည့္သူအေနျဖင့္ ဤျမင့္ျမတ္မႈအေပါင္းခေညာင္းေနသူ၏ ရင္ခြင္ထဲ၌ အႀကိမ္ႀကိမ္က်ရႈံးျပေနရသည့္အျဖစ္အား မလိုလားသည္မို႔ အံႀကိတ္ထားလိုက္မိေတာ့…

"ငိုခ်လိုက္ပါ"

"....."

" ငါ့ေရွ႕မွာ ငိုလို႔ရပါတယ္ ႏိုရာ"

ထို အသံၾကည္ၾကည္၏အဆုံးတြင္ေတာ့...

"အင့္!"

ရႈိက္သံတစ္ခ်က္ထြက္လာၿပီးေနာက္ ဆက္တိုက္ေပၚထြက္လာသည့္ ရႈိက္သံမ်ားႏွင့္အတူ မ်က္ရည္စတို႔ျဖင့္ စို႐ႊဲသြားေသာ အက်ႌအျဖဴဝတ္ဆင္ထားသူ၏ ရင္ဘတ္ေနရာ။

ငိုရႈိက္ေနသည့္အမ်ိဳးသား၏ေက်ာျပင္အား ေပြ႕ဖက္ထားသည့္အမ်ိဳးသားက ႏူးညံ့စြာျဖင့္ ခပ္ဖြဖြပုတ္ေပးေနသည္။ ရႈိက္သံတို႔ျဖင့္ တုန္ယင္ေနေသာ ေက်ာျပင္သည္ တျဖည္းျဖည္းၿငိမ္သက္သြားၿပီးေနာက္ ဖက္ထားသူ၏ ရင္ခြင္ထဲမွ ႐ုန္းထြက္လိုက္၏။ ထိုအခါ အလိုက္သိစြာျဖင့္ ေရတစ္ခြက္ကိုေကာက္ငွဲ႔လိုက္သည့္ လက္အစုံ။

ၿပီးေနာက္ ရႈိက္သံအနည္းငယ္ထြက္ေနေသးသူ၏ေရွ႕၌ ခ်ေပးလိုက္ၿပီး...

"ျဖည္းျဖည္းေသာက္လိုက္"

"အင္း"

ေဘေဘး ထိုေရခြက္ကိုယူေသာက္လိုက္ၿပီးေနာက္ ၿပဳံးလိုက္မိသည္။ မို႔အစ္ကာ အနည္းငယ္နီခ်င္ေနသည့္မ်က္ဝန္းတို႔ျဖင့္ ေဘးမွသူအားငဲ့ၾကည့္လိုက္မိ၏။

"King ငါက ေတာ္ေတာ္မတရားတာေနာ္"

"....."

"ငါပဲအမွားလုပ္ ငါပဲငိုျပေနမိတယ္"

"မင္းငိုလို႔ရပါတယ္"

"King မင္းငါ့ကိုအရမ္းေကာင္းျပေနရင္ ငါေလာဘတက္မိေတာ့မွာေနာ္"

"အင္း"

"အဟြတ္! အဟြတ္! အဟြတ္!"

တစ္ဖက္လူ၏ေျဖသံအဆုံးတြင္ေတာ့ ေဘေဘးတစ္ေယာက္ ေရသီးသြားသည္မို႔ အဆက္မျပတ္ ေခါင္းမေဖာ္ႏိုင္စြာေခ်ာင္းဆိုးပါေတာ့သည္။ Kingသည္လည္း ေဘေဘးသက္သာေအာင္ျပဳစုေပးရင္း အခုဏက ေနရခက္သလိုျဖစ္သြားသည့္အေျခအေနအား ေက်ာ္လြန္သြားေတာ့၏။

ထို႔ေနာက္ အခ်ိန္က်လာၿပီမို႔ သူတို႔ထြက္ခြာရန္ျပင္လိုက္ၾကေတာ့သည္။

__________________________________________________________________________________

ေကတုသတီေဟာ္နန္း…

ေဟာ္နန္းအတြင္း အပ်ိဳေတာ္မ်ားႏွင့္အေစခံမ်ားအားလုံး အသီးသီးအလုပ္ရႈပ္ေနၾကသည္။ ေဟာ္နန္း၏ ဝန္းတစ္ခုလုံး၌ သစ္ခြပန္းတို႔ကအေရာင္စုံစြာလွပလြန္းေနၾကသည္။ ႏွင္းဆီပန္းတို႔သည္လည္း ႏွင္းစက္တို႔ၾကားပြင့္လန္းေနၾကသည္မို႔ ပတ္ဝန္းက်င္တစ္ခြင္လုံး ပန္းရနံ႔တို႔ျဖင့္ ထုံသင္းေနၾက၏။

ဇန္နဝါရီလျဖစ္သည့္အားေလ်ာ္စြာ ဝန္းအတြင္းရွိ ခ်ယ္ရီပင္မ်ားအားလုံး အစြမ္းကုန္ဖူးပြင့္ေဝဆာေနၾကသည္မို႔ ယေန႔တြင္ ေရာက္ေနၿပီျဖစ္သည့္ ဧည့္သည္ေတာ္ေလးမ်ားအား အၿပိဳင္အဆိုင္ႀကိဳဆိုေနၾကသေယာင္။

ဧည့္သည္ေတာ္ေလးႏွစ္ေယာက္သည္ မနက္ ၅နာရီအခ်ိန္ေလာက္တြင္ အိပ္လ်က္သားေလးေရာက္ရွိလာခဲ့သည္မို႔ ေဟာ္နန္းအတြင္းရွိလူမ်ားအားလုံး တိတ္ဆိတ္စြာပင္ ပ်ာယာခတ္ခဲ့ၾကရပါသည္။

မဟာေဒဝီကိုယ္တိုင္ထြက္ၾကည့္သည္မို႔ အထူးဧည့္သည္ေတာ္ေလးေတြမွန္း အားလုံးရိပ္မိလိုက္ၾက၏။ ၆နာရီခြဲေလာက္တြင္ေတာ့ စဝ္ေခါင္တို႔ေမာင္ႏွံႏွင့္နန္းဝတီတို႔ေမာင္ႏွံပါေရာက္လာၾကၿပီး စီစဥ္စရာရွိသည္မ်ားအား ၫႊန္ၾကားသြားၾကသည္မို႔ အားလုံး လုပ္စရာရွိသည္မ်ားအား အမွားအယြင္းမရွိေလေအာင္ ဂ႐ုတစိုက္လုပ္ကိုင္ေနၾကရသည္။

"ဟဲ့ ငါအေစာင့္ေတြဆီကၾကားတာ သခင္ေလးနဲ႔ ၾကင္ယာေတာ္တို႔ ဒီေန႔ေရာက္လာၾကမယ္တဲ့"

"ဟယ္ သခင္ေလးက ၾကင္ယာေတာ္ရွာေတြ႕သြားၿပီလား...ၾကင္ယာေတာ္က ေတာ္ေတာ္ေခ်ာတဲ့ပုံပဲေနာ္...ငါတို႔သခင္ေလးေတာင္ ဈာန္ေလွ်ာရတယ္ဆိုေတာ့"

"ေအး ငါလည္းေတြ႕ခ်င္လို႔႐ူးေတာ့မယ္...ဒါနဲ႔ ေနာက္ၿပီးေလ..."

ထို႔ေနာက္ ထိုအပ်ိဳေတာ္ေလးက ေဘးဘီဝဲယာအား အသာလွည့္လည္ၾကည့္လိုက္ၿပီးေနာက္...

"နင္ဘယ္သူ႔ကိုမွျပန္မေျပာနဲ႔ေနာ္"

"ေအးပါဟ"

"ေအး ဒီမနက္ပါလာတဲ့ကေလးႏွစ္ေယာက္မွာ တစ္ေယာက္က သခင္ေလးနဲ႔ခြၽတ္စြတ္တဲ့"

"ဟာ တကယ္ႀကီးလား...ဒါဆို သခင္ေလးရဲ႕..."

"ဟဲ့ ဟဲ့...အဲ့ေလာက္ထိအေျပာမရဲနဲ႔ေတာ့...ငါလည္းပိုမေျပာရဲေတာ့ဘူး..."

