Unicode//
အတိတ်သို့တူးဆွခြင်း ၁၀
"တစ်ပွင့်၊နှစ်ပွင့်၊.......၂၄ပွင့်၊ ၂၅ပွင့်....အာ တစ်ပွင့်ဘယ်နားပြုတ်ကျကျန်ခဲ့လဲမသိဘူး"
ဘေဘေး နှုတ်မှရေရွတ်လိုက်ရင်း အခြောက်ခံထားသော ကံ့ကော်ပန်းပွင့်လေးများကို ပလတ်စတစ်အိတ်လေးထဲ ဂရုတစိုက်ထည့်လိုက်သည်။
လက်ရှိတွင် ဘေဘေး ရန်ကုန်သို့ပြန်ရောက်နေခြင်းဖြစ်၏။ 1st semအပြီး ကျောင်းများပိတ်သွားချိန်တွင် တစ်နယ်ခြားက သူချစ်ခင်ရသောလူပျိုလေးသည် အိမ်ထဲမှအိမ်ပြင်လုံးဝမထွက်။ သူကိုယ်တိုင်ကလည်း ဟော်နန်းဆိုသောနေရာအားမသွားချင်။ ကြားရသောသတင်းများအရ ထိုနေရာနှင့်သူဆိုတာ ပြဒါးတစ်လမ်းသံတစ်လမ်းပင်။
သူက စည်းလွတ်ဘောင်လွတ်မဟုတ်သော်လည်း....မပြောတတ်ဘူး။ ဟုတ်ခဲ့ရင်လည်းမေ့သွားပြီ။
ဆိုတော့ စည်းလွတ်ဘောင်လွတ်ဖြစ်နေတဲ့သူမဟုတ်သော်လည်း စည်းကမ်းတင်းကြပ်သောနေရာသို့မသွားချင်။ အချစ်အတွက် ဆူးခင်းလမ်းလည်းမလျှောက်နိုင်သလို မီးပင်လယ်ထဲလည်းဖြတ်မပြနိုင်ပါ။ ထိုင်နေရင်အကောင်း၊ထသွားမှကျိုးမှန်းသိဆိုသလို သွားလိုက်မှ အိမ်ကြီးရှင်များနှင့်ပြဿနာတက်လာလျှင် အဆင်မပြေ။ မေတ္တသုတ်လည်းမကယ်နိုင်ဖြစ်သွားတာမျိုး သူမလုပ်ရေးချမလုပ်ပါ။
လွမ်းရင် Video callခေါ်လို့ရသည်မို့ ထိုမျှနှင့်ပင်ကျေနပ်လိုက်သည်။ ကံ့ကော်ပန်းများကိုတော့ ပန်းသည်တွေ့တိုင်းဝယ်ကာ အခြောက်ခံထားသည်။ ထိုသို့ ဝယ်သော်ငြား ဟိုပြုတ်ကျဒီပြုတ်ကျနှင့် ၂၄ပွင့်သာကျန်တော့သည်ကတော့ သူလည်းမတတ်နိုင်။
Kingနှင့် VCပြောဖြစ်တိုင်း ကံ့ကော်ပန်းထုပ်လေးကိုဖွင့်ကာပြောဖြစ်၏။ အဆင်းကိုမြင်ရသည့်အချိန်တွင် အနံ့ကိုပါမွှေးရသည်မို့ အနားတွင်ရောက်နေသလိုခံစားရသည်။ ထိုမျှနှင့်ပင် သူရောင့်ရဲလိုက်ပါသည်။ စိတ်လောနေရင်ဘာမှမကောင်း။
ဒီတစ်ခါတော့ ရန်ကုန်တွင်ကြာကြာနေဖြစ်လောက်၏။ တစ်ချို့တစ်ချို့သောကိစ္စတွေအတွက် သူ့အဖေတွေကိုစည်းရုံးဖို့ရှိသေးသည်။ စည်းရုံးဖို့အတွက်လည်း သေချာလေ့လာဖို့လိုအပ်သေး၏။
ဘေဘေး ကံ့ကော်ပန်းအိတ်လေးကို စားပွဲထက်တင်ကာ အိပ်ရာထက်ထိုင်လိုက်ပြီး ဖုန်းကိုကောက်ကိုင်လိုက်သည်။ အချိန်က ၉ခွဲဖြစ်နေပြီမို့ Kingကို ဆက်သွယ်လို့ရတော့မှာမဟုတ်မှန်းသိလိုက်သည်။ သို့သော်...
‘ငါအခုအိပ်တော့မယ် Good Night’
စာတိုတစ်စောင်ကိုတော့ပို့ဖြစ်အောင်ပို့ပြီးမှ လိုင်းပိတ်ပြီးအိပ်ဖို့ပြင်လိုက်သည်။ ထို့နောက် ကြိုးစားအိပ်သော်လည်း အကျင့်ကမရသေး။ နေ့တိုင်းကြိုးစားအိပ်သော်လည်း တော်ရုံနှင့်အိပ်မပျော်။ အမြဲဟိုစဉ်းစား၊ဒီစဉ်းစားနှင့် အတော်ကြာ လူးလှိမ့်ပြီးမှ အိပ်ပျော်တတ်သည်။
ဒီညက အရင်ညတွေထက်ပိုဆိုး၏။ ၄၅မိနစ်လောက်ကြာအောင်လူးလိမ့်ပြီးသော်လည်း အိပ်မပျော်သေး။ စိတ်တို့က ဖုန်းဆီရောက်သွားသည်။ ဖုန်းကိုလှမ်းယူကာဖွင့်လိုက်ပြီးနောက် Fbထဲဝင်လိုက်သည်။Fbနှင့် Messengerနှစ်ခုစလုံးကို Accပြောင်းလိုက်ပြီးနောက် တန်းစီတက်လာသောစာများ။
ဝင်ကြည့်လိုက်တော့ လွန်ခဲ့သော ၁၅မိနစ်လောက်ကပို့ထားခြင်း။ ပို့သူကတော့ Power Rangerပင်။ သူတို့၂ယောက်စကားမပြောဖြစ်တာ ၅လလောက်ရှိပြီဖြစ်သည်။ သူတောင်ကြီးသို့ရောက်သွားပြီးကတည်းက အလုပ်တွေရှုပ်နေသည်မို့ ဒီAccထဲသိပ်မဝင်ဖြစ်။ ဒီကောင်လည်းသိပ်ဝင်ဖြစ်ပုံမပေါ်။ သူ့ပို့စ်တွေသိပ်မမြင်ရ။ ခုမှ ထူးထူးဆန်းဆန်း စာဝင်လာခြင်း။
စာတွေကိုဖတ်ကြည့်ရသလောက် သူ့ကိုကိုက သူ့ကိုပစ်သွားသည်ဟုဆိုသည်။ စာတစ်စောင်ထားကာ မိသားစုလိုက်ပြောင်းသွားပုံပင်။ သူ့မိဘတွေကိုမေးတော့ မြန်မာပြည်ပြန်သွားကြောင်း ပြန်ဖြေသည်ဟုဆို၏။
‘ငါတို့က အချိန်တန် မြန်မာပြည်ပြန်ဖြစ်မှာဆိုတော့ သံရုံးကနေတစ်ဆင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေရတယ် ကိုကိုက ၁၀တန်းကို ၅ဘာသာနဲ့အောင်တယ် ကိုကို့မိဘတွေက ကိုကို့ကိုဒီမှာထားပြီး တစ်ယောက်တစ်လှည့်သွားလိုက်ပြန်လိုက်လုပ်ကြတာ ခုက ၁၀တန်းပြီးတာနဲ့ပြန်ခေါ်သွားပုံပဲ ငါ့ကိုစာတစ်စောင်ပဲပေးခဲ့တယ်ကွာ’
ထိုစာနှင့်အဆုံးသတ်ထားသည်မို့ သူစာပြန်လိုက်၏။
‘အေး ဘာရေးထားခဲ့လို့လဲ’
တစ်ဖက်မှဘယ်လောက်တောင်ရင်ဖွင့်ချင်နေမှန်းမသိ၊ ချက်ချင်း Seenဖြစ်ကာ Replyပြန်လာသည်။
‘ကျန်းမာရေးကိုဂရုစိုက်ပြီး စာကြိုးစားတဲ့။ ငါတို့ကနီးစပ်သွားလို့စိတ်ယိုင်တာ၊ အချိန်တန်ရင်သူ့ကိုမေ့သွားလိမ့်မယ်တဲ့။ နောက်ပြီး သူ့အစား ငါ့အတွက် Guide တစ်ယောက်ရှာပေးခဲ့တယ်။ သူ့သူငယ်ချင်းပဲ။ ငါကကျ မြန်မာပြည်လိုက်သွားလို့မရသေးဘူးကွာ။ ငါကခုမှ ၁၀တန်းဖြေရမှာ၊ မဟုတ်လည်း ငါ့အိမ်ကသွားခိုင်းမှာမဟုတ်ဘူး။ ငါကဒီမှာပဲကျောင်းဆက်တက်ရမှာ’
ထိုစာအရ Power Rangerသည် ကိုယ့်ထက်ငယ်မှန်း၊ သူ့ကိုကိုဆိုတာသည် ကိုယ်နှင့်ရွယ်တူလောက်ဖြစ်နေမှန်း သိလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ဒါတွေကို သူပြောမပြချင်ပါ။ အငယ်က Levelလာပေါင်းလို့ မကြိုက်ဘာညာစိတ်လည်းမဖြစ်မိ။ အွန်လိုင်းသူငယ်ချင်းက အွန်လိုင်းသူငယ်ချင်းပဲပေါ့။ မင်းကငါ့ထက်ငယ်တာပဲဘာညာဆိုပြီး ခုမှအလေးစားလည်းမခံချင်။
ထို့ကြောင့်....
‘မင်း ကျောင်းပြီးမှသူ့နောက်လိုက်ပေါ့... သူကဘာတက်ဖို့ မြန်မာပြည်ပြန်လာတာလဲ’
‘ဆေးပဲဖြစ်လောက်တယ်...ကိုကို့မာမီက အဲ့ဒါပဲတက်ခိုင်းမှာ... မြန်မာပြည်မှာ ဆရာဝန်ဆိုတဲ့ဂုဏ်က မသေးဘူးလေ’
‘ဪ’
ဘေဘေးထိုသို့သာပြန်ပို့လိုက်နိုင်သည်။
ဒါက ဘယ်လိုတောင်တိုက်ဆိုင်မှုကြီးလဲ... သူတို့၂ယောက်လုံးကြွေနေကြသူတွေက Fieldတစ်ခုတည်းကပေါ့....
ထို့နောက် တစ်ဖက်ကစာထပ်ဝင်လာသည်။
‘ငါလည်း ဆေးပဲဝါသနာပါတာ....ဒါပေမယ့် ငါက မြန်မာပြည်မှာမတက်ဖြစ်လောက်ဘူး... ဒီမှာ Asianနဲ့ Europe ဖက်စပ်ပြီးဖွင့်ထားတဲ့ Universityရှိတယ်... ဘွဲ့ကတော့ U.Sဘွဲ့ပေါ့... ကိုကိုက ဒီမှာတက်လို့လည်းရတာကိုကွာ... တကယ်ဆို ဒီကဘွဲ့ရရင် မြန်မာပြည်ကို Transferလုပ်လည်းအဆင်ပြေတယ်... ဒီမှာပြန်လာလုပ်လည်း အဆင်ပြေတယ်’
‘အင်း ဒါဆို မင်းဘယ်လိုလုပ်မှာလဲ’
မေးလိုက်တော့ တစ်ဖက်မှ Seenပြပေမဲ့ ချက်ချင်းစာမပြန်။ ကြည့်ရတာသူလည်းမသိပုံပင်။
ခဏနေမှ...
‘ငါလည်းမသိသေးဘူးကွာ...ခုတော့တအားလောင်နေတာပဲသိတယ်... ကိုကိုက သူ့အချစ်ဦးကြောင့် ပြန်သွားတာလားဆိုပြီးတွေးရင်းကိုလောင်နေတာ.... ကိုကိုကပိုပိုချောလာတာကွ... ခုချိန်မှဆို သူ့အချစ်ဦးကလည်း သူ့ပြန်ကြိုက်လောက်မှာ....ငါတကယ်စိတ်မချဘူး’
‘မင်းမှာ Passport မရှိလို့လား’
‘မရှိစရာလား...ရှိတာပေါ့’
‘ရှိရင် ခိုးလာပေါ့...ရှင်းနေတာကို...ငါသိသလောက် မင်းကငွေရေးကြေးရေးအဆင်မပြေတဲ့သူမှမဟုတ်တာ’
‘ငါမြန်မာပြည်ကိုမကျွမ်းဘူး... ပြီးတော့ ကိုကိုတို့ကဘယ်မှာနေမှန်းမသိဘူး...’
‘မင်းမိဘနဲ့ရင်းနှီးတယ်ဆို...မေးကြည့်ပေါ့’
‘အေး ငါကြိုးစားကြည့်ဦးမယ် ဒါနဲ့ မင်းရောအဆင်ပြေလား ငါတို့မပြောဖြစ်တာတောင်ကြာပြီ’
Power Rangerဆိုတဲ့ကောင်က ဒီတစ်ခုတော့ကောင်းသည်။ တစ်ဖက်သတ်ရင်ဖွင့်သွားခြင်းမရှိ။ သူ့အကြောင်းပြီးတာနှင့် ကိုယ့်ဘက်ကိုလမ်းဖွင့်ပေးတတ်သည်။ ဒီလိုအချက်ကပင် သူတို့နှစ်ဦးကြားဆက်ဆံရေးကို ပို၍အဆင်ပြေစေ၏။
‘ငါလား မပြေပြေအောင်ဖန်တီးနေတယ်...သူနဲ့ငါကတစ်နယ်ခြားသွားတော့ ငါ့မှာ သူငါ့နားပြန်ရောက်လာအောင်ကြိုးစားနေရတယ် ‘
‘ဪ ဪ ကြိုးစားလို့ရတယ်ဆိုတော့ ငါ့လောက်အခြေအနေမဆိုးသေးဘူးပဲ Fighting bro’
‘Ok ငါအိပ်တော့မယ်’
ပြောပြီးနောက် သူလိုင်းပေါ်မှဆင်းလိုက်သည်။ မျက်စိလည်းအတော်ညောင်းသွားပြီမို့ ခဏအတွင်းအိပ်ပျော်သွားတော့၏။
2 months later....
