"မင်းကြီး နားနေသင့်ပါတယ် ကျန်းမာရေးကကောင်းသေးတာမဟုတ်ပါဘူး"
မိုးတောင်မလင်းသေးဘူး ပြန်မို့လုပ်နေတဲ့ မင်းကြီးကြောင့် အကုန်လုံး ပြင်ဆင်နေကြရသည်။
"၀န်ဟီး ငါကိုယ်တော် နန်းတော်ကိုပြန်ချင်ပြီ"
"ဒါပင်မဲ့"
လက်ဟန့်တန့်ပြီးတားလိုက်သော မင်းကြီးကြောင့် ပြောမည့် စကားများရပ်တန့်သွားရသည်။
"သားငယ်လေးကို လွမ်းလှပြီ"
ငါကမကောင်းတဲ့လူတစ်ယောက်ဘဲ ပြည်သူတွေကမင်းဆိုးတစ်ပါးလို့ မြင်နေရင်တောင် သားတော်ဆီက ကြည်ဖြူမှုကိုဘဲ ရှေ့ရှုတယ်။
"အဟွတ် အဟွတ်"
ပုဝါဖြူကို အုပ်ကာချောင်းဆိုးပြီး ပြန်ကြည့်လိုက်တော့ ဖြူလွှလွှပုဝါပေါ် ကပ်ပါလာတဲ့ သွေးတွေ။၀န်ဟီးမတွေ့အောင် အမြန် လက်ကိုရုတ်သိမ်းကာ မတ်တပ်ရပ်လိုက်သည်။သူတို့ကမသေမျိုး ဒီလိုလူသားတွေဖြစ်တဲ့ လက္ခာဏတွေမဖြစ်တဲ့ ထူးခြားတဲ့သူတွေပါ။ဒါပင်မဲ့ သူဒီလိုချောင်းဆိုးရင် သွေးပါတာ ရက်အတော်ပင်ကြာနေပြီဖြစ်သည်။
"မင်းကြီး ကျန်းမာရေးမကောင်းသေးတာမို့ ရက်အနည်းငယ်လောက် နားပါအုံး"
ပြောမရသည့်အဆုံး ကိုယ်ရံတော်ရဲ့စကားအတိုင်းခဏနားရန်သာ ဆုံးဖြတ်လိုက်သည်။
'သားတော်ကို အမြန်တွေ့ချင်လှပြီ'
♡
♡
♡More Than Love🌸🍃
♡
♡
ဂျောင်ဂု ဂျီမင်းကို မြင်းပေါ်တင်ပေးကာ ဆိပ်ကမ်းမသွားခင် အမှာစကားတွေခြွေတမ်းနေသည်။
"ဂျီဂျီ ဟိုရောက်ရင်နေကောင်းအောင်နေပြီး အပြင်တွေလျှောက်မထွက်နဲ့နော် အကိုတော်က အခြေအနေတွေကောင်းတာနဲ့ လာခေါ်မယ်"
"အကိုတော် သေချာဂရုစိုက်ပါနော် ထယ်ထယ့်ကိုလဲ ခေါ်လာနော်"
"အင်းပါ အကိုတော့ညီလေးက နေကောင်းအောင်နေ"
နှုတ်ဆက်စကားဆိုပြီး ကျလုဆဲဆဲမျက်ရည်ကို ညီငယ်လေးမတွေ့ခင် လှည့်ထွက်လာလိုက်သည်။ဒီပွဲမှာ အနိုင်မရခဲ့ရင် ဒါမှမဟုတ် အသက်မရှင်ခဲ့ရင် ဂျီဂျီကတော့ကျိန်းသေပေါက် ရှင်သန်ရမယ်။ပြီးရင် ယောင်းကိုကာကွယ်ပေးရမယ်။
"သွားမို့အဆင်သင့်ဖြစ်ပြီလား"
၀မ်လူကြီးမင်းကစကားဆိုတော့ သူ့ရဲ့လိုအပ်တဲ့ပစ္စည်းတွေထည့်ပြီး အထုပ်ကိုလွယ်ကာ ဂူထဲကို၀င်လာလိုက်သည်။
"အကိုတော်ယွန်းဂီ"
