(Unicode)
အိမ်ပြန်ရောက်ဖို့အတွက်နိုင်းကားငှားလာခဲပြီး လမ်းတစ်လျှောက်လုံးတွေးနေမိသည်ကသူ့စိတ်ထဲကကောမျက်လုံးထဲကပါမထွက်တဲ့ ကျောက်စိမ်းရောင်မျက်လုံးလေးတွေကိုပိုင်ဆိုင်ထားတဲ့မျက်မမြင်ကောင်လေးအကြောင်းတွေဘဲဖြစ်သည်။နိုင်းစိတ်ကိုစိုးမိုးနိုင်တဲ့လူဆိုတာမရှိသလောက်ရှားသည်၊အထူးသဖြင့်သူစိမ်းတစ်ယောက်ဆိုလျှင်ပိုတောင်ဆိုး၏။အခုက ထိုသို့မဟုတ်၊တစ်ခဏလေးဘဲတွေ့လာခဲ့တဲ့ကောင်လေးက သူ့စိတ်အာရုံတစ်ခုလုံးကိုတောင်စိုးမိုးထားနိုင်ခဲ့သည်။
"ဒီခြံလားကောင်လေး"
နိုင်းကိုယ့်အတွေးနဲ့ကိုယ်လွင့်မျောနေတာမို့ အိမ်ရှေ့ရောက်တာကိုပင်သတိမထားမိ၊ကားဆရာသတိပေးမှသာအိမ်ရှေ့ရောက်မှန်းသိရသည်။
"ဟုတ်တယ်"
နိုင်းကျသင့်ငွေအားရှင်းပြီး ကားပေါ်ကဆင်းတာနဲ့သူငှားလာတဲ့Taxiလဲနေရာမှမောင်းထွက်သွားခဲ့သည်။
မီးရောင်များလင်းထိန်နေတဲ့သုံးထပ်တိုက်ကြီးတည်ရှိရာခြံကြီးကကြီးမားသလောက် ညအခါမှာခြံအပြင်ကလှမ်းကြည့်တာတောင်ခြံအတွင်းပြင်ဆင်မှုနဲ့အိမ်ကြီးရဲ့ခမ်းနားထည်ဝါမှုကတော့သြချလောက်သည်။ခြံတံခါးလာဖွင့်ပေးစေဖို့နိုင်းလူခေါ်ဘဲလ်လဲမတီး ၊အသံလဲမပြုဘဲခြံအပြင်မှာသာရပ်နေမြဲရပ်နေကာ သုံးထက်တိုက်ရဲ့ဒုတိယမြောက်အထပ်သူ့အဖိုးအခန်းရှိရာကိုဘဲအကြောင်းမယ်မယ်ရရမရှိစူးစိုက်ကြည့်နေခဲ့၏။
ထိုအချိန် ခြံအတွင်းမှခြံစောင့်တစ်ယောက်နိုင်းဆီပြေးလာသည်။ခြံစောင့်လာတာကိုနိုင်းသတိထားမိသည်နှင့် ဦးသော်ကအခန်းကိုကြည့်နေတဲ့သူ့အကြည့်တွေကိုခြံစောင့်ဆီသို့နိုင်းအကြည့်လွှဲလိုက်သည်။
"တောင်းပန်ပါတယ်အကိုလေး....အကိုလေးပြန်ရောက်နေမှန်းမသိလိုက်လို့ပါ"
အပြစ်တင်ခံရမှာဆိုးပြီး မျက်ခွက်ပျက်မျက်နှာပျက်နဲ့တောင်းပန်နေရှာတဲ့ခြံစောင့်ကိုနိုင်းလက်ဟန်ဖြင့်'မလိုဘူး'ဆိုသည့်ပုံစံမျိုးသာလုပ်ပြလိုက်သည်။နိုင်းဘယ်လောက်ဘဲအိမ်ပြန်နောက်ကျပါစေ ခြံတံခါးလာဖွင့်ပေးမဲ့လူမရှိမှာကိုတော့နိုင်းစိတ်ပူစရာမလိုပါ၊မိသားစုဝင်တွေမစုံမချင်းခြံစောင့်တွေအိပ်ခွင့်မရှိတာမို့ နိုင်းဘယ်အချိန်ပြန်ရောက်ရောက်အသင့်တံခါးဖွင့်ပေးမဲ့ခြံစောင့်ကအမြဲရှိတက်သည်။ခါတိုင်းကနိုင်းကားဟွန်းသံကြားရင်ချက်ချင်းတံခါးလာဖွင့်တက်ပေမဲ့ ဤကနေ့ကနိုင်းကားဟွန်းတီးဖို့ကားကလဲပျက်နေခဲ့တာမို့ကားဟွန်းသံမကြားလို့ တံခါးလာဖွင့်မပေးတာကလဲခြံစောင့်အမှားလို့မဆိုနိုင်တာကြောင့်နိုင်းခြံစောင့်ကိုအပြစ်မတင်လိုတော့ပါ။
ကျွီ..............
ခြံတံခါးပွင့်လာတဲ့နောက် ဘောင်းဘီအိပ်ကပ်ထဲကိုလက်တစ်ဖက်ထည့်ထားတဲ့နိုင်း ခြေလှမ်းကျဲကြီးများဖြင့်သာခြံထဲဝင်သွားသည်။၆ပေကျော်တဲ့နိုင်းအရပ်က နိုင်းပုံမှန်လမ်းလျှောက်သွားရင်တောင်ရှည်လျားလွန်းတဲ့ခြေတံများကြောင့် ခြေလှမ်းများကခပ်ကျဲကျဲဖြစ်နေခြင်းဖြစ်၏။
"အကိုနိုင်း"
နိုင်းအိမ်ထဲသို့ရောက်ရောက်ချင်းမှာဘဲသူ့နာမည်ခေါ်သံလာရာ ဧည့်ခန်းသို့ကြည့်လိုက်ရာ ပျာပျာတလဲနဲ့ပြေးလာတဲ့ယွန်းမှီကိုတွေ့လိုက်ရသည်။အလျင်လိုနေတဲ့သူမပုံစံက တ၀်စုံတစ်ရာကိုစိုးရိမ်နေသလိုလို စိတ်ပူနေသလိုလိုဖြစ်နေခဲ့၏။
ယွန်းမှီ နိုင်းအနားရောက်သည်နှင့်...............
"ဘယ်တွေသွားနေတာလဲ.....မှီ့မှာအကိုနိုင်းကိုမျှော်နေရတာကြာရင်နှလုံးရောဂါရတော့မယ်"
နိုင်းအိမ်ပြန်နောက်ကျတက်ပေမဲ့ ယွန်းမှီကြိုနေဖူးသည်တော့မရှိဖူးပါ၊ဤကနေ့မှထူးထူးဆန်းဆန်း သူ့အားမျှော်နေသည်ဆိုတော့ယွန်းမှီဘာစိတ်ကူးတွေပေါက်နေလဲနိုင်းနားမလည်နိုင်။ဒါ့ကြောင့်.........
"အကို့ကိုဘာလို့မျှော်နေတာလဲ"
"ဒေါ်လေးလေ.....ဒေါ်လေးထမင်းလည်းမစားဘူး၊မှီကိုယ်တိုင်ကျွေးတာတောင်........."
ယွန်းမှီစကားပင်မဆုံးလိုက်၊နိုင်းမေမေနဲ့ပတ်သက်တာမှန်းသိတော့ နိုင်းအိမ်ကြီးပေါ်သို့အမြန်ပြေးတက်သွားလေသည်။
တစ်အိမ်လုံးမှာဒေါ်မိုးနတ်နဲ့ပတ်သက်ရင် နိုင်းစိတ်ချတာဆိုလို့ယွန်းမှီဘဲရှိသည်။ဒေါ်မိုးနတ်ရဲ့ဖခင်အရင်းဖြစ်တဲ့ဦးသော်ကကိုလည်းနိုင်းစိတ်မချသလို ဒေါ်မိုးနတ်နဲ့မောင်နှမအရင်းဖြစ်သလိုယွန်းမှီရဲ့ဖခင်လည်းဖြစ်တဲ့ဦးလျှံမင်းကအစနိုင်းစိတ်မချချေ။နိုင်းသူတို့ကိုစိတ်မချတာလဲမဆန်း၊ဒေါ်မိုးနတ်ကိုယ်တိုင်ကသူမဖခင်နဲ့အကိုကိုမတွေ့ချင်လောက်တဲ့အထိဖြစ်နေသောကြောင့်ဖြစ်သည်။
ကျွီ..........ဒုန်း.........
"မေမေ"
ဒေါ်မိုးနတ်ကိုတွေ့ချင်ဇောနဲ့နိုင်းတံခါးကိုတောင်ညင်သာစွာအဖွင့်နိုင်ဘဲစောင့်ဖွင့်လိုက်သည်။
အခန်းတံခါးပွင့်လာချိန် မြင်လိုက်ရတဲ့မြင်ကွင်းကလဲနိုင်းရင်တစ်ခုလုံးနာကျင်သွားစေခဲ့သည်။ထိုမြင်ကွင်းကြောင့်မျက်ရည်မကျမိအောင် နိုင်းအံကိုစုံကြိတ်ထိန်းထားရင်းတင်းကြပ်စွာဆုပ်ထားတဲ့လက်သီးချက်ကလဲ နံရံပေါ်သို့ကျရောက်သွားခဲ့သည်။
ခွပ်........
အရှိန်ပြင်းပြင်းနဲ့နံရံကိုထိုးလိုက်တဲ့လက်သီးချက်ကြောင့် နိုင်းလက်နာကျင်ရပါသည်။သို့သော် ရင်ထဲကဒဏ်ရာကပိုနာကျင်ရသည်မို့ သူ့လက်ကနာကျင်မှုလောက်တော့နာကျင်မှုရယ်လို့တောင်နိုင်းအတွက်မဆိုအပ်တော့ပါ။
ယွန်းမှီ နိုင်းနောက်ကလိုက်လာခဲ့သော်လည်းအမြန်ပြေးတက်သွားတဲ့နိုင်းရဲ့ခြေလှမ်းတွေကိုမမှီပါ။သူမနိုင်းတို့ရှိရာသို့ရောက်လာချိန်နိုင်းတစ်ယောက်နံရံကိုလက်သီးနဲ့ထိုးနေခဲ့သလို ဒေါ်မိုးနတ်ကလဲ...............
"မီးတွေ......မီးတွေ.......ကျွန်မယောကျာ်းမီးထဲမှာရှိတယ်......ကယ်ပေးကြပါ.....ကယ်ပေးကြပါ.......အဟင့်.....ဟင့်"ဟုအော်ဟစ်ငိုကြွေးနေခဲ့သည်။
ဆံပင်ဖရိုဖရဲနဲ့ကြမ်းပြင်ပေါ်မှာထိုင်လျက်သားဖြင့် စိတ်အထင်တစ်ခုထဲနဲ့အတိတ်ကဖြစ်ရပ်များကိုသတိရပြီးငိုယိုအကူအညီတောင်းနေတဲ့ဒေါ်မိုးနတ်ကိုမြင်တော့ ယွန်းမှီလည်းဖြေမဆည်နိုင်။အရူးတစ်ယောက်လိုငိုကြွေးအကူအညီတောင်းနေတဲ့ဒေါ်မိုးနတ်ကိုလဲသနားလို နိုင်းကိုလည်းသူမသနားသည်။အရူးတစ်ယောက်လိုငိုကြွေးနေသည်လို့သာဆိုပါတယ် အမှန်ကဒေါ်မိုးနတ်ကိုအရူးမတစ်ယောက်လို့သတ်မှတ်ထားတာဘဲကြာလှပြီမို့ အရူးမတစ်ယောက်ငိုကြွေးနေတယ်လို့ပြောရင်တောင်မှန်ဦးမည်။
"ငါကွာ....."
ခွပ်........ခွပ်........
"အကိုနိုင်းတော်တော့"
သွေးစတစ်ချို့ထွက်နေသည်အထိနံရံကိုဘဲအဆက်မပြတ်လက်သီးနဲ့ထိုးနေတဲ့နိုင်းလက်တွေကိုယွန်းမှီဆွဲတားနေပေမဲ့ နိုင်းလက်မလျော့သေးသူ့လက်အားဆွဲထားတဲ့သူမလက်တွေထဲကအတင်းရုန်းကာနံရံကိုဘဲထိုးဖို့လုပ်နေသည်။ယွန်းမှီအားကုန်သုံး၍တားသော်လည်း ဒေါသထွက်နေတဲ့ယောကျာ်းသားတစ်ယောက်ရဲ့အားကိုမယှဥ်နိုင်တဲ့အဆုံးသူမလဲဆက်မဆွဲနိုင်တော့သဖြင့်လက်လျော့ပြီးငိုဘဲငိုနေရင်း............
"တော်ပါတော့အကိုနိုင်းရယ်.....တော်ပါတော့၊အကိုနိုင်းကဒေါ်လေးကိုပုံမှန်ဖြစ်အောင်လုပ်ရမှာလေ.....အခုအကိုနိုင်းကပါဒီလိုဖြစ်နေတော့.....ဒေါ်လေးကိုကောဘယ်သူကထိန်းတော့မှာလဲ"
ထပ်မံပြီးနံရံပေါ်ကိုကျရောက်တော့မဲ့ နိုင်းရဲ့လက်သီးချက်ကယွန်းမှီစကားကြောင့်ရပ်တန့်သွား၏။သူမပြောတာဟုတ်ပြန်သည် သူကိုယ်တိုင်ကအစထိုသို့စိတ်တိုပေါက်ကွဲနေရင် ဒေါ်မိုးနတ်ကိုလဲအတိတ်ကဖြစ်ရပ်တွေကြားဆွဲမထုတ်ဘဲပိုနာကျင်စေနိုင်သလို ယွန်းမှီကိုပါမဆီမဆိုင်ဝမ်းနည်းနေမိစေမှာ။
နိုင်း ဒေါ်မိုးနတ်ဘက်ကိုလှည့်ကြည့်တော့.........
"မောင်ရေ......ဟင့်.....ဟင့်........မောင်အရမ်းနာကျင်နေမှာ.....အင့်.....ဟင့်......မိုးကိုခွင့်လွတ်ပါမောင်ရယ်၊မိုးကြောင့်.....မိုးကြောင့်ပါ....."
ထိန်းချုပ်ထားတဲ့နိုင်းရဲ့မျက်ရည်တွေလဲကျခဲ့ရပါပြီ၊ဒေါ်မိုးနတ်တင်မှထိုအဖြစ်အပျက်ကြီးကိုမေ့မရတာမဟုတ်ပါ၊နိုင်းအတွက်လဲမေ့ဖျောက်မရတဲ့ဒဏ်ရာမျိုးမို့သွေးမထွက်တဲ့သူ့ရင်ဘက်ထဲကဒဏ်ရာကိုဓားဖြင့်မွှန်းခံနေရသည့်အလား ဆို့နစ်နာကျင်ရ၏။
နိင်းတင်းကြပ်စွာဆုပ်ထားတဲ့လက်သီးကိုဖြေလျော့ပြီး ထိုင်လျက်သားငိုနေတဲ့ဒေါ်မိုးနတ်အနားသို့ကျဥ်းကပ်သွားခဲ့သည်။ထို့နောက်အေးစက်နေတဲ့ဒေါ်မိုးနတ်ရဲ့လက်များကိုနိုင်းနွေးထွေးစွာဆုပ်ကိုင်လေတော့ ဒေါ်မိုးနတ်သူ့အားမျက်ရည်အရွှဲသားဖြင့်ခံစားချက်မဲ့စွာပြန်ကြည့်သည်။
"မေမေ"
ဒေါ်မိုးနတ်အာလေးလျှာလေးသံနဲ့အတူ.............
