TYGW's Mr.Lucky (BL) [Myanmar...

By Comet222

175K 34K 546

This novel's not mine. I love to read this novel. So I translate for fun. Please support original author and... More

Chapter(61):ပိုအားျပင္းေသာ တြန္းအားေပးမႈ
Chapter(62):သံုးဖက္ျမင္ပံုရိပ္ ျမင္ကြင္းျပႆနာ
Chapter(63):စီမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-1
Chapter(63):စံမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-2
Chapter(64):မနာလို သဝန္တိုျဖစ္ျခင္း
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-1
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-2
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-2
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-1
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-2
Chapter(68):သူ႔အပိုင္-1 သူ့အပိုင်-1
Chapter(68):သူ႔အပိုင္-2 သူ့အပိုင်-2
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-1
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-2
Chapter(70):ငါ့သတို႔သားေလာင္း-1
Chapter(70):ငါ့သတို႔သားေလာင္း-2
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-3
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-4
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-1
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-2
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-1
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-2
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-1
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-2
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-1
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-2
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-1
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-2
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-1
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-2
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-1
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-2
Chapter(78):စြမ္းအင္ မ႐ွိဘူး။-1 စွမ်းအင် မရှိဘူး။-1
Chapter(78):စြမ္းအင္ မ႐ွိဘူး။-2 စွမ်းအင် မရှိဘူး။-2
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-1
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-2
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-1
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-2
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-1 ဝင်ခွင့်စာမေးပွဲ(I)-1
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-1
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-2
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-1
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-2
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-1
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-2
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-1
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-2
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-1
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-2
Chapter(89):သူငယ္ခ်င္း အသစ္မ်ားနဲ႔ မိတ္ဆက္ျခင္း
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-1
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-2
Chapter(91):ခက္ခဲေသာ ေလ့က်င့္ေရး-1

Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-1

3.5K 757 3
By Comet222

Zawgyi

ဝုကုလီေျပာတာကိုၾကားလိုက္ေတာ့ ေထ့ေငါ့တဲ့အၾကည့္တစ္ခ်က္က က်န္းဇန္ေထာင္ရဲ႕မ်က္လံုးေတြထဲမွာ ျဖတ္ေျပးသြားတယ္။ ဝုကုလီရဲ႕စိတ္ထဲမွာ ဘာေတြေတြးေနသလဲဆိုတာကို သူသိတာေပါ့။

တကယ္လို႔ က်န္းေမာ့႐ွန္းကဒီတစ္ႀကိမ္မွာ အမွန္တကယ္ အသက္မ႐ွင္ႏိုင္ေတာ့ဘူးဆိုရင္ သူ႔ရဲ႕မာ႐ွယ္ေနရာကို တစ္စံုတစ္​ေယာက္ဆီကို ေသခ်ာေပါက္ လႊဲေျပာင္းေပးအပ္ရေတာ့မွာ ျဖစ္တယ္။ အစပထမတုန္းကေတာ့ သူကဒီအတြက္ ႀကိဳတင္ျပင္ဆင္ထားၿပီးေတာ့ သူလမ္းခင္းေပးမဲ့ ေရြးေကာက္ပြဲဝင္ ကိုယ္စားလွယ္ေလာင္းတစ္ေယာက္ကိုလည္း သူ႔စိတ္ထဲမွာ ေတြးထားၿပီးသားျဖစ္တယ္။

အခုၾကည့္ရတာေတာ့ သူ႔ရဲ႕ၿပိဳင္ဘက္ေတြက သူ႔ရဲ႕ေနရာကို အ႐ွံဳးေပးေစခ်င္ရံုတင္မကဘူး။ ေနရာကိုလည္း သူတို႔ထဲကတစ္ေယာက္ေယာက္ဆီ လႊဲေျပာင္းေပးမွာကိုလည္း လိုခ်င္ေနၾကေသးတယ္။ ေကာင္းၿပီ။ ဒီလူေတြရဲ႕အစီအစဥ္က အေႏွးနဲ႔အျမန္ က်႐ွံဳးေတာ့မွာပဲ။

"လူအိုႀကီးက်န္း မင္းစိတ္အေျခအေနေကာင္းမွာ ႐ွိမေနဘူးဆိုတာကို ငါသိတယ္။ ဒါေပမဲ့ ငါတို႔စစ္ဌာနရဲ႕အဓိကကိစၥရပ္ေတြကို ဒါေၾကာင့္နဲ႔ေတာ့ ေႏွာင့္ေႏွးၾကန္႔ၾကာေနေစလို႔မရဘူးေလ။ မင္းၾကံဳေတြ႔ခဲ့ရတာေတြက ခက္ခဲၾကမ္းတမ္းေနတယ္ဆိုတာကို သိတယ္။ တကယ္လို႔ ငါတို႔ထဲကတစ္ေယာက္ေယာက္ဆီမွာ ဒီလိုမ်ိဳးကိစၥေတြျဖစ္ပ်က္လာရင္ ငါတို႔လည္း ထပ္တူခံစားရပါတယ္။ ဒါေပမဲ့ စစ္သားေတြအေနနဲ႔ ငါတို႔ေတြက ႐ိုက္ခ်က္ေတြကို ခံႏိုင္ရည္႐ွိရမယ္ေလ။ ၿပီးေတာ့ ျပည္ေထာင္စုနဲ႔လူေတြအတြက္ စြန္႔လႊတ္အနစ္နာခံဖို႔ အဆင္သင့္ျဖစ္ေနရမယ္။" ယြီေဟာင္ေရြ႕က "တရားနည္းလမ္းတက်" ေျပာလိုက္တယ္။

ယြီေဟာင္ေရြ႕ရဲ႕စကားကို ၾကားလိုက္ေတာ့ မာ႐ွယ္သံုးေယာက္ထဲက ေနာက္ဆံုးတစ္ေယာက္ျဖစ္တဲ့ ထန္ခ်ီ႐ွဳရဲ႕ႏႈတ္ခမ္းေပၚက ေထ့ေငါ့ဟန္ေဆာင္အျပံဳးက​ေနာက္ထပ္ပိုၿပီး မတည္ျမဲႏိုင္ေတာ့ဘူး။

