Unicode
ဦးထက်ဝေသော်(L.B.B.S)
အထက်တန်းရှေ့နေ...
"ထိုင်ပါ ညီမ..."
"ဟုတ်ကဲ့"
ထက်ဝေသော် ကွာရှင်းရန်လာသည့်စုံတွဲကိုသေချာစိုက်ကြည့်လိုက်သည်။အမျိုးသမီးက ဘဝကိုစိတ်ကုန်နေသလိုဖြစ်နေပြီး အမျိုးသားကတော့ကျောက်တုံးကျောက်စိုင်လိုမာကြောကြောရုပ်ရည်ရှိသည်။
"ပိုင်ဆိုင်မှုက..."
"သူ့အကုန်ပေးလိုက်ပါ။ ကျွန်တော်က လက်နှစ်ဖက်ရှိရင် ထမင်းမငတ်ဘူး"
အမျိုးသမီးက ဘာမှမပြောပေမဲ့အမျိုးသားက ထိုမျှပြောကာစာချုပ်ယူပြီးထလေသည်။
"ရှင်ခဏနေဦး..."
မိန်းမကလက်ဆွဲထားတာကြောင့်ကြည့်လိုက်တော့လက်ပြန်ရုတ်သွားသည်။
"တကယ်ဆုံးဖြတ်ပြီးပြီလား။"
"အင်း... ငါ့အတွက် မင်းလုပ်ပေးသမျှထဲအကောင်းဆုံးမှတ်ပါ။ ငါနောက်တစ်ယောက်ရှာမှာမဟုတ်သလို မင်းအနားမှာလည်းနေမှာမဟုတ်တော့ဘူး။ ငါသွားပြီ မိုး..."
ထက်ဝေသော် ထိုလင်မယား Sorry ... ကွာရှင်းပြီးသားသူစိမ်းနှစ်ယောက်ကိုအကဲခတ်နေမိသည်။အရင်လူတွေနဲ့နည်းနည်းကွာတယ်။
"ရှင်သိလား။ ကျွန်မက တန်ဖိုးအကြီးဆုံးရတနာကိုလေးလံတဲ့ ကျောက်ခဲထင်ပြီးလွှတ်ချပစ်ခဲ့မိတယ်။"
အမျိုးသမီးကချက်ချင်းမထွက်သွားသေးဘဲသူ့အားစကားပြောနေ၍ နှစ်သိမ့်စကားမပြောတတ်တာမို့နားထောင်ပေးလိုက်သည်။
"ကျွန်မလောက်မိုက်မဲတဲ့သူရှိမှာမဟုတ်ဘူး"
အမျိုးသမီးက သူတို့ဇာတ်လမ်းကိုပြန်ပြောပြသည်။
"အိမ်ထောင်သက်၅နှစ်မှာသူ့ဆီကကျွန်မရဖူးတာ ဘာမှမရှိဘူးလို့ထင်မိတယ်။ ဒါကြောင့် ကျွန်မကွာရှင်းချင်ခဲ့တာ... တကယ်တမ်းကျ ကျွန်မကမသိခဲ့တာ သူပေးသမျှအရာရာကိုလေ... စည်းစိမ်ဥစ္စာမများတဲ့သာမန်ဝန်ထမ်းပေမဲ့ ကျွန်မအတွက်အိမ်ပိုင်ရအောင် ဝယ်ပေးခဲ့တာကို ကျွန်မ မမြင်ခဲ့ဘူး။ ကလေးမရတဲ့ဘဝမှာကျွန်မသိတာ အိမ်မှုကိစ္စလုပ်ရတာပင်ပန်းတာနဲ့ယောက္ခမတွေပြုစုရတာစိတ်ရှုပ်တာပဲ
သူဖောက်ပြန်ပါစေတောင် ဆုတောင်းမိတဲ့အထိ ကျွန် သူ့ကိုမချစ်ခဲ့ဘူး။ ကျွန်မက အတ္တသမားပဲနော် ကွာတော့ရှင်းချင်တယ် ကိုယ့်အပြစ်တော့အဖြစ်မခံနိုင်ဘူး နောက်ဆုံးမှာ သူ့ဆီက ရခဲ့တာ မမြင်ခဲ့ဘဲ မရသေးတာပဲမြင်မိတဲ့ကျွန်မကို သူစိတ်ကုန်သွားတာပဲ...
ဒါကြောင့်အကြံပေးပါရစေ ရှင်တစ်ယောက်ယောက်ကိုချစ်မိရင် သူ့ဆီက အရာရာမယူမိပါစေနဲ့...ကျွန်မလိုပေါ့...
ကျေးဇူးပါ ရှေ့နေကြီး ကျွန်မ ပြောသမျှနားထောင်ပေးလို့..."
အမျိုးသမီးက မှိုင်းညို့ညို့မျက်ဝန်းတွေနဲ့စာချုပ်ကိုင်ပြီးထွက်သွားခဲ့သည်။
"ဟူး... ဒါကြောင့် ငါအပူမရှာတာ..."
အချိန်ကိုက်ဖုန်းမြည်လာ၍ ထက်ဝေသော် contact nameကြည့်လိုက်တော့ ဇာမဏီ...
"အေး... သားကြီးပြော ငါရုံးခန်းမှာကွ"
တစ်ဖက်အသံကခပ်အုပ်အုပ်ထွက်ပေါ်လာသည်။
"ငသော် မင်းအခု ရန်ကုန်လာပေးလို့ရမလား။"
"ဘာ... ဟေ့ကောင် မင်းရူးနေလား။ ငါအားယားမနေဘူးကွ အမှုသည်တွေတန်းစီ..."
ထက်ဝေသော်အသံဟာ တစ်ဖက်မှစကားတစ်ခွန်းကြောင့်ပြတ်ကျသွားရတယ်။
"ငါ့မှတ်ဥာဏ်တွေ ကုန်တော့မယ်။ ငသော်
ငါသေတမ်းစာတစ်စောင်အမြန်ရေးဖို့လိုတယ်။"
ထက်ဝေသော်ဖုန်းကိုင်ထားရင်း အသက်မဲ့သလိုဖြစ်နေခဲ့သည်။
"ငါစိတ်ချမယ်နော် ငသော် အတတ်နိုင်ဆုံးအမြန်လာခဲ့ပေးပါ..."
ဖုန်းချပြီးတာနဲ့ အိမ်ကြီးရဲ့အထပ်မြင့်ပြတင်းပေါက်ကနေ စီးကရက်တစ်လိပ်ရှိုက်ဖွာလို့ ခြံထဲငေးမိတယ်။
သူလုပ်တာတွေမှန်ပါတယ်နော်...
မဏီ၏တောက်ပခြင်းကင်းမဲ့သောမျက်ဝန်းညိုညိုတွေက လှပနေဆဲဖြစ်သည်။ပြာနှမ်းသောနှုတ်ခမ်းဖူးအားတစ်ယောက်သောသူမြင်လျှင်ဆူပေဦးမည်။
မဏီအခုတလော မလုပ်ဖူးတာတွေ လုပ်မိလာသည်။ ကလေးတွေအပေါ်လည်း မကြာခဏအပြစ်ပေးမိသည်။ ပြီးလျှင်ကိုယ်ကသာစိတ်မကောင်းဖြစ်ရစမြဲ...
"ငါ့ပစ္စည်းတွေယူမကိုင်နဲ့လို့ပြောထားတယ်မလား ဟေ့ကောင်"
ပင်စိမ်းသီးမှာယခင်က အမြဲအိမ်ကြီးထဲဗရုတ်ကျကာလျှောက်သွားနေတတ်စမြဲမို့ ဒယ်ဒယ့်လျှို့ဝှက်ခန်းအား မတော်တဆရောက်သွားခဲ့သည်။ ဒယ်ဒယ့်ဂိုဏ်းကဖျက်ပြီးသွားပြီဆိုပေမဲ့ လက်နက်တွေတော့ကျန်နေသေး၍ အမိုက်စား ရိုင်ဖယ်တစ်လက်ကို ကိုင်ကြည့်ရုံရှိသေးသည်။ဒယ်ဒယ့်အသံက ပေါ်လာ၍ မျက်နှာချိုသွေးရသည်။
"သားက ဖေခိုင်းလိုက်လို့ဖေ့ပိုက်ဆံအိတ်လာရှာတာ ဒယ်ဒယ့်အခန်းပွင့်နေတာနဲ့..."