"ဟယ္ တကယ္ပဲ...ငါတို႔သခင္ေလးကလက္သြက္လိုက္တာ"

"ေအး နင္ေတာ့မသိဘူး...ငါေတာ့ ရင္တုန္ေနၿပီ...မဟာေဒဝီက ဘယ္ေလာက္စည္းကမ္းႀကီးလဲဆိုတာ နင္သိသားနဲ႔"

"ေအးေနာ္...မဟာေဒဝီနဲ႔သခင္ေလးျပႆနာျဖစ္ၾကရင္ေတာ့ ေဟာ္နန္းက ၿငိမ္းခ်မ္းမွာမဟုတ္ေတာ့ဘူး...ငါတို႔ေတာ့ ေသမွာပဲ"

"ေအး အဲ့ဒါေျပာတာ...ေတာ္ၿပီ ေတာ္ၿပီ...ငါတို႔လုပ္ႏိုင္သမွ်ကိုပဲ ေသခ်ာလုပ္ၾကတာေပါ့ဟာ"

ထိုအပ်ိဳေတာ္ေလးႏွစ္ေယာက္သည္ စကားဝိုင္းကိုအျမန္ရပ္လိုက္ၾကၿပီးေနာက္ စားဖိုေဆာင္ဆီသို႔ ဦးတည္လိုက္ၾကေတာ့၏။

>>>

ျပင္ပရွိအသံအခ်ိဳ႕ေၾကာင့္ အိပ္ခန္းေဆာင္တစ္ခုအတြင္းရွိ လွပလြန္းေသာမ်က္ဝန္းေလးမ်ား ပြင့္လာၾကသည္။ ထို႔ေနာက္ အခန္းပတ္ပတ္လည္အား အနည္းငယ္ေဝ့ဝိုက္ၾကည့္လိုက္သည္မို႔ ထိုအၾကည့္တို႔ႏွင့္အတူ ယိမ္းကေနၾကသည့္ မ်က္ေတာင္ရွည္တို႔သည္လည္းလွပစြာ။

ၿပီးမွ အေျခအေနကိုသေဘာေပါက္သြားဟန္ရွိၿပီးေနာက္ စိုးရိမ္သြားဟန္ျဖင့္ အၾကည့္တို႔က ေဘးသို႔ေရာက္သြားၿပီးေနာက္တြင္ေတာ့ ေဘးတြင္ လုံးေနသည့္ေစာင္ပုံငယ္ေလးအားျမင္လိုက္ရခ်ိန္တြင္ မ်က္ဝန္းေလးမ်ားသည္ ၿပဳံးရိပ္သန္းသြားေတာ့၏။

လက္ျဖဴျဖဴေလးတစ္ဖက္ျဖင့္ ထိုေစာင္အားဆြဲယူလိုက္ေတာ့...

"အာ ေအးတယ္"

"ထေတာ့ ႏိုႏို"

"ဟင့္အင္း ေအးတယ္လို႔...ေစာင္ျပန္ေပး"

"အခုက အိမ္မွာမဟုတ္ဘူးေလ ႏိုႏို"

ထိုအခါမွ မ်က္ႏွာေလးကိုရႈံ႕တြကာ ေခြေခြေလးေကြးေနရင္း ေစာင္ကိုအတင္းျပန္ဆြဲယူေနေသာ ႏိုႏိုတစ္ေယာက္ မ်က္လုံးအျပဴးသားေလးပြင့္လာေတာ့သည္။

"ဝါး ဝါး ႏိုႏို အခုမွသတိရတယ္ ၾကည့္စမ္း...ဒါဆို အခုေရာက္ေနတဲ့ေနရာက ဟို ေဟာ္နန္းလို႔ေခၚတဲ့ေနရာႀကီးလား"

"အင္း ဟုတ္ေလာက္တယ္"

"ဝါး ဒါဆို အခု ေတာင္ႀကီးကိုေရာက္ၿပီေပါ့... ဒါဆို ဖိုးဖိုးပါပါးရဲ႕ Resortကိုသြားၿပီး တို႔ဖူးေႏြးသြားစားရမယ္... အရင္တစ္ေခါက္လာတုန္းကေကြၽးလိုက္တာရွယ္ပဲ...အျပင္ကဟာေတြနဲ႔ ႏိုႏိုယွဥ္ၿပီးၿပီ... လုံးဝမတူဘဲ ရွယ္တကာ့ရွယ္"

"ႏိုႏို ခုက အေပ်ာ္လာတာမဟုတ္ဘူးေလ"

ဧက,ကသတိေပးလိုက္ေတာ့မွ ႏိုႏိုေတြေတြေလးျဖစ္သြားကာ ခဏၿငိမ္က်သြားသည္။ ၿပီးေနာက္ မ်က္ႏွာေလးက ျပန္ၿပဳံးက်သြားၿပီး...

" အေပ်ာ္လာတာမဟုတ္ေပမယ့္ ေပ်ာ္ေအာင္ေတာ့ဖန္တီးလို႔ရမွာပါ ကိုကိုရ..."

ႏိုႏိုက မ်က္လုံးေလးတစ္ဖက္မွိတ္ကာေျပာလိုက္ၿပီးသည့္ေနာက္...

"ဒါနဲ႔ ကိုကို႔မ်က္ေမွာင္ကို အဲ့လိုႀကီးၾကဳတ္မထားနဲ႔ေလ...ျပန္ျဖည္ ျပန္ျဖည္... တကယ္ပါပဲ အသက္ေလးက ပိစိေလးနဲ႔ အၿမဲမ်က္ေမွာင္ၾကဳတ္ခ်င္ေနတာပဲ"

အလိုမက်သလိုေျပာလည္းေျပာ၊ လက္ေခ်ာင္းတို႔ျဖင့္ မ်က္ခုံးႏွစ္ခုစပ္ၾကားအား အသာဖိႏွိပ္ကာျဖည္လာေတာ့ ဧကလည္းမေနႏိုင္ေတာ့။ မ်က္ေမွာင္ေျပသြားေတာ့မွ ႏိုႏိုက လက္ကိုျပန္႐ုတ္လိုက္ၿပီးေနာက္ လွဲေနရာမွထထိုင္လိုက္ၿပီး...

" ဒယ္ဒီနဲ႔ပါပါး ဒီေန႔လိုက္လာေလာက္တယ္ေနာ္"

"အင္း"

"အင္း အဲ့ေတာ့ ဒယ္ဒီနဲ႔ပါပါးတို႔လာရင္ မ်က္ႏွာမငယ္ရေအာင္လို႔ ႏိုႏိုတို႔ႀကိဳးစားၾကည့္ၾကတာေပါ့"

ညီအစ္ကိုႏွစ္ေယာက္သား တိုင္ပင္ၿပီးသြားသည့္ေနာက္တြင္ေတာ့ အိပ္ရာေပၚမွဆင္းလိုက္ၾကသည္။ ဧက,က အိပ္ရာကိုသိမ္းဖို႔ျပင္ေနသည္မို႔ ႏိုႏိုလည္း အစ္ကိုျဖစ္သူအားကူကာသိမ္းလိုက္ေတာ့ အိပ္ရာေလးက သပ္သပ္ရပ္ရပ္ျဖစ္သြားေတာ့၏။  အခန္းပတ္ပတ္လည္ကို လိုက္လံၾကည့္ရႈလိုက္ၾကၿပီးသည့္ေနာက္ အိပ္ခန္းအျပင္သို႔ထြက္လာလိုက္ၾကၿပီး အျပင္အဆင္တို႔အား ဆက္ၾကည့္လိုက္မိၾက၏။

အခန္းတြင္းအျပင္အဆင္ႏွင့္ပရိေဘာဂတို႔သည္ သူတို႔ျမင္ေနက်ပုံစံမ်ားႏွင့္မတူသည္မို႔ ႏွစ္ေယာက္သား စိတ္ဝင္တစား ၾကည့္ျဖစ္ၾကသည္။ ယြန္းထည္ပစၥည္းမ်ားႏွင့္ပန္းပု႐ုပ္မ်ားကို အမ်ားဆုံးေတြ႕ရသည္မို႔ သူတို႔အတြက္အထူးအဆန္းလိုျဖစ္ေနေတာ့သည္။

ႏွစ္ေယာက္သား မည္သည့္ပစၥည္းမ်ားကိုမွ မတို႔မထိျဖစ္ၾကဘဲ အေပၚယံလိုက္ၾကည့္ျဖစ္ခဲ့ၾကၿပီးေနာက္ အျပင္မွ အသံအခ်ိဳ႕ေၾကာင့္ အျပင္ထြက္ရန္ဆုံးျဖတ္လိုက္ၾက၏။

ႏိုႏိုက တံခါးကိုဆြဲအဖြင့္ ႐ိုက္ခတ္လာေသာ ေလထုေအးစက္စက္ေၾကာင့္...

