တည်

بواسطة Nee-Ra-429

5.4M 351K 83.4K

Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပ... المزيد

Notice!
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆
အခန်း - ၁၇
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂ (Final Episode)
Our memorable days

အခန်း - ၁၈

89.6K 6.5K 443
بواسطة Nee-Ra-429

Unicode//

ကေတုသတီဟော်နန်းရှိ မဟာဒေဝီနန်းဆောင်၌ အပ်ကျသံပင်ကြားရလောက်သည်အထိတိတ်ဆိတ်နေကြသည်။

ထိုသို့တိတ်ဆိတ်နေသည့်လေထုကို အမျိုးသားတစ်ယောက်၏အသံကဖြိုခွင်းလိုက်၏။

"နောင့်စိုင်းက ပြန်လာတော့မယ်လို့ပြောပါတယ်...အဘွားတော် စိတ်လျှော့ပါ"

"ဒီကလေးတော်တော်ဆိုးနေပြီ စဝ်ခေါင်...မင်းအရမ်းကြီးအလိုလိုက်မနေနဲ့"

"နောင့်စိုင်းက အလုပ်တွေဖြတ်မရဖြစ်နေသေးလို့ပါ...Transferတင်ထားပြီးပြီလို့ပြောပါတယ်...
ကျွန်တော်က အဘွားတော်ပင်ပန်းနေမှာစိုးလို့ပါ"

စဝ်ခေါင်လည်း အဘွားတော်ကို စိတ်ပြေရာပြေကြောင်းပြောရင်း ဝတီနှင့်ဆိုင်ခမ်းမြန်မြန်ရောက်လာဖို့ကိုသာ ဆုတောင်းနေရသည်။ မိန်းကလေးတွေမို့ အဘွားတော်အလိုက်ကိုသူ့ထက်ပိုသိကြလောက်၏။

ဝတီမင်္ဂလာဆောင်ပြီးကတည်းက ဟော်နန်းတွင် တစ်ပတ်စီအလှည့်ကျလာနေဖြစ်သည်။ အဘွားတော်တစ်ယောက်တည်းသာကျန်ခဲ့သည်မို့ သူတို့စိတ်မချနိုင်ပါ။ သူနှင့်ဆိုင်ခမ်းက မည်သည့်ဟော်နန်းတွင်မှမနေကြဘဲ အိမ်ခွဲထွက်ပြီးနေခဲ့ကြသူများမို့ ခုလိုဖြစ်လာသည့်အခါ ဆိုင်ခမ်းကလည်း နားလည်လက်ခံပေးခဲ့သည်။

အလားတူပင် ယောက်ဖတော်စဝ်ဆေးစံကလည်း ဝတီ့ကိုနားလည်ပေးခဲ့၏။ သူလိုက်လာသည့်ရက်များရှိသလို ဝတီတစ်ယောက်တည်းလာနေသည့်ရက်များလည်းရှိသည်။ အဘွားတော်က မလာလည်းရသည်ဟု ပြောခဲ့သော်လည်း သူတို့မနေနိုင်ပါ။

ထိုစဉ် ဝတီနှင့်ဆိုင်ခမ်းတို့ဝင်လာကြပြီး အဘွားတော်နှင့်သူ့ကို ဂါရဝပြုကာ နေရာလွတ်တွင်ဝင်ထိုင်ကြသည်။ ဝတီက အဘွားတော်၏ မျက်နှာရိပ်ကိုကြည့်ပြီး...

"အဘွားတော်...ဘယ်နားနေမကောင်းလို့လဲဟင်"

မေးလိုက်တော့ အဘွားတော်ကမျက်လုံးမှိတ်ကာ လက်ကာပြသည်။ သူတို့လည်း အဘွားတော်စိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ ဘာမှဆက်မပြောရဲကြ။

ခဏအကြာမှ အဘွားတော်ဆီမှ ပြတ်သားသောအသံထွက်လာ၏။

"ဆက်ခံသူကလေးကိုရှာဖို့လိုတယ်"

"ရှင်!"

"...."

"...."

ဝတီကနားမလည်သလို အာမေဋိတ်သံပြုလိုက်မိသော်ငြား စဝ်ခေါင်နှင့်နန်းဆိုင်ခမ်းကြာတို့ကတော့ အဘွားတော်ထပ်ပြောလာမည့် စကားကို တိတ်ဆိတ်စွာ စောင့်စားနေကြ၏။

ထို့နောက် အဘွားတော်၏မျက်လုံးများကပွင့်လာပြီး...

"ဆက်ခံသူနဲ့လက်စွပ်က ဒီလောက်အကြာကြီးကွဲနေလို့မရဘူး... မဟုတ်ရင် ဆက်ခံသူကလေးမှာ အန္တရာယ်ရှိလာလိမ့်မယ်"

"...."

"...."

"...."

တစ်ခါမှမကြားဖူးသည့်အကြောင်းအရာမို့ သူတို့အားလုံးအံ့ဩသွားကြကာနှုတ်ဆိတ်နေမိကြသည်အထိ။

"တိုးနယားရဲ့မျက်လုံးနေရာက ပတ္တမြားနှစ်လုံးက တစ်နေ့ထက်တစ်နေ့ပိုတောက်လာတယ်...ဒီတိုင်းဆို ဆက်ခံသူကလေးမှာ အားတော်တော်နည်းနေလောက်ပြီ..."

"ရှင်...ဒါဆို ဝတီတို့ဘယ်လိုလုပ်ရမှာလဲ အဘွားတော်"

"ဆက်ခံသူကလေးကိုရှာရမယ်...ပြီးရင် လက်စွပ်အပ်နှင်းပွဲလုပ်ရမယ်... အဲ့ဒါကြောင့် ဟိုကလေးကို ပြန်လာခိုင်းနေတာ... ပြောသွားတဲ့အချိန်ထက်ပိုနေနေပြီး ဟော်နန်းကိုတစ်ချက်မဆက်သွယ်ဘူး..."

"ဟို အဘွားတော်...နောင့်စိုင်းက အလုပ်လုပ်နေလို့ပါ"

"ဘယ်သူကသူ့ကို အဲ့မှာအလုပ်လုပ်ခိုင်းထားလို့လဲ...သူပြောသွားတာ ၈နှစ်...အခု ၉နှစ်ပြည့်တော့မယ်... ကြားထဲလည်း တစ်ခေါက်တောင်ပြန်မလာဘူး... သူ တစ်ဖက်ကအမျိုးတွေနဲ့အဆက်အသွယ်ရှိနေပြီဆိုတာ အဘွားတော်မသိဘူးလို့ထင်မနေကြနဲ့... သုံးမကုန်တဲ့အမွေတွေရထားပြီဆိုတော့ ဒီအဘွားတော်ကိုရှိတယ်လို့ မထင်တော့တာ ထင်တယ်"

"ကလေးမှာအဲ့လိုစိတ်မရှိပါဘူး အဘွားတော်... သူကအရင်ကတည်းက ဆိတ်ဆိတ်လေးနေတတ်တာပါ... ဘွားဘွားတို့နဲ့အဆက်အသွယ်ရှိသွားတာက ဝတီပြောပြလိုက်လို့ပါ...နောင့်စိုင်း NYရောက်သွားတာသိတော့ ဘွားဘွားတို့ဘက်က လူလွှတ်ပြီး နောင့်စိုင်းကိုအတင်းလိုက်ဆက်သွယ်ခဲ့တာပါ... အမွေကလည်း ပါပါးမဆုံးခင်ကတည်းကပေးခဲ့တာတွေပါ...နောင့်စိုင်းက အစောပိုင်းဘာလက်မှတ်မှမထိုးခဲ့ပေမယ့် ဘွားဘွားက ရောဂါအကြောင်းပြပြီး သူမယူရင်ရောဂါကိုမကုဘူးလို့အကြပ်ကိုင်ခဲ့လို့ပါ...အဘွားတော်စိတ်ဆိုးမယ်ဆိုရင် ဝတီပဲခံပါ့မယ်..."

" နေပါစေတော့... စဝ်ခေါင်..."

"ဟုတ်ကဲ့ အဘွားတော်"

"သူ့ကိုထပ်ဆက်သွယ်လိုက်...ပြန်လာမယ့်အချိန်သိရရင် ပြန်လာပြော..."

"ဟုတ်ကဲ့"

"အားလုံးသွားကြတော့...နန်းဆမ်ကိုလွှတ်လိုက်... စဝ်ခေါင်နဲ့ဆိုင်ခမ်း... အချိန်ရရင် စဝ်ဆေးလာတဲ့အချိန်ထိ ဝတီနဲ့နေပေးခဲ့ကြ"

"ဟုတ်ကဲ့ အဘွားတော်"

"ဟုတ်ကဲ့"

ထို့နောက် အဘွားတော်၏နန်းဆောင်မှ သူတို့အားလုံးထွက်လာခဲ့လိုက်ကြသည်။

ခပ်လှမ်းလှမ်းကိုရောက်တော့...

"ဆက်ခံသူကလေးလေးက တကယ်ရှိနေတာလား ပီအိုက်"

ဝတီကမေးလိုက်တော့ စဝ်ခေါင်၏မျက်နှာက လေးနက်သည့်အသွင်ပြောင်းသွားကာ...

"သိဒ္ဓိဝင်လက်စွပ်တွေက ဘယ်တော့မှမမှားတတ်ဘူး... ဒါပေမဲ့ နောင့်စိုင်းမှာ ကလေးတစ်ယောက်ရှိနေမယ်လို့လည်း ပီအိုက် တွေးလို့တောင်မရသေးဘူး"

"ဝတီရောပဲ...ပေါက်ကရမိန်းမတွေက ကလေးကိုလုပ်ကြံပြီးယူထားတာတော့မဟုတ်ပါဘူးနော်"

ပြောရင်း မျက်ရည်ဝဲလာကာ ပါးမို့နှစ်ဖက်ပင်ရဲတက်လာသော ညီမဖြစ်သူကြောင့်...

"ဒီကလေးမကတော့...မိခင်လောင်းဆိုတာပျော်ပျော်နေရတယ်လေ...မငိုရဘူး"

အိမ်ထောင်သက် ၈နှစ်ကျော်မှ ကိုယ်ဝန်ရသည်မို့ လက်ရှိအချိန်တွင် နန်းဝတီက ဟော်နန်းနှစ်ခုလုံး၏ ဂရုစိုက်ခံလေးဖြစ်နေ၏။ ထိုစဉ် ကားဝင်လာသည်မို့ စဝ်ဆေးစံရောက်လာပြီမှန်းသိလိုက်ကြသည်။ ကားရပ်လိုက်ပြီးနောက် စဝ်ဆေးကဆင်းလာပြီး သူတို့ဘက်လျှောက်လာသည်။

အနားရောက်သည်နှင့် သူ့ဇနီးဖြစ်သူအားကြည့်ကာ...

"ဝတီ ခေါင်းတွေဘာတွေမူးသေးလား"

"ဟင့်အင်း နေလို့အဆင်ပြေပါတယ်"

"အင်း အပြင်ထွက်နေတာကြာပြီလား...ရာသီကအေးနေတာကို"

"အခုလေးတင်ထွက်လာတာပါ...ပီအိုက်တို့ကိုနှုတ်ဆက်ဦးလေ"

ဝတီကမျက်နှာရဲရဲနှင့်သတိပေးလိုက်တော့မှ စဝ်ဆေးကသတိရသွားသလိုနှင့်....

"ဪ ဟုတ်သား ပီအိုက်နဲ့ပီနန်း...အချိန်ရရင်ဟော်နန်းဘက်လာခဲ့ပါဦး"

သူနှုတ်ဆက်လိုက်တော့ စဝ်ခေါင်နှင့်ဆိုင်ခမ်းတို့၏ မျက်နှာတို့က ပြုံးစိစိ။

"တော်သေးတယ်နော် ဆိုင်ခမ်း...ကိုယ်က ကိုယ်တို့နှစ်ယောက်ကိုယ်ပျောက်နိုင်စွမ်းရသွားပြီတောင်မှတ်နေတာ"

"ဆိုင်ခမ်းရောပဲ...လန့်တောင်လန့်သွားတယ်...အဟွန်း"

"ဟားဟား...တကယ်ပဲ မရယ်ဘဲကိုမနေနိုင်တော့လို့...ဆောရီး..."

စဝ်ခေါင်ကမထိန်းနိုင်စွာရယ်ချတော့ ဝတီကရှက်ပြုံးလေးနှင့်...

"တော်ပြီ ရပြီ...ပီအိုက်တို့ပြန်တော့"

"ကြည့်စမ်း...ယောက်ျားရောက်လာတာနဲ့အစ်ကိုကို နှင်တာနော်...ဆိုင်ခမ်းရေ ကိုယ်တို့ကလူပိုတွေဖြစ်သွားကြပြီ...ပြန်ကြတာပေါ့"

"ပီအိုက်နော်..."

"ဟားဟား..."

"ကဲကဲ...ပီအိုက်လည်းမစနဲ့တော့...ဝတီကအအေးထဲရပ်နေတာကြာပြီ... စဝ်ဆေး ဝတီ့ကိုအခန်းထဲခေါ်သွားလိုက်တော့နော်... ပြီးရင်နွေးနွေးထွေးထွေးနေကြဦး...ပီနန်းတို့သွားတော့မယ်”

ညီမဖြစ်သူအား စနိုင်လွန်းသောခင်ပွန်းဖြစ်သူကြောင့် ဆိုင်ခမ်းကပဲ ကြားကဝင်သတိပေးလိုက်ရသည်။

"ဟုတ်ကဲ့"

"ဟုတ်ကဲ့ ပီနန်း...ပီအိုက် ကားကိုဖြည်းဖြည်းမောင်းဦးနော်"

"အင်းပါ စိတ်ချ...ကဲ အထဲဝင်ကြတော့"

စဝ်ဆေးနှင့်ဝတီအခန်းထဲဝင်သွားကြတာကိုကြည့်ပြီးမှ သူတို့နှစ်ယောက် ကားဆီသို့လျှောက်လာလိုက်ကြသည်။

ဆိုင်ခမ်းက ခေါင်းမှဆံထိုးကိုဖြေချလိုက်သည်မို့ နက်မှောင်လှသောဆံကေသာရှည်တို့က ခါးထက်လှပစွာ ဖြာဆင်းကျလာ၏။ ပြင်ပတွင် လွတ်လပ်စွာနေတတ်သော်ငြား အဘွားတော်နှင့်လာတွေ့တိုင်း ဆံပင်တို့ကို သေချာထုံးဖွဲ့ထားတတ်သည်။

ဘေးချင်းကပ်လျှောက်နေကြသည်မို့ လေအဝှေ့တွင် ဆိုင်ခမ်း၏ ဆံနွယ်ရှည်တို့က သူ့ဘက်သို့ တလွင့်လွင့်ဖြစ်နေသည်။ ဟော်နန်းတွင်ရှိ ပန်းရနံ့တို့ကသင်းပျံ့နေသည်လား၊ ဆိုင်ခမ်း၏ ဆံနွယ်ရှည်တို့မှ မွှေးရနံ့လေလားမသိပေမဲ့ ထိုရနံ့သင်းသင်းလေးကို သူနှစ်သက်မိ၏။

"ပီအိုက်"

ရုတ်တရက် ဆိုင်ခမ်းကခေါ်လာသည်မို့ သူပြန်ထူးလိုက်မိသည်။

"အင်း"

"ကလေးချစ်တတ်လား"

"အင်း"

"လိုချင်လား"

"ဘာလို့မေးနေတာလဲ"

နှစ်ယောက်သား စက္ကန့်အနည်းငယ်မျှ စကားပြတ်သွားကြ၏။ စဝ်ခေါင် သူ့ဘေးမှအမျိုးသမီးလေးမျက်နှာအား ပထမဆုံးငေးကြည့်မိသည်။ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် ငေးမောကြည့်မိခြင်း။ အားနာစိတ်တို့ကိုဖယ်ရှားကာ မိမိ၏ဇနီးတစ်ယောက်အဖြစ် ပထမဆုံးကြည့်မိခြင်းပင်။

သူကြည့်နေတုန်း လက်ဖြူဖြူလေးတစ်ဖက်က တလွင့်လွင့်ဖြစ်နေသည့်ဆံနွယ်တို့ကို ပုခုံးတစ်ဖက်တည်းဆီသို့ဆွဲယူသိမ်းလိုက်သည်မို့ မျက်နှာလှလှလေးတစ်ခြမ်းက ထင်ထင်ရှားရှားပေါ်လွင်လာသည်။

"ဆိုင်ခမ်းတို့ ဘန်ကောက်မှာကလေးသွားယူကြမလား"

"ဘယ်လို"

ကြားလိုက်ရသောစကားကြောင့် နားရှုပ်သွားသည်မို့ ပြန်မေးလိုက်မိတော့...

"ဒီထက်နောက်ကျနေရင် အသက်ပိုကြီးသွားလိမ့်မယ်...ပီအိုက် ဆိုင်ခမ်းကိုထိစရာမလိုပါဘူး...
ဘန်ကောက်ကိုသွားပြီး ပီအိုက်ဆီကSemenကို ဆိုင်ခမ်းရဲ့သားအိမ်ထဲ တိုက်ရိုက်ထည့်လို့ရပါတယ်... ဆိုင်ခမ်းလည်း ကလေးလေးတစ်ယောက်တော့လိုချင်တယ်... ဒါပေမဲ့ ပီအိုက်ကိုလည်းအားနာတယ်... အဲ့ဒါကြောင့်..."

"နေဦး နေဦး...ကိုယ်ခဏလောက်စဉ်းစားပါရစေဦး...ဆိုင်ခမ်းပြောတာတွေကို ကိုယ်လိုက်မမှီနိုင်သလိုဖြစ်နေလို့"

ထို့နောက် နှစ်ယောက်ကြားတိတ်ဆိတ်သွားသည်။ ၃မိနစ်လောက်ကြာပြီးနောက်...

"ဆိုင်ခမ်း"

"ဟုတ်"

"ကိုယ်သိသလောက်ပြောရရင် အဲ့လိုမျိုးက ဘယ်လိုမှကလေးမရနိုင်တဲ့သူတွေလုပ်တာမလား"

"ဟုတ်"

"ဒါပေမဲ့ ကိုယ်တို့က ကျန်းမာနေတာပဲလေ"

စဝ်ခေါင်ပြောချင်ရာပြောလိုက်ပြီးမှ မျက်နှာကရဲတက်သွားသည်။ ဆိုင်ခမ်း၏ မျက်နှာသည်လည်း ထိုနည်းတူစွာပင်။ သို့သော် သူမလေးက ရယ်ချလိုက်ပြီး...

"အဲ့ဒါကမှ မဖြစ်နိုင်တာ...ဒါက ဆိုင်ခမ်းလိုချင်တာမလို့ပါ...ပီအိုက်ကိုအားနာလို့ အဲ့နည်းလမ်းကို စုံစမ်းလိုက်တာ"

"ကိုယ့်ကိုအားနာတယ်?"

စဝ်ခေါင်နားမလည်သလိုပြန်မေးလိုက်မိ၏။

"ဟုတ် ပီအိုက်နဲ့လက်ထပ်လိုက်ရလို့ ဆိုင်ခမ်းမှာနစ်နာသွားတာ၊ဆုံးရှုံးသွားတာ ဘာမှမရှိပေမဲ့ ပီအိုက်ကတော့မတူဘူးလေ... ပီအိုက်ရဲ့အချစ်ဦးကိုတောင် ဆုံးရှုံးခဲ့ရတာမဟုတ်လား”

စဝ်ခေါင် သူ့ရှေ့မှအမျိုးသမီးလေးအား နားမလည်နိုင်စွာကြည့်နေမိသည်။ ဒီနှစ်တွေအတွင်း သူ့ကိုအားနာနေခဲ့သည်တဲ့လား။ ကလေးတစ်ယောက်လိုချင်သည်ကိုပင် ထိုမျှထိတွေးရသည်အထိ အားနာနေခဲ့သည်တဲ့လား။

သူထင်ခဲ့သည်က ဆိုင်ခမ်းသည် အနှောင်အဖွဲ့မလိုချင်သည့် အမျိုးသမီးလေးဟုထင်ခဲ့မိသည်။ သူအနားကပ်မည်ကိုလည်း မကြိုက်ဟုထင်ခဲ့မိ၏။ ထို့ကြောင့် သူလည်း အလုပ်တွေ၌သာနှစ်မြှုပ်ထားခဲ့မိပြီး သူ့ဇနီးလေးအား ဂရုမစိုက်ဖြစ်ခဲ့ပါ။

"ဆိုင်ခမ်း"

ခေါ်လိုက်ပြီးနောက် လက်ဖြူဖြူလေးတစ်ဖက်အား ခပ်ဖွဖွဆွဲယူလိုက်သည်။ အံ့အားသင့်သလိုမျက်ဝန်းလေးများရောက်လာသည်မို့ ပြုံးပြလိုက်တော့ သူ့ကိုငေးကြည့်နေသည့်မျက်လုံးလေးများ။

"ကိုယ်တောင်းပန်ပါတယ်"

"ရှင်"

နားမလည်သလို မျက်လုံးလေးများဖြင့်ကြည့်နေသည့်ပုံစံသည် ပုံမှန်တွေ့နေကျမဟုတ်သည့်အတွက် ပို၍ချစ်စရာကောင်းနေသယောင်။ ဆွဲကိုင်ထားသောလက်ကလေးကို အသာဆွဲလိုက်တော့ နှစ်ယောက်က နီးနီးကပ်ကပ်ဖြစ်သွားသည်။ မည်သည့်ဆံနွယ်မှတင်မနေသည့် ပါးပြင်လေးအား လက်ဖဝါးတစ်ဖက်ဖြင့်အုပ်ကိုင်လိုက်၍ ရှက်သွေးဖြာကာ ခေါင်းငုံ့သွားသည့်ပုံစံလေးကလည်း သူ့အတွက်အသစ်အဆန်းဖြစ်နေသည်မို့ ပြုံးလိုက်မိသည်အထိ။

" ဒီနှစ်တွေမှာ ဆိုင်ခမ်းကိုနားလည်အောင်မကြည့်ခဲ့ဘဲ ပစ်ထားခဲ့မိသလိုဖြစ်သွားလို့ တောင်းပန်ပါတယ်..."

"မဟုတ်...."

ချက်ချင်းငြင်းဟန်ပြင်လာသည့်အမျိုးသမီးလေး၏ နဖူးကျဉ်းကျဉ်းလေးထက် အနမ်းခြေလှမ်းကို ခပ်ဖွဖွချမိတော့ တောင့်တောင့်လေးဖြစ်သွားပုံကလည်း သဘောကျစရာ။

ထက်မြက်သွက်လက်လွန်းသော မိန်းမလှလေး၏ချစ်စရာကောင်းသော ပုံစံကို ဆယ်စုနှစ်ကျော်ကြာပြီးမှမြင်ခွင့်ရခဲ့သည်။ ဒါတောင် ခုလိုစကားတွေပြောလာ၍သာ။ သူမလေးဘက်ကသာမစခဲ့ပါလျှင် သူဘယ်အချိန်ထိ မျက်ကန်းဖြစ်နေဦးမည်လဲ မပြောတတ်ပါချေ။

ခပ်တောင့်တောင့်ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲသို့အသာဆွဲသွင်းလိုက်ရင်း...

