Unicode
အခန်း(၃၇-၁) - ကျွန်တော်ရှိတယ်
ရှန်ကျစ်ရှန်းရဲ့ မျက်လုံးများ မှိတ်သွားသောအခါ ရန်ကျင်းက ဆက်ပြီး တွန့်ဆုတ်မနေတော့ပေ။ ဖြည်းဖြည်းချင်း အသက်ရှုထုတ်လိုက်ပြီး သူ့မျက်လုံးပေါ်တွင် အနီရောင် အလွှာတစ်ထပ် တက်လာသည်။ သူကရှန်ကျစ်ရှန်းရဲ့ ခန္တာကိုယ်ထဲကို ဝိညာဉ်ချီများ ဆက်လက်ပေးပို့ပေးနေပြီး အချိန်အကြာကြီး ဝိညာဉ်ချီစွမ်းအင် လိုအပ်နေခဲ့သည့် သွေးကြောများအား ပြန်လည်ဖြည့်တင်း၍ ဖြေလျော့ပေးနေသည်။
ရှန်ကျစ်ရှန်းက သတိပြန်ဝင်လာပြီ ဖြစ်တာကြောင့် ဆက်ပြီး ထိန်းသိမ်းထားစရာ မလိုတော့ချေ။ ရန်ကျင်းက သူ့ဆုပ်ကိုင်မှုအား ဖြည်းညှင်းစွာ ဖြေလျော့ပေးလိုက်ပြီး သူ့လက်အား အောက်ကိုဆက်ဆင်းလိုက်ရင်းဖြင့် ရှန်ကျစ်ရှန်းရဲ့ လက်ဖဝါးအား ကိုင်လိုက်သည်။
ရန်ကျင်းရဲ့ လက်ဖဝါးက အလွန်နွေးထွေးပြီး သက်တောင့်သက်သာရှိလှကာ ရှန်ကျစ်ရှန်းအား လုံခြုံမှုရသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။ သူသည်လည်း ရန်ကျင်းရဲ့လက်ကို တင်းတင်းကြပ်ကြပ် ပြန်လည်ဆုပ်ကိုင်မိသည်မှာ ရေနစ်နေတဲ့လူတစ်ယောက်က နောက်ဆုံးတော့ သူ့ကိုအသက်ကယ်နိုင်မယ့် ရေမျောကမ်းတင်သစ်သားတုန်းအား ဖမ်းမိသွားသလိုပင်။
ရှန်ကျစ်ရှန်းရဲ့ ခန္တာကိုယ်က အလွန်အားနည်းနေသည်။ တစ်ချိန်တည်းမှာ ဝိညာဉ်စွမ်းအင်တွေ အလွန်အကျွံ လွှဲပေးလိုက်လို့ ကောင်းတာထက် ပိုဆိုးသွားမှာကို ရန်ကျင်းက ကြောက်ရွံ့မိသည်။ ရှန်ကျစ်ရှန်းရဲ့ အခြေအနေ ပုံမှန်ဖြစ်လုနီးပါး ဖြစ်သွားတဲ့အခါမှာတော့ ရန်ကျင်းက သူ့ဝိညာဉ်စွမ်းအားများအား ဖြည်းညှင်းစွာဖြင့် ပြန်ရုတ်သိမ်းလိုက်သည်။ ပြီးတာနဲ့ သူ့နှဖူးအား ရှန်ကျစ်ရှန်းနဲ့ အဝေးကို အနည်းငယ် ခွာလိုက်၏။
သူတို့က အလွန်နီးကပ်နေသဖြင့် ရန်ကျင်းရဲ့ အကြည့်များက ရှန်ကျစ်ရှန်းရဲ့ မျက်နှာကိုကြည့်ရန်အတွက် နိမ့်ဆင်းသွားသောအခါ ဒီတစ်ခေါက် ဖြစ်ရပ်ကြောင့် အနည်းငယ်ခြောက်ပြီး ဖြူဖျော့နေသည့် သူ့နှုတ်ခမ်းများကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ရှန်ကျစ်ရှန်းက မောပန်းနေပုံရသည်။ သူ့မျက်လုံးများက ဆက်လက်မှိတ်ထားပြီး သူ့မျက်တောင်လေးများက အနည်းငယ် တုန်ယင်နေကာ သူ့အသက်ရှုသံက အနည်းငယ် လေးလံစွာဖြင့် ဖြည်းဖြည်းချင်းသာ ထွက်ပေါ်လာနေသည်။
ရန်ကျင်းသည် သူ့မျက်နှာကို ခဏလောက် လေ့လာပြီးနောက်မှာတော့ မနေနိုင်တော့ပေ။ သူကတိတ်တဆိတ် ချဉ်းကပ်သွားလိုက်ပြီး အတော်လေး ချုပ်တည်း၍ ရှန်ကျစ်ရှန်းရဲ့ နှုတ်ခမ်းအား သူ့နှုတ်ခမ်းဖြင့် ညင်သာစွာ ဖိကပ်လိုက်သည်။
၎င်းသည် နူးညံ့တဲ့ လေနုအေးတစ်ချက်က နှုတ်ခမ်းပေါ်ကို နူးနူးညံ့ညံ့ ဖြတ်သန်းသွားသလိုမျိုး ပေါ့ပါးလှပြီး အထိအတွေ့က မြန်ဆန်လွန်းတာကြောင့် ထင်ယောင်ထင်မှား ဖြစ်တာလားဟုပင် ထင်ရစေသည်။
ရှန်ကျစ်ရှန်းသည် သူ့နှုတ်ခမ်းပေါ်ကို ပွတ်တိုက်သွားတဲ့ နွေးထွေးမှု တစ်စုံတစ်ရာအား ခံစားလိုက်ရသော်လည်း ထိုအချိန်မှာ မျက်လုံးများက မှိတ်ထားပြီး အရှုပ်အထွေးများကနေ ပြန်ကောင်းကာစ ဖြစ်တာကြောင့် အများကြီး မတွေးမိတော့ပေ။ ရန်ကျင်းက သူနဲ့ဖယ်ခွာသွားတာကို ခံစားလိုက်ရသောအခါ ပင်ပန်းနွမ်းနယ်စွာဖြင့် မျက်လုံးများဖွင့်လိုက်သည်။
သူအခု မောပန်းလွန်းတာကြောင့် မတ်မတ်ပင် မထိုင်နိုင်။ ရန်ကျင်းက သူ့ကိုပွေ့ပေးထားပြီး သူ့ခေါင်းက ရန်ကျင်းရဲ့ ပုခုံးပေါ်မှာ မှီတွယ်နေကာ ဖြည်းညှင်းစွာ လွယ်ကူစွာဖြင့် အသက်ကိုမှန်မှန်ရှုနေသည်။
ခဏအကြာတွင် သူသည် အာရုံခံစားမှုများ ပြန်လည်ရရှိလာပြီး နောက်ဆုံးတွင် ဤထူးဆန်းသောလျှို့ဝှက်နယ်မြေ အကြောင်းကို တွေးတောဆင်ခြင်ရန် ခွန်အားရလာသည်။
ဒီလျှို့ဝှက်နယ်မြေ... အရင်က တစ်ခါမှ မတွေ့ဖူးဘူး။ ဒီထက်ပိုတာက အရင်ကဘယ်သူမှ မဝင်ခဲ့ဘူး....ဒါက လျို့ဝှက်နယ်မြေ အသစ်ဆိုတဲ့ ကောလဟာလတွေတောင် ထွက်ပေါ်နေတယ်, ဒါပေမဲ့....
