Unicode//
အတိတ်သို့တူးဆွခြင်း ၈
‘အဲ့တော့ အငြင်းခံလိုက်ရတယ်ပေါ့’
‘အေး ကိုကိုက သူ့အချစ်ဦးကိုမမေ့သေးဘူးထင်တယ်၊ သူ့မှာအချစ်ဦးရှိတယ်လို့ကြားဖူးတယ်၊ ဘာပဲဖြစ်ဖြစ်ကွာ ကြားထဲမှာလည်း သူအခြားကောင်လေးတွေနဲ့တွဲဖူးတာပဲ၊ ဘယ်သူမှမသိလည်း ငါသိတယ်၊ တစ်ခါ ကိုကိုငါ့ကိုစာသင်ပေးနေတုန်း သူ့ကောင်လေးဆီကဖုန်းလာဖူးတယ်လေ’
‘မင်းကကောင်လေးမှန်းဘယ်လိုသိ?’
‘အေး ကိုကိုက Toiletဝင်နေတာကွာ၊ ဖုန်းလာတော့ငါလည်းခိုးကိုင်တာ၊ တစ်ဖက်ကဘဲက ချွဲပျစ်နေတာပဲ ၊ အဲ့ကတည်းကသိတာ ငါကိုင်တာသိသွားတော့ ကိုကိုကငါ့ကိုဆူတယ်’
‘အေးလေ ခိုးကိုင်တာကိုး’
‘မင်းကလည်း မကိုင်ရင်ကိုကိုကငါ့လိုဆိုတာဘယ်သိမလဲ၊ ကိုကိုကအေးတယ်ကွ၊ သူ့မာမီနဲ့လည်းဆိုင်မယ်ထင်တာပဲ၊ သူ့မာမီကအရမ်းချုပ်ထားတော့ ကိုကိုကခံမပြောနားမထောင်နဲ့လုပ်ချင်တာလုပ်နေတာ’
‘မင်းကိုကိုအေးတာတော့ငါမမြင်ဖူးပေမဲ့ ငါ့Crushကတော့ ရေခဲတိုက်ထဲကအလောင်းထက်တောင် အေးခဲပြီးတောင့်နေတာမျိုး ငါ့မှာ သေအောင်နှဲ့နေရတာ မင်းထက်ငါကပိုဆိုးတယ်’
‘နေပါဦး မင်းပို့စ်တွေကိုကြည့်ရသလောက် မင်းကနှဲ့သာနှဲ့နေတာ နဲ့လာမှာလည်းကြောက်တဲ့ကောင်မျိုး’
‘အေး သူနဲ့ငါကမဖြစ်နိုင်ဘူး သူ့မိသားစုအနေအထားကြောင့်ရယ်၊ အဓိကကတော့ သူက မင်းကိုကိုလိုမဟုတ်တာပဲ မင်းကမှမျှော်လင့်ချက်ရှိဦးမယ်’
‘ဘာလဲ မဖြစ်နိုင်ဘူးဆိုတာက?’
‘ပြောရရင်ကွာ ကြွားတယ်တော့မထင်နဲ့ ငါကဒီနိုင်ငံမှာတော်တော်ချမ်းသာတယ် အဲ့အတွက် ငါကတော်ရုံချမ်းသာတာလောက်ကိုစာရင်းမသွင်းဘူးကွာ ငါကြိုက်ရင် ဘယ်သူဖြစ်ဖြစ်ခိုးပြေးမှာ ခိုးပြေးလို့ရတဲ့အနေအထားလည်းရှိတယ်ကွာ’
‘အေး အဲ့ဒါဆိုလုပ်လိုက်လေ’
‘လုပ်လို့မရလို့ပေါ့ကွ သူက ချမ်းသာတာထက် သူတို့မျိုးနွယ်ရဲ့အနွယ်တော်မျိုးရိုးဖြစ်နေတာ ပြောရရင်နောက်ခံအသိုင်းအဝိုင်းကဆန့်ကျင်ဘက်ပဲ ငါ့ဘက်ကလည်း သိပ်သေးသေးတင်ခံတာမဟုတ်ဘူး သူကဆွေပြတ်မျိုးပြတ်ဖြစ်သွားမှာ၊ နောက်ပြီး ငါ့ဘက်များပါလာမလားလို့ ဆွဲဆောင်ရတာလည်းအမောပဲ၊ ပါလာရင်တော့တစ်မျိုးပေါ့၊ ဒါပေမယ့် သူကမလှုပ်မယှက်ပဲ၊ အေး နောက်ဆုံးမဖြစ်နိုင်ဘူးလို့ သတ်မှတ်လိုက်တဲ့အချက်က သူနဲ့ငါယှဉ်ရင် ငါက Roleပျောက်သွားတာပဲ ငါ့အရပ်က ၆ပေကွာ တော်ရုံငါတို့နိုင်ငံကကောင်တွေယှဉ်မရတဲ့အရပ်မျိုး အေး အဲ့ဒါတောင် ဒင်းကငါ့ထက်ရှည်တယ် ရှည်တာတောင်အကုန်ရှည်နေတာ ချီး...’
‘Lol so sad bro’
‘အေး စကားမစပ် မင်းရောဆေးလိပ်သောက်တာကြာပြီလား’
‘အေး သောက်တယ်၊ မင်းပို့စ်အောက်ကCmtကိုမြင်ပြီး တစ်လအကြာမှာစသောက်တာ၊ ဒီမှာက တော်တော်ဝယ်ရခက်တယ်ကွ၊ Onlineကမှာတာဆိုပေမဲ့ ဆေးလိပ်ဆင်းယူဖို့ရုပ်တော်တော်ဖျက်ရတယ်၊ တော်ကြာမရောင်းဘဲပြန်သွားမှာစိုးလို့၊ ဒါပေမဲ့ အများကြီးမသောက်ပါဘူး၊ ကိုကို့ကိုလွမ်းတဲ့အချိန် ခဏလေးဖွာလိုက် မီးသတ်လိုက်နဲ့ တစ်နေ့ကိုသုံးခါခွဲပြီးဖွာတယ် ဘာလို့လဲ’
‘ငါတစ်ယောက်တည်းသောက်ရတာပျင်းလို့ အဖော်လေးရှိတော့ပိုကောင်းတယ်လို့ခံစားရတယ်လေ တကယ်တော့ငါလည်းစွဲနေတာတော့မဟုတ်ဘူး သူ့ကိုလွမ်းတဲ့အချိန်ပဲသောက်တာ မင်းလိုတော့ခွဲလွမ်းပြီးခွဲမသောက်ဘူး သူ့ကိုလွမ်းတဲ့အချိန် လုပ်စရာကအများကြီးလေ ဆေးလိပ်ကိုတော့အိပ်ခါနီးမှသောက်တယ် စိတ်ကူးယဉ်ပြီးပိုအိပ်လို့ကောင်းတယ်လို့ ခံစားရလို့’
ထိုစာကိုပို့လိုက်ပြီးနောက် ဘေဘေးပြုံးလိုက်မိသည်။ တစ်ဖက်မှTypingရိုက်နေသည်ကို မသိချင်ယောင်ဆောင်ကာ လိုင်းပိတ်လိုက်၏။ဒါက သူတို့နှစ်ယောက်ကြားမှာရှော့မရှိ။ နှစ်ယောက်သားက လိုင်းတက်ချင်တက်သည်။ဆင်းချင်ဆင်းသည်။ နှုတ်ဆက်တာဘာညာမရှိ။ စာပို့လိုက်လို့ Deliveredမဖြစ်လျှင် Autoသိကြသည်သာ။
ထို Power Rangerဟူသည့် Fake Accနှင့်စသိခဲ့သည်မှာ လဝက်လောက်ပင်ရှိဦးမည်။ ထိုအကောင့်ပိုင်ရှင်ဘက်ကစ၍စကားလာပြောခြင်းဖြစ်သည်။ Friendကတော့ ဘယ်ချိန်ကဖြစ်ထားမှန်းမသိ။ အမှန်တော့ သူလည်း Fake Accနှင့်ပင်ဖြစ်၏။ 'Beloved King'ဟူသော Accတုဖြင့် 'Crushအကြောင်းအတင်းပြောကြမယ်'ဆိုသော Gpတွင် ပို့စ်များတင်ခဲ့ရာမှ သူ့ကိုစသိခဲ့သည်ဟုဆိုကာမိတ်ဖွဲ့လာခဲ့ခြင်း။
ကြောင်တောင်တောင် Nameကြောင့်အဖတ်မလုပ်ဖို့စိတ်ကူးခဲ့သော်လည်း သူလည်း ကိုယ်နှင့်ဘဝတူတွေဖြစ်ကြောင်း၊ ကိုယ့်ပို့စ်အောက်ကမန့်တစ်ခုကြောင့် ဆေးလိပ်စသောက်ဖြစ်ခဲ့ကြောင်းစသဖြင့်ပြောလာသည်။ ထိုမှတစ်ဆင့်အချင်းချင်း ဟိုပြောဒီပြောနှင့် အချိန်တိုအတွင်းရင်းနှီးသွားကြ၏။
Personal Infoတွေကိုထုတ်မပြောဖြစ်ကြသလို၊မေးလည်းမမေးဖြစ်ကြ။ ပြောကြလည်း Fake accတွေနှင့်မို့အချင်းချင်းယုံစရာသိပ်မရှိ။ သို့သော် ယုံရခြင်း၊မယုံရခြင်းကသိပ်အရေးမပါ။ နှစ်ယောက်လုံးကအသေးစိတ်တွေပြောကြတာမဟုတ်။ ဘဝတူတွေမို့ အချင်းချင်းရင်ဖွင့်ကြခြင်း။
ဒီကောင့်အပြောအရတော့ သူက မြန်မာပြည်ကမဟုတ်လောက်။ သူ့ဘဲကြီးက သူ့ကိုစာသင်ပေးတဲ့ပုံပင်။ အသက်ဘယ်လောက်ကွာလဲတော့မသိ။ ကိုကိုလို့ခေါ်တာပဲသိရသည်။ စကားအသွားအလာကိုကြည့်ရသလောက် ဟန်ထုတ်ပြီးပြောတာမဟုတ်လျှင် သူနှင့်သူ့ဘဲကြီး၏ မိသားစုအခြေအနေကတော်ရုံထဲကတော့မဟုတ်လောက်။ နောက်ပြီး သူ့မိသားစုနှင့်သူ့ဘဲကြီးမိသားစုကမိတ်ဆွေတွေဆိုလား။ဒါက နည်းနည်းတော့မြန်မာကားဆန်ချင်သည်။
ခြုံပြောရရင်တော့ သူကသူ့ဘဲကြီးကိုကြိုက်သည်။ သူ့ဘဲကြီးက သူ့ကို Brother Zoneထဲအတင်းထည့်နေသည်။ ဖွင့်ပြောလိုက်တဲ့အချိန်မှာ 'ကလေးက ကလေးလိုနေ'ဆိုပြီးအပြောခံရတာကြီးကတော့ အတော်ရင်ခံချင်စရာ။
ရှိစေတော့။ သူ့ထက်ပိုဆိုးနေတာက ကိုယ့်ဘဝ။ ဟိုမရောက်ဒီမရောက် Zoneလို့ပြောရအောင်ကလည်း အဲ့ဟိုမရောက်ဒီမရောက်ဆိုတာက ဘယ်ဟာနဲ့ဘယ်ဟာကြားလဲတောင်မသိ။
စိတ်ပျက်လက်ပျက်နှင့် အိပ်ယာထက်ဝမ်းလျားမှောက်ကာ လှဲချလိုက်သည်။ Kingနှင့်အဆက်အသွယ်မရတာ ၁ပတ်ခန့်ရှိပြီဖြစ်သည်။ ခေးဆက်ကိုလှမ်းမေးတော့လည်း မသိဘူးဟုဆို၏။ လိုင်းလည်းမတက်၊ ဖုန်းဆက်ကြည့်တော့လည်း စက်ပိတ်ထားသည်။ ခေးဆက်ကို သွားကြည့်ဖို့ဘာညာပြောချင်သော်လည်း အရမ်းကြီးသိသာသွားမှာစိုး၍ သိပ်မပြောရဲ။ သူ့ဘဝက လွမ်းဖို့သာတတ်နိုင်သည်။
နောက်တစ်ပတ်ဆို အောင်စာရင်းထွက်တော့မည်ဖြစ်၏။ ထိုနေ့တွင်တော့ အဆက်အသွယ်ပြန်ရကောင်းရလောက်သည်မို့ မျှော်လင့်နေမိသည်။ ထူးမြတ်ကတော့ ဩဇီတွင်ကျောင်းဆက်တက်ဖို့ ဝင်ခွင့်ဖြေရန် စာများလေ့လာနေရသည့်အတွက် အရင်လို လိုင်းပေါ်တွင်စကားမများနိုင်တော့။
ခေးဆက်နှင့်သာဟိုပြောဒီပြောပြောဖြစ်သည်။ သို့သော်ငြား သူ့ရည်ရွယ်ချက်လေးမရှိတော့ ဘာလုပ်ဖို့မှစိတ်မပါ။ ကြည့်စေချင်တဲ့သူမရှိတော့ ပုံတွေလည်းမပို့ဖြစ်။ လက်မတစ်ချောင်းဖြင့် လိုင်းကိုဖွင့်လိုက်၊ ဟိုဆွဲဒီဆွဲလုပ်လိုက်၊ လိုင်းပြန်ပိတ်လိုက်လုပ်နေရင်းမှ Galleryကိုမှားနှိပ်မိသည်။ ပျင်းပျင်းရှိတာကြောင့် ဓာတ်ပုံတွေကိုဟိုဆွဲဒီဆွဲလုပ်ရင်း ခေါင်မိုးထပ်တွင်ရိုက်ထားသောပုံလေးကိုတွေ့တော့ အနည်းငယ်ဆွေးချင်သွားသည်။ ခါးကိုဖက်မိသွားသည်အားစဉ်းစားမိတော့ အတည်ပေါက်ဆွေးသွားတော့၏။
အရမ်းလွမ်းတယ်....