"နိုင်းလေး......မေမေ့သားလေး"
"မေမေ့ပါးပေါ်ကမျည်ရည်တွေလား.....မေမေငိုနေတာပေါ့"
"မငိုပါဘူးသားရယ်.....မေမေမငိုပါဘူး၊ကြည့်.....မေမေပြုံးနေတာ"
ကံအကြောင်းမလှလို့စိတ်ဝေသနာသည်ဖြစ်သည့်တိုင်အောင် ဒေါ်မိုးနတ်ကြောက်လှသည်ကသူမငိုနေတာကိုနိုင်းမသိစေချင်ဘဲဖြစ်သည်။အခုလည်းသူမပါးပြင်ပေါ်ကမျက်ရည်များကိုလက်မောင်းနဲ့အကြမ်းပတမ်းသုတ်ပစ်လိုက်ကာဟန်ဆောင်ပြုံးနေသေးသည်။သူမဟန်ဆောင်ကောင်းခဲ့ပေမဲ့ စိတ်လွတ်နေတဲ့အချိန်ကသူမငိုကြွေးနေတာကိုနိုင်းမြင်ခဲ့တာကိုတော့ဒေါ်မိုးနတ်သတိမထားမိချေ။ထိုသို့ဖြစ်ရသည်ကအတိတ်နဲ့ပစ္စုန့်ပန်ကြားထွေပြားနေကြောင့်လဲဖြစ်နိုင်သည်။
နိုင်းမျက်စိရှေ့တည့်တည့်မှာအလှပဆုံးအပြုံးတွေနဲ့ပြုံးနေတဲ့ဒေါ်မိုးနတ်ကို နိုင်းဆွဲဖက်လိုက်သည်။အလိုက်သင့်လေးပြန်ဖက်တဲ့ဒေါ်မိုးနတ်ပုံစံကလဲ စောစောကနဲ့ပင်တစ်စက်ကလေးမှမတူသာမာန်လူကောင်းအတိုင်းပင်။
အချိန်အတော်လေးကြာအောင်နိုင်း ဒေါ်မိုးနတ်ကိုဖက်ထားပြီးမှယွန်းမှီကိုသတိရသည်။နာရီကိုကြည့်လိုက်တော့လည်းမနက်၃နာရီတောင်ရှိနေပြီမို့ ယွန်းမှီကိုလည်းတစ်ညလုံးအိပ်ရေးပျက်စေခဲ့တာကြောင့်အားနာရပြန်သည်။
"မှီ"
"ရှင်...အကိုနိုင်း"
"မှီသွားအိပ်တော့"
"ဟုတ်ကဲ့ပါ....အကိုနိုင်းကကောမအိပ်သေးဘူးလား"
"မေမေအိပ်မှဘဲအကိုလဲသွားအိပ်တော့မယ်"
"အင်းပါ....ဒါဆိုမှီသွားအိပ်တော့မယ်"
"အင်း"
မနက်မိုးမလင်းမချင်းနိုင်း ဒေါ်မိုးနတ်ရဲ့အခန်းထဲမှာဘဲအချိန်ကုန်ဆုံးသွားသည်။အိပ်လဲမအိပ်ဖြစ်ခဲ့ပါ အိပ်ဖို့ခက်ခဲနေတဲ့ဒေါ်မိုးနတ်ကိုဘဲနိုင်းမညီးငြူဘဲအဖော်ပြုပေးနေခဲ့ခြင်းကြောင်းသာ။
~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~
ပြတင်းပေါက်မှတစ်ဆင့်အခန်းထဲသို့ဖြာဆင်းလာတဲ့နံနက်ခင်းရောင်ခြည်ကြောင့် နှိုင်းဧကရီဆက်၍ပင်အိပ်မရတော့ချေ။
ဝှား...............
အိပ်ချင်မူးတူးပုံစံနဲ့သူမ ကုတင်ပေါ်မှာထိုင်ရင်းမျက်လုံးများကိုပွတ်သပ်ကာတစ်ဝှားဝှားသာသမ်းနေခဲ့သည်။မနက်၉နာရီအထိအိပ်ထားပေမဲ့လည်းနှိုင်းဧကရီအိပ်ရေးမဝပါ၊ညကမူးမူးနဲ့အိပ်ပျော်သွားတာမို့ ခေါင်းတစ်ခုလုံးမူးနောက်နေခဲ့ပြီးစိတ်ပါမကြည်ဘဲဖြစ်နေ၏။ရုတ်တရက်..............
"နိုင်း.......နိုင်းဘာဖြစ်သွားသေးလဲမသိဘူး"
နိုင်းအကြောင်းအတွေးထဲပေါ်လာတာနဲ့မှေးနေတဲ့မျက်လုံးတွေပါအလိုလိုပြူးကျယ်သွားသည်။ကိုယ်ပေါ်မှာခြုံထားတဲ့စောင်များကိုလည်းဖယ်ကာ နှိုင်းဧကရီမျက်နှာသစ်ဖို့ပင်မစဥ်းစားနိုင်သေးဘဲအိမ်အောက်ထပ်ကိုဘဲအလျင်အမြန်ပြေးဆင်းသွား၏။
"ကိုကြီး!!......"
ဧည့်ခန်းမှာသေနတ်တွေကိုစစ်နေခဲ့တဲ့သတိုးခေါင် ညီမဖြစ်သူရဲ့အသံကြောင့်လက်ထဲကသေနတ်ကိုချပြီးသူ့ဆီပြေးလာနေတဲ့နှိုင်းဧကရီကိုဘဲပြုံးပြုံးကြီးဆီးကြိုနေသည်။သူဟာလူမိုက်တစ်ယောက်ပါ၊လူတစ်ယောက်ကိုသတ်ဖို့ကြက်ကလေးငှက်ကလေးတစ်ယောက်ကိုသတ်တာလောက်တောင်အရေးမထားတဲ့လူမိုက်တစ်ယောက်။ဒါပေမဲ့ထိုလူမိုက်ကြီးရဲကမ္ဘာကတော့ သူ့ညီမဘဲဖြစ်သည့်ပမာ အားနည်းချက်ကလဲသူ့ညီမဘဲဖြစ်သည်။
"နိုင်းကိုညကဘာလုပ်လိုက်လဲကိုကြီး"
ပြုံးပြုံးကြီးဖြစ်နေတဲ့သတိုးခေါင်မျက်နှာက နိုင်းအကြောင်းဆိုတာနဲ့ချက်ချင်းဘဲတင်းမာသွားသည်။သူအချစ်ဆုံးနဲ့တန်ဖိုးအထားရဆုံးညီမကို စော်ကားမော်ကားပြောထားတဲ့လူကိုသတိုးခေါင်သတ်ပစ်ဖို့ရည်ရွယ်ချက်ရှိသည်အထိမုန်းတီးသလို နိုင်းရဲ့နာမည်ကြားတာနဲ့ဒေါသထွက်ရသည်အထိပင်မုန်းတီးလှသည်။ယခုလည်း နှိုင်းဧကရီအမေးကိုသူဘာမှမဖြေ သေနတ်ကိုဘဲပြန်ကောက်ကြည့်နေသည်။
"ကိုကြီး....နှိုင်းမေးနေတာဖြေလေ"
ဒုန်း ...............
သတိုးခေါင်ဒေါသထွက်ထွက်နဲ့လက်ထဲကသေနတ်ကိုစောင့်ချလိုက်ပြီးနောက်................
"ညကလွတ်သွားတယ်"
နိုင်းဘာမှမဖြစ်မှန်းမသိမှသူမလည်းစိတ်အေးနိုင်သည်။ညကစိတ်တိုလို့နိုင်းသူမအားပြောဆိုခဲ့သည်များကို သတိုးခေါင်ကိုပြန်တိုင်ပြီးမှနောင်တရနေခဲ့တာ ဘာမှမဖြစ်လို့သာတော်တော့၏။
"တော်သေးတာပေါ့"
"ဘာတော်သေးတာလဲ အဲ့အကောင်ကိုငါအသေသတ်မှာ"
နှိုင်းဧကရီ သေနတ်တွေနဲ့ပြည့်နှက်နေတဲ့သတိုးခေါင်အနားမှာကျုံ့ကျုံ့လေးဝင်ထိုင်လိုက်သည်။သေနတ်တွေဘဲပြန်ကိုင်နေတဲ့သတိုးခေါင်ရဲ့လက်တွေကို သူမဆွဲလိုက်တော့သတိုးခေါင်သူမကိုစိုက်ကြည့်လေသည်။
"သူ့ကိုဘာမှမလုပ်ပါနဲ့ကိုကြီးရယ်....နှိုင်းအနူးအညွတ်တောင်းပန်ပါတယ်"
သတိုးခေါင် သူ့လက်ကိုကိုင်ထားတဲ့သူမလက်တွေကိုပုတ်ထုတ်လိုက်ပြီး...............
"သူကနင့်ကိုစော်ကားမော်ကားပြောထားတာ.....ဘာအကြောင်းနဲ့မှနင်သူ့အတွက်ကာကွယ်ပေးစရာမလိုဘူး"
"ဟင့်အင်း.....သူဘာပြောပြောနှိုင်းဘာမှမဖြစ်ပါဘူး....နှိုင်းဆန္ဒကိုလိုက်လျောတဲ့အနေနဲ့သူ့ကိုဘာမှမလုပ်ပါနဲ့နော်....နှိုင်းကိုပျော်စေချင်တယ်မို့လားဟင်"
ပျော်စေချင်ဆုံးပါ၊သတိုးခေါင်အတွက် သူမကသူ့ရဲ့တစ်ဦးတည်းသောညီမလေးဖြစ်လို့အပျော်ရွှင်ဆုံးဘဲဖြစ်၏။တောင်းဆိုနေတဲ့အကြည့်များနဲ့ကြည့်နေတဲ့နှိုင်းဧကရီမျက်နှာကလဲငိုမတက်ဖြစ်နေတာကြောင့် နောက်ဆုံးသူဘဲစိတ်လျော့လိုက်ရသည်။
"ကောင်းပြီ....ဒီတစ်ခါတော့ခွင့်လွတ်ပေးလိုက်မယ်"
"ဒါမှနှိုင်းကိုကြီး"
နှိုင်းဧကရီအပျော်လွန်ပြီး ဖက်မိသည်အထိပင်ပျော်ရွှင်သွားသည်။ငိုမတက်ဖြစ်နေတဲ့သူမမျက်နှာကလဲ အပြုံးပန်းများပြန်လည်ပွင့်လန်းလာခဲ့ပါပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘမ်း..................
နိုင်းကားထဲကဆင်းဆင်းချင်း ပတ်ဝန်းကျင်တစ်ခွင်ကိုတစ်ခဏမျှအကဲခတ်ကြည့်နေလေသည်။
ညကကားပျက်ခဲ့တဲ့နေရာသို့တစ်ဖန်ပြန်ရောက်လာချိန် သူညကလမ်းမီးတိုင်အောက်မှာရပ်ခဲ့တဲ့ကားလေးကမရှိတော့ပါ၊ဦးမြတ်ပိုင်အား ကားဝပ်ရှော့ကိုပို့ခိုင်းထားတာမို့အခုချိန်ဆိုဝပ်ရှော့တောင်ရောက်နေလောက်လေပြီ။
နိုင်းအတွက်ကားဆိုသည်မှာရှားပါးမနေ၊တစ်စီးပြီးတစ်စီးအထည်အလဲစီးတက်တဲ့လူမို့ ကားတစ်စီးပျက်ရင်တောင်နောက်ကားတစ်စီးက အဆင်သင့်တက်စီးယုံဘဲဖြစ်သည်။
နိုင်းသူတပ်ထားတဲ့မျက်မှန်ကိုချွတ်ကာ အင်္ကျီမှာချိတ်လိုက်ပြီးနောက်
သွက်လပ်နေတဲ့ခြေလှမ်းတွေနဲ့အတူပေလွှာ့အိမ်သို့ဦးတည်လာခဲ့သည်။ဆင်ခြေဖုံးရပ်ကွက်လေးပီပီ ပေလွှာ့အိမ်ရောက်ဖို့လမ်းကကားဝင်လို့မရသည်အထိကျဥ်းမြောင်းသဖြင့် နိုင်းခြေလျင်ဘဲလျှောက်လာခဲ့ရသည်။ညကမှောင်နေလို့မြင်ကွင်းတွေမသဲကွဲတာတောင် နိုင်းကောင်လေးရဲ့အိမ်ကိုတော့မှတ်မိသည်။အိမ်ရှေ့မှာနှင်းဆီပန်းပင်တွေများပြားစွာစိုက်ထားတဲ့အိမ်ကလေးမို့ နိုင်းအလွယ်တကူမှတ်မိနေသယောင်။
နှင်းဆီပန်းပင်များပြည့်နှက်နေတဲ့အိမ်ကလေးကို နိုင်းတွေ့တာနဲ့နှုတ်ခမ်းလေးညွတ်ကိုင်းသည်အထိနိုင်းပြုံးနေခဲ့၏။ခါတိုင်းသူပြုံးနေကျအပြုံးတွေလို ခနဲ့တဲ့တဲ့အပြုံးတော့မဟုတ်ချေ၊မြတ်နိုးမှုအပြည့်နဲ့ပြုံးနေတဲ့အပြုံးသာလျှင်ဖြစ်၏။
အိမ်ကိုတွေ့တာတောင်နိုင်းအိမ်ထဲတော့မဝင်ရဲသေးပါ၊အိမ်ရှင်ကိုခွင့်မတောင်းဘဲဝင်သွားမိမှဒုက္ခရောက်မှာလဲစိုးရသေးသဖြင့် အိမ်ထဲကလူထွက်လာမဲ့အရိပ်အယောင်ကိုနိုင်းစောင့်စားနေချိန်.................