ဒုန္း!

"အား! ေအးလိုက္တာ"

ႏိုႏိုက မခံရပ္ႏိုင္စြာေအာ္ၿပီး တံခါးကိုအျမန္ျပန္ဆြဲပိတ္လိုက္ၿပီးေနာက္ အိပ္ခန္းထဲေျပးဝင္ကာ ကုတင္ထက္အျမန္ေျပးတက္လိုက္ရင္း တစ္ကိုယ္လုံးကိုေစာင္ျဖင့္ပတ္ၿခဳံလိုက္ေတာ့သည္။

"အား...ေအးလိုက္တာ ကိုကိုေရ...ႏိုႏို မထြက္ႏိုင္ေတာ့ဘူး...ဒီထဲမွာပဲေနေတာ့မယ္"

"....."

ညီျဖစ္သူ၏ပုံစံေၾကာင့္ ဧက၏ ႏႈတ္ခမ္းေထာင့္ေလးမ်ားက အနည္းငယ္ေကာ့တက္သြားၿပီး...

"ႏိုႏိုပဲ ပါပါးနဲ႔ဒယ္ဒီအတြက္ မ်က္ႏွာမငယ္ရေအာင္ႀကိဳးစားမယ္ဆို"

"အဲ့ဒါေလွ်ာက္ေျပာတာ... သူတို႔လားမ်က္ႏွာငယ္မွာ... အား ကိုကိုလာၿပီးဆြယ္မေနနဲ႔... အျပင္မွာအရမ္းေအးတယ္... ၿပီးေတာ့ ႏိုႏိုတို႔အေႏြးထည္ေတြက အထူႀကီးေတြလည္းမဟုတ္ဘူး"

အေအးေၾကာက္သည့္ႏိုႏိုက အျပတ္အသတ္ရစ္ေနေတာ့သည္မို႔ ႏွစ္ေယာက္သား အျပင္ထြက္ဖို႔အေရး အိပ္ခန္းထဲတြင္ အၾကပ္႐ိုက္ေနၾကစဥ္…

ေဒါက္ ေဒါက္...

တံခါးေခါက္သံေၾကာင့္ ညီအစ္ကိုႏွစ္ေယာက္ မ်က္လုံးခ်င္းဆုံသြားၾကသည္။

"ကိုကိုသြားဖြင့္"

"အင္း"

ဧက,က တံခါးႏွင့္နီးသူမို႔ ေျခလွမ္းသုံးလွမ္းေလာက္ေလွ်ာက္အၿပီးတြင္ တံခါးဝသို႔ေရာက္သြားၿပီးေနာက္ ဖြင့္လိုက္ေတာ့...

"ေဟာ ထင္တဲ့အတိုင္း သားတို႔ႏွစ္ေယာက္လုံးႏိုးေနၾကၿပီပဲ"

"....."

"....."

ညီအစ္ကိုႏွစ္ေယာက္လုံး အသံလာရာ အမ်ိဳးသားအားၾကည့္လိုက္မိၾက၏။

"ဟာ ဟိုဦးဦး... ဦးက ဒီကို ဘယ္လိုလုပ္..."

ႏိုႏိုက အံ့ဩတႀကီးေျပာရင္း ေစာင္ကိုေခါင္းၿမီးၿခဳံလ်က္သားႏွင့္ ကုတင္ေပၚမွဆင္းလာသည္မို႔ စဝ္ေခါင္ရယ္လိုက္မိသည္။

"ဘာကို ဘယ္လိုလုပ္လဲ... ဦးတို႔ေတြ႕ခဲ့ၾကတုန္းက ဦးရဲ႕ညီအေၾကာင္းေျပာဖူးတယ္ထင္တယ္ေနာ္"

စဝ္ေခါင္က သတိေပးသလိုေျပာလိုက္ေတာ့မွ ညီအစ္ကိုႏွစ္ေယာက္သား သတိရသြားသလိုအံ့ဩသြားၾကၿပီးေနာက္...

" ဝါး တကယ္ကိုပဲ...ဒါဆို ဟိုတီတီတို႔နဲ႔ဦးဦးေရာ"

ႏိုႏို႔အေမးေၾကာင့္ စဝ္ေခါင္ရယ္လိုက္မိၿပီး...

"ရွိပါ့ဗ်ာ...အခုေတာ့ ႏွစ္ေယာက္လုံး ကိုယ္လက္သန္႔စင္ၿပီးအဝတ္အစားလဲၾက... ၿပီးရင္ လုပ္စရာရွိတာလုပ္ၿပီး Breakfastသြားစားမယ္"

"ကိုယ္လက္သန္႔စင္ရမယ္?"

ႏိုႏိုက မ်က္လုံးအျပဴးသားေလးေျပာၿပီးေနာက္ ေစာင္ၿခဳံလ်က္သားပင္ ကုတင္ထက္ျပန္တက္ေျပးေတာ့သည္။ ၿပီးမွ...

"ဒီရာသီႀကီးမွာ ကိုယ္လက္သန္႔စင္စရာလိုလို႔လား...သားအခု အရမ္းကိုသန္႔စင္ေနတာပါေနာ္"

ႏိုႏိုျဖစ္သြားသည့္ပုံေလးေၾကာင့္ စဝ္ေခါင္ရယ္ခ်လိုက္မိၿပီး...

"ေရေႏြးစပ္ေပးထားပါတယ္ကြာ ဟားဟား"

ေျပာလိုက္ေသာ္လည္း ႏိုႏိုကေခါင္းေလးတခါခါျဖစ္ေနဆဲ။

"ဟင့္အင္း ေရေႏြးနဲ႔ခ်ိဳးၿပီး ေအးလာတာႀကီးက အရမ္းခံစားရခက္တာ မခ်ိဳးဘူး"

ႏိုႏိုက ပါးစပ္ႏွင့္ျငင္း႐ုံတင္မဟုတ္။ ေစာင္ကိုေခါင္းအစေျခအဆုံးလုံသည္အထိ ၿခဳံလိုက္ၿပီးေနာက္ ကုတင္ထက္ျပန္ေခြေနသည္မို႔ စဝ္ေခါင္ဘာေျပာရမွန္းမသိျဖစ္သြားသည္။

ထိုအခါ ဧက,က စဝ္ေခါင္အားၾကည့္လိုက္ၿပီးေနာက္..

"ဦး ျပင္ဆင္စရာရွိတာ ျပင္ဆင္ထားေပးပါ"

ထိုစကားအဆုံး စဝ္ေခါင္ကေခါင္းညိတ္ၿပီး အိပ္ေဆာင္အျပင္သို႔ျပန္ထြက္သြားသည္။ ဧကလည္း ေနာက္မွလိုက္ၾကည့္လိုက္မိ၏။

"ဝင္လာခဲ့ၾက"

စဝ္ေခါင္၏စကားအဆုံး သူတို႔ရွိရာအေဆာင္အတြင္းသို႔ အမ်ိဳးသမီး ၅ေယာက္ လင္ဗန္းကိုယ္စီႏွင့္ဝင္လာၾကၿပီး ေရခ်ိဳးေဆာင္ထဲသို႔ဝင္သြားၾကသည္။

စဝ္ေခါင္တစ္ေယာက္ ေနာက္မွ ေနာင့္စိုင္းအေသးစားေလးအားလွည့္ၾကည့္ကာ ၿပဳံးလိုက္မိၿပီး...

"ထိုင္ေစာင့္ၾကမလား"

ႏွစ္ေယာက္သား ဧည့္ေဆာင္အတြင္းရွိ ခုံမ်ားတြင္ ဝင္ထိုင္လိုက္ၾကသည္။ သူတိတ္ဆိတ္ေနသ၍ တိတ္ဆိတ္ေနမည္ျဖစ္ေသာ ကေလးငယ္သည္ ေနာင့္စိုင္း၏ ေသြးစစ္ေၾကာင္း သက္ေသျပေနသလိုပင္။ သို႔ေသာ္ စဝ္ေခါင္တစ္ေယာက္ ယခုထက္တိုင္ေခါင္းရႈပ္ေနဆဲ။

ဘာလို႔ ေနာင့္စိုင္းသားက ေဘးႏိုရာဟူသည့္အမ်ိဳးသားထံတြင္ေရာက္ေနသည္လဲ...