"လျှာရှည်တဲ့ခြေထောက်ကိုအပြစ်ပေးရမှာပေါ့ "
ထိုနေ့က မရိုက်စဖူး ကလေးအား ခါးပတ်နှင့် ဒေါသပုံချမိသည်။
သတိပြန်ရချိန်မှာ အရှိုးရာတွေထပ်နေခဲ့ပြီ။
သူအခုတလော ဒေါသပိုထွက်တတ်လာတယ်။ အရင်ကထက်စိတ်ပိုဆတ်လာတယ်။
ကလေးတွေကို အော်မိတယ်။ ခဏ ခဏ ဆူပူမိတယ်။
အိမ်မှုကိစ္စတွေ မောင့်ကိုကူညီပေးတဲ့အခါ အမှားအယွင်းတွေဖြစ်လာတယ်။
စိတ်ညစ်ညစ်နဲ့ ခြံထဲ စီးကရက်သောက်ပြီး မှ အိမ်ထဲပြန်ဝင်လာတော့ ညနေစောင်းပြီ။
လှေကားပေါ်တက်ရင်း ခေါင်းက ပုံရိပ်တွေနှစ်ထပ်ဖြစ်လာကာမူးနောက်သွားသည်။
"ဟာ မဏီ... သတိထားလေ"
မောက်အနောက်ကနေ ပွေ့ထိန်းလိုက်လို့ပြုတ်မကျသွားပေမဲ့ သူ့အခြေအနေသူသိသည်။ ထူးဆန်းနေတယ်ဆိုတာ...
"ဘယ်လိုဖြစ်တာလဲကွာ... ပြုတ်ကျတော့မလို့ကံကောင်းတယ်။"
"ငါအဆင်ပြေပါတယ် မောင် အိပ်ရေးပျက်လို့ဖြစ်မယ်"
မောင်စိတ်မပူအောင်စကားထိန်းပြောလိုက်ရတယ်။ခေါင်းထဲမှာတော့ မနေ့ကပြောတဲ့စကားတောင်ပြန်အစရှာမရတော့ပေ။
နောက်ဆုံး မဏီလုပ်နိုင်တာဆေးရုံသွားစစ်ဖို့ဆုံးဖြတ်ရတာပါပဲ...
တစ်နေ့မှာ ကလေးတွေရော ယောကျာ်းရောမရှိတဲ့အချိန်ဆေးရုံကို ခိုးထွက်လာခဲ့လိုက်တယ်။
ဦးနှောက်ဓါတ်မှန်ရိုက်ပြီးအဖြေကိုဆရာဝန်ယူလာတဲ့အခါ မျက်နှာဟာသိပ်မကောင်းဘူး
သူရိပ်မိပါတယ်...အဆင်မပြေဘူးဆိုတာ...
ထင်တဲ့အတိုင်း သူ့မှတ်ဥာဏ်တွေပျောက်တာက ပိုမိုဆိုးရွားလာပြီ။
"ပြောရမှာအားနာတယ် Mr.Phoenix
ဓါတ်မှန်မှာအယ်လ်ဇိုင်းမားလက္ခဏာတွေတွေ့ရတယ်
ခင်ဗျားပြင်ဆင်ဖို့အချိန်၂လကျန်မယ် ကြားထဲမှာသတိမြဲဖို့ထိန်းမှရမယ်
၂လကျော်ရင် အဲ့ထက်လည်းစောနိုင်တယ်
ဘာကိုမှသတိမရတော့တဲ့တခြားလူတစ်ယောက်ဖြစ်သွားလိမ့်မယ်"
အယ်လ်ဇိုင်းမား စဖြစ်နေပြီဆိုတဲ့အသိဟာ သူ့ရင်ကို နာကျင်စေတယ်...
သူ့မိသားစုကိုသူမခွဲချင်သေးဘူး...
ကလေးတွေကိုစိတ်မချလို့ သူသတိရှိနေတုန်းပြင်ဆင်စရာရှိတာပြင်ဆင်ဖို့လုပ်ရတယ်...
အရေးကြီးတာ ကလေးတွေ... သူမရှိတော့ရင် သူ့ပိုင်ဆိုင်မှုတွေကို သူစိမ်းထက် ကလေးတွေထိန်းသိမ်းစေချင်တယ် သူတကယ်တမ်းမောင့်ကိုယုံတယ်ပြောခဲ့ပေမဲ့ မယုံကြည်နိုင်သေးဘူး မောင်ဟာ သူမရှိတော့တာနဲ့သူ့နေရာမှာ တစ်ယောက်ယောက်ကိုအစားထိုးလိုက်ရင် သူ့ကလေးတွေအတွက်ဘဝအာမခံချက်တစ်ခုရှိဖို့လိုတယ်။
ဒိုင်ယာရီ ထဲတစ်နေ့တာမှတ်ဥာဏ်ကိုမှတ်မိသလောက်ချရေးပြီး ပြင်ဦးလွင်ကိုဖုန်းဆက်ရတယ်...
ထက်ဝေသော် ...သေတန်းစာရေးပေးပါ...
ငါ့သွေးသားတွေအတွက် ငါ တရားဓမ္မနဲ့စိတ်ချအောင်လုပ်ပေးခဲ့ချင်လို့ပါ...
ငသော့်ကို အိမ်အလည်ခေါ်တဲ့နေ့က မောင်အူတိုတာတွေ့ပြီးရယ်ချင်မိတယ်။
တကယ်တမ်းပြန်တွေးကြည့်တော့ ငါဟာ မောင်နဲ့ပတ်သက်ရင် ရယ်မောစရာသိပ်မရှိခဲ့ဘူး...
မောင့်ကိုစိတ်ဆိုးပြီးထွက်မသွားခဲ့ရင် ကားaccident ဖြစ်မှာမဟုတ်သလို ငါတို့ရင်သွေးလေးလည်းဆုံးရှုံးခဲ့မှာမဟုတ်ဘူး...
အစားပြန်မရတဲ့ဘဝကြီးမှာ အကြီးမားဆုံး ဆုံးရှုံးမှုက ဘဝပဲ...
မင်းနဲ့ငါ့ရဲ့ဘဝ ပေါင်းစည်းမှုဟာ ထိခိုက်မှုများခဲ့တယ်
"ငသော် သားတွေဘယ်လိုမြင်လဲ"
ဒီမေးခွန်းမေးတဲ့အချိန် မောင်မသိအောင်ငါ့စိတ်ထဲကပြောခဲ့ချင်တာက...
"ငါမရှိရင် ငါ့သားတွေကို ကူညီစောင့်ရှောက်ပေးပါ"
***************
"ဆားငန်လိုက်တာ ဖေ ဟင်းချိုက တအားငန်တာပဲ"
"ဟင် ဟုတ်လား သား..."
ခန့်သျှား ပဲဟင်းချို ကိုမြည်းကြည့်တော့တကယ်ငန်နေသည်။သူလည်းဆားမထည့်ရပါဘူး။
"ဟင်းအိုးနားဘယ်သူလာသေးလဲ မဏီ..."
"ငါရေချိုးနေတာ မောင်..."
ရီလန်း PSP ဂိမ်းစက်လေးဆော့နေရင်းမျက်မှောင်ကြုတ်သွားသည်။ ခုနက P မီးဖိုနားသွားတာသူမြင်ပါတယ်။
"အင်း ကောင်းလိုက်တာ ဟင်းချိုက ချိုသား..."
ငန်လွန်းလို့ရေနွေးရောဖို့ပြင်နေတဲ့ခန့်သျှားလက်ကတန့်သွားသည်။
"ဇာမဏီ မင်းလျှာတွေထုံနေတာလား"
ထိုနေ့ကစ၍ ရီလန်းသတိထားမိခဲ့သည်။
*****************************
ခန့်သျှား စိတ်တိုနေမိတာ မဏီ အိမ်ပြန်ချိန်တွေနောက်ကျနေလို့ပါပဲ
"တောက်!!!
ဟိုသူတောင်းစားလာလည်ပြီးတည်းကပုံမှန်ကိုမဟုတ်ဘူး"
ကားသံကြားတာနဲ့ သတင်းစာကောက်ဖတ်ဟန်ဆောင်လိုက်တယ်။
"ငသော် မနက်ဖြန် စောစောလာကြို"
မနက်ဖြန်ပါဆက်တွေ့မဲ့သဘောလား...
