ရွှေရုပ်

De 14_ashes

261K 16.8K 771

ရင်ဘတ်ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက် ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရန... Mais

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃ ဇာတ်သိမ်း
Extra 1
Extra 2
Extra 3
👋🏻
Extra 4

အပိုင်း ၁၈

8.5K 610 21
De 14_ashes

Unicode

"မသွားပါနဲ့... "

"ရွှေရုပ်...မင်းကပါ ငါ့ကိုထပ်ပြီး ထားသွားလို့မရဘူးလေ..."

ကြေကွဲစွာပြောနေသည့်တိုင်အောင် အဖြူရောင်ပုံရိပ်လေးက မလှုပ်မယှက်...

"ငါမှားပါတယ်... ငါ့ကို ထားမသွားပါနဲ့..."

"ရွှေရုပ်..."

အိပ်ရာပေါ်ကနေ ငေါက်ခနဲ ထထိုင်မိရင်း ခြေလှမ်းတွေက ဘေးအခန်းဆီကို ဦးတည်မိသည်... ရေဆာသလို ပူလောင်ခြောက်ကပ်နေသည့် ခံစားချက်တို့သည် ကုတင်ပေါ်၌ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေသည့် အရိပ်တစ်ခုကို မြင်မှ ပိန်းဖက်ပေါ်က ရေလျှောကျသကဲ့သို့ ညံ့သက်ပျောက်ကွယ်သွားသည်...

ရွှေရုပ်ရဲ့ကျောနောက်ကနေ ဝင်လှဲကာ နွေးနေသော ကိုယ်လေးကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း ဆံနွယ်တွေကြား မျက်နှာအပ်မိသည် ...

"ငါ့ကိုထားမသွားပါနဲ့ ရွှေရုပ်..."

တုန်ယင်နေသော ကိုယ့်အသံကို ကိုယ်တိုင် ထိန်းချုပ်ဖို့ ခဲယဥ်းနေသည်... ဒီဘက်ကို လှည့်ဖို့ ကြိုးစားနေသော ကိုယ်လေးကို အတင်းဖက်ထားကာ ကျောပြင်ကို မျက်နှာပြောင်းအပ်လိုက်သည်... သစ္စာသည် ရွှေရုပ်ရဲ့ မျက်နှာကို စေ့စေ့ကြည့်ဖို့စိတ်မရဲချေ...

"မင်းကို အတ္တတွေနဲ့ ထိန်းချုပ်ထားခဲ့ပေမယ့် ခုလဲအတ္တကြီးကြီးနဲ့ပဲ တောင်းဆိုရဦးမယ်...ငါ့ကို ထားမသွားပါနဲ့..."

ပူနွေးသော မျက်ရည်တို့က လိမ့်ဆင်းလာကာ ရွှေရုပ်ရဲ့ကျောပြင်၌ စိုစွတ်လာသည်...အပြစ်တွေများနေမှန်း သိပါရဲ့...ဒါပေမယ့် သူမရှိတဲ့အဖြစ်ကို စဥ်းစားဖို့တောင် မရဲ၍ အခြားသော အခြင်းအရာတွေအားလုံးကို လျစ်လျူရှုထားရသည်... ကိုယ့်ကို ဘယ်လိုမြင်နေမှာလဲဆိုတဲ့ အတွေးကိုလဲ တွေးဖို့မဝံ့ရဲ... မွန်းကြပ်နေသော ရင်အစုံသည် ဒီကိုယ်သေးသေးလေးကို လက်လွှတ်လိုက်ရလျှင် ပိုပြီး မွန်းကြပ်လာနိုင်ဖွယ်ရှိသည်...

တိတ်ဆိတ်နေသော ညအချိန်တွင် သစ္စာ၏ ရှိုက်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည် ... ရွှေရုပ်က သစ္စာဘက်သို့ အတင်းလှည့်လာကာ မျက်နှာကို စိုက်ကြည့်သည်...

"မငိုပါနဲ့..."

ချော့မှ ပိုငိုသော ကလေးကဲ့သို့ သစ္စာ၏ ရှိုက်သံတို့ ပိုမိုကျယ်လောင်လာသည်... ဒီစကားကို ကြားရဖို့တောင် သစ္စာက ထိုက်တန်ပါရဲ့လား...

"မထားခဲ့ပါဘူး...မမဘက်က အခက်မတွေ့မချင်း ဘယ်တော့မှ ထွက်မသွားပါဘူး..."

ယခင်က ဘာဆက်ထုံးမှမရှိသကဲ့သို့ ရင်နာလောက်စရာ အကြောင်းတရားတွေ မရှိခဲ့သကဲ့သို့ မျက်ရည်တို့စိုလူးနေသော မျက်နှာကို ရွှေရုပ် ကြင်နာစွာ ကြည့်မိသည်...အရာအားလုံးကို မေ့လျော့စွာ ဒီအချိန်၌ ဒီမျက်ရည်တို့ကို သုတ်ပေးချင်စိတ်တစ်ခုသာ ထူးထူးဆန်းဆန်း ဖြစ်ပေါ်နေသည်...ဒါပေမယ့် ရွှေရုပ်၌ ဒီအခွင့်အရေးမရှိချေ...

အနည်းငယ်တုန်ယင်နေသော နှုတ်ခမ်းသားလေးကို မျက်ရည်ကြားက စိုက်ကြည့်ရင်း မျက်ဝန်းတို့ကို သစ္စာ မှိတ်ချလိုက်သည်...ပူနွေးနေတဲ့ကိုယ်လေးကို ရင်ခွင်ထဲ သိမ်းပွေ့ရင်း ဆံနွယ်တွေကြား၌ မျက်နှာအပ်မိပြန်သည်...ရွှေရုပ်ရဲ့ ထွက်သက်အချို့က သစ္စာရဲ့ ပုခုံးနားလေး၌ ရိုက်ခတ်နေသည်...