ဤေမးခြန္းအား ဒီရက္ေတြအတြင္း သူ႔စိတ္ထဲမွအႀကိမ္ႀကိမ္ေမးေနမိသည္။ ကေလးႏွစ္ေယာက္အားယွဥ္ၾကည့္လွ်င္ မည္သူက မည္သူႏွင့္သက္ဆိုင္သည္ဆိုသည္မွာ သိသာလြန္းစြာ။ သို႔ေသာ္လည္း သူနားမလည္ႏိုင္သည္က ဘာလို႔ ကေလးႏွစ္ေယာက္လုံး ေဘးႏိုရာဆီသို႔ ေရာက္ေနသည္လဲဆိုတာကိုပင္။

စဝ္ေခါင္ စိတ္ထဲပေဟဠိမ်ားစြာျဖင့္ ေရွ႕မွ ကေလးအားၾကည့္လိုက္မိ၏။

" သားကို ဦး ေမးစရာရွိလို႔"

"....."

ေျပာလိုက္ေတာ့ ႏႈတ္ဆိတ္စြာပင္ မ်က္လႊာပင့္ၾကည့္လာပုံက တစ္ေယာက္ေသာသူႏွင့္တစ္ပုံစံတည္း။ စဝ္ေခါင္ ၿပဳံးလိုက္မိၿပီးေနာက္...

" ဦး အေျခအေနအားလုံးကို သေဘာမေပါက္ေသးေပမဲ့ ေနာင့္စိုင္းကို သားတို႔က ဒယ္ဒီဆိုၿပီးေခၚၾကတယ္ဆိုလို႔ေလ... ဘယ္ကဘယ္လိုဆုံၿပီး ေခၚျဖစ္ၾကတာလဲ"

သူမေနႏိုင္စြာထုတ္ေမးလိုက္မိျခင္း။ ဒီကေလးေတြႏွင့္ပတ္သက္သည္မ်ားအားလုံးကို သူေတာ္ေတာ္မ်ားမ်ားသိၿပီး ျဖစ္ပါ၏။ အဘြားေတာ္ေျပာသလို ကေလး၏ မိခင္အားေခၚလာဖို႔ဟူသည္မွာ လုံးဝမျဖစ္ႏိုင္။ အဓိကအားျဖင့္ ဤကေလးေတြႏွင့္ တိုက္႐ိုက္သက္ဆိုင္ေနသူက ေဘးႏိုရာပင္။

ထိုမွ်မကေသး ထိုအမ်ိဳးသားႏွင့္လည္း ေနာင့္စိုင္းကအတူရွိေနခဲ့ကာ ကေလးေတြကို အတူအုပ္ထိန္းေနၾကသည္ဟုၾကားရသည့္အခ်ိန္တြင္ သူဘယ္လိုမွနားမလည္ႏိုင္ေတာ့။

မည္သည့္ေနရာမွစ၍ မွားယြင္းသြားသည္လဲ သူမသိေသာ္ျငား ေနာင့္စိုင္းကို သူယုံပါသည္။ ေနာင့္စိုင္းတြင္ ခိုင္လုံသည့္အေျဖရွိရမည္ဟူေသာ ယုံၾကည္ခ်က္ျဖင့္ သူေအာင့္အီးကာေစာင့္ေနခဲ့ပါေသာ္လည္း ကေလးေတြကိုျမင္လိုက္ရသည့္အခ်ိန္တြင္ေတာ့ သူမေနႏိုင္စြာေမးလိုက္မိ၏။ ေမးလိုက္ေသာ္လည္း တစ္ဖက္မွႏႈတ္ဆိတ္ကာၿငိမ္ေနဆဲမို႔...

"ထားလိုက္ေတာ့... ဦး စိတ္ေလာ..."

သူ႔စကားပင္မဆုံးေသး၊ အိပ္ခန္းေဆာင္တံခါးပြင့္လာၿပီးေနာက္...

"အဲ့ေမးခြန္း ႏိုႏိုေျဖေပးမယ္...အဲ့ကိစၥက သားကစတာ...သားပဲေျဖေနက်ဆိုေတာ့ သားပဲေျဖေပးမယ္"

ႏိုႏိုက ေစာင္ေခါင္းၿမီးၿခဳံကာ တစ္ကိုယ္လုံးကိုပတ္ထားၿပီး သူတို႔ထိုင္ေနသည့္ေနရာသို႔ လႈပ္လႈပ္ လႈပ္လႈပ္ႏွင့္ ေလွ်ာက္လာၿပီးေနာက္ သူ႔အစ္ကိုထိုင္ေနသည့္ေဘးတြင္ဝင္ထိုင္လိုက္ၿပီးမွ ျပန္ေျဖလာ၏။

"ဒယ္ဒီက ေခ်ာလို႔ေလ...ေခ်ာလြန္းေတာ့ ေတြ႕ေတြ႕ခ်င္းႏိုႏိုျဖင့္ေငးသြားရတာ...အဲ့ခ်ိန္ သူမ်ားေတြေငးေနတာျမင္ေတာ့ မနာလိုလို႔ အဲ့လိုေခၚခ်ၿပီး ေျပးဖက္လိုက္တာ ဟီး"

ႏိုႏိုက သူ႔ဘာသာေျပာၿပီး သေဘာက်စြာရယ္လိုက္ေတာ့ စဝ္ေခါင္မွာ အေၾကာင္သားျဖစ္သြားေတာ့သည္။

"အင္း သားက အဲ့လိုေခၚလိုက္တာကို ေနာင့္စိုင္းက ဘာမွမေျပာဘူးလား"

"ဟီး သားလည္းအရမ္းအံ့ဩသြားတာ...ဒါေပမဲ့ ဒယ္ဒီကဘာမွမေျပာဘူး... သားကိုခ်ီလို႔ေျပာေတာ့လည္း ခ်ီတာပဲ...ၿပီးမွ ပါပါးနဲ႔ဒယ္ဒီဆုံၾကၿပီး အသိေတြမွန္းသိတာ... အဲ့ဒါနဲ႔ ႏိုႏိုက ဒယ္ဒီ့ကို ဒယ္ဒီအျဖစ္ အၿပီးတိုင္ေမြးစားလိုက္တယ္"

"....."

စကားအဆုံး စဝ္ေခါင္ျဖစ္သြားသည့္ပုံစံအားၾကည့္ကာ ႏိုႏိုရယ္လိုက္ၿပီး...

" အဟမ္း သားက ေခ်ာတိုင္း အေဖလိုက္ေတာ္တာမဟုတ္ဘူးေနာ္... သားတို႔ေဘးက ဦးဦးေတြအားလုံးက ေခ်ာေခ်ာေလးေတြခ်ည္း...ဒါေပမဲ့ ဒယ္ဒီ့ကိုက် ျမင္လိုက္တာနဲ႔ သားသမီးေမတၱာေပၚလာသလိုမ်ိဳးေလ"

"....."

" ဒီဦးဦးက ငါ့ဒယ္ဒီျဖစ္ရမယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးဝင္လာတာ... ေနာက္ၿပီး ဒယ္ဒီ့ကိုဖက္လိုက္တဲ့အခ်ိန္မွာ ပိုေသခ်ာသြားတယ္... ပါပါးအရမ္းႀကိဳက္တဲ့ ကံ့ေကာ္ပန္းနံ႔ေလးက ဒယ္ဒီ့ကိုယ္မွာအၿမဲရွိတယ္ေလ... ၿပီးေတာ့ ဒယ္ဒီက ကိုကိုနဲ႔အရမ္းတူတာ... အဲ့ေလာက္အထိ အခ်က္ေတြျပည့္စုံေနမွေတာ့ သားကမလိုခ်င္ပဲေနမလား... ေနာက္ၿပီးေလ ဒယ္ဒီက သားတို႔အားလုံးကိုအရမ္းဂ႐ုစိုက္တယ္...ပါပါးကိုလည္း အရမ္းဂ႐ုစိုက္တယ္...ပါပါးအိပ္ေနရင္ေတာင္ ေပြ႕ခ်ီသြားတာ"

" ေပြ႕ခ်ီသြားတယ္?"