ဆေးကျောင်းတွေပြန်ဖွင့်တာ 1လကျော် ရှိပြီဖြစ်သည်။ ထို ၁လကျော်အတွင်း သူတော်တော်လေး ခရီးပေါက်ပြီးပြီပင်။ ကျောင်းတွေပြန်ဖွင့်ပြီမို့ တောင်ကြီးနှင့်ရန်ကုန်ကို အိမ်ဦးနှင့်ကြမ်းပြင်လို သွားရတာလည်းအမော။ Resortကို ဦးစီးခွင့်မပေးခဲ့သည့် ပါပါးကိုလည်း ကျေးဇူးအထပ်ထပ်။ ဦးစီးခွင့်သာပေးခဲ့လျှင် သူဒီလိုတွေလွတ်လွတ်လပ်လပ်လုပ်ခွင့်ရမှာမဟုတ်။
တစ်ယောက်သောသူအား ကျောင်းတက်ကျောင်းဆင်းချိန်မေး၍ တောင်ကြီးဆေးတက္ကသိုလ်ရှေ့ သွားသွားစောင့်ရတာအမော။ အပြန်တွင်တော့ ရှမ်းခေါက်ဆွဲစားလိုက်၊ တို့ဖူးနွေးစားလိုက်၊ အခြားသော ရှမ်းရိုးရာအစားအစာတွေကို ကြုံရင်ကြုံသလိုဆင်းစားလိုက်နှင့် အနည်းငယ်မှောင်ရီသန်းတော့မှ Resortသို့ပြန်ရောက်တတ်သည်။ ရှမ်းကောင်လေးကိုချစ်မိတော့လည်း ရှမ်းအစားအစာတွေကိုပါ ကြိုက်နေမိသည်မှာမဆန်း။
တောင်ကြီးတွင်စားလိုက်သောက်လိုက်၊ ရန်ကုန်ပြန်လာပြီး Gymဆော့လိုက်နှင့် တစ်ပတ်လည်နေတော့သည်။
ထားတော့။ သူအခု ဆေး ၂သို့ရောက်နေခြင်းဖြစ်၏။ ဒီကြားထဲ ခဏခဏရောက်ဖြစ်သည်မို့ သူ့အတွက် အဆန်းမဟုတ်တော့။ ပါမောက္ခချုပ်နှင့်တွေ့ပြီး လှူဖို့တန်းဖို့ကိစ္စများကိုပြောပြီးသွားပြီဖြစ်သည်။ သူနှင့်တိုက်ရိုက်ပြောသည်တော့မဟုတ်။ ဒယ်ဒီနှင့်ကယ်လေးတို့ကို Coverယူကာလုပ်ထားခြင်းပင်။
အပြောင်းအရွှေ့ကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်စကားပြောဖို့ကိုတော့ ဒယ်ဒီတိုင်းကိုအကူအညီတောင်းထားသည်။ ဒယ်ဒီ့ကိုအကူအညီတောင်းလျှင် ကယ်လေး၏ ထောက်လှမ်းစစ်ဆေးမှုဒဏ်ကိုအရင်ခံရမည်မို့ မတောင်းရဲ။ ပါပါးတို့၊Ge Geတို့၊ ဦးမြဲတို့ကလည်း သူအလှူလုပ်ချင်သည့်အကြောင်းကြားတော့ သူတို့ပါ အလှူတွင်လာပေါင်းမည်ဟုဆိုသည်။ သိပ်ပြီးများများစားစားမပြောလိုက်ရ။
အကြောင်းပြချက်ဘာညာကတော့ကြည့်ကောင်းအောင်ပေးရတာပေါ့လေ။ အရွှေ့အပြောင်းကိစ္စတွင်တော့ ဒယ်ဒီတိုင်းအားပွင့်ပွင့်လင်းလင်းပြောဖြစ်သည်။
'သူ့သူငယ်ချင်းတွေပြောင်းချင်တာ ပြောင်းလို့မရလို့'ဘာညာနှင့် အခြားအခြားသော အကြောင်းပြချက်များပါ ထပ်ပေါင်းထည့်တော့ ဒယ်ဒီတိုင်းက ပြုံးစိစိနှင့်လက်ခံ၏။
'သူငယ်ချင်းအတွက် တော်တော်ရင်းပစ်တာပဲ'ဟူသောစကားတစ်ခွန်းထည့်သွားသည်ကိုတော့ ဘာမှမတုံ့ပြန်ဖြစ်။ လှူဖို့တန်းဖို့ကိစ္စတွေက သူမှန်းထားသည်ထက်ပင်ပိုကြီးသွားတော့ တောင်းဆိုမှုပြုလုပ်သည့်အခါ လွယ်လင့်တကူပင်ပြီးသွားခဲ့သည်။
ကိစ္စတွေအကုန်ပြီးသွားပေမဲ့ ညကတွေးရင်းတွေးရင်းနှင့် ကျောင်း၏ ကန်တင်းကိုသူမကြည့်ရသေးမှန်း သတိရသွားသည်။ ကျန်သည့်နေရာတော်တော်များများကိုတော့ သူသေချာစစ်ဆေးပြီးပြီဖြစ်၏။ ကိုယ့်ကောင်လေးနေရမည့်ပတ်ဝန်းကျင်ကို ပစ်စလတ်ခတ် ထားစရာလားလေ။
ဘေဘေး ကန်တင်းကိုရောက်သွားတော့ အချို့က ကွက်ကြည့်ကွက်ကြည့်။ ဒါတွေက သူ့အတွက်အထူးအဆန်းတော့မဟုတ်။ ဘယ်သွားသွားအကြည့်ခံရလွန်းသည်မို့ရင်သိပ်မခုန်တော့။ ကန်တင်းကိုကြည့်ရသလောက် စိတ်တိုင်းကသိပ်မကျချင်။ ထို့နောက် စားပွဲအလွတ်တစ်ခုက ခုံတွင်ဝင်ထိုင်လိုက်သည်။
စားပွဲထိုးလေးက ဘေးတွင်အပြေးလာရပ်ပြီး...
"အစ်ကိုဘာမှာမလဲ"ဟုဆိုကာ Menuကိုကမ်းပေးလာသည်။ ဘေးဘေး ရှေ့မှအချိုပွဲတွေကို ကျော်လိုက်ပြီး တစ်ယောက်သောသူအဓိကစားတတ်သည့် ထမင်းဟင်း Menuကိုသာကြည့်လိုက်မိသည်။
"ဒါတွေအကုန်ချပေး...ထမင်းဖြူတစ်ပန်းကန်ပါပါတယ်"
ပြောလိုက်တော့ စားပွဲထိုးလေးကကြောင်သွားကာ....
"ဗျာ!"
"ထမင်းတစ်ပန်းကန်နဲ့ဟင်းပွဲတွေအကုန်လိုချင်တယ်လို့ပြောတာ"
"ဗျာ...ဟုတ် ဟုတ်"
စားပွဲထိုးလေးက နားလည်သွားသည်နှင့် ပြန်ပြေးထွက်သွား၏။ ဘေဘေး ရှေ့တွင်ချထားသော ရေနွေးကြမ်းပန်းကန်လုံးတွေနှင့်၊ ဖန်ခွက်တွေကိုသေချာလိုက်ကြည့်သည်။ သန့်ပေမဲ့ စိတ်ကအလိုမကျချင်။ တစ်သျှူးကိုယူကြည့်တော့ အနည်းငယ်ကြမ်းချင်သည်မို့ ပြန်ချထားလိုက်သည်။ ခေါင်းကလည်းတခါခါဖြစ်သွား၏။
မကြာမီ ထမင်းနှင့်ဟင်းပွဲများရောက်လာပြီဖြစ်သည်။ ထမင်းလေးကသိပ်မဆိုးပေမဲ့ ဟင်းတွေကိုတော့မကြိုက်။ အခြားသူတွေအတွက်ကောင်းသည်မကောင်းသည်သူမသိသော်ငြား သူ့အတွက်တော့အဆင်မပြေပါ။ ဟိုဟိုဒီဒီ တို့ကနန်း၊ဆိတ်ကနန်းစားနေစဉ်...
"နိုရာမလား..."
ဘေးမှထွက်လာသောအသံကိုကြားလိုက်ရသော်လည်း လှည့်မကြည့်မိသေး။ ထမင်းခပ်ထားသောဇွန်းထဲသို့ ဟင်းတစ်ဖတ်ကိုသေချာတင်နေသည်။ ထို့နောက် ပါးစပ်ထဲသေချာထည့်ပြီးမှ ခေါင်းကိုမော့ကြည့်လိုက်တော့ သူ့ကိုပြုံးကြည့်နေသော ကောင်လေးတစ်ယောက်။
"ဟက် ခုထိလုပ်ချင်တာလုပ်နေသေးတာပဲနော်...မင်းက ဘာမှပြောင်းလဲမသွားဘူး"
ထိုကောင်လေးက သူ့မျက်နှာချင်းဆိုင်နေရာတွင်ဝင်ထိုင်လာပြီး အတူပါလာသောသူငယ်ချင်းများကိုပြောလိုက်၏။
"ငါပြီးမှလိုက်ခဲ့မယ် မင်းတို့သွားနှင့်"
ထို့နောက် သူနှင့်ပါလာသောသူငယ်ချင်းနှစ်ယောက်ကထွက်သွားကြသည်။ ဘေဘေးကတော့ ပါးစပ်ထဲမှထမင်းလုတ်ကိုဝါးနေရင်း ဦးနှောက်ကိုအလုပ်ပေးလိုက်သည်။ ဒီကောင့်အရပ်က သူနှင့်မတိမ်းမယိမ်းလောက်ပင်။ ပြုံးနေသောမျက်နှာတွင်လည်း မေးနှစ်ခွကထင်ရှားစွာ။
မေးနှစ်ခွ....မေးနှစ်ခွဆိုတော့....
"အာဏာသိဒ္ဓိ?"
"အဟွန်း မှတ်မိသေးတာပဲ..."
မှန်သွားသည်ကိုသိရတော့လည်း ဘေဘေးသိပ်တော့မထူးဆန်း။ ခေါင်းတစ်ချက်ညိတ်ပြကာ မမြည်းရသေးသည်များကိုလိုက်စားကြည့်သည်။ အာဏာကလည်း သူ့ကိုမနှောင့်ယှက်။ လုပ်နေသည်ကိုသာပြုံးပြုံးကြီးကြည့်နေ၏။
အားလုံးစားပြီးချိန်မှာတော့ ရေသောက်ချင်လာ၍ စားပွဲထိုးလေးကို ရေသန့်တစ်ဘူးလှမ်းမှာလိုက်သည်။ ထို့နောက် ရေဘူးလိုက်ပဲမော့သောက်လိုက်၏။ ပါးစပ်သုတ်ချင်ပေမဲ့ တစ်သျှူးကြမ်းကြမ်းကြီးနှင့်မသုတ်ချင်၍ စဉ်းစားနေတုန်း....
"ရော့..."
ရှေ့ကိုရောက်လာသော တစ်သျှူးစလေးကြောင့် ဘာရယ်မဟုတ်ပေမဲ့ ကျေးဇူးတင်မိသည်။
"အင်း ကျေးဇူး"
"နားလည်ပါတယ်...ငါလည်းဒီကတစ်သျှူးတွေမကြိုက်ဘူး"
နားလည်ပြုံးပြုံးကာပြောလာသောအာဏာ့ကို ဘာမှပြန်မပြောမိသေး။ ပတ်ပတ်လည်ကို ဟိုကြည့်ဒီကြည့်လုပ်လိုက်ပြီးမှ....
"မင်းဒါတွေစားနိုင်တယ်လား"
မေးလိုက်တော့ အာဏာကရယ်ပြီး....
"အိမ်ကထမင်းချိုင့်မယူချင်တော့လည်းစားဖြစ်တာပဲလေ...ဘာလို့လဲ"
"ငါမကြိုက်လို့"
"ဪ ဟုတ်မှာပါ...ငါလည်းစစချင်းတော့အဲ့လိုပဲ...ဒါနဲ့မင်းကဒီကိုဘာလာလုပ်တာလဲ"
"စားလို့ကောင်းမကောင်းလာစားကြည့်တာ"
"ဪ"
အာဏာက ထပ်ပြုံးပြန်သည်။ ဘေဘေးအမြင်ကတ်ချင်လာသည်မို့....
"မင်းတော်တော်အူမြူးလာတယ်နော်... အားနေပြုံးနေတာပဲ"
"ဟားဟား...မင်းနဲ့တွေ့လို့ပါ...မထင်မှတ်ထားတဲ့နေရာမှာတွေ့ရတာလေကွာ...တကယ်တော့ ငါဒီကိုပြန်ရောက်ရောက်ချင်း မင်းအကြောင်းစုံစမ်းမိသေးတယ်"
"ဟုတ်လား...ဘာလုပ်ဖို့လဲ...အငြှိုးနဲ့ပြန်ချောင်းရိုက်ဖို့လား"
ပြောလိုက်တော့ အာဏာကအရယ်မရပ်တော့။ ထို့နောက်မှ....
"မဟုတ်ပါဘူး...ငါ့ကိုနိုင်ငံခြားရောက်အောင်ပညာပြလိုက်တဲ့မင်း ဘာတွေများလုပ်နေသလဲလို့"
"အင်း အဲ့တော့ ငါကဘာတွေလုပ်နေတယ်တဲ့လဲ"
"အဟွန်း အဆိုးကြားချင်လား၊အကောင်းကြားချင်လား"
"အကောင်း"
မဆိုင်းမတွပြန်ပြောလိုက်တော့ အာဏာကရယ်ချင်စိတ်ကိုထိန်းထားသည့်ပုံစံဖြစ်သွားသည်။ ပြီးမှ....