"ဘယ်သူလဲကွ"
ပခုံးကိုပုတ်ပြီးမေးလာတဲ့လူကိုမြင်ရစေရန်သူ့အနောက်ကိုနိုင်းလှည့်ကြည့်တော့ အနောက်မှာရောက်နေသူကအသက်၅၀ကျော်အရွယ်အမျိုးသားတစ်ဦးဘဲဖြစ်သည်။
"ဦးလေးကဒီအိမ်ကလား"
"အေး....ဟုတ်တယ်လေ"
"ကျွန်တော်လဲဒီအိမ်ကိုလာတာ"
"ဦးလေးအသိတော့မဟုတ်ပါဘူး......သားပေလွှာရဲ့အသိလား"
ထိုလူရဲ့ကျေးဇူးနဲ့သိလိုက်တဲ့နာမည်လေးက ပေလွှာ။ညကနိုင်းကိုယ့်နာမည်ကိုယ်မိတ်ဆက်ခဲ့ပေမဲ့ကောင်လေးရဲ့နာမည်ကိုတော့မမေးဖြစ်ခဲ့၊သို့ပေမဲ့ နိုင်းမေးရင်လည်းကောင်လေးကဖြေမှာမဟုတ်တာသေချာသည်။
"ဟုတ်ပါတယ်ဦးလေး....ကျွန်တော်ကပေလွှာ့အသိပါ"
"သားအသိဆိုမှတော့ဦးလေးအသိဘဲပေါ့.....အိမ်ထဲဝင်လေသား"
"ဟုတ်ကဲ့"
လိုလိုလားလားနဲ့အိမ်ထဲဝင်ဖို့ခေါ်တဲ့လူကခေါ်နေပြီမို့ နိုင်းလဲပေလွှာ့ဖေဖေနောက်မှလိုက်လာခဲ့သည်။အိမ်ထဲရောက်ရောက်ခြင်း နိုင်းရဲ့အကြည့်တွေကပေလွှာ့ကိုဘဲရှာနေမိသည်။ဒါပေမဲ့သူပေလွှာ့ကိုမတွေ့ပါ။
ပေလွှာ့ကိုနိုင်းရောက်ရောက်ချင်းမတွေ့သော်လည်း အိမ်အတွင်းသန့်ရှင်းသပ်ရပ်နေပုံကမျက်မမြင်ကောင်လေးနဲ့အသက်၅၀ကျော်အရွယ်ရှိတဲ့လူကြီးတို့နေသည်မထင်ရလောက်အောင်သပ်ရပ်နေတာမို့ နိုင်းစိတ်ထဲအလိုလိုချီးကျူးမိသည်။
ဧည့်သည်ထိုင်ဖို့ခုံတွေဘာတွေမရှိတဲ့အိမ်ဖြစ်တာကြောင့် ပေလွှာ့ဖေဖေဖြစ်တဲ့ဦးခမ်းမောင် နိုင်းထိုင်စေဖို့ဖျာကြမ်းတစ်ချက်ဘဲခင်းပေးနိုင်သည်။ဒါ့အပြင်အသိမိတ်ဆွေမရှိတဲ့ပေလွှာ့ရဲ့ အသိဆိုလို့နိုင်းကိုဘဲဦးခမ်းမောင်တွေ့ဖူးသေးတော့ သားရဲ့အသိတစ်ယောက်အနေနဲ့ကောနိုင်းရဲ့ဝတ်ပုံစားပုံပြောပုံဆိုပုံကအစ အထက်တန်းလူတန်းစားထဲကဖြစ်ဖို့များတာမို့ဖျာကြမ်းခင်းပြီးရေနွေးကြမ်းနဲ့မုန့်လေးလောက်ဘဲဧည့်ခံနိုင်သဖြင့် ဦးခမ်းမောင်စိတ်တော့မကောင်းပါ။
"သားလာထိုင်လေ"
"ဟုတ်ကဲ့"
ဦးခမ်းမောင်ခင်းပေးထားတဲ့ဖျာကြမ်းပေါ်သို့ နိုင်းထိုင်ပြီး..........
"ပေလွှာကောဦးလေး"
"သားရှိပါတယ်ကွဲ့.....အိမ်နောက်ဖေးများရောက်နေလားမသိဘူး....ဦးလေးသွားခေါ်ပေးမယ်"
ညိုးငယ်နေတဲ့မျက်နှာနဲ့အတူ ဦးခမ်းမောင်ကိုမသွားဖို့နိုင်းတားလေသည်။ရုတ်တရက်ဘဲ နိုင်းသက်ပြင်းတွေပါချကာ............
"နေပါစေဦးလေး....တစ်ကယ်တော့ပေလွှာကကျွန်တော့်ကိုစိတ်ဆိုးနေတာပါ၊ကျွန်တော်အခုလာတာကိုလဲသူကြိုက်မဟုတ်ဘူး....ကျွန်တော့်ကိုချက်ချင်းနှင်ထုတ်မှာ......ကျွန်တော်ပြန်တာဘဲကောင်းမယ်ထင်ပါတယ်"
"မဟုတ်တာသားရယ်မပြန်ပါနဲ့၊ဦးလေးသားပေလွှာကိုကူပြောပေးမှာပေါ့"
သူ့ပုံစံမဟုတ်တဲ့အတိုင်း ဦးခမ်းမောင်ရဲ့သနားမှုရအောင်နိုင်းပြောဆိုနိုင်တာကထိရောက်သွားသည်။ချက်ချင်းဆိုသလိုဘဲ ထပြန်တော့မဲ့သူ့ကိုတားနေတဲ့ဦးခမ်းမောင်ကြောင့်ာ
ာင့်နိုင်း ဒီတစ်ခါတော့ကျေနပ်စွာညစ်ပြုံးပြုံးမိသည်။နိုင်းပြုံးတဲ့အပြုံးတွေရဲ့အဓိပ္ပာယ်ကိုနားမလည်တဲ့ဦးခမ်းမောင်ကတော့ နိုင်းလှည့်ကွက်ကြားလှလှပကြီးဝင်ရောက်လာခဲ့ချေပြီ။
နိုင်းနဲ့ဦးခမ်းမောင်တို့စကားကောင်းနေတုန်း ပေလွှာတစ်ယောက်အိမ်ပေါ်သို့တက်လာသည်။နိုင်းမျက်နှာကလဲ ပေလွှာ့ကိုမြင်တော့စကားပြောနေရင်းဦးခမ်းမောင်ကိုညိုးငယ်စွာဘဲကြည့်၏။
ဦးခမ်းမောင်လဲ အလိုက်သိစွာဘဲ..............
"သားရေ"
"ဗျာ"
"မင်းသူငယ်ချင်းရောက်နေတယ်ကွဲ့"
"ဟမ်....ဘယ်ကသူငယ်ချင်းလဲဖေဖေ"
"ကြည့်ပါလားဦးလေး....ပေလွှာကျွန်တော့်ကိုအရမ်းစိတ်ဆိုးနေတာ"
ဦးခမ်းမောင်စကားကြောင့် ယောင်တောင်တောင်ဖြစ်နေတဲ့ပေလွှာ နိုင်းအသံကြားမှသဘောပေါက်သည်။သင်းပျံ့စူးရှနေတဲ့ကိုယ်သင်းနံ့ကိုအိမ်ထဲဝင်လာကထဲက ပေလွှာအနံ့ရပေမဲ့နိုင်းတစ်ကယ်ကြီးအိမ်အပေါ်ရောက်နေမယ်လို့တော့ထင်မထားပါ။ယခုအသံပါကြားရတော့ပိုသေချာသွားသည်မို့ နိုင်းမှန်းသိတာနဲ့ပေလွှာလဲမောင်းထုတ်ဖို့အဆင်သင့်ဖြစ်နေ၏။
"အခုချက်ချင်းငါ့အိမ်ထဲကထွက်သွား"
"ဘယ်လိုပြောလိုက်တာလဲသား....ကိုယ့်သူငယ်ချင်းကိုအဲ့လိုမပြောရဘူးလေ"
"ဖေဖေမသိပါဘူး...အဲ့ကောင်အကြောင်းသားဘဲသိတယ်"
"တော်တော့ပေလွှာ....ဧည့်သည်ကိုမလေးမစားဆက်ဆံတာဖေဖေမကြိုက်ဘူး"
"ဖေဖေ"
"တော်တော့...ဖေဖေဗိုက်ဆာပြီထမင်းသွားပြင်"
အကျိုးအကြောင်းကိုသေချာမသိရသေးတဲ့ဦးခမ်းမောင်ကိုပါ ပိုင်နိုင်စွာထိန်းချုပ်ထားတဲ့နိုင်းကြောင့် ပေလွှာ့ဒေါသတွေကတော့ထွက်ပြီးရင်းထွက်နေဆဲပါ။သို့ရာတွင် ဖခင်ကိုလဲစကားပြန်ခံမပြောချင်တော့တာနဲ့ ပေလွှာမီးဖိုခန်းထဲသို့သာဝင်လာခဲ့၏။ပေလွှာမျက်လုံးမမြင်ပေမဲ့ အိမ်ရဲ့နေရာတိုင်းကိုတော့အလွတ်ရသည်။ဘယ်နေရာမှာဘာရှိသည်ကအစအလွတ်ရသဖြင့် မီးဖိုချောင်ထဲကိုလဲခပ်တုတ်တုတ်ဘဲဝင်သွားလေသည်။
"ကျွန်တော်ပေလွှာ့ကိုသွားကူပေးလိုက်ဦးမယ်ဦးလေး"
"သွားလေသား"
ဦးခမ်းမောင်ခွင့်ပြုတာနဲ့နိုင်းလဲပေလွှာရှိရာမီးဖိုခန်းသို့တုန့်ဆိုင်းမနေဘဲထလာခဲ့သည်။
ပြီးနောက် မီးဖိုခန်းထဲမှာအလုပ်ရှုပ်နေတဲ့ကောင်လေးကိုညစ်ပြုံးပြုံးကြည့်ပြီး ဦးခမ်းမောင်အခြေအနေကိုပါတစ်ချက်အကဲခက်လိုက်သည်။ဦးခမ်းမောင်ကအေးအေးလူလူဘဲသူ့ဘာသာထိုင်နေတာကြောင့်အခြေအနေကောင်းမှန်းသိတော့ နိုင်းကောင်လေးအနားကပ်သွား၍အနောက်မှအားပါးတစ်ရသိုင်းဖက်လိုက်သည်။
"အင့်..."
ပေလွှာကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေခဲ့ရာ အနောက်မှသိုင်းဖက်ခံလိုက်ရတာကြောင့်လန့်ဖျက်သွားရသည်။တင်းကြပ်စွာဖက်ခံလိုက်ရသဖြင့် တားဖို့ပြင်လိုက်ချိန်မှာတော့ပေလွှာနောက်ကျသွားခဲ့၏။သူ့ရဲ့ကိုယ်ကနိုင်းရဲ့လက်ထဲမှာဆွဲလှည့်ခံလိုက်ရသည်။
နိုင်းပါးနပ်စွာဘဲ ပေလွှာ့ကိုယ်လေးကိုဆွဲလှည့်လိုက်ချိန်ရုန်းကန်နိုင်တဲ့ပေလွှာ့လက်တွေကိုပါပေလွှာ့ကျောအနောက်သို့ပစ်၍လက်တစ်ဖက်ဖြင့်ချုပ်ကိုင်ထားလိုက်သည်။ကျန်လက်တစ်ဖက်ကလဲ ပေလွှာ့ခေါင်းကိုငြိမ်အောင်ကိုင်ထားကာ နီရဲနေတဲ့နှုတ်ခမ်းပါးပါးလေးကိုစားသုံးနေခဲ့၏။
"အု.......အွန်း....အွန့်"
ရုတ်တရက်ထနမ်းခံလိုက်ရတဲ့ပေလွှာ့မှာတော့ နိုင်းလက်ခုပ်ထဲကရေလိုပင်ဖြစ်နေခဲ့သည်။
"အွန်း......အွန့်"
နိုင်းနမ်းလို့မရအောင်ပေလွှာနှုတ်ခမ်းများကိုအတင်းစေ့ထားလေသည်။သူ့အနမ်းများကိုတုန့်ပြန်ခြင်းမရှိသည့်အပြင် နှုတ်ခမ်းကိုပါအသားကုန်စေ့ထားတဲ့ပေလွှာ့ကို နိုင်းစိတ်မရှည်တဲ့အဆုံးချွန်ထက်လှတဲ့သူ့သွားကြီးများဖြင့်ပေလွှာ့နှုှတ်ခမ်းကိုထိုးကော်ကိုက်ဆွဲသဖြင့်ပေလွှာ့အောက်နှုတ်ခမ်းတစ်ခုလုံးကနိုင်းပါးစပ်ထဲသို့ပင်ဝင်ရောက်လာသည်။
ပြွတ်.....ပြွတ်.....
"ဟ့.......အင့်........အွန်း"
အရိုင်းဆန်လွန်းလှတဲ့နိုင်းလုပ်ရပ်ကြောင့် ပေလွှာကြက်သီးများပင်ပြိုင်းပြိုင်းထလာသလို ညင်သာမှုမရှိတဲ့နိုင်း အငြိုးနဲ့များနှိပ်စက်နေသလားမှတ်ရအောင်သူ့နှုတ်ခမ်းများကိုစုပ်ဆွဲနေတာကြောင့် ပေလွှာ့ပါးပြင်ထက်မျက်ရည်များပင်ကျလာခဲ့သည်။
ပြွတ်.......ပြွတ်..........
"......အင့်.......အွန်း"
နမ်းနေရင်းကပေလွှာ့နှုတ်ခမ်းသားလေးအနားမှခံစားလိုက်ရတဲ့ ငံကျိကျိအရည်များကြောင့်နိုင်း ပေလွှာ့ကိုကြည့်လိုက်ရာ ပေလွှာမျက်လုံးမှိတ်လျက်သားနဲ့ငိုနေသည်။ထို့ကြောင့် နိုင်းသူချုပ်ထားတဲ့ပေလွှာ့လက်များကိုလွှတ်ပေးလိုက်ရသည်။နိုင်းစိတ်အတိုင်းသာဆိုရင် နူးညံ့လွန်းတဲ့ပေလွှာ့နှုတ်ခမ်းလေးကိုတစ်စက္ကန့်မျှအလွတ်မပေးချင်၊အချိန်ရှိတိုင်းသာနမ်းရှိုက်ချင်သည်အထိဆွဲနေမိသည်။
"ဟင့်.....မင်းကိုငါသတ်ချင်တယ်"ဆိုကာ တိုးလျလွန်းတဲ့အသံလေးနဲ့ပြောပြီးပေလွှာငုတ်တုတ်လေးထိုင်ကာငိုနေခဲ့၏။
နိုင်းကိုပေလွှာရိုက်လိုက်တာ ဒါမဟုတ်အော်ဟစ်မာန်မဲလိုက်သာကမှဖြေသာဦးမည်။အခုကသူ့ကိုလည်းမရိုက်၊အော်ဟစ်မာန်မဲခြင်းလဲမရှိဘဲထိုင်ငိုနေတော့ နိုင်းဘာလုပ်လို့ဘာကိုင်ရလိုက်ရမှန်းတောင်မသိတော့ပါ။ငိုနေတဲ့ကောင်လေးကြောင့်ခြေမကိုင်မိလက်မကိုင်မိနဲ့အနေရခက်စွာဘဲနိုင်းခါင်းတစ်ခုလုံးထူပူနေရ၏။
"သား.....မင်းတို့ဟာကကြာလှချည်လား၊ဖေဖေထမင်းကောစားရဦးမှာလား"
မီးဖိုခန်းထဲကသူတို့နှစ်ယောက်အကြောင်းကိုမသိတဲ့ဦးခမ်းမောင်ကတော့ ထမင်းပြင်နေသည်ဘဲထင်နေခဲ့ရာ အတော်ကြာတဲ့အထိမီးဖိုခန်းထဲဝင်သွားတဲ့ပေလွှာတို့နှစ်ယောက်ပါပေါ်မလာသဖြင့်မေးလိုက်ခြင်းဘဲဖြစ်၏။
ပေလွှာထိုင်ငိုနေဖို့အချိန်မရှိတာကြောင့် မျက်ရည်များကိုသုတ်ပြီးထမင်းဝိုင်းပြင်ဖို့ဘဲမတ်တပ်ရပ်လိုက်သည်။သုတ်ထားတဲ့မျက်ရည်များတောင်ကောင်းကောင်းမခြောက်သေး၊ထပ်မံပြီးသိမ်ငယ်စိတ်တို့နဲ့အတူငိုကြွေးမိတဲ့မျက်ရည်များကစီးကျလာပြန်သည်။ငိုနေပေမဲ့လည်းပေလွှာငိုသံမထွက်ရဲ သူ့ငိုသံတွေကိုဦးခမ်းမောင်ကိုမကြားစေချင်သောကြောင့်ပါ။
နိုင်း ပင့်သက်ရှိုက်ငိုနေတဲ့ကောင်လေးရဲ့ပခုံးကိုညင်သာစွာဘဲထိတွေ့လိုက်၏။ဘာမှတုန့်ပြန်ခြင်းမရှိတဲ့ကောင်လေးကတော့ သူ့အပေါ်အေးစက်လွန်းလှပေသည်။
"ငါမှားပါတယ်.....ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီးမငိုပါနဲ့"
ပေလွှာ သူ့ပခုံးပေါ်ကနိုင်းလက်တွေကိုဖယ်ချလိုက်သည်။နိုင်းရဲ့စကားတွေကိုပေလွှာဘာတစ်ခွန်းမျှခွန်းတုန့်မပြန်ခဲ့၊ပြင်ဆင်ပြီးထမင်းဟင်းပန်ကန်တွေထည့်ထားတဲ့လင်ဗန်းကိုယူပြီးသာနေရာမှထွက်သွားဖို့လုပ်ချိန်..............