ၾကားလိုက္ရသည့္စကားတို႔ေၾကာင့္ စဝ္ေခါင္တစ္ေယာက္ ေတာင့္ေတာင့္ႀကီးျဖစ္သြားကာ ၾကက္ေသ,ေသေနေတာ့သည္။

ထိုစဥ္ ေရခ်ိဳးေဆာင္ထဲမွ အမ်ိဳးသမီးမ်ားျပန္ထြက္လာၾကၿပီးေနာက္ အေဆာင္ျပင္သို႔ထြက္သြားၾကေတာ့၏။

ထိုအခါမွ စဝ္ေခါင္အသိျပန္ဝင္လာၿပီးေနာက္ ကေလးႏွစ္ေယာက္အားၾကည့္လိုက္ၿပီး...

"ကဲ ႏွစ္ေယာက္လုံး ကိုယ္လက္သန္႔စင္ဖို႔လုပ္ၾကေတာ့... ဦး ဒီမွာပဲ ေစာင့္ေနမယ္...အဝတ္အစားေတြကို သားတို႔ခ်ည္းပဲ ဝတ္တတ္ဦးမွာမဟုတ္ဘူး"

ထိုစကားအဆုံးတြင္ေတာ့ ႏိုႏိုက ေစာင္ထဲသို႔ပို၍ပုဝင္သြားၿပီး အသံပင္ထြက္မလာေတာ့။ ထို႔ေနာက္မွ မ်က္ႏွာေလးျပန္ေဖာ္လာၿပီး...

"ဦးဦး ဖုန္းပါလား...ခဏေပးပါလား...Lockဖြင့္ေပးေနာ္"

ေတာင္းဆိုလာသည္မို႔ စဝ္ေခါင္ဘာမွျပန္မေမးေတာ့ပဲ ဖုန္းကိုထုတ္ကာ Lock ျဖည္လိုက္ၿပီး ကမ္းေပးလိုက္ေတာ့ ႏိုႏိုက ေစာင္ထဲမွလက္ကိုခက္ခက္ခဲခဲထုတ္ကာယူလိုက္ၿပီးေနာက္ ဖုန္းစခရင္ထက္ လက္ေခ်ာင္းတို႔ျဖင့္လိုက္လံေ႐ႊ႕ၾကည့္အၿပီး....

" ဝါး 8°Cတဲ့လား... ေတာင္ႀကီးမွာ ဒီအခ်ိန္ဒီလိုပဲေအးေနက်လား...အား အရမ္းေအးသြားၿပီ... ပိုေအးသြားၿပီ...ေရမခ်ိဳးႏိုင္ေတာ့ဘူး"

ႏိုႏိုက သူ႔ဘာသာေျပာ၊ သူ႔ဘာသာဆုံးျဖတ္ၿပီးေနာက္ စဝ္ေခါင္အား ဖုန္းကိုအျမန္ျပန္ေပးလိုက္ၿပီး အိပ္ခန္းေဆာင္ထဲ ျပန္ေျပးဝင္သြားေတာ့၏။ ဧကလည္း ညီျဖစ္သူေနာက္ လိုက္သြားလိုက္ရသည္။

"ႏိုႏို မဆိုးနဲ႔ေတာ့"

"ကိုကိုကလည္း"

"ထေတာ့"

ဧက,ကေျပာလည္းေျပာ၊ ေစာင္ပုံေလးအားလည္းဆြဲထူလိုက္ေတာ့ ႏိုႏိုက မထခ်င္ထခ်င္ျဖင့္ထလာသည္။

"ေနဦး ကိုကို...ႏိုႏို ေသြးပူေအာင္အရင္လုပ္ဦးမယ္"

ေျပာၿပီးေနာက္တြင္ သူ႔ခႏၶာကိုယ္ထက္ ၿခဳံထားသည့္ေစာင္အား အစ္ကိုျဖစ္သူ၏လက္တြင္းသို႔ပုံေပးလိုက္ကာ နန္းေဆာင္အတြင္း ရသေလာက္ပတ္ေျပးေတာ့၏။ စဝ္ေခါင္က မေနႏိုင္စြာျဖင့္ 'ဝန္းထဲဆင္းေျပးမလား'ဟုေျပာလိုက္ေတာ့ 'သားကိုပဲ သတ္လိုက္ေတာ့'ဟူ၍ အေမာတႀကီးေလသံေလးျဖင့္ျပန္ေျပာလာသည့္ ႏိုႏို။

ေလ့က်င့္ခန္းလုပ္ၿပီးၾကသည့္ေနာက္တြင္ေတာ့ ညီအစ္ကိုႏွစ္ေယာက္သား ေရခ်ိဳးခန္းထဲသို႔ဝင္သြားၾကေတာ့သည္။

၁၅မိနစ္ေလာက္အၾကာတြင္ Bath robeကိုယ္စီျဖင့္ ျပန္ထြက္လာၾကသည္မို႔ စဝ္ေခါင္ၿပဳံးလိုက္မိၿပီး ႏိုႏို႔အား ၾကည့္လိုက္ကာ...

"ေအးေသးလား"

"ေအးေသးတာေပါ့ သားေတာင့္ခံထားတာ...ကိုကို တကယ္ေအးတယ္ေနာ္"

"အင္း"

ထိုအခါ စဝ္ေခါင္ရယ္လိုက္မိၿပီး...

"ဟုတ္ပါၿပီဗ်ာ...ကဲ အခု ဝတ္စုံဝတ္ေပးမလို႔...ေရကိုေသခ်ာစင္ေအာင္သုတ္လိုက္ၾကဦး"

ကေလးႏွစ္ေယာက္ ေရသုတ္ၿပီး အတြင္းဝတ္မ်ားလဲၿပီးသည့္ေနာက္တြင္ေတာ့…

"ဦး တစ္ေယာက္ကိုေသခ်ာဝတ္ေပးၿပီး သင္ေပးမယ္...ေနာက္တစ္ေယာက္က ကိုယ့္ဘာသာလိုက္ဝတ္ၾကည့္... ဘယ္သူ႔ကိုဝတ္ေပးရမလဲ"

"ႏိုႏို႔ကိုပဲဝတ္ေပးလိုက္ပါ"

တစ္ခ်ိန္လုံးၿငိမ္ေနသည့္ ဧကေလးထံမွ အသံထြက္လာသည္မို႔ စဝ္ေခါင္ၿပဳံးလိုက္မိသည္။

ဒီညီအစ္ကိုႏွစ္ေယာက္ကေတာ့ကြာ...

စဝ္ေခါင္က ရွမ္းဝတ္စုံဝတ္နည္းအား တစ္ဆင့္ခ်င္းေျပာျပသြားကာ ေသခ်ာဝတ္ဆင္ေပးလိုက္ေတာ့ အသစ္အဆန္းလုပ္ရသည္ကိုေပ်ာ္တတ္ေသာ ႏိုႏိုတစ္ေယာက္ မ်က္ႏွာေလးက ၾကည္လင္ကာၿပဳံးေနၿပီး အစ္ကိုျဖစ္သူ ဝတ္ဆင္ေနသည့္ပုံစံအားလည္း သေဘာက်စြာလိုက္ၾကည့္ေနေသး၏။

ေဆာင္းရာသီတြင္ဝတ္ဆင္ရသည့္ဝတ္စုံမို႔ အတြင္းပိုင္းတို႔၌အေႏြးဓာတ္ရေအာင္ ဖန္တီးခ်ဳပ္လုပ္ထားေသာေၾကာင့္ ဝတ္လိုက္သည္ႏွင့္ေႏြးသြားသည္မို႔ အေအးဓာတ္ကိုသိပ္မခံစားရေတာ့။

အဝတ္အစားတို႔ကို ဝတ္ဆင္ၾကၿပီးေနာက္ ပဝါစကိုခါးတြင္စည္းကာ ေနာက္ဆုံး ေခါင္းေပါင္းေပါင္းသည့္အခ်ိန္တြင္ေတာ့ ဧကသိပ္မလုပ္တတ္ျဖစ္သြားသည္မို႔ စဝ္ေခါင္ပင္ ေပါင္းေပးလိုက္ရသည္။ ထို႔ေနာက္ ညီအစ္ကိုႏွစ္ေယာက္၏ပုံစံေလးကိုၾကည့္ကာ အသည္းယားသြားေတာ့၏။