"အဲ့ဒီနေ့တုန်းက ငါအဲ့ဒီ မီးခိုးရောင်ဝတ်နဲ့လူကို စကားပြောတဲ့အချိန်မှာ သူက ရှင်းမြို့ရဲ့ လက်ရှိအဖြစ်အပျက်တွေကို သိပုံမရဘူး....သူက အခုတစ်လောမှ ဝင်လာတဲ့လူ မဖြစ်နိုင်ဘူး....သူနဲ့ရင်းနှီးနေတဲ့ လူတွေတောင် မကြာသေးခင်ကမှ ဝင်လာတဲ့သူတွေ မဟုတ်လောက်ဘူး" ရှန်ကျစ်ရှန်းက မျက်လုံးများမှိတ်လိုက်ပြီး အနည်းငယ် လှုပ်ရှားလိုက်သည်။
"အဲ့ဒီလူတွေက ဒီထဲကို ဟိုးတုန်းကတည်းက ဝင်လာခဲ့တာဆိုရင် ဘာလို့ဒီလျို့ဝှက်နယ်မြေက တစ်ခါမှ မပွင့်ခဲ့ဘူးဘူး ဆိုတာနဲ့ ဒါက ပထမဆုံးပဲဆိုတဲ့ ကောလဟာလတွေ ရှိနေရတာလဲ....."
"ဒီလောက်ကြီးတဲ့ လျှို့ဝှက်နယ်မြေကို အကယ်၍သာ လူတွေဝင်သွားပြီး ထွက်လာမယ်ဆိုရင် သူတို့ရဲ့ လှုပ်ရှားမှုကို ဖုန်းကွယ်ထားဖို့က မဖြစ်နိုင်ဘူး, မဟုတ်လို့....." သူက စကားကို ဖြည်းလေးလိုက်သော်လည်း ရန်ကျင်းက သူဘာကိုဆိုလိုတာလဲ ချက်ချင်းနားလည်လိုက်သည်။ နောက်ဆုံးမှာတော့ ရှန်ကျစ်ရှန်းက သူ့သီအိုရီအား အဆုံးသတ်လိုက်၏။
"မဟုတ်လို့ အဲ့ဒီဝင်သွားတဲ့သူတွေ ဘယ်တုန်းကမှ ပြန်မထွက်လာခဲ့ရင်ပေါ့"
အကယ်၍ ဘယ်သူမှ ထွက်မလာဘူးဆိုရင် ဒီလျို့ဝှက်နယ်မြေရဲ့ တည်ရှိမှုကို သူတို့တွေ ပြောနိုင်မှာ မဟုတ်တော့ဘူးလေ။ နောက်ဆုံးတစ်ခေါက်က ဒီလျို့ဝှက်နယ်မြေ ပွင့်လာခဲ့တဲ့အချိန်က အတော်လေး လူသိနည်းလိမ့်မည်။ ရလဒ်ကတော့ ထိုအကြောင်းကို လူအနည်းစုသာ သိလိုက်ကြပြီး ဝင်သွားတဲ့သူများသည်လည်း ဘယ်တော့မှ ပြန်မထွက်လာနိုင်ကြတော့။ အပြင်ဘက်ကမ္ဘာက ဒါရဲ့တည်ရှိမှုကို မသိခြင်းသည် အံ့အားသင့်စရာ မဟုတ်တော့ပေ။
ဒါဆိုဘာလို့ ဒီလူတွေ ထွက်မသွားနိုင်ကြတာလဲ?
သူတို့တွေ ထွက်မသွားချင်လို့လား ဒါမှမဟုတ် ဖြစ်နိုင်တာက သူတို့တွေကဒီအတိုင်း..... လုံးဝထွက်သွားလို့ မရကြတာလား?
ရှန်ကျစ်ရှန်းရဲ့ လည်ပင်းတွင် နာကျင်မှုတစ်ခု ဖြစ်ပေါ်လာပြီး ချောင်းဆိုးလိုက်သည်။ ထို့နောက် အသံတိုးတိုးလေးနဲ့ ရေရွတ်၏။
"ငါ့ဝိညာဉ်စွမ်းအင်က စည်းခတ်ထားတော့ ငါမမြင်နိုင်ဘူး, မင်းဒီနေ့ အဲ့ဒီလူတွေကို ကြည့်တဲ့အချိန်မှာ သူတို့ရဲ့ အခြေအနေက ဘယ်လိုနေလဲ?"
ရန်ကျင်းသည် ရှန်ကျစ်ရှန်း မသက်မသာ ဖြစ်နေတာကို မြင်ရတာကြောင့် ရပ်တန့်ရန်အတွက် ခေါင်းခါပြသည်အထိ ရေအနည်းငယ် တိုက်လိုက်သည်။ ထို့နောက် ရန်ကျင်းက ပြန်ဖြေပေး၏။
"ဒီနယ်မြေက နိမ့်ပြီး ဝိညာဉ်ချီတွေက တကယ်တော့ အရမ်းအားနည်းတယ်"
ဒါက နောက်ထပ်ထူးခြားတဲ့အရာပင်
နိယာမအရဆိုရင် ရှန်ကျစ်ရှန်းရဲ့ ကိစ္စကလွဲလို့ လျို့ဝှက်နယ်မြေထဲ ဝင်လာနိုင်တဲ့ ဘယ်သူမဆို အဆင့်အတန်းနဲ့ လေ့ကျင့်ခြင်းများတွင် အတော်လေး မြင့်မားတဲ့ လိုအပ်ချက် ရှိသင့်သည်။ ဒီနေရာရဲ့ ဝိညာဉ်ချီက လုံးဝမကုန်ဆုံးသေးဘူးဆိုရင်တောင် ကျင့်ကြံသူတွေ ဆက်နေတယ်ဆိုတာက နားလည်ပေးလို့ရပေမဲ့ ဝိညာဉ်နယ်မြေရဲ့ ဝိညာဉ်ချီတွေ အားနည်းနေပြီဆိုတာနဲ့ ဘာလို့သူတို့ မထွက်သွားကြတာလဲ?
ရှန်ကျစ်ရှန်းက အနက်ရောင်ဝတ်နဲ့လူအား ပြန်စဉ်းစားမိပြီး ရေရွတ်လိုက်သည်။
"အဲ့ဒီနေ့က ငါနဲ့တွေ့တဲ့လူတိုင်း ငါ့ကိုမမြင်ကြဘူး....ဒါပေမဲ့ ဒီနေ့တွေတဲ့ အနက်ဝတ်နဲ့လူကတော့ ငါ့ကိုမြင်ရတဲ့အပြင် အဲ့ဒီဝိညာဉ်သစ်သီးလို့ ခေါ်တဲ့အရာကိုတောင် ကျွေးဖို့ဆွဲဆောင်လိုက်သေးတယ်..."