"နေဦး.....မင်းမျက်ရည်တွေ"ဟုပြောကာ နိုင်းကောင်လေးရဲ့မျက်ရည်များကိုသုတ်ပေးသည်။
မအားလပ်တဲ့လက်တွေကြောင့် ပေလွှာကိုယ်တိုင်လဲမသုတ်တာနဲ့နိုင်းမျက်ရည်သုတ်ပေးတာကိုဘဲအသာတကြည်ငြိမ်နေလိုက်သည်။
ဖြူဥနေတဲ့ပါးနုနုလေးပေါ်ကမျက်ရည်များကိုသုတ်ပေးရင်း ပေလွှာရဲ့ပါးပြင်တစ်ခုလုံးကိုနေရာမလပ်နိုင်းငေးမောနေမိသည်။ရှည်လျားပြီးကော့လန်နေတဲ့မျက်တောင်များ၊မထူမပါးနဲ့ကြည့်ကောင်းတဲ့မျက်ခုံးအပြင်နိုင်းအနှစ်သက်ဆုံးကျောက်စိမ်းရောင်မျက်လုံးလေးများ၊နှာတံစင်းစင်းလေးပေါ်ကမှဲ့သေးသေးလေးကအစကောင်လေးရဲ့မျက်နှာပေါ်မှာလှပစွာနေရာယူထားသည်မို့နိုင်းအကြည့်ပင်မခွာချင်။သို့သော် ကြာကြာကြည့်နေရင်လည်းလောဘကြီးစွာနမ်းမိနိုင်တဲ့သူ့အကြောင်းကိုသိသောကြောင့် မျက်ရည်သုတ်ပေးနေတဲ့နိုင်းလက်များရပ်တန့်သွားပြီး................
"ရပြီ"
ပေလွှာမျက်ရည်ကျရသည်ကလည်းနိုင်းကြောင့်ဘဲမို့ မျက်ရည်သုတ်ပေးတဲ့နိုင်းကိုပေလွှာကျေးဇူးတင်စကားတစ်ခွန်းမျှမဆို၊နေရာမှချက်ချင်းဘဲထွက်သွားသည်။
ထမင်းဟင်းပန်ကန်တွေကိုသယ်လာတဲ့နိုင်းကိုဦးခမ်းမောင်လာကြိုပြီး အဆင်သင့်ချထားတဲ့စားပွဲပေါ်မှာလင်ဗန်းထဲထည့်ထားတဲ့ထမင်းဟင်းပန်းကန်များကိုချလိုက်၏။နိုင်းလဲရှိတာကြောင့် သားအဖနှစ်ယောက်စားနေကျထမင်းပန်းကန်နှစ်ချပ်ခင်းရမဲ့အစား ဦးခမ်းမောင်ထမင်းပန်းကန်သုံးချပ်ဘဲခင်းလိုက်သည်။
ပေလွှာလဲသူထိုင်စားနေကျနေရာမှာဝင်ထိုင်လိုက်သည်။အသင့်ရှိနေတဲ့လက်ဆေးခွက်ထဲသို့သူလက်ဆေးလိုက်ပြီးသူမစားခင် ဦးခမ်းမောင်အားဟင်းများထည့်ပေး၍အရင်ဦးချလေသည်။
မီးဖိုခန်းထဲကပေလွှာ့အနောက်မှနောက်ကျစွာထွက်လာတဲ့နိုင်းမျက်နှာက မျက်နှာမကောင်းချေ။သူ့ရဲ့ခြေလှမ်းတွေကလဲပေလွှာတို့စားနေတဲ့ထမင်းဝိုင်းဆီမဟုတ်ဘဲ အိမ်အပြင်ထွက်ဖို့ကြံရွယ်လိုက်ချိန်.............
"ဘယ်လဲသား....မပြန်နဲ့ဦးလေ၊ဦးလေးကထမင်းတွေတောင်ခူးပြီးနေပြီ...တစ်ခါထဲဝင်စားလေ"
"မစားတော့ပါဘူးဦးလေး...တစ်စုံတစ်ယောက်ကျွန်တော့်ကြောင့်စိတ်အနှောက်အယှက်ဖြစ်မှာမလိုလားဘူး"
ဦးခမ်းမောင် ပေလွှာ့ဘက်ကိုလှည့်ကြည့်တော့ပေလွှာထမင်းသာအာရုံစိုက်စားနေသည်။ပေလွှာ့ပုံကလဲစိတ်အနှောက်အယှက်ဖြစ်နေတဲ့ပုံမပေါ်တာနဲ့............
"လာပါသား....ဘယ်သူမှစိတ်အနှောက်အယှက်မဖြစ်ပါဘူး"
ဇွတ်အတင်းခေါ်နေတဲ့ဦးခမ်းမောင်ကိုအားနာတာနဲ့ နိုင်းထမင်းဝိုင်းဆီလာထိုင်သည်။ထမင်းစားပွဲပေါ်မှာရှိနေတဲ့ဟင်းတွေက နိုင်းမြင်နေကျဟင်းတွေနဲ့မတူတာကြောင့် နိုင်းစိတ်ဝင်တစားကြည့်နေချိန် ဦးခမ်းမောင်လက်ဆေးခွက်ကမ်းပေးသည်။သူလဲဦးခမ်းမောင်ကမ်းပေးတဲ့လက်ဆေးခွက်ထဲသို့လက်နှိုက်ဆေးပြီး သူမသိမမြင်ဖူးတဲ့ဟင်းတွေအကြောင်းကိုသိချင်စိတ်နဲ့မေးမြန်မိတော့.............
"ဒါဘာဟင်းလဲဦးလေး"
"ကြက်ဂွေး"
"ဗျာ"
တစ်ခါမှမကြားဖူးတဲ့အပြင်ထူးဆန်းတဲ့ဟင်းနာမည်ကြောင့် နိုင်းလက်ထဲကထမင်းလုပ်ပြုတ်ကျပြီးမျက်လုံးအပြူးသားဖြစ်ရသည်အထိအံသြသွားသည်။
ထမင်းလုပ်ပြုတ်ကျသည်အထိဖြစ်သွားတဲ့နိုင်းကြောင့် ဦးခမ်းမောင်ရယ်သည်။သူတို့ပုံမှန်သုံးနှုန်းတဲ့ဟင်းနာမည်ကနိုင်းအတွက်အထူးအဆန်းဖြစ်ပြီးထမင်းလုပ်ပါပြုတ်ကျတဲ့အထိဖြစ်သွားတော့ရယ်လည်းရယ်ချင်စရာပေ။နောက်မှဦးခမ်းမောင်အဓိပ္ပာယ်အပြည့်အစုံပြန်ရှင်းပြ၏။
"ဒီလိုပါသားရဲ့...ကြက်သားနဲ့ဂွေးတောက်ရွက်နဲ့ချက်ထားတဲ့ဟင်းမိုလို့ကြက်ဂွေးလို့အတိုချုပ်ခေါ်လိုက်တာ"
နိုင်း ဟင်းပန်းကန်ထဲကဟင်းကိုဇွန်းနဲ့ခပ်ကြည့်ရင်းခေါင်းတဆတ်ဆတ်ငြိမ့်လေသည်။အဓိပ္ပာယ်အပြည့်အစုံသိရမှဘဲ နိုင်းနားလည်သွားတာနဲ့.............
"ကျွန်တော်နားလည်ပြီ"
တစ်ခါမှမမြင်ဖူးမကြားဖူးတဲ့ဟင်းရဲ့အရသာကို နိုင်းစိတ်ဝင်စားစွာဘဲမြည်းစမ်းကြည့်၏။ကြက်သားရဲ့အရသာနဲ့ပေါင်းစပ်ထားတဲ့ဂွေးတောက်ရွက်ရဲ့ခါးသက်သက်အရသာက ခါးသလိုရှိပေမဲ့အစိမ့်ဘက်ကိုသွားသဖြင့်ပထမတစ်ဇွန်းမှာဘဲနိုင်းအကြိုက်တွေ့သွားသည်။ထို့နောက်ထမင်းနဲ့ပင်မစားနိုင်ဘဲ ဟင်းရည်တွေကြီးတစ်ဇွန်းပြီးတစ်ဇွန်းခပ်သောက်လေသည်။
"ရှိသေးလားဦးလေး"
"ဟေ...."တစ်လုံးနဲ့ပြူးကြောင်ကြောင်ဖြစ်သွားတဲ့ဦးခမ်းမောင် ဟင်းချက်တာကလဲသူမဟုတ်ဘဲပေလွှာချက်တာမို့ ပေလွှာ့ကိုဘဲတစ်ဆင့်ပြန်မေးယူရသည်။
"ပေလွှာ...ဟင်းကျန်သေးလားသား"
ပေလွှာမကျေနပ်သည့်ပုံစံနဲ့နှုတ်ခမ်းလေးကိုတစ်ချက်တွန့်ကာ..............
"ကျန်သေးတယ်....သူများအိမ်ကိုလာပြီးအားမနာလျှာမကျိုးစားသောက်.........."
"စားကောင်းလို့ပါ"လို့သာ ပေလွှာ့စကားမဆုံးခင်နိုင်းစကားဖြတ်ပြောလိုက်သည်။သူ့စကားပြောနေတဲ့ကြားကဖြတ်အပြောခံရလို့စိတ်တိုနေတဲ့ပေလွှာလဲ ခပ်စွာစွာအသံနဲ့နိုင်းကိုတမင်ရွဲ့ပြောလိုက်သည်က.................
"ဂွေးနင်ပြီးလဲသေနေဦးမယ်"
"အဟွတ်....အဟွတ်"
ပေလွှာ့စကားအဆုံးနိုင်းတစ်ကယ်ဘဲဟင်းထတီးသည်။ငရုတ်သီးရဲ့အရသာလဲပါသေးသည်မို့ရင်ထဲပူရှရှကြီးနဲ့နေရလို့အဆင်မပြေ။
နိုင်းဟင်းတီးသံကြောင့်ပေလွှာကျေနပ်သည့်ဟန်ဖြင့် ပြုံးတိတိရုပ်လေးနဲ့သာဟင်းပန်းကန်ကိုယူပြီးမီးဖိုချောင်ထဲဝင်သွားသည်။
"ပေလွှာကလဲကွာ....ရော့သားရေသောက်"
သောက်ကောင်းကောင်းနဲ့သောက်ထားတဲ့ဟင်းရည်တွေတောင်ဘယ်ရောက်လို့ဘယ်ပျောက်သွားမှန်းမသိ၊နိုင်းမှာတော့ဦးခမ်းမောင်ပေးတဲ့ရေတွေသောက်ရင်းသာကျန်နေခဲ့သည်။ဒါပေမဲ့နိုင်းကျေနပ်ပါသည်၊ပေလွှာနဲ့စတွေ့ကထဲကသူ့ကြောင့်ပေလွှာရယ်ဖူးသည်ကမရှိဖူးသေး၊ငိုဖူးသည်သာရှိသည်မို့ သူဟင်းတီးသွားသော်လည်းပေလွှာရယ်လို့ကျေနပ်သည်။ရေသောက်ရင်းနဲ့သူ့ကိုပင်ပြုံးမိစေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖတ်ရတာအဆင်ပြေရဲ့လားဗျ လိုအပ်ချက်ရှိရင်ဝေဖန်ထောက်ပြပေးလို့ရပါတယ်။စာဖတ်သူတွေထောက်ပြမှမှားနေတဲ့နေရာတွေပြင်လို့ရမှာမိုလို့ပါဗျ။အားနာပြီး😞အဆင်ပြေပါတယ် ကောင်းတယ်တို့တော့မပြောကြပါနဲ့ဗျာအမှန်အတိုင်းသိမှလိုအပ်ချက်တွေသိရမှာမိုလို့ပါ။ဝေဖန်ပေးလို့လဲစိတ်မဆိုးပါဘူး။
(Zawgyi)
အိမ္ျပန္ေရာက္ဖို႔အတြက္နိုင္းကားငွားလာခဲၿပီး လမ္းတစ္ေလွ်ာက္လုံးေတြးေနမိသည္ကသူ႕စိတ္ထဲကေကာမ်က္လုံးထဲကပါမထြက္တဲ့ ေက်ာက္စိမ္းေရာင္မ်က္လုံးေလးေတြကိုပိုင္ဆိုင္ထားတဲ့မ်က္မျမင္ေကာင္ေလးအေၾကာင္းေတြဘဲျဖစ္သည္။နိုင္းစိတ္ကိုစိုးမိုးနိုင္တဲ့လူဆိုတာမရွိသေလာက္ရွားသည္၊အထူးသျဖင့္သူစိမ္းတစ္ေယာက္ဆိုလွ်င္ပိုေတာင္ဆိုး၏။အခုက ထိုသို႔မဟုတ္၊တစ္ခဏေလးဘဲေတြ႕လာခဲ့တဲ့ေကာင္ေလးက သူ႕စိတ္အာ႐ုံတစ္ခုလုံးကိုေတာင္စိုးမိုးထားနိုင္ခဲ့သည္။
"ဒီၿခံလားေကာင္ေလး"
နိုင္းကိုယ့္အေတြးနဲ႕ကိုယ္လြင့္ေမ်ာေနတာမို႔ အိမ္ေရွ႕ေရာက္တာကိုပင္သတိမထားမိ၊ကားဆရာသတိေပးမွသာအိမ္ေရွ႕ေရာက္မွန္းသိရသည္။
"ဟုတ္တယ္"
နိုင္းက်သင့္ေငြအားရွင္းၿပီး ကားေပၚကဆင္းတာနဲ႕သူငွားလာတဲ့Taxiလဲေနရာမွေမာင္းထြက္သြားခဲ့သည္။
မီးေရာင္မ်ားလင္းထိန္ေနတဲ့သုံးထပ္တိုက္ႀကီးတည္ရွိရာၿခံႀကီးကႀကီးမားသေလာက္ ညအခါမွာၿခံအျပင္ကလွမ္းၾကည့္တာေတာင္ၿခံအတြင္းျပင္ဆင္မႈနဲ႕အိမ္ႀကီးရဲ႕ခမ္းနားထည္ဝါမႈကေတာ့ၾသခ်ေလာက္သည္။ၿခံတံခါးလာဖြင့္ေပးေစဖို႔နိုင္းလူေခၚဘဲလ္လဲမတီး ၊အသံလဲမျပဳဘဲၿခံအျပင္မွာသာရပ္ေနၿမဲရပ္ေနကာ သုံးထက္တိုက္ရဲ႕ဒုတိယေျမာက္အထပ္သူ႕အဖိုးအခန္းရွိရာကိုဘဲအေၾကာင္းမယ္မယ္ရရမရွိစူးစိုက္ၾကည့္ေနခဲ့၏။
ထိုအခ်ိန္ ၿခံအတြင္းမွၿခံေစာင့္တစ္ေယာက္နိုင္းဆီေျပးလာသည္။ၿခံေစာင့္လာတာကိုနိုင္းသတိထားမိသည္ႏွင့္ ဦးေသာ္ကအခန္းကိုၾကည့္ေနတဲ့သူ႕အၾကည့္ေတြကိုၿခံေစာင့္ဆီသို႔နိုင္းအၾကည့္လႊဲလိုက္သည္။
"ေတာင္းပန္ပါတယ္အကိုေလး....အကိုေလးျပန္ေရာက္ေနမွန္းမသိလိုက္လို႔ပါ"
အျပစ္တင္ခံရမွာဆိုးၿပီး မ်က္ခြက္ပ်က္မ်က္ႏွာပ်က္နဲ႕ေတာင္းပန္ေနရွာတဲ့ၿခံေစာင့္ကိုနိုင္းလက္ဟန္ျဖင့္'မလိုဘူး'ဆိုသည့္ပုံစံမ်ိဳးသာလုပ္ျပလိုက္သည္။နိုင္းဘယ္ေလာက္ဘဲအိမ္ျပန္ေနာက္က်ပါေစ ၿခံတံခါးလာဖြင့္ေပးမဲ့လူမရွိမွာကိုေတာ့နိုင္းစိတ္ပူစရာမလိုပါ၊မိသားစုဝင္ေတြမစုံမခ်င္းၿခံေစာင့္ေတြအိပ္ခြင့္မရွိတာမို႔ နိုင္းဘယ္အခ်ိန္ျပန္ေရာက္ေရာက္အသင့္တံခါးဖြင့္ေပးမဲ့ၿခံေစာင့္ကအၿမဲရွိတက္သည္။ခါတိုင္းကနိုင္းကားဟြန္းသံၾကားရင္ခ်က္ခ်င္းတံခါးလာဖြင့္တက္ေပမဲ့ ဤကေန႕ကနိုင္းကားဟြန္းတီးဖို႔ကားကလဲပ်က္ေနခဲ့တာမို႔ကားဟြန္းသံမၾကားလို႔ တံခါးလာဖြင့္မေပးတာကလဲၿခံေစာင့္အမွားလို႔မဆိုနိုင္တာေၾကာင့္နိုင္းၿခံေစာင့္ကိုအျပစ္မတင္လိုေတာ့ပါ။
ကြၽီ..............