'ခ်စ္ဖို႔ေကာင္းလိုက္ၾကတာ'ဟူ၍ စိတ္တြင္းမွအခါခါ႐ြတ္ေနမိကာ သေဘာက်စြာၾကည့္ေနမိစဥ္…

"ႏိုႏိုဗိုက္ဆာလာၿပီ"

ႏိုႏို႔ဗိုက္ကေတာ့ အခ်ိန္မွန္ပါသည္။ မနက္တိုင္း သူအိပ္ရာႏိုးၿပီး ကိုယ္လက္သန္႔စင္ကာ အဝတ္အစားတို႔လဲလွယ္ၿပီးတိုင္း ဗိုက္ဆာလာတတ္သည္။ ႏိုႏို႔တြင္ သည္းမခံႏိုင္သည့္ကိစၥက ဗိုက္ဆာျခင္းပင္။ ယင္းႏွင့္ပတ္သက္၍ မည္သူ႔ေရွ႕တြင္မွမေရွာင္ ေျပာရဲေလသည္။

ထို႔ေၾကာင့္ စဝ္ေခါင္အၾကပ္႐ိုက္သြားရေတာ့၏။ အစဥ္အလာအရ အဘြားေတာ္ကိုအရင္ႏႈတ္ဆက္ၿပီးမွ က်န္သည္မ်ားကိုဆက္လုပ္ရမည္မို႔...

"ကဲ ဗိုက္ဆာရင္လည္း ဦးနဲ႔အရင္လိုက္ခဲ့ၾက... အဘြားေတာ္ကိုအရင္ႏႈတ္ဆက္ၿပီးမွ စားလို႔ရမယ္...ဒါက သားတို႔ဒယ္ဒီပါ မေသြမတိမ္းလိုက္နာရတဲ့အစဥ္အလာမို႔ ဦးကိုနားလည္ေပးၾကမယ္မလား"

"ဟုတ္"

"ဟုတ္"

ထို႔ေနာက္တြင္ေတာ့ စဝ္ေခါင္ဦးေဆာင္ေခၚသြားသည့္အတိုင္း ႏွစ္ေယာက္သား ေနာက္မွလိုက္သြားၾကေတာ့သည္။

ဝန္းတစ္ခုလုံးတြင္သြားလာေနၾကသူမ်ားအားလုံးသည္ သူတို႔အားျမင္သည္ႏွင့္ ဂါရဝျပဳလာၾက၏။ ကေလးႏွစ္ေယာက္ အေနခက္သြားမည္လားဟူသည့္အေတြးျဖင့္ စဝ္ေခါင္လွည့္ၾကည့္လိုက္မိေသာ္ျငား အထက္တန္းလႊာသူေဌးသားေလးမ်ားအဖို႔ ဤသည္က သိပ္ထူးဆန္းပုံမေပၚ။

ဧကႏွင့္ႏိုႏိုတို႔ ေရွးေဟာင္းအေငြ႕အသက္တို႔ ကိန္းေအာင္းေနေသာ ပတ္ဝန္းက်င္၏ ခမ္းနားလွပမႈအား သေဘာက်စြာလိုက္ၾကည့္မိၾကသည္။ ခ်ယ္ရီပင္အျမင့္ႀကီးမ်ားမွ ေလတိုက္တိုင္း ပြင့္ခ်ပ္တို႔ေႂကြက်ေနသည့္ပုံစံမွာရႈမၿငီးဖြယ္ပင္။

ထို႔ျပင္ သစ္ခြပန္းေရာင္စုံတို႔ႏွင့္ႏွင္းဆီပန္းတို႔ပြင့္လန္းေနၾကပုံမွာလည္း မ်က္စိမလႊဲခ်င္စရာ။ နံနက္ခင္း၏ လတ္ဆတ္ေသာေလထုထဲတြင္ ပန္းရနံ႔တို႔ကိန္းေအာင္းေနသည္မို႔ သူတို႔၏စိတ္အစဥ္သည္ အလုံးစုံလန္းဆန္းသြားေတာ့၏။

လမ္းတစ္ေလွ်ာက္လုံးတြင္ ဂါရဝျပဳၾကသူမ်ားႏွင့္ သူ႔တို႔အားလိုက္လံေငးၾကည့္ေနသူမ်ားကအမ်ားအျပား။

နန္းေဆာင္ႀကီးတစ္ခုေရွ႕အေရာက္ စဝ္ေခါင္၏ ေျခလွမ္းတို႔က ရပ္သြားၿပီး ေနာက္သို႔လွည့္ၾကည့္လိုက္သည္။ ထိုအခါ ကေလးႏွစ္ေယာက္၏ ေျခလွမ္းတို႔သည္လည္းတုံ႔သြားၾကေတာ့၏။

"သားတို႔ အထဲေရာက္ရင္ ဦးေျပာသလိုလိုက္ေျပာၿပီး ဦးဂါရဝျပဳသလိုလိုက္ျပဳၿပီး ႏႈတ္ဆက္ရမယ္ေနာ္"

"ဟုတ္"

"ဟုတ္"

နန္းေဆာင္အတြင္းသို႔ ဦးတည္လိုက္ၾကၿပီးေနာက္ အပ်ိဳေတာ္တို႔ဖြင့္ေပးလာသည့္တံခါးခ်ပ္တို႔အား အဆင့္ဆင့္ျဖတ္ေက်ာ္အၿပီးတြင္ေတာ့ သူတို႔ကိုျမင္ေသာ္လည္း ခ်က္ခ်င္းဖြင့္မေပးသည့္ တံခါးဝဆီသို႔ေရာက္လာၾကေတာ့သည္။ ထို႔ေနာက္ စဝ္ေခါင္က ေရွ႕တြင္ရပ္ေနသည့္အပ်ိဳေတာ္ေလးႏွစ္ေယာက္အား ေခါင္းညိတ္ျပလိုက္ေတာ့ တစ္ေယာက္က နန္းေဆာင္အတြင္းသို႔ဝင္သြားၿပီးေနာက္ မၾကာခင္ျပန္ထြက္လာၿပီး...

"မဟာေဒဝီက ခြင့္ျပဳေပးလိုက္ပါတယ္...ဝင္လို႔ရပါၿပီရွင့္"

ေျပာၿပီးေနာက္ တံခါးကိုဖြင့္ေပးလာသည္မို႔ စဝ္ေခါင္က ေရွ႕မွဦးေဆာင္ကာ ဝင္သြားလိုက္သည္။ ဧကႏွင့္ႏိုႏိုသည္လည္း ေနာက္မွလိုက္ၿပီး ဝင္သြားလိုက္ၾက၏။

"အဘြားေတာ္ကို ႏႈတ္ဆက္ပါတယ္"

အတြင္းကိုေရာက္သည္ႏွင့္ စဝ္ေခါင္က ေျပာကာ ဂါရဝျပဳလိုက္အၿပီးတြင္...

"အဘြားေတာ္ကို ႏႈတ္ဆက္ပါတယ္"

"အဘြားေတာ္ကို ႏႈတ္ဆက္ပါတယ္"

အသံၾကည္ၾကည္ေလးႏွစ္ခုသည္ဆက္တိုက္ေပၚထြက္လာၿပီးေနာက္ စဝ္ေခါင္ဂါရဝျပဳသည့္နည္းအတိုင္း တစ္ေသြမတိမ္းဂါရဝျပဳလိုက္ၾကသည္။

"ထိုင္ၾကေတာ့"

အမ်ိဳးသမီးႀကီးတစ္ဦး၏ ဩဇာပါသည့္အသံသည္ ထြက္ေပၚလာၿပီးေနာက္ စဝ္ေခါင္သည္ေနရာတြင္ဝင္ထိုင္လိုက္ၿပီး ကေလးႏွစ္ေယာက္အား ေနရာျပလိုက္ေတာ့ ႏွစ္ေယာက္သား ေနရာတြင္ပုံစံတက်ဝင္ထိုင္လိုက္ၾက၏။

ထိုစဥ္ အခန္းအျပင္မွအပ်ိဳေတာ္တစ္ေယာက္ဝင္လာၿပီး...

"သခင္မေလးတို႔ေမာင္ႏွံနဲ႔ စဝ္ေခါင္ရဲ႕ၾကင္ယာေတာ္ေရာက္လာပါၿပီ မဟာေဒဝီဘုရား..."