ဂျီမင်းရဲ့ခေါ်သံကြောင့် ရေဘူးလေးတွေထဲရေထည့်ပြီး ပြန်လာတဲ့ယွန်းဂီမှာ လှည့်ကြည့်မိသည်။ မျက်ရည်စလေးတွေနဲ့ ဂျီမင်း......အနားကိုမပြေးရုံတမယ် အမြန်သွားတော့ မြင်းပေါ်ကခုန်ဆင်းတဲ့ကလေး။သူ့ကိုဖက်တွယ်ကာ တစ်ရှုံးရှုံးနဲ့ငိုနေတာများ အမေပျောက်လို့လိုက်ရှာနေတဲ့ကလေးကျလို့
"ဂျီဂျီ"
"အကိုတော် ယွန်းဂီလဲ ဂျီဂျီကို လာခေါ်ရမယ်နော်"
"အင်းပါ"
ခေါင်းလေးကို ပုတ်ပေးတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မော့ကြည့်တဲ့ကလေး။
"ကတိနော်"
"အင်း ကတိ"
"ယွန်းဂီရေ သွားမယ်"
နမ်ဂျွန်းက လှမ်းအော်တော့ အကုန်လုံးကသွားဖို့အဆင်သင့်တောင်ဖြစ်နေကြပြီ။
"ဂျီဂျီ ကိုယ်သွားတော့မယ်"
မြင်းပေါ်ပြန်တင်ပေးမို့လုပ်တော့ သူ့လက်ကိုဆွဲထားပြီး ဆံချည်မှာ ချည်ထားတဲ့ ပုဝါလေးကိုချွတ်ပြီး သူ့လက်ကောက်၀တ်မှာစည်းပေးသည်။
"ဒီလိုပေးရင် စစ်ပွဲကိုအနိုင်ရပြီး သေချာပေါက်ပြန်လာတယ်လို့ ကြားဖူးလို့"
ဒီကလေးလေးနှယ် သူ့ကိုစိတ်မကောင်းဖြစ်အောင် လုပ်လွန်းတယ်။
"အင်း သေချာပေါက်ပြန်လာမယ်"
ခေါင်းသေးသေးလေးကိုနမ်းရှိုက်ကာ မြင်းပေါ်တင်ပေးလိုက်သည်။ဆိပ်ကမ်းကိုသွားမဲ့ ဂျီဂျီတို့ကို အရင်စေလွှတ်လိုက်ကာ ကျန်နေတဲ့ သူတို့၃ယောက်ကတော့ ဂူထဲမှနန်းတော်ကိုသွားရန် ခြေလှမ်းစရတော့သည်။၀မ်လူကြီးမင်းနဲ့ စစ်သူကြီးတွေက မြို့တစ်လျှောက်ကနေ နန်းတော်ဆီချီတက်မှာဖြစ်သည်။
"၃ယောက်ထဲအဆင်ပြေပါ့မလား"
"ရပါတယ်၀မ်လူကြီးမင်း ကျွန်တော်မျိုးတို့ ၃ယောက်ဒီကနေ ရောက်အောင်သွားလိုက်ပါ့မယ်"
"ရော့"
သူတို့၃ယောက် လက်ထဲကို ပေါက်စီလေး၁လုံးစီထည့်ပေးတဲ့ လူကြီးမင်း
"မအိပ်မနားဘဲ သွားရင်တောင် ၂ရက်နဲ့နေ့တစ်၀က်ကြာတယ် ဒါကြောင့်မို့ အစားကိုသေချာစားပြီး ဂရုစိုက်ကြ သားရဲတွေတော့မရှိလောက်ပင်မဲ့ တစ်ခြားအကောင်တွေရှိလောက်တယ်"
"ခုလိုဂရုစိုက်ပေးတာကိုဘဲကျေးဇူးတင်ပါတယ် လူကြီးမင်း"
"ဒါကလဲ ငါလုပ်သင့်လုပ်ထိုက်တဲ့ အရာဘဲလေ ပြီးတော့ မင်းတို့ရောက်ခါနီးမှာ လမ်း၂လမ်းရှိတယ်လို့ ဟိုဆော့ပြောဘူးတယ် တစ်လမ်းကတောင်ဘက်နန်းဆောင်ကိုရောက်ပင်မဲ့ ကျန်တဲ့တစ်လမ်းက ဘယ်ကိုရောက်လဲဆိုတာငါတို့မသိဘူး"
"ကျွန်တော်မျိုးတို့ သေချာဂရုစိုက်ပြီးသွားလိုက်ပါ့မယ် လူကြီးမင်း"
ပြောပြီး အထုပ်ကိုယ်စီနဲ့ လှိုင်ဂူထဲ၀င်သွားတဲ့ ကောင်လေး၃ယောက်.......