ပုံလေးအား Zoomဆွဲပြီး မြင်ရသလောက်ကို သေချာလိုက်ကြည့်ကာ မှတ်သားမိသည်။ ထို့နောက် အလွမ်းနယ်ထဲမကျွံချင်သည်မို့ ပုံတို့ကိုဆက်ဆွဲလိုက်မိ၏။ Albumတစ်ခုပြီးတစ်ခုကိုလိုက်နှိပ်ကြည့်ရင်း ယခင်ဖုန်းအဟောင်းထဲမှကူးထည့်ထားသောပုံများကိုကြည့်မိတော့ အလွမ်းဓာတ်ခံရှိသောသူ့အဖို့ ငိုမချမိရုံတမယ်။
"ကိုကို့ရဲ့ပိုတေးလေး"
နှုတ်မှရေရွတ်ကာ စခရင်ထက်ပေါ်နေသောပုံလေးကို လက်ချောင်းတို့ဖြင့်ဖွဖွထိတို့မိသည်။ လွန်ခဲ့သော ၂နှစ်ကျော်လောက်က ပိုတေးလေးပျောက်သွားခဲ့သည်။ လက်တစ်ဆုပ်စာ အကောင်သေးသေးလေးက မိနစ်ပိုင်းလေးအတွင်းမျက်စိရှေ့မှပျောက်သွားခဲ့ခြင်းပင်။
ထိုနေ့က ပိုတေးအနည်းငယ်မှိုင်နေသောကြောင့် ဆေးခန်းပြရန်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဆေးခန်းရှေ့ရောက်တော့ အထဲတွင်အနည်းငယ်ရှုပ်နေသည်မို့ ပိုတေးကို ဆေးခန်းဝတွင်ထိုင်နေသော ကောင်လေးအား ခဏအပ်ကာ စတိုးဆိုင်တွင်ရေသန့်ဘူးဝယ်ဖို့ အမြန်သွားခဲ့သည်။ ထိုအချိန်ခဏလေးအတွင်းမှာပင် ပိုတေးသည်ပျောက်ခြင်းမလှပျောက်သွားခဲ့သည်မှာ ယနေ့ထက်တိုင်။
Cctvပြန်ကြည့်တော့ အဝတွင်ထိုင်နေသောကောင်လေးက ဆေးခန်းတွင်းမှထွက်လာသော ခွေးစုတ်ဖွားလေးတစ်ကောင်ကိုချီထားသည့် အဒေါ်ကြီးတစ်ယောက်နှင့်အတူ ပြန်ထွက်သွားသည်။ ထို့နောက် ပိုတေးသည်လည်း သူထွက်သွားရာ စတိုးဆိုင်ဘက်သို့ ပြေးထွက်သွား၏။ လမ်းတစ်လျှောက်ရှိနေသော Cctvများကို သူအတတ်နိုင်ဆုံး ခွင့်တောင်းကာ လိုက်ကြည့်ခဲ့သော်ငြား Cctvမရှိသောနေရာများအလွန်ရှိ Cctvများတွင်တော့ ပိုတေးကိုအစအနပင်ရှာလို့မတွေ့တော့။ သူဘယ်သူ့ကိုမှအပြစ်မတင်နိုင်ခဲ့။ သူ့ကိုယ်သူသာအပြစ်တင်မိခဲ့သည်။
ယူကြုံးမရဖြစ်ကာ ငိုကြွေးခဲ့ရသည့်နေ့ရက်များကိုဖြတ်ကျော်ခဲ့ပြီးနောက် စိတ်ကပိုဆတ်လာပြီး ရန်ဖြစ်ခဲ့ရသောနေ့ရက်များသို့ရောက်လာခဲ့သည်။ ၉တန်းနှစ်တွင် ရန်ပွဲအလီလီဆင်နွှဲပြီးနောက် ထိုနှစ်အပြီး သင်္ကြန်တွင် ကံ့ကော်ပန်းများကိုတွေ့ခဲ့ရာမှ ကံ့ကော်သင်းနံ့ပိုင်ရှင်လေးကိုသတိပြန်ရခဲ့ပြီး စိတ်အစဉ်ကို ထိုရနံ့နှင့်ထိုရနံ့ပိုင်ရှင်ထံနှစ်ပစ်ခဲ့၏။ ထို့နောက်တွင်တော့ စိတ်တို့ကအနည်းငယ်ပြန်လည်နူးညံ့လာပြီး ပျော်ရွှင်မှုတို့ကိုပြန်လည်ခံစားတတ်လာသည်။
သတိမထားမိလိုက်သည့်အချိန်မှာပင် Kingသည် သူ့ဘဝ၏အရာရာဖြစ်ခဲ့သည်။
အတွေးတို့ကိုအဆုံးသတ်လိုက်တော့ သူမျက်ဝန်းထောင့်တို့တွင် အေးတိအေးစက်ဖြစ်နေသည်ကို ခံစားလိုက်ရ၏။ မျက်ရည်တို့သည်ပူနွေးသော်လည်း စိုစွတ်မှုနှင့်Air con၏အအေးဓာတ်ပေါင်းသွားတော့ အေးတိအေးစက်ကိုသာခံစားရသည်။ ထိုမျက်ရည်တို့ကိုမသုတ်ဖယ်မိပါ။
သူရင်ဖွင့်ချင်ပါသည်။ မွန်းကြပ်လွန်းသည်ဟုရင်ဖွင့်ချင်သည်။ ချစ်ရသူထံမှနှစ်သိမ့်မှုကိုလိုချင်၏။ ဘာမှမနှစ်သိမ့်ပေးနိုင်ရင်တောင် ခေါင်းလေးကိုဖွဖွပုတ်ပေးရုံ၊ ခဏတာပွေ့ဖက်နှစ်သိမ့်ပေးရုံလောက်နှင့်ပင် ကျေနပ်ပါသည်။ သူကဒီလောက်လေးတောင်မရနိုင်တော့ဘူးလား။ အဲ့လောက်လေးရဖို့တောင် မထိုက်တန်ဘူးလား။
ငြိမ်နေလေလေ အတွေးတို့ကများလာလေလေဖြစ်သည်။ အတွေးများခြင်းသည် မည်သည့်နေရာမှာမှမကောင်း။ အထိန်းအကွပ်မဲ့နေသောအတွေးတို့သည် Negativeဘက်သို့သာ အများဆုံးဦးတည်တတ်ကြသည်။
ဘေဘေး လှဲနေရာမှ ချက်ချင်းထရပ်လိုက်သည်။ ထို့နောက် ရေချိုးခန်းဆီသို့ဦးတည်လိုက်၏။
ဘေစင်မှ ရေပိုက်ခေါင်းကိုဖွင့်ချလိုက်ပြီး ရေအေးအေးဖြင့် မျက်နှာကို အေးသွားသည်အထိသစ်လိုက်ကာ လည်ပင်းတို့ကိုပါ ရေနှင့်ပွတ်သပ်လိုက်သည်။ ထို့နောက် ဘေစင်ရှိ ရေထွက်ပေါက်ကို အပိတ်ဖြင့်ပိတ်ဆို့လိုက်သည်။ ရေကျရာနေရာတည့်တည့်တွင်လက်ကိုချထားလိုက်ပြီး လက်ကိုထိတွေ့လာသောအေးမြမှုကိုသာ အာရုံစိုက်ထားလိုက်၏။ တဖြည်းဖြည်းနှင့်ဘေစင်ထဲတွင်ရေပြည့်လာကာ ရေများ လျှံကျလာသည်။
ဘေဘေးကတော့ ဘေစင်ထဲရှိလက်တွင်သာစိတ်နှစ်ထားဆဲ။ နောက်ဆုံး ခြေထောက်တို့ညောင်းလာပြီး လက်ဖဝါးနှစ်ဖက်လုံးပဲကြီးရေခွံတွန့်လာတော့မှ ရေထွက်ပေါက်ကိုဖွင့်လိုက်ပြီး ရေပိုက်ခေါင်းအားပိတ်လိုက်သည်။
ထို့နောက် မှန်တွင်ပေါ်နေသော မှုန်ကုပ်ကုပ်မျက်နှာကို စိုက်ကြည့်လိုက်၏။
"ပျော်ပျော်နေစမ်း ဘေးနိုရာ... ဘဝကတိုတိုလေး... အေး မင်းကဒီ့ထက်တောင် ပိုတိုချင်နေသေးတာမဟုတ်လား... ဘာလို့လဲဆိုတော့ မအိုချင်လို့၊စိတ်မညစ်ချင်လို့လေ... အဲ့ဒါကို အခုကတည်းကစိတ်ဆင်းရဲနေမလို့လား....စိတ်ဆင်းရဲနေတာက ဖြေရှင်းချက်လား....စိတ်ဆင်းရဲနေရုံနဲ့ အချိန်တန်ရင်စိတ်ချမ်းသာရမှာလား... ကိုယ့်အတွက်အကျိုးမရှိတာမလုပ်စမ်းနဲ့...ဟုတ်ပြီလား....အိုခေ....အခု ပြုံးနေရင်း အသက်ကိုပြင်းပြင်းရှူသွင်းမယ်....ရှူထုတ်မယ်....၅ကြိမ်စီ လုပ်ပြီးတာနဲ့ သွားပေါ်တဲ့ထိရယ်မယ်....ပျော်ပျော်ပြန်နေမယ် "
ထို့နောက် မျက်နှာကိုအတတ်နိုင်ဆုံးပြုံးကာ မှန်ထဲကိုကြည့်လိုက်ပြီး....
....ငါပျော်နေတယ်....’ရှူသွင်း’
....ငါပျော်နေတယ်....’ရှူထုတ်’
....ငါပျော်နေတယ်.....’ရှူသွင်း’
....ငါပျော်နေတယ်.....’ရှူထုတ်’
.....
.....
.....
.....
.....
.....
ရှူသွင်းရှူထုတ်ကို ငါးကြိမ်စီလုပ်ပြီးတာနဲ့ သွားပေါ်အောင်ပြုံးလိုက်ပြီး အသံအနည်းငယ်ထွက်သည်အထိရယ်မောလိုက်ပြီးနောက် ရေချိုးခန်းထဲမှပြန်ထွက်ကာ ဘာကိုမှထပ်မစဉ်းစားမိအောင် လေ့ကျင့်ခန်းလုပ်ဖို့ဆုံးဖြတ်လိုက်၏။
ကိုရီးယားကားတွေထဲမှာ အသည်းကွဲရင် လမ်းတစ်လျှောက်အားကုန်ပြေးပြီးအော်ဟစ်ပစ်လိုက်ကြတာကို အရင်ကအပိုတွေလို့ထင်ခဲ့ဖူးသည်။ တကယ်တော့ လေ့ကျင့်ခန်းလုပ်ခြင်းသည် အတွေးလှိုင်းလုံးကြီးကို ဖြိုခွင်းပေးနိုင်ပါ၏။
နာကျင်ခံစားရမှုတို့သည် အတွေးများကြောင့်သာဖြစ်သည်။ အခြားလူတစ်ဦးတစ်ယောက်၏လုပ်ရပ်၊ တစ်စုံတစ်ရာသောဖြစ်ရပ်တို့နှင့်မဆိုင်ဘဲ နာကျင်မှုကိုခံစားနေရသောလူနှင့်သာသက်ဆိုင်၏။
စိတ်သည် ချွန်းအုပ်ဖို့အခက်ဆုံးအရာပင်။ ချွန်းမအုပ်နိုင်ဘဲ အတွေးများလေလေ၊ မိမိတွင်အထိနာလေလေဖြစ်သည်။
အလုပ်မရှိသောလူအများစုသည် Depressionကိုပိုမိုခံစားရတတ်ကြသည်။ အလုပ်မရှိလေ အတွေးများလေဖြစ်၏။ အတွေးတို့သည် Negativeဘက်ကိုသာရောက်လေ့ရှိသောကြောင့် အလုပ်မရှိသောသူများသည် ဒရမ်မာအခင်းနိုင်ဆုံးလူသားများဖြစ်ကြသည်။
ထို့ကြောင့် ဘေဘေးသည် အရှုပ်များအမြဲလုပ်ကာ အလုပ်အမြဲရှုပ်အောင်နေနေခြင်းပင်။ အခုကတော့ ဘယ်သူ့ကိုအရှုပ်လုပ်ရမှန်းမသိ၍ အတွေးများဝင်လာခွင့်ရသွားခြင်းဖြစ်သည်။ ဒါမျိုးအခြေအနေကိုသူလက်မခံနိုင်ပါ။
စိတ်ပင်ပန်းသည့်အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည်အကောင်းဆုံးဖြစ်သည်။ မောပန်း၍ အသက်ကိုပင်လုရှူနေရသောအခြေအနေမျိုးတွင် မည်သည့်အတွေးမှဝင်မလာတတ်။ ချွေးထွက်သွားသည့်အချိန်တွင်ခန္ဓာကိုယ်ကပေါ့ပါးလာပြီး အိပ်ချိန်၌လည်း အတွေးများပင်နေရာယူချိန်မရှိ။ ပင်ပန်းမှုကြောင့်ခေါင်းအုံးနှင့်ခေါင်းထိသည်နှင့် ချက်ချင်းအိပ်ပျော်သွားသည်သာ။
>>>
ဒီနေ့အောင်စာရင်းထွက်သည်။ Kingနှင့်ထူးမြတ်က ဘာသာစုံဂုဏ်ထူးပါပြီး ခေးဆက်က ၅ဘာသာ၊ သူကတော့ ၃ဘာသာပါ၏။
သူ့အနေနှင့်ဂုဏ်ထူးဘယ်လောက်ဘာညာကို စိတ်ဝင်စားသည်မဟုတ်။ စိတ်ဝင်စားသည်က နက်ဖြန်ဆို Kingနှင့်အဆက်အသွယ်ပြတ်နေတာ ၂ပတ်ပြည့်ပြီဖြစ်သည်။ ဒီနေ့တွင်ပေါ်လာနိုးနိုးစောင့်နေမိခဲ့သော်လည်း မျှော်လင့်ထားသလိုဖြစ်မလာခဲ့။
မေမေနှင့်ဖေဖေတို့၊ကယ်လေးနှင့်ဒယ်ဒီတို့အားလုံးက ဘာလိုချင်လဲဘာညာမေးကြသော်လည်း ဘာလိုချင်ချင်သူ့ဘာသာဝယ်လို့ရသည့်အနေအထားဖြစ်သည့်အပြင် လက်ရှိတွင် လိုချင်သည်ကဘာမှမရှိ။ ရနိုင်လျှင် Kingတစ်ယောက်ကိုသာလိုချင်ပါ၏။
နောက်ပြီး ဒီနေ့က သူဆေးလိပ်သောက်သည်ကိုမိသွားသည့်နေ့။ မိသွားတာကလည်းတစ်ခြားကြောင့်မဟုတ်။ ကယ်လေးတစ်ယောက် အလုပ်မရှိအလုပ်ရှာပြီး ဥယျာဉ်ထဲရှိ Cctvအားပြန်ကြည့်ရာ၌ ဆေးလိပ်သောက်သောသူ့အား ကွက်ကွက်ကွင်းကွင်းမိသွားခြင်း။
ခုလည်း ဩဝါဒခြွေတာကိုနားထောင်ဖို့စောင့်နေရခြင်း။ ကယ်လေးကတစ်ခုတော့ကောင်းပါသည်။ မေမေ့ကိုတော့အသိမခံ။ စိတ်ပူတတ်တာသိ၍ဖြစ်မည်။ မေမေ မုန့်တွေသွားပြင်နေသည့်အချိန်တွင် ဖေဖေ့ကိုသာအကျိုးသင့်အကြောင်းသင့်ပြောသည်။ ကိုယ့်အပြစ်နှင့်ကိုယ်မလို့ အဆူခံဖို့သာစောင့်နေလိုက်၏။
ထိုစဉ်....
"သား ဒယ်ဒီနဲ့စကားပြောမလား"
ဒယ်ဒီ့အသံကြည်ကြည်က အမိန့်လည်းမဆန်သလို၊မေးခွန်းလည်းမဆန်ပါ။ နေရခက်နေသောအခြေအနေတစ်ခုတွင် လွတ်မြောက်ရာနေရာတစ်ခုကို ရှာတွေ့လိုက်ရသလိုပင်။
"ဟုတ်"
"အင်း...အငယ် ကိုယ်သားနဲ့ ခြံထဲမှာရှိမယ်"
ဒယ်ဒီက သူ့ရဲ့သက်ဆိုင်သူအား သံတော်ဦးတင်ပြီးမှ ရှေ့မှဦးဆောင်ထသည်။ ထို့နောက် သူ့လည်း ဒယ်ဒီ့နောက်ကိုလိုက်သွားလိုက်၏။
ယောက်ျားတွေက ကြီးလေပိုခန့်လာလေဆိုသည်မှာ ဒယ်ဒီနှင့်မှပိုပေါ်လွင်သလိုပင်။ လည်ကတုံးအဖြူနှင့်ပုဆိုးကွက်စိပ်ကိုဝတ်ထားသော ဒယ်ဒီသည် တစ်နေရာသွားပြီးမှဝင်လာပုံရသည်။ ကယ်လေးသည်လည်းပုံစံတူဝတ်ဆင်ထားသည်မို့ သူ့အတွေးကမလွဲနိုင်။ ဒယ်ဒီ့ရဲ့ခြေလှမ်းတွေမှာ အရှိန်အဝါတစ်ခုလွှမ်းနေသည်။ လမ်းလျှောက်နေသည့်ဟန်ပန်၊ အရပ်အမောင်း၊ သပ်သပ်ရပ်ရပ်ညှပ်ထားသော ဆံပင်ပုံစံနှင့် ရင့်ကျက်သောမျက်နှာသွင်ပြင်တို့ကြောင့် ဒယ်ဒီသည် ယခုထက်တိုင် ဆွဲဆောင်မှုကကျမသွားသေး။
ခြံထဲရောက်တော့ ဒယ်ဒီက မေမေစိုက်ထားသော ပန်းစင်ဘေးရှိ သစ်သားစားပွဲဝိုင်းတွင်ထိုင်ဖို့ပြောလာသည်။ ထိုင်ခုံ ၅ခုံရှိတာမို့ တစ်ယောက်ယောက်လာလျှင်လည်း ဘုံပျောက်စရာအကြောင်းမရှိ။ ဒယ်ဒီသည် သူ့ဘေးတွင်ကယ်လေးရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ အမြဲကယ်လေးအတွက်ထည့်စဉ်းစားပေးတတ်သူပင်။
ဒယ်ဒီ ခုံတစ်လုံးတွင်ဝင်ထိုင်လိုက်သည်နှင့် သူလည်း ခုံတစ်လုံးဆွဲကာယူထိုင်လိုက်သည်။ ထို့နောက် ပြောလာမည့်စကားကိုစောင့်နေလိုက်၏။ ဒယ်ဒီက သူ့ကိုကြည့်ကာပြုံးလာပြီး....
"Relax သား....ပြီးမှ သားကယ်လေးလာဆူလိမ့်မယ်....ဒယ်ဒီက သားအနေကြပ်မှာစိုးလို့ခေါ်ထုတ်လာတာ"
ဒယ်ဒီ့အပြောကြောင့် သက်ပြင်းကိုခပ်ဖွဖွချလိုက်ပြီး လိုက်ပြုံးမိသွားသည်။ ဒီနှစ်ပတ်လောက်အတွင်း စိတ်ပါလက်ပါပြုံးမိတာ ဒီတစ်ကြိမ်က ပထမဆုံးဖြစ်မည်ထင်၏။ စိတ်တို့ကအနည်းငယ်ပေါ့ပါးသွားသလိုပင်။
"သား အဆင်ပြေရဲ့လား"
ဒယ်ဒီမေးခွန်းတိုင်းက သူ့အတွက်အမြဲလွတ်လပ်ပါသည်။ ဖြေချင်သလိုဖြေနိုင်ပြီး ဒယ်ဒီက ထိုအဖြေအပေါ်လိုက်မေးခွန်းထုတ်လေ့မရှိ။ ဒီနေရာမှာ 'ဟုတ်ကဲ့'လို့ဖြေလိုက်လျှင်တောင် ဒယ်ဒီက သူ့အဖြေကိုလက်ခံပေးမည်သာ။ သို့ပေမဲ့....
"ဟင့်အင်း မပြေဘူး ဒယ်ဒီ"
အဝေးတွင်မြင်နေရသော တိမ်စိုင်တို့ကိုငေးကာပြန်ဖြေမိ၏။ အချစ်အတွက် Depressionဝင်နေတာလားလို့ ပြောလည်းခံလိုက်မည်။ လူတိုင်းက နာကျင်မှုကိုခံနိုင်ရည်ရှိပုံချင်းမှမတူပဲလေ။
"သား ပြောပြချင်ရဲ့လား"
ဒယ်ဒီ့ရဲ့အကြည်ဓာတ်ပါသောအသံက လျှို့ဝှက်ချက်တွေအားလုံးကိုတောင်ဖွင့်ပြချင်လောက်သည်အထိ ဗို့အားပြင်းသည်။
"သား ပိုတေးကိုလွမ်းတယ် နောက်ပြီး...."