"အဟမ်း....အကောင်းဆိုရင်တော့ ရှားရှားပါးပါးလေးတစ်ခုရှိတယ်....မင်း ၃ဘာသာဂုဏ်ထူးနဲ့၁၀တန်းအောင်တယ်...ဒါပဲ"
"ဪ ဪ..."
"အင်း အဆိုးတွေကိုပြောရဦးမလား"
"No...No...မသိချင်ဘူး"
ချက်ချင်းငြင်းလိုက်တော့ အာဏာကထပ်ပြုံးပြန်သည်။ ထို့နောက် ဘေဘေးက စားပွဲထိုးလေးကိုခေါ်ကာ Billရှင်းလိုက်၏။ သူထရပ်လိုက်သည်နှင့် အာဏာကလည်းထရပ်လာသည်။ မှန်းထားသလိုပင်အရပ်ကမတိမ်းမယိမ်း။ အတူတူလောက်ပင်ဖြစ်လောက်သည်။
နှစ်ယောက်သားဘေးချင်းယှဉ်လျှောက်တော့ အကြည့်တော်တော်များများကရောက်လာသည်။ သူရော၊အာဏာရော ဂရုမစိုက်စွာဖြင့် ဦးတည်ရာဘက်သို့သာလျှောက်နေလိုက်ကြ၏။
"နိုရာ"
ခေါ်လာသည်မို့ ဘေဘေးက မေးဆတ်ပြလိုက်တော့...
"ဖုန်းနံပါတ်ပေးပါလား"
ဘေဘေးက ခေါင်းညိတ်လိုက်ပြီး နံပါတ်တစ်ခုကိုရေရွတ်လိုက်သည်။ အာဏာက အမိအရလိုက်မှတ်ပြီးနောက်....
Ringing...
ဘေဘေးဖုန်းမှ Ringtoneသံထွက်လာပြီးနောက်ချက်ချင်းရပ်သွား၏။
"မလိမ်ဘူးပဲ"
"ဘာလို့လိမ်ရမှာလဲ"
"ငါကအမှားကြီးပေးမယ်ထင်တာ"
"ဟက် မင်းကသူစိမ်းမှမဟုတ်တာ"
ပြောလိုက်တော့ အာဏာကပြုံးသွားပြီး...
"နိုရာ....ငါ...."
"မင်းကိုငါသူငယ်ချင်းလိုခင်တုန်းပဲ အာဏာ..."
"....."
"နောက်ပြီး ငါ့မှာချစ်ရတဲ့သူရှိတယ်... စွဲလမ်းနေတဲ့အထိကိုချစ်ပြီးမြတ်နိုးနေတာ... အဲ့ဒါကြောင့် မင်းမှာဘာအခွင့်အရေးမှမရှိလောက်ဘူး"
စကားအဆုံး နှစ်ယောက်ကြားလေထုငြိမ်သက်သွားသည်။ ခဏအကြာတွင် သက်ပြင်းချသံသဲ့သဲ့ကိုကြားလိုက်ရပြီး...
"နိုရာ..."
"အင်း"
"ကျေးဇူး...ပွင့်ပွင့်လင်းလင်း ပြောပြပေးလို့... ဒါပေမဲ့ ငါစောင့်တော့နေချင်သေးတယ်"
ဘေဘေးလှည့်ကြည့်လိုက်မိသည်။ အာဏာ၏ တောင်းဆိုသလိုမျက်ဝန်းများထဲတွင် မိမိကိုယ်မိမိပြန်မြင်နေရသလို။ Kingသာ မိမိအားခုလိုပြောလျှင် သူအာဏာ့လိုတည်ငြိမ်နိုင်ပါ့မလား။
'မစောင့်နဲ့'လို့ပစ်ပစ်ခါခါပြောလိုက်ချင်သော်ငြား ဝဋ်လည်မည်လည်းစိုးပါသည်။ သူပွင့်ပွင့်လင်းလင်းပြောပြီးပြီမို့ ဘာမှထပ်ပြီး ပြင်းပြင်းထန်ထန်မပြောချင်တော့။
"သဘော"
"ကျေးဇူးပဲ"
"အင်း ဒါပေမဲ့..."
"....."
"ငါ့ကိုသူငယ်ချင်းလိုပဲဆက်ဆံပေးပါ...မဟုတ်ရင်ငါနေတတ်မှာမဟုတ်ဘူး..."
"အင်းပါ"
ထို့နောက် ကားနားကိုရောက်လာပြီမို့...
"ဒါငါ့ကား...ပြန်တော့မယ်"
"အင်း တက်တော့လေ...ငါပြီးမှပြန်မယ်"
ဘေဘေး ဘာမှပြန်မပြောဖြစ်တော့။ ခေါင်းတစ်ချက်ပဲညိတ်ပြလိုက်ပြီး ကားတံခါးကိုဖွင့်ကာ ဝင်လိုက်သည်။
"မောင်းတော့ ကိုအေးမင်း...အိမ်ပဲပြန်မယ်"
ပြောလိုက်သည်နှင့် ကိုအေးမင်းက ကားစက်နှိုးကာမောင်းထွက်လိုက်သည်။ နောက်တွင် အာဏာကြည့်နေမယ်မှန်းသိပေမဲ့ လှည့်မကြည့်မိ။ စိတ်မကောင်းသော်ငြား မတတ်နိုင်ပါ။ သူ့နှလုံးသားတစ်ခုလုံးကို စဝ်မင်းနွယ်ဧကရာဇ်မည်သော အမျိုးကောင်းသားထံအပ်နှင်းပြီးပြီမို့...။
______________________________________________________________________
မြန်မာနိုင်ငံရဲ့ ထိပ်တန်းသူဌေးကြီးများ၏အလှူတွင် ပူးပေါင်းပါဝင်ကာလှူဒါန်းကြသောအုပ်စုများလည်း မနည်းကြ။ ဘေဘေး၏စနက်ကြောင့် ဖြစ်သွားသောလှူဒါန်းမှုကြီးအကြောင်း Social Mediaများအားလုံးတွင် ပြသနေကြရုံမက သတင်းစာများတွင်လည်းထိပ်စီးမှပါလာသည်။
ဆေးတက္ကသိုလ် ၂တွင်တော့ အပြောင်းအလဲတော်တော်များသွားသည်။ အဓိကအားဖြင့် ကန်တင်း။ ကန်တင်းကိုသေချာပြန်ဆောက်ပြီးနောက် ယခင်ရှိနေသောဆိုင်များကို သူ့နေရာနှင့်သူပြန်ချ၏။ တိုးလာသည်က မြန်မာထမင်းဆိုင်တစ်ဆိုင်၊ရှမ်းရိုးရာအစားအသောက်ဆိုင်နှင့် Coffeeသီးသန့်ရောင်းသည့် Barတစ်ခု။
ထိုသို့လုပ်လိုက်တော့ အခြားဆိုင်များကလည်း သူတို့၏ Menuများကို ပိုမိုကောင်းအောင်လုပ်ကြတော့သည်။ ဆိုတော့ သူ့မိတ်နှင့်သူတော့ထိုင်ကြစမြဲ။ အသစ်ထပ်ဖွင့်ထားသောဆိုင်များတွင်လည်းလူကကျလာသည်။ ပုံမှန်စားလေ့မရှိသူများပင် ကန်တင်းထိုင်လာကြ၏။ ရှမ်းရိုးရာအစားအစာကြိုက်သူများအတွက်လည်းအံကိုက်။ Coffee Barတွင်လည်း လူကမပြတ်။
နောက်ပြီး အရွှေ့အပြောင်းကိစ္စ။ အခြားမြို့များရှိတက္ကသိုလ်များမှ 1st yearတွင် အမှတ်အများဆုံးကျောင်းသား ၃ယောက်စီကို ဆေးတက္ကသိုလ် ၂၊ မြောက်ဥက္ကလာမြို့၊ရန်ကုန်တိုင်းသို့ ဆန္ဒရှိပါကပြောင်းရွှေ့ခွင့်ပြုသည်ဟူသောအမိန့်စာကို ထိုတက္ကသိုလ်များသို့ အသီးသီးပို့လိုက်သည်။ အမိန့်စာပါအရ Top 3 သုံးယောက်မသွားလိုလျှင် သွားလိုသူများထဲမှ Top 3ယောက်ကိုထပ်ရွေးချယ်မည်ဟူ၍ပါ၏။
ဤသို့ဖြင့် မန္တလေးဆေးတက္ကသိုလ်၊ တောင်ကြီးဆေးတက္ကသိုလ်နှင့် မကွေးဆေးတက္ကသိုလ်တို့မှ ကျောင်းသား၉ဦးသည် ဆေး ၂သို့ပြောင်းရွှေ့ခွင့်ရသွားကြတော့သည်။
ဘေဘေး သတင်းများကိုကြည့်ပြီး ဟိုတွေးဒီတွေးနှင့် တစ်ယောက်သောသူကိုသတိရသွားသည်။ ကိုယ်စထားသည့်ကိစ္စကို အဆုံးသတ်စရာများ အဆုံးသတ်ရသေးတာမို့ ရန်ကုန်မှာပဲသောင်တင်နေသည်မှာ တစ်လခန့်ရှိပြီဖြစ်၏။ ခုချိန်မှတောင်ကြီးကိုသွားရင်လည်း ဘာမှထူးမှာမဟုတ်။ ကျောင်းပိတ်ချိန်ဖြစ်နေသည်မို့ ဘာမှလုပ်မရ။
Sofaထက်ပက်လက်လှန်လိုက်ပြီး Selfieဆွဲလိုက်သည်။ ထို့နောက် ပို့နေကျဖြစ်သော Chat boxဆီသို့ပို့လိုက်သည်။ သို့သော် Deliveredဖြစ်မသွားသည်မို့ အပြင်ဘက်မှ Msgပို့လိုက်သည်။
‘King လိုင်းမတက်ဘူးလားဟင် ‘
5minလောက်ကြာအပြီးတွင် ပုံလေးက Seenဖြစ်သွားသည်။ ဘေဘေးပြုံးလိုက်ပြီးနောက်...
‘ ဘယ်တော့ရန်ကုန်လာမှာလဲ’
စာပို့ပြီးနောက် ထုံးစံအတိုင်းပြန်အဖြေကိုစောင့်နေလိုက်သည်။
‘ 12လပိုင်းအကုန် ‘
‘ ဪ ၂ပတ်တောင်စောင့်ရဦးမှာပဲ...အဲ့ထက်စောလာလို့မရဘူးလား ‘
‘ မရဘူး ‘
King က တက္ကသိုလ်တက်ပြီးနောက်ပိုင်း အမေးအဖြေမှာ ပုံမှန်ထက်တော့ပိုသွက်လာသည်။ အရင်လိုအရမ်းကြီးနှုတ်ဆိတ်မနေတော့။ မေးခွန်းပြန်မေးသည်မရှိသေးသော်ငြား အဖြေအတွက်အရမ်းကြီးမစောင့်ရတော့။ နောက်ပိုင်း လူနာတွေနှင့်ဆက်ဆံရလျှင်တော့ မေးခွန်းမေးတတ်လာလောက်ပါ၏။ ထိုအချိန်တွေကိုသူရင်ခုန်စွာစောင့်နေမိပါသည်။ တစ်စိမ့်စိမ့်ကြည့်နေရသူမို့ ဖြည်းဖြည်းချင်းပြောင်းလဲလာမှုများကို မြင်နေရသည်မှာ ရင်ခုန်စိတ်လှုပ်ရှားစဖွယ်ပင်။
‘အင်းပါ အင်းပါ ငါစောင့်နေပါ့မယ်... ဒါနဲ့ အခုဘာလုပ်နေတာလဲ’
စာကချက်ချင်း Delivered ဖြစ်သွားသော်လည်း ချက်ချင်းSeenမဖြစ်။
‘Kingရေ....ဝေ....’
‘.....’
‘Kingလား....ဝါး’
‘.....’
‘Kingရဲ့ပါးကိုယင်ကောင်နား....ဝီဝီဝီ....’
‘.....’
‘Kingရဲ့ပါးကိုနှုတ်ခမ်းနဲ့ထိုး Kingက ငါ့ကိုအချစ်ဆုံး’
ပေါက်ကရတွေပို့လိုက်ပြီးမှ စာတွေအားလုံး Seenဖြစ်သွားသည်မို့ ဘေဘေးတစ်ယောက် ဂုတ်လေးပင်ပုမိသွားကာ ဖုန်းကို စားပွဲပေါ်သို့ပစ်ချလိုက်မိ၏။
ခဏနေတော့ Msgရောက်လာတာမို့ မရဲတရဲကြည့်လိုက်တော့....
‘အင်း’
ဘေဘေး ထိုMsgကြောင့်ကြောင်သွားသည်။
ဘာလဲ...ဘာကိုအင်းတာလဲ...ငါဘာပြောထားမိလို့လဲ....
အတွေးတို့ဖြင့်အပေါ်ကိုပြန်တက်ကြည့်လိုက်ပြီးတော့မှ...
ဪ ငါစောင့်နေပါ့မယ်ဆိုတာကို အင်းတာနေမယ်....
တွေးနေတုန်း Msgကထပ်တက်လာ၏။
‘ပန်းချီဆွဲနေတာ’
ဘေဘေး ထိုအခါမှသက်ပြင်းချနိုင်သွားသည်။
တော်သေးတာပေါ့...စိတ်ဆိုးမသွားလို့...
ထို့နောက်တွင် ဗိုက်ဆာချင်သလိုဖြစ်လာတာမို့....