ဂျောင်ဂု သူ့လည်ပင်းကဆွဲကြိုးလေးကို ဆုတ်ကိုင်ကာ ရှေ့ကနေ မီးတုတ်ကိုကိုင်ရင်း အမြန်လျှောက်နေသည်။အမြန်ရောက်မှ ယောင်းကိုတွေ့လို့ရမှာမဟုတ်ပါလား.......လည်ဆွဲလေးကို ကိုင်ဆွဲရင်း မှောင်မဲနေတဲ့လျှောက်လမ်းတစ်လျှောက် လွန်ခဲ့တဲ့ ၁၃နှစ်ကအကြောင်းပြန်တွေးမိသည်။အဲ့တုန်းကပေါက်စ သေးသေးလေးယောင်းက သူ့လက်ထဲဒီဆွဲကြိုးလေးကို လာထည့်ပေးသွားတာ.......
"ယောင်းကလက်ချောင်ပေးတာ ဟီး သွားဘီနော်"
"အော် မေ့ရို့ တိုတိုဒီနားတိုးယာခဲ့"
*ပြွတ်စ်*
လက်ထဲ ယောင်းကသူ့ရဲ့လည်ဆွဲလေးကို ထည့်ပေးပြီး သူ့ရဲ့ပါးကို လှမ်းနမ်းတဲ့ ကလေးပေါက်လေး......
တော်တော်ရဲတင်းတဲ့ အကောင်ပေါက်လေး။ဘေးမှာသာရှိရင် တစ်သက်လုံး ပွေ့ဖက်ပြီးရင်ခွင်ထဲထည့်ထားမှာ..........သူတို့ရဲ့ချစ်ခြင်းတွေက လွန်ခဲ့တဲ့၁၃နှစ်ထဲကစတင်ခဲ့ကြတာမဟုတ်လား ဘယ်သူတွေကဖြတ်ဖြတ်ပြတ်တောက်သွားမှာမဟုတ်ဘူး။
♡
♡
♡More Than Love🌸🍃
♡
♡
"ဘာ!!!!"
စောစောစီးစီး ကျက်သရေမရှိတဲ့ သတင်းကတော့ နတ်ဆရာမနန်းဆောင် မီးလောင်လို့တဲ့လေ။
မြို့စားဟန်မှာ ဒေါသတို့ထွက်ကာ အမြန်နတ်ဆရာမဆီ ခြေဦးတည်ရတော့သည်။နတ်နန်းဆောင်ရှေ့ နန်းတွင်းသူတွေ အုံကြွနေပြီ တစ်ယောက်တစ်ပေါက်နဲ့ စကားပြောနေကြသည်။အဆောင်ဘက်ကိုလှည့်ကြည့်လိုက်တော့ မီးလောင်လို့ ပြာဖြစ်တော့မည့် အဆောင်ကို ရေတွေပတ်လောင်းနေတဲ့ ယောကျ်ားလေးအစေခံတွေရယ် နန်းဆောင်အရှေ့မှာထားတဲ့ နတ်အိုးတွေကတစ်စစီ.......
"နတ်ဆရာမက ဘယ်မှာလဲ"
ဘေးက သူ့အစေခံကိုမေးလိုက်တော့ နားနားကပ်ကာ ပြောသည်။
"နတ်ဆရာမက သွေးတွေအရမ်းအန်နေလို့ သမားတော်ဆီခေါ်သွားပါတယ်"
*တောက်*
လက်ကဝတ်ရုံကိုခါချကာ သမားတော်ဆီကိုလှည့်ထွက်လာရပြန်သည်။ဒေါသထွက်နေတာကတော့ သူ့အစီအစဥ်မဖြစ်မြှောက်လို့ပင်........
"ဘယ်မှာလဲ နတ်ဆရာမ"
တခါးကိုစောင့်ဖွင့်ကာ ၀င်သွားတော့ သမားတော်အပ်စိုက်ကုနေရသည့် နတ်ဆရာ။နတ်ဆရာမက သမားတော်ဆီမှာ ဆေးကုခံရတယ်တဲ့လား......