"....."
"အဟွန်း....တစ်ယောက်ယောက်ကိုရောပေါ့"
"အင်း"
ထို့နောက် သူရယ်လိုက်မိသည်။ ဒယ်ဒီကသူ့နှင့်အတူလိုက်ရယ်၏။
"တကယ် ရယ်ရတယ်....သားဘက်ကအရမ်းသိသာနေတာတောင် သူကမသိဘူး ဒယ်ဒီ...နောက်ပြီး သူသားကိုမဆက်သွယ်ချင်လို့ထင်တယ်....ဆက်သွယ်လို့ရမဲ့ဟာမှန်သမျှကိုဖြတ်သွားတယ်... သူ့ဘက်ကစမဆက်သွယ်ချင်နေပါ...သားဘက်က သူ့ကိုဆက်သွယ်တာကိုတောင်မလိုချင်တော့တဲ့အထိ သားကသူ့အတွက်ဘာမှမဟုတ်ခဲ့ဘူးထင်တယ်... အဲ့လောက်လုပ်ခွင့်ရဖို့တောင်မထိုက်တန်တဲ့လူလိုပဲ"
နောက်ဆုံးစကားကို အသံမတုန်အောင်ထိန်းပြောရင်း တိခနဲဖြတ်ချလိုက်သည်။ လေငြိမ်နေသည်မို့ တိမ်တိုက်တို့သည်လည်းငြိမ်သက်စွာ။ ဒယ်ဒီကလည်း ဘာမှပြန်မပြောဘဲခဏငြိမ်သက်နေပြီးမှ ပြောလာ၏။
"သားက စိတ်ဖတ်တတ်တဲ့လူလား"
"....."
ဒယ်ဒီ့အမေးကြောင့် သူနားမလည်သလိုလှည့်ကြည့်လိုက်တော့ ဒယ်ဒီကပြုံးသည်။
"သားက သူ့စိတ်ကိုဖတ်တတ်တယ်လား...သူ့ဘက်ကသားအပေါ်ကို အဲ့လိုတွေးပါတယ်လို့ သူကသားကိုပြောလား..."
"ဒယ်ဒီဘာကိုပြောချင်တာလဲ"
"လူတိုင်းမှာအကြောင်းကိုယ်စီရှိကြတယ်...သားမှာလည်း အကြောင်းမျိုးစုံရှိနေတာပဲမလား....သူလည်း အကြောင်းတစ်ခုခုရှိမှာပဲလို့သားတွေးသင့်တယ်... သားကိုမဆက်သွယ်ချင်လို့လို့သူပြောခဲ့လား....အဲ့လို Negativeဆန်တဲ့အတွေးမျိုးကို သားဘာသာတွေးပြီး သားဘာသာစိတ်ဆင်းရဲနေရတာမလား...."
"သားလည်း အဲ့လိုတွေမတွေးချင်ဘူး ဒယ်ဒီ.... Negative thoughtsတွေဝင်လာတိုင်း အရမ်းပင်ပန်းရတယ်...မတွေးမိအောင်ဘယ်လိုလုပ်ရမလဲ"
အားကိုးတကြီးမေးလိုက်မိတော့ ဒယ်ဒီကပြုံးသည်။ ဒယ်ဒီ့အပြုံးက တစ်ယောက်သောသူလိုပင် အေးချမ်းပါ၏။
"Negative thoughtsဆိုတာ လူတွေဆီမှာမွေးကတည်းကပါလာတာမလို့ ဒီလိုတွေးတယ်ဆိုတာသဘာဝပဲ.... Neg thoughtsသာမရှိရင် လူသားမျိုးနွယ်တွေမျိုးတုံးတာကြာရောပေါ့ သားရဲ့"
"....."
"ဟိုအရင်ခေတ်ကလူတွေမှာ Neg Thoughts မရှိရင် အစောကြီးသေကုန်မှာလေ.... ဥပမာ-ချုံပုတ်လေးလှုပ်တာကိုမြင်ရင် Positive thoughtsနဲ့ ချုံပုတ်နောက်မှာငှက်လေးတစ်ကောင်ရှိလို့နေမယ်လို့ တထစ်ချတွေးပြီး အေးဆေးနေလို့မှမရတာ... အဲ့နောက်မှာ ကျားတစ်ကောင်လည်းရှိနေနိုင်တယ်လေ.... အဲ့ဒါကြောင့် လူတွေအားလုံးမှာ အန္တရာယ်ကိုရှောင်ဖို့ Negative thoughtsတွေးတတ်တဲ့ဗီဇက မွေးကတည်းကပါလာတတ်ကြတယ်.... အဲ့ကနေအဆင့်တက်လာတဲ့အခါ မဖြစ်လာသေးတာကို ကြိုတွေးပြီးစိတ်ပူလာကြတယ်....သူများအတွေးတွေထဲဝင်ဖတ်ပြီး ကိုယ့်အပူကိုယ်ရှာတတ်လာကြတယ်.... သားကဘယ်အမျိုးအစားထဲပါနေလဲ"
"ဒုတိယတစ်မျိုး"
သူသွက်သွက်လက်လက်ဖြေလိုက်တော့ ဒယ်ဒီကရယ်သည်။ သူပါဒယ်ဒီနှင့်လိုက်ရယ်မိသည်။
"အင်း သားထက်ပိုဆိုးတဲ့သူတွေအများကြီးပါ... တစ်ချို့တွေဆို တစ်ယောက်က Fbမှာ Statusတစ်ခု တင်လိုက်တယ်၊ဒါမှမဟုတ် အပြင်မှာစကားတစ်ခွန်းပြောလိုက်တယ်... အဲ့မှာ သူတို့က အဲ့စာကိုမြင်၊အဲ့စကားကိုကြားပြီး သူတို့ကိုပြောတာလားဘာညာထဖြစ်ရော.... အဲ့လိုလူတွေက အမှိုက်ထုပ်ကြီးကိုအတင်းလိုက်ဖမ်းနေတဲ့သူတွေနဲ့မတူဘူးလား.... အမှိုက်ထုပ်ဆိုတာ ကိုယ့်ဆီမှာလည်းကြာကြာမထားရဘူး... သူများဆီကဟာယူလည်း ကိုယ့်အတွက်ဘာအကျိုးမှမရှိ.... နံကလည်းနံသေးတယ်.... ကိုယ့်ကိုသီးသန့်လာပေးရင်တောင် အတင်းငြင်းထုတ်ရမှာမဟုတ်ဘူးလား.... အဲ့လိုစိတ်ရှုပ်စရာအမှိုက်ထုပ်ကြီးကို ကိုယ်က တကူးတကသွားကောက်နေတာက ကိုယ့်အတွက် ဘာကောင်းကျိုးမှမရှိဘူးလေ.... ဟုတ်တယ်ဟုတ်?"
"ဟုတ် ဒယ်ဒီ....သားနားလည်ပြီ"
"Ok....နားလည်ပြီဆိုတော့ အဆူခံလိုက်ဦး"
ဒယ်ဒီကပြုံးစစနှင့် သူ့နောက်ဘက်ခြမ်းကို ကျော်ကြည့်ကာပြောလာသည်မို့ သူနှာခေါင်းကိုအသာရှုံ့လိုက်ပြီး သတိကပ်လိုက်ရ၏။
"လူလေးက လက်တောက်လောက်နဲ့ အတတ်ကောင်းတွေတတ်နေတာများ..."
ကယ်လေးက လူထက်အရင်အသံကရှေ့တော်ပြေးလာသည်မို့...
"ကယ်လေးကလည်း"
"အသည်းကွဲနေတာလား မှန်းစမ်း"
ကယ်လေးက သူ့မေးစေ့မှကိုင်ကာ မျက်နှာကိုဆွဲမော့ပြီးကြည့်လာသည်မို့ ထိုလက်ကိုပြန်ဆွဲချလိုက်ပြီး...
"ဖွဖွ ကယ်လေးကလည်း...ဘာလို့နမိတ်လိုက်ဖတ်နေတာလဲ"
သူနှင့်ကယ်လေးကိုကြည့်ကာ ဒယ်ဒီကရယ်သည်။ ကယ်လေးက သူ့ကိုကြည့်ပြီး နှုတ်ခမ်းတစ်ချက်မဲ့ကာ ဒယ်ဒီ့ဘေးကခုံတွင်ဝင်ထိုင်၏။
"ဘယ်တော့ ဆေးလိပ်ဖြတ်မလဲ"
"သားကစွဲမနေပါဘူး တစ်နေ့တစ်လိပ်ပဲသောက်တာပါ"
"ဘာလဲ အဓိဌာန်ဝင်ထားလို့လား....မပျက်မကွက်သောက်ပေးနေတယ်ဆိုတော့"
"ကယ်လေးကလည်း"
"စောစောစီးစီးကြွမယ်ဆိုလည်း စောစောမိန်းမယူ၊ ကလေးပါမွေးထားလိုက်... ငါတို့လည်းအဲ့ကလေးတွေအရွယ်ရောက်တဲ့အထိအသက်ရှည်အောင်ကြိုးစားနေလိုက်မယ်"
"ကယ်လေးကလည်း....သူများဆေးလိပ်သောက်တဲ့သူတွေလည်း ၄၀ ၅၀ထိတော့နေရတာပါပဲ"
စကားအဆုံး ကယ်လေး၏ မကြည်ကြည့်ကရောက်လာတာမို့ ဘေဘေးတစ်ယောက် ပါးစပ်ကိုချက်ချင်းပိတ်ပစ်လိုက်သည်။
ကယ်လေးက စနေသားလို့ကျိန်ပြောစရာမလိုဘူး...မျက်စောင်းတစ်ချက်နဲ့တင်သိသာနေပြီ... ပြီးရင် 'မင်းကြောင့် ငါလည်း အဒေါ်ကြီးနဲ့တူလာပြီ'ဆိုပြီး လူကိုစွပ်စွပ်စွဲစွဲတွေလာပြောဦးမယ်...
"စိတ်ထဲကနေ ငါ့ကိုအတင်းပြောမနေနဲ့"
"ဟာ ကယ်လေးဘယ်လိုသိ...အဲ"
"ဟားဟား သားရာ...."
ဒယ်ဒီကသူ့အဖြစ်ကိုကြည့်ကာ ထရယ်တော့သည်။ ကယ်လေးသည်လည်း ရယ်ချင်စိတ်ကိုထိန်းထားသယောင်။ ဒါက အခြေအနေကောင်းသည်ကိုဆိုလိုသည်မဟုတ်ပါလား။
"ဟီး...ကယ်လေး....သားဖြည်းဖြည်းချင်းဆေးလိပ်ဖြတ်မှာပါ....ခုလည်းအရမ်းစွဲနေတာမဟုတ်ပါဘူး"
"လုပ်ချင်တာလုပ်....ဒီအရွယ်ကိုလိုက်ပြောလည်းကွယ်ရာမှာလုပ်ချင်လုပ်မှာဆိုတာငါသိတယ်... မင်းဘာသာမင်းဆင်ခြင်... မင်းအမေကဘယ်လောက်စိတ်ပူတတ်လဲဆိုတာ သိတယ်မလား... သူ့ရှေ့မှာမင်းကျန်းမာရေးတစ်ခုခုဖြစ်ရင် ငါတို့ထက် သူပဲထိပ်ဆုံးကပူရမှာ.... ထားတော့.... ဒါတွေပြောနေရတာလည်း အပ်ကြောင်းထပ်နေပြီ....မင်းဘာဆက်တက်ဖို့စိတ်ကူးလဲ"
"ဟုတ် ခုထိတော့မစဉ်းစားရသေးဘူး"
"ဟုတ်ပြီ.... စဉ်းစားပြီးရင်ဖြစ်ဖြစ်၊မစဉ်းစားတတ်ရင်ဖြစ်ဖြစ်၊ အကြံတစ်ခုခုလိုရင်ဖြစ်ဖြစ် အိမ်လာခဲ့..."
"ဟုတ်"
"အင်း...ဒါနဲ့ ကိုကိုရော ကိုကို့သားကို ဘာပြောဖို့ကျန်သေးလဲ"
"ပြီးပြီ အငယ်..."
"ဟုတ် ဒါဆိုပြန်ကြမယ်လေ... ကိုကို ဒီနေ့ပင်ပန်းထားတာကို အရှုပ်ထုပ်ကိစ္စလာရှင်းနေရတယ်"
"ကယ်လေးကြောင့် သားနာမည်စီးနေတာ"
"သောက်ပိုတွေပြောမနေနဲ့ လိုက်ပို့မှာမလား...ထတော့"
ထို့နောက် ကယ်လေးနှင့်ဒယ်ဒီတို့ကရှေ့က၊ သူကနောက်မှလိုက်သွားလိုက်သည်။ ဒယ်ဒီက ကယ်လေး၏လက်ဖဝါးကိုတစ်ချက်မလွှတ်၊လက်ချောင်းချင်းယှက်ကာ ဆုပ်ကိုင်ထားရုံမက လက်မဖြင့် ကယ်လေး၏ လက်ခုံအားအသာပွတ်သပ်နေသည်ကိုပါ မြင်နေရ၏။
Singleလေးရှေ့မှာ လာပြီးRoပြနေလိုက်ကြ....သူ့ဘဝက အခြားအတွဲတွေကြောင့် Deမဝင်ရဘဲ သူ့အဖေတွေကြောင့်ပဲ Deဝင်ရတော့မှာ....
မမြင်နိုင်တော့၍ မျက်စိတို့ကိုဟိုလွှဲဒီလွှဲလုပ်နေပေမဲ့ နှစ်ယောက်သား ပုခုံးတိုက်ပြီးရယ်လိုက်တာတွေ၊ ဒယ်ဒီက ကိုယ်ကိုအနည်းငယ်စောင်းကာ ကယ်လေးနားနားကပ်ပြောလိုက်တာတွေ၊ ကယ်လေး၏ ဆံပင်ကိုအသာဖွလိုက်တာတွေအားလုံးကို မျက်လုံးထောင့်စွန်းမှ မြင်နေရသေးသည်။
သည်းခံ သည်းခံ....
>>>
၃ပတ်မြောက်သည့်နေ့တွင်တော့ တစ်ယောက်သောသူ၏ Accသည် မီးစိမ်းလာပြီး ပို့ထားသော Msgများအားလုံး Seenဖြစ်သွားကြ၏။
Conversationအဟောင်းတွေကိုပြန်ကြည့်နေရင်း စာများအားလုံးSeenဖြစ်သွားကြောင်း 'ကလောက်'ဆိုသောအသံလေးဖြင့် အသိပေးလာသည်မို့ ရင်ထဲဒိန်းခနဲဆောင့်ခုန်သည်။ အလုံးလေးတွေလှုပ်တုပ်လှုပ်တုပ်ပေါ်လာသည်မို့ တစ်ဖက်မှစာရိုက်နေကြောင်းသိလိုက်ရ၏။ သူ ရင်ခုန်ရလွန်း၍အသက်ရှူပင်ရပ်မတတ်။
ထို့နောက် စာတစ်စောင်ဝင်လာ၏။
‘ငါအခုမှဖုန်းပြန်ရလို့’
စာလေးကရှင်းပါသည်။ သူ့အနေနှင့် ဘာကြောင့်ဘာညာမေးလည်းဖြေမည့်သူမဟုတ်သည်မို့ ထိုစာကြောင်းအပေါ်သာ အတည်ပြုစဉ်းစားရသည်။
အားလုံးကိုခြုံစဉ်းစားကြည့်လိုက်တော့ ဖုန်းကိုတစ်ယောက်ယောက်သိမ်းထားခြင်းဖြစ်ကြောင်း၊ ကြားထဲအဆက်အသွယ်မလုပ်ခဲ့သည်မှာ သူ့ဆန္ဒကြောင့်မဟုတ်ကြောင်း၊ ဘေဘေးကိုမဆက်သွယ်ချင်၍လည်းမဟုတ်ကြောင်း သိလိုက်ရသည်။ လိုင်းပေါ်တက်တက်ချင်း မိမိကိုစာပြန်လာသည်မို့ စိတ်ပင်အနည်းငယ်လှုပ်ရှားမိသွား၏။
‘အင်း ငါကမင်းတစ်ခုခုဖြစ်နေတယ်ထင်နေတာ ဒါနဲ့ မင်းဘာတက်မှာလဲ ဘယ်မှာတက်မှာလဲ’
Sendကိုနှိပ်လိုက်ပြီးမှ 'ငါအရမ်းသိချင်နေသလိုများ ဖြစ်သွားပြီလား'ဆိုသည့်အတွေးဝင်လာပြီး အရှိန်သတ်လိုက်မိ၏။ စက္ကန့် ၃၀လောက်အကြာ....