ကြောက်စရာကောင်းတဲ့ အတွေးတစ်ခုကို တွေးမိသွားတာကြောင့် ရှန်ကျစ်ရှန်းရဲ့ လက်ဖဝါးများမှာ စတင်ပြီး ချွေးစို့လာရသည်
သူက ခဏလောက် ရပ်တန့်ပြီးနောက် ခေါင်းကိုအနည်းငယ် မော့လိုက်ပြီး ရန်ကျင်းအားကြည့်ကာ တီးတိုးပြောလေသည်။
"ငါထင်တာတော့ အဲ့ဒီလူတွေက မရှိတော့ဘူးထင်တယ်, သူတို့မထွက်သွားဘူးဆိုတာက သူတို့ပြောသလိုမျိုး မထွက်သွားချင်လို့မဟုတ်ပဲ လုံးဝထွက်သွားလို့ မရတာပဲ ဖြစ်လိမ့်မယ်....."
ဒီလူတွေက ဒီမှာဟိုးတုန်းကတည်းက နေထိုင်ခဲ့ကြတာ ဖြစ်လိမ့်မည်။ သူတို့ထွက်မသွားကြတဲ့ အကြောင်းအရင်းက သူတို့ရဲ့အသွေးတွေ အသားတွေက အစောကတည်းက အရိုးအဖြစ် ပြောင်းလဲသွားပြီး အားနည်းနေတဲ့ ဝိညာဉ်သာ ကျန်ခဲ့သောကြောင့်ပင်။
သူတို့ဘယ်လိုများ ထွက်သွားနိုင်ပါ့မလဲ?!
ရန်ကျင်းက ရှန်ကျစ်ရှန်းရဲ့ လက်ကိုဆွဲယူလိုက်ပြီး ထိုလူပျောက်ကွယ်သွားမှာကို ကြောက်လန့်နေသလိုမျိုး သူ့ကိုဖက်ထားတဲ့ လက်မောင်းအား တင်းကြပ်လိုက်သည်။ ရှန်ကျစ်ရှန်းက တစ်ခဏချင်း တင်းကြပ်မှုကို ခံစားလိုက်ရပြီး ထိုအချိန်မှသာသူက ရန်ကျင်းရဲ့ ရင်ခွင်ထဲမှာ လုံးဝသိက္ခာမဲ့ပြီး ဆွဲဆောင်မှုမရှိတဲ့ ပုံစံနဲ့ လဲလျောင်းနေမှန်း သိလိုက်ရသည်လေ... သူက အနည်းငယ် လှုပ်ရှားလိုက်ပြီး မတ်တတ်ထထိုင်ချင်မိသွားသည်။ သို့ပေမယ့်လည်း အားနည်းမှုနဲ့ ပင်ပန်းနွမ်းနယ်မှုက သူ့အရိုးများထဲမှာ နစ်မြှုပ်နေပုံပင်။
ရှန်ကျစ်ရှန်းက ရန်ကျင်းရဲ့ အမူအယာအား တိတ်တဆိတ် မော့ကြည့်လိုက်သည်။ ရန်ကျင်းက ဘာမှသိပ်ဂရုမစိုက်သလိုမျိုး သူ့ကိုငုံ့ကြည့်နေသည်အား သတိပြုမိသောအခါ ပျင်းရိစိတ်နဲ့ ပုခုံးတွန့်လိုက်ပြီး ရန်ကျင်းအား ပြန်မှီထားလိုက်တော့လေသည်။
သူက ဆက်၍ အသံထွက်စဉ်းစားနေသည်။
"ပြောတာတော့ သူတို့အများစုက လျှို့ဝှက်နယ်မြေထဲကို ငါ့လိုပဲ ရောက်လာကြတာတဲ့, သူတို့တွေအားလုံးက ဝင်လာတဲ့အချိန်မှာ အားလုံးသာမာန် အသက်ရှင်နေတဲ့ လူတွေပဲ ဖြစ်လိမ့်မယ်....."
လျှို့ဝှက်နယ်မြေက သူတို့ကို ဝိညာဉ်စွမ်းအင် လုံးဝမရှိသည်အထိ တစ်ဖြည်းဖြည်း လုပ်လိုက်သည်အထိပဲ။ အမျက်ဒေါသ၊ အသွေးအသားတို့ကို သုတ်သင်ပယ်ရှင်း၍ မြေမှုန့်ကဲ့သို့ ဆွေးမြေ့စေသည်။ ထိုတစ္စေများက ဒီနေရာမှာ ပိတ်မိနေကြပြီးဒီ 'လျှို့ဝှက်နယ်မြေအတွေ့အကြုံ' ဆိုတဲ့အရာအား နေ့ရောညပါ ထပ်တလဲလဲ ပြောနေကြတော့သည်။
"သူတို့တွေက အသက်ရှင်နေတဲ လူတွေကို မမြင်ရဘူးဆိုတာက သေဆုံးပြီးသား တူညီတဲ့ ဝိညာဉ်ကသာ အချင်းချင်းမြင်ရတာမို့လို့ပဲ...."
ရှန်ကျစ်ရှန်းသည် အမှန်တရားရဲ့ အဆုံးသတ်ပိုင်းလေးကို ဖျတ်ခနဲ ထိမိသွားသလို ခံစားလိုက်ရပြီး ပြောလိုက်သည်။
"ကျင့်ကြံဆင့်က ပိုမြင့်လေလေ, သေဆုံးတာ ပိုနှေးလေလေပဲ, စောစောသေသွားတဲ့ အဲ့ဒီအဆင့်နိမ့် ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာလည်း တစ်ချို့လူတွေက မြင်ရနိုင်ဖို့ နှေးကွေးတယ်လို့ပဲ မြင်နေကြတာ"
ဤထင်မြင်ယူဆချက်သည် ရယ်စရာကောင်းလောက်အောင် အဓိပ္ပါယ်မဲ့သော်လည်း၊ ၎င်းသည် အမှန်တရားနှင့် အနီးစပ်ဆုံး ထင်မြင်ယူဆချက်ဖြစ်နိုင်သည်ကိုတော့ ငြင်းလို့မရပေ။
ရန်ကျင်းက သူ့ခန္တာကိုယ်ကို ကာကွယ်ဖို့အတွက် ဝိညာဉ်စွမ်းအင် ရှိပေမယ့် ဝိညာဉ်စွမ်းအင် မရှိတဲ့ ရှန်ကျစ်ရှန်းကတော့ သဘာဝကျကျပင် သက်ရောက်မှု ခံစားရသည်။ အကယ်၍ ရန်ကျင်းသာ ဒီနေ့သူ့ကို ဝိညာဉ်စွမ်းအင်နဲ့ ကာကွယ်ပြီး သူ့စိတ်ကို မတည်ငြိမ်စေခဲ့ဘူးဆိုရင် ထိုအနက်ရောင်ချီတွေကို 'စားစရာ' အဖြစ် လိုအပ်တဲ့ သူ့ရဲ့လိုအပ်ချက်ကို ထိန်းချုပ်နိုင်မှာ မဟုတ်လောက်။
ရန်ကျင်းကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့ရဲ့ကျန်ရှိတဲ့ ဘဝသက်တမ်းတစ်ဝက်ကို ဒီနေရာမှာပဲ ခေါက်ထားလိုက်ရတော့မှာကို စိုးမိသည်။
"အဲ့ဒီ အနက်ရောင်ချီတွေက....." ရှန်ကျစ်ရှန်းက ဖြည်းညှင်းစွာ မေးလိုက်သည်။
"မိစ္စာချီတွေလား?"