က်န္းမိသားစုနဲ႔ယြီမိသားစုတို႔ရဲ႕ အမွန္တကယ္မွာေတာ့ က်ိဳးပ်က္ေနၿပီး အေပၚယံမွ်ေဝထားတဲ့ခင္မင္မႈနဲ႔ ႏိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ ထန္မိသားစုနဲ႔ယြီမိသားစုတို႔က​ေတာ့ အစကတည္းကကို ၾကမ္းတမ္းတဲ့ကာလ​ေပၚမွာ ႐ွိေနတာျဖစ္တယ္။ ထန္ခ်ီ႐ွဳနဲ႔ယြီေဟာင္ေရြ႕တို႔က မၾကာခဏဆိုသလို သေဘာထားကြဲလြဲတဲ့ ထင္ျမင္ယူဆခ်က္ေတြ ႐ွိတတ္ၾကတယ္။ သူတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္မွ တျခားတစ္ေယာက္အေပၚမွာ ယံုၾကည္စိတ္ခ်မႈမ႐ွိၾကဘူး။ ဒါေပမဲ့ ႏွစ္ေယာက္စလံုးက တူညီတဲ့ပါဝါကို ကိုင္ထားၾကတာမို႔ တစ္ေယာက္မွ ဘာအက်ိဳးအျမတ္ကိုမွ မရၾကသလို အမ်ားႀကီးဆံုး႐ွံဳးနစ္နာမႈလည္း မခံစားၾကရဘူး။

ႏႈိင္းယွဥ္ၾကည့္လိုက္ရင္ ထန္ခ်ီ႐ွဳနဲ႔က်န္းဇန္ေထာင္တို႔ရဲ႕ အတြင္းေရးခင္မင္မႈက အမွန္တကယ္ကို အေတာ္ေလးေကာင္းမြန္ၾကတယ္။ သို႔ေသာ္လည္း အေပၚယံမွာေတာ့ ႏွစ္ေယာက္စလံုးက စစ္ဌာနခ်ဳပ္ရဲ႕ညီမွ်မႈကို ထိန္းသိမ္းဖို႔အတြက္ ႏွစ္ေယာက္သားစကား​ေျပာခဲၾကတယ္။

အစကတည္းက ထန္ခ်ီ႐ွဳက က်န္းေမာ့႐ွန္းနဲ႔ယြီဂ်င္႐ွန္းတို႔ရဲ႕ေစ့စပ္မႈကို အေကာင္းမျမင္ခဲ့ဘူး။ သူက စက္ဆုပ္အထင္ေသးစရာေကာင္းတဲ့ ယြီမိသားစုလိုမ်ိဳးမိသားစုနဲ႔ က်န္းမိသားစုကို အိမ္ေထာင္ေရးပူးေပါင္းမႈတစ္ခု မျဖစ္ေစခ်င္ရံုတင္မကပဲနဲ႔ ယြီမိသားစုက က်န္းမိသားစုရဲ႕နာမည္ကို အသံုးျပဳၿပီး သူ႔ကိုရင္ဆိုင္မွာကို သူစိုးရိမ္ေနမိတာေၾကာင့္ျဖစ္တယ္။

ထန္ခ်ီ႐ွဳနဲ႔က်န္းဇန္ေထာင္တို႔က ေက်ာင္းတစ္ေက်ာင္းတည္းက အတန္းေဖာ္ေတြျဖစ္တယ္။ သူတို႔ႏွစ္ေယာက္ၾကားကခင္မင္မႈက သူတို႔ေက်ာင္းသားဘဝမွာကတည္းကေတာင္ ေကာင္းမြန္ေနၿပီျဖစ္တယ္။ စစ္တပ္ထဲကိုဝင္ၿပီးတဲ့ေနာက္မွာ ႏွစ္ေယာက္သားမၾကာခဏ အတူတကြတိုက္ခိုက္ခဲ့ၾကၿပီးေတာ့ ေသအတူ႐ွင္မကြာညီအကိုေတြ ျဖစ္လာခဲ့ၾကတာျဖစ္တယ္။

ေနာက္ပိုင္းမွာေတာ့ ႏွစ္ေယာက္သား မာ႐ွယ္အျဖစ္ ေရြးခ်ယ္ခံရၿပီးတဲ့ေနာက္မွာ သကၤာမႈေတြႏႈိးေဆာ္မိမွာကို ေ႐ွာင္႐ွားဖို႔အတြက္ အေပၚယံမွာေတာ့ သူတို႔ေတြအတူတကြ႐ွိေနတာက ၾကံဳေတာင့္ၾကံဳခဲျဖစ္သြားေပမဲ့ သူတို႔ရဲ႕အတြင္းေရးခင္မင္မႈကေတာ့ ေကာင္းမြန္ေနဆဲပဲျဖစ္တယ္။

ဒီတစ္ႀကိမ္မွာ က်န္းမိသားစုက ျပႆနာထဲမွာ က်ေရာက္ေနၿပီးေတာ့ ထန္ခ်ီ႐ွဳကသဘာဝက်က်ကိုပဲ ဆိုးရြားတာတစ္ခုခုျဖစ္လာမွာကို မတားဆီးပဲ ဒီအတိုင္းရပ္မၾကည့္ေနႏိုင္ပါဘူး။