သူ့သံသယတွေဟာ မထားသင့်မှန်းသိသော်ငြား စိတ်နတ်ဆိုးကအနိုင်ရတာ ဇာမဏီ့ကို အကြမ်းဆွဲခေါ်လိုက်သည်။
"မင်းကိုငါကြာလေ စိတ်ကုန်လေပဲ မောင်..."
သူ့စိတ်နတ်ဆိုးထုတ်ပြမှုကြောင့် ထိုရင့်သီးသော မုန်းစကားကို ချစ်သူထံမှစားသုံးခဲ့ရသည်။
သူတို့ အိမ်ထောင်ရေးဟာ ကွဲအက်မှုများပြီ။
*ငါ မောင့်ကို အဲ့နေ့က စပြီးကြောက်ခဲ့မိတယ်*
***************************
ဝန်ခံသောနေ့...
ငါရီလန်းကို ဝန်ခံရမယ်
သူ့ကိုမချစ်နိုင်ဘူးဆိုတာ...
တစ်ခဏတာပိုင်ဆိုင်မှုဟာ တစ်ဘဝစာမဟုတ်ဘူး ရီ...
I can't love you.
"ငါတောင်းပန်ပါတယ် ရီလန်း
မင်းပျော်ရွှင်ပါစေ သားပေါင်ကို စောင့်ရှောက်ပေးပါ"
ရီလန်းထွက်သွားပြီးတာနဲ့တစ်ပြိုင်နက်သူ့မျက်နှာက မျက်ရည်တွေဟာ ခန်းသွားလေသည်။
"ငါဘာလို့မျက်ရည်ကျနေတာလဲ"
ကိုယ့်ပါးပြင်ကိုယ်စမ်းရင်းနားမလည်သလိုဖြစ်နေခဲ့သည်။
"မောင် မေးတဲ့ သူဟာ ဘယ်သူများပါလိမ့်"
ငါတကယ်မသိတော့တာပါ မောင်...
**************
ငသော် နဲ့ ခေါင်းချင်းဆိုင်ပြီး သူပြင်ဦးလွင်မပြန်ခင်အထိ နေ့တိုင်းနီးပါးတွေ့ခဲ့ကြတယ်။
၂လပဲကျန်တယ် မောင်
အဲ့အချိန်တိုမှာ ငါလုပ်စရာရှိတာအကုန်လုပ်ခဲ့ရမယ်
"ငသော် ကွာရှင်းစာချုပ်ပြင်ထားသင့်လား"
"မင်း ယောကျာ်း ရူးအောင် မင်းလုပ်ချင်တာလား ဇာမဏီ..."
သူအသံတိတ်သွားပေမဲ့ ထက်ဝေသော်အိတ်ထဲကစာချုပ်တွေကိုမျက်စောင်းထိုးနေဆဲ...
ကျောက်တွင်းပိုင်ဆိုင်မှုတွေ ပြောင်းသွားကြောင်း
နိုင်ငံခြားဘဏ်တွေက စာပို့လာကြောင်း
ကျောက်မျက်ပြခန်းအား မဏီဟာ သားပေါင်ကို မကြာခဏသွားရောက်ဦးစီးစေကြောင်း...
သူသိခဲ့သင့်တာ...
****
ချစ်သူနဲ့အဆင်မပြေတဲ့နေ့ရက်တွေကြား သူဟာယောင်လည်လည်နဲ့...
"ဒါ ဘာစာအိတ်ပါလိမ့်"
သူတို့အခန်းထဲက ဘဲဥပုံစားပွဲဝိုင်းလေးမှာရေးလက်စ ဖောင်တိန်တစ်ချောင်းနဲ့ Sealပိတ်ထားတဲ့ စာအိတ်အနီတစ်ခု...
သူ့လက်က စာအိတ်နားရောက်လုဆဲဆဲမှာပဲ...
"မောင် ဒါ မင်းနဲ့မဆိုင်ဘူး"
"မဏီ..."
ဇာမဏီ မောင်မြင်သွားမှာသိပ်ကြောက်ပါတယ်
သူ့ပေါ့လျော့မှုကိုပထမဆုံးမုန်းမိတယ်
ခေါင်းကိုက်လို့ ဆေးထွက်သောက်တဲ့ခဏလေးအတွင်းမှာ မောင်ဟာအားလုံးကိုရိပ်မိသွားနိုင်တယ်
"မဏီ လက်ထဲက ဘာလဲ"
ခန့်သျှားအသံမာမာနဲ့မေးလိုက်သည်။
မဖြေ...
မောင်က မဏီ့နောက်ကျောမှာဖွက်ထားတဲ့ လက်ကိုခပ်ကြမ်းကြမ်းဆွဲယူကာဖြန့်ဖတ်လိုက်တယ်
"သေတမ်းစာ ဟုတ်လား"
ဇာမဏီ့မျက်လုံးတွေဟာရင်မဆိုင်ဝံ့ပါဘူး
"မင်းငါ့ကိုစောက်ရူးလိုသဘောထားနေတာလား"
မောင့်အော်သံအဆုံး...သူ့ကိုယ်ဟာကျုံ့လို့...
ဗြိ...
"မင်းရူးနေလား မောင်"
မောင့်လက်ထဲမှာ သူနဲ့ ထက်ဝေသော် ၂လလုံးလုံး တိုင်ပင်စီကုံးထားရတဲ့သေတမ်းစာဟာ အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်။
"မင်းလင် ငါရှိနေသရွေ့ မင်းအဲ့စောက်ရေးမပါတာတွေ ပြင်ထားဖို့မလိုဘူး မင်းစကားတစ်ခွန်းနဲ့ ငါကမ္ဘာကြီးကိုတောင် ပုန်ကန်ရဲတယ် မင်းသိဖို့..."
ဇာမဏီခေါင်းခါပြီး မောင့်လက်ကိုဆွဲလို့တောင်းပန်ရတယ်။
"မောင် ကတိပေးပါ ငါသေရင် ချက်ချင်းလိုက်မလာဘူးလို့..."
"မဏီ ကိုယ်ဒီတစ်ခါတော့မင်းစကားနားမထောင်နိုင်ဘူး မင်းမရှိရင် ဒီကောင်လည်းမရှိတော့ဘူးမှတ်ပါ"
"ငါခွင့်မပြုဘူး မောင် ငါက ကိုယ့်ရောဂါနဲ့ကိုယ် သက်တမ်းစေ့လို့သေရမဲ့လူ မင်းက ငါ့အတွက် နေရမဲ့အချိန်အများကြီးကိုလျော်ပစ်ဖို့ကြိုးစားမယ်ဆို ငါတို့နောင်ဘဝပြန်ဆုံနိုင်ပါ့မလား မောင် ငါတို့ သေပုံသေနည်းမတူဘူးလေ... "
"မဏီရာ..."
"မောင်က ငါထွက်သွားပြီးရင်လည်း သားတွေကိုဆက်ပြီးစောင့်ရှောက်ပေးပါ မောင်က မြေးတွေ မြစ်တွေရတဲ့အထိ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းပါ ငါ ကောင်းချီးပေးနေမယ် မောင် ငါသေရင် မင်းလိုက်မသေရဘူး... အဲ့ဒါ အမိန့်ပဲ"
"မင်းအမိန့်တွေကို ကိုယ်ဒီတစ်ခါ မနာခံနိုင်ဘူး"
သူ့စကားအဆုံး စက္ကူစုတ်သာသာစာရွက်အပိုင်းအစတချို့ဟာ ဖိနပ်အောက်မှာဝပ်ဆင်းလို့
ဇာမဏီ့နှုတ်ခမ်းတွေဟာ ထိုသူ့စိုးမိုးချယ်လှယ်ခြင်းကိုခံနေရလေပြီ။
ကိုယ့်ကိုထားသွားချင်ဦး... ကိုစိတ်ပုတ်လေး...
မောင်
ငါတို့သိပ်ရူးခဲ့ကြတယ်နော်...
ငါတို့နှစ်ယောက်လုံးပေါ့...
****************************
စာရွက်လေးရဲ့ အောက်ဆုံးနားလေးမှာ ရေးထားတာက...