"လူကြီးမင်း"
"မင်း ဘယ်လိုလုပ်လိုက်တာလဲ"
"ကျွန်တော်မျိုး သေသင့်တဲ့အပြစ်ကိုကျူးလွန်မိပါတယ် လူကြီးမင်း"
အသားပေါ် စိုက်ထားတဲ့ အပ်ချောင်းတွေကိုနှုတ်ကာ ကြမ်းပြင်ပေါ်ဒူးထောက်လိုက်၍ တောင်းပန်နေတဲ့ နတ်ဆရာမ....
"သူ့ကိုသတ်လိုက်"
"ကျွန်တော်မျိုး တောင်းပန်ပါတယ် သက်ညှာပေးပါလူကြီးမင်း.....ညက ကျွန်တော်မျိုးမအစီအရင်ကိုလုပ်နေပင်မဲ့ မင်သားလေးရဲ့ဆံချည်နဲ့လူကြီးမင်းအံသွားက ဘယ်လိုမှကျွန်တော်မျိုးမရဲ့ အစီအရင်ကို လက်မခံခဲ့ပါဘူး။မင်းသားလေးက အစောင့်အရှောက်တွေရှိတော့ ဘယ်လိုမှမထိရောက်ပါဘူး လူကြီးမင်း"
"သတ်လိုက်တော့"
အကြင်နာကင်းမဲ့တဲ့ လူကသူ့အစေခံကိုအမိန့်ဆိုတော့ သူမလည်ပင်းပေါ် အရှိန်နဲ့ရောက်ချလာတဲ့ ဓါးသွား။လူကြီးမင်း မင်းသားလေးမှာ အစောင့်အရှောက်တွေရှိတာမို့ လှည့်စားလို့မရသလို အောက်လမ်းနည်းတွေသုံးလို့မရဘူးဆိုတာ ကျွန်တော်မျိုးမပြောတော့ပါဘူး......မင်းသားလေးရဲ့ဖူးစားရှင်ကလဲ လူသားတစ်ယောက်မို့ ဘယ်လိုနည်းနဲ့မှ မင်းသားကိုသိမ်းပိုက်လို့ရမှာမဟုတ်ပါဘူး။မင်းကြီးကိုပြုလုပ်ထားတဲ့ အစီရင်လဲပျက်သွားပါပြီ လူကြီးမင်း.......မကောင်းတာတွေလုပ်တဲ့ ရှင်လဲ တစ်နေ့တော့သေရမှာဘဲ။
သမားတော်မှာ သူ့အခန်းအတွင်း လူတစ်ယောက်ကို ရက်ရက်စက်စက်သတ်လိုက်သော မြို့စားဟန်ကြောင့် သွေးရပ်မတက် ကြောက်လန့်နေသည်။
"ဟိုလူ ခင်ဗျား ဒါကို မမြင်သလိုနေလိုက် နန်းတော်ထဲပေါက်ကြားတာနဲ့ အသက်ရှင်မယ်မထင်နဲ့ အာ ပြီးတော့ ထယ်ယောင်းကို ကလေးဖျက်ချမို့ ဆေးတောင်းထားတာမေ့နေပြီလား"
လည်ပင်းပေါ် ဓါးထောက်ကာဆိုလာတဲ့ မြို့စားကြောင့်သူ့မှာ သွေးအပျက်ပျက်။
"ဟို...ဟို"
"ဟိုတွေ ဒီတွေ မလုပ်နဲ့ ပေးစရာရှိတာပေးစမ်း"
"မင်း မင်းသားလေးနဲ့ ဓါတ်မတည့်ရင်-"
"ဘာမှ မရှည်နဲ့ မင်းကော သူ့လိုသေချင်တာလား"
ကြမ်းပြင်ပေါ်က ခေါင်းပြတ်ကာသေနေသော နတ်ဆရာမကို လက်ညှိုးထိုးပြပြီး ပြောတာကြောင့် လန့်ကာ ဆေးကိုအမြန်ရှာကာပေးလိုက်ရတော့သည်။
"ဟက် ဟက် ဒီလိုမှပေါ့"
ဆေးရတော့မှ ပြုံးရယ်ကာထွက်သွားတဲ့မြို့စားမင်းဟန်။
အော် ယုတ်ညံ့လေသလား.......