" အထင်လွဲစေခဲ့မိလို့လည်း တောင်းပန်ပါတယ်... ကိုယ်ပြောသင့်တဲ့စကားတွေကို စပြောပေးခဲ့လို့လည်း ကျေးဇူးတင်ပါတယ်... ကိုယ်မင်းကိုမထိချင်တာမဟုတ်တဲ့အကြောင်း သေချာရှင်းပြပေးပါ့မယ်... နောက်ဆို ဘယ်သူ့ကိုမှအားကျစရာမလိုအောင်လည်း ဂရုစိုက်ပေးပါ့မယ်... အခုတော့ အေးနေပြီမလား... ကားထဲဝင်ရအောင်..."

"...."

အသံတစ်ချက်မှပြန်ထွက်မလာသည်မို့...

"ဟက်...ကိုယ့်ဇနီးလေးက ဒီလောက်ချစ်ဖို့ကောင်းမှန်း ကိုယ်တကယ်မသိခဲ့ဘူး"

ဆယ်ကျော်သက်လေးလိုရှက်နေသူလေးအား ဆက်မစရက်တော့သည်မို့ ကားဆီသို့ခေါ်သွားလိုက်ပြီး တံခါးဖွင့်ပေးကာ ကားပေါ်အရင်တက်စေလိုက်ပြီးမှ တံခါးသေချာပြန်ပိတ်ပေးလိုက်သည်။ တစ်ဖန် သူလည်းတစ်ဖက်မှတက်လိုက်ကာ Driver seatတွင်ဝင်ထိုင်လိုက်ပြီး ခါးပတ်ပတ်လိုက်၏။ တစ်ဖက်ကိုကြည့်လိုက်တော့လည်း ခါးပတ်ပတ်ထားသည်မို့ သူပြုံးလိုက်မိသည်။

မကြာခင်တွင်တော့ ကားအဖြူလေးသည် ကေတုသတီဟော်နန်းအတွင်းမှ မောင်းထွက်သွားတော့သည်။

2 months later...

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့။

" ဝီလျံ...ရောဘတ်ကို ဒါလေးတစ်ချက်လောက်"

"ရောဘတ်?"

"Robert King"

"အာ...အင်း..."

"လုပ်ပါ...သူ Coffeeသောက်တာအမြဲမြင်ရလို့"

သင်္ခါ မိမိရှေ့ရှိ တရုတ်မလေးအားဘာပြန်ပြောရမှန်းမသိ။ နောက်ဆုံး ကော်ဖီခွက်ကိုကမ်းပေးထားတာ ကြာပြီဖြစ်သောကြောင့် လူများက ဟိုကြည့်ဒီကြည့်ကြည့်လာကြသည်မို့ ယူလိုက်ပြီး...

"သူလက်ခံမှာမဟုတ်လောက်ဘူး"

" နင်ဝယ်ပေးတယ်ပြောလိုက်လေ"

" ငါဝယ်ပေးတာမဟုတ်မှန်း သူသိလောက်တယ်"

ပြောလိုက်တော့ ရှေ့မှကောင်မလေးမျက်နှာကညှိုးသွားသည်။ ဒီကောင်မလေးကိုသူသိပါ၏။ သူတို့ Surgery ဘက်ကပင်ဖြစ်သည်။ ယောက်ျားလေးတော်တော်များများကြားတွင် မာနကြီးသည်ဟူ၍ နာမည်ကြီး၏။ ဆံပင်ရှည်လေးနှင့်ကျက်သရေရှိသောအသွင်ရှိကာ မျက်နှာလေးကလည်း တည်တည်ငြိမ်ငြိမ်ပုံစံလေးနှင့် လှပသူဖြစ်သည်။

ဒါပေမဲ့ သူ့အခန်းဖော်နှင့်ယှဉ်ကြည့်လိုက်လျှင်တော့ မလိုက်ဖက်သလိုပင်။ သူ့အခန်းဖော်က ဒီကောင်မလေးထက်ပိုချော၏။ ထို့ကြောင့် နှစ်ယောက်တွဲသွားလျှင် ကောင်မလေးကမှိန်ကျန်ခဲ့လောက်သည်။

သူစိတ်ထဲမှကြိတ်၍ 'လက်လျှော့လိုက်ပါ'ဟုပြောလိုက်မိသည်။ သူ့မှာလည်း သူ့အခန်းဖော်နှင့်လိုက်ဖက်ညီနိုင်မည့်သူကို အခုထိရှာ၍မတွေ့သေး။

Kingဟူ၍ခေါ်နေကျမလို့ Robertဟုလာပြောကြတိုင်း လူကကြောင်တောင်တောင်အမြဲဖြစ်သည်။
စမိတ်ဆက်စဉ်ကတည်းက 'မင်းကို သူငယ်ချင်းတွေဘယ်လိုခေါ်ကြလဲ'ဟူ၍ မေးလိုက်တော့ 'King'ဟုဆိုလာသည်မို့ သူလည်းထိုသို့သာလိုက်ခေါ်ဖြစ်ခဲ့၏။ Robert Kingဟူသည့်နာမကိုတော့ စာအုပ်ပေါ်တွင်ရေးထားတော့မှသိခြင်းဖြစ်သည်။

" ဝီလျံ...ရောဘတ်မှာ ချစ်သူရှိလားဟင်"

"ပေါက်ကရတွေ..."

တကယ်ပဲ ပေါက်ကရ။ သူ့အခန်းဖော်လို ရေခဲတုံးဖင်ခုထိုင်ထားတဲ့သူက ဘယ်လိုလုပ်ချစ်သူရှိမှာလဲ။

"Crush ရော"

"အဲ့ဒါတော့ ငါလည်းမသိဘူး...ရှိရင်လည်းရှိမှာပေါ့"

ထိုစကားကို တမင်ပြောလိုက်ခြင်း။ ဟိုကပြန်ကြိုက်မှာမဟုတ်တဲ့အတူတူ မြန်မြန်လက်လျှော့သွားတာ အကောင်းဆုံးပင်။ မဟုတ်လျှင် ဟိုကိုမပြောရဲသလောက် သူ့ဆီလာပြီး ပေါက်ပေါက်ဖောက်နေကြသည်မို့ သူလည်းမခံစားနိုင်။

"May...နေ့လယ်စာစားကြမယ်လေ"

နောက်မှ ခေါ်သံကြောင့်...

"အင်း လာပြီ...ဒါဆို ဝီလျံ ငါသွားပြီနော်... Coffeeက နင်ပဲသောက်လိုက်တော့"

ပြောကာ ပြေးထွက်သွားသည်မို့ သူလည်း King Dutyကျရာဌာနဘက်သို့ လျှောက်သွားလိုက်သည်။

လမ်းတစ်လျှောက် သူ့ကိုလိုက်ကြည့်နေကြသော မျက်လုံးတစ်ချို့ကိုလည်းလှစ်လျူရှုထားလိုက်သည်။ သူ့ဘဝက နှစ်ယောက်စာငြင်းနေရသလိုပင်။ သူ့အတွက်လည်းငြင်းရသည်။ Kingအတွက်လည်းငြင်းပေးရ၏။

King ဘယ်ရောက်နေမှန်းမသိ၍ Nurseတစ်ယောက်ကိုမေးကြည့်ဖို့လုပ်လိုက်စဉ် မျက်နှာချင်းဆိုင်မှလျှောက်လာသော Kingကြောင့် ကိုယ်ရှိန်သတ်ကာ ရပ်စောင့်နေလိုက်သည်။ အနားရောက်လာတော့ လက်ထဲမှ Coffeeခွက်ကို ပြလိုက်ပြီး...

" မသောက်ဘူးမလား...Mayဆိုတဲ့ကောင်မလေးကပေးခိုင်းလိုက်တာ"

"သောက်လိုက်"

"ဟေ့အေး ခါးခါးကြီးပဲနေမှာပေါ့...ငါလွှင့်ပစ်မလို့ မင်းဆီကခွင့်လာယူတာ... ငါမင်းသောက်တာကြီးမသောက်နိုင်ပါဘူး"

"...."

"Transfer ကျပြီကြားတယ်"

"အင်း"

"ဘယ်တော့လဲ"

"လကုန်"

"ဪ နှစ်ပတ်လောက်လိုသေးတာပဲ"

"...."

" ငါတော့မင်းကိုသတိရနေတော့မှာပဲ"

"...."

" နေ့လယ်စာစားမလို့မလား... ကန်တင်းသွားရအောင်"

"အင်း"

နှစ်ယောက်သား ကန်တင်းဆီသို့ အတူလျှောက်သွားလိုက်ကြသည်။ နှာခေါင်းဝကို လာကျီဆယ်သော ကံ့ကော်သင်းနံ့ကြောင့် သူပြုံးလိုက်မိ၏။ ဒါသည်လည်း တမူထူးခြားသည်ပဲလေ။ သူ့အခန်းဖော်သည် ကိုယ်သင်းနံ့ကအစ ပြည့်စုံလွန်းပါသည်။ တဖြည်းဖြည်းနဲ့ သူလည်း သူ့အခန်းဖော်၏ Big Fanဖြစ်နေပြီဖြစ်၏။

ကန်တင်းရောက်တော့ နေ့လည်စာအတွက် တန်းစီသည့်နေရာတွင် သွားတန်းစီလိုက်ကြသည်။ ထို့နောက် ဗန်းကိုယ်စီနှင့် နေရာလွတ်တွင်ဝင်ထိုင်လိုက်ကြ၏။ တစ်ဖန် စားခါနီးမှ တစ်ခုခုကိုသတိရသွားပြီး ဖုန်းကိုထုတ်ကာ ကင်မရာဖွင့်လိုက်ပြီးနောက်...

"King ဒီကိုကြည့်..."

"...."

သူဘာလုပ်မည်ကိုသိနေသည်မို့ Kingကကြည့်မလာ။ သူကတော့ နှစ်ယောက်လုံးပါအောင် သေချာမှတ်တမ်းတင်လိုက်သည်။

"မင်းကပြန်တော့မှာဆိုတော့ ကြုံတိုင်းရိုက်ရမယ်...ဒါမှ ငါလာရင်ရှာရလွယ်မှာ"

"...."

ထို့နောက်တွင်တော့ ရိုက်ထားသည့်ပုံအား Instagramတွင်တင်လိုက်သည်။ Captionကတော့ 'Lunch time with my handsome roomate'ဟူ၍။

Social mediaကဘဝမဟုတ်သော်လည်း ကိုကိုသူ့ကိုမြင်အောင်လုပ်ဖို့က ဒီတစ်နည်းသာရှိသည်။
ဒီကြားထဲ ကိုကိုတစ်ခါရောက်လာတုန်းက ကိုကို့ဖုန်းကိုလုကာ သူ့အကောင့်ကို Followလုပ်ပေးခဲ့သည်မို့ သူ့ကိုမမြင်စရာမရှိ။ 'ကျွန်တော်ကလေးမဟုတ်တော့ဘူး ကိုကို့ထက်အရပ်ပိုရှည်နေပြီ'ဆိုတာကိုတော့ နောက်တစ်ကြိမ်ထပ်တွေ့ရင် ပြောဖြစ်အောင်ပြောပါမည်။

စိတ်ပါရင် သဝန်တိုလို့ရအောင် Kingနှင့်တွဲတွဲရိုက်ပြီးတင်ရတာအမော။ ကိုကိုကျွန်တော့်ကိုသဝန်တိုပစ်လိုက်စမ်းပါ။

သူတင်လွန်း၍ တစ်ချို့သော Fujoshiလေးတွေကသာ သတိပြုမိလာပေမဲ့ ကိုကိုကတော့ သူ့ကိုဂရုပင်မစိုက်ပါ။ တစ်ခါပဲ Msgမှလာမေးသွားသည်။

'မင်းအခန်းဖော်လား'တဲ့။ သူလည်း အမြင်ကတ်ကတ်ဖြင့် ' ဟုတ်တယ် အပြင်မှာပိုချောတယ်၊ ကိုကိုထက်တောင်ပိုချောသေး'ဟုပြောပစ်လိုက်တော့ 'အေး ဟုတ်တယ်'ဟုသာပြန်ပြောသွားပြီးနောက် သူတို့စကားပြတ်သွားကြသည်။ ဘာကိုသိချင်၍လာမေးမှန်းမသိ။ ဘာပဲဖြစ်ဖြစ် ကိုကိုက ကျွန်တော့်ယောက်ျားသာဖြစ်ရမည်။

ဖုန်းကိုချလိုက်ပြီးနောက် နေ့လယ်စာစားဖို့ပြင်လိုက်သည်။ ပတ်ဝန်းကျင်မှအကြည့်များကို သူတို့နှစ်ယောက်လုံး ဂရုမစိုက်ဖြစ်ကြ။

Kingကတော့ စရောက်လာကတည်းက စားသောက်သည့်ကိစ္စကိုသာ အာရုံစိုက်လုပ်နေသည်မို့ စားလို့ပင်ကုန်တော့မည်ဖြစ်၏။ ထိုစဉ် King၏ဖုန်းမှ Vibrateသံနှင့်အတူ ဖုန်းစခရင်ပွင့်လာ၏။ Kingလည်း စားသောက်နေခြင်းကိုရပ်ကာ ဖုန်းကိုဖွင့်လိုက်ပြီး Msgကိုဖွင့်ကြည့်လိုက်သည်။

‘ ဒီနေ့အားလုံးပြီးသွားပါပြီ၊ ပုံတွေကို Mailကနေပို့ထားပါတယ်၊ နောက်တစ်ပတ်ကစပြီးဆိုင်ပြန်ဖွင့်မယ်လို့ကြားပါတယ်၊ ဆိုင်အပြင်အဆင်ကို ဖွင့်တဲ့နေ့ကျမှသေချာရိုက်ပြီးထပ်ပို့ပေးပါ့မယ်’

ဖတ်ပြီးသည်နှင့် Kingက ဖုန်းကိုပြန်ချလိုက်ပြီး နေ့လယ်စာစားခြင်းကိုလက်စသတ်လိုက်၏။

"ဟင် မြန်လိုက်တာ...ငါ့ကိုစောင့်ဦးနော်...ဒီတိုင်းထမသွားနဲ့"

သင်္ခါတစ်ယောက် ပန်းကန်ထဲရှိလက်ကျန်များကို အမြန်စားကာအပြီးသတ်လိုက်ရသည်။ Kingသာထသွားလျှင် Kingနှင့်သက်ဆိုင်ချင်သူဖြစ်ဖြစ်၊သူနှင့်သက်ဆိုင်ချင်သူဖြစ်ဖြစ် တစ်ယောက်လောက်တော့ ရောက်လာမည်မှာအသေအချာမို့ သူတစ်ယောက်တည်းမကျန်ခဲ့ချင်ပါ။

One week later...

M-Ferrea၏ခေါင်မိုးထပ်၌ စုံတွဲ၂တွဲရောက်နေကြသည်။ သူတို့အားလုံး ခေါင်မိုးထပ်ဆီမှ မြင်နေရသောရှုခင်းကိုငေးမောကြည့်နေမိကြ၏။

ဒီနေ့သည် ပြန်လည်ပြင်ဆင်မွမ်းမံပြီးနောက် M-Ferreaကို ပြန်ဖွင့်သည့်နေ့။ ထိုနေ့မှာမှ သူတို့က VIP customer ဖြစ်ခွင့်ရကြသည်မို့ Serviceကပုံမှန်ထက်ထူးကဲနေသည်။ ဟင်းပွဲ ၂ပွဲ Freeမှာခွင့်ရသည့် အခွင့်အရေးပါရသည်မို့ အမျိုးသမီး၂ယောက်၏ မျက်နှာလေးများတွင် ပို၍ပြုံးပျော်နေကြသယောင်။

အမျိုးသမီးလေးနှစ်ယောက်မှာ ချောမောလှပကြသူများဖြစ်ကြပြီး နှစ်ယောက်အနက်တစ်ယောက်သည် ကိုယ်ဝန်ဆောင်ဖြစ်ဟန်တူသည်။ ဗိုက်ကလေးက မသိမသာလေးပူနေသော်ငြား အလှမပျက်ပဲ ချစ်စရာပင်ကောင်းနေသေး၏။ အမျိုးသားနှစ်ယောက်လုံးကလည်း သန့်သန့်ခန့်ခန့်များမို့ နှစ်တွဲစလုံးသည် နေနှင့်လ၊ရွှေနှင့်မြပမာပင်။

"ရေပန်းကြီးကလှလိုက်တာနော်...ကံ့ကော်ပန်းပွင့်ကြီးကနေ ဝတ်ဆံတွေကြဲချနေသလိုပဲ... ဒီဆိုင်ပိုင်ရှင်က ကံ့ကော်ပန်းကို တော်တော်ကြိုက်တယ်ထင်တယ်... အင်း ကံ့ကော်ပန်းဆိုမှ ပြောရင်းနဲ့ နောင့်စိုင်းကိုတောင်သတိရလာပြီ... ကောင်ဆိုးလေးကို ပြန်လာမှနည်းနည်းလောက် ထုထားဦးမယ်..."

"အင်း ပြောတာပဲ...ပြီးရင် သူပဲဖက်လိုက်၊နဖူးနမ်းလိုက်လုပ်ဦးမှာများ"

"လုပ်တာကသက်သက်ပဲ...ဒါနဲ့ နောင့်စိုင်း နောက်တစ်ပတ်ပြန်လာမှာတော့သေချာပါတယ်နော်... နောင့်စိုင်းကိုသာ အမြဲကြည့်ဖြစ်ရင် ကလေးကဦးလေးနဲ့တူပြီး ပိုချောမယ်ထင်တယ်... နောင့်စိုင်းလေးရဲ့ မျက်တောင်လေးတွေကိုရရင်တောင် ကျေနပ်ပါပြီ"

"ဝတီကတော့ တကယ်ပါပဲ...နောင့်စိုင်းကအရင်လို ကလေးလေးမဟုတ်တော့ဘူးဆိုတာလည်း သတိထားဦး"

" အင်း ဟုတ်သားနော်...ဒါပေမဲ့ ဝတီ့စိတ်ထဲမှာတော့ ကလေးလို့ပဲမြင်နေတုန်း... တကယ်ပဲ နောင့်စိုင်းပေါက်စလေးကို ပြန်မြင်ချင်သေးတယ်သိလား... ကလေးက အဲ့အရွယ်လေးပဲ အမြဲဖြစ်နေရင် ကောင်းမှာ... ဝတီ တစ်သက်လုံးထိန်းနေဖို့ပဲ"

ဝတီအပြောကြောင့် သူတို့အားလုံးရယ်လိုက်ကြသည်။ စဝ်ဆေးစံကတော့ သူ့ဇနီးဖြစ်သူအား ချစ်စနိုးနှင့်ကြည့်ရင်းရယ်နေ၏။

ထို့နောက် နန်းဆိုင်ခမ်းကြာကစကားပြန်စလိုက်သည်။

"ဒီဆိုင်ပိုင်ရှင်က နောင့်စိုင်းတို့သူငယ်ချင်းပဲ...ဝတီ မှတ်မိသေးလား...ဘေးနိုရာလေ"

ပြောလိုက်တော့ ဝတီကစဉ်းစားသလိုတစ်ချက်တွေသွားပြီးမှ...

"အာ ဟို ဘန်ကောက်..."

"အင်း ဟုတ်တယ်...ဒီဆိုင်က သူ့ဆိုင်...အခုသူက သားနှစ်ယောက်နဲ့တဲ့"

"ဟယ် သွက်လိုက်တာ...သူများတွေများ မိန်းမတောင်ရနေပြီ...နောင့်စိုင်းတို့ကတော့ခုထိမြုံစိစိ"

ဝတီ့စကားကြောင့် ဆိုင်ခမ်းကရယ်လိုက်ပြီး...

"မိန်းမမရှိဘူးတဲ့"

"ဟင် ဘယ်လိုကြီးလဲ"

ထိုအခါ ဆိုင်ခမ်းစကားကို ဝတီတင်မက အမျိုးသားနှစ်ယောက်ကပါစိတ်ဝင်တစား ဖြစ်သွားကြသည်။

"ကလေးတွေကို အငှားကိုယ်ဝန်ဆောင်နဲ့မွေးထားတာလို့ပြောတယ်... ဒါပေမဲ့ ကလေးတွေပုံကို Social mediaမှာ မတင်ဘူး... ဒီလာကြတဲ့သူတွေပဲမြင်ဖူးတယ်တဲ့... ကလေးနှစ်ယောက်လုံးကလည်း အရမ်းချစ်ဖို့ကောင်းတယ် ပြောတာပဲ... ကလေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရှိပေမဲ့ Social mediaမှာတော့ မဖြန့်ဖို့ သူတို့ဘက်ကတောင်းဆိုထားတာမလို့ ဘယ်သူမှမဖြန့်ကြတော့ ပီနန်းလည်းမမြင်ဖူးဘူး"

"ဪ...ဝတီတောင်မြင်ဖူးချင်သွားပြီ...ဒီအချိန် ချစ်စရာ့ကလေးလေးတွေကိုပဲကြည့်နေချင်တယ်"

"အင်း တောင်းဆိုကြည့်လို့ရမယ်ထင်တယ်...ရတော့လည်း အမြတ်ပေါ့... ကလေးတွေကလည်းရှိဦးမှ..."

"ဟုတ်လား ဒါဆိုစမ်းကြည့်မယ်လေ"

အမျိုးသမီးနှစ်ယောက်၏ စိတ်အားထက်သန်မှုကို အမျိုးသားနှစ်ယောက်ကလည်း မပိတ်ပင်ကြ။

ထို့နောက် Bellကိုနှိပ်လိုက်ကာ Waiterအလာကိုစောင့်နေလိုက်ကြသည်။ ၃မိနစ်အကြာ၌ တစ်ယောက်ရောက်လာပြီး...

"ဘာများလိုအပ်ပါသလဲရှင့်"

Waitressလေးအမေးကြောင့် ဆိုင်ခမ်းနှင့်ဝတီမျက်လုံးချင်းတစ်ချက်ဆုံသွားပြီးနောက်...

" ဟိုလေ ညီမလေး"

" ဟုတ်ကဲ့ပါရှင့်"

"ဒီဆိုင်မှာ ကလေးလေး ၂ယောက်ရှိတယ်မလားဟင်"

ဆိုင်ခမ်း၏ အမေးကြောင့် Waitressလေးကပြုံးသွားပြီး...

"ဟုတ်ကဲ့...ကလေးနှစ်ယောက်ကို တွေ့ချင်လို့လားရှင့်"

ထိုအမေးကြောင့် ဆိုင်ခမ်းနှင့်ဝတီနှစ်ယောက်လုံး ခေါင်းတဆတ်ဆတ်ညိတ်ကာ...

" တွေ့လို့ရမလား ညီမလေး...အစ်မ ညီမလေးက ကိုယ်ဝန်ဆောင်ဆိုတော့လေ ချစ်စရာကလေးလေးတွေကို တွေ့ချင်နေတာရယ်"

" ဟုတ်ကဲ့...ညီမ တစ်ချက်မေးပြီး ပြန်လာပြောပါ့မယ်ရှင့်"

" ဟုတ် ညီမလေး ကျေးဇူးနော်..."