"ဝင္လာခိုင္းလိုက္"

အပ်ိဳေတာ္ေလးျပန္ထြက္သြားၿပီးေနာက္ နန္းဝတီတို႔ေမာင္ႏွံႏွင့္ နန္းဆိုင္ခမ္းၾကာတို႔ဝင္လာၾကၿပီး အဘြားေတာ္အားႏႈတ္ဆက္ကာ ေနရာတြင္ ဝင္ထိုင္လိုက္ၾက၏။ နန္းဝတီကေတာ့ ႏိုႏို႔ကိုျမင္သည္ႏွင့္ ေပ်ာ္သြားသည့္ပုံစံေလးျဖစ္သြားကာ ၿပဳံးျပလိုက္သည္မို႔ ႏိုႏိုလည္း ျပန္ၿပဳံးျပလိုက္သည္။

ထို႔ေနာက္ ေဘးမွစဝ္ေဆးႏွင့္ စဝ္ေခါင္ေဘးတြင္ဝင္ထိုင္ေနသည့္ နန္းဆိုင္ခမ္းၾကာကိုပါ ႏိုႏိုက မ်က္ႏွာခ်ိဳခ်ိဳေလးျဖင့္ၿပဳံးျပလိုက္ေတာ့ လူႀကီးမ်ားသည္လည္း မေနႏိုင္ေတာ့ဘဲ ျပန္ၿပဳံးျပလိုက္ၾကသည္။

မဟာေဒဝီသည္ အၿပဳံးအားလုံး၏ ျဖစ္တည္ရာေလးအား ၾကည့္လိုက္မိသည္။ ကေလးႏွစ္ေယာက္ကို ၾကည့္႐ုံျဖင့္ခြဲျခားလိုက္ႏိုင္ေသာ္လည္း မ်က္ႏွာခ်ိဳေလးႏွင့္ကေလးကို ၾကည့္လိုက္မိေတာ့လည္း ေသြးသားရင္းလိုပင္ခံစားလိုက္ရသည္မို႔ သူမ၏အေတြးတို႔ အနည္းငယ္ေရာေထြးခ်င္သြားသည္။ ေဘးတြင္ ဆိတ္ဆိတ္ေနသည့္ကေလးငယ္ေလးအား ၾကည့္လိုက္မိေတာ့ တစ္ေယာက္ေသာသူ၏ငယ္ဘဝအား ျပန္ျမင္လိုက္ရသလို ခံစားမိေစသည္မို႔ သူမရင္ထဲ ေသြးသားတို႔ကဆူပြက္လာသေယာင္။

ဆက္ခံသူ ျမစ္အရင္းဟူသည့္အသိက သူမကိုယ္ထဲရွိနန္းေသြးတို႔အားထႂကြလာေစၿပီး ေဟာ္နန္းသည္ အနာဂတ္တြင္လည္း ပို၍ၾကာရွည္စြာ တည္ၿမဲေတာ့မည္ဟူသည့္ အသိအား ကိန္းေအာင္းလာေစသည္မို႔ စိတ္တို႔က ပို၍လန္းဆန္းလာ၏။

သို႔ေသာ္ ေဘးမွကေလးငယ္ေလးအားလည္း လွစ္လ်ဴမရႈႏိုင္စြာၾကည့္လိုက္မိေတာ့ မ်က္ဝန္းႏွစ္စုံသည္ ထိပ္တိုက္ဆုံသြားေတာ့သည္။

ထိုအခါ မ်က္ႏွာခ်ိဳစြာျဖင့္ၿပဳံးျပလာသည့္ ကေလးေလး။ ႐ုတ္တရက္မို႔ သူမမည္သို႔ျပန္တုံ႔ျပန္ရမွန္းမသိျဖစ္ေနစဥ္…

" ဘြားဘြားႀကီးက အရမ္းက်က္သေရရွိတာပဲ"

အသံၾကည္ၾကည္ေလးသည္ နားစည္သို႔႐ိုက္ခတ္လာၿပီးေနာက္ ႏွလုံးသားဆီသို႔ေႏြးေထြးစြာ။

လူႀကီးမ်ားအားလုံး ဆြံ႕အစြာျဖင့္ ႏိုႏို႔အားၾကည့္လိုက္မိၾကေပမဲ့ ႏိုႏိုကေတာ့သက္ေတာင့္သက္သာပင္။

မဟာေဒဝီသည္လည္း ရင္ထဲမွခံစားခ်က္မ်ိဳးစုံတို႔အား မ်က္ႏွာထက္မေပၚေအာင္ ထိန္းထားရသည္။ သူမရွင္သန္ေနထိုင္ခဲ့သည့္သက္တမ္းတစ္ေလွ်ာက္ သူမအား မည္သူမွဤသို႔ေျပာမလာခဲ့ဖူး။ သမီးအရင္းႏွင့္ေျမးအရင္းေတြေတာင္မွ သူမအား ေျပာမလာခဲ့ဖူး။ ထို႔ေၾကာင့္ ဤကေလးထံမွ ထိုကဲ့သို႔ ပထမဆုံးၾကားရသည့္အခ်ိန္တြင္ မည္သို႔တုံ႔ျပန္ရမည္မွန္းမသိေတာ့။

ႏိုႏိုတစ္ေယာက္ သူတို႔အားလုံးျဖစ္သြားၾကသည့္ပုံစံအား အံ့ဩစြာၾကည့္လိုက္ၿပီးေနာက္ သူ႔အစ္ကိုဘက္လွည့္ကာ...

"ကိုကို ႏိုႏိုမွားေျပာလိုက္မိတာလား...ဘြားဘြားႀကီးကို က်က္သေရရွိတယ္လို႔ေျပာမိတာ ႏိုႏိုမွားသြားလို႔လားဟင္"

"ႏိုႏိုမွန္တယ္"

အစ္ကိုျဖစ္သူထံမွ ေထာက္ခံခ်က္ၾကားရေတာ့မွ ႏိုႏိုက စိတ္ခ်သလိုေလး သက္ျပင္းခ်လိုက္ၿပီးေနာက္...

"ေတာ္ေသးတာေပါ့...ကိုကိုက ႏိုႏိုမွန္တယ္လို႔ေျပာလာလို႔... မဟုတ္ရင္ သားက ကိုယ့္ကိုယ္ကိုယ္အမွားလုပ္မိၿပီးလားလို႔ပါ ေတြးမိေတာ့မွာ... ဘာလို႔လဲဟင္... ဘြားဘြားႀကီးက က်က္သေရအရမ္းရွိလို႔ ႏိုႏိုက ေျပာမိတာပါ..."

"....."

" ဒါက သားဘဝမွာ အလွအပ၊အေခ်ာအလွေတြကိုမႀကဳံဖူးလို႔ေျပာတာမဟုတ္ဘူးေနာ္...သားတို႔ပတ္ဝန္းက်င္မွာ အေခ်ာအလွေတြအမ်ားႀကီးရွိတယ္...သားမွာလည္း ဖြားဖြားေတြနဲ႔ ဘြားဘြားႀကီးေတြရွိေသးတယ္...အားလုံးက ေခ်ာၾကတယ္...ေအးခ်မ္းၿပီးလွတာေတြလည္းရွိတယ္...ဒါေပမယ့္ ဘြားဘြားႀကီးက်မတူဘူး... ၾကည့္လိုက္တာနဲ႔ကို က်က္သေရရွိေနတာ...အဲ့ဒါေၾကာင့္ေျပာတာပါ"

"....."

ရွင္းျပလိုက္ေသာ္လည္း အသံတို႔က တိတ္ဆိတ္ေနဆဲမို႔ ႏိုႏိုသက္ျပင္းခ်လိုက္မိသည္။ သို႔ေသာ္ လက္မေလွ်ာ့စြာျဖင့္ သူ႔အားေငးစိုက္ၾကည့္ေနသည့္ မဟာေဒဝီအားေမာ့ၾကည့္ကာ မ်က္ဝန္းေလးမ်ား လျခမ္းေကြးေလးေတြလိုျဖစ္သည္အထိ ထပ္မံၿပဳံးျပလိုက္မိရင္း...

" ဘြားဘြားႀကီး ဗိုက္မဆာဘူးလားဟင္"

"....."

"ႏိုႏိုေလး!"