‘King...အာ့ဆို ငါထမင်းသွားစားတော့မယ်...ဒါပဲနော်’
‘အင်း’
လိုင်းပိတ်လိုက်ပြီးနောက်တွင်တော့ ဘေဘေးတစ်ယောက် ထမင်းသွားစားတော့သည်။
ထမင်းစားအပြီး လုပ်စရာမရှိသောကြောင့် ခိုးရိုက်ထားသည့်ပုံများကိုတစ်ပုံချင်းလိုက်ကြည့်မိ၏။ ဘယ်ရှုထောင့်ကရိုက်ရိုက်ချောနေသူသည် တောင်ကြီးဆေးတက္ကသိုလ်တွင်သာမက Fbတစ်ခွင်တွင်ပါ အတော်လေးနာမည်ကြီးသွားသေးသည်။ King Selectionရွေးချိန်တွင်ငြင်းခဲ့သည်မို့ Kingမဖြစ်ခဲ့သော်ငြား ‘တစ်ကျောင်းလုံး၏ ရင်ထဲက King’ဟူ၍ တောင်ကြီးဆေးတက္ကသိုလ် Troller pageတွင် ပုံများတက်လာခဲ့သည်မို့ Shareပို့စ်များ သိန်းချီသွားသည်အထိ။ ထိုပုံများကိုလည်း ဘေဘေး Saveထားခဲ့ပါ၏။
ဘေဘေးတစ်ယောက်ပုံများကိုထောက်ကြည့်ရင်း အသည်းယားလာသည်မို့ King ပုံစံ Chibi versionလေးတွေဆွဲခိုင်းပြီး အရုပ်လုပ်ထားဦးမည်ဟု စိတ်ထဲတေးထားလိုက်မိသည်။
About 3 weeks later....
Kingရော ခေးဆက်ရော ရန်ကုန်သို့ရောက်နေကြပြီဖြစ်သည်။ ရောက်သည့်နေ့က ဘေဘေး Presentationလုပ်ရသည့်နေ့နှင့်တိုက်ဆိုင်နေသည်မို့သွားမတွေ့ဖြစ်။ ဒီနေ့တော့ အိမ်အထိသွားလည်ဖို့တွေးထားကာ လိပ်စာတောင်းလိုက်၏။
ဖြစ်ချင်တော့ SZ Groupကနေဝယ်ထားသည့် Condoဖြစ်နေသည်မို့ ဒယ်ဒီ့ဆီ အပူကပ်ပြီး Condo တစ်လုံးတောင်းဖို့ စဉ်းစားထားလိုက်၏။ သွားနေခွင့်ပြုစရာအကြောင်းမရှိသော်လည်း ထိုCondoကိုအကြောင်းပြပြီး သွားလို့ရသည်မဟုတ်ပါလား။
လိပ်စာအတိုင်းရောက်သွားတော့ Bellတီးလိုက်သည်။ အသက်၃၀အရွယ်လူတစ်ယောက်က လာဖွင့်ပေးပြီးနောက် ခေးဆက်ကပြေးထွက်လာသည်။ ရှပ်အင်္ကျီအစိမ်းနုရောင်အပွကြီးကို ဘောင်းဘီဒူးအတိလေးနှင့်တွဲဝတ်ထားသော ခေးဆက်ပုံစံကချစ်စရာ။
SZ Group၏ Condoများအကြောင်းသူကောင်းကောင်းသိသည်။ ၂ယောက်နေဆိုလျှင် Master Room 2ခုပါကာ ထိုRoomသည် သာမာန်မိသားစုတစ်စု ကောင်းကောင်းနေလို့ရသည်။ ဧည့်ခန်း၊ Master room 2ခု၊ ဧည့်သည်တွေဘာတွေလာရင်နေဖို့တစ်ခန်း၊ ထမင်းစားခန်းစသည်ဖြင့်ပါ၏။
ဘေဘေး ပရိဘောဂတွေထားသိုပုံကိုကြည့်ရင်း ခေးဆက်နောက်ကလိုက်သွားလိုက်သည်။ နောက်ကကြည့်တော့ ခေးဆက်၏ ခြေသလုံးဖြူဖြူဖွေးဖွေးများကိုမြင်လိုက်ရသည်။ သူတကယ် Kingကိုလေးစားချင်သွား၏။
သမာဓိအားကောင်းမှုကြီးက လေးစားထိုက်သည်ပင်။ သူသာ Kingနေရာမှာဆို Condo တစ်ခုတည်းနေသည့် ကိုယ့်Crushကိုဆွဲမစိဘဲမနေနိုင်လောက်။
"ထိုင် နိုရာ...ဘာစားမလဲ...Kingကပန်းချီဆွဲနေတာလားမသိဘူး...Bellတီးတာကိုတော့ ကြားမှာပဲ"
"အင်း...ငါပီဇာနဲ့ကြက်ကြော်တွေမှာထားတယ် ဒီလိပ်စာနဲ့...ခဏနေရင်ရောက်လာမယ်ထင်တယ်"
ပြောလိုက်တော့ ခေးဆက်ကရယ်ပြီး....
"မင်းကတော့ ဘယ်သွားသွားရိက္ခါအပြည့်နဲ့"
"ဟီး မဟုတ်ရင် ဘာလာကျွေးမလဲမျှော်နေရမှာပေါ့"
နှစ်ယောက်သား ဟိုဟိုဒီဒီပြောကာရယ်နေကြရင်း ခေးဆက်ကရယ်သံတိကနဲရပ်သွားသည်။ မသိလျှင် သူ့ရှေ့ကို ဂြိုဟ်သားတစ်ကောင်ပြုတ်ကျလာသလို၊ မျက်လုံးအပြူးသားငေးနေ၏။
ဘေဘေး ခေးဆက်ကြည့်နေရာသို့လှည့်ကြည့်လိုက်တော့ သူ Vcခေါ်သည့်အချိန်တိုင်းတွင် မြင်ရတတ်သောပုံစံ။ အခုက ရှပ်အင်္ကျီလက်တို အဖြူရောင်ခပ်ပွပွကို ချည်ဘောင်းဘီရှည်အနက်ခပ်ပွပွနှင့်တွဲဖက်ဝတ်ဆင်ထားခြင်း။ ဆံပင်တို့ကနဖူးထက်ဝဲကျနေသည်။ ပုံစံကိုကြည့်ရသလောက် ရေချိုးပြီးခေါင်းလျှော်ထားပုံပင်။
ဒါကအရမ်းအရမ်းအရမ်းကိုချောနေသည်မှန်သော်လည်း Condoတစ်ခုတည်းမှာအတူနေသည့် ခေးဆက်အနေနဲ့ ဒီလောက်ကြီးတော့ မကြည့်သင့်ဘူးမဟုတ်လား။ ကြည့်မယ့်ကြည့် အပြင်မှာမမြင်ဖူးတဲ့သူကပဲ ကြည့်သင့်သည်မဟုတ်ပါလား။
ဘေဘေးစချင်လာ၍...
"အဟမ်း အဟမ်း...ခေးဆက်...မင်း Kingကို ဒီလိုပုံစံတစ်ခါမှမမြင်ဖူးလို့လား... မျက်လုံးကြီးကိုသိမ်းပါဦးကွာ"
ပြုံးစိစိနှင့်လှမ်းစလိုက်တော့မှ ခေးဆက်ကသတိဝင်လာပုံပေါ်ကာ နားရွက်ဖျားများနီရဲသွားတော့သည်။ ထိုစဉ် Kingက ခေးဆက်နှင့်တစ်ခုံကျော်၊ဘေဘေးနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်၏။ ထိုအချင်းအရာကြောင့် ဘေဘေးတစ်ယောက်ပြောစရာစကားပင်မရှိတော့။
Crushနဲ့တစ်ခုံကျော်မှာဝင်ထိုင်တယ်တဲ့လား.... အေး မင်းအဲ့လောက်စောင့်ထိန်းနေမှတော့ ငါ့ကောင်လေးပဲဖြစ်လာတော့မှာ....
ဘေဘေးက ခေးဆက်ကို စချင်သေးသည်မို့...
"ခေးဆက်ရာ...တကယ်ဆိုငါကဖြစ်သင့်တာကို အမြဲမြင်နေရတဲ့မင်းကဖြစ်နေလိုက်"
စလိုက်တော့ ခေးဆက်ကမျက်နှာရဲရဲနှင့်မော့လာပြီး....
"ငါတစ်ခါမှမမြင်ဖူးဘူးကွ"
"ဟမ် ဘာ?"
ဘေဘေး အံ့အားသင့်စွာပြန်မေးမိသည်အထိဖြစ်သွားသည်။
"ငါတစ်ခါမှ Kingကို ဒီပုံစံနဲ့မမြင်ဖူးဘူးလို့ပြောတာ...လျှောက်စမနေနဲ့"
ဒီတစ်ခါဆွံ့အရသူက ဘေဘေးကိုယ်တိုင်။
"မင်းတို့နှစ်ယောက်က ၁၀တန်းတစ်နှစ်လုံးအတူနေကြတာမဟုတ်ဘူးလား...အဲ့ဒါကို ဘာလို့"
"Kingက သူ့အခန်းထဲမှာပဲနေတာ"
"ဪ...ထမင်းစားတော့ရော"
"သူလည်းအခန်းထဲမှာပဲစားတော့ ငါလည်းအဲ့လိုပဲ"
"ဪ "
ဘေဘေး ဘာပြောရမှန်းပင်မသိတော့။ Kingဘက်ကိုကြည့်လိုက်တော့ မျက်နှာသေနှင့်ထိုင်နေသည်။
ဘာလဲ...သူက ဘုန်းကြီးဝတ်မှာတော့မဟုတ်ဘူးမလား...ဘာလို့ဒီလောက်ထိစောင့်ထိန်းနေတာလဲ...
ဘေဘေးတစ်ယောက် ကိုယ့်Crushနှင့်တစ်အိမ်ထဲရှိနေတာတောင် ထိထိရောက်ရောက်အသုံးမချတတ်သော အင်နိုးစန့်နှစ်ယောက်ကို သနားမှုအပြည့်နှင့်ကြည့်လိုက်မိ၏။
သင်တော့မပေးနိုင်ဘူး...ငါလည်းစားရဦးမှာ...
ထိုစဉ် Bellမြည်လာသည်မို့ ဘေဘေးကထရပ်လိုက်ပြီး....
"ငါမှာထားတာတွေရောက်ပြီထင်တယ်"
မှာထားသမျှကို သွားယူပြီးနောက်တွင်တော့ ပီဇာများနှင့်ကြက်ကြော်များကို ဘေဘေးက အများဆုံးအားပေးသည်။ ခေးဆက်က ဒုတိယလိုက်ကာ Kingကတော့ စားတယ်ဆိုရုံသာ။ ထိုသို့ အနည်းငယ်မျှစားဖို့ပြင်လိုက်သည့်အချိန်တိုင်း ဘေဘေး၏ မထိတထိလုပ်မှုများကို ခံရသေးသည်။
ပြန်ခါနီးအချိန်၌လည်း ဘေဘေးက နှုတ်ဆက်သလိုဖြင့် ခေးဆက်ကို ၅စက္ကန့်ဖက်ကာ၊ Kingကို ၁၅စက္ကန့်လောက်ကြာအောင်ဖက်ခဲ့ပြီး အသားယူခဲ့သေး၏။
Zawgyi//
အတိတ္သို႔တူးဆြျခင္း ၁၀
"တစ္ပြင့္၊ႏွစ္ပြင့္၊.......၂၄ပြင့္၊ ၂၅ပြင့္....အာ တစ္ပြင့္ဘယ္နားျပဳတ္က်က်န္ခဲ့လဲမသိဘူး"
ေဘေဘး ႏႈတ္မွေရ႐ြတ္လိုက္ရင္း အေျခာက္ခံထားေသာ ကံ့ေကာ္ပန္းပြင့္ေလးမ်ားကို ပလတ္စတစ္အိတ္ေလးထဲ ဂ႐ုတစိုက္ထည့္လိုက္သည္။
လက္ရွိတြင္ ေဘေဘး ရန္ကုန္သို႔ျပန္ေရာက္ေနျခင္းျဖစ္၏။ 1st semအၿပီး ေက်ာင္းမ်ားပိတ္သြားခ်ိန္တြင္ တစ္နယ္ျခားက သူခ်စ္ခင္ရေသာလူပ်ိဳေလးသည္ အိမ္ထဲမွအိမ္ျပင္လုံးဝမထြက္။ သူကိုယ္တိုင္ကလည္း ေဟာ္နန္းဆိုေသာေနရာအားမသြားခ်င္။ ၾကားရေသာသတင္းမ်ားအရ ထိုေနရာႏွင့္သူဆိုတာ ျပဒါးတစ္လမ္းသံတစ္လမ္းပင္။
သူက စည္းလြတ္ေဘာင္လြတ္မဟုတ္ေသာ္လည္း....မေျပာတတ္ဘူး။ ဟုတ္ခဲ့ရင္လည္းေမ့သြားၿပီ။
ဆိုေတာ့ စည္းလြတ္ေဘာင္လြတ္ျဖစ္ေနတဲ့သူမဟုတ္ေသာ္လည္း စည္းကမ္းတင္းၾကပ္ေသာေနရာသို႔မသြားခ်င္။ အခ်စ္အတြက္ ဆူးခင္းလမ္းလည္းမေလွ်ာက္ႏိုင္သလို မီးပင္လယ္ထဲလည္းျဖတ္မျပႏိုင္ပါ။ ထိုင္ေနရင္အေကာင္း၊ထသြားမွက်ိဳးမွန္းသိဆိုသလို သြားလိုက္မွ အိမ္ႀကီးရွင္မ်ားႏွင့္ျပႆနာတက္လာလွ်င္ အဆင္မေျပ။ ေမတၱသုတ္လည္းမကယ္ႏိုင္ျဖစ္သြားတာမ်ိဳး သူမလုပ္ေရးခ်မလုပ္ပါ။
လြမ္းရင္ Video callေခၚလို႔ရသည္မို႔ ထိုမွ်ႏွင့္ပင္ေက်နပ္လိုက္သည္။ ကံ့ေကာ္ပန္းမ်ားကိုေတာ့ ပန္းသည္ေတြ႕တိုင္းဝယ္ကာ အေျခာက္ခံထားသည္။ ထိုသို႔ ဝယ္ေသာ္ျငား ဟိုျပဳတ္က်ဒီျပဳတ္က်ႏွင့္ ၂၄ပြင့္သာက်န္ေတာ့သည္ကေတာ့ သူလည္းမတတ္ႏိုင္။
Kingႏွင့္ VCေျပာျဖစ္တိုင္း ကံ့ေကာ္ပန္းထုပ္ေလးကိုဖြင့္ကာေျပာျဖစ္၏။ အဆင္းကိုျမင္ရသည့္အခ်ိန္တြင္ အနံ႔ကိုပါေမႊးရသည္မို႔ အနားတြင္ေရာက္ေနသလိုခံစားရသည္။ ထိုမွ်ႏွင့္ပင္ သူေရာင့္ရဲလိုက္ပါသည္။ စိတ္ေလာေနရင္ဘာမွမေကာင္း။
ဒီတစ္ခါေတာ့ ရန္ကုန္တြင္ၾကာၾကာေနျဖစ္ေလာက္၏။ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာကိစၥေတြအတြက္ သူ႔အေဖေတြကိုစည္း႐ုံးဖို႔ရွိေသးသည္။ စည္း႐ုံးဖို႔အတြက္လည္း ေသခ်ာေလ့လာဖို႔လိုအပ္ေသး၏။
ေဘေဘး ကံ့ေကာ္ပန္းအိတ္ေလးကို စားပြဲထက္တင္ကာ အိပ္ရာထက္ထိုင္လိုက္ၿပီး ဖုန္းကိုေကာက္ကိုင္လိုက္သည္။ အခ်ိန္က ၉ခြဲျဖစ္ေနၿပီမို႔ Kingကို ဆက္သြယ္လို႔ရေတာ့မွာမဟုတ္မွန္းသိလိုက္သည္။ သို႔ေသာ္...