"ဟုတ်ကဲ့....ကျေးဇူးပါရှင့်"

Waitressလေးထွက်သွားတော့ သူတို့အားလုံး ဆိုင်၏ Serviceကို ချီးကျူးမိလိုက်ကြသည်။ ဝန်ထမ်းတွေကို သေချာ Trainထားခြင်းသည် M-Ferrea၏ အားသာချက်ဟူ၍ နာမည်ကြီးနေသည်ကို လက်တွေ့လက်ခံလိုက်မိကြ၏။

15 minutes later...

"ကြည့်ရတာ မလာဘူးထင်တယ်နော်"

"Waitressလေးက ပြန်လာပြောမယ်ပြောတာပဲ ဝတီရဲ့...လာမှာပါ"

ထိုစဉ် ခေါင်မိုးထပ်လေးမှ မီးများအားလုံးမှိတ်သွားတော့၏။

"ဟင်"

"ဟာ"

အမျိုးသမီးလေးနှစ်ယောက်၏ အာမေဋိတ်သံနှစ်ခု။

" ဒီတစ်နေရာပဲ ပျက်သွားတာ"

"ဟုတ်တယ် ကျွန်တော်လည်းကြည့်နေတာ"

အမျိုးသားနှစ်ဦး၏ မှတ်ချက်နှစ်ခုကလည်း ထွက်ပေါ်လာပြီးနောက်...

သူတို့ထိုင်နေကြရာ ကံကော်ပန်းပွင့်သဏ္ဍာန်စားပွဲလေးမှ ပွင့်ဖတ်တစ်ခုချင်းစီသည် မီးလင်းလာပြီး နောက်ဆုံး၌ အလယ်မှ ရွှေရောင်ဝတ်ဆံမှုန်လေးများက တလက်လက်ထကာ လင်းလာတော့သည်။ အလင်းရောင်အောက်တွင် မြင်ရသည်ထက် ပို၍ရုပ်လုံးကြွကာ လှပလွန်းသည်မို့ သူတို့အားလုံး မင်သက်ကာ ငေးကြည့်နေမိကြသည်အထိ။

ထိုအချိန်၌…

"မှာထားတာတွေရပါပြီ ခင်ဗျ"

ထွက်ပေါ်လာသောကလေးသံလေးနှင့်အတူ မီးများပြန်လင်းလာသည်။ သူတို့အားလုံး အသံလာရာကိုလှည့်ကြည့်လိုက်ကြပြီးနောက်...

"ဟယ်"

"ချစ်စရာလေး"

အနောက်တိုင်းဝတ်စုံအပြာရောင်လေးအား ဝတ်ဆင်ထားသော ကလေးတစ်ယောက်။ Necktieလေးပါ တပ်ထားသည်မို့ လူကြီးပေါက်စလေးတစ်ယောက်လိုပင်။ ဆံပင်လှိုင်းတွန့်လေးတွေက အနက်ရောင်စစ်စစ်တော့မဟုတ်။ အပြုံးချိုချိုလေးနှင့် လက်ထဲတွင်လည်း ပန်းစည်းနှစ်စည်းကိုကိုင်ထား၏။

သူ့နောက်တွင်တော့ Waitressလေးယောက်က ဟင်းပွဲများကို ကိုယ်စီကိုင်ထားကြသည်။

သူတို့အားလုံး ငေးကြည့်နေကြစဉ်မှာပင် ကလေးလေးက သူတို့ဝိုင်းဆီလျှောက်လာပြီး ဝတီနှင့် ဆိုင်ခမ်းတို့အား ပန်းစည်းတစ်ခုစီပေးလိုက်ပြီးနောက် ခါးတစ်ချက်ညွှတ်ကာနှုတ်ဆက်ဟန်ပြုလိုက်ပြီးမှ ပြန်မတ်လိုက်ပြီး...

"သားက နိုရာသက္ကရာဇ်ပါ...တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ"

"အာ ချစ်စရာလေးကွာ...လာပါဦး တီတီ့ဆီ"

ဆိုင်ခမ်းကအသည်းယားသလိုပြောကာ ခေါ်လိုက်တော့ နိုနိုလေးက ဆိုင်ခမ်းနားလျှောက်သွားသည်။ ထိုစဉ် Waitressလေးများက ဟင်းပွဲများကို သူ့နေရာနှင့်သူချလိုက်ကြပြီးနောက် နောက်တွင်ရပ်နေကြသည်မို့...

"မမတို့ ပြန်လို့ရတယ်နော်...အာ ပြီးတော့ ကိုကို့ကို ဒီကိုလွှတ်ပေးပါဦး...လိုက်လာမယ်ဆိုပြီး ကြာနေလို့"

"ဟုတ်ကဲ့ပါရှင့်"

Waitressလေးများက ဦးတစ်ချက်ညွှတ်ကာ အောက်သို့ပြန်ဆင်းသွားကြ၏။

နိုနိုလေး၏ ပါးလေးကို ဆိုင်ခမ်းက ခပ်ဖွဖွလေးဖျစ်လိုက်ပြီး...

"သားသားက တကယ်ချစ်ဖို့ကောင်းတာပဲကွ ... ဒါနဲ့ ကိုကို့ကိုခေါ်ခိုင်းတယ်ဆိုတော့ သားက အငယ်လေးလား"

" ဟုတ် သားကအငယ်ပါ...ကိုကိုကနည်းနည်းရှက်တတ်လို့ အရမ်းမစနဲ့နော်"

အစ်ကိုအစားကူပြောပေးပုံလေးက ချစ်စရာကောင်းလွန်းသည်မို့ သူတို့အားလုံးပြုံးလိုက်မိကြသည်။ ဝတီကလည်း အသည်းယားနေသည်မို့...

"သားက ဘယ်နှစ်နှစ်လဲဟင်"

"ဟုတ် သားက ၁၂နှစ်ပါ...ဒါနဲ့ တီတီကဗိုက်ထဲမှာ ကလေးလေးနဲ့လား"

မျက်လုံးလေးတလက်လက်နှင့်မေးလာသော နိုနိုလေးကြောင့် ဝတီရယ်လိုက်ပြီး...

"ဟုတ်တယ်လေ...ကိုင်ကြည့်ချင်လား...ဒီကိုလာခဲ့"

လက်လှမ်းခေါ်လိုက်တော့ နိုနိုလေးက ဝတီ့အနားစိတ်ဝင်တစားဖြင့်ရောက်သွားတော့သည်။ ဝတီ့ရဲ့ ဗိုက်ပူပူလေးအား မျက်လုံးလေးတလက်လက်နှင့်ကြည့်ကာ စိတ်ဝင်စားနေသယောင်။ ထို့နောက် လက်ညှိုးလေးနှင့် မရဲတရဲတို့ထိလိုက်ပုံက ချစ်စဖွယ်အတိ။

"ညီလေးလား ညီမလေးလားဟင်"

"ဘာလေးလိုချင်လဲ"

"ဟီး ဘာလေးဖြစ်ဖြစ် သားကချစ်တယ်"

"ဟယ် တတ်လိုက်တာ ဒီကလေးလေး...လာပါဦး...တီတီကဖက်ချင်လို့"

ဝတီကနိုနိုလေးကိုအသည်းယားစွာပွေ့ဖက်လိုက်ပြီးနောက်...

"တီတီ့နာမည်က နန်းဝတီဧကပါရှင့်..."

"ဟာ တီတီနဲ့ကိုကိုက နာမည်နည်းနည်းတူတယ် သိလား...ကိုကိုက ဧကသက္ကရာဇ်..."

"ဟုတ်လား...သားကိုကိုကရော မလာသေးဘူးလား...တီတီတို့ တွေ့ချင်လှပြီ"

ထိုစဉ် Waiter နှစ်ယောက်ရောက်လာပြီး လက်ထဲတွင် ထိုင်ခုံနှစ်လုံးသယ်လာကြပြီးနောက် စားပွဲဝိုင်းနားတွင် ချပေးသွားကြပြီး ပြန်ထွက်သွားကြသည်။

စဝ်ဆေးစံ ထိုင်ခုံတစ်လုံးကိုဆွဲကာ သူနှင့်ဝတီကြားသို့ချပေးလိုက်တော့...

"ဦးဦးကို ကျေးဇူးတင်ပါတယ်ခင်ဗျ"ဟု ဆိုကာ ဝင်ထိုင်လိုက်သော ကလေးလေးကြောင့် အားလုံးမျက်နှာတွင် အပြုံးတို့ကဆင့်ကဲဖြစ်ထွန်းသွားကြပြန်၏။

စဝ်ခေါင်သည်လည်း အသည်းယားလာသည်မို့...

"ဆံပင်လေးတွေက မွေးရာပါလား"

"ဟုတ် သားက ပါပါးနဲ့တူတာ...ပါပါးဆို ဆံပင်အနီလေးတွေနဲ့ ပိုလှတယ်"

"သားက ပါပါးနဲ့တူတာဆိုတော့ သားကိုကိုကမတူဘူးလား"

ဆိုင်ခမ်းကမေးလိုက်တော့ နိုနိုလေးကခေါင်းတဆတ်ဆတ်ညိတ်ပြီး...

"ကိုကိုက ဘယ်သူနဲ့မှမတူဘူး... ပြီးတော့ ကိုကိုမျက်တောင်တွေဆိုအရှည်ကြီးပဲ... အသားကလည်း သားထက်ပိုဖြူတယ်"

"အယ် သားလည်း ဖြူဖြူလေးဟာကို"

"ဟီး တကယ်ပြောနေတာ...ကိုကို့အသားကဖြူဖြူကြည်ကြည်လေး...ဘွားဘွားကြီးကတော့ သားက ပါပါးလိုနို့နှစ်ရောင်လေးလို့ပြောတယ်"

"အင်း ဟုတ်တယ် သားက နို့နှစ်ရောင်လေး... သားအသားအရောင်လေးက တော်တော်လှတာ"

"ကိုကိုကပိုလှတယ်...အဲ အဲ့ဒါကိုကို့ခြေသံ...ကိုကိုလာပြီ"

နိုနိုလေးပြောတော့မှ သူတို့အားလုံးငြိမ်ကာနားထောင်ကြည့်တော့ လှေကားထစ်ဆီမှ ခြေသံသဲ့သဲ့လေးကြားလိုက်ရသည်။ သူတို့အားလုံး ခြေသံပိုင်ရှင်လေးအား စောင့်မျှော်ကာကြည့်နေလိုက်မိကြ၏။

ထို့နောက်တွင်တော့ အနက်ရောင် Suitလေးကိုဝတ်ဆင်ထားသော ကလေးတစ်ယောက်ထွက်ပေါ်လာသည်။

"ဟယ်!"

"တူလိုက်တာ"

"...."

"...."

"ကိုကို!"

နိုနိုလေးကလှမ်းခေါ်လိုက်တော့ မျက်လွှာပင့်ကာကြည့်လာသည် ကလေးငယ်လေး။ မျက်တောင်ရှည်တို့ပင့်တက်သွားပုံက လှပလွန်းစွာ။ မျက်ခုံးတို့ကလည်း ထူထဲနေခြင်းမဟုတ်ဘဲ နေရာတကျလှပသေသပ်စွာ။ နှာတံချွန်ချွန်လေးအောက် နှုတ်ခမ်းရဲရဲလေးများက တင်းတင်းစေ့ထား၏။ နက်မှောင်သော ဆံပင်တိုလေးများကို အလယ်မကျဘေးမကျခွဲထားပြီး နဖူးထက်ဆံပင်လေးတို့က အနည်းငယ်ကျနေကြသည်။

သူတို့အားလုံးငေးကြည့်နေကြစဉ် ကလေးက သူတို့အနားထိလျှောက်လာပြီဖြစ်သည်။ လမ်းလျှောက်လာသည့်ပုံစံလေးကအစ ပုံစံတကျနှင့် မျက်စိမလွှဲချင်စရာ။

"သားပြောပါတယ် ကိုကိုကအရမ်းချောပါတယ်လို့"

နိုနိုလေးပြောလိုက်သည်ကို သူတို့အားလုံး ခေါင်းညိတ်ကာလက်ခံလိုက်မိကြ၏။ တစ်ဆက်တည်းမှာပင် တူညီသောအတွေးများကလည်း အားလုံး၏အတွေးထဲတွင် ဖြစ်တည်နေကြသည်။

စဝ်ခေါင်နှင့်ဝတီတို့လည်း ခဏတာမျက်လုံးချင်းဆုံသွားကြ၏။

"ကိုကို ဒီကိုလာ..."

နိုနိုက သူ့အစ်ကိုကို လှမ်းခေါ်လိုက်ခြင်းဖြစ်ပြီး အနားသို့ အစ်ကိုဖြစ်သူရောက်လာသည်နှင့် ထိုင်နေသည့်ထိုင်ခုံပေါ်မှဆင်းကာ သူ့အစ်ကိုဘေးသွားပြီး လက်ကိုဆွဲခေါ်သည်။

"ကိုကို့ကို မိတ်ဆက်ပေးမယ်...ဒါက တီတီဝတီဧကတဲ့...ကိုကိုနဲ့ နာမည်တူတယ်နော် ဟီး...
ဦးဦးတို့နဲ့တီတီ့နာမည်တော့ သားလည်းမသိသေးလို့ ကိုယ့်ဘာသာမိတ်ဆက်ကြနော်... ဒါနဲ့ ကိုကို ဒီမှာထိုင်... နိုနိုဟိုဘက်သွားလိုက်မယ်"

"အင်း"

ကလေးနှစ်ယောက်၏ အပြုအမူလေးများကို သူတို့အားလုံးလိုက်ကြည့်နေမိသည်။ ဝတီကတော့ သူမဘေးက ကလေးလေးထံမှအကြည့်မခွာတော့။

"တီတီအဲ့လိုဆက်ကြည့်နေရင် ကိုကို့မျက်နှာကြီးမီးတောက်လာလိမ့်မယ်"

နိုနို့အသံလေးကြောင့် ဝတီအသိဝင်လာကာရယ်လိုက်မိသည်။ ဧကလေးမှလွဲ အားလုံးလည်းရယ်လိုက်ကြ၏။ ထို့နောက် ဝတီကအရယ်ရပ်ကာ...

"သားဧကလေးက တီတီ့မောင်အငယ်ဆုံးလေးနဲ့တအားတူလို့ကြည့်နေတာ နိုနိုလေးရဲ့"

"ဪ တီတီ့မှာ မောင်ရှိတာလား"

"ရှိပါ့ နောက်တစ်ခါ သူငယ်ငယ်ကပုံယူလာပြမယ်...တကယ်တူတာ"

"ဟုတ်လား ကိုကို့လိုမျက်တောင်ရှည်လား"

"အင်း အရှည်ကြီးပဲ"

"မျက်ခုံးရောလှလား"

"လှတာပေါ့သားရဲ့"

"ကိုကို့နှုတ်ခမ်းလိုရော ရဲပြီးလှလား"

"အင်း နောင့်စိုင်းလေးကလည်းအဲ့လိုလေးပဲ...နှုတ်ခမ်းလေးတွေကအမြဲစိုရဲနေတာ"

"နောင့်စိုင်း? "

နားမလည်သလိုဖြစ်သွားသည့် နိုနိုလေးကြောင့် ပီအိုက်ကရယ်လိုက်ပြီး...

"နောင့်စိုင်းဆိုတာ မောင်လေး၊ညီလေးဆိုတာနဲ့အတူတူပဲ...ရှမ်းလိုခေါ်တာ"

"အာ တီတီတို့၊ ဦးဦးတို့က ရှမ်းတွေလား"

"ဟုတ်ပါ့ရှင်"

ထိုအခါ နိုနိုလေး၏မျက်လုံးများကလက်သွားပြီး သူ့အစ်ကိုဘက်လှည့်ကာ...

"ကိုကို ကိုကို... ဦးဦးခေးကလည်း ရှမ်းမလား...ဟုတ်တယ်မလား"

"အင်း"

"ဟီး သားတို့မှာ ရှမ်းဦးဦးတစ်ယောက်ရှိတယ်... ဦးဦးစိုင်းခေးဆက်ကြာတဲ့"

"ဟော စိုင်းခေးလေးနဲ့လည်း အရမ်းရင်းနှီးတာလား"

"ဟုတ်"

ထိုအခါ ဆိုင်ခမ်းက နိုနိုလေး၏ မေးဖျားလေးကိုဖွဖွလေးဆွဲလိုက်ရင်း...

"တီတီက ဦးဦးခေးရဲ့ အစ်မအရင်းပါရှင့်...နန်းဆိုင်ခမ်းကြာလို့ခေါ်ပါတယ်... ဒီဘက်ကတော့ တီတီ့အမျိုးသား စဝ်မင်းခေါင်ဧကရာဇ်တဲ့...ဒီဦးဦးကတော့ တီတီဝတီ့ရဲ့အမျိုးသား စဝ်ဆေးစံတဲ့”

" ဝါး...တကယ်လား...ဒါဆို ဦးဦးခေးရဲ့အမျိုးတွေပေါ့... ဒီအကြောင်း ပါပါးကိုလှမ်းပြောရမယ်... တီတီတို့ဝိုင်းအတွက် ပါပါးပဲရှင်းပေးလိမ့်မယ်"

"ဟယ် မခေါ်နဲ့...မခေါ်နဲ့...တီတီက ပြောပြရုံပဲ... ခဏခဏလာမှာကို အမြဲကျွေးမလို့လား"

" သားကကျွေးနိုင်ပါတယ်"

"ဟုတ်ကဲ့ ဒီက ဘော့စ်လေးကကျွေးနိုင်ပေမဲ့ ကျွန်မတို့က အားနာလို့ပါရှင်..."

" ဟီး...."

ထိုစဉ်  Waitressလေးများရောက်လာပြီး နိုနိုလေးရှေ့တွင် Bubble teaချပေးကာ၊ ဧကလေးရှေ့တွင်တော့ နွားနို့အပူတစ်ခွက်ချပေးပြီးပြန်ထွက်သွားကြသည်။

ထိုအချင်းအရာကြောင့် စဝ်ခေါင်ကရယ်လိုက်ပြီး...

" ဘာကျွေးရမလဲလို့တွေးနေတာ...နှစ်ယောက်လုံးက ကိုယ့်ရိက္ခာနဲ့ကိုယ်လာတာပဲကွ"

ပြောလိုက်တော့ နိုနိုလေးကရယ်ပြီး...

"တကယ်တော့သားတို့ကစားပြီးပြီ... ဦးဦးတို့ နေရခက်မှာစိုးလို့ပါ...ဒါနဲ့ကိုကို ခေါင်းမူးလာရင်ပြောနော်"

"ရတယ် နိုနို"

ညီအစ်ကိုနှစ်ယောက်၏ အပြန်အလှန်ပြောစကားများကြောင့် သူတို့အားလုံးအံ့ဩသွားကြ၏။ ဝတီကစိတ်ပူသွားဟန်ဖြင့်...

"ဘာလို့လဲ...ဧကလေးကဖျားနေတာလား"

ဧကလေး၏ နဖူးလေးထက်လက်ဖဝါးဖြင့်အသာစမ်းကာမေးလိုက်တော့....

" ဖျားနေတယ်တော့မဟုတ်ပါဘူး... ဒါပေမဲ့ ကိုကိုက အားနည်းတတ်လို့ပါ...ကိုကိုအဆင်မပြေရင်တော့ သားတို့ပြန်ရမယ်"

နိုနိုလေးထိုစကားပြောနေချိန်တွင် ဝတီနှင့်စဝ်ခေါင်တို့အကြည့်ချင်းထပ်ဆုံသည်။ စဝ်ခေါင်က ခေါင်းကိုမသိမသာယမ်းပြတော့ ဝတီကသက်ပြင်းဖွဖွချကာ ဧကလေးဘက်လှည့်လိုက်ပြီး...

"သား နေလို့အဆင်မပြေရင်အားမနာနဲ့နော်..."

" ဟုတ်ကဲ့"

ထို့နောက်တွင်တော့ သူတို့အားလုံး ဧကလေးကိုအရိပ်တကြည့်ကြည့်လုပ်ရင်း၊ နိုနိုလေးနှင့်လည်းစကားအပြောမပြတ်ကြ။ နိုနိုလေးက သူ့အစ်ကိုအား စကားဝိုင်းထဲ တစ်ချက်တစ်ချက်ဆွဲသွင်းတတ်သေးသည်။ ထိုအခါ ဧကလေးထံမှ 'အင်း'ဆိုသည့် တုံ့ပြန်မှုလေးပြန်ကြားရ၏။

သူတို့ဘာမှဦးဆောင်ပြောစရာမလိုဘဲ နိုနိုလေးကပင် အကြောင်းအရာရှာကာပြောသွားတတ်သည်မို့ သူတို့အားလုံး စကားဝိုင်းထဲ အလိုက်သင့်စီးမျောပါသွားကြသည်။ စကားနည်းသော စဝ်ဆေးစံပင်လျှင် စကားဝိုင်းထဲပါဝင်လာသည်အထိ သူတို့ဝိုင်းလေးကအသက်ဝင်နေတော့၏။

______________________________________________________________________

ဘေဘေးနှင့်ထူးမြတ် ဆိုင်ထဲဝင်လာသည့်အချိန်တွင် တော်တော်များများ၏ အကြည့်များက သူတို့ဆီတွင်သာကျရောက်နေကြသည်။ တစ်ယောက်က M-Ferrea၏ပိုင်ရှင်ဖြစ်ရုံသာမက လုပ်ငန်းစုကြီးတွေကိုပါ ဦးဆောင်နေသည့် အသက် ၃၀ဝန်းကျင်အရွယ်အမျိုးသားတစ်ယောက်ဖြစ်သည့်အပြင် ရုပ်ရည်ကလည်းအပြစ်ပြောစရာမရှိ။

၃၀ဆိုသည့် အသက်အရွယ်သည် အမျိုးသားတစ်ယောက်၏ အခန့်ညားဆုံးအသက်အပိုင်းအခြားဖြစ်၏။ လူငယ်ဆန်မှုတို့လည်းအနည်းငယ်ကြွင်းကျန်နေကာ ရင့်ကျက်သည့်ဟန်ပန်တို့ကလည်း ရောစွက်နေကြသည်။ ကော်လာပါသည့် အဖြူရောင်ရှပ်လက်ရှည်ကို ကြယ်သီးနှစ်လုံးဖြုတ်ကာဝတ်ဆင်ထားပြီး ခါးစတို့ကို အနက်ရောင် Pantsအရှည်ထဲထည့်ကာဝတ်ဆင်ထားသည်မို့ လူငယ်ပိုဆန်နေသည်။

နားတစ်ဖက်တွင် စိန်တစ်ပွင့်လက်နေသည့်ပုံစံက M-Ferreaတွင်သာမြင်တွေ့နိုင်သည့်ပုံစံဖြစ်၏။ လှိုင်းတွန့်ဆံပင်လေးများအနီရောင်ပြေးနေမှုသည် ပုံသွင်းထားသည်ဟုထင်ရလောက်အောင် မိမိုက်နေလွန်းသည့်အပြင် အရပ်အမောင်းကလည်း အမျိုးသမီးထုတို့စိတ်ကူးယဉ်ချင်စဖွယ်။ Single fatherအဖြစ်ရပ်တည်နေသူ၏ဘေးမှခုံကို နေရာလုချင်သူတို့ကအများအပြား။

ထို့အတူ သူ့ဘေးမှအမျိုးသားသည်လည်း စီးပွားရေးလောက၏ ထိပ်တန်း Coachတစ်ယောက်ဖြစ်သည်။ မျက်မှန်နှင့်သူ့ပုံစံသည် လူကြီးလူကောင်းပုံစံအပြည့်။ အနက်ရောင်အနောက်တိုင်းဝတ်စုံနှင့်မို့ အလုပ်မှထွက်လာသည့်ပုံစံမျိုးဖြစ်နေသည်။

နှစ်ယောက်ပုံစံတွင် တစ်ယောက်ကလွတ်လပ်ပေါ့ပါးကာ နောက်တစ်ယောက်ကတော့ တည်ကြည်လေးနက်သည့်အသွင်ဖြစ်၏။

နှစ်ယောက်သား အထဲဝင်သွားတော့ ကောင်လေးတစ်ယောက်ပြေးလာပြီး...