စဝ္ေခါင္၏ အလ်င္အျမန္ဝင္တားလိုက္သံေၾကာင့္ ႏိုႏိုက နားမလည္စြာလွည့္ၾကည့္ေတာ့ စဝ္ေခါင္က ေခါင္းခါျပသည္။

"အဘြားေတာ္...ႏိုႏိုေလးက မနက္ကတည္းကဗိုက္ဆာေနလို႔ ေျပာမိတာပါ...ကြၽန္ေတာ္သူတို႔ကို မနက္စာလိုက္ေကြၽးလိုက္ပါ့မယ္"

"ေကာင္းၿပီ"

စကားအဆုံး စဝ္ေခါင္ကထရပ္လိုက္ေတာ့ ႏိုႏိုက နားမလည္စြာၾကည့္လိုက္ၿပီးေနာက္...

"မဟုတ္ဘူးေလ... ႏိုႏိုက ဘြားဘြားႀကီးကို ဗိုက္မဆာဘူးလားလို႔ေမးေနတာ... ဘြားဘြားႀကီးနဲ႔အတူစားဖို႔ေလ... မရဘူးလား"

ႏိုႏိုက သူ႔ဆႏၵကိုဆက္ေျပာလာသည္မို႔ စဝ္ေခါင္သက္ျပင္းခ်လိုက္မိ၏။

"အဘြားေတာ္က သီးသန္႔ပဲစားတာ ႏိုႏိုရဲ႕"

ေျပာလိုက္ေတာ့ ႏိုႏိုက မ်က္ခုံးတန္းေလးတို႔တြန္႔ခ်ိဳးသြားကာ စဥ္းစားသလိုအမူအရာျဖစ္သြားသည္။

"သီး သန္႔ ပဲ စား တာ?"

ထိုစကားေလးအား သူ႔ဘာသာႏႈတ္မွေရ႐ြတ္ၾကည့္လိုက္ၿပီးေနာက္ မဟာေဒဝီ့ဘက္သို႔လွည့္လိုက္ၿပီး...

"ႏိုႏိုက ဘြားဘြားႀကီးကို ႏိုႏိုတို႔နဲ႔အတူစားေပးႏိုင္မလားလို႔ ေတာင္းဆိုလို႔မရဘူးလားဟင္...ႏိုႏိုတို႔ကို ဘြားဘြားႀကီးက ဖိတ္ေခၚၿပီးေတာ့ မနက္စာေလးေတာင္ တူတူစားမေပးတာေတာ့မေကာင္းပါဘူး"

"....."

ထိုသို႔ဆိုလိုက္ေတာ့ မဟာေဒဝီျဖစ္သြားသည့္ပုံစံအား ႏိုႏိုက ၾကည့္ကာရယ္လိုက္ၿပီးေနာက္...

"ဟီး ႏိုႏိုကစတာပါ...လာပါ ဘြားဘြားႀကီးရ...လူဆိုတာ တစ္ေယာက္တည္း သီးသန္႔မေနရဘူး... လူရယ္လို႔ျဖစ္လာမွေတာ့ ေႏြးေႏြးေထြးေထြးေနရမွာေပါ့... ၿပီးေတာ့ ဘြားဘြားႀကီးက အဲ့လိုေနေလေလ၊ က်န္တဲ့သူေတြက ဘြားဘြားႀကီးကိုမကပ္ရဲေလေလ၊ ဘြားဘြားႀကီး တစ္ေယာက္တည္း သီးသန္႔ျဖစ္လာေလေလ ျဖစ္ေနမွာေပါ့... အခု ႏိုႏိုတို႔နဲ႔အတူစားမယ္ေလေနာ္...လုပ္ပါ ဘြားဘြားႀကီးရဲ႕...ႏိုႏိုေတာင္းဆိုတာပါ"

ႏိုႏို႔စကားဆုံးသည္ႏွင့္ အခန္းတြင္းေလထုသည္ သိသိသာသာ ၿငိမ္သက္သြားေတာ့သည္။ ႏိုႏိုက ေျပာခ်င္တာေျပာၿပီးေနာက္ မဟာေဒဝီအား ေမွ်ာ္လင့္တႀကီးျဖစ္ေနေသာ မ်က္ဝန္းနက္ေလးမ်ားျဖင့္ၾကည့္ေနလိုက္သည္။

မဟာေဒဝီသည္လည္း ထိုကေလးငယ္ေလးအားၾကည့္ေနလိုက္မိသည္။ သူမ၏ခင္ပြန္းဆုံးသြားၿပီးကတည္းက နန္းေဆာင္တြင္း၌သာသီးသန္႔ေနခဲ့ၿပီး လုပ္ေဆာင္စရာကိစၥရပ္တိုင္းကို တစ္ဦးတည္းသာလုပ္ေဆာင္ျဖစ္ခဲ့၏။ မ်က္ႏွာထားတည္ၿပီး စည္းကမ္းႀကီးလြန္းသည့္သူမအား သမီးျဖစ္သူႏွင့္ေျမးမ်ားအားလုံး သိပ္အနားမကပ္ရဲၾက။ သူမသည္လည္း မည္သူ႔ကိုမွမဖိတ္ေခၚခဲ့။ အရာအားလုံးသည္ စည္းကမ္းသတ္မွတ္ထားျခင္းမရွိခဲ့ပါေသာ္လည္း ပုံေသတစ္ခုလိုျဖစ္သြားခဲ့သည္။

သို႔ေသာ္ ဤကေလးငယ္ေလးက သူမအား စတင္၍ဖိတ္ေခၚလာခဲ့သည္မို႔ ဆယ္စုႏွစ္ေပါင္းမ်ားစြာေအးစက္ေနသည့္ႏွလုံးသားသည္ ဤကေလးႏွစ္ေယာက္ေၾကာင့္ ပထမဆုံးအႀကိမ္ ျပန္လည္ေႏြးေထြးလာေတာ့သေယာင္။

"ကိုကို...ကိုကိုလည္း ေတာင္းဆိုေပးေလ...လုပ္ပါ... ႏိုႏို ဘြားဘြားႀကီးကိုပါေခၚခ်င္လို႔"

ထိုအသံေလးအဆုံးတြင္ တစ္ခ်ိန္လုံးမ်က္လႊာခ်ထားသည့္ကေလးငယ္ေလး၏ မ်က္ဝန္းမ်ားသည္ ပင့္တက္လာၿပီးေနာက္...

"သားလည္း ဘြားဘြားႀကီးနဲ႔အတူ ထမင္းစားခ်င္ပါတယ္"

"....."

ညီအစ္ကိုႏွစ္ေယာက္လုံးေတာင္းဆိုလိုက္သည့္တိုင္ မည္သည့္လက္ခံစကားမွထပ္ထြက္မလာေသးသည္မို႔ ႏိုႏိုက မ်က္ႏွာေလးကိုခ်က္ခ်င္းငယ္ခ်ပစ္လိုက္ၿပီး...

"ႏိုႏို အခုဗိုက္အရမ္းဆာေနတာသိလား...ပုံမွန္ဆို ဘယ္သူ႔ကိုမွ ေစာင့္တတ္တာမဟုတ္ဘူး... အခုက ဘြားဘြားႀကီးမို႔ ေစာင့္ေပးေနတာ... အခုဗိုက္ဆာလြန္းလို႔ ငိုပါငိုခ်င္ေနေပမယ့္ ဘြားဘြားႀကီးဆီက အျငင္းခံရလို႔ ပိုစိတ္မေကာင္းျဖစ္လာၿပီ”

"....."

"ဒါေပမယ့္ ႏိုႏိုက လက္ေလွ်ာ့လြယ္တဲ့လူမဟုတ္ဘူးေနာ္...ဘြားဘြားႀကီးလက္မခံမခ်င္း လုံးဝမစားဘူး... ႏိုႏိုအခု အရမ္းဗိုက္ဆာေနတာမွန္ေပမယ့္..."

ထို႔ေနာက္တြင္ေတာ့ ႏိုႏို႔စကားပင္မဆုံးေသး...

"လက္ခံတယ္"

က်က္သေရရွိလွစြာေသာ မဟာေဒဝီ၏အသံေတာ္ၾကည္ၾကည္သည္ နန္းေဆာင္အတြင္းၾကည္လင္ျပတ္သားစြာ ေပၚထြက္လာေတာ့သည္။

Continue Reading

You'll Also Like

271K 11.3K 38
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.1M 60.2K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔
811K 51.8K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...