ၿခံတံခါးပြင့္လာတဲ့ေနာက္ ေဘာင္းဘီအိပ္ကပ္ထဲကိုလက္တစ္ဖက္ထည့္ထားတဲ့နိုင္း ေျခလွမ္းက်ဲႀကီးမ်ားျဖင့္သာၿခံထဲဝင္သြားသည္။၆ေပေက်ာ္တဲ့နိုင္းအရပ္က နိုင္းပုံမွန္လမ္းေလွ်ာက္သြားရင္ေတာင္ရွည္လ်ားလြန္းတဲ့ေျခတံမ်ားေၾကာင့္ ေျခလွမ္းမ်ားကခပ္က်ဲက်ဲျဖစ္ေနျခင္းျဖစ္၏။
"အကိုနိုင္း"
နိုင္းအိမ္ထဲသို႔ေရာက္ေရာက္ခ်င္းမွာဘဲသူ႕နာမည္ေခၚသံလာရာ ဧည့္ခန္းသို႔ၾကည့္လိုက္ရာ ပ်ာပ်ာတလဲနဲ႕ေျပးလာတဲ့ယြန္းမွီကိုေတြ႕လိုက္ရသည္။အလ်င္လိုေနတဲ့သူမပုံစံက တ၀္စုံတစ္ရာကိုစိုးရိမ္ေနသလိုလို စိတ္ပူေနသလိုလိုျဖစ္ေနခဲ့၏။
ယြန္းမွီ နိုင္းအနားေရာက္သည္ႏွင့္...............
"ဘယ္ေတြသြားေနတာလဲ.....မွီ့မွာအကိုနိုင္းကိုေမွ်ာ္ေနရတာၾကာရင္ႏွလုံးေရာဂါရေတာ့မယ္"
နိုင္းအိမ္ျပန္ေနာက္က်တက္ေပမဲ့ ယြန္းမွီႀကိဳေနဖူးသည္ေတာ့မရွိဖူးပါ၊ဤကေန႕မွထူးထူးဆန္းဆန္း သူ႕အားေမွ်ာ္ေနသည္ဆိုေတာ့ယြန္းမွီဘာစိတ္ကူးေတြေပါက္ေနလဲနိုင္းနားမလည္နိုင္။ဒါ့ေၾကာင့္.........
"အကို႔ကိုဘာလို႔ေမွ်ာ္ေနတာလဲ"
"ေဒၚေလးေလ.....ေဒၚေလးထမင္းလည္းမစားဘူး၊မွီကိုယ္တိုင္ေကြၽးတာေတာင္........."
ယြန္းမွီစကားပင္မဆုံးလိုက္၊နိုင္းေမေမနဲ႕ပတ္သက္တာမွန္းသိေတာ့ နိုင္းအိမ္ႀကီးေပၚသို႔အျမန္ေျပးတက္သြားေလသည္။
တစ္အိမ္လုံးမွာေဒၚမိုးနတ္နဲ႕ပတ္သက္ရင္ နိုင္းစိတ္ခ်တာဆိုလို႔ယြန္းမွီဘဲရွိသည္။ေဒၚမိုးနတ္ရဲ႕ဖခင္အရင္းျဖစ္တဲ့ဦးေသာ္ကကိုလည္းနိုင္းစိတ္မခ်သလို ေဒၚမိုးနတ္နဲ႕ေမာင္ႏွမအရင္းျဖစ္သလိုယြန္းမွီရဲ႕ဖခင္လည္းျဖစ္တဲ့ဦးလွ်ံမင္းကအစနိုင္းစိတ္မခ်ေခ်။နိုင္းသူတို႔ကိုစိတ္မခ်တာလဲမဆန္း၊ေဒၚမိုးနတ္ကိုယ္တိုင္ကသူမဖခင္နဲ႕အကိုကိုမေတြ႕ခ်င္ေလာက္တဲ့အထိျဖစ္ေနေသာေၾကာင့္ျဖစ္သည္။
ကြၽီ..........ဒုန္း.........
"ေမေမ"
ေဒၚမိုးနတ္ကိုေတြ႕ခ်င္ေဇာနဲ႕နိုင္းတံခါးကိုေတာင္ညင္သာစြာအဖြင့္နိုင္ဘဲေစာင့္ဖြင့္လိုက္သည္။
အခန္းတံခါးပြင့္လာခ်ိန္ ျမင္လိုက္ရတဲ့ျမင္ကြင္းကလဲနိုင္းရင္တစ္ခုလုံးနာက်င္သြားေစခဲ့သည္။ထိုျမင္ကြင္းေၾကာင့္မ်က္ရည္မက်မိေအာင္ နိုင္းအံကိုစုံႀကိတ္ထိန္းထားရင္းတင္းၾကပ္စြာဆုပ္ထားတဲ့လက္သီးခ်က္ကလဲ နံရံေပၚသို႔က်ေရာက္သြားခဲ့သည္။
ခြပ္........
အရွိန္ျပင္းျပင္းနဲ႕နံရံကိုထိုးလိုက္တဲ့လက္သီးခ်က္ေၾကာင့္ နိုင္းလက္နာက်င္ရပါသည္။သို႔ေသာ္ ရင္ထဲကဒဏ္ရာကပိုနာက်င္ရသည္မို႔ သူ႕လက္ကနာက်င္မႈေလာက္ေတာ့နာက်င္မႈရယ္လို႔ေတာင္နိုင္းအတြက္မဆိုအပ္ေတာ့ပါ။
ယြန္းမွီ နိုင္းေနာက္ကလိုက္လာခဲ့ေသာ္လည္းအျမန္ေျပးတက္သြားတဲ့နိုင္းရဲ႕ေျခလွမ္းေတြကိုမမွီပါ။သူမနိုင္းတို႔ရွိရာသို႔ေရာက္လာခ်ိန္နိုင္းတစ္ေယာက္နံရံကိုလက္သီးနဲ႕ထိုးေနခဲ့သလို ေဒၚမိုးနတ္ကလဲ...............
"မီးေတြ......မီးေတြ.......ကြၽန္မေယာက်ာ္းမီးထဲမွာရွိတယ္......ကယ္ေပးၾကပါ.....ကယ္ေပးၾကပါ.......အဟင့္.....ဟင့္"ဟုေအာ္ဟစ္ငိုေႂကြးေနခဲ့သည္။
ဆံပင္ဖရိုဖရဲနဲ႕ၾကမ္းျပင္ေပၚမွာထိုင္လ်က္သားျဖင့္ စိတ္အထင္တစ္ခုထဲနဲ႕အတိတ္ကျဖစ္ရပ္မ်ားကိုသတိရၿပီးငိုယိုအကူအညီေတာင္းေနတဲ့ေဒၚမိုးနတ္ကိုျမင္ေတာ့ ယြန္းမွီလည္းေျဖမဆည္နိုင္။အ႐ူးတစ္ေယာက္လိုငိုေႂကြးအကူအညီေတာင္းေနတဲ့ေဒၚမိုးနတ္ကိုလဲသနားလို နိုင္းကိုလည္းသူမသနားသည္။အ႐ူးတစ္ေယာက္လိုငိုေႂကြးေနသည္လို႔သာဆိုပါတယ္ အမွန္ကေဒၚမိုးနတ္ကိုအ႐ူးမတစ္ေယာက္လို႔သတ္မွတ္ထားတာဘဲၾကာလွၿပီမို႔ အ႐ူးမတစ္ေယာက္ငိုေႂကြးေနတယ္လို႔ေျပာရင္ေတာင္မွန္ဦးမည္။
"ငါကြာ....."
ခြပ္........ခြပ္........
"အကိုနိုင္းေတာ္ေတာ့"
ေသြးစတစ္ခ်ိဳ႕ထြက္ေနသည္အထိနံရံကိုဘဲအဆက္မျပတ္လက္သီးနဲ႕ထိုးေနတဲ့နိုင္းလက္ေတြကိုယြန္းမွီဆြဲတားေနေပမဲ့ နိုင္းလက္မေလ်ာ့ေသးသူ႕လက္အားဆြဲထားတဲ့သူမလက္ေတြထဲကအတင္း႐ုန္းကာနံရံကိုဘဲထိုးဖို႔လုပ္ေနသည္။ယြန္းမွီအားကုန္သုံး၍တားေသာ္လည္း ေဒါသထြက္ေနတဲ့ေယာက်ာ္းသားတစ္ေယာက္ရဲ႕အားကိုမယွဥ္နိုင္တဲ့အဆုံးသူမလဲဆက္မဆြဲနိုင္ေတာ့သျဖင့္လက္ေလ်ာ့ၿပီးငိုဘဲငိုေနရင္း............
"ေတာ္ပါေတာ့အကိုနိုင္းရယ္.....ေတာ္ပါေတာ့၊အကိုနိုင္းကေဒၚေလးကိုပုံမွန္ျဖစ္ေအာင္လုပ္ရမွာေလ.....အခုအကိုနိုင္းကပါဒီလိုျဖစ္ေနေတာ့.....ေဒၚေလးကိုေကာဘယ္သူကထိန္းေတာ့မွာလဲ"
ထပ္မံၿပီးနံရံေပၚကိုက်ေရာက္ေတာ့မဲ့ နိုင္းရဲ႕လက္သီးခ်က္ကယြန္းမွီစကားေၾကာင့္ရပ္တန့္သြား၏။သူမေျပာတာဟုတ္ျပန္သည္ သူကိုယ္တိုင္ကအစထိုသို႔စိတ္တိုေပါက္ကြဲေနရင္ ေဒၚမိုးနတ္ကိုလဲအတိတ္ကျဖစ္ရပ္ေတြၾကားဆြဲမထုတ္ဘဲပိုနာက်င္ေစနိုင္သလို ယြန္းမွီကိုပါမဆီမဆိုင္ဝမ္းနည္းေနမိေစမွာ။
နိုင္း ေဒၚမိုးနတ္ဘက္ကိုလွည့္ၾကည့္ေတာ့.........
"ေမာင္ေရ......ဟင့္.....ဟင့္........ေမာင္အရမ္းနာက်င္ေနမွာ.....အင့္.....ဟင့္......မိုးကိုခြင့္လြတ္ပါေမာင္ရယ္၊မိုးေၾကာင့္.....မိုးေၾကာင့္ပါ....."
ထိန္းခ်ဳပ္ထားတဲ့နိုင္းရဲ႕မ်က္ရည္ေတြလဲက်ခဲ့ရပါၿပီ၊ေဒၚမိုးနတ္တင္မွထိုအျဖစ္အပ်က္ႀကီးကိုေမ့မရတာမဟုတ္ပါ၊နိုင္းအတြက္လဲေမ့ေဖ်ာက္မရတဲ့ဒဏ္ရာမ်ိဳးမို႔ေသြးမထြက္တဲ့သူ႕ရင္ဘက္ထဲကဒဏ္ရာကိုဓားျဖင့္မႊန္းခံေနရသည့္အလား ဆို႔နစ္နာက်င္ရ၏။
နိင္းတင္းၾကပ္စြာဆုပ္ထားတဲ့လက္သီးကိုေျဖေလ်ာ့ၿပီး ထိုင္လ်က္သားငိုေနတဲ့ေဒၚမိုးနတ္အနားသို႔က်ဥ္းကပ္သြားခဲ့သည္။ထို႔ေနာက္ေအးစက္ေနတဲ့ေဒၚမိုးနတ္ရဲ႕လက္မ်ားကိုနိုင္းေႏြးေထြးစြာဆုပ္ကိုင္ေလေတာ့ ေဒၚမိုးနတ္သူ႕အားမ်က္ရည္အ႐ႊဲသားျဖင့္ခံစားခ်က္မဲ့စြာျပန္ၾကည့္သည္။
"ေမေမ"
ေဒၚမိုးနတ္အာေလးလွ်ာေလးသံနဲ႕အတူ.............