"Bossနဲ့ဆရာတို့ မင်္ဂလာပါ...အစ်ကိုလေးတို့က ခေါင်မိုးထပ်ကိုရောက်နေပါတယ်"

"Ok ကိုယ်သွားခေါ်လိုက်မယ်...သွားတာကြာပြီလား"

"ဟုတ်ကဲ့ ၄၅မိနစ်လောက်တော့ရှိပါပြီ"

"Okok..."

သူတို့နှစ်ယောက် ခေါင်မိုးထပ်ဆီ ဦးတည်လိုက်ကြစဉ် ဘေဘေးကထူးမြတ်ဘက်ကိုလှည့်လိုက်ပြီး...

"လိုက်မလို့လား...မင်းကိုမြင်ရင် သားကြီးကပြန်လွှတ်မှာမဟုတ်လောက်ဘူးနော်"

ပြောလိုက်တော့ ထူးမြတ်မျက်နှာက မဲ့ကျသွားသည်။ ပြီးနောက်...

"မမြင်ရင်လည်း စိတ်ဆိုးဦးမှာပဲ"

"ဟားဟား"

ဘေဘေးက ထူးမြတ်ပုံစံကိုကြည့်ကာ ရယ်ချတော့သည်။ သားကြီးက ထူးမြတ်ကိုတော်တော်ခင်တွယ်သလို ထူးမြတ်ကလည်း သားကြီးကို အမြဲအလိုလိုက်တတ်၏။ အိမ်တွင်အငယ်ဆုံးဖြစ်သည်မို့ ကလေးဆန်တတ်သောထူးမြတ်က သားကြီးနှင့်ဆို လူကြီးလုပ်ချင်သည်။ သို့သော် သူ့ထက်ပို၍တည်ငြိမ်သော သားကြီးကိုအမြဲအရှုံးပေးရသည်သာ။

"မင်းသားကြီးက အသက်ကသာပိစိလေး...စိတ်က ခုကတည်းကလက်တစ်ဆစ်"

" သူများကြားရင်ရယ်နေပါဦးမယ်ကွာ...ငါ့သားကြီးက အအေးချမ်းဆုံးကလေးနော်"

ပြောလိုက်တော့ ထူးမြတ်၏မျက်နှာရှုံ့မဲ့သွားပုံကရယ်ချင်စရာ။ သူလည်းသိပါသည်။ သားကြီးက ထူးမြတ်တစ်ယောက်ကိုသာ ကွက်အနိုင်ကျင့်ခြင်း။

ခေါင်းမိုးထပ်ရောက်ခါနီးတွင် အပေါ်မှရယ်သံများကိုတစ်စွန်းတစ်စကြားလိုက်ရသည်မို့ သူတို့နှစ်ယောက်လုံးပြုံးမိလိုက်ကြ၏။

"နိုနိုတို့က ရိုးရာမပျက်ဆွဲဆောင်ထားပြီထင်တယ်"

ထူးမြတ်၏အပြောကြောင့် ဘေဘေးရယ်လိုက်ကာ...

"ကြာရင် ငါတို့ကိုတောင်ရောင်းစားသွားမလားမသိဘူး..."

နှစ်ယောက်သားခေါင်မိုးထပ်သို့ရောက်သွားချိန်တွင်တော့ အကြည့်တို့ကသူတို့ဆီရောက်လာကြသည်။ လူကြီးများ၏အကြည့်များကြောင့် နိုနိုလေးကလည်း လှည့်ကြည့်လာကာ သူတို့ကိုမြင်လိုက်သည်နှင့်  မျက်နှာလေးကပြုံးသွားပြီး...

" ပါပါး! ကယ်ဝမ်း!"

ဝမ်းသာအားရလှမ်းခေါ်တော့သည်မို့ သူတို့နှစ်ယောက်လည်း အနားသို့ လျှောက်သွားလိုက်သည်။ ဧကလေးက တစ်ချက်လှည့်ကြည့်ပြီးနောက် ရှေ့ပြန်လှည့်ပြီးနွားနို့ပြန်သောက်နေ၏။ နိုနိုက အဖေဖြစ်သူ အနားရောက်လာသည်နှင့် ခုံမှလျှောဆင်းသည်။ ထို့နောက် သူ့လက်ကလေးတွေနှင့် ဘေဘေးလက်ကိုဆွဲကာခေါ်လိုက်ပြီး ဧည့်သည်များနှင့် မိတ်ဆက်ပေးလာ၏။

" ပါပါး...ဒီတီတီတို့နဲ့ဦးဦးတို့က ဦးဦးခေးရဲ့အမျိုးတွေတဲ့..."

နိုနို့အပြောကြောင့်ဘေဘေးက အံ့ဩသွားပြီး…

" တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ...စားလို့အဆင်ပြေကြရဲ့လားမသိဘူး... ခေးဆက်ရဲ့အမျိုးတွေဆိုတော့ ကျွန်တော်ကပဲဧည့်ခံလိုက်ပါ့မယ်"

"အယ် မဟုတ်တာ...ပီနန်း အဲ အစ်မတို့ဘာသာရှင်းပါ့မယ်"

ဝတီက အားနာသလိုပြောလိုက်တော့ နိုနိုကရယ်ပြီး...

"ခုဏကတည်းက နိုနိုပြောပြီးသား...တီတီတို့ကငြင်းနေလို့ပါပါးကိုမခေါ်တော့တာ...ဒါနဲ့ အဲ့တီတီဗိုက်ထဲမှာ ကလေးလေးနဲ့ သိလား"

နိုနို့အပြောကြောင့်လူကြီးများအားလုံးရယ်လိုက်မိကြ၏။ ထို့နောက် ဘေဘေးက အားလုံးကို ထူးမြတ်နှင့်ပါမိတ်ဆက်ပေးလိုက်ပြီး ထူးမြတ်သည်လည်း ခေးဆက်နှင့်သိကြောင်းပြောပြတော့ အပြန်အလှန်နှုတ်ဆက်ဖြစ်ကြပြီးနောက်...

" ဒါဆို နိုရာ...ပီနန်း အဲ အစ်မ ဒီလိုပဲခေါ်မယ်နော်"

"ဟုတ် ပီနန်းလို့ပဲပြောလို့ရပါတယ်"

ပြုံးကာပြောလိုက်တော့ ထိုကိုယ်ဝန်ဆောင်အမျိုးသမီးလေးကလည်းပြုံးလိုက်ပြီး...

"ပီနန်း မေးချင်လို့... မောင်လေးက ပီနန်းရဲ့မောင်နဲ့ပါရင်းနှီးမယ်ထင်တယ်"

ထိုစကားကြောင့် ဘေဘေးနှင့်ထူးမြတ်အကြည့်ချင်းဆုံသွားပြီးနောက် ဘေဘေးကပဲပြန်မေးလိုက်၏။

"ပီနန်းရဲ့မောင်ကဘယ်သူလဲခင်ဗျ"

"စဝ်မင်းနွယ်ဧကရာဇ်လေ သိလား"

"...."

"...."

ထိုစကားအဆုံး ဘေဘေး၏ခြေချောင်းလေးများက Shoesအတွင်းတွင် ကုပ်သွားကြသည်။ နောက်သို့ခြေတစ်လှမ်းမဆုတ်မိအောင်၊ မျက်နှာတစ်ချက်မပျက်အောင်ထိန်းထားလိုက်မိရင်း...

"ဟုတ် သိပါတယ်...ဒါပေမဲ့ သူနဲ့ကမတွေ့တာတအားကြာနေပြီခင်ဗျ"

ပြောလိုက်တော့ ဝတီ့မျက်နှာလေးက ညှိုးသွားပြီး...

"ဟုတ်တယ်...နောင့်စိုင်းက NYကိုရောက်နေတာ...နောက်တစ်ပတ်ဆိုပြန်လာတော့မှာလေ..."

ထိုစကားကြောင့် ဘေဘေး၏ရင်ထဲ ဒိန်းခနဲ။ မြင်ကွင်းတို့ကဝါးတားတားဖြစ်သွားသည်မို့ စိတ်ကိုငြိမ်အောင်ထိန်းထားလိုက်မိပြီး...

"ဟုတ်ကဲ့...ရောက်ရင်သူ့ကိုဒီကိုလာဖို့ပြောပေးပါဦး... ကျွန်တော့်မှာလည်း သူနဲ့ဆက်သွယ်လို့ရမဲ့ဟာမရှိတော့ မဆက်သွယ်ဖြစ်ဘူး"

"အယ် မရှိဘူးလား...သူEmailသုံးတယ်လေ... နေဦး ပီနန်းရေးပေးခဲ့မယ်... ဒီကလေးက ပီနန်းတို့ကိုတောင် သိပ်ဆက်သွယ်တာမဟုတ်ဘူး... Social mediaလည်းမသုံးဘူး...Ph no.ကတော့မပေးတော့ဘူးနော်... သူ့ဘက်ဆက်စရာရှိမှ ကဒ်ထည့်ဆက်တာမလို့...ကျန်တဲ့အချိန်သူ့ကိုဆက်လို့မရဘူး... ဆက်သွယ်ချင်ရင် Mailပဲပို့ရတယ်... NYအပို့ခံလိုက်ရလို့ စိတ်ဆိုးနေတာ ခုထိမပြေသေးဘူးထင်ပါရဲ့... မင်းတို့သူငယ်ချင်းက တော်ရုံစိတ်ကြီးတာတော့မဟုတ်ဘူးရယ်"

ထို့နောက်တွင်တော့ ကဒ်ပြားလေးတစ်ခုကို ကမ်းပေးလာသည်မို့ ဘေဘေးလက်ကိုမတုန်အောင်ထိန်းပြီးယူထားလိုက်ရသည်။

ဖြစ်နိုင်ရင် ဒီနေရာမှ သူအမြန်သွားချင်နေပြီဖြစ်၏။

"ပီနန်းက နောင့်စိုင်းကိုသူငယ်ချင်းတွေအများကြီးရှိစေချင်တာ...ကလေးကအေးလွန်းတော့ တစ်ယောက်တည်းအမြဲကွဲထွက်နေလို့လေ"

"ဟုတ်ကဲ့ ကျွန်တော်တို့နဲ့သူက ခင်ပါတယ်...ပီနန်းမပူပါနဲ့"

"အင်း ဒါနဲ့လေ ဧကလေးက..."

"အဟွတ်...အဟွတ်"

"ကလေး!"

"သားကြီး!"

"ကိုကို!"

ဧကလေးက ရုတ်တရက်ချောင်းထဆိုးသည်မို့ ထူးမြတ်က ကလေးဘေးကိုချက်ချင်းရောက်သွားကာ ကျောပြင်လေးကိုဖွဖွသပ်ပေးလိုက်သည်။ ဘေဘေးနှင့်နိုနိုကလည်းအနားရောက်သွားကြ၏။ ကျန်လေးယောက်ကလည်း စိုးရိမ်တကြီးဖြစ်သွားကြသည်မို့ သူတို့ကြားကစကားဝိုင်းမှာပျက်သွားတော့သည်။

ဧကလေးကချောင်းဆိုးရပ်သွားသည်နှင့်...

"ဝမ်း ချီ..."

"အင်း အင်း...လာ"

ထူးမြတ်က ခါးကိုင်းပေးလိုက်သည်နှင့် ဧကလေးက လည်ပင်းကိုသိုင်းဖက်သည်။ ထို့နောက် ရင်ချင်းအပ်ကာဆွဲချီလိုက်သည်မို့ ကလေး၏ ခြေထောက်နှစ်ဖက်က ထူးမြတ်၏ခါးထက်နေသားတကျ။ ပုခုံးထက်ခေါင်းလေးကိုစောင်းကာတင်ထားပြီး ထူးမြတ်၏လည်ပင်း၌ မျက်နှာလေးအပ်ကာ တိုးဖွဖွပြော၏။

"ဝမ်း မပြန်ရဘူး"

"အင်း မပြန်ဘူးနော်...နိုရာ ငါကလေးကိုခေါ်သွားတော့မယ်...ကိုယ်ပူနေပြီ"

ထူးမြတ်ကပြောပြီးပြီးချင်း ကလေးကိုချီလျက်သားနှင့် အလျင်အမြန် ထွက်သွားတော့၏။ ထိုအချင်းအရာကြောင့်
ဝတီကမျက်နှာမကောင်းဖြစ်သွားကာ...

"ပီနန်းတို့တောင်းပန်ပါတယ်..."

"အာ မဟုတ်တာ...သားကြီးကအမြဲအဲ့လိုဖြစ်တတ်လို့ပါ... ဒါဆို အစ်မတို့ဆက်စားကြပါ... ကျွန်တော်တို့ သားကြီးကိုပြန်ကြည့်လိုက်ဦးမယ်...သားငယ် ဦးဦးနဲ့တီတီတို့ကိုနှုတ်ဆက်လိုက်ဦးလေ"

"ဦးဦးနဲ့တီတီတို့ တာ့တာ...နောက်တစ်ခါလာရင်တွေ့မယ်နော်"

"တာ့တာ နိုနိုလေး"

"တာ့တာ နိုနို"

"တာ့တာ ကလေးလေး...တောင်ကြီးကိုအလည်လာလို့ရတယ်နော်"

"တာ့တာ နိုနိုလေး...နိုနိုလေးနဲ့တွေ့ဖို့ထပ်လာခဲ့မယ်..."

နှုတ်ဆက်ကြပြီးနောက် သားအဖနှစ်ယောက်သား အောက်ထပ်သို့ ပြန်ဆင်းလာလိုက်ကြသည်။ ဘေဘေး၏ရင်ထဲတွင်တော့ တလှပ်လှပ်ဖြစ်နေသော ခံစားချက်များဖြင့်ပြည့်နှက်နေကြ၏။

" ပါပါး နေမကောင်းဘူးလားဟင်...လက်မှာချွေးတွေနဲ့"

နိုနို့အပြောကြောင့် အသိဝင်လာသည်မို့ ပြုံးပြလိုက်ကာ...

" ပါပါးနေကောင်းပါတယ်...သားကိုပါပါးချီရမလား..."

"ဟီး ဟုတ်"

နိုနို့မျက်နှာလေးက ချက်ချင်းပြုံးသွားကာ ဘေဘေ၏ လည်ပင်းကိုသိုင်းခိုပြီး ခုန်တက်သည်မို့ ဘေဘေးလည်းရယ်မောကာ အလိုက်သင့် ပွေ့ချီလိုက်ရ၏။

တစ်ဖက်တွင်တော့...

"ဝမ်းကပြန်မှာမလား"

"မပြန်ပါဘူး စိတ်ချလက်ချအိပ်"

ကလေးကိုညာနေရသည်မို့ ထူးမြတ်လည်းစိတ်မလုံချင်။ တကယ်တော့ သူ့မှာ အလုပ်တွေကရှိသေးသည်။ ကလေးအိပ်တာနှင့်ပြန်ဖို့လုပ်ထားသော်ငြား ဧကလေးကသူ့မျက်လုံးကိုတည့်တည့်ကြည့်ကာ မေးခွန်းတွေတန်းစီမေးလာ၏။

"ဝမ်း ညာတယ်"ဟု ဆိုကာ မျက်လွှာချပြီး ဘေးစောင်းလိုက်သောပုံစံလေးအား သူဘယ်လိုမှ လှစ်လျူရှု၍မရ။

"ဧကလေး...ကိုယ် မနက်ကျ အလုပ်ရှိလို့ပါ...ပြီးပြီးချင်းလာခဲ့မယ်လေ"

"...."

"နော်လို့...စိတ်မဆိုးပါနဲ့ကွာ...နေလည်းမကောင်းဘဲနဲ့"

လက်လေးကိုဆွဲကိုင်ကာ ကလေးတွေကိုချော့သလိုချော့လိုက်တော့ လက်ကိုရုန်းထွက်သွားပြီး ခန္ဓာကိုယ်လေးကိုပါတစ်ဖက်စောင်းသွားပြန်သည်။ မျက်လုံးကိုမှိတ်ထားသေးသည်မို့ မျက်တောင်ရှည်တို့က လှုပ်လီလှုပ်လဲ့။

ထူးမြတ် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်...

"မပြန်တော့ဘူးကွာ...တကယ်မပြန်တော့ဘူး"

ပြောလိုက်ပေမယ့် ကိုယ်လေးကလှည့်မလာ။

"မယုံသေးဘူးလား...ကိုယ်ရေချိုးချင်နေလို့ ... ပါပါးဆီကနေ ကိုယ်လဲဝတ်လို့ရမဲ့ အင်္ကျီလေးဘာလေးငှားပေးထားရင် အရမ်းပျော်မိမှာ"

"...."

"ကိုယ်အခုသွားချိုးပြီးနော်...ချိုးပြီးလို့ဝတ်စရာမရှိရင် အိမ်ပြန်ယူရမှာ"

ပြောပြီးနောက် ထူးမြတ်ပြုံးစိစိနှင့်ထွက်လာခဲ့လိုက်သည်။ ဒီကလေးကို အပြောနှင့်ဆွဲဆောင်၍မရသည်မို့ အလုပ်နှင့်သာ သက်သေပြလိုက်ရ၏။

ရေချိုးပြီးပြန်ထွက်လာချိန်တွင်တော့ ညအိပ်ဝတ်စုံလေးတစ်စုံက စားပွဲထက်တွင်အဆင်သင့်။
အိပ်ရာဖြူဖြူလေးထက်ရှိကလေးလေးကတော့ ဆေးရှိန်ကြောင့် အိပ်မောကျနေပြီဖြစ်သည်။

______________________________________________________________________

Zawgyi//

ေကတုသတီေဟာ္နန္းရွိ မဟာေဒဝီနန္းေဆာင္၌ အပ္က်သံပင္ၾကားရေလာက္သည္အထိတိတ္ဆိတ္ေနၾကသည္။

ထိုသို႔တိတ္ဆိတ္ေနသည့္ေလထုကို အမ်ိဳးသားတစ္ေယာက္၏အသံကၿဖိဳခြင္းလိုက္၏။

"ေနာင့္စိုင္းက ျပန္လာေတာ့မယ္လို႔ေျပာပါတယ္...အဘြားေတာ္ စိတ္ေလွ်ာ့ပါ"

"ဒီကေလးေတာ္ေတာ္ဆိုးေနၿပီ စဝ္ေခါင္...မင္းအရမ္းႀကီးအလိုလိုက္မေနနဲ႔"

"ေနာင့္စိုင္းက အလုပ္ေတြျဖတ္မရျဖစ္ေနေသးလို႔ပါ...Transferတင္ထားၿပီးၿပီလို႔ေျပာပါတယ္...
ကြၽန္ေတာ္က အဘြားေတာ္ပင္ပန္းေနမွာစိုးလို႔ပါ"

စဝ္ေခါင္လည္း အဘြားေတာ္ကို စိတ္ေျပရာေျပေၾကာင္းေျပာရင္း ဝတီႏွင့္ဆိုင္ခမ္းျမန္ျမန္ေရာက္လာဖို႔ကိုသာ ဆုေတာင္းေနရသည္။ မိန္းကေလးေတြမို႔ အဘြားေတာ္အလိုက္ကိုသူ႔ထက္ပိုသိၾကေလာက္၏။

ဝတီမဂၤလာေဆာင္ၿပီးကတည္းက ေဟာ္နန္းတြင္ တစ္ပတ္စီအလွည့္က်လာေနျဖစ္သည္။ အဘြားေတာ္တစ္ေယာက္တည္းသာက်န္ခဲ့သည္မို႔ သူတို႔စိတ္မခ်ႏိုင္ပါ။ သူႏွင့္ဆိုင္ခမ္းက မည္သည့္ေဟာ္နန္းတြင္မွမေနၾကဘဲ အိမ္ခြဲထြက္ၿပီးေနခဲ့ၾကသူမ်ားမို႔ ခုလိုျဖစ္လာသည့္အခါ ဆိုင္ခမ္းကလည္း နားလည္လက္ခံေပးခဲ့သည္။

အလားတူပင္ ေယာက္ဖေတာ္စဝ္ေဆးစံကလည္း ဝတီ့ကိုနားလည္ေပးခဲ့၏။ သူလိုက္လာသည့္ရက္မ်ားရွိသလို ဝတီတစ္ေယာက္တည္းလာေနသည့္ရက္မ်ားလည္းရွိသည္။ အဘြားေတာ္က မလာလည္းရသည္ဟု ေျပာခဲ့ေသာ္လည္း သူတို႔မေနႏိုင္ပါ။

ထိုစဥ္ ဝတီႏွင့္ဆိုင္ခမ္းတို႔ဝင္လာၾကၿပီး အဘြားေတာ္ႏွင့္သူ႔ကို ဂါရဝျပဳကာ ေနရာလြတ္တြင္ဝင္ထိုင္ၾကသည္။ ဝတီက အဘြားေတာ္၏ မ်က္ႏွာရိပ္ကိုၾကည့္ၿပီး...

"အဘြားေတာ္...ဘယ္နားေနမေကာင္းလို႔လဲဟင္"

ေမးလိုက္ေတာ့ အဘြားေတာ္ကမ်က္လုံးမွိတ္ကာ လက္ကာျပသည္။ သူတို႔လည္း အဘြားေတာ္စိတ္အေႏွာင့္အယွက္ျဖစ္မည္စိုး၍ ဘာမွဆက္မေျပာရဲၾက။

ခဏအၾကာမွ အဘြားေတာ္ဆီမွ ျပတ္သားေသာအသံထြက္လာ၏။

"ဆက္ခံသူကေလးကိုရွာဖို႔လိုတယ္"

"ရွင္!"

"...."

"...."

ဝတီကနားမလည္သလို အာေမဋိတ္သံျပဳလိုက္မိေသာ္ျငား စဝ္ေခါင္ႏွင့္နန္းဆိုင္ခမ္းၾကာတို႔ကေတာ့ အဘြားေတာ္ထပ္ေျပာလာမည့္ စကားကို တိတ္ဆိတ္စြာ ေစာင့္စားေနၾက၏။

ထို႔ေနာက္ အဘြားေတာ္၏မ်က္လုံးမ်ားကပြင့္လာၿပီး...

"ဆက္ခံသူနဲ႔လက္စြပ္က ဒီေလာက္အၾကာႀကီးကြဲေနလို႔မရဘူး... မဟုတ္ရင္ ဆက္ခံသူကေလးမွာ အႏၲရာယ္ရွိလာလိမ့္မယ္"

"...."

"...."

"...."