‘ငါအခုအိပ္ေတာ့မယ္ Good Night’
စာတိုတစ္ေစာင္ကိုေတာ့ပို႔ျဖစ္ေအာင္ပို႔ၿပီးမွ လိုင္းပိတ္ၿပီးအိပ္ဖို႔ျပင္လိုက္သည္။ ထို႔ေနာက္ ႀကိဳးစားအိပ္ေသာ္လည္း အက်င့္ကမရေသး။ ေန႔တိုင္းႀကိဳးစားအိပ္ေသာ္လည္း ေတာ္႐ုံႏွင့္အိပ္မေပ်ာ္။ အၿမဲဟိုစဥ္းစား၊ဒီစဥ္းစားႏွင့္ အေတာ္ၾကာ လူးလွိမ့္ၿပီးမွ အိပ္ေပ်ာ္တတ္သည္။
ဒီညက အရင္ညေတြထက္ပိုဆိုး၏။ ၄၅မိနစ္ေလာက္ၾကာေအာင္လူးလိမ့္ၿပီးေသာ္လည္း အိပ္မေပ်ာ္ေသး။ စိတ္တို႔က ဖုန္းဆီေရာက္သြားသည္။ ဖုန္းကိုလွမ္းယူကာဖြင့္လိုက္ၿပီးေနာက္ Fbထဲဝင္လိုက္သည္။Fbႏွင့္ Messengerႏွစ္ခုစလုံးကို Accေျပာင္းလိုက္ၿပီးေနာက္ တန္းစီတက္လာေသာစာမ်ား။
ဝင္ၾကည့္လိုက္ေတာ့ လြန္ခဲ့ေသာ ၁၅မိနစ္ေလာက္ကပို႔ထားျခင္း။ ပို႔သူကေတာ့ Power Rangerပင္။ သူတို႔၂ေယာက္စကားမေျပာျဖစ္တာ ၅လေလာက္ရွိၿပီျဖစ္သည္။ သူေတာင္ႀကီးသို႔ေရာက္သြားၿပီးကတည္းက အလုပ္ေတြရႈပ္ေနသည္မို႔ ဒီAccထဲသိပ္မဝင္ျဖစ္။ ဒီေကာင္လည္းသိပ္ဝင္ျဖစ္ပုံမေပၚ။ သူ႔ပို႔စ္ေတြသိပ္မျမင္ရ။ ခုမွ ထူးထူးဆန္းဆန္း စာဝင္လာျခင္း။
စာေတြကိုဖတ္ၾကည့္ရသေလာက္ သူ႔ကိုကိုက သူ႔ကိုပစ္သြားသည္ဟုဆိုသည္။ စာတစ္ေစာင္ထားကာ မိသားစုလိုက္ေျပာင္းသြားပုံပင္။ သူ႔မိဘေတြကိုေမးေတာ့ ျမန္မာျပည္ျပန္သြားေၾကာင္း ျပန္ေျဖသည္ဟုဆို၏။
‘ငါတို႔က အခ်ိန္တန္ ျမန္မာျပည္ျပန္ျဖစ္မွာဆိုေတာ့ သံ႐ုံးကေနတစ္ဆင့္ တကၠသိုလ္ဝင္စာေမးပြဲေျဖရတယ္ ကိုကိုက ၁၀တန္းကို ၅ဘာသာနဲ႔ေအာင္တယ္ ကိုကို႔မိဘေတြက ကိုကို႔ကိုဒီမွာထားၿပီး တစ္ေယာက္တစ္လွည့္သြားလိုက္ျပန္လိုက္လုပ္ၾကတာ ခုက ၁၀တန္းၿပီးတာနဲ႔ျပန္ေခၚသြားပုံပဲ ငါ့ကိုစာတစ္ေစာင္ပဲေပးခဲ့တယ္ကြာ’
ထိုစာႏွင့္အဆုံးသတ္ထားသည္မို႔ သူစာျပန္လိုက္၏။
‘ေအး ဘာေရးထားခဲ့လို႔လဲ’
တစ္ဖက္မွဘယ္ေလာက္ေတာင္ရင္ဖြင့္ခ်င္ေနမွန္းမသိ၊ ခ်က္ခ်င္း Seenျဖစ္ကာ Replyျပန္လာသည္။
‘က်န္းမာေရးကိုဂ႐ုစိုက္ၿပီး စာႀကိဳးစားတဲ့။ ငါတို႔ကနီးစပ္သြားလို႔စိတ္ယိုင္တာ၊ အခ်ိန္တန္ရင္သူ႔ကိုေမ့သြားလိမ့္မယ္တဲ့။ ေနာက္ၿပီး သူ႔အစား ငါ့အတြက္ Guide တစ္ေယာက္ရွာေပးခဲ့တယ္။ သူ႔သူငယ္ခ်င္းပဲ။ ငါကက် ျမန္မာျပည္လိုက္သြားလို႔မရေသးဘူးကြာ။ ငါကခုမွ ၁၀တန္းေျဖရမွာ၊ မဟုတ္လည္း ငါ့အိမ္ကသြားခိုင္းမွာမဟုတ္ဘူး။ ငါကဒီမွာပဲေက်ာင္းဆက္တက္ရမွာ’
ထိုစာအရ Power Rangerသည္ ကိုယ့္ထက္ငယ္မွန္း၊ သူ႔ကိုကိုဆိုတာသည္ ကိုယ္ႏွင့္႐ြယ္တူေလာက္ျဖစ္ေနမွန္း သိလိုက္ရသည္။ ဘာပဲျဖစ္ျဖစ္ ဒါေတြကို သူေျပာမျပခ်င္ပါ။ အငယ္က Levelလာေပါင္းလို႔ မႀကိဳက္ဘာညာစိတ္လည္းမျဖစ္မိ။ အြန္လိုင္းသူငယ္ခ်င္းက အြန္လိုင္းသူငယ္ခ်င္းပဲေပါ့။ မင္းကငါ့ထက္ငယ္တာပဲဘာညာဆိုၿပီး ခုမွအေလးစားလည္းမခံခ်င္။
ထို႔ေၾကာင့္....
‘မင္း ေက်ာင္းၿပီးမွသူ႔ေနာက္လိုက္ေပါ့... သူကဘာတက္ဖို႔ ျမန္မာျပည္ျပန္လာတာလဲ’
‘ေဆးပဲျဖစ္ေလာက္တယ္...ကိုကို႔မာမီက အဲ့ဒါပဲတက္ခိုင္းမွာ... ျမန္မာျပည္မွာ ဆရာဝန္ဆိုတဲ့ဂုဏ္က မေသးဘူးေလ’
‘ဪ’
ေဘေဘးထိုသို႔သာျပန္ပို႔လိုက္ႏိုင္သည္။
ဒါက ဘယ္လိုေတာင္တိုက္ဆိုင္မႈႀကီးလဲ... သူတို႔၂ေယာက္လုံးေႂကြေနၾကသူေတြက Fieldတစ္ခုတည္းကေပါ့....
ထို႔ေနာက္ တစ္ဖက္ကစာထပ္ဝင္လာသည္။
‘ငါလည္း ေဆးပဲဝါသနာပါတာ....ဒါေပမယ့္ ငါက ျမန္မာျပည္မွာမတက္ျဖစ္ေလာက္ဘူး... ဒီမွာ Asianနဲ႔ Europe ဖက္စပ္ၿပီးဖြင့္ထားတဲ့ Universityရွိတယ္... ဘြဲ႕ကေတာ့ U.Sဘြဲ႕ေပါ့... ကိုကိုက ဒီမွာတက္လို႔လည္းရတာကိုကြာ... တကယ္ဆို ဒီကဘြဲ႕ရရင္ ျမန္မာျပည္ကို Transferလုပ္လည္းအဆင္ေျပတယ္... ဒီမွာျပန္လာလုပ္လည္း အဆင္ေျပတယ္’
‘အင္း ဒါဆို မင္းဘယ္လိုလုပ္မွာလဲ’
ေမးလိုက္ေတာ့ တစ္ဖက္မွ Seenျပေပမဲ့ ခ်က္ခ်င္းစာမျပန္။ ၾကည့္ရတာသူလည္းမသိပုံပင္။
ခဏေနမွ...
‘ငါလည္းမသိေသးဘူးကြာ...ခုေတာ့တအားေလာင္ေနတာပဲသိတယ္... ကိုကိုက သူ႔အခ်စ္ဦးေၾကာင့္ ျပန္သြားတာလားဆိုၿပီးေတြးရင္းကိုေလာင္ေနတာ.... ကိုကိုကပိုပိုေခ်ာလာတာကြ... ခုခ်ိန္မွဆို သူ႔အခ်စ္ဦးကလည္း သူ႔ျပန္ႀကိဳက္ေလာက္မွာ....ငါတကယ္စိတ္မခ်ဘူး’
‘မင္းမွာ Passport မရွိလို႔လား’
‘မရွိစရာလား...ရွိတာေပါ့’
‘ရွိရင္ ခိုးလာေပါ့...ရွင္းေနတာကို...ငါသိသေလာက္ မင္းကေငြေရးေၾကးေရးအဆင္မေျပတဲ့သူမွမဟုတ္တာ’
‘ငါျမန္မာျပည္ကိုမကြၽမ္းဘူး... ၿပီးေတာ့ ကိုကိုတို႔ကဘယ္မွာေနမွန္းမသိဘူး...’
‘မင္းမိဘနဲ႔ရင္းႏွီးတယ္ဆို...ေမးၾကည့္ေပါ့’
‘ေအး ငါႀကိဳးစားၾကည့္ဦးမယ္ ဒါနဲ႔ မင္းေရာအဆင္ေျပလား ငါတို႔မေျပာျဖစ္တာေတာင္ၾကာၿပီ’
Power Rangerဆိုတဲ့ေကာင္က ဒီတစ္ခုေတာ့ေကာင္းသည္။ တစ္ဖက္သတ္ရင္ဖြင့္သြားျခင္းမရွိ။ သူ႔အေၾကာင္းၿပီးတာႏွင့္ ကိုယ့္ဘက္ကိုလမ္းဖြင့္ေပးတတ္သည္။ ဒီလိုအခ်က္ကပင္ သူတို႔ႏွစ္ဦးၾကားဆက္ဆံေရးကို ပို၍အဆင္ေျပေစ၏။
‘ငါလား မေျပေျပေအာင္ဖန္တီးေနတယ္...သူနဲ႔ငါကတစ္နယ္ျခားသြားေတာ့ ငါ့မွာ သူငါ့နားျပန္ေရာက္လာေအာင္ႀကိဳးစားေနရတယ္ ‘
‘ဪ ဪ ႀကိဳးစားလို႔ရတယ္ဆိုေတာ့ ငါ့ေလာက္အေျခအေနမဆိုးေသးဘူးပဲ Fighting bro’
‘Ok ငါအိပ္ေတာ့မယ္’
ေျပာၿပီးေနာက္ သူလိုင္းေပၚမွဆင္းလိုက္သည္။ မ်က္စိလည္းအေတာ္ေညာင္းသြားၿပီမို႔ ခဏအတြင္းအိပ္ေပ်ာ္သြားေတာ့၏။
2 months later....