အရင်လို ပါးဖောင်းဖောင်းလေးကို နောင်တကင်းစွာ နမ်းရှိုက်နိုင်မည့် အချိန်တို့ ရှိလာပါဦးမလားဟုသာ...

🍂

"အဲဒါ တကယ်ပဲလား ရွေရုပ် ဟင်..."

မနှင်းက အားမလို အားမရစွာနှင့် ရွှေရုပ်ရဲ့ ပုခုံးကို ကိုင်လှုပ်ပြီး မေးသည်...ရွှေရုပ်မှာ ထူးဆန်းလွန်းတဲ့ ကံကြမ္မာကြောင့် အံအားသင့်နေမိသည်...မနှင်းက ရွှေရုပ်ရဲ့ အစ်မတဲ့လား...ငါ့အစ်မပဲ ဖြစ်လိုက်ပါတော့လားဆိုတဲ့ ဆုတောင်းက နောက်ဆုံးတော့ပြည့်လာပြီပဲ...

"ပြောပါ ညီမလေးရယ်...ငါ ရင်တွေ နာလို့ အိပ်လို့တောင်မရဘူး...ဘယ်လိုဖြစ်လို့ ဒီလိုကိစ္စကြီးအထိ..."

မနှင်းက မျက်နှာတော်တော်လေးကို ပျက်နေကာ စကားပင်ဆက်ပြောမနိုင်ချေ...

"ဟုတ်တယ်...မနှင်း သိလာတဲ့အတိုင်းပဲ..."

"သစ္စာက ရွှေရုပ်ကို အတင်းအကြပ် လက်ထပ်ခိုင်းခဲ့တာလား ဟုတ်လား...သူ့မွေးစားအမေလဲ ဒီကိစ္စကို မသိလောက်ဘူး..."

"မဟုတ်ဘူး...မနှင်း...သူစီစဥ်တာ မှန်ပေမယ့် ရွှေရုပ်ကိုယ်တိုင် လက်ခံခဲ့တာပါ..."

အစဥ်သဖြင့် ငြိမ်းချမ်းနေတတ်တဲ့ မျက်နှာကို နှင်း စေ့စေ့ပင်မကြည့်ရဲတော့... ကိုယ့်အပြစ်လို့ တွေးမိပြန်ကာ အပြစ်စိတ်တို့က နှိပ်စက်နေကြသည်... ရွှေရုပ်က နှင်းစိတ်ကိုသိတဲ့ပုံနှင့် အသာပြုံးကာ ပြောလာသည်...

"မနှင်းကြောင့်လဲ မဟုတ်ပါဘူး...ရွှေရုပ်က မမသစ္စာရဲ့ အမုန်းတွေ လျော့စေချင်တဲ့စိတ်နဲ့ လက်ခံခဲ့တာ...အဲဒါကြောင့် ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့..."

"မဟုတ်ဘူး ရွှေရုပ်...ငါ့ညီမလေးက ခုမှ ငယ်ငယ်လေးပဲရှိသေးတာပါ...ရှေ့ဆက်ရမယ့်ခရီးက အရှည်ကြီး ရှိသေးတယ်...နောက်တစ်ချိန် ညီမလေး နောင်တရလာလိမ့်မယ် ခုလို ဆုံးဖြတ်ခဲ့တာကို..."

မေတ္တာငတ်မွတ်ခဲ့ရတဲ့ကလေးမလို့ နွေးနွေးထွေးထွေး မိသားစုဘဝလေးတစ်ခု ရစေချင်ခဲ့တာတော့အမှန်ပင်...

"မနှင်း သစ္စာကို ပြောခဲ့တယ် ရွှေရုပ်ကို စောင့်ရှောက်ချင်တယ်လို့..."

မနေ့ညက နင့်ခိုက်နေသော ငိုရှိုက်သံများကို ရွှေရုပ် ချက်ချင်းကြားယောင်သွားသည်...

"သူက ခွင့်မပြုဘူးလို့ ပြောပေမယ့် ရွှေရုပ်က အဓိကပဲလေ...နော် အဲဒီက ထွက်လာပြီး အစ်မနဲ့ လာနေပါ..."

"ဟင့်အင်း... "

အလျင်စလို ထွက်သွားသော ငြင်းသံကြောင့် မနှင်းက တိတ်သွားကာ စိုက်ကြည့်လာသည်...

"ဘယ်သူမှမရှိတဲ့ဘဝကနေ ရွှေရုပ်အတွက် ခုလိုစဥ်းစားပေးတဲ့သူပေါ်လာတာကို ရွှေရုပ်တကယ်ပျော်ပါတယ် မနှင်းရယ်...ဒါပေမယ့် ရွှေရုပ် ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်တော့ဘူး...ပြီးတော့ ဒါကလဲ ဒီလို လုပ်ရမှ ရွှေရုပ် စိတ်သက်သာမယ်ထင်လို့ ကိုယ်တိုင်ရွေးထားတဲ့လမ်းပါ...ဒါကြောင့် ရွှေရုပ်ကို ဒီလိုစေတနာထားပေးတာနဲ့တင်ကို မနှင်းကို ကျေးဇူးတင်ပါတယ်... နောက်ကို တိုင်ပင်စရာရှိရင်လဲ မနှင်းကိုပဲ ပြောမှာပါ နော်..."

သနားစဖွယ်မျက်နှာလေးကို ငေးကြည့်ကာ လက်ဆန့်တန်းပြီး ရွှေရုပ်ကို နှင်းအသာထွေးဖက်လိုက်သည်...ဒီလိုငယ်ရွယ်တဲ့ကလေးမှာ ဒီလိုရင့်ကျက်တဲ့အတွေးအခေါ်တွေ ရှိနေတာကို မယုံနိုင်ပေ...ဒါပေမယ့် ဘယ်လောက်ပဲ သူ့ဟာသူ ဆုံးဖြတ်ထားပါစေ လုံးဝမဖြစ်သင့်တော့ဘူးလို့ ထင်လာတဲ့အခါကျရင် နှင်းကိုယ်တိုင် ဒီကလေးကို အတင်းအကြပ် ခေါ်ထုတ်လာမည်ဟုသာ စိတ်ပိုင်းဖြတ်ထားလိုက်သည်...