ရန်ကျင်းက ခဏလောက် တိတ်ဆိတ်သွားပြီးနောက်မှာ အသံတိုးတိုးနဲ့ပြောလာသည်။
"သူတို့က....မိစ္စာအတတ်ကျင့်ကြံသူတွေ ဖြစ်လိမ့်မယ်"
ရှန်ကျစ်ရှန်းက မျက်မှောင်ကျုံ့သွားသည်။
ဒါက အနည်းငယ် မမျှော်လင့်ထားတာပင်။ အဲ့ဒီနေ့က ထိုမီးခိုးရောင်ဝတ်နဲ့လူသည် သမင်ကိုသတ်ဖို့အတွက် အနက်ရောင်ချီများကို အသုံးပြုခဲ့သည်။ ထိုလူက လျှို့ဝှက်နယ်မြေထဲက မှော်ပစ္စည်းတွေကို အလွန်အကျွံ စားသုံးခဲ့တာကြောင့် ဖြစ်လိမ့်မယ်လို့ ထင်ခဲ့မိပေမယ့် အဲဒါက....သူတို့က မူလကတည်းက မိစ္စာအတတ် ကျင့်ကြံသူတွေ ဖြစ်နေကြတာလား?
မကြာသေးမီနှစ်များအတွင်း အမတကျင့်ကြံသူများသည် မိစ္စာအတတ် ကျင့်ကြံသူများအား တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်။ ရလဒ်အနေနဲ့ မိစ္စာအတတ် ကျင့်ကြံသူများက အချိန်အတော် ကြာသည်အထိ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့သည်ပင်။ ဒါဆိုဘာလို့ ဒီနေရာမှာ မိစ္စာအတတ် ကျင့်ကြံသူတွေ အများကြီး ရှိနေရတာလဲ?
ဖြစ်နိုင်တာ သူတို့တွေက အမတ ကျင့်ကြံသူတွေနဲ့ မိစ္စာအတတ် ကျင့်ကြံသူတွေ ငြိမ်းငြိမ်းချမ်းချမ်း အတတူ ယှဉ်တွဲနေထိုင်ခဲ့တဲ့ ဟိုးရှေးတုန်းကလည်းများလား?
ဘာလို့ လျို့ဝှက်နယ်မြေက မိစ္စာကျင့်ကြံသူတွေ ဒီလောက်အများကြီးကို ခေါ်ဆောင်သွားရတာလဲ?
မဟုတ်သေးဘူး, ဒါမမှန်ဘူး...သူက မိစ္စာကျင့်ကြံသူ မဟုတ်သလို ရှင်းမြို့ထဲက ကျင့်ကြံသူတွေကလည်း မိစ္စာအတတ် ကျင့်ကြံသူတွေ မဟုတ်ကြဘူး
ရန်ကျင်း.....တစ်ခုတည်းသော ချွင်းချက်က ရန်ကျင်းပဲ
ရှန်ကျစ်ရှန်းသည် သူ့ရဲ့ဗီဇကြောင့်လား ဒါမှမဟုတ် မူရင်းစာအုပ်ရဲ့ သက်ရောက်မှုကို အများအပြား ခံနေရတာကြောင့်လား မသိသော်လည်း ရန်ကျင်းသာ မိစ္စာကျင့်ကြံသူ ဖြစ်သွားခဲ့ရင် ဆိုတဲ့ အတွေးကို တွေးမိတာနဲ့ ရှောင်လွှဲမရနိုင်သော ခံစားချက်ကို အမြဲတမ်း ခံစားနေရသည်။
ရန်ကျင်းကို ခဏလောက် ဘေးဖယ်ထားလိုက်ဦး.... ဘာလို့ကျင့်ကြံသူတွေ အများကြီးကို ခေါ်ရတာလဲ? သူတို့ကို လျို့ဝှက်နယ်မြေထဲမှာ ပိတ်ထားပြီး ဒီက ပန်းပွင့်တွေအတွက် မြေသြဇာအဖြစ် လုပ်ချင်လို့လား?
အကြောင်းအရင်းကို စဉ်းစားလို့မရတာကြောင့် ရှန်ကျစ်ရှန်းက သူ့ဘာသာသူ ခဏလောက် ရေရွတ်နေပြီးနောက်မှာ နောက်ဆုံးတော့ ပြောလိုက်လေသည်။
"သိပ်မကြာလောက်သေးဘူးဆိုတော့ အစောပိုင်းဝင်လာတဲ့ လူတွေက အဆင်ပြေလောက်သေးတယ်...သူတို့ဘယ်မှာလဲ ဆိုတာကိုပဲ မသိတာ.....သွမ့်ယွမ်ကို သွားရှာပြီး သူမဆီမှာရော ဘာတွေဖြစ်နေပြီလဲ ကြည့်ကြတာပေါ့"
29.10.2021
=============
Zawgyi
အခန္း(၃၇-၁) - ကၽြန္ေတာ္ရွိတယ္
ရွန္က်စ္ရွန္းရဲ႕ မ်က္လုံးမ်ား မွိတ္သြားေသာအခါ ရန္က်င္းက ဆက္ၿပီး တြန႔္ဆုတ္မေနေတာ့ေပ။ ျဖည္းျဖည္းခ်င္း အသက္ရႈထုတ္လိုက္ၿပီး သူ႔မ်က္လုံးေပၚတြင္ အနီေရာင္ အလႊာတစ္ထပ္ တက္လာသည္။ သူကရွန္က်စ္ရွန္းရဲ႕ ခႏၲာကိုယ္ထဲကို ဝိညာဥ္ခ်ီမ်ား ဆက္လက္ေပးပို႔ေပးေနၿပီး အခ်ိန္အၾကာႀကီး ဝိညာဥ္ခ်ီစြမ္းအင္ လိုအပ္ေနခဲ့သည့္ ေသြးေၾကာမ်ားအား ျပန္လည္ျဖည့္တင္း၍ ေျဖေလ်ာ့ေပးေနသည္။