*မောင်နဲ့ နောင်သံသရာမှာ ပြန်ဆုံချင်သေးတယ်*
ခန့်သျှား မဏီ့ ဒိုင်ယာရီလေးကို ပိတ်သိမ်းလိုက်တယ်။
သူအပြီးထိဖတ်ပြီးသွားပြီပဲ နောက်စာမျက်နှာတွေ ထပ်ရှိဖို့က မဏီ့ထက် သူ့ပေါ် မူတည်တယ်...
မဏီ့အိပ်ချိန် ၈နာရီပြည့်သွားပြီ။ သူ့မျက်ဝန်းတွေကတော့ကျိန်းစပ်ဆဲ...
"နိုးပြီလား။ မဏီ"
အတန်တန်ဖွက်ထားတဲ့ကြားက ဘယ်တည်းကဝှက်ထားမှန်းမသိတဲ့ ပစ္စတိုတစ်လက်ဟာ ဇာမဏီ့လက်ထဲမှာရောက်နေတယ်။ သူ့ရင်ဝတည့်တည့်ကိုချိန်ထားရင်း အရင်နေ့တွေကလိုပဲအော်ဟစ်သောင်းကျန်းပြန်တယ်။
"အနားမတိုးနဲ့နော်... မင်းထွက်သွား ငါ့အခန်းထဲဘာကိစ္စဝင်လာတာလဲ။"
အထစ်ထစ်အငေါ့ငေါ့နဲ့ ကြောက်လန့်မှုတချို့ကိန်းအောင်းနေတဲ့စကားသံတွေဟာသူ့ရင်ကိုဆူးတွေရိုက်သွင်းတယ်။
"ကိုယ်မင်းကိုဘာမှမလုပ်ပါဘူး။ကတိပေးတယ်။"
လက်ကာပြပြီး မဏီရှိနေတဲ့ကုတင်ဆီသူတစ်လှမ်းချင်းတိုးသွားလိုက်တယ်။
"မင်းဘယ်သူလဲ။"
မဏီ့အမေးကို မူပိုင်အပြုံးတစ်ပွင့်နဲ့မဆိုင်းမတွပြန်ဖြေလိုက်သည်။
"ကိုယ်က မင်းရဲ့မောင်..."
ပြီးပါပြီ။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
A/N
Extraပြီးပြီဆိုပြီး ထပ်လာတင်မိလို့ ဆောရီးပါ။ နမော်နမဲ့နိုင်တဲ့ကိုယ်က မဏီ့ရဲ့ Diaryကိုရေးဖို့ကျန်ခဲ့ပါတယ်။ ထက်ဝေသော်အကြောင်းစကားစပ်မိမှပြန်သတိရတဲ့အဖြစ်ပါ။
Question??
မဏီက မောင့်ကို သေနတ်နဲ့ပစ်လိုက်မှာလား။
လေယာဥ်ပေါ်မှာတုန်းကလို လွှတ်ပေးမှာလား။
သေနတ်ထဲမှာရော ကျည်ရှိရဲ့လား။ အလွတ်ကြီးလား။အပြည့်လား။
ကိုယ်မသိပါဘူး။ မင်းတို့ကြိုက်သလိုတွေးကြပါ။ မောင်ဟာ သူ့အမျိုးသားပျော်မယ်ဆိုရင် ဘာမဆိုလက်ခံမဲ့လူစားပါ။ ဇာမဏီကလည်း မသိစိတ်ကတောင် လူတစ်ယောက်တည်းအပေါ်ပုံထားမိတာပါ။
(သေချာတွေးတတ်ရင်အဖြေကရှိပြီးသားပါ)
အစပိုင်းက လင်မယားနှစ်ယောက်ဟာ ဒီဇာတ်နဲ့မဆိုင်တဲ့အပိုဇာတ်ကောင်တွေပါ။သို့ပေမဲ့သူတို့မှာလည်း ခံစားချက်ရှိပါတယ်။
ဒီထဲမှာကိုယ်ပေးချင်တဲ့ messageကဇာတ်ကောင်တိုင်းဟာအရေးပါပါတယ်ဆိုတာပါပဲ။ နုနုကိုမှတ်မိကြလား။နှစ်ခန်းပဲပါလိုက်ရတဲ့ဗီလိန်မလေးလေ နုနုအခန်းကနည်းပေမဲ့ ကိုယ့်ဇာတ်ကောင်တွေကိုပြိုလဲစေဖို့တော့လုံလောက်ခဲ့တယ်။အကယ်၍နုနုသာခလောက်မဆန်ခဲ့ရင် မဏီဟာ ကားမှောက်မှာမဟုတ်သလို အခုလိုမှတ်ဥာဏ်ပျောက်မှာလည်းမဟုတ်ဘူး။ မောင်ကလည်း သားအိမ်ဆုံးရှုံးရတဲ့ထိမဖြစ်နိုင်သလို မဏီလိုချင်တဲ့သမီးလေးပါရရင်ရနိုင်ဦးမှာ
ကိုယ်ပြောချင်တာကကိုယ်တို့ဘဝမှာလည်းအရေးမပါဘူးဆိုပြီးကျော်သွားမိတဲ့အရာလေးတွေကနောင်တစ်ချိန်မှာကိုယ့်ကိုချိန်မဲ့လက်နက်ဖြစ်လာနိုင်တာပါပဲ။ အထင်လွဲခံရတာသိပ်ဆိုးပါတယ်။အရေးမပါဘူးဆိုတဲ့အမြောက်စာဇာတ်ကောင်လေးတောင်အဲ့လောက်စွမ်းဆောင်နိုင်ရင် အဓိက လက်တွေ့ဘဝမှာဗီလိန်အစစ်တွေဟာဘယ်လောက်ဒုက္ခပေးနိုင်မလဲ။ လူတိုင်းကိုမယုံပါနဲ့။ လူတိုင်းကိုပုံမအပ်ပါနဲ့။ လူတိုင်းကို ကိုယ့်လိုမထင်ပါနဲ့။မိတ်ဆွေစစ်ရှိသလို မိတ်ဆွေတုလည်းရှိပါတယ်။ အရေးတော်ပုံကာလမှာ ပိုဆိုးပါတယ်။ မင်းတို့အတွက်ဒီficကနေ တစ်ခုခုရသွားရင်ကိုယ်ကျေနပ်ပါတယ်။
စာအုပ်ထုတ်မှာလား။?
ထုတ်ဖို့ကမ်းလှမ်းတဲ့တိုက် ၂တိုက်ရှိပါတယ်။
မင်းတို့လိုချင်မယ်ဆိုရင် ကိုယ်စဥ်းစားပါ့မယ်။
ထုတ်ဖြစ်ရင်တောင် ၂၀၂၂လောက်မှဖြစ်ပါလိမ့်မယ်။ဒီအချိန်ကြီး ကိုယ်လည်းစိတ်ပင်ပန်းရလို့ပါ။
အားလုံးပဲEndingကိုနှစ်သက်ဖို့မျှော်လင့်ပါတယ်။
Good bye to all.
**************The_End************
ဦးထက္ေဝေသာ္(L.B.B.S)
အထက္တန္းေရွ႕ေန...
"ထိုင္ပါ ညီမ..."
"ဟုတ္ကဲ့"
ထက္ေဝေသာ္ ကြာရွင္းရန္လာသည့္စုံတြဲကိုေသခ်ာစိုက္ၾကည့္လိုက္သည္။အမ်ိဳးသမီးက ဘဝကိုစိတ္ကုန္ေနသလိုျဖစ္ေနၿပီး အမ်ိဳးသားကေတာ့ေက်ာက္တုံးေက်ာက္စိုင္လိုမာေၾကာေၾကာ႐ုပ္ရည္ရွိသည္။
"ပိုင္ဆိုင္မႈက..."
"သူ႕အကုန္ေပးလိုက္ပါ။ ကြၽန္ေတာ္က လက္ႏွစ္ဖက္ရွိရင္ ထမင္းမငတ္ဘူး"
အမ်ိဳးသမီးက ဘာမွမေျပာေပမဲ့အမ်ိဳးသားက ထိုမွ်ေျပာကာစာခ်ဳပ္ယူၿပီးထေလသည္။
"ရွင္ခဏေနဦး..."