ေဆးေက်ာင္းေတြျပန္ဖြင့္တာ 1လေက်ာ္ ရွိၿပီျဖစ္သည္။ ထို ၁လေက်ာ္အတြင္း သူေတာ္ေတာ္ေလး ခရီးေပါက္ၿပီးၿပီပင္။ ေက်ာင္းေတြျပန္ဖြင့္ၿပီမို႔ ေတာင္ႀကီးႏွင့္ရန္ကုန္ကို အိမ္ဦးႏွင့္ၾကမ္းျပင္လို သြားရတာလည္းအေမာ။ Resortကို ဦးစီးခြင့္မေပးခဲ့သည့္ ပါပါးကိုလည္း ေက်းဇူးအထပ္ထပ္။ ဦးစီးခြင့္သာေပးခဲ့လွ်င္ သူဒီလိုေတြလြတ္လြတ္လပ္လပ္လုပ္ခြင့္ရမွာမဟုတ္။
တစ္ေယာက္ေသာသူအား ေက်ာင္းတက္ေက်ာင္းဆင္းခ်ိန္ေမး၍ ေတာင္ႀကီးေဆးတကၠသိုလ္ေရွ႕ သြားသြားေစာင့္ရတာအေမာ။ အျပန္တြင္ေတာ့ ရွမ္းေခါက္ဆြဲစားလိုက္၊ တို႔ဖူးေႏြးစားလိုက္၊ အျခားေသာ ရွမ္း႐ိုးရာအစားအစာေတြကို ႀကဳံရင္ႀကဳံသလိုဆင္းစားလိုက္ႏွင့္ အနည္းငယ္ေမွာင္ရီသန္းေတာ့မွ Resortသို႔ျပန္ေရာက္တတ္သည္။ ရွမ္းေကာင္ေလးကိုခ်စ္မိေတာ့လည္း ရွမ္းအစားအစာေတြကိုပါ ႀကိဳက္ေနမိသည္မွာမဆန္း။
ေတာင္ႀကီးတြင္စားလိုက္ေသာက္လိုက္၊ ရန္ကုန္ျပန္လာၿပီး Gymေဆာ့လိုက္ႏွင့္ တစ္ပတ္လည္ေနေတာ့သည္။
ထားေတာ့။ သူအခု ေဆး ၂သို႔ေရာက္ေနျခင္းျဖစ္၏။ ဒီၾကားထဲ ခဏခဏေရာက္ျဖစ္သည္မို႔ သူ႔အတြက္ အဆန္းမဟုတ္ေတာ့။ ပါေမာကၡခ်ဳပ္ႏွင့္ေတြ႕ၿပီး လႉဖို႔တန္းဖို႔ကိစၥမ်ားကိုေျပာၿပီးသြားၿပီျဖစ္သည္။ သူႏွင့္တိုက္႐ိုက္ေျပာသည္ေတာ့မဟုတ္။ ဒယ္ဒီႏွင့္ကယ္ေလးတို႔ကို Coverယူကာလုပ္ထားျခင္းပင္။
အေျပာင္းအေ႐ႊ႕ကိစၥမ်ားႏွင့္ပတ္သက္၍ သက္ဆိုင္ရာဝန္ႀကီးဌာနႏွင့္စကားေျပာဖို႔ကိုေတာ့ ဒယ္ဒီတိုင္းကိုအကူအညီေတာင္းထားသည္။ ဒယ္ဒီ့ကိုအကူအညီေတာင္းလွ်င္ ကယ္ေလး၏ ေထာက္လွမ္းစစ္ေဆးမႈဒဏ္ကိုအရင္ခံရမည္မို႔ မေတာင္းရဲ။ ပါပါးတို႔၊Ge Geတို႔၊ ဦးၿမဲတို႔ကလည္း သူအလႉလုပ္ခ်င္သည့္အေၾကာင္းၾကားေတာ့ သူတို႔ပါ အလႉတြင္လာေပါင္းမည္ဟုဆိုသည္။ သိပ္ၿပီးမ်ားမ်ားစားစားမေျပာလိုက္ရ။
အေၾကာင္းျပခ်က္ဘာညာကေတာ့ၾကည့္ေကာင္းေအာင္ေပးရတာေပါ့ေလ။ အေ႐ႊ႕အေျပာင္းကိစၥတြင္ေတာ့ ဒယ္ဒီတိုင္းအားပြင့္ပြင့္လင္းလင္းေျပာျဖစ္သည္။
'သူ႔သူငယ္ခ်င္းေတြေျပာင္းခ်င္တာ ေျပာင္းလို႔မရလို႔'ဘာညာႏွင့္ အျခားအျခားေသာ အေၾကာင္းျပခ်က္မ်ားပါ ထပ္ေပါင္းထည့္ေတာ့ ဒယ္ဒီတိုင္းက ၿပဳံးစိစိႏွင့္လက္ခံ၏။
'သူငယ္ခ်င္းအတြက္ ေတာ္ေတာ္ရင္းပစ္တာပဲ'ဟူေသာစကားတစ္ခြန္းထည့္သြားသည္ကိုေတာ့ ဘာမွမတုံ႔ျပန္ျဖစ္။ လႉဖို႔တန္းဖို႔ကိစၥေတြက သူမွန္းထားသည္ထက္ပင္ပိုႀကီးသြားေတာ့ ေတာင္းဆိုမႈျပဳလုပ္သည့္အခါ လြယ္လင့္တကူပင္ၿပီးသြားခဲ့သည္။
ကိစၥေတြအကုန္ၿပီးသြားေပမဲ့ ညကေတြးရင္းေတြးရင္းႏွင့္ ေက်ာင္း၏ ကန္တင္းကိုသူမၾကည့္ရေသးမွန္း သတိရသြားသည္။ က်န္သည့္ေနရာေတာ္ေတာ္မ်ားမ်ားကိုေတာ့ သူေသခ်ာစစ္ေဆးၿပီးၿပီျဖစ္၏။ ကိုယ့္ေကာင္ေလးေနရမည့္ပတ္ဝန္းက်င္ကို ပစ္စလတ္ခတ္ ထားစရာလားေလ။
ေဘေဘး ကန္တင္းကိုေရာက္သြားေတာ့ အခ်ိဳ႕က ကြက္ၾကည့္ကြက္ၾကည့္။ ဒါေတြက သူ႔အတြက္အထူးအဆန္းေတာ့မဟုတ္။ ဘယ္သြားသြားအၾကည့္ခံရလြန္းသည္မို႔ရင္သိပ္မခုန္ေတာ့။ ကန္တင္းကိုၾကည့္ရသေလာက္ စိတ္တိုင္းကသိပ္မက်ခ်င္။ ထို႔ေနာက္ စားပြဲအလြတ္တစ္ခုက ခုံတြင္ဝင္ထိုင္လိုက္သည္။
စားပြဲထိုးေလးက ေဘးတြင္အေျပးလာရပ္ၿပီး...
"အစ္ကိုဘာမွာမလဲ"ဟုဆိုကာ Menuကိုကမ္းေပးလာသည္။ ေဘးေဘး ေရွ႕မွအခ်ိဳပြဲေတြကို ေက်ာ္လိုက္ၿပီး တစ္ေယာက္ေသာသူအဓိကစားတတ္သည့္ ထမင္းဟင္း Menuကိုသာၾကည့္လိုက္မိသည္။
"ဒါေတြအကုန္ခ်ေပး...ထမင္းျဖဴတစ္ပန္းကန္ပါပါတယ္"
ေျပာလိုက္ေတာ့ စားပြဲထိုးေလးကေၾကာင္သြားကာ....
"ဗ်ာ!"
"ထမင္းတစ္ပန္းကန္နဲ႔ဟင္းပြဲေတြအကုန္လိုခ်င္တယ္လို႔ေျပာတာ"
"ဗ်ာ...ဟုတ္ ဟုတ္"
စားပြဲထိုးေလးက နားလည္သြားသည္ႏွင့္ ျပန္ေျပးထြက္သြား၏။ ေဘေဘး ေရွ႕တြင္ခ်ထားေသာ ေရေႏြးၾကမ္းပန္းကန္လုံးေတြႏွင့္၊ ဖန္ခြက္ေတြကိုေသခ်ာလိုက္ၾကည့္သည္။ သန္႔ေပမဲ့ စိတ္ကအလိုမက်ခ်င္။ တစ္သွ်ဴးကိုယူၾကည့္ေတာ့ အနည္းငယ္ၾကမ္းခ်င္သည္မို႔ ျပန္ခ်ထားလိုက္သည္။ ေခါင္းကလည္းတခါခါျဖစ္သြား၏။
မၾကာမီ ထမင္းႏွင့္ဟင္းပြဲမ်ားေရာက္လာၿပီျဖစ္သည္။ ထမင္းေလးကသိပ္မဆိုးေပမဲ့ ဟင္းေတြကိုေတာ့မႀကိဳက္။ အျခားသူေတြအတြက္ေကာင္းသည္မေကာင္းသည္သူမသိေသာ္ျငား သူ႔အတြက္ေတာ့အဆင္မေျပပါ။ ဟိုဟိုဒီဒီ တို႔ကနန္း၊ဆိတ္ကနန္းစားေနစဥ္...
"ႏိုရာမလား..."
ေဘးမွထြက္လာေသာအသံကိုၾကားလိုက္ရေသာ္လည္း လွည့္မၾကည့္မိေသး။ ထမင္းခပ္ထားေသာဇြန္းထဲသို႔ ဟင္းတစ္ဖတ္ကိုေသခ်ာတင္ေနသည္။ ထို႔ေနာက္ ပါးစပ္ထဲေသခ်ာထည့္ၿပီးမွ ေခါင္းကိုေမာ့ၾကည့္လိုက္ေတာ့ သူ႔ကိုၿပဳံးၾကည့္ေနေသာ ေကာင္ေလးတစ္ေယာက္။
"ဟက္ ခုထိလုပ္ခ်င္တာလုပ္ေနေသးတာပဲေနာ္...မင္းက ဘာမွေျပာင္းလဲမသြားဘူး"
ထိုေကာင္ေလးက သူ႔မ်က္ႏွာခ်င္းဆိုင္ေနရာတြင္ဝင္ထိုင္လာၿပီး အတူပါလာေသာသူငယ္ခ်င္းမ်ားကိုေျပာလိုက္၏။
"ငါၿပီးမွလိုက္ခဲ့မယ္ မင္းတို႔သြားႏွင့္"
ထို႔ေနာက္ သူႏွင့္ပါလာေသာသူငယ္ခ်င္းႏွစ္ေယာက္ကထြက္သြားၾကသည္။ ေဘေဘးကေတာ့ ပါးစပ္ထဲမွထမင္းလုတ္ကိုဝါးေနရင္း ဦးေႏွာက္ကိုအလုပ္ေပးလိုက္သည္။ ဒီေကာင့္အရပ္က သူႏွင့္မတိမ္းမယိမ္းေလာက္ပင္။ ၿပဳံးေနေသာမ်က္ႏွာတြင္လည္း ေမးႏွစ္ခြကထင္ရွားစြာ။
ေမးႏွစ္ခြ....ေမးႏွစ္ခြဆိုေတာ့....
"အာဏာသိဒၶိ?"
"အဟြန္း မွတ္မိေသးတာပဲ..."
မွန္သြားသည္ကိုသိရေတာ့လည္း ေဘေဘးသိပ္ေတာ့မထူးဆန္း။ ေခါင္းတစ္ခ်က္ညိတ္ျပကာ မျမည္းရေသးသည္မ်ားကိုလိုက္စားၾကည့္သည္။ အာဏာကလည္း သူ႔ကိုမေႏွာင့္ယွက္။ လုပ္ေနသည္ကိုသာၿပဳံးၿပဳံးႀကီးၾကည့္ေန၏။
အားလုံးစားၿပီးခ်ိန္မွာေတာ့ ေရေသာက္ခ်င္လာ၍ စားပြဲထိုးေလးကို ေရသန္႔တစ္ဘူးလွမ္းမွာလိုက္သည္။ ထို႔ေနာက္ ေရဘူးလိုက္ပဲေမာ့ေသာက္လိုက္၏။ ပါးစပ္သုတ္ခ်င္ေပမဲ့ တစ္သွ်ဴးၾကမ္းၾကမ္းႀကီးႏွင့္မသုတ္ခ်င္၍ စဥ္းစားေနတုန္း....
"ေရာ့..."
ေရွ႕ကိုေရာက္လာေသာ တစ္သွ်ဴးစေလးေၾကာင့္ ဘာရယ္မဟုတ္ေပမဲ့ ေက်းဇူးတင္မိသည္။
"အင္း ေက်းဇူး"
"နားလည္ပါတယ္...ငါလည္းဒီကတစ္သွ်ဴးေတြမႀကိဳက္ဘူး"
နားလည္ၿပဳံးၿပဳံးကာေျပာလာေသာအာဏာ့ကို ဘာမွျပန္မေျပာမိေသး။ ပတ္ပတ္လည္ကို ဟိုၾကည့္ဒီၾကည့္လုပ္လိုက္ၿပီးမွ....
"မင္းဒါေတြစားႏိုင္တယ္လား"
ေမးလိုက္ေတာ့ အာဏာကရယ္ၿပီး....
"အိမ္ကထမင္းခ်ိဳင့္မယူခ်င္ေတာ့လည္းစားျဖစ္တာပဲေလ...ဘာလို႔လဲ"
"ငါမႀကိဳက္လို႔"
"ဪ ဟုတ္မွာပါ...ငါလည္းစစခ်င္းေတာ့အဲ့လိုပဲ...ဒါနဲ႔မင္းကဒီကိုဘာလာလုပ္တာလဲ"
"စားလို႔ေကာင္းမေကာင္းလာစားၾကည့္တာ"
"ဪ"
အာဏာက ထပ္ၿပဳံးျပန္သည္။ ေဘေဘးအျမင္ကတ္ခ်င္လာသည္မို႔....
"မင္းေတာ္ေတာ္အူျမဴးလာတယ္ေနာ္... အားေနၿပဳံးေနတာပဲ"
"ဟားဟား...မင္းနဲ႔ေတြ႕လို႔ပါ...မထင္မွတ္ထားတဲ့ေနရာမွာေတြ႕ရတာေလကြာ...တကယ္ေတာ့ ငါဒီကိုျပန္ေရာက္ေရာက္ခ်င္း မင္းအေၾကာင္းစုံစမ္းမိေသးတယ္"
"ဟုတ္လား...ဘာလုပ္ဖို႔လဲ...အျငႇိဳးနဲ႔ျပန္ေခ်ာင္း႐ိုက္ဖို႔လား"
ေျပာလိုက္ေတာ့ အာဏာကအရယ္မရပ္ေတာ့။ ထို႔ေနာက္မွ....