"နိုင္းေလး......ေမေမ့သားေလး"
"ေမေမ့ပါးေပၚကမ်ည္ရည္ေတြလား.....ေမေမငိုေနတာေပါ့"
"မငိုပါဘူးသားရယ္.....ေမေမမငိုပါဘူး၊ၾကည့္.....ေမေမၿပဳံးေနတာ"
ကံအေၾကာင္းမလွလို႔စိတ္ေဝသနာသည္ျဖစ္သည့္တိုင္ေအာင္ ေဒၚမိုးနတ္ေၾကာက္လွသည္ကသူမငိုေနတာကိုနိုင္းမသိေစခ်င္ဘဲျဖစ္သည္။အခုလည္းသူမပါးျပင္ေပၚကမ်က္ရည္မ်ားကိုလက္ေမာင္းနဲ႕အၾကမ္းပတမ္းသုတ္ပစ္လိုက္ကာဟန္ေဆာင္ၿပဳံးေနေသးသည္။သူမဟန္ေဆာင္ေကာင္းခဲ့ေပမဲ့ စိတ္လြတ္ေနတဲ့အခ်ိန္ကသူမငိုေႂကြးေနတာကိုနိုင္းျမင္ခဲ့တာကိုေတာ့ေဒၚမိုးနတ္သတိမထားမိေခ်။ထိုသို႔ျဖစ္ရသည္ကအတိတ္နဲ႕ပစၥဳန့္ပန္ၾကားေထြျပားေနေၾကာင့္လဲျဖစ္နိုင္သည္။
နိုင္းမ်က္စိေရွ႕တည့္တည့္မွာအလွပဆုံးအၿပဳံးေတြနဲ႕ၿပဳံးေနတဲ့ေဒၚမိုးနတ္ကို နိုင္းဆြဲဖက္လိုက္သည္။အလိုက္သင့္ေလးျပန္ဖက္တဲ့ေဒၚမိုးနတ္ပုံစံကလဲ ေစာေစာကနဲ႕ပင္တစ္စက္ကေလးမွမတူသာမာန္လူေကာင္းအတိုင္းပင္။
အခ်ိန္အေတာ္ေလးၾကာေအာင္နိုင္း ေဒၚမိုးနတ္ကိုဖက္ထားၿပီးမွယြန္းမွီကိုသတိရသည္။နာရီကိုၾကည့္လိုက္ေတာ့လည္းမနက္၃နာရီေတာင္ရွိေနၿပီမို႔ ယြန္းမွီကိုလည္းတစ္ညလုံးအိပ္ေရးပ်က္ေစခဲ့တာေၾကာင့္အားနာရျပန္သည္။
"မွီ"
"ရွင္...အကိုနိုင္း"
"မွီသြားအိပ္ေတာ့"
"ဟုတ္ကဲ့ပါ....အကိုနိုင္းကေကာမအိပ္ေသးဘူးလား"
"ေမေမအိပ္မွဘဲအကိုလဲသြားအိပ္ေတာ့မယ္"
"အင္းပါ....ဒါဆိုမွီသြားအိပ္ေတာ့မယ္"
"အင္း"
မနက္မိုးမလင္းမခ်င္းနိုင္း ေဒၚမိုးနတ္ရဲ႕အခန္းထဲမွာဘဲအခ်ိန္ကုန္ဆုံးသြားသည္။အိပ္လဲမအိပ္ျဖစ္ခဲ့ပါ အိပ္ဖို႔ခက္ခဲေနတဲ့ေဒၚမိုးနတ္ကိုဘဲနိုင္းမညီးျငဴဘဲအေဖာ္ျပဳေပးေနခဲ့ျခင္းေၾကာင္းသာ။
~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~
ျပတင္းေပါက္မွတစ္ဆင့္အခန္းထဲသို႔ျဖာဆင္းလာတဲ့နံနက္ခင္းေရာင္ျခည္ေၾကာင့္ ႏွိုင္းဧကရီဆက္၍ပင္အိပ္မရေတာ့ေခ်။
ဝွား...............
အိပ္ခ်င္မူးတူးပုံစံနဲ႕သူမ ကုတင္ေပၚမွာထိုင္ရင္းမ်က္လုံးမ်ားကိုပြတ္သပ္ကာတစ္ဝွားဝွားသာသမ္းေနခဲ့သည္။မနက္၉နာရီအထိအိပ္ထားေပမဲ့လည္းႏွိုင္းဧကရီအိပ္ေရးမဝပါ၊ညကမူးမူးနဲ႕အိပ္ေပ်ာ္သြားတာမို႔ ေခါင္းတစ္ခုလုံးမူးေနာက္ေနခဲ့ၿပီးစိတ္ပါမၾကည္ဘဲျဖစ္ေန၏။႐ုတ္တရက္..............
"နိုင္း.......နိုင္းဘာျဖစ္သြားေသးလဲမသိဘူး"
နိုင္းအေၾကာင္းအေတြးထဲေပၚလာတာနဲ႕ေမွးေနတဲ့မ်က္လုံးေတြပါအလိုလိုျပဴးက်ယ္သြားသည္။ကိုယ္ေပၚမွာၿခဳံထားတဲ့ေစာင္မ်ားကိုလည္းဖယ္ကာ ႏွိုင္းဧကရီမ်က္ႏွာသစ္ဖို႔ပင္မစဥ္းစားနိုင္ေသးဘဲအိမ္ေအာက္ထပ္ကိုဘဲအလ်င္အျမန္ေျပးဆင္းသြား၏။
"ကိုႀကီး!!......"
ဧည့္ခန္းမွာေသနတ္ေတြကိုစစ္ေနခဲ့တဲ့သတိုးေခါင္ ညီမျဖစ္သူရဲ႕အသံေၾကာင့္လက္ထဲကေသနတ္ကိုခ်ၿပီးသူ႕ဆီေျပးလာေနတဲ့ႏွိုင္းဧကရီကိုဘဲၿပဳံးၿပဳံးႀကီးဆီးႀကိဳေနသည္။သူဟာလူမိုက္တစ္ေယာက္ပါ၊လူတစ္ေယာက္ကိုသတ္ဖို႔ၾကက္ကေလးငွက္ကေလးတစ္ေယာက္ကိုသတ္တာေလာက္ေတာင္အေရးမထားတဲ့လူမိုက္တစ္ေယာက္။ဒါေပမဲ့ထိုလူမိုက္ႀကီးရဲကမာၻကေတာ့ သူ႕ညီမဘဲျဖစ္သည့္ပမာ အားနည္းခ်က္ကလဲသူ႕ညီမဘဲျဖစ္သည္။
"နိုင္းကိုညကဘာလုပ္လိုက္လဲကိုႀကီး"
ၿပဳံးၿပဳံးႀကီးျဖစ္ေနတဲ့သတိုးေခါင္မ်က္ႏွာက နိုင္းအေၾကာင္းဆိုတာနဲ႕ခ်က္ခ်င္းဘဲတင္းမာသြားသည္။သူအခ်စ္ဆုံးနဲ႕တန္ဖိုးအထားရဆုံးညီမကို ေစာ္ကားေမာ္ကားေျပာထားတဲ့လူကိုသတိုးေခါင္သတ္ပစ္ဖို႔ရည္႐ြယ္ခ်က္ရွိသည္အထိမုန္းတီးသလို နိုင္းရဲ႕နာမည္ၾကားတာနဲ႕ေဒါသထြက္ရသည္အထိပင္မုန္းတီးလွသည္။ယခုလည္း ႏွိုင္းဧကရီအေမးကိုသူဘာမွမေျဖ ေသနတ္ကိုဘဲျပန္ေကာက္ၾကည့္ေနသည္။
"ကိုႀကီး....ႏွိုင္းေမးေနတာေျဖေလ"
ဒုန္း ...............
သတိုးေခါင္ေဒါသထြက္ထြက္နဲ႕လက္ထဲကေသနတ္ကိုေစာင့္ခ်လိဳက္ၿပီးေနာက္................
"ညကလြတ္သြားတယ္"
နိုင္းဘာမွမျဖစ္မွန္းမသိမွသူမလည္းစိတ္ေအးနိုင္သည္။ညကစိတ္တိုလို႔နိုင္းသူမအားေျပာဆိုခဲ့သည္မ်ားကို သတိုးေခါင္ကိုျပန္တိုင္ၿပီးမွေနာင္တရေနခဲ့တာ ဘာမွမျဖစ္လို႔သာေတာ္ေတာ့၏။
"ေတာ္ေသးတာေပါ့"
"ဘာေတာ္ေသးတာလဲ အဲ့အေကာင္ကိုငါအေသသတ္မွာ"
ႏွိုင္းဧကရီ ေသနတ္ေတြနဲ႕ျပည့္ႏွက္ေနတဲ့သတိုးေခါင္အနားမွာက်ဳံ႕က်ဳံ႕ေလးဝင္ထိုင္လိုက္သည္။ေသနတ္ေတြဘဲျပန္ကိုင္ေနတဲ့သတိုးေခါင္ရဲ႕လက္ေတြကို သူမဆြဲလိုက္ေတာ့သတိုးေခါင္သူမကိုစိုက္ၾကည့္ေလသည္။
"သူ႕ကိုဘာမွမလုပ္ပါနဲ႕ကိုႀကီးရယ္....ႏွိုင္းအႏူးအၫြတ္ေတာင္းပန္ပါတယ္"
သတိုးေခါင္ သူ႕လက္ကိုကိုင္ထားတဲ့သူမလက္ေတြကိုပုတ္ထုတ္လိုက္ၿပီး...............
"သူကနင့္ကိုေစာ္ကားေမာ္ကားေျပာထားတာ.....ဘာအေၾကာင္းနဲ႕မွနင္သူ႕အတြက္ကာကြယ္ေပးစရာမလိုဘူး"
"ဟင့္အင္း.....သူဘာေျပာေျပာႏွိုင္းဘာမွမျဖစ္ပါဘူး....ႏွိုင္းဆႏၵကိုလိုက္ေလ်ာတဲ့အေနနဲ႕သူ႕ကိုဘာမွမလုပ္ပါနဲ႕ေနာ္....ႏွိုင္းကိုေပ်ာ္ေစခ်င္တယ္မို႔လားဟင္"
ေပ်ာ္ေစခ်င္ဆုံးပါ၊သတိုးေခါင္အတြက္ သူမကသူ႕ရဲ႕တစ္ဦးတည္းေသာညီမေလးျဖစ္လို႔အေပ်ာ္႐ႊင္ဆုံးဘဲျဖစ္၏။ေတာင္းဆိုေနတဲ့အၾကည့္မ်ားနဲ႕ၾကည့္ေနတဲ့ႏွိုင္းဧကရီမ်က္ႏွာကလဲငိုမတက္ျဖစ္ေနတာေၾကာင့္ ေနာက္ဆုံးသူဘဲစိတ္ေလ်ာ့လိုက္ရသည္။
"ေကာင္းၿပီ....ဒီတစ္ခါေတာ့ခြင့္လြတ္ေပးလိုက္မယ္"
"ဒါမွႏွိုင္းကိုႀကီး"
ႏွိုင္းဧကရီအေပ်ာ္လြန္ၿပီး ဖက္မိသည္အထိပင္ေပ်ာ္႐ႊင္သြားသည္။ငိုမတက္ျဖစ္ေနတဲ့သူမမ်က္ႏွာကလဲ အၿပဳံးပန္းမ်ားျပန္လည္ပြင့္လန္းလာခဲ့ပါၿပီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘမ္း..................
နိုင္းကားထဲကဆင္းဆင္းခ်င္း ပတ္ဝန္းက်င္တစ္ခြင္ကိုတစ္ခဏမွ်အကဲခတ္ၾကည့္ေနေလသည္။
ညကကားပ်က္ခဲ့တဲ့ေနရာသို႔တစ္ဖန္ျပန္ေရာက္လာခ်ိန္ သူညကလမ္းမီးတိုင္ေအာက္မွာရပ္ခဲ့တဲ့ကားေလးကမရွိေတာ့ပါ၊ဦးျမတ္ပိုင္အား ကားဝပ္ေရွာ့ကိုပို႔ခိုင္းထားတာမို႔အခုခ်ိန္ဆိုဝပ္ေရွာ့ေတာင္ေရာက္ေနေလာက္ေလၿပီ။
နိုင္းအတြက္ကားဆိုသည္မွာရွားပါးမေန၊တစ္စီးၿပီးတစ္စီးအထည္အလဲစီးတက္တဲ့လူမို႔ ကားတစ္စီးပ်က္ရင္ေတာင္ေနာက္ကားတစ္စီးက အဆင္သင့္တက္စီးယုံဘဲျဖစ္သည္။
နိုင္းသူတပ္ထားတဲ့မ်က္မွန္ကိုခြၽတ္ကာ အကၤ်ီမွာခ်ိတ္လိုက္ၿပီးေနာက္
သြက္လပ္ေနတဲ့ေျခလွမ္းေတြနဲ႕အတူေပလႊာ့အိမ္သို႔ဦးတည္လာခဲ့သည္။ဆင္ေျခဖုံးရပ္ကြက္ေလးပီပီ ေပလႊာ့အိမ္ေရာက္ဖို႔လမ္းကကားဝင္လို႔မရသည္အထိက်ဥ္းေျမာင္းသျဖင့္ နိုင္းေျခလ်င္ဘဲေလွ်ာက္လာခဲ့ရသည္။ညကေမွာင္ေနလို႔ျမင္ကြင္းေတြမသဲကြဲတာေတာင္ နိုင္းေကာင္ေလးရဲ႕အိမ္ကိုေတာ့မွတ္မိသည္။အိမ္ေရွ႕မွာႏွင္းဆီပန္းပင္ေတြမ်ားျပားစြာစိုက္ထားတဲ့အိမ္ကေလးမို႔ နိုင္းအလြယ္တကူမွတ္မိေနသေယာင္။
ႏွင္းဆီပန္းပင္မ်ားျပည့္ႏွက္ေနတဲ့အိမ္ကေလးကို နိုင္းေတြ႕တာနဲ႕ႏႈတ္ခမ္းေလးၫြတ္ကိုင္းသည္အထိနိုင္းၿပဳံးေနခဲ့၏။ခါတိုင္းသူၿပဳံးေနက်အၿပဳံးေတြလို ခနဲ႕တဲ့တဲ့အၿပဳံးေတာ့မဟုတ္ေခ်၊ျမတ္နိုးမႈအျပည့္နဲ႕ၿပဳံးေနတဲ့အၿပဳံးသာလွ်င္ျဖစ္၏။
အိမ္ကိုေတြ႕တာေတာင္နိုင္းအိမ္ထဲေတာ့မဝင္ရဲေသးပါ၊အိမ္ရွင္ကိုခြင့္မေတာင္းဘဲဝင္သြားမိမွဒုကၡေရာက္မွာလဲစိုးရေသးသျဖင့္ အိမ္ထဲကလူထြက္လာမဲ့အရိပ္အေယာင္ကိုနိုင္းေစာင့္စားေနခ်ိန္.................