မိန္းမကလက္ဆြဲထားတာေၾကာင့္ၾကည့္လိုက္ေတာ့လက္ျပန္႐ုတ္သြားသည္။
"တကယ္ဆုံးျဖတ္ၿပီးၿပီလား။"
"အင္း... ငါ့အတြက္ မင္းလုပ္ေပးသမွ်ထဲအေကာင္းဆုံးမွတ္ပါ။ ငါေနာက္တစ္ေယာက္ရွာမွာမဟုတ္သလို မင္းအနားမွာလည္းေနမွာမဟုတ္ေတာ့ဘူး။ ငါသြားၿပီ မိုး..."
ထက္ေဝေသာ္ ထိုလင္မယား Sorry ... ကြာရွင္းၿပီးသားသူစိမ္းႏွစ္ေယာက္ကိုအကဲခတ္ေနမိသည္။အရင္လူေတြနဲ႕နည္းနည္းကြာတယ္။
"ရွင္သိလား။ ကြၽန္မက တန္ဖိုးအႀကီးဆုံးရတနာကိုေလးလံတဲ့ ေက်ာက္ခဲထင္ၿပီးလႊတ္ခ်ပစ္ခဲ့မိတယ္။"
အမ်ိဳးသမီးကခ်က္ခ်င္းမထြက္သြားေသးဘဲသူ႕အားစကားေျပာေန၍ ႏွစ္သိမ့္စကားမေျပာတတ္တာမို႔နားေထာင္ေပးလိုက္သည္။
"ကြၽန္မေလာက္မိုက္မဲတဲ့သူရွိမွာမဟုတ္ဘူး"
အမ်ိဳးသမီးက သူတို႔ဇာတ္လမ္းကိုျပန္ေျပာျပသည္။
"အိမ္ေထာင္သက္၅ႏွစ္မွာသူ႕ဆီကကြၽန္မရဖူးတာ ဘာမွမရွိဘူးလို႔ထင္မိတယ္။ ဒါေၾကာင့္ ကြၽန္မကြာရွင္းခ်င္ခဲ့တာ... တကယ္တမ္းက် ကြၽန္မကမသိခဲ့တာ သူေပးသမွ်အရာရာကိုေလ... စည္းစိမ္ဥစၥာမမ်ားတဲ့သာမန္ဝန္ထမ္းေပမဲ့ ကြၽန္မအတြက္အိမ္ပိုင္ရေအာင္ ဝယ္ေပးခဲ့တာကို ကြၽန္မ မျမင္ခဲ့ဘူး။ ကေလးမရတဲ့ဘဝမွာကြၽန္မသိတာ အိမ္မႈကိစၥလုပ္ရတာပင္ပန္းတာနဲ႕ေယာကၡမေတြျပဳစုရတာစိတ္ရႈပ္တာပဲ
သူေဖာက္ျပန္ပါေစေတာင္ ဆုေတာင္းမိတဲ့အထိ ကြၽန္ သူ႕ကိုမခ်စ္ခဲ့ဘူး။ ကြၽန္မက အတၱသမားပဲေနာ္ ကြာေတာ့ရွင္းခ်င္တယ္ ကိုယ့္အျပစ္ေတာ့အျဖစ္မခံနိုင္ဘူး ေနာက္ဆုံးမွာ သူ႕ဆီက ရခဲ့တာ မျမင္ခဲ့ဘဲ မရေသးတာပဲျမင္မိတဲ့ကြၽန္မကို သူစိတ္ကုန္သြားတာပဲ...
ဒါေၾကာင့္အႀကံေပးပါရေစ ရွင္တစ္ေယာက္ေယာက္ကိုခ်စ္မိရင္ သူ႕ဆီက အရာရာမယူမိပါေစနဲ႕...ကြၽန္မလိုေပါ့...
ေက်းဇူးပါ ေရွ႕ေနႀကီး ကြၽန္မ ေျပာသမွ်နားေထာင္ေပးလို႔..."
အမ်ိဳးသမီးက မွိုင္းညို႔ညို႔မ်က္ဝန္းေတြနဲ႕စာခ်ဳပ္ကိုင္ၿပီးထြက္သြားခဲ့သည္။
"ဟူး... ဒါေၾကာင့္ ငါအပူမရွာတာ..."
အခ်ိန္ကိုက္ဖုန္းျမည္လာ၍ ထက္ေဝေသာ္ contact nameၾကည့္လိုက္ေတာ့ ဇာမဏီ...
"ေအး... သားႀကီးေျပာ ငါ႐ုံးခန္းမွာကြ"
တစ္ဖက္အသံကခပ္အုပ္အုပ္ထြက္ေပၚလာသည္။
"ငေသာ္ မင္းအခု ရန္ကုန္လာေပးလို႔ရမလား။"
"ဘာ... ေဟ့ေကာင္ မင္း႐ူးေနလား။ ငါအားယားမေနဘူးကြ အမႈသည္ေတြတန္းစီ..."
ထက္ေဝေသာ္အသံဟာ တစ္ဖက္မွစကားတစ္ခြန္းေၾကာင့္ျပတ္က်သြားရတယ္။
"ငါ့မွတ္ဥာဏ္ေတြ ကုန္ေတာ့မယ္။ ငေသာ္
ငါေသတမ္းစာတစ္ေစာင္အျမန္ေရးဖို႔လိုတယ္။"
ထက္ေဝေသာ္ဖုန္းကိုင္ထားရင္း အသက္မဲ့သလိုျဖစ္ေနခဲ့သည္။
"ငါစိတ္ခ်မယ္ေနာ္ ငေသာ္ အတတ္နိုင္ဆုံးအျမန္လာခဲ့ေပးပါ..."
ဖုန္းခ်ၿပီးတာနဲ႕ အိမ္ႀကီးရဲ႕အထပ္ျမင့္ျပတင္းေပါက္ကေန စီးကရက္တစ္လိပ္ရွိုက္ဖြာလို႔ ၿခံထဲေငးမိတယ္။
သူလုပ္တာေတြမွန္ပါတယ္ေနာ္...
မဏီ၏ေတာက္ပျခင္းကင္းမဲ့ေသာမ်က္ဝန္းညိုညိုေတြက လွပေနဆဲျဖစ္သည္။ျပာႏွမ္းေသာႏႈတ္ခမ္းဖူးအားတစ္ေယာက္ေသာသူျမင္လွ်င္ဆူေပဦးမည္။
မဏီအခုတေလာ မလုပ္ဖူးတာေတြ လုပ္မိလာသည္။ ကေလးေတြအေပၚလည္း မၾကာခဏအျပစ္ေပးမိသည္။ ၿပီးလွ်င္ကိုယ္ကသာစိတ္မေကာင္းျဖစ္ရစၿမဲ...
"ငါ့ပစၥည္းေတြယူမကိုင္နဲ႕လို႔ေျပာထားတယ္မလား ေဟ့ေကာင္"
ပင္စိမ္းသီးမွာယခင္က အၿမဲအိမ္ႀကီးထဲဗ႐ုတ္က်ကာေလွ်ာက္သြားေနတတ္စၿမဲမို႔ ဒယ္ဒယ့္လွ်ို႔ဝွက္ခန္းအား မေတာ္တဆေရာက္သြားခဲ့သည္။ ဒယ္ဒယ့္ဂိုဏ္းကဖ်က္ၿပီးသြားၿပီဆိုေပမဲ့ လက္နက္ေတြေတာ့က်န္ေနေသး၍ အမိုက္စား ရိုင္ဖယ္တစ္လက္ကို ကိုင္ၾကည့္႐ုံရွိေသးသည္။ဒယ္ဒယ့္အသံက ေပၚလာ၍ မ်က္ႏွာခ်ိဳေသြးရသည္။
"သားက ေဖခိုင္းလိုက္လို႔ေဖ့ပိုက္ဆံအိတ္လာရွာတာ ဒယ္ဒယ့္အခန္းပြင့္ေနတာနဲ႕..."