ရွန္က်စ္ရွန္းက သတိျပန္ဝင္လာၿပီ ျဖစ္တာေၾကာင့္ ဆက္ၿပီး ထိန္းသိမ္းထားစရာ မလိုေတာ့ေခ်။ ရန္က်င္းက သူ႔ဆုပ္ကိုင္မႈအား ျဖည္းညႇင္းစြာ ေျဖေလ်ာ့ေပးလိုက္ၿပီး သူ႔လက္အား ေအာက္ကိုဆက္ဆင္းလိုက္ရင္းျဖင့္ ရွန္က်စ္ရွန္းရဲ႕ လက္ဖဝါးအား ကိုင္လိုက္သည္။
ရန္က်င္းရဲ႕ လက္ဖဝါးက အလြန္ေႏြးေထြးၿပီး သက္ေတာင့္သက္သာရွိလွကာ ရွန္က်စ္ရွန္းအား လုံၿခဳံမႈရသည့္ ခံစားခ်က္ကို ေပးစြမ္းႏိုင္သည္။ သူသည္လည္း ရန္က်င္းရဲ႕လက္ကို တင္းတင္းၾကပ္ၾကပ္ ျပန္လည္ဆုပ္ကိုင္မိသည္မွာ ေရနစ္ေနတဲ့လူတစ္ေယာက္က ေနာက္ဆုံးေတာ့ သူ႔ကိုအသက္ကယ္ႏိုင္မယ့္ ေရေမ်ာကမ္းတင္သစ္သားတုန္းအား ဖမ္းမိသြားသလိုပင္။
ရွန္က်စ္ရွန္းရဲ႕ ခႏၲာကိုယ္က အလြန္အားနည္းေနသည္။ တစ္ခ်ိန္တည္းမွာ ဝိညာဥ္စြမ္းအင္ေတြ အလြန္အကၽြံ လႊဲေပးလိုက္လို႔ ေကာင္းတာထက္ ပိုဆိုးသြားမွာကို ရန္က်င္းက ေၾကာက္ရြံ႔မိသည္။ ရွန္က်စ္ရွန္းရဲ႔ အေျခအေန ပံုမွန္ျဖစ္လုနီးပါး ျဖစ္သြားတဲ့အခါမွာေတာ့ ရန္က်င္းက သူ႔ဝိညာဥ္စြမ္းအားမ်ားအား ျဖည္းၫွင္းစြာျဖင့္ ျပန္႐ုတ္သိမ္းလိုက္သည္။ ၿပီးတာနဲ႔ သူ႔ႏွဖူးအား ရွန္က်စ္ရွန္းနဲ႔ အေဝးကို အနည္းငယ္ ခြာလိုက္၏။
သူတို႔က အလြန္နီးကပ္ေနသျဖင့္ ရန္က်င္းရဲ႔ အၾကည့္မ်ားက ရွန္က်စ္ရွန္းရဲ႔ မ်က္ႏွာကိုၾကည့္ရန္အတြက္ နိမ့္ဆင္းသြားေသာအခါ ဒီတစ္ေခါက္ ျဖစ္ရပ္ေၾကာင့္ အနည္းငယ္ေျခာက္ၿပီး ျဖဴေဖ်ာ့ေနသည့္ သူ႔ႏႈတ္ခမ္းမ်ားကိုပင္ ရွင္းရွင္းလင္းလင္း ျမင္ေနရသည္။
ရွန္က်စ္ရွန္းက ေမာပန္းေနပံုရသည္။ သူ႔မ်က္လံုးမ်ားက ဆက္လက္မွိတ္ထားၿပီး သူ႔မ်က္ေတာင္ေလးမ်ားက အနည္းငယ္ တုန္ယင္ေနကာ သူ႔အသက္ရွဳသံက အနည္းငယ္ ေလးလံစြာျဖင့္ ျဖည္းျဖည္းခ်င္းသာ ထြက္ေပၚလာေနသည္။
ရန္က်င္းသည္ သူ႔မ်က္ႏွာကို ခဏေလာက္ ေလ့လာၿပီးေနာက္မွာေတာ့ မေနႏိုင္ေတာ့ေပ။ သူကတိတ္တဆိတ္ ခ်ဥ္းကပ္သြားလိုက္ၿပီး အေတာ္ေလး ခ်ဳပ္တည္း၍ ရွန္က်စ္ရွန္းရဲ႔ ႏႈတ္ခမ္းအား သူ႔ႏႈတ္ခမ္းျဖင့္ ညင္သာစြာ ဖိကပ္လိုက္သည္။
၎သည္ ႏူးညံ့တဲ့ ေလႏုေအးတစ္ခ်က္က ႏႈတ္ခမ္းေပၚကို ႏူးႏူးညံ့ညံ့ ျဖတ္သန္းသြားသလိုမ်ိဳး ေပါ့ပါးလွၿပီး အထိအေတြ႕က ျမန္ဆန္လြန္းတာေၾကာင့္ ထင္ေယာင္ထင္မွား ျဖစ္တာလားဟုပင္ ထင္ရေစသည္။
ရွန္က်စ္ရွန္းသည္ သူ႔ႏႈတ္ခမ္းေပၚကို ပြတ္တိုက္သြားတဲ့ ေႏြးေထြးမႈ တစ္စံုတစ္ရာအား ခံစားလိုက္ရေသာ္လည္း ထိုအခ်ိန္မွာ မ်က္လံုးမ်ားက မွိတ္ထားၿပီး အရႈပ္အေထြးမ်ားကေန ျပန္ေကာင္းကာစ ျဖစ္တာေၾကာင့္ အမ်ားႀကီး မေတြးမိေတာ့ေပ။ ရန္က်င္းက သူနဲ႔ဖယ္ခြာသြားတာကို ခံစားလိုက္ရေသာအခါ ပင္ပန္းႏြမ္းနယ္စြာျဖင့္ မ်က္လံုးမ်ားဖြင့္လိုက္သည္။
သူအခု ေမာပန္းလြန္းတာေၾကာင့္ မတ္မတ္ပင္ မထိုင္ႏိုင္။ ရန္က်င္းက သူ႔ကိုေပြ႕ေပးထားၿပီး သူ႔ေခါင္းက ရန္က်င္းရဲ႔ ပုခံုးေပၚမွာ မွီတြယ္ေနကာ ျဖည္းၫွင္းစြာ လြယ္ကူစြာျဖင့္ အသက္ကိုမွန္မွန္ရႈေနသည္။
ခဏအၾကာတြင္ သူသည္ အာ႐ုံခံစားမႈမ်ား ျပန္လည္ရရွိလာၿပီး ေနာက္ဆုံးတြင္ ဤထူးဆန္းေသာလွ်ိဳ႕ဝွက္နယ္ေျမ အေၾကာင္းကို ေတြးေတာဆင္ျခင္ရန္ ခြန္အားရလာသည္။
ဒီလွ်ိဳ႕ဝွက္နယ္ေျမ... အရင္က တစ္ခါမွ မေတြ႕ဖူးဘူး။ ဒီထက္ပိုတာက အရင္ကဘယ္သူမွ မဝင္ခဲ့ဘူး....ဒါက လ်ိဳ႔ဝွက္နယ္ေျမ အသစ္ဆိုတဲ့ ေကာလဟာလေတြေတာင္ ထြက္ေပၚေနတယ္, ဒါေပမဲ့....