"ဘယ္သူလဲကြ"
ပခုံးကိုပုတ္ၿပီးေမးလာတဲ့လူကိုျမင္ရေစရန္သူ႕အေနာက္ကိုနိုင္းလွည့္ၾကည့္ေတာ့ အေနာက္မွာေရာက္ေနသူကအသက္၅၀ေက်ာ္အ႐ြယ္အမ်ိဳးသားတစ္ဦးဘဲျဖစ္သည္။
"ဦးေလးကဒီအိမ္ကလား"
"ေအး....ဟုတ္တယ္ေလ"
"ကြၽန္ေတာ္လဲဒီအိမ္ကိုလာတာ"
"ဦးေလးအသိေတာ့မဟုတ္ပါဘူး......သားေပလႊာရဲ႕အသိလား"
ထိုလူရဲ႕ေက်းဇူးနဲ႕သိလိုက္တဲ့နာမည္ေလးက ေပလႊာ။ညကနိုင္းကိုယ့္နာမည္ကိုယ္မိတ္ဆက္ခဲ့ေပမဲ့ေကာင္ေလးရဲ႕နာမည္ကိုေတာ့မေမးျဖစ္ခဲ့၊သို႔ေပမဲ့ နိုင္းေမးရင္လည္းေကာင္ေလးကေျဖမွာမဟုတ္တာေသခ်ာသည္။
"ဟုတ္ပါတယ္ဦးေလး....ကြၽန္ေတာ္ကေပလႊာ့အသိပါ"
"သားအသိဆိုမွေတာ့ဦးေလးအသိဘဲေပါ့.....အိမ္ထဲဝင္ေလသား"
"ဟုတ္ကဲ့"
လိုလိုလားလားနဲ႕အိမ္ထဲဝင္ဖို႔ေခၚတဲ့လူကေခၚေနၿပီမို႔ နိုင္းလဲေပလႊာ့ေဖေဖေနာက္မွလိုက္လာခဲ့သည္။အိမ္ထဲေရာက္ေရာက္ျခင္း နိုင္းရဲ႕အၾကည့္ေတြကေပလႊာ့ကိုဘဲရွာေနမိသည္။ဒါေပမဲ့သူေပလႊာ့ကိုမေတြ႕ပါ။
ေပလႊာ့ကိုနိုင္းေရာက္ေရာက္ခ်င္းမေတြ႕ေသာ္လည္း အိမ္အတြင္းသန့္ရွင္းသပ္ရပ္ေနပုံကမ်က္မျမင္ေကာင္ေလးနဲ႕အသက္၅၀ေက်ာ္အ႐ြယ္ရွိတဲ့လူႀကီးတို႔ေနသည္မထင္ရေလာက္ေအာင္သပ္ရပ္ေနတာမို႔ နိုင္းစိတ္ထဲအလိုလိုခ်ီးက်ဴးမိသည္။
ဧည့္သည္ထိုင္ဖို႔ခုံေတြဘာေတြမရွိတဲ့အိမ္ျဖစ္တာေၾကာင့္ ေပလႊာ့ေဖေဖျဖစ္တဲ့ဦးခမ္းေမာင္ နိုင္းထိုင္ေစဖို႔ဖ်ာၾကမ္းတစ္ခ်က္ဘဲခင္းေပးနိုင္သည္။ဒါ့အျပင္အသိမိတ္ေဆြမရွိတဲ့ေပလႊာ့ရဲ႕ အသိဆိုလို႔နိုင္းကိုဘဲဦးခမ္းေမာင္ေတြ႕ဖူးေသးေတာ့ သားရဲ႕အသိတစ္ေယာက္အေနနဲ႕ေကာနိုင္းရဲ႕ဝတ္ပုံစားပုံေျပာပုံဆိုပုံကအစ အထက္တန္းလူတန္းစားထဲကျဖစ္ဖို႔မ်ားတာမို႔ဖ်ာၾကမ္းခင္းၿပီးေရေႏြးၾကမ္းနဲ႕မုန့္ေလးေလာက္ဘဲဧည့္ခံနိုင္သျဖင့္ ဦးခမ္းေမာင္စိတ္ေတာ့မေကာင္းပါ။
"သားလာထိုင္ေလ"
"ဟုတ္ကဲ့"
ဦးခမ္းေမာင္ခင္းေပးထားတဲ့ဖ်ာၾကမ္းေပၚသို႔ နိုင္းထိုင္ၿပီး..........
"ေပလႊာေကာဦးေလး"
"သားရွိပါတယ္ကြဲ႕.....အိမ္ေနာက္ေဖးမ်ားေရာက္ေနလားမသိဘူး....ဦးေလးသြားေခၚေပးမယ္"
ညိုးငယ္ေနတဲ့မ်က္ႏွာနဲ႕အတူ ဦးခမ္းေမာင္ကိုမသြားဖို႔နိုင္းတားေလသည္။႐ုတ္တရက္ဘဲ နိုင္းသက္ျပင္းေတြပါခ်ကာ............
"ေနပါေစဦးေလး....တစ္ကယ္ေတာ့ေပလႊာကကြၽန္ေတာ့္ကိုစိတ္ဆိုးေနတာပါ၊ကြၽန္ေတာ္အခုလာတာကိုလဲသူႀကိဳက္မဟုတ္ဘူး....ကြၽန္ေတာ့္ကိုခ်က္ခ်င္းႏွင္ထုတ္မွာ......ကြၽန္ေတာ္ျပန္တာဘဲေကာင္းမယ္ထင္ပါတယ္"
"မဟုတ္တာသားရယ္မျပန္ပါနဲ႕၊ဦးေလးသားေပလႊာကိုကူေျပာေပးမွာေပါ့"
သူ႕ပုံစံမဟုတ္တဲ့အတိုင္း ဦးခမ္းေမာင္ရဲ႕သနားမႈရေအာင္နိုင္းေျပာဆိုနိုင္တာကထိေရာက္သြားသည္။ခ်က္ခ်င္းဆိုသလိုဘဲ ထျပန္ေတာ့မဲ့သူ႕ကိုတားေနတဲ့ဦးခမ္းေမာင္ေၾကာင့္ာ
ာင့္နိုင္း ဒီတစ္ခါေတာ့ေက်နပ္စြာညစ္ၿပဳံးၿပဳံးမိသည္။နိုင္းၿပဳံးတဲ့အၿပဳံးေတြရဲ႕အဓိပၸာယ္ကိုနားမလည္တဲ့ဦးခမ္းေမာင္ကေတာ့ နိုင္းလွည့္ကြက္ၾကားလွလွပႀကီးဝင္ေရာက္လာခဲ့ေခ်ၿပီ။
နိုင္းနဲ႕ဦးခမ္းေမာင္တို႔စကားေကာင္းေနတုန္း ေပလႊာတစ္ေယာက္အိမ္ေပၚသို႔တက္လာသည္။နိုင္းမ်က္ႏွာကလဲ ေပလႊာ့ကိုျမင္ေတာ့စကားေျပာေနရင္းဦးခမ္းေမာင္ကိုညိုးငယ္စြာဘဲၾကည့္၏။
ဦးခမ္းေမာင္လဲ အလိုက္သိစြာဘဲ..............
"သားေရ"
"ဗ်ာ"
"မင္းသူငယ္ခ်င္းေရာက္ေနတယ္ကြဲ႕"
"ဟမ္....ဘယ္ကသူငယ္ခ်င္းလဲေဖေဖ"
"ၾကည့္ပါလားဦးေလး....ေပလႊာကြၽန္ေတာ့္ကိုအရမ္းစိတ္ဆိုးေနတာ"
ဦးခမ္းေမာင္စကားေၾကာင့္ ေယာင္ေတာင္ေတာင္ျဖစ္ေနတဲ့ေပလႊာ နိုင္းအသံၾကားမွသေဘာေပါက္သည္။သင္းပ်ံ့စူးရွေနတဲ့ကိုယ္သင္းနံ႕ကိုအိမ္ထဲဝင္လာကထဲက ေပလႊာအနံ႕ရေပမဲ့နိုင္းတစ္ကယ္ႀကီးအိမ္အေပၚေရာက္ေနမယ္လို႔ေတာ့ထင္မထားပါ။ယခုအသံပါၾကားရေတာ့ပိုေသခ်ာသြားသည္မို႔ နိုင္းမွန္းသိတာနဲ႕ေပလႊာလဲေမာင္းထုတ္ဖို႔အဆင္သင့္ျဖစ္ေန၏။
"အခုခ်က္ခ်င္းငါ့အိမ္ထဲကထြက္သြား"
"ဘယ္လိုေျပာလိုက္တာလဲသား....ကိုယ့္သူငယ္ခ်င္းကိုအဲ့လိုမေျပာရဘူးေလ"
"ေဖေဖမသိပါဘူး...အဲ့ေကာင္အေၾကာင္းသားဘဲသိတယ္"
"ေတာ္ေတာ့ေပလႊာ....ဧည့္သည္ကိုမေလးမစားဆက္ဆံတာေဖေဖမႀကိဳက္ဘူး"
"ေဖေဖ"
"ေတာ္ေတာ့...ေဖေဖဗိုက္ဆာၿပီထမင္းသြားျပင္"
အက်ိဳးအေၾကာင္းကိုေသခ်ာမသိရေသးတဲ့ဦးခမ္းေမာင္ကိုပါ ပိုင္နိုင္စြာထိန္းခ်ဳပ္ထားတဲ့နိုင္းေၾကာင့္ ေပလႊာ့ေဒါသေတြကေတာ့ထြက္ၿပီးရင္းထြက္ေနဆဲပါ။သို႔ရာတြင္ ဖခင္ကိုလဲစကားျပန္ခံမေျပာခ်င္ေတာ့တာနဲ႕ ေပလႊာမီးဖိုခန္းထဲသို႔သာဝင္လာခဲ့၏။ေပလႊာမ်က္လုံးမျမင္ေပမဲ့ အိမ္ရဲ႕ေနရာတိုင္းကိုေတာ့အလြတ္ရသည္။ဘယ္ေနရာမွာဘာရွိသည္ကအစအလြတ္ရသျဖင့္ မီးဖိုေခ်ာင္ထဲကိုလဲခပ္တုတ္တုတ္ဘဲဝင္သြားေလသည္။
"ကြၽန္ေတာ္ေပလႊာ့ကိုသြားကူေပးလိုက္ဦးမယ္ဦးေလး"
"သြားေလသား"
ဦးခမ္းေမာင္ခြင့္ျပဳတာနဲ႕နိုင္းလဲေပလႊာရွိရာမီးဖိုခန္းသို႔တုန့္ဆိုင္းမေနဘဲထလာခဲ့သည္။
ၿပီးေနာက္ မီးဖိုခန္းထဲမွာအလုပ္ရႈပ္ေနတဲ့ေကာင္ေလးကိုညစ္ၿပဳံးၿပဳံးၾကည့္ၿပီး ဦးခမ္းေမာင္အေျခအေနကိုပါတစ္ခ်က္အကဲခက္လိုက္သည္။ဦးခမ္းေမာင္ကေအးေအးလူလူဘဲသူ႕ဘာသာထိုင္ေနတာေၾကာင့္အေျခအေနေကာင္းမွန္းသိေတာ့ နိုင္းေကာင္ေလးအနားကပ္သြား၍အေနာက္မွအားပါးတစ္ရသိုင္းဖက္လိုက္သည္။
"အင့္..."
ေပလႊာကိုယ့္အလုပ္နဲ႕ကိုယ္ရႈပ္ေနခဲ့ရာ အေနာက္မွသိုင္းဖက္ခံလိုက္ရတာေၾကာင့္လန့္ဖ်က္သြားရသည္။တင္းၾကပ္စြာဖက္ခံလိုက္ရသျဖင့္ တားဖို႔ျပင္လိုက္ခ်ိန္မွာေတာ့ေပလႊာေနာက္က်သြားခဲ့၏။သူ႕ရဲ႕ကိုယ္ကနိုင္းရဲ႕လက္ထဲမွာဆြဲလွည့္ခံလိုက္ရသည္။
နိုင္းပါးနပ္စြာဘဲ ေပလႊာ့ကိုယ္ေလးကိုဆြဲလွည့္လိုက္ခ်ိန္႐ုန္းကန္နိုင္တဲ့ေပလႊာ့လက္ေတြကိုပါေပလႊာ့ေက်ာအေနာက္သို႔ပစ္၍လက္တစ္ဖက္ျဖင့္ခ်ဳပ္ကိုင္ထားလိုက္သည္။က်န္လက္တစ္ဖက္ကလဲ ေပလႊာ့ေခါင္းကိုၿငိမ္ေအာင္ကိုင္ထားကာ နီရဲေနတဲ့ႏႈတ္ခမ္းပါးပါးေလးကိုစားသုံးေနခဲ့၏။
"အု.......အြန္း....အြန့္"
႐ုတ္တရက္ထနမ္းခံလိုက္ရတဲ့ေပလႊာ့မွာေတာ့ နိုင္းလက္ခုပ္ထဲကေရလိုပင္ျဖစ္ေနခဲ့သည္။
"အြန္း......အြန့္"
နိုင္းနမ္းလို႔မရေအာင္ေပလႊာႏႈတ္ခမ္းမ်ားကိုအတင္းေစ့ထားေလသည္။သူ႕အနမ္းမ်ားကိုတုန့္ျပန္ျခင္းမရွိသည့္အျပင္ ႏႈတ္ခမ္းကိုပါအသားကုန္ေစ့ထားတဲ့ေပလႊာ့ကို နိုင္းစိတ္မရွည္တဲ့အဆုံးခြၽန္ထက္လွတဲ့သူ႕သြားႀကီးမ်ားျဖင့္ေပလႊာ့ႏႈွတ္ခမ္းကိုထိုးေကာ္ကိုက္ဆြဲသျဖင့္ေပလႊာ့ေအာက္ႏႈတ္ခမ္းတစ္ခုလုံးကနိုင္းပါးစပ္ထဲသို႔ပင္ဝင္ေရာက္လာသည္။
ႁပြတ္.....ႁပြတ္.....
"ဟ့.......အင့္........အြန္း"
အရိုင္းဆန္လြန္းလွတဲ့နိုင္းလုပ္ရပ္ေၾကာင့္ ေပလႊာၾကက္သီးမ်ားပင္ၿပိဳင္းၿပိဳင္းထလာသလို ညင္သာမႈမရွိတဲ့နိုင္း အၿငိဳးနဲ႕မ်ားႏွိပ္စက္ေနသလားမွတ္ရေအာင္သူ႕ႏႈတ္ခမ္းမ်ားကိုစုပ္ဆြဲေနတာေၾကာင့္ ေပလႊာ့ပါးျပင္ထက္မ်က္ရည္မ်ားပင္က်လာခဲ့သည္။
ႁပြတ္.......ႁပြတ္..........