🍂

အိပ်ရာပေါ်၌ ရွေရုပ် ပျင်းရိစွာဖြင့် စာအုပ်တစ်အုပ်ကို ဖတ်နေသည်...မမသစ္စာသည် ရွှေရုပ်ကို တိုက်ရိုက်မပြောပေမယ့် နုနုတို့ကို ဘာမှမလုပ်စေဖို့ မှာထားသည်...ဒီတိုင်း ပျင်းလို့ မီးဖိုချောင်ထဲ ဝင်ရင်တောင် နုနုတို့မှာ ပျာယာခတ်နေတာကြောင့် လက်လျော့ကာ ကိုယ့်အခန်းမှာ ကိုယ်ပြန်နေနေတာဖြစ်သည်...

သူဘာလို့ သဘောထားတွေ ပျော့ပျောင်းလာတာလဲလို့ ရွှေရုပ် မစဥ်းစားချင်ပါ...ဒါပေမယ့် ဟိုညကို ရှိုက်သံတွေက နားထဲက မထွက်ပေ...မမသည် လေးလံနေသော အရာတွေကို တစဥ်ထမ်းပိုးထားရတဲ့သူလို ပင်ပန်းနေသည်ကို ရွှေရုပ်မကြည့်ချင်ပေ...ဒါကြောင့် ဘာကိုမှ ကလန်ကဆန်မလုပ်ဖို့သာ ဆုံးဖြတ်ထားသည်...

မနှင်းနဲ့ စကားပြောပြီးတဲ့နေ့က မမက အလုပ်ပြန်လာလာချင်း ရွှေရုပ်အခန်းဆီ မောမောပန်းပန်းနှင့် ရောက်လာသည်...စိုးရိမ်တကြီးနှင့် မျက်ဝန်းတွေက အခန်းထဲ အေးအေးဆေးဆေး ထိုင်နေသော ရွှေရုပ်ကိုမြင်မှ ပြေလျော့သွားကာ သက်ပြင်းကို ချသည်...ထိုခဏအတွင်း ဘာစကားမှ မပြောဖြစ်ပေမယ့် ရွှေရုပ် မမရဲ့ရင်ထဲကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါသည်...

မမသည် ရွှေရုပ် မနှင်းနဲ့ လိုက်သွားမှာကို သိပ်ကို စိုးရိမ်နေသည်...ထိုစိုးရိမ်စိတ်တို့ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြချင်သည့်တိုင် အသိစိတ်အချို့က ထိန်းချုပ်ထားဟန်ရှိသည်...ဒါပေမယ့် ထိုစိတ်တို့ကို ရွှေရုပ် ဖတ်တတ်ပါသည်... မမကို ပြောထားသည့်အတိုင်းပဲ ရွှေရုပ်ရဲ့ တည်ရှိမှုကြောင့် မမကိုယ်တိုင် စိတ်အနှောင့်အယှက်ဖြစ်မလာမချင်း ရွှေရုပ် ဒီတိုင်းသာ ရှိနေလိမ့်မည်...ဘာကိုမှ ပုံသေသတ်မှတ်ထားလို့မရသည့် လောကကြီးတွင် မမသည် ရွှေရုပ်ကို အမြဲဆွဲထားလိမ့်မည်မဟုတ်ပေ...

"မမလေး..."

"ဘာလဲ နုနု..."

"သခင်မလေးက အောက်ထပ်ကို ဆင်းလာပါဦးတဲ့...."

နုနုက ပြောပြီးသည်နဲ့ ပျောက်သွားသည်...ထထိုင်လိုက်ကာ ဝတ်ထားသည့် ဂါဂန်ကို ရွှေရုပ် အသာဆွဲချလိုက်သည်... ကိုင်ထားသည့်စာအုပ်ကို ချပြီး ဧည့်ခန်းထဲ ခပ်မြန်မြန်ဆင်းလာလိုက်သည်... ဧည့်ခန်းထဲ ရောက်တော့ ဘယ်သူမှ မတွေ့၍ နုနုများ နေရာမှားပြောတာလားဟု စဥ်းစားကာ ထမင်းစားခန်းဘက် သွားမလို့ပြင်လိုက်စဥ်....

"သမီးလေး ရွှေရုပ်..."

နားထဲ ဖြတ်သန်းလာသည့်အသံကြောင့် ရွှေရုပ် တောင့်တောင့်လေး ရပ်မိသွားသည်...ထိုအသံသည် အတော်ကြာလွမ်းဆွတ်ခဲ့ရသော အသံဖြစ်သည်...

"ဒေါ်ကြီး...."

ယခင်အတိုင်း မျက်နှာဖြူပြည့်ပြည့်နှင့် ဒေါ်ကြီးမိုးက ရွှေရုပ်ကို မျက်ရည်အဝဲသားနှင့် ပြုံးကြည့်နေသည်...အားကုန်ပြေးသွားကာ ဒေါ်ကြီးရဲ့ ခန္ဓာကိုယ်ဝဝကို ရွှေရုပ် ပွေ့ဖက်လိုက်သည်...

"အီးဟီးဟီး... "

ရှိုက်သံတွေ ဗလုံးဗထွေးနဲ့ သူမကို ဒေါ်ကြီးက ပြန်ဖက်ထားပြီး ကျောပြင်ကို အသာပွတ်သပ်ပေးနေသည်...

"တိတ် တိတ်...ဒေါ်ကြီး ပြန်လာပြီပဲ..."

ပြောမှ ပိုငိုချင်လာကာ ရွှေရုပ်က အော်ငိုသည်...

"ဘာလို့ ထားသွားလဲ... သမီးကို ဘာလို့ ထားသွားလဲ..."

"ဒေါ်ကြီး တူမလေး ကလေးမွေးတာ လိုက်စောင့်ရှောက်ပေးနေရလို့ပါ သမီးရယ်..."