"လွ်ာရွည္တဲ့ေျခေထာက္ကိုအျပစ္ေပးရမွာေပါ့ "
ထိုေန႕က မရိုက္စဖူး ကေလးအား ခါးပတ္ႏွင့္ ေဒါသပုံခ်မိသည္။
သတိျပန္ရခ်ိန္မွာ အရွိုးရာေတြထပ္ေနခဲ့ၿပီ။
သူအခုတေလာ ေဒါသပိုထြက္တတ္လာတယ္။ အရင္ကထက္စိတ္ပိုဆတ္လာတယ္။
ကေလးေတြကို ေအာ္မိတယ္။ ခဏ ခဏ ဆူပူမိတယ္။
အိမ္မႈကိစၥေတြ ေမာင့္ကိုကူညီေပးတဲ့အခါ အမွားအယြင္းေတြျဖစ္လာတယ္။
စိတ္ညစ္ညစ္နဲ႕ ၿခံထဲ စီးကရက္ေသာက္ၿပီး မွ အိမ္ထဲျပန္ဝင္လာေတာ့ ညေနေစာင္းၿပီ။
ေလွကားေပၚတက္ရင္း ေခါင္းက ပုံရိပ္ေတြႏွစ္ထပ္ျဖစ္လာကာမူးေနာက္သြားသည္။
"ဟာ မဏီ... သတိထားေလ"
ေမာက္အေနာက္ကေန ေပြ႕ထိန္းလိုက္လို႔ျပဳတ္မက်သြားေပမဲ့ သူ႕အေျခအေနသူသိသည္။ ထူးဆန္းေနတယ္ဆိုတာ...
"ဘယ္လိုျဖစ္တာလဲကြာ... ျပဳတ္က်ေတာ့မလို႔ကံေကာင္းတယ္။"
"ငါအဆင္ေျပပါတယ္ ေမာင္ အိပ္ေရးပ်က္လို႔ျဖစ္မယ္"
ေမာင္စိတ္မပူေအာင္စကားထိန္းေျပာလိုက္ရတယ္။ေခါင္းထဲမွာေတာ့ မေန႕ကေျပာတဲ့စကားေတာင္ျပန္အစရွာမရေတာ့ေပ။
ေနာက္ဆုံး မဏီလုပ္နိုင္တာေဆး႐ုံသြားစစ္ဖို႔ဆုံးျဖတ္ရတာပါပဲ...
တစ္ေန႕မွာ ကေလးေတြေရာ ေယာက်ာ္းေရာမရွိတဲ့အခ်ိန္ေဆး႐ုံကို ခိုးထြက္လာခဲ့လိုက္တယ္။
ဦးေႏွာက္ဓါတ္မွန္ရိုက္ၿပီးအေျဖကိုဆရာဝန္ယူလာတဲ့အခါ မ်က္ႏွာဟာသိပ္မေကာင္းဘူး
သူရိပ္မိပါတယ္...အဆင္မေျပဘူးဆိုတာ...
ထင္တဲ့အတိုင္း သူ႕မွတ္ဥာဏ္ေတြေပ်ာက္တာက ပိုမိုဆိုး႐ြားလာၿပီ။
"ေျပာရမွာအားနာတယ္ Mr.Phoenix
ဓါတ္မွန္မွာအယ္လ္ဇိုင္းမားလကၡဏာေတြေတြ႕ရတယ္
ခင္ဗ်ားျပင္ဆင္ဖို႔အခ်ိန္၂လက်န္မယ္ ၾကားထဲမွာသတိၿမဲဖို႔ထိန္းမွရမယ္
၂လေက်ာ္ရင္ အဲ့ထက္လည္းေစာနိုင္တယ္
ဘာကိုမွသတိမရေတာ့တဲ့တျခားလူတစ္ေယာက္ျဖစ္သြားလိမ့္မယ္"
အယ္လ္ဇိုင္းမား စျဖစ္ေနၿပီဆိုတဲ့အသိဟာ သူ႕ရင္ကို နာက်င္ေစတယ္...
သူ႕မိသားစုကိုသူမခြဲခ်င္ေသးဘူး...
ကေလးေတြကိုစိတ္မခ်လိဳ႕ သူသတိရွိေနတုန္းျပင္ဆင္စရာရွိတာျပင္ဆင္ဖို႔လုပ္ရတယ္...
အေရးႀကီးတာ ကေလးေတြ... သူမရွိေတာ့ရင္ သူ႕ပိုင္ဆိုင္မႈေတြကို သူစိမ္းထက္ ကေလးေတြထိန္းသိမ္းေစခ်င္တယ္ သူတကယ္တမ္းေမာင့္ကိုယုံတယ္ေျပာခဲ့ေပမဲ့ မယုံၾကည္နိုင္ေသးဘူး ေမာင္ဟာ သူမရွိေတာ့တာနဲ႕သူ႕ေနရာမွာ တစ္ေယာက္ေယာက္ကိုအစားထိုးလိုက္ရင္ သူ႕ကေလးေတြအတြက္ဘဝအာမခံခ်က္တစ္ခုရွိဖို႔လိုတယ္။
ဒိုင္ယာရီ ထဲတစ္ေန႕တာမွတ္ဥာဏ္ကိုမွတ္မိသေလာက္ခ်ေရးၿပီး ျပင္ဦးလြင္ကိုဖုန္းဆက္ရတယ္...
ထက္ေဝေသာ္ ...ေသတန္းစာေရးေပးပါ...
ငါ့ေသြးသားေတြအတြက္ ငါ တရားဓမၼနဲ႕စိတ္ခ်ေအာင္လုပ္ေပးခဲ့ခ်င္လို႔ပါ...
ငေသာ့္ကို အိမ္အလည္ေခၚတဲ့ေန႕က ေမာင္အူတိုတာေတြ႕ၿပီးရယ္ခ်င္မိတယ္။
တကယ္တမ္းျပန္ေတြးၾကည့္ေတာ့ ငါဟာ ေမာင္နဲ႕ပတ္သက္ရင္ ရယ္ေမာစရာသိပ္မရွိခဲ့ဘူး...
ေမာင့္ကိုစိတ္ဆိုးၿပီးထြက္မသြားခဲ့ရင္ ကားaccident ျဖစ္မွာမဟုတ္သလို ငါတို႔ရင္ေသြးေလးလည္းဆုံးရႈံးခဲ့မွာမဟုတ္ဘူး...
အစားျပန္မရတဲ့ဘဝႀကီးမွာ အႀကီးမားဆုံး ဆုံးရႈံးမႈက ဘဝပဲ...
မင္းနဲ႕ငါ့ရဲ႕ဘဝ ေပါင္းစည္းမႈဟာ ထိခိုက္မႈမ်ားခဲ့တယ္
"ငေသာ္ သားေတြဘယ္လိုျမင္လဲ"
ဒီေမးခြန္းေမးတဲ့အခ်ိန္ ေမာင္မသိေအာင္ငါ့စိတ္ထဲကေျပာခဲ့ခ်င္တာက...
"ငါမရွိရင္ ငါ့သားေတြကို ကူညီေစာင့္ေရွာက္ေပးပါ"
***************
"ဆားငန္လိုက္တာ ေဖ ဟင္းခ်ိဳက တအားငန္တာပဲ"
"ဟင္ ဟုတ္လား သား..."
ခန့္သွ်ား ပဲဟင္းခ်ိဳ ကိုျမည္းၾကည့္ေတာ့တကယ္ငန္ေနသည္။သူလည္းဆားမထည့္ရပါဘူး။
"ဟင္းအိုးနားဘယ္သူလာေသးလဲ မဏီ..."
"ငါေရခ်ိဳးေနတာ ေမာင္..."
ရီလန္း PSP ဂိမ္းစက္ေလးေဆာ့ေနရင္းမ်က္ေမွာင္ၾကဳတ္သြားသည္။ ခုနက P မီးဖိုနားသြားတာသူျမင္ပါတယ္။
"အင္း ေကာင္းလိုက္တာ ဟင္းခ်ိဳက ခ်ိဳသား..."
ငန္လြန္းလို႔ေရေႏြးေရာဖို႔ျပင္ေနတဲ့ခန့္သွ်ားလက္ကတန့္သြားသည္။
"ဇာမဏီ မင္းလွ်ာေတြထုံေနတာလား"
ထိုေန႕ကစ၍ ရီလန္းသတိထားမိခဲ့သည္။
*****************************
ခန့္သွ်ား စိတ္တိုေနမိတာ မဏီ အိမ္ျပန္ခ်ိန္ေတြေနာက္က်ေနလို႔ပါပဲ
"ေတာက္!!!
ဟိုသူေတာင္းစားလာလည္ၿပီးတည္းကပုံမွန္ကိုမဟုတ္ဘူး"
ကားသံၾကားတာနဲ႕ သတင္းစာေကာက္ဖတ္ဟန္ေဆာင္လိုက္တယ္။
"ငေသာ္ မနက္ျဖန္ ေစာေစာလာႀကိဳ"
မနက္ျဖန္ပါဆက္ေတြ႕မဲ့သေဘာလား...