"အဲ့ဒီေန႔တုန္းက ငါအဲ့ဒီ မီးခိုးေရာင္ဝတ္နဲ႔လူကို စကားေျပာတဲ့အခ်ိန္မွာ သူက ရွင္းၿမိဳ႔ရဲ႔ လက္ရွိအျဖစ္အပ်က္ေတြကို သိပံုမရဘူး....သူက အခုတစ္ေလာမွ ဝင္လာတဲ့လူ မျဖစ္ႏိုင္ဘူး....သူနဲ႔ရင္းႏွီးေနတဲ့ လူေတြေတာင္ မၾကာေသးခင္ကမွ ဝင္လာတဲ့သူေတြ မဟုတ္ေလာက္ဘူး" ရွန္က်စ္ရွန္းက မ်က္လံုးမ်ားမွိတ္လိုက္ၿပီး အနည္းငယ္ လွဳပ္ရွားလိုက္သည္။
"အဲ့ဒီလူေတြက ဒီထဲကို ဟိုးတုန္းကတည္းက ဝင္လာခဲ့တာဆိုရင္ ဘာလို႔ဒီလ်ိဳ႔ဝွက္နယ္ေျမက တစ္ခါမွ မပြင့္ခဲ့ဘူးဘူး ဆိုတာနဲ႔ ဒါက ပထမဆံုးပဲဆိုတဲ့ ေကာလဟာလေတြ ရွိေနရတာလဲ....."
"ဒီေလာက္ႀကီးတဲ့ လွ်ိဳ႔ဝွက္နယ္ေျမကို အကယ္၍သာ လူေတြဝင္သြားၿပီး ထြက္လာမယ္ဆိုရင္ သူတို႔ရဲ႔ လွဳပ္ရွားမႈကို ဖုန္းကြယ္ထားဖို႔က မျဖစ္ႏိုင္ဘူး, မဟုတ္လို႔....." သူက စကားကို ျဖည္းေလးလိုက္ေသာ္လည္း ရန္က်င္းက သူဘာကိုဆိုလိုတာလဲ ခ်က္ခ်င္းနားလည္လိုက္သည္။ ေနာက္ဆံုးမွာေတာ့ ရွန္က်စ္ရွန္းက သူ႔သီအိုရီအား အဆံုးသတ္လိုက္၏။
"မဟုတ္လို႔ အဲ့ဒီဝင္သြားတဲ့သူေတြ ဘယ္တုန္းကမွ ျပန္မထြက္လာခဲ့ရင္ေပါ့"
အကယ္၍ ဘယ္သူမွ ထြက္မလာဘူးဆိုရင္ ဒီလ်ိဳ႔ဝွက္နယ္ေျမရဲ႔ တည္ရွိမႈကို သူတို႔ေတြ ေျပာႏိုင္မွာ မဟုတ္ေတာ့ဘူးေလ။ ေနာက္ဆံုးတစ္ေခါက္က ဒီလ်ိဳ႔ဝွက္နယ္ေျမ ပြင့္လာခဲ့တဲ့အခ်ိန္က အေတာ္ေလး လူသိနည္းလိမ့္မည္။ ရလဒ္ကေတာ့ ထိုအေၾကာင္းကို လူအနည္းစုသာ သိလိုက္ၾကၿပီး ဝင္သြားတဲ့သူမ်ားသည္လည္း ဘယ္ေတာ့မွ ျပန္မထြက္လာႏိုင္ၾကေတာ့။ အျပင္ဘက္ကမာၻက ဒါရဲ႔တည္ရွိမႈကို မသိျခင္းသည္ အံ့အားသင့္စရာ မဟုတ္ေတာ့ေပ။
ဒါဆိုဘာလို႔ ဒီလူေတြ ထြက္မသြားႏိုင္ၾကတာလဲ?
သူတို႔ေတြ ထြက္မသြားခ်င္လို႔လား ဒါမွမဟုတ္ ျဖစ္ႏိုင္တာက သူတို႔ေတြကဒီအတိုင္း..... လံုးဝထြက္သြားလို႔ မရၾကတာလား?
ရွန္က်စ္ရွန္းရဲ႔ လည္ပင္းတြင္ နာက်င္မႈတစ္ခု ျဖစ္ေပၚလာၿပီး ေခ်ာင္းဆိုးလိုက္သည္။ ထို႔ေနာက္ အသံတိုးတိုးေလးနဲ႔ ေရရြတ္၏။
"ငါ့ဝိညာဥ္စြမ္းအင္က စည္းခတ္ထားေတာ့ ငါမျမင္ႏိုင္ဘူး, မင္းဒီေန႔ အဲ့ဒီလူေတြကို ၾကည့္တဲ့အခ်ိန္မွာ သူတို႔ရဲ႔ အေျခအေနက ဘယ္လိုေနလဲ?"
ရန္က်င္းသည္ ရွန္က်စ္ရွန္း မသက္မသာ ျဖစ္ေနတာကို ျမင္ရတာေၾကာင့္ ရပ္တန္႔ရန္အတြက္ ေခါင္းခါျပသည္အထိ ေရအနည္းငယ္ တိုက္လုိက္သည္။ ထို႔ေနာက္ ၇န္က်င္းက ျပန္ေျဖေပး၏။
"ဒီနယ္ေျမက နိမ့္ၿပီး ဝိညာဥ္ခ်ီေတြက တကယ္ေတာ့ အရမ္းအားနည္းတယ္"
ဒါက ေနာက္ထပ္ထူးျခားတဲ့အရာပင္
နိယာမအရဆိုရင္ ရွန္က်စ္ရွန္းရဲ႔ ကိစၥကလြဲလို႔ လ်ိဳ႔ဝွက္နယ္ေျမထဲ ဝင္လာႏိုင္တဲ့ ဘယ္သူမဆို အဆင့္အတန္းနဲ႔ ေလ့က်င့္ျခင္းမ်ားတြင္ အေတာ္ေလး ျမင့္မားတဲ့ လိုအပ္ခ်က္ ရွိသင့္သည္။ ဒီေနရာရဲ႔ ဝိညာဥ္ခ်ီက လံုးဝမကုန္ဆံုးေသးဘူးဆိုရင္ေတာင္ က်င့္ၾကံသူေတြ ဆက္ေနတယ္ဆိုတာက နားလည္ေပးလို႔ရေပမဲ့ ဝိညာဥ္နယ္ေျမရဲ႔ ဝိညာဥ္ခ်ီေတြ အားနည္းေနၿပီဆိုတာနဲ႔ ဘာလို႔သူတို႔ မထြက္သြားၾကတာလဲ?
ရွန္က်စ္ရွန္းက အနက္ေရာင္ဝတ္နဲ႔လူအား ျပန္စဥ္းစားမိၿပီး ေရရြတ္လိုက္သည္။
"အဲ့ဒီေန႔က ငါနဲ႔ေတြ႕တဲ့လူတိုင္း ငါ့ကိုမျမင္ၾကဘူး....ဒါေပမဲ့ ဒီေန႔ေတြတဲ့ အနက္ဝတ္နဲ႔လူကေတာ့ ငါ့ကိုျမင္ရတဲ့အျပင္ အဲ့ဒီဝိညာဥ္သစ္သီးလို႔ ေခၚတဲ့အရာကိုေတာင္ ေကၽြးဖို႔ဆြဲေဆာင္လိုက္ေသးတယ္..."