တစ္ခါမွမၾကားဖူးသည့္အေၾကာင္းအရာမို႔ သူတို႔အားလုံးအံ့ဩသြားၾကကာႏႈတ္ဆိတ္ေနမိၾကသည္အထိ။

"တိုးနယားရဲ႕မ်က္လုံးေနရာက ပတၱျမားႏွစ္လုံးက တစ္ေန႔ထက္တစ္ေန႔ပိုေတာက္လာတယ္...ဒီတိုင္းဆို ဆက္ခံသူကေလးမွာ အားေတာ္ေတာ္နည္းေနေလာက္ၿပီ..."

"ရွင္...ဒါဆို ဝတီတို႔ဘယ္လိုလုပ္ရမွာလဲ အဘြားေတာ္"

"ဆက္ခံသူကေလးကိုရွာရမယ္...ၿပီးရင္ လက္စြပ္အပ္ႏွင္းပြဲလုပ္ရမယ္... အဲ့ဒါေၾကာင့္ ဟိုကေလးကို ျပန္လာခိုင္းေနတာ... ေျပာသြားတဲ့အခ်ိန္ထက္ပိုေနေနၿပီး ေဟာ္နန္းကိုတစ္ခ်က္မဆက္သြယ္ဘူး..."

"ဟို အဘြားေတာ္...ေနာင့္စိုင္းက အလုပ္လုပ္ေနလို႔ပါ"

"ဘယ္သူကသူ႔ကို အဲ့မွာအလုပ္လုပ္ခိုင္းထားလို႔လဲ...သူေျပာသြားတာ ၈ႏွစ္...အခု ၉ႏွစ္ျပည့္ေတာ့မယ္... ၾကားထဲလည္း တစ္ေခါက္ေတာင္ျပန္မလာဘူး... သူ တစ္ဖက္ကအမ်ိဳးေတြနဲ႔အဆက္အသြယ္ရွိေနၿပီဆိုတာ အဘြားေတာ္မသိဘူးလို႔ထင္မေနၾကနဲ႔... သုံးမကုန္တဲ့အေမြေတြရထားၿပီဆိုေတာ့ ဒီအဘြားေတာ္ကိုရွိတယ္လို႔ မထင္ေတာ့တာ ထင္တယ္"

"ကေလးမွာအဲ့လိုစိတ္မရွိပါဘူး အဘြားေတာ္... သူကအရင္ကတည္းက ဆိတ္ဆိတ္ေလးေနတတ္တာပါ... ဘြားဘြားတို႔နဲ႔အဆက္အသြယ္ရွိသြားတာက ဝတီေျပာျပလိုက္လို႔ပါ...ေနာင့္စိုင္း NYေရာက္သြားတာသိေတာ့ ဘြားဘြားတို႔ဘက္က လူလႊတ္ၿပီး ေနာင့္စိုင္းကိုအတင္းလိုက္ဆက္သြယ္ခဲ့တာပါ... အေမြကလည္း ပါပါးမဆုံးခင္ကတည္းကေပးခဲ့တာေတြပါ...ေနာင့္စိုင္းက အေစာပိုင္းဘာလက္မွတ္မွမထိုးခဲ့ေပမယ့္ ဘြားဘြားက ေရာဂါအေၾကာင္းျပၿပီး သူမယူရင္ေရာဂါကိုမကုဘူးလို႔အၾကပ္ကိုင္ခဲ့လို႔ပါ...အဘြားေတာ္စိတ္ဆိုးမယ္ဆိုရင္ ဝတီပဲခံပါ့မယ္..."

" ေနပါေစေတာ့... စဝ္ေခါင္..."

"ဟုတ္ကဲ့ အဘြားေတာ္"

"သူ႔ကိုထပ္ဆက္သြယ္လိုက္...ျပန္လာမယ့္အခ်ိန္သိရရင္ ျပန္လာေျပာ..."

"ဟုတ္ကဲ့"

"အားလုံးသြားၾကေတာ့...နန္းဆမ္ကိုလႊတ္လိုက္... စဝ္ေခါင္နဲ႔ဆိုင္ခမ္း... အခ်ိန္ရရင္ စဝ္ေဆးလာတဲ့အခ်ိန္ထိ ဝတီနဲ႔ေနေပးခဲ့ၾက"

"ဟုတ္ကဲ့ အဘြားေတာ္"

"ဟုတ္ကဲ့"

ထို႔ေနာက္ အဘြားေတာ္၏နန္းေဆာင္မွ သူတို႔အားလုံးထြက္လာခဲ့လိုက္ၾကသည္။

ခပ္လွမ္းလွမ္းကိုေရာက္ေတာ့...

"ဆက္ခံသူကေလးေလးက တကယ္ရွိေနတာလား ပီအိုက္"

ဝတီကေမးလိုက္ေတာ့ စဝ္ေခါင္၏မ်က္ႏွာက ေလးနက္သည့္အသြင္ေျပာင္းသြားကာ...

"သိဒၶိဝင္လက္စြပ္ေတြက ဘယ္ေတာ့မွမမွားတတ္ဘူး... ဒါေပမဲ့ ေနာင့္စိုင္းမွာ ကေလးတစ္ေယာက္ရွိေနမယ္လို႔လည္း ပီအိုက္ ေတြးလို႔ေတာင္မရေသးဘူး"

"ဝတီေရာပဲ...ေပါက္ကရမိန္းမေတြက ကေလးကိုလုပ္ႀကံၿပီးယူထားတာေတာ့မဟုတ္ပါဘူးေနာ္"

ေျပာရင္း မ်က္ရည္ဝဲလာကာ ပါးမို႔ႏွစ္ဖက္ပင္ရဲတက္လာေသာ ညီမျဖစ္သူေၾကာင့္...

"ဒီကေလးမကေတာ့...မိခင္ေလာင္းဆိုတာေပ်ာ္ေပ်ာ္ေနရတယ္ေလ...မငိုရဘူး"

အိမ္ေထာင္သက္ ၈ႏွစ္ေက်ာ္မွ ကိုယ္ဝန္ရသည္မို႔ လက္ရွိအခ်ိန္တြင္ နန္းဝတီက ေဟာ္နန္းႏွစ္ခုလုံး၏ ဂ႐ုစိုက္ခံေလးျဖစ္ေန၏။ ထိုစဥ္ ကားဝင္လာသည္မို႔ စဝ္ေဆးစံေရာက္လာၿပီမွန္းသိလိုက္ၾကသည္။ ကားရပ္လိုက္ၿပီးေနာက္ စဝ္ေဆးကဆင္းလာၿပီး သူတို႔ဘက္ေလွ်ာက္လာသည္။

အနားေရာက္သည္ႏွင့္ သူ႔ဇနီးျဖစ္သူအားၾကည့္ကာ...

"ဝတီ ေခါင္းေတြဘာေတြမူးေသးလား"

"ဟင့္အင္း ေနလို႔အဆင္ေျပပါတယ္"

"အင္း အျပင္ထြက္ေနတာၾကာၿပီလား...ရာသီကေအးေနတာကို"

"အခုေလးတင္ထြက္လာတာပါ...ပီအိုက္တို႔ကိုႏႈတ္ဆက္ဦးေလ"

ဝတီကမ်က္ႏွာရဲရဲႏွင့္သတိေပးလိုက္ေတာ့မွ စဝ္ေဆးကသတိရသြားသလိုႏွင့္....

"ဪ ဟုတ္သား ပီအိုက္နဲ႔ပီနန္း...အခ်ိန္ရရင္ေဟာ္နန္းဘက္လာခဲ့ပါဦး"

သူႏႈတ္ဆက္လိုက္ေတာ့ စဝ္ေခါင္ႏွင့္ဆိုင္ခမ္းတို႔၏ မ်က္ႏွာတို႔က ၿပဳံးစိစိ။

"ေတာ္ေသးတယ္ေနာ္ ဆိုင္ခမ္း...ကိုယ္က ကိုယ္တို႔ႏွစ္ေယာက္ကိုယ္ေပ်ာက္ႏိုင္စြမ္းရသြားၿပီေတာင္မွတ္ေနတာ"

"ဆိုင္ခမ္းေရာပဲ...လန႔္ေတာင္လန႔္သြားတယ္...အဟြန္း"

"ဟားဟား...တကယ္ပဲ မရယ္ဘဲကိုမေနႏိုင္ေတာ့လို႔...ေဆာရီး..."

စဝ္ေခါင္ကမထိန္းႏိုင္စြာရယ္ခ်ေတာ့ ဝတီကရွက္ၿပဳံးေလးႏွင့္...

"ေတာ္ၿပီ ရၿပီ...ပီအိုက္တို႔ျပန္ေတာ့"

"ၾကည့္စမ္း...ေယာက္်ားေရာက္လာတာနဲ႔အစ္ကိုကို ႏွင္တာေနာ္...ဆိုင္ခမ္းေရ ကိုယ္တို႔ကလူပိုေတြျဖစ္သြားၾကၿပီ...ျပန္ၾကတာေပါ့"

"ပီအိုက္ေနာ္..."

"ဟားဟား..."

"ကဲကဲ...ပီအိုက္လည္းမစနဲ႔ေတာ့...ဝတီကအေအးထဲရပ္ေနတာၾကာၿပီ... စဝ္ေဆး ဝတီ့ကိုအခန္းထဲေခၚသြားလိုက္ေတာ့ေနာ္... ၿပီးရင္ေႏြးေႏြးေထြးေထြးေနၾကဦး...ပီနန္းတို႔သြားေတာ့မယ္”

ညီမျဖစ္သူအား စႏိုင္လြန္းေသာခင္ပြန္းျဖစ္သူေၾကာင့္ ဆိုင္ခမ္းကပဲ ၾကားကဝင္သတိေပးလိုက္ရသည္။

"ဟုတ္ကဲ့"

"ဟုတ္ကဲ့ ပီနန္း...ပီအိုက္ ကားကိုျဖည္းျဖည္းေမာင္းဦးေနာ္"

"အင္းပါ စိတ္ခ်...ကဲ အထဲဝင္ၾကေတာ့"

စဝ္ေဆးႏွင့္ဝတီအခန္းထဲဝင္သြားၾကတာကိုၾကည့္ၿပီးမွ သူတို႔ႏွစ္ေယာက္ ကားဆီသို႔ေလွ်ာက္လာလိုက္ၾကသည္။

ဆိုင္ခမ္းက ေခါင္းမွဆံထိုးကိုေျဖခ်လိုက္သည္မို႔ နက္ေမွာင္လွေသာဆံေကသာရွည္တို႔က ခါးထက္လွပစြာ ျဖာဆင္းက်လာ၏။ ျပင္ပတြင္ လြတ္လပ္စြာေနတတ္ေသာ္ျငား အဘြားေတာ္ႏွင့္လာေတြ႕တိုင္း ဆံပင္တို႔ကို ေသခ်ာထုံးဖြဲ႕ထားတတ္သည္။

ေဘးခ်င္းကပ္ေလွ်ာက္ေနၾကသည္မို႔ ေလအေဝွ႔တြင္ ဆိုင္ခမ္း၏ ဆံႏြယ္ရွည္တို႔က သူ႔ဘက္သို႔ တလြင့္လြင့္ျဖစ္ေနသည္။ ေဟာ္နန္းတြင္ရွိ ပန္းရနံ႔တို႔ကသင္းပ်ံ႕ေနသည္လား၊ ဆိုင္ခမ္း၏ ဆံႏြယ္ရွည္တို႔မွ ေမႊးရနံ႔ေလလားမသိေပမဲ့ ထိုရနံ႔သင္းသင္းေလးကို သူႏွစ္သက္မိ၏။

"ပီအိုက္"

႐ုတ္တရက္ ဆိုင္ခမ္းကေခၚလာသည္မို႔ သူျပန္ထူးလိုက္မိသည္။

"အင္း"

"ကေလးခ်စ္တတ္လား"

"အင္း"

"လိုခ်င္လား"

"ဘာလို႔ေမးေနတာလဲ"

ႏွစ္ေယာက္သား စကၠန႔္အနည္းငယ္မွ် စကားျပတ္သြားၾက၏။ စဝ္ေခါင္ သူ႔ေဘးမွအမ်ိဳးသမီးေလးမ်က္ႏွာအား ပထမဆုံးေငးၾကည့္မိသည္။ ဆယ္စုႏွစ္တစ္ခုအတြင္း ပထမဆုံးအႀကိမ္ ေငးေမာၾကည့္မိျခင္း။ အားနာစိတ္တို႔ကိုဖယ္ရွားကာ မိမိ၏ဇနီးတစ္ေယာက္အျဖစ္ ပထမဆုံးၾကည့္မိျခင္းပင္။

သူၾကည့္ေနတုန္း လက္ျဖဴျဖဴေလးတစ္ဖက္က တလြင့္လြင့္ျဖစ္ေနသည့္ဆံႏြယ္တို႔ကို ပုခုံးတစ္ဖက္တည္းဆီသို႔ဆြဲယူသိမ္းလိုက္သည္မို႔ မ်က္ႏွာလွလွေလးတစ္ျခမ္းက ထင္ထင္ရွားရွားေပၚလြင္လာသည္။

"ဆိုင္ခမ္းတို႔ ဘန္ေကာက္မွာကေလးသြားယူၾကမလား"

"ဘယ္လို"

ၾကားလိုက္ရေသာစကားေၾကာင့္ နားရႈပ္သြားသည္မို႔ ျပန္ေမးလိုက္မိေတာ့...

"ဒီထက္ေနာက္က်ေနရင္ အသက္ပိုႀကီးသြားလိမ့္မယ္...ပီအိုက္ ဆိုင္ခမ္းကိုထိစရာမလိုပါဘူး...
ဘန္ေကာက္ကိုသြားၿပီး ပီအိုက္ဆီကSemenကို ဆိုင္ခမ္းရဲ႕သားအိမ္ထဲ တိုက္႐ိုက္ထည့္လို႔ရပါတယ္... ဆိုင္ခမ္းလည္း ကေလးေလးတစ္ေယာက္ေတာ့လိုခ်င္တယ္... ဒါေပမဲ့ ပီအိုက္ကိုလည္းအားနာတယ္... အဲ့ဒါေၾကာင့္..."

"ေနဦး ေနဦး...ကိုယ္ခဏေလာက္စဥ္းစားပါရေစဦး...ဆိုင္ခမ္းေျပာတာေတြကို ကိုယ္လိုက္မမွီႏိုင္သလိုျဖစ္ေနလို႔"

ထို႔ေနာက္ ႏွစ္ေယာက္ၾကားတိတ္ဆိတ္သြားသည္။ ၃မိနစ္ေလာက္ၾကာၿပီးေနာက္...

"ဆိုင္ခမ္း"

"ဟုတ္"

"ကိုယ္သိသေလာက္ေျပာရရင္ အဲ့လိုမ်ိဳးက ဘယ္လိုမွကေလးမရႏိုင္တဲ့သူေတြလုပ္တာမလား"

"ဟုတ္"

"ဒါေပမဲ့ ကိုယ္တို႔က က်န္းမာေနတာပဲေလ"

စဝ္ေခါင္ေျပာခ်င္ရာေျပာလိုက္ၿပီးမွ မ်က္ႏွာကရဲတက္သြားသည္။ ဆိုင္ခမ္း၏ မ်က္ႏွာသည္လည္း ထိုနည္းတူစြာပင္။ သို႔ေသာ္ သူမေလးက ရယ္ခ်လိုက္ၿပီး...

"အဲ့ဒါကမွ မျဖစ္ႏိုင္တာ...ဒါက ဆိုင္ခမ္းလိုခ်င္တာမလို႔ပါ...ပီအိုက္ကိုအားနာလို႔ အဲ့နည္းလမ္းကို စုံစမ္းလိုက္တာ"

"ကိုယ့္ကိုအားနာတယ္?"

စဝ္ေခါင္နားမလည္သလိုျပန္ေမးလိုက္မိ၏။

"ဟုတ္ ပီအိုက္နဲ႔လက္ထပ္လိုက္ရလို႔ ဆိုင္ခမ္းမွာနစ္နာသြားတာ၊ဆုံးရႈံးသြားတာ ဘာမွမရွိေပမဲ့ ပီအိုက္ကေတာ့မတူဘူးေလ... ပီအိုက္ရဲ႕အခ်စ္ဦးကိုေတာင္ ဆုံးရႈံးခဲ့ရတာမဟုတ္လား”

စဝ္ေခါင္ သူ႔ေရွ႕မွအမ်ိဳးသမီးေလးအား နားမလည္ႏိုင္စြာၾကည့္ေနမိသည္။ ဒီႏွစ္ေတြအတြင္း သူ႔ကိုအားနာေနခဲ့သည္တဲ့လား။ ကေလးတစ္ေယာက္လိုခ်င္သည္ကိုပင္ ထိုမွ်ထိေတြးရသည္အထိ အားနာေနခဲ့သည္တဲ့လား။

သူထင္ခဲ့သည္က ဆိုင္ခမ္းသည္ အေႏွာင္အဖြဲ႕မလိုခ်င္သည့္ အမ်ိဳးသမီးေလးဟုထင္ခဲ့မိသည္။ သူအနားကပ္မည္ကိုလည္း မႀကိဳက္ဟုထင္ခဲ့မိ၏။ ထို႔ေၾကာင့္ သူလည္း အလုပ္ေတြ၌သာႏွစ္ျမႇဳပ္ထားခဲ့မိၿပီး သူ႔ဇနီးေလးအား ဂ႐ုမစိုက္ျဖစ္ခဲ့ပါ။

"ဆိုင္ခမ္း"

ေခၚလိုက္ၿပီးေနာက္ လက္ျဖဴျဖဴေလးတစ္ဖက္အား ခပ္ဖြဖြဆြဲယူလိုက္သည္။ အံ့အားသင့္သလိုမ်က္ဝန္းေလးမ်ားေရာက္လာသည္မို႔ ၿပဳံးျပလိုက္ေတာ့ သူ႔ကိုေငးၾကည့္ေနသည့္မ်က္လုံးေလးမ်ား။

"ကိုယ္ေတာင္းပန္ပါတယ္"

"ရွင္"

နားမလည္သလို မ်က္လုံးေလးမ်ားျဖင့္ၾကည့္ေနသည့္ပုံစံသည္ ပုံမွန္ေတြ႕ေနက်မဟုတ္သည့္အတြက္ ပို၍ခ်စ္စရာေကာင္းေနသေယာင္။ ဆြဲကိုင္ထားေသာလက္ကေလးကို အသာဆြဲလိုက္ေတာ့ ႏွစ္ေယာက္က နီးနီးကပ္ကပ္ျဖစ္သြားသည္။ မည္သည့္ဆံႏြယ္မွတင္မေနသည့္ ပါးျပင္ေလးအား လက္ဖဝါးတစ္ဖက္ျဖင့္အုပ္ကိုင္လိုက္၍ ရွက္ေသြးျဖာကာ ေခါင္းငုံ႔သြားသည့္ပုံစံေလးကလည္း သူ႔အတြက္အသစ္အဆန္းျဖစ္ေနသည္မို႔ ၿပဳံးလိုက္မိသည္အထိ။

" ဒီႏွစ္ေတြမွာ ဆိုင္ခမ္းကိုနားလည္ေအာင္မၾကည့္ခဲ့ဘဲ ပစ္ထားခဲ့မိသလိုျဖစ္သြားလို႔ ေတာင္းပန္ပါတယ္..."

"မဟုတ္...."

ခ်က္ခ်င္းျငင္းဟန္ျပင္လာသည့္အမ်ိဳးသမီးေလး၏ နဖူးက်ဥ္းက်ဥ္းေလးထက္ အနမ္းေျခလွမ္းကို ခပ္ဖြဖြခ်မိေတာ့ ေတာင့္ေတာင့္ေလးျဖစ္သြားပုံကလည္း သေဘာက်စရာ။

ထက္ျမက္သြက္လက္လြန္းေသာ မိန္းမလွေလး၏ခ်စ္စရာေကာင္းေသာ ပုံစံကို ဆယ္စုႏွစ္ေက်ာ္ၾကာၿပီးမွျမင္ခြင့္ရခဲ့သည္။ ဒါေတာင္ ခုလိုစကားေတြေျပာလာ၍သာ။ သူမေလးဘက္ကသာမစခဲ့ပါလွ်င္ သူဘယ္အခ်ိန္ထိ မ်က္ကန္းျဖစ္ေနဦးမည္လဲ မေျပာတတ္ပါေခ်။

ခပ္ေတာင့္ေတာင့္ခႏၶာကိုယ္ေလးအား ရင္ခြင္ထဲသို႔အသာဆြဲသြင္းလိုက္ရင္း...

" အထင္လြဲေစခဲ့မိလို႔လည္း ေတာင္းပန္ပါတယ္... ကိုယ္ေျပာသင့္တဲ့စကားေတြကို စေျပာေပးခဲ့လို႔လည္း ေက်းဇူးတင္ပါတယ္... ကိုယ္မင္းကိုမထိခ်င္တာမဟုတ္တဲ့အေၾကာင္း ေသခ်ာရွင္းျပေပးပါ့မယ္... ေနာက္ဆို ဘယ္သူ႔ကိုမွအားက်စရာမလိုေအာင္လည္း ဂ႐ုစိုက္ေပးပါ့မယ္... အခုေတာ့ ေအးေနၿပီမလား... ကားထဲဝင္ရေအာင္..."

"...."

အသံတစ္ခ်က္မွျပန္ထြက္မလာသည္မို႔...

"ဟက္...ကိုယ့္ဇနီးေလးက ဒီေလာက္ခ်စ္ဖို႔ေကာင္းမွန္း ကိုယ္တကယ္မသိခဲ့ဘူး"

ဆယ္ေက်ာ္သက္ေလးလိုရွက္ေနသူေလးအား ဆက္မစရက္ေတာ့သည္မို႔ ကားဆီသို႔ေခၚသြားလိုက္ၿပီး တံခါးဖြင့္ေပးကာ ကားေပၚအရင္တက္ေစလိုက္ၿပီးမွ တံခါးေသခ်ာျပန္ပိတ္ေပးလိုက္သည္။ တစ္ဖန္ သူလည္းတစ္ဖက္မွတက္လိုက္ကာ Driver seatတြင္ဝင္ထိုင္လိုက္ၿပီး ခါးပတ္ပတ္လိုက္၏။ တစ္ဖက္ကိုၾကည့္လိုက္ေတာ့လည္း ခါးပတ္ပတ္ထားသည္မို႔ သူၿပဳံးလိုက္မိသည္။

မၾကာခင္တြင္ေတာ့ ကားအျဖဴေလးသည္ ေကတုသတီေဟာ္နန္းအတြင္းမွ ေမာင္းထြက္သြားေတာ့သည္။

2 months later...

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕။

" ဝီလ်ံ...ေရာဘတ္ကို ဒါေလးတစ္ခ်က္ေလာက္"

"ေရာဘတ္?"

"Robert King"

"အာ...အင္း..."

"လုပ္ပါ...သူ Coffeeေသာက္တာအၿမဲျမင္ရလို႔"

သခၤါ မိမိေရွ႕ရွိ တ႐ုတ္မေလးအားဘာျပန္ေျပာရမွန္းမသိ။ ေနာက္ဆုံး ေကာ္ဖီခြက္ကိုကမ္းေပးထားတာ ၾကာၿပီျဖစ္ေသာေၾကာင့္ လူမ်ားက ဟိုၾကည့္ဒီၾကည့္ၾကည့္လာၾကသည္မို႔ ယူလိုက္ၿပီး...