"သမီးထက် အဲတူမကို ပိုချစ်တယ်ပေါ့ ဟုတ်လား..."

"အို မဟုတ်ပါဘူးကွယ်...ဒေါ်ကြီးက သမီးကို အချစ်ဆုံးပေါ့..."

အမှန်ကလဲ အဲအတိုင်းပါပဲ...သစ္စာကို သူမက ရွာခဏပြန်ချင်ကြောင်း ခွင့်တိုင်တော့ ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုပေးခဲ့သည်...ပိုက်ဆံလဲ အလုံအလောက်ထောက်ပံ့ကာ တစ်ခုပဲ တောင်းဆိုခဲ့သည်...အဲဒါက သူမခေါ်မှ ပြန်လာဖို့ပင်...သူတို့ကြားက ကိစ္စတွေကို ရိပ်စားမိတာကြောင့် အနည်းငယ်တော့ စိတ်ထင့်သွားပေမယ့် တစ်လျှောက်လုံး ရွှေရုပ်ကို သူမတူအောင် ထောက်ပံ့ပေးနေတာတွေကို မြင်ပြီးတော့ သစ္စာဟာ ဒီကလေးကို ဘယ်လိုမှ အဆုံးစွန်ထိ ရက်စက်နိုင်မှာ မဟုတ်ဘူးလို့ တွေးမိကာ ပြန်သွားခဲ့တာဖြစ်သည်...တစ်နေ့ကတော့ အမြန်ဆုံး ပြန်လာပေးဖို့ ခေါ်တာကြောင့်ရော ကိုယ်တိုင်က ပြန်လာချင်နေပြီဖြစ်တာကြောင့် သိသိချင်း ထွက်ခဲ့တာဖြစ်သည်...

"ကြည့်စမ်း...အစားလဲ သေချာမစားဘူးမလား...ပိန်သွားလိုက်တာ ကလေးရယ်..."

"ဟင့်...ဒေါ်ကြီးကတော့ ရွှေရုပ်ကို ထားသွားပြီးတော့ ဝလာတယ်လေ..."

ငိုရင်းပြောရင်း ရန်တွေ့နေတဲ့ ရွှေရုပ်ကို လှေကားထိပ်ကနေ သစ္စာ အသာရပ်ကြည့်နေမိသည်...တကယ်ကို ကလေးပဲ ရှိသေးတာပါလား...ကလေးဆန်ဆန်အမူအရာတွေကို မမြင်ရတာကြာပြီဖြစ်တာကြောင့် ငေးကြည့်ရင်းမှ သက်ပြင်းတို့အသာချလိုက်မိသည်...အပျော်တစ်ချို့ကို မြင်လိုက်တဲ့အခါ ရင်၌ အနည်းငယ် ချမ်းမြေ့သွားရသည်...

ဒီရက်တွေမှာ ရွှေရုပ်ကို အရင်လို ပွေ့ဖက်နမ်းဖို့ ဝေးစွ...အပြစ်ကင်းစင်နေသော မျက်နှာလေးကို စေ့စေ့ပင်မကြည့်ရဲချေ... ဖြစ်ပေါ်နေသော ခံစားချက်တို့သည် ဖြူစင်ခြင်းတို့ မရှိတော့တာကို သိလာရပြီး သစ္စာ အနည်းငယ် ရှက်ရှုံ့ရသည်...ရွှေရုပ်သည်မူ သန့်စင်လှသည်...ရင်းနှီးဖူးသော သံယောဇဥ်ကြောင့်သာ သစ္စာ၏ အနား၌ နေခဲ့ဟန်ရှိပြီး ယခုလဲ တူတူပင် ဖြစ်လိမ့်မည်...

သက်ပြင်းကို အသာချရင်း ရပ်နေရာမှ လှည့်ထွက်ခဲ့သည်... သစ္စာ၌ ပြန်လည်ပြင်ဆင်ရန် အခွင့်အရေးရှိ၏လော...ရှိသည့်တိုင် အခြေအနေတို့သည် ပြင်ဆင်ရန် ပြောင်းလဲရန် ခဲယဥ်းလှချေသည်...

🍂

Zawgi

"မသြားပါနဲ႕... "

"ေ႐ႊ႐ုပ္...မင္းကပါ ငါ့ကိုထပ္ၿပီး ထားသြားလို႔မရဘူးေလ..."

ေၾကကြဲစြာေျပာေနသည့္တိုင္ေအာင္ အျဖဴေရာင္ပုံရိပ္ေလးက မလႈပ္မယွက္...

"ငါမွားပါတယ္... ငါ့ကို ထားမသြားပါနဲ႕..."

"ေ႐ႊ႐ုပ္..."

အိပ္ရာေပၚကေန ေငါက္ခနဲ ထထိုင္မိရင္း ေျခလွမ္းေတြက ေဘးအခန္းဆီကို ဦးတည္မိသည္... ေရဆာသလို ပူေလာင္ေျခာက္ကပ္ေနသည့္ ခံစားခ်က္တို႔သည္ ကုတင္ေပၚ၌ ၿငိမ္ၿငိမ္သက္သက္ လဲေလ်ာင္းေနသည့္ အရိပ္တစ္ခုကို ျမင္မွ ပိန္းဖက္ေပၚက ေရေလွ်ာက်သကဲ့သို႔ ညံ့သက္ေပ်ာက္ကြယ္သြားသည္...

ေ႐ႊ႐ုပ္ရဲ႕ေက်ာေနာက္ကေန ဝင္လွဲကာ ႏြေးေနေသာ ကိုယ္ေလးကို တင္းတင္းၾကပ္ၾကပ္ဖက္ထားရင္း ဆံႏြယ္ေတြၾကား မ်က္ႏွာအပ္မိသည္ ...

"ငါ့ကိုထားမသြားပါနဲ႕ ေ႐ႊ႐ုပ္..."