တကယ္လို႔ က်န္းဇန္ေထာင္တစ္ေယာက္တည္းသာဆိုရင္ သူ႔ရဲ႕ဆက္ခံသူက မာ႐ွယ္အျဖစ္ ေရြးေကာက္တင္ေျမႇာက္ခံရလိမ့္မယ္လို႔ သူ ၁၀၀% မေသခ်ာဘူး။ ဒါေပမဲ့ ထန္ခ်ီ႐ွဳရဲ႕ေထာက္ပံ့ေပးမႈနဲ႔ဆိုရင္ က်န္းဇန္ေထာင္ရဲ႕အစီအစဥ္က ပိုၿပီးေတာ့ အလုပ္ျဖစ္ႏိုင္ေခ်႐ွိတယ္။

သို႔ေသာ္လည္း အခုခ်ိန္မွာ က်န္းေမာ့႐ွန္းရဲ႕ခႏၶာကိုယ္က ျပန္လည္ေကာင္းမြန္လာေနၿပီျဖစ္ၿပီးေတာ့ က်န္းမိသားစုကလည္း ၿပိဳလဲက်သြားေတာ့မွာ မဟုတ္ဘူး။ ၿပီးေတာ့ က်န္းဇန္ေထာင္ရဲ႕မာ႐ွယ္ေနရာကိုလည္း တျခားလူေတြ အလြယ္တကူလိုခ်င္တပ္မက္ႏိုင္ေတာ့မွာ မဟုတ္ဘူး။

"ဟုတ္ၿပီ။ မၾကာေသးခင္က MB78 က စတားပင္လယ္ဓားျပေတြရဲ႕ ထိုးႏွက္ျခင္းကို ခံလိုက္ရတယ္။ အဲ့ဒါက အေသအခ်ာႀကီးကို ျပည္ေထာင္စုရဲ႕ၿငိမ္းခ်မ္းေရးကို ေႏွာင့္ယွက္ေနတယ္။ ခင္ဗ်ားဒီမစ္႐ွင္ကိုယူလိုက္ရင္ေရာ ဘယ္လိုလဲ? မာ႐ွယ္ယြီ" ထန္ခ်ီ႐ွဳက ေမွးမွိန္ေနတဲ့အျပံဳးတစ္ပြင့္နဲ႔အတူ တည္တည္ၿငိမ္ၿငိမ္နဲ႔ ေျပာလိုက္တယ္။

MB78 အနားပတ္လည္မွာ႐ွိတဲ့ စတားပင္လယ္ဓားျပေတြက သူတို႔ရဲ႕ရက္စက္မႈနဲ႔ အၾကင္နာကင္းမဲ့မႈေၾကာင့္ ျပည္ေထာင္စုအႏွံ႔မွာ နာမည္ဆိုးျဖင့္ လူသိမ်ားေက်ာ္ေစာၾကတယ္။ သူတို႔လက္ကဖမ္းမိတဲ့ လူေတြအားလံုး ေသတဲ့အထိ ညႇဥ္းပန္းႏွိပ္စက္ခံၾကရတယ္။ သူတို႔ေတြက လူမုန္းအမ်ားဆံုးျဖစ္ၿပီးေတာ့ စစ္ဌာနခ်ဳပ္ကို ေခါင္းကိုက္မႈအမ်ားဆံုးေပးတဲ့ လူေတြလည္း ျဖစ္ၾကတယ္။

စစ္ဌာနခ်ဳပ္က သူတို႔ေတြကိုကိုင္တြယ္ဖို႔အတြက္ စစ္တပ္ေတြကို ေစလႊတ္ခဲ့ေပမဲ့ ကံမေကာင္းစြာနဲ႔ပဲ သူတို႔ေတြက အရမ္းညဏ္နီညဏ္နက္မ်ားၿပီးေတာ့ ႀကိဳတင္မခန္႔မွန္းႏိုင္တာေၾကာင့္ စစ္ဌာနခ်ဳပ္က သူတို႔ေတြကို႐ွင္းပစ္ထုတ္ရာမွာ ဘယ္ေတာ့မွ ေအာင္ျမင္မႈမရ႐ွိခဲ့ဖူးဘူး။ အခုခ်ိန္မတိုင္ခင္အထိ ဒါကို စစ္တပ္ရဲ႕အႀကီးမားဆံုး ႐ွံဳးနိမ့္မႈေတြအထဲကတစ္ခုအျဖစ္ မွတ္ယူႏိုင္တယ္။

ယြီေဟာင္ေရြ႕တစ္ေယာက္ ထန္ခ်ီ႐ွဳရဲ႕စကားလံုးကို ၾကားလိုက္တာနဲ႔ခ်က္ခ်င္း မုန္းတီးမႈေၾကာင့္ သူ႔သြားေတြယားလာရတယ္။ ဒီတစ္ႀကိမ္မွာ တကယ္လို႔ သူစတားပင္လယ္ဓါးျပေတြ အထူးသျဖင့္ နာမည္ဆိုးျဖင့္ေက်ာ္ေစာတဲ့ စတားပင္လယ္ဓားျပအုပ္စုႀကီးကို ဖ်က္ဆီးေခ်မႈန္းဖို႔ သြားလိုက္မယ္ဆိုရင္ ဒီမစ္႐ွင္က သူ႔အတြက္ ႀကီးမားတဲ့ဆံုး႐ွံဳးမႈႀကီးတစ္ခု ျဖစ္ရံုတင္မကပဲနဲ႔ ခက္ခဲတဲ့တာဝန္တစ္ခုလည္း ျဖစ္ေသးတယ္။ သူျပန္ေရာက္လာတဲ့အခ်ိန္က်ရင္ ေရြးေကာက္ပြဲက ၿပီးသြားတာၾကာေနေလာက္ၿပီ ျဖစ္ၿပီးေတာ့ ဟိုးအရင္ကတည္းက သူ႔ရဲ႕ႀကိဳးစားအားထုတ္လာမႈေတြက အခ်ည္းႏွီးျဖစ္သြားလိမ့္မယ္။

ထန္ခ်ီ႐ွဳရဲ႕ရက္စက္တဲ့ရည္ရြယ္ခ်က္ေတြကို သူသိတယ္။ ဒီအခ်ိန္မ်ိဳးမွာ သူ႔ကိုအေဝးကိုပို႔ခ်င္တယ္ေပါ့? လံုးဝမျဖစ္ႏိုင္ဘူး!