♡
♡
♡More Than Love🌸🍃
♡
♡
"နမ်ဂျွန်း ငါတို့ဘယ်လမ်းကိုသွားရမှာလဲ"
သူတို့ခုဆို၂ရက်ရှိပြီ မအိပ်ဘဲလျှောက်လာခဲ့ကြတာ နောက်ဆုံးလမ်း၂လမ်းကွဲနေသော လမ်းစုံကိုရောက်တော့ ဘယ်ကိုဆက်သွားရမလဲ ေ၀ခွဲမရဖြစ်နေကြသည်။ယွန်းဂီကမေးတော့ နမ်ဂျွန်းလဲ ဘယ်ဘက်ကိုသွားရင်ကောင်းမလဲဆိုတာတွေးတောနေပုံ.........
ဂျောင်ဂုသူလွယ်ထားတဲ့ အိတ်လေးထဲမှ သံလိုက်အိမ်မြှောင်ကိုထုတ်လိုက်သည်။
"မင်း ယူလာတာလား"
"အင်း ဒါကမပါမဖြစ်လေ"
သူတို့တရုတ်မှာ သံလိုက်အိမ်မြှောင်ကို တော်၀င်မိသားစုတွေကသုံးခွင့်ရပြီး တရုတ်သံတမန်ဖြစ်တဲ့ သူတို့လဲ အသုံးပြုခွင့်ရသည်။သံလိုက်အိမ်မြှောင်ကိုကြည့်လိုက်တော့ ချိန်သီးလေးသည် သူ့အလိုလိုရွေ့လျားကာ အရှေ့ အနောက် တောင် မြောက် ကိုအစီအရီပြပေးသည်။
"ဒီဘက်"
တောင်ဘက်သည် ညာဘက်လမ်းဖြစ်တာကြောင့် အချိန်မဆွဲဘဲ ဆက်လျှောက်လာကြသည်။မကြာခင်ရောက်လာတော့မှာမို့ ခဏလေးစောင့်ပေး ကိုယ့်ရဲ့ယောင်း........
♡
♡
♡More Than Love🌸🍃
♡
♡
ထယ်ယောင်းတစ်ယောက် 2ရက်ကျော်ရှိပြီ အမှောင်ခန်းထဲကို ရောက်နေပြန်တာ။မုန်းလိုက်တာ ဒီနန်းတော်ဆိုတဲ့နေရာနဲ့ ဒီကလူတွေကို။အနည်းငယ် စူထွက်နေတဲ့ဗိုက်ကလေးပေါ် လက်လေးတွေနဲ့ ပွတ်သက်ကာ ကိုကိုဆိုတဲ့လူသားကိုတွေးမိတော့ အပြုံးတို့ကသူ့အလိုလိုဖြစ်တည်လာသည်။အတွေးတွေနဲ့တောင် သူ့ကိုပြုံးရယ်အောင် လုပ်နိုင်တဲ့ကိုကို........