‘တောင်ကြီးမှာပဲဆေးတက်မယ်’
ထိုစာလေးကြောင့် ဘေဘေးအတွေးများသွားသည်။ လွမ်းနေတာကတစ်ကြောင်း၊ မျက်နှာကြည့်ပြီးမေးချင်တာကတစ်ကြောင်းကြောင့် video callခေါ်လိုက်မိ၏။ တစ်ဖက်မှဖုန်းမကိုင်ခင် ကိုယ့်ကိုယ်ကို အပေါ်အောက်Scanဖတ်ရသေးသည်။
ထို့နောက် တစ်ဖက်မှ Acceptလုပ်လိုက်သည်မို့ ကင်မရာထဲတွင်အချောဆုံးဖြစ်နေသည့်အနေအထားဖြစ်အောင် လက်ကိုအနည်းငယ်ဝေးဝေးထားပြီးချိန်လိုက်မိသည်။ Screenထက်ပေါ်လာမည့်ပုံရိပ်အား စိတ်လှုပ်ရှားစွာစောင့်နေမိ၏။ မကြာခင် ကြည်လင်နေသောမျက်နှာလေးပေါ်လာသည်။
ချစ်ရသူက မွေးရပ်မြေနှင့်ပိုတည့်ပုံရ၏။ အသားအရည်ကပိုစိုပြီးကြည်လင်နေသည်။ နှုတ်ခမ်းအစုံက စိုစိုရဲရဲနှင့်။ ဆွယ်တာအဖြူလည်ပိတ်ကိုဝတ်ထားသည်မို့ အမြင်ကတစ်မျိုးဆန်းနေပြီး ပိုကြည့်ကောင်းသည်။ နားထင်နှင့်နားတစ်ဝိုက်တွင်အနည်းငယ်ရှင်းလင်းနေကာ ဦးရေပြားစိမ်းစိမ်းလေးကမသိမသာပေါ်လွင်နေသည်မို့ ဆံပင်ညှပ်ထားကြောင်းသိလိုက်ရ၏။ အိမ်မှာနေရင် ဆံပင်တို့ကိုလှန်တင်ထားလေ့မရှိပုံရသည်။ Video callခေါ်တိုင်းတွင် ဆံပင်တို့က နဖူးထက်ဝဲကာကျနေလေ့ရှိပြီး ယခုဆံပင်ညှပ်လိုက်တော့ ချောမောသည့်မျက်နှာကပိုချောသွားသယောင်။
ဘေဘေးငေးကြည့်နေကာဘာပြောရမှန်းမသိ။ ပြောဖို့စကားပင်မေ့သွားသည်မို့ အသည်းအသန်စဉ်းစားလိုက်ရသည်။
ဪ....တောင်ကြီး တောင်ကြီး....
"ဘာလို့တောင်ကြီးမှာပဲ တက်မှာလဲ... ရန်ကုန်မှာတက်လို့မရဘူးလား.... ရန်ကုန်မှာလည်းဆေးတက္ကသိုလ်တွေရှိတာပဲလေ.... ဘာလဲ ငါနှောင့်ယှက်မှာစိုးလို့လား"
မေးခွန်းတစ်ခါမေးပြီးတိုင်း စိတ်ရှည်လက်ရှည်စောင့်တတ်သည့်အကျင့်ကို သူမွေးနိုင်ခဲ့ပြီဖြစ်သည်။ မေးခွန်းဆက်တိုက်မေးနေမည့်အစား တစ်ခွန်းတည်းအပြည့်အစုံမေးလိုက်ပြီး အချိန်ခဏစောင့်လိုက်ရုံနှင့် Kingက အတိုဆုံးနှင့်အပြည့်စုံဆုံးဝါကျတစ်ခုကိုပြန်ပေးတတ်၏။ ခုလည်း စက္ကန့်ပိုင်းလောက်စောင့်အပြီးတွင်...
"တောင်ကြီးကလူတွေက တောင်ကြီးမှာပဲတက်လို့ရတယ်"
တစ်ဖန် King၏ ဝါကျတို့အား အဓိပ္ပါယ်ဖွင့်ဆိုရသည်ကသူ့အလုပ်။ ဒီဝါကျ၏ အဓိပ္ပါယ်အရသူလေ့လာစရာတွေရှိသွားပြီဖြစ်သည်။ တက္ကသိုလ်တွေအကြောင်း ဘာမှလေ့လာမထားသည်မို့ဘာမှမသိ။ ဆေး ၁နှင့် ဆေး ၂ကိုသာသိသည်။ Kingအပြောအရဆို ဆေးတက္ကသိုလ်တွေက နယ်အလိုက်သတ်မှတ်ထားပုံရ၏။
Kingကဆေးဆို ခေးဆက်ကလည်း ဆေးပဲတက်မည်ဆိုတာ မေးစရာပင်မလို။ ဒီကြားထဲ ခေးဆက်၏ စိတ်အနေအထားနှင့် Kingအပေါ်ထားသည့်သဘောထားကိုသူရိပ်မိခဲ့သည်။ ခေးဆက်သည်လည်း သူ့သဘောကိုရိပ်မိပုံပေါ်၏။ Kingနဲ့ခေးဆက်အကြားဆက်ဆံရေးကိုတော့ သူလက်လှမ်းမမှီ၍ မသိတော့။
တစ်ခုစိုးရိမ်ရသည်က တောင်ကြီးမှာနှစ်ယောက်လုံးတက်ကြမည်ဆိုလျှင် Shockရှိသည်။ သူက ခေးဆက်ကိုရှောင်ပေးလို့ရခဲ့ပေမဲ့ တက္ကသိုလ်မှာမရှောင်တဲ့ကောင်တွေနှင့်တိုးလျှင် မလွယ်။ Kingက အရမ်းသဝန်တိုတတ်၏။
သူ့အနေနှင့်လည်း တောင်ကြီးကိုသွားနေဖို့ကမလွယ်။ ငွေရေးကြေးရေးကတော့ပြောစရာမဟုတ်။ အကြောင်းပြစရာမရှိသည်က အဓိကအကြောင်းအရင်းဖြစ်သည်။ သူဒီတိုင်းနေ၍မရတော့။ တစ်ခုခုလုပ်ရတော့မည်ပင်။
"ရန်ကုန်ကိုပြောင်းလို့မရဘူးလား"
သိချင်သည်မို့မေးလိုက်တော့....
"မရဘူး"
ဘေဘေး အနည်းငယ်စဉ်းစားကြည့်လိုက်ပြီးနောက် ထပ်ပြောလိုက်မိပြန်၏။
"ရရင်ပြောင်းမှာလား တစ်ခုခုလေ့လာချင်ရင်ဒီမှာကပိုစုံတယ်လေ"
အကဲစမ်းသလိုထပ်မေးလိုက်တော့ မေးခွန်းအနည်းငယ်ပါသောမျက်ဝန်းတို့ဖြင့်ကြည့်လာသည်။
"ဟင်? King...ပြောင်းလို့ရရင် ပြောင်းလာမယ်မလား..."
မေးလိုက်ပြီးနောက် မျှော်လင့်တကြီးနှင့် အဖြေကိုစောင့်နေလိုက်သည်။
ထို့နောက်....
"မရလောက်ဘူး"
"မင်းကလည်း ငါကရရင်လို့ပြောတာလေ...ရရင်ပြောင်းမှာလားလို့မေးတာကို..."
"...."
"တွေ့လား...မင်းက အမြဲအဲ့လိုပဲ...ငါ့ကိုနည်းနည်းလောက်စိတ်ချမ်းသာသွားအောင်ဖြေပေးလို့မရဘူးလား..."
"...."
ဘေဘေးစိတ်ကိုအရှည်ဆုံးဆွဲဆန့်ထားသော်လည်း ရင်ထဲပူလောင်နေသည်မို့ ဝမ်းနည်းလာသည်။ ဒီနောက်ပိုင်း Kingနှင့်ပတ်သက်လာလျှင် ငိုလွယ်ရယ်လွယ်ပိုဖြစ်လာသလိုပင်။
"မင်းကိုမုန်းချင်လိုက်တာ"
ပြောချင်တာပြောလိုက်ပြီး အံကြိတ်ကာမျက်နှာလွှဲထားလိုက်မိ၏။
အမြင်ကတ်တယ်...ထင်ချင်သလိုသာထင်ပါစေတော့...ဘယ်လောက်ထုတ်ပြပြသိမဲ့ရုပ်လည်းမဟုတ်ဘူး.... သူ့ကိုအမြဲသည်းခံနေတာက မွေးရာပါပါရမီများမှတ်နေလားမသိ.... သူ့ဘာသာ သိသိမသိသိ တစ်ဖက်သတ်စိတ်ကောက်ချင်ကောက်မှာပဲ....
"ပြောင်းမယ်"
"ဟမ် ဘာ?"
ဘေဘေးတစ်ယောက် ဟိုတွေးဒီတွေးနှင့်မလို့ ရုတ်တရက်ထွက်ပေါ်လာသောဝါကျတိုလေးအား ချက်ချင်းအဓိပ္ပါယ်မကောက်နိုင်ဖြစ်သွားသည်။
"ပြောင်းလို့ရရင်ပြောင်းလာမယ်"
အသံကြည်ကြည်အေးအေးကမဆိုင်းမတွထပ်မံထွက်ပေါ်လာ၏။
ဘာလဲ ဒီလေသံက...မသိရင်ငါ့ကိုပြန်ချော့နေသလိုပဲ...မသိဘူး...လိုရာဆွဲတွေး King ကောင်လေးပဲ...
ကိုယ့်အတွေးနှင့်ကိုယ် မျက်နှာကပြုံးကျသွားသည်။ ဒီတစ်ခါ Kingက ခဏပြောပြီးဖုန်းချမယ်ဘာညာပြောမလာ။ သူဂျစ်တိုက်နေသည်ကိုပင် စောင့်ပေး၏။ ထိုသို့တွေးမိတော့ ရင်ထဲပိုကြည်နူးလာသည်။ ဘယ်ချိန်မဆိုဖုန်းပြန်ခေါ်၍ရပြီမို့ ခုတော့ဒီနေရာမှာပဲရပ်မည်။ အကြိမ်ကြိမ်လွမ်းတတ်သူမို့ အကြိမ်ကြိမ်ဖုန်းခေါ်ဖြစ်မည့်အရေးကိုရှေးရှူကာ ဒီတစ်ကြိမ်ကိုအချိန်မဆွဲချင်တော့။ ညကျ သုံးခါလောက်ထပ်ခေါ်လိုက်မည်။ သူလေ့လာစရာ၊လုပ်စရာတွေ ရှိသေးသည်မဟုတ်ပါလား။
"King...ငါထမင်းသွားစားတော့မယ်... မင်းလည်းစောစောစားနော်... ငါညကျဖုန်းထပ်ဆက်မယ်.... ကိုင်ဖြစ်အောင်ကိုင်နော် သိလား.... ခုတော့ ငါဖုန်းချတော့မယ်နော်...."
"အင်း"
ရုပ်တည်နှင့်ပြန်ပြောလာသူအား အသည်းယားသွားပြီး စချင်လာသည်မို့....
"King..."
"အင်း"
"အာဝါး...မွ..."
ကင်မရာထက်နှုတ်ခမ်းကိုကပ်လိုက်ပြီးနောက် Screenကိုပြန်ကြည့်လိုက်တော့....
နီရဲနေသောမျက်နှာအားခဏမြင်လိုက်ရပြီးနောက်...
Call ended....
"ဟားဟား....အား ချစ်ဖို့ကောင်းလိုက်တာ..."
ဘေဘေး အသည်းယားစွာအော်ဟစ်လိုက်ပြီးနောက် မိန့်မိန့်ကြီးပြုံးကာ ကုတင်ထက်ဆန့်ဆန့်ကြီးလှဲနေရင်း ဟိုတွေးဒီတွေးနှင့် တစ်ရေးအိပ်ပျော်သွားတော့သည်။
အိပ်မက်ကလှပါ၏။
ကံ့ကော်ပန်းရနံ့လေးတွေထုံသင်းနေသောသီးသန့်နေရာတစ်ခုတွင်၊ ချစ်ရသူအားရင်ခွင်ထဲထည့်.... အဲ....ငါကရင်ခွင်ထဲရောက်နေတာဟ....
ဘေဘေးအိပ်မက်ထဲမှနိုးထလိုက်သည်။ မျက်နှာကစူပုပ်နေ၏။
Roleကသေမလို့ အမြဲလွဲနေတာလား... ကြာရင် ငါအကျင့်ပါသွားတော့မယ်... Tsk!
စိတ်ပေါက်ပေါက်နှင့် ထိုအကြောင်း Statusတင်လိုက်မိသည်။ Accပြောင်းဖို့တော့မမေ့။
‘Crushကို အိပ်မက်ထဲမှာအမြဲထည့်မက်တယ် ဒါပေမယ့် Roleကလွဲနေတယ် ကိုယ်တကယ်လက်မခံနိုင်ဘူး ကြည်နူးရမယ့်အစား သတိဝင်တာနဲ့ အလန့်တကြားအမြဲထလာရတယ် ဘယ်လိုလုပ်ရမလဲ’
ထိုစာတင်ပြီး စက္ကန့်ပိုင်းအကြာတွင် Cmtတစ်ခုတက်လာသည်။ တစ်ခြားလူတော့မဟုတ်။ ဟိုကောင် Power Ranger။
‘အိပ်မက်ဆိုတာပြောင်းပြန်ယူရတယ်တဲ့ အိပ်မက်ထဲမှာ Roleလွဲတယ်ဆိုတာ အပြင်မှာ Roleကအတည့်ပဲ ဆိုတဲ့သဘော အဲ့တော့ အိပ်မက်ထဲမှာမှိန်းခံနေလိုက် တကယ်မှမဟုတ်တာ စိတ်ထားတတ်ရင် ကြည်နူးလို့တောင်ရတယ်’
ဘေဘေး ထိုCmtကြောင့် ခေါင်းတညိတ်ညိတ်ဖြစ်သွား၏။
ဒီကောင်ပြောတာလည်းဟုတ်သား....မဟုတ်ရင် အိပ်မက်ထဲ Crushနဲ့တွေ့တာတောင် ငါ့မှာအလန့်တကြားဖြစ်နေရတာ....
ထို့နောက် ဘေဘေးသည် အတွေးတို့ကိုယတိပြတ်ပြုပြင်လိုက်သည်။
အိပ်မက်ထဲမှာ အောက်ထပ်ရောက်လည်း အကြောင်းမရှိဘူး၊ အပြင်မှာ အပေါ်ထပ်တက်နိုင်ဖို့က အဓိကပဲ....
Zawgyi//
အတိတ္သို႔တူးဆြျခင္း ၈
‘အဲ့ေတာ့ အျငင္းခံလိုက္ရတယ္ေပါ့’
‘ေအး ကိုကိုက သူ႔အခ်စ္ဦးကိုမေမ့ေသးဘူးထင္တယ္၊ သူ႔မွာအခ်စ္ဦးရွိတယ္လို႔ၾကားဖူးတယ္၊ ဘာပဲျဖစ္ျဖစ္ကြာ ၾကားထဲမွာလည္း သူအျခားေကာင္ေလးေတြနဲ႔တြဲဖူးတာပဲ၊ ဘယ္သူမွမသိလည္း ငါသိတယ္၊ တစ္ခါ ကိုကိုငါ့ကိုစာသင္ေပးေနတုန္း သူ႔ေကာင္ေလးဆီကဖုန္းလာဖူးတယ္ေလ’
‘မင္းကေကာင္ေလးမွန္းဘယ္လိုသိ?’
‘ေအး ကိုကိုက Toiletဝင္ေနတာကြာ၊ ဖုန္းလာေတာ့ငါလည္းခိုးကိုင္တာ၊ တစ္ဖက္ကဘဲက ခြၽဲပ်စ္ေနတာပဲ ၊ အဲ့ကတည္းကသိတာ ငါကိုင္တာသိသြားေတာ့ ကိုကိုကငါ့ကိုဆူတယ္’
‘ေအးေလ ခိုးကိုင္တာကိုး’
‘မင္းကလည္း မကိုင္ရင္ကိုကိုကငါ့လိုဆိုတာဘယ္သိမလဲ၊ ကိုကိုကေအးတယ္ကြ၊ သူ႔မာမီနဲ႔လည္းဆိုင္မယ္ထင္တာပဲ၊ သူ႔မာမီကအရမ္းခ်ဳပ္ထားေတာ့ ကိုကိုကခံမေျပာနားမေထာင္နဲ႔လုပ္ခ်င္တာလုပ္ေနတာ’
‘မင္းကိုကိုေအးတာေတာ့ငါမျမင္ဖူးေပမဲ့ ငါ့Crushကေတာ့ ေရခဲတိုက္ထဲကအေလာင္းထက္ေတာင္ ေအးခဲၿပီးေတာင့္ေနတာမ်ိဳး ငါ့မွာ ေသေအာင္ႏွဲ႔ေနရတာ မင္းထက္ငါကပိုဆိုးတယ္’
‘ေနပါဦး မင္းပို႔စ္ေတြကိုၾကည့္ရသေလာက္ မင္းကႏွဲ႔သာႏွဲ႔ေနတာ နဲ႔လာမွာလည္းေၾကာက္တဲ့ေကာင္မ်ိဳး’
‘ေအး သူနဲ႔ငါကမျဖစ္ႏိုင္ဘူး သူ႔မိသားစုအေနအထားေၾကာင့္ရယ္၊ အဓိကကေတာ့ သူက မင္းကိုကိုလိုမဟုတ္တာပဲ မင္းကမွေမွ်ာ္လင့္ခ်က္ရွိဦးမယ္’
‘ဘာလဲ မျဖစ္ႏိုင္ဘူးဆိုတာက?’
‘ေျပာရရင္ကြာ ႂကြားတယ္ေတာ့မထင္နဲ႔ ငါကဒီႏိုင္ငံမွာေတာ္ေတာ္ခ်မ္းသာတယ္ အဲ့အတြက္ ငါကေတာ္႐ုံခ်မ္းသာတာေလာက္ကိုစာရင္းမသြင္းဘူးကြာ ငါႀကိဳက္ရင္ ဘယ္သူျဖစ္ျဖစ္ခိုးေျပးမွာ ခိုးေျပးလို႔ရတဲ့အေနအထားလည္းရွိတယ္ကြာ’
‘ေအး အဲ့ဒါဆိုလုပ္လိုက္ေလ’
‘လုပ္လို႔မရလို႔ေပါ့ကြ သူက ခ်မ္းသာတာထက္ သူတို႔မ်ိဳးႏြယ္ရဲ႕အႏြယ္ေတာ္မ်ိဳး႐ိုးျဖစ္ေနတာ ေျပာရရင္ေနာက္ခံအသိုင္းအဝိုင္းကဆန္႔က်င္ဘက္ပဲ ငါ့ဘက္ကလည္း သိပ္ေသးေသးတင္ခံတာမဟုတ္ဘူး သူကေဆြျပတ္မ်ိဳးျပတ္ျဖစ္သြားမွာ၊ ေနာက္ၿပီး ငါ့ဘက္မ်ားပါလာမလားလို႔ ဆြဲေဆာင္ရတာလည္းအေမာပဲ၊ ပါလာရင္ေတာ့တစ္မ်ိဳးေပါ့၊ ဒါေပမယ့္ သူကမလႈပ္မယွက္ပဲ၊ ေအး ေနာက္ဆုံးမျဖစ္ႏိုင္ဘူးလို႔ သတ္မွတ္လိုက္တဲ့အခ်က္က သူနဲ႔ငါယွဥ္ရင္ ငါက Roleေပ်ာက္သြားတာပဲ ငါ့အရပ္က ၆ေပကြာ ေတာ္႐ုံငါတို႔ႏိုင္ငံကေကာင္ေတြယွဥ္မရတဲ့အရပ္မ်ိဳး ေအး အဲ့ဒါေတာင္ ဒင္းကငါ့ထက္ရွည္တယ္ ရွည္တာေတာင္အကုန္ရွည္ေနတာ ခ်ီး...’
‘Lol so sad bro’
‘ေအး စကားမစပ္ မင္းေရာေဆးလိပ္ေသာက္တာၾကာၿပီလား’
‘ေအး ေသာက္တယ္၊ မင္းပို႔စ္ေအာက္ကCmtကိုျမင္ၿပီး တစ္လအၾကာမွာစေသာက္တာ၊ ဒီမွာက ေတာ္ေတာ္ဝယ္ရခက္တယ္ကြ၊ Onlineကမွာတာဆိုေပမဲ့ ေဆးလိပ္ဆင္းယူဖို႔႐ုပ္ေတာ္ေတာ္ဖ်က္ရတယ္၊ ေတာ္ၾကာမေရာင္းဘဲျပန္သြားမွာစိုးလို႔၊ ဒါေပမဲ့ အမ်ားႀကီးမေသာက္ပါဘူး၊ ကိုကို႔ကိုလြမ္းတဲ့အခ်ိန္ ခဏေလးဖြာလိုက္ မီးသတ္လိုက္နဲ႔ တစ္ေန႔ကိုသုံးခါခြဲၿပီးဖြာတယ္ ဘာလို႔လဲ’
‘ငါတစ္ေယာက္တည္းေသာက္ရတာပ်င္းလို႔ အေဖာ္ေလးရွိေတာ့ပိုေကာင္းတယ္လို႔ခံစားရတယ္ေလ တကယ္ေတာ့ငါလည္းစြဲေနတာေတာ့မဟုတ္ဘူး သူ႔ကိုလြမ္းတဲ့အခ်ိန္ပဲေသာက္တာ မင္းလိုေတာ့ခြဲလြမ္းၿပီးခြဲမေသာက္ဘူး သူ႔ကိုလြမ္းတဲ့အခ်ိန္ လုပ္စရာကအမ်ားႀကီးေလ ေဆးလိပ္ကိုေတာ့အိပ္ခါနီးမွေသာက္တယ္ စိတ္ကူးယဥ္ၿပီးပိုအိပ္လို႔ေကာင္းတယ္လို႔ ခံစားရလို႔’
ထိုစာကိုပို႔လိုက္ၿပီးေနာက္ ေဘေဘးၿပဳံးလိုက္မိသည္။ တစ္ဖက္မွTyping႐ိုက္ေနသည္ကို မသိခ်င္ေယာင္ေဆာင္ကာ လိုင္းပိတ္လိုက္၏။ဒါက သူတို႔ႏွစ္ေယာက္ၾကားမွာေရွာ့မရွိ။ ႏွစ္ေယာက္သားက လိုင္းတက္ခ်င္တက္သည္။ဆင္းခ်င္ဆင္းသည္။ ႏႈတ္ဆက္တာဘာညာမရွိ။ စာပို႔လိုက္လို႔ Deliveredမျဖစ္လွ်င္ Autoသိၾကသည္သာ။
ထို Power Rangerဟူသည့္ Fake Accႏွင့္စသိခဲ့သည္မွာ လဝက္ေလာက္ပင္ရွိဦးမည္။ ထိုအေကာင့္ပိုင္ရွင္ဘက္ကစ၍စကားလာေျပာျခင္းျဖစ္သည္။ Friendကေတာ့ ဘယ္ခ်ိန္ကျဖစ္ထားမွန္းမသိ။ အမွန္ေတာ့ သူလည္း Fake Accႏွင့္ပင္ျဖစ္၏။ 'Beloved King'ဟူေသာ Accတုျဖင့္ 'Crushအေၾကာင္းအတင္းေျပာၾကမယ္'ဆိုေသာ Gpတြင္ ပို႔စ္မ်ားတင္ခဲ့ရာမွ သူ႔ကိုစသိခဲ့သည္ဟုဆိုကာမိတ္ဖြဲ႕လာခဲ့ျခင္း။
ေၾကာင္ေတာင္ေတာင္ Nameေၾကာင့္အဖတ္မလုပ္ဖို႔စိတ္ကူးခဲ့ေသာ္လည္း သူလည္း ကိုယ္ႏွင့္ဘဝတူေတြျဖစ္ေၾကာင္း၊ ကိုယ့္ပို႔စ္ေအာက္ကမန္႔တစ္ခုေၾကာင့္ ေဆးလိပ္စေသာက္ျဖစ္ခဲ့ေၾကာင္းစသျဖင့္ေျပာလာသည္။ ထိုမွတစ္ဆင့္အခ်င္းခ်င္း ဟိုေျပာဒီေျပာႏွင့္ အခ်ိန္တိုအတြင္းရင္းႏွီးသြားၾက၏။
Personal Infoေတြကိုထုတ္မေျပာျဖစ္ၾကသလို၊ေမးလည္းမေမးျဖစ္ၾက။ ေျပာၾကလည္း Fake accေတြႏွင့္မို႔အခ်င္းခ်င္းယုံစရာသိပ္မရွိ။ သို႔ေသာ္ ယုံရျခင္း၊မယုံရျခင္းကသိပ္အေရးမပါ။ ႏွစ္ေယာက္လုံးကအေသးစိတ္ေတြေျပာၾကတာမဟုတ္။ ဘဝတူေတြမို႔ အခ်င္းခ်င္းရင္ဖြင့္ၾကျခင္း။
ဒီေကာင့္အေျပာအရေတာ့ သူက ျမန္မာျပည္ကမဟုတ္ေလာက္။ သူ႔ဘဲႀကီးက သူ႔ကိုစာသင္ေပးတဲ့ပုံပင္။ အသက္ဘယ္ေလာက္ကြာလဲေတာ့မသိ။ ကိုကိုလို႔ေခၚတာပဲသိရသည္။ စကားအသြားအလာကိုၾကည့္ရသေလာက္ ဟန္ထုတ္ၿပီးေျပာတာမဟုတ္လွ်င္ သူႏွင့္သူ႔ဘဲႀကီး၏ မိသားစုအေျခအေနကေတာ္႐ုံထဲကေတာ့မဟုတ္ေလာက္။ ေနာက္ၿပီး သူ႔မိသားစုႏွင့္သူ႔ဘဲႀကီးမိသားစုကမိတ္ေဆြေတြဆိုလား။ဒါက နည္းနည္းေတာ့ျမန္မာကားဆန္ခ်င္သည္။
ၿခဳံေျပာရရင္ေတာ့ သူကသူ႔ဘဲႀကီးကိုႀကိဳက္သည္။ သူ႔ဘဲႀကီးက သူ႔ကို Brother Zoneထဲအတင္းထည့္ေနသည္။ ဖြင့္ေျပာလိုက္တဲ့အခ်ိန္မွာ 'ကေလးက ကေလးလိုေန'ဆိုၿပီးအေျပာခံရတာႀကီးကေတာ့ အေတာ္ရင္ခံခ်င္စရာ။
ရွိေစေတာ့။ သူ႔ထက္ပိုဆိုးေနတာက ကိုယ့္ဘဝ။ ဟိုမေရာက္ဒီမေရာက္ Zoneလို႔ေျပာရေအာင္ကလည္း အဲ့ဟိုမေရာက္ဒီမေရာက္ဆိုတာက ဘယ္ဟာနဲ႔ဘယ္ဟာၾကားလဲေတာင္မသိ။
စိတ္ပ်က္လက္ပ်က္ႏွင့္ အိပ္ယာထက္ဝမ္းလ်ားေမွာက္ကာ လွဲခ်လိုက္သည္။ Kingႏွင့္အဆက္အသြယ္မရတာ ၁ပတ္ခန္႔ရွိၿပီျဖစ္သည္။ ေခးဆက္ကိုလွမ္းေမးေတာ့လည္း မသိဘူးဟုဆို၏။ လိုင္းလည္းမတက္၊ ဖုန္းဆက္ၾကည့္ေတာ့လည္း စက္ပိတ္ထားသည္။ ေခးဆက္ကို သြားၾကည့္ဖို႔ဘာညာေျပာခ်င္ေသာ္လည္း အရမ္းႀကီးသိသာသြားမွာစိုး၍ သိပ္မေျပာရဲ။ သူ႔ဘဝက လြမ္းဖို႔သာတတ္ႏိုင္သည္။
ေနာက္တစ္ပတ္ဆို ေအာင္စာရင္းထြက္ေတာ့မည္ျဖစ္၏။ ထိုေန႔တြင္ေတာ့ အဆက္အသြယ္ျပန္ရေကာင္းရေလာက္သည္မို႔ ေမွ်ာ္လင့္ေနမိသည္။ ထူးျမတ္ကေတာ့ ဩဇီတြင္ေက်ာင္းဆက္တက္ဖို႔ ဝင္ခြင့္ေျဖရန္ စာမ်ားေလ့လာေနရသည့္အတြက္ အရင္လို လိုင္းေပၚတြင္စကားမမ်ားႏိုင္ေတာ့။
ေခးဆက္ႏွင့္သာဟိုေျပာဒီေျပာေျပာျဖစ္သည္။ သို႔ေသာ္ျငား သူ႔ရည္႐ြယ္ခ်က္ေလးမရွိေတာ့ ဘာလုပ္ဖို႔မွစိတ္မပါ။ ၾကည့္ေစခ်င္တဲ့သူမရွိေတာ့ ပုံေတြလည္းမပို႔ျဖစ္။ လက္မတစ္ေခ်ာင္းျဖင့္ လိုင္းကိုဖြင့္လိုက္၊ ဟိုဆြဲဒီဆြဲလုပ္လိုက္၊ လိုင္းျပန္ပိတ္လိုက္လုပ္ေနရင္းမွ Galleryကိုမွားႏွိပ္မိသည္။ ပ်င္းပ်င္းရွိတာေၾကာင့္ ဓာတ္ပုံေတြကိုဟိုဆြဲဒီဆြဲလုပ္ရင္း ေခါင္မိုးထပ္တြင္႐ိုက္ထားေသာပုံေလးကိုေတြ႕ေတာ့ အနည္းငယ္ေဆြးခ်င္သြားသည္။ ခါးကိုဖက္မိသြားသည္အားစဥ္းစားမိေတာ့ အတည္ေပါက္ေဆြးသြားေတာ့၏။
အရမ္းလြမ္းတယ္....
ပုံေလးအား Zoomဆြဲၿပီး ျမင္ရသေလာက္ကို ေသခ်ာလိုက္ၾကည့္ကာ မွတ္သားမိသည္။ ထို႔ေနာက္ အလြမ္းနယ္ထဲမကြၽံခ်င္သည္မို႔ ပုံတို႔ကိုဆက္ဆြဲလိုက္မိ၏။ Albumတစ္ခုၿပီးတစ္ခုကိုလိုက္ႏွိပ္ၾကည့္ရင္း ယခင္ဖုန္းအေဟာင္းထဲမွကူးထည့္ထားေသာပုံမ်ားကိုၾကည့္မိေတာ့ အလြမ္းဓာတ္ခံရွိေသာသူ႔အဖို႔ ငိုမခ်မိ႐ုံတမယ္။
"ကိုကို႔ရဲ႕ပိုေတးေလး"
ႏႈတ္မွေရ႐ြတ္ကာ စခရင္ထက္ေပၚေနေသာပုံေလးကို လက္ေခ်ာင္းတို႔ျဖင့္ဖြဖြထိတို႔မိသည္။ လြန္ခဲ့ေသာ ၂ႏွစ္ေက်ာ္ေလာက္က ပိုေတးေလးေပ်ာက္သြားခဲ့သည္။ လက္တစ္ဆုပ္စာ အေကာင္ေသးေသးေလးက မိနစ္ပိုင္းေလးအတြင္းမ်က္စိေရွ႕မွေပ်ာက္သြားခဲ့ျခင္းပင္။
ထိုေန႔က ပိုေတးအနည္းငယ္မႈိင္ေနေသာေၾကာင့္ ေဆးခန္းျပရန္ထြက္လာခဲ့ျခင္းျဖစ္သည္။ ေဆးခန္းေရွ႕ေရာက္ေတာ့ အထဲတြင္အနည္းငယ္ရႈပ္ေနသည္မို႔ ပိုေတးကို ေဆးခန္းဝတြင္ထိုင္ေနေသာ ေကာင္ေလးအား ခဏအပ္ကာ စတိုးဆိုင္တြင္ေရသန္႔ဘူးဝယ္ဖို႔ အျမန္သြားခဲ့သည္။ ထိုအခ်ိန္ခဏေလးအတြင္းမွာပင္ ပိုေတးသည္ေပ်ာက္ျခင္းမလွေပ်ာက္သြားခဲ့သည္မွာ ယေန႔ထက္တိုင္။
Cctvျပန္ၾကည့္ေတာ့ အဝတြင္ထိုင္ေနေသာေကာင္ေလးက ေဆးခန္းတြင္းမွထြက္လာေသာ ေခြးစုတ္ဖြားေလးတစ္ေကာင္ကိုခ်ီထားသည့္ အေဒၚႀကီးတစ္ေယာက္ႏွင့္အတူ ျပန္ထြက္သြားသည္။ ထို႔ေနာက္ ပိုေတးသည္လည္း သူထြက္သြားရာ စတိုးဆိုင္ဘက္သို႔ ေျပးထြက္သြား၏။ လမ္းတစ္ေလွ်ာက္ရွိေနေသာ Cctvမ်ားကို သူအတတ္ႏိုင္ဆုံး ခြင့္ေတာင္းကာ လိုက္ၾကည့္ခဲ့ေသာ္ျငား Cctvမရွိေသာေနရာမ်ားအလြန္ရွိ Cctvမ်ားတြင္ေတာ့ ပိုေတးကိုအစအနပင္ရွာလို႔မေတြ႕ေတာ့။ သူဘယ္သူ႔ကိုမွအျပစ္မတင္ႏိုင္ခဲ့။ သူ႔ကိုယ္သူသာအျပစ္တင္မိခဲ့သည္။
ယူႀကဳံးမရျဖစ္ကာ ငိုေႂကြးခဲ့ရသည့္ေန႔ရက္မ်ားကိုျဖတ္ေက်ာ္ခဲ့ၿပီးေနာက္ စိတ္ကပိုဆတ္လာၿပီး ရန္ျဖစ္ခဲ့ရေသာေန႔ရက္မ်ားသို႔ေရာက္လာခဲ့သည္။ ၉တန္းႏွစ္တြင္ ရန္ပြဲအလီလီဆင္ႏႊဲၿပီးေနာက္ ထိုႏွစ္အၿပီး သၾကၤန္တြင္ ကံ့ေကာ္ပန္းမ်ားကိုေတြ႕ခဲ့ရာမွ ကံ့ေကာ္သင္းနံ႔ပိုင္ရွင္ေလးကိုသတိျပန္ရခဲ့ၿပီး စိတ္အစဥ္ကို ထိုရနံ႔ႏွင့္ထိုရနံ႔ပိုင္ရွင္ထံႏွစ္ပစ္ခဲ့၏။ ထို႔ေနာက္တြင္ေတာ့ စိတ္တို႔ကအနည္းငယ္ျပန္လည္ႏူးညံ့လာၿပီး ေပ်ာ္႐ႊင္မႈတို႔ကိုျပန္လည္ခံစားတတ္လာသည္။
သတိမထားမိလိုက္သည့္အခ်ိန္မွာပင္ Kingသည္ သူ႔ဘဝ၏အရာရာျဖစ္ခဲ့သည္။
အေတြးတို႔ကိုအဆုံးသတ္လိုက္ေတာ့ သူမ်က္ဝန္းေထာင့္တို႔တြင္ ေအးတိေအးစက္ျဖစ္ေနသည္ကို ခံစားလိုက္ရ၏။ မ်က္ရည္တို႔သည္ပူေႏြးေသာ္လည္း စိုစြတ္မႈႏွင့္Air con၏အေအးဓာတ္ေပါင္းသြားေတာ့ ေအးတိေအးစက္ကိုသာခံစားရသည္။ ထိုမ်က္ရည္တို႔ကိုမသုတ္ဖယ္မိပါ။
သူရင္ဖြင့္ခ်င္ပါသည္။ မြန္းၾကပ္လြန္းသည္ဟုရင္ဖြင့္ခ်င္သည္။ ခ်စ္ရသူထံမွႏွစ္သိမ့္မႈကိုလိုခ်င္၏။ ဘာမွမႏွစ္သိမ့္ေပးႏိုင္ရင္ေတာင္ ေခါင္းေလးကိုဖြဖြပုတ္ေပး႐ုံ၊ ခဏတာေပြ႕ဖက္ႏွစ္သိမ့္ေပး႐ုံေလာက္ႏွင့္ပင္ ေက်နပ္ပါသည္။ သူကဒီေလာက္ေလးေတာင္မရႏိုင္ေတာ့ဘူးလား။ အဲ့ေလာက္ေလးရဖို႔ေတာင္ မထိုက္တန္ဘူးလား။
ၿငိမ္ေနေလေလ အေတြးတို႔ကမ်ားလာေလေလျဖစ္သည္။ အေတြးမ်ားျခင္းသည္ မည္သည့္ေနရာမွာမွမေကာင္း။ အထိန္းအကြပ္မဲ့ေနေသာအေတြးတို႔သည္ Negativeဘက္သို႔သာ အမ်ားဆုံးဦးတည္တတ္ၾကသည္။
ေဘေဘး လွဲေနရာမွ ခ်က္ခ်င္းထရပ္လိုက္သည္။ ထို႔ေနာက္ ေရခ်ိဳးခန္းဆီသို႔ဦးတည္လိုက္၏။
ေဘစင္မွ ေရပိုက္ေခါင္းကိုဖြင့္ခ်လိုက္ၿပီး ေရေအးေအးျဖင့္ မ်က္ႏွာကို ေအးသြားသည္အထိသစ္လိုက္ကာ လည္ပင္းတို႔ကိုပါ ေရႏွင့္ပြတ္သပ္လိုက္သည္။ ထို႔ေနာက္ ေဘစင္ရွိ ေရထြက္ေပါက္ကို အပိတ္ျဖင့္ပိတ္ဆို႔လိုက္သည္။ ေရက်ရာေနရာတည့္တည့္တြင္လက္ကိုခ်ထားလိုက္ၿပီး လက္ကိုထိေတြ႕လာေသာေအးျမမႈကိုသာ အာ႐ုံစိုက္ထားလိုက္၏။ တျဖည္းျဖည္းႏွင့္ေဘစင္ထဲတြင္ေရျပည့္လာကာ ေရမ်ား လွ်ံက်လာသည္။
ေဘေဘးကေတာ့ ေဘစင္ထဲရွိလက္တြင္သာစိတ္ႏွစ္ထားဆဲ။ ေနာက္ဆုံး ေျခေထာက္တို႔ေညာင္းလာၿပီး လက္ဖဝါးႏွစ္ဖက္လုံးပဲႀကီးေရခြံတြန္႔လာေတာ့မွ ေရထြက္ေပါက္ကိုဖြင့္လိုက္ၿပီး ေရပိုက္ေခါင္းအားပိတ္လိုက္သည္။
ထို႔ေနာက္ မွန္တြင္ေပၚေနေသာ မႈန္ကုပ္ကုပ္မ်က္ႏွာကို စိုက္ၾကည့္လိုက္၏။
"ေပ်ာ္ေပ်ာ္ေနစမ္း ေဘးႏိုရာ... ဘဝကတိုတိုေလး... ေအး မင္းကဒီ့ထက္ေတာင္ ပိုတိုခ်င္ေနေသးတာမဟုတ္လား... ဘာလို႔လဲဆိုေတာ့ မအိုခ်င္လို႔၊စိတ္မညစ္ခ်င္လို႔ေလ... အဲ့ဒါကို အခုကတည္းကစိတ္ဆင္းရဲေနမလို႔လား....စိတ္ဆင္းရဲေနတာက ေျဖရွင္းခ်က္လား....စိတ္ဆင္းရဲေန႐ုံနဲ႔ အခ်ိန္တန္ရင္စိတ္ခ်မ္းသာရမွာလား... ကိုယ့္အတြက္အက်ိဳးမရွိတာမလုပ္စမ္းနဲ႔...ဟုတ္ၿပီလား....အိုေခ....အခု ၿပဳံးေနရင္း အသက္ကိုျပင္းျပင္းရႉသြင္းမယ္....ရႉထုတ္မယ္....၅ႀကိမ္စီ လုပ္ၿပီးတာနဲ႔ သြားေပၚတဲ့ထိရယ္မယ္....ေပ်ာ္ေပ်ာ္ျပန္ေနမယ္ "
ထို႔ေနာက္ မ်က္ႏွာကိုအတတ္ႏိုင္ဆုံးၿပဳံးကာ မွန္ထဲကိုၾကည့္လိုက္ၿပီး....
....ငါေပ်ာ္ေနတယ္....’ရႉသြင္း’
....ငါေပ်ာ္ေနတယ္....’ရႉထုတ္’
....ငါေပ်ာ္ေနတယ္.....’ရႉသြင္း’
....ငါေပ်ာ္ေနတယ္.....’ရႉထုတ္’
.....
.....
.....
.....
.....
.....
ရႉသြင္းရႉထုတ္ကို ငါးႀကိမ္စီလုပ္ၿပီးတာနဲ႔ သြားေပၚေအာင္ၿပဳံးလိုက္ၿပီး အသံအနည္းငယ္ထြက္သည္အထိရယ္ေမာလိုက္ၿပီးေနာက္ ေရခ်ိဳးခန္းထဲမွျပန္ထြက္ကာ ဘာကိုမွထပ္မစဥ္းစားမိေအာင္ ေလ့က်င့္ခန္းလုပ္ဖို႔ဆုံးျဖတ္လိုက္၏။
ကိုရီးယားကားေတြထဲမွာ အသည္းကြဲရင္ လမ္းတစ္ေလွ်ာက္အားကုန္ေျပးၿပီးေအာ္ဟစ္ပစ္လိုက္ၾကတာကို အရင္ကအပိုေတြလို႔ထင္ခဲ့ဖူးသည္။ တကယ္ေတာ့ ေလ့က်င့္ခန္းလုပ္ျခင္းသည္ အေတြးလႈိင္းလုံးႀကီးကို ၿဖိဳခြင္းေပးႏိုင္ပါ၏။
နာက်င္ခံစားရမႈတို႔သည္ အေတြးမ်ားေၾကာင့္သာျဖစ္သည္။ အျခားလူတစ္ဦးတစ္ေယာက္၏လုပ္ရပ္၊ တစ္စုံတစ္ရာေသာျဖစ္ရပ္တို႔ႏွင့္မဆိုင္ဘဲ နာက်င္မႈကိုခံစားေနရေသာလူႏွင့္သာသက္ဆိုင္၏။
စိတ္သည္ ခြၽန္းအုပ္ဖို႔အခက္ဆုံးအရာပင္။ ခြၽန္းမအုပ္ႏိုင္ဘဲ အေတြးမ်ားေလေလ၊ မိမိတြင္အထိနာေလေလျဖစ္သည္။
အလုပ္မရွိေသာလူအမ်ားစုသည္ Depressionကိုပိုမိုခံစားရတတ္ၾကသည္။ အလုပ္မရွိေလ အေတြးမ်ားေလျဖစ္၏။ အေတြးတို႔သည္ Negativeဘက္ကိုသာေရာက္ေလ့ရွိေသာေၾကာင့္ အလုပ္မရွိေသာသူမ်ားသည္ ဒရမ္မာအခင္းႏိုင္ဆုံးလူသားမ်ားျဖစ္ၾကသည္။
ထို႔ေၾကာင့္ ေဘေဘးသည္ အရႈပ္မ်ားအၿမဲလုပ္ကာ အလုပ္အၿမဲရႈပ္ေအာင္ေနေနျခင္းပင္။ အခုကေတာ့ ဘယ္သူ႔ကိုအရႈပ္လုပ္ရမွန္းမသိ၍ အေတြးမ်ားဝင္လာခြင့္ရသြားျခင္းျဖစ္သည္။ ဒါမ်ိဳးအေျခအေနကိုသူလက္မခံႏိုင္ပါ။
စိတ္ပင္ပန္းသည့္အခ်ိန္တြင္ ေလ့က်င့္ခန္းလုပ္ျခင္းသည္အေကာင္းဆုံးျဖစ္သည္။ ေမာပန္း၍ အသက္ကိုပင္လုရႉေနရေသာအေျခအေနမ်ိဳးတြင္ မည္သည့္အေတြးမွဝင္မလာတတ္။ ေခြၽးထြက္သြားသည့္အခ်ိန္တြင္ခႏၶာကိုယ္ကေပါ့ပါးလာၿပီး အိပ္ခ်ိန္၌လည္း အေတြးမ်ားပင္ေနရာယူခ်ိန္မရွိ။ ပင္ပန္းမႈေၾကာင့္ေခါင္းအုံးႏွင့္ေခါင္းထိသည္ႏွင့္ ခ်က္ခ်င္းအိပ္ေပ်ာ္သြားသည္သာ။
>>>
ဒီေန႔ေအာင္စာရင္းထြက္သည္။ Kingႏွင့္ထူးျမတ္က ဘာသာစုံဂုဏ္ထူးပါၿပီး ေခးဆက္က ၅ဘာသာ၊ သူကေတာ့ ၃ဘာသာပါ၏။
သူ႔အေနႏွင့္ဂုဏ္ထူးဘယ္ေလာက္ဘာညာကို စိတ္ဝင္စားသည္မဟုတ္။ စိတ္ဝင္စားသည္က နက္ျဖန္ဆို Kingႏွင့္အဆက္အသြယ္ျပတ္ေနတာ ၂ပတ္ျပည့္ၿပီျဖစ္သည္။ ဒီေန႔တြင္ေပၚလာႏိုးႏိုးေစာင့္ေနမိခဲ့ေသာ္လည္း ေမွ်ာ္လင့္ထားသလိုျဖစ္မလာခဲ့။
ေမေမႏွင့္ေဖေဖတို႔၊ကယ္ေလးႏွင့္ဒယ္ဒီတို႔အားလုံးက ဘာလိုခ်င္လဲဘာညာေမးၾကေသာ္လည္း ဘာလိုခ်င္ခ်င္သူ႔ဘာသာဝယ္လို႔ရသည့္အေနအထားျဖစ္သည့္အျပင္ လက္ရွိတြင္ လိုခ်င္သည္ကဘာမွမရွိ။ ရႏိုင္လွ်င္ Kingတစ္ေယာက္ကိုသာလိုခ်င္ပါ၏။
ေနာက္ၿပီး ဒီေန႔က သူေဆးလိပ္ေသာက္သည္ကိုမိသြားသည့္ေန႔။ မိသြားတာကလည္းတစ္ျခားေၾကာင့္မဟုတ္။ ကယ္ေလးတစ္ေယာက္ အလုပ္မရွိအလုပ္ရွာၿပီး ဥယ်ာဥ္ထဲရွိ Cctvအားျပန္ၾကည့္ရာ၌ ေဆးလိပ္ေသာက္ေသာသူ႔အား ကြက္ကြက္ကြင္းကြင္းမိသြားျခင္း။
ခုလည္း ဩဝါဒေႁခြတာကိုနားေထာင္ဖို႔ေစာင့္ေနရျခင္း။ ကယ္ေလးကတစ္ခုေတာ့ေကာင္းပါသည္။ ေမေမ့ကိုေတာ့အသိမခံ။ စိတ္ပူတတ္တာသိ၍ျဖစ္မည္။ ေမေမ မုန္႔ေတြသြားျပင္ေနသည့္အခ်ိန္တြင္ ေဖေဖ့ကိုသာအက်ိဳးသင့္အေၾကာင္းသင့္ေျပာသည္။ ကိုယ့္အျပစ္ႏွင့္ကိုယ္မလို႔ အဆူခံဖို႔သာေစာင့္ေနလိုက္၏။
ထိုစဥ္....
"သား ဒယ္ဒီနဲ႔စကားေျပာမလား"
ဒယ္ဒီ့အသံၾကည္ၾကည္က အမိန္႔လည္းမဆန္သလို၊ေမးခြန္းလည္းမဆန္ပါ။ ေနရခက္ေနေသာအေျခအေနတစ္ခုတြင္ လြတ္ေျမာက္ရာေနရာတစ္ခုကို ရွာေတြ႕လိုက္ရသလိုပင္။
"ဟုတ္"
"အင္း...အငယ္ ကိုယ္သားနဲ႔ ၿခံထဲမွာရွိမယ္"
ဒယ္ဒီက သူ႔ရဲ႕သက္ဆိုင္သူအား သံေတာ္ဦးတင္ၿပီးမွ ေရွ႕မွဦးေဆာင္ထသည္။ ထို႔ေနာက္ သူ႔လည္း ဒယ္ဒီ့ေနာက္ကိုလိုက္သြားလိုက္၏။
ေယာက္်ားေတြက ႀကီးေလပိုခန္႔လာေလဆိုသည္မွာ ဒယ္ဒီႏွင့္မွပိုေပၚလြင္သလိုပင္။ လည္ကတုံးအျဖဴႏွင့္ပုဆိုးကြက္စိပ္ကိုဝတ္ထားေသာ ဒယ္ဒီသည္ တစ္ေနရာသြားၿပီးမွဝင္လာပုံရသည္။ ကယ္ေလးသည္လည္းပုံစံတူဝတ္ဆင္ထားသည္မို႔ သူ႔အေတြးကမလြဲႏိုင္။ ဒယ္ဒီ့ရဲ႕ေျခလွမ္းေတြမွာ အရွိန္အဝါတစ္ခုလႊမ္းေနသည္။ လမ္းေလွ်ာက္ေနသည့္ဟန္ပန္၊ အရပ္အေမာင္း၊ သပ္သပ္ရပ္ရပ္ညႇပ္ထားေသာ ဆံပင္ပုံစံႏွင့္ ရင့္က်က္ေသာမ်က္ႏွာသြင္ျပင္တို႔ေၾကာင့္ ဒယ္ဒီသည္ ယခုထက္တိုင္ ဆြဲေဆာင္မႈကက်မသြားေသး။
ၿခံထဲေရာက္ေတာ့ ဒယ္ဒီက ေမေမစိုက္ထားေသာ ပန္းစင္ေဘးရွိ သစ္သားစားပြဲဝိုင္းတြင္ထိုင္ဖို႔ေျပာလာသည္။ ထိုင္ခုံ ၅ခုံရွိတာမို႔ တစ္ေယာက္ေယာက္လာလွ်င္လည္း ဘုံေပ်ာက္စရာအေၾကာင္းမရွိ။ ဒယ္ဒီသည္ သူ႔ေဘးတြင္ကယ္ေလးရွိသည္ျဖစ္ေစ၊မရွိသည္ျဖစ္ေစ အၿမဲကယ္ေလးအတြက္ထည့္စဥ္းစားေပးတတ္သူပင္။
ဒယ္ဒီ ခုံတစ္လုံးတြင္ဝင္ထိုင္လိုက္သည္ႏွင့္ သူလည္း ခုံတစ္လုံးဆြဲကာယူထိုင္လိုက္သည္။ ထို႔ေနာက္ ေျပာလာမည့္စကားကိုေစာင့္ေနလိုက္၏။ ဒယ္ဒီက သူ႔ကိုၾကည့္ကာၿပဳံးလာၿပီး....
"Relax သား....ၿပီးမွ သားကယ္ေလးလာဆူလိမ့္မယ္....ဒယ္ဒီက သားအေနၾကပ္မွာစိုးလို႔ေခၚထုတ္လာတာ"
ဒယ္ဒီ့အေျပာေၾကာင့္ သက္ျပင္းကိုခပ္ဖြဖြခ်လိုက္ၿပီး လိုက္ၿပဳံးမိသြားသည္။ ဒီႏွစ္ပတ္ေလာက္အတြင္း စိတ္ပါလက္ပါၿပဳံးမိတာ ဒီတစ္ႀကိမ္က ပထမဆုံးျဖစ္မည္ထင္၏။ စိတ္တို႔ကအနည္းငယ္ေပါ့ပါးသြားသလိုပင္။
"သား အဆင္ေျပရဲ႕လား"
ဒယ္ဒီေမးခြန္းတိုင္းက သူ႔အတြက္အၿမဲလြတ္လပ္ပါသည္။ ေျဖခ်င္သလိုေျဖႏိုင္ၿပီး ဒယ္ဒီက ထိုအေျဖအေပၚလိုက္ေမးခြန္းထုတ္ေလ့မရွိ။ ဒီေနရာမွာ 'ဟုတ္ကဲ့'လို႔ေျဖလိုက္လွ်င္ေတာင္ ဒယ္ဒီက သူ႔အေျဖကိုလက္ခံေပးမည္သာ။ သို႔ေပမဲ့....
"ဟင့္အင္း မေျပဘူး ဒယ္ဒီ"
အေဝးတြင္ျမင္ေနရေသာ တိမ္စိုင္တို႔ကိုေငးကာျပန္ေျဖမိ၏။ အခ်စ္အတြက္ Depressionဝင္ေနတာလားလို႔ ေျပာလည္းခံလိုက္မည္။ လူတိုင္းက နာက်င္မႈကိုခံႏိုင္ရည္ရွိပုံခ်င္းမွမတူပဲေလ။
"သား ေျပာျပခ်င္ရဲ႕လား"
ဒယ္ဒီ့ရဲ႕အၾကည္ဓာတ္ပါေသာအသံက လွ်ိဳ႕ဝွက္ခ်က္ေတြအားလုံးကိုေတာင္ဖြင့္ျပခ်င္ေလာက္သည္အထိ ဗို႔အားျပင္းသည္။
"သား ပိုေတးကိုလြမ္းတယ္ ေနာက္ၿပီး...."
"....."
"အဟြန္း....တစ္ေယာက္ေယာက္ကိုေရာေပါ့"
"အင္း"
ထို႔ေနာက္ သူရယ္လိုက္မိသည္။ ဒယ္ဒီကသူ႔ႏွင့္အတူလိုက္ရယ္၏။
"တကယ္ ရယ္ရတယ္....သားဘက္ကအရမ္းသိသာေနတာေတာင္ သူကမသိဘူး ဒယ္ဒီ...ေနာက္ၿပီး သူသားကိုမဆက္သြယ္ခ်င္လို႔ထင္တယ္....ဆက္သြယ္လို႔ရမဲ့ဟာမွန္သမွ်ကိုျဖတ္သြားတယ္... သူ႔ဘက္ကစမဆက္သြယ္ခ်င္ေနပါ...သားဘက္က သူ႔ကိုဆက္သြယ္တာကိုေတာင္မလိုခ်င္ေတာ့တဲ့အထိ သားကသူ႔အတြက္ဘာမွမဟုတ္ခဲ့ဘူးထင္တယ္... အဲ့ေလာက္လုပ္ခြင့္ရဖို႔ေတာင္မထိုက္တန္တဲ့လူလိုပဲ"
ေနာက္ဆုံးစကားကို အသံမတုန္ေအာင္ထိန္းေျပာရင္း တိခနဲျဖတ္ခ်လိုက္သည္။ ေလၿငိမ္ေနသည္မို႔ တိမ္တိုက္တို႔သည္လည္းၿငိမ္သက္စြာ။ ဒယ္ဒီကလည္း ဘာမွျပန္မေျပာဘဲခဏၿငိမ္သက္ေနၿပီးမွ ေျပာလာ၏။
"သားက စိတ္ဖတ္တတ္တဲ့လူလား"
"....."
ဒယ္ဒီ့အေမးေၾကာင့္ သူနားမလည္သလိုလွည့္ၾကည့္လိုက္ေတာ့ ဒယ္ဒီကၿပဳံးသည္။
"သားက သူ႔စိတ္ကိုဖတ္တတ္တယ္လား...သူ႔ဘက္ကသားအေပၚကို အဲ့လိုေတြးပါတယ္လို႔ သူကသားကိုေျပာလား..."
"ဒယ္ဒီဘာကိုေျပာခ်င္တာလဲ"
"လူတိုင္းမွာအေၾကာင္းကိုယ္စီရွိၾကတယ္...သားမွာလည္း အေၾကာင္းမ်ိဳးစုံရွိေနတာပဲမလား....သူလည္း အေၾကာင္းတစ္ခုခုရွိမွာပဲလို႔သားေတြးသင့္တယ္... သားကိုမဆက္သြယ္ခ်င္လို႔လို႔သူေျပာခဲ့လား....အဲ့လို Negativeဆန္တဲ့အေတြးမ်ိဳးကို သားဘာသာေတြးၿပီး သားဘာသာစိတ္ဆင္းရဲေနရတာမလား...."
"သားလည္း အဲ့လိုေတြမေတြးခ်င္ဘူး ဒယ္ဒီ.... Negative thoughtsေတြဝင္လာတိုင္း အရမ္းပင္ပန္းရတယ္...မေတြးမိေအာင္ဘယ္လိုလုပ္ရမလဲ"
အားကိုးတႀကီးေမးလိုက္မိေတာ့ ဒယ္ဒီကၿပဳံးသည္။ ဒယ္ဒီ့အၿပဳံးက တစ္ေယာက္ေသာသူလိုပင္ ေအးခ်မ္းပါ၏။
"Negative thoughtsဆိုတာ လူေတြဆီမွာေမြးကတည္းကပါလာတာမလို႔ ဒီလိုေတြးတယ္ဆိုတာသဘာဝပဲ.... Neg thoughtsသာမရွိရင္ လူသားမ်ိဳးႏြယ္ေတြမ်ိဳးတုံးတာၾကာေရာေပါ့ သားရဲ႕"
"....."
"ဟိုအရင္ေခတ္ကလူေတြမွာ Neg Thoughts မရွိရင္ အေစာႀကီးေသကုန္မွာေလ.... ဥပမာ-ခ်ဳံပုတ္ေလးလႈပ္တာကိုျမင္ရင္ Positive thoughtsနဲ႔ ခ်ဳံပုတ္ေနာက္မွာငွက္ေလးတစ္ေကာင္ရွိလို႔ေနမယ္လို႔ တထစ္ခ်ေတြးၿပီး ေအးေဆးေနလို႔မွမရတာ... အဲ့ေနာက္မွာ က်ားတစ္ေကာင္လည္းရွိေနႏိုင္တယ္ေလ.... အဲ့ဒါေၾကာင့္ လူေတြအားလုံးမွာ အႏၲရာယ္ကိုေရွာင္ဖို႔ Negative thoughtsေတြးတတ္တဲ့ဗီဇက ေမြးကတည္းကပါလာတတ္ၾကတယ္.... အဲ့ကေနအဆင့္တက္လာတဲ့အခါ မျဖစ္လာေသးတာကို ႀကိဳေတြးၿပီးစိတ္ပူလာၾကတယ္....သူမ်ားအေတြးေတြထဲဝင္ဖတ္ၿပီး ကိုယ့္အပူကိုယ္ရွာတတ္လာၾကတယ္.... သားကဘယ္အမ်ိဳးအစားထဲပါေနလဲ"
"ဒုတိယတစ္မ်ိဳး"
သူသြက္သြက္လက္လက္ေျဖလိုက္ေတာ့ ဒယ္ဒီကရယ္သည္။ သူပါဒယ္ဒီႏွင့္လိုက္ရယ္မိသည္။
"အင္း သားထက္ပိုဆိုးတဲ့သူေတြအမ်ားႀကီးပါ... တစ္ခ်ိဳ႕ေတြဆို တစ္ေယာက္က Fbမွာ Statusတစ္ခု တင္လိုက္တယ္၊ဒါမွမဟုတ္ အျပင္မွာစကားတစ္ခြန္းေျပာလိုက္တယ္... အဲ့မွာ သူတို႔က အဲ့စာကိုျမင္၊အဲ့စကားကိုၾကားၿပီး သူတို႔ကိုေျပာတာလားဘာညာထျဖစ္ေရာ.... အဲ့လိုလူေတြက အမႈိက္ထုပ္ႀကီးကိုအတင္းလိုက္ဖမ္းေနတဲ့သူေတြနဲ႔မတူဘူးလား.... အမႈိက္ထုပ္ဆိုတာ ကိုယ့္ဆီမွာလည္းၾကာၾကာမထားရဘူး... သူမ်ားဆီကဟာယူလည္း ကိုယ့္အတြက္ဘာအက်ိဳးမွမရွိ.... နံကလည္းနံေသးတယ္.... ကိုယ့္ကိုသီးသန္႔လာေပးရင္ေတာင္ အတင္းျငင္းထုတ္ရမွာမဟုတ္ဘူးလား.... အဲ့လိုစိတ္ရႈပ္စရာအမႈိက္ထုပ္ႀကီးကို ကိုယ္က တကူးတကသြားေကာက္ေနတာက ကိုယ့္အတြက္ ဘာေကာင္းက်ိဳးမွမရွိဘူးေလ.... ဟုတ္တယ္ဟုတ္?"
"ဟုတ္ ဒယ္ဒီ....သားနားလည္ၿပီ"
"Ok....နားလည္ၿပီဆိုေတာ့ အဆူခံလိုက္ဦး"
ဒယ္ဒီကၿပဳံးစစႏွင့္ သူ႔ေနာက္ဘက္ျခမ္းကို ေက်ာ္ၾကည့္ကာေျပာလာသည္မို႔ သူႏွာေခါင္းကိုအသာရႈံ႕လိုက္ၿပီး သတိကပ္လိုက္ရ၏။
"လူေလးက လက္ေတာက္ေလာက္နဲ႔ အတတ္ေကာင္းေတြတတ္ေနတာမ်ား..."
ကယ္ေလးက လူထက္အရင္အသံကေရွ႕ေတာ္ေျပးလာသည္မို႔...
"ကယ္ေလးကလည္း"
"အသည္းကြဲေနတာလား မွန္းစမ္း"
ကယ္ေလးက သူ႔ေမးေစ့မွကိုင္ကာ မ်က္ႏွာကိုဆြဲေမာ့ၿပီးၾကည့္လာသည္မို႔ ထိုလက္ကိုျပန္ဆြဲခ်လိုက္ၿပီး...
"ဖြဖြ ကယ္ေလးကလည္း...ဘာလို႔နမိတ္လိုက္ဖတ္ေနတာလဲ"
သူႏွင့္ကယ္ေလးကိုၾကည့္ကာ ဒယ္ဒီကရယ္သည္။ ကယ္ေလးက သူ႔ကိုၾကည့္ၿပီး ႏႈတ္ခမ္းတစ္ခ်က္မဲ့ကာ ဒယ္ဒီ့ေဘးကခုံတြင္ဝင္ထိုင္၏။
"ဘယ္ေတာ့ ေဆးလိပ္ျဖတ္မလဲ"
"သားကစြဲမေနပါဘူး တစ္ေန႔တစ္လိပ္ပဲေသာက္တာပါ"
"ဘာလဲ အဓိဌာန္ဝင္ထားလို႔လား....မပ်က္မကြက္ေသာက္ေပးေနတယ္ဆိုေတာ့"
"ကယ္ေလးကလည္း"
"ေစာေစာစီးစီးႂကြမယ္ဆိုလည္း ေစာေစာမိန္းမယူ၊ ကေလးပါေမြးထားလိုက္... ငါတို႔လည္းအဲ့ကေလးေတြအ႐ြယ္ေရာက္တဲ့အထိအသက္ရွည္ေအာင္ႀကိဳးစားေနလိုက္မယ္"
"ကယ္ေလးကလည္း....သူမ်ားေဆးလိပ္ေသာက္တဲ့သူေတြလည္း ၄၀ ၅၀ထိေတာ့ေနရတာပါပဲ"
စကားအဆုံး ကယ္ေလး၏ မၾကည္ၾကည့္ကေရာက္လာတာမို႔ ေဘေဘးတစ္ေယာက္ ပါးစပ္ကိုခ်က္ခ်င္းပိတ္ပစ္လိုက္သည္။
ကယ္ေလးက စေနသားလို႔က်ိန္ေျပာစရာမလိုဘူး...မ်က္ေစာင္းတစ္ခ်က္နဲ႔တင္သိသာေနၿပီ... ၿပီးရင္ 'မင္းေၾကာင့္ ငါလည္း အေဒၚႀကီးနဲ႔တူလာၿပီ'ဆိုၿပီး လူကိုစြပ္စြပ္စြဲစြဲေတြလာေျပာဦးမယ္...
"စိတ္ထဲကေန ငါ့ကိုအတင္းေျပာမေနနဲ႔"
"ဟာ ကယ္ေလးဘယ္လိုသိ...အဲ"
"ဟားဟား သားရာ...."
ဒယ္ဒီကသူ႔အျဖစ္ကိုၾကည့္ကာ ထရယ္ေတာ့သည္။ ကယ္ေလးသည္လည္း ရယ္ခ်င္စိတ္ကိုထိန္းထားသေယာင္။ ဒါက အေျခအေနေကာင္းသည္ကိုဆိုလိုသည္မဟုတ္ပါလား။
"ဟီး...ကယ္ေလး....သားျဖည္းျဖည္းခ်င္းေဆးလိပ္ျဖတ္မွာပါ....ခုလည္းအရမ္းစြဲေနတာမဟုတ္ပါဘူး"
"လုပ္ခ်င္တာလုပ္....ဒီအ႐ြယ္ကိုလိုက္ေျပာလည္းကြယ္ရာမွာလုပ္ခ်င္လုပ္မွာဆိုတာငါသိတယ္... မင္းဘာသာမင္းဆင္ျခင္... မင္းအေမကဘယ္ေလာက္စိတ္ပူတတ္လဲဆိုတာ သိတယ္မလား... သူ႔ေရွ႕မွာမင္းက်န္းမာေရးတစ္ခုခုျဖစ္ရင္ ငါတို႔ထက္ သူပဲထိပ္ဆုံးကပူရမွာ.... ထားေတာ့.... ဒါေတြေျပာေနရတာလည္း အပ္ေၾကာင္းထပ္ေနၿပီ....မင္းဘာဆက္တက္ဖို႔စိတ္ကူးလဲ"
"ဟုတ္ ခုထိေတာ့မစဥ္းစားရေသးဘူး"
"ဟုတ္ၿပီ.... စဥ္းစားၿပီးရင္ျဖစ္ျဖစ္၊မစဥ္းစားတတ္ရင္ျဖစ္ျဖစ္၊ အႀကံတစ္ခုခုလိုရင္ျဖစ္ျဖစ္ အိမ္လာခဲ့..."
"ဟုတ္"
"အင္း...ဒါနဲ႔ ကိုကိုေရာ ကိုကို႔သားကို ဘာေျပာဖို႔က်န္ေသးလဲ"
"ၿပီးၿပီ အငယ္..."
"ဟုတ္ ဒါဆိုျပန္ၾကမယ္ေလ... ကိုကို ဒီေန႔ပင္ပန္းထားတာကို အရႈပ္ထုပ္ကိစၥလာရွင္းေနရတယ္"
"ကယ္ေလးေၾကာင့္ သားနာမည္စီးေနတာ"
"ေသာက္ပိုေတြေျပာမေနနဲ႔ လိုက္ပို႔မွာမလား...ထေတာ့"
ထို႔ေနာက္ ကယ္ေလးႏွင့္ဒယ္ဒီတို႔ကေရွ႕က၊ သူကေနာက္မွလိုက္သြားလိုက္သည္။ ဒယ္ဒီက ကယ္ေလး၏လက္ဖဝါးကိုတစ္ခ်က္မလႊတ္၊လက္ေခ်ာင္းခ်င္းယွက္ကာ ဆုပ္ကိုင္ထား႐ုံမက လက္မျဖင့္ ကယ္ေလး၏ လက္ခုံအားအသာပြတ္သပ္ေနသည္ကိုပါ ျမင္ေနရ၏။
Singleေလးေရွ႕မွာ လာၿပီးRoျပေနလိုက္ၾက....သူ႔ဘဝက အျခားအတြဲေတြေၾကာင့္ Deမဝင္ရဘဲ သူ႔အေဖေတြေၾကာင့္ပဲ Deဝင္ရေတာ့မွာ....
မျမင္ႏိုင္ေတာ့၍ မ်က္စိတို႔ကိုဟိုလႊဲဒီလႊဲလုပ္ေနေပမဲ့ ႏွစ္ေယာက္သား ပုခုံးတိုက္ၿပီးရယ္လိုက္တာေတြ၊ ဒယ္ဒီက ကိုယ္ကိုအနည္းငယ္ေစာင္းကာ ကယ္ေလးနားနားကပ္ေျပာလိုက္တာေတြ၊ ကယ္ေလး၏ ဆံပင္ကိုအသာဖြလိုက္တာေတြအားလုံးကို မ်က္လုံးေထာင့္စြန္းမွ ျမင္ေနရေသးသည္။
သည္းခံ သည္းခံ....
>>>
၃ပတ္ေျမာက္သည့္ေန႔တြင္ေတာ့ တစ္ေယာက္ေသာသူ၏ Accသည္ မီးစိမ္းလာၿပီး ပို႔ထားေသာ Msgမ်ားအားလုံး Seenျဖစ္သြားၾက၏။
Conversationအေဟာင္းေတြကိုျပန္ၾကည့္ေနရင္း စာမ်ားအားလုံးSeenျဖစ္သြားေၾကာင္း 'ကေလာက္'ဆိုေသာအသံေလးျဖင့္ အသိေပးလာသည္မို႔ ရင္ထဲဒိန္းခနဲေဆာင့္ခုန္သည္။ အလုံးေလးေတြလႈပ္တုပ္လႈပ္တုပ္ေပၚလာသည္မို႔ တစ္ဖက္မွစာ႐ိုက္ေနေၾကာင္းသိလိုက္ရ၏။ သူ ရင္ခုန္ရလြန္း၍အသက္ရႉပင္ရပ္မတတ္။
ထို႔ေနာက္ စာတစ္ေစာင္ဝင္လာ၏။
‘ငါအခုမွဖုန္းျပန္ရလို႔’
စာေလးကရွင္းပါသည္။ သူ႔အေနႏွင့္ ဘာေၾကာင့္ဘာညာေမးလည္းေျဖမည့္သူမဟုတ္သည္မို႔ ထိုစာေၾကာင္းအေပၚသာ အတည္ျပဳစဥ္းစားရသည္။
အားလုံးကိုၿခဳံစဥ္းစားၾကည့္လိုက္ေတာ့ ဖုန္းကိုတစ္ေယာက္ေယာက္သိမ္းထားျခင္းျဖစ္ေၾကာင္း၊ ၾကားထဲအဆက္အသြယ္မလုပ္ခဲ့သည္မွာ သူ႔ဆႏၵေၾကာင့္မဟုတ္ေၾကာင္း၊ ေဘေဘးကိုမဆက္သြယ္ခ်င္၍လည္းမဟုတ္ေၾကာင္း သိလိုက္ရသည္။ လိုင္းေပၚတက္တက္ခ်င္း မိမိကိုစာျပန္လာသည္မို႔ စိတ္ပင္အနည္းငယ္လႈပ္ရွားမိသြား၏။
‘အင္း ငါကမင္းတစ္ခုခုျဖစ္ေနတယ္ထင္ေနတာ ဒါနဲ႔ မင္းဘာတက္မွာလဲ ဘယ္မွာတက္မွာလဲ’
Sendကိုႏွိပ္လိုက္ၿပီးမွ 'ငါအရမ္းသိခ်င္ေနသလိုမ်ား ျဖစ္သြားၿပီလား'ဆိုသည့္အေတြးဝင္လာၿပီး အရွိန္သတ္လိုက္မိ၏။ စကၠန္႔ ၃၀ေလာက္အၾကာ....
‘ေတာင္ႀကီးမွာပဲေဆးတက္မယ္’
ထိုစာေလးေၾကာင့္ ေဘေဘးအေတြးမ်ားသြားသည္။ လြမ္းေနတာကတစ္ေၾကာင္း၊ မ်က္ႏွာၾကည့္ၿပီးေမးခ်င္တာကတစ္ေၾကာင္းေၾကာင့္ video callေခၚလိုက္မိ၏။ တစ္ဖက္မွဖုန္းမကိုင္ခင္ ကိုယ့္ကိုယ္ကို အေပၚေအာက္Scanဖတ္ရေသးသည္။
ထို႔ေနာက္ တစ္ဖက္မွ Acceptလုပ္လိုက္သည္မို႔ ကင္မရာထဲတြင္အေခ်ာဆုံးျဖစ္ေနသည့္အေနအထားျဖစ္ေအာင္ လက္ကိုအနည္းငယ္ေဝးေဝးထားၿပီးခ်ိန္လိုက္မိသည္။ Screenထက္ေပၚလာမည့္ပုံရိပ္အား စိတ္လႈပ္ရွားစြာေစာင့္ေနမိ၏။ မၾကာခင္ ၾကည္လင္ေနေသာမ်က္ႏွာေလးေပၚလာသည္။
ခ်စ္ရသူက ေမြးရပ္ေျမႏွင့္ပိုတည့္ပုံရ၏။ အသားအရည္ကပိုစိုၿပီးၾကည္လင္ေနသည္။ ႏႈတ္ခမ္းအစုံက စိုစိုရဲရဲႏွင့္။ ဆြယ္တာအျဖဴလည္ပိတ္ကိုဝတ္ထားသည္မို႔ အျမင္ကတစ္မ်ိဳးဆန္းေနၿပီး ပိုၾကည့္ေကာင္းသည္။ နားထင္ႏွင့္နားတစ္ဝိုက္တြင္အနည္းငယ္ရွင္းလင္းေနကာ ဦးေရျပားစိမ္းစိမ္းေလးကမသိမသာေပၚလြင္ေနသည္မို႔ ဆံပင္ညႇပ္ထားေၾကာင္းသိလိုက္ရ၏။ အိမ္မွာေနရင္ ဆံပင္တို႔ကိုလွန္တင္ထားေလ့မရွိပုံရသည္။ Video callေခၚတိုင္းတြင္ ဆံပင္တို႔က နဖူးထက္ဝဲကာက်ေနေလ့ရွိၿပီး ယခုဆံပင္ညႇပ္လိုက္ေတာ့ ေခ်ာေမာသည့္မ်က္ႏွာကပိုေခ်ာသြားသေယာင္။
ေဘေဘးေငးၾကည့္ေနကာဘာေျပာရမွန္းမသိ။ ေျပာဖို႔စကားပင္ေမ့သြားသည္မို႔ အသည္းအသန္စဥ္းစားလိုက္ရသည္။
ဪ....ေတာင္ႀကီး ေတာင္ႀကီး....
"ဘာလို႔ေတာင္ႀကီးမွာပဲ တက္မွာလဲ... ရန္ကုန္မွာတက္လို႔မရဘူးလား.... ရန္ကုန္မွာလည္းေဆးတကၠသိုလ္ေတြရွိတာပဲေလ.... ဘာလဲ ငါေႏွာင့္ယွက္မွာစိုးလို႔လား"
ေမးခြန္းတစ္ခါေမးၿပီးတိုင္း စိတ္ရွည္လက္ရွည္ေစာင့္တတ္သည့္အက်င့္ကို သူေမြးႏိုင္ခဲ့ၿပီျဖစ္သည္။ ေမးခြန္းဆက္တိုက္ေမးေနမည့္အစား တစ္ခြန္းတည္းအျပည့္အစုံေမးလိုက္ၿပီး အခ်ိန္ခဏေစာင့္လိုက္႐ုံႏွင့္ Kingက အတိုဆုံးႏွင့္အျပည့္စုံဆုံးဝါက်တစ္ခုကိုျပန္ေပးတတ္၏။ ခုလည္း စကၠန္႔ပိုင္းေလာက္ေစာင့္အၿပီးတြင္...
"ေတာင္ႀကီးကလူေတြက ေတာင္ႀကီးမွာပဲတက္လို႔ရတယ္"
တစ္ဖန္ King၏ ဝါက်တို႔အား အဓိပၸါယ္ဖြင့္ဆိုရသည္ကသူ႔အလုပ္။ ဒီဝါက်၏ အဓိပၸါယ္အရသူေလ့လာစရာေတြရွိသြားၿပီျဖစ္သည္။ တကၠသိုလ္ေတြအေၾကာင္း ဘာမွေလ့လာမထားသည္မို႔ဘာမွမသိ။ ေဆး ၁ႏွင့္ ေဆး ၂ကိုသာသိသည္။ Kingအေျပာအရဆို ေဆးတကၠသိုလ္ေတြက နယ္အလိုက္သတ္မွတ္ထားပုံရ၏။
Kingကေဆးဆို ေခးဆက္ကလည္း ေဆးပဲတက္မည္ဆိုတာ ေမးစရာပင္မလို။ ဒီၾကားထဲ ေခးဆက္၏ စိတ္အေနအထားႏွင့္ Kingအေပၚထားသည့္သေဘာထားကိုသူရိပ္မိခဲ့သည္။ ေခးဆက္သည္လည္း သူ႔သေဘာကိုရိပ္မိပုံေပၚ၏။ Kingနဲ႔ေခးဆက္အၾကားဆက္ဆံေရးကိုေတာ့ သူလက္လွမ္းမမွီ၍ မသိေတာ့။
တစ္ခုစိုးရိမ္ရသည္က ေတာင္ႀကီးမွာႏွစ္ေယာက္လုံးတက္ၾကမည္ဆိုလွ်င္ Shockရွိသည္။ သူက ေခးဆက္ကိုေရွာင္ေပးလို႔ရခဲ့ေပမဲ့ တကၠသိုလ္မွာမေရွာင္တဲ့ေကာင္ေတြႏွင့္တိုးလွ်င္ မလြယ္။ Kingက အရမ္းသဝန္တိုတတ္၏။
သူ႔အေနႏွင့္လည္း ေတာင္ႀကီးကိုသြားေနဖို႔ကမလြယ္။ ေငြေရးေၾကးေရးကေတာ့ေျပာစရာမဟုတ္။ အေၾကာင္းျပစရာမရွိသည္က အဓိကအေၾကာင္းအရင္းျဖစ္သည္။ သူဒီတိုင္းေန၍မရေတာ့။ တစ္ခုခုလုပ္ရေတာ့မည္ပင္။
"ရန္ကုန္ကိုေျပာင္းလို႔မရဘူးလား"
သိခ်င္သည္မို႔ေမးလိုက္ေတာ့....
"မရဘူး"
ေဘေဘး အနည္းငယ္စဥ္းစားၾကည့္လိုက္ၿပီးေနာက္ ထပ္ေျပာလိုက္မိျပန္၏။
"ရရင္ေျပာင္းမွာလား တစ္ခုခုေလ့လာခ်င္ရင္ဒီမွာကပိုစုံတယ္ေလ"
အကဲစမ္းသလိုထပ္ေမးလိုက္ေတာ့ ေမးခြန္းအနည္းငယ္ပါေသာမ်က္ဝန္းတို႔ျဖင့္ၾကည့္လာသည္။
"ဟင္? King...ေျပာင္းလို႔ရရင္ ေျပာင္းလာမယ္မလား..."
ေမးလိုက္ၿပီးေနာက္ ေမွ်ာ္လင့္တႀကီးႏွင့္ အေျဖကိုေစာင့္ေနလိုက္သည္။
ထို႔ေနာက္....
"မရေလာက္ဘူး"
"မင္းကလည္း ငါကရရင္လို႔ေျပာတာေလ...ရရင္ေျပာင္းမွာလားလို႔ေမးတာကို..."
"...."
"ေတြ႕လား...မင္းက အၿမဲအဲ့လိုပဲ...ငါ့ကိုနည္းနည္းေလာက္စိတ္ခ်မ္းသာသြားေအာင္ေျဖေပးလို႔မရဘူးလား..."
"...."
ေဘေဘးစိတ္ကိုအရွည္ဆုံးဆြဲဆန္႔ထားေသာ္လည္း ရင္ထဲပူေလာင္ေနသည္မို႔ ဝမ္းနည္းလာသည္။ ဒီေနာက္ပိုင္း Kingႏွင့္ပတ္သက္လာလွ်င္ ငိုလြယ္ရယ္လြယ္ပိုျဖစ္လာသလိုပင္။
"မင္းကိုမုန္းခ်င္လိုက္တာ"
ေျပာခ်င္တာေျပာလိုက္ၿပီး အံႀကိတ္ကာမ်က္ႏွာလႊဲထားလိုက္မိ၏။
အျမင္ကတ္တယ္...ထင္ခ်င္သလိုသာထင္ပါေစေတာ့...ဘယ္ေလာက္ထုတ္ျပျပသိမဲ့႐ုပ္လည္းမဟုတ္ဘူး.... သူ႔ကိုအၿမဲသည္းခံေနတာက ေမြးရာပါပါရမီမ်ားမွတ္ေနလားမသိ.... သူ႔ဘာသာ သိသိမသိသိ တစ္ဖက္သတ္စိတ္ေကာက္ခ်င္ေကာက္မွာပဲ....
"ေျပာင္းမယ္"
"ဟမ္ ဘာ?"
ေဘေဘးတစ္ေယာက္ ဟိုေတြးဒီေတြးႏွင့္မလို႔ ႐ုတ္တရက္ထြက္ေပၚလာေသာဝါက်တိုေလးအား ခ်က္ခ်င္းအဓိပၸါယ္မေကာက္ႏိုင္ျဖစ္သြားသည္။
"ေျပာင္းလို႔ရရင္ေျပာင္းလာမယ္"
အသံၾကည္ၾကည္ေအးေအးကမဆိုင္းမတြထပ္မံထြက္ေပၚလာ၏။
ဘာလဲ ဒီေလသံက...မသိရင္ငါ့ကိုျပန္ေခ်ာ့ေနသလိုပဲ...မသိဘူး...လိုရာဆြဲေတြး King ေကာင္ေလးပဲ...
ကိုယ့္အေတြးႏွင့္ကိုယ္ မ်က္ႏွာကၿပဳံးက်သြားသည္။ ဒီတစ္ခါ Kingက ခဏေျပာၿပီးဖုန္းခ်မယ္ဘာညာေျပာမလာ။ သူဂ်စ္တိုက္ေနသည္ကိုပင္ ေစာင့္ေပး၏။ ထိုသို႔ေတြးမိေတာ့ ရင္ထဲပိုၾကည္ႏူးလာသည္။ ဘယ္ခ်ိန္မဆိုဖုန္းျပန္ေခၚ၍ရၿပီမို႔ ခုေတာ့ဒီေနရာမွာပဲရပ္မည္။ အႀကိမ္ႀကိမ္လြမ္းတတ္သူမို႔ အႀကိမ္ႀကိမ္ဖုန္းေခၚျဖစ္မည့္အေရးကိုေရွးရႉကာ ဒီတစ္ႀကိမ္ကိုအခ်ိန္မဆြဲခ်င္ေတာ့။ ညက် သုံးခါေလာက္ထပ္ေခၚလိုက္မည္။ သူေလ့လာစရာ၊လုပ္စရာေတြ ရွိေသးသည္မဟုတ္ပါလား။
"King...ငါထမင္းသြားစားေတာ့မယ္... မင္းလည္းေစာေစာစားေနာ္... ငါညက်ဖုန္းထပ္ဆက္မယ္.... ကိုင္ျဖစ္ေအာင္ကိုင္ေနာ္ သိလား.... ခုေတာ့ ငါဖုန္းခ်ေတာ့မယ္ေနာ္...."
"အင္း"
႐ုပ္တည္ႏွင့္ျပန္ေျပာလာသူအား အသည္းယားသြားၿပီး စခ်င္လာသည္မို႔....
"King..."
"အင္း"
"အာဝါး...မြ..."
ကင္မရာထက္ႏႈတ္ခမ္းကိုကပ္လိုက္ၿပီးေနာက္ Screenကိုျပန္ၾကည့္လိုက္ေတာ့....
နီရဲေနေသာမ်က္ႏွာအားခဏျမင္လိုက္ရၿပီးေနာက္...
Call ended....
"ဟားဟား....အား ခ်စ္ဖို႔ေကာင္းလိုက္တာ..."
ေဘေဘး အသည္းယားစြာေအာ္ဟစ္လိုက္ၿပီးေနာက္ မိန္႔မိန္႔ႀကီးၿပဳံးကာ ကုတင္ထက္ဆန္႔ဆန္႔ႀကီးလွဲေနရင္း ဟိုေတြးဒီေတြးႏွင့္ တစ္ေရးအိပ္ေပ်ာ္သြားေတာ့သည္။
အိပ္မက္ကလွပါ၏။
ကံ့ေကာ္ပန္းရနံ႔ေလးေတြထုံသင္းေနေသာသီးသန္႔ေနရာတစ္ခုတြင္၊ ခ်စ္ရသူအားရင္ခြင္ထဲထည့္.... အဲ....ငါကရင္ခြင္ထဲေရာက္ေနတာဟ....
ေဘေဘးအိပ္မက္ထဲမွႏိုးထလိုက္သည္။ မ်က္ႏွာကစူပုပ္ေန၏။
Roleကေသမလို႔ အၿမဲလြဲေနတာလား... ၾကာရင္ ငါအက်င့္ပါသြားေတာ့မယ္... Tsk!
စိတ္ေပါက္ေပါက္ႏွင့္ ထိုအေၾကာင္း Statusတင္လိုက္မိသည္။ Accေျပာင္းဖို႔ေတာ့မေမ့။
‘Crushကို အိပ္မက္ထဲမွာအၿမဲထည့္မက္တယ္ ဒါေပမယ့္ Roleကလြဲေနတယ္ ကိုယ္တကယ္လက္မခံႏိုင္ဘူး ၾကည္ႏူးရမယ့္အစား သတိဝင္တာနဲ႔ အလန္႔တၾကားအၿမဲထလာရတယ္ ဘယ္လိုလုပ္ရမလဲ’
ထိုစာတင္ၿပီး စကၠန္႔ပိုင္းအၾကာတြင္ Cmtတစ္ခုတက္လာသည္။ တစ္ျခားလူေတာ့မဟုတ္။ ဟိုေကာင္ Power Ranger။
‘အိပ္မက္ဆိုတာေျပာင္းျပန္ယူရတယ္တဲ့ အိပ္မက္ထဲမွာ Roleလြဲတယ္ဆိုတာ အျပင္မွာ Roleကအတည့္ပဲ ဆိုတဲ့သေဘာ အဲ့ေတာ့ အိပ္မက္ထဲမွာမွိန္းခံေနလိုက္ တကယ္မွမဟုတ္တာ စိတ္ထားတတ္ရင္ ၾကည္ႏူးလို႔ေတာင္ရတယ္’
ေဘေဘး ထိုCmtေၾကာင့္ ေခါင္းတညိတ္ညိတ္ျဖစ္သြား၏။
ဒီေကာင္ေျပာတာလည္းဟုတ္သား....မဟုတ္ရင္ အိပ္မက္ထဲ Crushနဲ႔ေတြ႕တာေတာင္ ငါ့မွာအလန္႔တၾကားျဖစ္ေနရတာ....
ထို႔ေနာက္ ေဘေဘးသည္ အေတြးတို႔ကိုယတိျပတ္ျပဳျပင္လိုက္သည္။
အိပ္မက္ထဲမွာ ေအာက္ထပ္ေရာက္လည္း အေၾကာင္းမရွိဘူး၊ အျပင္မွာ အေပၚထပ္တက္ႏိုင္ဖို႔က အဓိကပဲ....