"......အင့္.......အြန္း"
နမ္းေနရင္းကေပလႊာ့ႏႈတ္ခမ္းသားေလးအနားမွခံစားလိုက္ရတဲ့ ငံက်ိက်ိအရည္မ်ားေၾကာင့္နိုင္း ေပလႊာ့ကိုၾကည့္လိုက္ရာ ေပလႊာမ်က္လုံးမွိတ္လ်က္သားနဲ႕ငိုေနသည္။ထို႔ေၾကာင့္ နိုင္းသူခ်ဳပ္ထားတဲ့ေပလႊာ့လက္မ်ားကိုလႊတ္ေပးလိုက္ရသည္။နိုင္းစိတ္အတိုင္းသာဆိုရင္ ႏူးညံ့လြန္းတဲ့ေပလႊာ့ႏႈတ္ခမ္းေလးကိုတစ္စကၠန့္မွ်အလြတ္မေပးခ်င္၊အခ်ိန္ရွိတိုင္းသာနမ္းရွိုက္ခ်င္သည္အထိဆြဲေနမိသည္။
"ဟင့္.....မင္းကိုငါသတ္ခ်င္တယ္"ဆိုကာ တိုးလ်လြန္းတဲ့အသံေလးနဲ႕ေျပာၿပီးေပလႊာငုတ္တုတ္ေလးထိုင္ကာငိုေနခဲ့၏။
နိုင္းကိုေပလႊာရိုက္လိုက္တာ ဒါမဟုတ္ေအာ္ဟစ္မာန္မဲလိုက္သာကမွေျဖသာဦးမည္။အခုကသူ႕ကိုလည္းမရိုက္၊ေအာ္ဟစ္မာန္မဲျခင္းလဲမရွိဘဲထိုင္ငိုေနေတာ့ နိုင္းဘာလုပ္လို႔ဘာကိုင္ရလိုက္ရမွန္းေတာင္မသိေတာ့ပါ။ငိုေနတဲ့ေကာင္ေလးေၾကာင့္ေျခမကိုင္မိလက္မကိုင္မိနဲ႕အေနရခက္စြာဘဲနိုင္းခါင္းတစ္ခုလုံးထူပူေနရ၏။
"သား.....မင္းတို႔ဟာကၾကာလွခ်ည္လား၊ေဖေဖထမင္းေကာစားရဦးမွာလား"
မီးဖိုခန္းထဲကသူတို႔ႏွစ္ေယာက္အေၾကာင္းကိုမသိတဲ့ဦးခမ္းေမာင္ကေတာ့ ထမင္းျပင္ေနသည္ဘဲထင္ေနခဲ့ရာ အေတာ္ၾကာတဲ့အထိမီးဖိုခန္းထဲဝင္သြားတဲ့ေပလႊာတို႔ႏွစ္ေယာက္ပါေပၚမလာသျဖင့္ေမးလိုက္ျခင္းဘဲျဖစ္၏။
ေပလႊာထိုင္ငိုေနဖို႔အခ်ိန္မရွိတာေၾကာင့္ မ်က္ရည္မ်ားကိုသုတ္ၿပီးထမင္းဝိုင္းျပင္ဖို႔ဘဲမတ္တပ္ရပ္လိုက္သည္။သုတ္ထားတဲ့မ်က္ရည္မ်ားေတာင္ေကာင္းေကာင္းမေျခာက္ေသး၊ထပ္မံၿပီးသိမ္ငယ္စိတ္တို႔နဲ႕အတူငိုေႂကြးမိတဲ့မ်က္ရည္မ်ားကစီးက်လာျပန္သည္။ငိုေနေပမဲ့လည္းေပလႊာငိုသံမထြက္ရဲ သူ႕ငိုသံေတြကိုဦးခမ္းေမာင္ကိုမၾကားေစခ်င္ေသာေၾကာင့္ပါ။
နိုင္း ပင့္သက္ရွိုက္ငိုေနတဲ့ေကာင္ေလးရဲ႕ပခုံးကိုညင္သာစြာဘဲထိေတြ႕လိုက္၏။ဘာမွတုန့္ျပန္ျခင္းမရွိတဲ့ေကာင္ေလးကေတာ့ သူ႕အေပၚေအးစက္လြန္းလွေပသည္။
"ငါမွားပါတယ္.....ေက်းဇူးျပဳၿပီး...ေက်းဇူးျပဳၿပီးမငိုပါနဲ႕"
ေပလႊာ သူ႕ပခုံးေပၚကနိုင္းလက္ေတြကိုဖယ္ခ်လိဳက္သည္။နိုင္းရဲ႕စကားေတြကိုေပလႊာဘာတစ္ခြန္းမွ်ခြန္းတုန့္မျပန္ခဲ့၊ျပင္ဆင္ၿပီးထမင္းဟင္းပန္ကန္ေတြထည့္ထားတဲ့လင္ဗန္းကိုယူၿပီးသာေနရာမွထြက္သြားဖို႔လုပ္ခ်ိန္..............
"ေနဦး.....မင္းမ်က္ရည္ေတြ"ဟုေျပာကာ နိုင္းေကာင္ေလးရဲ႕မ်က္ရည္မ်ားကိုသုတ္ေပးသည္။
မအားလပ္တဲ့လက္ေတြေၾကာင့္ ေပလႊာကိုယ္တိုင္လဲမသုတ္တာနဲ႕နိုင္းမ်က္ရည္သုတ္ေပးတာကိုဘဲအသာတၾကည္ၿငိမ္ေနလိုက္သည္။
ျဖဴဥေနတဲ့ပါးႏုႏုေလးေပၚကမ်က္ရည္မ်ားကိုသုတ္ေပးရင္း ေပလႊာရဲ႕ပါးျပင္တစ္ခုလုံးကိုေနရာမလပ္နိုင္းေငးေမာေနမိသည္။ရွည္လ်ားၿပီးေကာ့လန္ေနတဲ့မ်က္ေတာင္မ်ား၊မထူမပါးနဲ႕ၾကည့္ေကာင္းတဲ့မ်က္ခုံးအျပင္နိုင္းအႏွစ္သက္ဆုံးေက်ာက္စိမ္းေရာင္မ်က္လုံးေလးမ်ား၊ႏွာတံစင္းစင္းေလးေပၚကမွဲ႕ေသးေသးေလးကအစေကာင္ေလးရဲ႕မ်က္ႏွာေပၚမွာလွပစြာေနရာယူထားသည္မို႔နိုင္းအၾကည့္ပင္မခြာခ်င္။သို႔ေသာ္ ၾကာၾကာၾကည့္ေနရင္လည္းေလာဘႀကီးစြာနမ္းမိနိုင္တဲ့သူ႕အေၾကာင္းကိုသိေသာေၾကာင့္ မ်က္ရည္သုတ္ေပးေနတဲ့နိုင္းလက္မ်ားရပ္တန့္သြားၿပီး................
"ရၿပီ"
ေပလႊာမ်က္ရည္က်ရသည္ကလည္းနိုင္းေၾကာင့္ဘဲမို႔ မ်က္ရည္သုတ္ေပးတဲ့နိုင္းကိုေပလႊာေက်းဇူးတင္စကားတစ္ခြန္းမွ်မဆို၊ေနရာမွခ်က္ခ်င္းဘဲထြက္သြားသည္။
ထမင္းဟင္းပန္ကန္ေတြကိုသယ္လာတဲ့နိုင္းကိုဦးခမ္းေမာင္လာႀကိဳၿပီး အဆင္သင့္ခ်ထားတဲ့စားပြဲေပၚမွာလင္ဗန္းထဲထည့္ထားတဲ့ထမင္းဟင္းပန္းကန္မ်ားကိုခ်လိဳက္၏။နိုင္းလဲရွိတာေၾကာင့္ သားအဖႏွစ္ေယာက္စားေနက်ထမင္းပန္းကန္ႏွစ္ခ်ပ္ခင္းရမဲ့အစား ဦးခမ္းေမာင္ထမင္းပန္းကန္သုံးခ်ပ္ဘဲခင္းလိုက္သည္။
ေပလႊာလဲသူထိုင္စားေနက်ေနရာမွာဝင္ထိုင္လိုက္သည္။အသင့္ရွိေနတဲ့လက္ေဆးခြက္ထဲသို႔သူလက္ေဆးလိုက္ၿပီးသူမစားခင္ ဦးခမ္းေမာင္အားဟင္းမ်ားထည့္ေပး၍အရင္ဦးခ်ေလသည္။
မီးဖိုခန္းထဲကေပလႊာ့အေနာက္မွေနာက္က်စြာထြက္လာတဲ့နိုင္းမ်က္ႏွာက မ်က္ႏွာမေကာင္းေခ်။သူ႕ရဲ႕ေျခလွမ္းေတြကလဲေပလႊာတို႔စားေနတဲ့ထမင္းဝိုင္းဆီမဟုတ္ဘဲ အိမ္အျပင္ထြက္ဖို႔ႀကံ႐ြယ္လိုက္ခ်ိန္.............
"ဘယ္လဲသား....မျပန္နဲ႕ဦးေလ၊ဦးေလးကထမင္းေတြေတာင္ခူးၿပီးေနၿပီ...တစ္ခါထဲဝင္စားေလ"
"မစားေတာ့ပါဘူးဦးေလး...တစ္စုံတစ္ေယာက္ကြၽန္ေတာ့္ေၾကာင့္စိတ္အေႏွာက္အယွက္ျဖစ္မွာမလိုလားဘူး"
ဦးခမ္းေမာင္ ေပလႊာ့ဘက္ကိုလွည့္ၾကည့္ေတာ့ေပလႊာထမင္းသာအာ႐ုံစိုက္စားေနသည္။ေပလႊာ့ပုံကလဲစိတ္အေႏွာက္အယွက္ျဖစ္ေနတဲ့ပုံမေပၚတာနဲ႕............
"လာပါသား....ဘယ္သူမွစိတ္အေႏွာက္အယွက္မျဖစ္ပါဘူး"
ဇြတ္အတင္းေခၚေနတဲ့ဦးခမ္းေမာင္ကိုအားနာတာနဲ႕ နိုင္းထမင္းဝိုင္းဆီလာထိုင္သည္။ထမင္းစားပြဲေပၚမွာရွိေနတဲ့ဟင္းေတြက နိုင္းျမင္ေနက်ဟင္းေတြနဲ႕မတူတာေၾကာင့္ နိုင္းစိတ္ဝင္တစားၾကည့္ေနခ်ိန္ ဦးခမ္းေမာင္လက္ေဆးခြက္ကမ္းေပးသည္။သူလဲဦးခမ္းေမာင္ကမ္းေပးတဲ့လက္ေဆးခြက္ထဲသို႔လက္ႏွိုက္ေဆးၿပီး သူမသိမျမင္ဖူးတဲ့ဟင္းေတြအေၾကာင္းကိုသိခ်င္စိတ္နဲ႕ေမးျမန္မိေတာ့.............
"ဒါဘာဟင္းလဲဦးေလး"
"ၾကက္ေဂြး"
"ဗ်ာ"
တစ္ခါမွမၾကားဖူးတဲ့အျပင္ထူးဆန္းတဲ့ဟင္းနာမည္ေၾကာင့္ နိုင္းလက္ထဲကထမင္းလုပ္ျပဳတ္က်ၿပီးမ်က္လုံးအျပဴးသားျဖစ္ရသည္အထိအံၾသသြားသည္။
ထမင္းလုပ္ျပဳတ္က်သည္အထိျဖစ္သြားတဲ့နိုင္းေၾကာင့္ ဦးခမ္းေမာင္ရယ္သည္။သူတို႔ပုံမွန္သုံးႏႈန္းတဲ့ဟင္းနာမည္ကနိုင္းအတြက္အထူးအဆန္းျဖစ္ၿပီးထမင္းလုပ္ပါျပဳတ္က်တဲ့အထိျဖစ္သြားေတာ့ရယ္လည္းရယ္ခ်င္စရာေပ။ေနာက္မွဦးခမ္းေမာင္အဓိပၸာယ္အျပည့္အစုံျပန္ရွင္းျပ၏။
"ဒီလိုပါသားရဲ႕...ၾကက္သားနဲ႕ေဂြးေတာက္႐ြက္နဲ႕ခ်က္ထားတဲ့ဟင္းမိုလို႔ၾကက္ေဂြးလို႔အတိုခ်ဳပ္ေခၚလိုက္တာ"
နိုင္း ဟင္းပန္းကန္ထဲကဟင္းကိုဇြန္းနဲ႕ခပ္ၾကည့္ရင္းေခါင္းတဆတ္ဆတ္ၿငိမ့္ေလသည္။အဓိပၸာယ္အျပည့္အစုံသိရမွဘဲ နိုင္းနားလည္သြားတာနဲ႕.............
"ကြၽန္ေတာ္နားလည္ၿပီ"
တစ္ခါမွမျမင္ဖူးမၾကားဖူးတဲ့ဟင္းရဲ႕အရသာကို နိုင္းစိတ္ဝင္စားစြာဘဲျမည္းစမ္းၾကည့္၏။ၾကက္သားရဲ႕အရသာနဲ႕ေပါင္းစပ္ထားတဲ့ေဂြးေတာက္႐ြက္ရဲ႕ခါးသက္သက္အရသာက ခါးသလိုရွိေပမဲ့အစိမ့္ဘက္ကိုသြားသျဖင့္ပထမတစ္ဇြန္းမွာဘဲနိုင္းအႀကိဳက္ေတြ႕သြားသည္။ထို႔ေနာက္ထမင္းနဲ႕ပင္မစားနိုင္ဘဲ ဟင္းရည္ေတြႀကီးတစ္ဇြန္းၿပီးတစ္ဇြန္းခပ္ေသာက္ေလသည္။
"ရွိေသးလားဦးေလး"
"ေဟ...."တစ္လုံးနဲ႕ျပဴးေၾကာင္ေၾကာင္ျဖစ္သြားတဲ့ဦးခမ္းေမာင္ ဟင္းခ်က္တာကလဲသူမဟုတ္ဘဲေပလႊာခ်က္တာမို႔ ေပလႊာ့ကိုဘဲတစ္ဆင့္ျပန္ေမးယူရသည္။
"ေပလႊာ...ဟင္းက်န္ေသးလားသား"
ေပလႊာမေက်နပ္သည့္ပုံစံနဲ႕ႏႈတ္ခမ္းေလးကိုတစ္ခ်က္တြန့္ကာ..............
"က်န္ေသးတယ္....သူမ်ားအိမ္ကိုလာၿပီးအားမနာလွ်ာမက်ိဳးစားေသာက္.........."
"စားေကာင္းလို႔ပါ"လို႔သာ ေပလႊာ့စကားမဆုံးခင္နိုင္းစကားျဖတ္ေျပာလိုက္သည္။သူ႕စကားေျပာေနတဲ့ၾကားကျဖတ္အေျပာခံရလို႔စိတ္တိုေနတဲ့ေပလႊာလဲ ခပ္စြာစြာအသံနဲ႕နိုင္းကိုတမင္႐ြဲ႕ေျပာလိုက္သည္က.................
"ေဂြးနင္ၿပီးလဲေသေနဦးမယ္"
"အဟြတ္....အဟြတ္"
ေပလႊာ့စကားအဆုံးနိုင္းတစ္ကယ္ဘဲဟင္းထတီးသည္။င႐ုတ္သီးရဲ႕အရသာလဲပါေသးသည္မို႔ရင္ထဲပူရွရွႀကီးနဲ႕ေနရလို႔အဆင္မေျပ။
နိုင္းဟင္းတီးသံေၾကာင့္ေပလႊာေက်နပ္သည့္ဟန္ျဖင့္ ၿပဳံးတိတိ႐ုပ္ေလးနဲ႕သာဟင္းပန္းကန္ကိုယူၿပီးမီးဖိုေခ်ာင္ထဲဝင္သြားသည္။
"ေပလႊာကလဲကြာ....ေရာ့သားေရေသာက္"
ေသာက္ေကာင္းေကာင္းနဲ႕ေသာက္ထားတဲ့ဟင္းရည္ေတြေတာင္ဘယ္ေရာက္လို႔ဘယ္ေပ်ာက္သြားမွန္းမသိ၊နိုင္းမွာေတာ့ဦးခမ္းေမာင္ေပးတဲ့ေရေတြေသာက္ရင္းသာက်န္ေနခဲ့သည္။ဒါေပမဲ့နိုင္းေက်နပ္ပါသည္၊ေပလႊာနဲ႕စေတြ႕ကထဲကသူ႕ေၾကာင့္ေပလႊာရယ္ဖူးသည္ကမရွိဖူးေသး၊ငိုဖူးသည္သာရွိသည္မို႔ သူဟင္းတီးသြားေသာ္လည္းေပလႊာရယ္လို႔ေက်နပ္သည္။ေရေသာက္ရင္းနဲ႕သူ႕ကိုပင္ၿပဳံးမိေစသည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖတ္ရတာအဆင္ေျပရဲ႕လားဗ် လိုအပ္ခ်က္ရွိရင္ေဝဖန္ေထာက္ျပေပးလို႔ရပါတယ္။စာဖတ္သူေတြေထာက္ျပမွမွားေနတဲ့ေနရာေတြျပင္လို႔ရမွာမိုလို႔ပါဗ်။အားနာၿပီး😞အဆင္ေျပပါတယ္ ေကာင္းတယ္တို႔ေတာ့မေျပာၾကပါနဲ႕ဗ်ာအမွန္အတိုင္းသိမွလိုအပ္ခ်က္ေတြသိရမွာမိုလို႔ပါ။ေဝဖန္ေပးလို႔လဲစိတ္မဆိုးပါဘူး