"အဲ့ဒီစတားပင္လယ္ဓားျပေတြက နာမည္ဆိုးနဲ႔ေက်ာ္ၾကားတယ္။ ငါတို႔ေတြသူတို႔ေတြကို အေသအခ်ာကို လံုးဝ႐ွင္းပစ္ထုတ္ရမွာေပါ့။ သို႔ေသာ္လည္း ေရြးေကာက္ပြဲကလည္း နီးကပ္လာေနၿပီဆိုေတာ့ တစ္စံုတစ္ေယာက္က အခက္အခဲေတြဖန္တီးေနမွာကို ငါစိုးရိမ္မိတယ္။ အဲ့ဒါေၾကာင့္ အဲ့ဒီစတားပင္လယ္ဓားျပေတြကို သြားမတိုက္ခိုက္ခင္ ေရြးေကာက္ပြဲၿပီးတဲ့အထိ ေစာင့္လိုက္ၾကရေအာင္။ အဆံုးမွာေတာ့ ငါတို႔ျပည္ေထာင္စုရဲ႕လံုျခံဳမႈက ဒီေရြးေကာက္ပြဲေပၚမွာ မူတည္ေနတယ္ေလ။ အဲ့လိုထင္တယ္မလား? မာ႐ွယ္က်န္း" ယြီေဟာင္ေရြ႕ကအျပံဳးျဖင့္ ေျပာလိုက္တယ္။

က်န္းဇန္ေထာင္က တည္ၿငိမ္တဲ့အၾကည့္တစ္ခ်က္ကို ယြီေဟာင္ေရြ႕ဆီပစ္လႊတ္လိုက္တယ္။ သူနည္းနည္းေလးေတာင္ ျပန္ေျဖခ်င္စိတ္႐ွိမေနေပမဲ့ သူသူ႔ရဲ႕ဇာတ္​ေကာင္ကို ကျပရအံုးမွာမို႔ ဘာကိစၥပဲျဖစ္ျဖစ္ ဒီတာဝန္ကို ယြီေဟာင္ေရြ႕လက္ခံမွာ မဟုတ္ဘူးဆိုတာကို သူသိေနတာေၾကာင့္ ႐ိုး႐ိုး႐ွင္း႐ွင္းပဲ ေခါင္းၿငိမ့္ျပလိုက္တယ္။ ဒါကယြီေဟာင္ေရြ႕ကို စိတ္မသက္မသာျဖစ္ေစဖို႔အတြက္ လံုေလာက္ေနၿပီျဖစ္တယ္။

အစည္းအေဝးပြဲက ေနာက္ဆံုးမွာေတာ့ ရန္လိုေနတဲ့ေလထုေတြထဲမွာ ၿပီးဆံုးသြားခဲ့တယ္။ အဲ့ဒါကအပတ္တိုင္း ပံုမွန္ဒီလိုမ်ိဳးပဲ ၿပီးဆံုးေနက်ျဖစ္တယ္။ လူတိုင္းကဒါကို က်င့္သားရေနၾကၿပီျဖစ္ၿပီးေတာ့ ဒါၿပီးဆံုးသြားၿပီးတဲ့ေနာက္မွာ သူတို႔ေတြလံု႔လဝီရိယ႐ွိစြာ တာဝန္က်ရာေနရာအသီးသီးဆီကို ျပန္လာခဲ့ၾကတယ္။

ထန္ခ်ီ႐ွဳနဲ႔က်န္းဇန္ေထာင္တို႔က မာ႐ွယ္ရံုးခန္း႐ွိရာဆီကို အတူတူ လမ္းေလွ်ာက္ျပန္လာခဲ့ၾကတယ္။ အစည္းအေဝးပြဲမွာတုန္းက ထန္ခ်ီ႐ွဳကယြီေဟာင္ေရြ႕ကို အေမွာင္ရိပ္ေတြပစ္လႊတ္ေနတုန္းက စိတ္သေဘာထားတင္းမာေနေသာ္လည္းပဲ သူအမွန္တကယ္ကို က်န္းမိသားစုအတြက္ စိုးရိမ္ေနတာျဖစ္တယ္။

"ဇန္ေထာင္ အား႐ွန္း . . . ပထမစစ္ေဆးရံုက ေျဖေဆးကိုအ႐ွိန္ျမင့္ၿပီး ႐ွာေနၾကတယ္။ အား႐ွန္းဒါကို ျဖတ္ေက်ာ္ႏိုင္လိမ့္မယ္ဆိုတာကို ငါယံုၾကည္တယ္။" သူ႔သူငယ္ခ်င္းေဟာင္းႀကီးကို ဘယ္လိုႏွစ္သိမ့္ေပးရမယ္မွန္း ထန္ခ်ီ႐ွဳတစ္ေယာက္မသိေတာ့ဘူး။

က်န္းမိသားစုမွာ ကေလးတစ္ေယာက္ပဲ႐ွိတယ္ဆိုတာကို မေျပာေသးနဲ႔အံုး။ မိသားစုထဲမွာ တျခားကေလးတစ္ေယာက္ ႐ွိတယ္ဆိုရင္ေတာင္မွ က်န္းေမာ့႐ွန္းရဲ႕ေသဆံုးမႈက က်န္းမိသားစုအတြက္ ႀကီးမားတဲ့ထိုးႏွက္မႈႀကီးတစ္ခု ျဖစ္သြားလိမ့္မယ္။ အခုခ်ိန္မွာျဖစ္ေနတဲ့ သူ႔သူငယ္ခ်င္းေဟာင္းႀကီးရဲ႕ ခံစားခ်က္ေတြကို သူနားလည္ႏိုင္ပါတယ္။