ေၾကာက္စရာေကာင္းတဲ့ အေတြးတစ္ခုကို ေတြးမိသြားတာေၾကာင့္ ရွန္က်စ္ရွန္းရဲ႔ လက္ဖဝါးမ်ားမွာ စတင္ၿပီး ေခၽြးစို႔လာရသည္
သူက ခဏေလာက္ ရပ္တန္႔ၿပီးေနာက္ ေခါင္းကိုအနည္းငယ္ ေမာ့လိုက္ၿပီး ရန္က်င္းအားၾကည့္ကာ တီးတိုးေျပာေလသည္။
"ငါထင္တာေတာ့ အဲ့ဒီလူေတြက မရွိေတာ့ဘူးထင္တယ္, သူတို႔မထြက္သြားဘူးဆိုတာက သူတို႔ေျပာသလိုမ်ိဳး မထြက္သြားခ်င္လို႔မဟုတ္ပဲ လံုးဝထြက္သြားလို႔ မရတာပဲ ျဖစ္လိမ့္မယ္....."
ဒီလူေတြက ဒီမွာဟိုးတုန္းကတည္းက ေနထိုင္ခဲ့ၾကတာ ျဖစ္လိမ့္မည္။ သူတို႔ထြက္မသြားၾကတဲ့ အေၾကာင္းအရင္းက သူတို႔ရဲ႔အေသြးေတြ အသားေတြက အေစာကတည္းက အ႐ိုးအျဖစ္ ေျပာင္းလဲသြားၿပီး အားနည္းေနတဲ့ ဝိညာဥ္သာ က်န္ခဲ့ေသာေၾကာင့္ပင္။
သူတို႔ဘယ္လိုမ်ား ထြက္သြားႏိုင္ပါ့မလဲ?!
ရန္က်င္းက ရွန္က်စ္ရွန္းရဲ႔ လက္ကိုဆြဲယူလိုက္ၿပီး ထိုလူေပ်ာက္ကြယ္သြားမွာကို ေၾကာက္လန္႔ေနသလိုမ်ိဳး သူ႔ကိုဖက္ထားတဲ့ လက္ေမာင္းအား တင္းၾကပ္လိုက္သည္။ ရွန္က်စ္ရွန္းက တစ္ခဏခ်င္း တင္းၾကပ္မႈကို ခံစားလိုက္ရၿပီး ထိုအခ်ိန္မွသာသူက ရန္က်င္းရဲ႔ ရင္ခြင္ထဲမွာ လုံးဝသိကၡာမဲ့ၿပီး ဆြဲေဆာင္မႈမရွိတဲ့ ပုံစံနဲ႔ လဲေလ်ာင္းေနမွန္း သိလိုက္ရသည္ေလ... သူက အနည္းငယ္ လွဳပ္ရွားလိုက္ၿပီး မတ္တတ္ထထိုင္ခ်င္မိသြားသည္။ သို႔ေပမယ့္လည္း အားနည္းမႈနဲ႔ ပင္ပန္းႏြမ္းနယ္မွဳက သူ႔အ႐ိုးမ်ားထဲမွာ နစ္ႁမွဳပ္ေနပံုပင္။
ရွန္က်စ္ရွန္းက ရန္က်င္းရဲ႔ အမူအယာအား တိတ္တဆိတ္ ေမာ့ၾကည့္လိုက္သည္။ ရန္က်င္းက ဘာမွသိပ္ဂ႐ုမစိုက္သလိုမ်ိဳး သူ႔ကိုငံု႔ၾကည့္ေနသည္အား သတိျပဳမိေသာအခါ ပ်င္းရိစိတ္နဲ႔ ပုခံုးတြန္႔လိုက္ၿပီး ရန္က်င္းအား ျပန္မွီထားလိုက္ေတာ့ေလသည္။
သူက ဆက္၍ အသံထြက္စဥ္းစားေနသည္။
"ေျပာတာေတာ့ သူတို႔အမ်ားစုက လွ်ိဳ႔ဝွက္နယ္ေျမထဲကို ငါ့လိုပဲ ေရာက္လာၾကတာတဲ့, သူတို႔ေတြအားလံုးက ဝင္လာတဲ့အခ်ိန္မွာ အားလံုးသာမာန္ အသက္ရွင္ေနတဲ့ လူေတြပဲ ျဖစ္လိမ့္မယ္....."
လွ်ိဳ႔ဝွက္နယ္ေျမက သူတို႔ကို ဝိညာဥ္စြမ္းအင္ လံုးဝမရွိသည္အထိ တစ္ျဖည္းျဖည္း လုပ္လိုက္သည္အထိပဲ။ အမ်က္ေဒါသ၊ အေသြးအသားတို႔ကို သုတ္သင္ပယ္ရွင္း၍ ေျမမႈန႔္ကဲ့သို႔ ေဆြးေျမ့ေစသည္။ ထိုတေစၥမ်ားက ဒီေနရာမွာ ပိတ္မိေနၾကၿပီးဒီ 'လွ်ိဳ႔ဝွက္နယ္ေျမအေတြ႕အၾကံဳ' ဆိုတဲ့အရာအား ေန႔ေရာညပါ ထပ္တလဲလဲ ေျပာေနၾကေတာ့သည္။
"သူတို႔ေတြက အသက္ရွင္ေနတဲ လူေတြကို မျမင္ရဘူးဆိုတာက ေသဆံုးၿပီးသား တူညီတဲ့ ဝိညာဥ္ကသာ အခ်င္းခ်င္းျမင္ရတာမို႔လို႔ပဲ...."