တုန္ယင္ေနေသာ ကိုယ့္အသံကို ကိုယ္တိုင္ ထိန္းခ်ဳပ္ဖို႔ ခဲယဥ္းေနသည္... ဒီဘက္ကို လွည့္ဖို႔ ႀကိဳးစားေနေသာ ကိုယ္ေလးကို အတင္းဖက္ထားကာ ေက်ာျပင္ကို မ်က္ႏွာေျပာင္းအပ္လိုက္သည္... သစၥာသည္ ေ႐ႊ႐ုပ္ရဲ႕ မ်က္ႏွာကို ေစ့ေစ့ၾကည့္ဖို႔စိတ္မရဲေခ်...

"မင္းကို အတၱေတြနဲ႕ ထိန္းခ်ဳပ္ထားခဲ့ေပမယ့္ ခုလဲအတၱႀကီးႀကီးနဲ႕ပဲ ေတာင္းဆိုရဦးမယ္...ငါ့ကို ထားမသြားပါနဲ႕..."

ပူႏြေးေသာ မ်က္ရည္တို႔က လိမ့္ဆင္းလာကာ ေ႐ႊ႐ုပ္ရဲ႕ေက်ာျပင္၌ စိုစြတ္လာသည္...အျပစ္ေတြမ်ားေနမွန္း သိပါရဲ႕...ဒါေပမယ့္ သူမရွိတဲ့အျဖစ္ကို စဥ္းစားဖို႔ေတာင္ မရဲ၍ အျခားေသာ အျခင္းအရာေတြအားလုံးကို လ်စ္လ်ဴရႈထားရသည္... ကိုယ့္ကို ဘယ္လိုျမင္ေနမွာလဲဆိုတဲ့ အေတြးကိုလဲ ေတြးဖို႔မဝံ့ရဲ... မြန္းၾကပ္ေနေသာ ရင္အစုံသည္ ဒီကိုယ္ေသးေသးေလးကို လက္လႊတ္လိုက္ရလွ်င္ ပိုၿပီး မြန္းၾကပ္လာနိုင္ဖြယ္ရွိသည္...

တိတ္ဆိတ္ေနေသာ ညအခ်ိန္တြင္ သစၥာ၏ ရွိုက္သံသည္ က်ယ္ေလာင္စြာ ထြက္ေပၚလာသည္ ... ေ႐ႊ႐ုပ္က သစၥာဘက္သို႔ အတင္းလွည့္လာကာ မ်က္ႏွာကို စိုက္ၾကည့္သည္...

"မငိုပါနဲ႕..."

ေခ်ာ့မွ ပိုငိုေသာ ကေလးကဲ့သို႔ သစၥာ၏ ရွိုက္သံတို႔ ပိုမိုက်ယ္ေလာင္လာသည္... ဒီစကားကို ၾကားရဖို႔ေတာင္ သစၥာက ထိုက္တန္ပါရဲ႕လား...

"မထားခဲ့ပါဘူး...မမဘက္က အခက္မေတြ႕မခ်င္း ဘယ္ေတာ့မွ ထြက္မသြားပါဘူး..."

ယခင္က ဘာဆက္ထုံးမွမရွိသကဲ့သို႔ ရင္နာေလာက္စရာ အေၾကာင္းတရားေတြ မရွိခဲ့သကဲ့သို႔ မ်က္ရည္တို႔စိုလူးေနေသာ မ်က္ႏွာကို ေ႐ႊ႐ုပ္ ၾကင္နာစြာ ၾကည့္မိသည္...အရာအားလုံးကို ေမ့ေလ်ာ့စြာ ဒီအခ်ိန္၌ ဒီမ်က္ရည္တို႔ကို သုတ္ေပးခ်င္စိတ္တစ္ခုသာ ထူးထူးဆန္းဆန္း ျဖစ္ေပၚေနသည္...ဒါေပမယ့္ ေ႐ႊ႐ုပ္၌ ဒီအခြင့္အေရးမရွိေခ်...

အနည္းငယ္တုန္ယင္ေနေသာ ႏႈတ္ခမ္းသားေလးကို မ်က္ရည္ၾကားက စိုက္ၾကည့္ရင္း မ်က္ဝန္းတို႔ကို သစၥာ မွိတ္ခ်လိဳက္သည္...ပူႏြေးေနတဲ့ကိုယ္ေလးကို ရင္ခြင္ထဲ သိမ္းေပြ႕ရင္း ဆံႏြယ္ေတြၾကား၌ မ်က္ႏွာအပ္မိျပန္သည္...ေ႐ႊ႐ုပ္ရဲ႕ ထြက္သက္အခ်ိဳ႕က သစၥာရဲ႕ ပုခုံးနားေလး၌ ရိုက္ခတ္ေနသည္...

အရင္လို ပါးေဖာင္းေဖာင္းေလးကို ေနာင္တကင္းစြာ နမ္းရွိုက္နိုင္မည့္ အခ်ိန္တို႔ ရွိလာပါဦးမလားဟုသာ...

🍂

"အဲဒါ တကယ္ပဲလား ေ႐ြ႐ုပ္ ဟင္..."

မႏွင္းက အားမလို အားမရစြာႏွင့္ ေ႐ႊ႐ုပ္ရဲ႕ ပုခုံးကို ကိုင္လႈပ္ၿပီး ေမးသည္...ေ႐ႊ႐ုပ္မွာ ထူးဆန္းလြန္းတဲ့ ကံၾကမၼာေၾကာင့္ အံအားသင့္ေနမိသည္...မႏွင္းက ေ႐ႊ႐ုပ္ရဲ႕ အစ္မတဲ့လား...ငါ့အစ္မပဲ ျဖစ္လိုက္ပါေတာ့လားဆိုတဲ့ ဆုေတာင္းက ေနာက္ဆုံးေတာ့ျပည့္လာၿပီပဲ...

"ေျပာပါ ညီမေလးရယ္...ငါ ရင္ေတြ နာလို႔ အိပ္လို႔ေတာင္မရဘူး...ဘယ္လိုျဖစ္လို႔ ဒီလိုကိစၥႀကီးအထိ..."

မႏွင္းက မ်က္ႏွာေတာ္ေတာ္ေလးကို ပ်က္ေနကာ စကားပင္ဆက္ေျပာမနိုင္ေခ်...

"ဟုတ္တယ္...မႏွင္း သိလာတဲ့အတိုင္းပဲ..."

"သစၥာက ေ႐ႊ႐ုပ္ကို အတင္းအၾကပ္ လက္ထပ္ခိုင္းခဲ့တာလား ဟုတ္လား...သူ႕ေမြးစားအေမလဲ ဒီကိစၥကို မသိေလာက္ဘူး..."

"မဟုတ္ဘူး...မႏွင္း...သူစီစဥ္တာ မွန္ေပမယ့္ ေ႐ႊ႐ုပ္ကိုယ္တိုင္ လက္ခံခဲ့တာပါ..."

အစဥ္သျဖင့္ ၿငိမ္းခ်မ္းေနတတ္တဲ့ မ်က္ႏွာကို ႏွင္း ေစ့ေစ့ပင္မၾကည့္ရဲေတာ့... ကိုယ့္အျပစ္လို႔ ေတြးမိျပန္ကာ အျပစ္စိတ္တို႔က ႏွိပ္စက္ေနၾကသည္... ေ႐ႊ႐ုပ္က ႏွင္းစိတ္ကိုသိတဲ့ပုံႏွင့္ အသာၿပဳံးကာ ေျပာလာသည္...

"မႏွင္းေၾကာင့္လဲ မဟုတ္ပါဘူး...ေ႐ႊ႐ုပ္က မမသစၥာရဲ႕ အမုန္းေတြ ေလ်ာ့ေစခ်င္တဲ့စိတ္နဲ႕ လက္ခံခဲ့တာ...အဲဒါေၾကာင့္ ကိုယ့္ကိုကိုယ္အျပစ္မတင္ပါနဲ႕..."

"မဟုတ္ဘူး ေ႐ႊ႐ုပ္...ငါ့ညီမေလးက ခုမွ ငယ္ငယ္ေလးပဲရွိေသးတာပါ...ေရွ႕ဆက္ရမယ့္ခရီးက အရွည္ႀကီး ရွိေသးတယ္...ေနာက္တစ္ခ်ိန္ ညီမေလး ေနာင္တရလာလိမ့္မယ္ ခုလို ဆုံးျဖတ္ခဲ့တာကို..."

ေမတၱာငတ္မြတ္ခဲ့ရတဲ့ကေလးမလို႔ ႏြေးႏြေးေထြးေထြး မိသားစုဘဝေလးတစ္ခု ရေစခ်င္ခဲ့တာေတာ့အမွန္ပင္...

"မႏွင္း သစၥာကို ေျပာခဲ့တယ္ ေ႐ႊ႐ုပ္ကို ေစာင့္ေရွာက္ခ်င္တယ္လို႔..."

မေန႕ညက နင့္ခိုက္ေနေသာ ငိုရွိုက္သံမ်ားကို ေ႐ႊ႐ုပ္ ခ်က္ခ်င္းၾကားေယာင္သြားသည္...

"သူက ခြင့္မျပဳဘူးလို႔ ေျပာေပမယ့္ ေ႐ႊ႐ုပ္က အဓိကပဲေလ...ေနာ္ အဲဒီက ထြက္လာၿပီး အစ္မနဲ႕ လာေနပါ..."

"ဟင့္အင္း... "

အလ်င္စလို ထြက္သြားေသာ ျငင္းသံေၾကာင့္ မႏွင္းက တိတ္သြားကာ စိုက္ၾကည့္လာသည္...

"ဘယ္သူမွမရွိတဲ့ဘဝကေန ေ႐ႊ႐ုပ္အတြက္ ခုလိုစဥ္းစားေပးတဲ့သူေပၚလာတာကို ေ႐ႊ႐ုပ္တကယ္ေပ်ာ္ပါတယ္ မႏွင္းရယ္...ဒါေပမယ့္ ေ႐ႊ႐ုပ္ ဘယ္သူ႕ကိုမွ ဒုကၡမေပးခ်င္ေတာ့ဘူး...ၿပီးေတာ့ ဒါကလဲ ဒီလို လုပ္ရမွ ေ႐ႊ႐ုပ္ စိတ္သက္သာမယ္ထင္လို႔ ကိုယ္တိုင္ေ႐ြးထားတဲ့လမ္းပါ...ဒါေၾကာင့္ ေ႐ႊ႐ုပ္ကို ဒီလိုေစတနာထားေပးတာနဲ႕တင္ကို မႏွင္းကို ေက်းဇူးတင္ပါတယ္... ေနာက္ကို တိုင္ပင္စရာရွိရင္လဲ မႏွင္းကိုပဲ ေျပာမွာပါ ေနာ္..."

သနားစဖြယ္မ်က္ႏွာေလးကို ေငးၾကည့္ကာ လက္ဆန့္တန္းၿပီး ေ႐ႊ႐ုပ္ကို ႏွင္းအသာေထြးဖက္လိုက္သည္...ဒီလိုငယ္႐ြယ္တဲ့ကေလးမွာ ဒီလိုရင့္က်က္တဲ့အေတြးအေခၚေတြ ရွိေနတာကို မယုံနိုင္ေပ...ဒါေပမယ့္ ဘယ္ေလာက္ပဲ သူ႕ဟာသူ ဆုံးျဖတ္ထားပါေစ လုံးဝမျဖစ္သင့္ေတာ့ဘူးလို႔ ထင္လာတဲ့အခါက်ရင္ ႏွင္းကိုယ္တိုင္ ဒီကေလးကို အတင္းအၾကပ္ ေခၚထုတ္လာမည္ဟုသာ စိတ္ပိုင္းျဖတ္ထားလိုက္သည္...

🍂

အိပ္ရာေပၚ၌ ေ႐ြ႐ုပ္ ပ်င္းရိစြာျဖင့္ စာအုပ္တစ္အုပ္ကို ဖတ္ေနသည္...မမသစၥာသည္ ေ႐ႊ႐ုပ္ကို တိုက္ရိုက္မေျပာေပမယ့္ ႏုႏုတို႔ကို ဘာမွမလုပ္ေစဖို႔ မွာထားသည္...ဒီတိုင္း ပ်င္းလို႔ မီးဖိုေခ်ာင္ထဲ ဝင္ရင္ေတာင္ ႏုႏုတို႔မွာ ပ်ာယာခတ္ေနတာေၾကာင့္ လက္ေလ်ာ့ကာ ကိုယ့္အခန္းမွာ ကိုယ္ျပန္ေနေနတာျဖစ္သည္...

သူဘာလို႔ သေဘာထားေတြ ေပ်ာ့ေပ်ာင္းလာတာလဲလို႔ ေ႐ႊ႐ုပ္ မစဥ္းစားခ်င္ပါ...ဒါေပမယ့္ ဟိုညကို ရွိုက္သံေတြက နားထဲက မထြက္ေပ...မမသည္ ေလးလံေနေသာ အရာေတြကို တစဥ္ထမ္းပိုးထားရတဲ့သူလို ပင္ပန္းေနသည္ကို ေ႐ႊ႐ုပ္မၾကည့္ခ်င္ေပ...ဒါေၾကာင့္ ဘာကိုမွ ကလန္ကဆန္မလုပ္ဖို႔သာ ဆုံးျဖတ္ထားသည္...

မႏွင္းနဲ႕ စကားေျပာၿပီးတဲ့ေန႕က မမက အလုပ္ျပန္လာလာခ်င္း ေ႐ႊ႐ုပ္အခန္းဆီ ေမာေမာပန္းပန္းႏွင့္ ေရာက္လာသည္...စိုးရိမ္တႀကီးႏွင့္ မ်က္ဝန္းေတြက အခန္းထဲ ေအးေအးေဆးေဆး ထိုင္ေနေသာ ေ႐ႊ႐ုပ္ကိုျမင္မွ ေျပေလ်ာ့သြားကာ သက္ျပင္းကို ခ်သည္...ထိုခဏအတြင္း ဘာစကားမွ မေျပာျဖစ္ေပမယ့္ ေ႐ႊ႐ုပ္ မမရဲ႕ရင္ထဲကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရပါသည္...

မမသည္ ေ႐ႊ႐ုပ္ မႏွင္းနဲ႕ လိုက္သြားမွာကို သိပ္ကို စိုးရိမ္ေနသည္...ထိုစိုးရိမ္စိတ္တို႔ကို ပြင့္ပြင့္လင္းလင္း ဖြင့္ေျပာျပခ်င္သည့္တိုင္ အသိစိတ္အခ်ိဳ႕က ထိန္းခ်ဳပ္ထားဟန္ရွိသည္...ဒါေပမယ့္ ထိုစိတ္တို႔ကို ေ႐ႊ႐ုပ္ ဖတ္တတ္ပါသည္... မမကို ေျပာထားသည့္အတိုင္းပဲ ေ႐ႊ႐ုပ္ရဲ႕ တည္ရွိမႈေၾကာင့္ မမကိုယ္တိုင္ စိတ္အႏွောင့္အယွက္ျဖစ္မလာမခ်င္း ေ႐ႊ႐ုပ္ ဒီတိုင္းသာ ရွိေနလိမ့္မည္...ဘာကိုမွ ပုံေသသတ္မွတ္ထားလို႔မရသည့္ ေလာကႀကီးတြင္ မမသည္ ေ႐ႊ႐ုပ္ကို အၿမဲဆြဲထားလိမ့္မည္မဟုတ္ေပ...

"မမေလး..."

"ဘာလဲ ႏုႏု..."

"သခင္မေလးက ေအာက္ထပ္ကို ဆင္းလာပါဦးတဲ့...."

ႏုႏုက ေျပာၿပီးသည္နဲ႕ ေပ်ာက္သြားသည္...ထထိုင္လိုက္ကာ ဝတ္ထားသည့္ ဂါဂန္ကို ေ႐ႊ႐ုပ္ အသာဆြဲခ်လိဳက္သည္... ကိုင္ထားသည့္စာအုပ္ကို ခ်ၿပီး ဧည့္ခန္းထဲ ခပ္ျမန္ျမန္ဆင္းလာလိုက္သည္... ဧည့္ခန္းထဲ ေရာက္ေတာ့ ဘယ္သူမွ မေတြ႕၍ ႏုႏုမ်ား ေနရာမွားေျပာတာလားဟု စဥ္းစားကာ ထမင္းစားခန္းဘက္ သြားမလို႔ျပင္လိုက္စဥ္....

"သမီးေလး ေ႐ႊ႐ုပ္..."

နားထဲ ျဖတ္သန္းလာသည့္အသံေၾကာင့္ ေ႐ႊ႐ုပ္ ေတာင့္ေတာင့္ေလး ရပ္မိသြားသည္...ထိုအသံသည္ အေတာ္ၾကာလြမ္းဆြတ္ခဲ့ရေသာ အသံျဖစ္သည္...

"ေဒၚႀကီး...."

ယခင္အတိုင္း မ်က္ႏွာျဖဴျပည့္ျပည့္ႏွင့္ ေဒၚႀကီးမိုးက ေ႐ႊ႐ုပ္ကို မ်က္ရည္အဝဲသားႏွင့္ ၿပဳံးၾကည့္ေနသည္...အားကုန္ေျပးသြားကာ ေဒၚႀကီးရဲ႕ ခႏၶာကိုယ္ဝဝကို ေ႐ႊ႐ုပ္ ေပြ႕ဖက္လိုက္သည္...

"အီးဟီးဟီး... "

ရွိုက္သံေတြ ဗလုံးဗေထြးနဲ႕ သူမကို ေဒၚႀကီးက ျပန္ဖက္ထားၿပီး ေက်ာျပင္ကို အသာပြတ္သပ္ေပးေနသည္...

"တိတ္ တိတ္...ေဒၚႀကီး ျပန္လာၿပီပဲ..."

ေျပာမွ ပိုငိုခ်င္လာကာ ေ႐ႊ႐ုပ္က ေအာ္ငိုသည္...

"ဘာလို႔ ထားသြားလဲ... သမီးကို ဘာလို႔ ထားသြားလဲ..."

"ေဒၚႀကီး တူမေလး ကေလးေမြးတာ လိုက္ေစာင့္ေရွာက္ေပးေနရလို႔ပါ သမီးရယ္..."

"သမီးထက္ အဲတူမကို ပိုခ်စ္တယ္ေပါ့ ဟုတ္လား..."

"အို မဟုတ္ပါဘူးကြယ္...ေဒၚႀကီးက သမီးကို အခ်စ္ဆုံးေပါ့..."

အမွန္ကလဲ အဲအတိုင္းပါပဲ...သစၥာကို သူမက ႐ြာခဏျပန္ခ်င္ေၾကာင္း ခြင့္တိုင္ေတာ့ ၾကည္ၾကည္ျဖဴျဖဴနဲ႕ ခြင့္ျပဳေပးခဲ့သည္...ပိုက္ဆံလဲ အလုံအေလာက္ေထာက္ပံ့ကာ တစ္ခုပဲ ေတာင္းဆိုခဲ့သည္...အဲဒါက သူမေခၚမွ ျပန္လာဖို႔ပင္...သူတို႔ၾကားက ကိစၥေတြကို ရိပ္စားမိတာေၾကာင့္ အနည္းငယ္ေတာ့ စိတ္ထင့္သြားေပမယ့္ တစ္ေလွ်ာက္လုံး ေ႐ႊ႐ုပ္ကို သူမတူေအာင္ ေထာက္ပံ့ေပးေနတာေတြကို ျမင္ၿပီးေတာ့ သစၥာဟာ ဒီကေလးကို ဘယ္လိုမွ အဆုံးစြန္ထိ ရက္စက္နိုင္မွာ မဟုတ္ဘူးလို႔ ေတြးမိကာ ျပန္သြားခဲ့တာျဖစ္သည္...တစ္ေန႕ကေတာ့ အျမန္ဆုံး ျပန္လာေပးဖို႔ ေခၚတာေၾကာင့္ေရာ ကိုယ္တိုင္က ျပန္လာခ်င္ေနၿပီျဖစ္တာေၾကာင့္ သိသိခ်င္း ထြက္ခဲ့တာျဖစ္သည္...

"ၾကည့္စမ္း...အစားလဲ ေသခ်ာမစားဘူးမလား...ပိန္သြားလိုက္တာ ကေလးရယ္..."

"ဟင့္...ေဒၚႀကီးကေတာ့ ေ႐ႊ႐ုပ္ကို ထားသြားၿပီးေတာ့ ဝလာတယ္ေလ..."

ငိုရင္းေျပာရင္း ရန္ေတြ႕ေနတဲ့ ေ႐ႊ႐ုပ္ကို ေလွကားထိပ္ကေန သစၥာ အသာရပ္ၾကည့္ေနမိသည္...တကယ္ကို ကေလးပဲ ရွိေသးတာပါလား...ကေလးဆန္ဆန္အမူအရာေတြကို မျမင္ရတာၾကာၿပီျဖစ္တာေၾကာင့္ ေငးၾကည့္ရင္းမွ သက္ျပင္းတို႔အသာခ်လိဳက္မိသည္...အေပ်ာ္တစ္ခ်ိဳ႕ကို ျမင္လိုက္တဲ့အခါ ရင္၌ အနည္းငယ္ ခ်မ္းေျမ့သြားရသည္...

ဒီရက္ေတြမွာ ေ႐ႊ႐ုပ္ကို အရင္လို ေပြ႕ဖက္နမ္းဖို႔ ေဝးစြ...အျပစ္ကင္းစင္ေနေသာ မ်က္ႏွာေလးကို ေစ့ေစ့ပင္မၾကည့္ရဲေခ်... ျဖစ္ေပၚေနေသာ ခံစားခ်က္တို႔သည္ ျဖဴစင္ျခင္းတို႔ မရွိေတာ့တာကို သိလာရၿပီး သစၥာ အနည္းငယ္ ရွက္ရႈံ႕ရသည္...ေ႐ႊ႐ုပ္သည္မူ သန့္စင္လွသည္...ရင္းႏွီးဖူးေသာ သံေယာဇဥ္ေၾကာင့္သာ သစၥာ၏ အနား၌ ေနခဲ့ဟန္ရွိၿပီး ယခုလဲ တူတူပင္ ျဖစ္လိမ့္မည္...

သက္ျပင္းကို အသာခ်ရင္း ရပ္ေနရာမွ လွည့္ထြက္ခဲ့သည္... သစၥာ၌ ျပန္လည္ျပင္ဆင္ရန္ အခြင့္အေရးရွိ၏ေလာ...ရွိသည့္တိုင္ အေျခအေနတို႔သည္ ျပင္ဆင္ရန္ ေျပာင္းလဲရန္ ခဲယဥ္းလွေခ်သည္...

🍂

Continue lendo

Você também vai gostar

4.1K 539 12
Jensoo Lisoo Chaesoo ???
3.7M 293K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
7.4K 631 31
စရိုက်မျိုးစုံနဲ့ သူဌေးသမီးလေး၅ယောက် စိတ်၏ ဆန္ဒနောက်လိုက်ရင်း သရဲခြောက်တဲ့ ရှေးဟောင်းအိမ်ကြီး ကို ရောက်ရှိသွားတဲ့အခါမှာတော့ဘယ်လိုသည်းထိတ်ရင်ဖိုစရာကော...
204K 1.7K 93
In a dystopian future, the government allows parents to punish unruly teens with a selection of designer drugs designed to have kids humiliated by th...