အဲ့ဒီယြီေဟာင္ေရြ႕က ဒီအခြင့္အေရးကို အခြင့္ေကာင္းယူၿပီး က်န္းဇန္ေထာင္ကို ပိုၿပီးေဒါသထြက္ရေအာင္ ေက်ာက္တံုးေတြနဲ႔ ပစ္ေပါက္လိုက္ေသးတယ္။ ၿပီးေတာ့ အဲ့ဒီေၾကာင္သူေတာ္ရဲ႕မ်က္ႏွာကို ဆုတ္ျဖဲပစ္ဖို႔ကို သူမေစာင့္ႏိုင္ေတာ့ဘူး။

"အား႐ွန္းက အခုအေျခအေနေကာင္းမွာ ႐ွိေနပါတယ္။ ၿပီးေတာ့ အရာအားလံုး အဆင္ေျပပါတယ္။" က်န္းဇန္ေထာင္ကအျပံဳးတစ္ပြင့္နဲ႔ ျပန္ေျပာလိုက္တယ္။ အခုခ်ိန္မွာ က်န္းေမာ့႐ွန္းကအမွန္တကယ္ ဘယ္လိုမ်ိဳးျဖစ္ေနသလဲဆိုတာကို သူဘယ္သူ႔ကိုမွ မေျပာျပႏိုင္ေသးဘူး။ ေနာက္ဆံုးမွာေတာ့ ဒါက သူ႔သားနဲ႔သူ႔သားမက္ႏွစ္ေယာက္စလံုးရဲ႕ လံုျခံဳေရးနဲ႔ သက္ဆိုင္ေနတယ္။

စစ္ဌာနခ်ဳပ္မွာ သူ႔ရဲ႕ပံုမွန္အလုပ္တာဝန္ေတြ ၿပီးဆံုးသြားၿပီးတဲ့ေနာက္မွာ က်န္းဇန္ေထာင္ကခ်က္ခ်င္း အိမ္ကိုျပန္လာခဲ့ေတာ့တယ္။

က်န္းေမာ့႐ွန္းရဲ႕ မေတာ္တဆမႈျဖစ္ပြားၿပီးကတည္းက က်န္းဇန္ေထာင္က သူ႔အလုပ္ေတြၿပီးသြားတာနဲ႔ခ်က္ခ်င္း အိမ္ကိုျပန္တတ္တဲ့ ဒီအေလ့အက်င့္တစ္ခုကို ထိန္းသိမ္းထားခဲ့တယ္။ အဲ့ဒါေၾကာင့္ စစ္ဌာနခ်ဳပ္က တျခားလူေတြကလည္း အဲ့ဒါကို က်င့္သားရေနၿပီျဖစ္တယ္။

. . .













Unicode

Chapter(66):ကျန်းမိသားစုက လုံခြုံသွားပြီ။-1

ဝုကုလီပြောတာကိုကြားလိုက်တော့ ထေ့ငေါ့တဲ့အကြည့်တစ်ချက်က ကျန်းဇန်ထောင်ရဲ့မျက်လုံးတွေထဲမှာ ဖြတ်ပြေးသွားတယ်။ ဝုကုလီရဲ့စိတ်ထဲမှာ ဘာတွေတွေးနေသလဲဆိုတာကို သူသိတာပေါ့။

တကယ်လို့ ကျန်းမော့ရှန်းကဒီတစ်ကြိမ်မှာ အမှန်တကယ် အသက်မရှင်နိုင်တော့ဘူးဆိုရင် သူ့ရဲ့မာရှယ်နေရာကို တစ်စုံတစ်​ယောက်ဆီကို သေချာပေါက် လွှဲပြောင်းပေးအပ်ရတော့မှာ ဖြစ်တယ်။ အစပထမတုန်းကတော့ သူကဒီအတွက် ကြိုတင်ပြင်ဆင်ထားပြီးတော့ သူလမ်းခင်းပေးမဲ့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတစ်ယောက်ကိုလည်း သူ့စိတ်ထဲမှာ တွေးထားပြီးသားဖြစ်တယ်။

အခုကြည့်ရတာတော့ သူ့ရဲ့ပြိုင်ဘက်တွေက သူ့ရဲ့နေရာကို အရှုံးပေးစေချင်ရုံတင်မကဘူး။ နေရာကိုလည်း သူတို့ထဲကတစ်ယောက်ယောက်ဆီ လွှဲပြောင်းပေးမှာကိုလည်း လိုချင်နေကြသေးတယ်။ ကောင်းပြီ။ ဒီလူတွေရဲ့အစီအစဉ်က အနှေးနဲ့အမြန် ကျရှုံးတော့မှာပဲ။

"လူအိုကြီးကျန်း မင်းစိတ်အခြေအနေကောင်းမှာ ရှိမနေဘူးဆိုတာကို ငါသိတယ်။ ဒါပေမဲ့ ငါတို့စစ်ဌာနရဲ့အဓိကကိစ္စရပ်တွေကို ဒါကြောင့်နဲ့တော့ နှောင့်နှေးကြန့်ကြာနေစေလို့မရဘူးလေ။ မင်းကြုံတွေ့ခဲ့ရတာတွေက ခက်ခဲကြမ်းတမ်းနေတယ်ဆိုတာကို သိတယ်။ တကယ်လို့ ငါတို့ထဲကတစ်ယောက်ယောက်ဆီမှာ ဒီလိုမျိုးကိစ္စတွေဖြစ်ပျက်လာရင် ငါတို့လည်း ထပ်တူခံစားရပါတယ်။ ဒါပေမဲ့ စစ်သားတွေအနေနဲ့ ငါတို့တွေက ရိုက်ချက်တွေကို ခံနိုင်ရည်ရှိရမယ်လေ။ ပြီးတော့ ပြည်ထောင်စုနဲ့လူတွေအတွက် စွန့်လွှတ်အနစ်နာခံဖို့ အဆင်သင့်ဖြစ်နေရမယ်။" ယွီဟောင်ရွေ့က "တရားနည်းလမ်းတကျ" ပြောလိုက်တယ်။