ရွန္က်စ္ရွန္းသည္ အမွန္တရားရဲ႔ အဆံုးသတ္ပိုင္းေလးကို ဖ်တ္ခနဲ ထိမိသြားသလို ခံစားလိုက္ရၿပီး ေျပာလိုက္သည္။
"က်င့္ၾကံဆင့္က ပိုျမင့္ေလေလ, ေသဆံုးတာ ပိုေႏွးေလေလပဲ, ေစာေစာေသသြားတဲ့ အဲ့ဒီအဆင့္နိမ့္ က်င့္ၾကံသူေတြရဲ႔ မ်က္လံုးထဲမွာလည္း တစ္ခ်ိဳ႔လူေတြက ျမင္ရႏိုင္ဖို႔ ေႏွးေကြးတယ္လို႔ပဲ ျမင္ေနၾကတာ"
ဤထင္ျမင္ယူဆခ်က္သည္ ရယ္စရာေကာင္းေလာက္ေအာင္ အဓိပၸါယ္မဲ့ေသာ္လည္း၊ ၎သည္ အမွန္တရားႏွင့္ အနီးစပ္ဆုံး ထင္ျမင္ယူဆခ်က္ျဖစ္ႏိုင္သည္ကိုေတာ့ ျငင္းလို႔မရေပ။
ရန္က်င္းက သူ႔ခႏာၱကိုယ္ကို ကာကြယ္ဖို႔အတြက္ ဝိညာဥ္စြမ္းအင္ ရွိေပမယ့္ ဝိညာဥ္စြမ္းအင္ မရွိတဲ့ ရွန္က်စ္ရွန္းကေတာ့ သဘာဝက်က်ပင္ သက္ေရာက္မႈ ခံစားရသည္။ အကယ္၍ ရန္က်င္းသာ ဒီေန႔သူ႔ကို ဝိညာဥ္စြမ္းအင္နဲ႔ ကာကြယ္ၿပီး သူ႔စိတ္ကို မတည္ၿငိမ္ေစခဲ့ဘူးဆိုရင္ ထိုအနက္ေရာင္ခ်ီေတြကို 'စားစရာ' အျဖစ္ လိုအပ္တဲ့ သူ႔ရဲ႔လိုအပ္ခ်က္ကို ထိန္းခ်ဳပ္ႏိုင္မွာ မဟုတ္ေလာက္။
ရန္က်င္းေၾကာင့္သာ မဟုတ္ဘူးဆိုရင္ သူ႔ရဲ႔က်န္ရွိတဲ့ ဘဝသက္တမ္းတစ္ဝက္ကို ဒီေနရာမွာပဲ ေခါက္ထားလိုက္ရေတာ့မွာကို စိုုးမိသည္။
"အဲ့ဒီ အနက္ေရာင္ခ်ီေတြက....." ရွန္က်စ္ရွန္းက ျဖည္းၫွင္းစြာ ေမးလိုက္သည္။
"မိစၥာခ်ီေတြလား?"
ရန္က်င္းက ခဏေလာက္ တိတ္ဆိတ္သြားၿပီးေနာက္မွာ အသံတိုးတိုးနဲ႔ေျပာလာသည္။
"သူတို႔က....မိစၥာအတတ္က်င့္ၾကံသူေတြ ျဖစ္လိမ့္မယ္"
ရွန္က်စ္ရွန္းက မ်က္ေမွာင္က်ံဳ႔သြားသည္။
ဒါက အနည္းငယ္ မေမွ်ာ္လင့္ထားတာပင္။ အဲ့ဒီေန႔က ထိုမီးခိုးေရာင္ဝတ္နဲ႔လူသည္ သမင္ကိုသတ္ဖို႔အတြက္ အနက္ေရာင္ခ်ီမ်ားကို အသံုးျပဳခဲ့သည္။ ထိုလူက လွ်ိဳ႔ဝွက္နယ္ေျမထဲက ေမွာ္ပစၥည္းေတြကို အလြန္အကၽြံ စားသံုးခဲ့တာေၾကာင့္ ျဖစ္လိမ့္မယ္လို႔ ထင္ခဲ့မိေပမယ့္ အဲဒါက....သူတို႔က မူလကတည္းက မိစၥာအတတ္ က်င့္ၾကံသူေတြ ျဖစ္ေနၾကတာလား?
မၾကာေသးမီႏွစ္မ်ားအတြင္း အမတက်င့္ၾကံသူမ်ားသည္ မိစၥာအတတ္ က်င့္ၾကံသူမ်ားအား တိုက္ခိုက္ရန္ ႀကိဳးပမ္းခဲ့သည္။ ရလဒ္အေနနဲ႔ မိစၥာအတတ္ က်င့္ၾကံသူမ်ားက အခ်ိန္အေတာ္ ၾကာသည္အထိ ေပ်ာက္ကြယ္လုနီးပါး ျဖစ္ခဲ့သည္ပင္။ ဒါဆိုဘာလို႔ ဒီေနရာမွာ မိစၥာအတတ္ က်င့္ၾကံသူေတြ အမ်ားႀကီး ရွိေနရတာလဲ?
ျဖစ္ႏိုင္တာ သူတို႔ေတြက အမတ က်င့္ၾကံသူေတြနဲ႔ မိစၥာအတတ္ က်င့္ၾကံသူေတြ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အတတူ ယွဥ္တြဲေနထိုင္ခဲ့တဲ့ ဟိုးေရွးတုန္းကလည္းမ်ားလား?
ဘာလို႔ လ်ိဳ႔ဝွက္နယ္ေျမက မိစၥာက်င့္ၾကံသူေတြ ဒီေလာက္အမ်ားႀကီးကို ေခၚေဆာင္သြားရတာလဲ?
မဟုတ္ေသးဘူး, ဒါမမွန္ဘူး...သူက မိစၥာက်င့္ၾကံသူ မဟုတ္သလို ရွင္းၿမိဳ႔ထဲက က်င့္ၾကံသူေတြကလည္း မိစၥာအတတ္ က်င့္ၾကံသူေတြ မဟုတ္ၾကဘူး
ရန္က်င္း.....တစ္ခုတည္းေသာ ခၽြင္းခ်က္က ရန္က်င္းပဲ
ရွန္က်စ္ရွန္းသည္ သူ႔ရဲ႔ဗီဇေၾကာင့္လား ဒါမွမဟုတ္ မူရင္းစာအုပ္ရဲ႔ သက္ေရာက္မႈကို အမ်ားအျပား ခံေနရတာေၾကာင့္လား မသိေသာ္လည္း ရန္က်င္းသာ မိစၥာက်င့္ၾကံသူ ျဖစ္သြားခဲ့ရင္ ဆိုတဲ့ အေတြးကို ေတြးမိတာနဲ႔ ေရွာင္လႊဲမရႏိုင္ေသာ ခံစားခ်က္ကို အၿမဲတမ္း ခံစားေနရသည္။
ရန္က်င္းကို ခဏေလာက္ ေဘးဖယ္ထားလိုက္ဦး.... ဘာလို႔က်င့္ၾကံသူေတြ အမ်ားႀကီးကို ေခၚရတာလဲ? သူတို႔ကို လ်ိဳ႔ဝွက္နယ္ေျမထဲမွာ ပိတ္ထားၿပီး ဒီက ပန္းပြင့္ေတြအတြက္ ေျမၾသဇာအျဖစ္ လုပ္ခ်င္လို႔လား?
အေၾကာင္းအရင္းကို စဥ္းစားလို႔မရတာေၾကာင့္ ရွန္က်စ္ရွန္းက သူ႔ဘာသာသူ ခဏေလာက္ ေရရြတ္ေနၿပီးေနာက္မွာ ေနာက္ဆံုးေတာ့ ေျပာလိုက္ေလသည္။
"သိပ္မၾကာေလာက္ေသးဘူးဆိုေတာ့ အေစာပိုင္းဝင္လာတဲ့ လူေတြက အဆင္ေျပေလာက္ေသးတယ္...သူတို႔ဘယ္မွာလဲ ဆိုတာကိုပဲ မသိတာ.....သြမ့္ယြမ္ကို သြားရွာၿပီး သူမဆီမွာေရာ ဘာေတြျဖစ္ေနၿပီလဲ ၾကည့္ၾကတာေပါ့"
29.10.2021
=============