"ကိုကိုရယ် ယောင်းရယ် ကလေးလေးရယ် ခစ်ခစ်"
အတွေးထဲ မိသားစုဘ၀လေးပုံဖော်နေတဲ့ ကောင်လေး
တံခါးအပေါက်၀လူကတော့ ထိုစကားကိုကြားကာ လက်သီးတို့ကိုတင်းအောင်စုပ်ထားကာ တံခါးကိုကန်၍ဖွင့်ပြီး ၀င်လာသည်။ထယ်ယောင်းကို လက်မှဆွဲကာ အပြင်ကိုခေါ်ထုတ်လာပြီး အပြင်ကရဲမတ်တွေနဲ့ အမတ်တစ်ချို့ ရှေ့အရုပ်တစ်ရုပ်လို ပစ်ချလိုက်တာမို့ ထယ်ယောင်းလေးမှာ တင်ပါးလေးအောင့်သွားပြီး သူ့ကလေးလေးများတစ်ခုခုဖြစ်သွားမလားလို့ စိုးရိမ်ကာ မျက်ရည်၀ဲမိပြန်သည်။
"မင်း ငါနဲ့ သဘက်ခါလက်ထပ်ရမယ် ဒီကအမတ်တွေကပြောပြီးသားမို့ သိတယ် ပြီးတော့ အခြားအမတ်တွေကို အကြောင်းကြားလိုက်"
ချက်ချင်း အရိုအသေပေးကာ လှည့်ထွက်သွားသော ရဲမတ်တို့။
"ဘယ်သူက လက်ထပ်မယ် ပြောလို့လဲ ဘယ်သူ့သဘောနဲ့လဲ"
"ငါကလက်ထပ်မယ်ဆို မင်းမှာငြင်းဆန်ပိုင်ခွင့်မရှိဘူး"
"မလုပ်နိုင်ဘူး ငါ့မှာကိုကိုရှိတယ် ကိုကိုရဲ့ကလေးလဲရှိတယ်"
ထိုသို့ပြောတော့ အမတ်တွေမှာ မျက်လုံးပြူးလို့ မြို့စားဟန်ကသူတို့ကိုစည်းရုံးပြီးဘုရင်ကိုနန်းချပြီး ဘုရင်လုပ်မဲ့အကြောင်းနဲ့ မင်းသားထယ်ယောင်းနဲ့ လက်ထပ်မဲ့ကိစ္စသာပြောတာ ကလေးကဘယ်သူ ကိုကိုကဘယ်သူမှန်းသူတို့မသိ......
"အဲ့ကလေးတွေဘာတွေ ငါဂရုမစိုက်ဘူး မင်းငါ့ကိုလက်ထပ်ရမယ်"
"မလုပ်နိုင်ဘူး"
ပြာလဲ့လဲ့မျက်၀န်းတို့သည် ဒေါသရိပ်ကြောင့် အပြာတစ်လှည့်အနီတစ်လှည့်သို့ ပြောင်းလဲနေသည်။
"မင်းငါ့ကိုကိုက်အုံးမို့လား ဒီတစ်ခါတော့မင်းကိုသက်ညှာမှာမဟုတ်ဘူး ထယ်ယောင်း"
"ခင်ဗျားကိုလဲ အရှင်မထားဘူး"
ပြောင်းလဲသွားသော ခန္ဓာကိုယ်နဲ့ ဝံပုလွေဖြူသည် မြို့စားမင်းကို ခုန်အုပ်ကာ ပါးစပ်နဲ့လှမ်းဟပ်တော့ အတောင်ပံတို့ဖြင့် လင်းနို့သွေးစုပ်ကောင်ပုံပြောင်းသွားတဲ့ မြို့စားက သူ့လက်သည်းတွေနဲ့ ပြန်ကုပ်ခြစ်ကာ ကိုက်ဆွဲမည်ပြုသည်။ ဝံပုလွေဖြူလေးသည် သူ့လက်နဲ့ဖြတ်ရိုက်ကာ မြေပြင်ကျယ်ပေါ် လုံးထွေးနေသော သူတို့နှစ်ယောက်........အချိန်ကြာလေ ၂ယောက်လုံး ကိုယ်ပေါ်သွေးတွေလွှမ်းမိုးလာလေဖြစ်ကာ မြို့စားမင်းမှာသစ်ပင်ပေါ်ကို တက်ရန် အတောင်တို့ကိုဖြန့်ကာ ရောက်ခါနီး အမြှီးကိုကိုက်ဆွဲခံလိုက်ရပြီး ခန္ဓာကိုယ်တစ်ပတ်လည်ကာ မြေပြင်ပေါ်ပြစ်လဲသွားသောသူ.......ထယ်ေယာင်းက သူ့ကိုယှဥ်နှိုင်တယ်တဲ့လား ချက်ချင်းလူပုံစံပြောင်းသွားကာ သူ့အပေါ်ခုန်အုပ်လာသော သားရဲလိုသတ်ဖြတ်မည့်ကောင်လေး၏ ပါးစပ်ထဲသို့ သမားတော်ဆီကယူလာတဲ့ ဆေးအမှုန့်ကို ထည့်ကာ မြေပြင်ပေါ်ကရှောင်ဖယ်လိုက်ပြီး လက်မောင်းကြားထဲ ဝံပုလွေဖြူရဲ့ခေါင်းကိုထည့်ကာ ညစ်ပစ်ထားသည်။