သူ႕သံသယေတြဟာ မထားသင့္မွန္းသိေသာ္ျငား စိတ္နတ္ဆိုးကအနိုင္ရတာ ဇာမဏီ့ကို အၾကမ္းဆြဲေခၚလိုက္သည္။
"မင္းကိုငါၾကာေလ စိတ္ကုန္ေလပဲ ေမာင္..."
သူ႕စိတ္နတ္ဆိုးထုတ္ျပမႈေၾကာင့္ ထိုရင့္သီးေသာ မုန္းစကားကို ခ်စ္သူထံမွစားသုံးခဲ့ရသည္။
သူတို႔ အိမ္ေထာင္ေရးဟာ ကြဲအက္မႈမ်ားၿပီ။
*ငါ ေမာင့္ကို အဲ့ေန႕က စၿပီးေၾကာက္ခဲ့မိတယ္*
***************************
ဝန္ခံေသာေန႕...
ငါရီလန္းကို ဝန္ခံရမယ္
သူ႕ကိုမခ်စ္နိုင္ဘူးဆိုတာ...
တစ္ခဏတာပိုင္ဆိုင္မႈဟာ တစ္ဘဝစာမဟုတ္ဘူး ရီ...
I can't love you.
"ငါေတာင္းပန္ပါတယ္ ရီလန္း
မင္းေပ်ာ္႐ႊင္ပါေစ သားေပါင္ကို ေစာင့္ေရွာက္ေပးပါ"
ရီလန္းထြက္သြားၿပီးတာနဲ႕တစ္ၿပိဳင္နက္သူ႕မ်က္ႏွာက မ်က္ရည္ေတြဟာ ခန္းသြားေလသည္။
"ငါဘာလို႔မ်က္ရည္က်ေနတာလဲ"
ကိုယ့္ပါးျပင္ကိုယ္စမ္းရင္းနားမလည္သလိုျဖစ္ေနခဲ့သည္။
"ေမာင္ ေမးတဲ့ သူဟာ ဘယ္သူမ်ားပါလိမ့္"
ငါတကယ္မသိေတာ့တာပါ ေမာင္...
**************
ငေသာ္ နဲ႕ ေခါင္းခ်င္းဆိုင္ၿပီး သူျပင္ဦးလြင္မျပန္ခင္အထိ ေန႕တိုင္းနီးပါးေတြ႕ခဲ့ၾကတယ္။
၂လပဲက်န္တယ္ ေမာင္
အဲ့အခ်ိန္တိုမွာ ငါလုပ္စရာရွိတာအကုန္လုပ္ခဲ့ရမယ္
"ငေသာ္ ကြာရွင္းစာခ်ဳပ္ျပင္ထားသင့္လား"
"မင္း ေယာက်ာ္း ႐ူးေအာင္ မင္းလုပ္ခ်င္တာလား ဇာမဏီ..."
သူအသံတိတ္သြားေပမဲ့ ထက္ေဝေသာ္အိတ္ထဲကစာခ်ဳပ္ေတြကိုမ်က္ေစာင္းထိုးေနဆဲ...
ေက်ာက္တြင္းပိုင္ဆိုင္မႈေတြ ေျပာင္းသြားေၾကာင္း
နိုင္ငံျခားဘဏ္ေတြက စာပို႔လာေၾကာင္း
ေက်ာက္မ်က္ျပခန္းအား မဏီဟာ သားေပါင္ကို မၾကာခဏသြားေရာက္ဦးစီးေစေၾကာင္း...
သူသိခဲ့သင့္တာ...
****
ခ်စ္သူနဲ႕အဆင္မေျပတဲ့ေန႕ရက္ေတြၾကား သူဟာေယာင္လည္လည္နဲ႕...
"ဒါ ဘာစာအိတ္ပါလိမ့္"
သူတို႔အခန္းထဲက ဘဲဥပုံစားပြဲဝိုင္းေလးမွာေရးလက္စ ေဖာင္တိန္တစ္ေခ်ာင္းနဲ႕ Sealပိတ္ထားတဲ့ စာအိတ္အနီတစ္ခု...
သူ႕လက္က စာအိတ္နားေရာက္လုဆဲဆဲမွာပဲ...
"ေမာင္ ဒါ မင္းနဲ႕မဆိုင္ဘူး"
"မဏီ..."
ဇာမဏီ ေမာင္ျမင္သြားမွာသိပ္ေၾကာက္ပါတယ္
သူ႕ေပါ့ေလ်ာ့မႈကိုပထမဆုံးမုန္းမိတယ္
ေခါင္းကိုက္လို႔ ေဆးထြက္ေသာက္တဲ့ခဏေလးအတြင္းမွာ ေမာင္ဟာအားလုံးကိုရိပ္မိသြားနိုင္တယ္
"မဏီ လက္ထဲက ဘာလဲ"
ခန့္သွ်ားအသံမာမာနဲ႕ေမးလိုက္သည္။
မေျဖ...
ေမာင္က မဏီ့ေနာက္ေက်ာမွာဖြက္ထားတဲ့ လက္ကိုခပ္ၾကမ္းၾကမ္းဆြဲယူကာျဖန့္ဖတ္လိုက္တယ္
"ေသတမ္းစာ ဟုတ္လား"
ဇာမဏီ့မ်က္လုံးေတြဟာရင္မဆိုင္ဝံ့ပါဘူး
"မင္းငါ့ကိုေစာက္႐ူးလိုသေဘာထားေနတာလား"
ေမာင့္ေအာ္သံအဆုံး...သူ႕ကိုယ္ဟာက်ဳံ႕လို႔...
ၿဗိ...
"မင္း႐ူးေနလား ေမာင္"
ေမာင့္လက္ထဲမွာ သူနဲ႕ ထက္ေဝေသာ္ ၂လလုံးလုံး တိုင္ပင္စီကုံးထားရတဲ့ေသတမ္းစာဟာ အစိတ္စိတ္အမႊာမႊာျဖစ္သြားတယ္။
"မင္းလင္ ငါရွိေနသေ႐ြ႕ မင္းအဲ့ေစာက္ေရးမပါတာေတြ ျပင္ထားဖို႔မလိုဘူး မင္းစကားတစ္ခြန္းနဲ႕ ငါကမာၻႀကီးကိုေတာင္ ပုန္ကန္ရဲတယ္ မင္းသိဖို႔..."
ဇာမဏီေခါင္းခါၿပီး ေမာင့္လက္ကိုဆြဲလို႔ေတာင္းပန္ရတယ္။
"ေမာင္ ကတိေပးပါ ငါေသရင္ ခ်က္ခ်င္းလိုက္မလာဘူးလို႔..."
"မဏီ ကိုယ္ဒီတစ္ခါေတာ့မင္းစကားနားမေထာင္နိုင္ဘူး မင္းမရွိရင္ ဒီေကာင္လည္းမရွိေတာ့ဘူးမွတ္ပါ"
"ငါခြင့္မျပဳဘူး ေမာင္ ငါက ကိုယ့္ေရာဂါနဲ႕ကိုယ္ သက္တမ္းေစ့လို႔ေသရမဲ့လူ မင္းက ငါ့အတြက္ ေနရမဲ့အခ်ိန္အမ်ားႀကီးကိုေလ်ာ္ပစ္ဖို႔ႀကိဳးစားမယ္ဆို ငါတို႔ေနာင္ဘဝျပန္ဆုံနိုင္ပါ့မလား ေမာင္ ငါတို႔ ေသပုံေသနည္းမတူဘူးေလ... "
"မဏီရာ..."
"ေမာင္က ငါထြက္သြားၿပီးရင္လည္း သားေတြကိုဆက္ၿပီးေစာင့္ေရွာက္ေပးပါ ေမာင္က ေျမးေတြ ျမစ္ေတြရတဲ့အထိ ဘဝကိုေပ်ာ္ေပ်ာ္ႀကီးျဖတ္သန္းပါ ငါ ေကာင္းခ်ီးေပးေနမယ္ ေမာင္ ငါေသရင္ မင္းလိုက္မေသရဘူး... အဲ့ဒါ အမိန့္ပဲ"
"မင္းအမိန့္ေတြကို ကိုယ္ဒီတစ္ခါ မနာခံနိုင္ဘူး"
သူ႕စကားအဆုံး စကၠဴစုတ္သာသာစာ႐ြက္အပိုင္းအစတခ်ိဳ႕ဟာ ဖိနပ္ေအာက္မွာဝပ္ဆင္းလို႔
ဇာမဏီ့ႏႈတ္ခမ္းေတြဟာ ထိုသူ႕စိုးမိုးခ်ယ္လွယ္ျခင္းကိုခံေနရေလၿပီ။
ကိုယ့္ကိုထားသြားခ်င္ဦး... ကိုစိတ္ပုတ္ေလး...
ေမာင္
ငါတို႔သိပ္႐ူးခဲ့ၾကတယ္ေနာ္...
ငါတို႔ႏွစ္ေယာက္လုံးေပါ့...
****************************
စာ႐ြက္ေလးရဲ႕ ေအာက္ဆုံးနားေလးမွာ ေရးထားတာက...
*ေမာင္နဲ႕ ေနာင္သံသရာမွာ ျပန္ဆုံခ်င္ေသးတယ္*
ခန့္သွ်ား မဏီ့ ဒိုင္ယာရီေလးကို ပိတ္သိမ္းလိုက္တယ္။
သူအၿပီးထိဖတ္ၿပီးသြားၿပီပဲ ေနာက္စာမ်က္ႏွာေတြ ထပ္ရွိဖို႔က မဏီ့ထက္ သူ႕ေပၚ မူတည္တယ္...
မဏီ့အိပ္ခ်ိန္ ၈နာရီျပည့္သြားၿပီ။ သူ႕မ်က္ဝန္းေတြကေတာ့က်ိန္းစပ္ဆဲ...
"နိုးၿပီလား။ မဏီ"
အတန္တန္ဖြက္ထားတဲ့ၾကားက ဘယ္တည္းကဝွက္ထားမွန္းမသိတဲ့ ပစၥတိုတစ္လက္ဟာ ဇာမဏီ့လက္ထဲမွာေရာက္ေနတယ္။ သူ႕ရင္ဝတည့္တည့္ကိုခ်ိန္ထားရင္း အရင္ေန႕ေတြကလိုပဲေအာ္ဟစ္ေသာင္းက်န္းျပန္တယ္။
"အနားမတိုးနဲ႕ေနာ္... မင္းထြက္သြား ငါ့အခန္းထဲဘာကိစၥဝင္လာတာလဲ။"
အထစ္ထစ္အေငါ့ေငါ့နဲ႕ ေၾကာက္လန့္မႈတခ်ိဳ႕ကိန္းေအာင္းေနတဲ့စကားသံေတြဟာသူ႕ရင္ကိုဆူးေတြရိုက္သြင္းတယ္။
"ကိုယ္မင္းကိုဘာမွမလုပ္ပါဘူး။ကတိေပးတယ္။"
လက္ကာျပၿပီး မဏီရွိေနတဲ့ကုတင္ဆီသူတစ္လွမ္းခ်င္းတိုးသြားလိုက္တယ္။
"မင္းဘယ္သူလဲ။"
မဏီ့အေမးကို မူပိုင္အၿပဳံးတစ္ပြင့္နဲ႕မဆိုင္းမတြျပန္ေျဖလိုက္သည္။
"ကိုယ္က မင္းရဲ႕ေမာင္..."
ၿပီးပါၿပီ။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
A/N
Extraၿပီးၿပီဆိုၿပီး ထပ္လာတင္မိလို႔ ေဆာရီးပါ။ နေမာ္နမဲ့နိုင္တဲ့ကိုယ္က မဏီ့ရဲ႕ Diaryကိုေရးဖို႔က်န္ခဲ့ပါတယ္။ ထက္ေဝေသာ္အေၾကာင္းစကားစပ္မိမွျပန္သတိရတဲ့အျဖစ္ပါ။
Question??
မဏီက ေမာင့္ကို ေသနတ္နဲ႕ပစ္လိုက္မွာလား။
ေလယာဥ္ေပၚမွာတုန္းကလို လႊတ္ေပးမွာလား။
ေသနတ္ထဲမွာေရာ က်ည္ရွိရဲ႕လား။ အလြတ္ႀကီးလား။အျပည့္လား။
ကိုယ္မသိပါဘူး။ မင္းတို႔ႀကိဳက္သလိုေတြးၾကပါ။ ေမာင္ဟာ သူ႕အမ်ိဳးသားေပ်ာ္မယ္ဆိုရင္ ဘာမဆိုလက္ခံမဲ့လူစားပါ။ ဇာမဏီကလည္း မသိစိတ္ကေတာင္ လူတစ္ေယာက္တည္းအေပၚပုံထားမိတာပါ။
(ေသခ်ာေတြးတတ္ရင္အေျဖကရွိၿပီးသားပါ)
အစပိုင္းက လင္မယားႏွစ္ေယာက္ဟာ ဒီဇာတ္နဲ႕မဆိုင္တဲ့အပိုဇာတ္ေကာင္ေတြပါ။သို႔ေပမဲ့သူတို႔မွာလည္း ခံစားခ်က္ရွိပါတယ္။
ဒီထဲမွာကိုယ္ေပးခ်င္တဲ့ messageကဇာတ္ေကာင္တိုင္းဟာအေရးပါပါတယ္ဆိုတာပါပဲ။ ႏုႏုကိုမွတ္မိၾကလား။ႏွစ္ခန္းပဲပါလိုက္ရတဲ့ဗီလိန္မေလးေလ ႏုႏုအခန္းကနည္းေပမဲ့ ကိုယ့္ဇာတ္ေကာင္ေတြကိုၿပိဳလဲေစဖို႔ေတာ့လုံေလာက္ခဲ့တယ္။အကယ္၍ႏုႏုသာခေလာက္မဆန္ခဲ့ရင္ မဏီဟာ ကားေမွာက္မွာမဟုတ္သလို အခုလိုမွတ္ဥာဏ္ေပ်ာက္မွာလည္းမဟုတ္ဘူး။ ေမာင္ကလည္း သားအိမ္ဆုံးရႈံးရတဲ့ထိမျဖစ္နိုင္သလို မဏီလိုခ်င္တဲ့သမီးေလးပါရရင္ရနိုင္ဦးမွာ
ကိုယ္ေျပာခ်င္တာကကိုယ္တို႔ဘဝမွာလည္းအေရးမပါဘူးဆိုၿပီးေက်ာ္သြားမိတဲ့အရာေလးေတြကေနာင္တစ္ခ်ိန္မွာကိုယ့္ကိုခ်ိန္မဲ့လက္နက္ျဖစ္လာနိုင္တာပါပဲ။ အထင္လြဲခံရတာသိပ္ဆိုးပါတယ္။အေရးမပါဘူးဆိုတဲ့အေျမာက္စာဇာတ္ေကာင္ေလးေတာင္အဲ့ေလာက္စြမ္းေဆာင္နိုင္ရင္ အဓိက လက္ေတြ႕ဘဝမွာဗီလိန္အစစ္ေတြဟာဘယ္ေလာက္ဒုကၡေပးနိုင္မလဲ။ လူတိုင္းကိုမယုံပါနဲ႕။ လူတိုင္းကိုပုံမအပ္ပါနဲ႕။ လူတိုင္းကို ကိုယ့္လိုမထင္ပါနဲ႕။မိတ္ေဆြစစ္ရွိသလို မိတ္ေဆြတုလည္းရွိပါတယ္။ အေရးေတာ္ပုံကာလမွာ ပိုဆိုးပါတယ္။ မင္းတို႔အတြက္ဒီficကေန တစ္ခုခုရသြားရင္ကိုယ္ေက်နပ္ပါတယ္။
စာအုပ္ထုတ္မွာလား။?
ထုတ္ဖို႔ကမ္းလွမ္းတဲ့တိုက္ ၂တိုက္ရွိပါတယ္။
မင္းတို႔လိုခ်င္မယ္ဆိုရင္ ကိုယ္စဥ္းစားပါ့မယ္။
ထုတ္ျဖစ္ရင္ေတာင္ ၂၀၂၂ေလာက္မွျဖစ္ပါလိမ့္မယ္။ဒီအခ်ိန္ႀကီး ကိုယ္လည္းစိတ္ပင္ပန္းရလို႔ပါ။
အားလုံးပဲEndingကိုႏွစ္သက္ဖို႔ေမွ်ာ္လင့္ပါတယ္။
Good bye to all.
**************The_End************