ယွီဟောင်ရွေ့ရဲ့စကားကို ကြားလိုက်တော့ မာရှယ်သုံးယောက်ထဲက နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ ထန်ချီရှုရဲ့နှုတ်ခမ်းပေါ်က ထေ့ငေါ့ဟန်ဆောင်အပြုံးက​နောက်ထပ်ပိုပြီး မတည်မြဲနိုင်တော့ဘူး။

ကျန်းမိသားစုနဲ့ယွီမိသားစုတို့ရဲ့ အမှန်တကယ်မှာတော့ ကျိုးပျက်နေပြီး အပေါ်ယံမျှဝေထားတဲ့ခင်မင်မှုနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ထန်မိသားစုနဲ့ယွီမိသားစုတို့က​တော့ အစကတည်းကကို ကြမ်းတမ်းတဲ့ကာလ​ပေါ်မှာ ရှိနေတာဖြစ်တယ်။ ထန်ချီရှုနဲ့ယွီဟောင်ရွေ့တို့က မကြာခဏဆိုသလို သဘောထားကွဲလွဲတဲ့ ထင်မြင်ယူဆချက်တွေ ရှိတတ်ကြတယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်မှ တခြားတစ်ယောက်အပေါ်မှာ ယုံကြည်စိတ်ချမှုမရှိကြဘူး။ ဒါပေမဲ့ နှစ်ယောက်စလုံးက တူညီတဲ့ပါဝါကို ကိုင်ထားကြတာမို့ တစ်ယောက်မှ ဘာအကျိုးအမြတ်ကိုမှ မရကြသလို အများကြီးဆုံးရှုံးနစ်နာမှုလည်း မခံစားကြရဘူး။

နှိုင်းယှဉ်ကြည့်လိုက်ရင် ထန်ချီရှုနဲ့ကျန်းဇန်ထောင်တို့ရဲ့ အတွင်းရေးခင်မင်မှုက အမှန်တကယ်ကို အတော်လေးကောင်းမွန်ကြတယ်။ သို့သော်လည်း အပေါ်ယံမှာတော့ နှစ်ယောက်စလုံးက စစ်ဌာနချုပ်ရဲ့ညီမျှမှုကို ထိန်းသိမ်းဖို့အတွက် နှစ်ယောက်သားစကား​ပြောခဲကြတယ်။

အစကတည်းက ထန်ချီရှုက ကျန်းမော့ရှန်းနဲ့ယွီဂျင်ရှန်းတို့ရဲ့စေ့စပ်မှုကို အကောင်းမမြင်ခဲ့ဘူး။ သူက စက်ဆုပ်အထင်သေးစရာကောင်းတဲ့ ယွီမိသားစုလိုမျိုးမိသားစုနဲ့ ကျန်းမိသားစုကို အိမ်ထောင်ရေးပူးပေါင်းမှုတစ်ခု မဖြစ်စေချင်ရုံတင်မကပဲနဲ့ ယွီမိသားစုက ကျန်းမိသားစုရဲ့နာမည်ကို အသုံးပြုပြီး သူ့ကိုရင်ဆိုင်မှာကို သူစိုးရိမ်နေမိတာကြောင့်ဖြစ်တယ်။

ထန်ချီရှုနဲ့ကျန်းဇန်ထောင်တို့က ကျောင်းတစ်ကျောင်းတည်းက အတန်းဖော်တွေဖြစ်တယ်။ သူတို့နှစ်ယောက်ကြားကခင်မင်မှုက သူတို့ကျောင်းသားဘဝမှာကတည်းကတောင် ကောင်းမွန်နေပြီဖြစ်တယ်။ စစ်တပ်ထဲကိုဝင်ပြီးတဲ့နောက်မှာ နှစ်ယောက်သားမကြာခဏ အတူတကွတိုက်ခိုက်ခဲ့ကြပြီးတော့ သေအတူရှင်မကွာညီအကိုတွေ ဖြစ်လာခဲ့ကြတာဖြစ်တယ်။

နောက်ပိုင်းမှာတော့ နှစ်ယောက်သား မာရှယ်အဖြစ် ရွေးချယ်ခံရပြီးတဲ့နောက်မှာ သင်္ကာမှုတွေနှိုးဆော်မိမှာကို ရှောင်ရှားဖို့အတွက် အပေါ်ယံမှာတော့ သူတို့တွေအတူတကွရှိနေတာက ကြုံတောင့်ကြုံခဲဖြစ်သွားပေမဲ့ သူတို့ရဲ့အတွင်းရေးခင်မင်မှုကတော့ ကောင်းမွန်နေဆဲပဲဖြစ်တယ်။

ဒီတစ်ကြိမ်မှာ ကျန်းမိသားစုက ပြဿနာထဲမှာ ကျရောက်နေပြီးတော့ ထန်ချီရှုကသဘာဝကျကျကိုပဲ ဆိုးရွားတာတစ်ခုခုဖြစ်လာမှာကို မတားဆီးပဲ ဒီအတိုင်းရပ်မကြည့်နေနိုင်ပါဘူး။

တကယ်လို့ ကျန်းဇန်ထောင်တစ်ယောက်တည်းသာဆိုရင် သူ့ရဲ့ဆက်ခံသူက မာရှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရလိမ့်မယ်လို့ သူ ၁၀၀% မသေချာဘူး။ ဒါပေမဲ့ ထန်ချီရှုရဲ့ထောက်ပံ့ပေးမှုနဲ့ဆိုရင် ကျန်းဇန်ထောင်ရဲ့အစီအစဉ်က ပိုပြီးတော့ အလုပ်ဖြစ်နိုင်ချေရှိတယ်။