"မဟုတ္ပါဘူး...ငါ့ကိုႏိုင္ငံျခားေရာက္ေအာင္ပညာျပလိုက္တဲ့မင္း ဘာေတြမ်ားလုပ္ေနသလဲလို႔"
"အင္း အဲ့ေတာ့ ငါကဘာေတြလုပ္ေနတယ္တဲ့လဲ"
"အဟြန္း အဆိုးၾကားခ်င္လား၊အေကာင္းၾကားခ်င္လား"
"အေကာင္း"
မဆိုင္းမတြျပန္ေျပာလိုက္ေတာ့ အာဏာကရယ္ခ်င္စိတ္ကိုထိန္းထားသည့္ပုံစံျဖစ္သြားသည္။ ၿပီးမွ....
"အဟမ္း....အေကာင္းဆိုရင္ေတာ့ ရွားရွားပါးပါးေလးတစ္ခုရွိတယ္....မင္း ၃ဘာသာဂုဏ္ထူးနဲ႔၁၀တန္းေအာင္တယ္...ဒါပဲ"
"ဪ ဪ..."
"အင္း အဆိုးေတြကိုေျပာရဦးမလား"
"No...No...မသိခ်င္ဘူး"
ခ်က္ခ်င္းျငင္းလိုက္ေတာ့ အာဏာကထပ္ၿပဳံးျပန္သည္။ ထို႔ေနာက္ ေဘေဘးက စားပြဲထိုးေလးကိုေခၚကာ Billရွင္းလိုက္၏။ သူထရပ္လိုက္သည္ႏွင့္ အာဏာကလည္းထရပ္လာသည္။ မွန္းထားသလိုပင္အရပ္ကမတိမ္းမယိမ္း။ အတူတူေလာက္ပင္ျဖစ္ေလာက္သည္။
ႏွစ္ေယာက္သားေဘးခ်င္းယွဥ္ေလွ်ာက္ေတာ့ အၾကည့္ေတာ္ေတာ္မ်ားမ်ားကေရာက္လာသည္။ သူေရာ၊အာဏာေရာ ဂ႐ုမစိုက္စြာျဖင့္ ဦးတည္ရာဘက္သို႔သာေလွ်ာက္ေနလိုက္ၾက၏။
"ႏိုရာ"
ေခၚလာသည္မို႔ ေဘေဘးက ေမးဆတ္ျပလိုက္ေတာ့...
"ဖုန္းနံပါတ္ေပးပါလား"
ေဘေဘးက ေခါင္းညိတ္လိုက္ၿပီး နံပါတ္တစ္ခုကိုေရ႐ြတ္လိုက္သည္။ အာဏာက အမိအရလိုက္မွတ္ၿပီးေနာက္....
Ringing...
ေဘေဘးဖုန္းမွ Ringtoneသံထြက္လာၿပီးေနာက္ခ်က္ခ်င္းရပ္သြား၏။
"မလိမ္ဘူးပဲ"
"ဘာလို႔လိမ္ရမွာလဲ"
"ငါကအမွားႀကီးေပးမယ္ထင္တာ"
"ဟက္ မင္းကသူစိမ္းမွမဟုတ္တာ"
ေျပာလိုက္ေတာ့ အာဏာကၿပဳံးသြားၿပီး...
"ႏိုရာ....ငါ...."
"မင္းကိုငါသူငယ္ခ်င္းလိုခင္တုန္းပဲ အာဏာ..."
"....."
"ေနာက္ၿပီး ငါ့မွာခ်စ္ရတဲ့သူရွိတယ္... စြဲလမ္းေနတဲ့အထိကိုခ်စ္ၿပီးျမတ္ႏိုးေနတာ... အဲ့ဒါေၾကာင့္ မင္းမွာဘာအခြင့္အေရးမွမရွိေလာက္ဘူး"
စကားအဆုံး ႏွစ္ေယာက္ၾကားေလထုၿငိမ္သက္သြားသည္။ ခဏအၾကာတြင္ သက္ျပင္းခ်သံသဲ့သဲ့ကိုၾကားလိုက္ရၿပီး...
"ႏိုရာ..."
"အင္း"
"ေက်းဇူး...ပြင့္ပြင့္လင္းလင္း ေျပာျပေပးလို႔... ဒါေပမဲ့ ငါေစာင့္ေတာ့ေနခ်င္ေသးတယ္"
ေဘေဘးလွည့္ၾကည့္လိုက္မိသည္။ အာဏာ၏ ေတာင္းဆိုသလိုမ်က္ဝန္းမ်ားထဲတြင္ မိမိကိုယ္မိမိျပန္ျမင္ေနရသလို။ Kingသာ မိမိအားခုလိုေျပာလွ်င္ သူအာဏာ့လိုတည္ၿငိမ္ႏိုင္ပါ့မလား။
'မေစာင့္နဲ႔'လို႔ပစ္ပစ္ခါခါေျပာလိုက္ခ်င္ေသာ္ျငား ဝဋ္လည္မည္လည္းစိုးပါသည္။ သူပြင့္ပြင့္လင္းလင္းေျပာၿပီးၿပီမို႔ ဘာမွထပ္ၿပီး ျပင္းျပင္းထန္ထန္မေျပာခ်င္ေတာ့။
"သေဘာ"
"ေက်းဇူးပဲ"
"အင္း ဒါေပမဲ့..."
"....."
"ငါ့ကိုသူငယ္ခ်င္းလိုပဲဆက္ဆံေပးပါ...မဟုတ္ရင္ငါေနတတ္မွာမဟုတ္ဘူး..."
"အင္းပါ"
ထို႔ေနာက္ ကားနားကိုေရာက္လာၿပီမို႔...
"ဒါငါ့ကား...ျပန္ေတာ့မယ္"
"အင္း တက္ေတာ့ေလ...ငါၿပီးမွျပန္မယ္"
ေဘေဘး ဘာမွျပန္မေျပာျဖစ္ေတာ့။ ေခါင္းတစ္ခ်က္ပဲညိတ္ျပလိုက္ၿပီး ကားတံခါးကိုဖြင့္ကာ ဝင္လိုက္သည္။
"ေမာင္းေတာ့ ကိုေအးမင္း...အိမ္ပဲျပန္မယ္"
ေျပာလိုက္သည္ႏွင့္ ကိုေအးမင္းက ကားစက္ႏႈိးကာေမာင္းထြက္လိုက္သည္။ ေနာက္တြင္ အာဏာၾကည့္ေနမယ္မွန္းသိေပမဲ့ လွည့္မၾကည့္မိ။ စိတ္မေကာင္းေသာ္ျငား မတတ္ႏိုင္ပါ။ သူ႔ႏွလုံးသားတစ္ခုလုံးကို စဝ္မင္းႏြယ္ဧကရာဇ္မည္ေသာ အမ်ိဳးေကာင္းသားထံအပ္ႏွင္းၿပီးၿပီမို႔...။
______________________________________________________________________
ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းသူေဌးႀကီးမ်ား၏အလႉတြင္ ပူးေပါင္းပါဝင္ကာလႉဒါန္းၾကေသာအုပ္စုမ်ားလည္း မနည္းၾက။ ေဘေဘး၏စနက္ေၾကာင့္ ျဖစ္သြားေသာလႉဒါန္းမႈႀကီးအေၾကာင္း Social Mediaမ်ားအားလုံးတြင္ ျပသေနၾက႐ုံမက သတင္းစာမ်ားတြင္လည္းထိပ္စီးမွပါလာသည္။
ေဆးတကၠသိုလ္ ၂တြင္ေတာ့ အေျပာင္းအလဲေတာ္ေတာ္မ်ားသြားသည္။ အဓိကအားျဖင့္ ကန္တင္း။ ကန္တင္းကိုေသခ်ာျပန္ေဆာက္ၿပီးေနာက္ ယခင္ရွိေနေသာဆိုင္မ်ားကို သူ႔ေနရာႏွင့္သူျပန္ခ်၏။ တိုးလာသည္က ျမန္မာထမင္းဆိုင္တစ္ဆိုင္၊ရွမ္း႐ိုးရာအစားအေသာက္ဆိုင္ႏွင့္ Coffeeသီးသန္႔ေရာင္းသည့္ Barတစ္ခု။
ထိုသို႔လုပ္လိုက္ေတာ့ အျခားဆိုင္မ်ားကလည္း သူတို႔၏ Menuမ်ားကို ပိုမိုေကာင္းေအာင္လုပ္ၾကေတာ့သည္။ ဆိုေတာ့ သူ႔မိတ္ႏွင့္သူေတာ့ထိုင္ၾကစၿမဲ။ အသစ္ထပ္ဖြင့္ထားေသာဆိုင္မ်ားတြင္လည္းလူကက်လာသည္။ ပုံမွန္စားေလ့မရွိသူမ်ားပင္ ကန္တင္းထိုင္လာၾက၏။ ရွမ္း႐ိုးရာအစားအစာႀကိဳက္သူမ်ားအတြက္လည္းအံကိုက္။ Coffee Barတြင္လည္း လူကမျပတ္။
ေနာက္ၿပီး အေ႐ႊ႕အေျပာင္းကိစၥ။ အျခားၿမိဳ႕မ်ားရွိတကၠသိုလ္မ်ားမွ 1st yearတြင္ အမွတ္အမ်ားဆုံးေက်ာင္းသား ၃ေယာက္စီကို ေဆးတကၠသိုလ္ ၂၊ ေျမာက္ဥကၠလာၿမိဳ႕၊ရန္ကုန္တိုင္းသို႔ ဆႏၵရွိပါကေျပာင္းေ႐ႊ႕ခြင့္ျပဳသည္ဟူေသာအမိန္႔စာကို ထိုတကၠသိုလ္မ်ားသို႔ အသီးသီးပို႔လိုက္သည္။ အမိန္႔စာပါအရ Top 3 သုံးေယာက္မသြားလိုလွ်င္ သြားလိုသူမ်ားထဲမွ Top 3ေယာက္ကိုထပ္ေ႐ြးခ်ယ္မည္ဟူ၍ပါ၏။
ဤသို႔ျဖင့္ မႏၲေလးေဆးတကၠသိုလ္၊ ေတာင္ႀကီးေဆးတကၠသိုလ္ႏွင့္ မေကြးေဆးတကၠသိုလ္တို႔မွ ေက်ာင္းသား၉ဦးသည္ ေဆး ၂သို႔ေျပာင္းေ႐ႊ႕ခြင့္ရသြားၾကေတာ့သည္။
ေဘေဘး သတင္းမ်ားကိုၾကည့္ၿပီး ဟိုေတြးဒီေတြးႏွင့္ တစ္ေယာက္ေသာသူကိုသတိရသြားသည္။ ကိုယ္စထားသည့္ကိစၥကို အဆုံးသတ္စရာမ်ား အဆုံးသတ္ရေသးတာမို႔ ရန္ကုန္မွာပဲေသာင္တင္ေနသည္မွာ တစ္လခန္႔ရွိၿပီျဖစ္၏။ ခုခ်ိန္မွေတာင္ႀကီးကိုသြားရင္လည္း ဘာမွထူးမွာမဟုတ္။ ေက်ာင္းပိတ္ခ်ိန္ျဖစ္ေနသည္မို႔ ဘာမွလုပ္မရ။
Sofaထက္ပက္လက္လွန္လိုက္ၿပီး Selfieဆြဲလိုက္သည္။ ထို႔ေနာက္ ပို႔ေနက်ျဖစ္ေသာ Chat boxဆီသို႔ပို႔လိုက္သည္။ သို႔ေသာ္ Deliveredျဖစ္မသြားသည္မို႔ အျပင္ဘက္မွ Msgပို႔လိုက္သည္။
‘King လိုင္းမတက္ဘူးလားဟင္ ‘
5minေလာက္ၾကာအၿပီးတြင္ ပုံေလးက Seenျဖစ္သြားသည္။ ေဘေဘးၿပဳံးလိုက္ၿပီးေနာက္...
‘ ဘယ္ေတာ့ရန္ကုန္လာမွာလဲ’
စာပို႔ၿပီးေနာက္ ထုံးစံအတိုင္းျပန္အေျဖကိုေစာင့္ေနလိုက္သည္။
‘ 12လပိုင္းအကုန္ ‘
‘ ဪ ၂ပတ္ေတာင္ေစာင့္ရဦးမွာပဲ...အဲ့ထက္ေစာလာလို႔မရဘူးလား ‘
‘ မရဘူး ‘
King က တကၠသိုလ္တက္ၿပီးေနာက္ပိုင္း အေမးအေျဖမွာ ပုံမွန္ထက္ေတာ့ပိုသြက္လာသည္။ အရင္လိုအရမ္းႀကီးႏႈတ္ဆိတ္မေနေတာ့။ ေမးခြန္းျပန္ေမးသည္မရွိေသးေသာ္ျငား အေျဖအတြက္အရမ္းႀကီးမေစာင့္ရေတာ့။ ေနာက္ပိုင္း လူနာေတြႏွင့္ဆက္ဆံရလွ်င္ေတာ့ ေမးခြန္းေမးတတ္လာေလာက္ပါ၏။ ထိုအခ်ိန္ေတြကိုသူရင္ခုန္စြာေစာင့္ေနမိပါသည္။ တစ္စိမ့္စိမ့္ၾကည့္ေနရသူမို႔ ျဖည္းျဖည္းခ်င္းေျပာင္းလဲလာမႈမ်ားကို ျမင္ေနရသည္မွာ ရင္ခုန္စိတ္လႈပ္ရွားစဖြယ္ပင္။
‘အင္းပါ အင္းပါ ငါေစာင့္ေနပါ့မယ္... ဒါနဲ႔ အခုဘာလုပ္ေနတာလဲ’
စာကခ်က္ခ်င္း Delivered ျဖစ္သြားေသာ္လည္း ခ်က္ခ်င္းSeenမျဖစ္။
‘Kingေရ....ေဝ....’
‘.....’
‘Kingလား....ဝါး’
‘.....’
‘Kingရဲ႕ပါးကိုယင္ေကာင္နား....ဝီဝီဝီ....’
‘.....’