'နာတယ်'
"ငါလျော့မပေးဘူးလို့ ပြောထားတယ်လေ ထယ်ယောင်း"
လည်ပင်းကိုညစ်ခံထားရတဲ့ ဝံပုလွေလေးသည် ရုန်းကန်ကာ ထိုသူ့လက်ကိုကိုက်ကာ မျက်နှာကိုပါသွေးထွက်သည်အထိ မလွှတ်တမ်းကိုက်ထားပြစ်လိုက်သည်။
"အားးးးးး"
ရဲမတ်တို့မှာ ဓါးအိမ်မှဓါးကိုဆွဲထုတ်ကာ ထယ်ယောင်းငယ်နားပြေးလာကြပြီး လက်ကိုခုတ်လိုက်တာကြောင့် သွေးတွေပန်းထွက်ကာနာကျင်သွားသော်လဲ ကိုက်ထားတဲ့မြို့စားဆိုတဲ့ကောင်ကိုတော့ လွှတ်မပေး........အောက်ကမြို့စားက သူ့လက်သည်းတို့ဖြင့် လည်ပင်းကိုဆွဲကုပ်မှ လွှတ်ပေးလိုက်ကာ လူအသွင်ပြောင်းသွားပြီး မြေပြင်ပေါ်လဲကျသွားတဲ့ကလေးငယ်.........
'Omegaတွေက အရမ်းအားနည်းတာဘဲ ကိုကိုရယ်'
လက်မှာလဲ ဓါးခြစ်ရာဖြင့် လည်ပင်းတွင်လဲကုပ်ရာများစွားနှင့် မြို့စားမှာတော့မျက်နှာတစ်ဖက် စုတ်ပြတ်သက်ကာ ကိုက်ရာကြီးဖြင့်သွေးများစွာကျနေသည်။အဖြစ်အပျက်တွေကို ရပ်ကြည့်နေသော မြို့စားများ တိုင်အကွယ်မှချောင်းကြည့်နေသော နန်းတွင်းသူများ ရဲမတ်များကိုင်ထားတဲ့ ဓါးမှမြေပြင်ပေါ်ကျရောက်နေသော သွေးများနဲ့ သွေးရောင်လွှမ်းနေသော မြေပြင်.........ဒီမြင်ကွင်းသည် အရမ်းကိုအကြည်းတန်လှပါသည်။
"ယောင်း!"
TBC
#Yung (김영채)
#More Than Love🌸🍃
#태국🍓🥕
ဒီficလေးကို သဘောကျရဲ့လားဟင် ဒီကငပျင်းကယူတို့မကြိုက်ဘူးထင်လို့ အပျင်းတစ်ပြီးရေးနေတာ🤣👀
ဖတ်ရှုပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုချစ်ခင်လေးစားလျက် ကျေးဇူးတင်ပါတယ်🙆🏻♀️💜💜💜💜
♡Zawgyi♡
"ဒါပင်မဲ့"
"အဟွတ် အဟွတ်"
♡
♡
♡More Than Love🌸🍃
♡
♡
"အကိုတော်ယွန်းဂီ"
"ဂျီဂျီ"
"အင်းပါ"
"ကတိနော်"
"အင်း ကတိ"
"ယွန်းဂီရေ သွားမယ်"
"ရော့"
*ပြွတ်စ်*
♡
♡
♡More Than Love🌸🍃
♡
♡
"ဘာ!!!!"
"နတ်ဆရာမက ဘယ်မှာလဲ"
*တောက်*
"ဘယ်မှာလဲ နတ်ဆရာမ"
"လူကြီးမင်း"
"သူ့ကိုသတ်လိုက်"
"သတ်လိုက်တော့"
"ဟို...ဟို"
"ဟက် ဟက် ဒီလိုမှပေါ့"
အော် ယုတ်ညံ့လေသလား.......
♡
♡
♡More Than Love🌸🍃
♡
♡
"မင်း ယူလာတာလား"
"အင်း ဒါကမပါမဖြစ်လေ"
"ဒီဘက်"
♡
♡
♡More Than Love🌸🍃
♡
♡
"မလုပ်နိုင်ဘူး"
'နာတယ်'
"အားးးးးး"
"ယောင်း!"
TBC
#Yung (김영채)
#More Than Love🌸🍃
#태국🍓🥕