သို့သော်လည်း အခုချိန်မှာ ကျန်းမော့ရှန်းရဲ့ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာနေပြီဖြစ်ပြီးတော့ ကျန်းမိသားစုကလည်း ပြိုလဲကျသွားတော့မှာ မဟုတ်ဘူး။ ပြီးတော့ ကျန်းဇန်ထောင်ရဲ့မာရှယ်နေရာကိုလည်း တခြားလူတွေ အလွယ်တကူလိုချင်တပ်မက်နိုင်တော့မှာ မဟုတ်ဘူး။

"ဟုတ်ပြီ။ မကြာသေးခင်က MB78 က စတားပင်လယ်ဓားပြတွေရဲ့ ထိုးနှက်ခြင်းကို ခံလိုက်ရတယ်။ အဲ့ဒါက အသေအချာကြီးကို ပြည်ထောင်စုရဲ့ငြိမ်းချမ်းရေးကို နှောင့်ယှက်နေတယ်။ ခင်ဗျားဒီမစ်ရှင်ကိုယူလိုက်ရင်ရော ဘယ်လိုလဲ? မာရှယ်ယွီ" ထန်ချီရှုက မှေးမှိန်နေတဲ့အပြုံးတစ်ပွင့်နဲ့အတူ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။

MB78 အနားပတ်လည်မှာရှိတဲ့ စတားပင်လယ်ဓားပြတွေက သူတို့ရဲ့ရက်စက်မှုနဲ့ အကြင်နာကင်းမဲ့မှုကြောင့် ပြည်ထောင်စုအနှံ့မှာ နာမည်ဆိုးဖြင့် လူသိများကျော်စောကြတယ်။ သူတို့လက်ကဖမ်းမိတဲ့ လူတွေအားလုံး သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံကြရတယ်။ သူတို့တွေက လူမုန်းအများဆုံးဖြစ်ပြီးတော့ စစ်ဌာနချုပ်ကို ခေါင်းကိုက်မှုအများဆုံးပေးတဲ့ လူတွေလည်း ဖြစ်ကြတယ်။

စစ်ဌာနချုပ်က သူတို့တွေကိုကိုင်တွယ်ဖို့အတွက် စစ်တပ်တွေကို စေလွှတ်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့တွေက အရမ်းညဏ်နီညဏ်နက်များပြီးတော့ ကြိုတင်မခန့်မှန်းနိုင်တာကြောင့် စစ်ဌာနချုပ်က သူတို့တွေကိုရှင်းပစ်ထုတ်ရာမှာ ဘယ်တော့မှ အောင်မြင်မှုမရရှိခဲ့ဖူးဘူး။ အခုချိန်မတိုင်ခင်အထိ ဒါကို စစ်တပ်ရဲ့အကြီးမားဆုံး ရှုံးနိမ့်မှုတွေအထဲကတစ်ခုအဖြစ် မှတ်ယူနိုင်တယ်။

ယွီဟောင်ရွေ့တစ်ယောက် ထန်ချီရှုရဲ့စကားလုံးကို ကြားလိုက်တာနဲ့ချက်ချင်း မုန်းတီးမှုကြောင့် သူ့သွားတွေယားလာရတယ်။ ဒီတစ်ကြိမ်မှာ တကယ်လို့ သူစတားပင်လယ်ဓါးပြတွေ အထူးသဖြင့် နာမည်ဆိုးဖြင့်ကျော်စောတဲ့ စတားပင်လယ်ဓားပြအုပ်စုကြီးကို ဖျက်ဆီးချေမှုန်းဖို့ သွားလိုက်မယ်ဆိုရင် ဒီမစ်ရှင်က သူ့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ရုံတင်မကပဲနဲ့ ခက်ခဲတဲ့တာဝန်တစ်ခုလည်း ဖြစ်သေးတယ်။ သူပြန်ရောက်လာတဲ့အချိန်ကျရင် ရွေးကောက်ပွဲက ပြီးသွားတာကြာနေလောက်ပြီ ဖြစ်ပြီးတော့ ဟိုးအရင်ကတည်းက သူ့ရဲ့ကြိုးစားအားထုတ်လာမှုတွေက အချည်းနှီးဖြစ်သွားလိမ့်မယ်။

ထန်ချီရှုရဲ့ရက်စက်တဲ့ရည်ရွယ်ချက်တွေကို သူသိတယ်။ ဒီအချိန်မျိုးမှာ သူ့ကိုအဝေးကိုပို့ချင်တယ်ပေါ့? လုံးဝမဖြစ်နိုင်ဘူး!

"အဲ့ဒီစတားပင်လယ်ဓားပြတွေက နာမည်ဆိုးနဲ့ကျော်ကြားတယ်။ ငါတို့တွေသူတို့တွေကို အသေအချာကို လုံးဝရှင်းပစ်ထုတ်ရမှာပေါ့။ သို့သော်လည်း ရွေးကောက်ပွဲကလည်း နီးကပ်လာနေပြီဆိုတော့ တစ်စုံတစ်ယောက်က အခက်အခဲတွေဖန်တီးနေမှာကို ငါစိုးရိမ်မိတယ်။ အဲ့ဒါကြောင့် အဲ့ဒီစတားပင်လယ်ဓားပြတွေကို သွားမတိုက်ခိုက်ခင် ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်လိုက်ကြရအောင်။ အဆုံးမှာတော့ ငါတို့ပြည်ထောင်စုရဲ့လုံခြုံမှုက ဒီရွေးကောက်ပွဲပေါ်မှာ မူတည်နေတယ်လေ။ အဲ့လိုထင်တယ်မလား? မာရှယ်ကျန်း" ယွီဟောင်ရွေ့ကအပြုံးဖြင့် ပြောလိုက်တယ်။