"သူလက္ခံမွာမဟုတ္ေလာက္ဘူး"

" နင္ဝယ္ေပးတယ္ေျပာလိုက္ေလ"

" ငါဝယ္ေပးတာမဟုတ္မွန္း သူသိေလာက္တယ္"

ေျပာလိုက္ေတာ့ ေရွ႕မွေကာင္မေလးမ်က္ႏွာကညႇိဳးသြားသည္။ ဒီေကာင္မေလးကိုသူသိပါ၏။ သူတို႔ Surgery ဘက္ကပင္ျဖစ္သည္။ ေယာက္်ားေလးေတာ္ေတာ္မ်ားမ်ားၾကားတြင္ မာနႀကီးသည္ဟူ၍ နာမည္ႀကီး၏။ ဆံပင္ရွည္ေလးႏွင့္က်က္သေရရွိေသာအသြင္ရွိကာ မ်က္ႏွာေလးကလည္း တည္တည္ၿငိမ္ၿငိမ္ပုံစံေလးႏွင့္ လွပသူျဖစ္သည္။

ဒါေပမဲ့ သူ႔အခန္းေဖာ္ႏွင့္ယွဥ္ၾကည့္လိုက္လွ်င္ေတာ့ မလိုက္ဖက္သလိုပင္။ သူ႔အခန္းေဖာ္က ဒီေကာင္မေလးထက္ပိုေခ်ာ၏။ ထို႔ေၾကာင့္ ႏွစ္ေယာက္တြဲသြားလွ်င္ ေကာင္မေလးကမွိန္က်န္ခဲ့ေလာက္သည္။

သူစိတ္ထဲမွႀကိတ္၍ 'လက္ေလွ်ာ့လိုက္ပါ'ဟုေျပာလိုက္မိသည္။ သူ႔မွာလည္း သူ႔အခန္းေဖာ္ႏွင့္လိုက္ဖက္ညီႏိုင္မည့္သူကို အခုထိရွာ၍မေတြ႕ေသး။

Kingဟူ၍ေခၚေနက်မလို႔ Robertဟုလာေျပာၾကတိုင္း လူကေၾကာင္ေတာင္ေတာင္အၿမဲျဖစ္သည္။
စမိတ္ဆက္စဥ္ကတည္းက 'မင္းကို သူငယ္ခ်င္းေတြဘယ္လိုေခၚၾကလဲ'ဟူ၍ ေမးလိုက္ေတာ့ 'King'ဟုဆိုလာသည္မို႔ သူလည္းထိုသို႔သာလိုက္ေခၚျဖစ္ခဲ့၏။ Robert Kingဟူသည့္နာမကိုေတာ့ စာအုပ္ေပၚတြင္ေရးထားေတာ့မွသိျခင္းျဖစ္သည္။

" ဝီလ်ံ...ေရာဘတ္မွာ ခ်စ္သူရွိလားဟင္"

"ေပါက္ကရေတြ..."

တကယ္ပဲ ေပါက္ကရ။ သူ႔အခန္းေဖာ္လို ေရခဲတုံးဖင္ခုထိုင္ထားတဲ့သူက ဘယ္လိုလုပ္ခ်စ္သူရွိမွာလဲ။

"Crush ေရာ"

"အဲ့ဒါေတာ့ ငါလည္းမသိဘူး...ရွိရင္လည္းရွိမွာေပါ့"

ထိုစကားကို တမင္ေျပာလိုက္ျခင္း။ ဟိုကျပန္ႀကိဳက္မွာမဟုတ္တဲ့အတူတူ ျမန္ျမန္လက္ေလွ်ာ့သြားတာ အေကာင္းဆုံးပင္။ မဟုတ္လွ်င္ ဟိုကိုမေျပာရဲသေလာက္ သူ႔ဆီလာၿပီး ေပါက္ေပါက္ေဖာက္ေနၾကသည္မို႔ သူလည္းမခံစားႏိုင္။

"May...ေန႔လယ္စာစားၾကမယ္ေလ"

ေနာက္မွ ေခၚသံေၾကာင့္...

"အင္း လာၿပီ...ဒါဆို ဝီလ်ံ ငါသြားၿပီေနာ္... Coffeeက နင္ပဲေသာက္လိုက္ေတာ့"

ေျပာကာ ေျပးထြက္သြားသည္မို႔ သူလည္း King Dutyက်ရာဌာနဘက္သို႔ ေလွ်ာက္သြားလိုက္သည္။

လမ္းတစ္ေလွ်ာက္ သူ႔ကိုလိုက္ၾကည့္ေနၾကေသာ မ်က္လုံးတစ္ခ်ိဳ႕ကိုလည္းလွစ္လ်ဴရႈထားလိုက္သည္။ သူ႔ဘဝက ႏွစ္ေယာက္စာျငင္းေနရသလိုပင္။ သူ႔အတြက္လည္းျငင္းရသည္။ Kingအတြက္လည္းျငင္းေပးရ၏။

King ဘယ္ေရာက္ေနမွန္းမသိ၍ Nurseတစ္ေယာက္ကိုေမးၾကည့္ဖို႔လုပ္လိုက္စဥ္ မ်က္ႏွာခ်င္းဆိုင္မွေလွ်ာက္လာေသာ Kingေၾကာင့္ ကိုယ္ရွိန္သတ္ကာ ရပ္ေစာင့္ေနလိုက္သည္။ အနားေရာက္လာေတာ့ လက္ထဲမွ Coffeeခြက္ကို ျပလိုက္ၿပီး...

" မေသာက္ဘူးမလား...Mayဆိုတဲ့ေကာင္မေလးကေပးခိုင္းလိုက္တာ"

"ေသာက္လိုက္"

"ေဟ့ေအး ခါးခါးႀကီးပဲေနမွာေပါ့...ငါလႊင့္ပစ္မလို႔ မင္းဆီကခြင့္လာယူတာ... ငါမင္းေသာက္တာႀကီးမေသာက္ႏိုင္ပါဘူး"

"...."

"Transfer က်ၿပီၾကားတယ္"

"အင္း"

"ဘယ္ေတာ့လဲ"

"လကုန္"

"ဪ ႏွစ္ပတ္ေလာက္လိုေသးတာပဲ"

"...."

" ငါေတာ့မင္းကိုသတိရေနေတာ့မွာပဲ"

"...."

" ေန႔လယ္စာစားမလို႔မလား... ကန္တင္းသြားရေအာင္"

"အင္း"

ႏွစ္ေယာက္သား ကန္တင္းဆီသို႔ အတူေလွ်ာက္သြားလိုက္ၾကသည္။ ႏွာေခါင္းဝကို လာက်ီဆယ္ေသာ ကံ့ေကာ္သင္းနံ႔ေၾကာင့္ သူၿပဳံးလိုက္မိ၏။ ဒါသည္လည္း တမူထူးျခားသည္ပဲေလ။ သူ႔အခန္းေဖာ္သည္ ကိုယ္သင္းနံ႔ကအစ ျပည့္စုံလြန္းပါသည္။ တျဖည္းျဖည္းနဲ႔ သူလည္း သူ႔အခန္းေဖာ္၏ Big Fanျဖစ္ေနၿပီျဖစ္၏။

ကန္တင္းေရာက္ေတာ့ ေန႔လည္စာအတြက္ တန္းစီသည့္ေနရာတြင္ သြားတန္းစီလိုက္ၾကသည္။ ထို႔ေနာက္ ဗန္းကိုယ္စီႏွင့္ ေနရာလြတ္တြင္ဝင္ထိုင္လိုက္ၾက၏။ တစ္ဖန္ စားခါနီးမွ တစ္ခုခုကိုသတိရသြားၿပီး ဖုန္းကိုထုတ္ကာ ကင္မရာဖြင့္လိုက္ၿပီးေနာက္...

"King ဒီကိုၾကည့္..."

"...."

သူဘာလုပ္မည္ကိုသိေနသည္မို႔ Kingကၾကည့္မလာ။ သူကေတာ့ ႏွစ္ေယာက္လုံးပါေအာင္ ေသခ်ာမွတ္တမ္းတင္လိုက္သည္။

"မင္းကျပန္ေတာ့မွာဆိုေတာ့ ႀကဳံတိုင္း႐ိုက္ရမယ္...ဒါမွ ငါလာရင္ရွာရလြယ္မွာ"

"...."

ထို႔ေနာက္တြင္ေတာ့ ႐ိုက္ထားသည့္ပုံအား Instagramတြင္တင္လိုက္သည္။ Captionကေတာ့ 'Lunch time with my handsome roomate'ဟူ၍။

Social mediaကဘဝမဟုတ္ေသာ္လည္း ကိုကိုသူ႔ကိုျမင္ေအာင္လုပ္ဖို႔က ဒီတစ္နည္းသာရွိသည္။
ဒီၾကားထဲ ကိုကိုတစ္ခါေရာက္လာတုန္းက ကိုကို႔ဖုန္းကိုလုကာ သူ႔အေကာင့္ကို Followလုပ္ေပးခဲ့သည္မို႔ သူ႔ကိုမျမင္စရာမရွိ။ 'ကြၽန္ေတာ္ကေလးမဟုတ္ေတာ့ဘူး ကိုကို႔ထက္အရပ္ပိုရွည္ေနၿပီ'ဆိုတာကိုေတာ့ ေနာက္တစ္ႀကိမ္ထပ္ေတြ႕ရင္ ေျပာျဖစ္ေအာင္ေျပာပါမည္။

စိတ္ပါရင္ သဝန္တိုလို႔ရေအာင္ Kingႏွင့္တြဲတြဲ႐ိုက္ၿပီးတင္ရတာအေမာ။ ကိုကိုကြၽန္ေတာ့္ကိုသဝန္တိုပစ္လိုက္စမ္းပါ။

သူတင္လြန္း၍ တစ္ခ်ိဳ႕ေသာ Fujoshiေလးေတြကသာ သတိျပဳမိလာေပမဲ့ ကိုကိုကေတာ့ သူ႔ကိုဂ႐ုပင္မစိုက္ပါ။ တစ္ခါပဲ Msgမွလာေမးသြားသည္။

'မင္းအခန္းေဖာ္လား'တဲ့။ သူလည္း အျမင္ကတ္ကတ္ျဖင့္ ' ဟုတ္တယ္ အျပင္မွာပိုေခ်ာတယ္၊ ကိုကိုထက္ေတာင္ပိုေခ်ာေသး'ဟုေျပာပစ္လိုက္ေတာ့ 'ေအး ဟုတ္တယ္'ဟုသာျပန္ေျပာသြားၿပီးေနာက္ သူတို႔စကားျပတ္သြားၾကသည္။ ဘာကိုသိခ်င္၍လာေမးမွန္းမသိ။ ဘာပဲျဖစ္ျဖစ္ ကိုကိုက ကြၽန္ေတာ့္ေယာက္်ားသာျဖစ္ရမည္။

ဖုန္းကိုခ်လိုက္ၿပီးေနာက္ ေန႔လယ္စာစားဖို႔ျပင္လိုက္သည္။ ပတ္ဝန္းက်င္မွအၾကည့္မ်ားကို သူတို႔ႏွစ္ေယာက္လုံး ဂ႐ုမစိုက္ျဖစ္ၾက။

Kingကေတာ့ စေရာက္လာကတည္းက စားေသာက္သည့္ကိစၥကိုသာ အာ႐ုံစိုက္လုပ္ေနသည္မို႔ စားလို႔ပင္ကုန္ေတာ့မည္ျဖစ္၏။ ထိုစဥ္ King၏ဖုန္းမွ Vibrateသံႏွင့္အတူ ဖုန္းစခရင္ပြင့္လာ၏။ Kingလည္း စားေသာက္ေနျခင္းကိုရပ္ကာ ဖုန္းကိုဖြင့္လိုက္ၿပီး Msgကိုဖြင့္ၾကည့္လိုက္သည္။

‘ ဒီေန႔အားလုံးၿပီးသြားပါၿပီ၊ ပုံေတြကို Mailကေနပို႔ထားပါတယ္၊ ေနာက္တစ္ပတ္ကစၿပီးဆိုင္ျပန္ဖြင့္မယ္လို႔ၾကားပါတယ္၊ ဆိုင္အျပင္အဆင္ကို ဖြင့္တဲ့ေန႔က်မွေသခ်ာ႐ိုက္ၿပီးထပ္ပို႔ေပးပါ့မယ္’

ဖတ္ၿပီးသည္ႏွင့္ Kingက ဖုန္းကိုျပန္ခ်လိုက္ၿပီး ေန႔လယ္စာစားျခင္းကိုလက္စသတ္လိုက္၏။

"ဟင္ ျမန္လိုက္တာ...ငါ့ကိုေစာင့္ဦးေနာ္...ဒီတိုင္းထမသြားနဲ႔"

သခၤါတစ္ေယာက္ ပန္းကန္ထဲရွိလက္က်န္မ်ားကို အျမန္စားကာအၿပီးသတ္လိုက္ရသည္။ Kingသာထသြားလွ်င္ Kingႏွင့္သက္ဆိုင္ခ်င္သူျဖစ္ျဖစ္၊သူႏွင့္သက္ဆိုင္ခ်င္သူျဖစ္ျဖစ္ တစ္ေယာက္ေလာက္ေတာ့ ေရာက္လာမည္မွာအေသအခ်ာမို႔ သူတစ္ေယာက္တည္းမက်န္ခဲ့ခ်င္ပါ။

One week later...

M-Ferrea၏ေခါင္မိုးထပ္၌ စုံတြဲ၂တြဲေရာက္ေနၾကသည္။ သူတို႔အားလုံး ေခါင္မိုးထပ္ဆီမွ ျမင္ေနရေသာရႈခင္းကိုေငးေမာၾကည့္ေနမိၾက၏။

ဒီေန႔သည္ ျပန္လည္ျပင္ဆင္မြမ္းမံၿပီးေနာက္ M-Ferreaကို ျပန္ဖြင့္သည့္ေန႔။ ထိုေန႔မွာမွ သူတို႔က VIP customer ျဖစ္ခြင့္ရၾကသည္မို႔ Serviceကပုံမွန္ထက္ထူးကဲေနသည္။ ဟင္းပြဲ ၂ပြဲ Freeမွာခြင့္ရသည့္ အခြင့္အေရးပါရသည္မို႔ အမ်ိဳးသမီး၂ေယာက္၏ မ်က္ႏွာေလးမ်ားတြင္ ပို၍ၿပဳံးေပ်ာ္ေနၾကသေယာင္။

အမ်ိဳးသမီးေလးႏွစ္ေယာက္မွာ ေခ်ာေမာလွပၾကသူမ်ားျဖစ္ၾကၿပီး ႏွစ္ေယာက္အနက္တစ္ေယာက္သည္ ကိုယ္ဝန္ေဆာင္ျဖစ္ဟန္တူသည္။ ဗိုက္ကေလးက မသိမသာေလးပူေနေသာ္ျငား အလွမပ်က္ပဲ ခ်စ္စရာပင္ေကာင္းေနေသး၏။ အမ်ိဳးသားႏွစ္ေယာက္လုံးကလည္း သန္႔သန္႔ခန္႔ခန္႔မ်ားမို႔ ႏွစ္တြဲစလုံးသည္ ေနႏွင့္လ၊ေ႐ႊႏွင့္ျမပမာပင္။

"ေရပန္းႀကီးကလွလိုက္တာေနာ္...ကံ့ေကာ္ပန္းပြင့္ႀကီးကေန ဝတ္ဆံေတြႀကဲခ်ေနသလိုပဲ... ဒီဆိုင္ပိုင္ရွင္က ကံ့ေကာ္ပန္းကို ေတာ္ေတာ္ႀကိဳက္တယ္ထင္တယ္... အင္း ကံ့ေကာ္ပန္းဆိုမွ ေျပာရင္းနဲ႔ ေနာင့္စိုင္းကိုေတာင္သတိရလာၿပီ... ေကာင္ဆိုးေလးကို ျပန္လာမွနည္းနည္းေလာက္ ထုထားဦးမယ္..."

"အင္း ေျပာတာပဲ...ၿပီးရင္ သူပဲဖက္လိုက္၊နဖူးနမ္းလိုက္လုပ္ဦးမွာမ်ား"

"လုပ္တာကသက္သက္ပဲ...ဒါနဲ႔ ေနာင့္စိုင္း ေနာက္တစ္ပတ္ျပန္လာမွာေတာ့ေသခ်ာပါတယ္ေနာ္... ေနာင့္စိုင္းကိုသာ အၿမဲၾကည့္ျဖစ္ရင္ ကေလးကဦးေလးနဲ႔တူၿပီး ပိုေခ်ာမယ္ထင္တယ္... ေနာင့္စိုင္းေလးရဲ႕ မ်က္ေတာင္ေလးေတြကိုရရင္ေတာင္ ေက်နပ္ပါၿပီ"

"ဝတီကေတာ့ တကယ္ပါပဲ...ေနာင့္စိုင္းကအရင္လို ကေလးေလးမဟုတ္ေတာ့ဘူးဆိုတာလည္း သတိထားဦး"

" အင္း ဟုတ္သားေနာ္...ဒါေပမဲ့ ဝတီ့စိတ္ထဲမွာေတာ့ ကေလးလို႔ပဲျမင္ေနတုန္း... တကယ္ပဲ ေနာင့္စိုင္းေပါက္စေလးကို ျပန္ျမင္ခ်င္ေသးတယ္သိလား... ကေလးက အဲ့အ႐ြယ္ေလးပဲ အၿမဲျဖစ္ေနရင္ ေကာင္းမွာ... ဝတီ တစ္သက္လုံးထိန္းေနဖို႔ပဲ"

ဝတီအေျပာေၾကာင့္ သူတို႔အားလုံးရယ္လိုက္ၾကသည္။ စဝ္ေဆးစံကေတာ့ သူ႔ဇနီးျဖစ္သူအား ခ်စ္စႏိုးႏွင့္ၾကည့္ရင္းရယ္ေန၏။

ထို႔ေနာက္ နန္းဆိုင္ခမ္းၾကာကစကားျပန္စလိုက္သည္။

"ဒီဆိုင္ပိုင္ရွင္က ေနာင့္စိုင္းတို႔သူငယ္ခ်င္းပဲ...ဝတီ မွတ္မိေသးလား...ေဘးႏိုရာေလ"

ေျပာလိုက္ေတာ့ ဝတီကစဥ္းစားသလိုတစ္ခ်က္ေတြသြားၿပီးမွ...

"အာ ဟို ဘန္ေကာက္..."

"အင္း ဟုတ္တယ္...ဒီဆိုင္က သူ႔ဆိုင္...အခုသူက သားႏွစ္ေယာက္နဲ႔တဲ့"

"ဟယ္ သြက္လိုက္တာ...သူမ်ားေတြမ်ား မိန္းမေတာင္ရေနၿပီ...ေနာင့္စိုင္းတို႔ကေတာ့ခုထိၿမဳံစိစိ"

ဝတီ့စကားေၾကာင့္ ဆိုင္ခမ္းကရယ္လိုက္ၿပီး...

"မိန္းမမရွိဘူးတဲ့"

"ဟင္ ဘယ္လိုႀကီးလဲ"

ထိုအခါ ဆိုင္ခမ္းစကားကို ဝတီတင္မက အမ်ိဳးသားႏွစ္ေယာက္ကပါစိတ္ဝင္တစား ျဖစ္သြားၾကသည္။

"ကေလးေတြကို အငွားကိုယ္ဝန္ေဆာင္နဲ႔ေမြးထားတာလို႔ေျပာတယ္... ဒါေပမဲ့ ကေလးေတြပုံကို Social mediaမွာ မတင္ဘူး... ဒီလာၾကတဲ့သူေတြပဲျမင္ဖူးတယ္တဲ့... ကေလးႏွစ္ေယာက္လုံးကလည္း အရမ္းခ်စ္ဖို႔ေကာင္းတယ္ ေျပာတာပဲ... ကေလးေတြနဲ႔ ဓာတ္ပုံတြဲ႐ိုက္ခြင့္ရွိေပမဲ့ Social mediaမွာေတာ့ မျဖန္႔ဖို႔ သူတို႔ဘက္ကေတာင္းဆိုထားတာမလို႔ ဘယ္သူမွမျဖန္႔ၾကေတာ့ ပီနန္းလည္းမျမင္ဖူးဘူး"

"ဪ...ဝတီေတာင္ျမင္ဖူးခ်င္သြားၿပီ...ဒီအခ်ိန္ ခ်စ္စရာ့ကေလးေလးေတြကိုပဲၾကည့္ေနခ်င္တယ္"

"အင္း ေတာင္းဆိုၾကည့္လို႔ရမယ္ထင္တယ္...ရေတာ့လည္း အျမတ္ေပါ့... ကေလးေတြကလည္းရွိဦးမွ..."

"ဟုတ္လား ဒါဆိုစမ္းၾကည့္မယ္ေလ"

အမ်ိဳးသမီးႏွစ္ေယာက္၏ စိတ္အားထက္သန္မႈကို အမ်ိဳးသားႏွစ္ေယာက္ကလည္း မပိတ္ပင္ၾက။

ထို႔ေနာက္ Bellကိုႏွိပ္လိုက္ကာ Waiterအလာကိုေစာင့္ေနလိုက္ၾကသည္။ ၃မိနစ္အၾကာ၌ တစ္ေယာက္ေရာက္လာၿပီး...

"ဘာမ်ားလိုအပ္ပါသလဲရွင့္"

Waitressေလးအေမးေၾကာင့္ ဆိုင္ခမ္းႏွင့္ဝတီမ်က္လုံးခ်င္းတစ္ခ်က္ဆုံသြားၿပီးေနာက္...

" ဟိုေလ ညီမေလး"

" ဟုတ္ကဲ့ပါရွင့္"

"ဒီဆိုင္မွာ ကေလးေလး ၂ေယာက္ရွိတယ္မလားဟင္"

ဆိုင္ခမ္း၏ အေမးေၾကာင့္ Waitressေလးကၿပဳံးသြားၿပီး...

"ဟုတ္ကဲ့...ကေလးႏွစ္ေယာက္ကို ေတြ႕ခ်င္လို႔လားရွင့္"

ထိုအေမးေၾကာင့္ ဆိုင္ခမ္းႏွင့္ဝတီႏွစ္ေယာက္လုံး ေခါင္းတဆတ္ဆတ္ညိတ္ကာ...

" ေတြ႕လို႔ရမလား ညီမေလး...အစ္မ ညီမေလးက ကိုယ္ဝန္ေဆာင္ဆိုေတာ့ေလ ခ်စ္စရာကေလးေလးေတြကို ေတြ႕ခ်င္ေနတာရယ္"

" ဟုတ္ကဲ့...ညီမ တစ္ခ်က္ေမးၿပီး ျပန္လာေျပာပါ့မယ္ရွင့္"

" ဟုတ္ ညီမေလး ေက်းဇူးေနာ္..."

"ဟုတ္ကဲ့....ေက်းဇူးပါရွင့္"

Waitressေလးထြက္သြားေတာ့ သူတို႔အားလုံး ဆိုင္၏ Serviceကို ခ်ီးက်ဴးမိလိုက္ၾကသည္။ ဝန္ထမ္းေတြကို ေသခ်ာ Trainထားျခင္းသည္ M-Ferrea၏ အားသာခ်က္ဟူ၍ နာမည္ႀကီးေနသည္ကို လက္ေတြ႕လက္ခံလိုက္မိၾက၏။

15 minutes later...

"ၾကည့္ရတာ မလာဘူးထင္တယ္ေနာ္"

"Waitressေလးက ျပန္လာေျပာမယ္ေျပာတာပဲ ဝတီရဲ႕...လာမွာပါ"

ထိုစဥ္ ေခါင္မိုးထပ္ေလးမွ မီးမ်ားအားလုံးမွိတ္သြားေတာ့၏။

"ဟင္"

"ဟာ"

အမ်ိဳးသမီးေလးႏွစ္ေယာက္၏ အာေမဋိတ္သံႏွစ္ခု။

" ဒီတစ္ေနရာပဲ ပ်က္သြားတာ"

"ဟုတ္တယ္ ကြၽန္ေတာ္လည္းၾကည့္ေနတာ"

အမ်ိဳးသားႏွစ္ဦး၏ မွတ္ခ်က္ႏွစ္ခုကလည္း ထြက္ေပၚလာၿပီးေနာက္...

သူတို႔ထိုင္ေနၾကရာ ကံေကာ္ပန္းပြင့္သ႑ာန္စားပြဲေလးမွ ပြင့္ဖတ္တစ္ခုခ်င္းစီသည္ မီးလင္းလာၿပီး ေနာက္ဆုံး၌ အလယ္မွ ေ႐ႊေရာင္ဝတ္ဆံမႈန္ေလးမ်ားက တလက္လက္ထကာ လင္းလာေတာ့သည္။ အလင္းေရာင္ေအာက္တြင္ ျမင္ရသည္ထက္ ပို၍႐ုပ္လုံးႂကြကာ လွပလြန္းသည္မို႔ သူတို႔အားလုံး မင္သက္ကာ ေငးၾကည့္ေနမိၾကသည္အထိ။

ထိုအခ်ိန္၌…

"မွာထားတာေတြရပါၿပီ ခင္ဗ်"

ထြက္ေပၚလာေသာကေလးသံေလးႏွင့္အတူ မီးမ်ားျပန္လင္းလာသည္။ သူတို႔အားလုံး အသံလာရာကိုလွည့္ၾကည့္လိုက္ၾကၿပီးေနာက္...

"ဟယ္"

"ခ်စ္စရာေလး"

အေနာက္တိုင္းဝတ္စုံအျပာေရာင္ေလးအား ဝတ္ဆင္ထားေသာ ကေလးတစ္ေယာက္။ Necktieေလးပါ တပ္ထားသည္မို႔ လူႀကီးေပါက္စေလးတစ္ေယာက္လိုပင္။ ဆံပင္လႈိင္းတြန္႔ေလးေတြက အနက္ေရာင္စစ္စစ္ေတာ့မဟုတ္။ အၿပဳံးခ်ိဳခ်ိဳေလးႏွင့္ လက္ထဲတြင္လည္း ပန္းစည္းႏွစ္စည္းကိုကိုင္ထား၏။

သူ႔ေနာက္တြင္ေတာ့ Waitressေလးေယာက္က ဟင္းပြဲမ်ားကို ကိုယ္စီကိုင္ထားၾကသည္။

သူတို႔အားလုံး ေငးၾကည့္ေနၾကစဥ္မွာပင္ ကေလးေလးက သူတို႔ဝိုင္းဆီေလွ်ာက္လာၿပီး ဝတီႏွင့္ ဆိုင္ခမ္းတို႔အား ပန္းစည္းတစ္ခုစီေပးလိုက္ၿပီးေနာက္ ခါးတစ္ခ်က္ၫႊတ္ကာႏႈတ္ဆက္ဟန္ျပဳလိုက္ၿပီးမွ ျပန္မတ္လိုက္ၿပီး...

"သားက ႏိုရာသကၠရာဇ္ပါ...ေတြ႕ရတာဝမ္းသာပါတယ္ခင္ဗ်"

"အာ ခ်စ္စရာေလးကြာ...လာပါဦး တီတီ့ဆီ"

ဆိုင္ခမ္းကအသည္းယားသလိုေျပာကာ ေခၚလိုက္ေတာ့ ႏိုႏိုေလးက ဆိုင္ခမ္းနားေလွ်ာက္သြားသည္။ ထိုစဥ္ Waitressေလးမ်ားက ဟင္းပြဲမ်ားကို သူ႔ေနရာႏွင့္သူခ်လိုက္ၾကၿပီးေနာက္ ေနာက္တြင္ရပ္ေနၾကသည္မို႔...

"မမတို႔ ျပန္လို႔ရတယ္ေနာ္...အာ ၿပီးေတာ့ ကိုကို႔ကို ဒီကိုလႊတ္ေပးပါဦး...လိုက္လာမယ္ဆိုၿပီး ၾကာေနလို႔"

"ဟုတ္ကဲ့ပါရွင့္"

Waitressေလးမ်ားက ဦးတစ္ခ်က္ၫႊတ္ကာ ေအာက္သို႔ျပန္ဆင္းသြားၾက၏။

ႏိုႏိုေလး၏ ပါးေလးကို ဆိုင္ခမ္းက ခပ္ဖြဖြေလးဖ်စ္လိုက္ၿပီး...

"သားသားက တကယ္ခ်စ္ဖို႔ေကာင္းတာပဲကြ ... ဒါနဲ႔ ကိုကို႔ကိုေခၚခိုင္းတယ္ဆိုေတာ့ သားက အငယ္ေလးလား"

" ဟုတ္ သားကအငယ္ပါ...ကိုကိုကနည္းနည္းရွက္တတ္လို႔ အရမ္းမစနဲ႔ေနာ္"

အစ္ကိုအစားကူေျပာေပးပုံေလးက ခ်စ္စရာေကာင္းလြန္းသည္မို႔ သူတို႔အားလုံးၿပဳံးလိုက္မိၾကသည္။ ဝတီကလည္း အသည္းယားေနသည္မို႔...

"သားက ဘယ္ႏွစ္ႏွစ္လဲဟင္"

"ဟုတ္ သားက ၁၂ႏွစ္ပါ...ဒါနဲ႔ တီတီကဗိုက္ထဲမွာ ကေလးေလးနဲ႔လား"

မ်က္လုံးေလးတလက္လက္ႏွင့္ေမးလာေသာ ႏိုႏိုေလးေၾကာင့္ ဝတီရယ္လိုက္ၿပီး...

"ဟုတ္တယ္ေလ...ကိုင္ၾကည့္ခ်င္လား...ဒီကိုလာခဲ့"

လက္လွမ္းေခၚလိုက္ေတာ့ ႏိုႏိုေလးက ဝတီ့အနားစိတ္ဝင္တစားျဖင့္ေရာက္သြားေတာ့သည္။ ဝတီ့ရဲ႕ ဗိုက္ပူပူေလးအား မ်က္လုံးေလးတလက္လက္ႏွင့္ၾကည့္ကာ စိတ္ဝင္စားေနသေယာင္။ ထို႔ေနာက္ လက္ညႇိဳးေလးႏွင့္ မရဲတရဲတို႔ထိလိုက္ပုံက ခ်စ္စဖြယ္အတိ။

"ညီေလးလား ညီမေလးလားဟင္"

"ဘာေလးလိုခ်င္လဲ"

"ဟီး ဘာေလးျဖစ္ျဖစ္ သားကခ်စ္တယ္"

"ဟယ္ တတ္လိုက္တာ ဒီကေလးေလး...လာပါဦး...တီတီကဖက္ခ်င္လို႔"

ဝတီကႏိုႏိုေလးကိုအသည္းယားစြာေပြ႕ဖက္လိုက္ၿပီးေနာက္...

"တီတီ့နာမည္က နန္းဝတီဧကပါရွင့္..."

"ဟာ တီတီနဲ႔ကိုကိုက နာမည္နည္းနည္းတူတယ္ သိလား...ကိုကိုက ဧကသကၠရာဇ္..."

"ဟုတ္လား...သားကိုကိုကေရာ မလာေသးဘူးလား...တီတီတို႔ ေတြ႕ခ်င္လွၿပီ"

ထိုစဥ္ Waiter ႏွစ္ေယာက္ေရာက္လာၿပီး လက္ထဲတြင္ ထိုင္ခုံႏွစ္လုံးသယ္လာၾကၿပီးေနာက္ စားပြဲဝိုင္းနားတြင္ ခ်ေပးသြားၾကၿပီး ျပန္ထြက္သြားၾကသည္။

စဝ္ေဆးစံ ထိုင္ခုံတစ္လုံးကိုဆြဲကာ သူႏွင့္ဝတီၾကားသို႔ခ်ေပးလိုက္ေတာ့...

"ဦးဦးကို ေက်းဇူးတင္ပါတယ္ခင္ဗ်"ဟု ဆိုကာ ဝင္ထိုင္လိုက္ေသာ ကေလးေလးေၾကာင့္ အားလုံးမ်က္ႏွာတြင္ အၿပဳံးတို႔ကဆင့္ကဲျဖစ္ထြန္းသြားၾကျပန္၏။

စဝ္ေခါင္သည္လည္း အသည္းယားလာသည္မို႔...

"ဆံပင္ေလးေတြက ေမြးရာပါလား"

"ဟုတ္ သားက ပါပါးနဲ႔တူတာ...ပါပါးဆို ဆံပင္အနီေလးေတြနဲ႔ ပိုလွတယ္"

"သားက ပါပါးနဲ႔တူတာဆိုေတာ့ သားကိုကိုကမတူဘူးလား"

ဆိုင္ခမ္းကေမးလိုက္ေတာ့ ႏိုႏိုေလးကေခါင္းတဆတ္ဆတ္ညိတ္ၿပီး...

"ကိုကိုက ဘယ္သူနဲ႔မွမတူဘူး... ၿပီးေတာ့ ကိုကိုမ်က္ေတာင္ေတြဆိုအရွည္ႀကီးပဲ... အသားကလည္း သားထက္ပိုျဖဴတယ္"

"အယ္ သားလည္း ျဖဴျဖဴေလးဟာကို"

"ဟီး တကယ္ေျပာေနတာ...ကိုကို႔အသားကျဖဴျဖဴၾကည္ၾကည္ေလး...ဘြားဘြားႀကီးကေတာ့ သားက ပါပါးလိုႏို႔ႏွစ္ေရာင္ေလးလို႔ေျပာတယ္"

"အင္း ဟုတ္တယ္ သားက ႏို႔ႏွစ္ေရာင္ေလး... သားအသားအေရာင္ေလးက ေတာ္ေတာ္လွတာ"

"ကိုကိုကပိုလွတယ္...အဲ အဲ့ဒါကိုကို႔ေျခသံ...ကိုကိုလာၿပီ"

ႏိုႏိုေလးေျပာေတာ့မွ သူတို႔အားလုံးၿငိမ္ကာနားေထာင္ၾကည့္ေတာ့ ေလွကားထစ္ဆီမွ ေျခသံသဲ့သဲ့ေလးၾကားလိုက္ရသည္။ သူတို႔အားလုံး ေျခသံပိုင္ရွင္ေလးအား ေစာင့္ေမွ်ာ္ကာၾကည့္ေနလိုက္မိၾက၏။

ထို႔ေနာက္တြင္ေတာ့ အနက္ေရာင္ Suitေလးကိုဝတ္ဆင္ထားေသာ ကေလးတစ္ေယာက္ထြက္ေပၚလာသည္။

"ဟယ္!"

"တူလိုက္တာ"

"...."

"...."

"ကိုကို!"

ႏိုႏိုေလးကလွမ္းေခၚလိုက္ေတာ့ မ်က္လႊာပင့္ကာၾကည့္လာသည္ ကေလးငယ္ေလး။ မ်က္ေတာင္ရွည္တို႔ပင့္တက္သြားပုံက လွပလြန္းစြာ။ မ်က္ခုံးတို႔ကလည္း ထူထဲေနျခင္းမဟုတ္ဘဲ ေနရာတက်လွပေသသပ္စြာ။ ႏွာတံခြၽန္ခြၽန္ေလးေအာက္ ႏႈတ္ခမ္းရဲရဲေလးမ်ားက တင္းတင္းေစ့ထား၏။ နက္ေမွာင္ေသာ ဆံပင္တိုေလးမ်ားကို အလယ္မက်ေဘးမက်ခြဲထားၿပီး နဖူးထက္ဆံပင္ေလးတို႔က အနည္းငယ္က်ေနၾကသည္။

သူတို႔အားလုံးေငးၾကည့္ေနၾကစဥ္ ကေလးက သူတို႔အနားထိေလွ်ာက္လာၿပီျဖစ္သည္။ လမ္းေလွ်ာက္လာသည့္ပုံစံေလးကအစ ပုံစံတက်ႏွင့္ မ်က္စိမလႊဲခ်င္စရာ။

"သားေျပာပါတယ္ ကိုကိုကအရမ္းေခ်ာပါတယ္လို႔"

ႏိုႏိုေလးေျပာလိုက္သည္ကို သူတို႔အားလုံး ေခါင္းညိတ္ကာလက္ခံလိုက္မိၾက၏။ တစ္ဆက္တည္းမွာပင္ တူညီေသာအေတြးမ်ားကလည္း အားလုံး၏အေတြးထဲတြင္ ျဖစ္တည္ေနၾကသည္။

စဝ္ေခါင္ႏွင့္ဝတီတို႔လည္း ခဏတာမ်က္လုံးခ်င္းဆုံသြားၾက၏။

"ကိုကို ဒီကိုလာ..."

ႏိုႏိုက သူ႔အစ္ကိုကို လွမ္းေခၚလိုက္ျခင္းျဖစ္ၿပီး အနားသို႔ အစ္ကိုျဖစ္သူေရာက္လာသည္ႏွင့္ ထိုင္ေနသည့္ထိုင္ခုံေပၚမွဆင္းကာ သူ႔အစ္ကိုေဘးသြားၿပီး လက္ကိုဆြဲေခၚသည္။

"ကိုကို႔ကို မိတ္ဆက္ေပးမယ္...ဒါက တီတီဝတီဧကတဲ့...ကိုကိုနဲ႔ နာမည္တူတယ္ေနာ္ ဟီး...
ဦးဦးတို႔နဲ႔တီတီ့နာမည္ေတာ့ သားလည္းမသိေသးလို႔ ကိုယ့္ဘာသာမိတ္ဆက္ၾကေနာ္... ဒါနဲ႔ ကိုကို ဒီမွာထိုင္... ႏိုႏိုဟိုဘက္သြားလိုက္မယ္"

"အင္း"

ကေလးႏွစ္ေယာက္၏ အျပဳအမူေလးမ်ားကို သူတို႔အားလုံးလိုက္ၾကည့္ေနမိသည္။ ဝတီကေတာ့ သူမေဘးက ကေလးေလးထံမွအၾကည့္မခြာေတာ့။

"တီတီအဲ့လိုဆက္ၾကည့္ေနရင္ ကိုကို႔မ်က္ႏွာႀကီးမီးေတာက္လာလိမ့္မယ္"

ႏိုႏို႔အသံေလးေၾကာင့္ ဝတီအသိဝင္လာကာရယ္လိုက္မိသည္။ ဧကေလးမွလြဲ အားလုံးလည္းရယ္လိုက္ၾက၏။ ထို႔ေနာက္ ဝတီကအရယ္ရပ္ကာ...

"သားဧကေလးက တီတီ့ေမာင္အငယ္ဆုံးေလးနဲ႔တအားတူလို႔ၾကည့္ေနတာ ႏိုႏိုေလးရဲ႕"

"ဪ တီတီ့မွာ ေမာင္ရွိတာလား"

"ရွိပါ့ ေနာက္တစ္ခါ သူငယ္ငယ္ကပုံယူလာျပမယ္...တကယ္တူတာ"

"ဟုတ္လား ကိုကို႔လိုမ်က္ေတာင္ရွည္လား"

"အင္း အရွည္ႀကီးပဲ"

"မ်က္ခုံးေရာလွလား"

"လွတာေပါ့သားရဲ႕"

"ကိုကို႔ႏႈတ္ခမ္းလိုေရာ ရဲၿပီးလွလား"

"အင္း ေနာင့္စိုင္းေလးကလည္းအဲ့လိုေလးပဲ...ႏႈတ္ခမ္းေလးေတြကအၿမဲစိုရဲေနတာ"

"ေနာင့္စိုင္း? "

နားမလည္သလိုျဖစ္သြားသည့္ ႏိုႏိုေလးေၾကာင့္ ပီအိုက္ကရယ္လိုက္ၿပီး...

"ေနာင့္စိုင္းဆိုတာ ေမာင္ေလး၊ညီေလးဆိုတာနဲ႔အတူတူပဲ...ရွမ္းလိုေခၚတာ"

"အာ တီတီတို႔၊ ဦးဦးတို႔က ရွမ္းေတြလား"

"ဟုတ္ပါ့ရွင္"

ထိုအခါ ႏိုႏိုေလး၏မ်က္လုံးမ်ားကလက္သြားၿပီး သူ႔အစ္ကိုဘက္လွည့္ကာ...

"ကိုကို ကိုကို... ဦးဦးေခးကလည္း ရွမ္းမလား...ဟုတ္တယ္မလား"

"အင္း"

"ဟီး သားတို႔မွာ ရွမ္းဦးဦးတစ္ေယာက္ရွိတယ္... ဦးဦးစိုင္းေခးဆက္ၾကာတဲ့"

"ေဟာ စိုင္းေခးေလးနဲ႔လည္း အရမ္းရင္းႏွီးတာလား"

"ဟုတ္"

ထိုအခါ ဆိုင္ခမ္းက ႏိုႏိုေလး၏ ေမးဖ်ားေလးကိုဖြဖြေလးဆြဲလိုက္ရင္း...

"တီတီက ဦးဦးေခးရဲ႕ အစ္မအရင္းပါရွင့္...နန္းဆိုင္ခမ္းၾကာလို႔ေခၚပါတယ္... ဒီဘက္ကေတာ့ တီတီ့အမ်ိဳးသား စဝ္မင္းေခါင္ဧကရာဇ္တဲ့...ဒီဦးဦးကေတာ့ တီတီဝတီ့ရဲ႕အမ်ိဳးသား စဝ္ေဆးစံတဲ့”

" ဝါး...တကယ္လား...ဒါဆို ဦးဦးေခးရဲ႕အမ်ိဳးေတြေပါ့... ဒီအေၾကာင္း ပါပါးကိုလွမ္းေျပာရမယ္... တီတီတို႔ဝိုင္းအတြက္ ပါပါးပဲရွင္းေပးလိမ့္မယ္"

"ဟယ္ မေခၚနဲ႔...မေခၚနဲ႔...တီတီက ေျပာျပ႐ုံပဲ... ခဏခဏလာမွာကို အၿမဲေကြၽးမလို႔လား"

" သားကေကြၽးႏိုင္ပါတယ္"

"ဟုတ္ကဲ့ ဒီက ေဘာ့စ္ေလးကေကြၽးႏိုင္ေပမဲ့ ကြၽန္မတို႔က အားနာလို႔ပါရွင္..."

" ဟီး...."

ထိုစဥ္  Waitressေလးမ်ားေရာက္လာၿပီး ႏိုႏိုေလးေရွ႕တြင္ Bubble teaခ်ေပးကာ၊ ဧကေလးေရွ႕တြင္ေတာ့ ႏြားႏို႔အပူတစ္ခြက္ခ်ေပးၿပီးျပန္ထြက္သြားၾကသည္။

ထိုအခ်င္းအရာေၾကာင့္ စဝ္ေခါင္ကရယ္လိုက္ၿပီး...

" ဘာေကြၽးရမလဲလို႔ေတြးေနတာ...ႏွစ္ေယာက္လုံးက ကိုယ့္ရိကၡာနဲ႔ကိုယ္လာတာပဲကြ"

ေျပာလိုက္ေတာ့ ႏိုႏိုေလးကရယ္ၿပီး...

"တကယ္ေတာ့သားတို႔ကစားၿပီးၿပီ... ဦးဦးတို႔ ေနရခက္မွာစိုးလို႔ပါ...ဒါနဲ႔ကိုကို ေခါင္းမူးလာရင္ေျပာေနာ္"

"ရတယ္ ႏိုႏို"

ညီအစ္ကိုႏွစ္ေယာက္၏ အျပန္အလွန္ေျပာစကားမ်ားေၾကာင့္ သူတို႔အားလုံးအံ့ဩသြားၾက၏။ ဝတီကစိတ္ပူသြားဟန္ျဖင့္...

"ဘာလို႔လဲ...ဧကေလးကဖ်ားေနတာလား"

ဧကေလး၏ နဖူးေလးထက္လက္ဖဝါးျဖင့္အသာစမ္းကာေမးလိုက္ေတာ့....

" ဖ်ားေနတယ္ေတာ့မဟုတ္ပါဘူး... ဒါေပမဲ့ ကိုကိုက အားနည္းတတ္လို႔ပါ...ကိုကိုအဆင္မေျပရင္ေတာ့ သားတို႔ျပန္ရမယ္"

ႏိုႏိုေလးထိုစကားေျပာေနခ်ိန္တြင္ ဝတီႏွင့္စဝ္ေခါင္တို႔အၾကည့္ခ်င္းထပ္ဆုံသည္။ စဝ္ေခါင္က ေခါင္းကိုမသိမသာယမ္းျပေတာ့ ဝတီကသက္ျပင္းဖြဖြခ်ကာ ဧကေလးဘက္လွည့္လိုက္ၿပီး...

"သား ေနလို႔အဆင္မေျပရင္အားမနာနဲ႔ေနာ္..."

" ဟုတ္ကဲ့"

ထို႔ေနာက္တြင္ေတာ့ သူတို႔အားလုံး ဧကေလးကိုအရိပ္တၾကည့္ၾကည့္လုပ္ရင္း၊ ႏိုႏိုေလးႏွင့္လည္းစကားအေျပာမျပတ္ၾက။ ႏိုႏိုေလးက သူ႔အစ္ကိုအား စကားဝိုင္းထဲ တစ္ခ်က္တစ္ခ်က္ဆြဲသြင္းတတ္ေသးသည္။ ထိုအခါ ဧကေလးထံမွ 'အင္း'ဆိုသည့္ တုံ႔ျပန္မႈေလးျပန္ၾကားရ၏။

သူတို႔ဘာမွဦးေဆာင္ေျပာစရာမလိုဘဲ ႏိုႏိုေလးကပင္ အေၾကာင္းအရာရွာကာေျပာသြားတတ္သည္မို႔ သူတို႔အားလုံး စကားဝိုင္းထဲ အလိုက္သင့္စီးေမ်ာပါသြားၾကသည္။ စကားနည္းေသာ စဝ္ေဆးစံပင္လွ်င္ စကားဝိုင္းထဲပါဝင္လာသည္အထိ သူတို႔ဝိုင္းေလးကအသက္ဝင္ေနေတာ့၏။

______________________________________________________________________

ေဘေဘးႏွင့္ထူးျမတ္ ဆိုင္ထဲဝင္လာသည့္အခ်ိန္တြင္ ေတာ္ေတာ္မ်ားမ်ား၏ အၾကည့္မ်ားက သူတို႔ဆီတြင္သာက်ေရာက္ေနၾကသည္။ တစ္ေယာက္က M-Ferrea၏ပိုင္ရွင္ျဖစ္႐ုံသာမက လုပ္ငန္းစုႀကီးေတြကိုပါ ဦးေဆာင္ေနသည့္ အသက္ ၃၀ဝန္းက်င္အ႐ြယ္အမ်ိဳးသားတစ္ေယာက္ျဖစ္သည့္အျပင္ ႐ုပ္ရည္ကလည္းအျပစ္ေျပာစရာမရွိ။

၃၀ဆိုသည့္ အသက္အ႐ြယ္သည္ အမ်ိဳးသားတစ္ေယာက္၏ အခန္႔ညားဆုံးအသက္အပိုင္းအျခားျဖစ္၏။ လူငယ္ဆန္မႈတို႔လည္းအနည္းငယ္ႂကြင္းက်န္ေနကာ ရင့္က်က္သည့္ဟန္ပန္တို႔ကလည္း ေရာစြက္ေနၾကသည္။ ေကာ္လာပါသည့္ အျဖဴေရာင္ရွပ္လက္ရွည္ကို ၾကယ္သီးႏွစ္လုံးျဖဳတ္ကာဝတ္ဆင္ထားၿပီး ခါးစတို႔ကို အနက္ေရာင္ Pantsအရွည္ထဲထည့္ကာဝတ္ဆင္ထားသည္မို႔ လူငယ္ပိုဆန္ေနသည္။

နားတစ္ဖက္တြင္ စိန္တစ္ပြင့္လက္ေနသည့္ပုံစံက M-Ferreaတြင္သာျမင္ေတြ႕ႏိုင္သည့္ပုံစံျဖစ္၏။ လႈိင္းတြန္႔ဆံပင္ေလးမ်ားအနီေရာင္ေျပးေနမႈသည္ ပုံသြင္းထားသည္ဟုထင္ရေလာက္ေအာင္ မိမိုက္ေနလြန္းသည့္အျပင္ အရပ္အေမာင္းကလည္း အမ်ိဳးသမီးထုတို႔စိတ္ကူးယဥ္ခ်င္စဖြယ္။ Single fatherအျဖစ္ရပ္တည္ေနသူ၏ေဘးမွခုံကို ေနရာလုခ်င္သူတို႔ကအမ်ားအျပား။

ထို႔အတူ သူ႔ေဘးမွအမ်ိဳးသားသည္လည္း စီးပြားေရးေလာက၏ ထိပ္တန္း Coachတစ္ေယာက္ျဖစ္သည္။ မ်က္မွန္ႏွင့္သူ႔ပုံစံသည္ လူႀကီးလူေကာင္းပုံစံအျပည့္။ အနက္ေရာင္အေနာက္တိုင္းဝတ္စုံႏွင့္မို႔ အလုပ္မွထြက္လာသည့္ပုံစံမ်ိဳးျဖစ္ေနသည္။

ႏွစ္ေယာက္ပုံစံတြင္ တစ္ေယာက္ကလြတ္လပ္ေပါ့ပါးကာ ေနာက္တစ္ေယာက္ကေတာ့ တည္ၾကည္ေလးနက္သည့္အသြင္ျဖစ္၏။

ႏွစ္ေယာက္သား အထဲဝင္သြားေတာ့ ေကာင္ေလးတစ္ေယာက္ေျပးလာၿပီး...

"Bossနဲ႔ဆရာတို႔ မဂၤလာပါ...အစ္ကိုေလးတို႔က ေခါင္မိုးထပ္ကိုေရာက္ေနပါတယ္"

"Ok ကိုယ္သြားေခၚလိုက္မယ္...သြားတာၾကာၿပီလား"

"ဟုတ္ကဲ့ ၄၅မိနစ္ေလာက္ေတာ့ရွိပါၿပီ"

"Okok..."

သူတို႔ႏွစ္ေယာက္ ေခါင္မိုးထပ္ဆီ ဦးတည္လိုက္ၾကစဥ္ ေဘေဘးကထူးျမတ္ဘက္ကိုလွည့္လိုက္ၿပီး...

"လိုက္မလို႔လား...မင္းကိုျမင္ရင္ သားႀကီးကျပန္လႊတ္မွာမဟုတ္ေလာက္ဘူးေနာ္"

ေျပာလိုက္ေတာ့ ထူးျမတ္မ်က္ႏွာက မဲ့က်သြားသည္။ ၿပီးေနာက္...

"မျမင္ရင္လည္း စိတ္ဆိုးဦးမွာပဲ"

"ဟားဟား"

ေဘေဘးက ထူးျမတ္ပုံစံကိုၾကည့္ကာ ရယ္ခ်ေတာ့သည္။ သားႀကီးက ထူးျမတ္ကိုေတာ္ေတာ္ခင္တြယ္သလို ထူးျမတ္ကလည္း သားႀကီးကို အၿမဲအလိုလိုက္တတ္၏။ အိမ္တြင္အငယ္ဆုံးျဖစ္သည္မို႔ ကေလးဆန္တတ္ေသာထူးျမတ္က သားႀကီးႏွင့္ဆို လူႀကီးလုပ္ခ်င္သည္။ သို႔ေသာ္ သူ႔ထက္ပို၍တည္ၿငိမ္ေသာ သားႀကီးကိုအၿမဲအရႈံးေပးရသည္သာ။

"မင္းသားႀကီးက အသက္ကသာပိစိေလး...စိတ္က ခုကတည္းကလက္တစ္ဆစ္"

" သူမ်ားၾကားရင္ရယ္ေနပါဦးမယ္ကြာ...ငါ့သားႀကီးက အေအးခ်မ္းဆုံးကေလးေနာ္"

ေျပာလိုက္ေတာ့ ထူးျမတ္၏မ်က္ႏွာရႈံ႕မဲ့သြားပုံကရယ္ခ်င္စရာ။ သူလည္းသိပါသည္။ သားႀကီးက ထူးျမတ္တစ္ေယာက္ကိုသာ ကြက္အႏိုင္က်င့္ျခင္း။

ေခါင္းမိုးထပ္ေရာက္ခါနီးတြင္ အေပၚမွရယ္သံမ်ားကိုတစ္စြန္းတစ္စၾကားလိုက္ရသည္မို႔ သူတို႔ႏွစ္ေယာက္လုံးၿပဳံးမိလိုက္ၾက၏။

"ႏိုႏိုတို႔က ႐ိုးရာမပ်က္ဆြဲေဆာင္ထားၿပီထင္တယ္"

ထူးျမတ္၏အေျပာေၾကာင့္ ေဘေဘးရယ္လိုက္ကာ...

"ၾကာရင္ ငါတို႔ကိုေတာင္ေရာင္းစားသြားမလားမသိဘူး..."

ႏွစ္ေယာက္သားေခါင္မိုးထပ္သို႔ေရာက္သြားခ်ိန္တြင္ေတာ့ အၾကည့္တို႔ကသူတို႔ဆီေရာက္လာၾကသည္။ လူႀကီးမ်ား၏အၾကည့္မ်ားေၾကာင့္ ႏိုႏိုေလးကလည္း လွည့္ၾကည့္လာကာ သူတို႔ကိုျမင္လိုက္သည္ႏွင့္  မ်က္ႏွာေလးကၿပဳံးသြားၿပီး...

" ပါပါး! ကယ္ဝမ္း!"

ဝမ္းသာအားရလွမ္းေခၚေတာ့သည္မို႔ သူတို႔ႏွစ္ေယာက္လည္း အနားသို႔ ေလွ်ာက္သြားလိုက္သည္။ ဧကေလးက တစ္ခ်က္လွည့္ၾကည့္ၿပီးေနာက္ ေရွ႕ျပန္လွည့္ၿပီးႏြားႏို႔ျပန္ေသာက္ေန၏။ ႏိုႏိုက အေဖျဖစ္သူ အနားေရာက္လာသည္ႏွင့္ ခုံမွေလွ်ာဆင္းသည္။ ထို႔ေနာက္ သူ႔လက္ကေလးေတြႏွင့္ ေဘေဘးလက္ကိုဆြဲကာေခၚလိုက္ၿပီး ဧည့္သည္မ်ားႏွင့္ မိတ္ဆက္ေပးလာ၏။

" ပါပါး...ဒီတီတီတို႔နဲ႔ဦးဦးတို႔က ဦးဦးေခးရဲ႕အမ်ိဳးေတြတဲ့..."

ႏိုႏို႔အေျပာေၾကာင့္ေဘေဘးက အံ့ဩသြားၿပီး…

" ေတြ႕ရတာဝမ္းသာပါတယ္ခင္ဗ်...စားလို႔အဆင္ေျပၾကရဲ႕လားမသိဘူး... ေခးဆက္ရဲ႕အမ်ိဳးေတြဆိုေတာ့ ကြၽန္ေတာ္ကပဲဧည့္ခံလိုက္ပါ့မယ္"

"အယ္ မဟုတ္တာ...ပီနန္း အဲ အစ္မတို႔ဘာသာရွင္းပါ့မယ္"

ဝတီက အားနာသလိုေျပာလိုက္ေတာ့ ႏိုႏိုကရယ္ၿပီး...

"ခုဏကတည္းက ႏိုႏိုေျပာၿပီးသား...တီတီတို႔ကျငင္းေနလို႔ပါပါးကိုမေခၚေတာ့တာ...ဒါနဲ႔ အဲ့တီတီဗိုက္ထဲမွာ ကေလးေလးနဲ႔ သိလား"

ႏိုႏို႔အေျပာေၾကာင့္လူႀကီးမ်ားအားလုံးရယ္လိုက္မိၾက၏။ ထို႔ေနာက္ ေဘေဘးက အားလုံးကို ထူးျမတ္ႏွင့္ပါမိတ္ဆက္ေပးလိုက္ၿပီး ထူးျမတ္သည္လည္း ေခးဆက္ႏွင့္သိေၾကာင္းေျပာျပေတာ့ အျပန္အလွန္ႏႈတ္ဆက္ျဖစ္ၾကၿပီးေနာက္...

" ဒါဆို ႏိုရာ...ပီနန္း အဲ အစ္မ ဒီလိုပဲေခၚမယ္ေနာ္"

"ဟုတ္ ပီနန္းလို႔ပဲေျပာလို႔ရပါတယ္"

ၿပဳံးကာေျပာလိုက္ေတာ့ ထိုကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေလးကလည္းၿပဳံးလိုက္ၿပီး...

"ပီနန္း ေမးခ်င္လို႔... ေမာင္ေလးက ပီနန္းရဲ႕ေမာင္နဲ႔ပါရင္းႏွီးမယ္ထင္တယ္"

ထိုစကားေၾကာင့္ ေဘေဘးႏွင့္ထူးျမတ္အၾကည့္ခ်င္းဆုံသြားၿပီးေနာက္ ေဘေဘးကပဲျပန္ေမးလိုက္၏။

"ပီနန္းရဲ႕ေမာင္ကဘယ္သူလဲခင္ဗ်"

"စဝ္မင္းႏြယ္ဧကရာဇ္ေလ သိလား"

"...."

"...."

ထိုစကားအဆုံး ေဘေဘး၏ေျခေခ်ာင္းေလးမ်ားက Shoesအတြင္းတြင္ ကုပ္သြားၾကသည္။ ေနာက္သို႔ေျခတစ္လွမ္းမဆုတ္မိေအာင္၊ မ်က္ႏွာတစ္ခ်က္မပ်က္ေအာင္ထိန္းထားလိုက္မိရင္း...

"ဟုတ္ သိပါတယ္...ဒါေပမဲ့ သူနဲ႔ကမေတြ႕တာတအားၾကာေနၿပီခင္ဗ်"

ေျပာလိုက္ေတာ့ ဝတီ့မ်က္ႏွာေလးက ညႇိဳးသြားၿပီး...

"ဟုတ္တယ္...ေနာင့္စိုင္းက NYကိုေရာက္ေနတာ...ေနာက္တစ္ပတ္ဆိုျပန္လာေတာ့မွာေလ..."

ထိုစကားေၾကာင့္ ေဘေဘး၏ရင္ထဲ ဒိန္းခနဲ။ ျမင္ကြင္းတို႔ကဝါးတားတားျဖစ္သြားသည္မို႔ စိတ္ကိုၿငိမ္ေအာင္ထိန္းထားလိုက္မိၿပီး...

"ဟုတ္ကဲ့...ေရာက္ရင္သူ႔ကိုဒီကိုလာဖို႔ေျပာေပးပါဦး... ကြၽန္ေတာ့္မွာလည္း သူနဲ႔ဆက္သြယ္လို႔ရမဲ့ဟာမရွိေတာ့ မဆက္သြယ္ျဖစ္ဘူး"

"အယ္ မရွိဘူးလား...သူEmailသုံးတယ္ေလ... ေနဦး ပီနန္းေရးေပးခဲ့မယ္... ဒီကေလးက ပီနန္းတို႔ကိုေတာင္ သိပ္ဆက္သြယ္တာမဟုတ္ဘူး... Social mediaလည္းမသုံးဘူး...Ph no.ကေတာ့မေပးေတာ့ဘူးေနာ္... သူ႔ဘက္ဆက္စရာရွိမွ ကဒ္ထည့္ဆက္တာမလို႔...က်န္တဲ့အခ်ိန္သူ႔ကိုဆက္လို႔မရဘူး... ဆက္သြယ္ခ်င္ရင္ Mailပဲပို႔ရတယ္... NYအပို႔ခံလိုက္ရလို႔ စိတ္ဆိုးေနတာ ခုထိမေျပေသးဘူးထင္ပါရဲ႕... မင္းတို႔သူငယ္ခ်င္းက ေတာ္႐ုံစိတ္ႀကီးတာေတာ့မဟုတ္ဘူးရယ္"

ထို႔ေနာက္တြင္ေတာ့ ကဒ္ျပားေလးတစ္ခုကို ကမ္းေပးလာသည္မို႔ ေဘေဘးလက္ကိုမတုန္ေအာင္ထိန္းၿပီးယူထားလိုက္ရသည္။

ျဖစ္ႏိုင္ရင္ ဒီေနရာမွ သူအျမန္သြားခ်င္ေနၿပီျဖစ္၏။

"ပီနန္းက ေနာင့္စိုင္းကိုသူငယ္ခ်င္းေတြအမ်ားႀကီးရွိေစခ်င္တာ...ကေလးကေအးလြန္းေတာ့ တစ္ေယာက္တည္းအၿမဲကြဲထြက္ေနလို႔ေလ"

"ဟုတ္ကဲ့ ကြၽန္ေတာ္တို႔နဲ႔သူက ခင္ပါတယ္...ပီနန္းမပူပါနဲ႔"

"အင္း ဒါနဲ႔ေလ ဧကေလးက..."

"အဟြတ္...အဟြတ္"

"ကေလး!"

"သားႀကီး!"

"ကိုကို!"

ဧကေလးက ႐ုတ္တရက္ေခ်ာင္းထဆိုးသည္မို႔ ထူးျမတ္က ကေလးေဘးကိုခ်က္ခ်င္းေရာက္သြားကာ ေက်ာျပင္ေလးကိုဖြဖြသပ္ေပးလိုက္သည္။ ေဘေဘးႏွင့္ႏိုႏိုကလည္းအနားေရာက္သြားၾက၏။ က်န္ေလးေယာက္ကလည္း စိုးရိမ္တႀကီးျဖစ္သြားၾကသည္မို႔ သူတို႔ၾကားကစကားဝိုင္းမွာပ်က္သြားေတာ့သည္။

ဧကေလးကေခ်ာင္းဆိုးရပ္သြားသည္ႏွင့္...

"ဝမ္း ခ်ီ..."

"အင္း အင္း...လာ"

ထူးျမတ္က ခါးကိုင္းေပးလိုက္သည္ႏွင့္ ဧကေလးက လည္ပင္းကိုသိုင္းဖက္သည္။ ထို႔ေနာက္ ရင္ခ်င္းအပ္ကာဆြဲခ်ီလိုက္သည္မို႔ ကေလး၏ ေျခေထာက္ႏွစ္ဖက္က ထူးျမတ္၏ခါးထက္ေနသားတက်။ ပုခုံးထက္ေခါင္းေလးကိုေစာင္းကာတင္ထားၿပီး ထူးျမတ္၏လည္ပင္း၌ မ်က္ႏွာေလးအပ္ကာ တိုးဖြဖြေျပာ၏။

"ဝမ္း မျပန္ရဘူး"

"အင္း မျပန္ဘူးေနာ္...ႏိုရာ ငါကေလးကိုေခၚသြားေတာ့မယ္...ကိုယ္ပူေနၿပီ"

ထူးျမတ္ကေျပာၿပီးၿပီးခ်င္း ကေလးကိုခ်ီလ်က္သားႏွင့္ အလ်င္အျမန္ ထြက္သြားေတာ့၏။ ထိုအခ်င္းအရာေၾကာင့္
ဝတီကမ်က္ႏွာမေကာင္းျဖစ္သြားကာ...

"ပီနန္းတို႔ေတာင္းပန္ပါတယ္..."

"အာ မဟုတ္တာ...သားႀကီးကအၿမဲအဲ့လိုျဖစ္တတ္လို႔ပါ... ဒါဆို အစ္မတို႔ဆက္စားၾကပါ... ကြၽန္ေတာ္တို႔ သားႀကီးကိုျပန္ၾကည့္လိုက္ဦးမယ္...သားငယ္ ဦးဦးနဲ႔တီတီတို႔ကိုႏႈတ္ဆက္လိုက္ဦးေလ"

"ဦးဦးနဲ႔တီတီတို႔ တာ့တာ...ေနာက္တစ္ခါလာရင္ေတြ႕မယ္ေနာ္"

"တာ့တာ ႏိုႏိုေလး"

"တာ့တာ ႏိုႏို"

"တာ့တာ ကေလးေလး...ေတာင္ႀကီးကိုအလည္လာလို႔ရတယ္ေနာ္"

"တာ့တာ ႏိုႏိုေလး...ႏိုႏိုေလးနဲ႔ေတြ႕ဖို႔ထပ္လာခဲ့မယ္..."

ႏႈတ္ဆက္ၾကၿပီးေနာက္ သားအဖႏွစ္ေယာက္သား ေအာက္ထပ္သို႔ ျပန္ဆင္းလာလိုက္ၾကသည္။ ေဘေဘး၏ရင္ထဲတြင္ေတာ့ တလွပ္လွပ္ျဖစ္ေနေသာ ခံစားခ်က္မ်ားျဖင့္ျပည့္ႏွက္ေနၾက၏။

" ပါပါး ေနမေကာင္းဘူးလားဟင္...လက္မွာေခြၽးေတြနဲ႔"

ႏိုႏို႔အေျပာေၾကာင့္ အသိဝင္လာသည္မို႔ ၿပဳံးျပလိုက္ကာ...

" ပါပါးေနေကာင္းပါတယ္...သားကိုပါပါးခ်ီရမလား..."

"ဟီး ဟုတ္"

ႏိုႏို႔မ်က္ႏွာေလးက ခ်က္ခ်င္းၿပဳံးသြားကာ ေဘေဘ၏ လည္ပင္းကိုသိုင္းခိုၿပီး ခုန္တက္သည္မို႔ ေဘေဘးလည္းရယ္ေမာကာ အလိုက္သင့္ ေပြ႕ခ်ီလိုက္ရ၏။

တစ္ဖက္တြင္ေတာ့...

"ဝမ္းကျပန္မွာမလား"

"မျပန္ပါဘူး စိတ္ခ်လက္ခ်အိပ္"

ကေလးကိုညာေနရသည္မို႔ ထူးျမတ္လည္းစိတ္မလုံခ်င္။ တကယ္ေတာ့ သူ႔မွာ အလုပ္ေတြကရွိေသးသည္။ ကေလးအိပ္တာႏွင့္ျပန္ဖို႔လုပ္ထားေသာ္ျငား ဧကေလးကသူ႔မ်က္လုံးကိုတည့္တည့္ၾကည့္ကာ ေမးခြန္းေတြတန္းစီေမးလာ၏။

"ဝမ္း ညာတယ္"ဟု ဆိုကာ မ်က္လႊာခ်ၿပီး ေဘးေစာင္းလိုက္ေသာပုံစံေလးအား သူဘယ္လိုမွ လွစ္လ်ဴရႈ၍မရ။

"ဧကေလး...ကိုယ္ မနက္က် အလုပ္ရွိလို႔ပါ...ၿပီးၿပီးခ်င္းလာခဲ့မယ္ေလ"

"...."

"ေနာ္လို႔...စိတ္မဆိုးပါနဲ႔ကြာ...ေနလည္းမေကာင္းဘဲနဲ႔"

လက္ေလးကိုဆြဲကိုင္ကာ ကေလးေတြကိုေခ်ာ့သလိုေခ်ာ့လိုက္ေတာ့ လက္ကို႐ုန္းထြက္သြားၿပီး ခႏၶာကိုယ္ေလးကိုပါတစ္ဖက္ေစာင္းသြားျပန္သည္။ မ်က္လုံးကိုမွိတ္ထားေသးသည္မို႔ မ်က္ေတာင္ရွည္တို႔က လႈပ္လီလႈပ္လဲ့။

ထူးျမတ္ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီးေနာက္...

"မျပန္ေတာ့ဘူးကြာ...တကယ္မျပန္ေတာ့ဘူး"

ေျပာလိုက္ေပမယ့္ ကိုယ္ေလးကလွည့္မလာ။

"မယုံေသးဘူးလား...ကိုယ္ေရခ်ိဳးခ်င္ေနလို႔ ... ပါပါးဆီကေန ကိုယ္လဲဝတ္လို႔ရမဲ့ အက်ႌေလးဘာေလးငွားေပးထားရင္ အရမ္းေပ်ာ္မိမွာ"

"...."

"ကိုယ္အခုသြားခ်ိဳးၿပီးေနာ္...ခ်ိဳးၿပီးလို႔ဝတ္စရာမရွိရင္ အိမ္ျပန္ယူရမွာ"

ေျပာၿပီးေနာက္ ထူးျမတ္ၿပဳံးစိစိႏွင့္ထြက္လာခဲ့လိုက္သည္။ ဒီကေလးကို အေျပာႏွင့္ဆြဲေဆာင္၍မရသည္မို႔ အလုပ္ႏွင့္သာ သက္ေသျပလိုက္ရ၏။

ေရခ်ိဳးၿပီးျပန္ထြက္လာခ်ိန္တြင္ေတာ့ ညအိပ္ဝတ္စုံေလးတစ္စုံက စားပြဲထက္တြင္အဆင္သင့္။
အိပ္ရာျဖဴျဖဴေလးထက္ရွိကေလးေလးကေတာ့ ေဆးရွိန္ေၾကာင့္ အိပ္ေမာက်ေနၿပီျဖစ္သည္။

______________________________________________________________________

واصل القراءة

ستعجبك أيضاً

16.5K 1.4K 25
မင္း မ႐ွိရင္ ငါ ဆိုတာလည္း မ႐ွိႏိူင္တာမို႔.....
7.8K 535 6
#ညို အကယ်၍ ညိုသာ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ရင် အစ်ကိုက ညို့ကို ချစ်လာကောင်းပါရဲ့ အကယ်၍ ညိုသာ အတင်းအကြပ် မတိုက်တွန်းခဲ့ရင် အစ်ကိုက ညို့ကြောင့် စိတ်ဆင...
1.5M 62.4K 73
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
257K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...