‘Kingရဲ႕ပါးကိုႏႈတ္ခမ္းနဲ႔ထိုး Kingက ငါ့ကိုအခ်စ္ဆုံး’
ေပါက္ကရေတြပို႔လိုက္ၿပီးမွ စာေတြအားလုံး Seenျဖစ္သြားသည္မို႔ ေဘေဘးတစ္ေယာက္ ဂုတ္ေလးပင္ပုမိသြားကာ ဖုန္းကို စားပြဲေပၚသို႔ပစ္ခ်လိုက္မိ၏။
ခဏေနေတာ့ Msgေရာက္လာတာမို႔ မရဲတရဲၾကည့္လိုက္ေတာ့....
‘အင္း’
ေဘေဘး ထိုMsgေၾကာင့္ေၾကာင္သြားသည္။
ဘာလဲ...ဘာကိုအင္းတာလဲ...ငါဘာေျပာထားမိလို႔လဲ....
အေတြးတို႔ျဖင့္အေပၚကိုျပန္တက္ၾကည့္လိုက္ၿပီးေတာ့မွ...
ဪ ငါေစာင့္ေနပါ့မယ္ဆိုတာကို အင္းတာေနမယ္....
ေတြးေနတုန္း Msgကထပ္တက္လာ၏။
‘ပန္းခ်ီဆြဲေနတာ’
ေဘေဘး ထိုအခါမွသက္ျပင္းခ်ႏိုင္သြားသည္။
ေတာ္ေသးတာေပါ့...စိတ္ဆိုးမသြားလို႔...
ထို႔ေနာက္တြင္ ဗိုက္ဆာခ်င္သလိုျဖစ္လာတာမို႔....
‘King...အာ့ဆို ငါထမင္းသြားစားေတာ့မယ္...ဒါပဲေနာ္’
‘အင္း’
လိုင္းပိတ္လိုက္ၿပီးေနာက္တြင္ေတာ့ ေဘေဘးတစ္ေယာက္ ထမင္းသြားစားေတာ့သည္။
ထမင္းစားအၿပီး လုပ္စရာမရွိေသာေၾကာင့္ ခိုး႐ိုက္ထားသည့္ပုံမ်ားကိုတစ္ပုံခ်င္းလိုက္ၾကည့္မိ၏။ ဘယ္ရႈေထာင့္က႐ိုက္႐ိုက္ေခ်ာေနသူသည္ ေတာင္ႀကီးေဆးတကၠသိုလ္တြင္သာမက Fbတစ္ခြင္တြင္ပါ အေတာ္ေလးနာမည္ႀကီးသြားေသးသည္။ King Selectionေ႐ြးခ်ိန္တြင္ျငင္းခဲ့သည္မို႔ Kingမျဖစ္ခဲ့ေသာ္ျငား ‘တစ္ေက်ာင္းလုံး၏ ရင္ထဲက King’ဟူ၍ ေတာင္ႀကီးေဆးတကၠသိုလ္ Troller pageတြင္ ပုံမ်ားတက္လာခဲ့သည္မို႔ Shareပို႔စ္မ်ား သိန္းခ်ီသြားသည္အထိ။ ထိုပုံမ်ားကိုလည္း ေဘေဘး Saveထားခဲ့ပါ၏။
ေဘေဘးတစ္ေယာက္ပုံမ်ားကိုေထာက္ၾကည့္ရင္း အသည္းယားလာသည္မို႔ King ပုံစံ Chibi versionေလးေတြဆြဲခိုင္းၿပီး အ႐ုပ္လုပ္ထားဦးမည္ဟု စိတ္ထဲေတးထားလိုက္မိသည္။
About 3 weeks later....
Kingေရာ ေခးဆက္ေရာ ရန္ကုန္သို႔ေရာက္ေနၾကၿပီျဖစ္သည္။ ေရာက္သည့္ေန႔က ေဘေဘး Presentationလုပ္ရသည့္ေန႔ႏွင့္တိုက္ဆိုင္ေနသည္မို႔သြားမေတြ႕ျဖစ္။ ဒီေန႔ေတာ့ အိမ္အထိသြားလည္ဖို႔ေတြးထားကာ လိပ္စာေတာင္းလိုက္၏။
ျဖစ္ခ်င္ေတာ့ SZ Groupကေနဝယ္ထားသည့္ Condoျဖစ္ေနသည္မို႔ ဒယ္ဒီ့ဆီ အပူကပ္ၿပီး Condo တစ္လုံးေတာင္းဖို႔ စဥ္းစားထားလိုက္၏။ သြားေနခြင့္ျပဳစရာအေၾကာင္းမရွိေသာ္လည္း ထိုCondoကိုအေၾကာင္းျပၿပီး သြားလို႔ရသည္မဟုတ္ပါလား။
လိပ္စာအတိုင္းေရာက္သြားေတာ့ Bellတီးလိုက္သည္။ အသက္၃၀အ႐ြယ္လူတစ္ေယာက္က လာဖြင့္ေပးၿပီးေနာက္ ေခးဆက္ကေျပးထြက္လာသည္။ ရွပ္အက်ႌအစိမ္းႏုေရာင္အပြႀကီးကို ေဘာင္းဘီဒူးအတိေလးႏွင့္တြဲဝတ္ထားေသာ ေခးဆက္ပုံစံကခ်စ္စရာ။
SZ Group၏ Condoမ်ားအေၾကာင္းသူေကာင္းေကာင္းသိသည္။ ၂ေယာက္ေနဆိုလွ်င္ Master Room 2ခုပါကာ ထိုRoomသည္ သာမာန္မိသားစုတစ္စု ေကာင္းေကာင္းေနလို႔ရသည္။ ဧည့္ခန္း၊ Master room 2ခု၊ ဧည့္သည္ေတြဘာေတြလာရင္ေနဖို႔တစ္ခန္း၊ ထမင္းစားခန္းစသည္ျဖင့္ပါ၏။
ေဘေဘး ပရိေဘာဂေတြထားသိုပုံကိုၾကည့္ရင္း ေခးဆက္ေနာက္ကလိုက္သြားလိုက္သည္။ ေနာက္ကၾကည့္ေတာ့ ေခးဆက္၏ ေျခသလုံးျဖဴျဖဴေဖြးေဖြးမ်ားကိုျမင္လိုက္ရသည္။ သူတကယ္ Kingကိုေလးစားခ်င္သြား၏။
သမာဓိအားေကာင္းမႈႀကီးက ေလးစားထိုက္သည္ပင္။ သူသာ Kingေနရာမွာဆို Condo တစ္ခုတည္းေနသည့္ ကိုယ့္Crushကိုဆြဲမစိဘဲမေနႏိုင္ေလာက္။
"ထိုင္ ႏိုရာ...ဘာစားမလဲ...Kingကပန္းခ်ီဆြဲေနတာလားမသိဘူး...Bellတီးတာကိုေတာ့ ၾကားမွာပဲ"
"အင္း...ငါပီဇာနဲ႔ၾကက္ေၾကာ္ေတြမွာထားတယ္ ဒီလိပ္စာနဲ႔...ခဏေနရင္ေရာက္လာမယ္ထင္တယ္"
ေျပာလိုက္ေတာ့ ေခးဆက္ကရယ္ၿပီး....
"မင္းကေတာ့ ဘယ္သြားသြားရိကၡါအျပည့္နဲ႔"
"ဟီး မဟုတ္ရင္ ဘာလာေကြၽးမလဲေမွ်ာ္ေနရမွာေပါ့"
ႏွစ္ေယာက္သား ဟိုဟိုဒီဒီေျပာကာရယ္ေနၾကရင္း ေခးဆက္ကရယ္သံတိကနဲရပ္သြားသည္။ မသိလွ်င္ သူ႔ေရွ႕ကို ၿဂိဳဟ္သားတစ္ေကာင္ျပဳတ္က်လာသလို၊ မ်က္လုံးအျပဴးသားေငးေန၏။
ေဘေဘး ေခးဆက္ၾကည့္ေနရာသို႔လွည့္ၾကည့္လိုက္ေတာ့ သူ Vcေခၚသည့္အခ်ိန္တိုင္းတြင္ ျမင္ရတတ္ေသာပုံစံ။ အခုက ရွပ္အက်ႌလက္တို အျဖဴေရာင္ခပ္ပြပြကို ခ်ည္ေဘာင္းဘီရွည္အနက္ခပ္ပြပြႏွင့္တြဲဖက္ဝတ္ဆင္ထားျခင္း။ ဆံပင္တို႔ကနဖူးထက္ဝဲက်ေနသည္။ ပုံစံကိုၾကည့္ရသေလာက္ ေရခ်ိဳးၿပီးေခါင္းေလွ်ာ္ထားပုံပင္။
ဒါကအရမ္းအရမ္းအရမ္းကိုေခ်ာေနသည္မွန္ေသာ္လည္း Condoတစ္ခုတည္းမွာအတူေနသည့္ ေခးဆက္အေနနဲ႔ ဒီေလာက္ႀကီးေတာ့ မၾကည့္သင့္ဘူးမဟုတ္လား။ ၾကည့္မယ့္ၾကည့္ အျပင္မွာမျမင္ဖူးတဲ့သူကပဲ ၾကည့္သင့္သည္မဟုတ္ပါလား။
ေဘေဘးစခ်င္လာ၍...
"အဟမ္း အဟမ္း...ေခးဆက္...မင္း Kingကို ဒီလိုပုံစံတစ္ခါမွမျမင္ဖူးလို႔လား... မ်က္လုံးႀကီးကိုသိမ္းပါဦးကြာ"
ၿပဳံးစိစိႏွင့္လွမ္းစလိုက္ေတာ့မွ ေခးဆက္ကသတိဝင္လာပုံေပၚကာ နား႐ြက္ဖ်ားမ်ားနီရဲသြားေတာ့သည္။ ထိုစဥ္ Kingက ေခးဆက္ႏွင့္တစ္ခုံေက်ာ္၊ေဘေဘးႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ဝင္ထိုင္လိုက္၏။ ထိုအခ်င္းအရာေၾကာင့္ ေဘေဘးတစ္ေယာက္ေျပာစရာစကားပင္မရွိေတာ့။
Crushနဲ႔တစ္ခုံေက်ာ္မွာဝင္ထိုင္တယ္တဲ့လား.... ေအး မင္းအဲ့ေလာက္ေစာင့္ထိန္းေနမွေတာ့ ငါ့ေကာင္ေလးပဲျဖစ္လာေတာ့မွာ....
ေဘေဘးက ေခးဆက္ကို စခ်င္ေသးသည္မို႔...
"ေခးဆက္ရာ...တကယ္ဆိုငါကျဖစ္သင့္တာကို အၿမဲျမင္ေနရတဲ့မင္းကျဖစ္ေနလိုက္"
စလိုက္ေတာ့ ေခးဆက္ကမ်က္ႏွာရဲရဲႏွင့္ေမာ့လာၿပီး....
"ငါတစ္ခါမွမျမင္ဖူးဘူးကြ"
"ဟမ္ ဘာ?"
ေဘေဘး အံ့အားသင့္စြာျပန္ေမးမိသည္အထိျဖစ္သြားသည္။
"ငါတစ္ခါမွ Kingကို ဒီပုံစံနဲ႔မျမင္ဖူးဘူးလို႔ေျပာတာ...ေလွ်ာက္စမေနနဲ႔"
ဒီတစ္ခါဆြံ႕အရသူက ေဘေဘးကိုယ္တိုင္။
"မင္းတို႔ႏွစ္ေယာက္က ၁၀တန္းတစ္ႏွစ္လုံးအတူေနၾကတာမဟုတ္ဘူးလား...အဲ့ဒါကို ဘာလို႔"
"Kingက သူ႔အခန္းထဲမွာပဲေနတာ"
"ဪ...ထမင္းစားေတာ့ေရာ"
"သူလည္းအခန္းထဲမွာပဲစားေတာ့ ငါလည္းအဲ့လိုပဲ"
"ဪ "
ေဘေဘး ဘာေျပာရမွန္းပင္မသိေတာ့။ Kingဘက္ကိုၾကည့္လိုက္ေတာ့ မ်က္ႏွာေသႏွင့္ထိုင္ေနသည္။
ဘာလဲ...သူက ဘုန္းႀကီးဝတ္မွာေတာ့မဟုတ္ဘူးမလား...ဘာလို႔ဒီေလာက္ထိေစာင့္ထိန္းေနတာလဲ...
ေဘေဘးတစ္ေယာက္ ကိုယ့္Crushႏွင့္တစ္အိမ္ထဲရွိေနတာေတာင္ ထိထိေရာက္ေရာက္အသုံးမခ်တတ္ေသာ အင္ႏိုးစန္႔ႏွစ္ေယာက္ကို သနားမႈအျပည့္ႏွင့္ၾကည့္လိုက္မိ၏။
သင္ေတာ့မေပးႏိုင္ဘူး...ငါလည္းစားရဦးမွာ...
ထိုစဥ္ Bellျမည္လာသည္မို႔ ေဘေဘးကထရပ္လိုက္ၿပီး....
"ငါမွာထားတာေတြေရာက္ၿပီထင္တယ္"
မွာထားသမွ်ကို သြားယူၿပီးေနာက္တြင္ေတာ့ ပီဇာမ်ားႏွင့္ၾကက္ေၾကာ္မ်ားကို ေဘေဘးက အမ်ားဆုံးအားေပးသည္။ ေခးဆက္က ဒုတိယလိုက္ကာ Kingကေတာ့ စားတယ္ဆို႐ုံသာ။ ထိုသို႔ အနည္းငယ္မွ်စားဖို႔ျပင္လိုက္သည့္အခ်ိန္တိုင္း ေဘေဘး၏ မထိတထိလုပ္မႈမ်ားကို ခံရေသးသည္။
ျပန္ခါနီးအခ်ိန္၌လည္း ေဘေဘးက ႏႈတ္ဆက္သလိုျဖင့္ ေခးဆက္ကို ၅စကၠန္႔ဖက္ကာ၊ Kingကို ၁၅စကၠန္႔ေလာက္ၾကာေအာင္ဖက္ခဲ့ၿပီး အသားယူခဲ့ေသး၏။