ကျန်းဇန်ထောင်က တည်ငြိမ်တဲ့အကြည့်တစ်ချက်ကို ယွီဟောင်ရွေ့ဆီပစ်လွှတ်လိုက်တယ်။ သူနည်းနည်းလေးတောင် ပြန်ဖြေချင်စိတ်ရှိမနေပေမဲ့ သူသူ့ရဲ့ဇာတ်​ကောင်ကို ကပြရအုံးမှာမို့ ဘာကိစ္စပဲဖြစ်ဖြစ် ဒီတာဝန်ကို ယွီဟောင်ရွေ့လက်ခံမှာ မဟုတ်ဘူးဆိုတာကို သူသိနေတာကြောင့် ရိုးရိုးရှင်းရှင်းပဲ ခေါင်းငြိမ့်ပြလိုက်တယ်။ ဒါကယွီဟောင်ရွေ့ကို စိတ်မသက်မသာဖြစ်စေဖို့အတွက် လုံလောက်နေပြီဖြစ်တယ်။

အစည်းအဝေးပွဲက နောက်ဆုံးမှာတော့ ရန်လိုနေတဲ့လေထုတွေထဲမှာ ပြီးဆုံးသွားခဲ့တယ်။ အဲ့ဒါကအပတ်တိုင်း ပုံမှန်ဒီလိုမျိုးပဲ ပြီးဆုံးနေကျဖြစ်တယ်။ လူတိုင်းကဒါကို ကျင့်သားရနေကြပြီဖြစ်ပြီးတော့ ဒါပြီးဆုံးသွားပြီးတဲ့နောက်မှာ သူတို့တွေလုံ့လဝီရိယရှိစွာ တာဝန်ကျရာနေရာအသီးသီးဆီကို ပြန်လာခဲ့ကြတယ်။

ထန်ချီရှုနဲ့ကျန်းဇန်ထောင်တို့က မာရှယ်ရုံးခန်းရှိရာဆီကို အတူတူ လမ်းလျှောက်ပြန်လာခဲ့ကြတယ်။ အစည်းအဝေးပွဲမှာတုန်းက ထန်ချီရှုကယွီဟောင်ရွေ့ကို အမှောင်ရိပ်တွေပစ်လွှတ်နေတုန်းက စိတ်သဘောထားတင်းမာနေသော်လည်းပဲ သူအမှန်တကယ်ကို ကျန်းမိသားစုအတွက် စိုးရိမ်နေတာဖြစ်တယ်။

"ဇန်ထောင် အားရှန်း . . . ပထမစစ်ဆေးရုံက ဖြေဆေးကိုအရှိန်မြင့်ပြီး ရှာနေကြတယ်။ အားရှန်းဒါကို ဖြတ်ကျော်နိုင်လိမ့်မယ်ဆိုတာကို ငါယုံကြည်တယ်။" သူ့သူငယ်ချင်းဟောင်းကြီးကို ဘယ်လိုနှစ်သိမ့်ပေးရမယ်မှန်း ထန်ချီရှုတစ်ယောက်မသိတော့ဘူး။

ကျန်းမိသားစုမှာ ကလေးတစ်ယောက်ပဲရှိတယ်ဆိုတာကို မပြောသေးနဲ့အုံး။ မိသားစုထဲမှာ တခြားကလေးတစ်ယောက် ရှိတယ်ဆိုရင်တောင်မှ ကျန်းမော့ရှန်းရဲ့သေဆုံးမှုက ကျန်းမိသားစုအတွက် ကြီးမားတဲ့ထိုးနှက်မှုကြီးတစ်ခု ဖြစ်သွားလိမ့်မယ်။ အခုချိန်မှာဖြစ်နေတဲ့ သူ့သူငယ်ချင်းဟောင်းကြီးရဲ့ ခံစားချက်တွေကို သူနားလည်နိုင်ပါတယ်။

အဲ့ဒီယွီဟောင်ရွေ့က ဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီး ကျန်းဇန်ထောင်ကို ပိုပြီးဒေါသထွက်ရအောင် ကျောက်တုံးတွေနဲ့ ပစ်ပေါက်လိုက်သေးတယ်။ ပြီးတော့ အဲ့ဒီကြောင်သူတော်ရဲ့မျက်နှာကို ဆုတ်ဖြဲပစ်ဖို့ကို သူမစောင့်နိုင်တော့ဘူး။

"အားရှန်းက အခုအခြေအနေကောင်းမှာ ရှိနေပါတယ်။ ပြီးတော့ အရာအားလုံး အဆင်ပြေပါတယ်။" ကျန်းဇန်ထောင်ကအပြုံးတစ်ပွင့်နဲ့ ပြန်ပြောလိုက်တယ်။ အခုချိန်မှာ ကျန်းမော့ရှန်းကအမှန်တကယ် ဘယ်လိုမျိုးဖြစ်နေသလဲဆိုတာကို သူဘယ်သူ့ကိုမှ မပြောပြနိုင်သေးဘူး။ နောက်ဆုံးမှာတော့ ဒါက သူ့သားနဲ့သူ့သားမက်နှစ်ယောက်စလုံးရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်နေတယ်။

စစ်ဌာနချုပ်မှာ သူ့ရဲ့ပုံမှန်အလုပ်တာဝန်တွေ ပြီးဆုံးသွားပြီးတဲ့နောက်မှာ ကျန်းဇန်ထောင်ကချက်ချင်း အိမ်ကိုပြန်လာခဲ့တော့တယ်။

ကျန်းမော့ရှန်းရဲ့ မတော်တဆမှုဖြစ်ပွားပြီးကတည်းက ကျန်းဇန်ထောင်က သူ့အလုပ်တွေပြီးသွားတာနဲ့ချက်ချင်း အိမ်ကိုပြန်တတ်တဲ့ ဒီအလေ့အကျင့်တစ်ခုကို ထိန်းသိမ်းထားခဲ့တယ်။ အဲ့ဒါကြောင့် စစ်ဌာနချုပ်က တခြားလူတွေကလည်း အဲ့ဒါကို ကျင့်သားရနေပြီဖြစ်တယ်။

. . .






Continue Reading

You'll Also Like

1.4M 60.7K 72
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
234K 22.9K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
201K 33.7K 92
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .